Second life ( အချို့သောချစ်ခြ...

By moetharchel

120K 9.5K 1.4K

Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။ More

Intro
EP - 1
EP - 2
EP - 3
EP - 4
EP - 5
EP - 6
EP - 7
EP - 8
EP - 9
EP- 10
EP - 12
EP - 13
EP - 14
EP - 15
EP - 16
EP - 17
EP - 18
EP - 19
EP - 20
EP - 21
Attention please!!
EP - 22
EP - 23
EP - 24
EP - 25
EP - 26
EP - 27
EP - 28
EP - 29
EP - 30
EP - 31
EP - 32
EP - 33
Sorry for update
EP - 34
EP - 35
EP - 36
EP - 37
EP - 38
EP - 39
EP - 40
EP - 41
EP - 42
EP - 43
EP - 44
EP - 45
EP - 46
EP - 47
EP - 48
hello
EP - 49

EP - 11

2.6K 205 56
By moetharchel


Unicode

"ဟင့်အင်း……ငါတမင်လုပ်တာမဟုတ်ဘူး……"

အိပ်နေရင်းကနေအယောင်ယောင်အမှားမှားအော်ကာနိုးလာပြန်တဲ့ချစ်ရသူလေးကြောင့်ယစ်တစ်ယောက်ဆိုဖာပေါ်ကနေထကာအနားမှာသွားထိုင်ပေးရပြန်သည်။
ယောက်နေတာဘယ်နှခေါက်ရှိနေပြီလဲကွာ……ကိုယ့်ရဲ့မှိုင်းလေးအိပ်ရေးပျက်ပါပြီ။

"ယစ်……"

ချက်ချင်းဆိုသလိုရင်ခွင်ထဲတိုးဝင်လာသူလေးကိုပြန်ထွေးပွေ့ကာဖက်ထားပေးလိုက်တော့တုန်ယင်နေတဲ့ခန္ဓာကိုယ်လေးနဲ့အတူရှိုက်ငိုလာပြန်တယ်။

"ကြောက်နေတာလားမှိုင်း……"

"ငါ…ငါလေ……"

"ကိုယ့်ကိုကြည့်……"

မျက်နှာလေးကိုအုပ်ကိုင်ပြီးအကြည့်ချင်းဆုံစေလိုက်တော့ချစ်ရသူလေးရဲ့မျက်နှာမှာမျက်ရည်စတစ်ချို့ကပ်ငြိလို့။
မင်းကလေ…မှိုင်းရဲ့ဘဝထဲကနေထွက်သွားတာတောင်မှကောင်းကောင်းမထွက်သွားဘူးပဲမြတ်သဝဏ်……။

"ကိုယ်နဲ့အဲ့အ,အနဲ့ဆိုရင်…မှိုင်းဘယ်သူ့ကိုရွေးမှာလဲ……"

"အဟင့်…ယစ်ကို……ယစ်ကိုပဲရွေးမှာ……"

ရှိုက်သံရောနေတဲ့အဖြေကလိုချင်တဲ့အဖြေဖြစ်တာကြောင့်ခပ်ဖွဖွပြုံးလိုက်မိတယ်။
ထို့နောက်မှိုင်းရဲ့မျက်နှာပေါ်ကမျက်ရည်စတွေကိုဖယ်သုတ်ပေးရင်း

"ဒါဆိုမငိုနဲ့တော့…ဒီနေ့ကစပြီးအဲ့ဒီ့ဒုက္ခိတကိုမေ့လိုက်……ပြီးတော့ ကိုယ်နဲ့မှိုင်းရယ် သားလေးရယ်…ကိုယ်တို့မိသားစုအကြောင်းပဲတွေးနော်……ဟုတ်ပြီလား……"

စကားဆုံးသည်နှင့်လူကိုရင်ခွင်ထဲဆွဲသွင်းလိုက်တဲ့ယစ်။
နွေးထွေးတဲ့အထိအတွေ့နဲ့အတူခပ်သင်းသင်းရလိုက်ရတဲ့ကိုယ်သင်းရနံ့ကြောင့်မှိုင်းညှို့လုံခြုံသွားသလိုခံစားလိုက်ရသည်။
ဟုတ်တယ်…ယစ်နဲ့သားကသာမှိုင်းညှို့ရဲ့မိသားစုပဲ။
ယစ်နဲ့သားသာရှိရင် မှိုင်းညှို့ဘဝကပြည့်စုံနေပြီပဲလေ။

"မှိုင်း……"

"အင်း……"

"ဟား…ထူးပုံလေးကကွာ……"

ကြားလိုက်ရတဲ့ရယ်သံသဲ့သဲ့ကြောင့်မှိုင်းညှို့မျက်နှာတည်နှင့်ပြန်စိုက်ကြည့်မိသည်။ ဒါကိုခပ်ဟဟရယ်နေသေးတဲ့ယစ်ကတကယ့်လူဆိုးကောင်။

"ဘာရယ်တာလဲ……"

"ဟားဟား……ချစ်လို့လေ……"

စူပုတ်ပုတ်နဲ့ပြန်စိုက်ကြည့်လာတဲ့မှိုင်းရဲ့နှုတ်ခမ်းလေးကိုဖိကပ်နမ်းလိုက်တော့ ကြောင်အသွားတဲ့မျက်နှာထားလေး။ မျက်လုံးအဝိုင်းသားလေးနဲ့ပြန်ကြည့်နေပုံလေးကတကယ့်ကိုချစ်စရာလေးရယ်ပါ။

"ချစ်တယ်မှိုင်း……"

နှဖူးလေးကိုအမြတ်တနိုးနမ်းရှိုက်ရင်းပွေ့ဖက်မိပြန်တော့ပြန်ဖက်တွယ်လာသူလေးက ' ငါလည်းချစ်တယ် '  ဆိုသည့်စကားသံသဲ့သဲ့ဖြင့်တုံ့ပြန်သည်။
ဒီနေ့ကစပြီး မင်းဘဝထဲမှာကိုယ်ကလွဲပြီးဘယ်သူမှမရှိစေရတော့ဘူးမှိုင်း။
လွမ်းခဲ့ရတဲ့နှစ်တွေအတွက်ကိုယ်ကလည်းမင်းကိုပဲချစ်သွားပေးမှာဖြစ်သလို မင်းကလည်းကိုယ့်ကိုပဲချစ်ရမယ်။
ဝင်ရှုပ်တဲ့သူကတော့…ဟိုအ,အလိုဇာတ်သိမ်းသွားစေရမှာပေါ့။


_____________________________________________


' ရွှမ်း '

မီးအရောင်ပြပြသာရှိတဲ့အခန်းငယ်ထဲတွင်ကျာပွတ်သံကသာတစ်ခန်းလုံးဖုံးလွှမ်းလို့သွား၏။
ဤသည်ကားဒီကောင်လေးကိုသူရိုက်ရမယ့်အချက်၁၀၀မြောက်အချက်ပြောရရင်နောက်ဆုံးအချက်ပင်။ တကယ်တော့သူဒီကောင်လေးကိုသနားတော့သနားမိပါရဲ့။
သူဌေးကဘာမှမပြောဘဲဒီကောင်လေးကိုရိုက်နှက်နှိပ်စက်ခိုင်းထားလို့သာလုပ်နေရတာ။ မဟုတ်ရင်အသံတောင်မထွက်နိုင်တဲ့ကလေးကိုဒီလောက်အထိရိုက်နှက်နေရတာကိုယ့်ကိုကိုယ်တောင်အပြစ်ရှိနေသလိုပဲ။

"ငါလည်းပိုက်ဆံကြောင့်သာလုပ်ရတာပါကွာ……"

ပြောဆိုပြီးလှည့်ထွက်ဖို့ပြင်တော့ခြေထောက်ကိုခပ်ဖွဖွလေးလာထိတဲ့လက်ချောင်းရှည်ရှည်တွေ။ ရိုက်ချိုးခံထားရတာမို့ဒီကောင်လေးလက်တွေကသိပ်လှုပ်နိုင်ပုံမရ ၊ ဒါပေမယ့်တစ်စုံတစ်ခုကိုတော့ပြောပြချင်နေဟန်။

"ငါမင်းပြောတာနားမလည်ဘူးကောင်လေး……"

အတင်းအားယူကာရေအိုးကိုလှမ်းညွှန်ပြလာတော့မှသာသူနားလည်မိတော့သည်။
ဒီကောင်လေးရေသောက်ချင်လို့ထင်ပါရဲ့……။

"မင်းရေသောက်ချင်လို့လား……"

သွေးစတွေပေကျံနေတဲ့မျက်နှာလေးကမျှော်လင့်တကြီးငေးကြည့်လာတာမို့ရေအိုးကနေရေတစ်ခွက်ခပ်ကာတိုက်မိတော့ခပ်မြန်မြန်သောက်သည်။ ပြီးတော့တဖြည်းဖြည်းချင်းအမူအရာပြလာတာလေးက
' ကျေးဇူးတင်ပါတယ် '   တဲ့။

သြော်……ဒီကလေးနဲ့တော့လေ ဖြူစင်လိုက်ချည်ရဲ့။
စလာကတည်းကလက်အမူအရာတွေနဲ့သာပြောတတ်တဲ့ဒီကောင်လေးကစကားလည်းမပြောတတ်ဘူးထင်။ သူဌေးနဲ့တစ်ပုံစံတည်းတူပေမယ့်လို့ဒီကောင်လေးရဲ့အကြည့်တွေကပိုပြီးဖြူစင်ကာနွေးထွေးပုံရသည်။
ဒါပေမယ့်အခုတော့ထိုမျက်ဝန်းလေးတွေကသွေးတွေပေကျံကာနွမ်းလျနေပုံပင်။ ခြေလက်တွေအကုန်လုံးကိုလည်းရိုက်ချိုးခံထားရတဲ့အပြင် ကျာပွတ်နဲ့အရိုက်ခံရ ၊ ဝိုင်းကန်ကျောက်ခံရနဲ့မို့ဒီကလေးဘယ်လောက်တောင်နာနေရှာလိုက်မလဲ။
ဟူး……ဒီလောက်အထိရက်ရက်စက်စက်လုပ်ခိုင်းရအောင်အထိ သူဌေးနဲ့ဘာတွေများရန်ငြှိုးရန်စများရှိခဲ့လို့လဲကွာ……။

သူ့ကိုကြည့်ပြီးသက်ပြင်းတချချနဲ့ထွက်သွားတဲ့ဦးလေးကြီးကိုသဝဏ်ကြမ်းပြင်ပေါ်ကနေလှဲနေရင်းသာလှမ်းကြည့်နေမိသည်။
အစ်ကိုကလက်ကိုဆောင့်ရုန်းလိုက်တာကြောင့်လှေကားကနေပြုတ်ကျသွားမိတာ။ သတိလည်းရလာရောဒီလိုဖုန်တက်ပြီးညစ်ပတ်နေတဲ့ကြမ်းပြင်ပေါ်မှာရောက်နေခဲ့တာပဲ။ အချိန်တွေဘာတွေတော့မသိပေမယ့်လို့ ကျွန်တော်ဒီမှာရောက်နေတာနာရီနဲ့ချီပြီးရှိလောက်နေပြီဆိုတာတော့သေချာတယ်။

ဒီလူတွေဘယ်သူတွေမှန်းလဲကျွန်တော်မသိဘူး။
သူတို့ပြောနေတဲ့သူဌေးဆိုတဲ့လူကိုလည်းကျွန်တော်မသိဘူး။
ဒါပေမယ့်ကျွန်တော့်ကိုအကြောင်းမဲ့သက်သက်နှိပ်စက်နေတာတော့သိတယ်။

ဘာကြောင့်များလဲ……ဘာဖြစ်လို့လဲ။
ဘာဖြစ်လို့များကျွန်တော့်ကိုဒီလောက်အထိရိုပ်နှက်နေကြရတာလဲ။
ကျွန်တော်ဘာအပြစ်များလုပ်မိလို့လဲ။

' ကျွီ…… '

တံခါးဖွင့်သံကျယ်ကျယ်နှင့်အတူ ပြောင်လက်နေတဲ့leatherဖိနပ်ကိုပါတွေ့လိုက်ရသည်။ ပြီးတော့တစ်ဆက်တည်းကြားလိုက်ရတာကလှောင်ရယ်သံတစ်ချို့။
ခပ်ဖြေးဖြေးမော့ကြည့်မိတော့တွေ့လိုက်ရတဲ့သူက ခက်ထန်ယစ်။ နောက်တစ်မျိုးဆိုရရင်ကျွန်တော်သိပ်ချစ်ရတဲ့အစ်ကိုရဲ့ချစ်သူ။
ဒါပေမယ့် သူကဘယ်လိုလုပ်ပြီး…………။

"ဘယ်လိုလဲ…မင်းရဲ့ခြေတွေလက်တွေရိုက်ချိုးခံလိုက်ရတဲ့ခံစားချက်လေး……"

ယစ် သူရှေ့ကညစ်ပတ်ပတ်ကြမ်းပြင်ပေါ်မှာလဲကျနေတဲ့အ,အကောင်ကိုလှောင်ပြုံးပြုံးကာစိုက်ကြည့်ရင်းမေးလိုက်သည်။
မနည်းအားယူကာပြန်ငေးကြည့်လာပုံရတဲ့ကောင်ကြောင့်ဒေါသထွက်လာတာမို့လက်ချောင်းတွေကိုနင်းချေပစ်မိတော့ခပ်မဲ့မဲ့ဖြစ်သွားတဲ့မျက်နှာအရဒီဒုက္ခိတကောင်အတော်လေးနာသွားပုံပင်။

"ဘာလဲ…နာလို့လား……"

ပြောပြောဆိုဆိုနဲ့ပိုဖိနင်းပစ်လိုက်တော့ပါးစပ်ကပါခပ်ဟဟဖြစ်သွားတဲ့ဒုက္ခိတကောင်။

"အဟက်!……အော်လေ မင်းအော်လို့ရရင်အော်လိုက်စမ်းပါအ,အရဲ့……"

လက်ချောင်းတွေကိုအတင်းဖိနင်းချေထားတဲ့ကြားမှပြန်စိုက်ကြည့်လာတဲ့အကြည့်တစ်ချက်ကြောင့်ယစ်ရဲ့ဒေါသကထောင်းခနဲ။
မင်းကဘယ်သူ့ကိုဒီလိုလာကြည့်ရဲတာလဲ ဟမ်……။
လက်ဖျောက်တစ်ချက်တီးလိုက်တော့ချက်ချင်းဆိုသလိုအနားရောက်လာတဲ့လူတစ်ချို့။ မျက်စမျက်နပြလိုက်တော့ချက်ချင်းဆိုသလိုမြတ်သဝဏ်ကိုယစ်ရှေ့မှာဒူးထောက်ခိုင်းလာသည်။

လူနှစ်ယောက်လောက်ဖိချုပ်ခံထားရတဲ့ကောင်ကိုလှောင်ပြုံးပြုံးကာစိုက်ကြည့်ပြီးဘေးကခုံတစ်လုံးကိုဆွဲယူကာထိုင်လိုက်ရင်း

"မင်းရဲ့အဲ့ဒီ့မျက်နှာမဟုတ်လား……မင်းရဲ့အဲ့ဒီ့မျက်နှာကငါနဲ့လာတူနေလို့ မှိုင်းကမင်းကိုငါ့နေရာမှာအစားထိုးခဲ့တာမလား……"

တစ်ပုံစံတည်းတူနေတဲ့မျက်နှာကိုလက်ညှိုးနဲ့လက်မသုံးကာဖိညှစ်လိုပ်ပြီးအနားဆွဲယူလိုက်တော့ပြန်စိုက်ကြည့်လာတဲ့မျက်ဝန်းတွေ။

"မင်းနဲ့ငါကသိပ်တူနေတယ်မဟုတ်လားမြတ်သဝဏ်……အဟက်!…မင်းသိလား ငါကဒီလောကကြီးထဲမှာဘယ်သူနဲ့မှတူရတာမကြိုက်ဘူး……ငါကဒီကမ္ဘာပေါ်မှာဘယ်သူနဲ့မှမတူတဲ့ထူးခြားတဲ့သူပဲဖြစ်ချင်တာ……"

စကားဆုံးသည်နှင့်ထိုအ,အကောင်ရဲ့မျက်နှာကိုလွှတ်ပေးလိုက်ပြီးအိပ်ကပ်ထဲကခေါက်ဓါးလေးကိုဆွဲထုတ်လိုက်သည်။
ဒါကမင်းနဲ့အထိုက်တန်ဆုံးပဲ……။

"ဒီတော့…မင်းပျောက်ကွယ်သွားလိုက်……"

မေးကိုလက်တစ်ဖက်နှင့်ဆွဲညှစ်ကာမော့စေလိုက်တော့ ထိတ်လန့်နေဟန်အကြည့်တစ်ချို့ကိုတွေ့လိုက်ရတယ်။
ကြောက်နေတာလား……။
နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ပင့်သက်အောင်ပြုံးလိုက်ရင်းမျက်ခမ်းစပ်အောက်အနားကနေဖြည်းဖြည်းချင်းလှီးချပစ်မိတော့စိမ့်ထွက်လာတဲ့သွေးတွေနဲ့အတူလူးလွန့်လာသည်။

"ရှူး……ငြိမ်ငြိမ်နေစမ်းပါ……"

ဓါးဦးချွန်ကိုပိုထိုးစိုက်ကာလှီးမိတော့ဒလဟောစီးကျလာတဲ့သွေးတွေကကြမ်းပြင်ပေါ်ပါကျဆင်းလို့သွား၏။
နာလား……အရမ်းကိုနာကျင်ရတယ်မလား။
အဟက်!……မင်းကြောင့်နဲ့ငါလည်းနာကျင်ခဲ့ရတာပဲမို့ မင်းဒီလိုခံစားရတာကမင်းထိုက်နဲ့မင်းကံပဲ။

"ဒီကောင့်ကိုတစ်နေရာရာသွားလွှင့်ပစ်လိုက်……တစ်ခါတည်းအစပျောက်သွားအောင်……"

ခပ်ပြတ်ပြတ်သာပြောဆိုပြီးထိုနေရာကနေထွက်လာခဲ့လိုက်တော့သည်။ အဟက်!……သူ့လိုလူကဒီလိုမသတီစရာကောင်းတဲ့နေရာမှာအကြာကြီးနေစရာလား။ ခက်ထန်ယစ်ရဲ့ဘဝမှာဒီလိုနေရာမျိုးခြေချစရာအကြောင်းမှမရှိခဲ့ဘဲ။

ဂိုဒေါင်ရှေ့မှာရပ်ထားတဲ့ကားပေါ်ရောက်သည်နှင့်ဦးတည်ဖို့တွေးမိတဲ့နေရာကအိမ်။ ပြောရရင်ကျွန်တော့်ချစ်ရသူနဲ့သားလေးရှိနေတဲ့အိမ်။
မှိုင်း…အချစ်လေးရေ……မင်းလေးသိရဲ့လား။ ကိုယ့်ဘဝကအခုမှပဲပြည့်စုံသွားတယ်ဆိုတာကိုလေ။
နောက်ဆိုမင်းလေးဘယ်သူ့ကိုမှအစားထိုးလို့မရအောင်ကိုယ်ကဘေးမှာအမြဲရှိနေပေးမှာ။

ကားစက်နှိုးဖို့ပြင်မိတော့လက်မှာမြင်လိုက်ရတဲ့သွေးစတွေကြောင့်ခုနကနာကျင်ပြီးသတိတောင်လစ်သွားရှာတဲ့အ,အကောင်ရဲ့ပုံစံကိုမြင်ယောင်ကာပြုံးမိသည်။
ငါ့မိသားစုကိုလုယူချင်တယ်မဟုတ်လား။
ပြီးတော့ငါ့မျက်နှာကိုအတုခိုးချင်တယ်မဟုတ်လား။
ကဲ…ဘယ်လိုလဲဒုက္ခိတကောင် တန်ရာတန်ကြေးပြန်ပေးရတော့တော်တော်လေးမှအရသာရှိသွားရဲ့လား ဟမ်……။






#################################

Zawgyi

"ဟင့္အင္း……ငါတမင္လုပ္တာမဟုတ္ဘူး……"

အိပ္ေနရင္းကေနအေယာင္ေယာင္အမွားမွားေအာ္ကာနိုးလာျပန္တဲ႕ခ်စ္ရသူေလးေၾကာင့္ယစ္တစ္ေယာက္ဆိုဖာေပၚကေနထကာအနားမွာသြားထိုင္ေပးရျပန္သည္။
ေယာက္ေနတာဘယ္ႏွေခါက္ရွိေနျပီလဲကြာ……ကိုယ့္ရဲ႕မွိဳင္းေလးအိပ္ေရးပ်က္ပါျပီ။

"ယစ္……"

ခ်က္ခ်င္းဆိုသလိုရင္ခြင္ထဲတိုးဝင္လာသူေလးကိုျပန္ေထြးေပြ႕ကာဖက္ထားေပးလိုက္ေတာ့တုန္ယင္ေနတဲ႕ခႏၶာကိုယ္ေလးနဲ႕အတူရွိဳက္ငိုလာျပန္တယ္။

"ေၾကာက္ေနတာလားမွိဳင္း……"

"ငါ…ငါေလ……"

"ကိုယ့္ကိုၾကည့္……"

မ်က္ႏွာေလးကိုအုပ္ကိုင္ျပီးအၾကည့္ခ်င္းဆံုေစလိုက္ေတာ့ခ်စ္ရသူေလးရဲ႕မ်က္ႏွာမွာမ်က္ရည္စတစ္ခ်ိဳ႕ကပ္ျငိလို႕။
မင္းကေလ…မွိဳင္းရဲ႕ဘဝထဲကေနထြက္သြားတာေတာင္မွေကာင္းေကာင္းမထြက္သြားဘူးပဲျမတ္သဝဏ္……။

"ကိုယ္နဲ႕အဲ႕အ,အနဲ႕ဆိုရင္…မွိဳင္းဘယ္သူ႕ကိုေရြးမွာလဲ……"

"အဟင့္…ယစ္ကို……ယစ္ကိုပဲေရြးမွာ……"

ရွိဳက္သံေရာေနတဲ႕အေျဖကလိုခ်င္တဲ႕အေျဖျဖစ္တာေၾကာင့္ခပ္ဖြဖြျပံဳးလိုက္မိတယ္။
ထို႕ေနာက္မွိဳင္းရဲ႕မ်က္ႏွာေပၚကမ်က္ရည္စေတြကိုဖယ္သုတ္ေပးရင္း

"ဒါဆိုမငိုနဲ႕ေတာ့…ဒီေန႕ကစျပီးအဲ႕ဒီ႕ဒုကၡိတကိုေမ့လိုက္……ျပီးေတာ့ ကိုယ္နဲ႕မွိဳင္းရယ္ သားေလးရယ္…ကိုယ္တို႕မိသားစုအေၾကာင္းပဲေတြးေနာ္……ဟုတ္ျပီလား……"

စကားဆံုးသည္ႏွင့္လူကိုရင္ခြင္ထဲဆြဲသြင္းလိုက္တဲ႕ယစ္။
ေႏြးေထြးတဲ႕အထိအေတြ႕နဲ႕အတူခပ္သင္းသင္းရလိုက္ရတဲ႕ကိုယ္သင္းရနံ႕ေၾကာင့္မွိဳင္းညိွဳ႕လံုျခံဳသြားသလိုခံစားလိုက္ရသည္။
ဟုတ္တယ္…ယစ္နဲ႕သားကသာမွိဳင္းညိွဳ႕ရဲ႕မိသားစုပဲ။
ယစ္နဲ႕သားသာရွိရင္ မွိဳင္းညိွဳ႕ဘဝကျပည့္စံုေနျပီပဲေလ။

"မွိဳင္း……"

"အင္း……"

"ဟား…ထူးပံုေလးကကြာ……"

ၾကားလိုက္ရတဲ႕ရယ္သံသဲ႕သဲ႕ေၾကာင့္မွိဳင္းညိွဳ႕မ်က္ႏွာတည္ႏွင့္ျပန္စိုက္ၾကည့္မိသည္။ ဒါကိုခပ္ဟဟရယ္ေနေသးတဲ႕ယစ္ကတကယ့္လူဆိုးေကာင္။

"ဘာရယ္တာလဲ……"

"ဟားဟား……ခ်စ္လို႕ေလ……"

စူပုတ္ပုတ္နဲ႕ျပန္စိုက္ၾကည့္လာတဲ႕မွိဳင္းရဲ႕ႏွဳတ္ခမ္းေလးကိုဖိကပ္နမ္းလိုက္ေတာ့ ေၾကာင္အသြားတဲ႕မ်က္ႏွာထားေလး။ မ်က္လံုးအဝိုင္းသားေလးနဲ႕ျပန္ၾကည့္ေနပံုေလးကတကယ့္ကိုခ်စ္စရာေလးရယ္ပါ။

"ခ်စ္တယ္မွိဳင္း……"

ႏွဖူးေလးကိုအျမတ္တနိုးနမ္းရွိဳက္ရင္းေပြ႕ဖက္မိျပန္ေတာ့ျပန္ဖက္တြယ္လာသူေလးက ' ငါလည္းခ်စ္တယ္ '  ဆိုသည့္စကားသံသဲ႕သဲ႕ျဖင့္တုံ႕ျပန္သည္။
ဒီေန႕ကစျပီး မင္းဘဝထဲမွာကိုယ္ကလြဲျပီးဘယ္သူမွမရွိေစရေတာ့ဘူးမွိဳင္း။
လြမ္းခဲ႕ရတဲ႕ႏွစ္ေတြအတြက္ကိုယ္ကလည္းမင္းကိုပဲခ်စ္သြားေပးမွာျဖစ္သလို မင္းကလည္းကိုယ့္ကိုပဲခ်စ္ရမယ္။
ဝင္ရွဳပ္တဲ႕သူကေတာ့…ဟိုအ,အလိုဇာတ္သိမ္းသြားေစရမွာေပါ့။


_____________________________________________


' ရႊမ္း '

မီးအေရာင္ျပျပသာရွိတဲ႕အခန္းငယ္ထဲတြင္က်ာပြတ္သံကသာတစ္ခန္းလံုးဖံုးလႊမ္းလို႕သြား၏။
ဤသည္ကားဒီေကာင္ေလးကိုသူရိုက္ရမယ့္အခ်က္၁၀၀ေျမာက္အခ်က္ေျပာရရင္ေနာက္ဆံုးအခ်က္ပင္။ တကယ္ေတာ့သူဒီေကာင္ေလးကိုသနားေတာ့သနားမိပါရဲ႕။
သူေဌးကဘာမွမေျပာဘဲဒီေကာင္ေလးကိုရိုက္ႏွက္ႏွိပ္စက္ခိုင္းထားလို႕သာလုပ္ေနရတာ။ မဟုတ္ရင္အသံေတာင္မထြက္နိုင္တဲ႕ကေလးကိုဒီေလာက္အထိရိုက္ႏွက္ေနရတာကိုယ့္ကိုကိုယ္ေတာင္အျပစ္ရွိေနသလိုပဲ။

"ငါလည္းပိုက္ဆံေၾကာင့္သာလုပ္ရတာပါကြာ……"

ေျပာဆိုျပီးလွည့္ထြက္ဖို႕ျပင္ေတာ့ေျခေထာက္ကိုခပ္ဖြဖြေလးလာထိတဲ႕လက္ေခ်ာင္းရွည္ရွည္ေတြ။ ရိုက္ခ်ိဳးခံထားရတာမို႕ဒီေကာင္ေလးလက္ေတြကသိပ္လွဳပ္နိုင္ပံုမရ ၊ ဒါေပမယ့္တစ္စံုတစ္ခုကိုေတာ့ေျပာျပခ်င္ေနဟန္။

"ငါမင္းေျပာတာနားမလည္ဘူးေကာင္ေလး……"

အတင္းအားယူကာေရအိုးကိုလွမ္းညႊန္ျပလာေတာ့မွသာသူနားလည္မိေတာ့သည္။
ဒီေကာင္ေလးေရေသာက္ခ်င္လို႕ထင္ပါရဲ႕……။

"မင္းေရေသာက္ခ်င္လို႕လား……"

ေသြးစေတြေပက်ံေနတဲ႕မ်က္ႏွာေလးကေမွ်ာ္လင့္တၾကီးေငးၾကည့္လာတာမို႕ေရအိုးကေနေရတစ္ခြက္ခပ္ကာတိုက္မိေတာ့ခပ္ျမန္ျမန္ေသာက္သည္။ ျပီးေတာ့တျဖည္းျဖည္းခ်င္းအမူအရာျပလာတာေလးက
' ေက်းဇူးတင္ပါတယ္ '   တဲ႕။

ေၾသာ္……ဒီကေလးနဲ႕ေတာ့ေလ ျဖဴစင္လိုက္ခ်ည္ရဲ႕။
စလာကတည္းကလက္အမူအရာေတြနဲ႕သာေျပာတတ္တဲ႕ဒီေကာင္ေလးကစကားလည္းမေျပာတတ္ဘူးထင္။ သူေဌးနဲ႕တစ္ပံုစံတည္းတူေပမယ့္လို႕ဒီေကာင္ေလးရဲ႕အၾကည့္ေတြကပိုျပီးျဖဴစင္ကာေႏြးေထြးပံုရသည္။
ဒါေပမယ့္အခုေတာ့ထိုမ်က္ဝန္းေလးေတြကေသြးေတြေပက်ံကာႏြမ္းလ်ေနပံုပင္။ ေျခလက္ေတြအကုန္လံုးကိုလည္းရိုက္ခ်ိဳးခံထားရတဲ႕အျပင္ က်ာပြတ္နဲ႕အရိုက္ခံရ ၊ ဝိုင္းကန္ေက်ာက္ခံရနဲ႕မို႕ဒီကေလးဘယ္ေလာက္ေတာင္နာေနရွာလိုက္မလဲ။
ဟူး……ဒီေလာက္အထိရက္ရက္စက္စက္လုပ္ခိုင္းရေအာင္အထိ သူေဌးနဲ႕ဘာေတြမ်ားရန္ျငိွဳးရန္စမ်ားရွိခဲ႕လို႕လဲကြာ……။

သူ႕ကိုၾကည့္ျပီးသက္ျပင္းတခ်ခ်နဲ႕ထြက္သြားတဲ႕ဦးေလးၾကီးကိုသဝဏ္ၾကမ္းျပင္ေပၚကေနလွဲေနရင္းသာလွမ္းၾကည့္ေနမိသည္။
အစ္ကိုကလက္ကိုေဆာင့္ရုန္းလိုက္တာေၾကာင့္ေလွကားကေနျပဳတ္က်သြားမိတာ။ သတိလည္းရလာေရာဒီလိုဖုန္တက္ျပီးညစ္ပတ္ေနတဲ႕ၾကမ္းျပင္ေပၚမွာေရာက္ေနခဲ႕တာပဲ။ အခ်ိန္ေတြဘာေတြေတာ့မသိေပမယ့္လို႕ ကြ်န္ေတာ္ဒီမွာေရာက္ေနတာနာရီနဲ႔ခ်ီျပီးရွိေလာက္ေနျပီဆိုတာေတာ့ေသခ်ာတယ္။

ဒီလူေတြဘယ္သူေတြမွန္းလဲကြ်န္ေတာ္မသိဘူး။
သူတို႕ေျပာေနတဲ႕သူေဌးဆိုတဲ႕လူကိုလည္းကြ်န္ေတာ္မသိဘူး။
ဒါေပမယ့္ကြ်န္ေတာ့္ကိုအေၾကာင္းမဲ႕သက္သက္ႏွိပ္စက္ေနတာေတာ့သိတယ္။

ဘာေၾကာင့္မ်ားလဲ……ဘာျဖစ္လို႕လဲ။
ဘာျဖစ္လို႕မ်ားကြ်န္ေတာ့္ကိုဒီေလာက္အထိရိုပ္ႏွက္ေနၾကရတာလဲ။
ကြ်န္ေတာ္ဘာအျပစ္မ်ားလုပ္မိလို႕လဲ။

' ကြ်ီ…… '

တံခါးဖြင့္သံက်ယ္က်ယ္ႏွင့္အတူ ေျပာင္လက္ေနတဲ႕leatherဖိနပ္ကိုပါေတြ႕လိုက္ရသည္။ ျပီးေတာ့တစ္ဆက္တည္းၾကားလိုက္ရတာကေလွာင္ရယ္သံတစ္ခ်ိဳ႕။
ခပ္ေျဖးေျဖးေမာ့ၾကည့္မိေတာ့ေတြ႕လိုက္ရတဲ႕သူက ခက္ထန္ယစ္။ ေနာက္တစ္မ်ိဳးဆိုရရင္ကြ်န္ေတာ္သိပ္ခ်စ္ရတဲ႕အစ္ကိုရဲ႕ခ်စ္သူ။
ဒါေပမယ့္ သူကဘယ္လိုလုပ္ျပီး…………။

"ဘယ္လိုလဲ…မင္းရဲ႕ေျခေတြလက္ေတြရိုက္ခ်ိဳးခံလိုက္ရတဲ႕ခံစားခ်က္ေလး……"

ယစ္ သူေရွ႕ကညစ္ပတ္ပတ္ၾကမ္းျပင္ေပၚမွာလဲက်ေနတဲ႕အ,အေကာင္ကိုေလွာင္ျပံဳးျပံဳးကာစိုက္ၾကည့္ရင္းေမးလိုက္သည္။
မနည္းအားယူကာျပန္ေငးၾကည့္လာပံုရတဲ႕ေကာင္ေၾကာင့္ေဒါသထြက္လာတာမို႕လက္ေခ်ာင္းေတြကိုနင္းေခ်ပစ္မိေတာ့ခပ္မဲ႕မဲ႕ျဖစ္သြားတဲ႕မ်က္ႏွာအရဒီဒုကၡိတေကာင္အေတာ္ေလးနာသြားပံုပင္။

"ဘာလဲ…နာလို႕လား……"

ေျပာေျပာဆိုဆိုနဲ႕ပိုဖိနင္းပစ္လိုက္ေတာ့ပါးစပ္ကပါခပ္ဟဟျဖစ္သြားတဲ႕ဒုကၡိတေကာင္။

"အဟက္!……ေအာ္ေလ မင္းေအာ္လို႕ရရင္ေအာ္လိုက္စမ္းပါအ,အရဲ႕……"

လက္ေခ်ာင္းေတြကိုအတင္းဖိနင္းေခ်ထားတဲ႕ၾကားမွျပန္စိုက္ၾကည့္လာတဲ႕အၾကည့္တစ္ခ်က္ေၾကာင့္ယစ္ရဲ႕ေဒါသကေထာင္းခနဲ။
မင္းကဘယ္သူ႕ကိုဒီလိုလာၾကည့္ရဲတာလဲ ဟမ္……။
လက္ေဖ်ာက္တစ္ခ်က္တီးလိုက္ေတာ့ခ်က္ခ်င္းဆိုသလိုအနားေရာက္လာတဲ႕လူတစ္ခ်ိဳ႕။ မ်က္စမ်က္နျပလိုက္ေတာ့ခ်က္ခ်င္းဆိုသလိုျမတ္သဝဏ္ကိုယစ္ေရွ႕မွာဒူးေထာက္ခိုင္းလာသည္။

လူႏွစ္ေယာက္ေလာက္ဖိခ်ဳပ္ခံထားရတဲ႕ေကာင္ကိုေလွာင္ျပံဳးျပံဳးကာစိုက္ၾကည့္ျပီးေဘးကခံုတစ္လံုးကိုဆြဲယူကာထိုင္လိုက္ရင္း

"မင္းရဲ႕အဲ႕ဒီ႕မ်က္ႏွာမဟုတ္လား……မင္းရဲ႕အဲ႕ဒီ႕မ်က္ႏွာကငါနဲ႕လာတူေနလို႕ မွိဳင္းကမင္းကိုငါ့ေနရာမွာအစားထိုးခဲ႕တာမလား……"

တစ္ပံုစံတည္းတူေနတဲ႕မ်က္ႏွာကိုလက္ညိွဳးနဲ႕လက္မသံုးကာဖိညွစ္လိုပ္ျပီးအနားဆြဲယူလိုက္ေတာ့ျပန္စိုက္ၾကည့္လာတဲ႕မ်က္ဝန္းေတြ။

"မင္းနဲ႕ငါကသိပ္တူေနတယ္မဟုတ္လားျမတ္သဝဏ္……အဟက္!…မင္းသိလား ငါကဒီေလာကၾကီးထဲမွာဘယ္သူနဲ႕မွတူရတာမၾကိဳက္ဘူး……ငါကဒီကမ႓ာေပၚမွာဘယ္သူနဲ႕မွမတူတဲ႕ထူးျခားတဲ႕သူပဲျဖစ္ခ်င္တာ……"

စကားဆံုးသည္ႏွင့္ထိုအ,အေကာင္ရဲ႕မ်က္ႏွာကိုလႊတ္ေပးလိုက္ျပီးအိပ္ကပ္ထဲကေခါက္ဓါးေလးကိုဆြဲထုတ္လိုက္သည္။
ဒါကမင္းနဲ႕အထိုက္တန္ဆံုးပဲ……။

"ဒီေတာ့…မင္းေပ်ာက္ကြယ္သြားလိုက္……"

ေမးကိုလက္တစ္ဖက္ႏွင့္ဆြဲညွစ္ကာေမာ့ေစလိုက္ေတာ့ ထိတ္လန္႕ေနဟန္အၾကည့္တစ္ခ်ိဳ႕ကိုေတြ႕လိုက္ရတယ္။
ေၾကာက္ေနတာလား……။
ႏွဳတ္ခမ္းေထာင့္စြန္းတစ္ဖက္ပင့္သက္ေအာင္ျပံဳးလိုက္ရင္းမ်က္ခမ္းစပ္ေအာက္အနားကေနျဖည္းျဖည္းခ်င္းလွီးခ်ပစ္မိေတာ့စိမ့္ထြက္လာတဲ႕ေသြးေတြနဲ႕အတူလူးလြန္႕လာသည္။

"ရွဴး……ျငိမ္ျငိမ္ေနစမ္းပါ……"

ဓါးဦးခြ်န္ကိုပိုထိုးစိုက္ကာလွီးမိေတာ့ဒလေဟာစီးက်လာတဲ႕ေသြးေတြကၾကမ္းျပင္ေပၚပါက်ဆင္းလို႕သြား၏။
နာလား……အရမ္းကိုနာက်င္ရတယ္မလား။
အဟက္!……မင္းေၾကာင့္နဲ႕ငါလည္းနာက်င္ခဲ႕ရတာပဲမို႕ မင္းဒီလိုခံစားရတာကမင္းထိုက္နဲ႕မင္းကံပဲ။

"ဒီေကာင့္ကိုတစ္ေနရာရာသြားလႊင့္ပစ္လိုက္……တစ္ခါတည္းအစေပ်ာက္သြားေအာင္……"

ခပ္ျပတ္ျပတ္သာေျပာဆိုျပီးထိုေနရာကေနထြက္လာခဲ႕လိုက္ေတာ့သည္။ အဟက္!……သူ႕လိုလူကဒီလိုမသတီစရာေကာင္းတဲ႕ေနရာမွာအၾကာၾကီးေနစရာလား။ ခက္ထန္ယစ္ရဲ႕ဘဝမွာဒီလိုေနရာမ်ိဳးေျခခ်စရာအေၾကာင္းမွမရွိခဲ႕ဘဲ။

ဂိုေဒါင္ေရွ႕မွာရပ္ထားတဲ႕ကားေပၚေရာက္သည္ႏွင့္ဦးတည္ဖို႕ေတြးမိတဲ႕ေနရာကအိမ္။ ေျပာရရင္ကြ်န္ေတာ့္ခ်စ္ရသူနဲ႕သားေလးရွိေနတဲ႕အိမ္။
မွိဳင္း…အခ်စ္ေလးေရ……မင္းေလးသိရဲ႕လား။ ကိုယ့္ဘဝကအခုမွပဲျပည့္စံုသြားတယ္ဆိုတာကိုေလ။
ေနာက္ဆိုမင္းေလးဘယ္သူ႕ကိုမွအစားထိုးလို႕မရေအာင္ကိုယ္ကေဘးမွာအျမဲရွိေနေပးမွာ။

ကားစက္ႏွိဳးဖို႕ျပင္မိေတာ့လက္မွာျမင္လိုက္္ရတဲ႕ေသြးစေတြေၾကာင့္ခုနကနာက်င္ျပီးသတိေတာင္လစ္သြားရွာတဲ႕အ,အေကာင္ရဲ႕ပံုစံကိုျမင္ေယာင္ကာျပံဳးမိသည္။
ငါ့မိသားစုကိုလုယူခ်င္တယ္မဟုတ္လား။
ျပီးေတာ့ငါ့မ်က္ႏွာကိုအတုခိုးခ်င္တယ္မဟုတ္လား။
ကဲ…ဘယ္လိုလဲဒုကၡိတေကာင္ တန္ရာတန္ေၾကးျပန္ေပးရေတာ့ေတာ္ေတာ္ေလးမွအရသာရွိသြားရဲ႕လား ဟမ္……။






#################################

Continue Reading

You'll Also Like

107K 6.9K 38
မင်းကိုချစ်နေရတယ်ဆိုတဲ့ အသိလေးတစ်ချက်နဲ့တင် ကိုယ်နှလုံးသားလေး တသိမ့်သိမ့်လှုပ်ရှားနေတယ်။ . . . မင္းကိုခ်စ္ေနရတယ္ဆိုတဲ့ အသိေလးတစ္ခ်က္နဲ႕တင္ ကိုယ္ႏွလုံ...
2.2K 109 5
Danny lives, eats and sleeps in Gotham. He breathes in the toxic air everyday. This place is someplace he may never leave. There are too many vengefu...
34.6K 1.3K 31
ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama အရမ်းမပါပါဘူးနော်။ cover ပုံက...
180K 15.8K 30
"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို...