My Husband Hates Me ( Complet...

By Eros_90

1.8M 81.1K 3.3K

" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက္ထက္ပန... More

Review ( Uni + Zaw )
Part - 1 ( Unicode )
Part - 1 ( Zawgyi )
Part - 2 ( Unicode )
Part - 2 ( Zawgyi )
Part - 3 ( Unicode )
Part - 3 ( Zawgyi )
Part - 4 (Unicode)
Part - 4 (Zawgyi)
Part - 5 (Unicode)
Part - 5 ( Zawgyi )
Part - 6 (Unicode)
Part - 6 ( Zawgyi )
Part - 7 ( Unicode )
Part - 7 ( Zawgyi )
Part - 8 ( Unicode)
Part - 8 ( Zawgyi )
❗Please ❗(Uni+Zaw)
Part - 9 ( Unicode) ❗
Part - 9 ( Zawgyi) ❗
Part - 10 (Unicode)
Part - 10 ( Zawgyi)
Part - 11 ( Unicode)
Part - 11 ( Zawgyi)
Part - 12 ( Unicode )
Part - 12 ( Zawgyi )
Part - 13 ( Unicode )
Part - 13 ( Zawgyi )
Part - 14 (Unicode)
Part - 14 ( Zawgyi )
Part - 15 ( Unicode)
Part - 15 ( Zawgyi)
Part - 16 ( Unicode )
Part - 16 ( Zawgyi)
Please ❗❗❗ (Uni+Zaw)
Part - 17 ( Unicode)
Part - 17 ( Zawgyi)
Part - 18 ( Unicode )
Part - 18 ( Zawgyi )
Part - 19 ( Zawgyi )
Part - 20 ( Unicode )
Part - 20 ( Zawgyi )
Part - 21 ( Unicode )
Part - 21 ( Zawgyi )
Part - 22 ( Unicode )
Part - 22 ( Zawgyi )
Part - 23 ( Unicode)
Part - 23 ( Zawgyi )
Part - 24 ( Unicode)
Part - 24 ( Zawgyi )
Part - 25 ( Unicode)
Part - 25 ( Zawgyi)
❗❗Please
Part - 26 ( Unicode )
Part - 26 ( Zawgyi )
Part - 27 ( Unicode)
Part - 27 (Zawgyi)
Part - 28 ( Unicode)
Part - 28 ( Zawgyi)
Part - 29 ( Unicode)
Part - 29 ( Zawgyi)
Part - 30 ( Unicode)
Part - 30 ( Zawgyi)
Part - 31 ( Unicode)
Part- 31 ( Zawgyi)
Thank you for all ( uni+Zaw)
Book
Fiction Review ( Uni + Zaw )
မကိုဋ်ထွဋ်ခေါင် ( မကိုဋ်ထွဋ်ခေါင် ) (Artist - Alexi_Heyzel)
သကျထကျပနျ ( သက်ထက်ပန် ) ( Artist - A Nai )
နှစ်ဖက်လှ PC Preorder Gift ( Arist- Kaung Mon Hein (Ika))
Head Chibi Diecut Bookmark ( Artist -Jiro Illustration )
Book Cover & Book Details ( Artist -Jumper )
Limited Gift

Part - 19 ( Unicode )

35.8K 1.9K 43
By Eros_90

အပိုင်း - ၁၉


" ဒီဆေးကို ဘာလို့သောက်တာလဲသား ၊ ဒီဆေးက
ကိုယ်ဝန်ဆောင်တွေမသောက်ရဘူးလေ ၊ ကိုယ်ဝန်
လနုရင် ကလေးပါပျက်ကျတက်တယ်၊ သားက ဒါကို
သောက်လိုက်တယ်ဆိုရင်တော့ အစထဲက သားအိမ်
အားနည်းလို့ ကိုယ်ဝန်ဆောင်ဖို့တောင်ခက်ခဲနေတဲ့
သားအတွက် ဗိုက်ထဲကကလေးက အဖက်မတင်ဖို့
ရာခိုင်နှုန်း များသွားပြီ ၊ အခုသွေးတွေတောင်ဆင်းနေပြီ
ဆိုတော့ သားစိတ်ကိုအတက်နိုင်ဆုံးပြင်ဆင်ထားစေချင်
တယ်"

ကြားလိုက်ရသည့်စကားကြောင့် ဒီဆေးကို ကိုကိုက
သောက်ခိုင်းထားတာဆိုသည့်စကားက လည်ချောင်းဝ
မှာတင် ပျောက်ကွယ်သွားတော့သည်။

ကိုကိုက ဘာလို့များ ဘာလို့များ။



*
*
*
*
*
*
*
*

" သက် သက်ထက်က ဘာဖြစ်တာလဲဒေါ်နွယ် "

အစည်းအဝေးပြီးပြီးချင်းမှာပင် လင်းမြတ်ရဲ့ သတင်းပေး
မှုကြောင့် အိမ်ကိုအမြန်ပြန်လာခဲ့ခြင်းဖြစ်သည်။
သက်ထက်ပန်တစ်ယောက် ကိုယ့်ပို့ပေးသည့်
ဆေးကိုသောက်ပြီး အိမ်ကိုဆရာဝန်ခေါ်ရသည့်အထိ
ဖြစ်သွားသည်လို့ အကြောင်းကြားလာခြင်းဖြစ်သည်။

" သားတို့ရုံးက ကောင်လေးတစ်ယောက်လာပို့ပေးတဲ့
ဆေးကိုသောက်ပြီး ကိုယ်ဝန်ကသွေးတွေဆင်းလာလို့
ဆရာဝန်ခေါ်လိုက်ရတယ် ၊ ဆေးက သားပို့ခိုင်းလိုက်
တာဆို ၊အဲဆေးက ကိုယ်ဝန်ဆောင်တွေမသောက်ရဘူးတဲ့
လနုရင်ကိုယ်ဝန်ပါပျက်ကျတက်တယ်လို့ဆရာဝန်ကပြော
သွားတယ် ၊ သက်ထက်လေးက အစထဲက ကိုယ်ဝန်
ဆောင်ဖို့အဆင်မပြေတဲ့ကလေးလေ၊ အခုဆေးကိုသောက်
ပါ ထပ်သောက်လိုက်မိတော့ ကလေးကအဖက်မတင်ဖို့်
သေချာသလောက်ရှိသွားပြီပြောတယ် ၊ သက်ထက်လေးခမျာ
ဆရာဝန်ပြန်သွားထဲက သူ့ဗိုက်လေးကိုဖြေးဖြေးလေး
ပွတ်နေပြီး ငိုလိုက်တာမှအသံတောင်ပျောက်ရောပဲ၊
သူ့ကလေးလေး သူအသုံးမကျလို့ဆိုပြီး ၊
ဘေးကနေ မြင်နေရတဲ့ကိုယ်တွေတောင်မျက်ရည်မခိုင်
တာ ကာယကံရှင်ဖြစ်တဲ့သူကပိုဆိုးမှာပေါ့ ၊ အဲဆေးက
သားပို့ခိုင်းလိုက်တာမဟုတ်ဘူးမို့လား သက်ထက်လေး
အထင်လွဲနေတယ်မဟုတ်လား "

ကြားလိုက်ရသည့်စကားကြောင့် မတ်တတ်ရပ်နေရင်းမှ
ခုံပေါ်ကိုလဲကျသွားရတော့သည်။ စိုးရိမ်မှုကြောင့်
အခန်းထဲရှိနေသူဆီ အပြေးသွားချင်ပေမယ့်
အခုချိန်မှာ မတ်မတ်ပင်မရပ်နိုင်တော့ချေ ။
ဆိုဖာကိုသာတင်းတင်းဆုပ်ကိုင်ထားမိရင်း

" အခု အခု သက်ထက်ဘယ်လိုနေသေးလဲ "

" အခုတော့မငိုတော့ဘူး မှိန်းနေတယ် "

စိုးရိမ်စိတ်နဲ့လူက ဘာလုပ်လို့လုပ်ရမှန်းပင်မသိတော့ချေ။
အကြောက်တရားတဲ့။ကိုယ်ဟာ ဒီနှစ်ပိုင်းထဲအကြောက်
တရားနဲ့ တော်တော်ရင်းနှီးလာခဲ့ရလေသည်။
အကောင်းဆုံးဖြစ်အောင် ကိုယ်ကြိုးစားနေတာကို
သက်ထက် မယုံမှာကြောက်သည်။
ချစ်ရသူက ကိုယ့်အပေါ်အထင်လွဲမှာကြောက်သည်။
ချစ်ရတဲ့သူက ကိုယ့်ကိုထားခဲ့မှာကိုလည်း
သေလောက်အောင်ကြောက်သည်။
အကြောက်တရားဆိုတဲ့အရာက ဒီလောက်ထိကြောက်စရာ
ကောင်းမှန်းအခုမှကိုယ်သိလာခဲ့ခြင်းဖြစ်သည်။

ကိုယ့်စိတ်ကိုပြင်ဆင်ပြီးကာမှ မကိုဋ်အခန်းတွင်း
ဝင်သွားမိသည်။ ကုတင်ပေါ်မှာ မျက်စိမှိတ်ပြီးငြိမ်နေ
တဲ့ကောင်လေး ။နဂိုထဲကပါးဖောင်းဖောင်းနဲ့မျက်နှာလေးက
အခုတော့ငိုထားသဖြင့် အစ်မို့ပြီးတောင်တက်နေလေသည်။

" သက်ထက် "

ကိုယ့်အသံကြားတော့ မျက်လုံးဖွင့်ကြည့်လာသည်။
အတန်ကြာအောင်စိုက်ကြည့်နေပြီးမှ

" ပြန်ရောက်လာပြီလား ၊ ဘယ်လိုလုပ်ကျမလဲ
ကလေးကဗိုက်ထဲမှာပဲရှိနေသေးတယ်တဲ့ ၊ လုံးဝပျက်ကျ
မသွားသေးဘူးတဲ့၊ အဟက်! ! ခင်ဗျားတော့
ဒီသတင်းကြားရတော့ စိတ်ဆင်းရဲသွားမှာပဲနော် "

အရင်လို ငိုငိုရီရီနဲ့ကိုယ့်ကို ထုရိုက်ရန်ရှာမယ်ထင်နေခဲ့
ပေမယ့် တကယ်တမ်းကြုံလိုက်ရတာက အေးစက်စက်
မျက်နှာနှင့် ရေခဲရိုက်ထားသည့်အသံမျိုးဖြစ်နေလေသည်။
ဆူဆူညံံညံနေတက်တဲ့သူတစ်ယောက်ရဲ့ တိတ်ဆိတ်သွား
ခြင်းက အန္တရာယ်ကြီးလွန်းကြောင်း မကိုဋ်အနေနဲ့
ကောင်းကောင်းကြီးသိထားလေသည်။

အခန်းဝကနေသူ့အနားတိုးကပ်သွားမိတော့ တင်းမာ
အေးစက်စွာလှမ်းကြည့်လာရင်း

" ရှေ့ဆက်တိုးမလာနဲ့မကိုဋ်ထွဋ်ခေါင် ခင်ဗျားရှေ့ကို
ဆက်တိုးလာရင် ကျွန်တော့်ကိုကျွန်တော် ဘာလုပ်မိမလဲ
မသိဘူး ၊ ခင်ဗျားကိုတော့မထိပါဘူး ရွံလို့ "

ကြားလိုက်ရသည့်စကားကြောင့် မကိုဋ်ရင်ထဲအောင့်ခနဲ
ဖြစ်သွားရလေတော့သည်။ ရွံတယ်တဲ့ ။ဒီကလေးက
ကိုယ့်အပေါ်ကို စိတ်ဆိုးနေတာမဟုတ်တော့
ဘူး။စိတ်ပင်နာနေလေပြီ။

" ဘာလို့ ဘာလို့ ကိုယ့်ကိုဒီလိုတွေပြောရတာလဲ
ကိုယ်ကမင်းနဲ့ကလေးကို ထိခိုက်အောင်လုပ်တယ်လို့
တကယ်များတွေးလိုက်တာလား "

" တွေးလိုက်တာမဟုတ်ဘူးလေ လက်တွေ့ဖြစ်သွားပြီ
ခင်ဗျားပဲ ထက်မြတ်ဦးနဲ့ဆေးထည့်ပေးလိုက်မယ်လို့
ဖုန်းဆက်ခဲ့တာလေ ၊ ခင်ဗျားပဲအဲဆေးကိုသောက်ခိုင်း
ခဲ့တာလေ "

" မဟုတ်ဘူး မဟုတ်ဘူးလို့ကွာ ကိုယ်က ဘာလို့များ
မင်းရောကလေးပါ ဒုက္ခရောက်မယ့်အရာကိုလုပ်ရမှာလဲ"

" ဒါဆိုရင်ဆေးက ဘယ်လိုဖြစ်ရတာလဲပြောလေ "

သက်ထက်အနေနဲ့ ကိုယ့်ကိုစကားပြောနေပုံက
တော်တော်ကြီးကို တည်ငြိမ်နေလေသည်။

" ကိုယ်မသိဘူး သေချာတာတော့ကိုယ်ထည့်ပေးတဲ့ဆေးက
အခုလိုအန္တရာယ်ဖြစ်စေတဲ့ဆေးမျိုး မဟုတ်တာတော့သေချာတယ်"

" ဒါဆို ထက်မြတ်ဦးက လမ်းမှာလဲလိုက်တာလား
သူကရော ဘာလို့လဲမှာလဲ "

" တောင်း တောင်းပန်တယ်သက်ထက်ရယ် ၊ အမှန်တိုင်း
ပြောရရင် ကိုယ်အခုမှအိမ်ပြန်ရောက်လာရလို့
ဘာတွေဘယ်လိုဖြစ်သွားလဲဆိုတာကို သေချာမသိရ
သေးဘူး တကယ်တောင်းပန် "

" ရွံစရာကောင်းတဲ့အကြောင်းပြချက်တွေနဲ့ တောင်းပန်
မနေစမ်းနဲ့ ၊ အရာအားလုံးကခင်ဗျားဆီကနေစပြုခဲ့တာက
ငြင်းမရတဲ့အမှန်တရားပဲ အဲဒါကြောင့် ဘာဖြစ်ဖြစ်
ခင်ဗျားကိုခွင့်မလွှတ်ဘူး အခုချက်ချင်းအခန်းထဲကနေ
ထွက်သွားစမ်း ၊ ကျွန်တော့်ဘက်ကနေ ခင်ဗျားနဲ့
စကားပြောဖို့အဆင်ပြေတဲ့အချိန်ကျမှ နောက်တစ်ကြိမ်
မျက်နှာချင်းဆိုင်မယ် အဲအချိန်ကျရင်လဲ ကျွန်တော်ဘာပဲ
ဆုံးဖြတ်ဆုံးဖြတ် ခင်ဗျားလက်ခံဖို့ပြင်ဆင်ထား "

" သက်ထက် ကိုယ် "

" ထွက်သွားစမ်း မကိုဋ်ထွဋ်ခေါင် ဘာစကားမှမပြောဘဲ
ထွက်သွားလိုက်စမ်း ၊ စကားတွေဆက်များနေမယ်ဆိုရင်
ဟိုဝရန်တာကနေသွားခုန်ချပြီသေပစ်လိုက်မယ်နော်
မလုပ်ရဲဘူးထင်နေလား ခင်ဗျားမလိုချင်တဲ့ကလေးကိုပါ
ခေါ်သွားပြီး ကျွန်တော်ပါတစ်ခါထဲသေပစ်လိုက်မယ်
အဲလိုဆိုရင်တောင် ခင်ဗျားအတွက်အဆင်ပြေလား "

သက်ထက်ပန်ရဲ့ပုံစံက အသိစိတ်လွတ်နေပြီး စိတ်ထင်ရာကို
လုပ်လိုက်ဖို့အတွက် နည်းနည်းမှပင်တွေဝေနေမယ့်ပုံမရှိတာ
ကြောင့် တကယ်ကိုပင်ကြောက်စရာအခြေအနေဖြစ်နေလေ
သည်။ ဒီအချိန်မှာ သူ့စိတ်တိုင်းကျနေပေးခြင်းက
သူ့ကိုထိန်းချုပ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း
နားလည်နေတာကြောင့်

" ကိုယ်အခုပဲအပြင်ကိုထွက်ပေးမယ်နော် အဲဒါကြောင်
သက်ထက်က စိတ်အေးအေးထားပြီးနားနော် "

" ထွက် - သွား - စမ်း "

နောက်ဆုံးတော့ သက်ထက်ပန်ရဲ့စိတ်အလိုကျတိုင်းပင်
မကိုဋ်ထွက်လာပေးခဲ့ရလေတော့သည်။

*
*
*
*
*
*
*
*

အိမ်တွင်းရေးပြဿနာတွေ ရှုပ်ထွေးလာသည့်အချိန်မှာပင်
အချိန်ကိုက်ဆိုသလိုပဲ ကုမ္ပဏီတွင်းမှာလဲ ပြဿနာတွေ
ရှိလာလေသည်။ ဒုက္ခဆိုတာအဖော်အပေါင်းနဲ့လာတက်တယ်
ဆိုတဲ့စကားအတိုင်းပင် မကိုဋ်အတွက်ကတော့
ဒီအချိန်က တကယ်ကို ဘေးကျပ်နံကျပ်အခြေအနေ
ဖြစ်လာတော့၏ ။

သက်ထက်ပန်ရဲ့ဘေးမှာနေပြီးအချိန်ပြည့်စောင့်ကြည့်
ရမယ့်အခြေအနေမှာပင် ကုပ္မဏီကိုနေ့တိုင်းသွားနေရသည်။
စုံစမ်းလို့မရသေးသည့်ပြိုင်ဖက်ကုမ္ပဏီတစ်ခုက
ကိုယ့်ကုမ္ပဏီရဲ့ရှယ်ယာရှင်တွေထံကနေ ရှယ်ယာတွေကို
ဈေးတွေအဆမတန်ပိုပေးကာဝယ်နေသည်ဆိုသည့်
သတင်းကိုပထမဆုံးသိလာသူက လင်းမြတ်ပင်ဖြစ်လေ
သည်။ တစ်ဖက်လူအနေနဲ့ ရှယ်ယာတွေအကုန်ဝယ်လို့
ရမယ်ဆိုရင်တောင် ကိုယ့်ရဲ့ရှယ်ယာပိုင်ဆိုင်မှုတွေကို
လိုက်မမှီသေးတာကြောင့် ကုမ္ပဏီရဲ့ထိပ်ပိုင်းခေါင်းဆောင်
နေရာအတွက်စိတ်ပူစရာမရှိသေးသည့်တိုင်း ထိုလူက
ဘာရည်ရွယ်ချက်နဲ့အခုလိုတွေလုပ်နေတယ်ဆိုတာကို
သိရမှာဖြစ်မည်။ ဒါက ကိုယ့်ရဲ့ကုမ္ပဏီထဲကိုခိုးကြောင်း
ခိုးဝှက်နည်းနဲ့ဝင်လာဖို့ကြိုးစားနေတာဖြစ်တာကြောင့်
လက်ရှိCEOဖြစ်သည့်ကိုယ့်ကို စိန်ခေါ်နေခြင်းလည်း
ဖြစ်တယ်။


နောက်တစ်ခုက သက်ထက်ပန်သောက်လိုက်သည့်
ဆေးရဲ့ကျန်နေသေးသည့်ဆေးပုလင်းကို
ဒေါ်နွယ်ကတစ်ဆင့် ယူခိုင်းထားပြီးပြီ ။
ဆေးကိုပေးသည့် ဆရာဝန်မကြီးကပြည်ပနိုင်ငံတွင်
အခြေချပြီးနေထိုင်သည့်သားဖွားမီးယက်ပါရဂူဆရာဝန်
မကြီးဖြစ်သည်။ထိုဆရာဝန်မကြီးကိုပြည်ပက မိတ်ဆွေ
တစ်ဦးရဲ့အကူအညီနဲ့အဆက်အသွယ်ရခဲ့ခြင်းဖြစ်သည်။

ထိုဆရာဝန်မကြီးကို သက်ထက်ရဲ့အခြေအနေနဲ့
ကိုယ်ဝန်အခြေအနေအထိပါ အမှန်တိုင်းအသိပေးပြီးမှ
ကလေးမွေးဖို့အထိ အကူအညီတောင်းထားခြင်းဖြစ်သည်။
သက်ထက်ကိုတိုက်သည့်ဆေးကလည်း ထိုဆရာမကြီးက
စိတ်ချရသည့်လူကြုံနဲ့ထည့်ပေးလိုက်ခြင်းဖြစ်သည်။
ဆေးတွေ ကိုယ့်လက်ထဲရောက်လာလာခြင်း
အိမ်ပြန်ပြီး သက်ထက်ကိုတိုက်မယ်လို့်ပြင်နေတုန်းမှာပဲ
ကုမ္ပဏီရဲ့ရှယ်ယာကိစ္စပြဿနာပေါ်လာခြင်းဖြစ်သည်။
အရေးပေါ်ရှယ်ယာရှင်အစည်း ခေါ်ဖို့ဖြစ်လာတာကြောင့်
လမ်းကြုံနေသည့်ထက်မြတ်ဦးနဲ့ဆေးကိုထည့်ပေးလိုက်
ခြင်းကပင်ပြဿနာကို ဖိတ်ခေါ်လိုက်ခြင်းဖြစ်နေလားမသိပါ။

ထက်မြတ်ဉီးကဆေးပုလင်းကိုလဲလိုက်လား မလဲလိုက်ဘူး
လားမသေချာသေးတာမို့ သွားပြီးစွတ်စွဲလို့မရသေး။
ဒီတော့ ဒီရက်ပိုင်းထဲမြန်မာပြည်ကိုလာမယ့်ဆရာဝန်မကြီး
ကိုစောင့်နေဖို့သာရှိတော့သည်။ လက်ရှိကြုံနေရသည့်
ပြဿနာနှစ်ခုစလုံးက အချိန်ကြာလေဆုံးရှုံးမှု ပိုများလေ
ဖြစ်မှာကိုသိနေတာကြောင့် အချိန်မဆွဲဘဲအမြန်ဖြေရှင်း
ဖို့နည်းလမ်းကို ရှာရန်သာရှိလေတော့သည်။

*
*
*
*
*
*
*
*

တစ်ယောက်ထဲ အခန်းအောင်းနေမိတာက ဘယ်နှစ်ရက်
ရှိနေပြီလဲတောင်မသိတော့ပါ ။ သက်ထက်ပန်ဆိုတဲ့ကိုယ်က
အခုချိန်မှာကြိုးတန်းပေါ်လမ်းလျှောက်နေရသူနဲ့တူနေသည်။
ကိုယ်သာဟန်ချက်ပျက်သွားရင် ဗိုက်ထဲကကလေးအတွက်
က တွေးရဲစရာမရှိသည့်အခြေအနေဖြစ်သွားမှာသေချာနေသည်။

ဘာမှစားချင်စိတ်မရှိသည့်အခြေအနေမှာပင် ကြီးကြီးနွယ်
လာပို့ပေးသည့်အစားအသောက်တွေကို မကုန်ကုန်အောင်
စားသည်။ကိုယ်အားရှိနေမှကလေးကိုကာကွယ်နိုင်မယ်
ဆိုတဲ့အသိနဲ့ အချိန်မှန်စား ၊ အချိန်မှန်အိပ်ပျော်အောင်အိပ်သည်။ ဆရာဝန်ပေးခဲ့သည့်ဆေးတွေကိုစက္ကန့်ပင်
အလွဲမခံပဲသောက်သည်။အရာအားလုံးကိုခဏမေ့ထားခြင်း
ဖြင့်ကိုယ့်စိတ်ကိုယ်အနားပေးဖြစ်သည်။ အခုချိန်မှာတော့
ကိုယ့်ကမ္ဘာတွင်ကိုယ်နဲ့ကလေးနှစ်ယောက်ထဲသာရှိလေသည်။

📞📞📞📞📞📞

အဆက်မပြတ်တုန်ခါနေသောဖုန်းသံကြောင့် ယူကြည့်လိုက်
မိတော့ ကိုယ်မသိသောနံပါတ်စိမ်းတစ်ခါ ။တစ်ခါမကိုင်လိုက်
သောအခါ နောက်ထပ်အခါပေါင်းများစွာထပ်ခေါ်နေပြန်သည်။
နောက်ဆုံး ဖုန်းကိုကိုင်လိုက်သည့်အခါ

" မကိုဋ်ထွဋ်ခေါင်က ကလေးကိုဘာလို့ဖျက်ချချင်နေတာလဲဆိုတာကိုသိချင်ရင် ငါပြောပြနိုင်တယ် "

ဖုန်းကိုကိုင်လိုက်ဆိုတာနဲ့ တစ်ဖက်ကပြောလာသည့်
သူစိမ်းတစ်ယောက်ရဲ့အသံ။နောက်ပြီးသူပြောလာတာက
ကလေးနဲ့ပတ်သတ်နေတာမို့

" ခင်ဗျားက ဘယ်သူလဲ "

" သက်ထက်ပန်ဆိုတဲ့မင်းရဲ့အကြောင်းကို အကုန်သိနေတဲ့
လူတစ်ယောက်လို့သာမှတ်ထားလိုက်ပါ ၊ ငါလိပ်စာတစ်ခုကို
ပို့ပေးလိုက်မယ်၊ မနက်ဖြန်မနက်ဆယ်နာရီကို လိပ်စာ
အတိုင်းမင်းတစ်ယောက်ထဲလာခဲ့၊ မကိုဋ်ထွဋ်ခေါင်က
အဲအချိန်ကုမ္ပဏီမှာအစည်းအဝေးရှိနေလို့ မင်းထွက်လာဖို့
လွယ်ပါတယ်"

" ဒီမှာ ကျွန်တော်က ဘာလို့ခင်ဗျားခေါ်တဲ့နေရာကို
လာရမှာလဲ"

တစ်ထက်လူက ဘာတွေလာကြောင်နေလဲဆိုသည့်
စိတ်နဲ့ စကားသံကိုခပ်မာမာပင်ပြန်ပြောမိသည်။

" လာတာမလာတာမင်းရဲ့သဘောပါ ၊ မသိချင်ဘူးလား
မကိုဋ်ထွဋ်ခေါင်ရဲ့ဖွက်ထားတဲ့အမှောင်ဘက်အခြမ်းက
ဘာဖြစ်မလဲဆိုတာကို ၊ မင်းတို့အိမ်ကနေအဝတ်တစ်ထည်
ကိုယ်တစ်ခုနဲ့ဆင်းသွားတဲ့မကိုဋ်က နိုင်ငံခြားမှာသွားနေတဲ့
အချိန်ခဏလေးအတွင်းမှာ ဘာလို့အရမ်းချမ်းသာသွားရတာလဲ၊ နောက်ပြီး မင်းကားတိုက်ခံရတုန်းက သေသွားရတဲ့
ရှိန်းခေါင်ယံက ဘယ်သူ့ပြဿနာနဲ့နွယ်ပြီးသေသွားရတာလဲ
နောက်ထပ် မင်းမိဘတွေက ဘာလို့အသတ်ခံရတာလဲ
အဲထက်ပိုပြီးမင်းဗိုက်ထဲကကလေးကို ဘယ်သူက
မလိုချင်လို့ရတဲ့နည်းနဲ့ဖျက်ချဖို့လုပ်နေတာလဲဆိုတာကိုပေါ့
အမှန်တရားက ဘာလဲဆိုတာမင်းမသိသေးသမျှတော့
သူများလိမ်တာကိုခံနေရမှာပဲလေ "

တစ်ဖက်လူရဲ့စကားတွေကိုနားထောင်ရင်း ဘာပြန်ပြောရ
မယ်မှန်းပင်မသိတော့ချေ။ ကိုယ့်မိဘတွေသေဆုံးမှုအထိ
ဒီလူကသိနေတာတဲ့လား ။ အရာအားလုံးဟာ ကိုကို့
ကြောင့်တော့မဖြစ်နိုင်ဘူးမဟုတ်လား ။


" အမှန်တရားကဘာဆိုတယ်သိချင်ရင် ငါချိန်းတဲ့ဆီလာခဲ့ပါ
နင်းမသိသေးတဲ့ အမှန်တရားတွေကိုလဲပြောပြနိုင်သလို
မင်းကိုလည်းကူညီပေးနိုင်ပါတယ် ၊ မသိချင်ဘူးဆိုလည်း
မင်းသဘောပါပဲ၊ တစ်ခုတော့သိထားလိုက်ပ ါအခွင့်အရေး
ဆိုတာနောက်တစ်ကြိမ်မလာဘူး ၊ လာခဲ့ရင်လည်း
အလကားတော့မရတော့ဘူး "

ပြောပြီးတာနဲ့ တစ်ဖက်ကဖုန်းကိုချသွားသည်။
အချိန်ခဏကြာတာနဲ့ ကိုယ့်ဖုန်းMessage ထဲကို
လိပ်စာတစ်ခုရောက်လာတော့၏။လိပ်စာကိုကြည့်ရင်း
ထိုနေရာကိုသွားသင့် မသွားသင့်တွေဝေနေမိလေတော့
သည်။





Eros_90

19.5.23 ( ည ၈နာရီ ၃၀မိနစ် )

22.5.23 ရက်နေ့ အပိုင်းသစ်Update ရှိပါမည်။

❗❗ A/N - ဆေးပညာနှင့်ပတ်သက်သမျှသည်
စာရေးသူ၏စိတ်ကူးယဉ်ဖန်တီးရေးသားမှုသာဖြစ်သည်။
မီးအဆင်မပြေလို့ စာပြန်မစစ်ထားပါဘူးဗျာ ။
စာနည်းတယ်လို့မပြောကျပါနဲ့။မီးမလာလို့ ဒီညမှ
အားသွင်းကြိုးတန်းလန်းနဲ့ စာရေးပြီးချက်ချင်းတင်ပေး
ရလို့ပါ။

Continue Reading

You'll Also Like

56.7K 7.7K 31
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
263K 46.5K 58
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
161K 25.3K 19
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
96.6K 5.6K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...