"ကိုယ်မင်းကိုရွေးတယ်လင်းသန့်"
ကိုစက်၏စကားအဆုံး၌ လင်းသန့်၏
နှလုံးခုန်သံတို့ဟာ စည်းချက်မညီတော့သလို...ကမ္ဘာကြီးရဲ့အချိန်တွေဟာလည်းရပ်တန့်သွားလို့။
အသက်အား ခပ်တင်းတင်းအောင့်ထားမိတော့ ကိုစက်က သူ့ရဲ့ခါးတွေကိုလက်တွေစတင်ဖက်လာရင်း မျက်နှာကိုသူ့ရဲ့ရင်အုံမှာအပ်ထားရင်း ပြောလာသည့်စကားက
"ကိုယ်မင်းကိုရွေးတယ်လို့လင်းသန့် မင်းကိုယ့်ကိုဘာမှမပြောတော့ဘူးလား"
လင်းသန့် သူအကြားချင်ခဲ့ဆုံးစကားကိုကြားလိုက်ရသော်လည်း အခုချိန်သူဘာပြောလို့ပြောရမလဲ မသိတော့ပေ။
ကိုစက်က သူ့ကိုရွေးသည်တဲ့ ကိုကြီးကိုမဟုတ်ပဲသူ့ကိုတဲ့။
အိမ်မက်ဆန်လွန်းတဲ့ လက်တွေ့ကိုသူ
မယုံနိုင်သော်လည်း သူ့ခါးထပ်၌ရှိသောလက်တွေနဲ့ သူ့ရဲ့နှလုံးခုန်သံနှင့်အတူ ထပ်တူကျနေသော ကိုစက်၏နှလုံးခုန်သံ။
"ကျွန်တော်..."
"ကိုယ်မင်းကိုချစ်တယ်၊မင်းတစ်ယောက်တည်းကိုပဲ ဘယ်အရာနဲ့ယှဥ်ယှဥ်ကိုယ်မင်းကိုရွေးချယ်မယ်၊မင်းက ကိုယ့်ရဲ့ရွေးချယ်မှုပဲ.....
ပေါင်ပေ့ ကိုယ်တို့ပြန်အဆင်ပြေကြရအောင်...ကိုယ်မင်းနဲ့ပြန်အဆင်ပြေချင်တယ်၊မင်းအနားမှာအမြဲရှိချင်တယ်၊ဒါကြောင့်ကျေးဇူးပြုပြီး ကိုယ်နဲ့အတူရှိပေးပါ။
ကိုယ်ဒီအခြေအနေကြီးကို သိပ်မုန်းတယ် ဒါကြောင့်...."
စက်လင်းလျှံ စကားပင်မဆုံးသေး သူ၏ခေါင်းဟာ အပေါ်သို့အပင့်ခံလိုက်ရ၍ သူ၏နှုတ်ခမ်းသားတို့ဟာလည်း စုပ်ယူခြင်းကိုခံလိုက်ရသည်။
မွတ်သိပ်နေသောအနမ်းမဟုတ်သော်ငြား သေချာသည်က ဤအနမ်းဟာသူတို့နှစ်ယောက်ကြားရှိပတ်သတ်မှု၏အဖြေပင်ဖြစ်သည်။
ထို့နောက် ကောင်လေးက သူ့အားပြုံးကာကြည့်လာရင်း
ဖြေလာသည့်အဖြေကား
"ဟုတ် ကိုကို"တဲ့လေ။
***
*ဟက်ချိုး!!*
နှာချေသံကားအခြားသောသူစီမှမဟုတ် သူ၏ကောင်လေးဖြစ်သူလင်းသန့်ထံမှပင်။
မနေ့ညက မိုးမိသွားသောကြောင့်ထင်၏ ယနေ့မနက်တွင်တော့အဖျားတက်နေလေပြီ။
ကိုယ်ပူကျစေသည့် Cooling gel အားနဖူးထပ်၌ ကပ်ထားရင်းစောင်ပုံကြားထဲ၌ မျက်လုံးနှင့်နှာခေါင်းလေးကိုပဲဖော်ကာ ကွေးနေအောင်အိပ်နေသည့်လင်းသန့်အား ကြည့်ရင်း စက်လင်းလျှံ
သနားရပြန်သည်။
အသစ်ပြန်လည်ပြုတ်ထားသော ဆန်ပြုတ်ပန်းကန်အား အိပ်ယာနံဘေး၌ချလိုက်ရင်း စောင်ပုံထဲရှိကောင်လေးအားအနည်းငယ်လှုပ်နိုးလိုက်သည်။
"ထ...
ဆန်ပြုတ်သောက်ပြီးမှပြန်အိပ်ရင်အိပ်
အခု ထပြီးဆန်ပြုတ်အရင်သောက်"
ထိုအခါ မျက်လုံးလေးများအား
ပေကလက် ပေကလက်နှင့် သူ့အား
လူမမာတစ်ယောက်ကဲ့သို့အကြည့်များနှင့်ကြည့်လာသည်။
"လိမ္မာတယ် ပေါင်ပေ့က
အရင်ဆန်ပြုတ်ထသောက်"
ဤကဲ့သို့ပြောလိုက်တော့ အက်ကွဲတေသောအသံလေးနှင့် သနားစဖွယ်လေးပြောလာသည်က အသဲယားစရာ။
ဘာတဲ့
"ကိုကို..ခွံ့တိုက်"ဆိုပဲ။
စက်လင်းလျှံမနေနိုင်စွာဖြင့်
သူ၏ တစ်ဦးပိုင်
လူနာလေးအား ဆန်ပြုတ်တိုက်လိုက်ရတော့၏။
"ဆန်ပြုတ်သောက်ပြီးရင်ဆေးသောက်ရမယ်နော်၊အဖျားကြီးလိမ့်မယ်"
"ဟုတ်"
ကလေးလေးတစ်ယောက်လို လိမ္မာစွာသူဘာပြောပြော တဟုတ်ဟုတ်နှင့်လင်းသန့်အား စက်လင်းလျှံအသဲမယားပဲမနေနိုင်တော့ချေ။
"မင်း ချစ်ဖို့ကောင်းအောင်လာလုပ်နေတယ်"
"အဲ့တော့ ချစ်ဖို့ကောင်းရင် ကိုကိုကချစ်လိုက်ပေါ့ဗျ"
"ဒီလိုတောင်ပြောနိုင်နေမှတော့ ကောင်းသွားပြီထင်တယ်"
ထိုအခါ လင်းသန့်ကပြာသလဲလဲနှင့်
"ဟင့်အင်းမဟုတ်ဘူး မကောင်းသေးဘူးဆိုနေ"
"ဟုတ်ပါပြီဗျာ ဟောဒီမှာဆေး"
ဆေးအား သောက်အပြီးတွင်တော့စက်လင်းလျှံ ဆန်ပြုတ်ပန်းကန်ဆေးရန်အောက်ထပ်သို့ဆင်းမည်အလုပ်တွင်
အဆွဲခံလိုက်ရသော လက်တဖက်ကြောင့် လှည့်ကြည့်လိုက်မိသည်။
ထိုအခါသူတွေ့လိုက်ရသည်က ချစ်စရာပါပီလေးသဖွယ် သူ့အားကြည့်နေသော လင်းသန့်ကိုပင်။
"ဘာဖြစ်လို့လဲ"
"ခေါင်းနှောက်တယ် ကိုကို"
မျက်ရည်ကျလုနီးနီးမျက်ဝန်းများဖြင့်ကြည့်လာသောကြောင့် စက်လင်းလျှံအနည်းငယ်ပြာသွားကာ အတတ်နိုင်ဆုံးအသံကိုနိမ့်ကာပြောလိုက်သည်။
"အရမ်းနှောက်နေတာလား ကိုယ်ဘာလုပ်ပေးရမလဲ၊ဆရာဝန်ခေါ်ပေးရမလား"
ထိုအခါ အနှီအမျိုးသားငယ်က
ခေါင်းအားအတွင်တွင်ခါရင်း
သူ၏နံဘေးရှိ နေရာအလွှတ်အားပုတ်ပြလာသည်။
ဘာကိုဆိုလိုသလဲ သိနေသည်မို့
လင်းသန့်နံဘေး၌ ဝင်ကာ
ကုတင်ခေါင်းရင်းအား ကိုယ်တခြမ်းမှီရင်း ခြေထောက်အားဆန့်တန်းပေးလိုက်တော့ လင်းသန့်ကချက်ချင်း
သူ၏ပေါင်ပေါ်ကိုခေါင်းလာချ၏။
အနီရောင်စောင်ကြီးအားပတ်ကာ သူ၏ပေါင်ပေါ်၌ ခေါင်းလေးပဲဖော်ကာအိပ်နေသောကောင်လေး၏ခေါင်းအားပွတ်ပေးနေရင်း ပြုံးမိသည်။
ဒီလိုမျိုးအခြေအနေမျိုးက အရင်ကတည်းကပင်။ လင်းသန့်က ခဏခဏဖျားတတ်သည့်ကလေးဖြစ်သည့်အပြင်ဖျားသည့်အခါတိုင်းလည်း စက်အားအရမ်းချွဲသည်မို့ လင်းသန့်၏အကျင့်များအား စက်အကုန်သိနေပြီပင်။
"ကိုစက်"
"အွန်း"
"ကျွန်တော်လေ ညတိုင်းငိုနေခဲ့တာဗျ"
"ကိုယ်တောင်းပန်ပါတယ်"
"ကိုစက် ကျွန်တော့်ကိုပြန်ချစ်လိမ့်မယ်လို့မထင်ထားခဲ့ဘူးသိလား...."
"မင်းထင်လို့ရပါတယ်"
"အရင်ကထင်ခဲ့ပေမဲ့
ကျွန်တော်တို့လမ်းခွဲတဲ့အချိန်မှာ အဲ့တာကမဖြစ်နိုင်ဘူးဆိုတာသိလိုက်ရတယ်လေ....ကိုစက်က ကျွန်တော့်ကိုပြန်လိုက်မခေါ်တဲ့အပြင် ကျွန်တော့်ကိုဂရုမစိုက်ဘူးမလား...ပြီးတော့ ကျွန်တော့်ကိုမမြင်ချင်ဘူးလို့လည်း ပြောသေးတယ်"
ပေါင်ပေါ်၌အိပ်ရင်း စကားများအားတရစပ်ပြောလာသော ဒီကလေးဟာ
တကယ့်ကိုများစွာနာကျင်ခဲ့ရသည်တဲ့။
ဒါဟာလည်းသူ့ကြောင့် မသိတာတော့မဟုတ်ပေမဲ့လည်း နောင်တကတော့များစွာပင်ရမိပါ၏။
"ကိုယ် ကိုယ့်ခံစားချက်ကိုသတိမထားခဲ့မိလို့ပါ....မင်းကိုဂရုစိုက်ခဲ့သလို
မင်းကိုပြန်လာမခေါ်တာကလည်းမင်းပြန်ခေါ်ခဲ့မယ်လို့ထင်ခဲ့မိလို့"
"အချိန်တိုင်း ကျွန်တော့်ဘက်ကပြန်ခေါ်မှရမှာလားဟင် ကိုစက်"
ထိုစကားက စက်လင်းလျှံ၏နှလုံးသားအားများစွာလှုပ်ခပ်စေခဲ့သည်။
ဟုတ်သည်ပဲ အကြိမ်တိုင်းအကြိမ်တိုင်းလင်းသန့်ကသာ အမြဲစတင်တောင်းပန်တဲ့သူဖြစ်ခဲ့တာ။
"နောက်တစ်ခါမဖြစ်စေရဘူး ကောင်လေး၊အကြိမ်တိုင်းမင်းဘက်ကစခေါ်စရာမလိုသလို ကိုယ်ကမင်းရှေ့ကိုအရင်ရောက်လာပြီးအရင်တောင်းပန်တဲ့သူဖြစ်စေရပါ့မယ်"
"တကယ်လားဟင်"
"သက်သေပြပေးမှာမို့ မင်းကယုံပေး"
"ဒါဆို ကိုစက်ကျွန်တော့်ကိုသဝန်တိုဖူးလားဟင်"
"အင်း...အများကြီးတိုဖူးတယ်"
"ပြောပြနားထောင်ချင်တယ်"
"ဟုတ်ပြီ....
မင်းမာမီက မင်းကိုဖုန်းဆက်ပြီး Blind dateသွားတွေ့ဖို့ဆူတုန်းက ကိုယ်အများကြီးစိတ်ဆိုးခဲ့တာ...မင်းမှာကိုယ်ရှိတယ်မဟုတ်လား Blind dateကဘာသုံးစားရမှာလဲ။ဒါပေမဲ့
မင်းကမင်းမာမီစကားကိုငြင်းလိုက်တော့ကိုယ်တကယ်အများကြီးပျော်သွားတာ။
မင်း ဖြိုးသန့်မွေးနေ့သွားတုန်းကမင်းအကောင့်ကိုကောင်မလေးတစ်ခုက ဝိုင်းတောင်းတုန်းကရော...
မင်းကို ဟိုBoy modelတစ်ယောက်ကလာပြီးဖားတုန်းကရော..
မင်းဟိုCeoအမတစ်ယောက်နဲ့တွဲတုန်းကရော"
"အဲ့လောက်များလား"
"အဲ့ထက်များတယ်"
"ကိုစက်က ကျွန်တော့်ကိုအနှောင့်အယှက်လို့ပြောတယ်"
"ကိုယ်မှားခဲ့တာ မင်းက ကိုယ့်အတွက်အကြည်ဓာတ်ကလေး"
ဤကဲ့သို့ပြောရင်း ပေါင်ပေါ်ရှိကောင်လေးငယ်အား ငုံ့နမ်းလိုက်တော့
ရုတ်တရက် ဝုန်းကနဲထကာသူ့အပေါ်တက်အုပ်လိုက်သော လင်းသန့်ကြောင့် စက်မှာ
ကြောင်အအ။
အုပ်မိုးကာဖြင့် အပေါ်စီးကနေသူ့ကိုရီဝေစွာကြည့်နေသာ လင်းသန့်ထံမှအပူငွေ့တို့ကတရိပ်ရိပ်။
မဟုတ်မှ.....။
"လင်းသန်...အခုမရဘူး"
"ဘာလို့လဲ ရပါတယ်"
ထိုကဲ့သို့ပြောရင်း သူ၏လည်ပင်းထက်သို့ သွားနှင့်တတိတိလာကိုက်နေသောခွေးပေါက်ကြောင့် စက်လင်းလျှံခေါင်းခဲသွားရသည်။
"မင်းဖျားနေတယ်လေကွာ"
"တစ်ခေါက်ပဲလေ"
"မရဘူး"
"ရတယ်ဆိုနေ"
"ဒါဆိုလည်းရတယ် ဒါပေမဲ့မင်းအခုလုပ်ချင်တယ်ဆိုရင် ကိုယ် မင်းကို Topမယ် မဟုတ်ရင်မလုပ်ဘူး
မင်းရွေးလိုက်၊ နောက်မှလားဒါမှမဟုတ် အtopခံမလား"
ထိုစကားကိုကြားလိုက်သည့်အခါတွင်တော့ လင်းသန့်တစ်ယောက်ကြက်သေ သေသွားကာ ချက်ချင်းသူ့ကိုယ်ပေါ်မှဆင်းကာ စောင်အားခြုံ၍တဖက်သို့လှည့်သွားလေတော့သည်။
"ကိုစက် လူဆိုး"ဟူ၍လည်း ခပ်တိုးတိုးပြောသွားသေးသည်လေ။
ဘယ်လိုအခြေအနေဖြစ်နေပါစေ
ဒီတောင်းဆိုချက်ကိုတော့ လင်းသန့်ကဘယ်တုန်းကမှဖြည့်ဆည်မပေးခဲ့ချေ။
မိုးပေါ်ကကြယ်ကိုပဲဆွတ်ခူးပေးရင်ပေးလိုက်မယ် Topတာတော့မခံနိုင်ဘူးဆိုသည့် ကောင်မျိုး။
"စိတ်ဆိုးသွားတာလား"
"......."
"ဟိတ် ကောင်လေး"
"လာမခေါ်နဲ့ ကိုစက်ကိုစိတ်ကောက်တယ်"
စက်လင်းလျှံ လင်းသန့်၏မျက်နှာကြည့်ရန်လုပ်တော့ ချက်ချင်းစောင်ထဲသို့ဝင်ပစ်ကာ ဆံပင်မွေးတမျှင်ပင်အပြင်ထွက်မနေချေ။
စက်လင်းလျှံ အသဲယားစွာဖြင့်ယင်းစောင်ပုံ
ထဲရှိလင်းသန့်အား စောင်၏အပေါ်မှဖက်လိုက်ရင်း လက်နှင့်စောင်ပုံကြီးအားပုတ်လိုက်သည်။
"စိတ်မဆိုးပါနဲ့ ကလေးလေးရာ
ကိုယ်ကမင်းကိုစိတ်ပူလို့ပါ
ဖျားနေတဲ့အချိန်ကိုယ်ခံအားနည်းတယ်လေ၊ပိုဖျားသွားမှာပေါ့။လိမ္မာပါတယ်"
"မသိဘူး ဘာမှလာမပြောနဲ့ ကိုစက်ကိုစကားမပြောဘူး"
"အဲ့လိုတော့မလုပ်လိုက်ပါနဲ့ဗျာ ကိုယ့်မှာဒီကလေးလေးရှိတာ မင်းက ကိုယ့်ကိုမခေါ်ရင် ကိုယ်ကဘယ်သူ့သွားခေါ်ရမတုန်း"
"မသိဘူး ဘာမှမသိဘူး...."
"ဒီလိုလုပ်လေ...မင်းအဖျားပျောက်ရင်
မင်းကြိုက်တဲ့
ဆန္ဒကိုလိုက်လျောပေးမယ်"
ဤသို့ပြောလိုက်မှ ခေါင်းလေးကဝှီးကနဲစောင်ထဲကနေထွက်လာ၏။
"ကတိတည်မှာလား"
"အင်း"
"ဟုတ်ပြီ ကိုစက်စကားနဲ့ကိုစက်နော်"
"ကိုယ့်စကားနဲ့ကိုယ်ပါကွာ"
စက်လင်းလျှံရယ်လျက်သား ပြောလိုက်တော့ လင်းသန့်ကလိုက်ရယ်သည်။
ထို့နောက် သူ့ကိုပါ စောင်ပုံထဲဆွဲသွင်းလိုက်ရင်း စောင်ထဲ၌လက်ကောခြေကိုကောကာချုပ်ကာဖက်ထားသေး၏။
"ဘာလုပ်တာတုန်း"
"ချစ်တယ်"
"ကိုယ်လည်းမင်းကိုအများကြီးချစ်ပါတယ်"
သေချာပေါက် ဒီကောင်လေးနဲ့သာဆိုရင်သူ့ရဲ့ဘဝကြီးကနေ့စဥ်နေ့တိုင်းလှပနေတော့မှာအသေအချာ။
ဒီကောင်လေးတချက်ရယ်တိုင်း
စက်လင်းလျှံ၏ကမ္ဘာမှာ ပန်းပေါင်းစုံတို့ပွင့်ရပါသတဲ့။
******
Alexander AN(Ah Nyo)
May.18.2023
နောက်အပိုင်းလေးလေးငယ်တို့လာမယ်နော်။
******
"ကိုယ္မင္းကိုေ႐ြးတယ္လင္းသန္႔"
ကိုစက္၏စကားအဆုံး၌ လင္းသန္႔၏
ႏွလုံးခုန္သံတို႔ဟာ စည္းခ်က္မညီေတာ့သလို...ကမ႓ာႀကီးရဲ႕အခ်ိန္ေတြဟာလည္းရပ္တန္႔သြားလို႔။
အသက္အား ခပ္တင္းတင္းေအာင့္ထားမိေတာ့ ကိုစက္က သူ႕ရဲ႕ခါးေတြကိုလက္ေတြစတင္ဖက္လာရင္း မ်က္ႏွာကိုသူ႕ရဲ႕ရင္အုံမွာအပ္ထားရင္း ေျပာလာသည့္စကားက
"ကိုယ္မင္းကိုေ႐ြးတယ္လို႔လင္းသန္႔ မင္းကိုယ့္ကိုဘာမွမေျပာေတာ့ဘူးလား"
လင္းသန္႔ သူအၾကားခ်င္ခဲ့ဆုံးစကားကိုၾကားလိုက္ရေသာ္လည္း အခုခ်ိန္သူဘာေျပာလို႔ေျပာရမလဲ မသိေတာ့ေပ။
ကိုစက္က သူ႕ကိုေ႐ြးသည္တဲ့ ကိုႀကီးကိုမဟုတ္ပဲသူ႕ကိုတဲ့။
အိမ္မက္ဆန္လြန္းတဲ့ လက္ေတြ႕ကိုသူ
မယုံႏိုင္ေသာ္လည္း သူ႕ခါးထပ္၌႐ွိေသာလက္ေတြနဲ႔ သူ႕ရဲ႕ႏွလုံးခုန္သံႏွင့္အတူ ထပ္တူက်ေနေသာ ကိုစက္၏ႏွလုံးခုန္သံ။
"ကြၽန္ေတာ္..."
"ကိုယ္မင္းကိုခ်စ္တယ္၊မင္းတစ္ေယာက္တည္းကိုပဲ ဘယ္အရာနဲ႔ယွဥ္ယွဥ္ကိုယ္မင္းကိုေ႐ြးခ်ယ္မယ္၊မင္းက ကိုယ့္ရဲ႕ေ႐ြးခ်ယ္မႈပဲ.....
ေပါင္ေပ့ ကိုယ္တို႔ျပန္အဆင္ေျပၾကရေအာင္...ကိုယ္မင္းနဲ႔ျပန္အဆင္ေျပခ်င္တယ္၊မင္းအနားမွာအၿမဲ႐ွိခ်င္တယ္၊ဒါေၾကာင့္ေက်းဇူးျပဳၿပီး ကိုယ္နဲ႔အတူ႐ွိေပးပါ။
ကိုယ္ဒီအေျခအေနႀကီးကို သိပ္မုန္းတယ္ ဒါေၾကာင့္...."
စက္လင္းလွ်ံ စကားပင္မဆုံးေသး သူ၏ေခါင္းဟာ အေပၚသို႔အပင့္ခံလိုက္ရ၍ သူ၏ႏႈတ္ခမ္းသားတို႔ဟာလည္း စုပ္ယူျခင္းကိုခံလိုက္ရသည္။
မြတ္သိပ္ေနေသာအနမ္းမဟုတ္ေသာ္ျငား ေသခ်ာသည္က ဤအနမ္းဟာသူတို႔ႏွစ္ေယာက္ၾကား႐ွိပတ္သတ္မႈ၏အေျဖပင္ျဖစ္သည္။
ထို႔ေနာက္ ေကာင္ေလးက သူ႕အားျပဳံးကာၾကည့္လာရင္း
ေျဖလာသည့္အေျဖကား
"ဟုတ္ ကိုကို"တဲ့ေလ။
***
*ဟက္ခ်ိဳး!!*
ႏွာေခ်သံကားအျခားေသာသူစီမွမဟုတ္ သူ၏ေကာင္ေလးျဖစ္သူလင္းသန္႔ထံမွပင္။
မေန႔ညက မိုးမိသြားေသာေၾကာင့္ထင္၏ ယေန႔မနက္တြင္ေတာ့အဖ်ားတက္ေနေလၿပီ။
ကိုယ္ပူက်ေစသည့္ Cooling gel အားနဖူးထပ္၌ ကပ္ထားရင္းေစာင္ပုံၾကားထဲ၌ မ်က္လုံးႏွင့္ႏွာေခါင္းေလးကိုပဲေဖာ္ကာ ေကြးေနေအာင္အိပ္ေနသည့္လင္းသန္႔အား ၾကည့္ရင္း စက္လင္းလွ်ံ
သနားရျပန္သည္။
အသစ္ျပန္လည္ျပဳတ္ထားေသာ ဆန္ျပဳတ္ပန္းကန္အား အိပ္ယာနံေဘး၌ခ်လိုက္ရင္း ေစာင္ပုံထဲ႐ွိေကာင္ေလးအားအနည္းငယ္လႈပ္ႏိုးလိုက္သည္။
"ထ...
ဆန္ျပဳတ္ေသာက္ၿပီးမွျပန္အိပ္ရင္အိပ္
အခု ထၿပီးဆန္ျပဳတ္အရင္ေသာက္"
ထိုအခါ မ်က္လုံးေလးမ်ားအား
ေပကလက္ ေပကလက္ႏွင့္ သူ႕အား
လူမမာတစ္ေယာက္ကဲ့သို႔အၾကည့္မ်ားႏွင့္ၾကည့္လာသည္။
"လိမၼာတယ္ ေပါင္ေပ့က
အရင္ဆန္ျပဳတ္ထေသာက္"
ဤကဲ့သို႔ေျပာလိုက္ေတာ့ အက္ကြဲေတေသာအသံေလးႏွင့္ သနားစဖြယ္ေလးေျပာလာသည္က အသဲယားစရာ။
ဘာတဲ့
"ကိုကို..ခြံ႕တိုက္"ဆိုပဲ။
စက္လင္းလွ်ံမေနႏိုင္စြာျဖင့္
သူ၏ တစ္ဦးပိုင္
လူနာေလးအား ဆန္ျပဳတ္တိုက္လိုက္ရေတာ့၏။
"ဆန္ျပဳတ္ေသာက္ၿပီးရင္ေဆးေသာက္ရမယ္ေနာ္၊အဖ်ားႀကီးလိမ့္မယ္"
"ဟုတ္"
ကေလးေလးတစ္ေယာက္လို လိမၼာစြာသူဘာေျပာေျပာ တဟုတ္ဟုတ္ႏွင့္လင္းသန္႔အား စက္လင္းလွ်ံအသဲမယားပဲမေနႏိုင္ေတာ့ေခ်။
"မင္း ခ်စ္ဖို႔ေကာင္းေအာင္လာလုပ္ေနတယ္"
"အဲ့ေတာ့ ခ်စ္ဖို႔ေကာင္းရင္ ကိုကိုကခ်စ္လိုက္ေပါ့ဗ်"
"ဒီလိုေတာင္ေျပာႏိုင္ေနမွေတာ့ ေကာင္းသြားၿပီထင္တယ္"
ထိုအခါ လင္းသန္႔ကျပာသလဲလဲႏွင့္
"ဟင့္အင္းမဟုတ္ဘူး မေကာင္းေသးဘူးဆိုေန"
"ဟုတ္ပါၿပီဗ်ာ ေဟာဒီမွာေဆး"
ေဆးအား ေသာက္အၿပီးတြင္ေတာ့စက္လင္းလွ်ံ ဆန္ျပဳတ္ပန္းကန္ေဆးရန္ေအာက္ထပ္သို႔ဆင္းမည္အလုပ္တြင္
အဆြဲခံလိုက္ရေသာ လက္တဖက္ေၾကာင့္ လွည့္ၾကည့္လိုက္မိသည္။
ထိုအခါသူေတြ႕လိုက္ရသည္က ခ်စ္စရာပါပီေလးသဖြယ္ သူ႕အားၾကည့္ေနေသာ လင္းသန္႔ကိုပင္။
"ဘာျဖစ္လို႔လဲ"
"ေခါင္းေႏွာက္တယ္ ကိုကို"
မ်က္ရည္က်လုနီးနီးမ်က္ဝန္းမ်ားျဖင့္ၾကည့္လာေသာေၾကာင့္ စက္လင္းလွ်ံအနည္းငယ္ျပာသြားကာ အတတ္ႏိုင္ဆုံးအသံကိုနိမ့္ကာေျပာလိုက္သည္။
"အရမ္းေႏွာက္ေနတာလား ကိုယ္ဘာလုပ္ေပးရမလဲ၊ဆရာဝန္ေခၚေပးရမလား"
ထိုအခါ အႏွီအမ်ိဳးသားငယ္က
ေခါင္းအားအတြင္တြင္ခါရင္း
သူ၏နံေဘး႐ွိ ေနရာအလႊတ္အားပုတ္ျပလာသည္။
ဘာကိုဆိုလိုသလဲ သိေနသည္မို႔
လင္းသန္႔နံေဘး၌ ဝင္ကာ
ကုတင္ေခါင္းရင္းအား ကိုယ္တျခမ္းမွီရင္း ေျခေထာက္အားဆန္႔တန္းေပးလိုက္ေတာ့ လင္းသန္႔ကခ်က္ခ်င္း
သူ၏ေပါင္ေပၚကိုေခါင္းလာခ်၏။
အနီေရာင္ေစာင္ႀကီးအားပတ္ကာ သူ၏ေပါင္ေပၚ၌ ေခါင္းေလးပဲေဖာ္ကာအိပ္ေနေသာေကာင္ေလး၏ေခါင္းအားပြတ္ေပးေနရင္း ျပဳံးမိသည္။
ဒီလိုမ်ိဳးအေျခအေနမ်ိဳးက အရင္ကတည္းကပင္။ လင္းသန္႔က ခဏခဏဖ်ားတတ္သည့္ကေလးျဖစ္သည့္အျပင္ဖ်ားသည့္အခါတိုင္းလည္း စက္အားအရမ္းခြၽဲသည္မို႔ လင္းသန္႔၏အက်င့္မ်ားအား စက္အကုန္သိေနၿပီပင္။
"ကိုစက္"
"အြန္း"
"ကြၽန္ေတာ္ေလ ညတိုင္းငိုေနခဲ့တာဗ်"
"ကိုယ္ေတာင္းပန္ပါတယ္"
"ကိုစက္ ကြၽန္ေတာ္႕ကိုျပန္ခ်စ္လိမ့္မယ္လို႔မထင္ထားခဲ့ဘူးသိလား...."
"မင္းထင္လို႔ရပါတယ္"
"အရင္ကထင္ခဲ့ေပမဲ့
ကြၽန္ေတာ္တို႔လမ္းခြဲတဲ့အခ်ိန္မွာ အဲ့တာကမျဖစ္ႏိုင္ဘူးဆိုတာသိလိုက္ရတယ္ေလ....ကိုစက္က ကြၽန္ေတာ္႕ကိုျပန္လိုက္မေခၚတဲ့အျပင္ ကြၽန္ေတာ္႕ကိုဂ႐ုမစိုက္ဘူးမလား...ၿပီးေတာ့ ကြၽန္ေတာ္႕ကိုမျမင္ခ်င္ဘူးလို႔လည္း ေျပာေသးတယ္"
ေပါင္ေပၚ၌အိပ္ရင္း စကားမ်ားအားတရစပ္ေျပာလာေသာ ဒီကေလးဟာ
တကယ့္ကိုမ်ားစြာနာက်င္ခဲ့ရသည္တဲ့။
ဒါဟာလည္းသူ႕ေၾကာင့္ မသိတာေတာ့မဟုတ္ေပမဲ့လည္း ေနာင္တကေတာ့မ်ားစြာပင္ရမိပါ၏။
"ကိုယ္ ကိုယ့္ခံစားခ်က္ကိုသတိမထားခဲ့မိလို႔ပါ....မင္းကိုဂ႐ုစိုက္ခဲ့သလို
မင္းကိုျပန္လာမေခၚတာကလည္းမင္းျပန္ေခၚခဲ့မယ္လို႔ထင္ခဲ့မိလို႔"
"အခ်ိန္တိုင္း ကြၽန္ေတာ္႕ဘက္ကျပန္ေခၚမွရမွာလားဟင္ ကိုစက္"
ထိုစကားက စက္လင္းလွ်ံ၏ႏွလုံးသားအားမ်ားစြာလႈပ္ခပ္ေစခဲ့သည္။
ဟုတ္သည္ပဲ အႀကိမ္တိုင္းအႀကိမ္တိုင္းလင္းသန္႔ကသာ အၿမဲစတင္ေတာင္းပန္တဲ့သူျဖစ္ခဲ့တာ။
"ေနာက္တစ္ခါမျဖစ္ေစရဘူး ေကာင္ေလး၊အႀကိမ္တိုင္းမင္းဘက္ကစေခၚစရာမလိုသလို ကိုယ္ကမင္းေ႐ွ႕ကိုအရင္ေရာက္လာၿပီးအရင္ေတာင္းပန္တဲ့သူျဖစ္ေစရပါ့မယ္"
"တကယ္လားဟင္"
"သက္ေသျပေပးမွာမို႔ မင္းကယုံေပး"
"ဒါဆို ကိုစက္ကြၽန္ေတာ္႕ကိုသဝန္တိုဖူးလားဟင္"
"အင္း...အမ်ားႀကီးတိုဖူးတယ္"
"ေျပာျပနားေထာင္ခ်င္တယ္"
"ဟုတ္ၿပီ....
မင္းမာမီက မင္းကိုဖုန္းဆက္ၿပီး Blind dateသြားေတြ႕ဖို႔ဆူတုန္းက ကိုယ္အမ်ားႀကီးစိတ္ဆိုးခဲ့တာ...မင္းမွာကိုယ္႐ွိတယ္မဟုတ္လား Blind dateကဘာသုံးစားရမွာလဲ။ဒါေပမဲ့
မင္းကမင္းမာမီစကားကိုျငင္းလိုက္ေတာ့ကိုယ္တကယ္အမ်ားႀကီးေပ်ာ္သြားတာ။
မင္း ၿဖိဳးသန္႔ေမြးေန႔သြားတုန္းကမင္းအေကာင့္ကိုေကာင္မေလးတစ္ခုက ဝိုင္းေတာင္းတုန္းကေရာ...
မင္းကို ဟိုBoy modelတစ္ေယာက္ကလာၿပီးဖားတုန္းကေရာ..
မင္းဟိုCeoအမတစ္ေယာက္နဲ႔တြဲတုန္းကေရာ"
"အဲ့ေလာက္မ်ားလား"
"အဲ့ထက္မ်ားတယ္"
"ကိုစက္က ကြၽန္ေတာ္႕ကိုအေႏွာင့္အယွက္လို႔ေျပာတယ္"
"ကိုယ္မွားခဲ့တာ မင္းက ကိုယ့္အတြက္အၾကည္ဓာတ္ကေလး"
ဤကဲ့သို႔ေျပာရင္း ေပါင္ေပၚ႐ွိေကာင္ေလးငယ္အား ငုံ႔နမ္းလိုက္ေတာ့
႐ုတ္တရက္ ဝုန္းကနဲထကာသူ႕အေပၚတက္အုပ္လိုက္ေသာ လင္းသန္႔ေၾကာင့္ စက္မွာ
ေၾကာင္အအ။
အုပ္မိုးကာျဖင့္ အေပၚစီးကေနသူ႕ကိုရီေဝစြာၾကည့္ေနသာ လင္းသန္႔ထံမွအပူေငြ႕တို႔ကတရိပ္ရိပ္။
မဟုတ္မွ.....။
"လင္းသန္...အခုမရဘူး"
"ဘာလို႔လဲ ရပါတယ္"
ထိုကဲ့သို႔ေျပာရင္း သူ၏လည္ပင္းထက္သို႔ သြားႏွင့္တတိတိလာကိုက္ေနေသာေခြးေပါက္ေၾကာင့္ စက္လင္းလွ်ံေခါင္းခဲသြားရသည္။
"မင္းဖ်ားေနတယ္ေလကြာ"
"တစ္ေခါက္ပဲေလ"
"မရဘူး"
"ရတယ္ဆိုေန"
"ဒါဆိုလည္းရတယ္ ဒါေပမဲ့မင္းအခုလုပ္ခ်င္တယ္ဆိုရင္ ကိုယ္ မင္းကို Topမယ္ မဟုတ္ရင္မလုပ္ဘူး
မင္းေ႐ြးလိုက္၊ ေနာက္မွလားဒါမွမဟုတ္ အtopခံမလား"
ထိုစကားကိုၾကားလိုက္သည့္အခါတြင္ေတာ့ လင္းသန္႔တစ္ေယာက္ၾကက္ေသ ေသသြားကာ ခ်က္ခ်င္းသူ႕ကိုယ္ေပၚမွဆင္းကာ ေစာင္အားျခဳံ၍တဖက္သို႔လွည့္သြားေလေတာ့သည္။
"ကိုစက္ လူဆိုး"ဟူ၍လည္း ခပ္တိုးတိုးေျပာသြားေသးသည္ေလ။
ဘယ္လိုအေျခအေနျဖစ္ေနပါေစ
ဒီေတာင္းဆိုခ်က္ကိုေတာ့ လင္းသန္႔ကဘယ္တုန္းကမွျဖည့္ဆည္မေပးခဲ့ေခ်။
မိုးေပၚကၾကယ္ကိုပဲဆြတ္ခူးေပးရင္ေပးလိုက္မယ္ Topတာေတာ့မခံႏိုင္ဘူးဆိုသည့္ ေကာင္မ်ိဳး။
"စိတ္ဆိုးသြားတာလား"
"......."
"ဟိတ္ ေကာင္ေလး"
"လာမေခၚနဲ႔ ကိုစက္ကိုစိတ္ေကာက္တယ္"
စက္လင္းလွ်ံ လင္းသန္႔၏မ်က္ႏွာၾကည့္ရန္လုပ္ေတာ့ ခ်က္ခ်င္းေစာင္ထဲသို႔ဝင္ပစ္ကာ ဆံပင္ေမြးတမွ်င္ပင္အျပင္ထြက္မေနေခ်။
စက္လင္းလွ်ံ အသဲယားစြာျဖင့္ယင္းေစာင္ပုံ
ထဲ႐ွိလင္းသန္႔အား ေစာင္၏အေပၚမွဖက္လိုက္ရင္း လက္ႏွင့္ေစာင္ပုံႀကီးအားပုတ္လိုက္သည္။
"စိတ္မဆိုးပါနဲ႔ ကေလးေလးရာ
ကိုယ္ကမင္းကိုစိတ္ပူလို႔ပါ
ဖ်ားေနတဲ့အခ်ိန္ကိုယ္ခံအားနည္းတယ္ေလ၊ပိုဖ်ားသြားမွာေပါ့။လိမၼာပါတယ္"
"မသိဘူး ဘာမွလာမေျပာနဲ႔ ကိုစက္ကိုစကားမေျပာဘူး"
"အဲ့လိုေတာ့မလုပ္လိုက္ပါနဲ႔ဗ်ာ ကိုယ့္မွာဒီကေလးေလး႐ွိတာ မင္းက ကိုယ့္ကိုမေခၚရင္ ကိုယ္ကဘယ္သူ႕သြားေခၚရမတုန္း"
"မသိဘူး ဘာမွမသိဘူး...."
"ဒီလိုလုပ္ေလ...မင္းအဖ်ားေပ်ာက္ရင္
မင္းႀကိဳက္တဲ့
ဆႏၵကိုလိုက္ေလ်ာေပးမယ္"
ဤသို႔ေျပာလိုက္မွ ေခါင္းေလးကဝွီးကနဲေစာင္ထဲကေနထြက္လာ၏။
"ကတိတည္မွာလား"
"အင္း"
"ဟုတ္ၿပီ ကိုစက္စကားနဲ႔ကိုစက္ေနာ္"
"ကိုယ့္စကားနဲ႔ကိုယ္ပါကြာ"
စက္လင္းလွ်ံရယ္လ်က္သား ေျပာလိုက္ေတာ့ လင္းသန္႔ကလိုက္ရယ္သည္။
ထို႔ေနာက္ သူ႕ကိုပါ ေစာင္ပုံထဲဆြဲသြင္းလိုက္ရင္း ေစာင္ထဲ၌လက္ေကာေျခကိုေကာကာခ်ဳပ္ကာဖက္ထားေသး၏။
"ဘာလုပ္တာတုန္း"
"ခ်စ္တယ္"
"ကိုယ္လည္းမင္းကိုအမ်ားႀကီးခ်စ္ပါတယ္"
ေသခ်ာေပါက္ ဒီေကာင္ေလးနဲ႔သာဆိုရင္သူ႕ရဲ႕ဘဝႀကီးကေန႔စဥ္ေန႔တိုင္းလွပေနေတာ့မွာအေသအခ်ာ။
ဒီေကာင္ေလးတခ်က္ရယ္တိုင္း
စက္လင္းလွ်ံ၏ကမ႓ာမွာ ပန္းေပါင္းစုံတို႔ပြင့္ရပါသတဲ့။
******
Alexander AN(Ah Nyo)
May.18.2023
ေနာက္အပိုင္းေလးေလးငယ္တို႔လာမယ္ေနာ္။
******