Unicode
အပိုင်း (၁၀၁) သူမက တကယ်ပဲ တတိယသခင်မလေးလား (၂)
“အဖွား အဖွား သမီးကိုတောင် မမှတ်မိဘူးလား၊ ရက်နည်းနည်းပဲရှိသေးတာလေ၊ သမီးရဲ့အဖွားက ယောင်ယောင့်ကို တကယ်မချစ်ပါဘူး၊ ချက်ချင်းဆိုသလို မေ့သွားပြီ”
ယဲ့ကျန်းက နာကျင်ဟန်ဆောင်သည်။
သူမ၏အရှေ့တွင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ထိုကောင်မလေးက အစိမ်းရောင်မြက်သဏ္ဍာန် အောက်ပိုင်းစကတ်လေးကို တွဲ၍ဝတ်ဆင်ထားသည်။ ယင်းက ပန်းများ ကြဲထားသည်နှင့်ပင် တူနေသေး၏။
သူမ၏အပြစ်ကင်းစင်ဟန်နှင့် လှပသောရုပ်သွင်ကို ပေါင်းစပ်လိုက်သော် သူမ၏ပုံပန်းသွင်ပြင်က ပို၍ပင် ကြည့်ကောင်း ကြော့ရှင်းသွားလေသည်။
သခင်မကြီးလုပင် မင်သက်သွားခြင်း မဟုတ်လေဘဲ ညီအစ်မများဖြစ်သော လုကျင်းနှင့်လုဖန်းတို့ကဲ့သို့ အနီးအနားတွင် ထိုင်နေသူများပင် သည်အလွန်လှပသော သခင်မလေးက လုယောင်ယောင်ဟု မယုံကြည်နိုင်ကြတော့ပေ။
လုယောင်ယောင်က ကျွင်းကျစ်သို့ မထွက်သွားခင်ကတည်းက ဖြူဖျော့လာပြီး လှပနေသည့်တိုင်အောင် လူများကို မင်သက်စေရန် မလုံလောက်သေးပေ။ သူမ၏နဂိုမဲပြီး ပိန်ပါးသောပုံပန်းသွင်ပြင်ထက် အနည်းငယ်ကောင်းလာရုံမျှသာရှိနေသေးသည်။
ဒါပေမဲ့ ဒီအခန်းထဲက ကောင်မလေးက ဘာလို့ သူတို့ထက်တောင် ပိုကြည့်ကောင်းနေတာလဲ။
မဟုတ်သေးဘူး။
ထိုညီအစ်မများ စိုးရိမ်သွားသည်မှာ မြို့တော်တွင် လုယောင်ယောင်ထက် ပိုပြီး မင်သက်ဖွယ်ကောင်းသူ မရှိတော့ဟူ၍ ခံစားမိလိုက်တာ ဖြစ်သည်။
သခင်မကြီးလုက ခပ်မြန်မြန် အသိပြန်ဝင်လာပြီးနောက် ယဲ့ကျန်းကို ပြုံးကာ ပြောလိုက်သည်။
“ငါ့ရဲ့ယောင်ယောင်လေးက ဘယ်လိုများ ဒီအဖွားတောင် မမှတ်မိနိုင်လောက်အောင် ကြည့်ကောင်းချောမောလာတာလဲ”
ယဲ့ကျန်းက ပါးစပ်ကို အုပ်လျက် ပြုံးကာပြောသည်။
“ယောင်ယောင်က အဖွား ယောင်ယောင့်ကို မမှတ်မိတော့မှန်းသိသားပဲ၊ သမီး အရင်စာအုပ်ထဲမှာ ဖတ်ဖူးထားတဲ့အတိုင်း ရေပူစမ်းထဲမှာစိမ်ပြီး အသားအရေအတွက် ကောင်းအောင် ကြိုးစားခဲ့တယ်လေ၊ သမီးက အမြဲတမ်းလိုလို စာအုပ်ထဲမှာပါတဲ့ အညွှန်းအတိုင်း ဖော်စပ်ထားတဲ့ မျက်နှာလိမ်းအဆီကိုလည်း မျက်နှာကို သေချာလိမ်းခဲ့သေးတယ်၊ ဒါကြောင့် သမီး ဒီလောက်အထိ ကြည့်ကောင်းလာတာပေါ့၊ သမီး အဖွားအတွက် နှစ်ပုလင်းယူလာခဲ့တယ်”
အမျိုးသမီးများက အလှတရားကို နှစ်သက်သည်။ မည်သည့်အသက်အရွယ်တွင် မဆို အတူတူသာလျှင်ဖြစ်၏။
ယဲ့ကျန်းက သိုင့်မေ့ကို သူမ ပြင်ဆင်ထားသော ထိုအလှဆီများကို ယူလာရန် ပြောလိုက်သည်။
“ဒီကလေးမကတော့လေ ရေပူစမ်းမှာစိမ်ပြီး အလှဆီကို လိမ်းလိုက်ရုံနဲ့ ဒီလောက်ဖြူဖျော့ပြီး လှပသွားရောလား”
သခင်မကြီးလုက မေးသည်။
လုကျင်းက စိတ်အချဉ်ပေါက်စွာ ပြော၏။
“ဘယ်လိုအလှဆီက ဒီလောက်မှော်ဆန်နေမှာလဲ”
“အဖွား ယောင်ယောင်က ဒီအလှဆီတွေကို သေချာလေ့လာထားတာ”
လုရှန်းကျစ်က ဂုဏ်ယူစွာဝင်ပြောသည်။
လုလင်ကျစ်ကလည်း သူမကို အပြုံးနှင့်ကြည့်နေ၏။ သူက ယဲ့ကျန်း၏ပြောင်းလဲမှုများကို ကိုယ်တိုင်မြင်တွေ့ခဲ့ပြီး ကျင့်သားရနေခဲ့ချေပြီ။ သို့တိုင်အောင် အခြားသူများအံ့ဩမှုကို သူ နားလည်နေနိုင်သေး၏။
သခင်မကြီးလုက ရယ်သည်။
“ယောင်ယောင်က ပင်ကိုယ်အလှလေးလို့ ပြောရတော့မှာပဲ၊ အရင်ကဆိုရင် နယ်မြို့က တက်လာပြီး ကောင်းကောင်း ဝတ်စားတတ်တာတောင် မဟုတ်ဘူး၊ အခု ကိုယ့်ကိုယ်ကို ဘယ်လိုလှအောင် နေရမလဲဆိုတာကို သိသွားပြီ”
သခင်မကြီး၏မျက်ဝန်းများက တောက်ပနေကာ ဂုဏ်ယူမှုများက အထင်းသား ထွက်ပေါ်နေတော့၏။
ဒါက အမှန်တရားဖြစ်သည်။ လုယောင်ယောင်က သဘာဝအတိုင်း လှပသူဖြစ်၏။ သူမ၏လင်းချွမ် မရှိလျှင်ပင် သူမ၏ပုံပန်းသွင်ပြင်ကို သူမ ကောင်းမွန်စွာ ဂရုစိုက်နိုင်သေးသည်။
ယဲ့ကျန်းက သခင်မကြီးလု၏ လက်မောင်းကို ဖက်လျက်ပြောသည်။
“သမီးရဲ့အဖွားက သမီးက လှတယ်လို့မြင်တော့ အမြင်ကောင်းရှိတယ်လို့ ပြောရမယ်”
ထိုစကားကိုကြားသောအခါ သခင်မကြီးက ရယ်တော့သည်။
“မင်းက တကယ့်ယောင်ယောင်ပဲ၊ တကယ်ကို အရှက်မရှိတဲ့ကလေးမလေး”
သူမက ယဲ့ကျန်း၏နဖူးကို ချစ်မြတ်နိုးစွာ တစ်ချက်တို့သည်။
အနားတွင် ထိုင်နေသော လုကျင်းက လက်ထဲတွင်ရှိသော လက်ကိုင်ပုဝါကိုသာ ဖိခြေဆုပ်နေတော့၏။ သူမ၏ရင်ထဲတွင် မနာလိုမှုက မြင့်တက်လာကာ ယဲ့ကျန်းကိုသာ စိုက်ကြည့်နေတော့သည်။
သူမထက်ယဲ့ကျန်း ပိုလှလာသည့်အတွက် မနာလိုဖြစ်ရုံသာမကလေဘဲ ချန်းညီအစ်မများ၏ အပြုံးများကိုလည်း မြင်လိုက်ရ၍ဖြစ်သည်။ တစ်လျှောက်လုံး သူတို့က ယဲ့ကျန်းထက်သာသည်ဟု ခံစားမိကြပြီးမှ ယခုအခါ သူတို့ စတင်စိုးရိမ်လာဟန်ရသည်။
Zawgyi
အပိုင္း (၁၀၁) သူမက တကယ္ပဲ တတိယသခင္မေလးလား (၂)
“အဖြား အဖြား သမီးကိုေတာင္ မမွတ္မိဘူးလား၊ ရက္နည္းနည္းပဲရွိေသးတာေလ၊ သမီးရဲ႕အဖြားက ေယာင္ေယာင့္ကို တကယ္မခ်စ္ပါဘူး၊ ခ်က္ခ်င္းဆိုသလို ေမ့သြားၿပီ”
ယဲ့က်န္းက နာက်င္ဟန္ေဆာင္သည္။
သူမ၏အေရွ႕တြင္ အစိမ္းေရာင္ဝတ္စုံကို ဝတ္ဆင္ထားေသာ ထိုေကာင္မေလးက အစိမ္းေရာင္ျမက္သ႑ာန္ ေအာက္ပိုင္းစကတ္ေလးကို တြဲ၍ဝတ္ဆင္ထားသည္။ ယင္းက ပန္းမ်ား ႀကဲထားသည္ႏွင့္ပင္ တူေနေသး၏။
သူမ၏အျပစ္ကင္းစင္ဟန္ႏွင့္ လွပေသာ႐ုပ္သြင္ကို ေပါင္းစပ္လိုက္ေသာ္ သူမ၏ပုံပန္းသြင္ျပင္က ပို၍ပင္ ၾကည့္ေကာင္း ေၾကာ့ရွင္းသြားေလသည္။
သခင္မႀကီးလုပင္ မင္သက္သြားျခင္း မဟုတ္ေလဘဲ ညီအစ္မမ်ားျဖစ္ေသာ လုက်င္းႏွင့္လုဖန္းတို႔ကဲ့သို႔ အနီးအနားတြင္ ထိုင္ေနသူမ်ားပင္ သည္အလြန္လွပေသာ သခင္မေလးက လုေယာင္ေယာင္ဟု မယုံၾကည္နိုင္ၾကေတာ့ေပ။
လုေယာင္ေယာင္က ကြၽင္းက်စ္သို႔ မထြက္သြားခင္ကတည္းက ျဖဴေဖ်ာ့လာၿပီး လွပေနသည့္တိုင္ေအာင္ လူမ်ားကို မင္သက္ေစရန္ မလုံေလာက္ေသးေပ။ သူမ၏နဂိုမဲၿပီး ပိန္ပါးေသာပုံပန္းသြင္ျပင္ထက္ အနည္းငယ္ေကာင္းလာ႐ုံမွ်သာရွိေနေသးသည္။
ဒါေပမဲ့ ဒီအခန္းထဲက ေကာင္မေလးက ဘာလို႔ သူတို႔ထက္ေတာင္ ပိုၾကည့္ေကာင္းေနတာလဲ။
မဟုတ္ေသးဘူး။
ထိုညီအစ္မမ်ား စိုးရိမ္သြားသည္မွာ ၿမိဳ႕ေတာ္တြင္ လုေယာင္ေယာင္ထက္ ပိုၿပီး မင္သက္ဖြယ္ေကာင္းသူ မရွိေတာ့ဟူ၍ ခံစားမိလိုက္တာ ျဖစ္သည္။
သခင္မႀကီးလုက ခပ္ျမန္ျမန္ အသိျပန္ဝင္လာၿပီးေနာက္ ယဲ့က်န္းကို ၿပဳံးကာ ေျပာလိုက္သည္။
“ငါ့ရဲ႕ေယာင္ေယာင္ေလးက ဘယ္လိုမ်ား ဒီအဖြားေတာင္ မမွတ္မိနိုင္ေလာက္ေအာင္ ၾကည့္ေကာင္းေခ်ာေမာလာတာလဲ”
ယဲ့က်န္းက ပါးစပ္ကို အုပ္လ်က္ ၿပဳံးကာေျပာသည္။
“ေယာင္ေယာင္က အဖြား ေယာင္ေယာင့္ကို မမွတ္မိေတာ့မွန္းသိသားပဲ၊ သမီး အရင္စာအုပ္ထဲမွာ ဖတ္ဖူးထားတဲ့အတိုင္း ေရပူစမ္းထဲမွာစိမ္ၿပီး အသားအေရအတြက္ ေကာင္းေအာင္ ႀကိဳးစားခဲ့တယ္ေလ၊ သမီးက အၿမဲတမ္းလိုလို စာအုပ္ထဲမွာပါတဲ့ အၫႊန္းအတိုင္း ေဖာ္စပ္ထားတဲ့ မ်က္ႏွာလိမ္းအဆီကိုလည္း မ်က္ႏွာကို ေသခ်ာလိမ္းခဲ့ေသးတယ္၊ ဒါေၾကာင့္ သမီး ဒီေလာက္အထိ ၾကည့္ေကာင္းလာတာေပါ့၊ သမီး အဖြားအတြက္ ႏွစ္ပုလင္းယူလာခဲ့တယ္”
အမ်ိဳးသမီးမ်ားက အလွတရားကို ႏွစ္သက္သည္။ မည္သည့္အသက္အ႐ြယ္တြင္ မဆို အတူတူသာလွ်င္ျဖစ္၏။
ယဲ့က်န္းက သိုင့္ေမ့ကို သူမ ျပင္ဆင္ထားေသာ ထိုအလွဆီမ်ားကို ယူလာရန္ ေျပာလိုက္သည္။
“ဒီကေလးမကေတာ့ေလ ေရပူစမ္းမွာစိမ္ၿပီး အလွဆီကို လိမ္းလိုက္႐ုံနဲ႕ ဒီေလာက္ျဖဴေဖ်ာ့ၿပီး လွပသြားေရာလား”
သခင္မႀကီးလုက ေမးသည္။
လုက်င္းက စိတ္အခ်ဥ္ေပါက္စြာ ေျပာ၏။
“ဘယ္လိုအလွဆီက ဒီေလာက္ေမွာ္ဆန္ေနမွာလဲ”
“အဖြား ေယာင္ေယာင္က ဒီအလွဆီေတြကို ေသခ်ာေလ့လာထားတာ”
လုရွန္းက်စ္က ဂုဏ္ယူစြာဝင္ေျပာသည္။
လုလင္က်စ္ကလည္း သူမကို အၿပဳံးႏွင့္ၾကည့္ေန၏။ သူက ယဲ့က်န္း၏ေျပာင္းလဲမႈမ်ားကို ကိုယ္တိုင္ျမင္ေတြ႕ခဲ့ၿပီး က်င့္သားရေနခဲ့ေခ်ၿပီ။ သို႔တိုင္ေအာင္ အျခားသူမ်ားအံ့ဩမႈကို သူ နားလည္ေနနိုင္ေသး၏။
သခင္မႀကီးလုက ရယ္သည္။
“ေယာင္ေယာင္က ပင္ကိုယ္အလွေလးလို႔ ေျပာရေတာ့မွာပဲ၊ အရင္ကဆိုရင္ နယ္ၿမိဳ႕က တက္လာၿပီး ေကာင္းေကာင္း ဝတ္စားတတ္တာေတာင္ မဟုတ္ဘူး၊ အခု ကိုယ့္ကိုယ္ကို ဘယ္လိုလွေအာင္ ေနရမလဲဆိုတာကို သိသြားၿပီ”
သခင္မႀကီး၏မ်က္ဝန္းမ်ားက ေတာက္ပေနကာ ဂုဏ္ယူမႈမ်ားက အထင္းသား ထြက္ေပၚေနေတာ့၏။
ဒါက အမွန္တရားျဖစ္သည္။ လုေယာင္ေယာင္က သဘာဝအတိုင္း လွပသူျဖစ္၏။ သူမ၏လင္းခြၽမ္ မရွိလွ်င္ပင္ သူမ၏ပုံပန္းသြင္ျပင္ကို သူမ ေကာင္းမြန္စြာ ဂ႐ုစိုက္နိုင္ေသးသည္။
ယဲ့က်န္းက သခင္မႀကီးလု၏ လက္ေမာင္းကို ဖက္လ်က္ေျပာသည္။
“သမီးရဲ႕အဖြားက သမီးက လွတယ္လို႔ျမင္ေတာ့ အျမင္ေကာင္းရွိတယ္လို႔ ေျပာရမယ္”
ထိုစကားကိုၾကားေသာအခါ သခင္မႀကီးက ရယ္ေတာ့သည္။
“မင္းက တကယ့္ေယာင္ေယာင္ပဲ၊ တကယ္ကို အရွက္မရွိတဲ့ကေလးမေလး”
သူမက ယဲ့က်န္း၏နဖူးကို ခ်စ္ျမတ္နိုးစြာ တစ္ခ်က္တို႔သည္။
အနားတြင္ ထိုင္ေနေသာ လုက်င္းက လက္ထဲတြင္ရွိေသာ လက္ကိုင္ပုဝါကိုသာ ဖိေျခဆုပ္ေနေတာ့၏။ သူမ၏ရင္ထဲတြင္ မနာလိုမႈက ျမင့္တက္လာကာ ယဲ့က်န္းကိုသာ စိုက္ၾကည့္ေနေတာ့သည္။
သူမထက္ယဲ့က်န္း ပိုလွလာသည့္အတြက္ မနာလိုျဖစ္႐ုံသာမကေလဘဲ ခ်န္းညီအစ္မမ်ား၏ အၿပဳံးမ်ားကိုလည္း ျမင္လိုက္ရ၍ျဖစ္သည္။ တစ္ေလွ်ာက္လုံး သူတို႔က ယဲ့က်န္းထက္သာသည္ဟု ခံစားမိၾကၿပီးမွ ယခုအခါ သူတို႔ စတင္စိုးရိမ္လာဟန္ရသည္။