Second life ( အချို့သောချစ်ခြ...

By moetharchel

120K 9.5K 1.4K

Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။ More

Intro
EP - 1
EP - 2
EP - 3
EP - 4
EP - 5
EP - 6
EP - 7
EP - 8
EP - 9
EP - 11
EP - 12
EP - 13
EP - 14
EP - 15
EP - 16
EP - 17
EP - 18
EP - 19
EP - 20
EP - 21
Attention please!!
EP - 22
EP - 23
EP - 24
EP - 25
EP - 26
EP - 27
EP - 28
EP - 29
EP - 30
EP - 31
EP - 32
EP - 33
Sorry for update
EP - 34
EP - 35
EP - 36
EP - 37
EP - 38
EP - 39
EP - 40
EP - 41
EP - 42
EP - 43
EP - 44
EP - 45
EP - 46
EP - 47
EP - 48
hello
EP - 49

EP- 10

2.2K 195 42
By moetharchel


Unicode


သဝဏ်နိုးလာတော့တစ်အိမ်လုံးကတိတ်ဆိတ်ကာအပ်ကျသံပင်မကြားရတော့။ မှတ်မိသလောက်ဆိုရင်အစ်ကို့ကိုဖက်ထားပြီးငိုနေမိရင်းလူကခဏလေးအိပ်ပျော်သွားရုံလေးပါပဲဒါပေမယ့်ဘာဖြစ်လို့အများကြီးပြောင်းလဲသွားသလိုမျိုးခံစားမိနေရတာပါလိမ့်။

အချိန်ကိုကြည့်လိုက်တော့လည်းဘယ်လောက်မှမရှိသေးတာကြောင့်တိတ်ဆိတ်မှုတွေကြားစိုးရိမ်စိတ်ကထောင်းခနဲ။ တကယ်ဆိုရင်ဒီအချိန်ကဒီလိုမျိုးတိတ်ဆိတ်နေရမှာမှမဟုတ်ဘဲလေ။  သားရဲ့စကားသံတီတီတာတာလေးတွေရယ် ၊ အစ်ကို့အသံချိုချိုလေးတွေရယ်နဲ့အိမ်မှာဆူညံနေရမယ့်အချိန်မဟုတ်လား။
အခုကဘယ်လိုဖြစ်ပြီး……။

ကျွန်တော့်အခြေအနေအရအော်ခေါ်ဖို့ကလည်းမဖြစ်နိုင်တဲ့လူတစ်ယောက်မို့အတွေးတွေကိုရပ်ကာအစ်ကိုနဲ့သားကိုတစ်အိမ်လုံးနှံ့အောင်လိုက်ရှာမိပေမယ့်လို့ဘယ်သူမှမတွေ့မိတာကြောင့်အယောင်ယောင်အမှားမှားနှင့်အဝတ်ဗီရိုဆီဦးတည်မိသည်။
တုန်ယင်နေတဲ့လက်တွေနဲ့ဗီရိုတံခါးကိုဆွဲဖွင့်မိတော့ အစီအရီရှိနေသေးတဲ့ပစ္စည်းတွေကိုမြင်ရတော့မှလူကဟူးခနဲသက်ပြင်းချနိုင်တော့တဲ့အဖြစ်။
တော်သေးတာပေါ့……အစ်ကိုထွက်သွားပြီထင်နေတာ။

' ဘုတ် ' 

ရုတ်တရက်ခြေထောက်အနားကိုပြုတ်ကျလာတဲ့leatherအဖုံးနဲ့note bookလေးတစ်ခု။ သေသပ်နေတဲ့ဒီဇိုင်းနဲ့စာအုပ်အဖုံးပေါ်ကလက်မှတ်အရတော့သေချာပေါက်အစ်ကို့စာအုပ်ပဲဖြစ်လိမ့်မည်ထင်။
ပြုတ်ကျသွားတဲ့စာအုပ်ကိုယူပြီးပြန်ထားဖို့ကောက်ယူလိုက်မိတော့ တစ်ဆက်တည်းတွေ့လိုက်ရတဲ့ဓါတ်ပုံတစ်ပုံ။
ဓါတ်ပုံထဲမှာသွားစွယ်လေးတွေပေါ်သည်အထိပြုံးရယ်နေတဲ့အစ်ကိုရယ်။ ပြီးတော့အစ်ကို့ဘေးမှာရပ်နေတဲ့သူက ကျွန်တော်နဲ့တစ်ပုံစံတည်းတူတဲ့သူ။ မျက်နှာရောခန္ဓာကိုယ်အချိုးအစားပါခွဲမရအောင်တူနေပေမယ့် ဓါတ်ပုံထဲကလူကသေချာပေါက်ကျွန်တော်မဟုတ်တာတော့ကျိန်းသေသည်။
အစ်ကိုကကျွန်တော်နဲ့ဒီလိုဓါတ်ပုံအတူရိုက်ဖို့မပြောနဲ့…လမ်းတောင်အတူတွဲလျှောက်ချင်တာမှမဟုတ်တာ……။

အစကတော့ဖွင့်ဖတ်ကြည့်စိတ်ကူးမရှိပေမယ့်လို့ အခုတော့ကျွန်တော်ဒီစာအုပ်ကိုဖတ်ကြည့်မှဖြစ်တော့မယ်အစ်ကို။ ကျွန်တော်သိချင်တယ်……ကျွန်တော်နဲ့တစ်ပုံစံတည်းတူနေတဲ့အဲ့ဒီ့သူဘယ်သူလဲဆိုတာ။
အစ်ကို့အပြုံးတွေကိုပီပြင်စေတဲ့အဲ့ဒီ့သူဘယ်သူလဲဆိုတာ။

ပထမဆုံးစာရွက်ကိုလှန်လိုက်တော့သေသေသပ်သပ်ရေးထားတဲ့လက်ရေးဝိုင်းဝိုင်းလေးတွေနဲ့ရေးမှတ်ထားတာက ' ပထမဆုံးတွေ့ဆုံမှု '  တဲ့။ အဖြစ်အပျက်မှန်သမျှအသေးစိတ်မှတ်တမ်းတင်ထားပုံအရတော့ အစ်ကိုအဲ့ဒီ့နေ့ကအရမ်းကိုပျော်နေခဲ့ပုံပါပဲ။
အဟက်!……ကျွန်တော်နဲ့ပထမဆုံးတွေ့ခဲ့တဲ့တွေ့ဆုံခြင်းနဲ့ဆန့်ကျင်ဘက်ဖြစ်နေခဲ့မှာပဲနော်။

တဖြည်းဖြည်းနဲ့ဖတ်ပြီးသားဖြစ်လာတဲ့စာရွက်တွေရဲ့နောက်မှာတော့ မျက်ရည်စတစ်ချို့စွန်းထင်းနေတဲ့စာရွက်တစ်ရွက်ဆီရောက်လာသည်။ မညီမညာဖြစ်နေတဲ့လက်ရေးတွေနဲ့ခပ်တိုတိုစာကြောင်းလေးသုံးကြောင်းကဘယ်ဘက်ရင်အုံထဲကိုဓါးသုံးလက်ဖြည်းဖြည်းချင်းထိုးသွင်းခံနေရသလိုပဲ။

' မြတ်သဝဏ်ကမင်းနဲ့သိပ်တူတာပဲ ယစ်……။
အဲ့ဒီ့ဒုက္ခိတကိုမင်းနေရာမှာငါခဏအစားထိုးမိလိုက်တယ်။
အဲ့ဒီ့ကောင်ကအ,အမို့ငါ့ကိုချစ်တယ်လို့မပြောနိုင်ဘူးဆိုတော့ မင်းသဝန်မတိုလောက်ဘူးမဟုတ်လားဟင် '   တဲ့။

စာသားတွေရဲ့အဆုံးမှာတင်မခိုင်ချင်တော့သလိုဖြစ်လာတဲ့ခြေထောက်တွေကြောင့်ထိုနေရာမှာတင်ပဲထိုင်ချလိုက်မိတယ်။
ဆို့နင့်လာတဲ့ခံစားချက်ကြီးနဲ့အတူ ညာဘက်မျက်ဝန်းကမျက်ရည်တစ်စက်ကပေါက်ခနဲ။
အဟက်!……ဒုက္ခိတတဲ့…ပြီးတော့ အ,အတဲ့လား။

အစ်ကိုသိလား……လူတိုင်းကသူတို့ချစ်တဲ့သူကိုပန်းတွေနဲ့တင်စားကြတယ်တဲ့။ ဒါဆိုကျွန်တော်ရောအစ်ကို့ကိုဘယ်ပန်းနဲ့တင်စားသင့်လဲအစ်ကို။ဆူးပန်းလား ၊ အဆိပ်ပန်းလား……။
အဟား!……ကျွန်တော့်အထင်တော့အစ်ကိုကနှစ်မျိုးလုံးတောင်ဖြစ်ရင်ဖြစ်နေနိုင်တယ်။

အစ်ကိုသိရဲ့လား……အစ်ကိုကကျွန်တော့်အချစ်တွေကိုအထင်သေးပြီးရွံရှာတယ်ဆိုရင် ကျွန်တော်ကလည်းအစ်ကို့လို့မာနခဲကိုချစ်မိဖို့စိတ်တောင်မကူးခဲ့ပါဘူး။ ဒါပေမယ့်ကျွန်တော့်နှလုံးသားကအရူးထပြီးအစ်ကိုမှအစ်ကို ၊ အစ်ကိုတစ်ယောက်တည်းကိုပဲတမ်းတမ်းစွဲချစ်မိနေခဲ့တော့ဘယ်လိုလုပ်ရတော့မလဲဗျာ။

ဟောဒီ့ဒုက္ခိတကောင်ကလေ…ဟော့ဒီဒုက္ခိတကောင်ရဲ့ဘဝမှာလေ အစ်ကို့တစ်ယောက်တည်းကိုပဲဒုက္ခခံပြီးချစ်ပေးနေခဲ့တာပါ။ အစ်ကိုဘယ်လောက်နှိမ်နှိမ် ၊ အစ်ကိုဘယ်လောက်ရိုက်ရိုက်နှက်နှက်။ စိတ်ပျက်မသွားဘဲတွယ်ကပ်နေခဲ့တာအစ်ကိုပြောတဲ့ဒီအ,အပဲမဟုတ်ဘူးလား။
အစ်ကိုထားရင်ထားခဲ့တဲ့အတိုင်းနေတယ်။
အစ်ကိုရိုက်ရင်ရိုက်တဲ့အတိုင်းငြိမ်ခံတယ်။
အစ်ကိုလိုအပ်သည်ဖြစ်စေမလိုအပ်သည်ဖြစ်စေဂရုတစိုက်ချစ်ပေးတယ်။ ကျွန်တော်ဘာများမှားသွားလို့လဲအစ်ကို။ ကျွန်တော်ဘယ်နေရာများအမှားလုပ်မိလို့ အစ်ကိုကကျွန်တော့်အပေါ်ဒီလောက်အထိရက်စက်ရတာလဲ။

လက်ထဲကဒိုင်ယာရီစာအုပ်လေးရဲ့စာမျက်နှာတစ်ခုတည်းကိုပဲထပ်တလဲလဲပြန်ဖတ်နေမိသည်။ ဘယ်လောက်ဖတ်ဖတ်ဒီစာလေးသုံးကြောင်းကကျွန်တော့်ကိုနာကျင်စေနေတုန်းပဲအစ်ကို။
အစားထိုးတယ်ပေါ့……အဟား! ကျွန်တော်ကအစားထိုးခံအရာတစ်ခုပဲပေါ့။

ကိုယ့်ကိုကိုယ်ခပ်ရွဲ့ရွဲ့ပြုံးမိရင်းအကြည့်ရောက်သွားမိတာကစားပွဲပေါ်မှာတင်ထားတဲ့ကဒ်နှစ်ကဒ်။ ကဒ်မှာရေးထားတဲ့လိပ်စာကိုဖတ်ကြည့်ရင်းဝင်ရောက်လာတဲ့အတွေးကအစ်ကိုအဲ့ဒီ့မှာရှိလောက်မယ်ဆိုတာပင်။
အစ်ကိုက…ကျွန်တော့်ကိုထားခဲ့ချင်နေတာလား……။


_____________________________________________


"မြတ်သဝဏ်……မင်းဘယ်လိုလုပ်……"

စကားတောင်ဆုံးအောင်မပြောနိုင်ရှာတဲ့အစ်ကိုကကျွန်တော့်ကိုမြင်ပြီးသိပ်ကိုတုန်လှုပ်နေဟန်။ အစ်ကို့မျက်ဝန်းတွေကိုတစ်ချက်ငေးကြည့်ရင်းခပ်မဲ့မဲ့သာပြုံးပြမိတယ်။ ဘာကိုကြောက်နေတာလဲအစ်ကို……ကျွန်တော့်ကိုအစ်ကို့လူမြင်သွားမှာစိုးရိမ်နေတာလား။

"ဘာလို့လိုက်လာတာလဲ……"

အနားကိုခပ်မြန်မြန်လျှောက်လှမ်းလာရင်းလက်မောင်းကိုအတင်းဆုပ်ကိုင်ကာမေးလာတဲ့အစ်ကို။ ထုံးစံအတိုင်းအစ်ကိုထားခဲ့သလိုမနေမိလို့ထင်ပါရဲ့ ဒေါသထွက်နေတဲ့အစ်ကိုကလက်မောင်းကိုဆုပ်ကိုင်ထားရင်းလိမ်ဆွဲလာတာမို့နာတော့နာသား။
ဒါပေမယ့်အစ်ကို……အစ်ကိုပေးတဲ့ဒဏ်ရာတွေကနက်သွားလို့ ရင်ဘတ်ထဲကပိုနာနေတာဗျ သိရဲ့လား။

("ကျွန်တော်…အစ်ကို့ဆီလိုက်လာတာ……")

"မင်းလာခဲ့……"

လေသံခပ်မာမာစကားအဆုံးမှာဧည့်ခန်းထဲကနေပြီးအတင်းကိုဆွဲခေါ်ထုတ်လာတဲ့အစ်ကို။ အသက်ရှူသံတွေအရမ်းမြန်နေတဲ့အစ်ကိုက ဒေါသထွက်နေတဲ့ပုံပါပဲ။
လူတစ်ယောက်ကိုတိရစ္ဆာန်တစ်ကောင်လို့ဆွဲခေါ်လာတဲ့အစ်ကိုရဲ့ခပ်သွက်သွက်ခြေလှမ်းတွေကလူရှင်းတဲ့လှေကားအနားရောက်မှသာရပ်တန့်သွားသည်။

"ပြော……ဘာလို့လိုက်လာတာလဲ……"

ထုံးစံအတိုင်းလေသံမာမာနဲ့မေးမိတော့ မြတ်သဝဏ်ကခပ်ဖွဖွပြုံးပြလာသည်။
ဒါပေမယ့် တစ်ခုခုလွဲနေသလိုပဲ။
အရင်လိုမဟုတ်ဘူး……မြတ်သဝဏ်အခုပြုံးပြနေတဲ့အပြုံးကတစ်ခုခုကိုနာကျင်ပြီးတစ်ခုခုကိုမြိုသိပ်ထားရတဲ့အပြုံးမျိုး။

("အိမ်ပြန်ရအောင်လေ အစ်ကို……")

"ကျစ်!…ငါမပြန်ချင်သေးဘူး……"

("ဘာဖြစ်လို့လဲ……")

မျက်နှာလွှဲသွားတဲ့အစ်ကို့ကိုသဝဏ်ခပ်တွေတွေလေးသာငေးကြည့်နေမိတယ်။
ဘာဖြစ်လို့လဲအစ်ကို……ဒီမှာနေရတာပျော်လို့လား ဟမ်။

("အစ်ကိုမလိုက်ရင်လည်းကျွန်တော်သားကိုပြန်ခေါ်သွားမှာ……")

ပြောပြောဆိုဆိုနှင့်ယစ်ရဲ့အခန်းဘက်ကိုဦးတည်နေတဲ့မြတ်သဝဏ်ကြောင့်မှိုင်းညှို့အတင်းဆွဲကာဆောင့်တွန်းလိုက်ရသည်။

"သားကိုမင်းဘယ်မှခေါ်သွားစရာမလိုဘူး……"

("တောင်းပန်ပါတယ်……ကျွန်တော့်မှာတကယ်ကိုပဲအစ်ကိုနဲ့သားပဲရှိတာမို့လို့ပါ…ကျွန်တော်ရှိခိုးပြီးတောင်းပန်ပါတယ်အစ်ကိုရယ်……ကျွန်တော်နဲ့ပဲနေပါနော် ဘယ်မှမသွားပါနဲ့နော်……")

ရုတ်တရက်မျက်ရည်တွေစီးကျကာလက်အုပ်ချီပြီးတောင်းပန်လာတဲ့မြတ်သဏြ်ကြောင့်မှိုင်းညှို့ကြောင်အနေမိသည်။
မြတ်သဝဏ်က…အကုန်သိသွားတာများလား။
ဒါပေမယ့် ဟင့်အင်း……တောင်းပန်ပါတယ်မြတ်သဝဏ် မင်းကိုသနားမိပေမယ့် ငါယစ်နဲ့မခွဲနိုင်ဘူး။

"မင်းပြန်တော့…ငါနဲ့သား နောက်မှပြန်လိုက်လာခဲ့မယ်……"

မျက်မှောင်ကျုတ်ကာစိုက်ကြည့်လာတဲ့မြတ်သဝဏ်ရဲ့အကြည့်တွေကမှိုင်းညှို့ကိုယုံကြည်ပုံမရ။ ခေါင်းတွင်တွင်ခါကာမှိုင်းညှို့လက်ကိုလက်နှစ်ဖက်နဲ့ခပ်ဖွဖွဆုပ်ကိုင်လာတာကြောင့်

"ဖယ်……"

တုန်တုန်ယင်ယင်နဲ့ခေါင်းခါပြလာတဲ့ကောင်လေးကတစ်စုံတစ်ခုကိုသေမတတ်စိုးရိမ်နေဟန်။

"ငါမင်းကိုဖယ်လို့ပြောနေတယ်လေ!……"

' ဒုန်း! '

တစ်ပြိုင်နက်ထွက်ပေါ်လာတဲ့အသံကျယ်ကျယ်နှစ်ခုကြားမှိုင်းညှို့ကြောင်အနေမိသည်။
လှေကားအဆုံးသွေးအိုင်ထဲမှာလဲကျနေတဲ့မြတ်သဝဏ်ရဲ့ပုံစံကတကယ့်ကိုသွေးပျက်ဖွယ်။
ဟင့်အင်း…မဟုတ်ဘူး……။
မှိုင်းညှို့မြတ်သဝဏ်ကိုတမင်လုပ်တာမဟုတ်ရပါဘူး။ ဒီအတိုင်း…ဒီအတိုင်းသူ့လက်ကိုဆောင့်ရုန်းလိုက်မိရင်းအားများသွားရုံလေးပါပဲ။
ဟင့်အင်း……မြတ်သဝဏ်ကိုသတ်တာမဟုတ်ဘူးလို့။

"မှိုင်း…ကိုယ်ခေါ်နေတယ်လေ……"

ပခုံးကိုလှုပ်ကိုင်ကာခေါ်လိုက်မှသာသတိပြန်ကပ်သလိုဖြစ်လာတဲ့မှိုင်း။ တုန်လှုပ်နေပုံရတဲ့ချစ်ရသူလေးကိုရင်ခွင်ထဲထည့်ဖက်ထားပေးမိတယ်။ တကယ်တော့ မှိုင်းနဲ့ဟိုအ,အကောင်စကားစပြောကတည်းကရောက်နေခဲ့တာ။ မှိုင်းနဲ့အဲ့ကောင်ဘာတွေပြောသလဲတော့နားမလည်ပေမယ့်မှိုင်းကအဲ့ကောင်ကိုတွန်းချသလိုဖြစ်သွားတာကိုတော့မြင်မိလိုက်သည်။
ဒါလည်းကောင်းတာပါပဲ……တကူးတကသတ်ပေးစရာမလိုတော့ဘူးပေါ့။

"ဒီကိစ္စကိုယ်ကြည့်ရှင်းလိုက်မယ်…သားနဲ့သွားနေနော်……"

"ဒါ…ဒါပေမယ့် မြတ်သဝဏ်………"

"ရှူး!……ကိုယ့်ကိုယုံ ဟုတ်ပြီလား……"

ကျောပြင်လေးကိုခပ်ဖွဖွပွတ်ပေးလိုက်မှစိတ်ငြိမ်သွားပုံရတဲ့ချစ်ရသူလေး။ ကိုယ့်ကိုယုံပါမှိုင်း……ဒီကောင်လောကကြီးထဲကနေပျောက်သွားတာကိုဘယ်သူမှမသိစေရပါဘူး။

နှုတ်ဆက်ပါတယ်အ,အကောင်ရေ……။
မင်းသေသွားတာကတကယ်တော့စောသေးတယ်ကွ။
ငါကမင်းကိုဘဝပျက်ပြီးရူးသွားအောင်အထိနှိပ်စက်ချင်နေသေးတာ။
အခုတော့လည်း……အင်း မင်းကံကောင်းသွားတယ်ပေါ့။






#################################

Zawgyi


သဝဏ္နိုးလာေတာ့တစ္အိမ္လံုးကတိတ္ဆိတ္ကာအပ္က်သံပင္မၾကားရေတာ့။ မွတ္မိသေလာက္ဆိုရင္အစ္ကို႕ကိုဖက္ထားျပီးငိုေနမိရင္းလူကခဏေလးအိပ္ေပ်ာ္သြားရံုေလးပါပဲဒါေပမယ့္ဘာျဖစ္လို႕အမ်ားၾကီးေျပာင္းလဲသြားသလိုမ်ိဳးခံစားမိေနရတာပါလိမ့္။

အခ်ိန္ကိုၾကည့္လိုက္ေတာ့လည္းဘယ္ေလာက္မွမရွိေသးတာေၾကာင့္တိတ္ဆိတ္မွဳေတြၾကားစိုးရိမ္စိတ္ကေထာင္းခနဲ။ တကယ္ဆိုရင္ဒီအခ်ိန္ကဒီလိုမ်ိဳးတိတ္ဆိတ္ေနရမွာမွမဟုတ္ဘဲေလ။  သားရဲ႕စကားသံတီတီတာတာေလးေတြရယ္ ၊ အစ္ကို႕အသံခ်ိဳခ်ိဳေလးေတြရယ္နဲ႕အိမ္မွာဆူညံေနရမယ့္အခ်ိန္မဟုတ္လား။
အခုကဘယ္လိုျဖစ္ျပီး……။

ကြ်န္ေတာ့္အေျခအေနအရေအာ္ေခၚဖို႕ကလည္းမျဖစ္နိုင္တဲ႕လူတစ္ေယာက္မို႕အေတြးေတြကိုရပ္ကာအစ္ကိုနဲ႕သားကိုတစ္အိမ္လံုးႏွံ႕ေအာင္လိုက္ရွာမိေပမယ့္လို႕ဘယ္သူမွမေတြ႕မိတာေၾကာင့္အေယာင္ေယာင္အမွားမွားႏွင့္အဝတ္ဗီရိုဆီဦးတည္မိသည္။
တုန္ယင္ေနတဲ႕လက္ေတြနဲ႕ဗီရိုတံခါးကိုဆြဲဖြင့္မိေတာ့ အစီအရီရွိေနေသးတဲ႔ပစၥည္းေတြကိုျမင္ရေတာ့မွလူကဟူးခနဲသက္ျပင္းခ်နိုင္ေတာ့တဲ႕အျဖစ္။
ေတာ္ေသးတာေပါ့……အစ္ကိုထြက္သြားျပီထင္ေနတာ။

' ဘုတ္ ' 

ရုတ္တရက္ေျခေထာက္အနားကိုျပဳတ္က်လာတဲ႕leatherအဖံုးနဲ႕note bookေလးတစ္ခု။ ေသသပ္ေနတဲ႕ဒီဇိုင္းနဲ႕စာအုပ္အဖံုးေပၚကလက္မွတ္အရေတာ့ေသခ်ာေပါက္အစ္ကို႕စာအုပ္ပဲျဖစ္လိမ့္မည္ထင္။
ျပဳတ္က်သြားတဲ႕စာအုပ္ကိုယူျပီးျပန္ထားဖို႕ေကာက္ယူလိုက္မိေတာ့ တစ္ဆက္တည္းေတြ႕လိုက္ရတဲ႕ဓါတ္ပံုတစ္ပံု။
ဓါတ္ပံုထဲမွာသြားစြယ္ေလးေတြေပၚသည္အထိျပံဳးရယ္ေနတဲ႕အစ္ကိုရယ္။ ျပီးေတာ့အစ္ကို႕ေဘးမွာရပ္ေနတဲ႕သူက ကြ်န္ေတာ္နဲ႕တစ္ပံုစံတည္းတူတဲ႕သူ။ မ်က္ႏွာေရာခႏၶာကိုယ္အခ်ိဳးအစားပါခြဲမရေအာင္တူေနေပမယ့္ ဓါတ္ပံုထဲကလူကေသခ်ာေပါက္ကြ်န္ေတာ္မဟုတ္တာေတာ့က်ိန္းေသသည္။
အစ္ကိုကကြ်န္ေတာ္နဲ႕ဒီလိုဓါတ္ပံုအတူရိုက္ဖို႕မေျပာနဲ႕…လမ္းေတာင္အတူတြဲေလွ်ာက္ခ်င္တာမွမဟုတ္တာ……။

အစကေတာ့ဖြင့္ဖတ္ၾကည့္စိတ္ကူးမရွိေပမယ့္လို႕ အခုေတာ့ကြ်န္ေတာ္ဒီစာအုပ္ကိုဖတ္ၾကည့္မွျဖစ္ေတာ့မယ္အစ္ကို။ ကြ်န္ေတာ္သိခ်င္တယ္……ကြ်န္ေတာ္နဲ႕တစ္ပံုစံတည္းတူေနတဲ႕အဲ႕ဒီ႕သူဘယ္သူလဲဆိုတာ။
အစ္ကို႕အျပံဳးေတြကိုပီျပင္ေစတဲ႕အဲ႕ဒီ႕သူဘယ္သူလဲဆိုတာ။

ပထမဆံုးစာရြက္ကိုလွန္လိုက္ေတာ့ေသေသသပ္သပ္ေရးထားတဲ႕လက္ေရးဝိုင္းဝိုင္းေလးေတြနဲ႕ေရးမွတ္ထားတာက ' ပထမဆံုးေတြ႕ဆံုမွဳ '  တဲ႕။ အျဖစ္အပ်က္မွန္သမွ်အေသးစိတ္မွတ္တမ္းတင္ထားပံုအရေတာ့ အစ္ကိုအဲ႕ဒီ႕ေန႕ကအရမ္းကိုေပ်ာ္ေနခဲ႕ပံုပါပဲ။
အဟက္!……ကြ်န္ေတာ္နဲ႕ပထမဆံုးေတြ႕ခဲ႕တဲ႕ေတြ႕ဆံုျခင္းနဲ႕ဆန္႕က်င္ဘက္ျဖစ္ေနခဲ႕မွာပဲေနာ္။

တျဖည္းျဖည္းနဲ႕ဖတ္ျပီးသားျဖစ္လာတဲ႕စာရြက္ေတြရဲ႕ေနာက္မွာေတာ့ မ်က္ရည္စတစ္ခ်ိဳ႕စြန္းထင္းေနတဲ႕စာရြက္တစ္ရြက္ဆီေရာက္လာသည္။ မညီမညာျဖစ္ေနတဲ႕လက္ေရးေတြနဲ႕ခပ္တိုတိုစာေၾကာင္းေလးသံုးေၾကာင္းကဘယ္ဘက္ရင္အံုထဲကိုဓါးသံုးလက္ျဖည္းျဖည္းခ်င္းထိုးသြင္းခံေနရသလိုပဲ။

' ျမတ္သဝဏ္ကမင္းနဲ႕သိပ္တူတာပဲ ယစ္……။
အဲ႕ဒီ႕ဒုကၡိတကိုမင္းေနရာမွာငါခဏအစားထိုးမိလိုက္တယ္။
အဲ႕ဒီ႕ေကာင္ကအ,အမို႕ငါ့ကိုခ်စ္တယ္လို႕မေျပာနိုင္ဘူးဆိုေတာ့ မင္းသဝန္မတိုေလာက္ဘူးမဟုတ္လားဟင္ '   တဲ႕။

စာသားေတြရဲ႕အဆံုးမွာတင္မခိုင္ခ်င္ေတာ့သလိုျဖစ္လာတဲ႕ေျခေထာက္ေတြေၾကာင့္ထိုေနရာမွာတင္ပဲထိုင္ခ်လိုက္မိတယ္။
ဆို႕နင့္လာတဲ႕ခံစားခ်က္ၾကီးနဲ႕အတူ ညာဘက္မ်က္ဝန္းကမ်က္ရည္တစ္စက္ကေပါက္ခနဲ။
အဟက္!……ဒုကၡိတတဲ႕…ျပီးေတာ့ အ,အတဲ႕လား။

အစ္ကိုသိလား……လူတိုင္းကသူတို႕ခ်စ္တဲ႕သူကိုပန္းေတြနဲ႔တင္စားၾကတယ္တဲ႕။ ဒါဆိုကြ်န္ေတာ္ေရာအစ္ကို႕ကိုဘယ္ပန္းနဲ႕တင္စားသင့္လဲအစ္ကို။ဆူးပန္းလား ၊ အဆိပ္ပန္းလား……။
အဟား!……ကြ်န္ေတာ့္အထင္ေတာ့အစ္ကိုကႏွစ္မ်ိဳးလံုးေတာင္ျဖစ္ရင္ျဖစ္ေနနိုင္တယ္။

အစ္ကိုသိရဲ႕လား……အစ္ကိုကကြ်န္ေတာ့္အခ်စ္ေတြကိုအထင္ေသးျပီးရြံရွာတယ္ဆိုရင္ ကြ်န္ေတာ္ကလည္းအစ္ကို႕လို႕မာနခဲကိုခ်စ္မိဖို႕စိတ္ေတာင္မကူးခဲ႕ပါဘူး။ ဒါေပမယ့္ကြ်န္ေတာ့္ႏွလံုးသားကအရူးထျပီးအစ္ကိုမွအစ္ကို ၊ အစ္ကိုတစ္ေယာက္တည္းကိုပဲတမ္းတမ္းစြဲခ်စ္မိေနခဲ႕ေတာ့ဘယ္လိုလုပ္ရေတာ့မလဲဗ်ာ။

ေဟာဒီ႕ဒုကၡိတေကာင္ကေလ…ေဟာ့ဒီဒုကၡိတေကာင္ရဲ႕ဘဝမွာေလ အစ္ကို႕တစ္ေယာက္တည္းကိုပဲဒုကၡခံျပီးခ်စ္ေပးေနခဲ႕တာပါ။ အစ္ကိုဘယ္ေလာက္ႏွိမ္နွိမ္ ၊ အစ္ကိုဘယ္ေလာက္ရိုက္ရိုက္ႏွက္ႏွက္။ စိတ္ပ်က္မသြားဘဲတြယ္ကပ္ေနခဲ႕တာအစ္ကိုေျပာတဲ႕ဒီအ,အပဲမဟုတ္ဘူးလား။
အစ္ကိုထားရင္ထားခဲ႕တဲ႕အတိုင္းေနတယ္။
အစ္ကိုရိုက္ရင္ရိုက္တဲ႕အတိုင္းျငိမ္ခံတယ္။
အစ္ကိုလိုအပ္သည္ျဖစ္ေစမလိုအပ္သည္ျဖစ္ေစဂရုတစိုက္ခ်စ္ေပးတယ္။ ကြ်န္ေတာ္ဘာမ်ားမွားသြားလို႕လဲအစ္ကို။ ကြ်န္ေတာ္ဘယ္ေနရာမ်ားအမွားလုပ္မိလို႕ အစ္ကိုကကြ်န္ေတာ့္အေပၚဒီေလာက္အထိရက္စက္ရတာလဲ။

လက္ထဲကဒိုင္ယာရီစာအုပ္ေလးရဲ႕စာမ်က္ႏွာတစ္ခုတည္းကိုပဲထပ္တလဲလဲျပန္ဖတ္ေနမိသည္။ ဘယ္ေလာက္ဖတ္ဖတ္ဒီစာေလးသံုးေၾကာင္းကကြ်န္ေတာ့္ကိုနာက်င္ေစေနတုန္းပဲအစ္ကို။
အစားထိုးတယ္ေပါ့……အဟား! ကြ်န္ေတာ္ကအစားထိုးခံအရာတစ္ခုပဲေပါ့။

ကိုယ့္ကိုကိုယ္ခပ္ရြဲ႕ရြဲ႕ျပံဳးမိရင္းအၾကည့္ေရာက္သြားမိတာကစားပြဲေပၚမွာတင္ထားတဲ႕ကဒ္နွစ္ကဒ္။ ကဒ္မွာေရးထားတဲ႕လိပ္စာကိုဖတ္ၾကည့္ရင္းဝင္ေရာက္လာတဲ႕အေတြးကအစ္ကိုအဲ႕ဒီ႕မွာရွိေလာက္မယ္ဆိုတာပင္။
အစ္ကိုက…ကြ်န္ေတာ့္ကိုထားခဲ႕ခ်င္ေနတာလား……။


_____________________________________________


"ျမတ္သဝဏ္……မင္းဘယ္လိုလုပ္……"

စကားေတာင္ဆံုးေအာင္မေျပာနိုင္ရွာတဲ႕အစ္ကိုကကြ်န္ေတာ့္ကိုျမင္ျပီးသိပ္ကိုတုန္လွဳပ္ေနဟန္။ အစ္ကို႕မ်က္ဝန္းေတြကိုတစ္ခ်က္ေငးၾကည့္ရင္းခပ္မဲ႕မဲ႕သာျပံဳးျပမိတယ္။ ဘာကိုေၾကာက္ေနတာလဲအစ္ကို……ကြ်န္ေတာ့္ကိုအစ္ကို႕လူျမင္သြားမွာစိုးရိမ္ေနတာလား။

"ဘာလို႕လိုက္လာတာလဲ……"

အနားကိုခပ္ျမန္ျမန္ေလွ်ာက္လွမ္းလာရင္းလက္ေမာင္းကိုအတင္းဆုပ္ကိုင္ကာေမးလာတဲ႕အစ္ကို။ ထံုးစံအတိုင္းအစ္ကိုထားခဲ႕သလိုမေနမိလို႕ထင္ပါရဲ႕ ေဒါသထြက္ေနတဲ႕အစ္ကိုကလက္ေမာင္းကိုဆုပ္ကိုင္ထားရင္းလိမ္ဆြဲလာတာမို႕နာေတာ့နာသား။
ဒါေပမယ့္အစ္ကို……အစ္ကိုေပးတဲ႕ဒဏ္ရာေတြကနက္သြားလို႕ ရင္ဘတ္ထဲကပိုနာေနတာဗ် သိရဲ႕လား။

("ကြ်န္ေတာ္…အစ္ကို႕ဆီလိုက္လာတာ……")

"မင္းလာခဲ႕……"

ေလသံခပ္မာမာစကားအဆံုးမွာဧည့္ခန္းထဲကေနျပီးအတင္းကိုဆြဲေခၚထုတ္လာတဲ႕အစ္ကို။ အသက္ရွဴသံေတြအရမ္းျမန္ေနတဲ႔အစ္ကိုက ေဒါသထြက္ေနတဲ႕ပံုပါပဲ။
လူတစ္ေယာက္ကိုတိရစၧာန္တစ္ေကာင္လို႕ဆြဲေခၚလာတဲ႕အစ္ကိုရဲ႕ခပ္သြက္သြက္ေျခလွမ္းေတြကလူရွင္းတဲ႕ေလွကားအနားေရာက္မွသာရပ္တန္႕သြားသည္။

"ေျပာ……ဘာလို႕လိုက္လာတာလဲ……"

ထံုးစံအတိုင္းေလသံမာမာနဲ႕ေမးမိေတာ့ ျမတ္သဝဏ္ကခပ္ဖြဖြျပံဳးျပလာသည္။
ဒါေပမယ့္ တစ္ခုခုလြဲေနသလိုပဲ။
အရင္လိုမဟုတ္ဘူး……ျမတ္သဝဏ္အခုျပံဳးျပေနတဲ႕အျပံဳးကတစ္ခုခုကိုနာက်င္ျပီးတစ္ခုခုကိုျမိဳသိပ္ထားရတဲ႔အျပံဳးမ်ိဳး။

("အိမ္ျပန္ရေအာင္ေလ အစ္ကို……")

"က်စ္!…ငါမျပန္ခ်င္ေသးဘူး……"

("ဘာျဖစ္လို႕လဲ……")

မ်က္ႏွာလႊဲသြားတဲ႕အစ္ကို႕ကိုသဝဏ္ခပ္ေတြေတြေလးသာေငးၾကည့္ေနမိတယ္။
ဘာျဖစ္လို႕လဲအစ္ကို……ဒီမွာေနရတာေပ်ာ္လို႕လား ဟမ္။

("အစ္ကိုမလိုက္ရင္လည္းကြ်န္ေတာ္သားကိုျပန္ေခၚသြားမွာ……")

ေျပာေျပာဆိုဆိုႏွင့္ယစ္ရဲ႕အခန္းဘက္ကိုဦးတည္ေနတဲ႕ျမတ္သဝဏ္ေၾကာင့္မွိဳင္းညိွဳ႕အတင္းဆြဲကာေဆာင့္တြန္းလိုက္ရသည္။

"သားကိုမင္းဘယ္မွေခၚသြားစရာမလိုဘူး……"

("ေတာင္းပန္ပါတယ္……ကြ်န္ေတာ့္မွာတကယ္ကိုပဲအစ္ကိုနဲ႕သားပဲရွိတာမို႕လို႕ပါ…ကြ်န္ေတာ္ရွိခိုးျပီးေတာင္းပန္ပါတယ္အစ္ကိုရယ္……ကြ်န္ေတာ္နဲ႕ပဲေနပါေနာ္ ဘယ္မွမသြားပါနဲ႕ေနာ္……")

ရုတ္တရက္မ်က္ရည္ေတြစီးက်ကာလက္အုပ္ခ်ီျပီးေတာင္းပန္လာတဲ႕ျမတ္သၿဏ္ေၾကာင့္မွိဳင္းညိွဳ႕ေၾကာင္အေနမိသည္။
ျမတ္သဝဏ္က…အကုန္သိသြားတာမ်ားလား။
ဒါေပမယ့္ ဟင့္အင္း……ေတာင္းပန္ပါတယ္ျမတ္သဝဏ္ မင္းကိုသနားမိေပမယ့္ ငါယစ္နဲ႕မခြဲနိုင္ဘူး။

"မင္းျပန္ေတာ့…ငါနဲ႕သား ေနာက္မွျပန္လိုက္လာခဲ႕မယ္……"

မ်က္ေမွာင္ပ်ဳတ္ကာစိုက္ၾကည့္လာတဲ႕ျမတ္သဝဏ္ရဲ႕အၾကည့္ေတြကမွိဳင္းညိွဳ႕ကိုယံုၾကည္ပံုမရ။ ေခါင္းတြင္တြင္ခါကာမွိဳင္းညိွဳ႕လက္ကိုလက္ႏွစ္ဖက္နဲ႕ခပ္ဖြဖြဆုပ္ကိုင္လာတာေၾကာင့္

"ဖယ္……"

တုန္တုန္ယင္ယင္နဲ႔ေခါင္းခါျပလာတဲ႕ေကာင္ေလးကတစ္စံုတစ္ခုကိုေသမတတ္စိုးရိမ္ေနဟန္။

"ငါမင္းကိုဖယ္လို႕ေျပာေနတယ္ေလ!……"

' ဒုန္း! '

တစ္ျပိဳင္နက္ထြက္ေပၚလာတဲ႕အသံက်ယ္က်ယ္ႏွစ္ခုၾကားမွိဳင္းညိွဳ႕ေၾကာင္အေနမိသည္။
ေလွကားအဆံုးေသြးအိုင္ထဲမွာလဲက်ေနတဲ႕ျမတ္သဝဏ္ရဲ႕ပံုစံကတကယ့္ကိုေသြးပ်က္ဖြယ္။
ဟင့္အင္း…မဟုတ္ဘူး……။
မွိဳင္းညိွဳ႕ျမတ္သဝဏ္ကိုတမင္လုပ္တာမဟုတ္ရပါဘူး။ ဒီအတိုင္း…ဒီအတိုင္းသူ႕လက္ကိုေဆာင့္ရုန္းလိုက္မိရင္းအားမ်ားသြားရံုေလးပါပဲ။
ဟင့္အင္း……ျမတ္သဝဏ္ကိုသတ္တာမဟုတ္ဘူးလို႕။

"မွိဳင္း…ကိုယ္ေခၚေနတယ္ေလ……"

ပခံုးကိုလွဳပ္ကိုင္ကာေခၚလိုက္မွသာသတိျပန္ကပ္သလိုျဖစ္လာတဲ႕မွိဳင္း။ တုန္လွဳပ္ေနပံုရတဲ႔ခ်စ္ရသူေလးကိုရင္ခြင္ထဲထည့္ဖက္ထားေပးမိတယ္။ တကယ္ေတာ့ မွိဳင္းနဲ႔ဟိုအ,အေကာင္စကားစေျပာကတည္းကေရာက္ေနခဲ႔တာ။ မွိဳင္းနဲ႔အဲ႕ေကာင္ဘာေတြေျပာသလဲေတာ့နားမလည္ေပမယ့္မွိဳင္းကအဲ႕ေကာင္ကိုတြန္းခ်သလိုျဖစ္သြားတာကိုေတာ့ျမင္မိလိုက္သည္။
ဒါလည္းေကာင္းတာပါပဲ……တကူးတကသတ္ေပးစရာမလိုေတာ့ဘူးေပါ့။

"ဒီကိစၥကိုယ္ၾကည့္ရွင္းလိုက္မယ္…သားနဲ႕သြားေနေနာ္……"

"ဒါ…ဒါေပမယ့္ ျမတ္သဝဏ္………"

"ရွဴး!……ကိုယ့္ကိုယံု ဟုတ္ျပီလား……"

ေက်ာျပင္ေလးကိုခပ္ဖြဖြပြတ္ေပးလိုက္မွစိတ္ျငိမ္သြားပံုရတဲ႕ခ်စ္ရသူေလး။ ကိုယ့္ကိုယံုပါမွိဳင္း……ဒီေကာင္ေလာကၾကီးထဲကေနေပ်ာက္သြားတာကိုဘယ္သူမွမသိေစရပါဘူး။

နွဳတ္ဆက္ပါတယ္အ,အေကာင္ေရ……။
မင္းေသသြားတာကတကယ္ေတာ့ေစာေသးတယ္ကြ။
ငါကမင္းကိုဘဝပ်က္ျပီးရူးသြားေအာင္အထိႏွိပ္စက္ခ်င္ေနေသးတာ။
အခုေတာ့လည္း……အင္း မင္းကံေကာင္းသြားတယ္ေပါ့။






#################################

Continue Reading

You'll Also Like

175K 15.7K 30
"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို...
65.4K 3.1K 30
Cover artist - Yeik Mine Za Min Yaung+Pone Yeik Che Hnaug မိုင်းဇမင်းရောင်+ပုံရိပ်ချည်နှောင်
2.2K 108 5
Danny lives, eats and sleeps in Gotham. He breathes in the toxic air everyday. This place is someplace he may never leave. There are too many vengefu...
34.4K 1.3K 31
ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama အရမ်းမပါပါဘူးနော်။ cover ပုံက...