ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~~~~~
အပိုင်း-2
*သားကြီးနဲ့ဘဲ သင့်တော်လို့ ပေါ့
သားငယ်က ဒိလောက်ပွေရှုပ်နေတာ မိန်းမကောင်းလေး နစ်နာတာပေါ့ တော်*
တံခါးနောက်မှ ချောင်းနားထောင်နေသော ထက်ဦးခွန်း ရဲ့ ချစ်လှစွာသော
ညီငယ်လေး ခွန်းစက်ဝိုင် ငိုယိုကာ ထွက်လာလေသည်။
*အီးး....မေမေက သားကိုဆို အကောင်းကို မပြောဘူးဟွန့် *
အသက် 20 ရှိပြီဆိုပေမယ့် ကလေးတစ်ယောက်လို ဆိုးတုန်းချွဲတုန်းပင်။ အငယ်ဆုံးဆိုတဲ့ အတိုင်း အသုံးဖြုန်းကလည်း အတော်ကြီးသည်။
တစ်နေ့တစ်နေ့ ဆိုင်ကယ် တစ်စီး နဲ့ လျှောက်လည်ရတာလည်း နေ့တိုင်းပင်။ကောင်မလေးတွေနဲ့ တရုန်းရုန်းပင် အမြင်ကပ်ချင်စရာကောင်းလှသည်။
*ဟီး မေမေ သားကို မုန့်ဖိုးပေး*
*ဟိုကောင် မင်းဟာကမလွန်လွန်းဘူးလား အသက်ဘဲ20ရှိနေပြီ အလုပ်ကျတော့လည်းမလုပ် ခုချိန်ထိ လက်ဖြန့်တောင်းတုန်း
မန့ကလည်း ပေးတာဘဲ မဟုတ်ဘူးလား မင်းအသုံးကြမ်းလှချည်လား*
*မေမေ မပေးနဲ့ အဲ့ကောင်ကို ပေးလွန်းလို့ ပျက်စီးနေပြီ*
*အေးအေး သားကြီး*
ဘေးကကြည့်နေတဲ့ ခွန်းစက်ဝိုင်ကတော့ မျက်နာကို မဲ့ရှုံ့ကာ မျက်စောင်းထိုးပြီး အတိုင်ပေါက်ညီနေသော သားမိကို ကြည့်ကာ
တဟွန့်ဟွန့် နှင့် လုပ်ပြနေလေသည်။
အသက် 20 ဆေးကျောင်းတတ်ရန် စီစဉ်ထားသော်လည်း ခုထိ မတတ်သေးပေ။ ဆံပင် ကို အမြဲတန်း နောက်လှန်ဖြီးထားကာ သပ်သပ်ရပ်ရပ် ဝတ်တတ်စားတတ်သည်။လူကြီး ပေါက်စလေးလိုပင်။ ကိုယ်တိုင်ကလည်း ပွေရှုပ်သလို ကောင်မလေးတွေကလည်း သူမှ သူပင် ဖြစ်နေကြသည်။
*ဟွန့် မပေးရင် နေပေါ့ သွားတော့မယ် မမကမှ အလိုလိုက်သေးတယ် *
ကျန်ခဲ့တဲ့ သားမိကတော့ အချင်းချင်း ကြည့်ပြီးသာ ရယ်နေကြတော့သည်။
*ဒါနဲ့ သားလေး နောက်တစ်ပါတ် ရန်ကုန်က ကလေးမ လာမှာနော်
သားဘဲ စောင့်ရှောက်ရမယ် သားရဲ့ လက်တွဲဖော်မို့ သေချာလေ့လာပေါ့ *
*ဟာဗျာ မေမေတို့ကလည်း ဘာမန်းကိုမသိဘူး *
ခွန်း စိတ်ရှုပ်စွာ ဆံပင်တွေကို လက်ဖြင့်ထိုးဖွနေမိပါသည်။
...လာပါစေအုန်းပေါ့ စိတ်ပျက်သွားအောင်လုပ်လိုက်ရင် ပြန်သွားလိမ့်မယ်.....တကယ်ကို မိန်းမယူဖို့ စိတ်ကူးထဲမရှိခဲ့ပါ။
~~~~~~~~~
*ခေတ် နင် တကယ် ငြင်းလို့မရဘူးလားဟင်*
*ငြင်းသေးတယ် ရွှေရည် ရယ် မေမေက တစ်ချက်လွှတ် အမိန့်တဲ့
ငြင်းလိုက်ရင် အကျိုးဆက်ရှိနိုင်တယ် မေမေ့ စကားကို နားထောင်လိုက်ပြီး ဟိုရောက်မှ စိတ်ပျက်သွားကြအောင် လုပ်ပေးလိုက်မာပါ့*
*အဟင်းဟင်း တို့ ခေတ်ကတော့ မနိုင်စိန်ဘဲဟေ့*
*ဒါနဲ့ နောက်တစ်ပါတ် တို့တွေ ပြည်ဦးလွင် အလည်ပတ် သွားကြမှာ ခေတ်မပါတော့ ပျင်းစရာကြီး ဖြစ်တော့မာဘဲ ဟွန့်*
အတိုးနှင့် ရွှေရည်က မျက်နာငယ်လေးနှင့် ပြောနေသလောက်
ဟိုနှစ်ကောင်ကတော့ တဟီးဟီးတဟားဟားနှင့်ပင် ထသတ်ချင်စရာကောင်းလှသည်။
*မင်း တို့ ရီလို့ ပြီးအုန်းမာလားပြော
ငါထထိုးရတော့မာလား စားနေတဲ့ ဟော့ပေါ့ဖတ်တေပါ ပြန်ထွက်ကုန်အောင် *
*ဟီးး စတာပါကွာ ခေတ်ကလည်း ပြန်တော့ မထွက်ပါရစေနဲ့
ဆင်ဖြူတော်မှီပြီး ကြံစုတ် နေရပါတယ်ဆို *
*ငါ ငိုချင်သွားပြီကွာ ဆင်ဖြူကြီးက နယ်သွားတော့မာဆိုတော့
မှီပြီး ကြံစုတ်လို့မရတော့ဘူးပေါ့*
*အဟက် ငါတစ်သက်လုံး သွားမှာမှ မဟုတ်တာကွ မင်းကလည်း *
တစ်ဖွဲ့လုံး ဟော့ပေါ့စားပြီးသော် နေရာအနှံ့ လျှောက်လည်ကြသေးသည်။ညရောက်တော့လည်း club သွားကြပြန်သည်။
သူငယ်ချင်းတွေနဲ့ မခွဲနိုင် မခွာနိုင်ဖြစ်ပြီး 5 ရက် ဆက်တိုက်
ဒီပုံစံအတိုင်းသာ ဖြစ်နေသည်။
~~~~~~~~~~~~~~
*မိဆောင်းတခေတ် ညည်းအိမ်ကပ်အုန်းမှာလား မနက်ဖြန်ဘဲ ဟိုကိုသွားရတော့မယ် လက်ယားလက်ယား နဲ့ မြင်ရတာ အပိုးကိုမကျိုးဘူး*
*အမေကလည်း သားခေတ်ဆို ပြန်ထူးချင်သေးတယ် မိကြီးထည့်မခေါ်ပါနဲ့ဗျာ *
*သွား အိမ်ထဲပြန်ဝင် တော့ ဒီနေ့ ဘယ်မှ မသွားရဘူး *
*ဟာ သူငယ်ချင်းတေနဲ့ ချိန်းထားတယ်အမေရ*
*သမီး ဖေဖေ သိပ်မပြောချင်ဘူးနော် တစ်ခွန်းပြောရင် နားထောင်*
*ဟုတ်ကဲ့ ဖေဖေ *
မေမေ့ကို ပြန်ပြန် ပြောမိပေမယ့် ဖေဖေ့ကိုတော့ အထွန့်တောင်မတတ်ရဲပေ ။ လက်သန်ပြောင်သည်ကို ခေတ် အသိဆုံးပင် ။ခနခန ရိုက်ခံရလည်း အခါခါပင် ။
*အမလေး ကိုထွန်းရယ် ရှင့်သမီးက ရှင့်ဘဲကြောက်တယ်
ကျမပြောနေတာ ဂရုကို မစိုက်တာ တော်ရေ*
*မေမေကလည်း ဂရုစိုက်လို့ဘဲ ပြန်ပြောတာပေါ့ဗျ*
*ကိုထွန်း ဒိမာတွေ့လား ချက်ချင်းပြန်ပြောတာ *
*သမီးလေး မိန်းကလေးဆိုတာ သိမ်သိမ်မွေ့မွေ့ နေရတယ်
ရမ်းကားမနေရဘူး ပတ်ဝနကျင်ကဲ့ရဲ့တယ် သဘောပေါက်လား
မိဘကိုလည ပြန်မပြောရဘူး *
*ဟုတ်ကဲ့ဖေဖေ*
*သွား မနက်ဖြန် သွားဖို့ အတွက် အဝတ်စားတွေထည့်ထား *
*ဟုတ်ကဲ့ဖေဖေ*
ဖေဖေ့ ရှေ့မာကျတော့ ရှိရှိသမျှ ပိုးတွေ အကုန်သေ တုတ်တုတ်တောင်မလှုပ်ရဲပေ။ခေတ်သိပ်ကြောက်ရတဲ့ တစ်ဦးတည်းသော ဖေကြီးပင်။
အဝတ်စားတွေ စုံပလုံနေအောင် သေချာထည့်ရသည်။
ခေတ်က ယောကျာ်းလေးလိုသာ နေတတ်ပေမယ့် အတွင်းအဝတ်ကျတော့ ယုန်ရုပ် ဝက်ဝံ့ ရုပ်လေးတွေနဲ့သာ ဝတ်လေ့ရှိသည်။
အခုလည်း အရုပ်မျိုးစုံ နဲ့ပင် သေချာ စီထည့်နေသည်။
.....ဟူးးး ဒီ2အိတ်ဆို လုံလောက်ပြိ ထင်ပါတယ် .....
ထည့်နေတာ 2အိတ်ပင် ပြည့်ပြီ ဖြစ်သည်။ အိမ်ရွှေ့ရသလို အသေးစိတ်ကအစ အကုန်ထည့်လိုက်သည်။
~~~~~~~~~~~~~~
*သမီးရေ ပြီးရင် ဆင်းခဲ့တော့ သွားရအောင် *
*ဟုတ်ကဲ့မေမေ လာပြီ *
ကားလေး တစ်နာရီလောက်မောင်းပြီးတော့ တောင်တွေ ထပ်နေတဲ့ နေရာသို့ ရောက်လာပြီဖြစ်သည်။ ရာသီဉတုကလည်း ရန်ကုန်နှင့် မတူ
အေးပြီး ချမ်းစိမ့်နေသည်။တောင်ကုန်းတွေကလည်း သစ်ပင်တွေ ထူထပ်ပြီး စိမ်းစိုနေသည်။ ရင်ထဲ အေးခနဲပင် ခံစားလိုက်ရသည်။
ခေတ် တို့ မနက် 10 နာရီတွင် ရောက်လာကြသည်။
ကျွီ..........
ရက်ကွက်တစ်ခု ဆိုပေမယ့် တိုက်ပုလေးတွေ ပိုများသည်။
မြို့လိုပင် ခမ်းနားလှပသည်။
အိမ်လေးတွေက သိပ်လှသည်။ ပန်းပင်များည်း အတော်ပေါသည်။
2ထပ် တိုက်အိမ်လေးနားရောက်တော့ ကားက ကွေးဝင်သွားလေသည်။
....ခေတ်နေရမယ့်အိမ်က ဒီအိမ်လား......
ခေတ်အကြိုက်ဆုံး မိုးပြာရောင် လေးဖြင့် အိမ်လေးက နေချင်သဖွယ်ကောင်းလှသည်။ရွာဆိုပေမယ့် လမ်းကအစ သပ်သပ်ရပ်ရပ်ပင်။
*ဟော လာကြပြီ လား *
*လာပြီ မိုးရေ တို့သမီးလေးကတော့ အပြီးများနေမှာလား မသိဘူး
အထုတ်နှစ်ထုတ်တောင်တော်ရေ*
*အဟင်းဟင်း ကောင်းတာပေါ့ စိမ်းရယ် တို့သားလေးလည်း တတ်ကြွနေတာ*
...ဟွန့် တည့်နေလိုက်ကြတာ သူတို့သားကြီး ဘယ်သူယူမာကျနေတာဘဲ.....
ခေတ် အိမ်ပေါ် မော့ကြည့်လိုက်တော့ ပြတင်းပေါက်နားမှာ ခေါင်းစောင်းကာ ကြည့်နေသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
ရုပ်လေးက ချစ်စရာလေးဆိုပေမယ့် လျှာထုတ်ကာ ပြောင်ပြနေသောကြောင့် ရိုက်သတ်ချင်စိတ်ပါ ပေါက်လာရသည်။
*ဟောဒါက စိမ်းရဲ့ သမီးလေးလား*
*ဟုတ်ပါ့ မိုးရေ ဟိုမရောက်ဒီမရောက်လေးပေါ့ အဟင်း*
*ချစ်စရာလေး စိမ်းရယ် စိမ်းငယ်ငယ် က နဲ့ တစ်ပုံစံထဲဘဲ*
မေမေ နှင့် ထိုအန်တီတို့ကတော့ အိမ်ထဲတောင်မရောက်သေးဘူး
စာကားတွေ ဖောင်ဖွဲ့နေကြသည်။ ဖေဖေကလည်း ဘယ်ချိန်ကတည်းကသွားချင်နေမန်း မသိ အိမ်ထဲပင် ရောက်နေပြီ ဖြစ်သည်။
အိမ်ပေါ်က တစ်ယောက်ကလည်း မျက်နာပိုးကို မသေ
ပြောင်တီးပြောင်စပ်ဖြင့် ...ခေတ် မျက်စောင်းတေသာ ပစ်ပစ်ထိုးပစ်လိုက်သည်။
*လာ သမီးလေး အိမ်ထဲ ဝင် *
ခေတ်လက်ကို လာဆွဲကာ အိမ်ထဲသို့ပင် ခေါ်သွားလေသည်။
အဝတ်ထုတ် 2ထုတ် ကိုလည်း အမကြီး တစ်ယောက်က သယ်သွားလေသည်။
ဆက်ရန်~~~~~~