သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း)...

By KazunoMora

39.6K 2.7K 26

Uni & Zawgyi အပိုင်း ၁ မှ ၁၇၇၀ More

ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186--190
191--200
201--210
211--220
221-230
231--240
241--250
251--260
261--270
271--280
281--290
291--300
301--310
311--320
321-330
331--340
341--350
351--360
361--370
371--380
381--390
391--400
401--410
411--420
421--430
431--440
441--450
451--460
461--470
471--480
481--490
491--500
501--510
511--520
521--530
531--540
541--550
551--560
561---570
571---580
581---590
591---600
601---610
611---620
621----630
631---640
641-----650
651----660
661----670
671-----680
681----690
691----700
701----710
711----720
721---730
731----740
741----750
751----760
761-----770
771----780
781-----790
791-----800
801-----810
811-----820
821----830
831-----840
841-----850
851----860
861----870
871-----880
881----890
891----900
901----910
911-----920
921----930
931-------940
941------950
951------960
961-----970
971-----980
981------990
991-------1000
1001-----1010
1011-------1020
1021------1030
1031------1034
1035
1036
1037
1038-------1050
1051-------1060
1061-----1070
1071--------1080
1081-------1090
1091-------1100
1101------1110
1111------1120
1121---------1130
1131------1140
1141------1150
1151-------1160
1161-------1170
1171------1180
1181-------1190
1191------1200
1201------1210
1211-------1220
1221-------1230
1231-----1240
1241-------1250
1251--------1260
1261------1270
1271------1280
1281--------1290
1291-------1300
1301------1310
1311-------1320
1321--------1330
1331------1340
1341------1350
1351---------1360
1361-------1370
1371-----1380
1381------1390
1391-------1400
1401-----1410
1411-----1420
1421------1430
1431------1440
1441-------1450
1451-------1460
1461-------1470
1471-------1480
1481------1490
1491-------1500
1501--------1510
1511------1520
1521------1530
1531--------1540
1541---------1550
1551--------1560
1561--------1570
1571------1580
1581--------1590
1591-------1600
1601------1610
1611------1620
1621---------1630
1631-------1640
1641-----1650
1651--------1660
1661-------1670
1671---------1680
1681-----------1690
1691---------1700
1701---------1710
1711-------1720
1721-------1730
1731----------1740
1741--------1750
1751--------1760
1761---------1770

106 - 110

282 26 0
By KazunoMora

''သိုင်းနတ်ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန်း(၁၀၆) ကမ္ဘာ့စိတ်ဝိညာဉ်အခန်း

စိတ်ဝိညာဉ်စည်းစွမ်းအား...
ထိုအရာကား ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူများ
သာ အသုံးပြုနိုင်ပြီး  သာမန်လူများအဖို့ ထိတွေ့
ရန်ပင် နည်းလမ်းလုံးဝမရှိပါချေ။

စိတ်ဝိညာဉ်စည်းစွမ်းအား...
ထိုအရာကား  ဤကမ္ဘာမှ စွမ်းအား မဟုတ်ပေ။
ထိုအရာက လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာတစ်
ခုဖြစ်သည့် စိတ်ဝိညာဉ်ကမ္ဘာမှ လာခြင်းဖြစ်၏။

ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူများက  သူတို့၏
ခန္ဓာကိုယ်ကို  စိတ်ဝိညာဉ်ကမ္ဘာနှင့် ဆက်သွယ်
ရန်  အသုံးပြုပြီး  သူတို့က  စိတ်ဝိညာဉ်စည်း၏
စွမ်းအားကိုအသုံးမပြုမီ ထိုစွမ်းအားကို သူတို့၏
ခန္ဓာကိုယ်အတွင်းသို့ ဆွဲယူကြသည်။

စိတ်ဝိညာဉ်ကမ္ဘာနှင့် ဆက်သွယ်နိုင်ရန်အတွက်
သူတို့၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ သူ
တို့၏ကိုယ်ပိုင်စိတ်ဝိညာဉ်ကမ္ဘာအတွင်း၌ ကမ္ဘာ့
စိတ်ဝိညာဉ်အခန်းတစ်ခုကို ဖန်တီးနိုင်ရမည်ဖြစ်
သည်။

ကမ္ဘာ့စိတ်ဝိညာဉ်အခန်း တစ်ခုကို  ဖန်တီးနိုင်ပြီ
ဆိုသည်နှင့်  သူတို့က  စိတ်ဝိညာဉ်ကမ္ဘာသို့ တံ
ခါးများကို ဖွင့်လှစ်ပြီး စိတ်ဝိညာဉ်စည်း စွမ်းအား
ကို အသုံးပြုနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် ချူဖုန်း
ပြုလုပ်ရန် လိုအပ်သည်မှာ  သူ၏  စိတ်ဝိညာဉ်
စွမ်းအားကို စုဖွဲ့၍  ကမ္ဘာ့စိတ်ဝိညာဉ်အခန်း ဖန်
တီးရန်ပင်ဖြစ်၏။

၄င်းမှာ  အလွန်တရာ ကျွမ်းကျင်မှုရှိရန်  လိုအပ်
သည့် နည်းလမ်းတစ်ခုဖြစ်သည်။  သူတို့က သူ
တို့၏ စိတ်ဝိညာဉ်စွမ်းအားကို  ထိန်းချုပ်နိုင်စွမ်း
အလုံအလောက်ရှိရမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ရန်
မှာ  စိတ်ဝိညာဉ်စွမ်းအားကိုလည်း အတော်များ
များ ကုန်ခမ်းစေလိမ့်မည်ဖြစ်ပေသည်။  ၄င်းမှာ
တစ်ဖက်စွန်း ရောက်အောင်  ပြင်းထန်လှသည့်
ဖြစ်စဉ်တစ်ခုပင်။

၄င်းဖြစ်စဉ်မှာ  စိတ်ဝိညာဉ်စွမ်းအားကို အခြေခံ
ကုန်ကြမ်းများအဖြစ် အသုံးပြု၍ အိမ်တစ်လုံးကို
တည်ဆောက်သည်နှင့် အလားတူနေပေသည်။
သူတို့၏  စိတ်ဝိညာဉ်စွမ်းအားအပေါ် ထိန်းချုပ်
နိုင်သည့်ခွန်အားက  ထိုအိမ်၏  အရည်အသွေး
ကို အဆုံးအဖြတ်ပေးပေလိမ့်မည်။

သို့သော်ငြားလည်း ချူဖုန်းက ထိုနည်းလမ်းများ
ကို  အသုံးပြုနိုင်စွမ်း ရှိသည်နှင့် ကိုယ်ပိုင်ကမ္ဘာ့
စိတ်ဝိညာဉ်အခန်းကို ဖန်တီးရန်အတွက် သူက
သူ၏စိတ်ဝိညာဉ်ကမ္ဘာသို့ ဝင်ရောက်လိုက်လေ
တော့သည်။

အံ့အားသင့်မှုနှင့်အတူ  သူ  တွေ့ရှိလိုက်ရသည်
ကား သူ၏ ကိုယ်ပိုင်စိတ်ဝိညာဉ်ကမ္ဘာအတွင်း၌
ကမ္ဘာ့စိတ်ဝိညာဉ်အခန်း တစ်ခု  တည်ဆောက်
ထားပြီး ဖြစ်သည်ကိုပင်။

''ဒါက ဘာလဲဟ..''
ထိုအခိုက်အတန့်၌ ချူဖုန်းက သူ၏စိတ်ဝိညာဉ်
ကမ္ဘာအတွင်း၌ ရောက်ရှိနေပြီးဖြစ်သည်။

၄င်းမှာ  အကန့်အသတ်မရှိ ကျယ်ပြောလှသည့်
ကမ္ဘာတစ်ခုဖြစ်ပြီး  သူက  အာကာသအတွင်းရှိ
ကြယ်များ အကြား၌  ရောက်ရှိနေသကဲ့သို့ပင်။
သို့သော်ငြားလည်း သူ့အနီးတွင်ရစ်ဝဲလျက်ရှိနေ
သည့်အလင်းများမှာ ကြယ်များ မဟုတ်ကြချေ။
၄င်းတို့မှာ လွင့်မျောနေသော အခိုးအငွေ့ အမျှင်
တန်းများ ဖြစ်ပေသည်။

ချူဖုန်းမှာ  လေထဲတွင် လမ်းလျှောက်နိုင်နေပြီး
ထိုကမ္ဘာအတွင်း၌  မည်သည့်နေရာသို့  ဖြစ်စေ
သူ  ဆန္ဒရှိသည့်အတိုင်း  လျှောက်သွားနိုင်လေ
သည်။ သူက ထောင့်ပေါင်းစုံသို့ ရောက်ရှိနိုင်ပြီး
အရာအားလုံးမှာ သူ၏ ဆုပ်ကိုင်ထားမှုအတွင်း
၌ပင် ရှိနေသည်။

သူ့ရှေ့မှောက်ရှိ ချူဖုန်းနှင့် မဝေးလှသော နေရာ
တွင်  ကြီးမားသော နန်းတော်ကြီးတစ်ခု  ထွက်
ပေါ်လာသည်။ ၄င်းမှာ ရွှန်းစိုသောအရောင်များ
နှင့်  တဖျပ်ဖျပ်တောက်ပနေသော  အလင်းများ
နှင့်အတူ  သလင်းကျောက်များဖြင့် ပြုလုပ်ထား
သကဲ့သို့ အလွန်တရာ လှပနေ၏။

ပုံပန်းသဏ္ဍာန်မှာလည်း အလွန်ထူးဆန်းပေ၏။
၄င်းမှာ ရှင်းပြ၍မရနိုင်သော်လည်း သူ၏ စိတ်ဝိ
ညာဉ်ကမ္ဘာ အတွင်း၌  အလွန်ဆန်းကြယ်သော
မြင်ကွင်းတစ်ခုအဖြစ် တည်ရှိနေသည်။  ၄င်းက
အပေါ်သို့ ဆန့်တက်သွားပြီး  အဆုံးကိုမမြင်နိုင်
ဘဲရှိလျက်  အခြားကမ္ဘာသို့  ဝင်ရောက်သွားသ
ကဲ့သို့ပင်။

၄င်းနန်းတော်မှာ  ကမ္ဘာ့စိတ်ဝိညာဉ် အခန်း ဖြစ်
မည်ဟု  ချူဖုန်း ယုံကြည်မိပေသည်။  သို့သော်
ငြားလည်း  အကန့်အသတ်မရှိသော ကမ္ဘာ့စိတ်
ဝိညာဉ်အခန်း တစ်ခုက  သူ၏  ကိုယ်ပိုင်စိတ်ဝိ
ညာဉ်ကမ္ဘာထဲ၌ မည်သို့ ထွက်ပေါ်လာသည်ကို
သူ နားမလည်နိုင်ပါချေ။

ထိုကဲ့သို့သော  ကမ္ဘာ့စိတ်ဝိညာဉ် အခန်းတစ်ခု
ကို ဖန်တီးနိုင်ရန်  စိတ်ဝိညာဉ်စွမ်းအား  မည်မျှ
အထိ  လိုအပ်မည်နည်း။  ထိုသို့သော ဖန်တီးမှု
မျိုးကိုပြုလုပ်နိုင်ရန် တစ်ဦးတစ်ယောက်၏ စွမ်း
အားထိန်းချုပ်နိုင်မှုက မည်မျှပြီးပြည့်စုံရပေမည်
နည်း။ အနည်းဆုံးအနေနှင့် သူက ထိုသို့ပြုလုပ်
နိုင်ရန် မဖြစ်နိုင်ချေ။

''အို့.. နင် ဘာတွေ စဉ်းစားနေတာလဲ.. ဘာလို့
ဝင်မလာလာလဲ မျိုးမစစ်ကောင်ရဲ့.. နင်က ငါ့ကို
ဘယ်လောက်ကြာအောင် စောင့်ခိုင်းဦးမှာလဲ..''

ချူဖုန်း  ကြောင်ငေးနေမိစဉ်၌ပင်   ချိုသာသော
အသံတစ်ခုက ကမ္ဘာ့စိတ်ဝိညာဉ်အခန်းအတွင်း
မှ လွင့်ပျံလာလေသည်။ ထိုအသံမှာ အလွန်ပင်
သာယာလွန်းလှပြီး  ချူဖုန်း  ကြားဖူးခဲ့သမျှတွင်
နှစ်လိုဖွယ်အကောင်းဆုံး အသံဖြစ်သည်။

သို့သော်ငြားလည်း  ထိုအသံ  ထွက်ပေါ်လာပြီး
နောက်တွင်မူ ချူဖုန်းမှာ  အကြီးအကျယ် အံ့သြ
တုန်လှုပ်သွားမိသည်။ အဘယ်ကြောင့်ဆိုသော်
ထိုအသံကို ယခင်က သူ ကြားဖူးခဲ့၍ပင်။ သူက
ထိုအသံကို  သူ အိပ်မက်မက်နေသည်ဟု တွေး
ထင်ခဲ့မိသည့်အချိန်တွင် ကြားဖူးခဲ့ခြင်းဖြစ်၏။

''ဒီတော့ အဲ့ဒီတုန်းက ဖြစ်ပျက်ခဲ့သမျှအားလုံး
က အမှန်တကယ်ပဲပေါ့..''
ထိုအဖြစ်ကား  လက်ခံနိုင်ဖွယ်ရာမရှိဟု ချူဖုန်း
ခံစားမိသော်လည်း သူက ၄င်းစိတ်ဝိညာဉ်ကမ္ဘာ
အခန်းအတွင်းသို့ တန်းတန်းမတ်မတ်ပင်ခုန်ဝင်
သွားလိုက်သည်။

ကမ္ဘာ့စိတ်ဝိညာဉ်အခန်းမှာ အပြင်ဘက်မှကြည့်
လျှင်  နန်းတော်တစ်ခုနှင့် တူညီနေသော်လည်း
၄င်းက  ကောင်းကင်အထိ ထိုးဖောက်နေသော
မျှော်စင်မြင့်တစ်ခုဟု ဆိုလျှင်  ပိုမိုသင့်တော်ပေ
မည်။  ၄င်းတွင်  တံခါးများ  မရှိသော်ငြားလည်း
ချူဖုန်းက နံရံများကို ဖြတ်သန်း၍ ဝင်ရောက်နိုင်
ခဲ့လေသည်။

ချူဖုန်း ဝင်ရောက်သွားပြီးနောက် သူက အလျင်
အမြန်ပင်  သူဆန္ဒရှိသလို လျှောက်သွားနိုင်စွမ်း
နှင့်မိုးကုပ်စက်ဝိုင်းအထိ သဝေထိုးနိုင်စွမ်းတို့ကို
ဆုံးရှုံးသွားပြီး မြေပြင်ပေါ်သို့ မြဲမြံစွာ ကျရောက်
သွားလေတော့သည်။

ချူဖုန်းက သူ့ရှေ့မှောက်ရှိ မြင်ကွင်းကို ယခင်က
မြင်ဖူးထားပေသည်။ သလင်းကဲ့သို့နံရံတစ်ခုက
အဆုံးကိုမမြင်ရဘဲ အပေါ်သို့ဆန့်တက်သွားနေ
လေသည်။

နံရံတစ်ခုပေါ်တွင် ထူးဆန်းသည့်တံခါးကြီးတစ်
ခုရှိနေသည်။ တံခါးထိပ်ပိုင်းတွင် သံကြိုးအထပ်
ထပ်ရှိနေပြီး  အတွင်းမှနေ၍  ကြောက်မက်ဖွယ်
အရှိန်အဝါကို ထုတ်လွှတ်နေ၏။

အရေးအကြီးဆုံးအရာမှာ အနီးနားတွင် အနက်
ရောင် ဥကြီးတစ်လုံးရှိနေခြင်းပင်။ ထိုခဏ၌ ထို
ဥကြီးက  ချူဖုန်းထံ  လေအိုးတစ်ဦးကဲ့သို့ မရပ်
မနား အော်ဟစ်ပြောဆိုနေလေသည်။

ယခုမြင်ကွင်းမှာ  ထိုနေ့က  သူ့အိပ်မက်ထဲတွင်
ချူဖုန်းမြင်တွေ့ခဲ့ရသည့်  အဖြစ်အပျက်အားလုံး
အတိုင်းပင်မဟုတ်ပါလော။ သို့သော်ငြားလည်း
ယခု  သူက  အိပ်မက်နယ်ပယ်တစ်ခု အတွင်း၌
ရှိနေခြင်း မဟုတ်သည်ကို  ချူဖုန်းသိပေသည်။
ဤနေရာမှာ  သူ၏ ကမ္ဘာ့စိတ်ဝိညာဉ်အခန်းပင်
ဖြစ်၏။

''အား.. ငတုံးချူဖုန်း.. နောက်ဆုံးတော့ နင်က
ထပ်ရောက်လာပြန်ပြီပေါ့..''
''နင်က တုံးလွန်းတယ်..  တကယ်ကို တုံးလွန်း
ပါတယ်.. နင့်ကို ငါ ဘယ်လောက်ကြာအောင်
စောင့်ခဲ့ရသလဲ သိရဲ့လား.. ဆယ့်ငါးနှစ်ရှိ်ပြီ..''
''သောက်ပဲ.. မျိုးမစစ်ကောင်.. အင်း နင်ရဲ့ နား
လည်နိုင်စွမ်းက ညံ့တာပဲ.. ဟုတ်တယ် မဟုတ်
လား.. ဒါတွေက တကယ်ကို ဆိုးရွားတာပဲ..''

နှစ်လိုဖွယ်ရှိလှသော ထိုအသံက  အနက်ရောင်
ဥကြီးအတွင်းမှ အတောမသတ်နိုင်အောင်ထွက်
ပေါ်နေလေသည်။  စကားလုံးများမှာ ကပေါက်
တိကပေါက်ချာဖြစ်နေသည့်တိုင် အလွန်နားဝင်
ပီယံရှိလှ၏။  ၄င်းအသံမှာ အထိန်းရခက်သည့်
ကလေးတစ်ဦးနှင့်ပင် တူနေလေသည်။

သို့သော်  အရေးအကြီးဆုံးအချက်ကား သူမက
ချူဖုန်း၏အမည်ကို သိနေရုံသာမကဘဲ သူမက
ချူဖုန်းအား ဆယ့်ငါးနှစ်လုံးလုံး စောင့်ဆိုင်းနေခဲ့
ရသည်ဟုပင်ဆိုနေခြင်းဖြစ်သည်။ ထိုအဖြစ်က
ချူဖုန်းအား အဆုံးမရှိနိုင်သည့် အံ့သြထိတ်လန့်
မှုကို ခံစားမိစေတော့သည်။

''မင်းက ဘာကြီးလဲ.. ငါ့နာမည်ကို  မင်း ဘယ်
လို သိနေတာလဲ..''
ချူဖုန်းက အနက်ရောင်ဥကို အဝေးတစ်နေရာမှ
အကဲခတ်ရင်း  အနီးသို့ ချဉ်းကပ်မသွားဘဲ မေး
လိုက်သည်။

''နင်ကမှ  'မင်းက ဘာကြီးလဲ' ဟဲ့..  ငါ့ကို 'မြင့်
မြတ်တဲ့ ဘုရင်မ'လို့ခေါ်.. 'မြင့်မြတ်တဲ့ ဘုရင်မ'
ဟုတ်ပြီလား..''
''ငါက နင့်ရဲ့ အမြင်နဲ့အကြားအာရုံကို နင့်ရဲ့စိတ်
ဝိညာဉ်ကမ္ဘာထဲကနေ  မျှဝေခံစားနိုင်တယ်..  ဒီ
နှစ်တွေမှာ  နင်ကြုံတွေ့ခဲ့ရသမျှ  အဖြစ်အပျက်
အားလုံးကို  ငါလည်း ကြုံတွေ့ခဲ့ရတာပဲ..  နင့်ရဲ့
နာမည် ဘယ်လိုခေါ်သလဲဆိုတာကို ငါက မသိ
ဘဲနေမလား..နင် လုပ်ခဲ့သမျှအားလုံးကိုတောင်
ငါ သိနေတာကို..''
အနက်ရောင်ဥကြီးအတွင်းမှ မကျေနပ်သံတစ်ခု
ထွက်ပေါ်လာ၏။

''ငါ့ရဲ့ စိတ်ဝိညာဉ်ကမ္ဘာထဲမှာ ဟုတ်လား.. မင်း
ပြောတာက မင်းက ငါ့ရဲ့စိတ်ဝိညာဉ်ကမ္ဘာထဲမှာ
ဆယ့်ငါးနှစ်တောင် စောင့်နေခဲ့ရတယ်တဲ့လား..
မင်းက ငါ့ရဲ့စိတ်ဝိညာဉ်ကမ္ဘာထဲကို ဘယ်လိုဝင်
လာတာလဲ..''
ချူဖုန်းမှာ အတော်ပင် ရင်သပ်ရှုမော ဖြစ်နေပေ
သည်။

''ငါ ဘယ်လိုသိမှာလဲ.. ငါနိုးလာတဲ့အချိန်မှာ ငါ
က နင့်ရဲ့ စိတ်ဝိညာဉ်ကမ္ဘာထဲကို ရောက်နေပြီ..
ငါက  ဒီသောက်စိတ်ဝိညာဉ်စည်းနဲ့တောင် ချုပ်
နှောင်ခံထားရပြီးတော့ လှုပ်လို့တောင်မရဘူး..''

''ဒါက  နင့်ရဲ့ အယုတ်တမာမိဘတွေ လုပ်ထား
တာပဲ ဖြစ်မှာပေါ့..''
အနက်ရောင်ဥကြီးက ဆက်လက်အော်ဟစ်နေ
လေသည်။

''ဒါဖြင့်  ငါ့မိဘတွေက  ဘယ်သူတွေလဲဆိုတာ
မင်းသိလား..  သူတို့နာမည်တွေက ဘယ်လိုတဲ့
လဲ..  သူတို့က  ဘယ်နေရာက လာကြတာလဲ..
အခုလောလောဆယ် သူတို့ ဘယ်မှာလဲ..''
ချူဖုန်းက စေ့စေ့စပ်စပ် မေးလိုက်၏။

''ငါတောင် နင့်ကိုပြန်မေးလိုက်ချင်သေးတယ်..
သူတို့ ဘယ်သူတွေလဲဆိုတာ နင် ငါ့ကိုပေးမသိ
တာ ပိုကောင်းမယ်.. ဒီလိုမှမဟုတ်ရင် ငါက သူ
တို့ကို ပြန်ပေးဆပ်ခိုင်းရလိမ့်မယ်.. သူတို့က ငါ့
ကို နင့်ရဲ့ အနံ့အသက်မကောင်းတဲ့ စိတ်ဝိညာဉ်
ကမ္ဘာထဲမှာချုပ်နှောင်ထားရဲတယ်..သောက်ပဲ.''

ထိုအသံက အလွန်နှစ်လိုဖွယ်ကောင်းသော်ငြား
လည်း သူ့ကိုယ်သူ 'မြင့်မြတ်တဲ့ဘုရင်မ' ဟုခေါ်
ခဲ့သည့်အနက်ရောင်ဥကြီးမှာ ထိုခဏ၌ အလွန်
စိတ်ဆိုးနေသည်ကို  ချူဖုန်း ကြားနိုင်ပေသည်။
သူက  အနက်ရောင်ဥကြီး၏ အံကြိတ်သံကိုပင်
ကြားနေရသည်။

''အဲ့ဒီတော့  ငါ့မိဘတွေက ဒီကမ္ဘာ့စိတ်ဝိညာဉ်
အခန်းကို ငါ့အတွက် ဆောက်ပေးခဲ့တာပေါ့..''
အနက်ရောင်ဥကြီး၏  စကားများကို  ကြားလျှင်
ချူဖုန်းမှာ  အတွေးနက်ထဲတွင် နစ်မြုပ်နေတော့
သည်။

''အမှိုက်ကောင်..တကယ်လို့များ တစ်ယောက်
ယောက်က ဆောက်မပေးခဲ့ဘူးဆိုရင် ဒါကို နင်
ဆောက်ခဲ့တာလား.. ဒီလောက်အထင်ကြီးစရာ
ကောင်းတဲ့ ကမ္ဘာ့စိတ်ဝိညာဉ်အခန်းကို နင်ကပဲ
ဆောက်နိုင်ဦးမတဲ့လား..''
အနက်ရောင်ဥကြီးက ချူဖုန်းအား ပြင်းပြင်းထန်
ထန် ပြောဆိုနေလေတော့၏။

''ဒီတော့ ကျုပ်ကို ကူညီပြီး ဒီကမ္ဘာ့စိတ်ဝိညာဉ်
အခန်းကို ဆောက်ပေးခဲ့တဲ့သူက အရမ်းကိုသန်
မာမှာပေါ့ ဟုတ်တယ်မဟုတ်လား..ပြီးတော့ သူ
က ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူ တစ်ယောက်
လည်းဖြစ်လိမ့်မယ် မဟုတ်လား..''
ချူဖုန်းက မေးလိုက်၏။

''ဒါပေါ့..  ဒီကမ္ဘာ့စိတ်ဝိညာဉ်အခန်းကို  ဖန်တီး
နိုင်စွမ်းရှိတဲ့သူက သန်မာတာပေါ့.. နေစမ်းပါဦး.
နင်ပြောတာ ဘာအဓိပ္ပါယ်လဲ.. ငါက  အရမ်းကို
အားနည်းတယ်လို့ နင်ဆိုလိုတာလား..''

''နင့်ကို  ပြောပြလိုက်မယ်.. တကယ်လို့ ငါသာ
ဒဏ်ရာရနေခဲ့တာ မဟုတ်ခဲ့ဘူးဆိုရင်  ဘယ်သူ
ကမှ ငါ့ကို ချုပ်နှောင်နိုင်မှာ မဟုတ်ဘူး.. နင့်ကို
ကူညီခဲ့တဲ့လူက ဘယ်လောက် သန်မာတယ်ဆို
တာ  အရေးမကြီးဘူး..  အဲ့ဒီလူ ဘယ်သူလဲဆို
တာ ငါသိတာနဲ့  သူတို့ ပေးဆပ်ရလိမ့်မယ်.. ငါ
တကယ်ကို လုပ်မှာ..''

''အက်ဂီ(ဥလေး)..  ငါ မင်းကို  ဘယ်တုန်းကမှ
နှိမ့်ချမမြင်ပါဘူး.. ငါက သိချင်ရုံပါ..''

''သိချင်လို့  ဟုတ်လား..  ဒါက ဘာများ သိချင်
စရာရှိလို့လဲ..နေစမ်းပါဦး.. အက်ဂီ ဟုတ်လား..
နင်ကမှ အက်ဂီ..  နင်ကမှ ကြက်ဥဟဲ့.. ခွေးဥ..
မျိုးမစစ်ကောင်.. နင် ငါ့ကို'မြင့်မြတ်တဲ့ ဘုရင်မ'
လို့ ခေါ်ဖို့လိုတယ်..''

''ဟုတ်ပါပြီ အက်ဂီရယ်.. မင်းနာမည် ဘယ်လို
ခေါ်သလဲဆိုတာ  ငါ့ကို ပြောပြနိုင်မလား..  မင်း
က ဘယ်နေရာက လာခဲ့တာလဲ..''

''ရှူး ရှူး.. သွားစမ်းပါ.. ငါ့ဆီက သတင်းသိရဖို့
ကြိုးစားမယ်လို့ မတွေးနဲ့..''

ချူဖုန်းမှာ မူလက အနက်ရောင်ဥကြီးထံမှ တစ်
စုံတစ်ရာ သိရှိနိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့မိ
သော်လည်း  နောက်ပိုင်းတွင်မူ မေးခွန်းတိုင်းကို
သူမက  'မသိဘူး' သုံးကြိမ်ဖြင့်  တုံ့ပြန်သည်ကို
သာ တွေ့ကြုံလိုက်ရသည်။

သူမက အလွန်ခေါင်းမာစွာပင် နှုတ်ပိတ်ထားပြီး
သူမ မည်သူမည်ဝါဖြစ်သည်ကို လှစ်ဟရန်ဆန္ဒ
ရှိပုံမရချေ။ သို့သော်ငြားလည်း အကယ်၍ တစ်
စုံတစ်ဦးက  သူမအား  သူ၏ စိတ်ဝိညာဉ်ကမ္ဘာ
အတွင်း၌ ရည်ရွယ်ချက်ရှိရှိဖြင့်ချုပ်နှောင်ထားခဲ့
သည်ဆိုပါက လျှို့ဝှက်ထားသည့်အဓိပ္ပါယ်တစ်ခု
ခု ရှိလိမ့်မည်ဟု ချူဖုန်း ခံစားမိပေသည်။

အနည်းဆုံး ထိုလူက သူ့အားအန္တရာယ်ပေးလိမ့်
မည် မဟုတ်ချေ။ ထိုသို့မဟုတ်ခဲ့ပါက  ထိုလူ၏
နည်းလမ်းများနှင့်ဆိုလျှင် သူတို့က ယခင်ကပင်
သူ့အား သတ်နိုင်ပေသည်။

အဘယ်ကြောင့် ထိုသူများက ကမ္ဘာ့စိတ်ဝိညာဉ်
အခန်းတစ်ခုကို သူ့အတွက်ကူညီတည်ဆောက်
ပေးပြီး  သူ့အား အန္တရာယ်ပြုမည့် တစ်စုံတစ်ရာ
ကို ချုပ်နှောင်ထားခဲ့ပေမည်နည်း။ ထိုအဖြစ်က
အချည်းနှီးသော  အားထုတ်မှုဖြစ်သည်မှာ  ရှင်း
လင်းနေ၏။

ထို့ကြောင့်  ထိုလူက  သူ့အား အန္တရာယ်ပြုမည့်
သူ မဟုတ်ဟု ချူဖုန်း ဆုံးဖြတ်လိုက်လေသည်။
ထိုအစား သူတို့က  သူ့အား ကူညီပေးခဲ့ခြင်းပင်
ဖြစ်လိမ့်မည်ဖြစ်ပြီး ထိုအဖြစ်မှာ သူ၏မိသားစုမှ
ပြုလုပ်ပေးခဲ့ခြင်းသာ အဖြစ်နိုင်ဆုံးဟု ချူဖုန်း ခံ
စားမိနေပေတော့သည်။

                 - - - - - - - - - -
                  * * * * * * *

အခန်း(၁၀၇) ဆက်ရန်...''သိုင်းနတ်ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန်း(၁၀၇) ချုပ်နှောင်မှုကို ပယ်ဖျက်ခြင်း

ထိုအဖြစ်အားလုံးကို သိမြင်လိုက်ပြီးနောက်တွင်
ချူဖုန်းရင်ထဲ၌ ရှင်းပြမရနိုင်သော နွေးထွေးမှုကို
ခံစားလိုက်ရပြီး သူ၏မိသားစုက သူ့အားစွန့်ပစ်
ခဲ့ခြင်းမဟုတ်သည်ကို  သူ သိလိုက်သည်။  ထို့
အပြင်  သူတို့က  သူ့အတွက် ခိုင်မာသောအုတ်
မြစ်ကိုပင် ချထားပေးခဲ့ပြီး ဖြစ်၏။

သူ၏မိသားစုက သူ့အား ချန်ရစ်ထားခဲ့သည်မှာ
အကြောင်းရင်းအချို့  ရှိနေလိမ့်မည်ဟု သူ ခံစား
မိသည်။ သူက  ထိုအကြောင်းရင်းကို ရှာရမည်
ဖြစ်၏။ မည်သို့ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်
ကို သိရှိရန်  သူက  သူ၏မိသားစုနှင့် သူ၏မိဘ
များကို ရှာရမည်ဖြစ်၏။

''အို့ အို့.. နင် ဘာတွေ တွေးနေတာလဲ.. ငါ့ကို
အပြင်ထွက်နိုင်အောင် မြန်မြန်လုပ်ပေးစမ်းပါ..''
ချူဖုန်းမှာ လေးလေးနက်နက် စဉ်းစားမှုအတွင်း
၌ နစ်မြုပ်နေသည်ကို မြင်လျှင်  အနက်ရောင်ဥ
ကြီးက စတင် အော်ဟစ်လေတော့သည်။

''ငါပြောပါဦးမယ်.. မင်းက ငါ့ရဲ့  ဉာဏ်ရည်ကိုပဲ
အထင်သေးတာလား ဒါမှမဟုတ် မင်းကိုယ်မင်း
ပဲ အထင်ကြီးတာလား.. မင်းရဲ့မကျေမချမ်းမှုက
ဒီလောက်ကြီးလေးနေတာ..တကယ်လို့ မင်းကို
အပြင်ထုတ်ပေးလိုက်ရင် ငါက သေလမ်းရှာနေ
တာပဲပေါ့..''

ချူဖုန်းက  ဥကြီးထံ  ခက်ထန်စွာ တစ်ချက်စိုက်
ကြည့်လိုက်ပြီး  ၄င်းအား ထပ်မံ၍ အရေးမလုပ်
တော့ချေ။ သူက တင်ပလ္လင်ခွေ၍ ထိုင်လိုက်ပြီး
စိတ်ဝိညာဉ်စည်းစွမ်းအားနှင့် ဆက်သွယ်နိုင်ရန်
သူ၏ ဦးခေါင်းအတွင်းမှ အတွေးများကို  စတင် 
စုစည်းလိုက်သည်။

''အို့.. ချူဖုန်း.. သေနာကောင်လေး.. နင်က ငါ့
ကို လစ်လျူရှုပြီးနေရဲတယ်ပေါ့လေ..''
''မျိုးမစစ်ကောင်.. နင်က စိတ်ဝိညာဉ်စည်းစွမ်း
အားနဲ့ ဆက်သွယ်ချင်တယ်မဟုတ်လား.. ငါက
နင့်ကို သင်ပေးနိုင်တယ်ဟဲ့..''

''နင်က ခုထိ  ကုံးလုယွင်ကို အနိုင်ယူချင်သေး
တယ်မဟုတ်လား.. ငါက နင့်ကို ကူညီပေးနိုင်ပါ
တယ်.. ဟေး...''
အနက်ရောင်ဥကြီးက ချူဖုန်းမှ သူမအားအရေး
မစိုက်တော့မည်ကိုစိုးထိတ်ဟန်ဖြင့် ပြင်းထန်စွာ
စတင် လှုပ်ရှားလာလေတော့သည်။

''ငါ့ကို စိတ်ဝိညာဉ်စည်းစွမ်းအားနဲ့ ဆက်သွယ်
နိုင်အောင် မင်း တကယ် ကူညီနိုင်သလား..''
ချူဖုန်းက ၄င်းဥကြီးထံ သံသယဖြင့် လှမ်းကြည့်
လိုက်မိပြီး သူက သူမအား တစ်စုံတစ်ရာ လှည့်
ဖြားရန် မရည်ရွယ်ဘဲ စိတ်ဝိညာဉ်စည်းစွမ်းအား
နှင့်  ဆက်သွယ်ရန် ယခုပင် ကြိုးစားကြည့်မိခဲ့ရုံ
မျှသာဖြစ်သည်။ ထို့နောက်တွင်မှသာ အကယ်
၍ ကမ္ဘာ့စိတ်ဝိညာဉ်အခန်းကို တည်ဆောက်ပြီး
ဖြစ်လျှင်ပင် စိတ်ဝိညာဉ်စည်းစွမ်းအားနှင့် ဆက်
သွယ်ရန်မူ အလွန် ခက်ခဲနေဆဲဖြစ်သည်ကို သူ
သိလိုက်ရသည်။

''ငါ လုပ်ပေးနိုင်တာပေါ့.. ငါက ရုပ်ပြရုံပဲရှိတယ်
ထင်နေလား..''
''အခု  လောလောဆယ်မှာ   စိတ်ဝိညာဉ်စည်း
စွမ်းအားက ကမ္ဘာ့စိတ်ဝိညာဉ်အခန်းထဲမှာ ရှိနေ
ပြီးပြီ.. နင့်ကို အသုံးပြုခွင့် မပေးတာပဲရှိမယ်..''

''တကယ်လို့ နင့်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို သုံး
ပြီး ဆက်သွယ်မယ်ဆိုရင် နင်ကတစ်ကြိမ်ဆက်
သွယ်တိုင်းတစ်ကြိမ်ရှာရမယ်.. ပြီးတော့မှ နည်း
နည်းချင်း နားလည်လာနိုင်လိမ့်မယ်.. ဒီနည်းက
နင့်ရဲ့ အချိန်ကို ရက်အများကြီး ဖြုန်းတီးပစ်ပြီးမှ
နင်က စိတ်ဝိညာဉ်စည်းစွမ်းအားမဖြစ်စလောက်
လေးနဲ့ပဲ ဆက်သွယ်နိုင်လိမ့်မယ်..''

''ဒါပေမယ့်လည်း ငါ့မှာ မန္တန်တစ်ပုဒ်ရှိနေတယ်
..နင် အဲ့ဒီမန္တန်ကို သုံးလိုက်တာနဲ့ နင်က စိတ်ဝိ
ညာဉ်စည်းစွမ်းအားကို  အသုံးပြုနိုင်စွမ်း  ရှိလာ
လိမ့်မယ်..''

''နင် ဘယ်လောက်အသုံးပြုနိုင်မလဲ ဆိုတာက
တော့ နင့်ရဲ့ ကိုယ်ပိုင်ခွန်အား အပေါ်မှာ မူတည်
သေးတာပေါ့..  ဘာလို့လဲဆိုတော့ စိတ်ဝိညာဉ်
စည်းစွမ်းအားရဲ့  ခွန်အားက  နင့်ရဲ့  စိတ်ဝိညာဉ်
စွမ်းအားနဲ့ တူညီနေလို့ပဲ..''
အနက်ရောင်ဥကြီးက ရှင်းပြလိုက်၏။

''မန္တန် ဟုတ်လား.. ဒါက မင်းကိုချုပ်နှောင်ထား
တဲ့စည်းကို  ပယ်ဖျက်တဲ့ မန္တန်တော့ မဟုတ်ဘူး
မဟုတ်လား..''
အနက်ရောင်ဥကြီး  ပြောပြသည်ကို  ချူဖုန်းက
ယုံကြည်ခြင်း မရှိပေ။

''အို့ အို့.. နင်က ဘာတွေ ကြောက်နေတာလဲ..
ဒါက နင့်ရဲ့ ကိုယ်ပိုင်စိတ်ဝိညာဉ်ကမ္ဘာလေ.. ပြီး
တော့ အားလုံးက နင့်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ
ရှိနေတယ်.. ငါ့မှာ နင့်ကို အန္တရာယ်ပေးနိုင်မယ့်
နည်းလမ်းတစ်ခုမှ မရှိဘူး..''

''ပြီးတော့လည်း  ငါက စည်းနဲ့ချုပ်နှောင်ခံထား
ရတယ်လို့  ငါပြောခဲ့သားပဲ..  ငါ့ခန္ဓာကိုယ်က ဒီ
သောက်ပစ္စည်းထဲက ထွက်မရရုံတင် မကဘူး..
ငါ့ရဲ့  ကျင့်ကြံမှုကိုပါ   ကန့်သတ်ခံထားရတယ်..
လက်ရှိ ငါ့ရဲ့ခွန်အားက နင့်ထက်အများကြီးအား
နည်းတယ်..''

''အဲ့ဒီလိုမဟုတ်ဘူးဆိုရင် ငါက ဒီစည်းကို ပယ်
ဖျက်ဖို့ နင့်ရဲ့ အကူအညီလိုမှာတဲ့လဲ.. ငါက ဒီဥ
ကို အစောကြီးကတည်းက ခွဲထွက်ပြီးပြီပေါ့..''
အနက်ရောင်ဥကြီးက အနည်းငယ် ဒေါသထွက်
သွားဟန်ရှိ၏။

ချူဖုန်းက အနက်ရောင်ဥကြီးပြောသည်ကို စဉ်း
စားနေမိပြီး ၄င်းမှာ အကျိုးအကြောင်း ဆီလျော်
မှုရှိသည်ဟု  သူ ခံစားမိသည်။  ထို့နောက်တွင်
သူက မေးလိုက်၏။
''ငါ့ကို  မန္တန်ပြောပြလေ..  အဲ့ဒါက  အလုပ်ဖြစ်
မဖြစ် ကြည့်ရတာပေါ့..''

''ဟား.. နင်က ဒါကို အလကားလိုချင်နေတယ်
ပေါ့ ဟုတ်လား..''
အထင်သေးသည့် အသံတစ်ခုက အနက်ရောင်
ဥကြီးထံမှ ထွက်ပေါ်လာသည်။

''ဒါဖြင့် ငါ့ကို အဲ့ဒီမန္တန်ပြောပြဖို့အတွက် မင်းက
ဘာလိုချင်တာလဲ..''
''လွယ်လွယ်လေးပါ.. ငါ့ကိုကူညီပြီး  ဒီစည်းကို
ပယ်ဖျက်ပေးရုံပဲ..''

''အဲ့ဒါဆိုရင်တော့ စဉ်းတောင်မစဉ်းစားနဲ့..''
''ဟေး..  နင်က  ယောက်ျား တစ်ယောက်ရော
ဟုတ်ရဲ့လား.. နင်ဘာလို့  ဒီလောက် သူရဲဘော
ကြောင်ရတာလဲ.. ငါ့ရဲ့  ကျင့်ကြံမှုက ချုပ်နှောင်
ခံထားရတယ်လို့ ငါပြောပြီးပြီလေ..ပြီးတော့ နင့်
ကို အန္တရာယ်မပြုနိုင်ပါဘူးဆို.. အဲ့ဒါတွေအပြင်
ဒါက နင့်ရဲ့ ကိုယ်ပိုင်စိတ်ဝိညာဉ်ကမ္ဘာပဲကို..''

''ငါ့ကို  လှည့်စားဖို့ မကြိုးစားနဲ့.. ဒီကမ္ဘာ့စိတ်ဝိ
ညာဉ်အခန်းက အရမ်းအရမ်းကို ဆန်းကြယ်နေ
ပြီးတော့ ဒါကို ငါတောင်မထိန်းချုပ်နိုင်ဘူး..အဲ့ဒီ
လိုမဟုတ်ဘူးဆိုရင် ငါက စိတ်ဝိညာဉ်စည်းစွမ်း
အားကို ဘာကြောင့် အသုံးမပြုနိုင်ရတာလဲ.. ငါ
က ဘာကြောင့် အဲ့ဒါနဲ့ဆက်သွယ်ဖို့ လိုနေသေး
တာလဲ..''

''ငတုံး ငတုံး ငတုံး...  ငါက  နင့်ကို  အန္တရာယ်
မပြုပါဘူးလို့ ကောင်းကင်ကို သစ္စာဆိုပါတယ်..
ဟုတ်ပြီလား..အမှန်တကယ်တော့ ငါက အရမ်း
ကြင်နာတတ်တဲ့ လူတစ်ယောက်ပါ..''

''လူတစ်ဟောက်က အခုပဲပြောတာကို ငါကြား
မိလိုက်တာတော့ သူ့ကို ဒီနေရာမှာ ချုပ်နှောင်ခဲ့
တဲ့လူကို  သူ မသိတာပိုကောင်းမယ်တဲ့.. အဲ့လို
မှမဟုတ်ရင်  သူက အဲ့ဒီလူကို ပြန်ပေးဆပ်ခိုင်း
မယ်ဆိုပဲ..''

''ဒါက  အဲ့ဒီလူကို ပြန်ပေးဆပ်ခိုင်းရုံပါပဲ.. သူ့ရဲ့
အသက်ကိုယူဖို့ မဟုတ်ပါဘူး.. ဒါဆို ရပြီလား..
တကယ်လို့  ငါ့နေရာမှာ  နင်ဆိုရင်ရော  နေရာ
တစ်ခုမှာ  စားစရာမရှိ သောက်စရာမရှိ  စကား
ပြောဖို့  လူတစ်ယောက်တောင်မရှိဘဲ  ဆယ့်ငါး
နှစ်ကြာအောင် ပိတ်လှောင်ခံထားခဲ့ရရင် နင်က
ဘာရန်ညှိုးမှ မထားတော့ဘူးတဲ့လား..''

''နင်က  ချူမိသားစုရဲ့  အနိုင်ကျင့်တာ  ခံခဲ့ရပြီး
သောကရောက်ခဲ့ရတယ် ဆိုရင်တောင် အနည်း
ဆုံးတော့ နင့်ကို အနိုင်ကျင့်တဲ့ လူတစ်ယောက်
ရှိနေသေးတယ်..  ငါ့မှာ  အနိုင်ကျင့်ခံချင်တယ်
ဆိုရင်တောင် မဖြစ်နိုင်ခဲ့ဘူးရယ်..''

''ငါက နင့်ကို ဒီနေရာမှာ အမြဲတမ်းမမှိတ်မသုန်
စောင့်နေခဲ့ရတာ.. နင်က နောက်ဆုံးမှာ အခက်
အခဲတွေအမျာျးြားကြီးကြုံတွေ့ပြီးမှ ရောက်လာနိုင်
တာတောင် ငါ့ကို အပြင်ထွက်နိုင်အောင်  ကူညီ
ပေးဖို့ဆန္ဒမရှိဘူးပေါ့.. နင်က တကယ့်ကို မဟာ
ပြိုင်ဘက်ကင်းအယုတ်တမာကောင်ကြီးပဲ..''
ပြောရင်း ထိုနေရာသို့ရောက်လျှင် ငိုရှိုက်သံများ
က အနက်ရောင်ဥကြီး အတွင်းမှ ထွက်ပေါ်လာ
လေတော့သည်။

ထိုကဲ့သို့ ချိုသာသောအသံတစ်ခုက ထိုမျှအထိ
ဝမ်းနည်းပူဆွေးစွာ  ငိုကြွေးနေသည်မှာ  မခံစား
နိုင်ဖွယ်ဖြစ်၏။ အထူးသဖြင့် သူမ၏ စကားများ
ကို ကြားပြီးနောက်တွင် ချူဖုန်း၏စိတ်နှလုံးသား
မှာ ပျော့ပျောင်းလာပေတော့သည်။

အသေအချာ အေးအေးဆေးဆေးစဉ်းစားကြည့်
ပြီးနောက် သူမပြောသည်မှာ အကျိုးအကြောင်း
သင့်လျော်သည်ဟု  ချူဖုန်း ခံစားမိလိုက်သည်။
ထို့ကြောင့် သူက မေးလိုက်၏။
''ဒီစည်းကို ပယ်ဖျက်ဖို့  ငါက မင်းကို  ဘယ်လို
ကူညီရမှာလဲ..''

''ငါ့ခန္ဓာကိုယ်ထဲကစည်းကို နင် ပယ်ဖျက်မပေး
နိုင်ဘူး.. ဒါပေမယ့်  ဒီဥကိုတော့  နင်  ကူညီပြီး
ဖျက်ဆီးပေးလို့ရတယ်.. ဒီလိုဆိုရင် အနည်းဆုံး
တော့ ငါက နင့်ရဲ့ စိတ်ဝိညာဉ်ကမ္ဘာထဲမှာ လွတ်
လွတ်လပ်လပ်နေနိုင်ပြီ..''

''ဒီဥကို ဖျက်ဆီးဖို့နည်းလမ်းက လွယ်ပါတယ်..
နင်က  နင့်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး ဒီဥ
ကို အားနဲ့ တစ်ချက်ထိုးလိုက်ရုံပဲ..''

''ဒီလောက် လွယ်လို့လား..''
ချူဖုန်းက အနည်းငယ် သံသယရှိနေ၏။

''ဒါက  အဲ့ဒီလောက်ကို လွယ်တယ်.. တကယ်
လို့ နင်က ငါ့ကို မယုံဘူးဆ်ိုလည်း စမ်းကြည့်ရုံပဲ
လေ ဟုတ်တယ် မဟုတ်လား..''
အနက်ရောင်ဥကြီးအတွင်းမှ ကလေးဆိုးတစ်ဦး
ကဲ့သို့ အသံတစ်ခုထွက်ပေါ်လာသည်။

''ကောင်းပြီလေ..  နောက်ဆုတ်နိုင်သလောက်
ဆုတ်နေ.. ဒါမှ ငါ့လက်သီးချက်က မင်းကို မထိ
ခိုက်မိမှာ..''

ချူဖုန်းက အနက်ရောင်ဥကြီးအရှေ့သို့ လျှောက်
လှမ်းသွားလိုက်ပြီး သူ၏စိတ်ဝိညာဉ်စွမ်းအားကို
အသုံးပြု၍  ၄င်းကို စူးစမ်းလိုက်သည်။  အနက်
ရောင်ဥကြီးမှာ  အလွန် ဆန်းကြယ်သည်ကို သူ
တွေ့ရှိလိုက်ရပြီး  ထိုခဏ၌ သူက ၄င်းကို ထွင်း
ဖောက်၍ မမြင်နိုင်ပါချေ။

ချူဖုန်းက အံကြိတ်လိုက်ပြီး  သူ၏ လက်သီးကို
ရုတ်တရက်  ထိုးထုတ်လိုက်၏။  ဝုန်းခနဲ အသံ
တစ်ခုနှင့်အတူ  အနက်ရောင်ဥကြီး အပေါ်တွင်
လက်သီးရာတစ်ခုက ဖြစ်ပေါ်လာသည်။  မရေ
မတွက်နိုင်သော အက်ကြောင်းများ ဖြစ်ပေါ်လာ
ပြီး စတင်ပျံ့နှံ့သွားလေသည်။

''ဖျစ် ဖျစ် ဖျစ်..''
အက်ကြောင်းများက  အလျင်အမြန်  ဖြန့်ထွက်
သွားပြီး ပြတ်သားသောအသံများကိုဆက်လက်
ထွက်ပေါ်နေစေသည်။  ထူးဆန်းသော အနက်
ရောင်ဥကြီးမှာ ချူဖုန်း၏ လက်သီးတစ်ချက်နှင့်
ပင်  အမှန်တကယ် ဖျက်ဆီးခံလိုက်ရပြီး စတင်
အက်ကွဲလာလေတော့သည်။

နောက်ဆုံးတွင်  အနက်ရောင်ဥကြီးမှာ  နှစ်ပိုင်း
ကွဲထွက်သွားလေသည်။  တစ်ချိန်တည်း၌ လှပ
သော အရိပ်သဏ္ဍာန်တစ်ခုကလည်း  ချူဖုန်း၏
မျက်စိရှေ့မှောက်တွင် ပေါ်ပေါက်လာလေတော့
သည်။

၄င်းမှာ ဆောင်းနှင်းပွင့်လို အသားအရေရှိသည့်
တိုင် ထိုအသားအရေပေါ်တွင် နှင်းဆီရောင်ရွှန်း
စိုနေသည့် မိန်းမငယ်လေး တစ်ဦးပင်ဖြစ်သည်။
တစ်ချက်စိုက်ကြည့်မိရုံနှင့်ပင်  သူမ၏  အသား
အရေမှာ  ချောမွေ့လွန်းသောကြောင့် လူအများ
အား  အမှန်တကယ် ထိတွေ့ခံစားလိုစိတ် ဖြစ်မိ
စေမည်ကို ပြောနိုင်ပေသည်။

သို့သော်ငြားလည်း  သူ့ရှေ့မှောက်၌ ချူဖုန်းအား
အဆွဲဆောင်နိုင်ဆုံး အရာကား  မိန်းမငယ်လေး
၏မျက်နှာပင်ဖြစ်သည်။ ပြီးပြည့်စုံသောမျက်နှာ
ဝိုင်းလေးထက်တွင်  တောက်ပ၍ ကြီးမားသည့်
မျက်လုံးတစ်စုံ  ရှိနေသည်။  အနက်ရောင်မျက်
လုံးအိမ်အတွင်း၌ ကြယ်ပင်လယ်တစ်ခု ရှိနေသ
ကဲ့သို့ဖြစ်ပြီး နက်ရှိုင်း၍ ဆွဲဆောင်မှုရှိလှ၏။

သူမ၏  လှပသော မျက်လုံးများ အောက်တွင်မူ
ချောမွေ့သော နှစ်လိုဖွယ် နှာတံတစ်ခု ရှိနေ၏။
သူမ၏နှုတ်ခမ်းလေးများမှာ အနည်းငယ်ဖူးငုံနေ
လျက် ၄င်းတို့က ဆွဲဆောင်မှုရှိစွာဖြင့်လှပနေပြီး
အလွန်တရာ စွဲမက်ဖွယ် ကောင်းလှ၏။

သူမ၏ အနက်ရောင်ဆံနွယ်များက သူမ၏ နှင်း
ဖြူရောင် ပခုံးသားများထက်တွင် ဖြန့်ကျဲလျက်ရှိ
ပြီး ၄င်းမှာအလွန်ညှို့ဓါတ်ပြင်းနေတော့၏။ သူမ
၏ခန္ဓာကိုယ်မှာ ပြီးပြည့်စုံလှသည်ဟုပင် ဆိုနိုင်
ပေသည်။ ရှိသင့်သည့်နေရာတွင် အားလုံးရှိနေ
လျက် ကောင်းစွာ ဖွံ့ဖြိုးလှပေ၏။

သူမ၏ဂါဝန်မှာလည်း အလွန်ထူးခြားပေသည်။
၄င်းကို   အနက်ရောင် အမွှေးအတောင်များဖြင့်
ရက်လုပ်ထားပြီးလျှင်   ထိုအမွှေးအတောင်များ
က မည်သည့်အရာများဖြစ်သည်ကို  မည်သူက
မှမသိသော်လည်း ၄င်းတို့မှာ အလွန်တရာ လှပ
ပေသည်။

အထူးသဖြင့်  အနက်ရောင်ဂါဝန်က  အလွန်တို
နေချိန်တွင်ဖြစ်သည်။  ၄င်းက အထက်ပိုင်းတွင်
နှင်းဖြူရောင်ပခုံးသားများကို လှစ်ဟနေလျက်ရှိ
ပြီး အောက်ပိုင်းတွင်မူ နှင်းဖြူရောင်ခြေထောက်
များကို လှစ်ဟလျက်ရှိသည်။  ထို့အပြင်  အဖြူ
ရောင်နှင့်  အနက်ရောင်အကြား  အပြန်အလှန်
ယှက်နွယ်နေမှုက  သူမအား နတ်သမီးလေးကဲ့
သို့ ထင်မြင်မိစေလေသည်။ သူမထံမှလာသော
အလှတရားက  လူအများအား  အသက်ရှူ  ရပ်
သွားစေနိုင်ပေသည်။

လှပပေ၏။ သူမကား အလွန်တရာ လှပပေ၏။
သူမက  ချူဖုန်း၏ တစ်သက်တာ၌ မြင်တွေ့ဖူးခဲ့
သမျှတွင်  အလှပဆုံးအမျိုးသမီးပင် ဖြစ်သည်။

အကယ်၍ စူးရို့နှင့်စူးမေတို့ညီအစ်မမှာ သူတို့၏
အလှတရားဖြင့်  မြို့တစ်မြို့ကို  ဖျက်ဆီးနိုင်သည်
ဟု ဆိုခဲ့လျှင် ဤမိန်းကလေး၏ အသွင်အပြင်မူ
ကား  သက်ရှိအားလုံးအား  အကြွင်းမဲ့ အသက်
ရှူမှား  မူးမိုက်သွားစေနိုင်သည်ဟုပင် ဆိုရမည်
ဖြစ်ပေတော့သည်။

                 - - - - - - - - - -
                  * * * * * * *

အခန်း(၁၀၈) ဆက်ရန်...''သိုင်းနတ်ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန်း(၁၀၈) ဘီလူးနှစ်ကောင်

''နင်  ဘာတွေကြည့်နေတာလဲ..  ဒီအသက် ဒီ
အရွယ်နဲ့  ဒီလောက်ဏှာထနေရင်  နင် အရွယ်
ရောက်လာရင် ဘယ်လိုများ နေလိမ့်မလဲ..''
မိန်းကလေးက   ချူဖုန်းထံ   အထင်သေးသည့်
အကြည့်ဖြင့်တစ်ချက်စိုက်ကြည့်လိုက်ရင်း သူမ
၏မျက်တောင်ကို  ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်
သည်။

''မင်းမှားနေပြီ..  ဒါက ဏှာထတာမဟုတ်ဘူး..
ဒါကို ရသခံစားတာလို့ ခေါ်တယ်..''
ချူဖုန်းက  သူ၏ နှုတ်ခမ်းများကို သုတ်လိုက်ပြီး
သည့်နောက်တွင်မှ သူသွားရည်ကျနေသည်ကို
တွေ့ရှိလိုက်ရသည်။

''ကျွတ်.. နင့်မှာ အကြောင်းပြချက်တွေအတော်
များများ ရှိနေတာပဲ..''
မိန်းကလေးက  ချူဖုန်းထံ  ထပ်မံ၍ စိုက်ကြည့်
လိုက်ပြန်သည်။  ထို့နောက်တွင်မူ သူမနှုတ်ခမ်း
ထောင့်စွန်းများက  မသိမသာ ထိုးတက်သွားပြီး
နှိုင်းယှဉ်စရာမရှိနိုင်သည့်  ချိုမြသော  အပြုံးက
ဖူးပွင့်လာလေတော့သည်။

''ဝါး.. လွတ်လပ်မှုရဲ့ အရသာက  အခုချိန်အထိ
အကောင်းဆုံးပါပဲလား..''
မိန်းကလေးက ပျော်ရွှင်သွားပြီး ပထမတွင် သူမ
က သူမ၏လက်များကို ဖွင့်ထုတ်လျက် သူမရပ်
နေရာ၌ပင် ချာလပတ်လည်အောင် လှည့်လိုက်
ပြီးနောက်   စိတ်ဝိညာဉ်ကမ္ဘာအတွင်းရှိ  နေရာ
အနှံ့သို့ စတင်ပြေးလွှားနေလေတော့သည်။

သူမက ပျော်စရာကိုသာ အလိုရှိသော ကလေး
ငယ်တစ်ဦးနှင့်  အလားတူ  ဖြစ်နေသော်လည်း
အမှန်တကယ်တွင်မူ  သူမက  လှောင်အိမ်ထဲမှ
လွတ်မြောက်သွားသည့်ငှက်တစ်ကောင်နှင့် ပို၍
တူနေပေသည်။

''အမျိုးသမီးလေး..  မင်းကို ငါက ဘယ်လိုခေါ်
ရမလဲဆိုတာ သိပါရစေလား..''
ချူဖုန်းက မေးလိုက်၏။

''ဘာအမျိုးသမီးလဲ.. ငါ့ကို  မြင့်မြတ်တဲ့ဘုရင်မ
လို့ခေါ်..''
မိန်းကလေးက စကားထောက်လိုက်သည်။

''မြင့်မြတ်တဲ့ဘုရင်မ ဟုတ်လား.. မင်းက  အခု
မိန်းကလေးငယ်ငယ်လေးဆိုတာ ရှင်းနေတာပဲ.
မင်းကို ဘယ်လိုခေါ်ရမလဲဆိုတာ  ငါ့ကို ပြောပြ
ပါ..ဒီလိုမှမဟုတ်ရင်တော့ ငါက မင်းကို အက်ဂီ
လို့ပဲခေါ်ရလိမ့်မယ်..''

''မျိုးမစစ်ကောင်..  နင်ကမှ အက်ဂီဟဲ့..  နင့်ရဲ့
တစ်မိသားစုလုံး ဥကပေါက်တဲ့ဥမျိုးဥနွယ်တွေ.''
မိန်းကလေးက  ချူဖုန်းထံ လျှာထုတ်ပြလိုက်ပြီး
သူမ၏မျက်နှာကို  ဆွဲပြလိုက်သည်။  ယခုအပြု
အမူကား  ကလေးဆိုး ဆိုးသည်ဟုပင် ဆိုရပေ
မည်။

အကယ်၍ သူမက သူ၏ စိတ်ဝိညာဉ်ကမ္ဘာထဲ၌
ဆယ့်ငါးနှစ်တိုင်အောင်  စောင့်နေခဲ့ရပြီး  လွန်ခဲ့
သောဆယ့်ငါးနှစ်ကပင်  အသိဉာဏ်ရင့်ကျက်မှု
ရှိနေပြီး မဟုတ်ခဲ့လျှင် သူမက ယခုအချိန်အထိ
ကြွက်စုတ်ကလေးသာသာရှိနေသည်ကို ချူဖုန်း
သံသယဝင်မိပေလိမ့်မည်။

''အို့.. အက်ဂီ.. လူဆိုတဲ့အဓိပ္ပါယ်က  ရိုးသားဖို့
လိုတာပဲ.. အခုက စိတ်ဝိညာဉ်စည်းစွမ်းအားကို
စုဖွဲ့ဖို့အတွက်မန္တန်ကို  ပြောပြရမယ့် အချိန်ကျပြီ
မဟုတ်လား..''

''ငါက လူမှမဟုတ်တာ.. ဒီတော့ ငါက ရိုးသား
ဖို့မလိုဘူးဆိုတဲ့ အဓိပ္ပါယ်ရတယ်မဟုတ်လား..''

''မင်း...''
ချူဖုန်းမှာ ပြောစရာစကားမရှိဖြစ်သွားတော့၏။
အရှက်မဲ့သူများအား ယခင်က သူတွေ့ဖူးခဲ့သော်
လည်း သူ့ထက်ပို၍အရှက်မဲ့သူအား အလွန်မြင်
တွေ့ရခဲသောကြောင့်  ယနေ့တွင်  သူက မိန်းမ
ငယ်လေးတစ်ဦးထံ ရှုံးနိမ့်ရလိမ့်မည်ဟု  တစ်ခါ
မှတွေးမထားမိခဲ့ပေ။

''ဟားဟား..  ဟုတ်ပါပြီ..  ငါက  လူမဟုတ်ပေ
မယ့်လည်း  အရမ်း ရိုးသားဖြောင့်မတ်ပါတယ်..
ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ..  အခုချိန်ကစပြီး
တော့ နင်က ငါ့ကို မြင့်မြတ်တဲ့ဘုရင်မ လို့ခေါ်ဖို့
ကတိပေးလိုက်တာနဲ့ အဲ့ဒီမန္တန်ကို နင့်ကိုပြောပြ
မယ်လေ..''

''မြင့်မြတ်တဲ့ဘုရင်မ..''
ချူဖုန်းက အခိုင်အမာ အော်ခေါ်လိုက်၏။

''သောက်ပဲ.. နင့်မှာ  ဘာဂုဏ်သိက္ခာမှကို  မရှိ
ဘူးပဲ..''
မိန်းကလေးက  ချူဖုန်းထံ  တစ်ချက်စိုက်ကြည့်
လိုက်ပြီးနောက်တွင်   ချူဖုန်း  နားမလည်သော
ဘာသာစကားတစ်မျိုးဖြင့် စကားစုအချို့ကို ရွတ်
ဆိုလိုက်လေသည်။

သူမ စတင် ရွတ်ဆိုလိုက်သည့်ခဏ၌ပင် စိတ်ဝိ
ညာဉ်ကမ္ဘာအတွင်း၌ မရေမတွက်နိုင်သည့် ထူး
ဆန်း၍   ထွင်းဖောက်မြင်နိုင်သော   အငွေ့များ
ထွက်ပေါ်လာပြီး  မိန်းကလေးအနီးတွင်  စတင်
လှည့်လည်နေကြသည်။

''သွား...''
ရုတ်တရက်  မိန်းကလေးက  သူမလက်ညှိုးဖြင့်
ချူဖုန်းထံ ညွှန်ပြလိုက်ပြီး  အငွေ့များက ချူဖုန်း
၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားကြသည်။

''စိတ်ဝိညာဉ်စည်းစွမ်းအား..''
ထိုအခိုက်အတန့်၌ ထူးဆန်း၍ ထွင်းဖောက်မြင်
နိုင်သည့် ထိုအငွေ့များမှာ စိတ်ဝိညာဉ်စည်းစွမ်း
အားဖြစ်သည်ကို ချူဖုန်းတွေ့ရှိလိုက်ရသည်။

''ငါတစ်ယောက်ပဲ မန္တန်ကိုအသုံးပြုလို့ရတယ်..
ဒါပေမယ့် ဒီနေရာမှာ ငါရှိနေသရွေ့ စိတ်ဝိညာဉ်
စည်းစွမ်းအားကို နင်သုံးလို့ ရနေမှာပဲ..''
စိတ်ဝိညာဉ်စည်း စွမ်းအားကို  ချူဖုန်းခန္ဓာကိုယ်
အတွင်းသို့  ပို့လွှတ်ပေးပြီးနောက်  မိန်းကလေး
က ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။

''မြင့်မြတ်တဲ့ဘုရင်မ..  ခင်ဗျားက  အတော်ကို
အထင်ကြီးစရာ ကောင်းတာပဲ..  ပြီးခဲ့တဲ့ အချိန်
တုန်းက ကုံးလုယွင်ကို အနိုင်ရအောင် ကျုပ်ကို
ကူညီပေးနိုင်တယ်လို့ ခင်ဗျားပြောခဲ့တယ်နော်..
အဲ့ဒီလိုလုပ်နိုင်ဖို့  ခင်ဗျား ဘယ်လိုစီစဉ်ပေးမလဲ
ဆိုတာ ကျုပ်သိချင်စမ်းပါရဲ့ ..''
ချူဖုန်းက သဲ့သဲ့ရယ်လိုက်ပြီး မေးလိုက်၏။

''ငါက  နင့်ကို  ကူညီပေးနိုင်တာပေါ့..  နင်သာ
အရည်အချင်းပြည့်ဝတဲ့  ကမ္ဘာ့စိတ်ဝိညာဉ်ထိန်း
ချုပ်သူတစ်ယောက်  ဖြစ်လာခဲ့ရင်  ဘယ်နေရာ
မှာမဆို ဧည့်သည်တော်အဖြစ်ရှုမြင်ခံရပြီး မရေ
မတွက်နိုင်တဲ့လူတွေက  နင့်ကို  အကျိုးအမြတ်
တွေ အမျာျးြားကြီးပေးကြလိမ့်မယ်..''

''နင့်ရဲ့ စွမ်းအင်ဗဟိုချက်မှာ ရှိနေတာက ဘယ်
လိုဟာလဲဆိုတာ ငါမသိပေမယ့်လည်း  အဲ့ဒါက
စိတ်ဝိညာဉ်ဆေးတွေကို  မြန်မြန်ဆန်ဆန် သန့့််
စင်ဖို့  နင့်ကို ကူညီပေးနိုင်တယ်..  အဲ့ဒါနဲ့ဆိုရင်
နင့်ရဲ့ ကျင့်ကြံမှုအမြန်နှုန်းက  အရမ်းကိုမြန်ဆန်
နေမှာပဲ..''

''ဒါပေမယ့်လည်း တကယ်လို့ လူတွေကနင့်ကို
ဧည့်သည်တော်အဖြစ်ရှုမြင်တာကို လိုချင်တယ်
ဆိုရင် သူတို့အတွက် ကိစ္စတချို့ကိုလုပ်ပေးဖို့ လို
လိမ့်မယ်.. ဒါကြောင့်  အခု လောလောဆယ်မှာ
နင်လုပ်ရမှာက  အရည်အချင်းပြည့်ဝတဲ့  ကမ္ဘာ့
စိတ်ဝိညာဉ်ထိန်းချုပ်သူတစ်ယောက်  ဖြစ်လာဖို့
ပဲ..''
မိန်းကလေးက ရှင်းပြနေလေသည်။

''အရည်အချင်း ပြည့်ဝတဲ့   ကမ္ဘာ့ စိတ်ဝိညာဉ်
ထိန်းချုပ်သူတစ်ယောက်  ဟုတ်လား..  တစ်ဦး
တစ်ယောက်က အရည်အချင်းပြည့်ဝတဲ့  ကမ္ဘာ့
စိတ်ဝိညာဉ် ထိန်းချုပ်သူတစ်ယောက် အဖြစ်ကို
ဘယ်လိုမျိုးမှ သတ်မှတ်ခံရမှာလဲ..''
ချူဖုန်းက မေးလိုက်၏။

''လူအများစုအတွက်ကတော့  သူတို့က စိတ်ဝိ
ညာဉ်စည်းစွမ်းအားကို အသုံးပြုနိုင်မယ်  စိတ်ဝိ
ညာဉ်စည်းမန္တန်တွေကိုရွတ်ဆိုနိုင်ပြီး ခံစစ်စည်း
တွေကို ဖန်တီးနိုင်မယ်ဆိုတာနဲ့  သူတို့ကိုယ်သူ
တို့  ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတစ်ယောက်
အဖြစ်  ရှုမြင်လိုက်ကြတာပဲ.. ဒါပေမယ့်  အမှန်
တကယ်တမ်းမှာတော့ အဲ့ဒီလိုလူတွေကို ကမ္ဘာ့
စိတ်ဝိညာဉ်ထိန်းချုပ်သူတစ်ယောက်လို့  သတ်
မှတ်လို့ မရဘူး..''

''အရည်အချင်း ပြည့်ဝတဲ့   ကမ္ဘာ့ စိတ်ဝိညာဉ်
ထိန်းချုပ်သူတစ်ယောက်ဆိုတာ  အသန်မာဆုံး
ခံစစ်နည်းလမ်းတွေကို  ဆုပ်ကိုင်ထားနိုင်ဖို့  လို
အပ်ရုံတင်မကဘူး  သူတို့အနေနဲ့ အသန်မာဆုံး
တိုက်စစ်နည်းလမ်းတွေကိုလည်း ဆုပ်ကိုင်ထား
နိုင်ဖို့  လိုအပ်သေးတယ်..  စိတ်ဝိညာဉ်စည်းကို
ခံစစ်အတွက်အသုံးပြုပြီး ကမ္ဘာ့စိတ်ဝိညာဉ်တွေ
ကို  တိုက်စစ်အတွက် အသုံးပြုနိုင်တဲ့သူမျိုးတွေ
ကမှ အစစ်အမှန် ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူ
တွေပဲ..''

မိန်းကလေး၏စကားများကိုကြားပြီးနောက်တွင်
ချူဖုန်းမှာ အတော်ပင် စိတ်လှုပ်ရှားတက်ကြွနေ
မိလေသည်။ မိန်းကလေး၏ အသုံးဝင်မှုများကို
နောက်ဆုံး၌  သူသိလိုက်ရပြီဖြစ်၏။  သူမကား
သူ့အား  ကမ္ဘာ့စိတ်ဝိညာဉ်  ထိန်းချုပ်သူတစ်ဦး
ဖြစ်လာစေရန် သင်ကြားပေးမည့် နည်းပြတစ်ဦး
ပင် ဖြစ်ပေတော့သည်။

''စိတ်ဝိညာဉ်စည်းက ဘာလဲဆိုတာ ကျုပ်သိပါ
ပြီ.. ဒါပေမယ့် ကမ္ဘာ့စိတ်ဝိညာဉ်တွေ ဆိုတာက
ဘာတွေလဲ..''
ချူဖုန်းက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

''စိတ်ဝိညာဉ်စည်းစွမ်းအားဆိုတာ စိတ်ဝိညာဉ်
ကမ္ဘာကလာတယ်..လူသားကမ္ဘာရဲ့ စိတ်ဝိညာဉ်
စွမ်းအင် မူလစွမ်းအားနဲ့နက်နဲစွမ်းအားတို့လိုမျိုး
ပဲလေ..''

''ကမ္ဘာ့စိတ်ဝိညာဉ်တွေဆိုတာက  စိတ်ဝိညာဉ်
ကမ္ဘာကလာတဲ့ သက်ရှိတစ်မျိုးပဲ..သူတို့တွေက
အလွန်အင်မတန် သန်စွမ်းတဲ့စွမ်းအား  ရှိကြပြီး
တော့  နင်တို့ရဲ့  ခန္ဓာကိုယ်ထဲမှာ  မှီတင်းနေနိုင်
ကြတယ်..''

''တခြားအဓိပ္ပါယ်ကတော့  တကယ်လို့  နက်နဲ
နယ်ပယ် ကမ္ဘာ့စိတ်ဝိညာဉ် တစ်ကောင်က  နင့်
အတွက် အမှုထမ်းပေးဖို့ ဆန္ဒရှိတယ်ဆိုရင် နင်
က စိတ်ဝိညာဉ်နယ်ပယ် အဆင့်ရှစ်  ဖြစ်နေရင်
လည်း အရေးမကြီးဘူး.. သူက နင့်နောက်မှာရှိ
နေပြီး နင်က နက်နဲနယ်ပယ်သိုင်းပညာရှင်တစ်
ယောက် ဖြစ်လာလိမ့်မယ်..''
မိန်းကလေးက ရှင်းပြလိုက်၏။

''ဒီလောက်တောင်သန်မာသလား.. အဲ့ဒီ ကမ္ဘာ့
စိတ်ဝိညာဉ်တစ်ကောင်နဲ့ ဆက်သွယ်နိုင်စွမ်း ရှိ
ဖို့အတွက်  ကျုပ်က  ဘာတွေကိုလုပ်ဖို့ လိုအပ်
သလဲ...  ဒီကမ္ဘာ့စိတ်ဝိညာဉ်  အခန်းထဲမှာရော
ကမ္ဘာ့စိတ်ဝိညာဉ်တွေ ရှိနေလား..''
ချူဖုန်းက နေရာအနှံ့သို့ စတင်လှမ်းကြည့်လိုက်
ပြီး  ကမ္ဘာ့စိတ်ညာဉ်တစ်ကောင်၏ အရိပ်တစ်ခု
ကိုပင် တွေ့လိုတွေ့ငြား ရှာဖွေနေမိလေသည်။

''ဘယ်ရှိမှာလဲ.. ကမ္ဘာ့စိတ်ညာဉ်တွေက စိတ်ဝိ
ညာဉ်ကမ္ဘာမှာ နေကြတာ.. နင့်ရဲ့ လက်ရှိစိတ်ဝိ
ညာဉ်စွမ်းအားနဲ့ဆိုရင် အဲ့ဒီကမ္ဘာကိုဆက်သွယ်
ဖို့ နည်းလမ်းလုံးဝမရှိဘူး..''

''နင် မပြောနဲ့.. ဟိုရုပ်ဆိုးလွန်းတဲ့ အကြီးအကဲ
ကျူးကော်ဆိုရင်တောင်  ကမ္ဘာ့စိတ်ဝိညာဉ်တစ်
ကောင်ကို သူ့အတွက်  အမှုထမ်းပေးဖို့  မရနိုင်
ဘူး.. အမှန်တကယ်တမ်းမှာ သူ့ကို အစစ်အမှန်
ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူတစ်ယောက် လို့
တောင် မသတ်မှတ်နိုင်ဘူး..''
မိန်းကလေးက အထင်သေးဟန်ဖြင့် ပြောလိုက်
သည်။

''ဘယ်လို..အကြီးအကဲကျူးကော်တောင် ဒီလို
မလုပ်နိုင်ဘူး ဟုတ်လား..''
ချူဖုန်းကား ပြောရန်စကားလုံးများပင်  အနည်း
ငယ်ပျောက်ဆုံးသွား၏။ အကြီးအကဲကျူးကော်
၏ စိတ်ဝိညာဉ်စွမ်းအားက သူ့ထက် များစွာသာ
လွန်သည်မှာ  အသေအချာပင်  ဖြစ်လေသည်။
အကယ်၍  အကြီးအကဲကျူးကော်က  ထိုသို့ပြု
လုပ်နိုင်ခြင်းမရှိလျှင်  သူ့အဖို့  မျှော်လင့်ချက်က
ပို၍ပင်ဝေးနေချေပြီ။

''ဒီလောက်လည်း စိတ်ပျက်အားလျှော့ဖို့  မလို
ပါဘူး..  တစ်ယောက်ယောက်က   နင့်အတွက်
လက်ဆောင်အကြီးကြီးတစ်ခု ပြင်ဆင်ပေးထား
ပါတယ်.. သူတို့က အနည်းဆုံးတော့ ကမ္ဘာ့စိတ်
ဝိညာဉ်နှစ်ကောင်ကိုဖမ်းပြီး  နင့်ရဲ့  စိတ်ဝိညာဉ်
ကမ္ဘာထဲမှာ ပိတ်လှောင်ပေးထားတယ်လေ..''
ရုတ်တရက် မိန်းကလေးက ပြုံးလိုက်၏။

''တကယ်ပဲလား..  အဲ့ဒီ ကမ္ဘာ့စိတ်ဝိညာဉ်တွေ
က ဘယ်မှာလဲ..''
ချူဖုန်းက  မိန်းကလေးဆိုလိုသည့် အဓိပ္ပါယ်ကို
သဘောပေါက်ပေသည်။ ကမ္ဘာ့စိတ်ဝိညာဉ်များ
အား သူ့အတွက် ပြင်ဆင်ပေးထားသည်မှာ  သူ
၏မိသားစုပင်ဖြစ်သည်ကား သံသယဖြစ်ရန်မရှိ
ပါချေ။

''အခု လတ်တလောမှာ  ကမ္ဘာ့စိတ်ဝိညာဉ် နှစ်
ကောင် ရှိနေတယ်..  တစ်ကောင်က  အရမ်းကို
သန်မာတယ်..  ကျန်တဲ့ တစ်ကောင်က  အရမ်း
ကို အားနည်းတယ်.. ဒါပေမယ့်လည်း သူတို့ထဲ
က ဘယ်သူမှ နင့်ဆီမှာ အလကားအမှုထမ်းမှာ
မဟုတ်ဘူး..  ဒါကြောင့်  အခု လောလောဆယ်
နင့်အနေနဲ့  ဘယ်တစ်ကောင်ကို  ပိုစိတ်ဝင်စား
သလဲဆိုတာ ငါသိချင်တယ်..''
မိန်းကလေးက  ချူဖုန်းထံသို့  လှမ်းကြည့်လိုက်
ရင်းမှ တစ်ခစ်ခစ်ရယ်မောနေသည်။

''အားနည်းတဲ့တစ်ကောင်အကြောင်းကို အရင်
ပြောကြတာပေါ့..''
ချူဖုန်းက အနည်းငယ်တွေးတောလိုက်ပြီး အား
နည်းသည့်တစ်ကောင်ကို ထိန်းချုပ်ရန် ပိုမိုသင့်
လျော်လိမ့်မည်ဟု ခံစားမိလေသည်။

''အားနည်းတဲ့  တစ်ကောင်က  ဟိုတံခါးကြီးရဲ့
နောက်ကွယ်မှာ ရှိတယ်..''
မိန်းကလေးက ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခု
ထုတ်လွှတ်နေသော တံခါးထံ သူမလက်ညှိုးကို
ကို ညွှန်ပြလိုက်သည်။

''အဲ့ဒီအနောက်ဘက်မှာ ကမ္ဘာ့စိတ်ဝိညာဉ်တစ်
ကောင်ကို ပိတ်လှောင်ထားတာလား..''
ချူဖုန်းမှာ တံတွေးကိုမမျိုချမိဘဲ မနေနိုင်ပါချေ။
ကမ္ဘာ့စိတ်ဝိညာဉ်ဆိုသူများအား သူတစ်ခါမှမြင်
ဖူးခြင်း မရှိသော်လည်း  ထိုနေရာရှိ ကမ္ဘာ့စိတ်ဝိ
ညာဉ်က အလွန် ကြောက်မက်ဖွယ်ကောင်းမည်
မှာ  အသေအချာပင် ဖြစ်သည်ကိုလည်း  သူသိ
နေပေသည်။

''ဟုတ်ပါပြီ.. အဲ့ဒီတံခါးနောက်မှာ ဘာကို ပိတ်
လှောင်ထားတယ်လို့  နင်ထင်နေသလဲ..  အဲ့ဒီ
ကမ္ဘာ့စိတ်ဝိညာဉ်က အလွန်အင်မတန်ကိုကြမ်း
ကြုတ်ပြီးတော့  သူက နင့်ဆီမှာ အမှုမထမ်းဘူး
ဆိုတာ သေချာတယ်..''

''အဲ့ဒါက အရမ်းအားနည်းတယ်လို့ ငါပြောခဲ့ပေ
မယ့် နင့်အဖို့တော့ အားမနည်းဘူး..တကယ်လို့
နင်က အဲ့ဒါကို လွှတ်ပေးလိုက်ရင်  နင့်ရဲ့ စိတ်ဝိ
ညာဉ်စွမ်းအားက  သူ့ကို ထိန်းချုပ်နိုင်စွမ်း  ရှိမှာ
မဟုတ်ဘူး..''

''သူက နင့်ရဲ့ ခန္ဓာကိုယ်ကို ယူပြီး ကြားခံအဖြစ်
သုံးမယ်..  ပြီးရင် လူသားကမ္ဘာထဲမှာ  ဆက်နေ
လိမ့်မယ်..သူ့ရဲ့စိတ်သဘောထားနဲ့ဆိုရင် နင်တို့
ရဲ့စီရင်စုကိုးခုစလုံး သူဖျက်ဆီးတာကို ခံလိုက်ရ
တာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်..''

''ဒါက  ဒီလောက် သန်မာသလား..  ဒီိလောက်
ကြောက်စရာကောင်းတဲ့  ဘီလူးတစ်ကောင်ကို
ကျုပ်ရဲ့ခန္ဓာကိုယ်ထဲမှာ ပိတ်လှောင်ထားတာပေါ့
ဟုတ်လား..''
ချူဖုန်းမှာ အသက်ရှူမှားသွား၏။  သို့သော်ငြား
လည်း သူ ပို၍တွေးမိလေ သူ၏ မိသားစုအပေါ်
ပို၍အထင်ကြီးမိလေ ဖြစ်သည်။

သူတို့က  တိုင်းတာမရနိုင်အောင် သန်မာသော
လူတစ်ယောက်အား  စိတ်လွတ်ကိုယ်လွတ် ရူး
သွပ်သွားစေခဲ့ရုံသာမက   စီရင်စု ကိုးခုစလုံးကို
ဖျက်ဆီးနိုင်သော ဘီလူးတစ်ကောင်ကိုပင်  သူ
၏  ခန္ဓာကိုယ်အတွင်း၌ ထည့်ပေးထားခဲ့သည်။
ထိုအဖြစ်က  အထင်ကြီးစရာ  ကောင်းလွန်းနေ
သည် မဟုတ်ပါလော။

သို့သော် ထိုအချိန်၌ပင်  ချူဖုန်းက မိန်းကလေး
ပြောခဲ့သည်ကို ရုတ်ခြည်း အမှတ်ရလိုက်မိလေ
သည်။ စီရင်စု ကိုးခုစလုံးကို  ဖျက်ဆီးနိုင်သော
ဘီလူးသတ္တဝါမှာ  အားနည်းသည့်  စိတ်ဝိညာဉ်
တစ်ကောင်သာဖြစ်၏။ ထို့ကြောင့် ပိုမိုကြောက်
မက်ဖွယ်ကောင်းသော ဘီလူးတစ်ကောင် ရှိနေ
သေးသည့် အဓိပ္ပါယ်လည်းဖြစ်သည်။

ထိုအခြေအနေအထိ  တွေးမိလျှင် သူ၏ ဆံပင်
များမှ ချွေးအေးများစီးကျလာပြီး အရိုးစိမ့်အောင်
ကြောက်ရွံ့လာမိသဖြင့် သူ၏ ပတ်ပတ်လည်သို့
အထိတ်တလန့်  ကြည့်ရှုနေမိလေတော့သည်။
သို့သော်ငြားလည်း  ထိုတံခါးကြီးမှတပါး ဘီလူး
သတ္တဝါများအား ပိတ်လှောင်ထားသည့်  အခြား
နေရာတစ်ခုမှမရှိချေ။

''နောက်တစ်ကောင်က ဘယ်မှာလဲ..  အလွန်
အင်မတန် သန်မာတယ်ဆိုတဲ့   တစ်ကောင်က
ဘယ်မှာလဲ..''
ချူဖုန်းက စိတ်ဖိစီးနေဟန်ဖြင့် မေးလိုက်၏။

''အဟက်..''
ချူဖုန်း၏ မေးခွန်းကို ကြားလျှင် မိန်းကလေးက
ထူးဆန်းစွာ ပြုံးလိုက်ပြီး  သူမကိုယ်သူမ ညွှန်ပြ
လျက် ပြောလိုက်လေတော့သည်။
''သန်မာတဲ့တစ်ကောင်ကို နင် လွှတ်ပေးလိုက်
ပြီးပြီလေ..''

                 - - - - - - - - - -
                  * * * * * * *

အခန်း(၁၀၉) ဆက်ရန်...''သိုင်းနတ်ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန်း(၁၀၉) ငါက အမှန်တကယ်သန်စွမ်းတယ်

''မင်းကိုး..''
ချူဖုန်းမှာ  အကြီးအကျယ်  ထိတ်လန့်တုန်လှုပ်
သွားသည်။  ဝှစ်ခနဲအသံတစ်ခုနှင့်အတူ  သူက
နောက်သို့ မီတာများစွာ ခုန်ဆုတ်လိုက်၏။

မိန်းကလေးနှင့် အကွာအဝေးတစ်ခု ခွာလိုက်ပြီး
နောက် ချူဖုန်းက သူ၏စိတ်ဝိညာဉ်စွမ်းအားကို
အသုံးပြု၍ မိန်းကလေး၏ကျင့်ကြံမှုကို လေ့လာ
လိုက်သည်။ သို့သော်ငြားလည်း သူမတွင် ပုံမှန်
အရှိန်အဝါမျိုးသာ ရှိနေပြီး  သူမက  ကျင့်ကြံသူ
တစ်ဦးပင်  ဟုတ်ဟန် မတူသည်ကို  သူ တွေ့ရှိ
လိုက်ရသည်။

သူက ယခုထိ သတိလက်လွတ်ဟန်  တစိုးတစိ
မှ မပြဝံ့ချေ။ သူမက အကြွင်းမဲ့လှပပြီး လုံးဝပင်
အန္တရာယ်မပြုနိုင်ဟု  ထင်မြင်ရသော်ငြားလည်း
သူမက လူသားမဟုတ်ပေ။  သူမက ကမ္ဘာ့စိတ်
ဝိညာဉ်တစ်ကောင်ဖြစ်၏။  စားရန် သောက်ရန်
မလိုအပ်ဘဲ ချူဖုန်း၏စိတ်ဝိညာဉ်ကမ္ဘာအတွင်း
၌  ဆယ့်ငါးနှစ်ကြာအောင်  စောင့်ဆိုင်းနေနိုင်ခဲ့
သည့် ဘီလူးသတ္တဝါတစ်ကောင် ဖြစ်သည်။ သူ
မက   မည်သည့်နည်းလမ်းဖြင့်  ထိုသို့ နေနိုင်ခဲ့
သည်ကိုမူ ဘုရားမှသာလျှင် သိပေတော့မည်။

''ဟားဟား.. ငါက ဒီလောက်ထိ ကြောက်စရာ
ကောင်းနေလို့လား..''
ချူဖုန်း၏  ထိတ်လန့်နေသော အသွင်အပြင်ကို
မြင်လျှင် မိန်းကလေးက သူမ၏ပါးစပ်ကို လက်
ဖြင့်အုပ်လျက်  တစ်ခစ်ခစ်  ရယ်မောလိုက်လေ
တော့သည်။

''မင်းက ငါနဲ့ ကစားနေတာလား..''
ရှေ့နောက်ယိမ်းထိုး၍ ရယ်မောနေသော မိန်းက
လေးကိုမြင်လျှင် ချူဖုန်း မျက်မှောင်ကြုတ်လိုက်
မိပြီး  သူ လှည့်စားခံလိုက်ရခြင်း ဖြစ်သည်ဟု ခံ
စားမိလေသည်။

''ငါက  ဘာအတွက်  နင့်ကို ကစားရမှာလဲ.. ငါ
က  အဲ့ဒီလောက်သန်မာတဲ့ပုံ မပေါက်လို့လား..
ငါ နင့်ကို သတိပေးလိုက်မယ်.. ငါ့ကို ဒေါသဖြစ်
အောင်မလုပ်မိစေနဲ့..ဒီလိုမှမဟုတ်ရင် ငါ နင့်ကို
စားပစ်ရလိမ့်မယ်..''

''ဝှစ်..''
ရုတ်တရက်  ချူဖုန်းက ရှေ့သို့ တစ်ဟုန်ထိုးပြေး
သွားပြီး မိန်းကလေး၏အနောက်ဘက်သို့ လျှပ်
စီးအလား ရောက်ရှိသွားလေသည်။ သူ၏လက်
အစုံက ရုတ်ခြည်းပင် ဆန့်ထွက်သွားပြီး မိန်းက
လေး၏  လက်ကောက်ဝတ်များကို   ဖမ်းဆုပ်၍
သူမ၏ နောက်ကျောဘက်တွင်ထားလျက် သူမ
ကို ကြမ်းပြင်ပေါ်သို့ တွန်းဖိလိုက်လေသည်။

''အား.. နင် ဘာလုပ်တာလဲ.. ငါ့ကိုလွှတ်..''
မိန်းကလေးမှာ ထိတ်လန့်သွား၏။ သူမက စူးရှ
စွာ အော်လိုက်ရင်းမှ  ရုန်းကန်လိုက်သည်။  သို့
သော်ငြားလည်း သူမ၏ အလွန်သေးငယ်သော
ခွန်အားက  ချူဖုန်းအတွက် မလုံလောက်သည်
မှာ ရှင်းလင်းနေသဖြင့် ထိုရုန်းကန်မှုက မည်သို့
မျှ အရာမရောက်ပါချေ။

''သောက်ကျိုးနဲ အက်ဂီ..  မင်းက  ငါ့ကို လှည့်
စားတယ်ပေါ့..''
မိန်းကလေးတွင်  မည်သည့်ကျင့်ကြံမှုမှ  အမှန်
တကယ် မရှိသည်ကိုမြင်လျှင် ချူဖုန်း၏လေးလံ
နေသည့် နှလုံးသားမှာ  နောက်ဆုံး၌  တည်ငြိမ်
အေးဆေးသွားပေတော့သည်။

''မျိုးမစစ်ကောင်..  ငါ့ကို လွှတ်စမ်း..  အဲ့ဒီလိုမှ
မဟုတ်ရင် ငါ နင့်ကို ခွင့်မလွှတ်ဘူးနော်..''
''အိုး.. မင်းက အခုထိ ခေါင်းမာနေသေးတယ်
ပေါ့.. တကယ်လို့ ငါက မင်းကို သင်ခန်းစာတစ်
ခုမပေးဘူးဆိုရင် ဒီနေရာမှာ ဘယ်သူက ဆရာ
ကြီးလဲဆိုတာ မင်း တကယ်သိမှာမဟုတ်ဘူး..''
ထူပူနေသည့်ခဏ၌  ချူဖုန်းက  သူ၏ လက်ကို
မြှောက်၍ မိန်းကလေး၏ ကောင်းစွာဖွံ့ဖြိုးသည့်
တင်ပါးသို့ ရှေးရှု ရိုက်ပုတ်လိုက်သည်။

''အား...''
ချူဖုန်း၏လက် ကျရောက်သွားသည်နှင့်  မိုးနှင့်
မြေပင်တုန်ခါသွားမည့်အော်သံတစ်ခု ထွက်ပေါ်
လာလေတော့သည်။

ချူဖုန်းမှာ  မူလက  မိန်းကလေးကို သင်ခန်းစာ
တစ်ခုပေးပြီး  တစ်ကြိမ်သာ  ရိုက်ပုတ်ရန်  ရည်
ရွယ်ခဲ့ပေသည်။  သို့သော်ငြားလည်း သူက သူ
၏လက်ကို ကောင်းစွာ မထိန်းသိမ်းနိုင်တော့ဘဲ
ထိုရိုက်ပုတ်မှုက ဆုပ်နယ်မှုအဖြစ်သို့ ပြောင်းလဲ
သွားလေသည်။

ထိုအဖြစ်က အရေးပါဟန်မရှိသော်လည်း ခံစား
ရမှုကား  အံ့သြဖွယ်ရာပင်။ အနက်ရောင် မွှေးပွ
ဂါဝန်မှ ပိုင်းခြားထားသော်လည်း  သူက သူမ၏
ချောမွတ်နူးညံ့သော  အသားအရေကို  ထိတွေ့
နေရသကဲ့သို့ ခံစားနေရသေးပေသည်။ နူးညံ့မှု
အတွင်း၌  ဆန့်နိုင်ကျုံ့နိုင်မှုရှိနေပြီး  ဆန့်နိုင်ကျုံ့
နိုင်မှုအတွင်း၌  နူးညံ့မှုရှိနေလေသည်။ ထိုခံစား
ရမှုက  သူ၏ခန္ဓာကိုယ်တစ်ခုလုံး  မီးထဲရောက်
နေသကဲ့သို့  ပူလောင်လာစေသည်။ သူက ရပ်
တန့်လိုသည့်တိုင် မရပ်တန့်နိုင်ဖြစ်နေပြီး  လက်
မလွှတ်ရက်ဘဲဖြစ်နေသည်။

''အယုတ်တမာကောင်..  နင်က ငါ့ကို အသား
ယူရဲတယ်ပေါ့.. ငါ နင့်ကို သတ်မယ်..''
မိန်းကလေးမှာ လုံးဝ ဒေါသထွက်သွား၏။ သူမ
၏ နှင်းဖြူရောင်မျက်နှာမှာ ပန်းသီးမှည့်တစ်လုံး
ကဲ့သို့နီရဲနေသည်။ သူမ၏မျက်လုံးများအတွင်း
၌  ဒေါသမီးများ ထောင်းထောင်းထနေပြီး  ၄င်း
တို့က ပန်းထွက်လာတော့မတတ်ပင်။

''အမှားတစ်ခုပါ..ဒါက လုံးဝကိုအမှားတစ်ခုပါ..
မရည်ရွယ်ပါဘူး..''
ချူဖုန်းမှာ ယခုထိငယ်ရွယ်သေးပြီး မိန်းကလေး
၏  ထိုသို့ကြည့်ခြင်းကို ခံလိုက်ရလျှင်  အနည်း
ငယ်ရှက်ရွံ့သွားပြီး  သူက  နီရဲနေသော မျက်နှာ
တစ်ခုနှင့်အတူ  သူ၏ လက်များကို လွှတ်လိုက်
လေသည်။

''ငါ နင့်ကို သတ်မယ်..''
သူလွှတ်လိုက်သည်နှင့် မိန်းကလေးက ရုတ်တ
ရက် လှည့်ထွက်လိုက်ပြီး  ခြောင်းခြောင်းထနေ
သော သွေးဆာမှုမျိုးနှင့်အတူ  လက်သည်းများ
နှင့်ကုတ်ဆွဲမည့်ဟန်ဖြင့်  ချူဖုန်းထံရှေးရှု၍ ခုန်
အုပ်လိုက်လေတော့သည်။

ထိုသို့မြင်လျှင် ချူဖုန်းမှာ အနည်းငယ်ထိတ်လန့်
သွား၏။ သူက မိန်းကလေး၏ အကြည့်များနှင့်
ဆုံမိသည့်ခဏ၌  အန္တရာယ်ရှိသော အရှိန်အဝါ
တစ်ခုကို ခံစားလိုက်ရပြီး  မသိစိတ်မှစေ့ဆော်မှု
ဖြင့်  သူက  မိန်းကလေး၏  လက်ကောက်ဝတ်
များကို နောက်တစ်ကြိမ် ဖမ်းဆုပ်လိုက်မိသည်။
ထို့နောက်တွင်  သူက  မိန်းကလေးကို  နောက်
တစ်ကြိမ် တွန်းလှဲလိုက်မိသော်လည်း အားအင်
များစွာ သုံးလိုက်မိသောကြောင့် ဆာလောင်နေ
သည့်ကျားတစ်ကောင်က  အစာကိုရှေးရှု၍ ခုန်
အုပ်လိုက်သည့်အလား  သူ၏ ခန္ဓာကိုယ်တစ်ခု
လုံးက သူမအပေါ်တွန်းဖိလျက် လဲကျသွားလေ
တော့သည်။

''အား... နင် အယုတ်တမာကောင်..  နင် ငါ့ကို
ဘာလုပ်မလို့လဲ..''
ထိုအခိုက်အတန့်၌ မိန်းကလေးမှာကျယ်လောင်
စွာ အော်ဟစ်လိုက်မိသည်။ အဘယ်ကြောင့်ဆို
သော်  ပုံမှန်မဟုတ်သော  အရာဝတ္ထု  တစ်ခုက
သူမအပေါ်တွင်အုပ်မိုးထားသည်ဟု ခံစားလိုက်
မိ၍ပင်။  သူမက  တစ်စုံတစ်ရာကို ရုတ်တရက်
တွေးလိုက်မိပြီး   ချူဖုန်းက  သူမကို  မကောင်း
သည့်အရာတစ်ခုခုပြုလုပ်လိမ့်မည်ကို ကြောက်
ရွံ့မိသောကြောင့် သူမက အားနည်းသူအနေဖြင့်
အသနားခံရုံသာ တတ်နိုင်ပေတော့သည်။

''အား.. စိတ်မရှိပါနဲ့.. သဘာဝအလျောက် တုံ့
ပြန်မိတာတွေပါ..''
ချူဖုန်းလည်း  ပြန်လည်တုံ့ပြန်ပြောလိုက်ပြီး သူ
က မရည်ရွယ်ဘဲ ရှက်ရွံ့ဖွယ် အပြုအမူတစ်ခုကို
ပြုလုပ်မိခဲ့ကြောင်း သိလိုက်သည်။  သူက သူမ
၏ ခန္ဓာကိုယ်မှ  အလျင်အမြန် ရွှေ့ပြောင်းလိုက်
သော်လည်း သူ၏လက်များက သူမအပေါ်တွင်
ဖိနှိပ်ထားဆဲဖြစ်ပြီး  သူ့ထံသို့ သူမ ထပ်မံခုန်ဝင်
လာမည်ကို စိုးရွံ့မိခြင်းကြောင့်ဖြစ်သည်။

''အယုတ်တမာကောင်.. ဘယ်သူကမှ ငါ့ကို ဒီ
လိုမျိုး ဘယ်တုန်းကမှမဆက်ဆံရဲခဲ့ဖူးဘူး.. နင်
တော့ အသေပဲမှတ်..''
ချူဖုန်း ရွှေ့ပြောင်းပေးလိုက်ရုံ၌ပင်  မိန်းကလေး
က ထပ်မံအော်ဟစ်လိုက်ပြီး သူမ၏ နောက်ဆုံး
အတိုင်းအတာကို  ချူဖုန်းက အမှန်တကယ် ထိ
ပါးမိခဲ့ပုံရသည်ကို မြင်နိုင်ပေသည်။

''သောက်ကျိုးနဲ အက်ဂီ..  မင်းက  တကယ့်ကို
'အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး သန်မာတဲ့သူ
ကို ကြောက်ရွံ့တယ်' ဆိုတာမျိုးပဲ.. မင်းကို အခု
ပဲ  မျက်နှာသာပေးပြီးတာတောင်  မင်းက ငါ့ကို
ခြိမ်းခြောက်ရဲသေးတယ်..  တကယ်လို့များ မင်း
ငါ့ကို  ထပ်ပြီးတော့ ကျိန်ဆဲရဲခဲ့ရင် ငါက မင်းကို
လှဲချပြီး  တစ်ခုခုလုပ်လိုက်မယ်ဆိုတာ  မင်း ယုံ
ရဲ့လား..''

ချူဖုန်းက   သူမကို  အမုန်းစကားများဖြင့်  ခြိမ်း
ခြောက်လိုက်၏။ သို့သော်ငြားလည်း ချူဖုန်းမှာ
လက်ရှိတွင်  မိန်းကလေး၏ မျက်လုံးများသို့ပင်
စေ့စေ့ မကြည့်ဝံ့ပေ။  အဘယ်ကြောင့်ဆိုသော်
ထိုကိစ္စများအားလုံးကို လုပ်မိပြီးနောက်  ချူဖုန်း
၏ခန္ဓာကိုယ်မှာ  အမှန်တကယ်  အပူလုံးကြွနေ
ပြီး သူက အသိလွတ်မတတ်ဖြစ်နေလေသည်။

အကယ်၍  သူမက လူသားမဟုတ်သည်ကို သူ
စိုးရွံ့နေမိပြီး  အရွယ်ရောက်ပြီးသည့် အမျိုးသား
နှင့်အမျိုးသမီးတို့၏အရာကို  ပြုလုပ်မိပါက ဆိုး
ကျိုးများ သက်ရောက်နိုင်ခြင်းကြောင့် မဟုတ်ခဲ့
လျှင်  သူက သူမအား ဖိနှိပ်လှဲချ၍  အမျိုးသမီး
တစ်ဦး၏  အံ့သြနှစ်သက်ဖွယ်အရသာကို ခံစား
ကောင်းခံစားမိပေလိမ့်မည်။

''နင် လုပ်ရဲလား.. တကယ်လို့  နင်က ငါ့ကို အဲ့
ဒီလိုကိစ္စမျိုး လုပ်ရဲခဲ့ရင်  ငါ့ကိုယ်ငါ ဖောက်ခွဲပြီး
တော့ နင့်ကို အပါခေါ်သွားလိုက်မယ်..''
မိန်းကလေးက  အံကြိတ်လိုက်ပြီး သူမ၏ မျက်
လုံးများတွင်  အခိုင်အမာ ဆုံးဖြတ်ထားဟန်ဖြင့်
ပြည့်နှက်နေလေသည်။

''ငါက ရယ်စရာပြောတာပါ..ချူဖုန်းဆိုတဲ့ ငါက
အဲ့ဒီလိုလူစားမျိုး မဟုတ်ပါဘူး..''
ထိုသို့မြင်လျှင် ချူဖုန်းမှာ ယုံကြည်ချက် အနည်း
ငယ်  လျော့ပါးသွား၏။  မိန်းကလေးတွင်  မည်
သည့် ကျင့်ကြံမှုမျိုးမှ  အမှန်တကယ်  မရှိသော်
လည်း သူမက ရယ်စရာပြောနေခြင်း မဟုတ်ဟု
သူခံစားမိသောကြောင့်  တိုးညင်းစွာ ရယ်လျက်
သူမကိုလွှတ်ပေးလိုက်ရန်သာ သူတတ်နိုင်လေ
တော့သည်။

''အမ်..''
ထိုအချိန်၌ပင်  မိန်းကလေးက  ချူဖုန်း၏လက်
မောင်းကို  ဖမ်းဆွဲလိုက်ပြီး  အားဖြင့်ကိုက်လိုက်
လေတော့သည်။

ထိုသို့မြင်လျှင် ချူဖုန်းမှာ မူလတွင်ကျယ်လောင်
စွာ အော်ဟစ်မိတော့မလိုဖြစ်သွား၏။ အဘယ်
ကြောင့်ဆိုသော်  သူမက အသားတစ်လိုက်ပဲ့ပါ
သွားလောက်အောင် ကိုက်လိုက်သည်ကို မြင်မိ
လိုက်၍ပင်။ သို့သော်ငြားလည်း  သူ အကိုက်ခံ
လိုက်ရပြီးနောက် ချူဖုန်းမှာ လုံးဝပင် စိတ်အေး
လက်အေးဖြစ်သွားလေသည်။

မိန်းကလေးတွင် မည်သည့်ကျင့်ကြံမှုမှမရှိသည့်
အပြင် တကယ်တမ်းတွင်လည်း ချူဖုန်းက စိတ်
ဝိညာဉ်နယ်ပယ် အဆင့်ရှစ်  ရှိနေပေသည်။ သူ
၏ စွမ်းအင်ဗဟိုချက်တွင် နေထိုင်လျက်ရှိသော
နတ်လျှပ်စီးကြောင့်  သူ၏ စိတ်ဝိညာဉ်စွမ်းအင်
မှာ အလွန်တရာသန်မာ၍  ထိုစွမ်းအင်က သူ၏
ခန္ဓာကိုယ်တစ်ခုလုံးသို့  လှည့်ပတ် ပြေးလွှားနေ
ပြီး သူ၏ခန္ဓာကိုယ်ကို  သံမဏိအကြောများနှင့်
သံအရိုးများဖြင့် ပြုလုပ်ထားသကဲ့သို့  ထင်မြင်ရ
စေလေသည်။ မိန်းကလေးကိုက်လိုက်ပြီးသည့်
နောက်တွင် သူက နာကျင်မှုမရှိသလို ယားယံမှု
ပင်မရှိဘဲ မည်သို့မျှပင် မခံစားရချေ။

''အား..အယုတ်တမာကောင်.. နင့်လက်မောင်း
က သံနဲ့လုပ်ထားတာလား..''
တကယ်ပင် သူမကကိုက်လိုက်ပြီးသည့်နောက်
တွင် မိန်းကလေးမှာ သူမ၏ အနီရောင်နှုတ်ခမ်း
များကို လက်ဖြင့်အုပ်၍ ကျယ်လောင်စွာ စတင်
အော်ငိုနေလေတော့သည်။  သူမက  ချူဖုန်းကို
ကိုက်နိုင်စွမ်း မရှိရုံသာမကဘဲ သူမ၏ သွားများ
မှာ အလွန့်အလွန် နာကျင်သွားလေသည်။

မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ  မိန်းက
လေး၏မျက်ဝန်းများမှ တလက်လက်တောက်ပ
နေသောမျက်ရည်များ ကျဆင်းလာသည်ကိုမြင်
လျှင် ချူဖုန်း၏ နှလုံးသားတွင် ခါးသီးမှုကို ခံစား
လိုက်ရပြီး  အပ်အစင်းပေါင်းများစွာဖြင့် ထိုးစိုက်
ခြင်းခံလိုက်ရသကဲ့သို့ နာကျင်သွားမိသည်။ ထို
အဖြစ်မှာ  သူမထံတွင် ကလေးတစ်ယောက်၏
ခံစားချက်မျိုးကို ပထမဆုံးအကြိမ်မြင်တွေ့ရခြင်း
ဖြစ်ပေသည်။

''ဟုတ်ပါပြီ အက်ဂီရယ်..  ငါ မှားသွားပါတယ်..
ဟုတ်ပြီလား.. ငါ့ကိုလှည့်စားဖို့ မင်းကို ဘယ်သူ
က ပြောလို့လဲ..''
ထိုခံစားချက်က မည်သည့်နေရာမှရောက်ရှိလာ
သည်ကို သူ မသိသော်လည်း ချူဖုန်းက ထိုမိန်း
ကလေးကိုငိုကြွေးစေရန် သူ မလိုလားချေ။  ထို့
ကြောင့် သူက သူ၏အမှားများကိုအလျင်အမြန်
ဝန်ခံလိုက်ပြီး ကလေးတစ်ယောက်ကိုချိုသာစွာ
ပြောနေသကဲ့သို့ပင်  မ်ိန်းကလေးကို  ချိုသာစွာ
ပြောလျက် တောင်းပန်လိုက်သည်။

ထိုအကြောင်းအရာကိုပြောရလျှင်  မိန်းကလေး
မှာ သူမကိုယ်သူမ 'မြင့်မြတ်တဲ့ဘုရင်မ'ဟု ခေါ်
ဝေါ်ခဲ့ပြီး  သူမက လောကအကြောင်းကို နက်နဲ
စွာ အတွေ့အကြုံရှိနေပုံရသည့်တိုင် သူမ၏စိတ်
နေသဘောထားမှာ ကလေးတစ်ယောက်ကဲ့သို့
ထင်မြင်ရပြီး ချူဖုန်း၏စကားအနည်းငယ်နှင့်ပင်
အရာအားလုံး အဆင်ပြေသွားလေတော့သည်။

''နင် မျိုးမစစ်ကောင်..  ငါက  နင့်ကို  ဘယ်လို
လှည့်စားခဲ့လို့လဲ.. ငါက အမှန်တကယ် သန်မာ
တယ်.. ဒါပေမယ့် တစ်ယောက်ယောက်က ငါ့ရဲ့
ကျင့်ကြံမှုကို ချုပ်နှောင်ထားတာကို  ခံနေရတာ
ပဲရှိတယ်..''
မိန်းကလေးမှာ  ဝမ်းနည်းကြေကွဲနေသည့် မျက်
နှာဖြင့်ရှိနေပြီး ချူဖုန်းက သူမအပေါ် မယုံကြည်
သည်ကို သူမ လိုလားပုံမရချေ။

''မင်းကို ချုပ်နှောင်ထားတဲ့စည်းကို ဘယ်လိုမျိုး
ပယ်ဖျက်ရမလဲဆိုတာ မင်းသိသလား..''
ချူဖုန်းက တင်းကျပ်စွာ မျက်မှောင်ကြုတ်လိုက်
မိပြီး သူက အနည်းငယ် ပူပန်နေမိလေသည်။

''ငါ မသိဘူး..''
မိန်းကလေးက သူမ၏ဦးခေါင်းကို ခါယမ်းလိုက်
သည်။

''ကောင်းတယ်..''
ချူဖုန်းက  စိတ်သက်သာသွားဟန်ဖြင့် အသက်
ပြင်းပြင်းတစ်ချက်ရှူလိုက်၏။

''နင် အယုတ်တမာကောင်..''
မိန်းကလေးက ဟစ်ကြွေးလိုက်ပြီး ချူဖုန်းထံသို့
ရှေးရှု၍ နောက်ထပ်တစ်ကြိမ်ခုန်အုပ်လိုက်လေ
တော့သည်။

                 - - - - - - - - - -
                  * * * * * * *

အခန်း(၁၁၀) ဆက်ရန်...''သိုင်းနတ်ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန်း(၁၁၀) စိတ်ဝိညာဉ်ဆက်သွယ်မှုစာချုပ်

သူမ၏ခန္ဓာကိုယ်အပေါ်  ထိတွေ့ပြီးနောက်တွင်
မိန်းကလေးမှာ သူ့အား မည်သည့်နည်းလမ်းနှင့်
မျှ  ခြိမ်းခြောက်နိုင်ခြင်းမရှိကြောင်း  ချူဖုန်းသေ
ချာသွားသည်။

ထို့ထက်ပို၍မူ  အန္တရာယ်ရှိသည့် အနေအထား
တွင်  ရောက်ရှိနေသူမှာ  ထိုမိန်းကလေးပင်ဖြစ်
လေသည်။  တကယ်တမ်းတွင်လည်း   သူမက
အလွန့်အလွန်လှပပြီး   ထွက်ပြေးလွတ်မြောက်
နိုင်မည့်လမ်းမရှိသော စိတ်ဝိညာဉ်ကမ္ဘာထဲတွင်
အကျဉ်းချခံထားရသည်။ အရေးအကြီးဆုံးကား
စိတ်ဝိညာဉ်ကမ္ဘာအတွင်း၌ ချူဖုန်းက သူမအား
ထိတွေ့ ခံစားနိုင်နေခြင်းပင်။

ပြိုင်ဘက်ကင်းအလှကလေး  တစ်ဦးအား သူ၏
စိတ်ဝိညာဉ်ကမ္ဘာ  အတွင်း၌   ပိတ်လှောင်ထား
သည်မှာ ရှင်းလင်းနေသည်။  သူမက ညင်သာ
နူးညံ့လွန်းပြီး အလွယ်တကူ အနိုင်ကျင့်၍ ရပေ
သည်။   သို့သော်  ကံကောင်း ထောက်မစွာပင်
ချူဖုန်းမှာ  ထိုသို့သော  လူစားမျိုး  မဟုတ်ချေ။
သို့မဟုတ်လျှင်မူကား...

''အို့.. အယုတ်တမာကောင်.. နင် ဘာတွေများ
တွေးနေတာလဲ..''
သူ၏နှုတ်ခမ်းထောင့်တွင် မနှစ်မြို့ဖွယ်အပြုံးတစ်
ခုနှင့်အတူ သူမအား ဆက်၍ ငေးစိုက်ကြည့်နေ
ဆဲဖြစ်သော  ချူဖုန်းအားမြင်လျှင်  မိန်းကလေး
က အော်ပြောလိုက်လေတော့သည်။

''ငါပြောပါဦးမယ်  အက်ဂီရယ်.. မင်းနဲ့ငါနဲ့ တစ်
ယောက်တည်းအဖြစ် ပေါင်းစပ်နိုင်ခဲ့ရင်  ကုံးလု
ယွင်ကို  ငါအနိုင်ရဖို့ မင်း ကူညီပေးနိုင်တယ်လို့
ပြောခဲ့တယ်နော်.. အဲ့ဒါ အမှန်ပဲလား..''
ချူဖုန်းက ရယ်လျက်ပြောလိုက်သော်လည်း သူ
၏ရယ်သံတွင်  အလွန်အမင်းကျီစယ်လိုဟန် ရှိ
နေသည်။

''သွားသေလိုက်.. နင်နဲ့ ဘယ်သူမှပေါင်းစပ်မှာ
မဟုတ်ဘူး..''
မိန်းကလေးက ဒေါသဖြင့်အံကြိတ်ထားလိုက်ပြီး
သူမ၏နားများမှ  အငွေ့ခြောင်းခြောင်းထွက်လာ
တော့မတတ်ပင်။ သူမ၏ဝိုင်းစက်သောမျက်လုံး
အစုံမှာ  သူ့ထံသို့   စိုက်ကြည့်နေလျက်ရှိသော်
လည်း  သူ မည်သို့ပင်ကြည့်မြင်စေကာမူ  သူမ
က  ချစ်စဖွယ်ကောင်းနေဆဲဖြစ်ပြီး  တစ်ဦးတစ်
ယောက်၏  ချစ်ခင်မြတ်နိုးမှုကို   တောင်းဆိုနေ
သည့်အလားဖြစ်သည်။

လူတစ်ဦးတစ်ယောက်က  အလှတရား၏ နယ်
ပယ်တစ်ခုသို့ရောက်လျှင်  အကယ်၍ သူတို့က
သည်းမခံနိုင်ဖွယ်  အမူအရာများ  ပြုလုပ်ခဲ့လျှင်
ပင်  ၄င်းတို့မှာ အလှတရားတစ်မျိုးဖြစ်နေသည်
ဆိုသည်မှာ အမှန်ဖြစ်ပေသည်။

''ကြည့်လေ.. မင်းပြောခဲ့တယ်မဟုတ်လား.. ငါ
တို့ ပေါင်းစပ်...''
''နင်  အယုတ်တမာကောင်.. အဲ့ဒါ  မှီတင်းနေ
ထိုင်တာဟဲ့.. ပေါင်းစပ်တာမဟုတ်ဘူး..''

''မှီတင်းနေထိုင်တာ ဟုတ်လား..  အဲ့ဒါကို မင်း
ဘယ်လိုလုပ်ရမှာလဲ..''
ချူဖုန်းက အတော်ပင် သိလိုသွားမိသည်။

''နင်နဲ့ငါနဲ့ စိတ်ဝိညာဉ်ဆက်သွယ်မှုစာချုပ်တစ်
ခုကို ချုပ်ဆိုလိုက်တာနဲ့ ငါက စိတ်ဝိညာဉ်ကမ္ဘာ
ကို နင်နဲ့အတူ ဝေမျှသုံးနိုင်စွမ်းရှိသွားလိမ့်မယ်..
အဲ့ဒီလိုပဲ နင်ဆန္ဒရှိသရွေ့ ငါက နင့်ရဲ့ ခန္ဓာကိုယ်
ထဲကို နင့်ရဲ့ စိတ်ဝိညာဉ်ကမ္ဘာကတဆင့် ဝင်နိုင်
ပြီးတော့ ငါ့ရဲ့ စွမ်းအားကို နင့်ဆီပို့ပေးလို့ ရသွား
လိမ့်မယ်..''

''ဒါပေမယ့်လည်း လက်ရှိ ငါ့ရဲ့ကျင့်ကြံမှုက လုံး
ဝချုပ်နှောင်ခံထားရပြီး အဲ့ဒါကို ငါ ဘယ်လိုပယ်
ဖျက်ရမလဲမသိတဲ့အတွက် အစကနေ ပြန်စရုံပဲ
တတ်နိုင်တော့တယ်..  ဒါကြောင့်   တကယ်လို့
နင်က  ငါ့ရဲ့အကူအညီကို လိုချင်တယ်ဆိုရင် ငါ့
ကို ကျင့်ကြံနိုင်အောင် ကူညီပေးဖို့လိုလိမ့်မယ်..
ငါ့ကို တစ်နှစ်အတွင်းမှာ နက်နဲနယ်ပယ်ရောက်
အောင်ကူညီပေးနိုင်တာနဲ့ နင်က ကုံးလုယွင်ကို
ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိလာမှာပဲ..''
မိန်းကလေးက ရှင်းပြလိုက်၏။

''ဘာရယ်..  နင် ကျင့်ကြံနိုင်ဖို့ ကူညီပေးရမယ်
ဟုတ်လား..နင့်ကို နက်နဲနယ်ပယ်ရောက်သည်
အထိ  ငါ ကူညီပေးရမယ့်အချိန်က   ငါ့အတွက်
ကောင်းကင်နယ်ပယ်ရောက်ဖို့   လုံလောက်ရင်
လုံလောက်လိမ့်ဦးမယ်..''
ချူဖုန်းက စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

''ဟွန့်.. တစ်နှစ်အတွင်းမှာ နင်က ကောင်းကင်
နယ်ပယ်ရောက်ဖို့က ဖြစ်နိုင်မှာတဲ့လား.. နက်နဲ
နယ်ပယ်ရောက်ဖို့တောင် ခက်ခဲလိမ့်မယ်..ဒါပေ
မယ့် နင်က ငါ့ကိုကူညီဖို့ ဆန္ဒရှိမယ်ဆိုရင်တော့
ငါက တစ်နှစ်အတွင်းမှာ နက်နဲနယ်ပယ်ရောက်
မယ်ဆိုတာ သံသယဖြစ်စရာမလိုဘူး..''

''ပြီးတော့လည်း ငါ့ရဲ့ကျင့်ကြံမှုက နင့်ရဲ့ကျင့်ကြံ
မှုကို အနှောင့်အယှက်ပေးမှာ မဟုတ်ဘူးလေ..
အဲ့ဒီ့အစား ငါ့ကိုကျင့်ကြံဖို့ ကူညီပေးတဲ့အတွက်
နင့်ရဲ့ စိတ်ဝိညာဉ်စည်းနည်းစနစ်ကိုတောင် မြှင့်
တင်ပေးလိမ့်ဦးမယ်..''
မိန်းကလေးက  သူမနှုတ်ခမ်းများကို  တွန့်ကွေး
လျက် ပြောလိုက်၏။

''အဲ့ဒါ အမှန်ပဲလား..''
ချူဖုန်းက သံသယရှိနေသည်။
''ဒါပေါ့..''
မိန်းကလေးက အလွန်ယုံကြည်ချက်ရှိနေ၏။

''နင့်ကို ငါ ဘယ်လိုကူညီရမလဲ ပြောပြလေ..''
ချူဖုန်းက မေးလိုက်သည်။

''လောကမှာ အလကားရတဲ့နေ့လယ်စာဆိုတာ
မရှိဘူး.. ပြီးတော့ ကမ္ဘာ့စိတ်ဝိညာဉ်တွေက နင်
တို့လူသားတွေအတွက်  အလကား အမှုထမ်းမ
ပေးဘူး.. ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေ အ
နေနဲ့ ကမ္ဘာ့စိတ်ဝိညာဉ်တွေရဲ့စွမ်းအားကိုရရှိနိုင်
တဲ့အကြောင်းရင်းကတော့  သူတို့က ကမ္ဘာ့စိတ်
ဝိညာဉ်တွေအတွက် 'စွမ်းအင်ရင်းမြစ်' ထောက်
ပံ့ပေးဖို့လိုအပ်တာပဲ..''

''စွမ်းအင်ရင်းမြစ် ဟုတ်လား..  အဲ့ဒါက  ဘယ်
လိုမျိုးလဲ..''
''နင်တို့ရဲ့ကမ္ဘာမှာရှိတဲ့ ကျင့်ကြံသူတွေအားလုံး
မှာ  စွမ်းအင်ရင်းမြစ်ရှိကြတယ်..  အသေအဖြစ်
ဖြစ်  အရှင်ဖြစ်ဖြစ်  သူတို့ရဲ့ ခန္ဓာကိုယ်  ပျောက်
ပျက်မသွားသေးသရွေ့ သူတို့ရဲ့ စွမ်းအင်ရင်းမြစ်
လည်း ပျောက်ပျက်မသွားဘူး..''

''ဒီစွမ်းအင်ရင်းမြစ်က  နင်တို့အတွက် ဘာတစ်
ခုမှ အသုံးမဝင်ဘူး..  ဒါပေမယ့်လည်း  အဲ့ဒါက
ငါတို့ ကမ္ဘာ့စိတ်ဝိညာဉ်တွေ အတွက်တော့  ဆွဲ
ဆောင်အားကြီးမားတဲ့ အရာမျိုးပဲ.. ဘာကြောင့်
လဲဆိုတော့ အဲ့ဒါက ငါတို့ရဲ့ကျင့်ကြံမှုကို မြန်မြန်
ဆန်ဆန်မြင့်တက်အောင် ကူညီပေးနိုင်လို့ပဲ..''

''ဥပမာအားဖြင့် နင်က နက်နဲနယ်ပယ်ကျင့်ကြံ
သူတစ်ယောက်ကိုရှာတွေ့ပြီး သူ့ရဲ့ စွမ်းအင်ရင်း
မြစ်ကို ငါ အပြည့်အဝစုပ်ယူနိုင်ခဲ့ရင် ငါက မူလ
နယ်ပယ်ကို ရောက်ရှိနိုင်လိမ့်မယ်.. ဘယ်လိုလဲ
.. ဒါက နင့်ရဲ့ကျင့်ကြံမှုထက်  အတော်ကို ပိုမြန်
တယ်မဟုတ်လား..''
မိန်းကလေးက  တစ်ခစ်ခစ်ရယ်ရင်း ပြောလိုက်
သည်။

''နက်နဲနယ်ပယ်ကျင့်ကြံသူတစ်ယောက် ဟုတ်
လား..  ဒါက ဒီလောက်လွယ်ကူပုံ မရဘူးလေ..
ဟုတ်ရဲ့လား.. တကယ်လို့ ငါက နက်နဲနယ်ပယ်
ကျင့်ကြံသူတစ်ယောက်ကို ဖမ်းပြီး သူ့ရဲ့စွမ်းအင်
ရင်းမြစ်ကို  မင်း စုပ်ယူဖို့ လုပ်ပေးနေနိုင်မှတော့
ငါက မင်းရဲ့ အကူအညီကို ဘာအတွက်များ လို
ဦးမှာတဲ့လဲ..''
ချူဖုန်းမှာ  နှိုင်းယှဉ်မရနိုင်အောင်  သုန်မှုန်သွား
မိလေသည်။

''ငတုံး..  ငါပြောခဲ့တာကို နင် မကြားဘူးလား..
သူတို့က  အသေဖြစ်ဖြစ် အရှင်ဖြစ်ဖြစ် သူတို့ရဲ့
ခန္ဓာကိုယ် ကျန်ရစ်နေသရွေ့  စုပ်ယူဖို့  စွမ်းအင်
ရင်းမြစ်  ရှိနေလိမ့်မယ်လို့  ငါပြောခဲ့တယ်လေ..
တကယ်လို့  နင်က သူတို့ကို အသက်ရှင်လျက်
မဖမ်းနိုင်ရင်တောင် အသေကောင်တွေကိုတော့
နင် ရှာနိုင်တယ်မဟုတ်ဘူးလား..  နင်က ကမ္ဘာ့
စိတ်ဝိညာဉ်ထိန်းချုပ်သူ တစ်ယောက်ဆိုတာကို
သတိရစမ်းပါ..''
မိန်းကလေးကလည်း အနည်းငယ် သုန်မှုန်သွား
၏။

''သူတို့က  သေပြီးသား ဆိုရင်တောင်  အဆင်
ပြေတယ်ပေါ့ ဟုတ်လား..''
ချူဖုန်းမှာ အဆုံးမရှိအောင်ပင် ထိတ်လန့်အံ့သြ
သွားလေသည်။

''ဒါပေါ့.. အဲ့ဒီလိုမှမဟုတ်ရင် ဟိုရုပ်ဆိုးလွန်းတဲ့
အကြီးအကဲကျူးကော်က  ဘာအတွက် လန်ဝူး
ဆွေနဲ့ဟိုအဘိုးကြီးကို စုပ်ယူစားသုံးဖို့ လိုမှာတဲ့
လဲ.. ဒါ့အပြင်  မဟာကောင်းကင်ပညာရှင်ရဲ့  ဂူ
သင်္ချု ိင်းကိုဝင်ခဲ့တုန်းက သူ့ရဲ့ခန္ဓာကိုယ်အကြွင်း
အကျန်ကို  ရှာမတွေ့ခဲ့တာ  နင်  သတိမရမိဘူး
လား..''

မိန်းကလေးက ချူဖုန်း၏ အမြင်နှင့် အကြားအာ
ရုံကို  မျှဝေခံစားနိုင်ခြင်းကြောင့်  သူ၏ ကလေး
ဘဝမှ ယခုအချိန်အထိ  ချူဖုန်းတွေ့ကြုံခဲ့ရသမျှ
အားလုံးကို သူမက သိနေလေသည်။

''မင်း  ဒီလိုပြောမှပဲ ငါ တကယ်နားလည်ပါပြီ..
ဒါပေမယ့်အကြီးအကဲကျူးကော်မှာ သူ့အတွက်
အမှုထမ်းပေးမယ့်ကမ္ဘာ့စိတ်ဝိညာဉ်တစ်ကောင်
မှ မရှိဘူးလို့ မင်းပြောခဲ့တယ် မဟုတ်လား.. သူ
က ဘာအတွက် စွမ်းအင်ရင်းမြစ်ကို စုပ်ယူနေရ
တာလဲ..''

''သူ့မှာ  သူ့အတွက်  အမှုထမ်းပေးမယ့်  ကမ္ဘာ့
စိတ်ဝိညာဉ်တစ်ကောင်မှ မရှိဘူးဆိုပေမယ့် သူ
က စိတ်ဝိညာဉ်ကမ္ဘာတစ်ခုနဲ့ ချိတ်ဆက်မိပြီးနေ
ပြီလို့ ငါအသေအချာပြောနိုင်တယ်.. လက်ရှိမှာ
သူက   ကမ္ဘာ့စိတ်ဝိညာဉ်တစ်ကောင်နဲ့   စိတ်ဝိ
ညာဉ်ဆက်သွယ်မှုစာချုပ်  ချုပ်ဆိုနိုင်ဖို့အတွက်
အဲ့ဒီကမ္ဘာ့စိတ်ဝိညာဉ်ကို  ကမ်းလှမ်းတဲ့အနေနဲ့
ထောက်ပံ့နေရတာ ဖြစ်လိမ့်မယ်..''

''ဒါပေမယ့်လည်း  နင့်ရဲ့ကံက အတော်ကောင်း
တယ်.. ငါက နင်နဲ့ စိတ်ဝိညာဉ်ဆက်သွယ်မှုစာ
ချုပ်တစ်ခု  ချုပ်ဆိုဖို့ဆန္ဒရှိနေတယ်လေ.. ဒါပေ
မယ့်  နင်က ငါ့အတွက် စွမ်းအင်ရင်းမြစ်  အလုံ
အလောက်ရအောင်ရှာဖွေပေးရမယ့် စည်းကမ်း
ချက်တော့ရှိတယ်..''

ပြောရင်း ထိုနေရာသို့ရောက်လျှင်  မိန်းကလေး
က  လက်များကို   ကြက်ခြေခတ်ထားလိုက်ပြီး
ထူးဆန်းသောလက်ဝါးဟန်တစ်ခုကို ရိုက်ထုတ်
လိုက်သည်။  တစ်ချိန်တည်း၌ သူမ၏ ဂါဝန်က
တဖျပ်ဖျပ်လှုပ်ခတ်သွားပြီး  သူမ၏  သေးသွယ်
သောခန္ဓာကိုယ်မှ ဆန်းကြယ်လှသည့်  အလင်း
တန်းများ ထုတ်လွှတ်လိုက်လေသည်။

အလင်းတန်းများက  ဆန်းကြယ်သည်ဟု  ဆိုရ
ခြင်းမှာ  ထိုအလင်းများက အနက်ရောင်ဖြစ်နေ
၍ပင်။ အနက်ရောင်မှာ အမှောင်ကိုကိုယ်စားပြု
ပြီး အမှောင်မှာ  အလင်း၏ တိုက်ရိုက်ဆန့်ကျင်
ဘက်ဖြစ်ပေသည်။  သို့သော် သူ့မျက်စိရှေ့တွင်
အလွန့်အလွန်နက်မှောင်မှုမှ  အလင်းများထုတ်
လွှတ်နေခြင်းကြောင့်  ပုံမှန်အားဖြင့်  ၄င်းအဖြစ်
မှာ  မနှိုင်းယှဉ်သာအောင်  ဆန်းကြယ်နေသည်
ပင်။

သို့သော်ငြားလည်း  ပိုမို၍ပင်  ဆန်းကြယ်သော
အရာမှာ  အနက်ရောင် အလင်းများက  မိန်းက
လေး၏ ခန္ဓာကိုယ်တစ်လျှောက် အောက်ဘက်
သို့  စီးဆင်းသွားပြီး  မြေပြင်ပေါ်တွင်  ထူးဆန်း
သောပုံစံတစ်ခု ဖြစ်ပေါ်လာသည်။

ထိုပုံစံက စက်ဆုပ်ထိတ်လန့်ဖွယ်ကောင်းသည့်
ဘီလူးသတ္တဝါတစ်ကောင်၏ မျက်နှာနှင့် တူနေ
ပေသည်။ ၄င်းက အဆက်မပြတ် တွန့်လိမ်လှုပ်
ရှားနေပြီး   တစ်ဦးတစ်ယောက်အနေဖြင့်  တစ်
ချက်စိုက်ကြည့်မိရုံနှင့်  ဆံပင်များထောင်လာပြီး
တုန်ယင်လာသည်အထိ သူတို့၏စိတ်နှလုံးသား
များကို ကြောက်ရွံ့စေလိမ့်မည်ဖြစ်သည်။

''နင်  ဘာတွေစဉ်းစားနေတာလဲ..   ဒီနေရာမှာ
မြန်မြန်လာရပ်လေ..''
မိန်းကလေးက ပြောလိုက်ပြီး  လက်ရှိ သူမအား
ဆန်းကြယ်သည့်အနက်ရောင်အလင်းက ဝိုင်းရံ
ထားလေသည်။  သို့သော်ငြားလည်း သူမ၏အ
ကြွင်းမဲ့အလှတရားက မပြောင်းလဲရုံသာမကဘဲ
ထိုပုံစံက သူမ၏ပကတိပုံစံဖြစ်နေသည့်အလား
ပို၍ပင် လှပနေပေတော့သည်။

''ဘာ.. နင်က ငါ့ကို  ဒီဘီလူးကောင်ရဲ့ မျက်နှာ
ပေါ်မှာ ရပ်စေချင်တာလား..''
ချူဖုန်းမှာ အနည်းငယ် ကြောက်ရွံ့နေမိ၏။ ၄င်း
မျက်နှာက အရာအားလုံးကိုမျိုချနိုင်သည့်သက်
ရှိတစ်ကောင်ဖြစ်သည်ဟု သူ ခံစားနေရသည်။

''မျိုးမစစ်ကောင်.. ဒါက ငါ့ရဲ့ စိတ်ဝိညာဉ်ဆက်
သွယ်မှု စိတ်ဝိညာဉ်စည်းပဲ..အရင်အချိန်တွေကို
ပြန်စဉ်းစားကြည့်လိုက်ရင်   ထိပ်တန်းအဆင့်ရှိ
တဲ့   ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေက  ငါနဲ့
စာချုပ်တစ်ခု ချုပ်ဆိုချင်ကြလျက်နဲ့ ငါ ငြင်းပယ်
တာကို  ဘယ်လောက်များများ   ခံခဲ့ကြရတယ်
မှတ်သလဲ.. အခု ငါက နင်နဲ့  စိတ်ဝိညာဉ်ဆက်
သွယ်မှုစာချုပ်တစ်ခု  ဖန်တီးဖို့ဆန္ဒရှိတာတောင်
နင်က ငြင်းချင်တယ်ပေါ့ ဟုတ်လား..''
မိန်းကလေး၏မျက်ခုံးများက  အတွင်းသို့စောင်း
သွားပြီး  သူမက  အနည်းငယ်   ဒေါသဖြစ်သွား
လေသည်။

ထိုသို့မြင်လျှင် ချူဖုန်းက အံကြိတ်လိုက်မိသော်
လည်း  သူက  ၄င်းအရာပေါ်သို့ ခြေလှမ်းလိုက်
သေးပေသည်။ သို့သော်ငြားလည်း သူလှမ်းဝင်
လိုက်သည့်ခဏ၌   သူ့အားဝါးမျိုနေသည့်  စွမ်း
အားခြုံလွှမ်းမှုတစ်ခုကို ခံစားလိုက်ရလေသည်။
သူ၏ဦးခေါင်းအတွင်း ဖြူဖွေးသွားပြီး ထို့နောက်
တွင် သူ သတိလစ်သွားလေတော့သည်။

                  - - - - - - - -

''အင်း..''
မည်မျှကြာသွားသည်မသိသည့်နောက်  ချူဖုန်း
က သူ၏မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်
သည်။ သူက ချူမိသားစုနေအိမ်အတွင်း၌ပင်ရှိ
နေသေးသည်ကို တွေ့ရှိလိုက်ရပြီး  စိတ်ဝိညာဉ်
ကမ္ဘာသို့ မဝင်ရောက်မီက  အနေအထားနှင့်ပင်
ရှိနေပေသည်။

''အင်း.. ငါ တကယ်ကို ဘာမှမဖြစ်ဘူးပေါ့..''
ချူဖုန်းက  စိတ်သက်သာရာရဟန်ဖြင့် အသက်
ပြင်းပြင်းရှူလိုက်မိသည်။  မူလက  မိန်းကလေး
၏လှည့်စားမှုကို ခံလိုက်ရပြီး သူကပ်ဆိုက်ပြီဟု
တွေးခဲ့မိသည်။  သို့သော်ငြားလည်း သူမြင်တွေ့
လိုက်ရသည်များအရ  သူထင်သလို မဟုတ်ဘဲ
သူက   သာသာယာယာ  အသက်ရှင်နေဆဲပင်
ဖြစ်၏။

''အို့.. အကျင့်မကောင်းတဲ့ ချူဖုန်း.. ငါ့အတွက်
စွမ်းအင်ရင်းမြစ်တွေ သွားရှာစမ်းပါ..''
သို့သော် ထိုအချိန်၌ပင် မိန်းကလေး၏အသံကို
ချူဖုန်း၏  နားများတွင်  ကြားလိုက်ရလေတော့
သည်။

''အက်ဂီ.. မင်းလည်းထွက်လာတာလား.. မင်း
ဘယ်မှာလဲ..''
ချူဖုန်းက  အံ့အားတသင့်ဖြင့်  ထခုန်လိုက်မိပြီး
ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်လိုက်မိသော်
လည်း မိန်းကလေးအား မမြင်မိချေ။

''ငတုံး.. ငါက နင့်ရဲ့  စိတ်ဝိညာဉ်ကမ္ဘာထဲမှာ ရှိ
နေတုန်းပဲလေ..''
မိန်းကလေး၏အသံက နောက်တစ်ကြိမ် ထပ်မံ
ထွက်ပေါ်လာ၏။

ထိုစကားများကို ကြားလျှင်  ချူဖုန်းမှာ  ပျော်ရွှင်
သွားပြီး သူက ညင်သာစွာပြောလိုက်လေတော့
သည်။
''ငါတို့တွေ အောင်မြင်ခဲ့တဲ့ အဓိပ္ပါယ်ပေါ့ ဟုတ်
လား..''

                 - - - - - - - - - -
                  * * * * * * *

အခန်း(၁၁၁) ဆက်ရန်...

''သိုင္းနတ္ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန္း(၁၀၆) ကမ႓ာ့စိတ္ဝိညာဥ္အခန္း

စိတ္ဝိညာဥ္စည္းစြမ္းအား...
ထိုအရာကား ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူမ်ား
သာ အသုံးျပဳႏိုင္ၿပီး  သာမန္လူမ်ားအဖို႔ ထိေတြ႕
ရန္ပင္ နည္းလမ္းလုံးဝမ႐ွိပါေခ်။

စိတ္ဝိညာဥ္စည္းစြမ္းအား...
ထိုအရာကား  ဤကမ႓ာမွ စြမ္းအား မဟုတ္ေပ။
ထိုအရာက လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ ကမ႓ာတစ္
ခုျဖစ္သည့္ စိတ္ဝိညာဥ္ကမ႓ာမွ လာျခင္းျဖစ္၏။

ကမ႓ာ့စိတ္ဝိညာဥ္ ထိန္းခ်ဳပ္သူမ်ားက  သူတို႔၏
ခႏၶာကိုယ္ကို  စိတ္ဝိညာဥ္ကမ႓ာႏွင့္ ဆက္သြယ္
ရန္  အသုံးျပဳၿပီး  သူတို႔က  စိတ္ဝိညာဥ္စည္း၏
စြမ္းအားကိုအသုံးမျပဳမီ ထိုစြမ္းအားကို သူတို႔၏
ခႏၶာကိုယ္အတြင္းသို႔ ဆြဲယူၾကသည္။

စိတ္ဝိညာဥ္ကမ႓ာႏွင့္ ဆက္သြယ္ႏိုင္ရန္အတြက္
သူတို႔၏ စိတ္ဝိညာဥ္စြမ္းအားကို အသုံးျပဳ၍ သူ
တို႔၏ကိုယ္ပိုင္စိတ္ဝိညာဥ္ကမ႓ာအတြင္း၌ ကမ႓ာ့
စိတ္ဝိညာဥ္အခန္းတစ္ခုကို ဖန္တီးႏိုင္ရမည္ျဖစ္
သည္။

ကမ႓ာ့စိတ္ဝိညာဥ္အခန္း တစ္ခုကို  ဖန္တီးႏိုင္ၿပီ
ဆိုသည္ႏွင့္  သူတို႔က  စိတ္ဝိညာဥ္ကမ႓ာသို႔ တံ
ခါးမ်ားကို ဖြင့္လွစ္ၿပီး စိတ္ဝိညာဥ္စည္း စြမ္းအား
ကို အသုံးျပဳႏိုင္ၿပီ ျဖစ္သည္။ ထို႔ေၾကာင့္ ခ်ဴဖုန္း
ျပဳလုပ္ရန္ လိုအပ္သည္မွာ  သူ၏  စိတ္ဝိညာဥ္
စြမ္းအားကို စုဖြဲ႕၍  ကမ႓ာ့စိတ္ဝိညာဥ္အခန္း ဖန္
တီးရန္ပင္ျဖစ္၏။

၎မွာ  အလြန္တရာ ကြၽမ္းက်င္မႈ႐ွိရန္  လိုအပ္
သည့္ နည္းလမ္းတစ္ခုျဖစ္သည္။  သူတို႔က သူ
တို႔၏ စိတ္ဝိညာဥ္စြမ္းအားကို  ထိန္းခ်ဳပ္ႏိုင္စြမ္း
အလုံအေလာက္႐ွိရမည္ျဖစ္ၿပီး ထိုသို႔ျပဳလုပ္ရန္
မွာ  စိတ္ဝိညာဥ္စြမ္းအားကိုလည္း အေတာ္မ်ား
မ်ား ကုန္ခမ္းေစလိမ့္မည္ျဖစ္ေပသည္။  ၎မွာ
တစ္ဖက္စြန္း ေရာက္ေအာင္  ျပင္းထန္လွသည့္
ျဖစ္စဥ္တစ္ခုပင္။

၎ျဖစ္စဥ္မွာ  စိတ္ဝိညာဥ္စြမ္းအားကို အေျခခံ
ကုန္ၾကမ္းမ်ားအျဖစ္ အသုံးျပဳ၍ အိမ္တစ္လုံးကို
တည္ေဆာက္သည္ႏွင့္ အလားတူေနေပသည္။
သူတို႔၏  စိတ္ဝိညာဥ္စြမ္းအားအေပၚ ထိန္းခ်ဳပ္
ႏိုင္သည့္ခြန္အားက  ထိုအိမ္၏  အရည္အေသြး
ကို အဆုံးအျဖတ္ေပးေပလိမ့္မည္။

သို႔ေသာ္ျငားလည္း ခ်ဴဖုန္းက ထိုနည္းလမ္းမ်ား
ကို  အသုံးျပဳႏိုင္စြမ္း ႐ွိသည္ႏွင့္ ကိုယ္ပိုင္ကမ႓ာ့
စိတ္ဝိညာဥ္အခန္းကို ဖန္တီးရန္အတြက္ သူက
သူ၏စိတ္ဝိညာဥ္ကမ႓ာသို႔ ဝင္ေရာက္လိုက္ေလ
ေတာ့သည္။

အံ့အားသင့္မႈႏွင့္အတူ  သူ  ေတြ႕႐ွိလိုက္ရသည္
ကား သူ၏ ကိုယ္ပိုင္စိတ္ဝိညာဥ္ကမ႓ာအတြင္း၌
ကမ႓ာ့စိတ္ဝိညာဥ္အခန္း တစ္ခု  တည္ေဆာက္
ထားၿပီး ျဖစ္သည္ကိုပင္။

''ဒါက ဘာလဲဟ..''
ထိုအခိုက္အတန္႔၌ ခ်ဴဖုန္းက သူ၏စိတ္ဝိညာဥ္
ကမ႓ာအတြင္း၌ ေရာက္႐ွိေနၿပီးျဖစ္သည္။

၎မွာ  အကန္႔အသတ္မ႐ွိ က်ယ္ေျပာလွသည့္
ကမ႓ာတစ္ခုျဖစ္ၿပီး  သူက  အာကာသအတြင္း႐ွိ
ၾကယ္မ်ား အၾကား၌  ေရာက္႐ွိေနသကဲ့သို႔ပင္။
သို႔ေသာ္ျငားလည္း သူ႕အနီးတြင္ရစ္ဝဲလ်က္႐ွိေန
သည့္အလင္းမ်ားမွာ ၾကယ္မ်ား မဟုတ္ၾကေခ်။
၎တို႔မွာ လြင့္ေမ်ာေနေသာ အခိုးအေငြ႕ အမွ်င္
တန္းမ်ား ျဖစ္ေပသည္။

ခ်ဴဖုန္းမွာ  ေလထဲတြင္ လမ္းေလွ်ာက္ႏိုင္ေနၿပီး
ထိုကမ႓ာအတြင္း၌  မည္သည့္ေနရာသို႔  ျဖစ္ေစ
သူ  ဆႏၵ႐ွိသည့္အတိုင္း  ေလွ်ာက္သြားႏိုင္ေလ
သည္။ သူက ေထာင့္ေပါင္းစုံသို႔ ေရာက္႐ွိႏိုင္ၿပီး
အရာအားလုံးမွာ သူ၏ ဆုပ္ကိုင္ထားမႈအတြင္း
၌ပင္ ႐ွိေနသည္။

သူ႕ေ႐ွ႕ေမွာက္႐ွိ ခ်ဴဖုန္းႏွင့္ မေဝးလွေသာ ေနရာ
တြင္  ႀကီးမားေသာ နန္းေတာ္ႀကီးတစ္ခု  ထြက္
ေပၚလာသည္။ ၎မွာ ႐ႊန္းစိုေသာအေရာင္မ်ား
ႏွင့္  တဖ်ပ္ဖ်ပ္ေတာက္ပေနေသာ  အလင္းမ်ား
ႏွင့္အတူ  သလင္းေက်ာက္မ်ားျဖင့္ ျပဳလုပ္ထား
သကဲ့သို႔ အလြန္တရာ လွပေန၏။

ပုံပန္းသ႑ာန္မွာလည္း အလြန္ထူးဆန္းေပ၏။
၎မွာ ႐ွင္းျပ၍မရႏိုင္ေသာ္လည္း သူ၏ စိတ္ဝိ
ညာဥ္ကမ႓ာ အတြင္း၌  အလြန္ဆန္းၾကယ္ေသာ
ျမင္ကြင္းတစ္ခုအျဖစ္ တည္႐ွိေနသည္။  ၎က
အေပၚသို႔ ဆန္႔တက္သြားၿပီး  အဆုံးကိုမျမင္ႏိုင္
ဘဲ႐ွိလ်က္  အျခားကမ႓ာသို႔  ဝင္ေရာက္သြားသ
ကဲ့သို႔ပင္။

၎နန္းေတာ္မွာ  ကမ႓ာ့စိတ္ဝိညာဥ္ အခန္း ျဖစ္
မည္ဟု  ခ်ဴဖုန္း ယုံၾကည္မိေပသည္။  သို႔ေသာ္
ျငားလည္း  အကန္႔အသတ္မ႐ွိေသာ ကမ႓ာ့စိတ္
ဝိညာဥ္အခန္း တစ္ခုက  သူ၏  ကိုယ္ပိုင္စိတ္ဝိ
ညာဥ္ကမ႓ာထဲ၌ မည္သို႔ ထြက္ေပၚလာသည္ကို
သူ နားမလည္ႏိုင္ပါေခ်။

ထိုကဲ့သို႔ေသာ  ကမ႓ာ့စိတ္ဝိညာဥ္ အခန္းတစ္ခု
ကို ဖန္တီးႏိုင္ရန္  စိတ္ဝိညာဥ္စြမ္းအား  မည္မွ်
အထိ  လိုအပ္မည္နည္း။  ထိုသို႔ေသာ ဖန္တီးမႈ
မ်ိဳးကိုျပဳလုပ္ႏိုင္ရန္ တစ္ဦးတစ္ေယာက္၏ စြမ္း
အားထိန္းခ်ဳပ္ႏိုင္မႈက မည္မွ်ၿပီးျပည့္စုံရေပမည္
နည္း။ အနည္းဆုံးအေနႏွင့္ သူက ထိုသို႔ျပဳလုပ္
ႏိုင္ရန္ မျဖစ္ႏိုင္ေခ်။

''အို႔.. နင္ ဘာေတြ စဥ္းစားေနတာလဲ.. ဘာလို႔
ဝင္မလာလာလဲ မ်ိဳးမစစ္ေကာင္ရဲ႕.. နင္က ငါ့ကို
ဘယ္ေလာက္ၾကာေအာင္ ေစာင့္ခိုင္းဦးမွာလဲ..''

ခ်ဴဖုန္း  ေၾကာင္ေငးေနမိစဥ္၌ပင္   ခ်ိဳသာေသာ
အသံတစ္ခုက ကမ႓ာ့စိတ္ဝိညာဥ္အခန္းအတြင္း
မွ လြင့္ပ်ံလာေလသည္။ ထိုအသံမွာ အလြန္ပင္
သာယာလြန္းလွၿပီး  ခ်ဴဖုန္း  ၾကားဖူးခဲ့သမွ်တြင္
ႏွစ္လိုဖြယ္အေကာင္းဆုံး အသံျဖစ္သည္။

သို႔ေသာ္ျငားလည္း  ထိုအသံ  ထြက္ေပၚလာၿပီး
ေနာက္တြင္မူ ခ်ဴဖုန္းမွာ  အႀကီးအက်ယ္ အံ့ၾသ
တုန္လႈပ္သြားမိသည္။ အဘယ္ေၾကာင့္ဆိုေသာ္
ထိုအသံကို ယခင္က သူ ၾကားဖူးခဲ့၍ပင္။ သူက
ထိုအသံကို  သူ အိပ္မက္မက္ေနသည္ဟု ေတြး
ထင္ခဲ့မိသည့္အခ်ိန္တြင္ ၾကားဖူးခဲ့ျခင္းျဖစ္၏။

''ဒီေတာ့ အဲ့ဒီတုန္းက ျဖစ္ပ်က္ခဲ့သမွ်အားလုံး
က အမွန္တကယ္ပဲေပါ့..''
ထိုအျဖစ္ကား  လက္ခံႏိုင္ဖြယ္ရာမ႐ွိဟု ခ်ဴဖုန္း
ခံစားမိေသာ္လည္း သူက ၎စိတ္ဝိညာဥ္ကမ႓ာ
အခန္းအတြင္းသို႔ တန္းတန္းမတ္မတ္ပင္ခုန္ဝင္
သြားလိုက္သည္။

ကမ႓ာ့စိတ္ဝိညာဥ္အခန္းမွာ အျပင္ဘက္မွၾကည့္
လွ်င္  နန္းေတာ္တစ္ခုႏွင့္ တူညီေနေသာ္လည္း
၎က  ေကာင္းကင္အထိ ထိုးေဖာက္ေနေသာ
ေမွ်ာ္စင္ျမင့္တစ္ခုဟု ဆိုလွ်င္  ပိုမိုသင့္ေတာ္ေပ
မည္။  ၎တြင္  တံခါးမ်ား  မ႐ွိေသာ္ျငားလည္း
ခ်ဴဖုန္းက နံရံမ်ားကို ျဖတ္သန္း၍ ဝင္ေရာက္ႏိုင္
ခဲ့ေလသည္။

ခ်ဴဖုန္း ဝင္ေရာက္သြားၿပီးေနာက္ သူက အလ်င္
အျမန္ပင္  သူဆႏၵ႐ွိသလို ေလွ်ာက္သြားႏိုင္စြမ္း
ႏွင့္မိုးကုပ္စက္ဝိုင္းအထိ သေဝထိုးႏိုင္စြမ္းတို႔ကို
ဆုံး႐ႈံးသြားၿပီး ေျမျပင္ေပၚသို႔ ၿမဲျမံစြာ က်ေရာက္
သြားေလေတာ့သည္။

ခ်ဴဖုန္းက သူ႕ေ႐ွ႕ေမွာက္႐ွိ ျမင္ကြင္းကို ယခင္က
ျမင္ဖူးထားေပသည္။ သလင္းကဲ့သို႔နံရံတစ္ခုက
အဆုံးကိုမျမင္ရဘဲ အေပၚသို႔ဆန္႔တက္သြားေန
ေလသည္။

နံရံတစ္ခုေပၚတြင္ ထူးဆန္းသည့္တံခါးႀကီးတစ္
ခု႐ွိေနသည္။ တံခါးထိပ္ပိုင္းတြင္ သံႀကိဳးအထပ္
ထပ္႐ွိေနၿပီး  အတြင္းမွေန၍  ေၾကာက္မက္ဖြယ္
အ႐ွိန္အဝါကို ထုတ္လႊတ္ေန၏။

အေရးအႀကီးဆုံးအရာမွာ အနီးနားတြင္ အနက္
ေရာင္ ဥႀကီးတစ္လုံး႐ွိေနျခင္းပင္။ ထိုခဏ၌ ထို
ဥႀကီးက  ခ်ဴဖုန္းထံ  ေလအိုးတစ္ဦးကဲ့သို႔ မရပ္
မနား ေအာ္ဟစ္ေျပာဆိုေနေလသည္။

ယခုျမင္ကြင္းမွာ  ထိုေန႔က  သူ႕အိပ္မက္ထဲတြင္
ခ်ဴဖုန္းျမင္ေတြ႕ခဲ့ရသည့္  အျဖစ္အပ်က္အားလုံး
အတိုင္းပင္မဟုတ္ပါေလာ။ သို႔ေသာ္ျငားလည္း
ယခု  သူက  အိပ္မက္နယ္ပယ္တစ္ခု အတြင္း၌
႐ွိေနျခင္း မဟုတ္သည္ကို  ခ်ဴဖုန္းသိေပသည္။
ဤေနရာမွာ  သူ၏ ကမ႓ာ့စိတ္ဝိညာဥ္အခန္းပင္
ျဖစ္၏။

''အား.. ငတုံးခ်ဴဖုန္း.. ေနာက္ဆုံးေတာ့ နင္က
ထပ္ေရာက္လာျပန္ၿပီေပါ့..''
''နင္က တုံးလြန္းတယ္..  တကယ္ကို တုံးလြန္း
ပါတယ္.. နင့္ကို ငါ ဘယ္ေလာက္ၾကာေအာင္
ေစာင့္ခဲ့ရသလဲ သိရဲ႕လား.. ဆယ့္ငါးႏွစ္႐ွိ္ၿပီ..''
''ေသာက္ပဲ.. မ်ိဳးမစစ္ေကာင္.. အင္း နင္ရဲ႕ နား
လည္ႏိုင္စြမ္းက ညံ့တာပဲ.. ဟုတ္တယ္ မဟုတ္
လား.. ဒါေတြက တကယ္ကို ဆိုး႐ြားတာပဲ..''

ႏွစ္လိုဖြယ္႐ွိလွေသာ ထိုအသံက  အနက္ေရာင္
ဥႀကီးအတြင္းမွ အေတာမသတ္ႏိုင္ေအာင္ထြက္
ေပၚေနေလသည္။  စကားလုံးမ်ားမွာ ကေပါက္
တိကေပါက္ခ်ာျဖစ္ေနသည့္တိုင္ အလြန္နားဝင္
ပီယံ႐ွိလွ၏။  ၎အသံမွာ အထိန္းရခက္သည့္
ကေလးတစ္ဦးႏွင့္ပင္ တူေနေလသည္။

သို႔ေသာ္  အေရးအႀကီးဆုံးအခ်က္ကား သူမက
ခ်ဴဖုန္း၏အမည္ကို သိေန႐ုံသာမကဘဲ သူမက
ခ်ဴဖုန္းအား ဆယ့္ငါးႏွစ္လုံးလုံး ေစာင့္ဆိုင္းေနခဲ့
ရသည္ဟုပင္ဆိုေနျခင္းျဖစ္သည္။ ထိုအျဖစ္က
ခ်ဴဖုန္းအား အဆုံးမ႐ွိႏိုင္သည့္ အံ့ၾသထိတ္လန္႔
မႈကို ခံစားမိေစေတာ့သည္။

''မင္းက ဘာႀကီးလဲ.. ငါ့နာမည္ကို  မင္း ဘယ္
လို သိေနတာလဲ..''
ခ်ဴဖုန္းက အနက္ေရာင္ဥကို အေဝးတစ္ေနရာမွ
အကဲခတ္ရင္း  အနီးသို႔ ခ်ဥ္းကပ္မသြားဘဲ ေမး
လိုက္သည္။

''နင္ကမွ  'မင္းက ဘာႀကီးလဲ' ဟဲ့..  ငါ့ကို 'ျမင့္
ျမတ္တဲ့ ဘုရင္မ'လို႔ေခၚ.. 'ျမင့္ျမတ္တဲ့ ဘုရင္မ'
ဟုတ္ၿပီလား..''
''ငါက နင့္ရဲ႕ အျမင္နဲ႔အၾကားအာ႐ုံကို နင့္ရဲ႕စိတ္
ဝိညာဥ္ကမ႓ာထဲကေန  မွ်ေဝခံစားႏိုင္တယ္..  ဒီ
ႏွစ္ေတြမွာ  နင္ၾကဳံေတြ႕ခဲ့ရသမွ်  အျဖစ္အပ်က္
အားလုံးကို  ငါလည္း ၾကဳံေတြ႕ခဲ့ရတာပဲ..  နင့္ရဲ႕
နာမည္ ဘယ္လိုေခၚသလဲဆိုတာကို ငါက မသိ
ဘဲေနမလား..နင္ လုပ္ခဲ့သမွ်အားလုံးကိုေတာင္
ငါ သိေနတာကို..''
အနက္ေရာင္ဥႀကီးအတြင္းမွ မေက်နပ္သံတစ္ခု
ထြက္ေပၚလာ၏။

''ငါ့ရဲ႕ စိတ္ဝိညာဥ္ကမ႓ာထဲမွာ ဟုတ္လား.. မင္း
ေျပာတာက မင္းက ငါ့ရဲ႕စိတ္ဝိညာဥ္ကမ႓ာထဲမွာ
ဆယ့္ငါးႏွစ္ေတာင္ ေစာင့္ေနခဲ့ရတယ္တဲ့လား..
မင္းက ငါ့ရဲ႕စိတ္ဝိညာဥ္ကမ႓ာထဲကို ဘယ္လိုဝင္
လာတာလဲ..''
ခ်ဴဖုန္းမွာ အေတာ္ပင္ ရင္သပ္႐ႈေမာ ျဖစ္ေနေပ
သည္။

''ငါ ဘယ္လိုသိမွာလဲ.. ငါႏိုးလာတဲ့အခ်ိန္မွာ ငါ
က နင့္ရဲ႕ စိတ္ဝိညာဥ္ကမ႓ာထဲကို ေရာက္ေနၿပီ..
ငါက  ဒီေသာက္စိတ္ဝိညာဥ္စည္းနဲ႔ေတာင္ ခ်ဳပ္
ေႏွာင္ခံထားရၿပီးေတာ့ လႈပ္လို႔ေတာင္မရဘူး..''

''ဒါက  နင့္ရဲ႕ အယုတ္တမာမိဘေတြ လုပ္ထား
တာပဲ ျဖစ္မွာေပါ့..''
အနက္ေရာင္ဥႀကီးက ဆက္လက္ေအာ္ဟစ္ေန
ေလသည္။

''ဒါျဖင့္  ငါ့မိဘေတြက  ဘယ္သူေတြလဲဆိုတာ
မင္းသိလား..  သူတို႔နာမည္ေတြက ဘယ္လိုတဲ့
လဲ..  သူတို႔က  ဘယ္ေနရာက လာၾကတာလဲ..
အခုေလာေလာဆယ္ သူတို႔ ဘယ္မွာလဲ..''
ခ်ဴဖုန္းက ေစ့ေစ့စပ္စပ္ ေမးလိုက္၏။

''ငါေတာင္ နင့္ကိုျပန္ေမးလိုက္ခ်င္ေသးတယ္..
သူတို႔ ဘယ္သူေတြလဲဆိုတာ နင္ ငါ့ကိုေပးမသိ
တာ ပိုေကာင္းမယ္.. ဒီလိုမွမဟုတ္ရင္ ငါက သူ
တို႔ကို ျပန္ေပးဆပ္ခိုင္းရလိမ့္မယ္.. သူတို႔က ငါ့
ကို နင့္ရဲ႕ အနံ႔အသက္မေကာင္းတဲ့ စိတ္ဝိညာဥ္
ကမ႓ာထဲမွာခ်ဳပ္ေႏွာင္ထားရဲတယ္..ေသာက္ပဲ.''

ထိုအသံက အလြန္ႏွစ္လိုဖြယ္ေကာင္းေသာ္ျငား
လည္း သူ႕ကိုယ္သူ 'ျမင့္ျမတ္တဲ့ဘုရင္မ' ဟုေခၚ
ခဲ့သည့္အနက္ေရာင္ဥႀကီးမွာ ထိုခဏ၌ အလြန္
စိတ္ဆိုးေနသည္ကို  ခ်ဴဖုန္း ၾကားႏိုင္ေပသည္။
သူက  အနက္ေရာင္ဥႀကီး၏ အံႀကိတ္သံကိုပင္
ၾကားေနရသည္။

''အဲ့ဒီေတာ့  ငါ့မိဘေတြက ဒီကမ႓ာ့စိတ္ဝိညာဥ္
အခန္းကို ငါ့အတြက္ ေဆာက္ေပးခဲ့တာေပါ့..''
အနက္ေရာင္ဥႀကီး၏  စကားမ်ားကို  ၾကားလွ်င္
ခ်ဴဖုန္းမွာ  အေတြးနက္ထဲတြင္ နစ္ျမဳပ္ေနေတာ့
သည္။

''အမိႈက္ေကာင္..တကယ္လို႔မ်ား တစ္ေယာက္
ေယာက္က ေဆာက္မေပးခဲ့ဘူးဆိုရင္ ဒါကို နင္
ေဆာက္ခဲ့တာလား.. ဒီေလာက္အထင္ႀကီးစရာ
ေကာင္းတဲ့ ကမ႓ာ့စိတ္ဝိညာဥ္အခန္းကို နင္ကပဲ
ေဆာက္ႏိုင္ဦးမတဲ့လား..''
အနက္ေရာင္ဥႀကီးက ခ်ဴဖုန္းအား ျပင္းျပင္းထန္
ထန္ ေျပာဆိုေနေလေတာ့၏။

''ဒီေတာ့ က်ဳပ္ကို ကူညီၿပီး ဒီကမ႓ာ့စိတ္ဝိညာဥ္
အခန္းကို ေဆာက္ေပးခဲ့တဲ့သူက အရမ္းကိုသန္
မာမွာေပါ့ ဟုတ္တယ္မဟုတ္လား..ၿပီးေတာ့ သူ
က ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူ တစ္ေယာက္
လည္းျဖစ္လိမ့္မယ္ မဟုတ္လား..''
ခ်ဴဖုန္းက ေမးလိုက္၏။

''ဒါေပါ့..  ဒီကမ႓ာ့စိတ္ဝိညာဥ္အခန္းကို  ဖန္တီး
ႏိုင္စြမ္း႐ွိတဲ့သူက သန္မာတာေပါ့.. ေနစမ္းပါဦး.
နင္ေျပာတာ ဘာအဓိပၸါယ္လဲ.. ငါက  အရမ္းကို
အားနည္းတယ္လို႔ နင္ဆိုလိုတာလား..''

''နင့္ကို  ေျပာျပလိုက္မယ္.. တကယ္လို႔ ငါသာ
ဒဏ္ရာရေနခဲ့တာ မဟုတ္ခဲ့ဘူးဆိုရင္  ဘယ္သူ
ကမွ ငါ့ကို ခ်ဳပ္ေႏွာင္ႏိုင္မွာ မဟုတ္ဘူး.. နင့္ကို
ကူညီခဲ့တဲ့လူက ဘယ္ေလာက္ သန္မာတယ္ဆို
တာ  အေရးမႀကီးဘူး..  အဲ့ဒီလူ ဘယ္သူလဲဆို
တာ ငါသိတာနဲ႔  သူတို႔ ေပးဆပ္ရလိမ့္မယ္.. ငါ
တကယ္ကို လုပ္မွာ..''

''အက္ဂီ(ဥေလး)..  ငါ မင္းကို  ဘယ္တုန္းကမွ
ႏွိမ့္ခ်မျမင္ပါဘူး.. ငါက သိခ်င္႐ုံပါ..''

''သိခ်င္လို႔  ဟုတ္လား..  ဒါက ဘာမ်ား သိခ်င္
စရာ႐ွိလို႔လဲ..ေနစမ္းပါဦး.. အက္ဂီ ဟုတ္လား..
နင္ကမွ အက္ဂီ..  နင္ကမွ ၾကက္ဥဟဲ့.. ေခြးဥ..
မ်ိဳးမစစ္ေကာင္.. နင္ ငါ့ကို'ျမင့္ျမတ္တဲ့ ဘုရင္မ'
လို႔ ေခၚဖို႔လိုတယ္..''

''ဟုတ္ပါၿပီ အက္ဂီရယ္.. မင္းနာမည္ ဘယ္လို
ေခၚသလဲဆိုတာ  ငါ့ကို ေျပာျပႏိုင္မလား..  မင္း
က ဘယ္ေနရာက လာခဲ့တာလဲ..''

''႐ွဴး ႐ွဴး.. သြားစမ္းပါ.. ငါ့ဆီက သတင္းသိရဖို႔
ႀကိဳးစားမယ္လို႔ မေတြးနဲ႔..''

ခ်ဴဖုန္းမွာ မူလက အနက္ေရာင္ဥႀကီးထံမွ တစ္
စုံတစ္ရာ သိ႐ွိႏိုင္လိမ့္မည္ဟု ေတြးထင္ထားခဲ့မိ
ေသာ္လည္း  ေနာက္ပိုင္းတြင္မူ ေမးခြန္းတိုင္းကို
သူမက  'မသိဘူး' သုံးႀကိမ္ျဖင့္  တုံ႔ျပန္သည္ကို
သာ ေတြ႕ၾကဳံလိုက္ရသည္။

သူမက အလြန္ေခါင္းမာစြာပင္ ႏႈတ္ပိတ္ထားၿပီး
သူမ မည္သူမည္ဝါျဖစ္သည္ကို လွစ္ဟရန္ဆႏၵ
႐ွိပုံမရေခ်။ သို႔ေသာ္ျငားလည္း အကယ္၍ တစ္
စုံတစ္ဦးက  သူမအား  သူ၏ စိတ္ဝိညာဥ္ကမ႓ာ
အတြင္း၌ ရည္႐ြယ္ခ်က္႐ွိ႐ွိျဖင့္ခ်ဳပ္ေႏွာင္ထားခဲ့
သည္ဆိုပါက လွ်ိဳ႕ဝွက္ထားသည့္အဓိပၸါယ္တစ္ခု
ခု ႐ွိလိမ့္မည္ဟု ခ်ဴဖုန္း ခံစားမိေပသည္။

အနည္းဆုံး ထိုလူက သူ႕အားအႏၲရာယ္ေပးလိမ့္
မည္ မဟုတ္ေခ်။ ထိုသို႔မဟုတ္ခဲ့ပါက  ထိုလူ၏
နည္းလမ္းမ်ားႏွင့္ဆိုလွ်င္ သူတို႔က ယခင္ကပင္
သူ႕အား သတ္ႏိုင္ေပသည္။

အဘယ္ေၾကာင့္ ထိုသူမ်ားက ကမ႓ာ့စိတ္ဝိညာဥ္
အခန္းတစ္ခုကို သူ႕အတြက္ကူညီတည္ေဆာက္
ေပးၿပီး  သူ႕အား အႏၲရာယ္ျပဳမည့္ တစ္စုံတစ္ရာ
ကို ခ်ဳပ္ေႏွာင္ထားခဲ့ေပမည္နည္း။ ထိုအျဖစ္က
အခ်ည္းႏွီးေသာ  အားထုတ္မႈျဖစ္သည္မွာ  ႐ွင္း
လင္းေန၏။

ထို႔ေၾကာင့္  ထိုလူက  သူ႕အား အႏၲရာယ္ျပဳမည့္
သူ မဟုတ္ဟု ခ်ဴဖုန္း ဆုံးျဖတ္လိုက္ေလသည္။
ထိုအစား သူတို႔က  သူ႕အား ကူညီေပးခဲ့ျခင္းပင္
ျဖစ္လိမ့္မည္ျဖစ္ၿပီး ထိုအျဖစ္မွာ သူ၏မိသားစုမွ
ျပဳလုပ္ေပးခဲ့ျခင္းသာ အျဖစ္ႏိုင္ဆုံးဟု ခ်ဴဖုန္း ခံ
စားမိေနေပေတာ့သည္။

                 - - - - - - - - - -
                  * * * * * * *

အခန္း(၁၀၇) ဆက္ရန္...''သိုင္းနတ္ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန္း(၁၀၇) ခ်ဳပ္ေႏွာင္မႈကို ပယ္ဖ်က္ျခင္း

ထိုအျဖစ္အားလုံးကို သိျမင္လိုက္ၿပီးေနာက္တြင္
ခ်ဴဖုန္းရင္ထဲ၌ ႐ွင္းျပမရႏိုင္ေသာ ေႏြးေထြးမႈကို
ခံစားလိုက္ရၿပီး သူ၏မိသားစုက သူ႕အားစြန္႔ပစ္
ခဲ့ျခင္းမဟုတ္သည္ကို  သူ သိလိုက္သည္။  ထို႔
အျပင္  သူတို႔က  သူ႕အတြက္ ခိုင္မာေသာအုတ္
ျမစ္ကိုပင္ ခ်ထားေပးခဲ့ၿပီး ျဖစ္၏။

သူ၏မိသားစုက သူ႕အား ခ်န္ရစ္ထားခဲ့သည္မွာ
အေၾကာင္းရင္းအခ်ိဳ႕  ႐ွိေနလိမ့္မည္ဟု သူ ခံစား
မိသည္။ သူက  ထိုအေၾကာင္းရင္းကို ႐ွာရမည္
ျဖစ္၏။ မည္သို႔ အမွန္တကယ္ ျဖစ္ပ်က္ခဲ့သည္
ကို သိ႐ွိရန္  သူက  သူ၏မိသားစုႏွင့္ သူ၏မိဘ
မ်ားကို ႐ွာရမည္ျဖစ္၏။

''အို႔ အို႔.. နင္ ဘာေတြ ေတြးေနတာလဲ.. ငါ့ကို
အျပင္ထြက္ႏိုင္ေအာင္ ျမန္ျမန္လုပ္ေပးစမ္းပါ..''
ခ်ဴဖုန္းမွာ ေလးေလးနက္နက္ စဥ္းစားမႈအတြင္း
၌ နစ္ျမဳပ္ေနသည္ကို ျမင္လွ်င္  အနက္ေရာင္ဥ
ႀကီးက စတင္ ေအာ္ဟစ္ေလေတာ့သည္။

''ငါေျပာပါဦးမယ္.. မင္းက ငါ့ရဲ႕  ဉာဏ္ရည္ကိုပဲ
အထင္ေသးတာလား ဒါမွမဟုတ္ မင္းကိုယ္မင္း
ပဲ အထင္ႀကီးတာလား.. မင္းရဲ႕မေက်မခ်မ္းမႈက
ဒီေလာက္ႀကီးေလးေနတာ..တကယ္လို႔ မင္းကို
အျပင္ထုတ္ေပးလိုက္ရင္ ငါက ေသလမ္း႐ွာေန
တာပဲေပါ့..''

ခ်ဴဖုန္းက  ဥႀကီးထံ  ခက္ထန္စြာ တစ္ခ်က္စိုက္
ၾကည့္လိုက္ၿပီး  ၎အား ထပ္မံ၍ အေရးမလုပ္
ေတာ့ေခ်။ သူက တင္ပလႅင္ေခြ၍ ထိုင္လိုက္ၿပီး
စိတ္ဝိညာဥ္စည္းစြမ္းအားႏွင့္ ဆက္သြယ္ႏိုင္ရန္
သူ၏ ဦးေခါင္းအတြင္းမွ အေတြးမ်ားကို  စတင္ 
စုစည္းလိုက္သည္။

''အို႔.. ခ်ဴဖုန္း.. ေသနာေကာင္ေလး.. နင္က ငါ့
ကို လစ္လ်ဴ႐ႈၿပီးေနရဲတယ္ေပါ့ေလ..''
''မ်ိဳးမစစ္ေကာင္.. နင္က စိတ္ဝိညာဥ္စည္းစြမ္း
အားနဲ႔ ဆက္သြယ္ခ်င္တယ္မဟုတ္လား.. ငါက
နင့္ကို သင္ေပးႏိုင္တယ္ဟဲ့..''

''နင္က ခုထိ  ကုံးလုယြင္ကို အႏိုင္ယူခ်င္ေသး
တယ္မဟုတ္လား.. ငါက နင့္ကို ကူညီေပးႏိုင္ပါ
တယ္.. ေဟး...''
အနက္ေရာင္ဥႀကီးက ခ်ဴဖုန္းမွ သူမအားအေရး
မစိုက္ေတာ့မည္ကိုစိုးထိတ္ဟန္ျဖင့္ ျပင္းထန္စြာ
စတင္ လႈပ္႐ွားလာေလေတာ့သည္။

''ငါ့ကို စိတ္ဝိညာဥ္စည္းစြမ္းအားနဲ႔ ဆက္သြယ္
ႏိုင္ေအာင္ မင္း တကယ္ ကူညီႏိုင္သလား..''
ခ်ဴဖုန္းက ၎ဥႀကီးထံ သံသယျဖင့္ လွမ္းၾကည့္
လိုက္မိၿပီး သူက သူမအား တစ္စုံတစ္ရာ လွည့္
ျဖားရန္ မရည္႐ြယ္ဘဲ စိတ္ဝိညာဥ္စည္းစြမ္းအား
ႏွင့္  ဆက္သြယ္ရန္ ယခုပင္ ႀကိဳးစားၾကည့္မိခဲ့႐ုံ
မွ်သာျဖစ္သည္။ ထို႔ေနာက္တြင္မွသာ အကယ္
၍ ကမ႓ာ့စိတ္ဝိညာဥ္အခန္းကို တည္ေဆာက္ၿပီး
ျဖစ္လွ်င္ပင္ စိတ္ဝိညာဥ္စည္းစြမ္းအားႏွင့္ ဆက္
သြယ္ရန္မူ အလြန္ ခက္ခဲေနဆဲျဖစ္သည္ကို သူ
သိလိုက္ရသည္။

''ငါ လုပ္ေပးႏိုင္တာေပါ့.. ငါက ႐ုပ္ျပ႐ုံပဲ႐ွိတယ္
ထင္ေနလား..''
''အခု  ေလာေလာဆယ္မွာ   စိတ္ဝိညာဥ္စည္း
စြမ္းအားက ကမ႓ာ့စိတ္ဝိညာဥ္အခန္းထဲမွာ ႐ွိေန
ၿပီးၿပီ.. နင့္ကို အသုံးျပဳခြင့္ မေပးတာပဲ႐ွိမယ္..''

''တကယ္လို႔ နင့္ရဲ႕ စိတ္ဝိညာဥ္စြမ္းအားကို သုံး
ၿပီး ဆက္သြယ္မယ္ဆိုရင္ နင္ကတစ္ႀကိမ္ဆက္
သြယ္တိုင္းတစ္ႀကိမ္႐ွာရမယ္.. ၿပီးေတာ့မွ နည္း
နည္းခ်င္း နားလည္လာႏိုင္လိမ့္မယ္.. ဒီနည္းက
နင့္ရဲ႕ အခ်ိန္ကို ရက္အမ်ားႀကီး ျဖဳန္းတီးပစ္ၿပီးမွ
နင္က စိတ္ဝိညာဥ္စည္းစြမ္းအားမျဖစ္စေလာက္
ေလးနဲ႔ပဲ ဆက္သြယ္ႏိုင္လိမ့္မယ္..''

''ဒါေပမယ့္လည္း ငါ့မွာ မႏၲန္တစ္ပုဒ္႐ွိေနတယ္
..နင္ အဲ့ဒီမႏၲန္ကို သုံးလိုက္တာနဲ႔ နင္က စိတ္ဝိ
ညာဥ္စည္းစြမ္းအားကို  အသုံးျပဳႏိုင္စြမ္း  ႐ွိလာ
လိမ့္မယ္..''

''နင္ ဘယ္ေလာက္အသုံးျပဳႏိုင္မလဲ ဆိုတာက
ေတာ့ နင့္ရဲ႕ ကိုယ္ပိုင္ခြန္အား အေပၚမွာ မူတည္
ေသးတာေပါ့..  ဘာလို႔လဲဆိုေတာ့ စိတ္ဝိညာဥ္
စည္းစြမ္းအားရဲ႕  ခြန္အားက  နင့္ရဲ႕  စိတ္ဝိညာဥ္
စြမ္းအားနဲ႔ တူညီေနလို႔ပဲ..''
အနက္ေရာင္ဥႀကီးက ႐ွင္းျပလိုက္၏။

''မႏၲန္ ဟုတ္လား.. ဒါက မင္းကိုခ်ဳပ္ေႏွာင္ထား
တဲ့စည္းကို  ပယ္ဖ်က္တဲ့ မႏၲန္ေတာ့ မဟုတ္ဘူး
မဟုတ္လား..''
အနက္ေရာင္ဥႀကီး  ေျပာျပသည္ကို  ခ်ဴဖုန္းက
ယုံၾကည္ျခင္း မ႐ွိေပ။

''အို႔ အို႔.. နင္က ဘာေတြ ေၾကာက္ေနတာလဲ..
ဒါက နင့္ရဲ႕ ကိုယ္ပိုင္စိတ္ဝိညာဥ္ကမ႓ာေလ.. ၿပီး
ေတာ့ အားလုံးက နင့္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာပဲ
႐ွိေနတယ္.. ငါ့မွာ နင့္ကို အႏၲရာယ္ေပးႏိုင္မယ့္
နည္းလမ္းတစ္ခုမွ မ႐ွိဘူး..''

''ၿပီးေတာ့လည္း  ငါက စည္းနဲ႔ခ်ဳပ္ေႏွာင္ခံထား
ရတယ္လို႔  ငါေျပာခဲ့သားပဲ..  ငါ့ခႏၶာကိုယ္က ဒီ
ေသာက္ပစၥည္းထဲက ထြက္မရ႐ုံတင္ မကဘူး..
ငါ့ရဲ႕  က်င့္ၾကံမႈကိုပါ   ကန္႔သတ္ခံထားရတယ္..
လက္႐ွိ ငါ့ရဲ႕ခြန္အားက နင့္ထက္အမ်ားႀကီးအား
နည္းတယ္..''

''အဲ့ဒီလိုမဟုတ္ဘူးဆိုရင္ ငါက ဒီစည္းကို ပယ္
ဖ်က္ဖို႔ နင့္ရဲ႕ အကူအညီလိုမွာတဲ့လဲ.. ငါက ဒီဥ
ကို အေစာႀကီးကတည္းက ခြဲထြက္ၿပီးၿပီေပါ့..''
အနက္ေရာင္ဥႀကီးက အနည္းငယ္ ေဒါသထြက္
သြားဟန္႐ွိ၏။

ခ်ဴဖုန္းက အနက္ေရာင္ဥႀကီးေျပာသည္ကို စဥ္း
စားေနမိၿပီး ၎မွာ အက်ိဳးအေၾကာင္း ဆီေလ်ာ္
မႈ႐ွိသည္ဟု  သူ ခံစားမိသည္။  ထို႔ေနာက္တြင္
သူက ေမးလိုက္၏။
''ငါ့ကို  မႏၲန္ေျပာျပေလ..  အဲ့ဒါက  အလုပ္ျဖစ္
မျဖစ္ ၾကည့္ရတာေပါ့..''

''ဟား.. နင္က ဒါကို အလကားလိုခ်င္ေနတယ္
ေပါ့ ဟုတ္လား..''
အထင္ေသးသည့္ အသံတစ္ခုက အနက္ေရာင္
ဥႀကီးထံမွ ထြက္ေပၚလာသည္။

''ဒါျဖင့္ ငါ့ကို အဲ့ဒီမႏၲန္ေျပာျပဖို႔အတြက္ မင္းက
ဘာလိုခ်င္တာလဲ..''
''လြယ္လြယ္ေလးပါ.. ငါ့ကိုကူညီၿပီး  ဒီစည္းကို
ပယ္ဖ်က္ေပး႐ုံပဲ..''

''အဲ့ဒါဆိုရင္ေတာ့ စဥ္းေတာင္မစဥ္းစားနဲ႔..''
''ေဟး..  နင္က  ေယာက်္ား တစ္ေယာက္ေရာ
ဟုတ္ရဲ႕လား.. နင္ဘာလို႔  ဒီေလာက္ သူရဲေဘာ
ေၾကာင္ရတာလဲ.. ငါ့ရဲ႕  က်င့္ၾကံမႈက ခ်ဳပ္ေႏွာင္
ခံထားရတယ္လို႔ ငါေျပာၿပီးၿပီေလ..ၿပီးေတာ့ နင့္
ကို အႏၲရာယ္မျပဳႏိုင္ပါဘူးဆို.. အဲ့ဒါေတြအျပင္
ဒါက နင့္ရဲ႕ ကိုယ္ပိုင္စိတ္ဝိညာဥ္ကမ႓ာပဲကို..''

''ငါ့ကို  လွည့္စားဖို႔ မႀကိဳးစားနဲ႔.. ဒီကမ႓ာ့စိတ္ဝိ
ညာဥ္အခန္းက အရမ္းအရမ္းကို ဆန္းၾကယ္ေန
ၿပီးေတာ့ ဒါကို ငါေတာင္မထိန္းခ်ဳပ္ႏိုင္ဘူး..အဲ့ဒီ
လိုမဟုတ္ဘူးဆိုရင္ ငါက စိတ္ဝိညာဥ္စည္းစြမ္း
အားကို ဘာေၾကာင့္ အသုံးမျပဳႏိုင္ရတာလဲ.. ငါ
က ဘာေၾကာင့္ အဲ့ဒါနဲ႔ဆက္သြယ္ဖို႔ လိုေနေသး
တာလဲ..''

''ငတုံး ငတုံး ငတုံး...  ငါက  နင့္ကို  အႏၲရာယ္
မျပဳပါဘူးလို႔ ေကာင္းကင္ကို သစၥာဆိုပါတယ္..
ဟုတ္ၿပီလား..အမွန္တကယ္ေတာ့ ငါက အရမ္း
ၾကင္နာတတ္တဲ့ လူတစ္ေယာက္ပါ..''

''လူတစ္ေဟာက္က အခုပဲေျပာတာကို ငါၾကား
မိလိုက္တာေတာ့ သူ႕ကို ဒီေနရာမွာ ခ်ဳပ္ေႏွာင္ခဲ့
တဲ့လူကို  သူ မသိတာပိုေကာင္းမယ္တဲ့.. အဲ့လို
မွမဟုတ္ရင္  သူက အဲ့ဒီလူကို ျပန္ေပးဆပ္ခိုင္း
မယ္ဆိုပဲ..''

''ဒါက  အဲ့ဒီလူကို ျပန္ေပးဆပ္ခိုင္း႐ုံပါပဲ.. သူ႕ရဲ႕
အသက္ကိုယူဖို႔ မဟုတ္ပါဘူး.. ဒါဆို ရၿပီလား..
တကယ္လို႔  ငါ့ေနရာမွာ  နင္ဆိုရင္ေရာ  ေနရာ
တစ္ခုမွာ  စားစရာမ႐ွိ ေသာက္စရာမ႐ွိ  စကား
ေျပာဖို႔  လူတစ္ေယာက္ေတာင္မ႐ွိဘဲ  ဆယ့္ငါး
ႏွစ္ၾကာေအာင္ ပိတ္ေလွာင္ခံထားခဲ့ရရင္ နင္က
ဘာရန္ညိႇဳးမွ မထားေတာ့ဘူးတဲ့လား..''

''နင္က  ခ်ဴမိသားစုရဲ႕  အႏိုင္က်င့္တာ  ခံခဲ့ရၿပီး
ေသာကေရာက္ခဲ့ရတယ္ ဆိုရင္ေတာင္ အနည္း
ဆုံးေတာ့ နင့္ကို အႏိုင္က်င့္တဲ့ လူတစ္ေယာက္
႐ွိေနေသးတယ္..  ငါ့မွာ  အႏိုင္က်င့္ခံခ်င္တယ္
ဆိုရင္ေတာင္ မျဖစ္ႏိုင္ခဲ့ဘူးရယ္..''

''ငါက နင့္ကို ဒီေနရာမွာ အၿမဲတမ္းမမွိတ္မသုန္
ေစာင့္ေနခဲ့ရတာ.. နင္က ေနာက္ဆုံးမွာ အခက္
အခဲေတြအမ်ာ်းျားႀကီးၾကဳံေတြ႕ၿပီးမွ ေရာက္လာႏိုင္
တာေတာင္ ငါ့ကို အျပင္ထြက္ႏိုင္ေအာင္  ကူညီ
ေပးဖို႔ဆႏၵမ႐ွိဘူးေပါ့.. နင္က တကယ့္ကို မဟာ
ၿပိဳင္ဘက္ကင္းအယုတ္တမာေကာင္ႀကီးပဲ..''
ေျပာရင္း ထိုေနရာသို႔ေရာက္လွ်င္ ငို႐ိႈက္သံမ်ား
က အနက္ေရာင္ဥႀကီး အတြင္းမွ ထြက္ေပၚလာ
ေလေတာ့သည္။

ထိုကဲ့သို႔ ခ်ိဳသာေသာအသံတစ္ခုက ထိုမွ်အထိ
ဝမ္းနည္းပူေဆြးစြာ  ငိုေႂကြးေနသည္မွာ  မခံစား
ႏိုင္ဖြယ္ျဖစ္၏။ အထူးသျဖင့္ သူမ၏ စကားမ်ား
ကို ၾကားၿပီးေနာက္တြင္ ခ်ဴဖုန္း၏စိတ္ႏွလုံးသား
မွာ ေပ်ာ့ေပ်ာင္းလာေပေတာ့သည္။

အေသအခ်ာ ေအးေအးေဆးေဆးစဥ္းစားၾကည့္
ၿပီးေနာက္ သူမေျပာသည္မွာ အက်ိဳးအေၾကာင္း
သင့္ေလ်ာ္သည္ဟု  ခ်ဴဖုန္း ခံစားမိလိုက္သည္။
ထို႔ေၾကာင့္ သူက ေမးလိုက္၏။
''ဒီစည္းကို ပယ္ဖ်က္ဖို႔  ငါက မင္းကို  ဘယ္လို
ကူညီရမွာလဲ..''

''ငါ့ခႏၶာကိုယ္ထဲကစည္းကို နင္ ပယ္ဖ်က္မေပး
ႏိုင္ဘူး.. ဒါေပမယ့္  ဒီဥကိုေတာ့  နင္  ကူညီၿပီး
ဖ်က္ဆီးေပးလို႔ရတယ္.. ဒီလိုဆိုရင္ အနည္းဆုံး
ေတာ့ ငါက နင့္ရဲ႕ စိတ္ဝိညာဥ္ကမ႓ာထဲမွာ လြတ္
လြတ္လပ္လပ္ေနႏိုင္ၿပီ..''

''ဒီဥကို ဖ်က္ဆီးဖို႔နည္းလမ္းက လြယ္ပါတယ္..
နင္က  နင့္ရဲ႕ စိတ္ဝိညာဥ္စြမ္းအားကို သုံးၿပီး ဒီဥ
ကို အားနဲ႔ တစ္ခ်က္ထိုးလိုက္႐ုံပဲ..''

''ဒီေလာက္ လြယ္လို႔လား..''
ခ်ဴဖုန္းက အနည္းငယ္ သံသယ႐ွိေန၏။

''ဒါက  အဲ့ဒီေလာက္ကို လြယ္တယ္.. တကယ္
လို႔ နင္က ငါ့ကို မယုံဘူးဆ္ိဳလည္း စမ္းၾကည့္႐ုံပဲ
ေလ ဟုတ္တယ္ မဟုတ္လား..''
အနက္ေရာင္ဥႀကီးအတြင္းမွ ကေလးဆိုးတစ္ဦး
ကဲ့သို႔ အသံတစ္ခုထြက္ေပၚလာသည္။

''ေကာင္းၿပီေလ..  ေနာက္ဆုတ္ႏိုင္သေလာက္
ဆုတ္ေန.. ဒါမွ ငါ့လက္သီးခ်က္က မင္းကို မထိ
ခိုက္မိမွာ..''

ခ်ဴဖုန္းက အနက္ေရာင္ဥႀကီးအေ႐ွ႕သို႔ ေလွ်ာက္
လွမ္းသြားလိုက္ၿပီး သူ၏စိတ္ဝိညာဥ္စြမ္းအားကို
အသုံးျပဳ၍  ၎ကို စူးစမ္းလိုက္သည္။  အနက္
ေရာင္ဥႀကီးမွာ  အလြန္ ဆန္းၾကယ္သည္ကို သူ
ေတြ႕႐ွိလိုက္ရၿပီး  ထိုခဏ၌ သူက ၎ကို ထြင္း
ေဖာက္၍ မျမင္ႏိုင္ပါေခ်။

ခ်ဴဖုန္းက အံႀကိတ္လိုက္ၿပီး  သူ၏ လက္သီးကို
႐ုတ္တရက္  ထိုးထုတ္လိုက္၏။  ဝုန္းခနဲ အသံ
တစ္ခုႏွင့္အတူ  အနက္ေရာင္ဥႀကီး အေပၚတြင္
လက္သီးရာတစ္ခုက ျဖစ္ေပၚလာသည္။  မေရ
မတြက္ႏိုင္ေသာ အက္ေၾကာင္းမ်ား ျဖစ္ေပၚလာ
ၿပီး စတင္ပ်ံ႕ႏွံ႔သြားေလသည္။

''ဖ်စ္ ဖ်စ္ ဖ်စ္..''
အက္ေၾကာင္းမ်ားက  အလ်င္အျမန္  ျဖန္႔ထြက္
သြားၿပီး ျပတ္သားေသာအသံမ်ားကိုဆက္လက္
ထြက္ေပၚေနေစသည္။  ထူးဆန္းေသာ အနက္
ေရာင္ဥႀကီးမွာ ခ်ဴဖုန္း၏ လက္သီးတစ္ခ်က္ႏွင့္
ပင္  အမွန္တကယ္ ဖ်က္ဆီးခံလိုက္ရၿပီး စတင္
အက္ကြဲလာေလေတာ့သည္။

ေနာက္ဆုံးတြင္  အနက္ေရာင္ဥႀကီးမွာ  ႏွစ္ပိုင္း
ကြဲထြက္သြားေလသည္။  တစ္ခ်ိန္တည္း၌ လွပ
ေသာ အရိပ္သ႑ာန္တစ္ခုကလည္း  ခ်ဴဖုန္း၏
မ်က္စိေ႐ွ႕ေမွာက္တြင္ ေပၚေပါက္လာေလေတာ့
သည္။

၎မွာ ေဆာင္းႏွင္းပြင့္လို အသားအေရ႐ွိသည့္
တိုင္ ထိုအသားအေရေပၚတြင္ ႏွင္းဆီေရာင္႐ႊန္း
စိုေနသည့္ မိန္းမငယ္ေလး တစ္ဦးပင္ျဖစ္သည္။
တစ္ခ်က္စိုက္ၾကည့္မိ႐ုံႏွင့္ပင္  သူမ၏  အသား
အေရမွာ  ေခ်ာေမြ႕လြန္းေသာေၾကာင့္ လူအမ်ား
အား  အမွန္တကယ္ ထိေတြ႕ခံစားလိုစိတ္ ျဖစ္မိ
ေစမည္ကို ေျပာႏိုင္ေပသည္။

သို႔ေသာ္ျငားလည္း  သူ႕ေ႐ွ႕ေမွာက္၌ ခ်ဴဖုန္းအား
အဆြဲေဆာင္ႏိုင္ဆုံး အရာကား  မိန္းမငယ္ေလး
၏မ်က္ႏွာပင္ျဖစ္သည္။ ၿပီးျပည့္စုံေသာမ်က္ႏွာ
ဝိုင္းေလးထက္တြင္  ေတာက္ပ၍ ႀကီးမားသည့္
မ်က္လုံးတစ္စုံ  ႐ွိေနသည္။  အနက္ေရာင္မ်က္
လုံးအိမ္အတြင္း၌ ၾကယ္ပင္လယ္တစ္ခု ႐ွိေနသ
ကဲ့သို႔ျဖစ္ၿပီး နက္႐ိႈင္း၍ ဆြဲေဆာင္မႈ႐ွိလွ၏။

သူမ၏  လွပေသာ မ်က္လုံးမ်ား ေအာက္တြင္မူ
ေခ်ာေမြ႕ေသာ ႏွစ္လိုဖြယ္ ႏွာတံတစ္ခု ႐ွိေန၏။
သူမ၏ႏႈတ္ခမ္းေလးမ်ားမွာ အနည္းငယ္ဖူးငုံေန
လ်က္ ၎တို႔က ဆြဲေဆာင္မႈ႐ွိစြာျဖင့္လွပေနၿပီး
အလြန္တရာ စြဲမက္ဖြယ္ ေကာင္းလွ၏။

သူမ၏ အနက္ေရာင္ဆံႏြယ္မ်ားက သူမ၏ ႏွင္း
ျဖဴေရာင္ ပခုံးသားမ်ားထက္တြင္ ျဖန္႔က်ဲလ်က္႐ွိ
ၿပီး ၎မွာအလြန္ညိႇဳ႕ဓါတ္ျပင္းေနေတာ့၏။ သူမ
၏ခႏၶာကိုယ္မွာ ၿပီးျပည့္စုံလွသည္ဟုပင္ ဆိုႏိုင္
ေပသည္။ ႐ွိသင့္သည့္ေနရာတြင္ အားလုံး႐ွိေန
လ်က္ ေကာင္းစြာ ဖြံ႕ၿဖိဳးလွေပ၏။

သူမ၏ဂါဝန္မွာလည္း အလြန္ထူးျခားေပသည္။
၎ကို   အနက္ေရာင္ အေမႊးအေတာင္မ်ားျဖင့္
ရက္လုပ္ထားၿပီးလွ်င္   ထိုအေမႊးအေတာင္မ်ား
က မည္သည့္အရာမ်ားျဖစ္သည္ကို  မည္သူက
မွမသိေသာ္လည္း ၎တို႔မွာ အလြန္တရာ လွပ
ေပသည္။

အထူးသျဖင့္  အနက္ေရာင္ဂါဝန္က  အလြန္တို
ေနခ်ိန္တြင္ျဖစ္သည္။  ၎က အထက္ပိုင္းတြင္
ႏွင္းျဖဴေရာင္ပခုံးသားမ်ားကို လွစ္ဟေနလ်က္႐ွိ
ၿပီး ေအာက္ပိုင္းတြင္မူ ႏွင္းျဖဴေရာင္ေျခေထာက္
မ်ားကို လွစ္ဟလ်က္႐ွိသည္။  ထို႔အျပင္  အျဖဴ
ေရာင္ႏွင့္  အနက္ေရာင္အၾကား  အျပန္အလွန္
ယွက္ႏြယ္ေနမႈက  သူမအား နတ္သမီးေလးကဲ့
သို႔ ထင္ျမင္မိေစေလသည္။ သူမထံမွလာေသာ
အလွတရားက  လူအမ်ားအား  အသက္႐ွဴ  ရပ္
သြားေစႏိုင္ေပသည္။

လွပေပ၏။ သူမကား အလြန္တရာ လွပေပ၏။
သူမက  ခ်ဴဖုန္း၏ တစ္သက္တာ၌ ျမင္ေတြ႕ဖူးခဲ့
သမွ်တြင္  အလွပဆုံးအမ်ိဳးသမီးပင္ ျဖစ္သည္။

အကယ္၍ စူး႐ို႕ႏွင့္စူးေမတို႔ညီအစ္မမွာ သူတို႔၏
အလွတရားျဖင့္  ၿမိဳ႕တစ္ၿမိဳ႕ကို  ဖ်က္ဆီးႏိုင္သည္
ဟု ဆိုခဲ့လွ်င္ ဤမိန္းကေလး၏ အသြင္အျပင္မူ
ကား  သက္႐ွိအားလုံးအား  အႂကြင္းမဲ့ အသက္
႐ွဴမွား  မူးမိုက္သြားေစႏိုင္သည္ဟုပင္ ဆိုရမည္
ျဖစ္ေပေတာ့သည္။

                 - - - - - - - - - -
                  * * * * * * *

အခန္း(၁၀၈) ဆက္ရန္...''သိုင္းနတ္ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန္း(၁၀၈) ဘီလူးႏွစ္ေကာင္

''နင္  ဘာေတြၾကည့္ေနတာလဲ..  ဒီအသက္ ဒီ
အ႐ြယ္နဲ႔  ဒီေလာက္ဏွာထေနရင္  နင္ အ႐ြယ္
ေရာက္လာရင္ ဘယ္လိုမ်ား ေနလိမ့္မလဲ..''
မိန္းကေလးက   ခ်ဴဖုန္းထံ   အထင္ေသးသည့္
အၾကည့္ျဖင့္တစ္ခ်က္စိုက္ၾကည့္လိုက္ရင္း သူမ
၏မ်က္ေတာင္ကို  ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္
သည္။

''မင္းမွားေနၿပီ..  ဒါက ဏွာထတာမဟုတ္ဘူး..
ဒါကို ရသခံစားတာလို႔ ေခၚတယ္..''
ခ်ဴဖုန္းက  သူ၏ ႏႈတ္ခမ္းမ်ားကို သုတ္လိုက္ၿပီး
သည့္ေနာက္တြင္မွ သူသြားရည္က်ေနသည္ကို
ေတြ႕႐ွိလိုက္ရသည္။

''ကြၽတ္.. နင့္မွာ အေၾကာင္းျပခ်က္ေတြအေတာ္
မ်ားမ်ား ႐ွိေနတာပဲ..''
မိန္းကေလးက  ခ်ဴဖုန္းထံ  ထပ္မံ၍ စိုက္ၾကည့္
လိုက္ျပန္သည္။  ထို႔ေနာက္တြင္မူ သူမႏႈတ္ခမ္း
ေထာင့္စြန္းမ်ားက  မသိမသာ ထိုးတက္သြားၿပီး
ႏိႈင္းယွဥ္စရာမ႐ွိႏိုင္သည့္  ခ်ိဳျမေသာ  အျပဳံးက
ဖူးပြင့္လာေလေတာ့သည္။

''ဝါး.. လြတ္လပ္မႈရဲ႕ အရသာက  အခုခ်ိန္အထိ
အေကာင္းဆုံးပါပဲလား..''
မိန္းကေလးက ေပ်ာ္႐ႊင္သြားၿပီး ပထမတြင္ သူမ
က သူမ၏လက္မ်ားကို ဖြင့္ထုတ္လ်က္ သူမရပ္
ေနရာ၌ပင္ ခ်ာလပတ္လည္ေအာင္ လွည့္လိုက္
ၿပီးေနာက္   စိတ္ဝိညာဥ္ကမ႓ာအတြင္း႐ွိ  ေနရာ
အႏွံ႔သို႔ စတင္ေျပးလႊားေနေလေတာ့သည္။

သူမက ေပ်ာ္စရာကိုသာ အလို႐ွိေသာ ကေလး
ငယ္တစ္ဦးႏွင့္  အလားတူ  ျဖစ္ေနေသာ္လည္း
အမွန္တကယ္တြင္မူ  သူမက  ေလွာင္အိမ္ထဲမွ
လြတ္ေျမာက္သြားသည့္ငွက္တစ္ေကာင္ႏွင့္ ပို၍
တူေနေပသည္။

''အမ်ိဳးသမီးေလး..  မင္းကို ငါက ဘယ္လိုေခၚ
ရမလဲဆိုတာ သိပါရေစလား..''
ခ်ဴဖုန္းက ေမးလိုက္၏။

''ဘာအမ်ိဳးသမီးလဲ.. ငါ့ကို  ျမင့္ျမတ္တဲ့ဘုရင္မ
လို႔ေခၚ..''
မိန္းကေလးက စကားေထာက္လိုက္သည္။

''ျမင့္ျမတ္တဲ့ဘုရင္မ ဟုတ္လား.. မင္းက  အခု
မိန္းကေလးငယ္ငယ္ေလးဆိုတာ ႐ွင္းေနတာပဲ.
မင္းကို ဘယ္လိုေခၚရမလဲဆိုတာ  ငါ့ကို ေျပာျပ
ပါ..ဒီလိုမွမဟုတ္ရင္ေတာ့ ငါက မင္းကို အက္ဂီ
လို႔ပဲေခၚရလိမ့္မယ္..''

''မ်ိဳးမစစ္ေကာင္..  နင္ကမွ အက္ဂီဟဲ့..  နင့္ရဲ႕
တစ္မိသားစုလုံး ဥကေပါက္တဲ့ဥမ်ိဳးဥႏြယ္ေတြ.''
မိန္းကေလးက  ခ်ဴဖုန္းထံ လွ်ာထုတ္ျပလိုက္ၿပီး
သူမ၏မ်က္ႏွာကို  ဆြဲျပလိုက္သည္။  ယခုအျပဳ
အမူကား  ကေလးဆိုး ဆိုးသည္ဟုပင္ ဆိုရေပ
မည္။

အကယ္၍ သူမက သူ၏ စိတ္ဝိညာဥ္ကမ႓ာထဲ၌
ဆယ့္ငါးႏွစ္တိုင္ေအာင္  ေစာင့္ေနခဲ့ရၿပီး  လြန္ခဲ့
ေသာဆယ့္ငါးႏွစ္ကပင္  အသိဉာဏ္ရင့္က်က္မႈ
႐ွိေနၿပီး မဟုတ္ခဲ့လွ်င္ သူမက ယခုအခ်ိန္အထိ
ႂကြက္စုတ္ကေလးသာသာ႐ွိေနသည္ကို ခ်ဴဖုန္း
သံသယဝင္မိေပလိမ့္မည္။

''အို႔.. အက္ဂီ.. လူဆိုတဲ့အဓိပၸါယ္က  ႐ိုးသားဖို႔
လိုတာပဲ.. အခုက စိတ္ဝိညာဥ္စည္းစြမ္းအားကို
စုဖြဲ႕ဖို႔အတြက္မႏၲန္ကို  ေျပာျပရမယ့္ အခ်ိန္က်ၿပီ
မဟုတ္လား..''

''ငါက လူမွမဟုတ္တာ.. ဒီေတာ့ ငါက ႐ိုးသား
ဖို႔မလိုဘူးဆိုတဲ့ အဓိပၸါယ္ရတယ္မဟုတ္လား..''

''မင္း...''
ခ်ဴဖုန္းမွာ ေျပာစရာစကားမ႐ွိျဖစ္သြားေတာ့၏။
အ႐ွက္မဲ့သူမ်ားအား ယခင္က သူေတြ႕ဖူးခဲ့ေသာ္
လည္း သူ႕ထက္ပို၍အ႐ွက္မဲ့သူအား အလြန္ျမင္
ေတြ႕ရခဲေသာေၾကာင့္  ယေန႔တြင္  သူက မိန္းမ
ငယ္ေလးတစ္ဦးထံ ႐ႈံးနိမ့္ရလိမ့္မည္ဟု  တစ္ခါ
မွေတြးမထားမိခဲ့ေပ။

''ဟားဟား..  ဟုတ္ပါၿပီ..  ငါက  လူမဟုတ္ေပ
မယ့္လည္း  အရမ္း ႐ိုးသားေျဖာင့္မတ္ပါတယ္..
ဒီလိုလုပ္ရင္ေရာ ဘယ္လိုလဲ..  အခုခ်ိန္ကစၿပီး
ေတာ့ နင္က ငါ့ကို ျမင့္ျမတ္တဲ့ဘုရင္မ လို႔ေခၚဖို႔
ကတိေပးလိုက္တာနဲ႔ အဲ့ဒီမႏၲန္ကို နင့္ကိုေျပာျပ
မယ္ေလ..''

''ျမင့္ျမတ္တဲ့ဘုရင္မ..''
ခ်ဴဖုန္းက အခိုင္အမာ ေအာ္ေခၚလိုက္၏။

''ေသာက္ပဲ.. နင့္မွာ  ဘာဂုဏ္သိကၡာမွကို  မ႐ွိ
ဘူးပဲ..''
မိန္းကေလးက  ခ်ဴဖုန္းထံ  တစ္ခ်က္စိုက္ၾကည့္
လိုက္ၿပီးေနာက္တြင္   ခ်ဴဖုန္း  နားမလည္ေသာ
ဘာသာစကားတစ္မ်ိဳးျဖင့္ စကားစုအခ်ိဳ႕ကို ႐ြတ္
ဆိုလိုက္ေလသည္။

သူမ စတင္ ႐ြတ္ဆိုလိုက္သည့္ခဏ၌ပင္ စိတ္ဝိ
ညာဥ္ကမ႓ာအတြင္း၌ မေရမတြက္ႏိုင္သည့္ ထူး
ဆန္း၍   ထြင္းေဖာက္ျမင္ႏိုင္ေသာ   အေငြ႕မ်ား
ထြက္ေပၚလာၿပီး  မိန္းကေလးအနီးတြင္  စတင္
လွည့္လည္ေနၾကသည္။

''သြား...''
႐ုတ္တရက္  မိန္းကေလးက  သူမလက္ညိႇဳးျဖင့္
ခ်ဴဖုန္းထံ ၫႊန္ျပလိုက္ၿပီး  အေငြ႕မ်ားက ခ်ဴဖုန္း
၏ ခႏၶာကိုယ္အတြင္းသို႔ တိုးဝင္သြားၾကသည္။

''စိတ္ဝိညာဥ္စည္းစြမ္းအား..''
ထိုအခိုက္အတန္႔၌ ထူးဆန္း၍ ထြင္းေဖာက္ျမင္
ႏိုင္သည့္ ထိုအေငြ႕မ်ားမွာ စိတ္ဝိညာဥ္စည္းစြမ္း
အားျဖစ္သည္ကို ခ်ဴဖုန္းေတြ႕႐ွိလိုက္ရသည္။

''ငါတစ္ေယာက္ပဲ မႏၲန္ကိုအသုံးျပဳလို႔ရတယ္..
ဒါေပမယ့္ ဒီေနရာမွာ ငါ႐ွိေနသေ႐ြ႕ စိတ္ဝိညာဥ္
စည္းစြမ္းအားကို နင္သုံးလို႔ ရေနမွာပဲ..''
စိတ္ဝိညာဥ္စည္း စြမ္းအားကို  ခ်ဴဖုန္းခႏၶာကိုယ္
အတြင္းသို႔  ပို႔လႊတ္ေပးၿပီးေနာက္  မိန္းကေလး
က ဂုဏ္ယူစြာျဖင့္ ျပဳံးလိုက္သည္။

''ျမင့္ျမတ္တဲ့ဘုရင္မ..  ခင္ဗ်ားက  အေတာ္ကို
အထင္ႀကီးစရာ ေကာင္းတာပဲ..  ၿပီးခဲ့တဲ့ အခ်ိန္
တုန္းက ကုံးလုယြင္ကို အႏိုင္ရေအာင္ က်ဳပ္ကို
ကူညီေပးႏိုင္တယ္လို႔ ခင္ဗ်ားေျပာခဲ့တယ္ေနာ္..
အဲ့ဒီလိုလုပ္ႏိုင္ဖို႔  ခင္ဗ်ား ဘယ္လိုစီစဥ္ေပးမလဲ
ဆိုတာ က်ဳပ္သိခ်င္စမ္းပါရဲ႕ ..''
ခ်ဴဖုန္းက သဲ့သဲ့ရယ္လိုက္ၿပီး ေမးလိုက္၏။

''ငါက  နင့္ကို  ကူညီေပးႏိုင္တာေပါ့..  နင္သာ
အရည္အခ်င္းျပည့္ဝတဲ့  ကမ႓ာ့စိတ္ဝိညာဥ္ထိန္း
ခ်ဳပ္သူတစ္ေယာက္  ျဖစ္လာခဲ့ရင္  ဘယ္ေနရာ
မွာမဆို ဧည့္သည္ေတာ္အျဖစ္႐ႈျမင္ခံရၿပီး မေရ
မတြက္ႏိုင္တဲ့လူေတြက  နင့္ကို  အက်ိဳးအျမတ္
ေတြ အမ်ာ်းျားႀကီးေပးၾကလိမ့္မယ္..''

''နင့္ရဲ႕ စြမ္းအင္ဗဟိုခ်က္မွာ ႐ွိေနတာက ဘယ္
လိုဟာလဲဆိုတာ ငါမသိေပမယ့္လည္း  အဲ့ဒါက
စိတ္ဝိညာဥ္ေဆးေတြကို  ျမန္ျမန္ဆန္ဆန္ သန္႔္႕
စင္ဖို႔  နင့္ကို ကူညီေပးႏိုင္တယ္..  အဲ့ဒါနဲ႔ဆိုရင္
နင့္ရဲ႕ က်င့္ၾကံမႈအျမန္ႏႈန္းက  အရမ္းကိုျမန္ဆန္
ေနမွာပဲ..''

''ဒါေပမယ့္လည္း တကယ္လို႔ လူေတြကနင့္ကို
ဧည့္သည္ေတာ္အျဖစ္႐ႈျမင္တာကို လိုခ်င္တယ္
ဆိုရင္ သူတို႔အတြက္ ကိစၥတခ်ိဳ႕ကိုလုပ္ေပးဖို႔ လို
လိမ့္မယ္.. ဒါေၾကာင့္  အခု ေလာေလာဆယ္မွာ
နင္လုပ္ရမွာက  အရည္အခ်င္းျပည့္ဝတဲ့  ကမ႓ာ့
စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူတစ္ေယာက္  ျဖစ္လာဖို႔
ပဲ..''
မိန္းကေလးက ႐ွင္းျပေနေလသည္။

''အရည္အခ်င္း ျပည့္ဝတဲ့   ကမ႓ာ့ စိတ္ဝိညာဥ္
ထိန္းခ်ဳပ္သူတစ္ေယာက္  ဟုတ္လား..  တစ္ဦး
တစ္ေယာက္က အရည္အခ်င္းျပည့္ဝတဲ့  ကမ႓ာ့
စိတ္ဝိညာဥ္ ထိန္းခ်ဳပ္သူတစ္ေယာက္ အျဖစ္ကို
ဘယ္လိုမ်ိဳးမွ သတ္မွတ္ခံရမွာလဲ..''
ခ်ဴဖုန္းက ေမးလိုက္၏။

''လူအမ်ားစုအတြက္ကေတာ့  သူတို႔က စိတ္ဝိ
ညာဥ္စည္းစြမ္းအားကို အသုံးျပဳႏိုင္မယ္  စိတ္ဝိ
ညာဥ္စည္းမႏၲန္ေတြကို႐ြတ္ဆိုႏိုင္ၿပီး ခံစစ္စည္း
ေတြကို ဖန္တီးႏိုင္မယ္ဆိုတာနဲ႔  သူတို႔ကိုယ္သူ
တို႔  ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူတစ္ေယာက္
အျဖစ္  ႐ႈျမင္လိုက္ၾကတာပဲ.. ဒါေပမယ့္  အမွန္
တကယ္တမ္းမွာေတာ့ အဲ့ဒီလိုလူေတြကို ကမ႓ာ့
စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူတစ္ေယာက္လို႔  သတ္
မွတ္လို႔ မရဘူး..''

''အရည္အခ်င္း ျပည့္ဝတဲ့   ကမ႓ာ့ စိတ္ဝိညာဥ္
ထိန္းခ်ဳပ္သူတစ္ေယာက္ဆိုတာ  အသန္မာဆုံး
ခံစစ္နည္းလမ္းေတြကို  ဆုပ္ကိုင္ထားႏိုင္ဖို႔  လို
အပ္႐ုံတင္မကဘူး  သူတို႔အေနနဲ႔ အသန္မာဆုံး
တိုက္စစ္နည္းလမ္းေတြကိုလည္း ဆုပ္ကိုင္ထား
ႏိုင္ဖို႔  လိုအပ္ေသးတယ္..  စိတ္ဝိညာဥ္စည္းကို
ခံစစ္အတြက္အသုံးျပဳၿပီး ကမ႓ာ့စိတ္ဝိညာဥ္ေတြ
ကို  တိုက္စစ္အတြက္ အသုံးျပဳႏိုင္တဲ့သူမ်ိဳးေတြ
ကမွ အစစ္အမွန္ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူ
ေတြပဲ..''

မိန္းကေလး၏စကားမ်ားကိုၾကားၿပီးေနာက္တြင္
ခ်ဴဖုန္းမွာ အေတာ္ပင္ စိတ္လႈပ္႐ွားတက္ႂကြေန
မိေလသည္။ မိန္းကေလး၏ အသုံးဝင္မႈမ်ားကို
ေနာက္ဆုံး၌  သူသိလိုက္ရၿပီျဖစ္၏။  သူမကား
သူ႕အား  ကမ႓ာ့စိတ္ဝိညာဥ္  ထိန္းခ်ဳပ္သူတစ္ဦး
ျဖစ္လာေစရန္ သင္ၾကားေပးမည့္ နည္းျပတစ္ဦး
ပင္ ျဖစ္ေပေတာ့သည္။

''စိတ္ဝိညာဥ္စည္းက ဘာလဲဆိုတာ က်ဳပ္သိပါ
ၿပီ.. ဒါေပမယ့္ ကမ႓ာ့စိတ္ဝိညာဥ္ေတြ ဆိုတာက
ဘာေတြလဲ..''
ခ်ဴဖုန္းက စိတ္လႈပ္႐ွားစြာျဖင့္ ေမးလိုက္သည္။

''စိတ္ဝိညာဥ္စည္းစြမ္းအားဆိုတာ စိတ္ဝိညာဥ္
ကမ႓ာကလာတယ္..လူသားကမ႓ာရဲ႕ စိတ္ဝိညာဥ္
စြမ္းအင္ မူလစြမ္းအားနဲ႔နက္နဲစြမ္းအားတို႔လိုမ်ိဳး
ပဲေလ..''

''ကမ႓ာ့စိတ္ဝိညာဥ္ေတြဆိုတာက  စိတ္ဝိညာဥ္
ကမ႓ာကလာတဲ့ သက္႐ွိတစ္မ်ိဳးပဲ..သူတို႔ေတြက
အလြန္အင္မတန္ သန္စြမ္းတဲ့စြမ္းအား  ႐ွိၾကၿပီး
ေတာ့  နင္တို႔ရဲ႕  ခႏၶာကိုယ္ထဲမွာ  မွီတင္းေနႏိုင္
ၾကတယ္..''

''တျခားအဓိပၸါယ္ကေတာ့  တကယ္လို႔  နက္နဲ
နယ္ပယ္ ကမ႓ာ့စိတ္ဝိညာဥ္ တစ္ေကာင္က  နင့္
အတြက္ အမႈထမ္းေပးဖို႔ ဆႏၵ႐ွိတယ္ဆိုရင္ နင္
က စိတ္ဝိညာဥ္နယ္ပယ္ အဆင့္႐ွစ္  ျဖစ္ေနရင္
လည္း အေရးမႀကီးဘူး.. သူက နင့္ေနာက္မွာ႐ွိ
ေနၿပီး နင္က နက္နဲနယ္ပယ္သိုင္းပညာ႐ွင္တစ္
ေယာက္ ျဖစ္လာလိမ့္မယ္..''
မိန္းကေလးက ႐ွင္းျပလိုက္၏။

''ဒီေလာက္ေတာင္သန္မာသလား.. အဲ့ဒီ ကမ႓ာ့
စိတ္ဝိညာဥ္တစ္ေကာင္နဲ႔ ဆက္သြယ္ႏိုင္စြမ္း ႐ွိ
ဖို႔အတြက္  က်ဳပ္က  ဘာေတြကိုလုပ္ဖို႔ လိုအပ္
သလဲ...  ဒီကမ႓ာ့စိတ္ဝိညာဥ္  အခန္းထဲမွာေရာ
ကမ႓ာ့စိတ္ဝိညာဥ္ေတြ ႐ွိေနလား..''
ခ်ဴဖုန္းက ေနရာအႏွံ႔သို႔ စတင္လွမ္းၾကည့္လိုက္
ၿပီး  ကမ႓ာ့စိတ္ညာဥ္တစ္ေကာင္၏ အရိပ္တစ္ခု
ကိုပင္ ေတြ႕လိုေတြ႕ျငား ႐ွာေဖြေနမိေလသည္။

''ဘယ္႐ွိမွာလဲ.. ကမ႓ာ့စိတ္ညာဥ္ေတြက စိတ္ဝိ
ညာဥ္ကမ႓ာမွာ ေနၾကတာ.. နင့္ရဲ႕ လက္႐ွိစိတ္ဝိ
ညာဥ္စြမ္းအားနဲ႔ဆိုရင္ အဲ့ဒီကမ႓ာကိုဆက္သြယ္
ဖို႔ နည္းလမ္းလုံးဝမ႐ွိဘူး..''

''နင္ မေျပာနဲ႔.. ဟို႐ုပ္ဆိုးလြန္းတဲ့ အႀကီးအကဲ
က်ဴးေကာ္ဆိုရင္ေတာင္  ကမ႓ာ့စိတ္ဝိညာဥ္တစ္
ေကာင္ကို သူ႕အတြက္  အမႈထမ္းေပးဖို႔  မရႏိုင္
ဘူး.. အမွန္တကယ္တမ္းမွာ သူ႕ကို အစစ္အမွန္
ကမ႓ာ့စိတ္ဝိညာဥ္ ထိန္းခ်ဳပ္သူတစ္ေယာက္ လို႔
ေတာင္ မသတ္မွတ္ႏိုင္ဘူး..''
မိန္းကေလးက အထင္ေသးဟန္ျဖင့္ ေျပာလိုက္
သည္။

''ဘယ္လို..အႀကီးအကဲက်ဴးေကာ္ေတာင္ ဒီလို
မလုပ္ႏိုင္ဘူး ဟုတ္လား..''
ခ်ဴဖုန္းကား ေျပာရန္စကားလုံးမ်ားပင္  အနည္း
ငယ္ေပ်ာက္ဆုံးသြား၏။ အႀကီးအကဲက်ဴးေကာ္
၏ စိတ္ဝိညာဥ္စြမ္းအားက သူ႕ထက္ မ်ားစြာသာ
လြန္သည္မွာ  အေသအခ်ာပင္  ျဖစ္ေလသည္။
အကယ္၍  အႀကီးအကဲက်ဴးေကာ္က  ထိုသို႔ျပဳ
လုပ္ႏိုင္ျခင္းမ႐ွိလွ်င္  သူ႕အဖို႔  ေမွ်ာ္လင့္ခ်က္က
ပို၍ပင္ေဝးေနေခ်ၿပီ။

''ဒီေလာက္လည္း စိတ္ပ်က္အားေလွ်ာ့ဖို႔  မလို
ပါဘူး..  တစ္ေယာက္ေယာက္က   နင့္အတြက္
လက္ေဆာင္အႀကီးႀကီးတစ္ခု ျပင္ဆင္ေပးထား
ပါတယ္.. သူတို႔က အနည္းဆုံးေတာ့ ကမ႓ာ့စိတ္
ဝိညာဥ္ႏွစ္ေကာင္ကိုဖမ္းၿပီး  နင့္ရဲ႕  စိတ္ဝိညာဥ္
ကမ႓ာထဲမွာ ပိတ္ေလွာင္ေပးထားတယ္ေလ..''
႐ုတ္တရက္ မိန္းကေလးက ျပဳံးလိုက္၏။

''တကယ္ပဲလား..  အဲ့ဒီ ကမ႓ာ့စိတ္ဝိညာဥ္ေတြ
က ဘယ္မွာလဲ..''
ခ်ဴဖုန္းက  မိန္းကေလးဆိုလိုသည့္ အဓိပၸါယ္ကို
သေဘာေပါက္ေပသည္။ ကမ႓ာ့စိတ္ဝိညာဥ္မ်ား
အား သူ႕အတြက္ ျပင္ဆင္ေပးထားသည္မွာ  သူ
၏မိသားစုပင္ျဖစ္သည္ကား သံသယျဖစ္ရန္မ႐ွိ
ပါေခ်။

''အခု လတ္တေလာမွာ  ကမ႓ာ့စိတ္ဝိညာဥ္ ႏွစ္
ေကာင္ ႐ွိေနတယ္..  တစ္ေကာင္က  အရမ္းကို
သန္မာတယ္..  က်န္တဲ့ တစ္ေကာင္က  အရမ္း
ကို အားနည္းတယ္.. ဒါေပမယ့္လည္း သူတို႔ထဲ
က ဘယ္သူမွ နင့္ဆီမွာ အလကားအမႈထမ္းမွာ
မဟုတ္ဘူး..  ဒါေၾကာင့္  အခု ေလာေလာဆယ္
နင့္အေနနဲ႔  ဘယ္တစ္ေကာင္ကို  ပိုစိတ္ဝင္စား
သလဲဆိုတာ ငါသိခ်င္တယ္..''
မိန္းကေလးက  ခ်ဴဖုန္းထံသို႔  လွမ္းၾကည့္လိုက္
ရင္းမွ တစ္ခစ္ခစ္ရယ္ေမာေနသည္။

''အားနည္းတဲ့တစ္ေကာင္အေၾကာင္းကို အရင္
ေျပာၾကတာေပါ့..''
ခ်ဴဖုန္းက အနည္းငယ္ေတြးေတာလိုက္ၿပီး အား
နည္းသည့္တစ္ေကာင္ကို ထိန္းခ်ဳပ္ရန္ ပိုမိုသင့္
ေလ်ာ္လိမ့္မည္ဟု ခံစားမိေလသည္။

''အားနည္းတဲ့  တစ္ေကာင္က  ဟိုတံခါးႀကီးရဲ႕
ေနာက္ကြယ္မွာ ႐ွိတယ္..''
မိန္းကေလးက ထိတ္လန္႔ဖြယ္ အ႐ွိန္အဝါတစ္ခု
ထုတ္လႊတ္ေနေသာ တံခါးထံ သူမလက္ညိႇဳးကို
ကို ၫႊန္ျပလိုက္သည္။

''အဲ့ဒီအေနာက္ဘက္မွာ ကမ႓ာ့စိတ္ဝိညာဥ္တစ္
ေကာင္ကို ပိတ္ေလွာင္ထားတာလား..''
ခ်ဴဖုန္းမွာ တံေတြးကိုမမ်ိဳခ်မိဘဲ မေနႏိုင္ပါေခ်။
ကမ႓ာ့စိတ္ဝိညာဥ္ဆိုသူမ်ားအား သူတစ္ခါမွျမင္
ဖူးျခင္း မ႐ွိေသာ္လည္း  ထိုေနရာ႐ွိ ကမ႓ာ့စိတ္ဝိ
ညာဥ္က အလြန္ ေၾကာက္မက္ဖြယ္ေကာင္းမည္
မွာ  အေသအခ်ာပင္ ျဖစ္သည္ကိုလည္း  သူသိ
ေနေပသည္။

''ဟုတ္ပါၿပီ.. အဲ့ဒီတံခါးေနာက္မွာ ဘာကို ပိတ္
ေလွာင္ထားတယ္လို႔  နင္ထင္ေနသလဲ..  အဲ့ဒီ
ကမ႓ာ့စိတ္ဝိညာဥ္က အလြန္အင္မတန္ကိုၾကမ္း
ၾကဳတ္ၿပီးေတာ့  သူက နင့္ဆီမွာ အမႈမထမ္းဘူး
ဆိုတာ ေသခ်ာတယ္..''

''အဲ့ဒါက အရမ္းအားနည္းတယ္လို႔ ငါေျပာခဲ့ေပ
မယ့္ နင့္အဖို႔ေတာ့ အားမနည္းဘူး..တကယ္လို႔
နင္က အဲ့ဒါကို လႊတ္ေပးလိုက္ရင္  နင့္ရဲ႕ စိတ္ဝိ
ညာဥ္စြမ္းအားက  သူ႕ကို ထိန္းခ်ဳပ္ႏိုင္စြမ္း  ႐ွိမွာ
မဟုတ္ဘူး..''

''သူက နင့္ရဲ႕ ခႏၶာကိုယ္ကို ယူၿပီး ၾကားခံအျဖစ္
သုံးမယ္..  ၿပီးရင္ လူသားကမ႓ာထဲမွာ  ဆက္ေန
လိမ့္မယ္..သူ႕ရဲ႕စိတ္သေဘာထားနဲ႔ဆိုရင္ နင္တို႔
ရဲ႕စီရင္စုကိုးခုစလုံး သူဖ်က္ဆီးတာကို ခံလိုက္ရ
တာမ်ိဳး ျဖစ္ေကာင္းျဖစ္ႏိုင္တယ္..''

''ဒါက  ဒီေလာက္ သန္မာသလား..  ဒီိေလာက္
ေၾကာက္စရာေကာင္းတဲ့  ဘီလူးတစ္ေကာင္ကို
က်ဳပ္ရဲ႕ခႏၶာကိုယ္ထဲမွာ ပိတ္ေလွာင္ထားတာေပါ့
ဟုတ္လား..''
ခ်ဴဖုန္းမွာ အသက္႐ွဴမွားသြား၏။  သို႔ေသာ္ျငား
လည္း သူ ပို၍ေတြးမိေလ သူ၏ မိသားစုအေပၚ
ပို၍အထင္ႀကီးမိေလ ျဖစ္သည္။

သူတို႔က  တိုင္းတာမရႏိုင္ေအာင္ သန္မာေသာ
လူတစ္ေယာက္အား  စိတ္လြတ္ကိုယ္လြတ္ ႐ူး
သြပ္သြားေစခဲ့႐ုံသာမက   စီရင္စု ကိုးခုစလုံးကို
ဖ်က္ဆီးႏိုင္ေသာ ဘီလူးတစ္ေကာင္ကိုပင္  သူ
၏  ခႏၶာကိုယ္အတြင္း၌ ထည့္ေပးထားခဲ့သည္။
ထိုအျဖစ္က  အထင္ႀကီးစရာ  ေကာင္းလြန္းေန
သည္ မဟုတ္ပါေလာ။

သို႔ေသာ္ ထိုအခ်ိန္၌ပင္  ခ်ဴဖုန္းက မိန္းကေလး
ေျပာခဲ့သည္ကို ႐ုတ္ျခည္း အမွတ္ရလိုက္မိေလ
သည္။ စီရင္စု ကိုးခုစလုံးကို  ဖ်က္ဆီးႏိုင္ေသာ
ဘီလူးသတၱဝါမွာ  အားနည္းသည့္  စိတ္ဝိညာဥ္
တစ္ေကာင္သာျဖစ္၏။ ထို႔ေၾကာင့္ ပိုမိုေၾကာက္
မက္ဖြယ္ေကာင္းေသာ ဘီလူးတစ္ေကာင္ ႐ွိေန
ေသးသည့္ အဓိပၸါယ္လည္းျဖစ္သည္။

ထိုအေျခအေနအထိ  ေတြးမိလွ်င္ သူ၏ ဆံပင္
မ်ားမွ ေခြၽးေအးမ်ားစီးက်လာၿပီး အ႐ိုးစိမ့္ေအာင္
ေၾကာက္႐ြံ႕လာမိသျဖင့္ သူ၏ ပတ္ပတ္လည္သို႔
အထိတ္တလန္႔  ၾကည့္႐ႈေနမိေလေတာ့သည္။
သို႔ေသာ္ျငားလည္း  ထိုတံခါးႀကီးမွတပါး ဘီလူး
သတၱဝါမ်ားအား ပိတ္ေလွာင္ထားသည့္  အျခား
ေနရာတစ္ခုမွမ႐ွိေခ်။

''ေနာက္တစ္ေကာင္က ဘယ္မွာလဲ..  အလြန္
အင္မတန္ သန္မာတယ္ဆိုတဲ့   တစ္ေကာင္က
ဘယ္မွာလဲ..''
ခ်ဴဖုန္းက စိတ္ဖိစီးေနဟန္ျဖင့္ ေမးလိုက္၏။

''အဟက္..''
ခ်ဴဖုန္း၏ ေမးခြန္းကို ၾကားလွ်င္ မိန္းကေလးက
ထူးဆန္းစြာ ျပဳံးလိုက္ၿပီး  သူမကိုယ္သူမ ၫႊန္ျပ
လ်က္ ေျပာလိုက္ေလေတာ့သည္။
''သန္မာတဲ့တစ္ေကာင္ကို နင္ လႊတ္ေပးလိုက္
ၿပီးၿပီေလ..''

                 - - - - - - - - - -
                  * * * * * * *

အခန္း(၁၀၉) ဆက္ရန္...''သိုင္းနတ္ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန္း(၁၀၉) ငါက အမွန္တကယ္သန္စြမ္းတယ္

''မင္းကိုး..''
ခ်ဴဖုန္းမွာ  အႀကီးအက်ယ္  ထိတ္လန္႔တုန္လႈပ္
သြားသည္။  ဝွစ္ခနဲအသံတစ္ခုႏွင့္အတူ  သူက
ေနာက္သို႔ မီတာမ်ားစြာ ခုန္ဆုတ္လိုက္၏။

မိန္းကေလးႏွင့္ အကြာအေဝးတစ္ခု ခြာလိုက္ၿပီး
ေနာက္ ခ်ဴဖုန္းက သူ၏စိတ္ဝိညာဥ္စြမ္းအားကို
အသုံးျပဳ၍ မိန္းကေလး၏က်င့္ၾကံမႈကို ေလ့လာ
လိုက္သည္။ သို႔ေသာ္ျငားလည္း သူမတြင္ ပုံမွန္
အ႐ွိန္အဝါမ်ိဳးသာ ႐ွိေနၿပီး  သူမက  က်င့္ၾကံသူ
တစ္ဦးပင္  ဟုတ္ဟန္ မတူသည္ကို  သူ ေတြ႕႐ွိ
လိုက္ရသည္။

သူက ယခုထိ သတိလက္လြတ္ဟန္  တစိုးတစိ
မွ မျပဝံ့ေခ်။ သူမက အႂကြင္းမဲ့လွပၿပီး လုံးဝပင္
အႏၲရာယ္မျပဳႏိုင္ဟု  ထင္ျမင္ရေသာ္ျငားလည္း
သူမက လူသားမဟုတ္ေပ။  သူမက ကမ႓ာ့စိတ္
ဝိညာဥ္တစ္ေကာင္ျဖစ္၏။  စားရန္ ေသာက္ရန္
မလိုအပ္ဘဲ ခ်ဴဖုန္း၏စိတ္ဝိညာဥ္ကမ႓ာအတြင္း
၌  ဆယ့္ငါးႏွစ္ၾကာေအာင္  ေစာင့္ဆိုင္းေနႏိုင္ခဲ့
သည့္ ဘီလူးသတၱဝါတစ္ေကာင္ ျဖစ္သည္။ သူ
မက   မည္သည့္နည္းလမ္းျဖင့္  ထိုသို႔ ေနႏိုင္ခဲ့
သည္ကိုမူ ဘုရားမွသာလွ်င္ သိေပေတာ့မည္။

''ဟားဟား.. ငါက ဒီေလာက္ထိ ေၾကာက္စရာ
ေကာင္းေနလို႔လား..''
ခ်ဴဖုန္း၏  ထိတ္လန္႔ေနေသာ အသြင္အျပင္ကို
ျမင္လွ်င္ မိန္းကေလးက သူမ၏ပါးစပ္ကို လက္
ျဖင့္အုပ္လ်က္  တစ္ခစ္ခစ္  ရယ္ေမာလိုက္ေလ
ေတာ့သည္။

''မင္းက ငါနဲ႔ ကစားေနတာလား..''
ေ႐ွ႕ေနာက္ယိမ္းထိုး၍ ရယ္ေမာေနေသာ မိန္းက
ေလးကိုျမင္လွ်င္ ခ်ဴဖုန္း မ်က္ေမွာင္ၾကဳတ္လိုက္
မိၿပီး  သူ လွည့္စားခံလိုက္ရျခင္း ျဖစ္သည္ဟု ခံ
စားမိေလသည္။

''ငါက  ဘာအတြက္  နင့္ကို ကစားရမွာလဲ.. ငါ
က  အဲ့ဒီေလာက္သန္မာတဲ့ပုံ မေပါက္လို႔လား..
ငါ နင့္ကို သတိေပးလိုက္မယ္.. ငါ့ကို ေဒါသျဖစ္
ေအာင္မလုပ္မိေစနဲ႔..ဒီလိုမွမဟုတ္ရင္ ငါ နင့္ကို
စားပစ္ရလိမ့္မယ္..''

''ဝွစ္..''
႐ုတ္တရက္  ခ်ဴဖုန္းက ေ႐ွ႕သို႔ တစ္ဟုန္ထိုးေျပး
သြားၿပီး မိန္းကေလး၏အေနာက္ဘက္သို႔ လွ်ပ္
စီးအလား ေရာက္႐ွိသြားေလသည္။ သူ၏လက္
အစုံက ႐ုတ္ျခည္းပင္ ဆန္႔ထြက္သြားၿပီး မိန္းက
ေလး၏  လက္ေကာက္ဝတ္မ်ားကို   ဖမ္းဆုပ္၍
သူမ၏ ေနာက္ေက်ာဘက္တြင္ထားလ်က္ သူမ
ကို ၾကမ္းျပင္ေပၚသို႔ တြန္းဖိလိုက္ေလသည္။

''အား.. နင္ ဘာလုပ္တာလဲ.. ငါ့ကိုလႊတ္..''
မိန္းကေလးမွာ ထိတ္လန္႔သြား၏။ သူမက စူး႐ွ
စြာ ေအာ္လိုက္ရင္းမွ  ႐ုန္းကန္လိုက္သည္။  သို႔
ေသာ္ျငားလည္း သူမ၏ အလြန္ေသးငယ္ေသာ
ခြန္အားက  ခ်ဴဖုန္းအတြက္ မလုံေလာက္သည္
မွာ ႐ွင္းလင္းေနသျဖင့္ ထို႐ုန္းကန္မႈက မည္သို႔
မွ် အရာမေရာက္ပါေခ်။

''ေသာက္က်ိဳးနဲ အက္ဂီ..  မင္းက  ငါ့ကို လွည့္
စားတယ္ေပါ့..''
မိန္းကေလးတြင္  မည္သည့္က်င့္ၾကံမႈမွ  အမွန္
တကယ္ မ႐ွိသည္ကိုျမင္လွ်င္ ခ်ဴဖုန္း၏ေလးလံ
ေနသည့္ ႏွလုံးသားမွာ  ေနာက္ဆုံး၌  တည္ၿငိမ္
ေအးေဆးသြားေပေတာ့သည္။

''မ်ိဳးမစစ္ေကာင္..  ငါ့ကို လႊတ္စမ္း..  အဲ့ဒီလိုမွ
မဟုတ္ရင္ ငါ နင့္ကို ခြင့္မလႊတ္ဘူးေနာ္..''
''အိုး.. မင္းက အခုထိ ေခါင္းမာေနေသးတယ္
ေပါ့.. တကယ္လို႔ ငါက မင္းကို သင္ခန္းစာတစ္
ခုမေပးဘူးဆိုရင္ ဒီေနရာမွာ ဘယ္သူက ဆရာ
ႀကီးလဲဆိုတာ မင္း တကယ္သိမွာမဟုတ္ဘူး..''
ထူပူေနသည့္ခဏ၌  ခ်ဴဖုန္းက  သူ၏ လက္ကို
ေျမႇာက္၍ မိန္းကေလး၏ ေကာင္းစြာဖြံ႕ၿဖိဳးသည့္
တင္ပါးသို႔ ေ႐ွး႐ႈ ႐ိုက္ပုတ္လိုက္သည္။

''အား...''
ခ်ဴဖုန္း၏လက္ က်ေရာက္သြားသည္ႏွင့္  မိုးႏွင့္
ေျမပင္တုန္ခါသြားမည့္ေအာ္သံတစ္ခု ထြက္ေပၚ
လာေလေတာ့သည္။

ခ်ဴဖုန္းမွာ  မူလက  မိန္းကေလးကို သင္ခန္းစာ
တစ္ခုေပးၿပီး  တစ္ႀကိမ္သာ  ႐ိုက္ပုတ္ရန္  ရည္
႐ြယ္ခဲ့ေပသည္။  သို႔ေသာ္ျငားလည္း သူက သူ
၏လက္ကို ေကာင္းစြာ မထိန္းသိမ္းႏိုင္ေတာ့ဘဲ
ထို႐ိုက္ပုတ္မႈက ဆုပ္နယ္မႈအျဖစ္သို႔ ေျပာင္းလဲ
သြားေလသည္။

ထိုအျဖစ္က အေရးပါဟန္မ႐ွိေသာ္လည္း ခံစား
ရမႈကား  အံ့ၾသဖြယ္ရာပင္။ အနက္ေရာင္ ေမႊးပြ
ဂါဝန္မွ ပိုင္းျခားထားေသာ္လည္း  သူက သူမ၏
ေခ်ာမြတ္ႏူးညံ့ေသာ  အသားအေရကို  ထိေတြ႕
ေနရသကဲ့သို႔ ခံစားေနရေသးေပသည္။ ႏူးညံ့မႈ
အတြင္း၌  ဆန္႔ႏိုင္က်ံဳ႕ႏိုင္မႈ႐ွိေနၿပီး  ဆန္႔ႏိုင္က်ံဳ႕
ႏိုင္မႈအတြင္း၌  ႏူးညံ့မႈ႐ွိေနေလသည္။ ထိုခံစား
ရမႈက  သူ၏ခႏၶာကိုယ္တစ္ခုလုံး  မီးထဲေရာက္
ေနသကဲ့သို႔  ပူေလာင္လာေစသည္။ သူက ရပ္
တန္႔လိုသည့္တိုင္ မရပ္တန္႔ႏိုင္ျဖစ္ေနၿပီး  လက္
မလႊတ္ရက္ဘဲျဖစ္ေနသည္။

''အယုတ္တမာေကာင္..  နင္က ငါ့ကို အသား
ယူရဲတယ္ေပါ့.. ငါ နင့္ကို သတ္မယ္..''
မိန္းကေလးမွာ လုံးဝ ေဒါသထြက္သြား၏။ သူမ
၏ ႏွင္းျဖဴေရာင္မ်က္ႏွာမွာ ပန္းသီးမွည့္တစ္လုံး
ကဲ့သို႔နီရဲေနသည္။ သူမ၏မ်က္လုံးမ်ားအတြင္း
၌  ေဒါသမီးမ်ား ေထာင္းေထာင္းထေနၿပီး  ၎
တို႔က ပန္းထြက္လာေတာ့မတတ္ပင္။

''အမွားတစ္ခုပါ..ဒါက လုံးဝကိုအမွားတစ္ခုပါ..
မရည္႐ြယ္ပါဘူး..''
ခ်ဴဖုန္းမွာ ယခုထိငယ္႐ြယ္ေသးၿပီး မိန္းကေလး
၏  ထိုသို႔ၾကည့္ျခင္းကို ခံလိုက္ရလွ်င္  အနည္း
ငယ္႐ွက္႐ြံ႕သြားၿပီး  သူက  နီရဲေနေသာ မ်က္ႏွာ
တစ္ခုႏွင့္အတူ  သူ၏ လက္မ်ားကို လႊတ္လိုက္
ေလသည္။

''ငါ နင့္ကို သတ္မယ္..''
သူလႊတ္လိုက္သည္ႏွင့္ မိန္းကေလးက ႐ုတ္တ
ရက္ လွည့္ထြက္လိုက္ၿပီး  ေျခာင္းေျခာင္းထေန
ေသာ ေသြးဆာမႈမ်ိဳးႏွင့္အတူ  လက္သည္းမ်ား
ႏွင့္ကုတ္ဆြဲမည့္ဟန္ျဖင့္  ခ်ဴဖုန္းထံေ႐ွး႐ႈ၍ ခုန္
အုပ္လိုက္ေလေတာ့သည္။

ထိုသို႔ျမင္လွ်င္ ခ်ဴဖုန္းမွာ အနည္းငယ္ထိတ္လန္႔
သြား၏။ သူက မိန္းကေလး၏ အၾကည့္မ်ားႏွင့္
ဆုံမိသည့္ခဏ၌  အႏၲရာယ္႐ွိေသာ အ႐ွိန္အဝါ
တစ္ခုကို ခံစားလိုက္ရၿပီး  မသိစိတ္မွေစ့ေဆာ္မႈ
ျဖင့္  သူက  မိန္းကေလး၏  လက္ေကာက္ဝတ္
မ်ားကို ေနာက္တစ္ႀကိမ္ ဖမ္းဆုပ္လိုက္မိသည္။
ထို႔ေနာက္တြင္  သူက  မိန္းကေလးကို  ေနာက္
တစ္ႀကိမ္ တြန္းလွဲလိုက္မိေသာ္လည္း အားအင္
မ်ားစြာ သုံးလိုက္မိေသာေၾကာင့္ ဆာေလာင္ေန
သည့္က်ားတစ္ေကာင္က  အစာကိုေ႐ွး႐ႈ၍ ခုန္
အုပ္လိုက္သည့္အလား  သူ၏ ခႏၶာကိုယ္တစ္ခု
လုံးက သူမအေပၚတြန္းဖိလ်က္ လဲက်သြားေလ
ေတာ့သည္။

''အား... နင္ အယုတ္တမာေကာင္..  နင္ ငါ့ကို
ဘာလုပ္မလို႔လဲ..''
ထိုအခိုက္အတန္႔၌ မိန္းကေလးမွာက်ယ္ေလာင္
စြာ ေအာ္ဟစ္လိုက္မိသည္။ အဘယ္ေၾကာင့္ဆို
ေသာ္  ပုံမွန္မဟုတ္ေသာ  အရာဝတၳဳ  တစ္ခုက
သူမအေပၚတြင္အုပ္မိုးထားသည္ဟု ခံစားလိုက္
မိ၍ပင္။  သူမက  တစ္စုံတစ္ရာကို ႐ုတ္တရက္
ေတြးလိုက္မိၿပီး   ခ်ဴဖုန္းက  သူမကို  မေကာင္း
သည့္အရာတစ္ခုခုျပဳလုပ္လိမ့္မည္ကို ေၾကာက္
႐ြံ႕မိေသာေၾကာင့္ သူမက အားနည္းသူအေနျဖင့္
အသနားခံ႐ုံသာ တတ္ႏိုင္ေပေတာ့သည္။

''အား.. စိတ္မ႐ွိပါနဲ႔.. သဘာဝအေလ်ာက္ တုံ႔
ျပန္မိတာေတြပါ..''
ခ်ဴဖုန္းလည္း  ျပန္လည္တုံ႔ျပန္ေျပာလိုက္ၿပီး သူ
က မရည္႐ြယ္ဘဲ ႐ွက္႐ြံ႕ဖြယ္ အျပဳအမူတစ္ခုကို
ျပဳလုပ္မိခဲ့ေၾကာင္း သိလိုက္သည္။  သူက သူမ
၏ ခႏၶာကိုယ္မွ  အလ်င္အျမန္ ေ႐ႊ႕ေျပာင္းလိုက္
ေသာ္လည္း သူ၏လက္မ်ားက သူမအေပၚတြင္
ဖိႏွိပ္ထားဆဲျဖစ္ၿပီး  သူ႕ထံသို႔ သူမ ထပ္မံခုန္ဝင္
လာမည္ကို စိုး႐ြံ႕မိျခင္းေၾကာင့္ျဖစ္သည္။

''အယုတ္တမာေကာင္.. ဘယ္သူကမွ ငါ့ကို ဒီ
လိုမ်ိဳး ဘယ္တုန္းကမွမဆက္ဆံရဲခဲ့ဖူးဘူး.. နင္
ေတာ့ အေသပဲမွတ္..''
ခ်ဴဖုန္း ေ႐ႊ႕ေျပာင္းေပးလိုက္႐ုံ၌ပင္  မိန္းကေလး
က ထပ္မံေအာ္ဟစ္လိုက္ၿပီး သူမ၏ ေနာက္ဆုံး
အတိုင္းအတာကို  ခ်ဴဖုန္းက အမွန္တကယ္ ထိ
ပါးမိခဲ့ပုံရသည္ကို ျမင္ႏိုင္ေပသည္။

''ေသာက္က်ိဳးနဲ အက္ဂီ..  မင္းက  တကယ့္ကို
'အားနည္းတဲ့သူကို အႏိုင္က်င့္ၿပီး သန္မာတဲ့သူ
ကို ေၾကာက္႐ြံ႕တယ္' ဆိုတာမ်ိဳးပဲ.. မင္းကို အခု
ပဲ  မ်က္ႏွာသာေပးၿပီးတာေတာင္  မင္းက ငါ့ကို
ၿခိမ္းေျခာက္ရဲေသးတယ္..  တကယ္လို႔မ်ား မင္း
ငါ့ကို  ထပ္ၿပီးေတာ့ က်ိန္ဆဲရဲခဲ့ရင္ ငါက မင္းကို
လွဲခ်ၿပီး  တစ္ခုခုလုပ္လိုက္မယ္ဆိုတာ  မင္း ယုံ
ရဲ႕လား..''

ခ်ဴဖုန္းက   သူမကို  အမုန္းစကားမ်ားျဖင့္  ၿခိမ္း
ေျခာက္လိုက္၏။ သို႔ေသာ္ျငားလည္း ခ်ဴဖုန္းမွာ
လက္႐ွိတြင္  မိန္းကေလး၏ မ်က္လုံးမ်ားသို႔ပင္
ေစ့ေစ့ မၾကည့္ဝံ့ေပ။  အဘယ္ေၾကာင့္ဆိုေသာ္
ထိုကိစၥမ်ားအားလုံးကို လုပ္မိၿပီးေနာက္  ခ်ဴဖုန္း
၏ခႏၶာကိုယ္မွာ  အမွန္တကယ္  အပူလုံးႂကြေန
ၿပီး သူက အသိလြတ္မတတ္ျဖစ္ေနေလသည္။

အကယ္၍  သူမက လူသားမဟုတ္သည္ကို သူ
စိုး႐ြံ႕ေနမိၿပီး  အ႐ြယ္ေရာက္ၿပီးသည့္ အမ်ိဳးသား
ႏွင့္အမ်ိဳးသမီးတို႔၏အရာကို  ျပဳလုပ္မိပါက ဆိုး
က်ိဳးမ်ား သက္ေရာက္ႏိုင္ျခင္းေၾကာင့္ မဟုတ္ခဲ့
လွ်င္  သူက သူမအား ဖိႏွိပ္လွဲခ်၍  အမ်ိဳးသမီး
တစ္ဦး၏  အံ့ၾသႏွစ္သက္ဖြယ္အရသာကို ခံစား
ေကာင္းခံစားမိေပလိမ့္မည္။

''နင္ လုပ္ရဲလား.. တကယ္လို႔  နင္က ငါ့ကို အဲ့
ဒီလိုကိစၥမ်ိဳး လုပ္ရဲခဲ့ရင္  ငါ့ကိုယ္ငါ ေဖာက္ခြဲၿပီး
ေတာ့ နင့္ကို အပါေခၚသြားလိုက္မယ္..''
မိန္းကေလးက  အံႀကိတ္လိုက္ၿပီး သူမ၏ မ်က္
လုံးမ်ားတြင္  အခိုင္အမာ ဆုံးျဖတ္ထားဟန္ျဖင့္
ျပည့္ႏွက္ေနေလသည္။

''ငါက ရယ္စရာေျပာတာပါ..ခ်ဴဖုန္းဆိုတဲ့ ငါက
အဲ့ဒီလိုလူစားမ်ိဳး မဟုတ္ပါဘူး..''
ထိုသို႔ျမင္လွ်င္ ခ်ဴဖုန္းမွာ ယုံၾကည္ခ်က္ အနည္း
ငယ္  ေလ်ာ့ပါးသြား၏။  မိန္းကေလးတြင္  မည္
သည့္ က်င့္ၾကံမႈမ်ိဳးမွ  အမွန္တကယ္  မ႐ွိေသာ္
လည္း သူမက ရယ္စရာေျပာေနျခင္း မဟုတ္ဟု
သူခံစားမိေသာေၾကာင့္  တိုးညင္းစြာ ရယ္လ်က္
သူမကိုလႊတ္ေပးလိုက္ရန္သာ သူတတ္ႏိုင္ေလ
ေတာ့သည္။

''အမ္..''
ထိုအခ်ိန္၌ပင္  မိန္းကေလးက  ခ်ဴဖုန္း၏လက္
ေမာင္းကို  ဖမ္းဆြဲလိုက္ၿပီး  အားျဖင့္ကိုက္လိုက္
ေလေတာ့သည္။

ထိုသို႔ျမင္လွ်င္ ခ်ဴဖုန္းမွာ မူလတြင္က်ယ္ေလာင္
စြာ ေအာ္ဟစ္မိေတာ့မလိုျဖစ္သြား၏။ အဘယ္
ေၾကာင့္ဆိုေသာ္  သူမက အသားတစ္လိုက္ပဲ့ပါ
သြားေလာက္ေအာင္ ကိုက္လိုက္သည္ကို ျမင္မိ
လိုက္၍ပင္။ သို႔ေသာ္ျငားလည္း  သူ အကိုက္ခံ
လိုက္ရၿပီးေနာက္ ခ်ဴဖုန္းမွာ လုံးဝပင္ စိတ္ေအး
လက္ေအးျဖစ္သြားေလသည္။

မိန္းကေလးတြင္ မည္သည့္က်င့္ၾကံမႈမွမ႐ွိသည့္
အျပင္ တကယ္တမ္းတြင္လည္း ခ်ဴဖုန္းက စိတ္
ဝိညာဥ္နယ္ပယ္ အဆင့္႐ွစ္  ႐ွိေနေပသည္။ သူ
၏ စြမ္းအင္ဗဟိုခ်က္တြင္ ေနထိုင္လ်က္႐ွိေသာ
နတ္လွ်ပ္စီးေၾကာင့္  သူ၏ စိတ္ဝိညာဥ္စြမ္းအင္
မွာ အလြန္တရာသန္မာ၍  ထိုစြမ္းအင္က သူ၏
ခႏၶာကိုယ္တစ္ခုလုံးသို႔  လွည့္ပတ္ ေျပးလႊားေန
ၿပီး သူ၏ခႏၶာကိုယ္ကို  သံမဏိအေၾကာမ်ားႏွင့္
သံအ႐ိုးမ်ားျဖင့္ ျပဳလုပ္ထားသကဲ့သို႔  ထင္ျမင္ရ
ေစေလသည္။ မိန္းကေလးကိုက္လိုက္ၿပီးသည့္
ေနာက္တြင္ သူက နာက်င္မႈမ႐ွိသလို ယားယံမႈ
ပင္မ႐ွိဘဲ မည္သို႔မွ်ပင္ မခံစားရေခ်။

''အား..အယုတ္တမာေကာင္.. နင့္လက္ေမာင္း
က သံနဲ႔လုပ္ထားတာလား..''
တကယ္ပင္ သူမကကိုက္လိုက္ၿပီးသည့္ေနာက္
တြင္ မိန္းကေလးမွာ သူမ၏ အနီေရာင္ႏႈတ္ခမ္း
မ်ားကို လက္ျဖင့္အုပ္၍ က်ယ္ေလာင္စြာ စတင္
ေအာ္ငိုေနေလေတာ့သည္။  သူမက  ခ်ဴဖုန္းကို
ကိုက္ႏိုင္စြမ္း မ႐ွိ႐ုံသာမကဘဲ သူမ၏ သြားမ်ား
မွာ အလြန္႔အလြန္ နာက်င္သြားေလသည္။

မည္သည့္အေၾကာင္းေၾကာင့္ပင္ျဖစ္ေစ  မိန္းက
ေလး၏မ်က္ဝန္းမ်ားမွ တလက္လက္ေတာက္ပ
ေနေသာမ်က္ရည္မ်ား က်ဆင္းလာသည္ကိုျမင္
လွ်င္ ခ်ဴဖုန္း၏ ႏွလုံးသားတြင္ ခါးသီးမႈကို ခံစား
လိုက္ရၿပီး  အပ္အစင္းေပါင္းမ်ားစြာျဖင့္ ထိုးစိုက္
ျခင္းခံလိုက္ရသကဲ့သို႔ နာက်င္သြားမိသည္။ ထို
အျဖစ္မွာ  သူမထံတြင္ ကေလးတစ္ေယာက္၏
ခံစားခ်က္မ်ိဳးကို ပထမဆုံးအႀကိမ္ျမင္ေတြ႕ရျခင္း
ျဖစ္ေပသည္။

''ဟုတ္ပါၿပီ အက္ဂီရယ္..  ငါ မွားသြားပါတယ္..
ဟုတ္ၿပီလား.. ငါ့ကိုလွည့္စားဖို႔ မင္းကို ဘယ္သူ
က ေျပာလို႔လဲ..''
ထိုခံစားခ်က္က မည္သည့္ေနရာမွေရာက္႐ွိလာ
သည္ကို သူ မသိေသာ္လည္း ခ်ဴဖုန္းက ထိုမိန္း
ကေလးကိုငိုေႂကြးေစရန္ သူ မလိုလားေခ်။  ထို႔
ေၾကာင့္ သူက သူ၏အမွားမ်ားကိုအလ်င္အျမန္
ဝန္ခံလိုက္ၿပီး ကေလးတစ္ေယာက္ကိုခ်ိဳသာစြာ
ေျပာေနသကဲ့သို႔ပင္  မ္ိန္းကေလးကို  ခ်ိဳသာစြာ
ေျပာလ်က္ ေတာင္းပန္လိုက္သည္။

ထိုအေၾကာင္းအရာကိုေျပာရလွ်င္  မိန္းကေလး
မွာ သူမကိုယ္သူမ 'ျမင့္ျမတ္တဲ့ဘုရင္မ'ဟု ေခၚ
ေဝၚခဲ့ၿပီး  သူမက ေလာကအေၾကာင္းကို နက္နဲ
စြာ အေတြ႕အၾကဳံ႐ွိေနပုံရသည့္တိုင္ သူမ၏စိတ္
ေနသေဘာထားမွာ ကေလးတစ္ေယာက္ကဲ့သို႔
ထင္ျမင္ရၿပီး ခ်ဴဖုန္း၏စကားအနည္းငယ္ႏွင့္ပင္
အရာအားလုံး အဆင္ေျပသြားေလေတာ့သည္။

''နင္ မ်ိဳးမစစ္ေကာင္..  ငါက  နင့္ကို  ဘယ္လို
လွည့္စားခဲ့လို႔လဲ.. ငါက အမွန္တကယ္ သန္မာ
တယ္.. ဒါေပမယ့္ တစ္ေယာက္ေယာက္က ငါ့ရဲ႕
က်င့္ၾကံမႈကို ခ်ဳပ္ေႏွာင္ထားတာကို  ခံေနရတာ
ပဲ႐ွိတယ္..''
မိန္းကေလးမွာ  ဝမ္းနည္းေၾကကြဲေနသည့္ မ်က္
ႏွာျဖင့္႐ွိေနၿပီး ခ်ဴဖုန္းက သူမအေပၚ မယုံၾကည္
သည္ကို သူမ လိုလားပုံမရေခ်။

''မင္းကို ခ်ဳပ္ေႏွာင္ထားတဲ့စည္းကို ဘယ္လိုမ်ိဳး
ပယ္ဖ်က္ရမလဲဆိုတာ မင္းသိသလား..''
ခ်ဴဖုန္းက တင္းက်ပ္စြာ မ်က္ေမွာင္ၾကဳတ္လိုက္
မိၿပီး သူက အနည္းငယ္ ပူပန္ေနမိေလသည္။

''ငါ မသိဘူး..''
မိန္းကေလးက သူမ၏ဦးေခါင္းကို ခါယမ္းလိုက္
သည္။

''ေကာင္းတယ္..''
ခ်ဴဖုန္းက  စိတ္သက္သာသြားဟန္ျဖင့္ အသက္
ျပင္းျပင္းတစ္ခ်က္႐ွဴလိုက္၏။

''နင္ အယုတ္တမာေကာင္..''
မိန္းကေလးက ဟစ္ေႂကြးလိုက္ၿပီး ခ်ဴဖုန္းထံသို႔
ေ႐ွး႐ႈ၍ ေနာက္ထပ္တစ္ႀကိမ္ခုန္အုပ္လိုက္ေလ
ေတာ့သည္။

                 - - - - - - - - - -
                  * * * * * * *

အခန္း(၁၁၀) ဆက္ရန္...''သိုင္းနတ္ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန္း(၁၁၀) စိတ္ဝိညာဥ္ဆက္သြယ္မႈစာခ်ဳပ္

သူမ၏ခႏၶာကိုယ္အေပၚ  ထိေတြ႕ၿပီးေနာက္တြင္
မိန္းကေလးမွာ သူ႕အား မည္သည့္နည္းလမ္းႏွင့္
မွ်  ၿခိမ္းေျခာက္ႏိုင္ျခင္းမ႐ွိေၾကာင္း  ခ်ဴဖုန္းေသ
ခ်ာသြားသည္။

ထို႔ထက္ပို၍မူ  အႏၲရာယ္႐ွိသည့္ အေနအထား
တြင္  ေရာက္႐ွိေနသူမွာ  ထိုမိန္းကေလးပင္ျဖစ္
ေလသည္။  တကယ္တမ္းတြင္လည္း   သူမက
အလြန္႔အလြန္လွပၿပီး   ထြက္ေျပးလြတ္ေျမာက္
ႏိုင္မည့္လမ္းမ႐ွိေသာ စိတ္ဝိညာဥ္ကမ႓ာထဲတြင္
အက်ဥ္းခ်ခံထားရသည္။ အေရးအႀကီးဆုံးကား
စိတ္ဝိညာဥ္ကမ႓ာအတြင္း၌ ခ်ဴဖုန္းက သူမအား
ထိေတြ႕ ခံစားႏိုင္ေနျခင္းပင္။

ၿပိဳင္ဘက္ကင္းအလွကေလး  တစ္ဦးအား သူ၏
စိတ္ဝိညာဥ္ကမ႓ာ  အတြင္း၌   ပိတ္ေလွာင္ထား
သည္မွာ ႐ွင္းလင္းေနသည္။  သူမက ညင္သာ
ႏူးညံ့လြန္းၿပီး အလြယ္တကူ အႏိုင္က်င့္၍ ရေပ
သည္။   သို႔ေသာ္  ကံေကာင္း ေထာက္မစြာပင္
ခ်ဴဖုန္းမွာ  ထိုသို႔ေသာ  လူစားမ်ိဳး  မဟုတ္ေခ်။
သို႔မဟုတ္လွ်င္မူကား...

''အို႔.. အယုတ္တမာေကာင္.. နင္ ဘာေတြမ်ား
ေတြးေနတာလဲ..''
သူ၏ႏႈတ္ခမ္းေထာင့္တြင္ မႏွစ္ၿမိဳ႕ဖြယ္အျပဳံးတစ္
ခုႏွင့္အတူ သူမအား ဆက္၍ ေငးစိုက္ၾကည့္ေန
ဆဲျဖစ္ေသာ  ခ်ဴဖုန္းအားျမင္လွ်င္  မိန္းကေလး
က ေအာ္ေျပာလိုက္ေလေတာ့သည္။

''ငါေျပာပါဦးမယ္  အက္ဂီရယ္.. မင္းနဲ႔ငါနဲ႔ တစ္
ေယာက္တည္းအျဖစ္ ေပါင္းစပ္ႏိုင္ခဲ့ရင္  ကုံးလု
ယြင္ကို  ငါအႏိုင္ရဖို႔ မင္း ကူညီေပးႏိုင္တယ္လို႔
ေျပာခဲ့တယ္ေနာ္.. အဲ့ဒါ အမွန္ပဲလား..''
ခ်ဴဖုန္းက ရယ္လ်က္ေျပာလိုက္ေသာ္လည္း သူ
၏ရယ္သံတြင္  အလြန္အမင္းက်ီစယ္လိုဟန္ ႐ွိ
ေနသည္။

''သြားေသလိုက္.. နင္နဲ႔ ဘယ္သူမွေပါင္းစပ္မွာ
မဟုတ္ဘူး..''
မိန္းကေလးက ေဒါသျဖင့္အံႀကိတ္ထားလိုက္ၿပီး
သူမ၏နားမ်ားမွ  အေငြ႕ေျခာင္းေျခာင္းထြက္လာ
ေတာ့မတတ္ပင္။ သူမ၏ဝိုင္းစက္ေသာမ်က္လုံး
အစုံမွာ  သူ႕ထံသို႔   စိုက္ၾကည့္ေနလ်က္႐ွိေသာ္
လည္း  သူ မည္သို႔ပင္ၾကည့္ျမင္ေစကာမူ  သူမ
က  ခ်စ္စဖြယ္ေကာင္းေနဆဲျဖစ္ၿပီး  တစ္ဦးတစ္
ေယာက္၏  ခ်စ္ခင္ျမတ္ႏိုးမႈကို   ေတာင္းဆိုေန
သည့္အလားျဖစ္သည္။

လူတစ္ဦးတစ္ေယာက္က  အလွတရား၏ နယ္
ပယ္တစ္ခုသို႔ေရာက္လွ်င္  အကယ္၍ သူတို႔က
သည္းမခံႏိုင္ဖြယ္  အမူအရာမ်ား  ျပဳလုပ္ခဲ့လွ်င္
ပင္  ၎တို႔မွာ အလွတရားတစ္မ်ိဳးျဖစ္ေနသည္
ဆိုသည္မွာ အမွန္ျဖစ္ေပသည္။

''ၾကည့္ေလ.. မင္းေျပာခဲ့တယ္မဟုတ္လား.. ငါ
တို႔ ေပါင္းစပ္...''
''နင္  အယုတ္တမာေကာင္.. အဲ့ဒါ  မွီတင္းေန
ထိုင္တာဟဲ့.. ေပါင္းစပ္တာမဟုတ္ဘူး..''

''မွီတင္းေနထိုင္တာ ဟုတ္လား..  အဲ့ဒါကို မင္း
ဘယ္လိုလုပ္ရမွာလဲ..''
ခ်ဴဖုန္းက အေတာ္ပင္ သိလိုသြားမိသည္။

''နင္နဲ႔ငါနဲ႔ စိတ္ဝိညာဥ္ဆက္သြယ္မႈစာခ်ဳပ္တစ္
ခုကို ခ်ဳပ္ဆိုလိုက္တာနဲ႔ ငါက စိတ္ဝိညာဥ္ကမ႓ာ
ကို နင္နဲ႔အတူ ေဝမွ်သုံးႏိုင္စြမ္း႐ွိသြားလိမ့္မယ္..
အဲ့ဒီလိုပဲ နင္ဆႏၵ႐ွိသေ႐ြ႕ ငါက နင့္ရဲ႕ ခႏၶာကိုယ္
ထဲကို နင့္ရဲ႕ စိတ္ဝိညာဥ္ကမ႓ာကတဆင့္ ဝင္ႏိုင္
ၿပီးေတာ့ ငါ့ရဲ႕ စြမ္းအားကို နင့္ဆီပို႔ေပးလို႔ ရသြား
လိမ့္မယ္..''

''ဒါေပမယ့္လည္း လက္႐ွိ ငါ့ရဲ႕က်င့္ၾကံမႈက လုံး
ဝခ်ဳပ္ေႏွာင္ခံထားရၿပီး အဲ့ဒါကို ငါ ဘယ္လိုပယ္
ဖ်က္ရမလဲမသိတဲ့အတြက္ အစကေန ျပန္စ႐ုံပဲ
တတ္ႏိုင္ေတာ့တယ္..  ဒါေၾကာင့္   တကယ္လို႔
နင္က  ငါ့ရဲ႕အကူအညီကို လိုခ်င္တယ္ဆိုရင္ ငါ့
ကို က်င့္ၾကံႏိုင္ေအာင္ ကူညီေပးဖို႔လိုလိမ့္မယ္..
ငါ့ကို တစ္ႏွစ္အတြင္းမွာ နက္နဲနယ္ပယ္ေရာက္
ေအာင္ကူညီေပးႏိုင္တာနဲ႔ နင္က ကုံးလုယြင္ကို
ရင္ဆိုင္တိုက္ခိုက္ႏိုင္စြမ္း႐ွိလာမွာပဲ..''
မိန္းကေလးက ႐ွင္းျပလိုက္၏။

''ဘာရယ္..  နင္ က်င့္ၾကံႏိုင္ဖို႔ ကူညီေပးရမယ္
ဟုတ္လား..နင့္ကို နက္နဲနယ္ပယ္ေရာက္သည္
အထိ  ငါ ကူညီေပးရမယ့္အခ်ိန္က   ငါ့အတြက္
ေကာင္းကင္နယ္ပယ္ေရာက္ဖို႔   လုံေလာက္ရင္
လုံေလာက္လိမ့္ဦးမယ္..''
ခ်ဴဖုန္းက စိတ္ပ်က္စြာျဖင့္ ေျပာလိုက္သည္။

''ဟြန္႔.. တစ္ႏွစ္အတြင္းမွာ နင္က ေကာင္းကင္
နယ္ပယ္ေရာက္ဖို႔က ျဖစ္ႏိုင္မွာတဲ့လား.. နက္နဲ
နယ္ပယ္ေရာက္ဖို႔ေတာင္ ခက္ခဲလိမ့္မယ္..ဒါေပ
မယ့္ နင္က ငါ့ကိုကူညီဖို႔ ဆႏၵ႐ွိမယ္ဆိုရင္ေတာ့
ငါက တစ္ႏွစ္အတြင္းမွာ နက္နဲနယ္ပယ္ေရာက္
မယ္ဆိုတာ သံသယျဖစ္စရာမလိုဘူး..''

''ၿပီးေတာ့လည္း ငါ့ရဲ႕က်င့္ၾကံမႈက နင့္ရဲ႕က်င့္ၾကံ
မႈကို အေႏွာင့္အယွက္ေပးမွာ မဟုတ္ဘူးေလ..
အဲ့ဒီ့အစား ငါ့ကိုက်င့္ၾကံဖို႔ ကူညီေပးတဲ့အတြက္
နင့္ရဲ႕ စိတ္ဝိညာဥ္စည္းနည္းစနစ္ကိုေတာင္ ျမႇင့္
တင္ေပးလိမ့္ဦးမယ္..''
မိန္းကေလးက  သူမႏႈတ္ခမ္းမ်ားကို  တြန္႔ေကြး
လ်က္ ေျပာလိုက္၏။

''အဲ့ဒါ အမွန္ပဲလား..''
ခ်ဴဖုန္းက သံသယ႐ွိေနသည္။
''ဒါေပါ့..''
မိန္းကေလးက အလြန္ယုံၾကည္ခ်က္႐ွိေန၏။

''နင့္ကို ငါ ဘယ္လိုကူညီရမလဲ ေျပာျပေလ..''
ခ်ဴဖုန္းက ေမးလိုက္သည္။

''ေလာကမွာ အလကားရတဲ့ေန႔လယ္စာဆိုတာ
မ႐ွိဘူး.. ၿပီးေတာ့ ကမ႓ာ့စိတ္ဝိညာဥ္ေတြက နင္
တို႔လူသားေတြအတြက္  အလကား အမႈထမ္းမ
ေပးဘူး.. ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူေတြ အ
ေနနဲ႔ ကမ႓ာ့စိတ္ဝိညာဥ္ေတြရဲ႕စြမ္းအားကိုရ႐ွိႏိုင္
တဲ့အေၾကာင္းရင္းကေတာ့  သူတို႔က ကမ႓ာ့စိတ္
ဝိညာဥ္ေတြအတြက္ 'စြမ္းအင္ရင္းျမစ္' ေထာက္
ပံ့ေပးဖို႔လိုအပ္တာပဲ..''

''စြမ္းအင္ရင္းျမစ္ ဟုတ္လား..  အဲ့ဒါက  ဘယ္
လိုမ်ိဳးလဲ..''
''နင္တို႔ရဲ႕ကမ႓ာမွာ႐ွိတဲ့ က်င့္ၾကံသူေတြအားလုံး
မွာ  စြမ္းအင္ရင္းျမစ္႐ွိၾကတယ္..  အေသအျဖစ္
ျဖစ္  အ႐ွင္ျဖစ္ျဖစ္  သူတို႔ရဲ႕ ခႏၶာကိုယ္  ေပ်ာက္
ပ်က္မသြားေသးသေ႐ြ႕ သူတို႔ရဲ႕ စြမ္းအင္ရင္းျမစ္
လည္း ေပ်ာက္ပ်က္မသြားဘူး..''

''ဒီစြမ္းအင္ရင္းျမစ္က  နင္တို႔အတြက္ ဘာတစ္
ခုမွ အသုံးမဝင္ဘူး..  ဒါေပမယ့္လည္း  အဲ့ဒါက
ငါတို႔ ကမ႓ာ့စိတ္ဝိညာဥ္ေတြ အတြက္ေတာ့  ဆြဲ
ေဆာင္အားႀကီးမားတဲ့ အရာမ်ိဳးပဲ.. ဘာေၾကာင့္
လဲဆိုေတာ့ အဲ့ဒါက ငါတို႔ရဲ႕က်င့္ၾကံမႈကို ျမန္ျမန္
ဆန္ဆန္ျမင့္တက္ေအာင္ ကူညီေပးႏိုင္လို႔ပဲ..''

''ဥပမာအားျဖင့္ နင္က နက္နဲနယ္ပယ္က်င့္ၾကံ
သူတစ္ေယာက္ကို႐ွာေတြ႕ၿပီး သူ႕ရဲ႕ စြမ္းအင္ရင္း
ျမစ္ကို ငါ အျပည့္အဝစုပ္ယူႏိုင္ခဲ့ရင္ ငါက မူလ
နယ္ပယ္ကို ေရာက္႐ွိႏိုင္လိမ့္မယ္.. ဘယ္လိုလဲ
.. ဒါက နင့္ရဲ႕က်င့္ၾကံမႈထက္  အေတာ္ကို ပိုျမန္
တယ္မဟုတ္လား..''
မိန္းကေလးက  တစ္ခစ္ခစ္ရယ္ရင္း ေျပာလိုက္
သည္။

''နက္နဲနယ္ပယ္က်င့္ၾကံသူတစ္ေယာက္ ဟုတ္
လား..  ဒါက ဒီေလာက္လြယ္ကူပုံ မရဘူးေလ..
ဟုတ္ရဲ႕လား.. တကယ္လို႔ ငါက နက္နဲနယ္ပယ္
က်င့္ၾကံသူတစ္ေယာက္ကို ဖမ္းၿပီး သူ႕ရဲ႕စြမ္းအင္
ရင္းျမစ္ကို  မင္း စုပ္ယူဖို႔ လုပ္ေပးေနႏိုင္မွေတာ့
ငါက မင္းရဲ႕ အကူအညီကို ဘာအတြက္မ်ား လို
ဦးမွာတဲ့လဲ..''
ခ်ဴဖုန္းမွာ  ႏိႈင္းယွဥ္မရႏိုင္ေအာင္  သုန္မႈန္သြား
မိေလသည္။

''ငတုံး..  ငါေျပာခဲ့တာကို နင္ မၾကားဘူးလား..
သူတို႔က  အေသျဖစ္ျဖစ္ အ႐ွင္ျဖစ္ျဖစ္ သူတို႔ရဲ႕
ခႏၶာကိုယ္ က်န္ရစ္ေနသေ႐ြ႕  စုပ္ယူဖို႔  စြမ္းအင္
ရင္းျမစ္  ႐ွိေနလိမ့္မယ္လို႔  ငါေျပာခဲ့တယ္ေလ..
တကယ္လို႔  နင္က သူတို႔ကို အသက္႐ွင္လ်က္
မဖမ္းႏိုင္ရင္ေတာင္ အေသေကာင္ေတြကိုေတာ့
နင္ ႐ွာႏိုင္တယ္မဟုတ္ဘူးလား..  နင္က ကမ႓ာ့
စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူ တစ္ေယာက္ဆိုတာကို
သတိရစမ္းပါ..''
မိန္းကေလးကလည္း အနည္းငယ္ သုန္မႈန္သြား
၏။

''သူတို႔က  ေသၿပီးသား ဆိုရင္ေတာင္  အဆင္
ေျပတယ္ေပါ့ ဟုတ္လား..''
ခ်ဴဖုန္းမွာ အဆုံးမ႐ွိေအာင္ပင္ ထိတ္လန္႔အံ့ၾသ
သြားေလသည္။

''ဒါေပါ့.. အဲ့ဒီလိုမွမဟုတ္ရင္ ဟို႐ုပ္ဆိုးလြန္းတဲ့
အႀကီးအကဲက်ဴးေကာ္က  ဘာအတြက္ လန္ဝူး
ေဆြနဲ႔ဟိုအဘိုးႀကီးကို စုပ္ယူစားသုံးဖို႔ လိုမွာတဲ့
လဲ.. ဒါ့အျပင္  မဟာေကာင္းကင္ပညာ႐ွင္ရဲ႕  ဂူ
သခ်ၤဳ ိင္းကိုဝင္ခဲ့တုန္းက သူ႕ရဲ႕ခႏၶာကိုယ္အႂကြင္း
အက်န္ကို  ႐ွာမေတြ႕ခဲ့တာ  နင္  သတိမရမိဘူး
လား..''

မိန္းကေလးက ခ်ဴဖုန္း၏ အျမင္ႏွင့္ အၾကားအာ
႐ုံကို  မွ်ေဝခံစားႏိုင္ျခင္းေၾကာင့္  သူ၏ ကေလး
ဘဝမွ ယခုအခ်ိန္အထိ  ခ်ဴဖုန္းေတြ႕ၾကဳံခဲ့ရသမွ်
အားလုံးကို သူမက သိေနေလသည္။

''မင္း  ဒီလိုေျပာမွပဲ ငါ တကယ္နားလည္ပါၿပီ..
ဒါေပမယ့္အႀကီးအကဲက်ဴးေကာ္မွာ သူ႕အတြက္
အမႈထမ္းေပးမယ့္ကမ႓ာ့စိတ္ဝိညာဥ္တစ္ေကာင္
မွ မ႐ွိဘူးလို႔ မင္းေျပာခဲ့တယ္ မဟုတ္လား.. သူ
က ဘာအတြက္ စြမ္းအင္ရင္းျမစ္ကို စုပ္ယူေနရ
တာလဲ..''

''သူ႕မွာ  သူ႕အတြက္  အမႈထမ္းေပးမယ့္  ကမ႓ာ့
စိတ္ဝိညာဥ္တစ္ေကာင္မွ မ႐ွိဘူးဆိုေပမယ့္ သူ
က စိတ္ဝိညာဥ္ကမ႓ာတစ္ခုနဲ႔ ခ်ိတ္ဆက္မိၿပီးေန
ၿပီလို႔ ငါအေသအခ်ာေျပာႏိုင္တယ္.. လက္႐ွိမွာ
သူက   ကမ႓ာ့စိတ္ဝိညာဥ္တစ္ေကာင္နဲ႔   စိတ္ဝိ
ညာဥ္ဆက္သြယ္မႈစာခ်ဳပ္  ခ်ဳပ္ဆိုႏိုင္ဖို႔အတြက္
အဲ့ဒီကမ႓ာ့စိတ္ဝိညာဥ္ကို  ကမ္းလွမ္းတဲ့အေနနဲ႔
ေထာက္ပံ့ေနရတာ ျဖစ္လိမ့္မယ္..''

''ဒါေပမယ့္လည္း  နင့္ရဲ႕ကံက အေတာ္ေကာင္း
တယ္.. ငါက နင္နဲ႔ စိတ္ဝိညာဥ္ဆက္သြယ္မႈစာ
ခ်ဳပ္တစ္ခု  ခ်ဳပ္ဆိုဖို႔ဆႏၵ႐ွိေနတယ္ေလ.. ဒါေပ
မယ့္  နင္က ငါ့အတြက္ စြမ္းအင္ရင္းျမစ္  အလုံ
အေလာက္ရေအာင္႐ွာေဖြေပးရမယ့္ စည္းကမ္း
ခ်က္ေတာ့႐ွိတယ္..''

ေျပာရင္း ထိုေနရာသို႔ေရာက္လွ်င္  မိန္းကေလး
က  လက္မ်ားကို   ၾကက္ေျခခတ္ထားလိုက္ၿပီး
ထူးဆန္းေသာလက္ဝါးဟန္တစ္ခုကို ႐ိုက္ထုတ္
လိုက္သည္။  တစ္ခ်ိန္တည္း၌ သူမ၏ ဂါဝန္က
တဖ်ပ္ဖ်ပ္လႈပ္ခတ္သြားၿပီး  သူမ၏  ေသးသြယ္
ေသာခႏၶာကိုယ္မွ ဆန္းၾကယ္လွသည့္  အလင္း
တန္းမ်ား ထုတ္လႊတ္လိုက္ေလသည္။

အလင္းတန္းမ်ားက  ဆန္းၾကယ္သည္ဟု  ဆိုရ
ျခင္းမွာ  ထိုအလင္းမ်ားက အနက္ေရာင္ျဖစ္ေန
၍ပင္။ အနက္ေရာင္မွာ အေမွာင္ကိုကိုယ္စားျပဳ
ၿပီး အေမွာင္မွာ  အလင္း၏ တိုက္႐ိုက္ဆန္႔က်င္
ဘက္ျဖစ္ေပသည္။  သို႔ေသာ္ သူ႕မ်က္စိေ႐ွ႕တြင္
အလြန္႔အလြန္နက္ေမွာင္မႈမွ  အလင္းမ်ားထုတ္
လႊတ္ေနျခင္းေၾကာင့္  ပုံမွန္အားျဖင့္  ၎အျဖစ္
မွာ  မႏိႈင္းယွဥ္သာေအာင္  ဆန္းၾကယ္ေနသည္
ပင္။

သို႔ေသာ္ျငားလည္း  ပိုမို၍ပင္  ဆန္းၾကယ္ေသာ
အရာမွာ  အနက္ေရာင္ အလင္းမ်ားက  မိန္းက
ေလး၏ ခႏၶာကိုယ္တစ္ေလွ်ာက္ ေအာက္ဘက္
သို႔  စီးဆင္းသြားၿပီး  ေျမျပင္ေပၚတြင္  ထူးဆန္း
ေသာပုံစံတစ္ခု ျဖစ္ေပၚလာသည္။

ထိုပုံစံက စက္ဆုပ္ထိတ္လန္႔ဖြယ္ေကာင္းသည့္
ဘီလူးသတၱဝါတစ္ေကာင္၏ မ်က္ႏွာႏွင့္ တူေန
ေပသည္။ ၎က အဆက္မျပတ္ တြန္႔လိမ္လႈပ္
႐ွားေနၿပီး   တစ္ဦးတစ္ေယာက္အေနျဖင့္  တစ္
ခ်က္စိုက္ၾကည့္မိ႐ုံႏွင့္  ဆံပင္မ်ားေထာင္လာၿပီး
တုန္ယင္လာသည္အထိ သူတို႔၏စိတ္ႏွလုံးသား
မ်ားကို ေၾကာက္႐ြံ႕ေစလိမ့္မည္ျဖစ္သည္။

''နင္  ဘာေတြစဥ္းစားေနတာလဲ..   ဒီေနရာမွာ
ျမန္ျမန္လာရပ္ေလ..''
မိန္းကေလးက ေျပာလိုက္ၿပီး  လက္႐ွိ သူမအား
ဆန္းၾကယ္သည့္အနက္ေရာင္အလင္းက ဝိုင္းရံ
ထားေလသည္။  သို႔ေသာ္ျငားလည္း သူမ၏အ
ႂကြင္းမဲ့အလွတရားက မေျပာင္းလဲ႐ုံသာမကဘဲ
ထိုပုံစံက သူမ၏ပကတိပုံစံျဖစ္ေနသည့္အလား
ပို၍ပင္ လွပေနေပေတာ့သည္။

''ဘာ.. နင္က ငါ့ကို  ဒီဘီလူးေကာင္ရဲ႕ မ်က္ႏွာ
ေပၚမွာ ရပ္ေစခ်င္တာလား..''
ခ်ဴဖုန္းမွာ အနည္းငယ္ ေၾကာက္႐ြံ႕ေနမိ၏။ ၎
မ်က္ႏွာက အရာအားလုံးကိုမ်ိဳခ်ႏိုင္သည့္သက္
႐ွိတစ္ေကာင္ျဖစ္သည္ဟု သူ ခံစားေနရသည္။

''မ်ိဳးမစစ္ေကာင္.. ဒါက ငါ့ရဲ႕ စိတ္ဝိညာဥ္ဆက္
သြယ္မႈ စိတ္ဝိညာဥ္စည္းပဲ..အရင္အခ်ိန္ေတြကို
ျပန္စဥ္းစားၾကည့္လိုက္ရင္   ထိပ္တန္းအဆင့္႐ွိ
တဲ့   ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူေတြက  ငါနဲ႔
စာခ်ဳပ္တစ္ခု ခ်ဳပ္ဆိုခ်င္ၾကလ်က္နဲ႔ ငါ ျငင္းပယ္
တာကို  ဘယ္ေလာက္မ်ားမ်ား   ခံခဲ့ၾကရတယ္
မွတ္သလဲ.. အခု ငါက နင္နဲ႔  စိတ္ဝိညာဥ္ဆက္
သြယ္မႈစာခ်ဳပ္တစ္ခု  ဖန္တီးဖို႔ဆႏၵ႐ွိတာေတာင္
နင္က ျငင္းခ်င္တယ္ေပါ့ ဟုတ္လား..''
မိန္းကေလး၏မ်က္ခုံးမ်ားက  အတြင္းသို႔ေစာင္း
သြားၿပီး  သူမက  အနည္းငယ္   ေဒါသျဖစ္သြား
ေလသည္။

ထိုသို႔ျမင္လွ်င္ ခ်ဴဖုန္းက အံႀကိတ္လိုက္မိေသာ္
လည္း  သူက  ၎အရာေပၚသို႔ ေျခလွမ္းလိုက္
ေသးေပသည္။ သို႔ေသာ္ျငားလည္း သူလွမ္းဝင္
လိုက္သည့္ခဏ၌   သူ႕အားဝါးမ်ိဳေနသည့္  စြမ္း
အားျခဳံလႊမ္းမႈတစ္ခုကို ခံစားလိုက္ရေလသည္။
သူ၏ဦးေခါင္းအတြင္း ျဖဴေဖြးသြားၿပီး ထို႔ေနာက္
တြင္ သူ သတိလစ္သြားေလေတာ့သည္။

                  - - - - - - - -

''အင္း..''
မည္မွ်ၾကာသြားသည္မသိသည့္ေနာက္  ခ်ဴဖုန္း
က သူ၏မ်က္လုံးမ်ားကို ျဖည္းညင္းစြာဖြင့္လိုက္
သည္။ သူက ခ်ဴမိသားစုေနအိမ္အတြင္း၌ပင္႐ွိ
ေနေသးသည္ကို ေတြ႕႐ွိလိုက္ရၿပီး  စိတ္ဝိညာဥ္
ကမ႓ာသို႔ မဝင္ေရာက္မီက  အေနအထားႏွင့္ပင္
႐ွိေနေပသည္။

''အင္း.. ငါ တကယ္ကို ဘာမွမျဖစ္ဘူးေပါ့..''
ခ်ဴဖုန္းက  စိတ္သက္သာရာရဟန္ျဖင့္ အသက္
ျပင္းျပင္း႐ွဴလိုက္မိသည္။  မူလက  မိန္းကေလး
၏လွည့္စားမႈကို ခံလိုက္ရၿပီး သူကပ္ဆိုက္ၿပီဟု
ေတြးခဲ့မိသည္။  သို႔ေသာ္ျငားလည္း သူျမင္ေတြ႕
လိုက္ရသည္မ်ားအရ  သူထင္သလို မဟုတ္ဘဲ
သူက   သာသာယာယာ  အသက္႐ွင္ေနဆဲပင္
ျဖစ္၏။

''အို႔.. အက်င့္မေကာင္းတဲ့ ခ်ဴဖုန္း.. ငါ့အတြက္
စြမ္းအင္ရင္းျမစ္ေတြ သြား႐ွာစမ္းပါ..''
သို႔ေသာ္ ထိုအခ်ိန္၌ပင္ မိန္းကေလး၏အသံကို
ခ်ဴဖုန္း၏  နားမ်ားတြင္  ၾကားလိုက္ရေလေတာ့
သည္။

''အက္ဂီ.. မင္းလည္းထြက္လာတာလား.. မင္း
ဘယ္မွာလဲ..''
ခ်ဴဖုန္းက  အံ့အားတသင့္ျဖင့္  ထခုန္လိုက္မိၿပီး
ပတ္ဝန္းက်င္ကို လွည့္လည္ၾကည့္လိုက္မိေသာ္
လည္း မိန္းကေလးအား မျမင္မိေခ်။

''ငတုံး.. ငါက နင့္ရဲ႕  စိတ္ဝိညာဥ္ကမ႓ာထဲမွာ ႐ွိ
ေနတုန္းပဲေလ..''
မိန္းကေလး၏အသံက ေနာက္တစ္ႀကိမ္ ထပ္မံ
ထြက္ေပၚလာ၏။

ထိုစကားမ်ားကို ၾကားလွ်င္  ခ်ဴဖုန္းမွာ  ေပ်ာ္႐ႊင္
သြားၿပီး သူက ညင္သာစြာေျပာလိုက္ေလေတာ့
သည္။
''ငါတို႔ေတြ ေအာင္ျမင္ခဲ့တဲ့ အဓိပၸါယ္ေပါ့ ဟုတ္
လား..''

                 - - - - - - - - - -
                  * * * * * * *

အခန္း(၁၁၁) ဆက္ရန္...

Continue Reading

You'll Also Like

10.2K 241 19
It's my first time writing an Story so please bear with me. Anyways...... Story: Future Caelus, lost everyone. His friends, family and Comrades...
24K 952 14
In the starlit festivities of Penacony, she meets Caelus, a figure shrouded in mystery who shines as a beacon into her enduring night. He was her lig...
17.6K 335 10
After being died because of his Differences, he was send to hell and luckily meet the princess of hell & others, together they will make sure everyon...
39.8K 1.5K 21
you are tanjiro little sister what happens if you died during the events of swordsmith village arc and got a second chance to live it again in the gr...