Second life ( အချို့သောချစ်ခြ...

By moetharchel

120K 9.5K 1.4K

Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။ More

Intro
EP - 1
EP - 2
EP - 3
EP - 4
EP - 5
EP - 6
EP - 7
EP - 8
EP- 10
EP - 11
EP - 12
EP - 13
EP - 14
EP - 15
EP - 16
EP - 17
EP - 18
EP - 19
EP - 20
EP - 21
Attention please!!
EP - 22
EP - 23
EP - 24
EP - 25
EP - 26
EP - 27
EP - 28
EP - 29
EP - 30
EP - 31
EP - 32
EP - 33
Sorry for update
EP - 34
EP - 35
EP - 36
EP - 37
EP - 38
EP - 39
EP - 40
EP - 41
EP - 42
EP - 43
EP - 44
EP - 45
EP - 46
EP - 47
EP - 48
hello
EP - 49

EP - 9

1.9K 191 18
By moetharchel

Unicode


အင်္ဂလန်ရဲ့ရာသီဥတုမှာနေထိုင်နေပေမယ့် ထည်ဝါရဲ့စိတ်ကတော့အသံတိတ်စကားလုံးလေးတွေရဲ့ပိုင်ရှင်ထိုကလေးရှိတဲ့မြန်မာနိုင်ငံမှာသာကျန်နေခဲ့သည်။ အမှန်အတိုင်းပြောရရင်အခုအချိန်အထိအဲ့ဒီ့ကလေးကိုထည်ဝါတစ်ရက်မှမေ့မရသေးတာရယ်ပါ။

ရိုးသားလွန်းတဲ့မျက်လုံးအကြည့်လေးတွေ ၊ ဟန်ပန်လေးတွေ။
အိမ်း……ပြောရရင်သူကsign languageနဲ့ပြောနေပေမယ့် ထည်ဝါကတော့အသံချိုချိုလေးတွေပါကြားယောင်နေမိတာပဲ။
မင်းကဘာတွေပဲဖြစ်နေပါစေ…ကိုယ့်အတွက်တော့သာမန်လူပဲကလေး……။

"ကိစ္စတစ်ခုခုရှိလို့လား ဒေါက်တာ……"

အတွေးစတွေကိုရပ်တန့်စေလိုက်တဲ့အသံတစ်သံကြားမိမှသာလှည့်ကြည့်မိတော့ wheelchairကိုအသာတွန်းကာကိုယ့်ရုံးခန်းထဲကိုဝင်လာတဲ့ Mr. Luwis ။ တစ်နည်းအားဖြင့်ပြောရရင် ဦးမင်းရဝဏ်။
ထည်ဝါခပ်ဖွဖွသာပြုံးလိုက်ပြီး

"သိပ်ကိုအရေးကြီးတဲ့ကိစ္စရှိလို့ပေါ့ဗျာ…အေးဆေးစကားပြောကြရအောင်……"

ပြောပြောဆိုဆိုနှင့်ဆိုဖာပေါ်ဝင်ထိုင်လိုက်ပြီးမျက်နှာချင်းဆိုင်ကနေရာကိုလက်ညွှန်ပြမိတော့ ဦးမင်းရဝဏ်ရဲ့အတွင်းရေးမှူးဖြစ်သူကwheelchairကိုမျက်နှာချင်းဆိုင်သို့တွန်းလာပေးတယ်။
အိပ်ကပ်ထဲကလက်စွပ်ကိုယူပြီးဦးမင်းရဝဏ်ရှေ့ထားပေးလိုက်တော့ အံ့သြတကြီးပြန်စိုက်ကြည့်လာသည်။

"Hydrangea……"

"အမှန်ပဲပေါ့ဗျာ……"

"ဒီလက်စွပ်ကိုဒေါက်တာကဘယ်လိုလုပ်ပြီး……"

စကားတောင်အဆုံးအထိမပြောနိုင်ဘဲသိချင်စိတ်များနေပုံရသည့်ဦးမင်းရဝဏ်ကိုကြည့်ရင်းထည်ဝါအဓိပ္ပါယ်ပါပါပြုံးလိုက်မိသည်။
ကလေးရေ…ကိုယ်တို့မကြာခင်ထပ်တွေ့ကြရတော့မယ်ထင်ပါရဲ့……။


_____________________________________________


ယစ်နဲ့လျှောက်လည်ပြီးပြန်လာတော့အိမ်မပြန်သေးဘဲသားရဲ့မူကြိုကိုသာတန်းသွားလိုက်သည်။ သားကြိုချိန်တိုင်းမြတ်သဝဏ်ကိုမဟုတ်ဘဲအမြဲမှိုင်းညှို့ပဲသွားကြိုဖြစ်တယ်။ အကြောင်းကတော့သားရဲ့အဖေအဖြစ်မှိုင်းညှို့ကိုပဲသိထားစေချင်တာကြောင့်။

"မနက်ကဟယ်…လက်ဖက်ရည်ဆိုင်မီးလောင်တာ အကြီးအကျယ်ပဲတဲ့……"

"အေး…စားပွဲထိုးကောင်လေးတစ်ယောက်ဆုံးသွားတယ်ဆို……"

"အေးဟဲ့ ငါလည်းအဲ့ဒီ့လိုကြားတာပဲ……တစ်ဖက်ကသူဌေးကချက်ချင်းကိုလျော်ကြေးပေးပြီးဖြေရှင်းသွားတဲ့အေ…တကယ်ပါ ပိုက်ဆံရှိတဲ့သူတွေများကျတော့လည်းပြဿနာကိုဖြေရှင်းရတာလွယ်ကူနေတော့တာပဲ……"

"ဟုတ်ပါ့…ငွေနဲ့ပေါက်ပြီးအရာရာရှင်းနေတာလေ……"

ကျောင်းလာကြိုတဲ့မိဘတစ်ချို့ဆီကနေကြားလိုက်ရတဲ့စကားသံသဲ့သဲ့ကိုကြားလိုက်ရပေမယ့်လို့မှိုင်းညှို့ဂရုမစိုက်သလိုသာနေလိုက်သည်။
ခဏကြာတော့သားကမှိုင်းညှို့ဆီပြေးလာတာမို့

"မပြေးရဘူးလေသားရဲ့…မတော်လို့ချော်လဲသွားရင်ဘယ်လိုလုပ်မလဲ……"

"ဟီး……သားသားကဖေဖေ့ကိုလွမ်းလို့……"

"လာ ပြန်ကြမယ်……"

သားရဲ့ပါးဖောင်းဖောင်းလေးကိုဆွဲပြီးပြုံးပြရင်းပြောလိုက်တော့ခေါင်းလေးညိတ်ပြလာတဲ့သား။
ယစ် မင်းရဲ့သားကလေ…မင်းနဲ့သိပ်တူလွန်းတယ်။
တကယ့်ကိုအချွဲသားအဖ……။

_____________________________________________


မှိုင်းညှို့တို့သားအဖအိမ်ပြန်ရောက်တော့မြတ်သဝဏ်ကိုမတွေ့။ ခါတိုင်းဘယ်အချိန်ပြန်ရောက်လဲဆိုတာလည်းမှိုင်းညှို့မသိတာမို့ လျစ်လျူရှုကာသားကိုချွေးသုတ်ပေးပြီးရေတစ်ခွက်တိူက်ကာရေချိုးခန်းထဲလိုက်ပို့ပေးလိုက်သည်။ သားကငယ်သေးပေမယ့်ကိုယ့်ဘာသာကိုယ်ဝေယျာဝစ္စမှန်သမျှလုပ်ကိုင်နိုင်နေပြီပဲမလား။

"အမယ်လေး!……"

ရေသောက်ဖို့မီးဖိုးခန်းထဲဝင်လိုက်စဉ်ဒူးနှစ်ဖက်ကိုပိုက်ကာထိုင်နေတဲ့မြတ်သဝဏ်ကိုရုတ်တရက်တွေ့လိုက်ရတာကြောင့်လန့်ဖြန့်ကာထအော်မိခြင်း။
ဘယ်နှယ့်ဘယ်လိုလုပ်ပြီးဒီမှာလာထိုင်နေရတာတုန်း……။

"မင်း…ဘာဖြစ်လို့ဒီမှာလာထိုင်နေရတာလဲ……"

မော့ကြည့်လာတဲ့မျက်နှာပေါ်မှာမျက်ရည်တွေကိုလက်ခနဲမြင်လိုက်ရတာကြောင့်အနားအမြန်သွားကာဆောင့်ကြောင့်ထိုင်ချလိုက်တော့ချက်ချင်းဆိုသလိုရင်ခွင်ထဲတိုးဝင်လာတဲ့မြတ်သဝဏ်။

"ဘာဖြစ်တာလဲ…ဘာဖြစ်လာလို့လဲ……"

ရင်ခွင်ထဲဝင်ကာရှိုက်ကြီးတငင်ငိုကြွေးနေတဲ့ကောင်လေးရဲ့မျက်နှာလေးကိုခပ်ဖွဖွဆွဲယူကာမေးမိတော့ မဝံ့မရဲလေးမော့ကြည့်လာတယ်။ ဟုတ်တော့လည်းဟုတ်သား…' မျက်ရည်ကျတာမကြိုက်ဘူး '  လို့မှိုင်းညှို့ပြောခဲ့ဖူးသည်ပဲ။

"ဘာဖြစ်တာလဲငါ့ကိုပြော……"

မျက်ရည်စလေးတွေကိုခပ်ဖွဖွသုတ်ပေးရင်းမေးတော့မှအငိုတိတ်သွားတဲ့ကောင်လေးကတစ်ခုခုပြောဖို့ကြိုးစားနေလေဟန်။

("ကျွန်တော်အလုပ်လုပ်နေတဲ့လက်ဖက်ရည်ဆိုင်ကလေ…မနက်ကပဲမီးလောင်သွားတယ်အစ်ကို……ကျွန်တော်…ကျွန်တော်တို့ဆိုင်ကလူတစ်ယောက်လည်း မီးထဲပါသွားတယ်……")

အနည်းငယ်ရှိုက်နေသေးတဲ့ကောင်လေးက အခုထိတုန်လှုပ်နေသယောင်။ ရင်ခွင်ထဲပြန်ထည့်ကာဖက်ထားပေးလိုက်တော့ခါးကိုပြန်ဖက်တွယ်လာတဲ့လက်ချောင်းရှည်သွယ်သွယ်တွေ။
ကျောပြင်ကျယ်ကိုခပ်ဖွဖွပွတ်ပေးမိတော့မှငြိမ်ကျသွားတဲ့ခန္ဓာကိုယ်လေးကခဏအကြာမှာတော့အသက်ရှူမှန်မှန်နှင့်အိပ်ပျော်သွားလေ၏။


_____________________________________________


မှိုင်းညှို့ မြတ်သဝဏ်အိပ်ပျော်သွားတာသေချာတော့မှစောင်သေချာခြုံထားပေးခဲ့လိုက်သည်။ အိပ်ခန်းထဲရွှေ့ဖို့ဆိုမှိုင်းညှို့ကလည်းသူ့ကိုယ်ကိုနိုင်တာမဟုတ် ၊ နှိုးပြီးသွားအိပ်ခိုင်းရင်လည်းမြတ်သဝဏ်ကပြန်နိုးသွားမှာဆိုတော့ဘာမှမထူးမယ့်အတူတူမို့ဒီအတိုင်းပဲအိပ်ခိုင်းလိုက်တာကောင်းပါတယ်လေ။ ရေချိုးအဝတ်အစားလဲပြီးထွက်လာတဲ့သားကိုပါခေါ်ကာTaxiတစ်စီးငှားပြီးယစ်ဆီထွက်လာခဲ့လိုက်တယ်။

ငါမင်းကိုမေးစရာတွေအများကြီးရှိနေတယ် ယစ်……။
မြတ်သဝဏ်အခုလိုဖြစ်တဲ့ကိစ္စကရော မင်းနဲ့များပက်သက်နေတာလား။

"ဖေဖေ……"

အတွေးများနေမိတုန်းလက်မောင်းကိုလာဆွဲတဲ့သားကြောင့်သတိဝင်ကာခပ်ဖွဖွပြုံးပြရင်းမေးဆတ်ပြမိတော့ သားကလက်မောင်းကိုပိုဖက်တွယ်လာတယ်။

"သားသားတို့ဘယ်သွားနေကြတာလဲဟင်……"

"ဖေဖေတို့ကသားရဲ့ဒယ်ဒီဆီကိုသွားနေကြတာလေသားရဲ့……"

"အမ်……ဒယ်ဒီကအဲ့ဒီ့မှာလား ဘာဖြစ်လို့အိမ်ကိုပြန်မလာတာလဲဟင်……"

"ဟင့်အင်း…အဲ့ဒီ့အိမ်ကသားဒယ်ဒီရဲ့အိမ်မဟုတ်ဘူး……အခုသွားမယ့်အိမ်ကမှသားဒယ်ဒီရဲ့အိမ်……"

သားကနားမလည်သလိုကြောင်တောင်တောင်လေးငေးကြည့်လာပေမယ့်မှိုင်းညှို့ဆက်မပြောဖြစ်တော့။ ဘာပဲဖြစ်ဖြစ်ဟိုရောက်မှပဲသားကိုရှင်းပြလိုက်ပါတော့မယ်လေ။ အခုတော့မှိုင်းညှို့လည်အရမ်းကိုအတွေများနေမိတာမို့သားကိုဘာဆိုဘာမှမရှင်းပြချင်သေးဘူး။

နာရီဝက်လောက်အကြာမှာတော့ရောက်လာမိတာက ယစ်ရဲ့ကွန်ဒို။ အလောသုံးဆယ်နဲ့ထွက်လာခဲ့ရတာမို့မှိုင်းညှို့တို့ထုံးစံအတိုင်းဝင်ခွင့်ကဒ်နဲ့သော့ကျန်ခဲ့လေပြန်ပြီ။
ဟူး……ယစ်ကိုပဲဖုန်းဆက်ပြီးလာခေါ်ခိုင်းရတော့မှာပဲ။

"Hello……ယစ်……"

_____________________________________________


ဒီပါနဲ့အလုပ်ကိစ္စစကားပြောနေတုန်းဖုန်းဝင်လာတာမို့ကြည့်လိုက်တော့မှိုင်း။ ဖုန်းကိုင်လိုက်တာနဲ့ကြားလိုက်ရတဲ့အသံချိုချိုလေးက

' ငါသော့နဲ့ဝင်ခွင့်ကဒ်မေ့ကျန်ခဲ့လို့ကွန်ဒိုထဲဝင်မရတော့ဘူး……လာခေါ်နော်…… '   တဲ့။

အဟက်!……ဒီအချစ်ကလေးမှိုင်းကတော့လေ။ အမြဲနမော်နမဲ့နိုင်တတ်တဲ့အကျင့်လေးကအခုအထိကိုမပျောက်သေးဘူး။ လူကဖြင့်ကလေးတစ်ယောက်အဖေဖြစ်နေပြီ။

ဒီပါကိုဧည့်ခန်းမှာစောင့်ခိုင်းထားခဲ့ပြီးကွန်ဒိုအဝင်ဝကိုထွက်လာခဲ့လိုက်တော့သားလက်ကိုဆွဲကာဟိုကြည့်ဒီကြည့်လေးနှင့်ရပ်နေလေတဲ့ကျွန်တော့်နှလုံးသားလေး။

"မှိုင်း……"

ခေါ်နေကျနာမ်စားလေးကိုခေါ်ဝေါ်မိတော့လှမ်းပြုံးပြလာတယ်။ အနားကိုလျှောက်သွားလိုက်ရင်းမှိုင်းရဲ့ခါးလေးကိုဆွဲဖက်ကာအနားကပ်စေလိုက်တော့အလိုက်သင့်လေးပါလာတဲ့ကလေးအဖေလေး။

"သော့မေ့ခဲ့ပြန်ပြီလားကွာ……"

"ဟီးဟီး……"

သွားတန်းဖြူဖြူလေးပေါ်သည်အထိဟီးခနဲရယ်ပြတဲ့ကောင်လေးရဲ့ပါးပြက်တစ်ဖက်ကိုဖိနမ်းလိုက်တော့ သားကပါးစပ်အဟောင်းသားလေးနဲ့မော့ကြည့်နေပြန်တယ်။
သားရဲ့ပါးဖောင်းဖောင်းလေးကိုပါမနာအောင်ဖွဖွလေးဆွဲလိမ်လိုက်ပြီးမှ ကွန်ဒိုဂိတ်တံခါးစောင့်လူတစ်ချို့ဘက်လှည့်ကာပြုံးပြရင်း

"ဒါကကျွန်တော့်အမျိုးသားနဲ့သားပါ……အခုသိသွားပြီဆိုတော့ နောက်ဆိုရင်မေ့တတ်တဲ့ကျွန်တော့်အချစ်ကလေးကိုဝင်ခွင့်ကဒ်မပါရင်တောင်ဝင်ခွင့်ပေးလိုက်ကြပါဗျာ……"

"စိတ်ချပါဗျာ……ကျွန်တော်တို့ကလည်းတာဝန်အရမို့ရော မသိလို့ပါဝင်ခွင့်မပေးမိတာပါ……နောက်ဆိုခြွင်းချက်ထားပေးပါ့မယ်……"

ရယ်ပြုံးကာပြောဆိုလာတဲ့သူတွေကိုပြန်ပြုံးပြရင်းမှိုင်းနဲ့သားကိုကွန်ဒိုဆီခေါ်လာခဲ့လိုက်သည်။ အစကတော့ဘာမှမဖြစ်ပေမယ့် ဧည့်ခန်းထဲရောက်မှသားကဟိုရှာဒီရှာနဲ့စဖောက်တော့တာပင်။

"ဖေဖေ……ဒယ်ဒီရောဟင်…ဖေဖေပြောတော့ဒယ်ဒီကဒီမှာဆို……"

မှိုင်းညှို့လက်ကိုဆွဲခှုပ်ကာမေးလာတဲ့သားကြောင့်မှိုင်းညှို့လည်းသားနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်ထိုင်ချလိုက်ရင်း

"သားရဲ့ဒယ်ဒီကဒီမှာလေသားရဲ့……"

"ဟင့်အင်း…အဲ့ဒီ့ဦးဦးကသားသားဒယ်ဒီမှမဟုတ်ဘဲ……သားသားဒယ်ဒီကသားသားဒယ်ဒီလေ……"

စကားတတ်လွန်းတဲ့သားကပြောလာပြန်တော့မှိုင်းညှို့ဘယ်လိုဖြေလို့ဖြေရမှန်းမသိတော့။ ငယ်ငယ်ကတည်းကအတူနေလာတာဆိုတော့သားကမြတ်သဝဏ်ကိုသူ့ဒယ်ဒီလို့ထင်နေတာကလည်းမမှား။ ယစ်ကလည်းအနောက်မှာရှိနေတာမို့မှိုင်းညှို့နေရခက်နေချေပြီ။

"သားက ကလေူပဲရှိသေးတာလေ…ဘယ်လိုလုပ်ချက်ချင်းသင်လို့ရပါ့မလဲ……"

ယစ်ကပါဝင်ပြောရင်းသားနဲ့မျက်နှာချင်းဆိုင်ဖြသ်အောင်ထိုင်ချလာတာမို့ မှိုင်းညှို့လည်းနောက်ဆုတ်ကာခပ်လှမ်းလှမ်းတွင်ပဲမတ်တပ်ရပ်ကာကြည့်နေလိုက်တော့သည်။

"သားသားနာမည်ဘယ်လိုခေါ်လဲ……"

"မှိုင်းခက်လွန်းယစ်……"

"ဟား……နာမည်လေးကလှလိုက်တာကွာ…ဦးနာမည်ကခက်ထန်ယစ်တဲ့ မှတ်ထားနော်……နောက်ဆိုရင် ဦးကသားရဲ့ဒယ်ဒီပဲ ကြားလား……"

ဘယ်လိုပဲပြောပြောသားကပြူးကြောင်ကြောင်လေးနှင့်နားမလည်သလိုလေးသာကြည့်နေဆဲဖြစ်တာကြောင့်မှိုင်းညှို့စိတ်လျှော့ကာယစ်ကိုမေးစရာရှိတာမေးဖို့ပြင်လိုက်တော့သည်။ ယစ်ကိုသူမေးချင်တာတွေအများကြီးရှိသေးတယ်မဟုတ်လား……။

"မြတ်သဝဏ်အလုပ်လုက်နေတဲ့လက်ဖက်ရည်ဆိုင်မီးလောင်တဲ့ကိစ္စက…မင်းလက်ချက်လား ယစ်……"

"အင်း……"

တုံ့ပြန်မှုခပ်ပြတ်ပြတ်နောက်မှာမှိုင်းညှို့ခန္ဓာကိုယ်လေးကလည်းတောင့်ခနဲ။

"ဘာဖြစ်လို့လဲ……ဘာဖြစ်လို့အဲ့ဒီ့လိုလုပ်ရတာလဲ!!……"

မရည်ရွယ်မိပေမယ့်အသံကျယ်သွားလို့ထင်ယစ်ကမယုံနိုင်သလိုလေးငေးကြည့်လာသည်။ ပြီးမှအနားကိုအားမရှိသလိုတစ်လှမ်းချင်းတိုးလာကာ

"ကိုယ့်ကိုအော်လိုက်တာလား မှိုင်း……"

"မ…မဟုတ်………"

"အဲ့ဒီ့အ,အကောင်အတွက်နဲ့…ကိုယ့်ကိုအော်လိုက်တာလား……"

မှိုင်းညှို့ခေါင်းသာတွင်တွင်ခါပြမိတယ်။
မဟုတ်ဘူး……တကယ်အဲ့ဒီ့လိုမဟုတ်ပါဘူး။
ဒီအတိုင်း ယစ်ကဘာကြောင့်ဒီလောက်အထိလုပ်ရတာလဲဆိုတဲ့စိတ်ကြောင့်သာအသံကျယ်မိသွားရုံလေးပါ။

စိတ်ထဲမှာသာဖြေရှင်းချက်တွေပေးနေမိပေမယ့် အပြင်မှာအာစေးမိသခိုမိနေတဲ့မှိုင်းညှို့ကိုဒီပါကပါသဘောမကျသလိုကြည့်လာသည်။
ယစ်ကတော့စိတ်မကောင်းဖြစ်သွားတဲ့မျက်ဝန်းတွေနဲ့ဆိုဖာမှာသွားထိုင်နေလေရဲ့။

"ဟေ့ကောင်မှိုင်းညှို့……ငါမင်းနဲ့ဟိုဒုက္ခိတကောင်အကြောင်းစိတ်လည်းမဝင်စားသလို သိလည်းမသိချင်ဘူး……မင်းတို့ဘယ်နှနှစ်အတူနေခဲ့တာတွေ ဘယ်လိုတွေအဲ့အကောင်ကမင်းအပေါ်ကောင်းတာတွေကိုလည်းမကြားချင်ဘူး……အေး ငါသိတာတစ်ခုတော့ရှိတယ်…ယစ်ကမင်းကိုသိပ်ချစ်တာ……မင်းကိုချစ်လို့သူမရရအောင်ပြန်လာခဲ့တာကွ ရှင်းလား……"

ဒီပါ့စကားတွေနားထောင်ရင်းယစ်ကိုတစ်ချက်ကြည့်မိတော့ခေါင်းငုံ့ကာကြမ်းပြင်ကိုသာတွေတွေလေးစိုက်ကြည့်နေလေတယ်။
ယစ်အရမ်းစိတ်မကောင်းဖြစ်သွားရှာမှာ……။

"ယစ်……"

"ဟင်……"

မေးဆတ်ကာတစ်ချက်မော့ကြည့်လာတဲ့ယစ်ရဲ့မျက်ဝန်းတွေကအရင်လိုမစူးရှမတောက်ပတော့။
ဆိုဖာပေါ်ထိုင်နေတဲ့ယစ်ရဲ့ရင်ခွင်ထဲကိုသာပြေးဝင်ကာခါးကိုတင်းတင်းကျပ်ကျပ်ဖက်တွယ်ထားပစ်လိုက်ရင်း

"ငါတောင်းပန်ပါတယ်……"

အလိုလိုစီးကျလာမိတဲ့မျက်ရည်တွေကိုသုတ်ဖယ်ပေးလာတဲ့လက်ချောင်းရှည်ရှည်တွေ။ ခပ်ဖွဖွပြုံးလာတဲ့အပြုံးနုနုတွေက '  ဘာမှမဖြစ်ဘူး '   လို့ပြောနေလေ၏။

ထိုစဉ်ရုတ်တရက်ကြားလိုက်ရတဲ့ခြေသံတစ်သံကြောင့်လှည့်ကြည့်မိတော့ တွေ့လိုက်ရတာကယိုင်တိုင်နှင့်ဖြူဖျော့ဖျော့ဖြစ်နေသည့်ကောင်လေးတစ်ယောက်။ ဆံပင်တွေကရှေ့ကိုခပ်အုပ်အုပ်ချထားပေမယ့်လို့သူ့ရဲ့မျက်ဝန်းထဲကမျက်ရည်စတွေကိုတော့ရှင်းလင်းစွာမြင်နေရသေးသည်။
ထိုကောင်လေးကိုမြင်တော့သားခေါ်ဝေါ်လိုက်တဲ့နာမ်စားက

"ဒယ်ဒီ!………"






#################################

Zawgyi


အဂၤလန္ရဲ႕ရာသီဥတုမွာေနထိုင္ေနေပမယ့္ ထည္ဝါရဲ႕စိတ္ကေတာ့အသံတိတ္စကားလံုးေလးေတြရဲ႕ပိုင္ရွင္ထိုကေလးရွိတဲ႕ျမန္မာနိုင္ငံမွာသာက်န္ေနခဲ႕သည္။ အမွန္အတိုင္းေျပာရရင္အခုအခ်ိန္အထိအဲ႕ဒီ႕ကေလးကိုထည္ဝါတစ္ရက္မွေမ့မရေသးတာရယ္ပါ။

ရိုးသားလြန္းတဲ႕မ်က္လံုးအၾကည့္ေလးေတြ ၊ ဟန္ပန္ေလးေတြ။
အိမ္း……ေျပာရရင္သူကsign languageနဲ႕ေျပာေနေပမယ့္ ထည္ဝါကေတာ့အသံခ်ိဳခ်ိဳေလးေတြပါၾကားေယာင္ေနမိတာပဲ။
မင္းကဘာေတြပဲျဖစ္ေနပါေစ…ကိုယ့္အတြက္ေတာ့သာမန္လူပဲကေလး……။

"ကိစၥတစ္ခုခုရွိလို႕လား ေဒါက္တာ……"

အေတြးစေတြကိုရပ္တန္႕ေစလိုက္တဲ႕အသံတစ္သံၾကားမိမွသာလွည့္ၾကည့္မိေတာ့ wheelchairကိုအသာတြန္းကာကိုယ့္ရံုးခန္းထဲကိုဝင္လာတဲ႕ Mr. Luwis ။ တစ္နည္းအားျဖင့္ေျပာရရင္ ဦးမင္းရဝဏ္။
ထည္ဝါခပ္ဖြဖြသာျပံဳးလိုက္ျပီး

"သိပ္ကိုအေရးၾကီးတဲ႕ကိစၥရွိလို႕ေပါ့ဗ်ာ…ေအးေဆးစကားေျပာၾကရေအာင္……"

ေျပာေျပာဆိုဆိုႏွင့္ဆိုဖာေပၚဝင္ထိုင္လိုက္ျပီးမ်က္ႏွာခ်င္းဆိုင္ကေနရာကိုလက္ညႊန္ျပမိေတာ့ ဦးမင္းရဝဏ္ရဲ႕အတြင္းေရးမွဴးျဖစ္သူကwheelchairကိုမ်က္ႏွာခ်င္းဆိုင္သို႕တြန္းလာေပးတယ္။
အိပ္ကပ္ထဲကလက္စြပ္ကိုယူျပီးဦးမင္းရဝဏ္ေရွ႕ထားေပးလိုက္ေတာ့ အံ႕ၾသတၾကီးျပန္စိုက္ၾကည့္လာသည္။

"Hydrangea……"

"အမွန္ပဲေပါ့ဗ်ာ……"

"ဒီလက္စြပ္ကိုေဒါက္တာကဘယ္လိုလုပ္ျပီး……"

စကားေတာင္အဆံုးအထိမေျပာနိုင္ဘဲသိခ်င္စိတ္မ်ားေနပံုရသည့္ဦးမင္းရဝဏ္ကိုၾကည့္ရင္းထည္ဝါအဓိပၸါယ္ပါပါျပံဳးလိုက္မိသည္။
ကေလးေရ…ကိုယ္တို႕မၾကာခင္ထပ္ေတြ႕ၾကရေတာ့မယ္ထင္ပါရဲ႕……။


_____________________________________________


ယစ္နဲ႕ေလွ်ာက္လည္ျပီးျပန္လာေတာ့အိမ္မျပန္ေသးဘဲသားရဲ႕မူၾကိဳကိုသာတန္းသြားလိုက္သည္။ သားၾကိဳခ်ိန္တိုင္းျမတ္သဝဏ္ကိုမဟုတ္ဘဲအျမဲမွိဳင္းညိွဳ႕ပဲသြားၾကိဳျဖစ္တယ္။ အေၾကာင္းကေတာ့သားရဲ႕အေဖအျဖစ္မွိဳင္းညိွဳ႕ကိုပဲသိထားေစခ်င္တာေၾကာင့္။

"မနက္ကဟယ္…လက္ဖက္ရည္ဆိုင္မီးေလာင္တာ အၾကီးအက်ယ္ပဲတဲ႕……"

"ေအး…စားပြဲထိုးေကာင္ေလးတစ္ေယာက္ဆံုးသြားတယ္ဆို……"

"ေအးဟဲ႕ ငါလည္းအဲ႕ဒီ႕လိုၾကားတာပဲ……တစ္ဖက္ကသူေဌးကခ်က္ခ်င္းကိုေလ်ာ္ေၾကးေပးျပီးေျဖရွင္းသြားတဲ႕ေအ…တကယ္ပါ ပိုက္ဆံရွိတဲ႕သူေတြမ်ားက်ေတာ့လည္းျပႆနာကိုေျဖရွင္းရတာလြယ္ကူေနေတာ့တာပဲ……"

"ဟုတ္ပါ့…ေငြနဲ႕ေပါက္ျပီးအရာရာရွင္းေနတာေလ……"

ေက်ာင္းလာၾကိဳတဲ႕မိဘတစ္ခ်ိဳ႕ဆီကေနၾကားလိုက္ရတဲ႕စကားသံသဲ႕သဲ႕ကိုၾကားလိုက္ရေပမယ့္လို႕မွိဳင္းညိွဳ႕ဂရုမစိုက္သလိုသာေနလိုက္သည္။
ခဏၾကာေတာ့သားကမွိဳင္းညိွဳ႕ဆီေျပးလာတာမို႕

"မေျပးရဘူးေလသားရဲ႕…မေတာ္လို႕ေခ်ာ္လဲသြားရင္ဘယ္လိုလုပ္မလဲ……"

"ဟီး……သားသားကေဖေဖ့ကိုလြမ္းလို႕……"

"လာ ျပန္ၾကမယ္……"

သားရဲ႕ပါးေဖာင္းေဖာင္းေလးကိုဆြဲျပီးျပံဳးျပရင္းေျပာလိုက္ေတာ့ေခါင္းေလးညိတ္ျပလာတဲ႕သား။
ယစ္ မင္းရဲ႕သားကေလ…မင္းနဲ႕သိပ္တူလြန္းတယ္။
တကယ့္ကိုအခြ်ဲသားအဖ……။

_____________________________________________


မွိဳင္းညိွဳ႕တို႕သားအဖအိမ္ျပန္ေရာက္ေတာ့ျမတ္သဝဏ္ကိုမေတြ႕။ ခါတိုင္းဘယ္အခ်ိန္ျပန္ေရာက္လဲဆိုတာလည္းမွိဳင္းညိွဳ႕မသိတာမို႕ လ်စ္လ်ဴရွဳကာသားကိုေခြ်းသုတ္ေပးျပီးေရတစ္ခြက္တိူက္ကာေရခ်ိဳးခန္းထဲလိုက္ပို႕ေပးလိုက္သည္။ သားကငယ္ေသးေပမယ့္ကိုယ့္ဘာသာကိုယ္ေဝယ်ာဝစၥမွန္သမွ်လုပ္ကိုင္နိုင္ေနျပီပဲမလား။

"အမယ္ေလး!……"

ေရေသာက္ဖို႕မီးဖိုးခန္းထဲဝင္လိုက္စဥ္ဒူးႏွစ္ဖက္ကိုပိုက္ကာထိုင္ေနတဲ႕ျမတ္သဝဏ္ကိုရုတ္တရက္ေတြ႕လိုက္ရတာေၾကာင့္လန္႕ျဖန္႕ကာထေအာ္မိျခင္း။
ဘယ္နွယ့္ဘယ္လိုလုပ္ျပီးဒီမွာလာထိုင္ေနရတာတုန္း……။

"မင္း…ဘာျဖစ္လို႕ဒီမွာလာထိုင္ေနရတာလဲ……"

ေမာ့ၾကည့္လာတဲ႕မ်က္နွာေပၚမွာမ်က္ရည္ေတြကိုလက္ခနဲျမင္လိုက္ရတာေၾကာင့္အနားအျမန္သြားကာေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ေတာ့ခ်က္ခ်င္းဆိုသလိုရင္ခြင္ထဲတိုးဝင္လာတဲ႕ျမတ္သဝဏ္။

"ဘာျဖစ္တာလဲ…ဘာျဖစ္လာလို႕လဲ……"

ရင္ခြင္ထဲဝင္ကာရွိဳက္ၾကီးတငင္ငိုေၾကြးေနတဲ႕ေကာင္ေလးရဲ႕မ်က္ႏွာေလးကိုခပ္ဖြဖြဆြဲယူကာေမးမိေတာ့ မဝံ႕မရဲေလးေမာ့ၾကည့္လာတယ္။ ဟုတ္ေတာ့လည္းဟုတ္သား…' မ်က္ရည္က်တာမၾကိဳက္ဘူး '  လို႕မွိဳင္းညိွဳ႕ေျပာခဲ႕ဖူးသည္ပဲ။

"ဘာျဖစ္တာလဲငါ့ကိုေျပာ……"

မ်က္ရည္စေလးေတြကိုခပ္ဖြဖြသုတ္ေပးရင္းေမးေတာ့မွအငိုတိတ္သြားတဲ႕ေကာင္ေလးကတစ္ခုခုေျပာဖို႕ၾကိဳးစားေနေလဟန္။

("ကြ်န္ေတာ္အလုပ္လုပ္ေနတဲ႕လက္ဖက္ရည္ဆိုင္ကေလ…မနက္ကပဲမီးေလာင္သြားတယ္အစ္ကို……ကြ်န္ေတာ္…ကြ်န္ေတာ္တို႕ဆိုင္ကလူတစ္ေယာက္လည္း မီးထဲပါသြားတယ္……")

အနည္းငယ္ရွိဳက္ေနေသးတဲ႕ေကာင္ေလးက အခုထိတုန္လွဳပ္ေနသေယာင္။ ရင္ခြင္ထဲျပန္ထည့္ကာဖက္ထားေပးလိုက္ေတာ့ခါးကိုျပန္ဖက္တြယ္လာတဲ႕လက္ေခ်ာင္းရွည္သြယ္သြယ္ေတြ။
ေက်ာျပင္က်ယ္ကိုခပ္ဖြဖြပြတ္ေပးမိေတာ့မွျငိမ္က်သြားတဲ႕ခႏၶာကိုယ္ေလးကခဏအၾကာမွာေတာ့အသက္ရွဴမွန္မွန္ႏွင့္အိပ္ေပ်ာ္သြားေလ၏။


_____________________________________________


မွိဳင္းညိွဳ႕ ျမတ္သဝဏ္အိပ္ေပ်ာ္သြားတာေသခ်ာေတာ့မွေစာင္ေသခ်ာျခံဳထားေပးခဲ႕လိုက္သည္။ အိပ္ခန္းထဲေရႊ႕ဖို႕ဆိုမွိဳင္းညိွဳ႕ကလည္းသူ႕ကိုယ္ကိုနိုင္တာမဟုတ္ ၊ နွိဳးျပီးသြားအိပ္ခိုင္းရင္လည္းျမတ္သဝဏ္ကျပန္နိုးသြားမွာဆိုေတာ့ဘာမွမထူးမယ့္အတူတူမို႕ဒီအတိုင္းပဲအိပ္ခိုင္းလိုက္တာေကာင္းပါတယ္ေလ။ ေရခ်ိဳးအဝတ္အစားလဲျပီးထြက္လာတဲ႕သားကိုပါေခၚကာTaxiတစ္စီးငွားျပီးယစ္ဆီထြက္လာခဲ႕လိုက္တယ္။

ငါမင္းကိုေမးစရာေတြအမ်ားၾကီးရွိေနတယ္ ယစ္……။
ျမတ္သဝဏ္အခုလိုျဖစ္တဲ႕ကိစၥကေရာ မင္းနဲ႕မ်ားပက္သက္ေနတာလား။

"ေဖေဖ……"

အေတြးမ်ားေနမိတုန္းလက္ေမာင္းကိုလာဆြဲတဲ႕သားေၾကာင့္သတိဝင္ကာခပ္ဖြဖြျပံဳးျပရင္းေမးဆတ္ျပမိေတာ့ သားကလက္ေမာင္းကိုပိုဖက္တြယ္လာတယ္။

"သားသားတို႕ဘယ္သြားေနၾကတာလဲဟင္……"

"ေဖေဖတို႕ကသားရဲ႕ဒယ္ဒီဆီကိုသြားေနၾကတာေလသားရဲ႕……"

"အမ္……ဒယ္ဒီကအဲ႕ဒီ႕မွာလား ဘာျဖစ္လို႕အိမ္ကိုျပန္မလာတာလဲဟင္……"

"ဟင့္အင္း…အဲ႕ဒီ႕အိမ္ကသားဒယ္ဒီရဲ႕အိမ္မဟုတ္ဘူး……အခုသြားမယ့္အိမ္ကမွသားဒယ္ဒီရဲ႕အိမ္……"

သားကနားမလည္သလိုေၾကာင္ေတာင္ေတာင္ေလးေငးၾကည့္လာေပမယ့္မွိဳင္းညိွဳ႕ဆက္မေျပာျဖစ္ေတာ့။ ဘာပဲျဖစ္ျဖစ္ဟိုေရာက္မွပဲသားကိုရွင္းျပလိုက္ပါေတာ့မယ္ေလ။ အခုေတာ့မွိဳင္းညိွဳ႕လည္အရမ္းကိုအေတြမ်ားေနမိတာမို႕သားကိုဘာဆိုဘာမွမရွင္းျပခ်င္ေသးဘူး။

နာရီဝက္ေလာက္အၾကာမွာေတာ့ေရာက္လာမိတာက ယစ္ရဲ႕ကြန္ဒို။ အေလာသံုးဆယ္နဲ႕ထြက္လာခဲ႕ရတာမို႕မွိဳင္းညိွဳ႕တို႕ထံုးစံအတိုင္းဝင္ခြင့္ကဒ္နဲ႕ေသာ့က်န္ခဲ႕ေလျပန္ျပီ။
ဟူး……ယစ္ကိုပဲဖုန္းဆက္ျပီးလာေခၚခိုင္းရေတာ့မွာပဲ။

"Hello……ယစ္……"

_____________________________________________


ဒီပါနဲ႕အလုပ္ကိစၥစကားေျပာေနတုန္းဖုန္းဝင္လာတာမို႕ၾကည့္လိုက္ေတာ့မွိဳင္း။ ဖုန္းကိုင္လိုက္တာနဲ႕ၾကားလိုက္ရတဲ႕အသံခ်ိဳခ်ိဳေလးက

' ငါေသာ့နဲ႕ဝင္ခြင့္ကဒ္ေမ့က်န္ခဲ႕လို႕ကြန္ဒိုထဲဝင္မရေတာ့ဘူး……လာေခၚေနာ္…… '   တဲ႕။

အဟက္!……ဒီအခ်စ္ကေလးမွိဳင္းကေတာ့ေလ။ အျမဲနေမာ္နမဲ႕နိုင္တတ္တဲ႕အက်င့္ေလးကအခုအထိကိုမေပ်ာက္ေသးဘူး။ လူကျဖင့္ကေလးတစ္ေယာက္အေဖျဖစ္ေနျပီ။

ဒီပါကိုဧည့္ခန္းမွာေစာင့္ခိုင္းထားခဲ႕ျပီးကြန္ဒိုအဝင္ဝကိုထြက္လာခဲ႕လိုက္ေတာ့သားလက္ကိုဆြဲကာဟိုၾကည့္ဒီၾကည့္ေလးႏွင့္ရပ္ေနေလတဲ႕ကြ်န္ေတာ့္ႏွလံုးသားေလး။

"မွိဳင္း……"

ေခၚေနက်နာမ္စားေလးကိုေခၚေဝၚမိေတာ့လွမ္းျပံဳးျပလာတယ္။ အနားကိုေလွ်ာက္သြားလိုက္ရင္းမွိဳင္းရဲ႕ခါးေလးကိုဆြဲဖက္ကာအနားကပ္ေစလိုက္ေတာ့အလိုက္သင့္ေလးပါလာတဲ႕ကေလးအေဖေလး။

"ေသာ့ေမ့ခဲ႕ျပန္ျပီလားကြာ……"

"ဟီးဟီး……"

သြားတန္းျဖဴျဖဴေလးေပၚသည္အထိဟီးခနဲရယ္ျပတဲ႕ေကာင္ေလးရဲ႕ပါးျပက္တစ္ဖက္ကိုဖိနမ္းလိုက္ေတာ့ သားကပါးစပ္အေဟာင္းသားေလးနဲ႕ေမာ့ၾကည့္ေနျပန္တယ္။
သားရဲ႕ပါးေဖာင္းေဖာင္းေလးကိုပါမနာေအာင္ဖြဖြေလးဆြဲလိမ္လိုက္ျပီးမွ ကြန္ဒိုဂိတ္တံခါးေစာင့္လူတစ္ခ်ိဳ႕ဘက္လွည့္ကာျပံဳးျပရင္း

"ဒါကကြ်န္ေတာ့္အမ်ိဳးသားနဲ႕သားပါ……အခုသိသြားျပီဆိုေတာ့ ေနာက္ဆိုရင္ေမ့တတ္တဲ႕ကြ်န္ေတာ့္အခ်စ္ကေလးကိုဝင္ခြင့္ကဒ္မပါရင္ေတာင္ဝင္ခြင့္ေပးလိုက္ၾကပါဗ်ာ……"

"စိတ္ခ်ပါဗ်ာ……ကြ်န္ေတာ္တို႕ကလည္းတာဝန္အရမို႕ေရာ မသိလို႕ပါဝင္ခြင့္မေပးမိတာပါ……ေနာက္ဆိုျခြင္းခ်က္ထားေပးပါ့မယ္……"

ရယ္ျပံဳးကာေျပာဆိုလာတဲ႕သူေတြကိုျပန္ျပံဳးျပရင္းမွိဳင္းနဲ႕သားကိုကြန္ဒိုဆီေခၚလာခဲ႕လိုက္သည္။ အစကေတာ့ဘာမွမျဖစ္ေပမယ့္ ဧည့္ခန္းထဲေရာက္မွသားကဟိုရွာဒီရွာနဲ႔စေဖာက္ေတာ့တာပင္။

"ေဖေဖ……ဒယ္ဒီေရာဟင္…ေဖေဖေျပာေတာ့ဒယ္ဒီကဒီမွာဆို……"

မွိဳင္းညိွဳ႕လက္ကိုဆြဲခွဳပ္ကာေမးလာတဲ႕သားေၾကာင့္မွိဳင္းညိွဳ႕လည္းသားနဲ႔မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ထိုင္ခ်လိုက္ရင္း

"သားရဲ႕ဒယ္ဒီကဒီမွာေလသားရဲ႕……"

"ဟင့္အင္း…အဲ႕ဒီ႕ဦးဦးကသားသားဒယ္ဒီမွမဟုတ္ဘဲ……သားသားဒယ္ဒီကသားသားဒယ္ဒီေလ……"

စကားတတ္လြန္းတဲ႕သားကေျပာလာျပန္ေတာ့မွိဳင္းညိွဳ႕ဘယ္လိုေျဖလို႕ေျဖရမွန္းမသိေတာ့။ ငယ္ငယ္ကတည္းကအတူေနလာတာဆိုေတာ့သားကျမတ္သဝဏ္ကိုသူ႕ဒယ္ဒီလို႕ထင္ေနတာကလည္းမမွား။ ယစ္ကလည္းအေနာက္မွာရွိေနတာမို႕မွိဳင္းညိွဳ႕ေနရခက္ေနေခ်ျပီ။

"သားက ကေလူပဲရွိေသးတာေလ…ဘယ္လိုလုပ္ခ်က္ခ်င္းသင္လို႕ရပါ့မလဲ……"

ယစ္ကပါဝင္ေျပာရင္းသားနဲ႕မ်က္ႏွာခ်င္းဆိုင္ျဖသ္ေအာင္ထိုင္ခ်လာတာမို႕ မွိဳင္းညိွဳ႕လည္းေနာက္ဆုတ္ကာခပ္လွမ္းလွမ္းတြင္ပဲမတ္တပ္ရပ္ကာၾကည့္ေနလိုက္ေတာ့သည္။

"သားသားနာမည္ဘယ္လိုေခၚလဲ……"

"မွိဳင္းခက္လြန္းယစ္……"

"ဟား……နာမည္ေလးကလွလိုက္တာကြာ…ဦးနာမည္ကခက္ထန္ယစ္တဲ႕ မွတ္ထားေနာ္……ေနာက္ဆိုရင္ ဦးကသားရဲ႕ဒယ္ဒီပဲ ၾကားလား……"

ဘယ္လိုပဲေျပာေျပာသားကျပဴးေၾကာင္ေၾကာင္ေလးႏွင့္နားမလည္သလိုေလးသာၾကည့္ေနဆဲျဖစ္တာေၾကာင့္မွိဳင္းညိွဳ႕စိတ္ေလွ်ာ့ကာယစ္ကိုေမးစရာရွိတာေမးဖို႕ျပင္လိုက္ေတာ့သည္။ ယစ္ကိုသူေမးခ်င္တာေတြအမ်ားၾကီးရွိေသးတယ္မဟုတ္လား……။

"ျမတ္သဝဏ္အလုပ္လုက္ေနတဲ႕လက္ဖက္ရည္ဆိုင္မီးေလာင္တဲ႕ကိစၥက…မင္းလက္ခ်က္လား ယစ္……"

"အင္း……"

တံု႕ျပန္မွဳခပ္ျပတ္ျပတ္ေနာက္မွာမွိဳင္းညိွဳ႕ခႏၶာကိုယ္ေလးကလည္းေတာင့္ခနဲ။

"ဘာျဖစ္လို႕လဲ……ဘာျဖစ္လို႕အဲ႕ဒီ႕လိုလုပ္ရတာလဲ!!……"

မရည္ရြယ္မိေပမယ့္အသံက်ယ္သြားလို႕ထင္ယစ္ကမယံုနိုင္သလိုေလးေငးၾကည့္လာသည္။ ျပီးမွအနားကိုအားမရွိသလိုတစ္လွမ္းခ်င္းတိုးလာကာ

"ကိုယ့္ကိုေအာ္လိုက္တာလား မွိဳင္း……"

"မ…မဟုတ္………"

"အဲ႕ဒီ႕အ,အေကာင္အတြက္နဲ႕…ကိုယ့္ကိုေအာ္လိုက္တာလား……"

မွိဳင္းညိွဳ႕ေခါင္းသာတြင္တြင္ခါျပမိတယ္။
မဟုတ္ဘူး……တကယ္အဲ႕ဒီ႕လိုမဟုတ္ပါဘူး။
ဒီအတိုင္း ယစ္ကဘာေၾကာင့္ဒီေလာက္အထိလုပ္ရတာလဲဆိုတဲ႕စိတ္ေၾကာင့္သာအသံက်ယ္မိသြားရံုေလးပါ။

စိတ္ထဲမွာသာေျဖရွင္းခ်က္ေတြေပးေနမိေပမယ့္ အျပင္မွာအာေစးမိသခိုမိေနတဲ႕မွိဳင္းညိွဳ႕ကိုဒီပါကပါသေဘာမက်သလိုၾကည့္လာသည္။
ယစ္ကေတာ့စိတ္မေကာင္းျဖစ္သြားတဲ႕မ်က္ဝန္းေတြနဲ႕ဆိုဖာမွာသြားထိုင္ေနေလရဲ႕။

"ေဟ့ေကာင္မွိဳင္းညိွဳ႕……ငါမင္းနဲ႕ဟိုဒုကၡိတေကာင္အေၾကာင္းစိတ္လည္းမဝင္စားသလို သိလည္းမသိခ်င္ဘူး……မင္းတို႕ဘယ္ႏွႏွစ္အတူေနခဲ႕တာေတြ ဘယ္လိုေတြအဲ႕အေကာင္ကမင္းအေပၚေကာင္းတာေတြကိုလည္းမၾကားခ်င္ဘူး……ေအး ငါသိတာတစ္ခုေတာ့ရွိတယ္…ယစ္ကမင္းကိုသိပ္ခ်စ္တာ……မင္းကိုခ်စ္လို႕သူမရရေအာင္ျပန္လာခဲ႕တာကြ ရွင္းလား……"

ဒီပါ့စကားေတြနားေထာင္ရင္းယစ္ကိုတစ္ခ်က္ၾကည့္မိေတာ့ေခါင္းငံု႕ကာၾကမ္းျပင္ကိုသာေတြေတြေလးစိုက္ၾကည့္ေနေလတယ္။
ယစ္အရမ္းစိတ္မေကာင္းျဖစ္သြားရွာမွာ……။

"ယစ္……"

"ဟင္……"

ေမးဆတ္ကာတစ္ခ်က္ေမာ့ၾကည့္လာတဲ႕ယစ္ရဲ႕မ်က္ဝန္းေတြကအရင္လိုမစူးရွမေတာက္ပေတာ့။
ဆိုဖာေပၚထိုင္ေနတဲ႕ယစ္ရဲ႕ရင္ခြင္ထဲကိုသာေျပးဝင္ကာခါးကိုတင္းတင္းက်ပ္က်ပ္ဖက္တြယ္ထားပစ္လိုက္ရင္း

"ငါေတာင္းပန္ပါတယ္……"

အလိုလိုစီးက်လာမိတဲ႕မ်က္ရည္ေတြကိုသုတ္ဖယ္ေပးလာတဲ႕လက္ေခ်ာင္းရွည္ရွည္ေတြ။ ခပ္ဖြဖြျပံဳးလာတဲ႕အျပံဳးနုနုေတြက '  ဘာမွမျဖစ္ဘူး '   လို႕ေျပာေနေလ၏။

ထိုစဥ္ရုတ္တရက္ၾကားလိုက္ရတဲ႕ေျခသံတစ္သံေၾကာင့္လွည့္ၾကည့္မိေတာ့ ေတြ႕လိုက္ရတာကယိုင္တိိုင္ႏွင့္ျဖဴေဖ်ာ့ေဖ်ာ့ျဖစ္ေနသည့္ေကာင္ေလးတစ္ေယာက္။ ဆံပင္ေတြကေရွ႕ကိုခပ္အုပ္အုပ္ခ်ထားေပမယ့္လို႕သူ႕ရဲ႕မ်က္ဝန္းထဲကမ်က္ရည္စေတြကိုေတာ့ရွင္းလင္းစြာျမင္ေနရေသးသည္။
ထိုေကာင္ေလးကိုျမင္ေတာ့သားေခၚေဝၚလိုက္တဲ႔နာမ္စားက

"ဒယ္ဒီ!………"






#################################

Continue Reading

You'll Also Like

230K 5.1K 73
imagines as taylor swift as your mom and travis kelce as your dad
250K 3.4K 7
18+ viewers discretion is advised! NSFW CONTENT! You see Eren getting locked up in the cell and you always looked up to him . You decide to help him...
123K 309 25
here are some of my horny thoughts as a trans man with a pussy. snap if you wanna sext ;)
176K 15.7K 30
"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို...