ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း၁၂
နံနက်ခင်းရဲ့ ရောင်ခြည်နုနုသည် ကြူထရံရဲ့အပေါက်ငယ်လေးတွေကြားမှ တိုးကပ်ဖြတ်သန်း၍ အခန်းလေးထဲသို့၀င်လာလေသည်။
နေရိပ်ထိုး၍ ပူရှိန်းရှိန်းဖြစ်လာတဲ့ ခံစားချက်ကြောင့် ဘုန်းမြတ်လန့်နိုးသွားရသည်။
နားထဲမှာလည်း ကလေးတွေဆော့ကစားနေကြသံတွေက ဆူညံပွက်လောက်ရိုက်နေသည်။
ဘေးကိုကြည့်လိုက်တော့ လိပ်ပြာဖြူကိုမတွေ့ရပေ။
"ဒီကောင်မလေး ဘယ်တည်းကအိပ်ရာထသွားတာလဲ မသိဘူး..."
သူအိမ်ရှေ့သို့ ထွက်လာတော့ ဘကြီးလှစိန်ကကွပ်ပစ်မှာထိုင်ရင်း ဓားမသွေးနေလေသည်။
"ဟော..လူလေးနိုးလာပြီလား...မျက်နှာသစ်၊သွားတိုက်ချင်ရင်တော့ အိမ်ခြေရင်းကရေအိုးထဲမှာ ရေအဆင်သင့်ရှိတယ်ကွဲ့...ပြီးရင်ငါးခြောက်ဖုတ်လေးနဲ့ ထမင်းကြမ်းစားပေါ့ဟုတ်လား..မင့်မိန်းမကတော့ ဆလုံကလေးတွေနဲ့ကမ်းစပ်ကိုပါသွားတယ်.."
"ဟုတ်ကဲ့ အဘ..."
မျက်နှာမြန်မြန်သစ်ပြီးနောက် ထမင်းကြမ်းတောင်မစားတော့ပဲ မိန်းမရှာပုံတော်ထွက်ရတော့သည်။
ဘာသာစကားမတူ လူနေမှုမတူတဲ့အရပ်မှာ လိပ်ပြာဖြူဘယ်တွေကိုလျှောက်သွားနေတာပါလိမ့်။
ဟောတွေ့ပါပြီ။မကြီးမငယ်နဲ့ ကမ်းစပ်မှာ ကလေးတွေနဲ့စိန်ပြေးတိုင်းကစားနေတာ။
၀တ်ထားတာကလဲ ဘယ်ကအဘွားကြီးအ၀တ်အစားတွေလည်းမသိဘူး။
အင်္ကျီချိုင်းပြတ်အပွကြီးနဲ့ ထမီကိုခြေသလုံးဖွေးဖွေးလေးတွေ ပေါ်တဲ့အထိခပ်တိုတိုပဲ ရင်ခေါင်းအထိတက်၀တ်ထားလိုက်သေးတယ်။
အသားဖြူလို့ပေါ့ မဟုတ်ရင် ဆလုံရွာသူပင်လယ်ဂျစ်ပစိမလေးလို့ ထင်မိမှာမလွဲပဲ။
ဆော့နေတာကလည်း မျက်လုံးကိုအ၀တ်စစည်းပြီး ကလေးတွေကိုလိုက်ဖမ်းနေတာ မတော်လို့ပင်လယ်ထဲ ဂျွန်းပြန်ကြမှ ဟုတ်ပေ့ဖြစ်နေမယ်။
သူမရဲ့ ဒီပုံစံလေးကိုတွေ့တော့ လွန်ခဲ့တဲ့၉နှစ်က သူ့ကိုစိတ်ပျော်ရွှင်စေခဲ့တဲ့ အရာလေးကို ပြန်မြင်ယောင်နေမိသည်။
"လိပ်ပြာဖြူ မင်းကအမြဲတမ်းကိုယ့်အတွက်ထူးခြားတဲ့ သူပဲ။"
"ဘယ်ဘက်မှာလည်း ..လိုက်ပြီနော်..
ဟား..ဟား လွတ်အောင်ပြေး..အင့်!!!!!"
"အခုဖမ်းမိတာ ဘယ်သူလဲ..."
ကလေးတွေနဲ့ မျက်စိကိုပိတ်စစည်းပြီး
စိန်ပြေးတိုင်းကစားနေရင်း တစ်ခုခုကို၀င်တိုက်မိလို့ တစ်ယောက်တော့မိပြီဆိုပြီး ဆွဲဖက်ထားလိုက်သည်။
မဟုတ်သေးပါဘူး။လိပ်ပြာကစားနေတာ ကလေးတွေနဲ့လေ။အခုကအရမ်းအရပ်ရှည်နေသလိုပဲ။
မျက်လုံးကိုပိတ်စစည်းထားတာကြောင့် လက်နဲ့စမ်းပြီး ဘာကြီးမှန်းသိအောင်လုပ်ရမယ်။
ပထမဆုံးစစမ်းမိတာက ကြယ်သီးတွေလိုအလုံးလေးတွေ။ဒါဆို ရင်ဘတ်ပေါ့။ကလေးသာပြောတယ်ရင်ဘတ်ကလည်း အကျယ်ကြီး။
ပြီးတော့ ရင်ဘတ်ကနေအပေါ်ကိုလက်နဲ့စမ်းလိုက်တော့ နှာတင်ဖြောင့်ဖြောင့်ကြီး၊ပြီးတော့ နှုတ်ခမ်းအိအိလေး ၊ထို့နောက်ထပ်ဆင်းလာရာ အဖုကြီးလို အခုံးကြီးဘာကြီးမှန်းမသိတော့ ပိတ်စကိုဖယ်ပစ်လိုက်သည်။
"ဟင်...ရှင်.."
"ဘယ်လိုလဲ...အာရုံခံစားလို့မှကောင်းရဲ့လား..."
"ဟား..ဟား..ဟား..ဟား.."
အတူဆော့နေတဲ့ ကလေးတွေကလည်း လိပ်ပြာရဲ့ကြောင်အသွားတဲ့ ပုံကိုကြည့်ပြီးအကုန်ဝိုင်းဟားကုန်ကြသည်။
ခုဏကစမ်းမိတာက ဘာအဖုကြီး၊အခုံးကြီးမှမဟုတ်ဘူး သူ့ရဲ့လည်စိကြီး ဖြစ်နေသည်။
လိပ်ပြာရှက်လိုက်တာ ရေကူးတတ်ရင်ပင်လယ်ထဲကို ဒိုင်ပင်ထိုးချလိုက်ချင်တယ်။
"အောင်မာ..ဘာရယ်ကြတာလဲ..မမကိုဘာလို့မပြောကြတာလဲလို့..."
လိပ်ပြာကခါးထောက်ပြီးဆူတော့ အညိုစင်ဆလုံကလေးငယ်လေးတွေက ကိုယ်လုံးလေးတွေကြှုံ့ပြီး ပြုံးစိစိလုပ်နေကြသည်။
"နေစမ်းပါအုံး..သူတို့ကိုသွားပြောရအောင် သူတို့ကမင်းရဲ့စကားကိုနားလည်လို့လား..မင်းကရောသူတို့စကားကိုနားလည်လို့လား..."
"အောင်မာ အထင်မသေးပါနဲ့ ကျွန်မသူတို့ကိုသင်ပေးထားပါတယ်..."
ပြောရင်းဆိုရင်း သဲပြင်ပေါ်မှာ ဘေးနားကတုတ်တစ်ချောင်းကောက်ပြီး မျဉ်းဖြောင့်တစ်ကြောင်းဆွဲလေသည်။
ထို့နောက် ကလေးတွေကို ထိုမျဉ်းလေးအတိုင်း တန်းစီခိုင်းသည်။
"ကဲ ကလေးတို့ တစ် နှစ် သုံး..."
"မင်္ဂလာပါ..."
လိပ်ပြာဖြူဟာ အရှေ့ကနေလက်အုပ်ချီပြီး ဟန်အမူအရာတွေလုပ်ပြတဲ့အတိုင်း ကလေးတွေကလိုက်လုပ်ကြသည်။
ထို့နောက် သူမကအသဲပုံသဏ္ဍန်လေး လက်ကို လေထဲမှာ မြှောက်ပြရာ ကလေးတွေကလည်း လက်ကလေးတွေကို အသဲပုံလေးလုပ်ပြီး ခေါင်းပေါ်မှာကွေးတင်ကြပြန်သည်။
"ချစ်တယ်..."
"ဟေး..ဟေး..!!!!!!!!"
သူတို့ဖာသာပြော သူတို့ဖာသာလက်ခုပ်တွေထတီးနေကြတာ တကယ်အရူးလေးတွေလိုပဲ။
လိပ်ပြာဖြူကို ကြည့်လိုက်တော့ သူမကပိုဆိုးသေး။လက်ခုပ်တွေတီး ပြုံးပျော်ပြီးနေတာများ သူမဟာ ဒီနေရာမှာနှစ်ရှည်လများနေတဲ့ လူတစ်ယောက်လိုပဲ။
ဘုန်းမြတ်ကတော့ ထိုမြင်ကွင်းကိုပြုံးပြီးတော့ပဲ ကြည့်နေလိုက်တယ်။
"လိပ်ပြာဖြူ မင်းကအရမ်းဖြူစင်လွန်းတယ်..
မင်းနဲ့နေရင် လူတိုင်းကစိတ်သက်သောင့်
သက်သာဖြစ်နေမှာ အမှန်ပဲ..."
🦋🦋🦋🦋🦋🦋🦋🦋🦋
ဘကြီးလှစိန်အဖော်စပ်ကောင်းလို့ ဆလုံမင်္ဂလာပွဲသို့ လိပ်ပြာနှင့် ဘုန်းမြတ်ရောက်နေရလေသည်။
မင်္ဂလာပွဲကို ကမ်းခြေမှာ ကျင်းပတာဖြစ်ပြီး။
ခောတ်အတွေးနဲ့ဆို ခောတ်ဆန်တယ်၊ဂေါ်တယ်ပေါ့နော်။
မဂေါ်တာက ကျွေးတဲ့အစားအစားတွေပဲ။
လိပ်ပြာမှာ အော်ဂလီဆန်ချင်လာ၍ နေရာမှာတင်မူးလဲသွားချင်တယ်။
လိပ်ပြာပြောတာအပိုမဟုတ်ဘူး။
ကြည့်လေ မင်္ဂလာဆောင်မှာကျွေးတာက ငါးကင်၊လင်းနို့ကြော် ၊လင်းဆွဲကြော် ၊ ကြက်တစ်ကောင်လုံးပြုတ်ထားတာကြီးက ခေါင်းကြီးထောင်ပြီး မျက်လုံးကြီးပြူးနေတာများ ကိုယ့်ကိုကြည့်နေသလိုပဲ။
ဒါတင်မကသေးဘူး သင်းခွေချပ်ကြော် ၊မျောက်သားကြော်ရယ် အရက်ကလေးပါ ပါလိုက်သေးတယ်။
လိပ်ပြာက မျောက်ကလေးတွေကို အင်မတန်ချစ်တာ အခုအရှေ့မှာ အတုံးလိုက်၊အတစ်လိုက် တွေ့နေရတော့ စားရမှာတောင် သနားသလိုလို ဖြစ်နေသည်။
သူတို့ကလူတွေကို ဧည့်ခံနေတာလား။
ဖုတ် ၊ဘီလူး ၊သရဲ၊ ပိတ္တာတွေကို ခေါစာကျွေးနေတာလားပဲ။
အေးလေး သူ့အရပ်နဲ့သူ့ဇာတ်ဆိုတော့ သူတို့လဲရှိတာကျွေးရတာ နေမှာပေါ့။
သူတို့အရပ်မှာ လောဘနည်းလိုက်တာဆိုတာများ သတို့သားနဲ့ သတို့သမီးအတွက် လက်ဖွဲ့က ရိုးရာလှေရယ် ငါးဖမ်းပိုက်ရယ် ၊ငါးဖမ်းကိရိယာတွေရယ်တဲ့။
ရန်ကုန်မှာ ဒီလောက်လက်ဖွဲ့လေးနဲ့ဆိုရင် ပါးရိုက်ပြီးတော့ကို အိမ်ပြန်လွှတ်လိုက်မှာ ကျိန်းသေတယ်။
သတို့သားနဲ့ သတို့သမီးကို ကောင်းချီးလာပေးတဲ့နတ်ဆရာ နတ်၀င်ပူးနေတာကလည်း လူရိုင်းတွေကသလို ထကနေခြင်းဖြစ်သည်။
တို့ဗမာတွေတောင် နတ်ကန္နားပွဲတွေလုပ်ပြီး တမင်တောင်ကကြသေးတာပဲ သူတို့လည်း ဒီလိုပဲနေမှာပါလို့ တွေးလိုက်ရသည်။
လိပ်ပြာရဲ့ ဘေးနားမှာထိုင်နေတဲ့လူက ကရင်ရိုးရာ၀တ်စုံနဲ့ အသားကဖြူဖြူနဲ့ဆိုတော့ တကယ့်တော်၀န်ကရင်မင်းသားလေးအတိုင်းပါပဲ။
ရုတ်တရက်သူက မျောက်သားကြော်တစ်တုံးကို ကောက်စားမယ်လုပ်နေလို့ သူ့လက်ကိုပုတ်ချလိုက်သည်။
"ဟာ..သွားပါပြီကွာ...အောက်ပြုတ်ကျသွားပြီ..
လိပ်ပြာဖြူ မင်းငါစားမဲ့ဟာကို ဘာလို့ဒီလိုလုပ်ရတာလဲ.."
"ရှင်က ဒါတွေလည်းစားတာပဲလား
ရုပ်ကလေးနဲ့မှမလိုက်..."
လိပ်ပြာမဲ့ကာ ရွဲ့ကာနဲ့ပြောပြစ်လိုက်သည်။
"ဘာဖြစ်လဲ..ငါ့ဖာသာစားတာ ဒီမှာလူတိုင်းလည်း ဒါပဲစားနေတာ မဟုတ်ဘူးလား...."
"ဒီမှာ လူတိုင်းစားပေမဲ့ ရှင်မစားရဘူး..ကျွန်မချစ်တဲ့မျောက်လေးတွေကို စားလို့ကတော့ ရှင့်ကိုသိပ်မုန်းပစ်မှာ..."
ပြောရင်းဆိုရင်းထထွက်သွားတဲ့ သူမကြောင့်
အဘလှစိန်ကိုခွင့်တောင်းပြီး အနောက်မှပြေးလိုက်ရသည်။
သဲသောင်ပြင်ဖြူဖြူပေါ်မှာ ကရင်ရိုးရာအင်္ကျီအဖြူရောင်လေးနှင့် ကရင်ထမီလေးကို ခပ်တိုတို၀တ်ထားတဲ့ သူမအား အနောက်မှလှမ်းကြည့်နေရတာကိုပင် သူနှစ်သက်နေမိသည်။
ကြည့်ပါအုံး ဘယ်လောက်ကဗျာဆန်လိုက်သလဲ။
ကျောပြင်မှ တင်ပါးလောက်အထိပြန့်ကျဲနေတဲ့ဆံပင်ရှည်တွေက လေပြေနှင့်အတူ လွှင့်မျှောပျံသန်းနေသယောင်ပင်။
ကမ်းစပ်မှာမို့ လှိုင်းပုတ်လိုက်တိုင်း သူမရဲ့ခြေထောက်လေးကို ကလူကျီစားလာတဲ့ လှိုင်းလုံးလေးတွေကိုတောင် သူမနာလိုနေမိတယ်။
သူမအနားသို့ မှီအောင်ပြေးသွားလိုက်ပြီး လက်ကောက်၀တ်ကလေးကနေ ဆွဲလိုက်တော့ မျက်ရည်ဝဲနေတဲ့ မျက်၀န်းတွေနဲ့ သူမကသူ့ကိုပြန်ကြည့်လာသည်။
"ဟာ...မင်းငိုနေတယ်..ဘာ..ဘာလို့လဲကွာ...
ကိုယ်မျောက်သားစားလို့လား..."
သမီးရည်းစားလည်းမဟုတ်တော့ သူမမျက်ရည်တွေကို သူသုတ်ပေးချင်ပေမဲ့ သူ့မှာအခွင့်မရှိဘူးလေ။
အဲ့တော့ လက်သီးကိုသာကျစ်ကျစ်ပါအောင် ဆုတ်ထားလိုက်ရသည်။
"ရှင့်ကြောင့်ရယ် မဟုတ်ပါဘူး..ကျွန်မကမျောက်ကလေးတွေကို အရမ်းချစ်တာ ငယ်ငယ်ကအိမ်မှာမွေးထားတဲ့ မျောက်ကလေး ပျောက်သွားပြီး ပြန်တွေ့တော့ ကျောမှာ ဓားခုတ်ရာကြီးနဲ့ အရမ်းသနားဖို့ကောင်းတာပဲ သိပ်မကြာဘူးသူသေသွားတာပဲ...
ခုဏက မျောက်ကို အပိုင်းပိုင်းတစ်ပြီးကြော်ထားတာတွေ့တော့...."
"ငယ်ငယ်က ကိစ္စကိုတွေးမိပြီး ၀မ်းနည်းသွားတာပေါ့ ဟုတ်လား..."
"အင်း...."
တော်တော် သနားကရုဏာကြီးမားတဲ့ ကောင်မလေးပါလားလို့ တွေးမိတော့ သူမကိုပိုလို့ပင်သဘောကျမိသည်။
ရုတ်တရက် သူ့ဗိုက်ကလည်း အားမနာနိုင်စွာ
တဂွီဂွီ ဖြစ်လာ၍ သူမတောင် မျက်လုံးပြူးလေးနဲ့ ကြည့်လာသည်။
"ရှင်..ဗိုက်ဆာနေတာလား..."
"အင်း...မနက်တည်းက ဘာမှမစားရသေးဘူး..."
"အာ့ဆို...လာ..အဘလှစိန်ရဲ့ အိမ်မှာ ရှိတဲ့ငါးခြောက်ငါးခြမ်းလေးတွေနဲ့ ဟင်းချက်ပြီး..စားကြတာပေါ့..."
ပြောရင်းဆိုရင်း သူ့လက်မောင်းကနေဆွဲခေါ်၍ အလိုက်သင့်လေးနေပေးလိုက်သည်။
ခြေတံရှည်အိမ်လေးကိုပြန်ရောက်တော့ အခြောက်လှမ်းထားတဲ့ ဂုံးတွေကို ငရုတ်သီး၊ကြက်သွန်ထောင်းပြီး အနှစ်ကလေးတွေရအောင်ချက်သည်။
သူမကငါးခြောက်ဖုတ်အပြီးမှာ ဖုန်းမြတ်ကငရုတ်ကျည်ပွေ့နဲ့ ငါးခြောက်ပြားကိုထွင်လို့ရအောင် ထုပေးရသည်။
သူမက ချဉ်ရည်ဟင်းချက်မယ်ဆိုရင် သူကကန်စွန်းရွက်ခြွေပေးရပြန်သည်။
သူလုပ်တာမဟုတ်ရင် သူမကဆူလည်းဆူ သင်လည်းသင်ပေးပါသေးတယ်။
အားလုံးပြင်ဆင်အပြီးမှာတော့ အငွေ့တစ်ထောင်းထောင်းထနေသည့် ထမင်းပွဲလေးမှာ နှစ်ယောက်လက်စုံညီစားဖြစ်ကြသည်။
ဖုန်းမြတ်အတွက် တစ်ခါမှမလုပ်ဖူးတဲ့အရာတွေလုပ်ရပေမဲ့ သူ့ရင်ထဲမှာကို တကယ်ပျော်နေမိတယ်။
ဒီလိုနွေးထွေးမှုမျိုးက မိခင်ရှိတုန်းကတောင် သူတစ်ခါမှု မခံစားခဲ့ရဖူးဘူး။
သူဟာ ဟင်းဂျီးများတဲ့လူတစ်ယောက်ဖြစ်သလို၊အရမ်းအရသာရှိပြီး ဈေးကြီးလွန်းပါတယ်ဆိုတဲ့ အစားအသောက်တွေကိုလည်း သူခံတွင်းမတွေ့ခဲ့ဖူးဘူး။
အခုလို သာမာန်သစ်သားစားပွဲလေးပေါ်မှာ ကန်စွန်းရွက်ချည်ဟင်းတစ်ခွက်၊ ဂုံးသားနှပ်တစ်ခွက်နဲ့ ၊ ငါးခြောက်ဆီစမ်းလေးလို သာမာန်ဟင်းပွဲလေးတွေက သူ့ခံတွင်းကိုပိုမြိန်စေခဲ့မယ်လို့ မတွေးခဲ့မိရိုးအမှန်ပါ။
ငယ်ငယ်လေးတည်းက ထမင်းစားပွဲဟာ သူ့အတွက်ပျင်းရိစရာအကောင်းဆုံးနေရာတစ်ခုလို့ မှတ်ယူထားခဲ့တာပါ။
ထမင်းစားနေရင်း သူ့ပန်းကန်ထဲကိုဘယ်သူမှဟင်းလာခပ်ထည့်မပေးကြသလို နေ့ရက်တိုင်းမှာ တစ်ယောက်ထဲအထီးကျန်စွာ စားသောက်ရတာ အကျင့်လိုဖြစ်နေပါပြီ။
"ဒီမှာ ငါးခြောက်ဆီစမ်းလေး စိမ့်နေတာပဲ..ခပ်မစားပဲအလှကြည့်နေတာလား...ရော့..."
ပြောရင်းဆိုရင်း သူ့ပန်းကန်ထဲသို့ ဟင်းလာခပ်ထည့်ပေးပြန်သည်။
သူ့ပန်းကန်ကိုပြန်ကြည့်လိုက်တော့ သူမခပ်ထည့်ပေးထားတဲ့ ဟင်းတွေဟာ ထမင်းထက်တောင်များနေသေးတယ်။
သူမပန်းကန်ထဲကိုကြည့်လိုက်တော့ ဘာဟင်းမှသိပ်ခပ်မထည့်ထားဘူး။
"ရော့...မင်းလည်းစားလေ...."
လိပ်ပြာရဲ့ပန်းကန်ထဲသို့ ဟင်းခပ်ထည့်ပေးရင်း နူးညံ့စွာပြုံးပြလာတဲ့သူ့ကြောင့် ထမင်းလုပ်တောင်ပါးစပ်ထဲက ပြုတ်ကျချင်သွားရသည်။
ဒါနဲ့ဆို ရှားပါးလွန်းတဲ့သူ့အပြုံးကို မြင်ခွင့်ရတာ
သုံးကြိမ်တောင်ရှိသွားပြီ။
တစ်ကြိမ်က လေယာဉ်ကွင်းမှာ၊တစ်ကြိမ်က ကားပေါ်မှာ၊နောက်အခါကအခုဖြစ်သည်။
သူ့ကိုကြောင်ကြည့်နေသည့်ကောင်မလေးကို သူနောက်တစ်ကြိမ်ထပ်ပြုံးပြလိုက်သည်။
အမှန်တော့ ဒီထမင်းပွဲလေးက သူမနဲ့အတူချက်ပြုတ်ပြီး အတူယှဉ်ကာလက်စုံညီစားရလို့ ပို၍မြိန်နေခြင်းဆိုတာ သူ့စိတ်ထဲမှာအတတ်သိလိုက်ပါပြီ။
မိသားစုဆိုတဲ့ အရသာလေးက ဒီလိုမျိုးလား။
ဒါဆိုရင်တော့ တကယ်ကိုချိုမြိန်လွန်းပါတယ်။
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်
🦋🦋🦋🦋🦋
ဗိုက်တောင်ဆာသွားပြီ😀
Zawgyi 🌻🌞
ခ်စ္လိပ္ျပာေလး တဝဲလည္လည္
အခန္း၁၂
နံနက္ခင္းရဲ႕ ေရာင္ျခည္ႏုႏုသည္ ၾကဴထရံရဲ႕အေပါက္ငယ္ေလးေတြၾကားမွ တိုးကပ္ျဖတ္သန္း၍ အခန္းေလးထဲသို႔၀င္လာေလသည္။
ေနရိပ္ထိုး၍ ပူရွိန္းရွိန္းျဖစ္လာတဲ့ ခံစားခ်က္ေၾကာင့္ ဘုန္းျမတ္လန႔္ႏိုးသြားရသည္။
နားထဲမွာလည္း ကေလးေတြေဆာ့ကစားေနၾကသံေတြက ဆူညံပြက္ေလာက္႐ိုက္ေနသည္။
ေဘးကိုၾကည့္လိုက္ေတာ့ လိပ္ျပာျဖဴကိုမေတြ႕ရေပ။
"ဒီေကာင္မေလး ဘယ္တည္းကအိပ္ရာထသြားတာလဲ မသိဘူး..."
သူအိမ္ေရွ႕သို႔ ထြက္လာေတာ့ ဘႀကီးလွစိန္ကကြပ္ပစ္မွာထိုင္ရင္း ဓားမေသြးေနေလသည္။
"ေဟာ..လူေလးႏိုးလာၿပီလား...မ်က္ႏွာသစ္၊သြားတိုက္ခ်င္ရင္ေတာ့ အိမ္ေျခရင္းကေရအိုးထဲမွာ ေရအဆင္သင့္ရွိတယ္ကြဲ႕...ၿပီးရင္ငါးေျခာက္ဖုတ္ေလးနဲ႔ ထမင္းၾကမ္းစားေပါ့ဟုတ္လား..မင့္မိန္းမကေတာ့ ဆလုံကေလးေတြနဲ႔ကမ္းစပ္ကိုပါသြားတယ္.."
"ဟုတ္ကဲ့ အဘ..."
မ်က္ႏွာျမန္ျမန္သစ္ၿပီးေနာက္ ထမင္းၾကမ္းေတာင္မစားေတာ့ပဲ မိန္းမရွာပုံေတာ္ထြက္ရေတာ့သည္။
ဘာသာစကားမတူ လူေနမႈမတူတဲ့အရပ္မွာ လိပ္ျပာျဖဴဘယ္ေတြကိုေလွ်ာက္သြားေနတာပါလိမ့္။
ေဟာေတြ႕ပါၿပီ။မႀကီးမငယ္နဲ႔ ကမ္းစပ္မွာ ကေလးေတြနဲ႔စိန္ေျပးတိုင္းကစားေနတာ။
၀တ္ထားတာကလဲ ဘယ္ကအဘြားႀကီးအ၀တ္အစားေတြလည္းမသိဘူး။
အက်ႌခ်ိဳင္းျပတ္အပြႀကီးနဲ႔ ထမီကိုေျခသလုံးေဖြးေဖြးေလးေတြ ေပၚတဲ့အထိခပ္တိုတိုပဲ ရင္ေခါင္းအထိတက္၀တ္ထားလိုက္ေသးတယ္။
အသားျဖဴလို႔ေပါ့ မဟုတ္ရင္ ဆလုံ႐ြာသူပင္လယ္ဂ်စ္ပစိမေလးလို႔ ထင္မိမွာမလြဲပဲ။
ေဆာ့ေနတာကလည္း မ်က္လုံးကိုအ၀တ္စစည္းၿပီး ကေလးေတြကိုလိုက္ဖမ္းေနတာ မေတာ္လို႔ပင္လယ္ထဲ ဂြၽန္းျပန္ၾကမွ ဟုတ္ေပ့ျဖစ္ေနမယ္။
သူမရဲ႕ ဒီပုံစံေလးကိုေတြ႕ေတာ့ လြန္ခဲ့တဲ့၉ႏွစ္က သူ႔ကိုစိတ္ေပ်ာ္႐ႊင္ေစခဲ့တဲ့ အရာေလးကို ျပန္ျမင္ေယာင္ေနမိသည္။
"လိပ္ျပာျဖဴ မင္းကအၿမဲတမ္းကိုယ့္အတြက္ထူးျခားတဲ့ သူပဲ။"
"ဘယ္ဘက္မွာလည္း ..လိုက္ၿပီေနာ္..
ဟား..ဟား လြတ္ေအာင္ေျပး..အင့္!!!!!"
"အခုဖမ္းမိတာ ဘယ္သူလဲ..."
ကေလးေတြနဲ႔ မ်က္စိကိုပိတ္စစည္းၿပီး
စိန္ေျပးတိုင္းကစားေနရင္း တစ္ခုခုကို၀င္တိုက္မိလို႔ တစ္ေယာက္ေတာ့မိၿပီဆိုၿပီး ဆြဲဖက္ထားလိုက္သည္။
မဟုတ္ေသးပါဘူး။လိပ္ျပာကစားေနတာ ကေလးေတြနဲ႔ေလ။အခုကအရမ္းအရပ္ရွည္ေနသလိုပဲ။
မ်က္လုံးကိုပိတ္စစည္းထားတာေၾကာင့္ လက္နဲ႔စမ္းၿပီး ဘာႀကီးမွန္းသိေအာင္လုပ္ရမယ္။
ပထမဆုံးစစမ္းမိတာက ၾကယ္သီးေတြလိုအလုံးေလးေတြ။ဒါဆို ရင္ဘတ္ေပါ့။ကေလးသာေျပာတယ္ရင္ဘတ္ကလည္း အက်ယ္ႀကီး။
ၿပီးေတာ့ ရင္ဘတ္ကေနအေပၚကိုလက္နဲ႔စမ္းလိုက္ေတာ့ ႏွာတင္ေျဖာင့္ေျဖာင့္ႀကီး၊ၿပီးေတာ့ ႏႈတ္ခမ္းအိအိေလး ၊ထို႔ေနာက္ထပ္ဆင္းလာရာ အဖုႀကီးလို အခုံးႀကီးဘာႀကီးမွန္းမသိေတာ့ ပိတ္စကိုဖယ္ပစ္လိုက္သည္။
"ဟင္...ရွင္.."
"ဘယ္လိုလဲ...အာ႐ုံခံစားလို႔မွေကာင္းရဲ႕လား..."
"ဟား..ဟား..ဟား..ဟား.."
အတူေဆာ့ေနတဲ့ ကေလးေတြကလည္း လိပ္ျပာရဲ႕ေၾကာင္အသြားတဲ့ ပုံကိုၾကည့္ၿပီးအကုန္ဝိုင္းဟားကုန္ၾကသည္။
ခုဏကစမ္းမိတာက ဘာအဖုႀကီး၊အခုံးႀကီးမွမဟုတ္ဘူး သူ႔ရဲ႕လည္စိႀကီး ျဖစ္ေနသည္။
လိပ္ျပာရွက္လိုက္တာ ေရကူးတတ္ရင္ပင္လယ္ထဲကို ဒိုင္ပင္ထိုးခ်လိုက္ခ်င္တယ္။
"ေအာင္မာ..ဘာရယ္ၾကတာလဲ..မမကိုဘာလို႔မေျပာၾကတာလဲလို႔..."
လိပ္ျပာကခါးေထာက္ၿပီးဆူေတာ့ အညိဳစင္ဆလုံကေလးငယ္ေလးေတြက ကိုယ္လုံးေလးေတြၾကႇဳံ႕ၿပီး ၿပဳံးစိစိလုပ္ေနၾကသည္။
"ေနစမ္းပါအုံး..သူတို႔ကိုသြားေျပာရေအာင္ သူတို႔ကမင္းရဲ႕စကားကိုနားလည္လို႔လား..မင္းကေရာသူတို႔စကားကိုနားလည္လို႔လား..."
"ေအာင္မာ အထင္မေသးပါနဲ႔ ကြၽန္မသူတို႔ကိုသင္ေပးထားပါတယ္..."
ေျပာရင္းဆိုရင္း သဲျပင္ေပၚမွာ ေဘးနားကတုတ္တစ္ေခ်ာင္းေကာက္ၿပီး မ်ဥ္းေျဖာင့္တစ္ေၾကာင္းဆြဲေလသည္။
ထို႔ေနာက္ ကေလးေတြကို ထိုမ်ဥ္းေလးအတိုင္း တန္းစီခိုင္းသည္။
"ကဲ ကေလးတို႔ တစ္ ႏွစ္ သုံး..."
"မဂၤလာပါ..."
လိပ္ျပာျဖဴဟာ အေရွ႕ကေနလက္အုပ္ခ်ီၿပီး ဟန္အမူအရာေတြလုပ္ျပတဲ့အတိုင္း ကေလးေတြကလိုက္လုပ္ၾကသည္။
ထို႔ေနာက္ သူမကအသဲပုံသ႑န္ေလး လက္ကို ေလထဲမွာ ေျမႇာက္ျပရာ ကေလးေတြကလည္း လက္ကေလးေတြကို အသဲပုံေလးလုပ္ၿပီး ေခါင္းေပၚမွာေကြးတင္ၾကျပန္သည္။
"ခ်စ္တယ္..."
"ေဟး..ေဟး..!!!!!!!!"
သူတို႔ဖာသာေျပာ သူတို႔ဖာသာလက္ခုပ္ေတြထတီးေနၾကတာ တကယ္အ႐ူးေလးေတြလိုပဲ။
လိပ္ျပာျဖဴကို ၾကည့္လိုက္ေတာ့ သူမကပိုဆိုးေသး။လက္ခုပ္ေတြတီး ၿပဳံးေပ်ာ္ၿပီးေနတာမ်ား သူမဟာ ဒီေနရာမွာႏွစ္ရွည္လမ်ားေနတဲ့ လူတစ္ေယာက္လိုပဲ။
ဘုန္းျမတ္ကေတာ့ ထိုျမင္ကြင္းကိုၿပဳံးၿပီးေတာ့ပဲ ၾကည့္ေနလိုက္တယ္။
"လိပ္ျပာျဖဴ မင္းကအရမ္းျဖဴစင္လြန္းတယ္..
မင္းနဲ႔ေနရင္ လူတိုင္းကစိတ္သက္ေသာင့္
သက္သာျဖစ္ေနမွာ အမွန္ပဲ..."
🦋🦋🦋🦋🦋🦋🦋🦋🦋
ဘႀကီးလွစိန္အေဖာ္စပ္ေကာင္းလို႔ ဆလုံမဂၤလာပြဲသို႔ လိပ္ျပာႏွင့္ ဘုန္းျမတ္ေရာက္ေနရေလသည္။
မဂၤလာပြဲကို ကမ္းေျခမွာ က်င္းပတာျဖစ္ၿပီး။
ေခာတ္အေတြးနဲ႔ဆို ေခာတ္ဆန္တယ္၊ေဂၚတယ္ေပါ့ေနာ္။
မေဂၚတာက ေကြၽးတဲ့အစားအစားေတြပဲ။
လိပ္ျပာမွာ ေအာ္ဂလီဆန္ခ်င္လာ၍ ေနရာမွာတင္မူးလဲသြားခ်င္တယ္။
လိပ္ျပာေျပာတာအပိုမဟုတ္ဘူး။
ၾကည့္ေလ မဂၤလာေဆာင္မွာေကြၽးတာက ငါးကင္၊လင္းႏို႔ေၾကာ္ ၊လင္းဆြဲေၾကာ္ ၊ ၾကက္တစ္ေကာင္လုံးျပဳတ္ထားတာႀကီးက ေခါင္းႀကီးေထာင္ၿပီး မ်က္လုံးႀကီးျပဴးေနတာမ်ား ကိုယ့္ကိုၾကည့္ေနသလိုပဲ။
ဒါတင္မကေသးဘူး သင္းေခြခ်ပ္ေၾကာ္ ၊ေမ်ာက္သားေၾကာ္ရယ္ အရက္ကေလးပါ ပါလိုက္ေသးတယ္။
လိပ္ျပာက ေမ်ာက္ကေလးေတြကို အင္မတန္ခ်စ္တာ အခုအေရွ႕မွာ အတုံးလိုက္၊အတစ္လိုက္ ေတြ႕ေနရေတာ့ စားရမွာေတာင္ သနားသလိုလို ျဖစ္ေနသည္။
သူတို႔ကလူေတြကို ဧည့္ခံေနတာလား။
ဖုတ္ ၊ဘီလူး ၊သရဲ၊ ပိတၱာေတြကို ေခါစာေကြၽးေနတာလားပဲ။
ေအးေလး သူ႔အရပ္နဲ႔သူ႔ဇာတ္ဆိုေတာ့ သူတို႔လဲရွိတာေကြၽးရတာ ေနမွာေပါ့။
သူတို႔အရပ္မွာ ေလာဘနည္းလိုက္တာဆိုတာမ်ား သတို႔သားနဲ႔ သတို႔သမီးအတြက္ လက္ဖြဲ႕က ႐ိုးရာေလွရယ္ ငါးဖမ္းပိုက္ရယ္ ၊ငါးဖမ္းကိရိယာေတြရယ္တဲ့။
ရန္ကုန္မွာ ဒီေလာက္လက္ဖြဲ႕ေလးနဲ႔ဆိုရင္ ပါး႐ိုက္ၿပီးေတာ့ကို အိမ္ျပန္လႊတ္လိုက္မွာ က်ိန္းေသတယ္။
သတို႔သားနဲ႔ သတို႔သမီးကို ေကာင္းခ်ီးလာေပးတဲ့နတ္ဆရာ နတ္၀င္ပူးေနတာကလည္း လူ႐ိုင္းေတြကသလို ထကေနျခင္းျဖစ္သည္။
တို႔ဗမာေတြေတာင္ နတ္ကႏၷားပြဲေတြလုပ္ၿပီး တမင္ေတာင္ကၾကေသးတာပဲ သူတို႔လည္း ဒီလိုပဲေနမွာပါလို႔ ေတြးလိုက္ရသည္။
လိပ္ျပာရဲ႕ ေဘးနားမွာထိုင္ေနတဲ့လူက ကရင္႐ိုးရာ၀တ္စုံနဲ႔ အသားကျဖဴျဖဴနဲ႔ဆိုေတာ့ တကယ့္ေတာ္၀န္ကရင္မင္းသားေလးအတိုင္းပါပဲ။
႐ုတ္တရက္သူက ေမ်ာက္သားေၾကာ္တစ္တုံးကို ေကာက္စားမယ္လုပ္ေနလို႔ သူ႔လက္ကိုပုတ္ခ်လိုက္သည္။
"ဟာ..သြားပါၿပီကြာ...ေအာက္ျပဳတ္က်သြားၿပီ..
လိပ္ျပာျဖဴ မင္းငါစားမဲ့ဟာကို ဘာလို႔ဒီလိုလုပ္ရတာလဲ.."
"ရွင္က ဒါေတြလည္းစားတာပဲလား
႐ုပ္ကေလးနဲ႔မွမလိုက္..."
လိပ္ျပာမဲ့ကာ ႐ြဲ႕ကာနဲ႔ေျပာျပစ္လိုက္သည္။
"ဘာျဖစ္လဲ..ငါ့ဖာသာစားတာ ဒီမွာလူတိုင္းလည္း ဒါပဲစားေနတာ မဟုတ္ဘူးလား...."
"ဒီမွာ လူတိုင္းစားေပမဲ့ ရွင္မစားရဘူး..ကြၽန္မခ်စ္တဲ့ေမ်ာက္ေလးေတြကို စားလို႔ကေတာ့ ရွင့္ကိုသိပ္မုန္းပစ္မွာ..."
ေျပာရင္းဆိုရင္းထထြက္သြားတဲ့ သူမေၾကာင့္
အဘလွစိန္ကိုခြင့္ေတာင္းၿပီး အေနာက္မွေျပးလိုက္ရသည္။
သဲေသာင္ျပင္ျဖဴျဖဴေပၚမွာ ကရင္႐ိုးရာအက်ႌအျဖဴေရာင္ေလးႏွင့္ ကရင္ထမီေလးကို ခပ္တိုတို၀တ္ထားတဲ့ သူမအား အေနာက္မွလွမ္းၾကည့္ေနရတာကိုပင္ သူႏွစ္သက္ေနမိသည္။
ၾကည့္ပါအုံး ဘယ္ေလာက္ကဗ်ာဆန္လိုက္သလဲ။
ေက်ာျပင္မွ တင္ပါးေလာက္အထိျပန္႔က်ဲေနတဲ့ဆံပင္ရွည္ေတြက ေလေျပႏွင့္အတူ လႊင့္ေမွ်ာပ်ံသန္းေနသေယာင္ပင္။
ကမ္းစပ္မွာမို႔ လႈိင္းပုတ္လိုက္တိုင္း သူမရဲ႕ေျခေထာက္ေလးကို ကလူက်ီစားလာတဲ့ လႈိင္းလုံးေလးေတြကိုေတာင္ သူမနာလိုေနမိတယ္။
သူမအနားသို႔ မွီေအာင္ေျပးသြားလိုက္ၿပီး လက္ေကာက္၀တ္ကေလးကေန ဆြဲလိုက္ေတာ့ မ်က္ရည္ဝဲေနတဲ့ မ်က္၀န္းေတြနဲ႔ သူမကသူ႔ကိုျပန္ၾကည့္လာသည္။
"ဟာ...မင္းငိုေနတယ္..ဘာ..ဘာလို႔လဲကြာ...
ကိုယ္ေမ်ာက္သားစားလို႔လား..."
သမီးရည္းစားလည္းမဟုတ္ေတာ့ သူမမ်က္ရည္ေတြကို သူသုတ္ေပးခ်င္ေပမဲ့ သူ႔မွာအခြင့္မရွိဘူးေလ။
အဲ့ေတာ့ လက္သီးကိုသာက်စ္က်စ္ပါေအာင္ ဆုတ္ထားလိုက္ရသည္။
"ရွင့္ေၾကာင့္ရယ္ မဟုတ္ပါဘူး..ကြၽန္မကေမ်ာက္ကေလးေတြကို အရမ္းခ်စ္တာ ငယ္ငယ္ကအိမ္မွာေမြးထားတဲ့ ေမ်ာက္ကေလး ေပ်ာက္သြားၿပီး ျပန္ေတြ႕ေတာ့ ေက်ာမွာ ဓားခုတ္ရာႀကီးနဲ႔ အရမ္းသနားဖို႔ေကာင္းတာပဲ သိပ္မၾကာဘူးသူေသသြားတာပဲ...
ခုဏက ေမ်ာက္ကို အပိုင္းပိုင္းတစ္ၿပီးေၾကာ္ထားတာေတြ႕ေတာ့...."
"ငယ္ငယ္က ကိစၥကိုေတြးမိၿပီး ၀မ္းနည္းသြားတာေပါ့ ဟုတ္လား..."
"အင္း...."
ေတာ္ေတာ္ သနားက႐ုဏာႀကီးမားတဲ့ ေကာင္မေလးပါလားလို႔ ေတြးမိေတာ့ သူမကိုပိုလို႔ပင္သေဘာက်မိသည္။
႐ုတ္တရက္ သူ႔ဗိုက္ကလည္း အားမနာႏိုင္စြာ
တဂြီဂြီ ျဖစ္လာ၍ သူမေတာင္ မ်က္လုံးျပဴးေလးနဲ႔ ၾကည့္လာသည္။
"ရွင္..ဗိုက္ဆာေနတာလား..."
"အင္း...မနက္တည္းက ဘာမွမစားရေသးဘူး..."
"အာ့ဆို...လာ..အဘလွစိန္ရဲ႕ အိမ္မွာ ရွိတဲ့ငါးေျခာက္ငါးျခမ္းေလးေတြနဲ႔ ဟင္းခ်က္ၿပီး..စားၾကတာေပါ့..."
ေျပာရင္းဆိုရင္း သူ႔လက္ေမာင္းကေနဆြဲေခၚ၍ အလိုက္သင့္ေလးေနေပးလိုက္သည္။
ေျခတံရွည္အိမ္ေလးကိုျပန္ေရာက္ေတာ့ အေျခာက္လွမ္းထားတဲ့ ဂုံးေတြကို င႐ုတ္သီး၊ၾကက္သြန္ေထာင္းၿပီး အႏွစ္ကေလးေတြရေအာင္ခ်က္သည္။
သူမကငါးေျခာက္ဖုတ္အၿပီးမွာ ဖုန္းျမတ္ကင႐ုတ္က်ည္ေပြ႕နဲ႔ ငါးေျခာက္ျပားကိုထြင္လို႔ရေအာင္ ထုေပးရသည္။
သူမက ခ်ဥ္ရည္ဟင္းခ်က္မယ္ဆိုရင္ သူကကန္စြန္း႐ြက္ေႁခြေပးရျပန္သည္။
သူလုပ္တာမဟုတ္ရင္ သူမကဆူလည္းဆူ သင္လည္းသင္ေပးပါေသးတယ္။
အားလုံးျပင္ဆင္အၿပီးမွာေတာ့ အေငြ႕တစ္ေထာင္းေထာင္းထေနသည့္ ထမင္းပြဲေလးမွာ ႏွစ္ေယာက္လက္စုံညီစားျဖစ္ၾကသည္။
ဖုန္းျမတ္အတြက္ တစ္ခါမွမလုပ္ဖူးတဲ့အရာေတြလုပ္ရေပမဲ့ သူ႔ရင္ထဲမွာကို တကယ္ေပ်ာ္ေနမိတယ္။
ဒီလိုေႏြးေထြးမႈမ်ိဳးက မိခင္ရွိတုန္းကေတာင္ သူတစ္ခါမႈ မခံစားခဲ့ရဖူးဘူး။
သူဟာ ဟင္းဂ်ီးမ်ားတဲ့လူတစ္ေယာက္ျဖစ္သလို၊အရမ္းအရသာရွိၿပီး ေဈးႀကီးလြန္းပါတယ္ဆိုတဲ့ အစားအေသာက္ေတြကိုလည္း သူခံတြင္းမေတြ႕ခဲ့ဖူးဘူး။
အခုလို သာမာန္သစ္သားစားပြဲေလးေပၚမွာ ကန္စြန္း႐ြက္ခ်ည္ဟင္းတစ္ခြက္၊ ဂုံးသားႏွပ္တစ္ခြက္နဲ႔ ၊ ငါးေျခာက္ဆီစမ္းေလးလို သာမာန္ဟင္းပြဲေလးေတြက သူ႔ခံတြင္းကိုပိုၿမိန္ေစခဲ့မယ္လို႔ မေတြးခဲ့မိ႐ိုးအမွန္ပါ။
ငယ္ငယ္ေလးတည္းက ထမင္းစားပြဲဟာ သူ႔အတြက္ပ်င္းရိစရာအေကာင္းဆုံးေနရာတစ္ခုလို႔ မွတ္ယူထားခဲ့တာပါ။
ထမင္းစားေနရင္း သူ႔ပန္းကန္ထဲကိုဘယ္သူမွဟင္းလာခပ္ထည့္မေပးၾကသလို ေန႔ရက္တိုင္းမွာ တစ္ေယာက္ထဲအထီးက်န္စြာ စားေသာက္ရတာ အက်င့္လိုျဖစ္ေနပါၿပီ။
"ဒီမွာ ငါးေျခာက္ဆီစမ္းေလး စိမ့္ေနတာပဲ..ခပ္မစားပဲအလွၾကည့္ေနတာလား...ေရာ့..."
ေျပာရင္းဆိုရင္း သူ႔ပန္းကန္ထဲသို႔ ဟင္းလာခပ္ထည့္ေပးျပန္သည္။
သူ႔ပန္းကန္ကိုျပန္ၾကည့္လိုက္ေတာ့ သူမခပ္ထည့္ေပးထားတဲ့ ဟင္းေတြဟာ ထမင္းထက္ေတာင္မ်ားေနေသးတယ္။
သူမပန္းကန္ထဲကိုၾကည့္လိုက္ေတာ့ ဘာဟင္းမွသိပ္ခပ္မထည့္ထားဘူး။
"ေရာ့...မင္းလည္းစားေလ...."
လိပ္ျပာရဲ႕ပန္းကန္ထဲသို႔ ဟင္းခပ္ထည့္ေပးရင္း ႏူးညံ့စြာၿပဳံးျပလာတဲ့သူ႔ေၾကာင့္ ထမင္းလုပ္ေတာင္ပါးစပ္ထဲက ျပဳတ္က်ခ်င္သြားရသည္။
ဒါနဲ႔ဆို ရွားပါးလြန္းတဲ့သူ႔အၿပဳံးကို ျမင္ခြင့္ရတာ
သုံးႀကိမ္ေတာင္ရွိသြားၿပီ။
တစ္ႀကိမ္က ေလယာဥ္ကြင္းမွာ၊တစ္ႀကိမ္က ကားေပၚမွာ၊ေနာက္အခါကအခုျဖစ္သည္။
သူ႔ကိုေၾကာင္ၾကည့္ေနသည့္ေကာင္မေလးကို သူေနာက္တစ္ႀကိမ္ထပ္ၿပဳံးျပလိုက္သည္။
အမွန္ေတာ့ ဒီထမင္းပြဲေလးက သူမနဲ႔အတူခ်က္ျပဳတ္ၿပီး အတူယွဥ္ကာလက္စုံညီစားရလို႔ ပို၍ၿမိန္ေနျခင္းဆိုတာ သူ႔စိတ္ထဲမွာအတတ္သိလိုက္ပါၿပီ။
မိသားစုဆိုတဲ့ အရသာေလးက ဒီလိုမ်ိဳးလား။
ဒါဆိုရင္ေတာ့ တကယ္ကိုခ်ိဳၿမိန္လြန္းပါတယ္။
#စာေရးသူ_ေဆာင္းေငြ႕ေဝ
#ေဆာင္းေငြ႕ေဝရဲ႕၀တၳဳမ်ားPageမွတင္ဆက္သည္
🦋🦋🦋🦋🦋
ဗိုက္ေတာင္ဆာသြားၿပီ😀