ကယ်တင်ရှင် သေမင်း
အပိုင်း(၁)
အလင်းရောင် နည်းလာပြီး မှောင်ရီပျိုးနေ
သော အချိန်ဖြစ်ရုံသာမက ကောင်းကင်ကြီးက
လည်း အုံ့မှိုင်းနေသည်မို့ပတ်ဝန်းကျင်တစ်ခုလုံး
အတော်ပင် မှောင်၍နေသည်။ ညီအကိုမသိတသိ
အချိန်ကိုပင် အနည်းငယ်ကျော်လွန်နေချိန်ဖြစ်၏။
စုမွန်တစ်ယောက် အိမ်ပြန်ချိန်နောက်ကျနေ
ပြီမို့အိမ်သို့ အမြန်ခြေသုတ်တင်နေမိသည်။taxi
ပေါ်မှ ဆင်းလာကတည်းက အိမ်ရှိရာသို့သာ
ခပ်သွက်သွက်ပြန်လာခဲ့သည်။ မှောင်နေသည့်
အပြင် လူသွားလူလာလည်းပြတ်သော လမ်း
ဖြစ်၍ မိန်းကလေးတစ်ယောက်တည်းဖြစ်နေသည်
မို့ စုမွန်အနည်းငယ် စိုးရွံ့စိတ်ဖြစ်နေမိသည်။
""မင်းကို...ငါပိုင်သွားပြီ....""
"ဟင်...."
ခပ်တိုးတိုးသာဖြစ်သော်လည်း ညို့အားတစ်စုံ
တစ်ရာပါသော အသံတစ်ခုကို ရုတ်တရက်ကြား
လိုက်ရသဖြင့် စုမွန်ဝဲယာကို အမြန်ကြည့်လိုက်မိ
သည်။ လူမပြောနှင့် တိရိစ္ဆာန်တစ်ကောင်ပင်မတွေ့
ရသဖြင့် စုမွန် ဇဝေဇဝါဖြစ်သွားမိသည်။
ဘာကြောင့်မှန်းမသိ ကြက်သီးမွှေးညှင်းများ
ထလာပြီး ရုတ်တရက် သိမ်ငယ်အားငယ်စိတ်
များဝင်လာသလို ခံစားလာရသည်။
အိမ်သို့ အမြန်ရောက်လိုစိတ် ပိုဖြစ်လာပြီး
အပြေးတစ်ပိုင်းပင် သူမ၏အိမ်သို့ အမြန်လျှောက်
လာမိသည်။
ရုတ်တရက် တစ်ကိုယ်လုံး အားအင်မရှိတော့
သလို ခံစားလာရပြီး နုံးခွေ့သွားသလိုဖြစ်လာကာ
ခြေလှမ်းများပင် နှေးလာပြီးယိမ်းယိုင်လာတော့
သည်။
စုမွန် သူမကိုယ်သူမပင် အံ့ဩသွားမိသည်။
ရုတ်တရက်အားအင်ကုန်ခမ်းကာ လမ်းမလျှောက်
ချင်တော့လောက်အောင် နုံးခွေ့ချိနဲ့သွားသော ဤ
ကဲ့သို့အခြေအနေမျိုးကို သူမတစ်သက်နှင့်တစ်ကိုယ်
တစ်ကြိမ်တစ်ခါမှမဖြစ်ခဲ့ဖူးပါ။
"ဟင်...ငါ...ငါ...ဘာဖြစ်နေတာလဲ...."
ကြိုးစား၍လမ်းဆက်လျှောက်နေသော်လည်း
စိတ်သွားတိုင်းကိုယ်မပါဘဲ ခြေတစ်လှမ်းကိုပင်
မနည်းကြိုးစားလှမ်းနေရ၏။
ရုတ်တရက် လမ်းထောင့်ချိုးနံရံအကွယ်တစ်ခုမှ
လူတစ်ယောက် ထွက်လာပြီး သူမရှိရာသို့တည့်
တည့်လျှောက်လာ၏။
"ဟင်..."
ဘာကြောင့်မှန်းမသိ ထိသူကိုမြင်လိုက်ရသည်
နှင့် အကြောက်တရားတို့ ရင်၌စိုးမိုးလာကာ
ထွက်ပြေးလိုစိတ်ဖြစ်လာမိသည်။ သို့သော်လည်း
အားအင် မရှိတော့သလိုဖြသ်နေ၍ သူမ၏ခြေလှမ်း
တို့က အတော်ပင် လေးလံနှေးကန်၍နေသည်။
တစ်ကိုယ်လုံး အနက်ရောင်ဝတ်ဆင်ထားသော
ထိုသူက သူမနှင့်နီးသထက်နီးလာ၏။ ထိုသူ၏
ခန္ဓာကိုယ်မှ အနက်ရောင်အခိုးအငွေ့တို့ စိမ့်ထွက်
နေသည်ကို သူမမြင်နေရ၏။
ထူးခြားသည်က ထိုသူ၏မျက်နှာကို ကောင်းစွာ
မမြင်ရဘဲ မျက်နှာနေရာမှာ မှုံမှိုင်းမှိုင်းဖြစ်နေကာ
အနက်ရောင် အငွေ့ပါးပါးလေးက ကာကွယ်၍
ထား၏။
စုမွန်အလန့်တကြားနောက်ဆုတ်လိုက်မိသည်။
ထိုသူက အားအင်မရှိတော့သဖြင့် ပြေးလွှားနိုင်
ခြင်းမရှိသော စုမွန်နှင့် မလှမ်းမကမ်းတွင်သူမကို
ရပ်ကြည့်နေရင်း
""ဟား...ဟား...ဟား...
မင်းကို ငါပိုင်တယ်....""
ထိုသူ၏ ခပ်အုပ်အုပ်ရယ်သံနှင့်စကားသံ
က သူမ၏နှလုံးသားကို ရေခဲတုံးနှင့် ကပ်လိုက်
သကဲ့သို့ အေးစိမ့်သော စိုးရွံ့မှုကို ပြင်းထန်စွာ
ခံစားလိုက်ရသည်။
"ရှင်...ရှင်က ဘယ်သူလဲ...."
""ဟား...ဟား...ဟား...""
အက်ကွဲကွဲ ခပ်အုပ်အုပ်အသံဖြင့် ထိုသူက
ရယ်လိုက်ရင်း သူမအနီးသို့ လျှက်တပြက်အတွင်း
ချက်ချင်းရောက်လာ၏။
ဝှစ်...
"အား!...အမလေး..."
ဘုတ်...
စုမွန် အလန့်တကြားနောက်ဆုတ်လိုက်
သည်တွင်ထိုင်လျှက် လဲကျသွားတော့သည်။
ထိုသူက သူမ၏အနီးမှအတော်ခပ်လှမ်းလှမ်းသို့
ရုတ်တရက်ရောက်ရှိသွားပြန်သည်။
ဝှစ်....
ထိုသူ၏ အနောက်ဘက်မှ အနက်ရောင်
အခိုးအငွေ့များ အလုံးလိုက်အရင်းလိုက်ထွက်ပေါ်
လာကာ အနက်ရောင်ကားကြီးတစ်စီး အဖြစ်
ရုတ်တရက် ပြောင်းလဲသွားတော့သည်။
ထိုသူက ထိုအနက်ရောင်ကားကြီးအပေါ်သို့
အိနြေ္ဒရစွာပင် တက်လိုက်ပြီး တခါးကိုပြန်ပိတ်
လိုကကာ ဒရိုက်ဘာခုံတွင်ဝင်ထိုင်လိုက်၏။
စုမွန် ကြောက်ရွံ့စိတ်နှင့်အတူအလွန်အံ့ဩ
နေမိသည်။ ရုတ်တရက် လေထဲမှမီးခိုးလုံးများ
ပေါ်လာပြီး ထိုအခိုးအငွေ့များမှ ကားကြီးတစ်စီး
အဖြစ် ရုတ်တရက်ပြောင်းလဲသွားသည်ကို မြင်ရသူ
တိုင်း မအံ့ဩဘဲနေနိုင်ကြမည်မဟုတ်ပါ။
" ဟာ!..."
ဝေါ....ဝူး.....ဝရော.....
အနက်ရောင်ကားကြီးက စက်သံများ ထွက်
လာပြီးတုန့်ခနဲ တုန့်ကနဲ ဖြစ်နေပြီးမှ စုမွန်ရှိနေရာသို့
အရှိန်ဖြင့် မောင်းထွက်လာတော့သည်။
ဝေါ.....ဝူး....
"ဟာ!....အာ...."
စုမွန် မျက်လုံးလေးဝိုင်းသွားသည်အထိ
အထိတ်တလန့်ဖြစ်သွားမိသည်။ အနက်ရောင်
ကားကြီးက သူမရှိရာ အပြေးလာနေပြီမဟုတ်ပါ
လား...
ဝေါ....ဝရူး....
စုမွန်အလန့်တကြား လဲကျနေရာမှအမြန်ပြန်
ထလိုက်သည်။ သူမထံအပြေးလာနေသော
အနက်ရောင် ကားကြီး၏ရန်ကိုရှောင်ရှားရန်
ဘေးဘက်သို့ ခုန်ပြေးရန်တွေးမိသော်လည်း
အားအင်အလွန်နည်းနေရုံသာမကသူမ၏ခြေ
ထောက်တို့က မြေပြင်တွင်စို့ရိုက်ထားသလို လှုပ်
မရဖြစ်နေ၏။
"အား!..."
စုမွန် အလန့်တကြားအော်လိုက်မိသည်။ သူမ
၏အခြေအနေက အနက်ရောင်ကားကြီးဝင်တိုက်
မည်ကို လည်စင်းခံရတော့မည့်အနေအထားဖြစ်
နေပြီ မဟုတ်ပါလား...
ဝေါ....ဝရော....
ဒုန်း!....
အနက်ရောင်ကားကြီးက သူမအော်သံမဆုံး
မီမှာပင် သူမ၏ခန္ဓာကိုယ်လေးအား အရှိန်ပြင်းစွာ
တိုက်ပစ်လိုက်တော့သည်။
"အား!... .."
ဘုန်း!....
အွတ်!....
လေထဲသို့ လွင့်ထွက်သွားပြီး မြေပြင်သို့
မရှုမလှပြန်ပြုတ်ကျသည်တွင် ပြင်းထန်လှသော
နာကျင်မှု ဝေဒနာကြောင့် သူမ၏ခန္ဓာကိုယ်လေး
တဆက်ဆက်တုန်ခါ၍နေ၏။
မျက်လုံးအစုံက ပြူးကျယ်နေပြီး အသက်ရှု၍မရ
နိုင်တော့သော အဆုတ်ကြောင့် နာကျင်မွန်းကြပ်
နေပြီး နှုတ်ခမ်းမှ သွေးရည်တို့အဆက်မပျက်ပင်
စီးကျနေ၏။
သူမနောက်ဆုံးမြင်လိုက်ရသည်ကား အနက်
ရောင်ကားကြီးမှာ အနက်ရောင်မီးခိုးလုံးကြီးအ
ဖြစ်ပြန်လည် ပြောင်းလဲသွားပြီး အငွေ့မည်းများက
တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားတော့
သည်။
🕐🕑🕒
တီ..................
အသံရှည်ဆွဲထွက်လာသော အသံနှင့်အတူ
မော်နီတာမှ လှိုင်းတွန့်များကလည်း ရုတ်တရက်
မျဉ်းတစ်ကြောင်းတည်းဖြစ်သွားသဖြင့် ခွဲစိတ်ကုတင်
ပေါ်ရှိမိန်းကလေးကို ဆရာဝန်များက ဂရုဏာသက်
စွာ ကြည့်လိုက်ကြရင်း အချို့ဆရာဝန်များ သက်
ပြင်းချလိုက်ကြသည်။
အတက်နိုင်ဆုံး ကြိုးစားပေးခဲ့ကြသော်လည်း
ကြိုတင်ခန့်မှန်းထားပြီးသား အဖြေသာ ဖြစ်သော
ကြောင့် အနည်းငယ်တော့ ဖြေသာနိုင်ကြပါ၏။
ကား assidient ဖြစ်ထားသော မိန်းကလေး၏
ကိုယ်တွင်းဒဏ်ရာမှာ အလွန်ပင်ဆိုးရွားနေပြီး
နံရိုး၃ချောင်းလည်းကျိုးလျှက်ရှိနေပြီး ကိုယ်တွင်း
အင်္ဂါ အချို့လည်း ထိခိုက်ထားသဖြင့် သူမအသက်
ရှင်ရန် ရာခိုင်နှုန်း အလွန်နည်းမှန်း ဆရာဝန်များ
အားလုံး ကြိုသိထားကြပြီးဖြစ်သည်။
တီ....
"ဟင်..."
"ဟာ..."
"လူနာ နှလုံးပြန်ခုန်လာတယ်..."
"မဖြစ်နိုင်တာကြီး..."
"ဟာ...ထူးခြားဖြစ်စဉ်ပဲဟေ့...."
ဆရာဝန်များအားလုံး တအံ့တဩဖြစ်ကုန်ကြပြီး
ဝမ်းသာအားရလည်း ဖြစ်ကုန်ကြ၏။ နှလုံးပြန်ခုန်
လာသော လူနာမိန်းကလေး၏ မချုပ်ရသေးသေး
ဝိုင်းဗိုက်အတွင်းပိုင်းကို ခေါင်းဆောင် ခွဲစိတ်ဆရာဝန်
ကြီး ငုံ့ကြည့်လိုက်၏။
" ဟင်...."
ခေါင်းဆောင်ခွဲစိတ်ဆရာဝန်ကြီး မျက်လုံးပြူး
သွားသည်အထိ အလွန်အမင်း အံ့ဩသွားမိသည်။
မိန်းကလေး၏ ကိုယ်တွင်းဒဏ်ရာများမှာ သူတို့
ခွဲစိတ်ပေးထားသည်ထက် ပိုမိုသေသပ်နေပြီးအချို့
ဆိုးဆိုးရွားရွားထိခိုက်ထားသော နေရာများမှာလည်း
သိသိသာသာပင် သွေးတိတ်နေပြီးအကောင်းပကတိ
နီးပါး သက်သာနေသည်ကိုတွေ့လိုက်ရသည်မဟုတ်
ပါလား...
☯☯☯☯☯
"ဘာ!...စုမွန် ဆုံးပြီ..."
စောစောစီးစီး ကြားလိုက်ရသောဖုန်းထဲမှ
အမင်္ဂလာစကားကြောင့် ကျွန်တော် အံ့ဩသွား
မိသလို စိတ်မကောင်းလည်းဖြစ်သွားမိသည်။
ဖုန်းထဲမှ မေရန်ငြိမ်း၏အသံက တုန်ယင်နေပြီး
ငိုသံပါနေသောကြောင့် သူမနောက်နေခြင်းမဟုတ်
သည်ကတော့ သေချာပါ၏။
" နင့်သတင်းက သေချာလို့လာငြိမ်းရာ....
ဘာဖြစ်တာတဲ့လဲ..."
"စုမွန်က ကားတိုက်ခံရတာဇာမဏီ အန်တီမြ
(စုမွန်အမေ)ကတော့အရမ်းငိုနေတာ သတိတောင်
လစ်တယ်...စိတ်မကောင်းလိုက်တာဟာ..."
"ဟင်...တကယ်ကြီးပေါ့... အခုစုမွန်အလောင်း
က ဘယ်မှာလဲ..."
" ဆေးရုံကြီးမှာ ဇာမဏီ...ငါနဲ့ ရှိုင်းနေလည်း
ဆေးရုံရောက်နေကြတယ်...စုမွန် သနားပါတယ်
ဟာ... သေသင့်သေးတဲ့ အရွယ်မှမဟုတ်တာ...
တိုက်သွားတဲ့ ကားသမားကိုလည်း မမိဘူးတဲ့
တိုက်ပြီး ထွက်ပြေးသွားတာတဲ့.... အောက်တန်း
က္တဲ့လူပဲ..."
"ဪ...တော်တော်ဆိုးတဲ့ကားသမားပဲ..."
" ဇာမဏီ...စုမွန်ကိုလာကြည့်ပါဦးဟာ...အန်တီ
မြကိုလည်း ဝိုင်းပြီးနှစ်သိမ့်ပေးပါဦး..."
" အေး...အေး...ငါအခုလာပြီ..."
ကျွန်တော် ဖုန်းကိုချလိုက်ကာ အဝတ်အမြန်
လဲလိုက်ပြီး ဆေးရုံကြီးသို့သွားရန်ကျွန်တော့် ကား
ရှိရာသို့ အပြေးတပိုင်းဆင်းလာခဲ့သည်။
🕐🕑🕒
မဟူရာ အစီအရင်အရုပ်တစ်ရုပ်ကို သွေးရည်
များလောင်းနေရင်း မန္တာန်တစ်ပုဒ်ကို ခပ်တိုးတိုး
ရွတ်ဆိုနေ၏။
အသက် ၃၀ ကျော်သာရှိသေးသော်လည်း
ရှေးရိုးဆန်ပြီး ခပ်ငြိမ်ငြိမ်သာနေလေ့ရှိသော
သူမ၏အမူအယာကြောင့် မ မဟူရာဟု ခေါ်သူ
ရှားပြီး ဒေါ်မဟူရာဟုသာ ခေါ်သူများ၏။
နာမည်နှင့်လိုက်ဖက်အောင် အနက်ရောင်အင်္ကျီ ၊
လုံချည် များကိုသာ အဝတ်များလေသည်။
ညို့ငင်အားပြင်းသော အလှကိုပိုင်ဆိုင်ပြီး
သက်လတ်ပိုင်း အရွယ်ဖြစ်စေကာမူ တော်ရုံ
ဆယ်ကျော်သက်အလှပဂေးများပင် သူမ၏
ဆွဲဆောင်မှုရှိလှသော အလှကို ယှဉ်ပြိုင်နိုင်ခြင်း
မရှိပါ။
အောက်လမ်းပညာ၌ ပြိုင်ဘက်ရှားသော
ဆရာတစ်ဆူဖြစ်သော်လည်း ပညာသည်မှန်း
တော်ရုံ လူသိမခံဘဲ လူအနည်းငယ်သာ သူမ
အကြောင်းကို သိကြလေသည်။
ဒေါက်...ဒေါက်...
တံခါးခေါက်သံ ကြားလိုက်သည်နှင့်သူမ၏
အိမ်စေ တပည့်မလေး မိနက်ဖြစ်ကြောင်းသိ
သဖြင့် လှမ်းပြောလိုက်၏။(အစက အိမ်စေ
မိန်းကလေး၏ အမည်မှာ မိဖြူဖြစ်သော်လည်း
သူမက အနက်ရောင်သာကြိုက်သဖြင့် မိနက်ဟု
ပြောင်းလဲ ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ မိနက်သည်
ရွာငယ်လေးတစ်ခုမှ တစ်ကောင်ကြွက်မလေးဖြစ်
ပြီး မဟူရာ့ထံတွင် အလုပ်လုပ်နေသည်မှာ ၆နှစ်
ကျော်ခဲ့ပြီဖြစ်ပြီး မဟူရာ၏ လူယုံလက်ရုံးတစ်
ယောက်သဖွယ်ဖြစ်နေပြီဖြစ်၏။)
" အေး...မိနက်...ဝင်ခဲ့...."
အသက် ၂၀ ကျော်မိန်းကလေးတစ်ယောက်
ကအခန်းတံခါးဖွင့်ကာ ဝင်လာပြီး မဟူရာအား
ကြည့်လိုက်ရင်း
" ဟိုနေ့က...ကားတိုက်ခံရတဲ့ မိန်းကလေးရဲ့
မိဘတွေက မမနဲ့ တွေ့ချင်လို့တဲ့ ထပ်ရောက်လာ
ကြတယ်မမ... အခုဧည့်ခန်းမှာပါ...."
မဟူရာက မျက်မှောင်ကျုံ့လိုက်ရင်း
" အင်း...သူတို့နဲ့ ကိစ္စက ပြီးသွားခဲ့ပါပြီ သူတို့
ကလေးလည်း အခုလောက်ဆို သေမင်းလက်က
လွတ်ရောပေါ့... ဘာလို့ထပ်လာကြတာပါလိမ့်...
ကဲ...ကဲ...ငါလာခဲ့မယ်လို့ပြောလိုက်...."
"ဟုတ်...မမ..."
မိနက်က ရိုကျိုးစွာပြောပြီး အခန်းအပြင်သို့
ပြန်ထွက်သွားတော့သည်။
မဟူရာက အရုပ်တစ်ရုပ်ကိုသွေးစိမ်းလောင်း
ကာအစီအရင်တစ်ခုပြုလုပ်နေခြင်းကို ရပ်တန့်လိုက်
ပြီး သူမလက်တွင်ပေနေသော တိရိစ္ဆာန်သွေး
များကို ဘေစင်တွင် ဆေးကြောလိုက်ပြီး ဧည့်ခန်း
သို့ ထွက်လာခဲ့သည်။
ဧည့်ခန်းတွင် အသက်၄၀ ကျော်အရွယ်
အမျိုးသား တစ်ယောက်နှင့် အမျိုးသမီးတစ်
ယောက်က မဟူရာ့အား အလွန်အမင်းကျေး
ဇူးတင်နေသော အကြည့်များဖြင့်ကြည့်နေကြ
ပြီး သူတို့၏ မျက်ဝန်းများမှ ပျော်ရွှင်မှုအရိပ်အ
ယောင်များကို မဟူရာမြင်နေရ၏။
မဟူရာက ထိုအမျိုးသားနှင့် အမျိုးသမီးကို
အနည်းငယ်သာ ပြုံးပြရင်း
"ဘာကိစ္စရှိလို့ ထပ်ရောက်လာကြတာ
တုန်း..."
အမျိုးသမီးက မဟူရာ့ကို ရိုကျိုးစွာကြည့်ရင်း
"ဟို...လက်လွှတ်ရဖို့ သေချာသလောက်ရှိနေ
တဲ့သမီးလေးကို သေမင်းလက်က ပြန်လုပေးခဲ့တဲ့
အတွက် ကျေးဇူးတင်ကြောင်းလာပြောတာပါ
ဆရာမ..."
အမျိုးသားဖြစ်သူကလည်း ဝင်ပြော၏။
"ဟုတ်ပါတယ်ဆရာမ သမီးလေးရဲ့အတွင်း
ဒဏ်ရာတွေ ခဏလေးနဲ့ သိသိသာသာ ကောင်း
ကုန်လို့ ဆရာဝန်တွေတောင် အံ့ဩကုန်ကြပါ
တယ်....
ဘာပဲဖြစ်ဖြစ် ဆရာမက ကျွန်တော်တို့မိသားစု
ရဲ့ တကယ့်ကျေးဇူးရှင်ပါဗျာ..."
"မဟူရာက မဲ့ပြုံးပြုံးလိုက်ရင်း..."
"မလိုပါဘူး....ကျေးဇူးဆိုတာ....ကိုက်စားလိုမှ
မရတာပဲ....ဒီကိစ္စအတွက် ရှင်တို့ဆီက တန်ရာ
တန်ကြေးလည်း ကျွန်မရပြီးသားပဲလေ....
ထွေထွေထူးထူးထပ်ပြီး ကျေးဇူးတင်မနေနဲ့
တော့...တကယ်လို့သာ ရှင်တို့သမီး အခုလိုဖြစ်မ
လာဘဲသေသွားခဲ့မယ်ဆိုရင် ရှင်တို့ပေးခဲ့တဲ့ ငွေတွေ
ကိုပြန်တောင်းပြီး ကျွန်မကို ပြသနာလာရှာကြမှာ
မဟုတ်လား....အခုတော့လည်း အဆင်ပြေတယ်
ဆိုတော့ ကျေးဇူးတွေ တကူးတကလာတင်လို့...
မလိုပါဘူး....ရပါတယ်....
တစ်ခုပဲ ကျွန်မကိုကျေးဇူးတကယ်တင်ရင်...
ဒီကိစ္စကို စိတ်ချရတဲ့လူကလွဲရင် လူတိုင်းကို
လျှောက်မပြောပါနဲ့...."
အမျိုးသားကြီးနှင့် အမျိုးသမီးကြီးက ပြိုင်တူ
ခေါင်းညိမ့်လိုက်ကြရင်း
"စိတ်ချပါ ဆရာမ..."
အမျိုးသားကြီးက တစ်သောင်းတန် ခပ်ထူထူ
၁ အုပ်ကို မဟူရာ့ အရှေ့သို့ ကျိုးနွံ့စွာ တင်ပေး
လိုက်ရင်း
"ဒါက ဆရာမရဲ့ပညာကို လေးစားလွန်းလို့
ထပ်ပြီး ကန်တော့တာပါ...ကျေးဇူးထပ်ပြီး ဆပ်
တာပါဗျာ...လက်ခံပေးပါနော်...."
မဟူရာက မဲ့ပြုံးသာပြုံးလိုက်ရင်း
" ကောင်းပြီ...ကျွန်မပညာကို လေးစားလို့
ပေးတဲ့အတွက် လက်ခံလိုက်ပါ့မယ်..."
အမျိုးသားကြီးက ဝမ်းသာအားရ ခေါင်း
ညိမ့်လိုက်ရင်း
" ကျေးဇူးတင်ပါတယ်ဆရာမ ကျွန်တော်တို့ကို
ခွင့်ပြုပါဦးနော်..."
သူမခေါင်းညိမ့်ပြလိုက်ရင်း
" ကောင်းပြီ...."
အမျိုးသားကြီးနှင့် အမျိုးသမီးကြီးထွက်သွား
သည်နှင့် မဟူရာ အပြာရောင်ငွေစက္ကူထုတ်ကို
ကောက်ကိုင်လိုက်ရင်း ငွေစက္ကူအရွက်များကို
လက်မဖြင့် အရှည်လိုက်ဆွဲချ၍ကစားလိုက်ရင်း
ဖြောက်...ဖရောက်....
"ဟား..ဟား...ဟား...လောကကြီးမှာ ငါ့ကို
မတွန့်မတို ပေးကမ်းမယ့်သူတွေ ပိုများလာပါ
လား....ဟား...ဟား...ဟား..."
ခပ်တိုးတိုးရယ် လိုက်ရင်း သူမကိုပြုံး၍ ရပ်
ကြည့်နေသော မိနက်ကို ငွေစက္ကူထုတ်ကို
ပစ်ပေးလိုက်ရင်း
" ရော့...မီးခံသေတ္တာထဲထည့်လိုက် မိနက်
နင်သုံးဖို့လိုရင် ၅ ရွက်ယူလိုက်..."
"မလိုသေးပါဘူး မမ..."
"အေး...ငါ့အတွက် ဝိုင်ပုလင်းယူခဲ့ပေးစမ်း..."
"ဟုတ်ကဲ့ မမ...."
☯☯☯☯☯
ဆေးရုံရှိ သက်ဆိုင်ရာဌာနသို့ ကျွန်တော်
ဝင်လာခဲ့သည်။ စုမွန်အလောင်းကို ကုတင်တစ်ခု
ပေါ်၌ တွေ့ရပြီး ကုတင်အနီး၌ ရဲဝန်ထမ်း၂ယောက်၊
စုမွန်၏မိဘ၂ပါးနှင့် ဆွေမျိုးအချို့ကို တွေ့ရပြီး ရှိုင်းနေ
နှင့် မေရန်ငြိမ်းတို့လည်း ရောက်နေကြ၏။
အန်တီမြကို လူအများက ဝိုင်း၍နှစ်သိမ့်နေပြီး
မေရန်ငြိမ်းကလည်း သူငယ်ချင်းဖြစ်သူ စုမွန်အ
တွက် ငိုကြွေးထားဟန်ဖြင့် သူမ၏မျက်လုံးတို့
အတော်ပင် ရဲနေ၏။
ကျွန်တော် စုမွန်အလောင်းကို စိတ်မကောင်း
စွာကြည့်လိုက်မိသည်။ သူမ၏မျက်လုံးများက
ပိတ်ပေးထားသည့်တိုင် အနည်းငယ်ပွင့်နေသေး
ပြီး ခန္ဓာကိုယ်အချို့နေရာများ၌ ပွန်းပဲ့စုတ်ပြတ်
နေပြီး သွေးအလိမ်းလိမ်းဖြင့် ပေရေနေ၏။
ကျွန်တော် အန်တီမြကို နှစ်သိမ့်အားပေးစ
ကားပြောနေမိသော်လည်း အချိန်မတိုင်မီငယ်ငယ်
ရွယ်ရွယ်နှင့် ကြွေလွင့်ခဲ့ရသော သူငယ်ချင်းစုမွန်အ
တွက် ယူကြုံးမရဖြစ်နေမိသည်။
ရှိုင်းနေက ကျွန်တော့်ကိုကြည့်လာပြီး
ခေါင်းညိမ့်ပြသဖြင့် ရှိုင်းနေနှင့်အတူ ဝရံတာလျှောက်
လမ်းဘက်သို့ထွက်လာခဲ့သည်။
ရှိုင်းနေက သက်ပြင်းချလိုက်ရင်း
"စုမွန် နံရိုးတွေကျိုးကုန်တာလို့ ဆရာဝန်တွေ
ရဲ့စစ်ချက်အရသိရတယ်... ကားတိုက်ခံရတဲ့
လက္ခဏာပဲ ဇာမဏီ...."
" အေး...စိတ်မကောင်းစရာပဲကွာ...မထင်မှတ်
ထားဘဲ ငါတို့ သူငယ်ချင်းတစ်ယောက် ဆုံးရှုံးလိုက်
ရပြီ...
ထွက်ပြေးသွားတဲ့ ကားသမားက တော်တော်
လူမဆန်တာပဲ...အရက်မူးပြီးမောင်းတာ ထင်ပါ
ရဲ့ကွာ..."
ရှိုင်းနေက ခေါင်းကိုအနည်းငယ် ခါယမ်းလိုက်
ရင်း
"ထူးခြားနေတာ တစ်ခုရှိတယ်ကွ...အဲ့ကိစ္စကို
ရဲတွေလည်း အံ့ဩနေကြတယ်..."
"ဘာကိုလဲကြ..."
" စုမွန်က ကားတိုက်ခံရပြီးသေတယ်ဆိုတာ
ကိုသူ့ခန္ဓာကိုယ်က ဒဏ်ရာတွေကိုကြည့်ပြီး ယူဆ
ထားကြတာကွ...
တကယ်တော့..."
ကျွန်တော် ရှိုင်းနေ၏ ရှေ့မဆက်သေးသော
စကားကို စိတ်ဝင်စားမိသဖြင့်
"တကယ်တော့ ဘာဖြစ်လို့လဲ ရှိုင်းနေ..."
"ငါစုမွန် အလောင်းတွေ့ခဲ့တဲ့ နေရာကိုလေ့
လာပြီးပြီ... စုမွန်အိမ်မရောက်ခင် တစ်လမ်းကျော်
လမ်းပဲ... အဲ့လမ်းက ကားလမ်းမဟုတ်သလို...
ကားအဝင်အထွက်လည်း မရှိဘူး ဇာမဏီ..."
"ဟင်...."
ရှိုင်းနေစကားကြောင့် ကျွန်တော် တွေးရခက်
သွားမိသည်။
" မင်းကလည်း ကားအဝင်အထွက်မရှိတဲ့လမ်း
မှာ ဘယ်ကကားက လာပြီး စုမွန်ကို တိုက်သွား
တာလဲကွ..."
" ငါလည်း အဲ့တာကိုစဉ်းစားနေတာ ဇာမဏီ...
စုမွန်အလောင်းတွေ့တဲ့ လမ်းချိုးက လမ်းကျဉ်း
ဘက်...အချိုးအကွေ့ကလည်း ၃ ဆစ်လောက်
ရှိနေတာ...
ကားဝင်မယ်ဆိုရင်တောင် စုမွန်ကို
သေလောက်အောင် တိုက်ဖို့အတွက် အရှိန်ပြင်း
ပြင်းနဲ့ ကားမောင်းလို့ရတဲ့ လမ်းမျိုးမဟုတ်ဘူး...."
" ဟင်...."
" ကိုယ်ပိုင်ကားတချို့ တခါတလေ ဖြတ်ပေ
မယ့် လမ်းက မချောတဲ့အပြင် ကျဉ်းတာကြောင့်
ခပ်ဖြည်းဖြည်းပဲ မောင်းကြတာချည်းပဲ..."
" ပြီးတော့ အဲ့လမ်းအစွန်း၂ ဖက်စလုံးက လူတွေ
ရဲ့ပြောပြချက်အရ အဲ့လမ်းထဲကို အဲ့နေ့တစ်ညနေ
လုံး ဆိုင်ကယ်ဘဲဝင်ပြီး ကားအဝင်မရှိခဲ့ဘူးတဲ့..."
" နောက်တစ်ခုက စုမွန်အလောင်းဝန်းကျင်မှာ
ရော အဲ့ဒီ့အနီးအနားမှာပါ ကားတစ်စီးရဲ့ ခြေရာ
လက်ရာ သဲလွန်စ ဘာတစ်ခုမှမတွေ့ရဘူး..."
ကျွန်တော် မျက်မှောင်ကျုံ့လိုက်မိသည်။
" ဒါဆို မင်းပြောချင်တာက စုမွန်က ကားတိုက်
ခံရလို့ သေတာမဟုတ်ဘူးပေါ့..."
ရှိုင်းနေက ခဏတာ ငြိမ်သက်နေပြီးမှ
ပြန်ပြော၏။
" ဒဏ်ရာဒဏ်ချက်တွေအရတော့ ကားတိုက်
လို့သေတာလို့ ယူဆရမှာပဲ...ဒါပေမယ့် ကားတိုက်
ပြီး သေသင့်တဲ့ လမ်းမဟုတ်တာကို ငါစဉ်းစားလို့
မရဘူး ဖြစ်နေတာ..."
ကျွန်တော်ခေါင်းကိုဖြည်းညှင်းစွာညိမ့်လိုက်ရင်း
" မင်းပြောချင်တာက စုမွန်သေရတာ သဘာဝ
လွန် ကိစ္စတွေပါဝင်နေနိုင်တယ်လို့ ပြောချင်တာ
လား..."
ရှိုင်းနေက ခေါင်းညိမ့်လိုက်ရင်း
"အစစ်ပဲ....စုမွန်သေရတာ သွေးရိုးသားရိုး
မဟုတ်ဘူးလို့ ငါ့မသိစိတ်မှာ ခံစားနေရတယ်..."
စုမွန်က လူချစ်လူခင်ပေါသလို သူ့ကိုသတ်
ချင်လောက်အောင် မုန်းတဲ့သူ မရှိပါဘူးရှိုင်းနေ...
" အေး...ဟုတ်တယ်...စုမွန်ကို မုန်းတဲ့သူ
မရှိသလောက်ပါပဲ....
ဒါပေမယ့်...စုမွန်ကို မုန်းလို့သတ်တာမဟုတ်
ဘဲတခြားအကြောင်းကြောင့်သတ်တာလည်း
ဖြစ်နိုင်သေးတယ်လေ...
ဓမ္မချမ်းသာရွာက ကောင်မလေးတွေ အများကြီး
အသတ်ခံခဲ့ရတာ မင်းမှတ်မိဦးမှာပေါ့...သူတို့လည်း
မုန်းလို့အသတ်ခံခဲ့ရတာ မဟုတ်ဘူးလေ...."
( ထိုအကြောင်းအရာကို ပန်းခြွေမိစ္ဆာနှင့် သတ္တမ
မြောက်အပျိုစင် အပိုင်းဆက်ဝတ္ထုတွင် ဖော်ပြခဲ့ပြီး
ဖြစ်သည်။ )
မေရန်ငြိမ်းက နောက်ဘက်မှရောက်လာပြီး
ကျွန်တော်တို့ ၂ ယောက်ကြားဝင်လိုက်ရင်း
" စုမွန် ဘာကြောင့်ပဲ သေတာပဲဖြစ်ဖြစ်
စုမွန်ကို သေစေခဲ့တဲ့သူကို ငါတို့တက်နိုင်သ
လောက် ဖော်ထုတ်ကြတာပေါ့...
ရှိုင်းနေပြောသလို သဘာဝလွန်ကိစ္စတစ်ခု
ပါဝင်နေတယ် ဆိုရင်လည်း... ဒီကိစ္စတွေကို
ဖြေရှင်းပေးနိုင်တဲ့ ညီမလေးဒေဝီငါတို့ဘက်မှာ အ
ဆင်သင့်ရှိနေတာပဲ..."
ကျွန်တော်ရော ရှိုင်းနေပါ မေရန်ငြိမ်း၏
စကားကို ပြိုင်တူခေါင်းညိမ့်ပြ၍ ထောက်ခံလိုက်
ကြသည်။