အပိုင်း(၄)
အိပ်မောကျနေပြီဖြစ်သော အမဖြစ်သူ
ကို မိုးသက်ပြုံး၍ကြည့်လိုက်မိသည်။ ကုတင်
တစ်လုံးစီဖြစ်သော်လည်း အလုပ်သမားတန်း
လျားလေးတွင်မို့ တစ်ခန်းစီမအိပ်ကြရပါ။
မိုးသက် နှင်းကဗျာ၏ကိုယ်ပေါ်သို့ စောင်
ပါးလေးကိုခြုံပေးလိုက်၏။ မိခင်လို အမလို
သူငယ်ချင်းလို ချစ်ရသော အမဖြစ်သူက မိုး
သက်ဘဝတွင် အတွယ်တာရဆုံး လူသားတစ်
ယောက်မဟုတ်ပါလား....
အမဖြစ်သူ နှင်းကဗျာနှင့် ပြောခဲ့ဖူးကြ
သောစကားအချို့ကို ကြားယောင်လာမိသည်။
" မောင်လေးက မမရဲ့ ကမ္ဘာကြီးပါ...
မမက မောင်လေးကို အမြဲတမ်း အချစ်ဆုံးပဲ..."
"ဒါကတော့...မမချစ်သူမရခင်ပြောတာ
ပါဗျာ...ချစ်သူရရင် ကျွန်တော်က နံပါတ်နှစ်ဖြစ်
သွားမှာပါ..."
"ဟင့်အင်း....ချစ်သူရခဲ့ရင်တောင်...
အဲ့ဒီချစ်သူဟာ မောင်လေးနဲ့အဆင်ပြေတဲ့သူ
မောင်လေးကို ပံ့ပိုးပေးနိုင်မယ်သူကိုပဲရွေးမှာ..
ချစ်သူရခဲ့ရင်လည်း အဲ့ဒီ့ချစ်သူဟာ
မောင်လေးနဲ့ ယှဉ်ရင် နံပါတ်တစ်ဖြစ်မလာစေရ
ဘူး... မောင်လေးက မမ မသေမချင်း မမ အ
တွက် တစ်ဦးတည်းသော နံပါတ်တစ်..."
"ဟား...ဟား...အပျိုကြီးက အပြော
ကောင်းချက်ဗျာ...မယုံပါဘူးဗျာ..."
"တကယ်ပါဆို..."
"မယုံဘူး...ယုံစေချင်ရင် မုန့်ဝယ်ကျွေး.."
"ဟား...ဟား...ဒီကောင်လေးကတော့
လေ..."
မိုးသက် နှင်းကဗျာကိုစောင်ခြုံပေးပြီး
သည်နှင့် သူ၏ကုတင်လေးရှိရာသို့ သွားရန်ထ
လိုက်၏။
"အစ်ကို....အစ်ကိုထင်လင်း..."
"ဟင်..."
မိုးသက် အံ့ဩသွား၏။ သူ၏အမသည်
ထင်လင်းနာမည်ကို ယောင်၍ရေရွတ်နေသည်
မဟုတ်ပါလား...
"နှင်း...နှင်းလေ...အစ်ကို့ကို ချစ်ပါတယ်..."
"ဟင်... "
နှင်းကဗျာ ထပ်ယောင်လိုက်သောစကား
ကြောင့် မိုးသက်မျက်လုံးပြူးသွား၏။ မိုးသက်
အံ့ဩသွားသည်မှာ မဆန်းပါချေ။ ရင်ဖိုပင်မ
သမ်းဖူးသော အမဖြစ်သူ အပျိုသိုးလေးက
ယောက်ျားတစ်ယောက်ကို ချစ်သည်ဆိုပါလား...
မိုးသက်ကြည့်နေဆဲမှာပင် နှင်းကဗျာ
လန့်နိုးလာ၏။ သူမ မလုံမလဲဖြင့် မိုးသက်ကို
ပြောလိုက်၏။
" မောင်လေး...မအိပ်သေးဘူးလား..."
မိုးသက် သူမ၏အမေးကိုမဖြေဘဲ...
မေးခွန်းပြန်ထုတ်လိုက်၏။
"မမ.... အစ်ကိုထင်လင်းကို သဘောကျနေ
တာလား..."
"အာ...မ..မဟုတ်..."
"မမ ခုဏတုန်းက အစ်ကိုထင်လင်းကို
ယောင်နေတယ်..."
နှင်းကဗျာ ရှက်သွေးဖြန်းသွားသဖြင့်
ပါးနှဘက်ပန်းသွေးရောင်ရဲသွား၏။
"ကျွန်တော်က မမရဲ့အတွင်းစိတ်ကို
အနီးစပ်ဆုံးသိတဲ့သူပါ...မမ..အစ်ကိုထင်လင်းကို
ချစ်နေပြီလား..."
နှင်းကဗျာ ပြန်မဖြေမိ တိတ်ဆိတ်စွာ
ပင် ဝန်ခံ၍နေ၏။
မိုးသက်က သက်ပြင်းချလိုက်ရင်း
"လူတစ်ယောက် လူတစ်ယောက်ကိုချစ်
မိတာ အပြစ်မဟုတ်ပါဘူး မမရယ်...ဒါပေမယ့်
...မမနဲ့ အကိုထင်လင်းကဖြစ်နိုင်ချေ နည်းတယ်
မမ ခံစားရမှာ စိုးရိမ်လို့ပါမမရယ်....
မမကို အပြစ်မတင်ရက်ပါဘူး...ကျွန်တော်
တောင် သရဖူ့ကိုချစ်မိသေးတာပဲလေ...တစ်ဖက်
သတ်အချစ်က ပူလောင်တယ် မမရဲ့..."
နှင်းကဗျာ မိုးသက်ကို မေ့ကြည့်ရင်း
" မောင်လေး...မမကို အစ်ကိုထင်လင်း...
ချစ်ရေးဆိုတယ်..."
"ဟင်...တ...တကယ်ကြီး..."
"ဟုတ်တယ်မောင်လေး...လွန်ခဲ့တဲ့ ၃
ရက်လောက်ကပါ..."
မိုးသက် ခဏငြိမ်သက်နေပြီးမှ တ
ဖြည်းဖြည်း ပြုံးလာပြီး
"ဒါဆို ကောင်းတာပေါ့ မမရဲ့ မြန်မြန်
သာ အဖြေပေးလိုက်တော့ အစ်ကိုထင်လင်းလို
လူမျိုးက ချစ်ရေးဆိုတာ...မမကံကောင်းတာ
ပဲ...ရုပ်လဲချောတယ် ချမ်းလည်းချမ်းသာ
တယ်...သဘောလည်းကောင်းတယ်...ပြီးတော့
ဆရာဝန်....ဘယ်လောက်ကောင်းလဲ...လက်ခံ
လိုက်တော့မမ..."
" ကောင်စုတ်လေး...အမကို သူများ
လက်ထဲ ဘယ်ကတည်းကထိုးထည့်ချင်နေလဲ
မသိဘူး... အဲ့လိုမြန်မြန်အဖြေပေးလိုက်ရင်
မမသိက္ခာကျသွားမှာပေါ့..."
" ဟာ...မမကလဲ...ဘာလို့သိက္ခာကျရမှာ
တုန်း...သူကိုယ်တိုင်က လိုလိုချင်ချင် ချစ်ရေး
ဆိုတာကို... မြန်မြန်သာ လက်ခံလိုက်..."
" မမ...စဉ်းစားပါဦးမယ်...သူ့လိုလူကိုငြင်း
စရာမရှိဘူးဆိုပေမယ့်...တစ်သက်လုံးပေါင်းစပ်
ဖို့ ဖြစ်နိုင်မဖြစ်နိုင်ကိုပေါ့..."
နှင်းကဗျာ မှိုင်တွေသွားပြီး အတွေး
နယ်ချဲ့နေတော့၏။ မိုးသက်လည်း သူမအ
တွေးကို မနှောက်ယှက်လိုတော့သဖြင့် သူ၏
ကုတင်လေးပေါ်သို့ လှဲချကာ နှဖူးပေါ်လက်တင်
ကာ ငြိမ်သက်၍နေပေးလိုက်၏။ သူ၏စိတ်ထဲ
တွင်တော့ အမဖြစ်သူနှင်းကဗျာကို သူလေးစားရ
သော ထင်လင်းက ချစ်ရေးဆိုသည်ကိုသိရသဖြင့်
ကျေနပ်ပျော်ရွှင်နေမိသည်။
☯☯☯☯☯
လအနည်းငယ်အကြာတွင်...
အချိန်ယူကာ စဉ်းစားဦးမည်ဟုတွေး
ထးသော ဦးဏှောက်၏အစီအစဉ်ကို နှလုံးသား
က ဆန့်ကျင်လိုက်ပြီးဖြစ်၏။
နှင်းကဗျာ နှလုံးသားမှရုတ်တရက်ဖြစ်
ပေါ်လာသာ နူးညံ့ညှင်သာမှုကို မလွန်ဆန်နိုင်သ
ဖြင့် ခေါင်းကိုဖြည်းညှင်းစွာ ညိမ့်ပြလိုက်မိတော့
သည်။
ထင်လင်းက ဝမ်းသာစွာပြုံးလိုက်ရင်း
"ဝမ်းသာလိုက်တာ နှင်းရယ်...ကိုအရမ်း
ပျော်တာပဲကွာ.... ကို့အချစ်ကို အခုလိုလက်
ခံပေးပြီး ကို့ကိုပြန်ချစ်တဲ့အတွက် တကယ်
ကျေးဇူးတင်ပါတယ်..."
ထင်လင်းက အပျော်လွန်ကာနှင်းကဗျာ
ကို ဖက်ထားလိုက်၏။
"အစ်ကို....အဲ့လို မလုပ်ပါနဲ့နော်...နှင်းရှက်
လို့ပါ..."
"ဪ....နှင်းကလည်း...ချစ်သူတွေ
ဖြစ်နေပြီဟာကို... ခဏလေးတော့ ဖက်ထားပါ
ရေစ..."
" တောင်းပန်ပါတယ် အစ်ကိုရယ်...နှင်းကို
လွှတ်ပါနော်..."
နှင်းကဗျာ၏ အသံငိုသံပါလာသဖြင့်
ထင်လင်း အမြန်လွှတ်ပေးလိုက်မိသည်။
"ဟင်....နှင်း...ငိုတော့မငိုပါနဲ့ကွာ...ကို
တောင်းပန်ပါတယ်..."
"အစ္ကို..."
" ပြောလေနှင်း..."
"အစ်ကိုနှင်းကို ချစ်တယ်ဆိုတာ သေချာ
ရဲ့လားဟင်..."
"ဪ...နှင်းကလည်း...မေးစရာလိုသေး
လို့လား..."
"အစ်ကို့ကို နှင်းဘယ်လိုယုံရမှာလဲ..."
"တကယ်ပါဆို...ကျိန်ပြရမလား..."
"ဟင့်အင်း...ဟင့်အင်း...မကျိန်ပါနဲ့...
နှင်း...နှင်းလေ...အစ်ကို့ကိုဒီအိမ်ကြီးကိုစရောက်
ကတည်းက ချစ်မိနေခဲ့တာပါ...ဒါပေမယ့်...
နှင်းရင်ထဲက အချစ်တွေကို နှင်းလုံခြုံအောင်
သိမ်းထားခဲ့ပါတယ်...
အခုအစ်ကို နှင်းကိုချစ်ရေးဆိုတော့ နှင်း
ပြောမပြတက်အောင် ပျော်မိပါတယ်...ဒါပေ
မယ့်...အစ်ကိုနဲ့နှင်းက အဆင့်အတန်းချင်းကွာ
လွန်းတာကြောင့် ပကာသနဆိုတဲ့ အရာကြီးက
အစ်ကိုနဲ့ နှင်းကြားမှာ တံတိုင်းတစ်ခုဖြစ်လာမှာ
ကို နှင်းကြောက်နေမိတယ်....
နှင်းကမချစ်ဘဲလည်းနေနိုင်ပါတယ်...
ဒါပေမယ့် ချစ်မိပြီဆိုရင်လည်း လမ်းခွဲခြင်းနဲ့
အဆုံးသတ်ရရင် နှင်းရူးသွားနိုင်တယ်..."
ထင်လင်း နှင်းကဗျာနှင့် မျက်လုံးချင်း
ဆုံအောင်ကြည့်လိုက်ရင်း
" စိတ်ချပါ...ကို...နှင်းကို ဘယ်တော့မှ
မထားခဲ့ပါဘူး....အမြဲတမ်း...ချစ်သွားမှာပါ..."
နှင်းကဗျာ ပြုံးနေပါ၏။ သို့သော်...
အနည်းငယ် ညိုးငယ်နေသောအပြုံး...
☯☯☯☯☯
"ဘာ...ဘယ်လို ဦးလေး..."
ကြားလိုက်ရသောစကားကြောင့် နှင်းကဗျာ
ကိုယ့်နားကိုယ်မယုံနိုင်လောက်အောင် ဖြစ်သွား
မိသည်။
မာလီ ဦးကျော်ဦးက သူ၏မျက်ရည်များ
ကို လက်ဖမိုးဖြင့်သုတ်လိုက်ရင်း
"ဟုတ်တယ် သမီးရယ်...ဦးလေးရဲ့သမီး
လေး နှင်းဆီဖြူ လူယုတ်မာတစ်ယောက်ရဲ့ ရက်
ရက်စက်စက် အနိုင်ကျင့်သတ်ဖြတ်တာကို
ခံလိုက်ရပြီသမီး...
အနေအေးပြီး စိတ်ထားကောင်းတဲ့ဦး
လေးရဲ့ သမီးလေးမှ ဒီလိုအဖြစ်ဆိုးမျိုးကိုကြုံရ
တယ်လို့...ကံကြမ္မာကြီးက ရက်စက်လိုက်တာ
ကြာ..."
" ဖြစ်ရလေ ညီမလေးရယ်...ဒီလောက်
စိတ်ကောင်းရှိတဲ့ ညီမလေးကို ဘယ်လိုမိစ္ဆာ
ကောင်မျိုးက ဒီလိုလုပ်ရက်တာပါလိမ့်...."
နှင်းကဗျာလည်း နှင်းဆီဖြူအား ဂရုဏာ
သက်မိပြီး မည်သူမှန်းမသိရသေးသော လူသတ်
သမားကို ခံပြင်းဒေါသဖြစ်နေမိသည်။
"ဦးလေး...သံသယရှိတဲ့သူရှိလား..."
ဦးကျော်ဦးက မျက်ရည်များစီးကျနေ
သော ပါးပြင်ကိုမသုတ်တော့ဘဲ ခဏငြိမ်သက်
နေပြီးမှ
"ဦးလေးတို့ အနောက်လမ်းက အရက်သ
မား အဂ္ဂကို ဦးလေးမသင်္ကာဘူး....ဒီကောင်က
သမီးလေးကို ကြံစည်နေတာ...သမီးလေးအ
လုပ်က ပြန်လာတိုင်း ရိသဲ့သဲ့စကားလိုက်ပြော
တယ်တဲ့...တစ်နေ့ကလည်း သမီးလေးကို လက်
ဆွဲပြီး ရည်းစားစကားပြောလို့ သမီးလေးက သူ့
ကို ပါးရိုက်လိုက်မိတယ်လို့ ဦးလေးကို ပြန်ပြော
ပြတယ်...."
"ဟင်...ဒါ...ဒါဆို...ညီမလေးကိုသတ်တဲ့
လူယုတ်မာက အဂ္ဂဖြစ်နိုင်တာပေါ့..."
"ဟုတ်တယ်သမီး...ဒါပေမယ့်...အဂ္ဂကို
ခေါ်ပြီးစစ်ဆေးခဲ့ပေမယ့်...ဘာသက်သေမှမရှိ
တဲ့အတွက်သူအမှုက လောလောဆယ်လွတ်
မြောက်နေတယ်သမီး....
သူကတောင်အသရေဖျက်မှုနဲ့ ဦးလေးကို
ပြန်တရားဆွဲမယ်ဆိုပြီးခြိမ်းခြောက်တယ်လေ...
တရားခံဟာ ဒီကောင်ပဲဆိုတာဦးလေး အလိုလို
သိနေပါတယ်...ဒါ...ဒါပေမယ့်သမီးရယ်...လူ
ယုတ်မာ မုဒိန်းကောင်က ကြိုတင်စီစဉ်ပြီး ပိပိရိ
ရိ ယုတ်မာသွားတာ... ဘာသဲလွန်စမှမကျန်
အောင် အကာအကွယ်ပစ္စည်းသုံးသွား...ဟီး....
ဟီး....မပြောပါရစေနဲ့တော့ သမီးလေးရယ်အ
ဖြစ်ဆိုးလိုက်တာကွယ် ...
အရှက်အကြောက်ကြီးလွန်းတဲ့ကလေး
အခုတော့ အရှက်တကွဲအကျိုးနဲ နဲ့ မရှုမလှ
သေရပြီပေါ့....ဝဋ်ကြွေးရှိရင် ကုန်ပါစေကွယ်..."
ဦးကျော်ဦးက သူ့ဘာသာပြောပြီးသူ့ဘာ
သာငိုနေပါ၏။သေဆုံးသူ သမီးအတွက်ပရိဒေဝ
မီး လောင်ကျွမ်းခံစားနေရသည်မှာ သနားစဖွယ်
ဖြစ်နေပါ၏။
နှင်းကဗျာလည်း လူသတ်သမားအယုတ်
တမာကောင်အား ဒေါသဖြစ်လာမိသည်။
"ဦးလေး...သဲလွန်စတစ်ခုလေးတစ်ခု
တောင်မကျန်ခဲ့ဘူးလားဦးလေးရယ်..."
"မကျန်ခဲ့ပါဘူးသမီးရယ်...လူသတ်သမား
က ကြိုတင်စီစဉ်ထားခဲ့တာလေ...သဲလွန်စတွေ
ဖျောက်ဖျက်ပြီးပြီ...ဒီလူယုတ်မာဒီအမှုက လွတ်
မြောက်သွားမှာပါ သမီးရယ်...တရားကိုနတ်
စောင့်တယ်ဆိုတဲ့စကားက အလကားပါပဲ....
တကယ်တော့...ဥပဒေဆိုတာလည်း...ဦးလေး
တို့လို အခြေခံလူတန်းစားတွေအတွက် အပြည့်
အဝကာကွယ်မပေးနိုင်ပါဘူးလေ...
ဦးလေးသမီးလေး နေရာမှာ အာဏာနဲ့
ငွေရှိတဲ့ အသိုင်းအဝိုင်းကမိန်းကလေးသာဖြစ်
ကြည့်...တာဝန်ရှိသူတွေ အခုလောက်ဆိုရင်
ယောက်ယက်ခက်နေမှာပါလေ....ဦးလေးသမီးလေး
ကျတော့ လူတစ်ယောက်လုံး ရက်ရက်စက်စက်
အရှက်တကွဲနဲ့ အသတ်ခံခဲ့ရတာတောင်...သက်
ဆိုင်ရာတာဝန်ရှိသူတွေ...သွေးအေးနေကြသလိုပါပဲ....
လောကကြီးက ဒီလိုပါပဲလေ......"
ဦးကျော်ဦးက အငိုမတိတ်သေးဘဲ အလုပ်
သမားတန်းလျားလေးရှိရာသို့ တရွေ့ရွေ့ထွက်
ခွာသွားပြီဖြစ်၏။
ဦးကျော်ဦးတို့ သားအဖမှာ နှင်းကဗျာတို့
မောင်နှမနှင့် အမျိုးရင်းချာများလို ခင်မင်ကြပြီး
နှင်းကဗျာလည်း သေဆုံးသူနှင်းဆီဖြူအားညီမ
လေးအရင်းလို တွယ်တာခဲ့မိပါသည်။
ဦးကျော်ဦးနှင့် နှင်းဆီဖြူတို့သားအဖက
နယ်မှရန်ကုန်သို့ တက်လာကြခြင်းဖြစ်ပြီး ၎င်းတို့
သားအဖ ငှားနေကြသောအိမ်ကလေးမှာ နှင်းက
ဗျာ ယခုနေထိုင်သော ဦးတိုင်းကျော်၏ခြံကြီး
နှင့် မလှမ်းမကမ်းရပ်ကွက်တစ်ခုတွင်ရှိပါ၏။
ဦးကျော်ဦးက မနက်ပိုင်းတွင် ဦးတိုင်း
ကျော်တို့ခြံတွင် မာလီအလုပ်လာလုပ်ကာ ည
အချိန်တွင် ပြန်အိပ်လေ့ရှိသည်။ နှင်းဆီဖြူမှာ
လည်း မနက်ပိုင်းတွင် အထည်ချုပ်စက်ရုံတစ်ခု
တွင် အလုပ်လုပ်ပြီး ညအချိန်အိမ်ပြန်ချိန်တွင်
ယခုကဲ့သို့ လူယုတ်မာတစ်ယောက်၏အနိုင်ကျင့်
သတ်ဖျက်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။
နှင်းကဗျာ သေဆုံးသူ နှင်းဆီဖြူအတွက်
ခံပြင်းမိကာ လူသတ်သမားအား တစ်စုံတစ်ရာ
တုံ့ပြန်လိုစိတ်သာ ပြင်းပြနေ၏။
🕐🕑🕒
နှင်းကဗျာ အင်တာနက်မှ မုဒိန်းကျင့်အ
သတ်ခံရသော နှင်းဆီဖြူ၏သတင်းကို ဖုန်း
Screen မှဖတ်ကြည့်မိသည်။
ရန်ကုန်တိုင်းဒေသကြီး....မြို့နယ်....ရပ်
ကွက်တွင် နေထိုင်သူ မိန်းကလေး မနှင်းဆီဖြူ
အသက် ၁၉နှစ်သည် အထည်ချုပ်စက်ရုံမှ အချိန်
ပိုဆင်းပြီးပြန်ချိန်၌ ရက်စက်စွာအဓမ္မကျင့်အသတ်ခံ
ခဲ့ရ၏။
လူသတ်သမားသည်ကြိုတင်ပြင်ဆင်ထား
ပုံပေါ်ပြီးအကာအကွယ်ပစ္စည်းအသုံးပြုခဲ့သဖြင့်
သူမ၏ မိန်းမကိုယ်တွင် သုတ်ပိုးသဲလွန်စမကျန်သည့်
အပြင် အခြားခြေရာလက်ရာများပါ ဖျောက်ဖျက်
ခံခဲ့ရသဖြင့် တာဝန်ရှိသူများ တရားခံအား ဖော်
ထုတ်ရန် အခက်တွေ့နေပါသဖြင့်....
နှင်းကဗျာ စာကိုဆုံးအောင်မဖတ်တော့ဘဲ
ဖုန်းကို ပိတ်ပစ်လိုက်ရင်း တက်ခေါက်လိုက်မိ
သည်။
" တောက်...!!"
🕛🕧🕐
ဝေါ....ဖရော....
ရပ်ကွက် အပြင်လမ်းဖြစ်သောကြောင့်
လေတိုက်သံများမှအပ အခြားအသံများ အ
တော်ပင်တိတ်ဆိတ်နေ၏။
မနေ့ကမှ လူသတ်မှုဖြစ်ထားသော အ
ခင်းဖြစ်ရာ မြေကွက်လပ်နေရာသို့ မိန်းမပျို
တစ်ယောက်၏အရိပ်တစ်ခု တရွေ့ရွေ့လာနေ
၏။
အချိန်မှာ ည ၁၀ နာရီခန့်ပင်ရှိပြီဖြစ်၏။
နှင်းကဗျာ နှင်းဆီဖြူအသတ်ခံခဲ့ရသောအ
ခင်းဖြစ်ရာနေရာသို့ တစ်ယောက်တည်းရောက်
ရှိနေခြင်းဖြစ်သည်။ အသင့်ပါလာသောဖုန်းကို
led မီးဖွင့်လိုက်ပြီး ထိုမြေပြင်တဝိုက်သို့ လိုက်
လံကြည့်ရှုမိသည်။
" ဟင်..."
နှင်းဆီဖြူ အသတ်ခံခဲ့ရသည့်နေရာနှင့်
၇ပေခန့်လောက်တွင် အနက်ရောင်ကြယ်သီး
တစ်လုံးကို တွေ့လိုက်ရ၏။
နှင်းကဗျာ ထိုကြယ်သီးကို ကောက်ယူ
လိုက်ရင်း မဲ့ပြုံးပြုံးလိုက်၏။
" ဒီကြယ်သီးပိုင်ရှင်ဟာ ညီမလေးနှင်းဆီ
ဖြူကို သတ်တဲ့ လူယုတ်မာဆိုရင်တော့...ရှင်ဒီ
ည ကံဆိုးပြီသာမှတ်..."
နှင်းကဗျာက အသင့်ယူလာသော ၈လက်မ
ခန့်သာရှိသော ယွန်းဗူးလေးကို ထုတ်ယူလိုက်
၏။ ထို့နောက် ယွန်းဗူးလေးကိုဖွင့်လိုက်ကာ
အတွင်းမှ အရုပ်ကလေးတစ်ရုပ်ကို ထုတ်ယူ
လိုက်၏။ ၇လက်မခန့်ရှိသော ငရဲခွေးကဲ့သို့
ခွေးရုပ်တစ်ရုပ်ဖြစ်၏။ အနက်ရောင်ကျွန်းနက်
သားဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး မျက်လုံးနေရာ
ကို ကျောက်နီတစ်မျိုးထည့်ထား၏။
နှင်းကဗျာက မန္တန်တစ်ပုဒ်ကို ခပ်တိုးတိုး
ရွတ်ဆိုလိုက်ပြီးစောစောကကောက်ရထားသော
ကြယ်သီးကိုသစ်သားခွေးရုပ်ကလေး၏ ဟနေ
သော ပါးစပ်အတွင်းသို့ထည့်ထားလိုက်၏။
"သားကြီးငနက်... ဒီကြယ်သီးပိုင်ရှင်က
မနေ့က ဒီနေရာမှာမိန်းကလေးတစ်ယောက်ကို
အနိုင်ကျင့်ပြီး သတ်ခဲ့သလား...."
၁မိနစ်ခန့်ကြာအောင် တိတ်ဆိတ်နေ၏။
နှင်းကဗျာကလည်း ကျောက်ရုပ်လိုငြိမ်သက်နေ
ကာ တစ်စုံတစ်ရာကိုစောင့်ဆိုင်းနေဟန်ရှိ၏။
အတန်ကြာမှ အမှောင်ထုအတွင်းမှမီးကျီ
ခဲလိုရဲနေသော မျက်လုံးကြီးနှစ်လုံး ရုတ်တရက်
ပေါ်လာပြီး မာန်ဖီသံကဲ့သို့ အသံများထွက်လာ
၏။
ဂါး....ဂရား.....
နှင်းကဗျာက သစ်သားခွေးရုပ်ကလေး
ကိုသာစိုက်ကြည့်ရင်း
"ဟုတ်ပြီ...ဒါဆို...သားကြီးငနက် ငါ့ကို
နင့်မျက်လုံးခဏငှားစမ်း...မနေ့ညက ဒီမှာ ဒီ
ကြယ်သီး ဘယ်လိုပြုတ်ခဲ့တယ် ဘယ်သူပြုတ်
ခဲ့တယ်ဆိုတာကို ပြစမ်း...."
ဂီး.....ဂါး....ဂရား.....
အတန်ကြာ တိတ်ဆိတ်သွားပြန်၏။
အမှောင်ထဲမှ မီးကျီခဲလိုမျက်လုံးကြီးပျောက်
ကွယ်သွားပြန်ပြီး နှင်းကဗျာကတော့ ကျောက်
ရုပ်လို ငြိမ်သက်စွာ ရပ်နေဆဲဖြစ်၏။
"အား!!..."
နှင်းကဗျာ ငြိမ်သက်စွာ ရပ်နေရာမှ
ရုတ်တရက် မီးဆနှင့်ထိုးလိုက်သလို ပူလောင်
လာသော သူမ၏မျက်လုံးများကို လက်ဖမိုးများ
ဖြင့် ယောင်ရမ်း၍ ပွတ်လိုက်မိသည်။
"အ!!...."
အသည်းခိုက်အောင် ပူလောင်လှသော်
လည်း အံကိုကျိတ်ရင်း မျက်လုံးများကို ဖွင့်
ကြည့်လိုက်၏။ နှင်းကဗျာ၏ မျက်လုံးနှစ်လုံး
မီးကျီခဲလို နီရဲ၍နေတော့သည်။
သူမအရှေ့ရှိ ဘာမှမရှိသော မြေကွက်လပ်
အလွတ်တွင် အနီရောင်ဝိုးတဝါးပုံရိပ်များကို
မြင်လာရပြီး ပုံရိပ်များမှာတဖြည်းဖြည်းပြတ်
သားလာ၏။
"ဟင်..."
မိန်းကလေးတစ်ယောက်ကို ယောက်ျား
တစ်ယောက်က အဓမ္မမှုပြုကာ အနိုင်ကျင့်နေ
ခြင်းဖြစ်၏။ မျက်စိရှက်စရာ ကောင်းလှသော
မြင်ကွင်းကြောင့် နှင်းကဗျာ ရှက်ရွံ့သွားမိသော်
လည်း သိချင်သော အဖြေတစ်ခုရှိနေသည်မို့
စိတ်ကို စုစည်းကာ ကြည့်လိုက်မိသည်။
အနိုင်ကျင့်ခံနေရသော မိန်းကလေးမှာ
နှင်းဆီဖြူပင်ဖြစ်ပြီး သူမအားယုတ်မာနေသူမှာ
သူမထင်ထားသလို အရက်သမားအဂ္ဂပင်ဖြစ်၏။
ဝိုးတဝါး အသံများကိုလည်းတဖြည်း
ဖြည်း ပြတ်သားစွာကြားလာရ၏။
"ဟင်...ကောင်မ...ချစ်တယ်ပြောတာ
လေးနဲ့ ငါ့ကိုပါးရိုက်တယ်ဟုတ်လား...ဟင်...
အခုဘာတက်နိုက်သေးလဲ...နင့်မာနကို ဒီည
ရိုက်ချိုးပြမယ်...နင့်ကိုကောင်းကောင်းဖျက်
ဆီးပြီးမှ သတ်ပစ်ရမယ်...
ငါ့ဆန္ဒပြည့်ဝတာနဲ့ နင်အသေဆိုးနဲ့သေ
ဖို့သာပြင်ထား...."
"ဟီး...အဟင့်...မလုပ်ပါနဲ့ရှင်...ကျွန်မ
ရှိခိုးပြီးတောင်းပန်ပါတယ်....အား.....
အဲ့...အဲ့ဒီ့နေ့က ရှင်ကလက်ကိုဆွဲလို့
ကျွန်မရှက်လွန်းလို့ ရိုက်လိုက်မိတာပါ...အ!!...
ကျွန်မကို ဒုက္ခမပေးပါနဲ့ရှင်..."
"ပါးစပ်ပိတ်ထား ေ-ာက်ကောင်မ..."
ဖြန်း...!!
"အ!!.."
"ကယ်ကြပါဦးရှင်...."
"ဟား...ဟား...ကြိုက်သလောက်
အော် ဒီအချိန်ဒီလမ်း ဘယ်သူမှမလာဘူး...
ဟား...ဟား...."
"ကယ်ကြပါဦး...အ!!..."
"အ!!..အစ်...အစ်....ဂစ်..."
အဂ္ဂက သူ၏ဆန္ဒပြည့်ဝသည်နှင့်
နှင်းဆီဖြူ၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့်စုံ
ဖိညှစ်၍ သတ်ဖြတ်နေတော့၏။
နှင်းဆီဖြူက သေငယ်ဇောနှင့် ခံစားနေ
ရချိန်ဖြစ်၍ လုပ်မိလုပ်ရာ အဂ္ဂ၏အင်္ကျီကိုဆွဲ
ဆုတ်လိုက်မိရာ ကြယ်သီးတစ်လုံးလက်ထဲပါ
လာပြီး လက်ကိုယမ်းလိုက်မိသဖြင့် ကြယ်သီး
မှာ ပေအနည်းငယ်ဝေးသော နေရာသို့ ရောက်
ရှိသွားခဲ့သည်။
"အ!!..အစ်...ဂစ်...အစ်....အွတ်...."
နှင်းဆီဖြူ လျာအနည်းငယ်ထွက်လာ
ပြီး မျက်လုံးနှစ်လုံးပြူးကျယ်သွားကာ ညိမ်
သက်သွားတော့မှ အဂ္ဂက သူမကိုယ်ပေါ်မှဆင်း
ကာ အဝတ်စားများကို ပြန်ဝတ်နေ၏။
ပြီးမှ နှင်းဆီဖြူ၏ မျက်စိရှက်စရာဖြစ်
နေသောအလောင်းကို မဲ့ပြုံးပြုံး၍ကြည့်လိုက်
ပြီး သူမ၏ပါးပြင်ကိုခြေဖြင့်နင်းလိုက်ရင်း
"မှတ်ထား...အဂ္ဂကိုကြောရင် အဲ့လိုမရှု
မလှသေရမယ်ဆိုတာ...တမလွန်အထိ မှတ်သွား
ေ-ာက်ကောင်မ...ထွီ......"
ပုံရိပ်များက တဖြည်းဖြည်းမှုံဝါးလာ
ကာ ပြန်လည်ပျောက်ကွယ်သွားတော့၏။
နှင်းကဗျာ၏မျက်လုံးများလည်း ပကတိအ
ရောင် ပြန်လည်ဖြစ်သွားကာ မျက်ရည်တို့တ
သွင်သွင်စီးကျနေ၏။
သူမ အားအင်ကုန်ခမ်းသွားသည့်အလား
နေရာ၌ပင် ဒူးထောင်လဲကျ၍သွားသည်။
နှင်းကဗျာ အတန်ကြာအောင်ငြိမ်သက်
နေပြီးမှ သစ်သားခွေးရုပ်ကလေး၏ဦးခေါင်း
ပိုင်းကို စိုက်ကြည့်လိုက်ကာ တစ်လုံးချင်းပြော
လိုက်၏။
"သားကြီးငနက်....ဒီကြယ်သီးပိုင်ရှင်ကို
မနက်ဖြန် အသတ်ရှင်နေတာ မမြင်ချင်ဘူး...."
ဂါး.....ဂရား...........