My Husband Hates Me ( Complet...

By Eros_90

1.8M 80.9K 3.3K

" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက္ထက္ပန... More

Review ( Uni + Zaw )
Part - 1 ( Unicode )
Part - 1 ( Zawgyi )
Part - 2 ( Unicode )
Part - 2 ( Zawgyi )
Part - 3 ( Unicode )
Part - 3 ( Zawgyi )
Part - 4 (Unicode)
Part - 4 (Zawgyi)
Part - 5 (Unicode)
Part - 5 ( Zawgyi )
Part - 6 (Unicode)
Part - 6 ( Zawgyi )
Part - 7 ( Unicode )
Part - 7 ( Zawgyi )
Part - 8 ( Unicode)
Part - 8 ( Zawgyi )
❗Please ❗(Uni+Zaw)
Part - 9 ( Unicode) ❗
Part - 9 ( Zawgyi) ❗
Part - 10 (Unicode)
Part - 10 ( Zawgyi)
Part - 11 ( Unicode)
Part - 11 ( Zawgyi)
Part - 12 ( Unicode )
Part - 12 ( Zawgyi )
Part - 13 ( Unicode )
Part - 13 ( Zawgyi )
Part - 14 (Unicode)
Part - 14 ( Zawgyi )
Part - 15 ( Unicode)
Part - 15 ( Zawgyi)
Part - 16 ( Unicode )
Part - 16 ( Zawgyi)
Please ❗❗❗ (Uni+Zaw)
Part - 17 ( Zawgyi)
Part - 18 ( Unicode )
Part - 18 ( Zawgyi )
Part - 19 ( Unicode )
Part - 19 ( Zawgyi )
Part - 20 ( Unicode )
Part - 20 ( Zawgyi )
Part - 21 ( Unicode )
Part - 21 ( Zawgyi )
Part - 22 ( Unicode )
Part - 22 ( Zawgyi )
Part - 23 ( Unicode)
Part - 23 ( Zawgyi )
Part - 24 ( Unicode)
Part - 24 ( Zawgyi )
Part - 25 ( Unicode)
Part - 25 ( Zawgyi)
❗❗Please
Part - 26 ( Unicode )
Part - 26 ( Zawgyi )
Part - 27 ( Unicode)
Part - 27 (Zawgyi)
Part - 28 ( Unicode)
Part - 28 ( Zawgyi)
Part - 29 ( Unicode)
Part - 29 ( Zawgyi)
Part - 30 ( Unicode)
Part - 30 ( Zawgyi)
Part - 31 ( Unicode)
Part- 31 ( Zawgyi)
Thank you for all ( uni+Zaw)
Book
Fiction Review ( Uni + Zaw )
မကိုဋ်ထွဋ်ခေါင် ( မကိုဋ်ထွဋ်ခေါင် ) (Artist - Alexi_Heyzel)
သကျထကျပနျ ( သက်ထက်ပန် ) ( Artist - A Nai )
နှစ်ဖက်လှ PC Preorder Gift ( Arist- Kaung Mon Hein (Ika))
Head Chibi Diecut Bookmark ( Artist -Jiro Illustration )
Book Cover & Book Details ( Artist -Jumper )
Limited Gift

Part - 17 ( Unicode)

38.9K 2.2K 183
By Eros_90

အပိုင်း - ၁၇



အဖျားခတ်တုန်ရီသွားသောစကားသံနှင့် လွင့်စင်ကျလာ
သည့်မျက်ရည်တစ်စက်။ ဘာကြောင့်မှန်းမသိ
သတ်ထက်ပန်ရဲ့ နှလုံးသားထဲအထိနင့်နင့်နဲနဲဝမ်းနည်း
သွားစေသည်။ ဖြေးဖြေးလေးတိုက်ခတ်နေသည့် လေနုအေး။
တိတ်ဆိတ်လွန်းသည့်ပတ်ဝန်းကျင်။ သက်ရှိလူသားနှစ်ယောက်၊ သက်မဲ့အုတ်ဂူလေးတစ်ခု ။ ရေစက်ပါလာလို့
ဆုံတွေ့ရတာမျိုးထင်ပါရဲ့။

*
*
*
*
*
*
*
*

" ကိုကိုက ဒီတစ်ခါသွားတာကြာလိုက်တာမှ
ဖုန်းဆက်တိုင်း ပြန်လာခါနီးပြီပဲပြောပြောနေတော့
သားကတကယ်မှတ်နေတာပေါ့ ၊ ညာပြောတာမှန်း
ဘယ်သိမလဲ၊ နှစ်ဆယ့်သုံးရက်တောင်ကြာတယ် ၊
နောက်တစ်ခါကျရင် သားလဲလိုက်မယ် သားကို
ခေါ်နော် ၊ ရက်တွေအဲလောက်အကြာကြီးနေမယ်ဆိုရင်
နေရာအစုံလျှောက်လည်လို့ရမှာပဲ ၊ နောက်တစ်ခါ
ခရီးတွေဆိုရင် သားကိုခေါ်နော်ကိုကို "

ပြည်ပခရီးကပြန်လာတော့ အိမ်ရှေ့အထိထွက်ကြို
နေရင်း သာလိကာလေးလို စကားတွေတတွတ်တွတ်နဲ့
များနေသည့်ကောင်လေးကို ပြုံးပြီးသာကြည့်နေမိသည်။
ဒီကလေးအခုနောက်ပိုင်း တအားစကားများတာပဲ။
ဒီတစ်ခေါက်ခရီးသွားတာက ရက်နှစ်ဆယ်ကျော်လောက်
ကြာသွားတာကြောင့် ဒီကြားထဲစကားမပြောရသည့်
အချိန်တွေအတွက် အတိုးချပြီးပြောနေသလားပင်
ထင်ရလေသည်။

အခန်းထဲကိုဝင်ဝင်ချင်းမှာပင် သာလိကာလေးကို
နောက်ကနေပွေ့ချီလိုက်မိတော့သည်။

" လန့်လိုက်တာ "

" ဘယ်လိုတွေကြောင့် စကားတွေအရမ်းများနေရ
တာလဲ ကိုယ့်ကိုသတိမရဘူးလားဟင် ၊ ခရီးကပြန်လာ
သူကိုလွမ်းတယ်တို့ သတိရတယ်တို့ပြောရမယ့်ဟာကို
ဘာကိုနောက်တစ်ခါခရီးသွားရင်ခေါ်လဲ "

ကိုယ့်စကားကြောင့် ခဏတော့ငြိမ်သွားပြီးကာမှ
ပြောလာသည့်စကားက

" သတိရတယ်လို့ပြောပေးရမှာလား အမှန်တော့သားက
အရမ်းကြီးလဲသတိရမနေပါဘူး ၊ စကားပြောဖော်
မရှိလို့ တစ်ခါတစ်လေသတိရမိယုံလောက်ပါ၊ 
အဲဒါကြောင့်လိမ်မပြောချင်တာ ၊ ခရီးကတော့တကယ်
သွားချင်နေလို့လေ "

ကြားလိုက်ရသည့်စကားကြောင့် နည်းနည်းတော့
နင်သွားရလေသည်။ ဘာတုန်းကွာ ဒီကောင်လေးက။
ကိုယ်ကတော့ အလုပ်တွေမအားရတဲ့ကြားထဲက
သူ့ရဲ့တီတီတာတာတွေကို လွမ်းနေသတိရနေမိတာကို။
သူကတော့ အရမ်းကြီးလဲသတိရမနေဘူးတဲ့။
ဒီစကားကို တကယ်အတည်ပေါက်ကြီးကိုပြောနေတာ။

" ကိုယ်ကသတိရနေတာကို မင်းကတော့ သတိမရဘူး
တဲ့လား ဘယ်လိုတောင်အသဲမာရတာလဲ လောကမှာ
ငါ့ကိုယ်ငါ အသဲမာလှပြီထင်နေတာ ၊ ဘယ်ဟုတ်မလဲ
မင်းကမှ တကယ်အသဲမာတာ "

ချီခေါ်လာတဲ့သူကို ကုတင်ပေါ်မှာအိပ်စေလိုက်ပြီး
ကိုယ်ပါ သူ့ဘေးကိုဝင်လှဲလိုက်တော့လည်း မျက်လုံး
အပြူးသားနဲ့သာလိုက်ကြည့်နေပြန်သည်။ရက်ပေါင်း
နှစ်ဆယ်ကျော်မနမ်းခဲ့ရသည့် ပါးဖောင်းဖောင်းကြီးတွေကို
နမ်းလိုက်မိတော့ အတင်းရုန်းကန်နေရင်း

" မုတ်ဆိတ်မွှေးတွေက စူးတယ်လို့  "

" ကျွတ် ဘာလဲကွာ သက်ထက်ပန်တစ်ယောက်က "

နမ်းရတာအရှိန်ပျက်သွားတော့ စိတ်မကြည်သလို
ပြောလိုက်မိသည်။ သူ့ပါးဖောင်းဖောင်းကြီးတွေက
နမ်းလို့် တကယ်မဝနိုင်ဘူးလေ ။

" ကိုကို့မုတ်ဆိတ်မွှေးတွေက စူးတယ်လို့ "

" မုတ်ဆိတ်မွှေးစူးတာလောက်ကို မခံနိုင်ဘူးလား
အခြားဟာတွေစူးတာကျ ခံနိုင် "

စကားပင်မဆုံးသေးခင် ကိုယ့်ပါးစပ်ကိုသူ့လက်ဝါးနဲ့
လာပိတ်ရင်း သူ့ပါးကိုထိုးပေးလာသည်။

" နမ်းတော့နော် နမ်းတော့ ပေါက်ကရတော့လာမပြော
နဲ့ "

ခွင့်ပြုချက်ရတာနဲ့ ပါးအပြင်စကားတက်လွန်းတဲ့နှုတ်ခမ်း
တွေကိုပါ အပိုင်သိမ်းလိုက်မိတော့သည်။ လွမ်းနေတာ
ဒီအထိအတွေ့တွေကို ။ အခုသေချာနေတဲ့စိတ်ခံစား
ချက်က သက်ထက်ပန်ကိုချစ်မိနေပြီ။ ရှိန်းငယ်ဆုံးပြီး
တဲ့နောက်မှာ အခြားလူတစ်ယောက်ကိုထပ်မချစ်နိုင်
တော့ဘူးလို့ထင်နေမိပေမယ့် တစ်ချိန်က ကိုယ်မုန်းခဲ့
မိတဲ့ဒီကလေးကို မြန်မြန်ဆန်ဆန်ချစ်သွားခဲ့မိပြီ။

ရှိန်းငယ်နဲ့တုန်းကတည်ငြိမ်တဲ့ Relationship တစ်ခုကို
ရခဲ့ပေမယ့် သက်ထက်ပန်ကတော့ တွတ်တီးတွတ်တာ
တီတီတာတာလေးတွေပြောကာ ကိုယ့်ကိုသိမ်းသွင်းခဲ့ပုံ
ရလေသည်။ ဘဝတစ်သက်တာလုံး ကိုယ်ပတ်သက်ခဲ့
သည့်လူတွေအများစုက ကိုယ့်ကိုဆိုကြောက်ရွံ့နေကျတာ
များသည်။ကိုယ့်အလုပ်ကိုအကုန်သိနားလည်ထားသော
ရှိန်းငယ်က ကိုယ့်အပေါ်မှာ မိတ်ဆွေတစ်ယောက်လို
ရင်ဖွင့်ဖော် လက်တွဲဖော်တစ်ယောက်လို အမြဲရှိနေပေး
ခဲ့သည်။

ဒီကောင်လေးကတော့ ကိုယ်ခြောက်လဲမကြောက်
ကိုယ်ချော့လဲမပျော့ဘဲ သူ့ပုံစံနှင့်သူသာ
ကိုယ့်ဘဝထဲတိုးဝင်လာခဲ့လေသည်။ အနမ်းတွေကို
ရပ်တန့်လိုက်ပြီး သူ့မျက်နှာလေးကိုငေးကြည့်လိုက်ကာ

" သက်ထက်ပန် ကိုယ်မင်းကိုချစ်တယ် "

မျှော်လင့်မထားသောစကားကြောင့် သက်ထက်ပန်
ကိုယ်တိုင်လဲခဏတော့ငြိမ်နေမိသွားပြီမှ

" တကယ်ပြောနေတာလား ခရီးကပြန်လာလာချင်း
ကိုကိုဆေးမှားပြီးသောက်လာတာတော့ မဟုတ်ပါဘူးနော်"

အပီအပြင်ရင်ဖွင့်နေတဲ့သူကို ပြန်ပြောလာတဲ့စကားတဲ့။
သက်ထက်ပန်ရေလို့သာအော်ပြီး ဖနောင့်နဲ့သာဆယ်ချက်
လောက်ထပေါက်လိုက်ချင်တော့သည်။ ဒီကလေးက
အလိုက်ကမ်းဆိုးမသိတဲ့နေရာမှာလဲ ဆရာတစ်ဆူပဲ။

" ငါတော့ မင်းကိုနားရင်းချည်းရိုက်ချင်လာပြီနော် ၊
ငါကအတည်ပြောနေတာကို မင်းကမျက်ခွက်လာပြောင်
နေတာလား "

စိတ်တိုတိုနဲ့ပြောလိုက်မိတော့ ပလက်အိပ်နေရာကနေ
ဝင်ယားလေးမှောက်လိုက်ပြီး သူ့မေးစေ့ကိုလက်တစ်ဖက်နဲ့
ထောက်လိုက်သည်။ ကျန်တဲ့လက်တစ်ဖက်ရဲ့လက်ချောင်း
လေးတွေကတော့ အကျႌကြယ်သီးဖွင့်ထားတဲ့ကိုယ့်ရင်
ဘက်ကို ဟိုဟိုဒီဒီလာထိတွေ့နေရင်းမှ

" ကိုကို သားကိုချစ်တယ်ဆိုတာတကယ်ပြောတာနော် "

" ဟုတ်တယ် ကိုယ်မင်းကိုချစ်တယ် "

" မညာရဘူးနော်ကိုကို လူကြီးဆိုတာမညာရဘူး "

မကိုဋ်ကတော့ ပါးဖောင်းလေးကိုဆွဲဖျစ်လိုက်ရင်း

" မညာပါဘူး တကယ်ပြောတာ "

" ညာပြောရင် မျက်ခမ်းစွံတက်တယ်နော်ကိုကို "

" ဟင် ပေးပြီးသားပစ္စည်းကိုပြန်တောင်းမှ မျက်ခမ်းစွံ
တာမဟုတ်ဘူးလား "

" အင်းလေ ကိုကို့အချစ်တွေ သားကိုပေးပြီးပြီဆိုတော့
ပြန်ယူရင်မျက်ခမ်းစွံမှာလေ "

" အာ သက်ထက်ပန်ရယ် ကြံကြံဖန်ဖန်ကွာ ကဲပြော
ပါဦး မင်းရောကိုယ့်ကိုချစ်လား "

သက်ထက်ပန်က ကိုယ့်ရင်ဘက်ကိုသူ့လက်ညှိုးလေးထိုး
လာရင်း

" သားလဲ ကိုကို့ကိုချစ်တယ် အဟိ "

သူ့ဘာသာပြောရင်း သူ့ဘာသာသဘောကျနေပုံရလေသည်။
ဝင်ယားမှောက်နေသော ကိုယ်လုံးလေးကိုဆွဲဖက်လိုက်ရင်း
ဖြစ်ညှစ်နေမိတော့၏ ။ဒါကိုပဲ သဘောကျသလိုရီနေတဲ့
ကောင်လေး ။ တကယ်ပါ ကိုယ်မင်းကိုချစ်မိသွားတာ ။

*
*
*
*
*
*
*
*

တိတ်ဆိတ်နေသည့်အခန်းငယ် ၊ မှိန်းပြပြမီးရောင် ၊
အချစ်စိတ်တက်နေသည့်လူနှစ်ယောက် ။
ချစ်တယ်လို့ဝန်ခံပြီးသည့်အချိန်မှာ ပထမဆုံး
အတူနေခြင်းဖြစ်တာကြောင့် တကယ့်မင်္ဂလာဦးညလို
ရင်ခုန်စိတ်လှုပ်ရှားစေသည်။

သေးကွေးလွန်းသည့်ခန္ဓာကိုယ်ဆိုပေမယ့် ပိန်လှီနေတာ
မျိုးမဟုတ်ဘဲ လုံးလုံးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်
လေးရဲ့ အဝတ်စလစ်ပုံစံက မကိုဋ်ကိုရူးသွားစေလောက်
သည်။ အနမ်းတို့ကိုတာရှည်စေရင်းကနေ ကိုယ့်ရဲ့
လက်တစ်ဖက်က ချစ်ရသူရဲ့အရှေ့ပိုင်းမှာရှိနေတဲ့
မဖွံ့ဖြိုးသေးသောပွင့်ချက်ငယ်လေးကို တို့ထိဆော့ကစားနေ
မိသေးသည်။ တို့ထိယုံနဲ့ အားမရနိုင်တော့သည့်အခါ
လက်ချောင်းတို့တိုးဝင်မိသွား၏။

" ကို ကိုကို မ မဖြစ်ဘူးနော် "

ကိုယ့်လက်ကိုလာကိုင်ရင်း ပြောလာသည့်စကား ။
အနည်းငယ်ကြောက်ရွံ့နေမှာကြောင့် အသံလေးတွေပင်
တုန်နေရှာသည်။

" တစ်ခါပဲလေနော် အရင်တစ်ခါလိုမနာစေရဘူး
အထဲမှာလဲမပြီးဘူး ကိုကိုပြောတာကိုယုံ "

" အဲ အဲဒါကလေ "

မကိုဋ်အတွက်ကတော့ ပူနွေးနေသည့်ပွင့်ချပ်ငယ်အတွင်း
တိုးဝင်ခိုနားချင်စိတ်သာ ကြီးဆိုးနေလေတာမို့

" ချစ်တယ်ဆို ချစ်ရင်ခွင့်ပြုပေးလေ နော်သက်ထက်လေး"

ကိုယ့်ရဲ့ချော့မြူစကားက အရာရောက်သွားပုံရလေသည်။
မျက်လုံးကိုမှိတ်ပြီး စိတ်လျှော့လိုက်သည့်ကောင်လေး ။
မကိုဋ်ကတော့ တင်းကျပ်လွန်းသည့်အပေါက်ငယ်အတွင်း
ရသလောက်တိုးဝင်ကာ သားအိမ်ထဲအထိတိုးဝင်လိုက်တော့
၏ ။ သူ့အထဲမှာပြီးဆုံးဖို့်မဖြစ်တာကြောင့် အလွှာပါးကို
သတိတရဆောင်လိုက်သည်။ အချိန်တွေအကြာကြီးအထိ
အားကြိုမာန်တက် လှုပ်ရှားပြီးသည့်နောက်မှာတော့
အအလွှာပါးထဲမှာသာ ပြီးဆုံးစေလိုက်သည်။
မောပန်းလွန်းနေပုံရသည့် ကောင်လေးကတော့
ငြိမ်သက်စွာပင်ရှိနေလေတော့၏ ။


*
*
*
*
*
*
*
*

ညကတစ်ညလုံးပင်ပန်းထားပေမယ့် မနက်အိပ်ယာ
နိုးတော့ ကိုကို့ကုမ္ပဏီကိုလိုက်သွားဖို့ပြင်နေမိသည်။
အခုချိန်က ချစ်စခင်စလိုဖြစ်နေတဲ့အချိန်ဆိုတော့
ကိုကို့ဘေးနားမှာသာ အချိန်ပြည့်ကပ်နေချင်မိ၏ ။
ဒီနေ့တော့ ဖုန်းကြိုမဆက်ဘဲ အံ့သြသွားအောင်
လုပ်မယ်ဆိုသည့်အတွေးနဲ့ ကုမ္ပဏီကိုထွက်လာခဲ့တော့
သည်။

ကုမ္ပဏီအဆောက်အဦးထဲဝင်ဝင်ချင်း ကိုယ့်အရှေ့က
ဝန်ထမ်းမိန်းကလေးတွေရဲ့ခပ်တိုးတိုးစကားသံကို
ကြားလိုက်ရတော့သည်။ ဘာရယ်မဟုတ်ဘဲ
သူတို့ပြောတာကိုနားစွံံ့မိတော့

" ဟဲ့ ငါတို့Boss ဒီတစ်ခေါက်နိုင်ငံခြားခရီးသွားတာ
အကြာကြီးပဲနော် "

" ကြာမှပေါ့ဟဲ့ သူ့ဟာလေးထက်မြတ်ဦး ပါသွားတယ်လေ
အဟိ ၊ ဒီကလူတွေမသိအောင် ဟန်းနီးမွန်းခိုးထွက်တာ
လားမသိဘူး "

" ဟုတ်မယ်ဟုတ်မယ် ပြန်လာတော့ သူ့ဟာလေးက
မနည်းတောင်ချောင်ကျသွားတယ်နော် ၊ ငါတို့ Boss
ဘယ်လောက်တောင်ကြမ်းခဲ့လဲမသိဘူး "

မိန်းကလေးနှစ်ယောက်က တဟီးဟီးနဲ့ ပြောဆိုသွား
သည့်စကားတို့ကြောင့် သက်ထက်ပန်ရဲ့ခြေလှမ်းတို့
ရပ်တန့်သွားရလေတော့သည်။ ဒီတစ်ခေါက်ကိုကိုခရီး
ရက်ရှည်ထွက်တာ ထက်မြတ်ဦးပါသွားတယ်တဲ့လား။
ဘာလို့ ဘာလို့များ ကိုယ့်ကိုဖုံးကွယ်ထားပြီး
သူတို့ အတူတူခရီးသွားကျတာလဲ။

အချိန်ခဏလေးအတွင်းမှာပင် အတွေးတွေမျိုးစုံသွားရပြီး
လမ်းပင်ဆက်မလျှောက်နိုင်တော့ပါ ။ရုတ်တရက်ဆိုသလို
ဗိုက်ထဲကနေ ဆိုးဆိုးရွားရွားထိုးအောင့်လာရပြီး
ဖင်ထိုင်ရက်လဲကျသွားရတော့သည်။

" သက်ထက် သက်ထက် ဘာဖြစ်တာလဲ "

ကြားလိုက်ရတာက ကိုကို့ရဲ့အသံ ။ ကိုယ့်ကိုပြေးပွေ့
လာတာခံလိုက်ရပြီး

" ဘာဖြစ်နေတာလဲ ဘာဖြစ်နေလဲ ကိုကို့ ကိုပြောပြ "

ဗိုက်ထဲကစူးခနဲအောင့်လိုက် ပျောက်သွားလိုက်ဖြစ်နေတာ
ကြောင့်

" ဗိုက် ဗိုက်အောင့်နေတယ် အိမ်ပြန်မယ်
အိမ်ပြန်ပို့ပေးပါ "

" ဆေးခန်းကိုအရင်သွား "

" အိမ်ပြန်ပို့ပေးပါ "

" ဟုတ်ပြီ အိမ်ပြန်ကျမယ် ကိုကို ဒေါက်တာ့ကို
ဖုန်းဆက်ခေါ်လိုက်မယ်နော် "

အိမ်ပြန်လာသည့်လမ်းတစ်လျှောက် ဗိုက်ထဲကအောင့်
လွန်းသဖြင့် စကားပင်မပြောနိုင်တော့ချေ။
အိမ်ကိုရောက်တော့ ငယ်ငယ်ထဲကပြနေကျ မိသားစု
ဆရာဝန်ကြီးက အဆင်သင့်ပင်စောင့်နေလေပြီ။
အချိန်အတော်ကြာသည့်အထိ စမ်းသပ်မှုတွေလုပ်ပြီးသည့်
နောက်မှာတော့

" သက်ထက်ပန်မှာ ကိုယ်ဝန်ရှိနေပြီ "

ကြားလိုက်ရသည့်စကားကြောင့် ကိုကိုရော ကိုယ်ပါ
လန့်သွားရလေတော့သည်။နှစ်ယောက်စလုံးဘာစကားမှ
မပြောနိုင်သေးခင်ပဲ

" ကိုယ်ဝန်က လေးလတောင်ပြည့်ခါနီးနေပြီ ၊ သာမာန်
ကိုယ်ဝန်ဆောင်သည်မဟုတ်တော့ ကိုယ်ဝန်ဆောင်
လက္ခဏာပြတာနောက်ကျပုံပဲ ၊ အခုဗိုက်အောင့်တယ်
ဆိုတာကလည်း အတူနေတဲ့အချိန်သားအိမ်ကိုထိမိသွား
တယ်ထင်တယ်၊ သားအိမ်ဖွံ့ဖြိုးမှုက အရမ်းအားနည်းနေလို့
ကိုယ်ဝန်ဆောင်ဖို့တောင်အခက်အခဲရှိနေတဲ့အချိန်မှာ
အတူနေလိုက်မိတော့ ပိုဆိုးသွားတဲ့ပုံပဲ "

သက်ထက်ပန်ကတော့ ဘာမှတောင်ထူးခြားမှုမရှိသေး
သည့် ကိုယ့်ဗိုက်လေးကိုအသာပွတ်သပ်ကြည့်မိရင်း

" ကလေး ကလေးက ဘာဖြစ်သွားလဲဟင် "

" အခုတော့ဘာမှမဖြစ်သေးပါဘူး "

ဘာမှမဖြစ်ဘူးဆိုသည့်စကားကိုကြားရမှ သက်ပြင်းချ
နိုင်တော့သည်။

" ဆေးတွေပေးခဲ့မယ် ဂရုစိုက်ပြီးသောက်နော် "

" ဟုတ်ကဲ့ ဆရာ "

ဆရာဝန်ပြန်သွားတော့ ကိုကိုပါအခန်းအပြင်ကိုထွက်လိုက်
သွားသည်။ ကိုယ်ကတော့အခုချိန်ထိ ကိုယ့်ဗိုက်လေးကို
ပွတ်သပ်နေမိဆဲ။

ကလေးလေးတဲ့။ ဒါကိုကိုနဲ့ကိုယ့်ရဲ့ ကလေးလေးပေါ့။
လေးလတောင်ရှိနြေပီဆိုတော့ ကိုကိုပထမဆုံး
အိမ်ကိုလိုက်လာသည့်အချိန်မှာ အတူနေမိသွားထဲက
ဒီကလေးလေးက ရောက်လာခဲ့တာပေါ့။ အံ့သြစရာ
ရေစက်လေးပင်ဖြစ်သည်။

စပြီးကြားလိုက်ရတုန်းက လန့်သွားမိပေမယ့်
အခုတော့ ဒီကလေးလေးကို ကိုယ်မွေးချင်မိတယ်။
မမျှော်လင့်ဘဲ ကိုယ်တွေဘဝထဲကိုဝင်ရောက်လာပေးတဲ့
ကလေးလေး ။ ဒီကလေးလေးကိုသာ မွေးပေးလိုက်ရင်
မိသားစုနဲ့သိုက်သိုက်ဝန်းဝန်းမနေခဲ့ရသည့် ကိုကိုလည်း
အပြင်ကိုစိတ်ရောက်နေတာတွေ ရပ်တန့်သွားနိုင်သည်။
နောက်ပြီး ကိုယ်လဲ တစ်ယောက်ထဲလိုဖြစ်နေသည့်
ခံစားချက်တွေပျောက်ကွယ်သွားနိုင်မည်။
နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်တွေရဲ့သွေးသားလို့
တွေးလိုက်မိတာနဲ့ ကြည်နူးစိတ်နဲ့အတူတူ ချစ်ခြင်းမေတ္တာ
တွေပျော်ဝင်သွားရလေတော့သည်။

ဆရာဝန်ကြီးကိုလိုက်ပို့ပြီး အခန်းထဲပြန်ဝင်လာသည့်
ကိုကို့ကိုမြင်လိုက်တာနဲ့

" ကိုကို ကလေးလေးက လေးလတောင်ပြည့်ခါနီးပြီ
ဆိုတော့လေ ပထမဆုံးအချိန်ထဲက သားဆီရောက်လာ
တာပေါ့နော်၊ သားတို့မှာ ကလေးလေးရှိနေပြီတဲ့
ကိုကိုမပျော်ဘူးလားဟင်၊ ကိုကိုနဲ့သားရဲ့ရင်သွေးလေး
သားက ကိုကိုနဲ့တူတဲ့ကလေးလေးကိုမွေးချင် "

" ဖျက်ချလိုက်သက်ထက်ပန် ၊ အဲကလေးကို
ငါမလိုချင်တာမို့ ဖျက်ချလိုက်ရအောင် ၊ အဲဒီအစား
ငါက မင်းကိုအများကြီးပိုဂရုစိုက်ပေးမယ်လို့
ကတိပေးတယ် ၊ အဲတော့ ဒီကလေးကို ခပ်မြန်မြန်ပဲ
ဖျက်ချလိုက်ရအောင် "


Eros_90

13.5.23 ( ည ၈နာရီ ၂၀မိနစ် )

16.5.23 ရက်နေ့ အပိုင်းသစ်Update ရှိပါမည်။

A/N - ဆေးပညာနှင့်ပတ်သက်သမျှသည် စာရေးသူ၏
စိတ်ကူးယဉ်ဖန်တီးရေးသားမှုသာဖြစ်သည်။

Continue Reading

You'll Also Like

572K 110K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
59.9K 3.4K 55
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
112K 4.9K 46
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
28.5K 2.6K 18
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...