မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

By ma_roses_are_blue

86.5K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၈၁)

380 52 0
By ma_roses_are_blue

လုရှန်က အေးစက်စက်အသံနှင့်ပြောလာခဲ့သည်
“ငါအဲ့လိုလုပ်ဖို့ ရည်ရွယ်ချက်တော့မရှိပါဘူး သို့ပေမဲ့လည်း မင်းကိုသတ်ပစ်ဖို့တော့ ဆန္ဒရှိတယ်”

“ဝိုး ငါကို အခုလိုပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

လုရှန်၏မျက်လုံးတွေက ကြောက်စရာကောင်းနေပေမဲ့ အနည်းဆုံးတော့ အရင်ကလိုမျိုး သူဆီ ပြေးလာမဲ့ပုံတော့ မပေါ်ပေ

‘ပါနေးရား ဒီနေရာမှာမရှိနေလို့ပဲဖြစ်ရမယ်’

လုရှန်က သူမသာ ဒီနေရာမှာမရှိနေသရွေ့ အတော်လေး စိတ်ကျန်းမာပုံရသည် ခွန်းက အနည်းငယ် စိတ်သက်သာဖြစ်လာပြီး ခန္ဓာကိုယ်က ပေါ့ပါးသွားသည်
“ဒါဆို မင်း ဒီလိုညနက်အချိန်အခါကြီး ငါ့ဆီ ဘာလာလုပ်တာလဲ”

ခွန်းစကားကြောင့် လုရှန်က သူကိုခဏလောက် ငုံ့ကြည့်လာကာ ခေါင်းထဲ၌ တွေးနေလေသည် လုရှန်က ခွန်းနဲ့ စစ်ပွဲတွေ သွားခဲ့ဖူးသည် ခွန်းမှာ လူနာတွေကို ကုသပေးတဲ့နေရာတွင် အတော်လေး ကျွမ်းကျင်သည် ဒါ့အပြင် ဆေးဝါးပြုလုပ်တဲ့နေရာမှာလည်း အလွန်ကို စွမ်းရည်ရှိသည် ခွန်းက ဝိဇ္ဇာများလားလို့ လုရှန် ထင်သွားရလောက်အောင်အထိ အံဩစရာဆေးဝါးမျိုးကို သူတခါတရံပြုလုပ်ခဲ့ဖူးသည်

ဒီဆေးဝါးတစ်မျိုးကလဲ တစ်ခုအပါအ၀င်ဖြစ်လေသည် ဆက်တိုက်လိုလို ဖြစ်လာတဲ့ တိုက်ပွဲတွေက စစ်သည်တချို့ကို ရူးသွားစေသည် သူတို့က အလွန်အမင်း လှုံ့ဆော်ခံရပြီး အိပ်မရဖြစ်လာကာ လူမဆန်တဲ့အကြမ်းဖက်မှုကို ဖြစ်လာစေခဲ့သည်
“စစ်မြေပြင်မှာ စစ်သည်တွေ မင်းလုပ်ခဲ့တဲ့ ဆေးဝါးကို သုံးခဲ့တုန်းက ချက်ချင်းကို တည်ငြိမ်မှုရလာတာ”

“ဟုတ်တယ်လေ”

“ဒါဆို ငါ့ခံစားချင်တွေကို ဖိနှိပ်နိုင်မဲ့ ဆေးဝါးမျိုး မင်းလုပ်နိုင်တယ်မလား”

“…..!”

ခွန်းမျက်လုံးတွေက မထင်မှတ်ထားတဲ့စကားတွေကြောင့် ပြူးကျယ်လာခဲ့သည်

‘သူမက ဒါကြောင့် ငါ့ကို ‌ဒီနေရာကိုလာအောင်လုပ်တာပဲ’

အမှန်အတိုင်းပြောရရင် ခွန်းကို ပါနေးရားက ဒီနေရာကိုလာဖို့ ဆက်သွယ်တုန်းက ခွန်း စဉ်းစားရခက်သွားခဲ့သည် လူအများကြီးထဲကမှ သူမက သူကိုရွေးချယ်တာကတော့ အံဩစရာမဟုတ်ခဲ့ သူမက သူ့ကို ဘာကြောင့်ရွေးချယ်ရတယ်ဆိုတာကို အလွယ်လေးခန့်မှန်းနိုင်တာကြောင့်ပင်

လုရှန်ခွင့်ပြုလာအောင်ဘာကများလုပ်လိုက်သလဲသာ ခွန်းသိချင်သည် လုရှန်အတွက်တော့ သူက စိတ်ညစ်စရာအကောင်းဆုံးလူတွေထဲက တစ်ယောက်ဖြစ်လေသည် မသင်္ကာမှုက အခုပင် ရှင်းလင်းသွားလေသည် ခွန်း ပါးစပ်ထောင့်တွေ မြှင့်ကာပြုံးလိုက်လေသည် ခွန်းဆီကနေ သူလိုချင်တဲ့အရာကို လုရှန်က ယခုပင်ဖော်ပြလာလေသည် ခွန်းက သူကို ထပ်ပြီးတော့ မကြောက်ရွံတော့ပေ ခွန်းက ပခုံးတွန့်ပြီးပြောလိုက်သည်

“မင်း အခုလိုပြောလာမယ်လို့ ငါမထင်ထားဘူး အခု မင်းကိုကြည့်ရတာ ပျော်ရွှင်နေသလိုပဲ”

ခွန်း ဒီကိုရောက်လာတုန်းက လုရှန်ကို မြင်လိုက်ရချိန်မှာ အံဩသွားခဲ့သည် လုရှန်၏နူးညံတဲ့ မျက်နှာက ပျောက်ကွယ်ခဲ့သည် အနီရောင်မျက်လုံးတွေက ကြောက်စရာကောင်းစွာ တောက်ပနေ‌ခဲ့သည် သို့ပါသော်လည်း သူက အရင်ကထက် ပိုပြီး ပျော်ရွှင်လာပုံရသည်

သူက ပါနေးရားကိုလုံး၀ ပိုင်ဆိုင်ခဲ့လိုက်ရပြီဖြစ်တာကြောင့်ပင် ထို့ကြောင့် ခွန်းက ပါနေးရားက တစ်ခုခုလွဲမှားတာ လုပ်နေတယ်လို့ ထင်ခဲ့သည်

လုရှန်က တခြားသူ‌တွေထက် ယခုအခြေအ‌နေကို ပိုပြီး စိတ်ကျေနပ်နေမည်မှာသေချာသည် ဒါဆို ပါနေးရားက တခြားသူတွေနဲ့ ပေါင်းသင်းနိုင်အောင် သူကဘာကြောင့် အရမ်းအားစိုက်ထုတ်နေရတာလဲ?

အစကတော့ သူထင်ခဲ့တာက ပါနေးရား စိတ်ကျေနပ်အောင် လုရှန်က ဟန်ဆောင်နေခဲ့သည် ဟုပင်

သူထင်တာ မှားယွင်းခဲ့သည်

‘ကာဒီယမ်က သူမစကားကို တကယ် နားထောင်တာပဲ ငါဆီကနေ အကူအညီလာတောင်းရတဲ့ အထိကိုပဲ’

အရာအားလုံးက ခွန်းကို စိတ်၀င်စားစရာကောင်းအောင်လုပ်နေလေသည် ဒါက မထင်မှတ်ထားစရာ တိုးတတ်မှုတစ်ခုပင် ခွန်းက လုရှန်ကို မှိတ်တုတ် မှိတ်တုတ် အကြည့်တစ်ခုနှင့် ကြည့်လိုက်သည် လုရှန်က သူကို အံအားသင့်စရာ ကြမ်းတမ်းတဲ့မျက်လုံးတွေနှင့် ကြည့်နေခဲ့သည် ခွန်းက သူ့အရှေ့မှ မြင်ကွင်းကို ကျေနပ်နေရင်း ပြောလိုက်သည်

“စစ်ပွဲတုန်းက ငါ စစ်သည်တွေကိုကျွေးခဲ့တဲ့ ဆေးဝါးက စိတ်ငြိမ်ဆေးအမျိုးအစားတစ်မျိုးပဲ အဲ့ဆေးက မင်းခန္ဓာကိုယ်တစ်ခုလုံးကို ငိုက်မျဉ်းစေတယ် ပြီးရင် ပုံမှန်မဟုတ်တဲ့ လှုံဆော်မှုအခြေအနေကို တည်ငြိမ်စေတယ်”

“အဲ့ဆေးက ငါနဲ့ သင့်တော်မယ်ထင်လား”

“ဖြစ်နိုင်ပါတယ်ပေါ့?”

ခွန်းက လက်ပိုက်ရင်း ဆက်ပြောလေသည်
“နတ်ဆိုးစွမ်းအားအတွက်ဆိုရင်တော့ အလုပ်ဖြစ်နိုင်ပေမဲ့ အဆုံးကျရင် မင်းရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး အလုပ်ဖြစ်မဲ့ အခွင့်အရေးကတော့ မြင့်တယ်လို့ ငါထင်တယ် သေချာပေါက်ပေါ့ စစ်သည်တွေကို ပေးတဲ့ဟာတွေထက် ပိုပြီး ပြင်းတဲ့အရာကို ငါလုပ်ရမှာ‌ပဲ”

သူကြားချင်တာကို ကြားလိုက်ရတဲ့အတွက် လုရှန်မျက်လုံးတွေက အနည်းငယ် ပေါ့ပါးသွားလေသည် သို့သော်လည်း ခွန်းက စကားမဆုံးသေးပေ

“ဒါပေမဲ့ ဆေးက အဲ့လောက်အထိပြင်းလွန်းရင် မင်းဘာပဲလုပ်လုပ် ဆိုးကျိုးတော့ရှိအုမ်းမှာပဲ မင်း သွေးလေခြောက်ချားတာလဲဖြစ်လာနိုင်သလို ဒါမှမဟုတ် မင်းခန္ဓာကိုယ်က ငြင်းဆန်ပြီး မင်းအူတွေပျက်စီးသွားနိုင်တယ် အဲ့လိုဆိုရင်ရော မင်းက အဆင်ပြေတယ်လား?”

သူပြောလိုက်ဝာာက အတော်ကြောက်စရာကောင်းတယ်လို့ သူထင်လိုက်မိပေမဲ့ လုရှန်ကတော့ အလွယ်လေး ခေါင်းညိမ့်လာလေသည်

“ကိစ္စမရှိဘူး”

ခွန်းက လုရှန်ကိုကြည့်လိုက်သည် လုရှန်မျက်လုံးတွေက ဆေးရဲ့ဘေးထွက်ဆိုးကျိုးကို မကြောက်ရွံ့ကြောင်း ပြသနေလေသည်
‘ကောင်းပြီ သူက ဒီလိုအရာမျိုးကို ပထမကထဲက ကြောက်တဲ့လူစားမျိုးမှ မဟုတ်တာ’

နတ်ဆိုးရဲ့ စွမ်းအားက ပွင့်လန်းမလာခင်တုန်းကတောင် လုရှန်က ရန်သူထောင်ပေါင်းများစွာထဲ အကြောက်အလန့်ကင်းစွာ ပြေး၀င်ခဲ့သည်

ထည့်သွင်းစဉ်းစားပြီးတာတောင်မှ သူဘယ်လောက်ဆန္ဒရှိနေတယ်ဆိုတာက အံအားသင့်ဖွယ်ကောင်းလေသည်

ခွန်းက လုရှန်ကိုကြည့်ပြီး ပြောလိုက်သည်
“မင်း ဒါကို ဘာလို့လုပ်ချင်ရတာလဲ? မင်းဘာမှမလုပ်ရင်တောင် မင်းဆန္ဒရှိသလို ပါနေးရားကို လက်ဝါးကြီးအုပ်နိုင်သေးတာပဲလေ”

ဒါမျိုးလုပ်ဖို့ မလိုအပ်ပေ ပါနေးရားက သူကို ဘာဆိုဘာမှ ဖိအားပေးပြီး လုပ်ခိုင်းတာမျိုးမရှိတာကြောင့်ပင် လုရှန်က ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောလိုက်ရင် သူမက သူ့ကျောကိုပုတ်ပေးကာ အဆင်ပြေပါတယ်လို့ ပြောလိမ့်မည်

သူမက သူဘေးမှာ ရှိနေပေးမှာပင်

ဘယ်သူမှမတွေ့ပဲ ဘယ်သူနဲ့မှ စကားမပြောပဲ သူပိုင်ဆိုင်တာကို လုံး၀ ခံမှာပင် ဒါပေမဲ့

[ရှင်လုပ်တာကောင်းတယ်]

[လုရှန်က အကောင်းဆုံးပဲ]

[ကျွန်မ ရှင့်ကို ချစ်တယ်]

ဘယ်အချိန်မဆို ပါနေးရားက သူကို အခုလိုပြုံးပြနေမယ် ဆိုပေမဲ့ ထူးဆန်းတဲ့ခံစားချက်တစ်ခုက သူ့ရင်ထဲ ပြည့်နေလေသည်

သူက သူမ ပိုပြီး ဂုဏ်ယူရအောင်လုပ်ချင်သည်

သူက သူမ ပျော်ရွှင်အောင် လုပ်ပေးချင်သည်

...သူမက သူကို ပိုပြီး ချစ်လာအောင် လုပ်ချင်သည်

လုရှန်က ထိုစကားတွေကို အကျယ်ကြီး ထုတ်မပြောပေမဲ့ ခွန်းက လုရှန်မျက်နှာကို ကြည့်ရုံနဲ့တင် သိနေ‌လေသည်

‘မင်းအခြေအနေက မတိုးတတ်လာဖူးပဲ ပိုဆိုးရွားလာတယ်’

လုရှန်၏ အပြောင်းအလဲမရှိ ပိုင်ဆိုင်လိုစိတ်ပြင်းထန်တဲ့ ဆန္ဒက သူခန္ဓာကိုယ်တစ်ခုလုံးကို ကျက်သီးထသွားစေသည်

‘ကောင်းပြီ ငါအတွက်လဲ အခွင့်အရေးကောင်းတစ်ခုပဲ’

ခွန်းက လည်ချောင်းရှင်းပြီး နီရဲနေသောမျက်နှာနှင့်ပြောလိုက်သည်

“အိုခေ ငါဆေးလုပ်ပေးမယ် ဒါပေမဲ့ ငါကိုတော့ အလကားလုပ်ခိုင်းမှာတော့ မဟုတ်ဘူးမလား ငါတို့က အချင်းချင်း အဲ့လောက်အထိလဲ ရင်းနှီးတာမဟုတ်ဘူးလေ”

“ဒါပေါ့”

ခွန်းက သူ့ကို ပိုတောင်းမှာကိုလဲ လုရှန်က ဂရုမစိုက်ပေ ပိုက်ဆံက သူ့အတွက် ဘာနေနေ အရေးမပါတာ‌ကြောင့်ဖြစ်သည် သို့သော်လည်း ခွန်းရဲ့ဈေးက မထင်ထားစရာပင်

“ဒါဆို $— —.”

ခွန်းစကားကြားပြီး လုရှန် သေစေလောက်တဲ့အကြည့်ကို ပေးလိုက်သည် သို့သော်လည်း ခွန်းက ပေါ့ပေါ့ပါးပါးပင်

‘သူ ‌အဲ့လောက်လေးတောင် မတတ်နိုင်ရင် သူအတွက်တော့ ရှက်စရာပဲ’

လုရှန်က စိတ်ရှုပ်စွာ ဆံပင်ကို နောက်သို့သပ်တင်လိုက်လေသည်  တခဏကြာပြီးနောက် လုရှန်ကပြောလေသည်

“အိုခေ ငါ မင်းကမ်းလှမ်းမှုကို လက်ခံတယ်”

ခွန်းကပြုံးကာ

“အိုခေ ဒါဆို အပေးအယူဖြစ်ပြီနော်”

ခွန်းက လုရှန်ဆီ လက်ကို ရှေ့ထုတ်လိုက်ပေမဲ့ လုရှန်က ခွန်းကို လုံး၀ လျစ်လျူရှုလေသည် ထို့အစား ခြိမ်းခြောက်စကားတစ်ခုနဲ့ထွက်သွားလေသည်

“မင်း ဆေးကို သေချာအောင်လုပ် မဟုတ်ရင် ငါမင်းကို အသက်ရှင်လျက် ထားစရာအကြောင်းမရှိဘူး”

ခွန်းက ဆွဲကြိုးကို ကိုင်ပြီး ပခုံးတွေက သဘာ၀အလျောက် တုန်သွားလေသည်
လူတယောက် တစ်ခါရူးပြီးရင် တသက်လုံး ရူးသွားမှာပဲ

“သူက တပုံစံထဲ ရူးနေတဲ့လူတယောက်လို့ မပြောနိုင်ဘူး”

* * *

လုရှန်က ခွန်းဆီ ပြေး၀င်သွားတဲ့ နေ့ကတည်းက သူမအခန်းထဲအောင်းနေခဲ့တာပင် စာအုပ်ကိုလဲလျောင်းကာ ဖက်နေရင်း ရေရွတ်နေသည်
“ငါတို့ ဒီနေ့ ပြန်စမ်းကြည့်သင့်တယ် ထင်တယ်”

ခဏကြာတော့ သူမခေါင်းခါလေသည်

အဲ့နေ့က လုရှန်ရဲ့ ပုံရိပ်က သူမခေါင်းထဲ ထင်ရှားစွာ ကျန်‌ရစ်နေခဲ့သည် သူ၏မနာလိုမှုက သူမထင်ထားတာထက် ပိုပြီး ပြင်းထန်ကာ သူကိုယ်သူလဲ တကယ်မထိန်းချုပ်နိုင်ပေ

‘ငါတို့ ပိုလုပ်မိသွားရင် ဆိုးရွားတာတစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ’

ခွန်းအသတ်ပါခံရနိုင်တယ်

ဒါကြောင့် သူမက ပြန်လမ်းမရှိတဲ့ လမ်းကို ဖြတ်ကျော်နေခဲ့တာပင် ရိုးသားတဲ့အသက်တစ်ခုဆုံးရှုံးသွားလိမ့်မယ် ပြီးရင် တချိန်တည်းမှာပဲ လုရှန်ကလဲ ကြောက်စရာ အပြစ်သားအဖြစ် နာမည်တပ်ခံရနိုင်တယ်

နှုတ်ခမ်းကိုကိုက်ပြီး ရေရွတ်မိသည်
“အခုကနေစပြီး မြို့တော်ကို ပြန်မဲ့ကိစ္စကို လက်လျော့လိုက်ကြစို့”

လောဘမကြီးဖို့နှင့် ဖြေးဖြေးချင်း move on လုပ်ဖို့ သူမဆုံးဖြတ်လိုက်သည် ကိစ္စမရှိပါဘူး

သူမကိုယ်သူမ နှစ်သိမ့်နေသလို စိတ်ကို ပြင်ဆင်လိုက်သည် ထို့နောက် တံခါးခေါက်သံတစ်ခုနှင့် တံခါးပွင့်လာခဲ့သည် ပုံမှန်လို အခန်းထဲ၀င်လာခဲ့သူက လုရှန် နှင့်...

“ခွန်း”

သူမရဲ့လုံးဝိုင်းတဲ့မျက်လုံးတွေက ပြူးကျယ်သွားခဲ့သည် သူမအခန်းထဲ လုရှန်က ပထမဆုံးအကြိမ် တခြားသူတယောက်နဲ့ ၀င်လာတာကြောင့်ပင်

ခွန်းက သူမကိုကြည့်ပြီးရယ်ရင်း ပြောလေသည်

“ကာဒီယမ်က ငါ့ကို အရင်လာရှာတာ သူက မင်းကို တွေ့ဖို့ တူတူသွားရအောင် ပြောလာတာ”

“တကယ်လား”

လုရှန်ကိုကြည့်ပြီး သူမပါးစပ်ကို အုပ်လိုက်မိသည် လုရှန်က ပေါ့ပေါ့ပါးပါးအပြုံးလေးနှင့် ခေါင်းညိမ့်ပြလေသည်
‘မယုံနိုင်စရာပဲ...’

တဒုန်းဒုန်းခုန်နေတဲ့ နှလုံးခုန်သံနှင့် ခွန်းဆီ သူမခေါင်းကို လှည့်လိုက်ပြီး လက်ကို တာ့တာပြသလို နှုတ်ဆက်လိုက်သည်

“Good morning, ခွန်း”

“အခုကဖြင့် နေ့လည်ကိုရောက်နေပြီ ဘာကို မနက်ခင်းလဲ”

ခွန်းရဲ့တုံ့ပြန်စကားကို လစ်လျူရှုလိုက်ပြီး လုရှန်မျက်လုံးတွေကို ကြည့်လိုက်သည် လက်ကိုပိုက်ရင်း သူတို့ကိုကြည့်နေတဲ့ လုရှန်မျက်နှာက တည်ငြိမ်နေလေသည်

‘ဝိုး’

နှစ်ထောင်းအားရဖြစ်ကာ အံ့အားသင့်ပြီး လုရှန်ကို အနည်းငယ် ပိုဖိအားပေးဖို့ ဆုံးဖြတ်လိုက်သည် ခွန်းဆီ ခြေတလှမ်းတိုးသွားကာ ခွန်းနှင့် အကြည့်ချင်းဆုံလိုက်သည်

“ဒါပေမဲ့ ရှင် eye makeup က ကွက်နေတယ် ကျွန်မ ရှင့်ကို သင်ပေးဖို့ ကြိုးစားခဲ့ရတာ ဒါပေမဲ့ ရှင်အခုလို အမှားတွေလုပ်နေတာမြင်ရတော့ ကျွန်မစိတ်ပျက်မိတယ်”

“ဟမ်?တကယ်လား?”

“ဟုတ်တယ် ဘယ်ဘက်က နည်းနည်းလေး ကွက်နေတယ်”

“အိုး မိုင်! ငါ ပစ္စည်းပြောင်းသုံးလိုက်မိလို့များလား”

“အဲ့လိုဆိုရင်တော့ ကျွန်မလဲမသိဘူး”

ပြောရင်း လုရှန်ကို တချက်လှမ်းကြည့်လိုက်သည် လုရှန်အမူအရာက အရင်ကထက် အနည်းငယ်လောက် တောင့်သွားပေမဲ့ တည်ငြိမ်နေဆဲပင်

‘အိုး မိုင် ဂေါ့ရှ်! ဒါက ဖြစ်နိုင်ရဲ့လား’

သူမက ခွန်းဆီ ဂရုတစိုက် လက်ကို ဆန့်ထုတ်လိုက်သည် အချိန်၌
“ကြည့်ရအောင်”

လုရှန်က သူမဆီ ကြောက်စရာကောင်းသော အရှိန်နှင့် ချဉ်းကပ်လာခဲ့သည် ထို့နောက် သူမ၏လက်ကောက်၀တ်ကို ကိုင်ပြီး အေးစက်စက်အသံနှင့်ပြောလေသည်
“ဒီလောက်ပဲ ထပ်ပြီး မလုပ်နဲ့တော့ နေးရား”

“…..”

လုရှန်မျက်နှာက အလွန်အမင်း ပြင်းထန်နေပုံရသည် အနီရောင်မျက်၀န်းတွေကလဲ ကြောက်လန့်စရာကောင်းနေသည် သို့ပါသော်လည်း ခံစားချက်တွေကို အခုလို မထိန်းချုပ်နိုင်တာကြောင့် ထိန်းချုပ်ထားတာတွေ လွတ်သွားမဲ့ ပုံစံတော့ မဟုတ်ပေ အနည်း‌ဆုံးတော့ ခံစားမှုတွေအပေါ် ထိန်းချုပ်နိုင်စွမ်း အနည်းငယ်လောက်ရှိသေးပုံရသည် သူမက လုရှန်ကို စိတ်လှုပ်ရှားတဲ့မျက်နှာနှင့်ကြည့်လိုက်သည်

“ဘာဖြစ်လို့လဲ”

“ကိုယ်က...တခြားတစ်ခုကို စမ်းကြည့်လိုက်ရုံပါ”

“ရှင်တို့နှစ်ယောက်က ကျွန်မမသိအောင် အထူးလေ့ကျင့်ရေးတွေ ဘာတွေများ လုပ်နေတာလား”

“အဲ့လိုမျိုးပဲ”

“ကျွန်မသိပြီ”

ချစ်စရာကောင်းပြီး ချီးကျူးထိုက်တဲ့ အရာမျိုးကို ရှင်တို့ရော ဘယ်လိုထင်ကြလဲ

သူမက လုရှန်ကိုဖက်ပြီး အော်လိုက်သည်
“အံဩစရာကောင်းတယ်! ကျွန်မသိသားပဲ ကျွန်မရဲ့ လုရှန်က အကောင်းဆုံးပဲ!လှပတယ်!ပြီးတော့ မိုက်တယ်!”

ဒီတစ်ပုဒ်တောင်မပြီးသေးဘူး နောက်တစ်အုပ်ကို ဘာကို ဘာသာပြန်ရမလဲ ရွေးနေပြီ ဖင်မနိုင်ပဲ ပဲကြီးဟင်းစားအုံးမဲ့ ဘလူအာပါ ချစ်တို့ရယ်🥲
မီကတော့ danmei‌ တော့ရွေးထားတယ် ယူတို့ recommend ချင်တာရှိရင်လဲ ပြောကြပါ မီဖတ်ကြည့်မလို့

Continue Reading

You'll Also Like

3.1M 240K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
1.2M 62.8K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
3M 193K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
2.7M 92.4K 25
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...