လေနှင်ရာ (completed)

By Mahura_Kwann_Thite

41.4K 4.3K 2.6K

မင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ... More

( အခန်း၁)
( အခန်း ၂ )
( အခန်း ၃)
( အခန်း၄)
( အခန်း၅)
( အခန်း၆)
( အခန်း၇)
( အခန်း၈)
( အခန်း၉ )
( အခန်း၁၀)
( အခန်း၁၁)
( အခန်း၁၂ )
( အခန်း၁၃)
( အခန်း၁၄ )
( အခန်း၁၅)
( အခန်း၁၆ )
( အခန်း၁၇)
( အခန်း၁၈)
( အခန်း၁၉)
( အခန်း၂၀)
( အခန်း၂၁)
( အခန်း၂၂)
( အခန်း၂၃ )
( အခန်း၂၄)
( အခန်း၂၅)
( အခန်း၂၆)
( အခန်း၂၇)
( အခန်း၂၈)
( အခန်း ၂၉ )
( အခန်း ၃၀)
( အခန်း၃၂)
( အခန်း၃၃)
( အခန်း၃၄)
( knock knock)
( အခန်း၃၅)
( အခန်း၃၆)
( အခန်း၃၇)
( အခန်း၃၈)
( အခန်း၃၉)
( အခန်း၄၀)
( အခန်း၄၁ )
( အခန်း၄၂)
( အခန်း ၄၃ )
( အခန်း ၄၄)
( အခန်း ၄၅)
( အခန်း၄၆)
( အခန်း၄၇)
( အခန်း၄၈ )
( အခန်း ၄၉)
( အခန်း ၅၀)
( အခန်း ၅၁)
( about this fic)
( အခန်း ၅၂)
( အခန်း ၅၃ )
( အခန်း၅၄)
( အခန်း ၅၅)
( အခန်း ၅၆ )
( အခန်း ၅၇)
( အခန်း ၅၈) ဇာတ်သိမ်းပိုင်း
ရှင်းတမ်း

( အခန်း ၃၁)

483 59 54
By Mahura_Kwann_Thite

အဲကွန်း၏အအေးဒဏ်ကြောင့်အေးစက်စက်ဖြစ်နေသောကြမ်းပြင်မှာဒူးပိုက်ထိုင်ရင်းမျက်ရည်စက်များကိုဖုံးကွယ်ထားသည်။

အတ္တသမားတို့၏မျဥ်းပြိုင်များကြားညပ်ခဲ့ရသည်ကြောင့်ဘယ်လောက်တောင်ပေးဆပ်ခဲ့ရပြီလဲ။ စည်းစိမ်ကြောင့်အတ္တကိုရှေ့တန်းတင်ခဲ့တဲ့မိခင်အရင်းဆိုတဲ့အမျိုးသမီး၊ ကိုယ့်ကိုသစ္စာဖောက်စွန့်ပစ်ခဲ့တာတောင်မနာကျည်းပဲအတ္တတွေနဲ့အတူကျွန်တော့်ကိုဘဝကိုသိမ်ငယ်အောင်လမ်းစပြခဲ့တဲ့ဖေဖေ။

ပြီးတော့.....သွေးသားရင်းခြာမဟုတ်ပါပဲ အမှတ်အတည်းအတွက်သွေးသားရင်းဆိုတဲ့အသိသံမှိုကိုစွဲစွဲမြဲမြဲရိုက်ထားတဲ့အမေ့ကြောင့် ကျွန်တော့်နှလုံးသားရဲ့ဆန္ဒတွေကိုထိန်းချုပ်ထားခဲ့တာ။ ၅နှစ်လုံးလုံးအခန်းထဲမှာပိတ်လှောင်ထားတဲ့မောင့်ကိုခွင့်လွှတ်နိုင်ပေမဲ့ သွေးသွားအရင်းမဟုတ်ကြောင်းထုတ်မပြောပဲသိုဝှက်ထားတဲ့အမေ့ကိုသိပ်နာကျည်းတာပဲ။

သွေးချင်းညီအစ်ကိုတစ်ယောက်ကိုရင်နင့်အောင်ချစ်မိတာရွံရှာဖွယ်လုပ်ရက်ဆိုရင်.....မှန်တယ်! ကျွန်တော်ကလူစိတ်မရှိတဲ့အမိုက်ကောင်ပဲ။ဒါပေမဲ့ သွေးသားအရင်းမဟုတ်ပါပဲအမေ့ဗိုက်ထဲကထွက်လာတာဆိုတဲ့အကြောင်းပြချက်ကြောင့်ဆိုရင်တော့ ကျွန်တော်ထပ်ပြီးနောက်မဆုတ်နိုင်တော့ဘူး။

သားအရင်းတစ်ယောက်လိုချစ်ပေးတာကျေးဇူးတင်ပေမဲ့ အမေလျှို့ဝှက်ထားတဲ့အမှန်တရားတစ်ခုတည်းကြောင့်ကျွန်တော်နဲ့မောင့်အသည်းတွေရစရာမရှိအောင်ကွဲအက်ခဲ့တာသိသိကြီးနဲ့နေနိုင်လိုက်ကြတာ။

ကြိတ်မခဲနိုင်မခံချင်စိတ်တွေထကြွလာသည့်အခါ လည်တိုင်မှာဆွဲထားသည့်ရောင်စုံပုတီးလေးကိုဆွဲဖြတ်ပစ်လိုက်သည်။ ကြမ်းပြင်ပေါ်ပြန့်ကျဲကျသွားသောပုတီးစေ့များနှင့်အတူကျွန်တော့်ဝမ်းနည်းမှုတွေအတူပါသွားရင်ကောင်းမည်။

Ring~~Ring~~Ring~~

အိပ်ယာပေါ်တင်ထားသည့်ဖုန်းမှအသံမြည်လာခြင်းကြောင့်ပါးပြင်ရှိမျက်ရည်များကိုဖိသုတ်ရင်းထရပ်လိုက်သည်။ ဖုန်းခေါ်စရာဆိုလို့မန်နေးဂျင်းနဲ့ဟိုကလေးဆီကပဲရှိတာမို့အရေးတကြီးကိစ္စထင်၍ကိုင်လိုက်သည်။

*ကို..ကိုကို*

အားပင်ဖျော့နည်းသောအသံငယ်ကိုကြားသည့်အခါ ရှိုက်သံစွတ်တဲ့အသံကိုငြိမ်အောင်ထိန်းပြီးပြန်ဖြေလိုက်သည်။

" အင်း...ဘာကိစ္စရှိလို့လဲ"

* သားကိုလာ...လာတွေ့ပါလားဟင်။ Da..Daddyကို.....တွေ့...ချင်လို့ပါ။*

" အခုသူလာမတွေ့နိုင်သေးဘူး ။ အရေးမကြီးရင်ဖုန်းမဆက်နဲ့...ဒါပဲ။"

ခပ်ပြတ်ပြတ်ပြောပြီးဖုန်းချလိုက်သည်။ ဟုတ်တယ်....မောင်နဲ့ငါ့ကြားမှာဘာစည်းမှမခြားတော့ပဲတခြားသူလက်ထဲထည့်ပေးလိုက်စရာအကြောင်းမရှိဘူး။

အခုအမေလည်းတားလို့မရတော့သလို၊ ငါ့ကိုယ်ငါလည်းတားဆီးတော့မှာမဟုတ်ဘူးမောင်။ မင်းမှတ်ဉာဏ်တွေပြန်မရတော့အောင်လုပ်ပြီး ဘဝအသစ်မှာငါ့ကိုပဲထပ်ချစ်အောင်ကြိုးစားမှာမလို့....ဘယ်အရာကမှငါနဲ့မောင့် ကြားမဝင်စေရတော့ဘူး။

ငါ့အတွက် အမေအရင်း၊မွေးစားအမေဆိုတာတွေအရေးမကြီးတာမို့။ အတိတ်တွေကိုလည်းမေ့ပစ်ပြီးမောင့်အတွက်အသန့်ရှင်းဆုံးနေခဲ့တာဖြစ်လို့ နောက်ထပ်မျက်ရည်ကျစရာလည်းအကြောင်းမရှိတော့ဘူး။

________

" အမေ....ထပြီးထမင်းစားလို့မရဘူးလား ။"

".............."

" ကျွန်တော်ဒါလေးပဲမေးခဲ့မိတာကို စကားမပြောနိုင်အောင်အထိစိတ်ဆိုးမနေပါနဲ့။ ပြီးတော့ ကိုကိုလည်းအမှန်တရားကိုသိသွားတာပဲရှိတာအမေ့ကိုမမုန်းလောက်ပါဘူး။"

အိပ်ယာပေါ်လှည်းနေသည့်မိခင်ဘေး၌ ထမင်းပန်းကန်တစ်ချပ်နှင့်အတူအတင်းညနေစာ စားခိုင်းနေသည်။ အမှန်တရားများစွာကိုသိသွားပြီးတဲ့နောက် အခန်းထဲမှာပဲတစ်နေကုန် ရှိနေတဲ့ဂျောင်ဂုနှင့်အတူ အိပ်ယာပေါ်လှည်းရင်းငိုပဲငိုနေသောမိခင်ကြောင့်ထယ်ယောင်းကပဲပြန်ဖြည်ရသည်။

​ဝန်ကြီးချုပ်ကလည်း ထယ်ယောင်းဘေးမှာအတူရပ်ပြီးဇနီးဖြစ်သူ့အားဖျောင်းဖျပေးနေ၏။

" သားပြောတာမှန်တယ်။ မင်းကိုဂျောင်ဂုကမမုန်းပါဘူးကွာ ထမင်းလေးတော့ထစားလိုက်ပါ။"

" ဒီထမင်းတွေစားလိုက်တော့ရော ကျွန်မသားဂျောင်ဂုက ကျွန်မကိုအမေအရင်းလို့သတ်မှတ်ဦးမှာလား။"

" မင်းနဲ့တော့ခက်ပြီ"

" ကဲအမေ....အမေထမစားလည်းကျွန်တော်မတတ်နိုင်တော့ဘူး။ ကိုကို့ဆီတစ်ချက်သွားကြည့်ဦးမယ်၊ မနက်ကတည်းကတစ်ယောက်တည်းနေပါစေဆိုပြီးလွှတ်ထားတာ အားငယ်နေမလားမသိဘူး။"

ပြောပြောဆိုဆိုနှင့်ဝန်ကြီးချုပ်လက်ထဲကိုထမင်းပန်းကန်ထိုးပေးပြီးထွက်သွားသည့်ထယ်ယောင်းကိုလိုက်ကြည့်ပြီးသူမဟီးခနဲထပ်ငိုချသည်။

ဒီကလေးမသိဘူး....သူဒီကလေးတွေရဲ့ချစ်ခြင်းကိုအနှစ်နှစ်အလလခွဲခဲ့တာသာသိရင်အခုလိုဂရုတစိုက်ရှိနေတော့မှာမဟုတ်မှန်းသိတယ်။ အမေအရင်းမဟုတ်တာကိုဖုံးကွယ်ထားရုံနဲ့ဂျောင်ဂုမုန်းမသွားနိုင်ဘူးဆိုတာသိသော်ငြား သူတို့ချစ်ခြင်းကိုကွေကွင်းစေခဲ့တာကြောင့်မုန်းများသွားရင်ဆိုသည့်အတွေးကသူမကိုညှင်းဆဲသည်။

ပွေ့ဖက်နှစ်သိမ့်ပြန်တဲ့ယောကျာ်းဖြစ်သူရဲ့ခါးကိုအားကိုးတကြီးဖက်လို့ ငိုရှိုက်မိ၏။ သားကတကယ်ပဲမုန်းမသွားလောက်ဘူးမလား။

ဒေါက်* ဒေါက်* ဒေါက်*

" ကိုကို"

"........."

ဒေါက်* ဒေါက်*

" ကိုကိုတံခါးဖွင့်ပါဦး"

ေဒါက်* ဒေါက်*__

နောက်ထပ်တံခါးခေါက်သံမဆုံးခင် ဖွင့်လာသည့်တံခါးနဲ့အတူ ညှိုးငယ်သောမျက်နှာထားနှင့်ကိုကိုက ခေါင်းငုံ့လျက်ထွက်လာသည်။

" ကိုကို~"

ကြင်နာစွာ ကိုကို့ခေါင်းလေးကနေလက်ဝါးတစ်ဖက်အုပ်ရင်းရင်ခွင်ထဲသွပ်သွင်းကာဖက်ထားလိုက်သည်။ ကျောပြင်ငယ်ကိုဖွဖွပုတ်ပေးရင်း ကိုကို့ဆံနွယ်တွေမှပျံ့နှံ့လာသောရှန်ပူနံ့သင်းသင်းလေးကိုရှူရှိုက်မိသည်။

" ကျွန်တော်ရှိတယ်.....ကိုကိုတစ်ယောက်တည်းမဟုတ်ပါဘူး ကျွန်တော်လည်းအတူရှိပါတယ်။"

အားပေးစကားပြောလာသည့်မောင့်ရဲ့အင်္ကျီခါးကိုတင်းတင်းဆွဲဆုပ်မိသည်။ အဆိုးထဲကအကောင်းဆိုပေမလား ၊ အမေ့ရဲ့သားအရင်းမဟုတ်လို့၊လူမဆန်တဲ့မိခင်ရင်းခြာရဲ့သွေးသားဖြစ်လို့ဝမ်းနည်းသော်လည်း မောင်နဲ့သွေးမတော်သားမဆက်မှန်းသိတဲ့အခါ ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားကငါဆိုတဲ့သူပါပဲ။

" ငါကမင်းရဲ့အစ်ကိုမဟုတ်တော့ဘူးထယ်ယောင်း......မင်းငါ့ကိုချစ်နိုင်သေးရဲ့လား။"

" ဘယ်လိုမေးလိုက်တာလဲကိုကိုရယ် ....ကိုကို့ ကိုအမြဲတမ်းချစ်တယ်။အစ်ကိုအရင်းဆိုလည်းချစ်တယ်၊အရင်းမဟုတ်လည်းချစ်တယ်။ ကိုကို....ခင်ဗျားက ကျွန်တော့်ဆီကအချစ်ခံရဖို့မွေးဖွားလာတာမလို့ ထပ်ပြီးအားငယ်စိတ်တွေမထားနဲ့တော့။"

" အင်း....ငါလည်းမင်းကိုချစ်တယ်"

ညီအစ်ကိုလိုမဟုတ်ပဲချစ်သူလို...ဆိုတာကိုတော့ငါထုတ်မပြောဖြစ်ပါဘူး။ အတိတ်ကအရာတွေကိုမေ့ပျောက်သွားတဲ့မောင့်ကြောင့်ငါကပဲပစ္စုပ္ပန်မှာ အမှတ်တရအသစ်လေးတွေဖန်တီးပေးပါ့မယ်။ အဲဒီ့အခိုက်အတန့်လေးတွေထဲမှာတစ်စုံတစ်ယောက်ကိုချန်လှပ်ထားရင်းပေါ့။

ငါဒီလောက်တော့တစ်ကိုယ်ကောင်းဆန်လို့ရတယ်မဟုတ်လား!

________

" ဂျိုးဇက်လေး ဒီနေ့မှမသက်သာရင်အန်တီတို့ ဆေးရုံသွားရအောင်လေနော်။ ခုနကဖုန်းဆက်တုန်းကအစ်ကိုလေးကိုပြောလိုက်ရမှာ။"

ဝှီးချဲပေါ်ထိုင်နေသည့်ကလေးငယ်ရဲ့နဖူးပေါ်လက်ဖြင့်စမ်းရင်းပြောလိုက်သည်။ကိုယ်အပူကသိပ်မမြင့်သော်ငြားခပ်နွေးနွေးဖြစ်၏။ ကြည့်ရတာစိတ်ကြောင့်ထင်ပါရဲ့။ အစားကိုသိပ်မစားသလို အခုတလောတမှိုင်မှိုင်တထွေထွေလေးသာဖြစ်နေသည်။

နေမကောင်းတုန်းမော်ဒယ်လိုင်လာ့အားတွေ့ချင်၍ အစ်ကိုလေးကိုဖုန်းဆက်သော်လည်းအချည်းနှီးသာ။ အစ်ကိုလေးကလည်းလွန်ပါတယ်၊ ညီတစ်ယောက်လုံးကိုပစ်ပြီးသာရာစံနေရတယ်လို့ ကြားထဲက ကိုယ်ကသာမော်ဒယ်လိုင်လာ့ဆီကိုခေါ်သွားပေးလိုက်ချင်တော့သည်။

ခက်တာက မော်ဒယ်လိုင်လာ့အိမ်ကဘယ်မှာလဲမသိသလို လိုက်သွားခါမှပြဿနာတွေဖြစ်ကုန်ဦးမည်။

" အန်တီ"

" ဟမ်...ပြောလေဂျိုးဇက်လေးအန်တီဘာလုပ်ပေးရမလဲ။"

" သား...Daddyကို...တွေ့...တွေ့ချင်တယ်။"

" ဂျိုးဇက်လေး အဲဒါကလေ"

" Da...Daddyအိမ်ကို...သား...မှတ်...မိ...ပါတယ်"

" ဟင် ဂျိုးဇက်လေးမှတ်မိတာလား"

မေးလိုက်သည်ရှိသော် ခေါင်းလေးညိတ်ပြသည်။ ထို့နောက် သူမရဲ့လက်ကိုဆွဲကိုင်ပြီးပြောလာ၏။

" သ...သားကို...လိုက်...ပို့ပေးပါ...နော်"

" ဟင်း!.... လမ်းသိတာကတော့ဟုတ်ပါပြီဂျိုးဇက်လေးရယ်။ ဒါပေမဲ့အစ်ကိုလေးက မော်ဒယ်လိုင်လာနဲ့ဂျိုးဇက်လေးကိုတွေ့စေချင်ပါ့မလားမသိဘူး။ အကယ်၍ ပြဿနာတွေဖြစ်သွားရင် အန်တီနဲ့ဂျိုးဇက်လေးကဘာလုပ်နိုင်မှာမလို့လဲ။"

ထိုသို့ပြောတော့ခေါင်းလေးငုံ့သွားပြီးဆွဲထားတဲ့လက်ကိုပြန်လွှတ်သွားသည်။နောက်တော့ အားအင်လျော့နည်းသောလေသံငယ်ဖြင့်ပြောလာ၏။

" သား....သိပါ..ပြီ"

".............."

" Daddy...လာ..လာတဲ့...အချိန်ကိုပဲ...စောင့်...ပါ့မယ်။"

ဖျော့နွဲ့စွာပြောလာသည့်လေသံလေးကတိုးညှင်းသော်လည်းမျှော်လင့်ချက်အားအင်တွေကိုမြင်နေရသည်။ ဒီကလေးလေးဘယ်အချိန်ထိမောဒယ်လိုင်လာနဲ့သူ့အစ်ကိုကြားကမြေစာပင်ဖြစ်နေဦးမှာလဲ။

သက်သက်မှကလေးသာသာအရွယ်လေးပဲရှိသေးတာကိုသနားလွန်းလို့ဘယ်လိုလုပ်ရမလဲကိုမသိတော့ချေ။

________

ညဉ့်သန်းယံဖြစ်လင့်ကစားအတွေးများစွာကနှိပ်စက်နေသည့်အခါ ခြံထဲရှိမြက်ခင်းပြင်ပေါ်ထိုင်ရင်းတစ်ခြမ်းသာရှိတဲ့လဆန္ဒာကိုငေးကြည့်နေမိသည်။

မိုးဓာတ်ရှိ၍လားမသိ ဒီနေ့မှကြယ်တွေကင်းလျက် လမင်းတစ်ယောက်တည်းသာအထီးကျန်နေသည်။

ဘေးမှာချထားတဲ့အိမ်အတွင်းမှယူလာသောဘီယာဗူးကဒ်ထဲကတစ်ဗူးကိုဖောက်သောက်ရင်း ကိုကို့အကြောင်းတွေကိုဦးနှောက်တစ်ခုလုံးထူပူသည်အထိစဥ်းစားမိသည်။

ညီအစ်ကိုအရင်းမဟုတ်လို့ဝမ်းနည်းရမယ်ဆိုတဲ့အသိစိတ်ကိုအတင်းကပ်လို့ မသိလိုက်မသိဘာသာကပ်ပါလာသည့်ပျော်ရွှင်မှုတွေကိုဖုံးကွယ်ထားရသည်။

ကိုကိုက ကျွန်တော့်အစ်ကိုအရင်းမဟုတ်တာကိုဘာလို့ကျေနပ်နေရတာလဲ။ အကြိမ်ကြိမ်အခါခါကိုယ့်ကိုယ်ကိုပြန်မေးတယ်၊ ဒါပေမဲ့အဖြေကထွက်မလာဘူး။

ကျွန်တော်မပျော်သင့်ဘူးလေ၊ဟုတ်တယ်မလား ကိုကို့ ကိုချစ်တယ်...အဲဒါကျွန်တော့်အစ်ကိုဖြစ်နေလို့။ အစ်ကိုအရင်းမဟုတ်လည်းဆက်ချစ်နေမှာ။

" ထယ်​ယောင်း"

တိတ်ဆိတ်နေသောညသံကိုဖြိုခွင်းလိုက်သည့်အသံချိုချိုကြောင့်နောက်ကိုဆတ်ခနဲလှည့်ကြည့်တော့ ....ကိုကို။

" ကိုကိုမအိပ်သေးဘူးလား ညဉ့်နက်နေပြီလေဗျာ"

" ငါအိပ်မပျော်လို့"

ပြောပြောဆိုဆိုနှင့်ဘေးမှာဝင်ထားသည့်ကိုကို ကအေးဆေးစွာဖြင့်။ ကျွန်တော်တို့နှစ်ယောက်ကြားမှာခံနေတဲ့ဘီယာဗူးကဒ်ထဲမှတစ်ဗူးကိုထုတ်ယူပြီးဖောက်သောက်လိုက်သည့်ကိုကို့ ကိုပဲငေးကြည့်နေဆဲဖြစ်သည်။

" ထယ်ယောင်း"

" ဗျာ "

" မင်းသာ လမင်းဆိုရင်ဘယ်ကြယ်ကိုရွေးမလဲ။ အနီးကပ်ဆုံးကကြယ်ကိုရွေးမလား အတောက်ပဆုံးကြယ်ကိုရွေးမလား။"

ကြယ်ရောင်မရှိတဲ့ကောင်ကိုပေါ်ငေးကြည့်ရင်းမေးသည့်ကိုကို့နဲ့ဆန့်ကျင်စွာကျွန်တော်ကတော့သူ့ မျက်နှာလေးကိုပဲကြည့်ဖြေလိုက်သည်။

" ဘယ်ကြယ်ကိုမှမရွေးဘူး"

" ဟမ်...ဘာလို့လဲ"

နားမလည်နိုင်စွာလှည့်မေးလာသောကိုကို့ကြောင့်ပြုံးလိုက်ပြီး ဆံနွယ်ကြားမှာကပ်ငြိနေတဲ့ခေါင်းအုံးမှိုစလေးကိုဖယ်ပေးလျက်ပြန်ဖြေလိုက်သည်။

" ဘယ်လောက်ပဲနီးနေပါစေ၊ဘယ်လောက်ပဲတောက်ပနေပါစေ အဲဒီကြယ်တွေကလရဲ့အနားမှာအချိန်ပြည့်ရှိမနေပေးကြဘူး။ အခုလိုမိုးဓာတ်ရှိတဲ့နေ့တွေမှာသူရဲဘောကြောင်ပြီးပုန်းကွယ်ကြတာလမင်းကြီးကိုတောင်မငဲ့မကွက်ပဲနဲ့လေ။"

"..........."

" ကျွန်တော်ကတော့တိမ်တွေကိုရွေးမယ်"

" တိမ်တွေ?"

" အင်း.....သူတို့ကလရဲ့ညီအစ်ကိုတွေလို့ပြောလည်းရတယ်။ မိုးသားရှိတဲ့နေ့တွေမှာထွက်မပြေးပဲလနဲ့အတူရှိပေးနိုင်တယ်၊ပြီးတော့ တစ်ခါတလေဆိုသူတို့ရဲ့လမင်းလေးကိုသဝန်တိုလို့ကွယ်ဝှက်ကြသေးတာ။

လူတွေကပြောတယ်....နေနဲ့လကအရမ်းလိုက်ဖက်တာပဲတဲ့။ ကျွန်တော့်အထင်ကတော့ လနဲ့တိမ်စိုင်တွေကသာအလှဆုံးနဲ့အလိုက်ဖက်ဆုံးပဲ။"

" ဒီတော့?"

"ဒီတော့.......နေမင်းကြီးလိုအမြဲတမ်းတပူပူတဆာဆာလုပ်နေတဲ့ကောင်မလေးတွေထက်၊ နူးညံ့တဲ့တိမ်စိုင်တွေလိုကိုကို နဲ့ ၊ လမင်းလိုကျွန်တော်ကအလိုက်ဖက်ဆုံးပဲလေ။....ညီအစ်ကိုတွေလိုမျိုး.....။"

မဖြစ်မနေထည့်ပြောလိုက်ရသည့်စကားကြောင့်အနည်းငယ်ရှုံ့တွသွားသောမောင့်မျက်နှာကိုကြည့်ပြီးခပ်ရေးရေးပြုံးလိုက်သည်။ ဒီနောက် ကြားထဲကဘီယာဗူးတွေကိုဘေးတွန်းပို့ပြီး ဒူးထောင်ထားတဲ့မောင့်​ခြေတံရှည်တွေကိုဖြောင့်စေလို့ပေါင်ပေါ်ခေါင်းအုံးလိုက်သည်။

အနည်းငယ်အံ့ဩပြီးမနေတတ်ဟန်ပြသည့်မောင်က ပါးစပ်တလှုပ်လှုပ်နှင့်တစ်စုံတစ်ခုကိုပြောဖို့ကြိုးစားနေဟန်။

" ဟို...."

"ဘာလဲမကြိုက်ဘူးလား၊ ငါခေါင်းမူးလာလို့ခဏလှည်းမိတာကိုမနက်ကတည်းကငိုထားရတာပင်ပန်းနေပြီ။"

" ဟာ မဟုတ်ပါဘူး ကြိုက်ပါတယ်။ ခေါင်းမူးနေရင်အိပ်နော်ကျွန်တော်မျက်ရိုးတွေကိုနှိပ်ပေးမယ်။"

ချက်ချင်းမျက်ဝန်းတွေကိုမှိတ်ချပေးသည်​ကြောင့်ကိုင်းခတ်ဝေသည့်မျက်ခုံးလေးများကိုလက်ချောင်းတို့ဖြင့်ခပ်ဖွဖွနှိပ်ပေးသည်။

လရောင်အောင်မှာထင်းနေတဲ့ကိုကို့မျက်နှာလေးက တစ်နေကုန်ငိုထားတော့ခပ်ဖောင်းဖောင်းလေးဖြစ်နေ၏။ လည်တိုင်သို့အကြည့်ရောက်ချိန်အမေဝယ်ပေးသောဆွဲကြိုးကိုမတွေ့ရတာမို့သက်ပြင်းချမိသည်။

ဖွယွစွာနှိပ်ပေးနေခြင်းကြောင့် သိပ်မကြာလိုက်ခင်မှာပဲကိုကို့ထံမှဟောက်သံပိစိလေးထွက်လာသည့်အတွက်အသံထွက်ရယ်လိုက်သည်။ နှိပ်ပေးနေသောလက်တွေက နဖူးပေါ်ဝဲကျနေသည့်ဆံနွယ်လေးများထံရောက်သွားပြီးသပ်တင်ပေးလိုက်၏။

အိမ်ထဲကိုပွေ့ချီပြီးခေါ်သွားပေးချင်ပေမဲ့ မွန်းကျပ်ခြင်းတို့လွင့်ပြေစေရန်မြက်ခင်းနုနုမှာလှဲအိပ်စေ၍ကျွန်တော်ကတော့ကိုကို့အတွက်ခေါင်းအုံးတစ်လုံးဖြစ်ပေးလိုက်မည်။

နောက်တော့ ကိုယ်တိုင်နောက်ကိုလှန်ချပြီးလက်ပြန်ခေါင်းခုလို့ကြယ်ရောင်မဲ့သောကောင်းကင်ထက်ငေးကြည့်ကာအိပ်စက်ဖို့ကြိုးစားသည်။ ဒီညတော့ လွတ်လပ်တဲ့မြက်ခင်းပြင်မှာ ကျွန်တော်က ကိုကို့အတွက်ခိုနားရာဖြစ်ခဲ့လေသည်။












အသဲတို့ရေညနေကျ ထွေးငယ်လေးတို့လာမယ်နော်။ ဒီလေနှင်ရာလေးကိုဖတ်နေတဲ့တလျှောက်လုံးဘယ်လိုမြင်လဲပြောပြပေးခဲ့ကြပါဦး။

အော်ပြီးတော့ကိုယ့်user nameရဲ့နောက်နာမည်ကိုchangeထားတယ်။

အရင်က Mahura Kanita(မဟူရာကနီတာ) ကနေ.....

အခု Mahura Kwann Thite (မဟူရာခွန်းသိုက်)

ဆိုပြီးchangeထားပါတယ်ရှင့်။ အရင်နာမည်နောက်ဘက်ပိုင်းကကျတော့နည်းနည်းခေါ်ရတာပျော့နေလို့ :)

Continue Reading

You'll Also Like

592K 112K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
174K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
71.3K 4.1K 16
"មកពីអូនស្រលាញ់ទើបប្រចណ្ឌបង..ហ្ហឹក! បងធុញអូនណាស់មែនទេបើបងធ្វើចរឹកត្រឹមត្រូវអូនក៏មិនទៅរករឿងបងដែរ ..ថ្ងៃណាមួួយអូននឹងលែងបង្ហាញមុខនៅចំពោះមុខបងលែងប្រចណ្ឌប...
471K 64.9K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...