My Husband Hates Me ( Complet...

Od Eros_90

1.8M 81K 3.3K

" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက္ထက္ပန... Více

Review ( Uni + Zaw )
Part - 1 ( Unicode )
Part - 1 ( Zawgyi )
Part - 2 ( Unicode )
Part - 2 ( Zawgyi )
Part - 3 ( Unicode )
Part - 3 ( Zawgyi )
Part - 4 (Unicode)
Part - 4 (Zawgyi)
Part - 5 (Unicode)
Part - 5 ( Zawgyi )
Part - 6 (Unicode)
Part - 6 ( Zawgyi )
Part - 7 ( Unicode )
Part - 7 ( Zawgyi )
Part - 8 ( Unicode)
Part - 8 ( Zawgyi )
❗Please ❗(Uni+Zaw)
Part - 9 ( Unicode) ❗
Part - 9 ( Zawgyi) ❗
Part - 10 (Unicode)
Part - 10 ( Zawgyi)
Part - 11 ( Unicode)
Part - 11 ( Zawgyi)
Part - 12 ( Unicode )
Part - 12 ( Zawgyi )
Part - 13 ( Unicode )
Part - 13 ( Zawgyi )
Part - 14 (Unicode)
Part - 14 ( Zawgyi )
Part - 15 ( Unicode)
Part - 15 ( Zawgyi)
Part - 16 ( Zawgyi)
Please ❗❗❗ (Uni+Zaw)
Part - 17 ( Unicode)
Part - 17 ( Zawgyi)
Part - 18 ( Unicode )
Part - 18 ( Zawgyi )
Part - 19 ( Unicode )
Part - 19 ( Zawgyi )
Part - 20 ( Unicode )
Part - 20 ( Zawgyi )
Part - 21 ( Unicode )
Part - 21 ( Zawgyi )
Part - 22 ( Unicode )
Part - 22 ( Zawgyi )
Part - 23 ( Unicode)
Part - 23 ( Zawgyi )
Part - 24 ( Unicode)
Part - 24 ( Zawgyi )
Part - 25 ( Unicode)
Part - 25 ( Zawgyi)
❗❗Please
Part - 26 ( Unicode )
Part - 26 ( Zawgyi )
Part - 27 ( Unicode)
Part - 27 (Zawgyi)
Part - 28 ( Unicode)
Part - 28 ( Zawgyi)
Part - 29 ( Unicode)
Part - 29 ( Zawgyi)
Part - 30 ( Unicode)
Part - 30 ( Zawgyi)
Part - 31 ( Unicode)
Part- 31 ( Zawgyi)
Thank you for all ( uni+Zaw)
Book
Fiction Review ( Uni + Zaw )
မကိုဋ်ထွဋ်ခေါင် ( မကိုဋ်ထွဋ်ခေါင် ) (Artist - Alexi_Heyzel)
သကျထကျပနျ ( သက်ထက်ပန် ) ( Artist - A Nai )
နှစ်ဖက်လှ PC Preorder Gift ( Arist- Kaung Mon Hein (Ika))
Head Chibi Diecut Bookmark ( Artist -Jiro Illustration )
Book Cover & Book Details ( Artist -Jumper )
Limited Gift

Part - 16 ( Unicode )

38.9K 2.1K 106
Od Eros_90

အပိုင်း - ၁၆


ကြည့်ထားလိုက်စမ်းပါ ။ ဒီလူက ကျွန်တော့်အပိုင်။
ဘယ်လိုအကြောင်းတရားတွေပဲရှိရှိ ဒီလူက
ကိုယ့်ရဲ့အပိုင်ပဲဆိုတာကို ဘေးနားမှာရှိနေတဲ့သူကို
မြင်သာအောင်ပြလိုက်နိုင်ရင်ကို ကျေနပ်နေပြီ။
နောက်ပြီး ကုမ္ပဏီမှာတုန်းကလို ကိုယ့်ကို နှင်မလွှတ်တာကို ပိုပြီးကျေနပ်သည်လေ။

*
*
*
*
*
*
*
*

" ကျေးဇူးပဲနော် ထက်မြတ် ၊ ကိုယ်တစ်ယောက်ထဲ
သာဆိုဒီနေ့မပြီးလောက်ဘူး ၊ အလုပ်ကအလျင်လို
နေပါတယ်ဆိုမှ လင်းမြတ်ကလဲခရီးသွားရတော့
ကိုယ်တော့သေပါပြီလို့တောင်တွေးနေမိတာ ၊ ထက်မြတ်လာကူပေးလို့တော်သွားတာ "

" ရပါတယ် ကိုထွဋ်ရဲ့ ဒီအပိုင်းတွေကျတော့
ကိုလင်းမြတ်က ကျွန်တော့်ကိုတော်တော်ရှင်းပြပေးထားလေ၊ သဘောတရားတွေနားလည်ထားတော့ အခုလက်တွေ့ပြန်လုပ်တဲ့အချိန်မှာ လွယ်သွားတာထင်တယ် "

ထက်မြတ်ဦးနဲ့စကားပြောနေရင်း အလုပ်တွေပြီးတဲ့အထိ ကိုယ့်ပေါင်ပေါ်မှာ ငြိမ်ပြီးထိုင်နေတဲ့သူကိုလည်းလှည့်ကြည်မိသည်။ကိုယ့်လည်ပင်းတွေကိုသိုင်းဖက်ထားရင်း ကိုယ့်ပခုံးပေါ် ခေါင်းတင်ကာ အိပ်ပင်ပျော်နေလေပြီ။ ဒီလိုပုံစံနဲ့များ အိပ်ပျော်နေရတယ်လို့ကွာ ။ခါးတွေနာကုန်တော့မှာပဲ ။သူဖြင့်တစ်လုံးမှနားမလည်တဲ့စာရင်းတွေလုပ်တဲ့နေရာလာထိုင်နေမှတော့ ပျင်းပြီးအိပ်ပျော်ပြီပေါ့။

" ကိုသက်ထက်ပန် အိပ်ပျော်နေပြီထင်တယ် "

" အဟွင်း! ! ပျင်းသွားတာရော မနက်ကအိပ်ရေး
မဝသေးတာပါပေါင်းပြီး အိပ်ချင်သွားတာနေမယ် ၊
သူကအိပ်ရမယ်သာဆိုရင်အစားမစားရလည်း ဖြစ်တဲ့လူစားမျိုး ၊ အအိပ်မက်တယ်"

သဘောကျစွာပြန်ဖြေမိရင်း နှာခေါင်းလုံးလုံးလေးကို
ဖြေးဖြေးလေးညှစ်လိုက်မိသည်။ အသားအရေက
နူးညံ့လွန်းလို့ သူ့တစ်ကိုယ်လုံးဘယ်နေရာကိုထိထိ
ဝါဂွမ်းလေးကိုတို့ထိရသလိုမျိုး ခံစားရစေရ၏ ။

" ကိုထွဋ်အတွက်တော့ လက်ထပ်ထားတဲ့အမျိုးသားဆိုတာထက် ကလေးလေးလိုဖြစ်နေမယ်ထင်တယ် ၊ဒီလောက်တောင်ချွဲတက်မှတော့ စိတ်ချမ်းသာစရာလေးတွေကို နေ့တိုင်းမြင်နေကြားနေရမှာပဲ "

" ထင်လို့ပါ သက်ထက်ပန်က သူများတွေထင်သလောက်လဲ မချွဲတက်ပါဘူး "

သက်ထက်ပန်ကမချွဲတက်ဘူး ။ သရုပ်ဆောင်တက်တာလိုပြောချင်ပေမယ့် ပြုံးယုံသာပြုံးမိသွားသည်။ ဒီကလေးက တကယ့်မနိုင်စိန် ။

" ကဲ ဒါဆိုကျွန်တော်ပြန်တော့မယ်နော် ကိုထွဋ် "

" ကျေးဇူးပဲနော်ထက်မြတ် ၊ နောက်ရက်အလုပ်တွေပါးသွားရင် ကိုယ်သီးသန့်လိုက်ကျွေးပါဦးမယ် ၊ ဒီရက်ထဲတော့အလုပ်တွေကများနေလို့  "

" ရပါတယ် ကိုထွဋ်ရယ် တကူးတကလုပ်ပေးရမယ့်
သူတွေမှမဟုတ်တာ ၊ ကဲ ကျွန်တော်သွားပြီနော် "

" ဟုတ်ပြီ ဟုတ်ပြီ ကိုယ်တော့လိုက်မပို့တော့ဘူးနော်ဒီမှာကမြင်တဲ့အတိုင်းပဲ "

ကိုယ်လုံးသေးသေးလေးကို ခပ်ဖွဖွထွေးပွေ့ပြီး
ပြောလိုက်တော့

" ဟုတ်ရပါတယ်ဗျာ "

ထက်မြတ်ဦးအခန်းထဲကနေထွက်သွားတော့မှ အိပ်ပျော်နေသူကိုပွေ့ချီဖို့ကြိုးစားလိုက်တဲ့အခါ လူးလွန့်လာသည့် ခန္ဓာကိုယ်နှင့်အတူ မျက်လုံးပွင့်လာသည်။ ပြီးတာနဲ့ ဘေးဘီကို လှည့်ကြည့်အကဲခတ်ရင်း သူ့မျက်လုံးတွေကိုပွတ်နေပြန်၏ ။

" အလုပ်ပြီးသွားပြီလား "

" ပြီးသွားလို့ ထက်မြတ်ဦးတောင် ပြန်သွားပြီ
မသိလိုက်ဘူးမဟုတ်လား အိပ်ပုတ်နေလို့ "

သက်ထက်ပန်ကတော့ ချက်ချင်းဆိုသလိုပဲ ကိုယ့်ပေါင်ပေါ်ကနေထပြီး အခန်းအပြင်ကိုထွက်ဖို့ပြင်သည်။သူ့လက်ကိုလှမ်းဆွဲထားတော့ မျက်မှောင်ကျုံ့ပြီးလှည့်ကြည့်လာရင်း

" ဘာတုန်း စားပြီးနားမလည် ချက်ချင်းထပြေးဖို့ပြင်နေတာလား "

" ဘာဗျ ခင်ဗျား "

" ဟာ ခင်ဗျားဖြစ်သွားပြီလား မြန်လိုက်တာကွ
ထက်မြတ်ရှေ့မှာကျ ကိုကိုဆို သားကဆို ၊
အခုလည်းကျရော ချက်ချင်းလေသံပြောင်းသွားတာ
ကြည့်စမ်း ၊ မသိရင် အနိမ့်ဆုံးကီးကနေ အမြင့်ဆုံးကီးကို ခုန်ကူးလိုက်သလိုပဲ အသံအနိမ့်အမြင့်က တအားကွာခြားတယ်နော်"

" ခင်ဗျား မျက်နှာလာမရူးနဲ့နော် ၊ လက်ကိုလွှတ်
အိပ်ချင်နေလို့ အခန်းထဲမှာသွားပြန်အိပ်မလို့ "

" လေသံကမာလိုက်တာကွာ ၊ နှလုံးသားလေး
နာကျင်သွားရပြီ "

ပြောရင်းနဲ့ လက်ကိုဆောင့်ဆွဲလိုက်တာကြောင့်
လူကယိုင်သွားရပြီး ထိုင်နေတဲ့သူ့ရဲ့ပေါင်ပေါ်ကို
ထပ်ပြီးထိုင်ရက်သားကျသွားရသည် ။ ကိုယ့်ခါးတွေကို သူ့လက်နှစ်ဖက်နဲ့ပွေ့ဖက်ထားရင်

" ဘာလို့ပြန်အိပ်ဖို့လုပ်နေတာလဲ နာရီကိုကြည့်ဦး
နေ့လည်ထမင်းစားချိန်ရောက်နေပြီ "

" မသိဘူး အရမ်းအိပ်ချင်လာလို့ "

" အချိန်မဟုတ်အိပ်ရင် နေမကောင်းဖြစ်တတ်တယ် မအိပ်တော့နဲ့နော် ထမင်းသွားစားရအောင် "

" အဲဒါဆိုလည်း အခုသွားစားမယ် "

" ခဏနေဦး ပြောစရာရှိသေးတယ် "

စကားဆုံးတာနဲ့ ကိုယ့်ပါးတွေကိုအတင်းဖိကပ်ကာ
နမ်းနေပြန်သည်။နမ်းတာမှ အားကုန်သုံးပြီးအချက်
ပေါင်းများစွာဖိပြီးနမ်းနေတာ ။

" ရား! !! ခင်ဗျား ဘယ်လိုဖြစ်နေတာလဲလို့
နာလိုက်တာ သူ့အသားမဟုတ်တိုင်းမညှာမတာ "

" ပါးကြီးတွေကဖောင်းကားနေတာပဲကွာ နမ်းလို့
ကောင်းချက်"

" ခင်ဗျာ "

" ကိုကိုလို့ပြန်ခေါ်ပါလား ၊ မင်းငယ်ငယ်ကဆိုရင်
ကိုယ်ခြံထဲဆင်ရင်တောင် ကိုကိုသားလည်းလိုက်မယ်နော်ဆိုပြီးပုဆိုးစဆွဲလိုက်တတ်တယ်လေ "

" ဟုတ်တယ်လေ အဲလိုတွေအနားကပ်တိုင်း ခင်ဗျားပဲ အော်ငေါက်နေတာမဟုတ်ဘူးလား "

" Sorry ကိုယ်တောင်းပန်တယ် "

" တောင်းပန်လည်း သေတဲ့အထိမှတ်ထားမှာဘဲ "

" ညာပြောနေပြန်ပါပြီ မင်းကအဲလိုတွေမှတ်ထားပြီး
ကိုယ့်ကိုစိတ်နာနေတဲ့သူမှမဟုတ်တာ ၊ ကိုယ့်ကိုဆိုရင် အမြဲတမ်း ခွင့်လွှတ်ပေးတယ်လေ "

" ဝါးဟားဟားလို့ပဲရီလိုက်ချင်တယ် ဘယ်တုန်းက
ခွင့်လွှတ်ပေးမိလို့်လဲ "

" အရင်ထဲကပဲလေ မင်းသာကိုယ့်ကိုခွင့်မလွှတ်ရင် ဘာလို့များ ကိုယ့်ကုမ္ပဏီအထိ လာလာချောင်းကြည့်နေမှာလဲ ဟုတ်တယ်မို့လား "

ကြားလိုက်ရတဲ့စကားကြောင့် သက်ထက်ပန်တစ်ယောက် ကိုယ့်ဘာသာ မလုံမလဲဖြစ်မိသွားရတော့သည်။ အရင်အချိန်တွေတုန်းက သူ့ကုမ္ပဏီအရှေ့ထိ သွားသွားချောင်းကြည့်ခဲ့ဖူးတဲ့အကြောင်းတွေကို သူဘယ်လိုများသိသွားရတာလဲ ။

" ဘယ် ဘယ်တုန်းက လာချောင်းမိလို့လဲ မဟုတ်တာတွေကိုပြောနေတာ "

ငြင်းလိုက်မိပေမဲ့ လေသံကမူမမှန်ချင်။ ဒါကိုလည်း
လူကဲခတ်မညံ့သူက သေချာပေါက်သတိထားမိမှာပင်။

" ဒီမှာ ကိုယ်ကလေ ကိုယ်ရဲ့ကုမ္ပဏီပတ်ဝန်းကျင်မှာဘာဖြစ်လို့ဖြစ်နေမှန်းမသိရလောက်အောင် လက်လွတ်စပယ်နေမဲ့သူလို့ ခင်ဗျားလေးထင်နေတာလား ၊ ကလေးစိတ်နဲ့မို့လာချောင်းမိပါတယ်လို့ဝန်ခံလိုက်ရမှာကို အတင်းငြင်းနေတော့တာပဲ "

" မသိ မသိဘူး ထမင်းသွားစားတော့မယ် "

ထမင်းစားခန်းထဲထွက်ပြေးချင်ပေမယ့် တင်းကျပ်စွာဖက်ထားသူကြောင့် ထွက်ပြေးခွင့်မသာခဲ့ပါ ။
ကိုယ့်လည်တိုင်ဆီ အနမ်းတို့ဖြန့်ကြက်ခံလိုက်ရရင်း

" မင်း ကိုယ့်ကိုချစ်လား သက်ထက်ပန် "

" ဘာ ဘာလို့ခင်ဗျားကိုချစ်ရမှာလဲ "

သူကအရင်ပြောရမယ့်စကားကို ကိုယ့်လာမေးနေတာကြောင့် ဒေါသနဲ့ငြင်းလိုက်မိတော့၏ ။

" မညာရဘူး အမှန်တိုင်းပြော "

" ဒါဆို ခင်ဗျားအရင်ဖြေလေ ကျွန်တော့်ကိုချစ်လား "

" ကိုယ်ပြောထားတယ်လေကွာ ၊ ကိုယ့်ဘက်က
ကိုယ့်ရဲ့စိတ်ခံစားချက်ကို အလုံးစုံရှင်းရှင်းလင်းလင်း သိတဲ့အချိန်ကျရင် မင်းကိုဝန်ခံမယ်လို့ "

" ဟုတ်ပြီလေ ခင်ဗျားရဲ့စိတ်ခံစားချက်ကိုအလုံးစုံ
ရှင်းရှင်းလင်းလင်းသိတဲ့အချိန် ခင်ဗျားဘက်ကဝန်ခံ ၊ပြီးရင် မင်းရောငါ့ကိုချစ်လားသက်ထက်ပန်လို့ထပ်ပြီးမေးပါ ၊ အဲအချိန်ကျရင်အမှန်တိုင်းအဖြေပေးမယ်ခင်ဗျားဘက်ကစပြီးဝန်မခံသရွေ့ ကျွန်တော့်ဘက်ကလည်း ခင်ဗျားစိတ်နဲ့ထပ်တူပါပဲ ၊ ခင်ဗျားက ကျွန်တော့်ကိုချစ်ရင်ကျွန်တော်လည်းခင်ဗျားကိုချစ်တယ် ၊ ခင်ဗျားကမှမချစ်ရင်တော့ ကျွန်တော်ကလည်းချစ်မနေဘူး ၊ အဲဒီထက်ပိုပြီး ခင်ဗျားကမုန်းနေတာပါဆိုရင် ကျွန်တော့်
ဘက်ကလည်းထပ်တူထပ်မျှပါဘဲ ၊ ကျွန်တော့်အပေါ် ခင်ဗျားဘယ်လိုဆက်ဆံသလဲဆိုတာကိုမူတည်ပြီးတူညီတဲ့တုန့်ပြန်မှုဘဲရမှာပါ ၊ ပေးဆက်ပြီးချစ်တာတို့တစ်ဖက်သတ်ချစ်တာတို့ဆိုတာမျိုးလေး လာမပြောပါနဲ့ ကျွန်တော်ကအဲလောက်ဈေးမပေါဘူး "

" ခေါင်းမာချက်ကလည်း ထင်မထားလောက်အောင်ပဲကွာ"

ခပ်တိုးတိုးပြောလာသည့်စကားထဲတွင် စိတ်မကျေနပ်ခြင်းတွေပါနေမှန်းသိသာသည်။ တော်ပြီလေ ခန္ဓာကိုယ် တစ်ခုလုံးကိုဈေးပေါပေါနဲ့ပေးထားခဲ့ရပြီးပြီ။ နှလုံးသားထဲကနေပေါက်ဖွားလာတဲ့ သန့်စင်တဲ့အချစ်ကိုတော့ ရတဲ့နည်းနဲ့ဂုဏ်မြှင့်ပါရစေ။

" ကောင်းပြီလေ ဒါဆိုရင် အခု ကိုယ်တို့တွေသဘောတူညီချက်တစ်ခုလောက်လုပ်ရအောင် "

" ဘာလုပ်မှာလဲ "

" မင်းက အရင်ကလိုပဲ ကိုယ့်ကိုကိုကိုလို့ခေါ်ပေးပြီး
မင်းကိုမင်း သားလို့သုံးပေးရမယ် "

" ဒါဆို ခင်ဗျားကရော "

" ကိုယ်ကမင်းကို သက်ထက်လို့ခေါ်မှာ ၊ နောက်ပြီး
မင်းကဒီနေ့လိုမျိုးဘဲ ဘယ်သူ့အရှေ့မှာမဆို
ကိုယ့်အပေါ်သဝန်တိုခွင့်ရှိတယ် ၊ မင်းကိုလည်း
ပိုပြီးဂရုစိုက်ပေးမယ် "

" ကောင်းပြီလေ သဘောတူတယ် "

ကိုယ့်ရဲ့တောင်းဆိုချက်ကို ငြင်းဆန်မယ်ထင်နေမိပေမယ့်ချက်ချင်းပဲသဘောတူကြောင်းပြောလာသည်။သက်ထက်ပန် ဒီကောင်လေးရဲ့စိတ်က တကယ်ကို ခန့်မှန်းရခက်လှသည်။


*
*
*
*
*
*
*
*

သဘောတူညီချက်တစ်ခုကိုရပြီးတဲ့နောက်မှာတော့
မကိုဋ်ရဲ့အိမ်မှာ အရင်ကလိုပဲ ဆူဆူညံ့ညံ့အသံတစ်ချို့ပြန်ကြားလာရလေတော့သည် ။

" ကိုကို သားဒီနေ့ကုမ္ပဏီကိုလိုက်လာပြီ ကိုကိုနဲ့
ထမင်းအတူတူစားမယ်နော် "

" ကိုကိုရေ ဒီနေ့တော့ စောစောပြန်လာနော် "

" ကိုကို ပိတ်ရက်ကျအလုပ်ရှိရင် အိမ်မှာဘဲလုပ်နော် "

" ကိုကိုရေ ပိတ်ရက်ရရင် သားကိုအပြင်လိုက်ပို့ပေးနော်ပန်းမျိုးစေ့တွေဝယ်ချင်လို့ "

" အိမ်မှာနေရတာပျင်းလို့ ကုမ္ပဏီကိုလိုက်ချင်တယ် သားကို ခေါ်ပါလားကိုကို "

" ကိုကို အလုပ်ကအပြန် အရမ်းနောက်မကျရင်
မုန့်ဝင်ဝယ်လာပေးပါလား "

" ကိုထက်မြတ်ဦးနဲ့ အရမ်းမရောနဲ့နော် ကိုကို"

" ကိုကိုရေ ..... "

" ကိုကိုရေ .... "

သက်ထက်ပန်ရဲ့ ကိုကိုရေဆိုသည့်စကားသည့်
နေ့စဉ်ကြားနေရသည့် အိမ်ရဲ့ဆည်းလည်းပင်
ဖြစ်နေလေတော့သည်။

*
*
*
*
*
*
*
*

" အောက်ကိုဆင်းဦးနော် သက်ထက် "

အိမ်ထောင်သက်သုံးလပြည့်သည့်နေမှာပင် ကိုယ့်ကိုအရေးကြီးတဲ့နေရာဆီ သွားစရာရှိလို့ဆိုပြီးခေါ်လာခြင်းဖြစ်သည်။ ဘယ်ကိုသွားမှာလဲဆိုပြီးမေးမိပေမယ့်ရောက်ရင်သိမှာပေါ့လိုသာပြန်ဖြေခဲ့လေသည်။
အခုရောက်လာရသည့်နေရာကတော့ လူသူကင်းမဲ့
နေသော သုသာန်တစပြင်သာဖြစ်နေသည်။

" လာ ကိုယ့်လက်ကိုတွဲ "

ကမ်းလာပေးသည့်လက်ကို လှမ်းဆွဲလိုက်သည့်အခါ သူ့လက်ဖျားတွေဆီမှ အေးစက်လွန်းနေသော
အထိအတွေ့။ သူကြောက်နေတာလား ဒါမှမဟုတ်
စိတ်လှုပ်ရှားနေတာလား ။ဝေခွဲမရသည့်အတွေးနှင့်ပင် သူဆွဲခေါ်ရသို့လိုက်ပါသွားရသည်။

အရိပ်အာဝါသကို သေချာစွာလုပ်ပေးထားသည့်
အသစ်တိုင်းရှိနေသေးသော အုတ်ဂူလေးတစ်ခု ။
နေ့စဉ်လဲပေးထားပုံရသည့် ပန်းတစ်ချို့ ။
အုတ်ဂူထက်က စာတန်းကိုဖတ်ကြည့်မိတော့

" မောင်ရှိန်းခေါင်ယံ ( အသက် ၁၉ နှစ် )
   7.12.2022 ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်သည်။ "တဲ့။

" ဒါ ဒါက "

ကိုကို့ကိုမော့ကြည့်လိုက်ရင်း စကားဆိုလိုက်မိတော့ ခပ်ဖွဖွလေးပြုံးပြလာကာ

" ကိုကိုနဲ့သက်ထက် သူဆီကိုတစ်ခါလောက်တော့
အတူတူလာတွေ့သင့်တယ်ထင်လို့လေ "

ပြောပြီးတာနဲ့ ရှေ့ပြန်လှည့်သွားသူရဲ့မျက်ဝန်းတွေထဲမှာ မျက်ရည်ကြည်စအချို့ရစ်သိုင်းနေမှန်း သိလိုက်သည်။ သိပ်ကိုအသည်းမာတဲ့သူဆီနေက မျက်ရည်ကျရလောက် အောင် အချစ်ခံရတဲ့သူဆီ ကိုယ်ပါလိုက်လာခဲ့ရတာပါလား။

" ကိုယ် ဒီတစ်ခေါက်လာတွေ့တာနည်းနည်းကြာသွားတယ်နော် ၊ အဆင်ပြေပြေနဲ့ အေးအေးချမ်းချမ်းရောရှိတယ်မဟုတ်လား ရှိန်းငယ် ၊ ဒီတစ်ခါတော့ ဧည့်သည်တစ်ယောက်ပါခေါ်လာပေးတယ် ၊ သူက သက်ထက်ပန်တဲ့ ကိုယ့်ရဲ့ ကိုယ့်ရဲ့အမျိုးသားပေါ့၊ ရှိန်းငယ်ဆုံးပြီးသိပ်မကြာခင်ပဲ ကိုယ်လက်ထပ်လိုက်တယ်လေ ၊ နောက်ပြီး သူကရှိန်းငယ်နှလုံးလှူပေးခဲ့တဲ့ကလေးပဲ ၊ သူလေးကျန်းကျန်းမာမာရှိနေတာကိုမြင်ရရင် ပျော်မယ်မဟုတ်လား "

ပြောလက်စ စကားကိုခဏရပ်လိုက်ကာ ကိုယ့်ဘက်ကို လှည့်ကြည့်လာလေသည်။

သက်ထက်ပန်မှာလဲ ကိုယ့်ရဲ့အသက်သခင်ကျေးဇူးရှင်ရှိတဲ့နေရာဆီကို ရောက်လာရတဲ့အချိန်မှာ လက်ဖျားတွေအေးစက်လာရတော့သည်။

" ကျွန်တော်ကသက်ထက်ပန်က ၊ အကိုလေးရှိန်း
နှလုံးလှူပေးခဲ့တဲ့သူပါ ၊ အသက်သခင်ကိုအစောကြီးထဲက လာတွေ့သင့်ပေမယ့် အခုမှလာမိလို့တောင်းပန်ပါတယ် နောက်ပြီး အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်၊
စိတ်ရင်းအမှန်နဲ့ကိုကျေးဇူးတင်တာပါ "

စကားသံတို့ ခဏတာမျှတိတ်ဆိတ်သွားပြီးမှ

"သက်ထက်လေးလဲ ကျန်းကျန်းမာမာရှိနေတယ်၊
ကိုယ်လဲ ပျော်အောင်နေ အင်း .... ကိုယ်လဲ
အဆင်ပြေအောင်နေနေလို့ ရှိန်းငယ်လဲ ဘာကိုမှ
နောက်ဆံမတင်းဘဲ အေးချမ်းတဲ့ဘဝသစ်တစ်ခုကို
စရမယ်နော်၊ တစ်ချိန်ချိန်များပြန်ဆုံဖြစ်ခဲ့ရင် ဒီဘဝမှာမင်းကို မကာကွယ်နိုင်ခဲ့သမျှအတိုးချပြီးကာကွယ်ပေးဖို့ ကတိပေးပါတယ် ၊ဒီဘဝမှာတော့ ကိုယ့်ကမင်းကို လက်လွှတ်ပေးလိုက်ပြီမို့ အေးချမ်းပါစေတော့ ရှိန်းငယ်ရယ် "

အဖျားခတ်တုန်ရီသွားသောစကားသံနှင့် လွင့်စင်ကျလာ သည့်မျက်ရည်တစ်စက်။ ဘာကြောင့်မှန်းမသိ သတ်ထက်ပန်ရဲ့ နှလုံးသားထဲအထိနင့်နင့်နဲနဲဝမ်းနည်းသွားစေသည်။ ဖြေးဖြေးလေးတိုက်ခတ်နေသည့် လေနုအေး။ တိတ်ဆိတ်လွန်းသည့်ပတ်ဝန်းကျင်။ သက်ရှိလူသားနှစ်ယောက်၊ သက်မဲ့အုတ်ဂူလေးတစ်ခု ။ ရေစက်ပါလာလို့ဆုံတွေ့ရတာမျိုးထင်ပါရဲ့။


Eros_90

10.5.23 ( ည ၈နာရီ ၅၅မိနစ် )

13.5.23 ရက်နေ့ အပိုင်းသစ်Update ရှိပါမည်။

Pokračovat ve čtení

Mohlo by se ti líbit

445K 62.6K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
28.7K 2.7K 18
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
159K 25K 19
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
262K 46.3K 58
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)