Unicode
အပိုင်း (၉၉) ဂရုစိုက်မှု ၂
“ဟ”
လုလင်ကျစ်က နာကျင်မှုဖြင့် ညည်းသည်။
သူမ၏သွယ်လျသောလက်များကို ကြည့်လိုက်၏။ ထို့နောက် သူက ရယ်သည်။ သူကသာ အမှားလုပ်မိလိုက်သော အမူအရာမျိုးဖြင့် အသနားခံလိုက်၏။
“ယောင်ယောင် ဒီအစ်ကိုကြီးကိုတော့ ညှာတာပေးပါ”
လုရှန်းကျစ်က တောင်းပန်ဟန်ဖြင့် ကြည့်ပြီးနောက် မျက်ဝန်းထောင့်မှတစ်ဆင့် ယဲ့ကျန်းကို ကြည့်သည်။
“ယောင်ယောင် ဂရုစိုက်လေ”
“ညီမက အတွေ့အကြုံမှ မရှိတာ၊ ပြီးတော့ ပတ်တီးလဲတာကို ဘယ်တော်မှာလဲ”
ယဲ့ကျန်းက ထိုသို့ မည်းမှောင်စွာ ပြန်ဖြေ၏။
“ဟုတ်တယ် ဟုတ်တယ်၊ ဒီအစ်ကိုကြီး မနာတော့ပါဘူး”
လုလင်ကျစ်က နူးညံ့စွာပြုံး၏။
သူ၏စိတ်ရှည်သည်းခံစွာ ချဉ်းကပ်မှုနှင့်တောင်မှ ယဲ့ကျန်းက သူ့အားမကြည့်ပါပေ။ သူမက သူ၏ဒဏ်ရာအပေါ်မှ ဆေးပတ်တီးကို ဖယ်ပြီးနောက် ဆေးကိုထည့်ပေးသည်။ ထို့နောက် ပတ်တီးကို တင်းကျပ်စွာ ပြန်ချည်ကာ နဂိုအတိုင်းပြန်ထားပေး၏။
“အရိုးကတော့ သက်သာသွားပြီ၊ ဒါပေမဲ့ မသန်မာသေးဘူး၊ အကြီးဆုံးအစ်ကိုအနေနဲ့ ကောင်းကောင်းအနားယူပြီး မလှုပ်ရှားတာက ကောင်းပါလိမ့်မယ်”
ကောင်းပြီ၊ လုရှန်းကျစ်က သူ့ကိုသာ ငါ့ဆေးမပေးခဲ့ရင် သူ့ရဲ့အရိုးက အခုအချိန်အထိ ကောင်းနေစရာကို မရှိဘူးပဲ။
“စတုတ္ထညီလေး ဒီရက်တွေမှာ ငါ ဘယ်မှမသွားနိုင်ဘူး၊ ဘာလို့ မင်း ဒီနေရာကိုလာပြီး လာမလေ့လာတာလဲ၊ ငါ မင်းကို သင်ပေးနိုင်တယ်မဟုတ်လား”
လုလင်ကျစ်က ကမ်းလှမ်းလိုက်သည်။
သူ နေ့တိုင်းလိုလို သူ၏အဆောင်အတွင်း တိတ်ဆိတ်စွာနေရခြင်းကို သဘောမကျပေ။
လုရှန်းကျစ်၏မျက်ဝန်းများက တောက်ပသွားတော့သည်။
“ကောင်းပြီ၊ အကြီးဆုံးအစ်ကို ကျွန်တော့်မှာ စာအုပ်တွေ အများကြီးရှိနေတယ်”
တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် စာသင်သားတစ်ယောက်ဖြစ်သော လုရှန်းကျစ်အနေဖြင့် သည်အခွင့်အရေးကို လက်လွတ်ခံလိမ့်မည်မဟုတ်ပေ။ လုလင်ကျစ်ကသာ သင်ကြားပေးမည်ဆိုလျှင် အခြားသောစာသင်သားများထံတွင် လေ့လာခြင်းထက် ပို၍ကောင်း၏။
ယဲ့ကျန်းက လုရှန်းကျစ် စိတ်လှုပ်ရှားစွာ ထွက်ပြေးသွားခြင်းကိုကြည့်နေကာ ခေါင်းကိုသာ ခါ၏။
“ယောင်ယောင် ဒီအကြီးဆုံးအစ်ကိုကို ပတ်တီးလဲပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်”
လုလင်ကျစ်က သူမ ထွက်သွားဟန် ပြင်နေသည့်အချိန်တွင် ကမန်းကတမ်း ကျေးဇူးတင်လိုက်သည်။
“ရပါတယ်၊ ဒါက ဘာမှ မဟုတ်ပါဘူး”
ပြောရလျှင် လုလင်ကျစ်က လုရှန်းကျစ်ကို ကယ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သည်အတွက် သူမ ပြန်ပေးဆပ်သင့်သည်။ သူမ တံခါးသို့ ရောက်တော့မည်အချိန်တွင် လုလင်ကျစ်က ထည့်ပြောလာပြန်သည်။ သူမ၏ခြေလှမ်းများကို ရပ်လိုက်ရ၏။
“ယောင်ယောင် ယောင်ယောင် မင်းရဲ့အစ်ကိုကြီးကို အရမ်းမုန်းနေတာတော့ မဟုတ်ဘူးမလား”
လုလင်ကျစ်က ကူကယ်ရာမဲ့စွာ မေးလာသည်။
ထိုလူ့ပါးစပ်မှ ထိုသို့သောစကားများ ထွက်လာခြင်းက သူမကို ထူးဆန်းသလိုခံစားရစေ၏။ ယဲ့ကျန်းက သူ့ကို လှည့်ကြည့်ရန်ငြင်းဆန်သည်။ သူ့ကိုသာ ကျောပေးလျက် သူ၏မေးခွန်းကို ဖြေ၏။
“ညီမလေးကိုဘာလို့ အကယ်ဒမီကို မလွှတ်သလဲဆိုပြီး အတွန့်မတက်ချင် ဘူးလား”
လုလင်ကျစ်က ရယ်ကာဆက်မေးလာပြန်သည်။ ဒါက သူတို့ ပထမဆုံးတွေ့ချိန်တွင် ဖြစ်ခဲ့သော ကတောက်တဆဖြစ်၏။
ယဲ့ကျန်းက သူမ ဝိညာဉ်ကူးပြောင်းပြီးမှ ပထမဆုံးတွေ့သော ထိုနေ့ကို မှတ်မိနေသေး၏။ ထိုအချိန်မှစပြီး ယခုအချိန်အထိ သူမ သူ့အား အကြီးဆုံးအစ်ကိုတစ်ယောက်အဖြစ် မဆက်ဆံခဲ့ဖူးပေ။
ယဲ့ကျန်း တိတ်ဆိတ်သွားသည်။ သူမ လုလင်ကျစ်ကို နှစ်နှစ်တိုင်တိုင် မုန်းတီးခဲ့၏။ သည်မုန်းတီးမှုများကိုပင် မနည်းထိန်းချုပ်နိုင်အောင် သူမ ကြိုးစားနေခဲ့ရခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ၏ရှေ့တွင် ကပ်ဖားသည့်အမူအရာမျိုးဖြင့် ဟန်ဆောင်မနေချင်ပေ။
“ဒါမှမဟုတ် တစ်စုံတစ်ယောက်ကများ ယဲ့မိသားစုအကြောင်း တစ်ခုခု ပြောလိုက်လို့များလား”
လုလင်ကျစ်က သူမ အချိန်တစ်ခုကြာသည်အထိ ဘာမေးခွန်းကိုမျှ ပြန်ဖြေမလာကြောင်း မြင်သောအခါ သူ၏သံသယကိုသာ ခပ်တိုးတိုး မေးလိုက်တော့၏။
ခြေထောက်များကို ရွေ့လျားလျက် ယဲ့ကျန်းက သူ၏မျက်နှာကို ချက်ချင်း လှည့်ကြည့်လာသည်။
သူ ဘာကိုဆိုလိုတာလဲ။
“အဲဒီဆရာမရှန်းကများ မင်းကို တစ်ခုခုပြောခဲ့လား”
လုလင်ကျစ်က သူ တွေးသည်မှာ မှန်ကန်သည်ဟုထင်သွားကာ လေးလံစွာ ဆက်မေးလာ၏။
“ယဲ့မိသားစုနဲ့ဘာပတ်သက်လို့လဲ”
ယဲ့ကျန်းက လှည့်ကြည့်လျက် သူ့ကို ထိုးဖောက်မတတ် စူးရှစွာကြည့်လာသည်။ လုလင်ကျစ်က ခပ်တိုးတိုးပြောလာသည်။
“အစ်ကိုကြီး ဘာပဲလုပ်ခဲ့လုပ်ခဲ့၊ အဲဒါတွေက အစ်ကိုကြီးရဲ့ မူလရည်ရွယ်ချက် မဟုတ်ပါဘူး”
ယဲ့ကျန်း စိတ်ထဲတွင် နှာခေါင်းရှုံ့နေမိ၏။
မူလရည်ရွယ်ချက် မဟုတ်ဘူး၊ ငါ့ရဲ့ယုံကြည်မှုကိုယူပြီး ငါ မော့ရုန်ကျန်းကို ဘယ်လိုကယ်ဆယ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကိုသုံးပြီး လုဝူရှန်း လုပ်သမျှကို ထောက်ပံ့ပေးခဲ့တာတွေ အားလုံးက မူလရည်ရွယ်ချက် မဟုတ်ဘူးတဲ့လား။
“ချင်မင်းဆက်ရဲ့အရင်ဝမ်ဖေးက ဆရာမရှန်းရဲ့ အရင်ကျောင်းသူတစ်ယောက်ပဲ၊ ဒါကြောင့် ကျွန်မရဲ့အစ်မကြီးလို့ ပြောလို့ရတယ်၊ သူမ ဘယ်လိုသေသွားခဲ့တာလဲ”
ယဲ့ကျန်းက သူ့အားတည်တင်းစွာမေးသည်။
သူမ၏အမူအရာကို သူ မသိနိုင်စေရန် တည်ငြိမ်အောင်ဟန်ဆောင်ထား၏။
လုလင်ကျစ်က ရုတ်တရက် ယဲ့ကျန်းက သူ ပေးသောအဆိပ်ဝိုင်ကို သောက်ခဲ့သည့်မြင်ကွင်းကို ပြန်သတိရသွားပြီး ကူကယ်ရာမဲ့စွာ မျက်လုံးများကို မှိတ်လိုက်မိသည်။
“ဝမ်ဖေးရဲ့နန်းတော်က မီးလောင်သွားတာ၊ သူမ မီးလောင်ပြီး သေသွားခဲ့တာပဲ”
ယဲ့ကျန်းက ဖျော့တော့စွာပြုံးသည်။
“ဒီသခင်မလေးက တကယ်ကံဆိုးတာပဲ ဖြစ်နိုင်ပါတယ်”
“သူများတွေပြောသမျှကို လိုက်နားမထောင်ပါနဲ့၊ အချို့အမှန်တရားတွေကို ညီမလေးကိုယ်တိုင်ပဲ ရှာဖွေသင့်တယ်”
လုလင်ကျစ်က ပြောသည်။
လူတိုင်းထက် ငါက ပိုသိနေတာပဲ။
“ကျွန်မ ပြန်ပြီး လက်ရေးမူလေ့ကျင့်ရတော့မယ်၊ အကြီးဆုံးအစ်ကို အမြန်ဆုံး ပြန်ကောင်းပါစေ”
ယဲ့ကျန်းက တစ်ဖက်လှည့်သွားသည်။
ယဲ့မိသားစုနှင့်ပတ်သက်၍ မကျေနပ်မှုကို ဖော်ပြခြင်းမရှိတော့ပေ။ သို့မဟုတ်လျှင် သူမက သံသယကို လောင်ကျွမ်းသွားစေပေလိမ့်မည်။
ထျန်းကျန့်၏ရှေ့တွင်ဖြစ်ခဲ့သော ထိုနေ့က သူမ ထိန်းချုပ်မှု လွတ်ကင်းသွားခဲ့ရုံမျှသာဖြစ်၏။
...
Zawgyi
အပိုင္း (၉၉) ဂ႐ုစိုက္မႈ ၂
“ဟ”
လုလင္က်စ္က နာက်င္မႈျဖင့္ ညည္းသည္။
သူမ၏သြယ္လ်ေသာလက္မ်ားကို ၾကည့္လိုက္၏။ ထို႔ေနာက္ သူက ရယ္သည္။ သူကသာ အမွားလုပ္မိလိုက္ေသာ အမူအရာမ်ိဳးျဖင့္ အသနားခံလိုက္၏။
“ေယာင္ေယာင္ ဒီအစ္ကိုႀကီးကိုေတာ့ ညွာတာေပးပါ”
လုရွန္းက်စ္က ေတာင္းပန္ဟန္ျဖင့္ ၾကည့္ၿပီးေနာက္ မ်က္ဝန္းေထာင့္မွတစ္ဆင့္ ယဲ့က်န္းကို ၾကည့္သည္။
“ေယာင္ေယာင္ ဂ႐ုစိုက္ေလ”
“ညီမက အေတြ႕အႀကဳံမွ မရွိတာ၊ ၿပီးေတာ့ ပတ္တီးလဲတာကို ဘယ္ေတာ္မွာလဲ”
ယဲ့က်န္းက ထိုသို႔ မည္းေမွာင္စြာ ျပန္ေျဖ၏။
“ဟုတ္တယ္ ဟုတ္တယ္၊ ဒီအစ္ကိုႀကီး မနာေတာ့ပါဘူး”
လုလင္က်စ္က ႏူးညံ့စြာၿပဳံး၏။
သူ၏စိတ္ရွည္သည္းခံစြာ ခ်ဥ္းကပ္မႈႏွင့္ေတာင္မွ ယဲ့က်န္းက သူ႕အားမၾကည့္ပါေပ။ သူမက သူ၏ဒဏ္ရာအေပၚမွ ေဆးပတ္တီးကို ဖယ္ၿပီးေနာက္ ေဆးကိုထည့္ေပးသည္။ ထို႔ေနာက္ ပတ္တီးကို တင္းက်ပ္စြာ ျပန္ခ်ည္ကာ နဂိုအတိုင္းျပန္ထားေပး၏။
“အရိုးကေတာ့ သက္သာသြားၿပီ၊ ဒါေပမဲ့ မသန္မာေသးဘူး၊ အႀကီးဆုံးအစ္ကိုအေနနဲ႕ ေကာင္းေကာင္းအနားယူၿပီး မလႈပ္ရွားတာက ေကာင္းပါလိမ့္မယ္”
ေကာင္းၿပီ၊ လုရွန္းက်စ္က သူ႕ကိုသာ ငါ့ေဆးမေပးခဲ့ရင္ သူ႕ရဲ႕အရိုးက အခုအခ်ိန္အထိ ေကာင္းေနစရာကို မရွိဘူးပဲ။
“စတုတၳညီေလး ဒီရက္ေတြမွာ ငါ ဘယ္မွမသြားနိုင္ဘူး၊ ဘာလို႔ မင္း ဒီေနရာကိုလာၿပီး လာမေလ့လာတာလဲ၊ ငါ မင္းကို သင္ေပးနိုင္တယ္မဟုတ္လား”
လုလင္က်စ္က ကမ္းလွမ္းလိုက္သည္။
သူ ေန႕တိုင္းလိုလို သူ၏အေဆာင္အတြင္း တိတ္ဆိတ္စြာေနရျခင္းကို သေဘာမက်ေပ။
လုရွန္းက်စ္၏မ်က္ဝန္းမ်ားက ေတာက္ပသြားေတာ့သည္။
“ေကာင္းၿပီ၊ အႀကီးဆုံးအစ္ကို ကြၽန္ေတာ့္မွာ စာအုပ္ေတြ အမ်ားႀကီးရွိေနတယ္”
ေတာ္ဝင္စာေမးပြဲကို ဝင္ေရာက္ေျဖဆိုမည့္ စာသင္သားတစ္ေယာက္ျဖစ္ေသာ လုရွန္းက်စ္အေနျဖင့္ သည္အခြင့္အေရးကို လက္လြတ္ခံလိမ့္မည္မဟုတ္ေပ။ လုလင္က်စ္ကသာ သင္ၾကားေပးမည္ဆိုလွ်င္ အျခားေသာစာသင္သားမ်ားထံတြင္ ေလ့လာျခင္းထက္ ပို၍ေကာင္း၏။
ယဲ့က်န္းက လုရွန္းက်စ္ စိတ္လႈပ္ရွားစြာ ထြက္ေျပးသြားျခင္းကိုၾကည့္ေနကာ ေခါင္းကိုသာ ခါ၏။
“ေယာင္ေယာင္ ဒီအႀကီးဆုံးအစ္ကိုကို ပတ္တီးလဲေပးတဲ့အတြက္ ေက်းဇူး အမ်ားႀကီးတင္ပါတယ္”
လုလင္က်စ္က သူမ ထြက္သြားဟန္ ျပင္ေနသည့္အခ်ိန္တြင္ ကမန္းကတမ္း ေက်းဇူးတင္လိုက္သည္။
“ရပါတယ္၊ ဒါက ဘာမွ မဟုတ္ပါဘူး”
ေျပာရလွ်င္ လုလင္က်စ္က လုရွန္းက်စ္ကို ကယ္ခဲ့ျခင္းျဖစ္သည္။ ထို႔ေၾကာင့္ သည္အတြက္ သူမ ျပန္ေပးဆပ္သင့္သည္။ သူမ တံခါးသို႔ ေရာက္ေတာ့မည္အခ်ိန္တြင္ လုလင္က်စ္က ထည့္ေျပာလာျပန္သည္။ သူမ၏ေျခလွမ္းမ်ားကို ရပ္လိုက္ရ၏။
“ေယာင္ေယာင္ ေယာင္ေယာင္ မင္းရဲ႕အစ္ကိုႀကီးကို အရမ္းမုန္းေနတာေတာ့ မဟုတ္ဘူးမလား”
လုလင္က်စ္က ကူကယ္ရာမဲ့စြာ ေမးလာသည္။
ထိုလူ႕ပါးစပ္မွ ထိုသို႔ေသာစကားမ်ား ထြက္လာျခင္းက သူမကို ထူးဆန္းသလိုခံစားရေစ၏။ ယဲ့က်န္းက သူ႕ကို လွည့္ၾကည့္ရန္ျငင္းဆန္သည္။ သူ႕ကိုသာ ေက်ာေပးလ်က္ သူ၏ေမးခြန္းကို ေျဖ၏။
“ညီမေလးကိုဘာလို႔ အကယ္ဒမီကို မလႊတ္သလဲဆိုၿပီး အတြန႔္မတက္ခ်င္ ဘူးလား”
လုလင္က်စ္က ရယ္ကာဆက္ေမးလာျပန္သည္။ ဒါက သူတို႔ ပထမဆုံးေတြ႕ခ်ိန္တြင္ ျဖစ္ခဲ့ေသာ ကေတာက္တဆျဖစ္၏။
ယဲ့က်န္းက သူမ ဝိညာဥ္ကူးေျပာင္းၿပီးမွ ပထမဆုံးေတြ႕ေသာ ထိုေန႕ကို မွတ္မိေနေသး၏။ ထိုအခ်ိန္မွစၿပီး ယခုအခ်ိန္အထိ သူမ သူ႕အား အႀကီးဆုံးအစ္ကိုတစ္ေယာက္အျဖစ္ မဆက္ဆံခဲ့ဖူးေပ။
ယဲ့က်န္း တိတ္ဆိတ္သြားသည္။ သူမ လုလင္က်စ္ကို ႏွစ္ႏွစ္တိုင္တိုင္ မုန္းတီးခဲ့၏။ သည္မုန္းတီးမႈမ်ားကိုပင္ မနည္းထိန္းခ်ဳပ္နိုင္ေအာင္ သူမ ႀကိဳးစားေနခဲ့ရျခင္းျဖစ္သည္။ မည္သို႔ပင္ဆိုေစ သူ၏ေရွ႕တြင္ ကပ္ဖားသည့္အမူအရာမ်ိဳးျဖင့္ ဟန္ေဆာင္မေနခ်င္ေပ။
“ဒါမွမဟုတ္ တစ္စုံတစ္ေယာက္ကမ်ား ယဲ့မိသားစုအေၾကာင္း တစ္ခုခု ေျပာလိုက္လို႔မ်ားလား”
လုလင္က်စ္က သူမ အခ်ိန္တစ္ခုၾကာသည္အထိ ဘာေမးခြန္းကိုမွ် ျပန္ေျဖမလာေၾကာင္း ျမင္ေသာအခါ သူ၏သံသယကိုသာ ခပ္တိုးတိုး ေမးလိုက္ေတာ့၏။
ေျခေထာက္မ်ားကို ေ႐ြ႕လ်ားလ်က္ ယဲ့က်န္းက သူ၏မ်က္ႏွာကို ခ်က္ခ်င္း လွည့္ၾကည့္လာသည္။
သူ ဘာကိုဆိုလိုတာလဲ။
“အဲဒီဆရာမရွန္းကမ်ား မင္းကို တစ္ခုခုေျပာခဲ့လား”
လုလင္က်စ္က သူ ေတြးသည္မွာ မွန္ကန္သည္ဟုထင္သြားကာ ေလးလံစြာ ဆက္ေမးလာ၏။
“ယဲ့မိသားစုနဲ႕ဘာပတ္သက္လို႔လဲ”
ယဲ့က်န္းက လွည့္ၾကည့္လ်က္ သူ႕ကို ထိုးေဖာက္မတတ္ စူးရွစြာၾကည့္လာသည္။ လုလင္က်စ္က ခပ္တိုးတိုးေျပာလာသည္။
“အစ္ကိုႀကီး ဘာပဲလုပ္ခဲ့လုပ္ခဲ့၊ အဲဒါေတြက အစ္ကိုႀကီးရဲ႕ မူလရည္႐ြယ္ခ်က္ မဟုတ္ပါဘူး”
ယဲ့က်န္း စိတ္ထဲတြင္ ႏွာေခါင္းရႈံ႕ေနမိ၏။
မူလရည္႐ြယ္ခ်က္ မဟုတ္ဘူး၊ ငါ့ရဲ႕ယုံၾကည္မႈကိုယူၿပီး ငါ ေမာ့႐ုန္က်န္းကို ဘယ္လိုကယ္ဆယ္ခဲ့တယ္ဆိုတဲ့ အေၾကာင္းအရာကိုသုံးၿပီး လုဝူရွန္း လုပ္သမွ်ကို ေထာက္ပံ့ေပးခဲ့တာေတြ အားလုံးက မူလရည္႐ြယ္ခ်က္ မဟုတ္ဘူးတဲ့လား။
“ခ်င္မင္းဆက္ရဲ႕အရင္ဝမ္ေဖးက ဆရာမရွန္းရဲ႕ အရင္ေက်ာင္းသူတစ္ေယာက္ပဲ၊ ဒါေၾကာင့္ ကြၽန္မရဲ႕အစ္မႀကီးလို႔ ေျပာလို႔ရတယ္၊ သူမ ဘယ္လိုေသသြားခဲ့တာလဲ”
ယဲ့က်န္းက သူ႕အားတည္တင္းစြာေမးသည္။
သူမ၏အမူအရာကို သူ မသိနိုင္ေစရန္ တည္ၿငိမ္ေအာင္ဟန္ေဆာင္ထား၏။
လုလင္က်စ္က ႐ုတ္တရက္ ယဲ့က်န္းက သူ ေပးေသာအဆိပ္ဝိုင္ကို ေသာက္ခဲ့သည့္ျမင္ကြင္းကို ျပန္သတိရသြားၿပီး ကူကယ္ရာမဲ့စြာ မ်က္လုံးမ်ားကို မွိတ္လိုက္မိသည္။
“ဝမ္ေဖးရဲ႕နန္းေတာ္က မီးေလာင္သြားတာ၊ သူမ မီးေလာင္ၿပီး ေသသြားခဲ့တာပဲ”
ယဲ့က်န္းက ေဖ်ာ့ေတာ့စြာၿပဳံးသည္။
“ဒီသခင္မေလးက တကယ္ကံဆိုးတာပဲ ျဖစ္နိုင္ပါတယ္”
“သူမ်ားေတြေျပာသမွ်ကို လိုက္နားမေထာင္ပါနဲ႕၊ အခ်ိဳ႕အမွန္တရားေတြကို ညီမေလးကိုယ္တိုင္ပဲ ရွာေဖြသင့္တယ္”
လုလင္က်စ္က ေျပာသည္။
လူတိုင္းထက္ ငါက ပိုသိေနတာပဲ။
“ကြၽန္မ ျပန္ၿပီး လက္ေရးမူေလ့က်င့္ရေတာ့မယ္၊ အႀကီးဆုံးအစ္ကို အျမန္ဆုံး ျပန္ေကာင္းပါေစ”
ယဲ့က်န္းက တစ္ဖက္လွည့္သြားသည္။
ယဲ့မိသားစုႏွင့္ပတ္သက္၍ မေက်နပ္မႈကို ေဖာ္ျပျခင္းမရွိေတာ့ေပ။ သို႔မဟုတ္လွ်င္ သူမက သံသယကို ေလာင္ကြၽမ္းသြားေစေပလိမ့္မည္။
ထ်န္းက်န႔္၏ေရွ႕တြင္ျဖစ္ခဲ့ေသာ ထိုေန႕က သူမ ထိန္းခ်ဳပ္မႈ လြတ္ကင္းသြားခဲ့႐ုံမွ်သာျဖစ္၏။
...