အပိုင်း - ၁၅
" ကိုယ် မင်းကိုအရာအားလုံးအတွက် တောင်းပန်
တယ်နော် အရင်ကအထင်မှားမိတာတွေအတွက်ပါ
တကယ်တောင်းပန်တယ် ၊ပြီးခဲ့တာတွေကိုမေ့လိုက်
ပြီး ရှေ့ဆက်ပျော်ပျော်ရွှင်ရွှင်နဲ့ ကောင်းကောင်း
မွန်မွန်နေသွားရအောင် ၊ ကိုယ်ကလဲ မင်းကို
အများကြီးဂရုစိုက်ပေးမှာပါ "
ကိုယ်ကစကားတွေပြောနေပေမယ့် ရင်ခွင်ထဲမှာ
ရှိနေသူကအိပ်ပျော်သွားရှာပါပြီ။ ပါးဖောင်းဖောင်း
လေးကို အသာနမ်းလိုက်ရင်း
" Good Night ပါ ကိုယ့်ကလေး ၊ ကောင်းကောင်း
အိပ်ပျော်ပါစေ "
*
*
*
*
*
*
*
*
အေးစိမ့်စိမ်လေထုကြောင့် အိပ်ပျော်ရာကနေ
နိုးလာရသည်။ ခါးအောက်ပိုင်းက အနည်းငယ်
နာကျင်နေတာမို့ သိပ်လဲမလှုပ်ရဲသေး ။ မျက်လုံး
ဖွင့်ကြည့်လိုက်တော့ ကိုယ့်ကို သူ့ရင်ခွင်ထဲထည့်ထားပေးပြီး တင်းကျပ်စွာဖက်ပေးထားတဲ့သူကို
တွေ့လိုက်ရသည်။ သူ့လက်မောင်းကို ခေါင်းအုံးမိထားတာကြောင့် လက်မောင်းများကျဉ်နေမလား
တွေးမိရင်း ခေါင်းကိုနေရာရွေ့ဖို့ အသာလေးပြင်
လိုက်မိတဲ့အခါ
" အစောကြီးရှိသေးတာကိုနိုးနေပြီးလား ငြိမ်ငြိမ်လဲ
မနေဘူးကွာ "
မျက်လုံးမဖွင့်ဘဲပြောလာသူကြောင့် ပြန်ငြိမ်နေမိရင်း
" နိုးသွားတာလား လက်ကျဉ်နေမှာစိုးလို့ဖယ်ပေးမလို့ပါ"
" လက်ကျဉ်ရအောင် မင်းကဘယ်လောက်ခန္ဓာ
ကိုယ်ကြီးနေလို့လဲ ၊ လက်မောင်းပေါ် သစ်ရွက်လေးတင်ထားရသလောက်ရှိတာကို "
တစ်ဖက်ကပြောလာသည့်စကားကြောင့်
ဘာပြန်ပြောရမယ်မှန်းမသိတာကြောင့် ပြန်ပြီးငြိမ်
နေလိုက်မိတော့သည်။ ရုတ်တရက်ဆိုသလို ကိုယ့်ပါးတွေကိုဖိကပ်နမ်းရှိုက်ခံလိုက်ရပြီး
" နေကောင်းလား နာနေလား ညက ကိုယ်သေသေ
ချာချာသန့်ရှင်းရေးလုပ်ပေးပြီး ဆေးလဲလိမ်းပေးထား
သေးတယ် "
သူဆေးလိမ်းပေးထားတယ်ဆိုတဲ့စကားကြောင့်
ရှက်မိသွားကာ မျက်နှာကိုသာဖွက်လိုက်မိတော့
သည်။ ဒါကို ချက်ချင်းသတိထားမိသွားသူက
မျက်နှာကို အတင်းဆွဲမော့လာရင်း
" ဘာလဲ ရှက်သွားတာလား ရှက်မနေပါနဲ့ မင်းတစ်
ကိုယ်လုံးမှာ ကိုယ်မမြင်ဘူးတဲ့နေရာမှမရှိတော့တာကို ဘာလို့ရှက်နေသေးတာလဲ "
" အာ ခင်ဗျား အဲဒါတွေကိုပြောမနေစမ်းပါနဲ့ "
" ဟောဗျာ ပြောတော့ဘာဖြစ်လဲ အမှန်တရားပဲဟာ၊
အရမ်းရှက်နေရင် နောက်ဆိုမရှက်အောင် များများ
လေ့ကျင့်ဖို့လိုတယ် မပူပါနဲ့ ကိုယ်ကမင်းရဲ့နည်းပြ
အဖြစ် လစာမယူပဲတာဝန်ယူပေးပါ့မယ် ၊ လေ့ကျင့်ပါ
များခန္ဓာကိုယ်လေးတောင်ပိုလှ လာနိုင်သေးတယ်
အဲတော့ကျရင်တော့ ကြည့်မဝလေးဖြစ်နေမယ်
ထင်တယ်"
" ခင် ခင်ဗျား "
" ဘာလဲ ကိုယ်ပြောတာကို မကျေနပ်တာလား
မကျေနပ်ရင် ကိုယ့်ကိုပြန်ကြည့်လေ ၊ အခုကြည့်
မလား"
ပြောပြီးတာနဲ့ သူဝတ်ထားတဲ့ ညအိပ်ဝတ်စုံက
ခါးစည်ကြိုးကိုဖြေချဖို့ပြင်နေတာကြောင့် သူ့လက်ကိုအတင်းလိုက်ဆွဲထားရင်း
" ခင်ဗျားနော် ခင်ဗျား စောစောစီးစီး ယုတ်မာမနေနဲ့"
" ဟားဟား မင်းများကြည့်ချင်မလားလို့ "
" မကြည့်ချင်ဘူး လာပြမနေနဲ့ ၊ ပြချင်ရင်အခြားလူကို
သွားပြ"
" မင်းလင်ငါက မင်းအပြင်ဘယ်သူ့ကိုသွားပြ အွန့်"
စကားမဆုံးသေးခင်ပင် သူရဲ့ပါးစပ်ကိုလှမ်းပိတ်
လိုက်တော့သည်။
" မင်းလင်ဆိုတာကြီးကို ခဏခဏမပြောနဲ့လို့ပြောထားတယ်လေ "
ကိုယ့်စကားကြောင့် တဟားဟားအော်ရီကာ
မျက်နှာတွေကို အတင်းဆွဲပြီးနမ်းနေလေတော့တယ် ။ရုန်းကန်လို့လဲမရတာကြောင့် ဒီတိုင်းသာ အနမ်းခံ
နေရလေတော့သည်။ နမ်းလို့ဝသွားပုံရတော့မှ
ကိုယ့်အပေါ်ကနေ အုပ်မိုးပြီးကြည့်လာကာ
" သက်ထက်ပန် ငါတို့က အခုမှအိမ်ထောင်ဦးကာလ
ချစ်စခင်စနဲ့တူနေတာမဟုတ်လား မင်းရော အဲလို
တွေးမိနေလား "
" ဘယ်သူက ခင်ဗျားကိုချစ် "
" ငါလည်း မင်းလိုပါပဲ "
ချက်ချင်းတုံ့ပြန်လာသည့်စကားကြောင့် စူးရဲစွာ
ကြည့်လိုက်မိတော့ ချော့သလိုပုံစံနဲ့ ကိုယ့်နှာခေါင်းကိုအသာအယာဖျစ်ညှစ်လာရင်း
" ငါပြောတာကို ဆုံးအောင်နားထောင်ဦးလေကွာ ၊
ပြောချင်တာက မင်းနဲ့ငါက အစထဲကိုက ချစ်လို့
လက်ထပ်ဖြစ်တာမျိုးမဟုတ်ဘူးလေ ၊ အခုလည်း
ငါ့စိတ်ထဲကခံစားချက်တွေက ဘာမှန်းမသိနိုင်
လောက်အောင် ရှုပ်ထွေးနေသေးပေမယ့် သေချာတာတစ်ခုက မင်းကိုမုန်းမနေတော့ဘူး ၊ငါ့ဘက်က တစ်ခုခုကိုဝန်ခံဖို့သေချာပြီဆိုရင် မင်းကိုသေချာ
ပေါက်ပြောပြမှာပါ ၊ အချိန်လေးတော့ပေးလေ နော် "
" အချိန်ပေးပါလို့ ခွင့်တောင်းနေစရာမလိုဘူး ၊
ခင်ဗျားကို ဘယ်သူကမှရိုက်ပြီး ဝန်ခံခိုင်းနေတာ
မဟုတ်လို့ စိတ်အေးချမ်းသာစွာပဲနေပါနော် "
" မင်းတအားစွာတာပဲ သေချာတာတစ်ခုကတော့
ငါ့ကိုအခုလိုတွေစွာရဲတာ မင်းဘဲရှိတယ် ၊ ငယ်ငယ်
ကအေးသလောက် ကြီးလာတော့ ရန်စွာတာ
အရမ်းနော် "
မကိုဋ်မှာတော့ ကိုယ့်ကိုမကြည်သလိုကြည့်ပြီးရန်စွာ
နေတဲ့ကောင်လေးကို အူယားနေမိတော့သည်။
အတိတ်မှာပိုင်ဆိုင်ခဲ့ဖူး Relationship တစ်ခုက
တည်ငြိမ်သည့်ဆက်သွယ်မှုမျိုးဖြစ်ခဲ့တာကြောင့်
အခုလိုတွေ ကလေးဆန်သည့်အပြုအမူဆိုတာ
မရှိသလောက်ရှားပါးခဲ့သည်။ သက်ထက်ပန်က
တော့ ကလေးဆန်တဲ့အပြင် ရန်လည်းစွာတက်
သေး၏ ။ဟိုးအရင်အတူနေခဲ့စဉ်အချိန်တုန်းက
သူကငယ်သေးတော့ အခုလိုမျိုးအပြုအမူတွေကို
မမြင်ခဲ့ရဘူးပါ။ အခုများမှာတော့ ကိုယ့်ကဘာ
ပြောပြော သူသဘောမကျတာကိုဆိုရင် ချက်ချင်း
ကို ခွန်းတုံ့ပြန်တက်တဲ့ကောင်လေးဖြစ်နေလေပြီ။
" အော် မင်းကိုပြောရဦးမယ် ဒီနေ့ထက်မြတ်က
အိမ်ကိုလာလိမ့်မယ်၊ လင်းမြတ်မရှိလို့ သူက
အလုပ်တွေဝင်ကူပေးနေတာလေ၊ သူအိမ်လာမှာကို
မင်းကိုကြိုမပြောမိရင် ငါ့ကိုနှုတ်ခမ်းနဲ့ထိုးချမှာ
ကြောက်လို့ အခုကြိုပြီးပြောထားတာနော် ၊ ငါလည်း အခုမှကြောက်ရမယ့် အိမ်ကြီးရှင်ရှိလာသလိုခံစားရတယ် ၊အခြား အိမ်ထောင်သည်တွေဆိုလဲ အခုလိုမျိုးပဲလားမသိဘူး "
စောစောစီးစီး မနှစ်မျို့စရာစကားကိုကြားလိုက်ရ
တာကြောင့် မျက်နှာချင်းဆိုင် အိပ်နေသူကိုချက်ချင်း
နောက်ကျောခိုင်းလိုက်တော့သည်။ ထက်မြတ်ဦးဆိုတဲ့သူကိုသဘောမကျပါဘူးဆိုတာကို အိမ်အထိခေါ်လာပြန်ပြီလေ။
" ဟ ဘာတုန်း ဒါကစိတ်ကောက်သွားလား "
" ဘာကိုစိတ်ကောက်ရမှာလဲ ပြန်အိပ်မလို့ "
" အိပ်ဖို့အတွက်က ကျောခိုင်းစရာလိုလို့လား "
" ခင်ဗျား ပါးစပ်လေးပိတ်ပေးထားပါလားဗျာ ၊
ပြန်အိပ်မလို့ပါဆို "
နောက်ကျောဆီကလူက ကိုယ့်ကိုတင်းကျပ်စွာ
ဖက်ထားရင်း
" စိတ်ကောက်မှာစိုးလို့ကြိုပြောတယ် ၊ ကြိုပြီးစိတ်
ကောက်တယ်နော် ၊ ကိုယ်က အိမ်ထောင်ပြုထားတာလား ကလေးတစ်ယောက်မွေးလိုက်မိတာ
လားတောင် မသဲကွဲတော့ဘူး "
" ခင်ဗျားကို "
" အသက်ဆယ်နှစ်ကွာတယ်နော်ပိစိလေး ခင်ဗျား
ခင်ဗျားနဲ့ ကြားရတာအဆင်ချောမနေဘူး အရင်လို
ကိုကိုလို့ပြန်ခေါ်ပါလား "
" အိပ်တော့မယ် "
" ကဲ အိပ်ပါဗျာ အိပ်ပါ ကိုယ်ဖက်သိပ်ပေးမယ်၊
အိပ်ပျော်အောင်အိပ်လိုက်နော် "
*
*
*
*
*
*
*
*
အိပ်ယာကနေနိုးလာတော့ နေပင်အတော်မြင့်နေပြီ။
အခန်းထဲမှာကိုယ်ပဲရှိတော့တာကြောင့် မျက်နှာ
သစ်ပြီးထမင်းစားခန်းဆီ ထွက်လာတော့သည်။
" သား ဒီနေ့အိပ်ယာထတာ နေမြင့်တယ်နော်၊
သားကိုကိုတောင် မနက်စာစားပြီး ည့်သည့်တစ်
ယောက်နဲ့ အလုပ်လုပ်နေပြီ "
ကိုယ်မမေးရသေးခင် ပြောပြလာသည့်ကြီးကြီးနွယ်
စကားကြောင့် အိမ်ကိုထက်မြတ်ဦးဆိုတဲ့လူ
ရောက်နေပြီဆိုတာကိုသိလိုက်တော့သည်။ အဲဒီလူရဲ့အကြည့်တွေအပြောတွေကို လုံးဝသဘောမကျတာက ဘာကြောင့်လဲဆိုတာ ကိုယ့်ကိုကိုယ်တောင် နားမလည်နိုင်လောက်ပါပဲ။သဘောမကျဘူးဆိုတာထက်ကိုပိုပြိီး ကိုယ့်အပိုင်ဖြစ်တဲ့လူရဲ့ဘေးမှာ
သူ့ကိုမြင်နေရရင် မနှစ်မြို့စရာကောင်းနေတာမျိုး ။
" သား မနက်စာ မစားတော့ဘူးလား "
ထိုင်ခုံကနေ မတ်တတ်ထရပ်လိုက်မိတာကြောင့်
မေးလာသည့်အမေးစကား ။
" မစားတော့ဘူးကြီးကြီးနွယ် ၊ အခု ကိုကိုက
ဘယ်မှာလဲ "
" သားကိုကိုက သူ့အလုပ်ခန်းထဲမှာလေ "
ချက်ချင်းပဲ အလုပ်ခန်းဆီသွားလိုက်ပြီး အခန်းရှေ့
ကိုရောက်တဲ့အခါ တံခါးကို နည်းနည်းလောက်လေး
ဆွဲဖွင့်ပြီးအထဲကိုကြည့်လိုက်မိသည်။ ဘေးချင်း
ယှဉ်ပြီးနီးကပ်စွာထိုင်နေတဲ့လူနှစ်ယောက်က
စားပွဲပေါ်က တစ်ခုခုကိုစိတ်ဝင်တစားကြည့်နေပုံ
ကြောင့် မျက်နှာတွေကနီးကပ်လွန်းနေသည်။
ဘယ်လောက်များ နီးကပ်နေလဲဆိုရင် ပြိုင်တူများ
မော့ကြည့်မိလျှင် တစ်ယောက်နဲ့တစ်ယောက်
နမ်းမိတော့မယ်ထင်ရတဲ့အထိပင်။
အခန်းထဲကိုဝင်လာကာ တံခါးကိုပြန်ပိတ်လိုက်
တယ် ။ပတ်ဝန်းကျင်ကို သတိမထားမိသူတွေရဲ့
အနားကိုလျှောက်သွားလိုက်ပြီး တစ်စုံတစ်
ယောက်ရဲ့နောက်ကျောကနေ လက်နှစ်ဖက်ဖြင့်
သိုင်းဖက်ရင်း သူ့လည်တိုင်တွေဆီ မျက်နှာအပ်
လိုက်သည်။
" ကိုကို "
ပုံမှန်မဟုတ်သော ခပ်ချွဲချွဲလေသံနှင့် ကိုကိုဆိုပြီး
ခေါ်လာသူကြောင့် မကိုဋ်နောက်ကိုလှည့်ကြည့်
လိုက်သည့်အခါ အိပ်ယာနိုးလာစပုံစံနဲ့ သက်ထက်
ပန်ကို တွေ့လိုက်ရသည်။
" ကိုကို ဘယ်အချိန်က အိပ်ယာထလာတာလဲ
သားတောင်မသိလိုက်ဘူး "
ရုတ်တရက်ကြီးပြောင်းလဲသွားသည့် အသုံးအနှုန်း
ကြောင့် မကိုဋ်ပင် အံ့သြသွားရလေသည်။ ဒါပေမဲ့
အချိန်ခဏလေးအတွင်းမှာပင် ဘာကြောင့်ဒီလိုတွေ
လာပြောနေလဲဆိုတာကို သဘောပေါက်မိသွား၏ ။
ချော်လဲတုန်း ရောထိုင်လိုက်ရတာလဲ အရှုံးတော့မရှိ
တာကြောင့် ကိုယ့်လည်ပင်းနားမှာရှိနေသည့်
မျက်နှာလေးကိုလှည့်ကြည့်ပြီး ပါးလေးကိုနမ်း
လိုက်သည်။
" ကိုကိုပြောထားတယ်လေ ဒီမနက်အလုပ်ရှိနေ
တယ်လို့ "
" အင်း အလုပ်ရှိမှန်းတော့သိတယ်လေ ဒါပေမဲ့
သားနိုးလာတဲ့အချိန် ကိုကိုရှိနေဦးမှာလို့ထင်နေတာ
ကိုကို့ကို မတွေ့ရတော့ "
" ကိုကို့ကိုမတွေ့တော့ ဘာဖြစ်လဲ "
" ကိုကို့ကိုမတွေ့တော့ ပြန်အိပ်လို့မရတော့ဘူးလေလို့ "
မျက်နှာသေသေနဲ့ ကိုယ်မေးသမျှကို အမှန်အကန်
ပြန်ဖြေနေတဲ့ သက်ထက်ပန်ကိုကြည့်ရင်း မကိုဋ်
အူယားလှပြီဖြစ်သည်။ နှစ်ယောက်ထဲရှိချိန် ကိုယ့်ကို
သဝန်တိုနေလားမေးရင် ခင်ဗျားကိုဘာလို့သဝန်တိုရမှာလဲလို့ ပြန်ဖြေမယ့်သူလေ။
" ကိုကိုက သားကိုတစ်ယောက်ထဲ ထားခဲ့တော့
ဘယ်လိုပြန်အိပ်လို့ရတော့မှာလဲ ၊ ဒီလောက်အေးနေ
တာကို "
" စောင်ကို သေချာခြုံပေးခဲ့တယ်လေကွာ "
" ဟင့်အင်း စောင်ခြုံလဲကိုကိုမရှိရင် အေးနေတယ်"
" ကိုကိုမှားသွားပါတယ်ဗျာ နောက်ကိုအဲလိုထားမ
သွားတော့ဘူးနော် "
" အင်း ကိုကိုစကားနဲ့ကိုကို မှတ်ထားနော် နောက်ကို
သားကိုအဲလိုထားခဲ့ဖို့မတွေးနဲ့ ၊ ကိုကိုမရှိရင်
သားမအိပ်တက်ဘူး "
အားရားရား သက်ထက်ပန်ရေ ရုပ်ရှင်မင်းသား
လုပ်ဟလို့သာ စိတ်ထဲကနေအော်လိုက်မိတော့
သည်။ဖြစ်နိုင်ရင်အခုချက်ချင်းကောက်ပွေ့ခေါ်
သွားပြီး ကုတင်ပေါ်ပစ်တင်ကာ စိတ်ရှိတိုင်း
ကျူးကျော်လိုက်ချင်ပေမယ့် အလုပ်တွေက
အရေးကြီးနေလို့ စိတ်လျှော့လိုက်ရသည်။
ညကျရင်တော့ ဒင်းလေးနဲ့ကိုယ် တွေ့ပြီပဲ။
"ကဲ အခုဘာလုပ်မှာလဲ ကိုကိုကအလုပ်ရှိသေး
တယ်"
" အဟမ်း ကျွန်တော် ဒီစာရင်းတွေကို အပြင်မှာ
သွားပြီ လုပ်ပေးရမလားဗျာ "
ချောင်းဟန့်သံကိုကြားရကာမှ တဖက်ကိုအာရုံပြန်
စိုက်မိသွားသည်။
" Sorry ထက်မြတ် ၊ သူက ကလေးလိုဖြစ်နေတော့
ထက်မြတ်အမြင်မှာ နည်းနည်းအဆင်မပြေတာရှိ
ရင်လဲ နားလည်ပေးပါ "
" ရပါတယ်ဗျာ နည်းနည်းတော့အနေခက်ပေမယ့်
အမြင်မသင့်တော်တာမျိုးလဲမဟုတ်ပါဘူး "
" နားလည်ပေးလို့ကျေးဇူးပါကွာ ၊ ကဲအခုကိုကိုက
အလုပ်ဆက်လုပ်ဦးမယ်၊ ကလေးက ဘာလုပ်မှာလဲ"
" ကိုကို့ပေါင်ပေါ်မှာထိုင်ပြီး ကိကိုအလုပ်လုပ်တာကို
ကြည့်မယ်လေ နော်ကိုကို နော် နော် "
ဆိုလိုသည့်သဘောက ခင်ဗျားနဲ့ထက်မြတ်ဦး
ဒီအခန်းထဲမှာအတူရှိနေသမျှ ကျွန်တော်လဲ
အတူထိုင်စောင်နေမယ်ဆိုတဲ့သဘော။ ပိုပြီးပြည့်
စုံအောင်ပြောရရင် ဒီအခန်းထဲကနေကုတ်နဲ့ကော်ပြီး မရွှေ့ရင်တောင်မသွားဘူးဆိုတာမျိုး ။ ဒီတော့လည်း
" Okay ဗျာ လာထိုင်စေ "
သက်ထက်ပန်ကတော့ အလုပ် လုပ်ဖို့ပြင်နေသူရဲ့
ပေါင်ပေါ်ကို တင်ပါးလွှဲဝင်ထိုင်လိုက်သည်။ပြီးတာနဲ့
ကိုယ်နားမလည်သည့်စာရင်းတွေကို ပါးစပ်ကနေ
တတွတ်တွတ်ရွတ်ရင်း ၊ လက်ကလဲ Laptop ကို
တဖြောင်းဖြောင်းရိုက်နေသူရဲ့ လည်ပင်းကို
လက်တစ်ဖက်နဲ့သိုင်းဖက်ထားတာလိုက်၏ ။
အလုပ်ရှုပ်နေသူရဲ့နားရွက်ဖျားတွေကို အသာတို့ထိလိုက်၊ သူ့နှာခေါင်းကိုသွားဖျစ်လိုက်၊ စိတ်မထင်ရင်
မထင်သလို လည်တိုင်တွေဆီ ခေါင်းတိုးဝင်လိုက်နဲ့ ကလူကျီစယ်ပြနေလိုက်သည်။
ကြည့်ထားလိုက်စမ်းပါ ။ ဒီလူက ကျွန်တော့်အပိုင်။
ဘယ်လိုအကြောင်းတရားတွေပဲရှိရှိ ဒီလူက
ကိုယ့်ရဲ့အပိုင်ပဲဆိုတာကို ဘေးနားမှာရှိနေတဲ့သူကို
မြင်သာအောင်ပြလိုက်နိုင်ရင်ကို ကျေနပ်နေပြီ။
နောက်ပြီး ကုမ္ပဏီမှာတုန်းကလို ကိုယ့်ကို နှင်မလွှတ်
တာကို ပိုပြီးကျေနပ်သည်လေ။
Eros_90
7.5.23 ( ည ၈နာရီ ၅၀မိနစ် )
10.5.23 ရက်နေ့ အပိုင်းသစ်Update ရှိပါမည်။
A/N - ဒီအပိုင်းရေးနေတဲ့အချိန်မှာ ခေါင်းထဲမှာ
ဗလာဖြစ်ပြီး ဘာရေးလို့ရေးရမယ်မှန်းမသိဖြစ်နေတာ။ Update ရက်ကို မပျက်ချင်တာနဲ့ တကယ်ကို
ကြိုးစားပြီးရေးလိုက်ရတယ်။အမှန်တိုင်းပြောရရင်
ဒီအပိုင်းကို100% စိတ်တိုင်းမကျပါဘူး ။
စာဖတ်သူတွေလဲဖတ်ရတာ အဆင်မပြေရင်
နားလည်ပေးကျပါ။နောက်ပြီး Fic လေးကို
သဘောကျတယ်ဆိုရင် ဈေးဗန်းလေး
ကူခင်းပေးလို့ရပါတယ်နော်။