Unicode
"ဝ…လုံး……"
ဧည့်ခန်းထဲမှာခေါက်စားပွဲခုံလေးနှင့် ' ဝ ' လုံးရေးနေတဲ့သားကိုသဝဏ်မီးဖိုခန်းထဲကနေတစ်ချက်လှမ်းကြည့်ကာပြုံးလိုက်မိသည်။ သားကမူကြိုစတက်တုန်းကတော့ငိုယိုနေပေမယ့်လို့နောက်နေ့တွေကျတော့တဖြည်းဖြည်းအသားကျလာပြီးမငိုတော့။ အခုနောက်ပိုင်းဆိုမူကြိုသွားခါနီးဆိုသားကပိုတောင်တက်ကြွနေသေး။
ဘာလိုလိုနဲ့သားမူကြိုတက်တာတောင်တစ်လလောက်ရှိသွားပြီပဲ။ အဟား!…ဒါပေမယ့်သားကအခုထိဝလုံးကိုပဲပြန်ရေးနေရတုန်း။ အစ်ကိုရဲ့တစ်ချက်လွှတ်အမိန့်အရ ' လက်ရေးလှအောင်လို့ဝလုံးရေးလ့ကျင့်ရမယ် ' ဆိုလို့အခုအချိန်အထိသားစာအုပ်ထဲမှာဝလုံးတွေပဲပိုများနေတော့တာ။
အစ်ကိုပြောတာဟုတ်တော့လည်းဟုတ်သား……သားရဲ့ဝလုံးက မလုံးဘဲရှည်မျောမျောပဲပင်ပေါက်နဲ့တူနေတာကို……။
"ဒယ်ဒီ……"
ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေမိတုန်း အနားကိုရောက်လာတဲ့သားကြောင့်ယောင်နနနှင့်မေးဆတ်ပြမိတော့ သားကလက်ရေးလှစာအုပ်လေးနဲ့ခဲတံလေးကိုထိုးပေးလာတယ်။
"သားသားကိုဒယ်ဒီ့နာမည်ရေးပြ……"
ပြောရင်းနဲ့လက်ထဲကစာအုပ်နဲ့ခံတံလေးကိုရှေ့ပိုတိုးပေးလာတာကြောင့် သဝဏ်ပန်းကန်ဆေးနေတာကိုအမြန်ရပ်ကာလက်ကိုအဝတ်သန့်သန့်တစ်ခုနှင့်အမြန်သုတ်လိုက်ရသည်။
အစ်ကိုကသားကိုညစ်ပတ်နေတဲ့လက်နဲ့ထိရင်မကြိုက်ဘူး……။
"ဒယ်ဒီ ရော့……"
သားနဲ့အရပ်တန်းတူဖြစ်အောင်ဆောင့်ကြောင့်ထိုင်ချလိုက်သည်နှင့်စာအုပ်ကိုအတင်းထိုးပေးလာတဲ့သားကြောင့် ပါးဖောင်းဖောင်းလေးကိုဖွဖွလေးဆွဲကာစာအုပ်နဲ့ခဲတံကိုလှမ်းယူလိုက်ရတယ်။
("သားကဒယ်ဒီ့နာမည်ကိုဘာလုပ်မလို့လဲဗျ……")
"သားသားဒယ်ဒီရဲ့နာမည်ကိုရေးတတ်ထားချင်လို့လေ…ဒါမှသူများတွေကိုဒယ်ဒီကဘယ်လောက်ချောကြောင်းကြွားရင်နာမည်ပါပေါင်းပြလို့ရမှာပေါ့……"
နှုတ်ခမ်းလေးစူကာပြောနေတဲ့သားကြောင့်ရုတ်တရက်သဝဏ့်ရင်ထဲအနွေးလှိုင်းလေးတစ်ခုကလှိုက်ခနဲ။
သားကသူ့အကြောင်းကြွားမလို့တဲ့။
နေပါအုံး…နားကြားများမှားမိလေသလား……သူ့လိုအ,အတစ်ယောက်ကိုအဖေတော်ရမှာသားကမရှက်ဘူးလား။
("သားကဒယ်ဒီ့အကြောင်းကြွားမယ်ဟုတ်လား……ဒယ်ဒီကတခြားသူတွေရဲ့အဖေတွေလိုစကားမပြောတတ်ဘူးလေ သားသားမရှက်ဘူးလား……")
"မရှက်ပါဘူး…ဘာဖြစ်လို့ရှက်ရမှာလဲ……သားသားရဲ့ဒယ်ဒီကဒီလောက်ချောပြီးသဘောကောင်းတာကို…သားသားကဂုဏ်တောင်ယူရအုံးမှာ……"
ဂုဏ်ယူရအုံးမှာတဲ့လား……။
သားကကျွန်တော့်လိုအ,အကိုလက်ခံနိုင်တယ်တဲ့။
ဘာကိုမှမကြားနိုင်တော့သလိုပတ်ဝန်းကျင်ကိုလည်းသတိမထားမိတော့။ အခုသိတာကရင်ထဲဝမ်းနည်းသလိုလို ပျော်သလိုလိုခံစားမှုပင်။ တကယ်ဆိုအရမ်းကြောက်နေခဲ့တာ။ သားကပါသူနဲ့ပက်သက်ရမှာရှက်နေမလားဆိုပြီး………။
"ဒယ်ဒီဘာလို့ငိုနေတာလဲ……"
သားရဲ့စကားကြားမှသတိဝင်ကာမျက်ရည်စတွေကိုအမြန်သုတ်ဖယ်လိုက်ရသည်။ သူကိုယ်တိုင်တောင်မသိလိုက်ဘဲမျက်ရည်ကျနေပေမယ့်သားကိုတော့မမြင်စေချင်တာအမှန်ပါ။ သားကိုခပ်ဖွဖွပြုံးပြလိုက်ပြီး
("မငိုပါဘူးသားရဲ့…ဒယ်ဒီကမျက်လုံးထဲပိုးကောင်ဝင်သွားလို့……လာ…ဒယ်ဒီ့နာမည်ရေးပြမယ်လေ……")
သားရဲ့ပါးလေးကိုတစ်ချက်ဖိနမ်းလိုက်ပြီးလက်သေးသေးလေးကိုဆွဲကာဧည့်ခန်းထဲသို့လျှောက်လာခဲ့လိုက်သည်။ စာအုပ်လေးတွေပြန့်ကျဲနေတဲ့ခေါက်စားပွဲခုံလေးတွင်ဝင်ထိုင်လိုက်ပြီးသားကိုပါပေါင်ပေါ်တင်ထားလိုက်တော့ သားကသူ့မျက်နှာကိုငေးကြည့်နေတုန်းပင်။
ဒီကလေးကလေသူ့ကိုဆိုသိပ်စိတ်ပူပေးတာ……။
("ဒယ်ဒီ့နာမည်ရေးကြမယ်လေ……")
ပြုံးပြကာပြောလိုက်မှခေါင်းညိတ်ပြလာတဲ့သားငယ်။ ခဲတံကိုင်ထားတဲ့သားလက်သေးသေးလေးကိုထပ်ကိုင်လိုက်တော့တစ်ချိန်ကစာရေးသင်ပေးခဲ့ဖူးတဲ့လူတစ်ယောက်ကိုသတိရမိပြန်ပါ၏။
ဖေဖေလည်းကျွန်တော့်ကိုဒီလိုမျိုးစာရေးသင်ပေးခဲ့ဖူးတယ်နော်……။
ဝေ့ဝဲတက်လာတဲ့မျက်ရည်စတွေကိုသားမမြင်အောင်အမြန်သိမ်းဆည်းလိုက်ပြီးသားလက်ကလေးကိုဆုပ်ကိုင်ကာလက်ရေးလှစာအုပ်လေးပေါ်မှာနာမည်တစ်လုံးချင်းချရေးလိုက်သည်။ စာလုံးတစ်လုံးပြီးတိုင်းခပ်ဝိုင်းဝိုင်းဖြစ်သွားတဲ့သားရဲ့မျက်ဝန်းလေးတွေကိုကြည့်ရင်းသဝဏ်ပါပြုံးမိပြန်တယ်။
ကျွန်တော့်ရဲ့သားကလေ…အရမ်းချစ်ဖို့ကောင်းတာ……။
"မြတ်…သ…ဝဏ်……"
လက်ရေးလှစာအုပ်လေးပေါ်ကနာမည်ကိုတစ်လုံးချင်းပြန်ဖတ်ပြနေတဲ့သားကအသံထွက်မှားမှာစိုးလို့ထင်တစ်လုံးချင်းဖတ်ကာပြန်ပြန်ကြည့်လာတာကြောင့်ပြုံးကာခေါင်းအသာညိတ်ပြလိုက်ရတယ်။
"ဒယ်ဒီ့နာမည်က မြတ်သဝဏ်လား……"
မေးခွန်းထပ်ထုတ်လာတဲ့သားကြောင့်ခေါင်းထပ်ညိတ်ပြမိပြန်တော့ သားကနှုတ်ခမ်းလေးစူကာတစ်ခုခုကိုစဉ်းစားသလိုလေးနှင့်
"အဲ့ဒါဆိုသားသားနာမည်မှာကျဒယ်ဒီ့နာမည်လည်းမပါဘူး……သားသားသူငယ်ချင်းတွေမှာဆိုရင်လေ သူတို့ဒယ်ဒီရဲ့နာမည်တွေပါကြတယ်…ဘာဖြစ်လို့သားသားနာမည်ကျဒီလိုကြီးပေးထားရတာလဲ……"
ရုတ်တရက်အမေးမို့သဝဏ်မှာပူထူသွားမိသည်။ သားကိုနာမည်ပေးတုန်းကအစ်ကို့စိတ်တိုင်းကျပေးခဲ့တာမို့သားနာမည်နဲ့ပက်သက်တဲ့အကြောင်းမှန်သမျှသဝဏ်ဘာဆိုဘာမှမသိ။ မသိတာထက်အစ်ကိုကမပြောပြခဲ့တာဆိုပိုမှန်လိမ့်မည်။
("အဲ့ဒါက…ဒယ်ဒီကဖေဖေ့ကိုအရမ်းချစ်တာလေ……အဲ့ဒါကြောင့်သားနာမည်မှာဖေဖေ့နာမည်ပါအောင်ပဲပေးထားတာပေါ့……ဘာဖြစ်လဲနာမည်မပါလည်း သားကဒယ်ဒီ့သားပဲကို ဟုတ်တယ်မဟုတ်လား……")
"ဟုတ်……"
ပြုံးကာခေါင်းညိတ်ပြလာတဲ့သားကတကယ့်ကိုဖြူစင်တဲ့ကလေးငယ်လေးရယ်ပါ။ ဒီလိုဖြူစင်တဲ့ကလေးငယ်လေးရယ် ၊ ကြွေရုပ်လေးလိုလှတဲ့နတ်သားလေးရယ်ကိုစောင့်ရှောက်ဖို့ကကျွန်တော့်ရဲ့အကြီးမားဆုံးတာဝန်ပေါ့။
_____________________________________________
သားကိုသိပ်ဖို့အတွက်သွားတိုက်ပေးပြီးအိပ်ခန်းထဲခေါ်လာခဲ့လိုက်တော့ အိပ်ရာပေါ်မှာပုစွန်ကွေးလေးလိုကွေးနေတဲ့အစ်ကိုကြောင့်စိုးရိပ်စိတ်ကထောင်းခနဲ။ အနားတိုးသွားလိုက်တော့ဗိုက်ကိုအတင်းဖိထားတဲ့အစ်ကိုကချွေးစေးတွေပါပြန်နေတာမို့စိုးရိမ်စိတ်ကပိုတိုးရချေပြီ။
"ဗိုက်အောင့်တယ်……"
လက်မောင်းလေးကိုထိကိုင်မိတော့မှထွက်လာတဲ့အသံတိုးတိုးလေးကြောင့်သဝဏ်မှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ ဗိုက်ကိုလက်တစ်ဖက်နဲ့အတင်းဖိထားပြီးလက်တစ်ဖက်ကိုလက်သီးတင်းတင်းဆုပ်ထားတဲ့အစ်ကိုကနှုတ်ခမ်းကိုပါဖိကိုက်ထားသေးတာမို့သွေးစလေးတွေပင်စို့နေလေ၏။
"ဗိုက်…အရမ်းအောင့်တယ်……"
စကားကိုမနည်းအားယူပြောနေပုံရတဲ့အစ်ကိုကြောင့်အိပ်ရာပေါ်မှာကွေးနေတဲ့အစ်ကို့ကိုချက်ချင်းကျောပိုးကာဆေးရုံသွားဖို့ဦးတည်လိုက်တော့သားကအင်္ကျီစလေးကိုလာဆွဲသည်။ မျက်ရည်တွေဝိုင်းနေတဲ့သားကလည်းအစ်ကို့ကိုစိတ်ပူနေဟန်ရတာမို့အစ်ကို့ကိုလက်တစ်ဖက်တည်းနှင့်ထိန်းထားလိုက်ပြီးသားရဲ့လက်သေးသေးလေးတွေကိုလက်တစ်ဖက်နဲ့ဆုပ်ကိုင်ထားပေးလိုက်တယ်။
အစ်ကို့ကိုကြည့်ပြီးသားလည်းလန့်သွားလောက်မှာပဲလေ……။
လှေကားကနေဆင်းတော့လည်းကိုယ့်စိတ်နဲ့ကိုယ်သာဆိုအမြန်ဆင်းမိလောက်ပေမယ့် သားပါနေတော့အမြန်ဆင်းလို့ကလည်းမဖြစ်တာကြောင့်စိတ်သွားတိုင်းကိုယ်မပါပေ။
"မြတ်သဝဏ်…ငါ…ဗိုက်အောင့်တယ်……"
ခပ်တိုးတိုးသာကြားရတဲ့အသံလေးကြောင့်သဝဏ့်ရင်ထဲဆစ်ခနဲပင်။ အချိန်ကည10နာရီပင်ရှိပြီမို့Taxiငှားဖို့ကလည်းတစ်စီးမှမတွေ့တာကြောင့်လူကအရူးမီးဝိုင်းဖြစ်နေသလိုပင်။
ခပ်သဲ့သဲ့မြင်လိုက်ရတဲ့ကားမီးရောင်ကြောင့်အမြန်တားမိတော့ချက်ချင်းဆိုသလိုရပ်ပေးလာသည်။
"ဟေ့ကောင်သဝဏ်…ဘာဖြစ်လာတာလဲဟ……"
အသံကြားလို့သေချာကြည့်မိတော့မှtaxiသမားကကိုမင်းကျော်ဖြစ်နေခြင်း။ အစ်ကို့ဇောနဲ့မို့ကိုမင်းကျော်ကိုပင်ပြန်မနှုတ်ဆက်နိုင် ၊ အစ်ကို့ကိုကားပေါ်တင်ပြီးသူပါဘေးကဝင်ထိုင်လိုက်ရသည်။ သားကိုတော့ကိုမင်းကျော်ကသူ့ဘေးထိုင်ခုံမှာနေရာချပေးလိုက်သည်မို့သဝဏ်စိတ်ပူစရာမလိုတော့။ သားကကိုမင်းကျော်နဲ့လည်းရင်းနှီးပြီးသားမဟုတ်လား……။
ဗိုက်ကိုအတင်းဖိနှိပ်ထားပြီးမျက်ခုံးတွေစုကျုံ့ထားတဲ့အစ်ကို့ကိုရင်ခွင်ထဲဆွဲသွင်းကာခပ်တင်းတင်းဖက်ထားပေးလိုက်တယ်။
ကျွန်တော့်အချစ်တွေကြောင့်အစ်ကိုသက်သာပါစေလေ……။
အခြေအနေကိုနားလည်တဲ့ကိုမင်းကျော်ကကားကိုခပ်မြန်မြန်မောင်းပေးတာကြောင့်တော်သေးသည်။ ဆေးရုံရောက်တော့ချက်ချင်းခွဲစိတ်ခန်းထဲဝင်သွားရတဲ့အစ်ကို။ ပျာယာခတ်နေတဲ့ဆရာဝန်တွေဆီကနေခပ်သဲ့သဲ့ကြားလိုက်ရတဲ့စကားတစ်ချို့က ' အူအတက်ပေါက်တာမို့အချိန်မှီခွဲစိတ်ရမယ် ' တဲ့လေ။
ကျွန်တော်သေသွားလိမ့်မယ်နော်အစ်ကို……ကျွန်တော့်မှာအစ်ကိုနဲ့သားလေးပဲရှိတာလေ။ အစ်ကိုသာမရှိတော့ရင်ကျွန်တော်ဘယ်လိုအသက်ရှင်ရတော့မလဲဗျာ……။
ကြမ်းပြင်ပေါ်ပုံလျက်သားလေးထိုင်ကျသွားတဲ့ကောင်လေးကမျက်ရည်တွေပါစီးကျနေသည်မို့ကိုမင်းကျော်တစ်ယောက်ကလေးကိုချီလျက်သားနှင့်ပင်သဝဏ်အနားသို့ပြေးလာခဲ့ရပြန်သည်။ ငြိမ်သက်နေတဲ့ကောင်လေးကမျက်ရည်ကျနေရုံမှတစ်ပါးတုတ်တုတ်တောင်မလှုပ်လာတာမို့စိုးရိမ်မိတာတော့အမှန်။
"သဝဏ် လာပါကွာ……မင်းယောက်ျားကဘာမှမဖြစ်လောက်ပါဘူး လာ ထ……"
အတင်းဆွဲခေါ်မှသာမတ်တပ်ရပ်လာတဲ့မြတ်သဝဏ်ကသူ့သားကိုမြင်မှသာသတိဝင်သွားတဲ့ပုံ။ သူ့လက်ထဲကနေခက်လွန်းလေးကိုပြောင်းချီယူပြီးအတင်းကိုဖက်ထား၏။
မျက်ရည်တော့မကျတော့ပေမယ့်ငြိမ်သက်လွန်းသွားတဲ့ကောင်လေးကြောင့်ကိုမင်းကျော်မှာသက်ပြင်းသာချမိတော့သည်။
မှိုင်းညှို့ရွှေဘုံဘေးမသီရန်မခနဲ့မြန်မြန်လေးနေကောင်းလာပါစေတော့……မဟုတ်ရင် ဒီကောင်လေးရူးသွားမှာတောင်စိုးရိမ်ရတယ်။
_____________________________________________
တစ်နာရီလောက်ကြာတော့မှခွဲစိတ်ခန်းထဲကထွက်လာတဲ့ဆရာဝန်တွေကြောင့် သဝဏ်မှာအပြေးလေးအနားသွားမိသည်။ အစ်ကို့အခြေအနေကိုအသည်းအသန်မေးမိတော့နားမလည်သလိုပြန်ကြည့်လာတဲ့ဆရာဝန်တွေရဲ့အကြည့်ကိုမြင်မှသာကိုယ့်အဖြစ်ကိုသတိပြန်ရမိတယ်။
ဟုတ်သားပဲ……ကျွန်တော်ပြောတာဘယ်နားလည်ကြပါ့မလဲ။
"လူနာဘယ်လိုနေသေးလဲသိချင်လို့ပါဆရာ……"
အနောက်ကလိုက်လာတဲ့ကိုမင်းကျော်ကဝင်မေးပေးမှသာဆရာဝန်ကသူမေးချင်တာကိုနားလည်သွားဟန်နဲ့ပြန်ဖြေပေးလာသည်။
"လူနာကအူအတက်ပေါက်တာပါ…အခုကအချိန်မှီခွဲစိတ်လိုက်နိုင်လို့စိုးရိမ်စရာတော့မရှိတော့ပါဘူး……ခဏနေကျရင်လူနာကိုEmergencyဌာနကလူနာဆောင်ဘက်ရွှေ့ပေးထားပါ့မယ်…အဲ့ဒီ့အခါကျရင်ဝင်တွေ့လို့ရပါပြီ……"
အစ်ကိုအန္တရာယ်ကင်းတဲ့အကြောင်းကြားလိုက်ရတာကြောင့်သဝဏ်ဆရာဝန်တွေကိုတော်တော်လေးကျေးဇူးတင်မိတာအမှန်ပါ။အကယ်၍များအစ်ကို့ကိုကယ်ပေးခဲ့တဲ့အတွက်ထိုင်ရှိခိုးရမယ်ဆိုရင်တောင်သူအခုချက်ချင်းရှိခိုးမိမှာပဲ။
အဓိကကအစ်ကိုဘာမှမဖြစ်ဖို့သာ……။
_____________________________________________
ပုဂ္ဂလိကဆေးရုံမို့လူနာအခန်းကအစ်ကိုနေတတ်လောက်မယ့်ပုံစံမျိုးဖြစ်တာကြောင့်အဆင်မပြေမှာသိပ်တော့စိတ်မပူရ။ သားကိုလည်းဆိုဖာပေါ်မှာသိပ်ထားလိုက်ပြီးပြီဖြစ်တာမို့သဝဏ်နည်းနည်းတော့စိတ်အေးသွားရသည်။
ကုတင်အနားသွားကာမေ့ဆေးအရှိန်ကြောင့်အခုအထိသတိမရသေးတဲ့အစ်ကို့နှဖူးလေးကိုခပ်ဖွဖွလေးအနမ်းပေးလိုက်မိတယ်။
ချစ်တယ်အစ်ကို……။
စောင်ကိုရင်ဘတ်အထိဆွဲခြုံပေးပြီးမှဆေးပိုက်ချိတ်ထားတဲ့လက်လေးကိုခပ်ဖွဖွဆုပ်ကိုင်ကာအစ်ကို့မျက်နှာလေးကိုငေးကြည့်နေမိသည်။
အစ်ကိုသာနိုးနေရင်ကျွန်တော့်ကိုစိတ်ဆိုးပြီးထုရိုက်လေမလားလေ။
အစ်ကိုသိရဲ့လား…အခုလိုလှဲနေရတာကလေ ကျွန်တော်ဖြစ်နေခဲ့မယ်ဆိုရင်တောင်ကျွန်တော်ဖြေသာအုံးမှာ။ ဒါပေမယ့် နေမကောင်းဖြစ်တာကအစ်ကိုဖြစ်နေတော့ကျွန်တော့်အသိစိတ်တွေအကုန်လွတ်ထွက်သွားတော့မလိုပဲ။
ကျွန်တော့်ကိုအဖေကလည်းစွန့်ပစ်လိုက်ပြီအစ်ကို။ အမေကလည်းမျက်နှာတောင်မမြင်ချင်လောက်တော့ဘူး။ ပြီးတော့လေ…ယောက်ျားချင်းယူထားတဲ့ကောင်ဆိုပြီးတစ်ချို့ကလည်းနှိမ်တယ်အစ်ကိုရဲ့။
ကျွန်တော်ကအစ်ကိုပြောသလိုအ,အပါ။ လူတစ်ချို့ကကျွန်တော့်ကိုသနားသလိုကြည့်တယ်။ လူတစ်ချို့ကကျတော့ကျွန်တော့်ကိုရွံသလိုကြည့်တယ်။
ဒါပေမယ့်အဲ့ဒီ့လူတွေဆီကအကြည့်တွေက…အစ်ကို့ဆီကရတဲ့အထင်သေးမှုလောက်ကျွန်တော့်ကိုမနာကျင်စေပါဘူး။
ဒါပေမယ့်အစ်ကို…
ကျွန်တော်လေ……ကျွန်တော်အစ်ကို့ကိုအဆုံးရှုံးမခံနိုင်ဘူး။
အစ်ကိုကျွန်တော့်ကိုကြိုက်သလောက်ရွံပါ။ ကြိုက်သလောက်အထင်သေးနော်။
ဒါပေမယ့် ထပ်ပြီးနေမကောင်းတော့မဖြစ်ပါနဲ့တော့ဗျာ။
နောက်တစ်ခါသာဆိုရင်လေ……ကျွန်တော်အရင်သေမှာ။
ဒီတစ်ခုလေးတော့တောင်းဆိုပါရစေအစ်ကို။
ကိုယ့်ကိုကိုယ်မထိခိုက်အောင်နေပေးပါ……အစ်ကိုထိခိုက်ရင်ပိုနာကျင်ရတဲ့သူကကျွန်တော်မို့…ဒီတစ်ခါလေးတော့သနားပါအစ်ကိုရယ်။
#################################
Zawgyi
"ဝ…လံုး……"
ဧည့္ခန္းထဲမွာေခါက္စားပြဲခံုေလးႏွင့္ ' ဝ ' လံုးေရးေနတဲ႕သားကိုသဝဏ္မီးဖိုခန္းထဲကေနတစ္ခ်က္လွမ္းၾကည့္ကာျပံဳးလိုက္မိသည္။ သားကမူၾကိဳစတက္တုန္းကေတာ့ငိုယိုေနေပမယ့္လို႕ေနာက္ေန႕ေတြက်ေတာ့တျဖည္းျဖည္းအသားက်လာျပီးမငိုေတာ့။ အခုေနာက္ပိုင္းဆိုမူၾကိဳသြားခါနီးဆိုသားကပိုေတာင္တက္ၾကြေနေသး။
ဘာလိုလိုနဲ႕သားမူၾကိဳတက္တာေတာင္တစ္လေလာက္ရွိသြားျပီပဲ။ အဟား!…ဒါေပမယ့္သားကအခုထိဝလံုးကိုပဲျပန္ေရးေနရတုန္း။ အစ္ကိုရဲ႕တစ္ခ်က္လႊတ္အမိန္႕အရ ' လက္ေရးလွေအာင္လို႕ဝလံုးေရးလ့က်င့္ရမယ္ ' ဆိုလို႕အခုအခ်ိန္အထိသားစာအုပ္ထဲမွာဝလံုးေတြပဲပိုမ်ားေနေတာ့တာ။
အစ္ကိုေျပာတာဟုတ္ေတာ့လည္းဟုတ္သား……သားရဲ႕ဝလံုးက မလံုးဘဲရွည္ေမ်ာေမ်ာပဲပင္ေပါက္နဲ႕တူေနတာကို……။
"ဒယ္ဒီ……"
ကိုယ့္အေတြးနဲ႕ကိုယ္ျပံဳးေနမိတုန္း အနားကိုေရာက္လာတဲ႕သားေၾကာင့္ေယာင္နနႏွင့္ေမးဆတ္ျပမိေတာ့ သားကလက္ေရးလွစာအုပ္ေလးနဲ႕ခဲတံေလးကိုထိုးေပးလာတယ္။
"သားသားကိုဒယ္ဒီ႕နာမည္ေရးျပ……"
ေျပာရင္းနဲ႕လက္ထဲကစာအုပ္နဲ႕ခံတံေလးကိုေရွ႕ပိုတိုးေပးလာတာေၾကာင့္ သဝဏ္ပန္းကန္ေဆးေနတာကိုအျမန္ရပ္ကာလက္ကိုအဝတ္သန္႕သန္႕တစ္ခုႏွင့္အျမန္သုတ္လိုက္ရသည္။
အစ္ကိုကသားကိုညစ္ပတ္ေနတဲ႔လက္နဲ႕ထိရင္မၾကိဳက္ဘူး……။
"ဒယ္ဒီ ေရာ့……"
သားနဲ႕အရပ္တန္းတူျဖစ္ေအာင္ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္သည္ႏွင့္စာအုပ္ကိုအတင္းထိုးေပးလာတဲ႕သားေၾကာင့္ ပါးေဖာင္းေဖာင္းေလးကိုဖြဖြေလးဆြဲကာစာအုပ္နဲ႕ခဲတံကိုလွမ္းယူလိုက္ရတယ္။
("သားကဒယ္ဒီ႕နာမည္ကိုဘာလုပ္မလို႕လဲဗ်……")
"သားသားဒယ္ဒီရဲ႕နာမည္ကိုေရးတတ္ထားခ်င္လို႕ေလ…ဒါမွသူမ်ားေတြကိုဒယ္ဒီကဘယ္ေလာက္ေခ်ာေၾကာင္းၾကြားရင္နာမည္ပါေပါင္းျပလို႕ရမွာေပါ့……"
ႏွဳတ္ခမ္းေလးစူကာေျပာေနတဲ႕သားေၾကာင့္ရုတ္တရက္သဝဏ္႕ရင္ထဲအေႏြးလွိဳင္းေလးတစ္ခုကလွိဳက္ခနဲ။
သားကသူ႕အေၾကာင္းၾကြားမလို႕တဲ႕။
ေနပါအံုး…နားၾကားမ်ားမွားမိေလသလား……သူ႕လိုအ,အတစ္ေယာက္ကိုအေဖေတာ္ရမွာသားကမရွက္ဘူးလား။
("သားကဒယ္ဒီ႕အေၾကာင္းၾကြားမယ္ဟုတ္လား……ဒယ္ဒီကတျခားသူေတြရဲ႕အေဖေတြလိုစကားမေျပာတတ္ဘူးေလ သားသားမရွက္ဘူးလား……")
"မရွက္ပါဘူး…ဘာျဖစ္လို႕ရွက္ရမွာလဲ……သားသားရဲ႕ဒယ္ဒီကဒီေလာက္ေခ်ာျပီးသေဘာေကာင္းတာကို…သားသားကဂုဏ္ေတာင္ယူရအံုးမွာ……"
ဂုဏ္ယူရအံုးမွာတဲ႕လား……။
သားကကြ်န္ေတာ့္လိုအ,အကိုလက္ခံနိုင္တယ္တဲ႕။
ဘာကိုမွမၾကားနိုင္ေတာ့သလိုပတ္ဝန္းက်င္ကိုလည္းသတိမထားမိေတာ့။ အခုသိတာကရင္ထဲဝမ္းနည္းသလိုလို ေပ်ာ္သလိုလိုခံစားမွဳပင္။ တကယ္ဆိုအရမ္းေၾကာက္ေနခဲ႔တာ။ သားကပါသူနဲ႕ပက္သက္ရမွာရွက္ေနမလားဆိုျပီး………။
"ဒယ္ဒီဘာလို႕ငိုေနတာလဲ……"
သားရဲ႕စကားၾကားမွသတိဝင္ကာမ်က္ရည္စေတြကိုအျမန္သုတ္ဖယ္လိုက္ရသည္။ သူကိုယ္တိုင္ေတာင္မသိလိုက္ဘဲမ်က္ရည္က်ေနေပမယ့္သားကိုေတာ့မျမင္ေစခ်င္တာအမွန္ပါ။ သားကိုခပ္ဖြဖြျပံဳးျပလိုက္ျပီး
("မငိုပါဘူးသားရဲ႕…ဒယ္ဒီကမ်က္လံုးထဲပိုးေကာင္ဝင္သြားလို႕……လာ…ဒယ္ဒီ႕နာမည္ေရးျပမယ္ေလ……")
သားရဲ႕ပါးေလးကိုတစ္ခ်က္ဖိနမ္းလိုက္ျပီးလက္ေသးေသးေလးကိုဆြဲကာဧည့္ခန္းထဲသို႕ေလွ်ာက္လာခဲ႕လိုက္သည္။ စာအုပ္ေလးေတြျပန္႕က်ဲေနတဲ႕ေခါက္စားပြဲခံုေလးတြင္ဝင္ထိုင္လိုက္ျပီးသားကိုပါေပါင္ေပၚတင္ထားလိုက္ေတာ့ သားကသူ႕မ်က္ႏွာကိုေငးၾကည့္ေနတုန္းပင္။
ဒီကေလးကေလသူ႕ကိုဆိုသိပ္စိတ္ပူေပးတာ……။
("ဒယ္ဒီ႕နာမည္ေရးၾကမယ္ေလ……")
ျပံဳးျပကာေျပာလိုက္မွေခါင္းညိတ္ျပလာတဲ႕သားငယ္။ ခဲတံကိုင္ထားတဲ႕သားလက္ေသးေသးေလးကိုထပ္ကိုင္လိုက္ေတာ့တစ္ခ်ိန္ကစာေရးသင္ေပးခဲ႕ဖူးတဲ႕လူတစ္ေယာက္ကိုသတိရမိျပန္ပါ၏။
ေဖေဖလည္းကြ်န္ေတာ့္ကိုဒီလိုမ်ိဳးစာေရးသင္ေပးခဲ႕ဖူးတယ္ေနာ္……။
ေဝ႕ဝဲတက္လာတဲ႕မ်က္ရည္စေတြကိုသားမျမင္ေအာင္အျမန္သိမ္းဆည္းလိုက္ျပီးသားလက္ကေလးကိုဆုပ္ကိုင္ကာလက္ေရးလွစာအုပ္ေလးေပၚမွာနာမည္တစ္လံုးခ်င္းခ်ေရးလိုက္သည္။ စာလံုးတစ္လံုးျပီးတိုင္းခပ္ဝိုင္းဝိုင္းျဖစ္သြားတဲ႕သားရဲ႕မ်က္ဝန္းေလးေတြကိုၾကည့္ရင္းသဝဏ္ပါျပံဳးမိျပန္တယ္။
ကြ်န္ေတာ့္ရဲ႕သားကေလ…အရမ္းခ်စ္ဖို႕ေကာင္းတာ……။
"ျမတ္…သ…ဝဏ္……"
လက္ေရးလွစာအုပ္ေလးေပၚကနာမည္ကိုတစ္လံုးခ်င္းျပန္ဖတ္ျပေနတဲ႕သားကအသံထြက္မွားမွာစိုးလို႕ထင္တစ္လံုးခ်င္းဖတ္ကာျပန္ျပန္ၾကည့္လာတာေၾကာင့္ျပံဳးကာေခါင္းအသာညိတ္ျပလိုက္ရတယ္။
"ဒယ္ဒီ႕နာမည္က ျမတ္သဝဏ္လား……"
ေမးခြန္းထပ္ထုတ္လာတဲ႕သားေၾကာင့္ေခါင္းထပ္ညိတ္ျပမိျပန္ေတာ့ သားကႏွဳတ္ခမ္းေလးစူကာတစ္ခုခုကိုစဥ္းစားသလိုေလးႏွင့္
"အဲ႕ဒါဆိုသားသားနာမည္မွာက်ဒယ္ဒီ႕နာမည္လည္းမပါဘူး……သားသားသူငယ္ခ်င္းေတြမွာဆိုရင္ေလ သူတို႕ဒယ္ဒီရဲ႕နာမည္ေတြပါၾကတယ္…ဘာျဖစ္လို႕သားသားနာမည္က်ဒီလိုၾကီးေပးထားရတာလဲ……"
ရုတ္တရက္အေမးမို႕သဝဏ္မွာပူထူသြားမိသည္။ သားကိုနာမည္ေပးတုန္းကအစ္ကို႕စိတ္တိုင္းက်ေပးခဲ႔တာမို႕သားနာမည္နဲ႕ပက္သက္တဲ႕အေၾကာင္းမွန္သမွ်သဝဏ္ဘာဆိုဘာမွမသိ။ မသိတာထက္အစ္ကိုကမေျပာျပခဲ႕တာဆိုပိုမွန္လိမ့္မည္။
("အဲ႕ဒါက…ဒယ္ဒီကေဖေဖ့ကိုအရမ္းခ်စ္တာေလ……အဲ႕ဒါေၾကာင့္သားနာမည္မွာေဖေဖ့နာမည္ပါေအာင္ပဲေပးထားတာေပါ့……ဘာျဖစ္လဲနာမည္မပါလည္း သားကဒယ္ဒီ႕သားပဲကို ဟုတ္တယ္မဟုတ္လား……")
"ဟုတ္……"
ျပံဳးကာေခါင္းညိတ္ျပလာတဲ႕သားကတကယ့္ကိုျဖဴစင္တဲ႕ကေလးငယ္ေလးရယ္ပါ။ ဒီလိုျဖဴစင္တဲ႕ကေလးငယ္ေလးရယ္ ၊ ေၾကြရုပ္ေလးလိုလွတဲ႕နတ္သားေလးရယ္ကိုေစာင့္ေရွာက္ဖို႕ကကြ်န္ေတာ့္ရဲ႕အၾကီးမားဆံုးတာဝန္ေပါ့။
_____________________________________________
သားကိုသိပ္ဖို႕အတြက္သြားတိုက္ေပးျပီးအိပ္ခန္းထဲေခၚလာခဲ႕လိုက္ေတာ့ အိပ္ရာေပၚမွာပုစြန္ေကြးေလးလိုေကြးေနတဲ႕အစ္ကိုေၾကာင့္စိုးရိပ္စိတ္ကေထာင္းခနဲ။ အနားတိုးသြားလိုက္ေတာ့ဗိုက္ကိုအတင္းဖိထားတဲ႕အစ္ကိုကေခြ်းေစးေတြပါျပန္ေနတာမို႕စိုးရိမ္စိတ္ကပိုတိုးရေခ်ျပီ။
"ဗိုက္ေအာင့္တယ္……"
လက္ေမာင္းေလးကိုထိကိုင္မိေတာ့မွထြက္လာတဲ႕အသံတိုးတိုးေလးေၾကာင့္သဝဏ္မွာဘာလုပ္လို႕ဘာကိုင္ရမွန္းမသိ။ ဗိုက္ကိုလက္တစ္ဖက္နဲ႕အတင္းဖိထားျပီးလက္တစ္ဖက္ကိုလက္သီးတင္းတင္းဆုပ္ထားတဲ႕အစ္ကိုကႏွဳတ္ခမ္းကိုပါဖိကိုက္ထားေသးတာမို႕ေသြးစေလးေတြပင္စို႕ေနေလ၏။
"ဗိုက္…အရမ္းေအာင့္တယ္……"
စကားကိုမနည္းအားယူေျပာေနပံုရတဲ႕အစ္ကိုေၾကာင့္အိပ္ရာေပၚမွာေကြးေနတဲ႕အစ္ကို႕ကိုခ်က္ခ်င္းေက်ာပိုးကာေဆးရံုသြားဖို႕ဦးတည္လိုက္ေတာ့သားကအက်ီ ၤစေလးကိုလာဆြဲသည္။ မ်က္ရည္ေတြဝိုင္းေနတဲ႕သားကလည္းအစ္ကို႕ကိုစိတ္ပူေနဟန္ရတာမို႕အစ္ကို႕ကိုလက္တစ္ဖက္တည္းႏွင့္ထိန္းထားလိုက္ျပီးသားရဲ႕လက္ေသးေသးေလးေတြကိုလက္တစ္ဖက္နဲ႕ဆုပ္ကိုင္ထားေပးလိုက္တယ္။
အစ္ကို႕ကိုၾကည့္ျပီးသားလည္းလန္႕သြားေလာက္မွာပဲေလ……။
ေလွကားကေနဆင္းေတာ့လည္းကိုယ့္စိတ္နဲ႕ကိုယ္သာဆိုအျမန္ဆင္းမိေလာက္ေပမယ့္ သားပါေနေတာ့အျမန္ဆင္းလို႕ကလည္းမျဖစ္တာေၾကာင့္စိတ္သြားတိုင္းကိုယ္မပါေပ။
"ျမတ္သဝဏ္…ငါ…ဗိုက္ေအာင့္တယ္……"
ခပ္တိုးတိုးသာၾကားရတဲ႕အသံေလးေၾကာင့္သဝဏ့္ရင္ထဲဆစ္ခနဲပင္။ အခ်ိန္ကည10နာရီပင္ရွိျပီမို႕Taxiငွားဖို႕ကလည္းတစ္စီးမွမေတြ႕တာေၾကာင့္လူကအရူးမီးဝိုင္းျဖစ္ေနသလိုပင္။
ခပ္သဲ႕သဲ႕ျမင္လိုက္ရတဲ႕ကားမီးေရာင္ေၾကာင့္အျမန္တားမိေတာ့ခ်က္ခ်င္းဆိုသလိုရပ္ေပးလာသည္။
"ေဟ့ေကာင္သဝဏ္…ဘာျဖစ္လာတာလဲဟ……"
အသံၾကားလို႕ေသခ်ာၾကည့္မိေတာ့မွtaxiသမားကကိုမင္းေက်ာ္ျဖစ္ေနျခင္း။ အစ္ကို႕ေဇာနဲ႕မို႕ကိုမင္းေက်ာ္ကိုပင္ျပန္မနွဳတ္ဆက္နိုင္ ၊ အစ္ကို႕ကိုကားေပၚတင္ျပီးသူပါေဘးကဝင္ထိုင္လိုက္ရသည္။ သားကိုေတာ့ကိုမင္းေက်ာ္ကသူ႕ေဘးထိုင္ခံုမွာေနရာခ်ေပးလိုက္သည္မို႕သဝဏ္စိတ္ပူစရာမလိုေတာ့။ သားကကိုမင္းေက်ာ္နဲ႕လည္းရင္းနွီးျပီးသားမဟုတ္လား……။
ဗိုက္ကိုအတင္းဖိနွိပ္ထားျပီးမ်က္ခံုးေတြစုက်ံဳ႕ထားတဲ႕အစ္ကို႕ကိုရင္ခြင္ထဲဆြဲသြင္းကာခပ္တင္းတင္းဖက္ထားေပးလိုက္တယ္။
ကြ်န္ေတာ့္အခ်စ္ေတြေၾကာင့္အစ္ကိုသက္သာပါေစေလ……။
အေျခအေနကိုနားလည္တဲ႕ကိုမင္းေက်ာ္ကကားကိုခပ္ျမန္ျမန္ေမာင္းေပးတာေၾကာင့္ေတာ္ေသးသည္။ ေဆးရံုေရာက္ေတာ့ခ်က္ခ်င္းခြဲစိတ္ခန္းထဲဝင္သြားရတဲ႕အစ္ကို။ ပ်ာယာခတ္ေနတဲ႕ဆရာဝန္ေတြဆီကေနခပ္သဲ႕သဲ႕ၾကားလိုက္ရတဲ႕စကားတစ္ခ်ိဳ႕က ' အူအတက္ေပါက္တာမို႕အခ်ိန္မွီခြဲစိတ္ရမယ္ ' တဲ႕ေလ။
ကြ်န္ေတာ္ေသသြားလိမ့္မယ္ေနာ္အစ္ကို……ကြ်န္ေတာ့္မွာအစ္ကိုနဲ႕သားေလးပဲရွိတာေလ။ အစ္ကိုသာမရွိေတာ့ရင္ကြ်န္ေတာ္ဘယ္လိုအသက္ရွင္ရေတာ့မလဲဗ်ာ……။
ၾကမ္းျပင္ေပၚပံုလ်က္သားေလးထိုင္က်သြားတဲ႕ေကာင္ေလးကမ်က္ရည္ေတြပါစီးက်ေနသည္မို႕ကိုမင္းေက်ာ္တစ္ေယာက္ကေလးကိုခ်ီလ်က္သားႏွင့္ပင္သဝဏ္အနားသို႕ေျပးလာခဲ႕ရျပန္သည္။ ျငိမ္သက္ေနတဲ႕ေကာင္ေလးကမ်က္ရည္က်ေနရံုမွတစ္ပါးတုတ္တုတ္ေတာင္မလွဳပ္လာတာမို႕စိုးရိမ္မိတာေတာ့အမွန္။
"သဝဏ္ လာပါကြာ……မင္းေယာက်္ားကဘာမွမျဖစ္ေလာက္ပါဘူး လာ ထ……"
အတင္းဆြဲေခၚမွသာမတ္တပ္ရပ္လာတဲ႕ျမတ္သဝဏ္ကသူ႕သားကိုျမင္မွသာသတိဝင္သြားတဲ႕ပံု။ သူ႕လက္ထဲကေနခက္လြန္းေလးကိုေျပာင္းခ်ီယူျပီးအတင္းကိုဖက္ထား၏။
မ်က္ရည္ေတာ့မက်ေတာ့ေပမယ့္ျငိမ္သက္လြန္းသြားတဲ႕ေကာင္ေလးေၾကာင့္ကိုမင္းေက်ာ္မွာသက္ျပင္းသာခ်မိေတာ့သည္။
မွိဳင္းညိွဳ႕ေရႊဘံုေဘးမသီရန္မခနဲ႕ျမန္ျမန္ေလးေနေကာင္းလာပါေစေတာ့……မဟုတ္ရင္ ဒီေကာင္ေလးရူးသြားမွာေတာင္စိုးရိမ္ရတယ္။
_____________________________________________
တစ္နာရီေလာက္ၾကာေတာ့မွခြဲစိတ္ခန္းထဲကထြက္လာတဲ႕ဆရာဝန္ေတြေၾကာင့္ သဝဏ္မွာအေျပးေလးအနားသြားမိသည္။ အစ္ကို႕အေျခအေနကိုအသည္းအသန္ေမးမိေတာ့နားမလည္သလိုျပန္ၾကည့္လာတဲ႕ဆရာဝန္ေတြရဲ႕အၾကည့္ကိုျမင္မွသာကိုယ့္အျဖစ္ကိုသတိျပန္ရမိတယ္။
ဟုတ္သားပဲ……ကြ်န္ေတာ္ေျပာတာဘယ္နားလည္ၾကပါ့မလဲ။
"လူနာဘယ္လိုေနေသးလဲသိခ်င္လို႕ပါဆရာ……"
အေနာက္ကလိုက္လာတဲ႕ကိုမင္းေက်ာ္ကဝင္ေမးေပးမွသာဆရာဝန္ကသူေမးခ်င္တာကိုနားလည္သြားဟန္နဲ႕ျပန္ေျဖေပးလာသည္။
"လူနာကအူအတက္ေပါက္တာပါ…အခုကအခ်ိန္မွီခြဲစိတ္လိုက္နိုင္လို႕စိုးရိမ္စရာေတာ့မရွိေတာ့ပါဘူး……ခဏေနက်ရင္လူနာကိုEmergencyဌာနကလူနာေဆာင္ဘက္ေရႊ႕ေပးထားပါ့မယ္…အဲ႕ဒီ႕အခါက်ရင္ဝင္ေတြ႕လို႕ရပါျပီ……"
အစ္ကိုအႏၲရာယ္ကင္းတဲ႕အေၾကာင္းၾကားလိုက္ရတာေၾကာင့္သဝဏ္ဆရာဝန္ေတြကိုေတာ္ေတာ္ေလးေက်းဇူးတင္မိတာအမွန္ပါ။အကယ္၍မ်ားအစ္ကို႕ကိုကယ္ေပးခဲ႕တဲ႕အတြက္ထိုင္ရွိခိုးရမယ္ဆိုရင္ေတာင္သူအခုခ်က္ခ်င္းရွိခိုးမိမွာပဲ။
အဓိကကအစ္ကိုဘာမွမျဖစ္ဖို႕သာ……။
_____________________________________________
ပုဂၢလိကေဆးရံုမို႕လူနာအခန္းကအစ္ကိုေနတတ္ေလာက္မယ့္ပံုစံမ်ိဳးျဖစ္တာေၾကာင့္အဆင္မေျပမွာသိပ္ေတာ့စိတ္မပူရ။ သားကိုလည္းဆိုဖာေပၚမွာသိပ္ထားလိုက္ျပီးျပီျဖစ္တာမို႕သဝဏ္နည္းနည္းေတာ့စိတ္ေအးသြားရသည္။
ကုတင္အနားသြားကာေမ့ေဆးအရွိန္ေၾကာင့္အခုအထိသတိမရေသးတဲ႕အစ္ကို႕နွဖူးေလးကိုခပ္ဖြဖြေလးအနမ္းေပးလိုက္မိတယ္။
ခ်စ္တယ္အစ္ကို……။
ေစာင္ကိုရင္ဘတ္အထိဆြဲျခံဳေပးျပီးမွေဆးပိုက္ခ်ိတ္ထားတဲ႕လက္ေလးကိုခပ္ဖြဖြဆုပ္ကိုင္ကာအစ္ကို႕မ်က္ႏွာေလးကိုေငးၾကည့္ေနမိသည္။
အစ္ကိုသာနိုးေနရင္ကြ်န္ေတာ့္ကိုစိတ္ဆိုးျပီးထုရိုက္ေလမလားေလ။
အစ္ကိုသိရဲ႕လား…အခုလိုလွဲေနရတာကေလ ကြ်န္ေတာ္ျဖစ္ေနခဲ႕မယ္ဆိုရင္ေတာင္ကြ်န္ေတာ္ေျဖသာအံုးမွာ။ ဒါေပမယ့္ ေနမေကာင္းျဖစ္တာကအစ္ကိုျဖစ္ေနေတာ့ကြ်န္ေတာ့္အသိစိတ္ေတြအကုန္လြတ္ထြက္သြားေတာ့မလိုပဲ။
ကြ်န္ေတာ့္ကိုအေဖကလည္းစြန္႕ပစ္လိုက္ျပီအစ္ကို။ အေမကလည္းမ်က္ႏွာေတာင္မျမင္ခ်င္ေလာက္ေတာ့ဘူး။ ျပီးေတာ့ေလ…ေယာက်္ားခ်င္းယူထားတဲ႕ေကာင္ဆိုျပီးတစ္ခ်ိဳ႕ကလည္းနွိမ္တယ္အစ္ကိုရဲ႕။
ကြ်န္ေတာ္ကအစ္ကိုေျပာသလိုအ,အပါ။ လူတစ္ခ်ိဳ႕ကကြ်န္ေတာ့္ကိုသနားသလိုၾကည့္တယ္။ လူတစ္ခ်ိဳ႕ကက်ေတာ့ကြ်န္ေတာ့္ကိုရြံသလိုၾကည့္တယ္။
ဒါေပမယ့္အဲ႕ဒီ႕လူေတြဆီကအၾကည့္ေတြက…အစ္ကို႕ဆီကရတဲ႕အထင္ေသးမွဳေလာက္ကြ်န္ေတာ့္ကိုမနာက်င္ေစပါဘူး။
ဒါေပမယ့္အစ္ကို…
ကြ်န္ေတာ္ေလ……ကြ်န္ေတာ္အစ္ကို႕ကိုအဆံုးရွံဳးမခံနိုင္ဘူး။
အစ္ကိုကြ်န္ေတာ့္ကိုၾကိဳက္သေလာက္ရြံပါ။ ၾကိဳက္သေလာက္အထင္ေသးေနာ္။
ဒါေပမယ့္ ထပ္ျပီးေနမေကာင္းေတာ့မျဖစ္ပါနဲ႕ေတာ့ဗ်ာ။
ေနာက္တစ္ခါသာဆိုရင္ေလ……ကြ်န္ေတာ္အရင္ေသမွာ။
ဒီတစ္ခုေလးေတာ့ေတာင္းဆိုပါရေစအစ္ကို။
ကိုယ့္ကိုကိုယ္မထိခိုက္ေအာင္ေနေပးပါ……အစ္ကိုထိခိုက္ရင္ပိုနာက်င္ရတဲ႕သူကကြ်န္ေတာ္မို႕…ဒီတစ္ခါေလးေတာ့သနားပါအစ္ကိုရယ္။
#################################