လေနှင်ရာ (completed)
By Mahura_Kwann_Thite
41.4K 4.3K 2.6K
မင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ... More
( အခန်း၁)
( အခန်း ၂ )
( အခန်း ၃)
( အခန်း၄)
( အခန်း၅)
( အခန်း၆)
( အခန်း၇)
( အခန်း၈)
( အခန်း၉ )
( အခန်း၁၀)
( အခန်း၁၁)
( အခန်း၁၂ )
( အခန်း၁၃)
( အခန်း၁၄ )
( အခန်း၁၅)
( အခန်း၁၆ )
( အခန်း၁၇)
( အခန်း၁၈)
( အခန်း၁၉)
( အခန်း၂၀)
( အခန်း၂၁)
( အခန်း၂၂)
( အခန်း၂၃ )
( အခန်း၂၄)
( အခန်း၂၅)
( အခန်း၂၆)
( အခန်း၂၈)
( အခန်း ၂၉ )
( အခန်း ၃၀)
( အခန်း ၃၁)
( အခန်း၃၂)
( အခန်း၃၃)
( အခန်း၃၄)
( knock knock)
( အခန်း၃၅)
( အခန်း၃၆)
( အခန်း၃၇)
( အခန်း၃၈)
( အခန်း၃၉)
( အခန်း၄၀)
( အခန်း၄၁ )
( အခန်း၄၂)
( အခန်း ၄၃ )
( အခန်း ၄၄)
( အခန်း ၄၅)
( အခန်း၄၆)
( အခန်း၄၇)
( အခန်း၄၈ )
( အခန်း ၄၉)
( အခန်း ၅၀)
( အခန်း ၅၁)
( about this fic)
( အခန်း ၅၂)
( အခန်း ၅၃ )
( အခန်း၅၄)
( အခန်း ၅၅)
( အခန်း ၅၆ )
( အခန်း ၅၇)
( အခန်း ၅၈) ဇာတ်သိမ်းပိုင်း
ရှင်းတမ်း
( အခန်း၂၇)
386 55 12
By Mahura_Kwann_Thite
တရိပ်ရိပ်ထင်ကျန်နေသည့်TVဖန်သားပြင်ထက်မှပုံရိပ်များ။ စိတ်ကြည်လင်မှုလေးအနည်းငယ်ကြောင့်ရေခဲသေတ္တာထဲကထုတ်ယူခဲ့တဲ့ဘယ်ရီသီးပန်းကန်ကိုပိုက်ပြီး ဘယ်ရီသီးလေးကိုတမြုံ့မြုံ့ဝါးလို့ TV ရှေ့ဆိုဖာမှာထိုင်နေသည်။
ရုပ်သံလိုင်းအတွင်းမှထုတ်လွှင့်နေသောအင်တာဗျူး၌ မောင်ကအနက်ရောင်ဆံပင်အုပ်အုပ်တွေကြား Fake hair highlight အဖြူရောင်လေးတွေနှင့်။ ငွေမှင်ရောင် shirtလက်ရှည်အဖြူအား ချိန်းကြိုးအသေးလေးပါတဲ့ pant အနက်ထဲကိုထည့်ဝတ်ထားသည်။
* ဆိုတော့ ကျွန်မတို့ရဲ့မော်ဒယ်ချောလေးဗန်တီက ဒီတောအတွင်းအရင်အချိန်တွေကိုမှတ်မိဖို့အတော်ကြိုးစားရမှာပဲနော်*
* အင်း...ဒါကအရင်online အင်တာဗျူးတွေမှာလည်းဖြေခဲ့ပါတယ်။ မေ့တဲ့အရာတွေကိုမေ့ပါစေတော့ဆိုပြီးဥပေက္ခာပြုလိုက်တာမလို့မှတ်ဉာဏ်တွေကိုအတင်းရယူဖို့မကြိုးစားတော့ပါဘူး။*
* ဟုတ်တယ်နော်အတင်းစဥ်းစားရင်ခေါင်းကိုက်တာတို့ဘာတို့ကြားဖူးတယ်။ ဒါနဲ့ ဗန်တီ့ဆီကိုရောအနုပညာရှင်တွေထဲကအသိတွေသတင်းလာမမေးကြဘူးလား။*
* ကျွန်တော့်အကြောင်းကို fan တွေအသိဆုံးနေမှာပါ။ အနုပညာနယ်ပယ်မှာရင်းနှီးတဲ့သူသိပ်မရှိတော့အထူးတလယ်မလာကြပါဘူး။ သူတို့မပြောနဲ့သူငယ်ချင်းတွေတောင်အချိန်ကြာတော့ကျွန်တော့်ကိုမေ့ပြီးအဆက်အသွယ်လာမလုပ်ကြဘူးလေ...ဟဟ..။*
မောင့်စကားရဲ့နောက်, အယောင်လိုက်ပြီးထိုအမျိုးသမီးနဲ့အတူခပ်ဟဟရယ်မိသည်။ ဟုတ်တာပေါ့၊ ငယ်ငယ်ကတည်းကမောင့်သူငယ်ချင်းတွေအားလုံးကမောင့်အပေါ် ဂုဏ်ဓနတွေမတ်ပြီးသာပေါင်းခဲ့ကြတာ။
ရိပ်မိပေမဲ့မောင်စိတ်မကောင်းဖြစ်မှာစိုးလို့မပြောခဲ့ဘူး။ မောင်အက်ဆီးဒန့်ဖြစ်တုန်းကနိုင်ငံအနှံ့သတင်းတွေပျံ့သွားတာတောင်မလာကြဘူးလေ။
" သား....ဂျောင်ဂု"
TV အားကြည့်လျက်ခပ်ပြုံးပြုံးဖြစ်နေသော်လည်းဘေးနားတွင်ဝင်ထိုင်လာသည့်အမေ့ကြောင့် TVပဲထပိတ်လိုက်ရတော့မလို၊ လက်ထဲကဘယ်ရီသီးကိုပဲစားရတော့မလိုနဲ့ အပြုံးတွေကချက်ချင်းပျောက်ကွယ်သွားသည်။
ထို့နောက် အမေကTVဖန်သားပြင်ထက်ကပြုံးရယ်နေသည့်မောင့်အားကြည့်ရင်းဖွဖွပြုံးသည်။ ကျွန်တော်သိ၏၊ ထိုအပြုံးတွေရဲ့နောက်ကွယ်မှာအိပ်မက်ဆိုးတို့ကပ်ပါသည်။
" ညနေတုန်းကအတူပြန်လာခဲ့ကြတာလား"
အပြုံးမပျက်ဆိုသောထိုမေးခွန်းကြောင့်အလိုက်သိစွာအလျင်အမြန်ပဲဖြေလိုက်မိသည်။
" ကျွန်တော်....နောက်ဆိုဆင်ခြင်ပါ့မယ်"
" အမေ့သားကအရိပ်အကဲနားလည်တော့သိပ်မပြောရပါဘူး။ အမေသားကိုဘယ်လောက်ချစ်လဲသိတယ်မဟုတ်လား။"
TVထံရောက်နေတဲ့အကြည့်များကကျွန်တော်ဆီဦးတည်လာသည့်အခါအလိုလိုခေါင်းငုံ့မိသည်။
" အမေ မင်းနဲ့မခွဲနိုင်ဘူး.....အဲဒါကြောင့်မင်းကိုလည်းတခြားတစ်နေရာမပို့လိုက်ချင်ဘူး။ သားရဲ့သဘောတူညီချက်ကြောင့်အမေငြိမ်နေတာ....သူနဲ့ကင်းအောင်နေပါ့မယ်၊အဝေးကိုတွန်းပို့ပါ့မယ်ဆိုတဲ့စကားကိုအမေယုံကြည်ပေးခဲ့လားမပေးခဲ့ဘူးလား။"
"ပေးခဲ့ပါတယ် နောက်တစ်ခါမဖြစ်စေရပါဘူး"
" ညီအစ်ကိုချင်းရင်းနှီးလို့ရတယ်သား၊ ချစ်လို့လည်းရတယ်။ တစ်ခုတော့ရှိတယ် စည်းမကျော်စေနဲ့ပေါ့။ အကယ်၍အတိတ်တစ်ပတ်ရစ်လာရင် အမေကမင်းတို့ကောင်းဖို့အတွက်လုပ်ရမှာပဲ။
နယ်သာလန်မှာအမေပိုင်တဲ့ဘဏ်တွေရှိတယ်။အဲဒီအရာတွေကို ဦးစီးစေဖို့လူလိုနေတာမလို့ သားဘက်ကသဘောတူညီချက်ကိုမချိုးဖောက်ပါနဲ့။"
စကားလှလှသုံး၍သတိပေးသွားတဲ့အမေကကျွန်တော့်ရဲ့ခံစားချက်တွေတစ်ပတ်ရစ်ပြန်မလာဖို့ပိတ်ဆို့လိုက်သည်နှယ်။ ပခုံးကိုနှစ်ချက်ဆင့်ပုတ်ကာထထွက်သွားသည့်အမေ့အားလိုက်ကြည့်မနေနိုင်တော့။ လက်ထဲပိုက်ထားသောဘယ်ရီသီးခွက်ကိုခပ်တွေတွေထိုင်ကြည့်နေမိသည်။
ပြီးတော့ ဖန်သားပြင်ထက်ကမောင့်မျက်နှာလေး။ ဟုတ်တယ်.....ငါ့ရဲ့သဘောတူညီချက်ကိုငါကိုယ်တိုင်မချိုးဖောက်ချင်ဘူး။ မင်းနဲ့ငါက ....ညီအစ်ကိုအရင်းတွေပါပဲ! ။
သူပြန်မလာသောညတစ်ည၊ အကြိမ်ကြိမ်အခါခါလွမ်းဆွတ်ရပေမဲ့ မျက်ရည်တစ်ပေါက်မျှမြေမခပါချေ။ မောင့်အတွက်ဆိုမျက်ရည်တွေကိုကွယ်ဝှက်ထားလည်းရတယ်၊ မောင့်အတွက်ဆို သွေးအစက်စက်နဲ့ကွဲအက်နေတဲ့နှလုံးသားကိုဖုံးအုပ်ထားပေးလည်းဖြစ်ပါတယ်မောင်ရယ်။
_______
မနက်ဝေလီဝေလင်းအချိန်ဖြစ်သည့်အလျောက်ဝန်ကြီးချုပ်ပိုင်အပန်းဖြေစံအိမ်အတွင်း ခြံကျယ်ထဲအမှိုက်လှည်းသူ၊ ပန်းပင်ရေလောင်း နေသောအိမ်အကူတချို့နှင့်ခြံစောင့်နှစ်ယောက်သာရှိသည်။
ခြံတံခါးရှေ့ရောက်လာသည့်ကားမီးရောင်ဝင်းဝင်းကြောင့် ခြံစောင့်နှစ်ယောက်မှာပျာပျာသလဲထဖွင့်ပေးရ၏။ ယင်းကားအိမ်ဆင်ဝင်အောက်ထိုးရပ်သွားချိန် ကားတံခါးကိုဘုန်းခနဲပိတ်၍ထွက်လာသူကမျက်ခုံးဆုံမှတ်နေရာကိုလက်မနဲ့ဖွဖွနှိပ်ရင်းအိမ်ထဲဝင်လာသည်။
နောက်ကပါလာတဲ့မန်ဂျာကတော့အဝတ်အစားအိတ်သေးသေး ကိုကိုင်လာပြီး အိမ်ဧည့်ခန်းထိုင်ခုံပေါ်ချပေးကာပြန်သွားသည်။
ထို့ကြောင့်မန်နေဂျာမပြန်ခင် တာဝန်ကျေခဲ့ကြောင်းဝတ်ကျေတန်းကျေပြောပြီးနောက် ထွက်သွားမှသာဧည့်ခန်းဆိုဖာပေါ်ထိုင်ချလိုက်သည်။
" ဟူး!.....ပင်ပန်းလိုက်တာ။ အစောကြီးရှိသေးတော့ထကြသေးပုံမပေါ်ဘူး။"
အိမ်အတွင်းပိုင်းထံခေါင်းစောင်းကြည့်ရင်းပြောလိုက်သည်။ အမေ့ရဲ့အရိပ်အရောင်ကိုမတွေ့ရသလို ကိုကို့အသံကိုလည်းမကြားရ။ အဖေကတော့တာဝန်နှင့်ပြည်ပခရီးထွက်သွားတာမကြာသေးတဲ့အတွက်အိမ်မှာရှိမနေ။
ထို့အတွက်ခဏထိုင်ပြီး အပေါ်ထပ်နှစ်ခန်းမြောက်ကကိုယ့်အခန်းထဲကိုဝင်ကာ ရေချိုးဖို့ဆုံးဖြတ် သည်။ ပထမအခန်းကတော့အမေတို့အခန်းဖြစ်လျက် အပေါ်ထပ်နှင့်မျက်နှာလွှဲဝရံတာကျကျအခန်းကျယ်ဟာကိုကို့အခန်းဖြစ်သည်။
တံခါးလက်ကိုင်ဖုကိုကိုင်ထားဆဲဖြင့် မျက်နှာလွှဲရှိကိုကို့အခန်းရှိရာကိုလှမ်းကြည့်မိသည်။ မနေ့ညနေကအဆင်ပြေထားတာမလို့ ဒီနေ့မနက်တော့ကိုကိုအချိုးပြေမယ်ထင်ပါ၏။
" ဟက်!"
အတွေးတချို့၏အပိုင်းစငယ်များကအမြင်အာရုံ၌ပေါ်လာသော် လွှတ်ခနဲရယ်ချလိုက်မိသည်။ ခေါင်းကိုခါးယမ်းရင်း အခန်းတံခါးဖွင့်ဝင်သွားပြီးနောက်ရေချိုးရန်ပြင်လိုက်တော့သည်။
ထိုသည်တို့ဖြင့် ရေချိုးပြီးနောက် အုတ်ကျိုးရောင်တီရှပ်လက်ရှည်နှင့် ဒူးလယ်အဖြူရောင် pantကိုဝတ်ကာရေမခြောက်သေးတဲ့ဆံပင်တွေ ကိုဥပေက္ခာပြု၍အိပ်ယာပေါ်ထိုးအိပ်လိုက်သည်။
အင်တာဗျူးလုပ်ရ၊ငွေချေတာစောင့်ရ၊နောက်ထပ် ကြော်ငြာအပ်တွေနဲ့ဖုန်းပြောလက်ခံရဆိုတော့တစ်ညလုံးနီးပါးမအိပ်ခဲ့ရသည်မို့မနက်လင်းခါမှအိပ်ချလိုက်တော့သည်။
ဝါသနာအရမလို့သာသည်းခံနေရတာတကယ်ပင်ပန်းလွန်းသည်။
ဒေါက်* ဒေါက်* ဒေါက်*
" ထယ်ယောင်း.......သားပြန်ရောက်နေတာသိတယ်ညနေစောင်းနေပြီထဦး။"
"............."
ဒေါက်* ဒေါက်* ဒေါက်*
" ထယ်ယောင်းလိုင်လာအမေခေါ်နေတာကြား ထတော့......အိပ်ချင်ရင်ညမှဆက်အိပ်ထမင်းထစားဦး။"
တဒေါက်ဒေါက်ခေါက်နေသည့်တံခါးသံနှင့်အတူအမေ့ရဲ့အသံကနားစည်အတွင်းပျံ့နှံလာတဲ့အခါ အိပ်ချင်မပြယ်သေးသောမျက်လုံးများကိုအားယူဖွင့်လိုက်သည်။
အိပ်ယာပေါ်ငူငူငိုင်ငိုင်ထထိုင်ရင်းမျက်လုံးတွေကိုပွတ်သပ်ပြီးနောက်တံခါးဆီသွား၍ဖွင့်ပေးလိုက်သည်။
" အိပ်ချင်သေးလို့ ညလယ်ရောက်မှစားတော့မယ်"
ပြောလာတဲ့အသံဟာလည်းအိပ်ယာထကာစပေမို့အက်ရှရှဖြစ်ကာမိခင်ဖြစ်သူတောင်ပြုံးသွားရသည်။
သူမရဲ့သားကဒီလောက်ထိယောကျာ်းပီသတာ!
" မရပါဘူး ပင်ပန်းလာတာသိပေမဲ့နှိုးမှဖြစ်မှာမနက်အစောကတည်းကရောက်နေတာလို့အိမ်အကူတွေပြောတယ်။ အခု၄နာရီတောင်ထိုးတော့မယ် နေ့လယ်စာလည်းလာမစားဘူး တမင်ညရောက်တယ်ထင်ရအောင်ပိုပြောလိုက်တာ။"
" အင်းအင်း.....သိပြီမလို့မျက်နှာသစ်ပြီးလိုက်လာခဲ့မယ်"
" ဆက်အိပ်မနေနဲ့ဦးနော်"
" သိပါတယ်ဗျာ"
လက်ညှိုးတထိုးထိုးနှင့်ပြောသွားသည့်အမေ့ကြောင့်ရေချိုးခန်း၌မျက်နှာဝင်သစ်ရတော့သည်။
ဘေစင်မှန်မှာပေါ်နေသောကိုယ့်ပုံရိပ်ကိုပြန်ကြည့်တော့ဖိအိပ်ထားတာကြောင့်ဆံပင်တွေကဟိုနားကထောင်၊ဒီနားကကြွနှင့်။ အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့လည်းပုံပြန်သွင်းရမှာပျင်းတာကြောင့်ထိုးထောင်နေသည့်ဆံပင်နေရာတွေကိုရေနဲ့စွတ်ပြီးသာဖိလိုက်တော့သည်။
ထို့နောက် မျက်နှာရေသုတ်ပြီးအောက်ထပ်သို့ဆင်းလာခဲ့၏။ ယခုအချိန်ပထမဆုံးလိုက်ရှာမိသည်ကကိုကို။ ခြံရှေ့တွေအထိပါမျက်လုံးကစားကြည့်ပေမဲ့မတွေ့တာမို့ ထမင်းစားခန်းထဲကိုသာဝင်လာခဲ့သည်။
အိမ်အကူတွေလုပ်ထားပေးပြီးသားပန်းကန်တွေကိုပြန်စီရင်းရောက်နှင့်နေတဲ့အမေ့ဘေးကခုံမှာဝင်ထိုင်လိုက်သည်။
" ကြက်ဥလိတ်၊ ပြီးတော့မင်းကြိုက်တဲ့ပါစတာအချိုလုပ်ခိုင်းထားတယ်။"
" အမေသိလား မနေ့ညကရှူတင်မှာကျွေးတဲ့အာရှအစားအစာကစားလို့ကောင်းတယ်"
ရှေ့ရှိပါစတာပန်းကန်ထဲမှတစ်လုတ်ယူစားရင်းပြောလိုက်သည်ကြောင့်သူမမျက်မှောင်ကျုံ့ကြည့်သည်။ ထူးထူးဆန်းဆန်းအစားအသောက်အကြောင်းတွေပြောလို့ပါလား။
" ပြောစမ်းပါဦးဘယ်လိုဟာလဲ မွေးရပ်မြေကအစားအစာဆိုရင်အမေချက်ကျွေးမယ်။"
" မုန်ညှင်းကိုဘာတွေနဲ့နှယ်ထားမှန်းမသိဘူး။ ဝက်သားနဲ့အတူတွဲစားတော့ကောင်းတယ်။"
" အောွ.....ကင်ချီနဲ့သုံးထပ်သားနေမှာ။ နောက်နေ့ကျအမေကိုယ်တိုင်လုပ်ကျွေးမယ်။"
" ဒါနဲ့ ကိုကိုရော"
ကိုကို ဟူသည့်နာမ်စားကြောင့်သူမမျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်သွားသည်။ သို့သော်လည်းကိုယ်ဟန်ကိုပြန်ထိန်း၏။
" မန်နေးဂျင်းနဲ့အပြင်သွားတယ်"
" သူ့ရည်းစားလာခေါ်တော့ကောက်ကောက်ပါအောင်လိုက်သွားတာမလား။ အမေမပြောတောင်ကျွန်တော်မြင်ယောင်မိနေပြီ။"
" ရည်းစား!?"
ထယ်ယောင်းရဲ့စကားကြောင့်သံယောင်လိုက်မိသည်အထိ။ မဟုတ်ပါစေနဲ့လို့ဆုတောင်းသည်။ ဒီကလေးမနေ့ကပြောလိုက်တာကြောင့်ထင်ရာတွေလျှောက်မလုပ်ဖို့မျှော်လင့်သည်။
" အင်း ဟုတ်တယ်လေ မန်နေးဂျင်းနမ်ဂျွန်းက ကိုကို့ရည်းစား။ အမေတို့မသိသေးဘူးလား.....opps! ဒါဆိုကျွန်တော်ဖော်ကောင်လုပ်မိပြီထင်တယ်။"
အလန့်တကြားဟန်နှင့်ပါးစပ်ကိုလက်ဝါးနှင့်အုပ်လိုက်သူက သူတကယ်မလန့်မှန်းကိုယ်စောင့်နတ်သာသိလိမ့်မည်။ အမေတို့မသိသေးမှန်းသိသည်၊ သိသွားခဲ့ရင်လည်း လက်အောက်ငယ်သားတစ်ယောက်နဲ့ကိုကို့အားသဘောမတူမှန်းလည်းကြိုတွေးမိပြီးသား။
ဒါပေမဲ့ ကျွန်တော့်ရဲ့တစ်ယောက်တည်းသောညီအစ်ကို ကိုစောစောစီးစီးတစ်ပါးသူလက်ထဲထည့်မပေးချင်တာကတော့အဖြူရောင်အတ္တဖြစ်၏။ ဟုတ်တယ်......ဒါကအစ်ကိုတစ်ယောက်ကိုနှမြောမိတဲ့ညီတစ်ယောက်ရဲ့ဝန်တိုမှုပဲ! ။
" အမေ "
" ဟင်..ဟင်"
ဂင်မ်ဂျောင်ဂုအမည်ရတဲ့သူမ၏သားဖြစ်သူရဲ့အတွေးများကိုလိုက်မှီအောင်ကြိုးစားနေရင်းခေါ်ခံလိုက်ရသည်မို့နှစ်ထပ်ဆင့်ထူးမိသည်။
" သဘောတူလား...မန်နေးဂျင်းနဲ့လေ"
" အဲဒါက"
" အင်း ကျွန်တော်နားထောင်နေ တယ်"
" ကဲပါ ထယ်ယောင်းရယ်စားစရာရှိတာစားတော့။ အမေလည်းမသိတော့ဘူး။"
" ဟ! "
ဘေးချင်းကပ်ထိုင်နေရာမှစိတ်ရှုပ်ဟန်ထထွက်သွားသောအမေ့အားကြည့်ပြီးအာမေဋိတ်သံထွက်သွားသည်။ တကယ်ဆို ဘာကိစ္စသားဂျောင်ဂုကိုလက်အောက်ငယ်သားနဲ့သဘောတူရမှာလဲတို့၊ မင်းအဖေနဲ့တိုင်ပင်ကြည့်ဦးမယ်တို့၊ ပြန်လာရင်သေချာစစ်မေးဦးမယ်တို့ပြောရမှာမဟုတ်ဘူးလား။
ဤသို့ဖြင့် တခြား၌စိတ်ရောက်နေသူသည် သူ၏အဓိကမေးခွန်းများအားမေးလျော့၍ သာမညမေးခွန်းကိုသာအာရုံရောက်နေသည်။
မနေ့ညနေပိုင်းအားခဲထားသမျှမေးခွန်းတို့ကလည်း နမ်ဂျွန်းနှင့်အတူထွက်သွားသည့်ဂျောင်ဂုထံစိတ်ရောက်ပြီးမေ့လျော့သွားခြင်းဖြစ်၏။မဟုတ်ပါလျှင် မဖြေသာမဝံ့သာမေးခွန်းတချို့ကြောင့်မိခင်ဖြစ်သောသူမငိုကျွေးရပေဦးမည်။
ဒီလိုနှင့် နာရီပိုင်းမကြာခင်မှာပဲခြံရှေ့တွင်နက်ပြာရောင်ကားလေးထိုးရပ်သည်။ ကားအပြင်ထွက်ပြီးမှနမ်ဂျွန်းအားကားမှန်ကနေငုံ့ကြည့်လျက်ပြော၏။
" နှုတ်လုံဖို့အတွက်ကတိတောင်းခံချင်တယ်။"
" ကျွန်တော့်အသက်သေသွားတောင်မပြောဘူး။ "
" ကြေးဇူးပါ....ကျွန်တော့်မှာမန်နေးဂျင်းကိုပဲအားကိုးနေရတယ်။"
" မလိုပါဘူး သခင်လေးဂျောင်ဂုအဆင်ပြေရင်ရပါပြီ။ ပြန်လိုက်ပါဦးမယ်။"
" ဟုတ်ကဲ့ ဂရုစိုက်ပြန်ပါ"
နှုတ်ဆက်စကားဆိုသည့်တိုင်ဘာရယ်မဟုတ်ထိုနက်ပြာရောင်ကားလေးမြင်ကွင်းမှပျောက်ကွယ်သွားတဲ့အထိလိုက်ကြည့်နေမိသည်။
ဒီနေ့ ကလေးငယ်ရှိရာထံသွားပြီးဇာတ်တိုက်ရသည်မှာမလွယ်ကူလှ။ အိမ်အကူအမျိုးသမီးအားအမေဟုခေါ်ရန်အတော်လေးပြောခဲ့ရသည်။ အကယ်၍မလွှဲသာလို့မောင့်ကိုသူ့ဆီလိုက်ပို့ရပါလျှင်ပြောထားသမျှနဲ့ထပ်တူမကျပါက ဖုံးကွယ်ထားသမျှသဲထဲရေသွင်ဖြစ်နိုင်ခြင်းကြောင့်ပင်။
Daddyလာခေါ်တော့မှာလားပဲမေးနေသည့်ကလေးကိုသနားပေမဲ့ အချိန်မတန်သေးလို့နှုတ်ဆိတ်နေခြင်းသာ။
" Dateလေးကပျော်စရာကောင်းခဲ့မှာပဲနော်"
" ! ! !"
တိတ်ဆိတ်နေသည့်ခြံရှေ့အနောက်ဘက်ကအသံကြားသည်မို့လန့်သွားကာဖျတ်ခနဲလှည့်ကြည့်သည်။
" မင်း....ဘယ်ချိန်ကတည်းက..."
တိုးညှင်းလေးဖင့်သောစကားများကအဆုံးမရှိ။ ပြောလိုက်သမျှအရိပ်မြွက်တွေကိုကြားသွားမလားဟုရင်ထိတ်နေရသည်။
အုတ်တံတိုင်းကိုကျောမှီလို့လက်ပိုက်ထားရာမှတဖြည်းဖြည်းချင်းလျှောက်လာ၏။
" ဟုတ်ကဲ့ ဂရုစိုက်ပြန်ပါဆိုပြီးအလွမ်းသယ်နေကတည်းက"
ထိုမှသာဂျောင်ဂုသက်ပြင်းခိုးချလိုက်သည်။
" အဲဒါဆိုလည်း အိမ်ထဲဝင်တော့မယ်။"
" နေဦး နေဦး"
လက်မောင်းကနေဖမ်းဆွဲပြီးထားလိုက်တာကြောင့်ဂျောင်ဂုခမျာခြေလှမ်းနောက်ပြန်ဆုတ်ရသည်။နောက်ထပ် အမေများမြင်သွားမလားတွေးပူရင်းခြံထဲကအရိပ်အကဲကိုလည်းကြည့်ရသေး၏။
" ဘယ်ကပြန်လာတာလဲ"
" ဟိုက...."
"အဲဒါကြောင့်ဘယ်ကလဲလို့"
" စားသောက်ဆိုင်က"
"Hotelတွဲလျက်စားသောက်ဆိုင်လား ၊ ရိုးရိုးစားသောက်ဆိုင်လား.... ဒီပုံစံနဲ့လေ။"
လျှာထိုးကာခပ်စူးစူးကြည့်မေးလာသည့်အကြည့်များက အဝါစွယ်တာအပါးလက်ရှည်နှင့်အဖြူရောင်pantဝတ်ထားသောဂျောင်ဂုကိုယ်ပေါ်အစုန်အဆန်ကြည့်ပြီးမေးသည်။
အဝါရောင်စွယ်တာကအနည်းငယ်ပါးတော့နေရောင်ထိုးပါလျှင်ရင်အုံမို့မို့နှင့်သိမ်ချပ်သောခါးကိုမြင်ရသည်။ ဒါတွေကိုလိုက်အကဲဖြတ်ပြီးဘာလုပ်မှာမလို့လဲဒီကောင်လေးက။ ဖြေစရာကျပ်သည်မို့ကိုယ်လည်းဖြေမိဖြေရာဖြေလိုက်သည်။
" Hotelနဲ့ တွဲလျက်"
" Hotelအထိတောင်အဆင့်တက်သွားကြပြီလား"
" ဘာ.....ထယ်ယောင်းမင်းဘာတွေလာပြောနေတာလဲ။ ငါခြံထဲဝင်တော့မယ်ဖယ်။"
" အမေသိသွားပြီ"
" ဘ..ဘာကိုလဲ"
" ကိုကိုနဲ့မန်နေးဂျင်းအကြောင်း"
" သိလည်းကိစ္စမရှိတာမလို့ ဖယ်!"
ဟုတ်တယ် အမေကသူပြောတာယုံမှာဆိုတော့ကြောက်ပြနေရဦးမှာ။ ကိုယ့်မှာတော့သူ့အနားလေးနေချင်လို့နည်းမျိုးစုံထုတ်သုံး၊ကြံမိကြံရာတွေလျှောက်လုပ်မိတာ။ စစ်လားဆေးလားနဲ့! ။
" ဖယ်! "
ခပ်ကျယ်ကျယ်တစ်ခွန်းရေရွတ်ပြီးနောက်ပခုံးတစ်ဖက်ကိုတိုက်တိုးခြံထဲဝင်ဖို့ခြေလှမ်းလိုက်သည်။
သို့သော်ငြား ဆောင့်အတွန်းခံလိုက်သည့်ကိုယ်ကအုပ်တံတိုင်းနဲ့ပန်းခြုံကြားရောက်သွားသည်။ အောင့်တက်သွားတဲ့ကျောကိုအသာထား နံရံကိုလက်ထောက်ပြီးအုပ်မိုးလာသောထိုကောင်လေးကြောင့်အမေ မမြင်စေဖို့ရာဘုရားတနေရလေပြီ။
ထပ်ပြီး ငါ့နှလုံးသားကိုအဲဒီမျက်ဝန်းတွေနဲ့မညှို့ငင်ပါနဲ့တော့။
" ထယ်ယောင်း ငါရန်မဖြစ်ချင်ဘူးဖယ်ပေးစမ်း"
" ကျွန်တော်နဲ့လျှောက်လည်တုန်းကလောက်ပျော်ခဲ့လား၊ မဟုတ်ဘူး....အဲဒီထက်ပျော်ခဲ့တာလား။"
" ရည်းစားနဲ့သွားတာ ညီနဲ့သွားတာထက်ပိုပျော်ဖို့ကောင်းတာပေါ့။ လက်တွေအတူတွဲသွားလို့ရတယ်၊ ငါ့ပခုံးကိုဖတ်ထားပေးတယ်၊ အနမ်းတွေလည်းပေး__"
" တော်တော့.....ကျွန်တော်သိပြီမလို့မပြောလည်းဖြစ်တယ်။ အိမ်ထဲဝင်မှာမလား သွားတော့။"
ရုတ်ချည်းဖြတ်ပြောလာသည့်စကားသံအေးအေးက ဆက်လက်နားထောင်ဖို့အင်အားမရှိတော့သလို။ အုပ်မိုးထားရာမှဖယ်ပေးရင်းပြောသည်ကမြေပြင်နှင့်အကြည့်အားဒွန်တွဲထား၏။
သူဒီလိုမောင့်အပေါ်မပြောရက်လို့လည်းမရပါချေ။ မောင့်စိတ်တွေသာငါ့အပေါ်ထပ်ယိမ်းယိုင်လာပါလျှင်နောက်တစ်ခါထပ်ပြီး မောင့်ကိုမနာကျင်ခိုင်းတော့ဘူးမို့။
ငါရူးမိုက်ပစ်လည်းဖြစ်တယ်၊လူမဆန်လည်းရတယ်။ တည်းတည်းသာကျန်တော့တဲ့ငါ့ရဲ့အဖြူထည်စိတ်တွေကိုရသလောက်ထိန်းချုပ်ထားဆဲမလို့ လွတ်ထွက်သွားအောင်သာမလုပ်နဲ့။
အကယ်၍ အဲဒီစိတ်ကလေးငါ့ဆီကလွတ်မြောက်သွားတဲ့နေ့၊ ငါဆိုတာမောင့်အတွက် ငရဲကိုအတူလိုက်ဆင်းပြီးပါရမီဖြည့်ပေးလိုက်တော့မှာ။
နောက်တစ်ပိုင်းupထားပေးသေးတယ်နော်အသဲတို့အစ်ကိုယောင်းငယ်တို့ကနောက်ရက်ကျupပေးပါ့မယ်
Continue Reading
You'll Also Like
26K 4K 30
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
280K 48.6K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
1.8M 81.8K 75
10.5K 1.4K 63
ဖတ်ကြည့်နော်🥰🥰