ချစ်လိပ်ပြာလေး တဝဲလည်လည်

By htwethannar

161K 6.3K 285

"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ... More

U/Z အခန်း၁ အခန္း၁
U/Z အခန်း၂ အခန္း၂
U/Z အခန်း၃ အခန္း၃
U/Z အခန်း၄ အခန္း၄
U/Z အခန်း၅ အခန္း၅
U/ Z အခန်း၆ အခန္း၆
U/Z အခန်း ၇ အခန္း၇
U/Z အခန်း၈ အခန္း၈
U/ Z အခန်း၁၀ အခန္း၁၀
U/ Z အခန်း၁၁ အခန္း၁၁
U/Zအခန်း၁၂ အခန္း၁၂
Unicode အခန်း၁၃
Zawgyi အခန္း၁၃
Unicode အခန်း၁၄
Zawgyi အခန္း၁၄
U/ Z အခန်း၁၅ အခန္း၁၅
U/ Z အခန်း၁၆ အခန္း၁၆
U/ Z အခန်း၁၇ အခန္း၁၇
U/ Z အခန်း၁၈
U/ Z အခန်း၁၉
🦋Unicode အခန်း၂၀
🦋Zawgyi အခန္း၂၀
U/Z အခန်း၂၁
U/Z အခန်း၂၂ အခန္း၂၂
U/Z အခန်း၂၃
U/Z အခန်း၂၄
Unicode အခန်း၂၅
Zawgyi အခန္း ၂၅
Unicode အခန်း၂၆
Zawgyi အခန္း၂၆
Unicode အခန်း ၂၇
Zawgyi အခန္း ၂၇
U/Z အခန်း၂၈
U/ Z အခန်း၂၉ အခန္း ၂၉
U/Z အခန်း၃၀
U/ Z အခန်း၃၁
အခန်း၃၂
U/Z အခန်း၃၃
U/Z အခန်း၃၄
U/Z အခန်း၃၅
U/Z အခန်း၃၆
U/Zအခန်း၃၇
U/Z အခန်း၃၈
U/Zအခန်း၃၉
U/Z အခန်း၄၀ ဇာတ်သိမ်း
⚠️⚠️⚠️🚨 Attention

U/ Z အခန်း ၉ အခန္း၉

4K 196 19
By htwethannar

                        အခန်း၉
🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋

"အမေရေ..သမီးပြန်လာပြီ..."

"ခွမ်း!!!!!"

"ဟမ်...ဘာသံတုံး.."

အိမ်ထဲသို့၀င်မယ်လို့ကြံခါရှိသေးတယ် အိုးခွက်ကွဲသံတွေက ခရီးဦးကြိုနေနှင့်သည်။
ဒီလင်မယားနဲ့တော့ ခက်ပါတယ်။လစာထုတ်ရက်ကလေးပြန်လာမိပါတယ် စိတ်ကိုတစ်စက်မှမချမ်းသာဘူး။

"ခွမ်း!!!"

"အောင်မာ..အောင်မာ..သေချင်းဆိုးကြီး သူကပဲဟိုဟာကိုင်ပေါက် ဒီဟာကိုင်ပေါက်လုပ်ရတယ်လို့..သတ္တိရှိရင် လာခဲ့စမ်းပါ..လာခဲ့..သေချင်းဆိုးကြီး..ဒီလိုလူကျတော့ အခုထိသေမသေနိုင်ဘူး.."

"ဟာ..ဒီမိန်းမတော့ ငါလုပ်လိုက်ရင်သေတော့မယ်..အလကားနေပူညံပူညံနဲ့..ဒီလောက်တောင်ဖြစ်လှ..ကဲဟာ.."

"ဟာ..အဖေ..အဖေ..မလုပ်ပါနဲ့..."

အဖေကလည်း အမေ့ကိုလက်တရွယ်ရွယ်နှင့် ရိုက်ရန်ဆိုင်းပြင်နေသလို အမေကလည်းဆဲဆိုကျိန်းမောင်း၍ မပြတ်ပေ။
ကြားမှညှပ်နေသူက မောင်လေးပေါ့။အမေ့ကိုလည်း ပိတ်မရ အဖေ့ကိုလည်းတားမရနှင့် မောင်လေးခမျာ စိတ်ဒုက္ခတော်တော်ရောက်နေရှာသည်။

လိပ်ပြာငယ်ငယ်တုံးကဆိုရင် အဖေနဲ့အမေရန်ဖြစ်တဲ့နေ့ဆို ငိုလိုက်ရတာ ခဏခဏပဲ။
အကြောင်းက ဒီလင်မယားဟာ မီးခြစ်ရှာ၊ဆေးလိပ်ရှာတဲ့ ကိစ္စကအစရန်ဖြစ်ကြတဲ့အတွဲမို့ပါ။

ပတ်၀န်းကျင်ကကြားရင်တော့ အမေ့အသံကြီးပဲပေါ့ တကယ်တော့ အိမ်ထဲမှာပတ်မွှေသူကအဖေရယ်ပါ။
သားသမီးတွေနှင့်တောင် မနိုင်နိုင်အောင်ပြိုင်ငြင်းတတ်တဲ့အဖေရယ်ပါ။

တစ်ခါကဆို အစ်ကိုကြီး၊အစ်ကိုလေးတို့နှင့်
"ကျမ"နဲ့ "ကျွန်မ"ဆိုတဲ့ အသုံးအနှုန်းကိုပြိုင်ငြင်းကျရာမှာ သားတွေက အဖေတို့ခောတ်မှာသာ
"ကျမ"လို့သုံးတာ ဒီဘက်ခောတ်မှာ ဖတ်တော့ "ကျမ" ရေးတော့"ကျွန်မ"ဆိုတာကို စာအုပ်တွေ၊အထောက်အထားတွေပါထုတ်ပြလည်း အတင်းဖင်ပိတ်ပြီး သူအမှန်ကြီးလုပ်နေသည့်အဖေ့ကို ရန်မဖြစ်ချင်တော့၍ လူငယ်တွေကသာ အရှုံးပေးလိုက်ရသည်။
အဖေဟာ ဒီလိုတစ်ယူသန် လူ့ဂွစာကြီးပါ။

အမေဆိုသည်မှာလည်း လုပ်ပေးချင်ရင်လုပ်ပေး၊လုပ်မပေးချင်လဲ အသာနေလိုက်တာမဟုတ်ဘူး။
သူ့ယောက်ျားခိုင်းသမျှကို တစ်ခုမကျန်အကုန်အလိုလိုက်ပြီး ကွယ်ရာကျရင် အမျိုးစုံကြိုးခုန်ပြီးတော့ကို ကျိန်စာတိုက်တော့တာပဲ။
မောင်လေးတော့မသိဘူး ကျွန်မအဖို့တော့ ဒီအိမ်မှာနေရင် တနည်းနည်းနဲ့နားပူလွန်းလို့ ထွက်ပြေးချင်တာပဲသိတယ်။

သို့ပေမဲ့ကောင်းတဲ့အချက်ကတော့ အမေဟာသားသမီးတွေကို အရိပ်တကြည့်ကြည့်လိုက်ကြည့်ပြီး လိုအပ်တာမှန်သမျှအကုန်လိုက်လုပ်ပေးတဲ့ တကယ့်မိခင်တာ၀န်ကျေပွန်သူ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ပြီး တောသူပီပီ ကျရာနေရာမှာလည်း ဒေါင်ကျကျ၊ပြားကျကျနေထိုင်တတ်သူပင်။

အဖေဆိုရင်လည်း စနေသားပီပီ ဒေါသအင်မတန်ကြီးပေမဲ့ သူ့မိန်းမကိုသာရိုက်တာ သားသမီးတွေကိုတော့ လက်ဖျားနဲ့တောင်မထိပါဘူး။
ကျောင်းဆရာဖြစ်ခဲ့သည့်နည်းတူ သားသမီး‌တွေကို ပညာဗဟုသုတ တိုးပွားရန်သာအမြဲအားပေးတတ်သူပါ။

သို့ပေမဲ့ ငယ်ငယ်ကတည်းက မျက်စိအရှေ့မှာ
အမေ့ကိုရိုက်ခဲ့တာတွေ ရန်ဖြစ်ခဲ့တာတွေ မြင်ခဲ့တော့ လိပ်ပြာရင်ထဲမှာ အမေ့လောက် အဖေ့ကိုမချစ်ဘူး။
အဖေကတော့ သားသမီးတွေထဲမှာ တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့ လိပ်ပြာကိုသာအချစ်ဆုံးဟု ခဏခဏပြောတတ်ပါသည်။

"ဒုန်း!!!"

"ဟင်..."

လိပ်ပြာတွေးနေတုံးရှိသေးတယ် အသံကြားလို့လှည့်ကြည့်လိုက်ရာ ဒီတစ်ခါနံရံကို လက်သီးနဲ့ထိုးလိုက်တာက အဖေမဟုတ်ပဲ မောင်လေးဖြစ်နေသည်။

"အာ..မတော်နိုင်ကြသေးဘူးလား..ဟမ်..နေ့တိုင်းရန်ဖြစ်နေကြတာ အားမရကြသေးဘူးလား..
တစ်ခါလာလည်း မီးခြစ်ပျောက်လို့..တစ်ခါလားလည်း ကော်ဖီထုပ်ကြောင့်..ဆေးလိပ်ရှာမရလို့နဲ့..ရန်ဖြစ်ရတာတော်တော်ဝါသနာပါနေကြလား..ဟမ်....စီးပွားရေးအကြောင်းလဲတစ်ခုမှမပါဘူး..သားနှစ်ယောက်က သူများနိုင်ငံမှာအလုပ်သွားလုပ်နေကြတာလဲ အားနာကြပါအုံး.."

"ဟေ့ကောင် ငါမင်းအဖေကွ..မင်းလာအော်စရာမလိုဘူး.."

"အဖေဆိုရင် အဖေပီသအောင်နေလေဗျာ..
တစ်နေ့ တစ်နေ့အဖေ့ကြောင့်ပဲ ရန်ဖြစ်နေရတာ..
အဖေက အိမ်မှာပတ်မွှေနေတာသိလား.."

"ဟေ့ကောင်..မင်းဘာစကားပြောတာလဲ.."

"အောင်မယ်..ရှင်ကျွန်မသားကိုထိရဲ ထိကြည့်နော်"

နဂိုကမှ အတင်မခံတဲ့အဖေက မောင်လေးကိုရိုက်ဖို့ပြင်တော့ အမေကကြား၀င်ခံလေသည်။
လိပ်ပြာသိတာပေါ့ အဖေဟာလက်ရွယ်ပေမဲ့ တကယ်မရိုက်ဘူးဆိုတာ။

"အဖေနဲ့ အမေကလည်းတော်ကြပါတော့ ..ဒီမှာ မောင်လေးလက်တွေ သွေးထွက်နေပြီ..
လာ မင်းမင်းဆေးခန်းသွားကြမယ်.."

ညာဘက် လက်သီးဆုတ်တစ်ခုလုံး ပွန်းပဲ့ပြီးသွေးထွက်သွားတဲ့ မောင်လေးကို အိမ်အပြင်လည်းရောက်ရော လိပ်ပြာ ဇာတ်ပိုးကိုတစ်ချက်ပိတ်တီးပစ်လိုက်သည်။

"အာ့..မမ..ဘာလို့ကျွန်တော့်ကို..လာရိုက်တာတုံး..
ကျစ်..ဒီမှာလက်ကနာနေတာနော်.."

"အေး..အဲ့လို နာမှန်းသိရင် ဘာလို့အစထဲက နံရံကိုလက်သီးနဲ့ထိုးသေးလဲ...ငနာလေးရဲ့..ငါနင့်ကိုဒီ့ထက်တောင် တီးပစ်ချင်တာ..ဟင်း..ဟင်း.."

"မမက..ဘာသိလို့လဲ..အဲ့လင်မယားက ဒီလိုမှပွဲထမကြမ်းရင် အငြိမ့်ကသလို..နောက်ပိုင်းဇာတ်ထုပ်ကြီးတွေ ဘာတွေလာအုံးမှာဗျ..."

သူပြောတာလည်း ဟုတ်သလိုတော့ရှိသည်။

"ဝူး!!!!" "ကျွီ...."

ရုတ်တရက် အရှေ့တည့်တည့်မှာဆိုင်ကယ်လာရပ်လိုက်တာကြောင့် မော့ကြည့်လိုက်တော့ မောင်မင်းကြီးသားဖိုးချွန်က ဆိုင်ကယ်အသစ်၊အ၀တ်သစ်၊အစားသစ်နှင့် ရှိုးအပြည့်ဖြစ်နေသည်။

"ဟဲ့..ဖိုးချွန်..ဆိုင်ကယ်အသစ်တွေ..ဘာတွေနဲ့
ပါလား..တယ်ထောပါလားဟေ့.."

"ဟာ..ကျွန်တော် ထောတာမဟုတ်ပါဘူး..ကိုကြီးမိုးစက်ကိုပူဆာလိုက်လို့ ငွေလှမ်းပို့တာနဲ့၀ယ်လိုက်တာ..ဒါနဲ့မမလိပ်ပြာတို့ဘယ်သွားမလို့လဲ..."

"ဒီမှာလေ..မောင်မင်းမင်း..စတန့်ထွင်ပြီး နံရံကိုလက်သီးနဲ့ထိုးလိုက်တာ ဆေးခန်းသွားပြမလို့.."

"ဟာ..ဟုတ်ပါရဲ့ သွေးတွေရဲနေတာပဲ..မမဆိုက်ကားငှားမယ်ဆိုရင်တော့ မငှားနဲ့တော့ဗျာ..
ကျွန်တော်ပဲ ဆေးခန်းလိုက်ပို့လိုက်မယ်..မမက တစ်ခါလေးအိမ်ပြန်လာတာ ဆေးခန်းသွားရတယ်ဆိုရင် လာဘ်မကောင်းဘူးဗျ..."

"အေးအေး..ကျေးဇူးပါပဲဟယ်..ဒီမှာ..ဆေးဖိုး..
ရော့.."

ဆေးဖို့ယူ ပြီး မင်းမင်းလည်းဆိုင်ကယ်ပေါ်သို့တက်ပြီးရာ ဖိုးချွန်ကလိပ်ပြာဘက်သို့လှည့်လာလေသည်။

"အော်..မမ..လာမဲ့အပတ်ထဲ ကိုကြီး..၂နှစ်ပြည့်လို့မြန်မာကိုအလည်ပြန်လာမှာဗျ..ကိုကြီးကလေ..
ကျွန်တော်နဲ့ အွန်လိုင်းကနေစကားပြောတိုင်း မမလိပ်ပြာအကြောင်းကို အမြဲမေးတယ်ဗျ
..သူ့ကို မမ ဖေ့ဘွတ်ခ်မှာလက်မခံထားဘူးဆို.."

"ဟို...ငါ....မတွေ့မိလို့ပါ..နင်တို့လည်း သွားစရာရှိတာ သွားကြတော့လေ.."

"ဟုတ်ကဲ့..သွားပြီနော်.."

ဆိုင်ကယ်လေးရဲ့ ပြေးလမ်းကြောင်းတစ်လျှောက်ကို ကြည့်ပြီး ကိုကိုမိုးစက်ကိုသတိရမိလေသည်။
ကိုကိုမိုးစက် ပြန်လာတော့မယ်လို့ ဖိုးချွန်ပြောတုန်းက လိပ်ပြာဖြင့်ရင်ထဲကို ထိတ်သွားတာပဲ။

ကိုကိုမိုးစက် စင်္ကာပူကိုမသွားခင်က လိပ်ပြာကို ချစ်ခွင့်ပန်ခဲ့သေးသည်။
ကိုယ့်အကို အရင်းလိုသဘောထားခဲ့တဲ့လူကို ချစ်သူတစ်ယောက်အနေနဲ့ ဘယ်လိုမှမြင်ကြည့်လို့မရတာကြောင့် အားနာနာနဲ့ပဲ ငြင်းပစ်ခဲ့မိသည်။

ဒါတောင် လက်မလျှော့သေးပဲ တစ်နေ့သူ
စင်္ကာပူကပြန်လာရင် လိပ်ပြာဆီမှ သူ့အတွက်၀မ်းသာစရာသတင်းကို ကြားချင်ပါတယ်တဲ့။

ဒီလိုတစ်ယူသန်တဲ့လူမျိုးတွေကို လိပ်ပြာသိပ်မုန်းတာပဲ ဒါကြောင့် သူနဲ့ဖုန်းအဆက်အသွယ်၊
အွန်လိုင်းအဆက်အသွယ်မလုပ်ပဲနေခဲ့တာ နှနှစ်တောင်ရှိနေလေပြီ။

အနေဝေးသွားတဲ့ နှနှစ်အတွင်းမှာ လိပ်ပြာသူ့ကိုမေ့တောင်နေသလိုဖြစ်ပြီး ချစ်သူတစ်ယောက်အဖြစ် ဘယ်လိုမှသဘောထားလို့မရနိုင်ခဲ့ဘူး။

"လိပ်ပြာကို ခွင့်လွှတ်ပါ ကိုကိုမိုးစက်ရယ်"

🦋🦋🦋🦋🦋🦋🦋🦋🦋

အချိန်အားဖြင့် ည၇နှနာရီထိုးနေလေပြီ။
သူလည်းဒီနေ့မှ ဘာဖြစ်လဲမသိပါဘူး ခေါင်းတွေထိုးကိုက်လာပြီး ပတ်၀န်းကျင်မှာလည်း ကြည့်လိုက်သမျှအရာရာတိုင်းက ယိမ်းထိုးနေသည်။

ကုဒ်အင်္ကျီကို ကောက်၀တ်လိုက်ပြီး သိမ်းစရာရှိတာ‌တွေကို သိမ်းကာရုံးခန်းအပြင်သို့ထွက်လာလိုက်သည်။

"..လိပ်ပြာဖြူ ရုံးဆင်းချိန်မှာ မပြန်ပဲဘာလုပ်နေတာလဲ မသိဘူး..."

လိပ်ပြာဖြူရဲ့ စာပွဲနားကို တိုးကပ်သွားလိုက်တော့ သူမကအိပ်နေလိုက်တာများ သူ့အိမ်၊သူ့ရာလိုပင်။

သူ့မရဲ့ တံတောင်ဆစ်ဘေးနားမှ စာအုပ်တစ်အုပ်ကို ကောက်ကြည့်လိုက်ရာ ၀တ္ထုစာအုပ်ဖြစ်နေသည်။
စာအုပ်နာမည်က "မြမေ"တဲ့ ကလောင်ရှင်နာမည်ကိုကြည့်လိုက်တော့ လိပ်ပြာဖြူဆိုတော့ သူတောင်ကြောင်သွားသည်။

"ဝါး..ဟင်..သူဌေး..ဘယ်လိုလုပ်ပြီး.."

လိပ်ပြာ အိပ်ချင်မူးထူးနှင့် မျက်လုံးဖွင့်ကြည့်မိတော့ သူဌေးက လိပ်ပြာရဲ့ "မြမေ"ဆိုတဲ့ ၀တ္ထုစာအုပ်ကိုဖတ်နေသည်။
ကိုယ်ရေးတဲ့စာကို သူများဖတ်ရင် ရှက်တတ်တာကြောင့် စာအုပ်ကိုအတင်းအားနဲ့ဆောင့်ဆွဲလိုက်ပေမဲ့ သူကလည်းပြန်ဆွဲထားလေသည်။

"ဟာ..ဘာလုပ်တာလဲ..ဒါကျွန်မ စာအုပ်လေ.."

"မင်းစာအုပ်ကို ငါဖတ်တော့ ဘာဖြစ်သွားမှာ မို့လို့လဲ.."

"ဘာမှတော့မဖြစ်ဘူးလေ..ဒါပေမဲ့..ဟာ.."

လိပ်ပြာရဲ့ စကားမဆုံးခင်မှာပဲ စာအုပ်ကိုသူ့အိတ်ထဲသို ထည့်ပစ်လိုက်သည်။
ပြီးနောက် ခုံပေါ်သို့ကားသော့ကို ‌တင်လိုက်သည်။

"ဒီ..ဒီသော့က.."

"ကိုယ်..ဒီနေ့ကားမောင်းနိုင်မှာ မဟုတ်ဘူး..
မင်းပဲ‌ မောင်းပေးတော့..ကားမောင်းလိုင်စင်ရပြီးပြီလား..."

"ဟိုတလောကတင်ရပြီးပါပြီ..ဒါနဲ့ ဒါရိုက်ဘာဦးအောင်ကဘယ်သွားလို့လဲဟင်..."

"ဟာ..သူ့သမီးနေမကောင်းလို့ ခွင့်ယူ
သွား‌တယ်လေ.."

"အော်..ဟုတ်သားပဲ..."

လိပ်ပြာလည်း ထမင်းချိုင့်နဲ့ ကိုယ့်အိတ်ကိုယ်သယ်ပြီး အနောက်မှသူ့အရှိန်ကိုမှီရန် ပြေးလိုက်ရသည်။
အောက်က ဘားမှာလည်းအမျိုးသား၀န်ထမ်း‌တွေရှိရဲ့သားနဲ့ သပ်သပ်ညှင်းပမ်းတာ။

ကားမောင်းရပြန်တော့လည်း လိပ်ပြာမှာ ချွေးသီး၊ချွေးပေါက်တွေကျပြီး သေချင်စော်တောင်နံနေရသည်။

"ကျွီ..ဒုန်း!!!!"

"ဟာ..တိုက်..တိုက်မိပြီ..."

လမ်းဖြတ်အကူးမှာ အခြားကားတစ်စီးက အရှိန်နှင့်၀င်လာတာကြောင့် နဲနဲတိုက်မိသွားသည်။
လိပ်ပြာကလည်း မရဲတရဲဖြစ်နေတော့ လမ်းဖြတ်ကူးမှု နှေးသွားခြင်းဖြစ်သည်။
ခါးပတ်တွေ ပတ်ထားလို့သာပေါ့ မဟုတ်ရင် မသာပေါ်တာကြာပြီ။

"ဟာ..လိပ်ပြာဖြူ..မင်း..ကားကိုလိပ်လို မောင်းနေမှတော့ တိုက်ပြီပေါ့ကွာ..ကားမောင်းတာကလည်း..အရပ်မူးသမားတောင်..မင်းထပ်သာအုံးမယ်..မင်းပြောတော့ ဟိုတလောကပဲ လိုင်စင်ရပြီးတာဆို.."

"ဟုတ်တယ်လေ..ရပြီးလို့..ရပြီးပြီပြောတာပဲကို"

"နေစမ်းပါအုံး..ဟိုတလောကဆိုတာ ဘယ်နှစ်ရက်ကြာပြီလဲ.."

"သုံးရက်..."

"ဘာ!!!!!!!"

လက်ညှိုးလေး သုံးချောင်းထောင်ပြီး ပြူးတူးကြောင်တောင်လာလုပ်ပြနေတဲ့ ကောင်မလေးကို ကြည့်နေရတာ ရယ်ရခက်၊ငိုရခက်ဖြစ်နေသည်။
လိုင်စင်ရတာ သုံးရက်ပဲရှိသေးတာကိုများ
တကယ့်ဖိုက်တာကြီးလို ဟန်လုပ်ပြီး ကားတက်မောင်းနေတာ ကံကောင်းလို့ မသေတယ်။

"ဒေါက်..ဒေါက်..ဒေါက်.."

တစ်ဖက်ကားမှ ဒါရိုက်ဘာလူကြီးတစ်ယောက်က ဆင်းလာပြီး လိပ်ပြာတို့ ကားမှန်ကိုလာခေါက်လေသည်။

"ဟာ..လုပ်ပါအုံး..လိပ်ပြာကို ထောင်ထဲထည့်ရင်တော့ သွားပါပြီ..ကယ်ပါအုံး..."

"မင်းနေခဲ့..ကိုယ်သွားဖြေရှင်းလိုက်မယ်..."

"ဟုတ်ကဲ့..ဆရာတင်ပါတယ်..ကယ်တင်ပေးပါ.."

သူ့ကိုဘုရားတစ်ဆူလို ထိုင်ရှိခိုးမတတ်ဖြစ်နေတဲ့ ကောင်မလေးကို ကားပေါ်မှာထားခဲ့ပြီး ထိုလူနှင့်ဆွေးနွေးဖို့သွားလိုက်သည်။

လိပ်ပြာ ကားပေါ်မှာထိုင်စောင့်နေရတာ
ဆယ့်ငါးမိနစ်လောက် ရှိတော့မည်။
ကားအရှေ့ခန်းမှ သူတို့ကိုလှမ်းမြင်နေရပေမဲ့ အဆင်ပြေသလား ၊ရန်များဖြစ်နေသလား ခန့်မှန်းရခက်နေသည်။

"ဟင်..."

လိပ်ပြာကြည့်နေရင်းမှ ရုတ်တရက်ဆိုသလို သူဌေးက လမ်းပေါ်မှာတင်လဲကျသွားသည်။

ချက်ချင်းကားပေါ်မှ ပြေးဆင်းလိုက်ပြီး ထိုနေရာသို့ ပြေးသွားလိုက်သည်။
သူ့‌ခေါင်းကို လက်မောင်းနှင့် ထိန်းမထားရင်း ပါးကိုနဲနဲပုတ်ပြီး နှိုးရသည်။

"ကိုဘုန်းမြတ်..ကိုဘုန်းမြတ်..ဟာ.."

"ရှင်တို့ ဘာလုပ်လိုက်တာလဲ..ဟမ်..မကျေနပ်ရင်ဒဲ့ရှင်းလေ..ဒါကဘာသဘောလဲ.."

တစ်ဖက်ကားမှလူတွေကို ခပ်စူးစူးကြည့်ပစ်လိုက်ပြီး လိပ်ပြာအားနဲ့ပိတ်အော်ပစ်လိုက်သည်။

"ဦးတို့ဘာမှ မလုပ်ပါဘူး လျှော်ကြေးကိစ္စပြောလည်း ပြီးရော မင်းယောက်ျားက
သူ့ဖာသာလဲကျသွားတာပါ..တ..တကယ်ပါ ကလေးမရယ်..အထင်မလွဲပါနဲ့.."

ထိုလူကြီးရဲ့ စကားကြောင့် လိပ်ပြာခေါင်းနပန်းကြီးသွားရသည်။ပိုပြီးလည်း ဒေါသထွက်ရသည်။

"ရှင်..လူကြီးဖြစ်ပြီး စကားကိုပေါက်ကရမပြောနဲ့နော်..ဘယ်သူကလင်မယားလို့ပြောနေလို့လဲ.."

"ဒါဆိုမင်းတို့က ဘာတွေလဲ.."

"ဒီမှာ..ကျွန်မတို့ကလင်မယားမဟုတ်ဘူး..
သမီးရည်းစားလည်းမဟုတ်ဘူး.."

"အာ့ဆို ခလေးမတို့က ဘာတွေလဲ..."

"ဘာလဲဆို‌တော့...အာ..ဘယ်လိုဖြစ်ပြီး ဧည့်စာရင်းစစ်သလိုလာစစ်နေတာလဲ..ရှင်တို့လုပ်တာနဲ့ သူအသက်ထွက်သွားပြီလားတောင်မသိဘူး..လုပ် လုပ်..ဆေးရုံသွားဖို့ ကူမ ပေးကြအုံး..."

"အေး..အေးပါ.."

အတိုက်ခံရတဲ့ ကားသမားတွေခမျာလည်း လိပ်ပြာကချည်းပိတ်ဟောက်နေ၍ ပြာပြာသလဲလုပ်ပေးကြရှာပါသည်။
သဘောမနော ကောင်းသူတွေမို့သာပေါ့ ခပ်ဆိုးဆိုးလူတွေသာဆိုရင် လိပ်ပြာအစောကတည်းက ခေါင်းပြုတ်နေပြီ။

🦋🦋🦋🦋🦋🦋🦋🦋🦋

မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ သူရောက်နေတဲ့ပတ်၀န်းကျင်ကိုလိုက်ကြည့်နေမိသည်။
ဒါဆေးရုံပဲ။သူ့လက်မှာလည်း အပ်တန်းလန်းနဲ့ဖြစ်နေသည်။

သူ့လက်ဖဝါးကို တစ်ယောက်ယောက်ကိုင်ထားတာကြောင့် လင်သီးဆုပ်မရဖြစ်နေ၍ ခေါင်းထောင်ကြည့်လိုက်တော့ လိပ်ပြာဖြူပင်။
သူမက သူ့လက်ဖဝါးကိုဆုပ်ကိုင်ထားပြီး လူနာကုတင်ပေါ်မှာ ခေါင်းမှောက်ပြီး အိပ်နေလေသည်။

"လိပ်ပြာဖြူ..ဟေ့..လိပ်ပြာဖြူ.."

သူ့လက်ကို သူမကကျစ်နေအောင် ကိုင်ထားတာမို့ လက်ကိုလှုပ်လိုက်တာနှင့် သူမနိုးသွားသည်။
ချက်ချင်းဆိုသလို သူ့မျက်နှာအနှံ့ကို သူမလက်နဲ့လာစမ်းတာခံလိုက်ရတော့ သူတောင်
ကြောင်အသွားရသည်။

"အင်း..ကိုယ်တော့ မပူတော့ပါဘူး..ခဏလေးနော်..ဆရာမကိုသွားခေါ်လိုက်အုံးမယ်.."

"ဟာ..ဟေ့..ဟေ့.."

ညဘက်ကြီးဖြစ်နေတော့ အသံအကျယ်ကြီးလည်းမအော်ရဲဘူး။အခြားကုတင်တွေမှာလည်း လူနာတွေရှိနေသည်။
ဒီကောင်မလေး လုပ်ချင်တာလုပ်ပြီး ပြောချင်တာပြောသွားတယ်။
လက်ကအပ်ဆိုက်ထားခံနေရတော့ ထပြေးလိုက်လို့လဲမဖြစ်ပေ။

"ဆရာမ..ဒီမှာပါ..အခုမှသတိရလာတာပါ..ကိုယ်က‌တော့လုံး၀မပူတော့ပါဘူး..စိုးရိမ်ရသေးလားလို့..ကြည့်ပေးပါအုံး..အားကိုးပါတယ်.."

"အမယ်လေး..ကြည့်ပေးပါ့မယ်ရှင်..."

ဆရာ၀န်မလေးက ဘုန်းမြတ်ကို သွေးပေါင်ချိန်တိုင်းပြီး နားကျပ်နှင့် စမ်းသပ်လေသည်။

"ဘယ်လိုလဲ ခေါင်းတွေ၊ဘာတွေမူးသေးလား..အော့အန်ချင်တာကော ဖြစ်လား.."

"အခုတော့ ကျွန်တော်အဆင်ပြေပါတယ်.."

"အဟင်း..ရှင်ကသာအဆင်ပြေနေ ရှင့်ချစ်သူကတော့ ရှင်သတိလစ်နေတဲ့တစ်ချိန်လုံး ပူပန်နေလိုက်တာပြောမနေနဲ့ ရှင့်လက်ကလေးလှုပ်လဲ ဆရာမရေ လာခေါ်ပြန်ပြီ၊ခြေလှုပ်လဲ ဆရာမရေလာခေါ်ပြန်ပြီ ဒီကဆရာ၊ဆရာမတွေကစိတ်ရှည်လို့ပေါ့ မဟုတ်ရင်သူလုပ်ပုံက ရိုက်ပေါက်သိလား ဒီလိုဂရုဆိုက်လွန်းတဲ့ချစ်သူမျိုးရတာ ရှင်သိပ်ကံကောင်းတယ်..."

"ဆရာမ..မှားမယ်နော်..မဟုတ်ဘူးလို့.."

"အမယ်လေး..ဘာမှမမှားဘူး..အခုမှဘာရှက်နေတာလဲ..."

ဆရာမက ဆေးရည်ကုန်သွား၍ ကိုဘုန်းမြတ်ရဲ့လက်မှအပ်ကိုဖြုတ်ရင်း တိုင်ချက်ဖွင့်နေရာ လိပ်ပြာမျက်နှာပူလိုက်တာပြောမနေပါနဲ့။

ဟိုလူကလည်း ဆရာမရဲ့စကားကြောင့် လိပ်ပြာကိုလှမ်းလှမ်းကြည့်နေသည်။
စိတ်ညစ်ပါတယ် သူများအမြင်မှာငါ့ပုံစံကအဲ့လောက်တောင်ပဲဖြစ်သွားတာလား။
ငါ့စိတ်ထဲမှာတော့ သူဌေးသာသေရင် အလုပ်ပြုတ်ပြီဆိုပြီး စိတ်ပူသွားလို့ပါ။

"ရှင်က သွေးတွင်းသကြားဓာတ်နည်းသွားလို့ပါ အခုတော့သွေးပေါင်ချိန်လည်းမှန်တယ်..
နှလုံးခုန်နှုန်းလည်းပုံမှန်ပဲ နောက်တစ်ခါ
မူးဝေဝေဖြစ်လာရင် သကြားလုံးဖြစ်ဖြစ် အချိုရည်ဖြစ်ဖြစ်ဆောင်ထားပေါ့..
ကဲ..ဆေးရုံဆင်းချင်ရင်တော့ တော်ကြာနေဆရာ၀န်ကြီး ခွဲခန်းထဲကထွက်လာရင်
လတ်မှတ်လာယူလို့ရပါပြီ.."

"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်ဆရာမ..."

"ရှင့်ကောင်မလေးကိုသာတင်ပါ သူမမှာခေါင်းမီးတောက်နေရောပဲ.."

ဒီဆရာမတော်တော် လျှာရှည်တာပဲလို့လိပ်ပြာစိတ်ထဲမှပြောနေမိသည်။
ရှက်လွန်းလို့မျက်နှာကြီးနီနေလားဆိုတာစစ်ဆေးဖို့အတွက် သန့်စင်ခန်းကိုသွားရန်အလုပ် လိပ်ပြာရဲ့လက်ကို သူကလှမ်းဆွဲလိုက်သည်။

"အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေးအပြင် မင်းကိုယ့်အပေါ် တစ်ခြားခံစားချက်တစ်ခုခုရှိနေတာလား..."

ငါးဖယ်ကပဲပြောင်းပြန်ပြောရတယ်လို့။
အဲ့ဒါလိပ်ပြာကမေးရမဲ့ စာကြောင်းကြီးမဟုတ်ဘူးလား။
မိန်းကလေးက ဖြေစရာလား။

"ရှိတာပေါ့..ဥပမာ..ရှင်သေသွားရင် ကျွန်မလစာမရပဲနေမှာဆိုးလို့လေ..အာ့.."

"ကိုယ်အတည်မေးနေတာ..မပြောင်နဲ့.."

ရုပ်တရတ် လက်ကိုဆောင့်ဆွဲလိုက်ပြီး လိပ်ပြာရဲ့လက်မောင်းနှစ်ဖက်ကို တင်းကြပ်စွာကိုင်ကာ လှုပ်ခါရမ်းရင်း လာမေးနေသည်။
တော်သေးတယ် သူများတွေအိပ်ပျော်နေကြလို့။

သူနဲ့လိပ်ပြာက မျက်နှာချင်းဆိုင်ဖြစ်နေပြီး သူ့အကြည့်တွေက လိပ်ပြာရဲ့မျက်၀န်းမှ
ပုဒ်စာကိုအဖြေထုတ်နေသလိုပုံစံဖြစ်နေသည်။

လိပ်ပြာဖြူဟာ ရင်ထဲကခံစားချက်ကိုမျက်နှာမှာမပေါ်အောင် လုပ်နိုင်တဲ့လူဆိုတာ သူဘယ်သိရှာမလဲ။
ပုံမှန်အတိုင်းပဲ သူ့ကိုပါးချိုင့်တွေပေါ်အောင်ပြုံးပြလိုက်တယ်။

"ကျွန်မလဲ အတည်ပြောနေတာပဲလေ..ဘာလဲ
မယုံဘူးလား.."

"မယုံဘူး.."

"ဟင်.."

ဒီတစ်ခါတော့ လိပ်ပြာဟန်ဆောင်၍မပြုံးနိုင်တော့ပါ။
သူက ဘာလို့လိပ်ပြာကိုမယုံရတာလဲ။
ဘယ်တုန်းကများ လူတစ်ယောက်ရဲ့ရင်ထဲကို နက်နဲစွာသူ၀င်ကြည့်ခဲ့ဖူးလို့ ဒီလိုပြောရတာလဲ။

"ဒီမှာ ရှင်ဖာသာယုံချင်ယုံ မယုံချင်နေ ကျွန်မကတော့ ဆယ်ခါမေးမေး အခါတစ်ရာမေးမေး ဒီအတိုင်းဖြေမှာပဲ ဘာလဲ ရှင်ကရော ကျွန်မအပေါ် အလုပ်သမားဆိုတာအပြင် အခြားခံစားချက်ရှိနေတာလား..."

သူ့စကားနဲ့ သူ့ကိုပြန်သတ်လိုက်တော့ လိပ်ပြာကိုကြည့်နေရင်းမှ တစ်ခြားကို
အကြည့်လွှဲသွားသည်။
လိပ်ပြာရဲ့လက်မောင်းကိုလည်း လွတ်ပေးလေသည်။
ဘယ်ရမလည်း လိပ်ပြာတို့က စပြီးရင်၊အဆုံးသတ်ရမှဆိုတဲ့ လူပင်။

"ကြည့်ရတာ ရှင်ကျွန်မအပေါ် တကယ်ကြီးခံစားချက်ရှိနေတာပဲ..ဖွင့်ပြောချင်ရင်အခုဖွင့်ပြောလိုက်နော်..ဖွင့်ပြောချင်တဲ့လူတွေများလွန်းလို့ စင်ဒရဲလားက ဆယ့်နှစ်နာရီ ဒေါင်ဆိုတာနဲ့ ဖောင်ပိတ်ပြီ.."

"ကိုယ်သန့်စင်ခန်း သွားလိုက်အုံးမယ်.."

ဘုန်းမြတ် သန့်စင်ခန်းထဲမှာ မျက်နှာကိုသစ်ချလိုက်ပြီး မှန်ထဲက ကိုယ့်မျက်နှာကိုပြန်ကြည့်မိသည်။

"ငါ..ဘာတွေမေးလိုက်မိတာလဲ..တကယ်ပဲသူမအပေါ်စိတ်၀င်စားနေမိပြီလား..
ပြောင်ချော်ချော်တွေပြောတတ် လုပ်တတ်တဲ့မိန်းကလေးက ငါ့အကြိုက်ပုံစံလား..
ဒါမဖြစ်နိုင်ဘူး..ဘုန်းမြတ် မင်းရူးသွားပြီ..."

ဘုန်းမြတ်အဖို့ မရှင်းလင်းတဲ့ခံစားချက်တစ်ခုကြောင့် မျက်နှာကိုသာ အခါခါသစ်နေမိတော့သည်။

Author ဆောင်းငွေ့ဝေ
Fri ,May 5, 2023
10:10AM

🦋🦋🦋🦋🦋🦋🦋🦋🦋

ကိုယ်ကတော့ သူတို့အတွဲကို တော်တော်ချစ်နေမိပြီ

ကြိုက်နှစ်သက်ရဲ့လားမသိပေမဲ့ စာဖတ်သူနဲတော့ ရေးရတာ အားယုတ်တယ်

ဒီficကရေးတာတော့ နေ့တိုင်းရေးနေတာပဲ စာပြန်စစ်နေတာတို့ မအားတာတို့ကြောင့် အတင်နောက်ကျကျသွားတာ

Zawgyi 🌻🌻

အခန္း၁၀
🦋ခ်စ္လိပ္ျပာေလး တဝဲလည္လည္🦋

အခ်ိန္အားျဖင့္ ည၇ႏွနာရီထိုးေနေလၿပီ။
သူလည္းဒီေန႔မွ ဘာျဖစ္လဲမသိပါဘူး ေခါင္းေတြထိုးကိုက္လာၿပီး ပတ္၀န္းက်င္မွာလည္း ၾကည့္လိုက္သမွ်အရာရာတိုင္းက ယိမ္းထိုးေနသည္။

ကုဒ္အက်ႌကို ေကာက္၀တ္လိုက္ၿပီး သိမ္းစရာရွိတာ‌ေတြကို သိမ္းကာ႐ုံးခန္းအျပင္သို႔ထြက္လာလိုက္သည္။

"..လိပ္ျပာျဖဴ ႐ုံးဆင္းခ်ိန္မွာ မျပန္ပဲဘာလုပ္ေနတာလဲ မသိဘူး..."

လိပ္ျပာျဖဴရဲ႕ စာပြဲနားကို တိုးကပ္သြားလိုက္ေတာ့ သူမကအိပ္ေနလိုက္တာမ်ား သူ႔အိမ္၊သူ႔ရာလိုပင္။

သူ႔မရဲ႕ တံေတာင္ဆစ္ေဘးနားမွ စာအုပ္တစ္အုပ္ကို ေကာက္ၾကည့္လိုက္ရာ ၀တၳဳစာအုပ္ျဖစ္ေနသည္။
စာအုပ္နာမည္က "ျမေမ"တဲ့ ကေလာင္ရွင္နာမည္ကိုၾကည့္လိုက္ေတာ့ လိပ္ျပာျဖဴဆိုေတာ့ သူေတာင္ေၾကာင္သြားသည္။

"ဝါး..ဟင္..သူေဌး..ဘယ္လိုလုပ္ၿပီး.."

လိပ္ျပာ အိပ္ခ်င္မူးထူးႏွင့္ မ်က္လုံးဖြင့္ၾကည့္မိေတာ့ သူေဌးက လိပ္ျပာရဲ႕ "ျမေမ"ဆိုတဲ့ ၀တၳဳစာအုပ္ကိုဖတ္ေနသည္။
ကိုယ္ေရးတဲ့စာကို သူမ်ားဖတ္ရင္ ရွက္တတ္တာေၾကာင့္ စာအုပ္ကိုအတင္းအားနဲ႔ေဆာင့္ဆြဲလိုက္ေပမဲ့ သူကလည္းျပန္ဆြဲထားေလသည္။

"ဟာ..ဘာလုပ္တာလဲ..ဒါကြၽန္မ စာအုပ္ေလ.."

"မင္းစာအုပ္ကို ငါဖတ္ေတာ့ ဘာျဖစ္သြားမွာ မို႔လို႔လဲ.."

"ဘာမွေတာ့မျဖစ္ဘူးေလ..ဒါေပမဲ့..ဟာ.."

လိပ္ျပာရဲ႕ စကားမဆုံးခင္မွာပဲ စာအုပ္ကိုသူ႔အိတ္ထဲသို ထည့္ပစ္လိုက္သည္။
ၿပီးေနာက္ ခုံေပၚသို႔ကားေသာ့ကို ‌တင္လိုက္သည္။

"ဒီ..ဒီေသာ့က.."

"ကိုယ္..ဒီေန႔ကားေမာင္းႏိုင္မွာ မဟုတ္ဘူး..
မင္းပဲ‌ ေမာင္းေပးေတာ့..ကားေမာင္းလိုင္စင္ရၿပီးၿပီလား..."

"ဟိုတေလာကတင္ရၿပီးပါၿပီ..ဒါနဲ႔ ဒါ႐ိုက္ဘာဦးေအာင္ကဘယ္သြားလို႔လဲဟင္..."

"ဟာ..သူ႔သမီးေနမေကာင္းလို႔ ခြင့္ယူ
သြား‌တယ္ေလ.."

"ေအာ္..ဟုတ္သားပဲ..."

လိပ္ျပာလည္း ထမင္းခ်ိဳင့္နဲ႔ ကိုယ့္အိတ္ကိုယ္သယ္ၿပီး အေနာက္မွသူ႔အရွိန္ကိုမွီရန္ ေျပးလိုက္ရသည္။
ေအာက္က ဘားမွာလည္းအမ်ိဳးသား၀န္ထမ္း‌ေတြရွိရဲ႕သားနဲ႔ သပ္သပ္ညႇင္းပန္းတာ။

ကားေမာင္းရျပန္ေတာ့လည္း လိပ္ျပာမွာ ေခြၽးသီး၊ေခြၽးေပါက္ေတြက်ၿပီး ေသခ်င္ေစာ္ေတာင္နံေနရသည္။

"ကြၽီ..ဒုန္း!!!!"

"ဟာ..တိုက္..တိုက္မိၿပီ..."

လမ္းျဖတ္အကူးမွာ အျခားကားတစ္စီးက အရွိန္ႏွင့္၀င္လာတာေၾကာင့္ နဲနဲတိုက္မိသြားသည္။
လိပ္ျပာကလည္း မရဲတရဲျဖစ္ေနေတာ့ လမ္းျဖတ္ကူးမႈ ေႏွးသြားျခင္းျဖစ္သည္။
ခါးပတ္ေတြ ပတ္ထားလို႔သာေပါ့ မဟုတ္ရင္ မသာေပၚတာၾကာၿပီ။

"ဟာ..လိပ္ျပာျဖဴ..မင္း..ကားကိုလိပ္လို ေမာင္းေနမွေတာ့ တိုက္ၿပီေပါ့ကြာ..ကားေမာင္းတာကလည္း..အရပ္မူးသမားေတာင္..မင္းထပ္သာအုံးမယ္..မင္းေျပာေတာ့ ဟိုတေလာကပဲ လိုင္စင္ရၿပီးတာဆို.."

"ဟုတ္တယ္ေလ..ရၿပီးလို႔..ရၿပီးၿပီေျပာတာပဲကို"

"ေနစမ္းပါအုံး..ဟိုတေလာကဆိုတာ ဘယ္ႏွစ္ရက္ၾကာၿပီလဲ.."

"သုံးရက္..."

"ဘာ!!!!!!!"

လက္ညႇိဳးေလး သုံးေခ်ာင္းေထာင္ၿပီး ျပဴးတူးေၾကာင္ေတာင္လာလုပ္ျပေနတဲ့ ေကာင္မေလးကို ၾကည့္ေနရတာ ရယ္ရခက္၊ငိုရခက္ျဖစ္ေနသည္။
လိုင္စင္ရတာ သုံးရက္ပဲရွိေသးတာကိုမ်ား
တကယ့္ဖိုက္တာႀကီးလို ဟန္လုပ္ၿပီး ကားတက္ေမာင္းေနတာ ကံေကာင္းလို႔ မေသတယ္။

"ေဒါက္..ေဒါက္..ေဒါက္.."

တစ္ဖက္ကားမွ ဒါ႐ိုက္ဘာလူႀကီးတစ္ေယာက္က ဆင္းလာၿပီး လိပ္ျပာတို႔ ကားမွန္ကိုလာေခါက္ေလသည္။

"ဟာ..လုပ္ပါအုံး..လိပ္ျပာကို ေထာင္ထဲထည့္ရင္ေတာ့ သြားပါၿပီ..ကယ္ပါအုံး..."

"မင္းေနခဲ့..ကိုယ္သြားေျဖရွင္းလိုက္မယ္..."

"ဟုတ္ကဲ့..ဆရာတင္ပါတယ္..ကယ္တင္ေပးပါ.."

သူ႔ကိုဘုရားတစ္ဆူလို ထိုင္ရွိခိုးမတတ္ျဖစ္ေနတဲ့ ေကာင္မေလးကို ကားေပၚမွာထားခဲ့ၿပီး ထိုလူႏွင့္ေဆြးေႏြးဖို႔သြားလိုက္သည္။

လိပ္ျပာ ကားေပၚမွာထိုင္ေစာင့္ေနရတာ
ဆယ့္ငါးမိနစ္ေလာက္ ရွိေတာ့မည္။
ကားအေရွ႕ခန္းမွ သူတို႔ကိုလွမ္းျမင္ေနရေပမဲ့ အဆင္ေျပသလား ၊ရန္မ်ားျဖစ္ေနသလား ခန႔္မွန္းရခက္ေနသည္။

"ဟင္..."

လိပ္ျပာၾကည့္ေနရင္းမွ ႐ုတ္တရက္ဆိုသလို သူေဌးက လမ္းေပၚမွာတင္လဲက်သြားသည္။

ခ်က္ခ်င္းကားေပၚမွ ေျပးဆင္းလိုက္ၿပီး ထိုေနရာသို႔ ေျပးသြားလိုက္သည္။
သူ႔‌ေခါင္းကို လက္ေမာင္းႏွင့္ ထိန္းမထားရင္း ပါးကိုနဲနဲပုတ္ၿပီး ႏႈိးရသည္။

"ကိုဘုန္းျမတ္..ကိုဘုန္းျမတ္..ဟာ.."

"ရွင္တို႔ ဘာလုပ္လိုက္တာလဲ..ဟမ္..မေက်နပ္ရင္ဒဲ့ရွင္းေလ..ဒါကဘာသေဘာလဲ.."

တစ္ဖက္ကားမွလူေတြကို ခပ္စူးစူးၾကည့္ပစ္လိုက္ၿပီး လိပ္ျပာအားနဲ႔ပိတ္ေအာ္ပစ္လိုက္သည္။

"ဦးတို႔ဘာမွ မလုပ္ပါဘူး ေလွ်ာ္ေၾကးကိစၥေျပာလည္း ၿပီးေရာ မင္းေယာက္်ားက
သူ႔ဖာသာလဲက်သြားတာပါ..တ..တကယ္ပါ ကေလးမရယ္..အထင္မလြဲပါနဲ႔.."

ထိုလူႀကီးရဲ႕ စကားေၾကာင့္ လိပ္ျပာေခါင္းနပန္းႀကီးသြားရသည္။ပိုၿပီးလည္း ေဒါသထြက္ရသည္။

"ရွင္..လူႀကီးျဖစ္ၿပီး စကားကိုေပါက္ကရမေျပာနဲ႔ေနာ္..ဘယ္သူကလင္မယားလို႔ေျပာေနလို႔လဲ.."

"ဒါဆိုမင္းတို႔က ဘာေတြလဲ.."

"ဒီမွာ..ကြၽန္မတို႔ကလင္မယားမဟုတ္ဘူး..
သမီးရည္းစားလည္းမဟုတ္ဘူး.."

"အာ့ဆို ခေလးမတို႔က ဘာေတြလဲ..."

"ဘာလဲဆို‌ေတာ့...အာ..ဘယ္လိုျဖစ္ၿပီး ဧည့္စာရင္းစစ္သလိုလာစစ္ေနတာလဲ..ရွင္တို႔လုပ္တာနဲ႔ သူအသက္ထြက္သြားၿပီလားေတာင္မသိဘူး..လုပ္ လုပ္..ေဆး႐ုံသြားဖို႔ ကူမ ေပးၾကအုံး..."

"ေအး..ေအးပါ.."

အတိုက္ခံရတဲ့ ကားသမားေတြခမ်ာလည္း လိပ္ျပာကခ်ည္းပိတ္ေဟာက္ေန၍ ျပာျပာသလဲလုပ္ေပးၾကရွာပါသည္။
သေဘာမေနာ ေကာင္းသူေတြမို႔သာေပါ့ ခပ္ဆိုးဆိုးလူေတြသာဆိုရင္ လိပ္ျပာအေစာကတည္းက ေခါင္းျပဳတ္ေနၿပီ။

🦋🦋🦋🦋🦋🦋🦋🦋🦋

မ်က္လုံးဖြင့္လိုက္တဲ့အခ်ိန္မွာ သူေရာက္ေနတဲ့ပတ္၀န္းက်င္ကိုလိုက္ၾကည့္ေနမိသည္။
ဒါေဆး႐ုံပဲ။သူ႔လက္မွာလည္း အပ္တန္းလန္းနဲ႔ျဖစ္ေနသည္။

သူ႔လက္ဖဝါးကို တစ္ေယာက္ေယာက္ကိုင္ထားတာေၾကာင့္ လင္သီးဆုပ္မရျဖစ္ေန၍ ေခါင္းေထာင္ၾကည့္လိုက္ေတာ့ လိပ္ျပာျဖဴပင္။
သူမက သူ႔လက္ဖဝါးကိုဆုပ္ကိုင္ထားၿပီး လူနာကုတင္ေပၚမွာ ေခါင္းေမွာက္ၿပီး အိပ္ေနေလသည္။

"လိပ္ျပာျဖဴ..ေဟ့..လိပ္ျပာျဖဴ.."

သူ႔လက္ကို သူမကက်စ္ေနေအာင္ ကိုင္ထားတာမို႔ လက္ကိုလႈပ္လိုက္တာႏွင့္ သူမႏိုးသြားသည္။
ခ်က္ခ်င္းဆိုသလို သူ႔မ်က္ႏွာအႏွံ႔ကို သူမလက္နဲ႔လာစမ္းတာခံလိုက္ရေတာ့ သူေတာင္
ေၾကာင္အသြားရသည္။

"အင္း..ကိုယ္ေတာ့ မပူေတာ့ပါဘူး..ခဏေလးေနာ္..ဆရာမကိုသြားေခၚလိုက္အုံးမယ္.."

"ဟာ..ေဟ့..ေဟ့.."

ညဘက္ႀကီးျဖစ္ေနေတာ့ အသံအက်ယ္ႀကီးလည္းမေအာ္ရဲဘူး။အျခားကုတင္ေတြမွာလည္း လူနာေတြရွိေနသည္။
ဒီေကာင္မေလး လုပ္ခ်င္တာလုပ္ၿပီး ေျပာခ်င္တာေျပာသြားတယ္။
လက္ကအပ္ဆိုက္ထားခံေနရေတာ့ ထေျပးလိုက္လို႔လဲမျဖစ္ေပ။

"ဆရာမ..ဒီမွာပါ..အခုမွသတိရလာတာပါ..ကိုယ္က‌ေတာ့လုံး၀မပူေတာ့ပါဘူး..စိုးရိမ္ရေသးလားလို႔..ၾကည့္ေပးပါအုံး..အားကိုးပါတယ္.."

"အမယ္ေလး..ၾကည့္ေပးပါ့မယ္ရွင္..."

ဆရာ၀န္မေလးက ဘုန္းျမတ္ကို ေသြးေပါင္ခ်ိန္တိုင္းၿပီး နားက်ပ္ႏွင့္ စမ္းသပ္ေလသည္။

"ဘယ္လိုလဲ ေခါင္းေတြ၊ဘာေတြမူးေသးလား..ေအာ့အန္ခ်င္တာေကာ ျဖစ္လား.."

"အခုေတာ့ ကြၽန္ေတာ္အဆင္ေျပပါတယ္.."

"အဟင္း..ရွင္ကသာအဆင္ေျပေန ရွင့္ခ်စ္သူကေတာ့ ရွင္သတိလစ္ေနတဲ့တစ္ခ်ိန္လုံး ပူပန္ေနလိုက္တာေျပာမေနနဲ႔ ရွင့္လက္ကေလးလႈပ္လဲ ဆရာမေရ လာေခၚျပန္ၿပီ၊ေျခလႈပ္လဲ ဆရာမေရလာေခၚျပန္ၿပီ ဒီကဆရာ၊ဆရာမေတြကစိတ္ရွည္လို႔ေပါ့ မဟုတ္ရင္သူလုပ္ပုံက ႐ိုက္ေပါက္သိလား ဒီလိုဂ႐ုဆိုက္လြန္းတဲ့ခ်စ္သူမ်ိဳးရတာ ရွင္သိပ္ကံေကာင္းတယ္..."

"ဆရာမ..မွားမယ္ေနာ္..မဟုတ္ဘူးလို႔.."

"အမယ္ေလး..ဘာမွမမွားဘူး..အခုမွဘာရွက္ေနတာလဲ..."

ဆရာမက ေဆးရည္ကုန္သြား၍ ကိုဘုန္းျမတ္ရဲ႕လက္မွအပ္ကိုျဖဳတ္ရင္း တိုင္ခ်က္ဖြင့္ေနရာ လိပ္ျပာမ်က္ႏွာပူလိုက္တာေျပာမေနပါနဲ႔။

ဟိုလူကလည္း ဆရာမရဲ႕စကားေၾကာင့္ လိပ္ျပာကိုလွမ္းလွမ္းၾကည့္ေနသည္။
စိတ္ညစ္ပါတယ္ သူမ်ားအျမင္မွာငါ့ပုံစံကအဲ့ေလာက္ေတာင္ပဲျဖစ္သြားတာလား။
ငါ့စိတ္ထဲမွာေတာ့ သူေဌးသာေသရင္ အလုပ္ျပဳတ္ၿပီဆိုၿပီး စိတ္ပူသြားလို႔ပါ။

"ရွင္က ေသြးတြင္းသၾကားဓာတ္နည္းသြားလို႔ပါ အခုေတာ့ေသြးေပါင္ခ်ိန္လည္းမွန္တယ္..
ႏွလုံးခုန္ႏႈန္းလည္းပုံမွန္ပဲ ေနာက္တစ္ခါ
မူးေဝေဝျဖစ္လာရင္ သၾကားလုံးျဖစ္ျဖစ္ အခ်ိဳရည္ျဖစ္ျဖစ္ေဆာင္ထားေပါ့..
ကဲ..ေဆး႐ုံဆင္းခ်င္ရင္ေတာ့ ေတာ္ၾကာေနဆရာ၀န္ႀကီး ခြဲခန္းထဲကထြက္လာရင္
လတ္မွတ္လာယူလို႔ရပါၿပီ.."

"ဟုတ္ကဲ့..ေက်းဇူးတင္ပါတယ္ဆရာမ..."

"ရွင့္ေကာင္မေလးကိုသာတင္ပါ သူမမွာေခါင္းမီးေတာက္ေနေရာပဲ.."

ဒီဆရာမေတာ္ေတာ္ လွ်ာရွည္တာပဲလို႔လိပ္ျပာစိတ္ထဲမွေျပာေနမိသည္။
ရွက္လြန္းလို႔မ်က္ႏွာႀကီးနီေနလားဆိုတာစစ္ေဆးဖို႔အတြက္ သန႔္စင္ခန္းကိုသြားရန္အလုပ္ လိပ္ျပာရဲ႕လက္ကို သူကလွမ္းဆြဲလိုက္သည္။

"အလုပ္ရွင္နဲ႔ အလုပ္သမားဆက္ဆံေရးအျပင္ မင္းကိုယ့္အေပၚ တစ္ျခားခံစားခ်က္တစ္ခုခုရွိေနတာလား..."

ငါးဖယ္ကပဲေျပာင္းျပန္ေျပာရတယ္လို႔။
အဲ့ဒါလိပ္ျပာကေမးရမဲ့ စာေၾကာင္းႀကီးမဟုတ္ဘူးလား။
မိန္းကေလးက ေျဖစရာလား။

"ရွိတာေပါ့..ဥပမာ..ရွင္ေသသြားရင္ ကြၽန္မလစာမရပဲေနမွာဆိုးလို႔ေလ..အာ့.."

"ကိုယ္အတည္ေမးေနတာ..မေျပာင္နဲ႔.."

႐ုပ္တရတ္ လက္ကိုေဆာင့္ဆြဲလိုက္ၿပီး လိပ္ျပာရဲ႕လက္ေမာင္းႏွစ္ဖက္ကို တင္းၾကပ္စြာကိုင္ကာ လႈပ္ခါရမ္းရင္း လာေမးေနသည္။
ေတာ္ေသးတယ္ သူမ်ားေတြအိပ္ေပ်ာ္ေနၾကလို႔။

သူနဲ႔လိပ္ျပာက မ်က္ႏွာခ်င္းဆိုင္ျဖစ္ေနၿပီး သူ႔အၾကည့္ေတြက လိပ္ျပာရဲ႕မ်က္၀န္းမွ
ပုဒ္စာကိုအေျဖထုတ္ေနသလိုပုံစံျဖစ္ေနသည္။

လိပ္ျပာျဖဴဟာ ရင္ထဲကခံစားခ်က္ကိုမ်က္ႏွာမွာမေပၚေအာင္ လုပ္ႏိုင္တဲ့လူဆိုတာ သူဘယ္သိရွာမလဲ။
ပုံမွန္အတိုင္းပဲ သူ႔ကိုပါးခ်ိဳင့္ေတြေပၚေအာင္ၿပဳံးျပလိုက္တယ္။

"ကြၽန္မလဲ အတည္ေျပာေနတာပဲေလ..ဘာလဲ
မယုံဘူးလား.."

"မယုံဘူး.."

"ဟင္.."

ဒီတစ္ခါေတာ့ လိပ္ျပာဟန္ေဆာင္၍မၿပဳံးႏိုင္ေတာ့ပါ။
သူက ဘာလို႔လိပ္ျပာကိုမယုံရတာလဲ။
ဘယ္တုန္းကမ်ား လူတစ္ေယာက္ရဲ႕ရင္ထဲကို နက္နဲစြာသူ၀င္ၾကည့္ခဲ့ဖူးလို႔ ဒီလိုေျပာရတာလဲ။

"ဒီမွာ ရွင္ဖာသာယုံခ်င္ယုံ မယုံခ်င္ေန ကြၽန္မကေတာ့ ဆယ္ခါေမးေမး အခါတစ္ရာေမးေမး ဒီအတိုင္းေျဖမွာပဲ ဘာလဲ ရွင္ကေရာ ကြၽန္မအေပၚ အလုပ္သမားဆိုတာအျပင္ အျခားခံစားခ်က္ရွိေနတာလား..."

သူ႔စကားနဲ႔ သူ႔ကိုျပန္သတ္လိုက္ေတာ့ လိပ္ျပာကိုၾကည့္ေနရင္းမွ တစ္ျခားကို
အၾကည့္လႊဲသြားသည္။
လိပ္ျပာရဲ႕လက္ေမာင္းကိုလည္း လြတ္ေပးေလသည္။
ဘယ္ရမလည္း လိပ္ျပာတို႔က စၿပီးရင္၊အဆုံးသတ္ရမွဆိုတဲ့ လူပင္။

"ၾကည့္ရတာ ရွင္ကြၽန္မအေပၚ တကယ္ႀကီးခံစားခ်က္ရွိေနတာပဲ..ဖြင့္ေျပာခ်င္ရင္အခုဖြင့္ေျပာလိုက္ေနာ္..ဖြင့္ေျပာခ်င္တဲ့လူေတြမ်ားလြန္းလို႔ စင္ဒရဲလားက ဆယ့္ႏွစ္နာရီ ေဒါင္ဆိုတာနဲ႔ ေဖာင္ပိတ္ၿပီ.."

"ကိုယ္သန႔္စင္ခန္း သြားလိုက္အုံးမယ္.."

ဘုန္းျမတ္ သန႔္စင္ခန္းထဲမွာ မ်က္ႏွာကိုသစ္ခ်လိုက္ၿပီး မွန္ထဲက ကိုယ့္မ်က္ႏွာကိုျပန္ၾကည့္မိသည္။

"ငါ..ဘာေတြေမးလိုက္မိတာလဲ..တကယ္ပဲသူမအေပၚစိတ္၀င္စားေနမိၿပီလား..
ေျပာင္ေခ်ာ္ေခ်ာ္ေတြေျပာတတ္ လုပ္တတ္တဲ့မိန္းကေလးက ငါ့အႀကိဳက္ပုံစံလား..
ဒါမျဖစ္ႏိုင္ဘူး..ဘုန္းျမတ္ မင္း႐ူးသြားၿပီ..."

ဘုန္းျမတ္အဖို႔ မရွင္းလင္းတဲ့ခံစားခ်က္တစ္ခုေၾကာင့္ မ်က္ႏွာကိုသာ အခါခါသစ္ေနမိေတာ့သည္။

🦋🦋🦋🦋🦋🦋🦋🦋🦋

ကိုယ္ကေတာ့ သူတို႔အတြဲကို ေတာ္ေတာ္ခ်စ္ေနမိၿပီ

ႀကိဳက္ႏွစ္သက္ရဲ႕လားမသိေပမဲ့ စာဖတ္သူနဲေတာ့ ေရးရတာ အားယုတ္တယ္

ဒီficကေရးတာေတာ့ ေန႔တိုင္းေရးေနတာပဲ စာျပန္စစ္ေနတာတို႔ မအားတာတို႔ေၾကာင့္ အတင္ေနာက္က်က်သြားတာ






























Continue Reading

You'll Also Like

308K 7.9K 35
Star entertainment ရန်ကုန်မြို့လယ်မှာရှိပြီး မြန်မာနိုင်ငံမှာအကြီးဆုံးသူလက်အောက်မှာဌာနပေါင်းများစွာအောင်မြင်တဲ့သရုပ်ဆောင်အဆိုတော်များစွာမွေးထုတ်ထားပ...
83.9K 3.3K 83
အားလုံးမျှော်နေတာလေး ပြန်ရေးပါပြီရှင့်😁
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
258K 7.4K 30
" မြင်းအုန်းခွံ ၊ ကျွန်ကုလား ၊ မယားတောသူ ဆိုတဲ့စကား မင်းမကြားဖူးဘူးလား.. " " ဟာ မားရာ.. ရှင်လေးက ဒိတ်အောက်တာကြီး မကြိုက်ပါဘူး " . " ဒီမှာ မင်း ဂုဏ်မာ...