အပိုင်း - ၁၄
" ဟား ဟား ဟား ဟား သေစမ်း မင်းသေလိုက်စမ်း
ဟား ဟား ဟား ဟား မင်းကိုသေအောင်သတ်ပြီးရင်
ငါပိုင်တဲ့လူကိုငါပြန်ယူမယ် ဟား ဟား ဟား ဟား
ခွေးမသားသေစမ်းကွာ သေလိုက်စမ်း ဟားဟား ဟား
ဟား ဟား "
အသိစိတ်လွတ်နေသူတစ်ဦး၏ ကြောက်မက်ဖွယ်
ရီမောသံသည် မြေအောက်ခန်းအတွင်း ပျံ့လွင့်နေ
လေတော့သည်။
*
*
*
*
*
*
*
*
" မနက်က အကိုလေးသက်ထက်ပန်ကို ကုမ္ပဏီရှေ့မှာ
တွေ့လိုက်သလားလို့ "
" ဟုတ်တယ် နေ့လယ်စာထမင်းချိုင့်လာပို့တာတဲ့ ၊
အပြင်မှာထွက်စားဖို့ ပြင်နေပြီးသားလို့ပြောလိုက်တာ
စိတ်တိုပြိီးပြန်သွားလေရဲ့ မင်းတို့အကိုလေးသက်ထက်ပန်က တစ်ခါတစ်လေ ကလေးစိတ်မပျောက်တာခက်တယ် "
ကိုယ့်စကားကြောင့် လင်းမြတ်က သဘောကျသလို
ရီလိုက်ရင်း
" ဆရာထင်လို့ပါ အကိုလေးသက်ထက်ပန်က
လူကြီးလေးလိုလဲတွေးတက် ပူပင်တက်ပါတယ် "
" လင်းမြတ် မင်းတောင်သက်ထက်ပန်ဘက်ကနေ
ရှေ့နေလိုက်တတ်နေပြီပေါ့ ဟုတ်လား "
" ဟား ဟား ဟား ဟား မဟုတ်ရပါဘူးဆရာရယ်
ဒီရက်ထဲအကိုလေးသက်ထက်ပန်နဲ့ အနီးကပ်နေရ
တော့ သူ့စိတ်ကိုနည်းနည်းသိလာတဲ့သဘောပါ
သူကလေးဆန်တာက ဆရာနဲ့မို့ဖြစ်မှာပါ ၊
ကျွန်တော်တို့နဲ့သာဆို တကယ့်လူကြီးလေးလိုပါပဲ "
" ဟုတ်ပါပြီကွာ ဟုတ်ပါပြီ "
" အော် ဒါနဲ့လေဆရာ အကိုလေးရှိန်း ယာဉ်တိုက်မှု
ဖြစ်တဲ့နေ့ကCCTV တစ်ချို့ကိုလကျွန်တော်ရထားတယ်
ဆရာ့ကိုပို့ပေးလိုက်ပါမယ် ၊ အဲညက အကိုလေးရှိန်း
သူသွားနေကျ Club ကိုသွားခဲ့တယ် ၊ Club ထဲကနေ
ပြန်ထွက်လာပြီး ကားထဲကိုဝင်တဲ့အချိန် CCTV မှာ
မြင်နေရတာက တော်တော်ကြီးမူးနေပုံရတယ်၊
ကားမမောင်းသင့်တဲ့အခြေအနေမျိုး "
လင်းမြတ်ရဲ့စကားကြောင့် စဉ်းစားစရာတွေပေါ်လာသည်။
CCTV ကနေမြင်ရတဲ့ဖိုင်ကို ချက်ချင်းပို့ခိုင်းလိုက်ပြီး
ဖွင့်ကြည့်လိုက်တဲ့အခါ Club ထဲကနေထွက်ပြီး
ကားထဲဝင်နေသည့်ရှိန်းငယ်ကိုတွေ့ရသည်။ ခြေလှမ်းမမှန်၊
ကားထဲဝင်ဖို့တောင် မနည်းကြိုးစားနေရသည့်အခြေအနေမျိုး။
ကားမောင်းထွက်သွားသည့်အထိ ကားကလမ်းကြောင်း
မတည်ငြိမ်ပါ။
" ရှိန်းငယ်က ပုံမှန်ဆို ဒီလောက်မသောက်ပါဘူး ၊
သူClub ထဲမှာ ဘယ်သူတွေနဲ့သောက်တာလဲ "
" Club ထဲမှာ ဘယ်သူတွေနဲ့တွေ့ခဲ့လဲဆိုတာကို
ကျွန်တော်ရှာကြည့်သေးတယ် ၊ ဒါပေမဲ့ အဲည
ကိုလေးရှိန်း Club ထဲမှာရှိနေတဲ့အချိန် CCTV ပျက်
နေလို့ဘာမှရှာမရဘူး "
" ရှိန်းငယ်သေတာ သွေးရိုးသားရိုးလို့မင်းထင်လား "
" သွေးရိုးသားရိုးဆို CCTV ပျက်နေစရာမှအကြောင်း
မရှိတာ "
" ဟုတ်တယ် တစ်ယောက်ယောက်ရဲ့လက်ချက်နေမှာ
လူဇော့်ရဲ့လက်ချက်ဖြစ်မလား အခြားသူတွေရဲ့
ပယောဂပါသေးလားဆိုတာ ရှာမှရမယ် "
" အခု ဆရာ့ဆီကို နောက်ထပ်ဖိုင်အသစ်ပို့ပေး
ထားတယ် ကြည့်ကြည့်ပါဦး ၊ အဲဒါက အကိုလေးရှိန်း
ယာဉ်တိုက်မှုဖြစ်တဲ့အချိန်က အနီးအနားမှာရှိနေတဲ့
ဈေးဆိုင်တစ်ခုကနေတပ်ထားတဲ့ CCTV ကနေ
ရှာထားတာပါ "
ဖိုင်ကိုကြည့်လိုက်သည့်အခါ တိတ်ဆိတ်နေသည့်
လမ်းမထက်အပြိုင်စီးလာသည့် စက်ဘီးနှစ်စီး။
ရုတ်တရက်ဆိုသလို လမ်းကြားထဲကနေအရှိန်ပြင်းစွာ
နဲ့မောင်းထွက်လာသည့်ကားတစ်စီး ။ကားက
အရှိန်လည်းပြင်းသလို ယာဉ်ကြောလည်းမှားနေသေး
သည်။ လမ်းပေါ်ကို အမြင့်ဆုံးအရှိန်နဲ့မောင်းလာသည့်
ကားက ပျော်ရွှင်စွာစက်ဘီးစီးနေသော ကလေး
နှစ်ယောက်စီကို တည့်တည့်တိုးဝင်သွားသည့်အခါ။
စက္ကန့်ပိုင်းအတွင်းမှာပင် လမ်းမထက်တွင်သွေးချောင်း
စီးခဲ့ရလေတော့သည်။
မွန်းကျပ်လာသည့်စိတ်တွေကို ပြေလျော့သွားအောင်
သက်ပြင်းသာချနေမိတော့သည်။ ရှိန်းငယ်ရဲ့
နောက်ဆုံး အချိန်ကိုမြင်လိုက်ရခြင်းက ရင်ဘက်ထဲ
အထိဆုတ်ဖြဲခံလိုက်ရသလိုမျိုး နင့်နင့်နဲနဲ ခံစားလိုက်
ရသည်။ စီးကျသွားသည့်မျက်ရည်က စားပွဲခုံပေါ်
ကျသွားပေမယ့် သုတ်လိုက်ဖို့သတိမရနိုင်။
တစ်ဆက်တည်းမှာပင် လမ်းပေါ်လဲကျနေသည့်
ကလေးအတွက်လဲ ဘာမှအများကြီးဖြစ်မသွားလို့
တော်ပါသေးရဲ့ဆိုသည့်အတွေးကို တွေးလိုက်မိသည်။
" အကိုလေးရှိန်းက သူ့အမှားကိုသိပုံရတယ်ဆရာ "
" ဟုတ်မှာပါ ရှိန်းငယ်က အခြားသူအပေါ်အမြဲတာဝန်
ကျေချင်တဲ့ကလေးဆိုတော့ သူ့ကြောင့်ထိခိုက်သွားရ
တဲ့ကလေးတွေရဲ့အသက်ကို ရအောင်ကယ်ချင်တဲ့ပုံပဲ
နောက်ဆုံးအချိန်ထိ သူတာဝန်ကျေသွားတာပဲ "
အခန်းတွင်း အတော်ကြာအောင်တိတ်ဆိတ်သွားပြီးကာမှ
" ကိုလေးသက်ထက်ပန်ကတော့ ဖြစ်ခဲ့တာတွေအတွက်
သူ့အမှားလို့အထင်ခံနေရတာကို စိတ်မကောင်းဖြစ်နေပုံပ
ရတယ် "
" မင်းကိုပြောပြတာလား "
" မဟုတ်ပါဘူး ကိုလေးရှိန်းဆုံးတာ သူ့အပြစ်လို့
ထင်နေလားဆိုပြီး ကျွန်တော့်ကိုမေးဘူးလို့ ၊
အရာအားလုံးက သူ့အပြစ်မဟုတ်ပါဘူးလို့ ကျွန်တော်
ပြောခဲ့တယ် ၊ ဆရာအနေနဲ့ ပြောပေးရင်လသူပိုပြီး
ပျော်ရွှင်ရမယ်ထင်ပါတယ် "
" အရင်ကတော့ အဲကိစ္စနဲ့ပတ်သက်ပြီးသူ့ကိုပြောခဲ့
မိတယ် ၊ ဒါပေမဲ့ အခုနောက်ပိုင်း ငါသူ့အပေါ်
ဘာမှမပြောတော့ပါဘူး ဒါတောင်မှ သူကတေးမှတ်
ထားတုန်းတဲ့လား "
" တမင်တကာတေးမှတ်ထားတာမျိုးတော့ မဟုတ်
လောက်ပါဘူး အကိုလေးသက်ထက်ပန်ရဲ့ပုံစံက
တစ်ခုခုဆိုရင် စိတ်ထဲမှာခံစားပြီးစိတ်မကောင်းဖြစ်နေတာ
မျိုးနေမှာပါ နောက်ပြီး သူက ကိုထက်မြတ်ကိုသဘော
ကျပုံမရဘူး "
" အဲကိစ္စကိုငါသိတယ် မနက်ကစိတ်ကောက်သွားတာလဲ
ထက်မြတ်ဦးကြောင့်ပဲ ၊ မင်းလဲသိနေသားပဲ လင်းမြတ်ရယ်
ငါထက်မြတ်ဦးကို ချက်ချင်းလိုက်လို့် မရသေးဘူး ၊
ရေလိုက်သင့်ငါလိုက်သင့်နေပြီး ငါ့အလုပ်တွေလက်စသတ်
ရမယ်လေ"
တကယ်လဲ မပြီးပြတ်သေးသည့်တစ်ချို့အလုပ်တွေကို
ထက်မြတ်ရဲ့အဖေက ကူညီပေးနေခြင်းဖြစ်သည်။
ပြည်ပမှာရှိနေသေးသည့် ကိုယ့်အပိုင် တရားမဝင်
ငွေကြေးတစ်ချို့ကို တရားဝင်ငွေကြေးအနေဖြင့်
ဒီနိုင်ငံထဲကိုစီးဆင်းလာစေဖို့ ထက်မြတ်အဖေရဲ့အကူ
အညီလိုအပ်သည်။ ဒါက ထက်မြတ်ရဲ့အဖေအတွက်
အမြတ်အစွန်း အများကြီးရနိုင်သည့်အလုပ်ဖြစ်သလို
ကိုယ့်အတွက်လဲ ပိုင်ဆိုင်ထားတဲ့ငွေကြေးပမာဏ
အများအပြားကိုဘမြန်မြန်လေးငွေဖြူပြောင်းနိုင်သည့်
အခြေအနေဖြစ်သည်။ နှစ်ဦးနှစ်ဖက်အကျိုးရှိသော
ပူးပေါင်းမှုပင်ဖြစ်သည်။
" ဒါပေမဲ့ အကိုလေးသက်ထက်ပန်ကိုတော့ နားလည်
အောင် ရှင်းပြထားရင်ကောင်းမယ် "
" ဟုတ်ပြီ မင်းပြောတာကို ငါသေချာမှတ်ထားလိုက်
မယ်နော် နောက်ဆိုရင် မင်းကိုငါ့နားမှာမထားတော့ဘူး
သက်ထက်ပန်ရဲ့အတွင်းရေးမှူးလုပ်ခိုင်းမယ် ၊
ကြားလား လင်းမြတ် "
ကိုယ့်စကားကြောင့်လင်းမြတ်က ရီလေတော့သည်။
ဘာပဲပြောပြော ဒီကောင့်ကို ကျေးဇူးတင်မိသည်။
ကိုယ်မသိခဲ့သည့်အမှန်တရားတစ်ချို့ကို ရှာဖွေပေးခဲ့
တဲ့အတွက်ပေါ့ ။
*
*
*
*
*
*
*
*
" သက်ထက်ပန် အိပ်နေပြီလား "
" ကုမ္ပဏီကနေပြန်လာပြီးထဲက အခန်းထဲဝင်သွားတာ
ထမင်းလဲကျွေးမရဘူး မနက်ကလည်း ကုမ္ပဏီရောက်မှာ ကိုကိုနဲ့ထမင်းအတူစားမယ်ဆိုပြိီး လိုက်သွားတာလေ ၊
ချက်ချင်းပြန်လာတော့ ထမင်းမစားခဲ့ဘူးထင်တယ် "
" ဘာ မနက်က ကုမ္ပဏီမှာထမင်းစားမယ်ဆိုပြီးလာတာ
ဟုတ်လား ဒေါ်နွယ် "
" ဟုတ်တယ်လေ သားအကြိုက်ဆိတ်သားနှပ်ကို
သူကိုယ်တိုင်ဝင်ချက်ထားတာ သူ့ခမျာ လက်တစ်ဖက်
တောင် အိုးအပူငွေ့ထိသွားသေးတယ် ၊ ဆေးလိမ်းပြီး
ပတ်တီးစည်းပေးမယ်ပြောတာကို ကိုကိုထမင်းစားချိန်
နောက်ကျမှာစိုးလို့ ပြန်လာမှလိမ်းမယ်ဆိုပြီးထွက်သွားတာ ၊
ုပြန်လာတော့ မျက်နှာမကောင်းရှာဘူး "
ကြားလိုက်ရသည့်စကားကြောင့် စိတ်ထဲမသက်မသာ
ုဖြစ်မိပြန်သည်။
" အလုပ်လုပ်နေတဲ့သူဆီကို ကြိုမပြောဘဲရောက်လာ၊
သူ့စိတ်တိုင်းကျမဖြစ်ရတော့စိတ်ကောက်နဲ့ သက်ထက်ပန်
က တကယ်ကိုမလွယ်တဲ့ကောင်လေးပဲ "
စိတ်ပျက်လက်ပျက် မဟုတ်သည့်တိုင် စိတ်ရှုပ်ထွေးစွာ
ပြောလိုက်မိသည်။
" ဟိုလေ ဒေါ်နွယ်က ဒီအိမ်ကအလုပ်သမားပေမယ့်
သက်ပန်လေးအကြောင်းကို နည်းနည်းလောက်တော့
ပြောပြချင်တယ် ၊ ဒီကလေးက စိတ်ရင်းလေးတကယ်
ကောင်းရှာပါတယ် ၊ သားကိုလဲချစ်ရှာပုံပဲ မနက်က
သူဘာဖြစ်လာလဲမသိပေမယ့် တော်တော်စိတ်မကောင်း
ဖြစ်နေပုံရတယ် အိမ်ထောင်တစ်ခုတည်မြဲဖို့
သူတစ်ယောက်ထဲ ကြိုစားနေလို့လဲမရဘူးလို့်ပြော
လာတယ် "
" ဟားးး! !"
ကြားလိုက်ရသည့်စကားကြောင့် မကိုဋ်ကတော့
ခေါင်းမော့ကာရီလိုက်မိတော့သည်။သက်ထက်ပန်
ဒင်းလေးကိုတော့ ရုပ်ရှင်တွေလျှော့ကြည့်လို့
ပြောရမလိုဖြစ်နေပြီ ။ စကားစဖြတ်ပြီးအခန်းထဲ
ဝင်လိုက်တော့ ကုတင်ပေါ်မှာအိပ်နေတဲ့ကောင်လေး ။
စိတ်ကောက်ရင် အိပ်ပြဖို့ပဲတက်တယ် ။
" မနက်ထဲက ထမင်းမစားဘူးဆိုသက်ထက်ပန် "
ထင်ထားသည့်အတိုင်းပင် စကားပြန်မပြော။
အိပ်နေသူရဲ့လက်နှစ်ဖက်ကိုသွားဆွဲလိုက်သည့်အခါ
ဘယ်ဘက်လက်ကို ဆက်ခနဲပြန်ဆွဲယူသွားရင်း
" နာတယ်လို့ သူတောင်းစားရဲ့ "
" ဟာ ငါ့ကိုသူတောင်းစားတဲ့ မိုက်ရိုင်းတုန်းသက်ထက်ပန်"
" အရိုင်းမခံချင်ရင် ကိုယ့်ဘာသာနေ "
" ကိုယ့်ဘာသာမနေချင်လို့ မင်းကိုယူထားတာပေါ့၊
လက်ကို အပူလောင်ထားတယ်ဆို ဆေးလိမ်းပေးမလို့လေ "
ချက်ချင်းဆိုသလို မျက်နှာကစူပုတ်သွားရင်း
" ကြီးကြီးနွယ်ဆိုတာလဲ မပြောပြနဲ့ဆိုတာကို "
ဖြုဖွေးလွန်းနေသည့် အသားအရေပေါ်မှာနီရဲနေသည့်
အပူငွေ့ဒဏ်ရာ ။
" နောက်ဆို ဘာမှဝင်ချက်မနေနဲ့ ၊ သက်သက်မယ့်
ငါ့ကိုစိတ်ပူရအောင်လုပ်နေတာ "
" ခင်ဗျားစိတ်ပူစရာမလိုလို့ ဂရုစိုက်ပြမနေနဲ့ ၊
ခင်ဗျားလူတွေကိုသာ အချိန်ပေးပြီးဂရုစိုက်လိုက် "
" ရော် ခက်ပြီ ၊ မင်းလင်ငါက မင်းအပြင်ဘယ်သူ့ကို
စိတ်ပူရဖို့လဲ ၊ ခင်ဗျားလူတွေဆိုပဲ ၊ ပြောစမ်းပါဦး
ငါ့လူက ဘယ်သူလဲလို့ ၊ ငါနဲ့လက်ထပ်ထားတာမင်းလေ၊
အဲတော့မင်းလင်ငါက မင်းကလွဲရင် ဘယ်သူ့ကိုမှစိတ်မပူ
ဘူး ၊ တစ်ယောက်ထဲ တွေးချင်ရာတွေးပြီး ဒရမ်မာ
တွေချိုးမနေနဲ့ ၊ မင်းလင်ငါက မင်းအပြင်နောက်တစ်
ယောက်မရှိဘူး ၊ အခုလည်းမရှိဘူး နောက်လည်းရှိလာ
မှာမဟုတ်လို့ မင်းလင်ငါ့ကိုသဝန်တိုတာတွေလျှော့ "
" အား! !! မင်းလင် မင်းလင် မင်းလင်ဆိုတာကြီး
ထည့်ထည့်မပြောနဲ့လို့ ကြားရတာတကယ်စိတ်တိုတယ်"
" ကြားရတာတကယ်စိတ်တိုလည်း မင်းလင်ကငါ၊
ငါကမင်းလင်ဆိုတာ ငြင်းမရတဲ့အမှန်တရားပဲ "
စိတ်တိုနေသူကို ပိုပြီးစိတ်တိုအောင် စနောက်အာရုံ
ပြောင်းရင်းမှ နီရဲနေသည့်လက်ခုံပေါ် ဆေးလိမ်းပေး
ရသည်။ ဆေးလိမ်းပေးပြီးတာနဲ့ အိပ်နေသူကို
ထိုင်ရက်အနေအထားဖြစ်အောင် ဆွဲထူလိုက်ပြီး
" ငါနဲ့ထက်မြတ်ရဲ့မိသားစုတွေကြားမှာ စီးပွားရေးအရ
ကင်းမရတာတွေရှိတယ် ၊ အဲတော့ မင်းမကြိုက်လည်း
အချိန်ခဥလောက်တော့သည်းခံပေး ၊ တစ်ချို့အရာတွေက
မင်းမသိတာပိုကောင်းတယ် ၊ သိရင် စိတ်ပင်ပန်းရ
လိမ့်မယ် ၊ စီးပွားရေးကိစ္စကို ငါ့ဘာသာပဲဖြေရှင်း
မှာမို့ မင်းက အိမ်မှာ အေးအေးချမ်းချမ်းနဲ့ပျော်ပျော်
ရွှင်ရွှင်လေးနေပေးရင်ရပြီ၊ နောက်ကို ငါ့ဆီလိုက်လာ
မယ်ဆို ကြိုပြီးဖုန်းဆက် အဲဒါမှ မင်းအတွက်အချိန်
ဖယ်ထားပေးလို့ရမှာပေါ့ "
" နောက်လည်း ဘယ်တော့မှမလာတော့ဘူး "
နှုတ်ခမ်းကိုချွန်နေအောင်ပြန်ပြောနေပုံက ချစ်စရာပင်
ကောင်းနေသည်။
" ဒီနေ့ကိစ္စအတွက် ငါကတောင်းပန်တယ် ဟုတ်ပြီလား
စိတ်ပြေတော့နော် မနက်ထဲကထမင်းမစားရသေးဘူးဆို
မင်းချက်ထားတဲ့ ဆိတ်သားနှပ်နဲ့သွားစားရအောင် "
" မရှိတော့ဘူး ပြန်ရောက်လာထဲက သွန်ပစ်လိုက်ပြီ "
" ဘာ သွန်လိုက်တယ်ဟုတ်လား ရား!! သက်ထက်ပန်
မင်းတော်တော်ရက်စက်တာပဲ "
" ကျွန်တော်အိပ်တော့မယ် ညစာစားချင်ရင် ခင်ဗျား
ဘာသာသွားစားပေတော့ "
ပြောပြီးတာနဲ့အိပ်ဖို့ပြင်နေတဲ့သူကို အလစ်အငိုက်ဖမ်းပြီး
ကုတင်ပေါ်လှဲချလိုက်ကာ အပေါ်ကနေတက်ဖိထားလိုက်
သည်။
" ခင်ဗျာ ဘာ ဘာလုပ် "
" ငါ့အတွက်ချက်ထားတဲ့ဟင်းကို သွန်ပစ်လိုက်တော့
ငါညစာငတ်ပြီလေ အဲတော့မင်းကိုပဲဝအောင်စားမယ် "
" မရ "
" ဘာလို့မရ ရမှာလဲ ၊ ငါက ရအောင်စားမှာ "
သေးသေးကွေးကွေးခန္ဓာကိုယ်လေးရဲ့ အောက်ပို်င်းဆီက
အဝတ်တွေကို ခပ်မြန်မြန်ပဲဆွဲချွတ်လိုက်သည်။
နီရဲနေသည့်ပွင့်ချပ်နေရာလေးကို အသာတို့ထိ
ဆော့ကစားပြီးမှ ကိုယ်အလည်သွားမယ့်နေရာကို
လက်ချောင်းတွေနဲ့ တိုးဝင်လိုက်သည့်အခါ
" သန့် သန့်ရှင်းရေးမလုပ်ရ "
" ကိုယ် မစောင့်နိုင်တော့ဘူး "
တကယ်လည်း အချိန်ဆွဲမနေရတော့ပဲ ခပ်မြန်မြန်တိုးဝင်
လိုက်တော့သည်။နူးညံ့ပူနွေးသည့်အတွင်းသားတွေရဲ့
စုပ်ယူမှုကြောင့် ဘယ်တုန်းကမှ တစ်ကြိမ်ထဲနဲ့
ရောင့်ရဲနိုင်ခြင်းမရှိခဲ့ချေ။ ကိုယ့်အောက်ကလူ
အသံမထွက်နိုင်တဲ့အထိအရယူပြိီးကာမှ သူ့ခန္ဓာကိုယ်
အတွင်းမှာပင်ပြီးဆုံးစေလိုက်သည်။
နောက်ဆုံးသန့်ရှင်းရေးလုပ်ပြီး အိပ်ဖို့ပြင်တဲ့အခါ
ဖျော့တော့နေသောခန္ဓာကိုယ်လေးကို ရင်ခွင်ထဲထွေးပွေ့
ပေးထားရင်း
" ကိုယ် မင်းကိုအရာအားလုံးအတွက် တောင်းပန်
တယ်နော် အရင်ကအထင်မှားမိတာတွေအတွက်ပါ
တကယ်တောင်းပန်တယ် ၊ပြီးခဲ့တာတွေကိုမေ့လိုက်ပြီး
ရှေ့ဆက်ပျော်ပျော်ရွှင်ရွှင်နဲ့ ကောင်းကောင်းမွန်မွန်
နေသွားရအောင် ၊ ကိုယ်ကလဲ မင်းကိုအများကြီး
ဂရုစိုက်ပေးမှာပါ "
ကိုယ်ကစကားတွေပြောနေပေမယ့် ရင်ခွင်ထဲမှာရှိနေသူက
အိပ်ပျော်သွားရှာပါပြီ။ ပါးဖောင်းဖောင်းလေးကို
အသာနမ်းလိုက်ရင်း
" Good Night ပါ ကိုယ့်ကလေး ၊ ကောင်းကောင်း
အိပ်ပျော်ပါစေ "
Eros_90
4.5.23 ( ည ၉နာရီ ၁၅မိနစ် )
7.5.23 ရက်နေ့ အပိုင်းသစ်Update ရှိပါမည်။
A/N - စာပြန်မစစ်အားလို့ အမှားတွေအများကြီးပါနိုင်ပါတယ်။