မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

By ma_roses_are_blue

86.5K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၇၉)

436 71 2
By ma_roses_are_blue

“ဒါပေမဲ့….”

လုရှန်ပြောချင်တာကို အလွယ်လေးကောက်ချက်ချနိုင်သည်
ကိုယ် ခုချက်ချင်း အဲ့ခွေးရဲ့ အရေခွံကိုစုတ်ပြီး ရေပူထဲ ပြုတ်ထားချင်တယ်

သူသာ အဲ့လိုပြောလာရင် သူမအံဩမည်မဟုတ်ပေ ကံကောင်းစွာနဲ့ သူမအစောက ခြိမ်းခြောက်ခဲ့တာတွေကြောင့် သူကျယ်ကျယ်‌မပြောရဲပေ
တင်းမာ‌တဲ့အကြည့်တွေနဲ့

“မိနစ်သုံးဆယ်လောက် သည်းခံလိုက်”

မတရားခက်ခဲတဲ့ အရာတစ်ခုကို လုပ်ဖို့ အမေးခံလိုက်ရသည် လုရှန်မျက်နှာက ရှုံတွလာသည် ဒုက္ခရောက်နေတဲ့ သူ့ကို ချိုမြိန်တဲ့ဆုအကြောင်း သူမ တကြိမ် ပြန်ပြီး အသိပေးလိုက်သည်

“ကျွန်မ ရှင့်ပါးကို အနမ်းပေးမယ်လေ”

“…!”

ထိုအချိန်မှာ သူ၏နီရဲရဲမျက်၀န်းတွေက အပြင်းအထန်လှုပ်ရှားသွားသည် ထို့နောက် သူတည်ငြိမ်သွားခေသည် သူစိတ်ကို ပြင်ဆင်လိုက်သလိုပင်

လုပ်စမ်းပါ! မင်းလုပ်နိုင်ပါတယ်!

ဘယ်လောက်ကြာမှာမို့လို့လဲ?

ဒင်*

အချိန်ကိုစစ်ဆေးပြီးနောက် ပါပီကို သူမအောက်ချလိုက်သည် လက်မောင်းတွေထဲ လုရှန်ရဲ့ အသက်ခြိမ်းခြောက်နေတဲ့ အကြည့်တွေကို သည်းခံနေရတဲ့ သနားစရာပါ‌ပီလေးမှာ အခန်းထဲက မြန်မြန်ထွက်ခွာသွားလေသည်

လုရှန်စီ သူမချဉ်းကပ်သွားလိုက်သည် သူ၏အကန့်အသတ်ကို ရောက်ရှိသွားသလို သူက ခလုပ်တိုက်ပြီး သူမပခုံးပေါ် မှီလိုက်သည်

ဖြူဖျော့သောမျက်နှာနှင့်
“ပြီးသွားပြီလား?”

“ဟုတ်တယ် ပြီးသွားပြီ ရှင်ကောင်းကောင်းလုပ်နိုင်ခဲ့တယ် လုရှန်”
သူမအသံမှာ အံအားသင့်စရာ အောင်မြင်မှုကြောင့် ခံစားချက်တွေ ပြည့်နေလေသည်

လုရှန်က သူမကိုငေးကြည့်နေလေသည်

သူ၏တောက်ပနေသောမျက်လုံးတွေက အရိပ်အမြွတ်ပြနေတာကြောင့် သူမခေါင်းကိုမော့လိုက်သည်

မွ and မွ

ပြီးနောက် ထိုစကားလုံးတွေကို သူမထပ်ပေါင်းပြောလိုက်သည်

“ကျွန်မရှင့်ကိုချစ်တယ်”

ဒေါက်တာကန်ရဲ့ တောရိုင်းတိရစ္ဆာန် လေ့ကျင့်ရေး Chapter 5

အရေးအကြီးဆုံးအရာက ချစ်ခြင်းတွေနဲ့ ဆက်ဆံဖို့ပင်

* * *

လုရှန် ရဲတိုက်သို့လာတဲ့လမ်းတွင် သူမနေခဲ့တဲ့ လယ်ထဲ၌ ပါပီလေးတစ်ကောင်ကိုတွေ့ခဲ့သည် မျက်လုံးပြာလေးတွေ အမွေးထူထူလေးတွေ ကောင်းမွန်စွာကောက်နေတဲ့ အမြီးလေးတစ်ခုရယ် သူမ အော်သံတစ်ခုထွက်လိုက်မိသည် Siberian Huskyအမျိုးအစားလို ပုံစံက ပါပီလေးတစ်ကောင်ရှိနေလေသည်

ချစ်စရာလေး!

လယ်ပိုင်ရှင်က သူမကို ထိုကောင်လေးကို ခေါ်သွားချင်လား မေးလေသည် ပါပီလေးတွေ အပိုအလျှံ ရှိနေတာကြောင့်ပင် လုရှန်နဲ့ ဖြစ်နိုင်မလား တခဏလောက်တွေးလိုက်လေသည် ပြီးနောက် ထိုအရာကို သိနေဝာာကြောင့် သူမသဘောတူလိုက်သည်

‘အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်ရှိနေတာက သူ့စိတ်အခြေအနေကို ကူညီပေးနိုင်တယ်’

ကံအားလျော်စွာ သူမရဲ့ ခန့်မှန်းချက်က မမှားပေ

“အိုက်ဂူး ငါတို့ရဲ့ ချစ်စရာ ဘုံဘုံ”

သူမကို လုံး၀ ကပ်နေတဲ့ ဘုံဘုံရဲ့ အမွေးထူရင်ဘက်ကို သူမပွတ်သပ်ပေးလိုက်သည် ဘုံဘုံက စိတ်အခြေအနေကောင်းနေရင် ညည်းသံသေးသေးလေး ထုတ်လေ့ရှိသည် ပြီးနောက် သူမတို့အပေါ်ကျရောက်နေတဲ့ တစုံတယောက်ရဲ့ အေးစက်စက်အကြည့်ကို ခံစားလိုက်ရသည်

လုရှန်ဆီကပင်

လုရှန်က အဆင်ပြေပုံမရပေ မျက်လုံးတွေက ရန်သူကိုကြည့်နေသလို အလွန်အမင်းတောက်ပနေလေသည် ပါးစပ်ကလဲ မဆဲမိအောင် ကြိုးစားနေသလို တင်းတင်းကြပ်ကြပ်ပိတ်ထားကာ သူရပ်နေသောနေရာ၌ လေအေးများ စိမ့်ထွက်လာသည်

သို့သော်လည်း...!

‘သူက ဘုံဘုံကို နာအောင်မလုပ်ဘူးပဲ’

သူမ မတတ်နိုင်ပဲ emotional ဖြစ်လာသည်

အချိန်က တပတ်လောက်ရှိလာပြီဖြစ်သည် သူမထင်ထားတာထက် မြန်ဆန်ရဲ့ အရှိန်နဲ့ ပိုကောင်းလာလေသည် ပထမနေ့မှာတော့ သူမ ဘုံဘုံကို ကိုင်ထားတာကို မြင်ခိုင်းရတာ သူ့အတွက် နာကျင်စရာကောင်းပေမဲ့ ဒုတိယနေ့မှာတော့ သူမကို ဘုံဘုံနဲ့ တွေ့ရတာကို သည်းခံနိုင်ပုံရလာလေသည်

အခုကျတော့လဲ?

သူ့ရှေ့၌ ဘုံဘုံနာမည်ကိုခေါ်နိုင်ပြီး ဘုံဘုံကို အနမ်းပင်ပေးနိုင်ပြီဖြစ်သည်

‘ဒါပေါ့ အချိန်တိုင်း ဆုတစ်ခုပေးလို့ ဒါတွေဖြစ်လာတာပဲ’

ဘုံဘုံကို အောက်ချလိုက်သည် ပထမနေ့နဲ့မတူပဲ ဘုံဘုံက အေးအေးဆေးဆေးနဲ့ သူမဆီကနေ လမ်းလျှောက်ထွက်သွားနိုင်ပြီဖြစ်သည် ဘုံဘုံရဲ့ လှုပ်တုပ်လှုပ်တုပ် တင်ပါးတွေကနေ အကြည့်ကိုခွာလိုက်ပြီး သူမလက်ကို ဆန့်ထုတ်လိုက်သည်
“ဒီလာခဲ့”

ထိုအချိန်၌ လုရှန်က သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလေပြီး သူမလက်မောင်းထဲနှစ်မြုတ်နေလေသည်

လုရှန်နှင့် သူမ အကြည့်ချင်းဆုံလိုက်သည်

တောက်ပနေတဲ့အနီရောင်မျက်လုံးတွေကိုကြည့်ပြီး သူမပျော်ရွှင်စွာပြုံးလိုက်သည်

“ရှင် ကောင်းကောင်းလုပ်နိုင်ခဲ့တယ် ကျွန်မရဲ့လုရှန် ရှင်က အံဩစရာကောင်းပြီး လှပတယ် ရှင်ကအကောင်းဆုံးပဲ”

“…..”

သူမျက်လုံးတွေက တောက်ပဆဲပင် တစ်စုံတစ်ခုကို ကြား‌ဖို့မျှော်လင့်နေသလို သူမတခစ်ခစ်ရယ်လိုက်ပြီး လုရှန်းနှုတ်ခမ်းတွေကို နမ်းလိုက်သည်

ချိုမြိန်ဆုံးအသံနှင့် တိုးတိုးလေးပြောလိုက်သည်
“ကျွန်မရှင့်ကိုချစ်တယ်”

“…..”

တိုအချိန်မှာ ‌ကမ္ဘာကိုဖျက်စီးနိုင်တဲ့ ကြောက်စရာယောကျာ်းက ကမ္ဘာပေါ်မှာ အန္တရာယ်အကင်းဆုံးလူသားတယောက်အဖြစ်ပြောင်းသွားလေသည် လုရှန်က မျက်လုံးတွေကို ပျော်ရွှင်နေသောမျက်နှာနှင့် ညင်သာစွာကွေးလေသည်

သူကို yandere တယောက်လို့ ဘယ်သူမှထင်မည်မဟုတ် သို့မဟုတ် သူတို့သာ သူရဲ့ယခုအခြေအနေကိုမြင်ပါက နတ်ဆိုးလို့ စွပ်စွဲကြမည်မဟုတ်ပေ

လုရှန်ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ပမာဏအနည်းငယ်လောက် သူမလေ့လာနိုင်ခဲ့ပြီဖြစ်သည် သူမအပေါ် သူ၏ obsession နှင့် မောင်ပိုင်စီးလိုသော ဆန္ဒတို့က ပုံမှန်မဟုတ် တချိန်ထဲမှာပဲ သူမအပေါ် သူ၏ချစ်ခြင်းတွေကတော့ အတူတူပင်ဖြစ်သည် သူမ၏အချစ်ကို ကလေးတယောက်လို မျှော်လင့်လေသည် သူတို့နမ်းကြတယ်, ဖက်ကြတယ်, ချစ်တယ်လို့ပြောကြတယ်...ပြီးရင် ထပ်နမ်းကြတယ်

သူမက လုရှန်ကို သူလက်မောင်းတွေထဲ၌ နမ်းနေခဲ့သည် yandere အဖြစ်မပြောင်းခင်အချိန်တွေတုန်းကတောင် သူက အနမ်းတွေကို သဘောကျလေသည်
However, this kiss just got to the next level.
‘This is too much.’
It was hard to breathe how  his tongue  into my mouth.
At the same time, it was so sweet that my mind got swept up in it. If I could, I would surrender my body to him and escape it all.
သို့သော်လည်း ထိုအနမ်းက နောက်တဆင့်သို့ ရောက်သွားလေသည်
‘တအားလွန်တာပဲ’

သူလျှာက သူမပါးစပ်ထဲ ထပ်တလဲလဲ ထိုးဝင်လာတာကြောင့် အသက်ရှုဖို့ပင်ခက်လေသည် တချိန်ထဲမှာပဲ သူမစိတ်က ထိုအထဲ နစ်မြောနေတာက အလွန်ချိုမြိန်လှလေသည် ဖြစ်နိုင်ရင် သူမက သူမခန္ဓာကိုယ်ကို သူထံ လက်နက်ချပြီး အားလုံးကို လွတ်မြောက်သွားချင်သည်
(ဘာသာပြန်သူစင်ဂယ်တယောက် ဒီနား ဘာသာပြန်ရတာ ရမ်းတွေရှက်နေပြီ (⁠灬⁠º⁠‿⁠º⁠灬⁠) )

‘ဒါပေမဲ့ မလုပ်နိုင်ဘူး’

ဆုတွေ(ဒေါက်တာကန်ရဲ့ စာအုပ်အရ) တင်းတင်းကြပ်ကြပ် ကန့်သတ်ထားရမည်ဖြစ်သည် မဟုတ်ပါက အနာဂတ်မှာ ခက်ခဲတဲ့ လေ့ကျင့်ရေးတွေအ‌တွက် အသုံးမ၀င်သလိုဖြစ်လိမ့်မည်

လုရှန်ကို ခက်ခက်ခဲခဲတွန်းထုတ်ရင်း ပြောလိုက်သည်
“တော်တော့ လုရှန်”

သို့သော်လည်း လုရှန်က လုံး၀ နောက်မဆုတ်ပေ

ရပ်ဖို့ အပြောမခံထားရသလို လုရှန်က သူမဆီ နောက်တကြိမ် လှမ်းလာနေ‌သည် သူက သူမနှုတ်ခမ်းကိုနမ်းလိုက်တာနဲ့ မျက်ခုံးတွေကိုမြှင့်ပြလိုက်သည်
“ရှင် ကျွန်မကို စက္ကန့်အနည်း‌ငယ်လောက်ပဲ နမ်းခွင့်ရှိတာ”

“ဟုတ်တယ်လေ တစ်မိနစ်တောင်မရှိသေးဘူးလေ”

လုရှန်၏မမျှတသောစကားကိုကြားလိုက်ပြီး မျက်မှောင်ပိုကြုတ်ပြလိုက်သည် မျက်မှောင်ကြုတ်မှုက လေးနက်လေသည်

သူနောက်နေတာလား?!

တင်းကြပ်သောမျက်နှာနှင့် သူမပြောလိုက်သည်
“မဟုတ်ဘူး တနာ‌ရီလောက်နီးနီးရှိနေပြီ ဒီကိုကြည့် ကျွန်မနှုတ်ခမ်းတွေ ယောင်နေတာ ရှင်မြင်ရဲ့လား”

“…..”

‘သူ့မျက်လုံးတွေထဲကအကြည့်တွေ ဘာလို့ ပိုပိုပြီး ထူးဆန်းလာရတာလဲ’

လုရှန်ဘာမှမလုပ်နိုင်ခင် သူမပြောလိုက်သည်
“တိရစ္ဆာန်တွေကို ပမာဏတ‌ခုလောက်အထိ ရှင့်သည်းခံနိုင်ပြီလို့ ကျွန်မထင်တယ် ဒါကြောင့် နောက်တဆင့်ကိုထပ်သွားကြစို့”

“နောက်တဆင့်က...”

“လူတွေ”

လုရှန်က လေးနက်သောအကြည့်တစ်ခု ပေးလေသည် လူတွေက တိရစ္ဆာန်တွေနဲ့ လုံး၀ကို ကွာခြားတာကြောင့်ပင် သူတို့က သူမနဲ့ မျက်လုံးချင်းဆုံအောင် လုပ်နိုင်သည် စကားပြောနိုင်သည် ဆက်ဆံနိုင်သည် ပြုံးနိုင်သည်

လုရှန်က မျက်လုံးအကြည့်ကို အောက်ချ‌ရင်း ငွေရောင်မျက်တောင်မွှေးတွေကြားက အနီရောင်မျက်၀န်းတွေက တောက်ပနေလေသည်

“မင်းကို တစ်စုံတစ်ယောက်ကကြည့်နေရင် ကိုယ်မကြိုက်ဘူး မင်းကလဲ တစ်စုံတယောက်ကိုကြည့်နေရင် ကိုယ်မကြိုက်ဘူး ဒါပေမဲ့...”

“……”

“ကိုယ်ကြိုးစားကြည်မယ် နေးရား ဒါက မင်းလိုချင်တာဆိုရင်”

‘အိုး လုရှန် yandereအဖြစ်ပြောင်းမှာကြောက်နေတဲ့ အဖေ အက်စတယ်လာ နဲ့ ဒီကုန်းမြေပေါ်ကလူတွေ ရှင်တို့ မြင်ကြလား?’

‘ကျွန်မတို့ရဲ့လုရှန်က ပြောင်းလဲသွားပြီ’

စိတ်ထဲ၌ ခံစားချက်တွေကြောင့် သူမမျက်ရည်လည်မိသည် သို့သော်လည်း လုရှန်ရဲ့ ဆုံးဖြတ်ချက်နဲ့ဆိုရင်တောင်မှ လူတွေနဲ့ လေ့ကျင့်ပေးဖိုရာက မလွယ်ကူပေ

ပထမဆုံးအနေနဲ့ လုရှန်ရဲ့ကြောက်စရာ မျက်လုံးတွေကို အချိန်ကြာကြာ သည်းခံနိုင်ဖို့လိုလေသည် လူအများစုက သူတို့ခြေထောက်တွေပျော့ခွေပြီး ငိုကြွေးကြလိမ့်မည်
‘ပြီးရင် “ငါအခုမသေချင်သေးဖူး!”ပြောပြီး ထွက်ပြေးကြမှာ’

ထပ်ပေါင်းရရင် လုရှန်သာ ဒေါသကို တကယ်မထိန်းနိုင်ရင် ဖြစ်လာမဲ့ကိစ္စတွေအတွက် ဆုံးရှုံးမှုတွေကိုလဲ သူမတို့ထည့်သွင်းစဉ်းစားရမည် နတ်ဆိုးရဲ့အကြည့်ကို ခံနိုင်ရည်ရှိတဲ့ တစ်စုံတစ်ယောက်ကို သူတို့လိုအပ်လေသည် လုရှန်က သူကို သတ်မလို ငေးကြည့်နေသလို သူ့အသက်ကို စွန့်စားနိုင်တဲ့သူမျိုးလိုအပ်သည်

‘အက်စတယ်လာက အသင့်တော်ဆုံးဆိုပေမဲ့...’

သူမက အက်စတယ်လာကို ဟိုဟို ဒီဒီ ထပ်ခါတလဲလဲ သွားလာနေရတာမျိုး မဖြစ်ချင်ပေ ဒါအပြင် ဒီလိုအန္တရာယ်ရှိတဲ့အရာမျိုး အက်စတယ်လာကို မလုပ်စေချင်ပေ

‘စွန့်စားရမယ်ဆိုပေမဲ့ ဒီအလုပ်ကို လက်ခံနိုင်ရလောက်အောင် ရူးသွပ်တဲ့သူမျိုးရှိပါ့မလား’

သူမ ဘာလို့ သူ့ကိုမတွေးမိရတာလဲ

“ဒါပေမဲ့ ဘာလို့ ထပ်ပြီး ငါလဲ”

“ရှင်လိုမျိုး ဘယ်သူမှမလုပ်နိုင်လို့လေ”

သူမကအပြုံးလေးနှင့်ဆက်ပြောလေသည်
“လုရှန် အခုဘယ်လိုနေလဲ ရှင်လဲ‌သိချင်နေမှာပဲ ခွန်း”

“...ဒါတော့ဒါပေါ့ ဒါပေမဲ့...”

ခွန်းက သူမပြောဝာာကို မငြင်းဆန်ပေ သူမထင်တဲ့အတိုင်းပင်
‘ရှင်ဟန်ဆောင်နေရင်တောင်မှ လုရှန်ရဲ့တကယ့်ဖန်အကြီးစားဆိုတာ ကျွန်မမြင်နိုင်တယ် လုရှန်ဘယ်မှာလဲဆိုတာမေးဖို့ အက်စတယ်လာဆီ ခဏခဏသွားတယ်ဆို’

ခွန်းဆိုမှတော့ သူမက သူ့ကို လာပြီး လုရှန်ကို ကူညီပေးဖို့ပြောတော့ ဒီလောက်ဝေးနေတဲ့နေရာကို မြန်မြန်ရောက်လာလေသည်

ခွန်းက
“ဒါနဲ့”

“အင်း”

“ငါ တကယ်ကြီး အဲ့ဒါလုပ်ရမှာလား”

လက်‌တလော၌ ခွန်းက သူ၏ပြောင်းလဲမှု အခြေအနေအတွင်းဖြစ်သည်

သူမက သူ့ကို စိတ်ကျေနပ်စွာကြည့်ရင်း ပြောလိုက်သည်
“ရှင်နဲ့ ကြည့်ကောင်းပါတယ် ရှင့်ပုံစံက သရဲတကောင်လိုပဲ ရှင်ရဲ့ စိတ်ညစ်စရာမျက်နှာကြီး ကျွန်မမမြင်ရတော့ဘူးပေါ့”

“ဟေး!”

ခွန်းက ကန်ကွက်စွာ သွားတွေကြားမှ ‌ညီးတွားလေသည် ဒါပေမဲ့ သူမက သူ့ခန္ဓာကိုယ်ပေါ်ဖုံးအုပ်ထားတဲ့ လိုက်ကာကို ဖယ်လိမ့်မည်မဟုတ် လုရှန်ကိုလှုံ့ဆော်မှုမှ တတ်နိုင်သမျှ ကင်းဝေးအောင် ရှောင်ရှားဖို့ ဖြစ်သည်
‘လူသားတယောက်နဲ့ စတာထက် ပိုကောင်းပါတယ် လိုက်ကာတစ်ခုနဲ့ စကားပြောနေတာနဲ့ ပိုတူတယ်’

ငါ အခုလိုတွေးတာ မှားများနေပြီလား

သူမခေါင်းကိုလှည့်ပြီး လုရှန်ကိုကြည့်ကာ ပြုံးရင်း ခေါ်လိုက်သည် လုရှန်မျက်နှာက ပြောင်းလဲသွားလေသည်

နီရဲရဲမျက်၀န်းတွေထဲ တောက်ပမှုတစ်ခုရှိနေလေသည် အထက်သို့ပျံတတ်လာတဲ့ ခံစားချက်တွေကို ဖိချနေသလို ပုံစံနှင့် စကားပြောဖို့ရာ အခက်အခဲကြုံတွေ့နေလေသည်
“နေးရား ကိုယ် ထပ်ပြီးမထိန်းနိုင်တော့ဘူး အဲ့ကောင်ရဲ့လည်ပင်းကို အခုချက်ချင်း ဖြတ်မိတော့မယ်”

“မရဘူး လုရှန် ရှင် ထိန်းထားရမယ်”

ပုံမမှန်တဲ့လေထုကို ခံစားမိပြီး ခွန်းက ၀င်ပြောလေသည်
“ငါ ထွက်ပြေးလို့ရ‌နိုင်သေးလား”

“မ ရ ဘူး !”

သူမအော်လိုက်သည်

သူ့က၀င်ပူးခံနေရသလို ခွန်းက သရဲတကောင်ဖြစ်လာကာ မတ်တပ်ရပ်နေဆဲပင် လုရှန်က သူမလက်ကိုတင်းကြပ်စွာကိုင်ကာ အပြင်ထွက်လာမလိုဖြစ်နေတဲ့ မှောင်မဲတဲ့ စွမ်းအားတွေကို ဖိနှိပ်နေသလို အသက်ရှုထုတ်နေသည်

တခဏကြာပြီးနောက် သူမပြောလိုက်သည်
“အခု ပြီးဆုံးသွားပြီ”

တချိန်ထဲမှာပဲ လုရှန်က သူမကိုတင်းကြပ်စွာကိုင်ထားသည် တုန်လှုပ်နေသော သူ့ကို ပွတ်သတ်ပေးရင်းပြောလိုက်သည်
“ရှင်ကောင်းကောင်းလုပ်နိုင်ခဲ့တယ် ကျွန်မ ရှင့်အတွက် ဂုဏ်ယူတာပဲ”

ခွန်းကိုလဲပြောလိုက်သည်
“ကျေးဇူးပါ ခွန်း ရှင်သွားလို့ရပြီ သူထိန်းချုပ်ထားတာ မလွတ်ထွက်ခင်”

လုရှန်ကို ဘလာသပ်သပ်ငေးနေတဲ့ ခွန်းက ရယ်ရင်းပြောလေသည်

“ဝိုး မင်းက တကယ်တော်တာပဲ”

ကံအားလျော်စွာ သူက ဉာဏ်ထက်လေသည် လုရှန်ပိုပြီး ဒေါသမထွက်ခင် အခန်းထဲကမြန်မြန်ထွက်သွားလေသည်

သူမလုရှန်ကိုကြည့်လိုက်သည် လုရှန်က အခုထိ ခံစားချက်တွေကို ဖိနှိပ်နိုင်သေးပုံ မရပေ လုရှန်က သူမကို ဒုက္ခရောက်နေသလိုမျက်နှာနှင့်ကြည့်ကာ သူမမျက်နှာကို ကြင်နာစွာပွတ်သပ်လေသည်

“နေးရား နေးရား”

သူရဲ့ ကလေးလို တကျည်ကျည်လုပ်နေတဲ့အသံက ဘာကိုလိုချင်တယ်ဆိုတာ သူမသိလေသည်

ဆု

လူတယောက်ကို တွေ့တာ ခွန်းနဲ့ သူမ စကားပြောတာကို မြင်တာ လုရှန်အတွက် ညှဥ်းပန်းနှိပ်စက်တာဖြစ်လေသည် ထို့ကြောင့် ဆုကြီးကြီးမားမားတစ်ခုက သူ့ကိုစောင့်ကြိုနေလေသည်

Continue Reading

You'll Also Like

102K 5.6K 117
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann
389K 27.4K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
3.6M 538K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...