แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...

By PannKhattWaiio

365K 57.9K 2.5K

fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More

แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰

แ†แ‰

1.6K 296 10
By PannKhattWaiio

အပိုင်း (၆၉)

“အစ်ကို”

ယွမ့်ထန်းကလည်း အလျင်စလိုဖြင့် အသံလာရာဘက်သို့ ခေါင်းလှည့်လိုက်ချိန်တွင် မျက်ရည်များ စိုရွှဲနေသည့် တောက်ပသည့် အညိုရောင်မျက်ဝန်းတစ်စုံနှင့်တိုးသည်။ သူက လက်ဆန့်တန်းလိုက်ကာ ကလေး၏ အလွန်အမင်း သေးသွယ်သော လက်လေးများကို ဆုပ်ကိုင်လိုက်ပြီး လက်ချောင်းထဲမှ ယားယံနေသည့် ခံစားချက်ကို ထိန်းချုပ်ကာ ညင်သာစွာပြုံးလိုက်သည်။

“အစ်ကိုက ဒီမှာပါ”

ကလေး၏ မျက်ဝန်းများက ပို၍ တောက်ပလာပြီး ပါးမှ ပါးချိုင့်များကလည်း ထင်ရှားလာပြန်သည်။ သူ၏ လက်ချောင်းလေးများက အားအင်မည်မျှ စိုက်ထုတ်ထားရသည့် အလွန်တုန်ယင်လာသည်။ သို့သော် သူ၏ နူးညံ့သော လက်ချောင်းလေးများက နောက်ဆုံးတွင် ယွဲ့ထန်း၏ လက်ကိုပြန်လည်ဆုပ်ကိုင်သွားနိုင်မှသာ ရပ်သွားသည်။ သူ၏ လက်ခွံပေါ် အုပ်မိုးနေသည့်နောက်တွင် မျက်ရည်များ စိုရွှဲသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်လျက် မျက်မှောင်က အနည်းငယ် ကြုတ်လာကာ အသနားခံနေသော ခွေးပေါက်လေးအတိုင်းဖြစ်သွားသည်။ သူက ပြောသည်။

“အစ်ကို ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့တော့”

“အစ်ကိုက ဘယ်မှမသွားဘူး၊ အစ်ကိုက ယွမ့်ယွီလေးနဲ့ပဲ နေမှာ”

သူက ညင်သာစွာပြောပြီး လက်ဆက်ကမ်းကာ ကလေး၏ ချစ်စရာမျက်နှာကို ထိတွေ့လိုက်သည်။

ကလေးက သူ၏ အစ်ကိုဖြစ်သူနှင့် စကားထပ်ပြောချင်သော်လည်း ခန္ဓာကိုယ်က အားနည်းလွန်းလှကာ စကားအနည်းငယ်ပြောပြီးသည်နှင့် အသက်ရှူရခက်လာသည်။ သူ၏ မျက်ခွံကပင် လေးလံလာတော့သည်။

“ရှောင်ယွီလေး ပင်ပန်းနေပြီ ကြာကြာအိပ်လိုက်ဦး၊ အစ်ကိုက ဒီနေရာမှာပဲရှိနေမယ်”

ယွမ့်ထန်းက ညင်သာသော အသံလေးဖြင့် နှစ်သိမ့်ပေးသည်။

ယွမ့်ယွီက ထိုအခါမှသာ မျက်လုံးကို မှိတ်သွားတော့သည်။

ကလေး၏ ဖြူဖျော့သော မျက်နှာကို ကြည့်ရုံနှင့်တင် ယွမ့်ထန်းက ချစ်မြတ်နိုးသော ခံစားချက်များကို ခံစားမိလိုက်ရသည်။ သူက အလင်းဦးနှောက်ကို ဖွင့်ပြီး စတားနက်ခ်ဝါ့၏ ရှော့ပင်းဆိုက်ထဲသို့ ဝင်ရောက်လိုက်သည်။ ထိုရှောပင်းမောလ်ကို ဂြိုလ်နံပါတ်ဆယ့်ကိုးနှင့် ‌အောင်မြင်စွာချိတ်ဆက်လိုက်ပြီးသည့်တိုင်အောင် မောလ်တွင် လိုအပ်သည့် ရရှိနိုင်သည့် ပစ္စည်းများက သာမန်ထက် ထက်ဝက်မျှ လျော့နည်းနေပေသည်။ ထို့အပြင် ရောင်းချထားသည့် ဝယ်ယူရရှိနိုင်သည့် ထုတ်ကုန်များက ပုံမှန်အားဖြင့် စင်အပြည့်ရှိတတ်လေသည်။ ဒီဂြိုလ်တွင် ရှော့ပင်းဆိုက်နှင့် ချိတ်ဆက်ထားသည့် ထုတ်လုပ်ရေးဆိုက်မရှိကြောင်း ယွဲ့ထန်းက သတိမထားမိခဲ့ချေ၊ ထို့ကြောင့် အနီးနားဂြိုလ်များမှတဆင့် ဝယ်ယူရရှိရမည်ဖြစ်လေသည်။

ယွမ့်ထန်းက ပါဝင်ပစ္စည်းများဝယ်ယူကာ ယွမ့်ယွီအတွက် အာဟာရရှိသော စွပ်ပြုတ်ပြုလုပ်ပေးချင်သည်။ ထိုကလေး၏ အခြေအနေက ဆေးရုံမှဆင်းပြီးကာစ လူတစ်ယောက်ထက်ပင် အခြေအနေဆိုးနေသေးလေသည်။ သို့ရာတွင် သူကသာ အားဖြည့်ဆေးရည်များကို သောက်နေကတည်းက စွပ်ပြုတ်ကိုလည်း သောက်၍ ရလောက်လေသည်။ စွပ်ပြုပ်၏ အရသာက ထိုအရသာအားဖြည့်ဆေးရည်များထက် ပိုကောင်းသည်။ ကလေးက တစ်နှစ်ပတ်လုံး ဆေးရုံတွင်သာ နေခဲ့ရပြီး အရသာရှိသော သဘာဝစားစရာများကိုလည်း စားဖူးမည်မဟုတ်ချေ။

သူ၏ မျိုးရိုးဗီဇပြောင်းလဲမှုက မပြီးပြည့်စုံသောကြောင့် လက်ရှိ အားဖြည့်ဆေးရည်များကလည်း ယွဲ့ရီနှင့် မသင့်တော်ပြန်ချေ။ အနည်းဆုံးအနေနှင့် သူ့ကို အစာငတ်မသေအောင် ထိန်းထားပေးရုံမျှသာတတ်နိုင်လေသည်။ အမျိုးမျိုးသော ဗီတာာမင်ဓာတ်များနှင့် သဘာဝထွက်ကုန်များမှ ရရှိသည့် အဟာရဓာတ်များသာလျှင် ယွမ့်ယွီ၏ ခန္ဓာကိုယ်အတွက် ပို၍ အကျိုးကျေးဇူးရှိစေပေလိမ့်မည်။

ကံကောင်းသည်မှာ ထိုစင်တွင် အအေးခံထားသော အသားကို မြင်လိုက်ရသည်၊ ။ သူ၏ အကောင့်ထဲတွင် ပိုက်ဆံပမာဏအများအပြား ရှိနေလေရာ သူက ကြက်နှစ်ကောင်နှင့် အာလူးအနည်းငယ်ကို ဝယ်ယူလိုက်သည်။ ထို့အပြင် အစပ်မှု့န်များနှင့် ဒယ်အိုးများ အခြားသော အိုးခွက်ပန်းကန်များကိုလည်း ဝယ်ယူလိုက်လေသည်။ စားပွဲဝင်ပစ္စည်းများက သူတို့ငှားထားသော အိမ်သို့ တိုက်ရိုက်ပို့လာမည်ဖြစ်ပြီး သူက ထိုနေရာသို့ပြန်ကာ ကလေးအတွက် စွပ်ပြုတ်တစ်အိုး ချက်ပေးရမည်ဖြစ်သည်။ ထို့အပြင် ကြက်သွန်မိတ်နှင့် ကြက်သားရောချက်ထားသည့် ဟင်းနှင့် အာလူးချဉ်စပ်ကိုလည်း ဟော်ယွန်ချန်းနှင့် ဝမ်ခွန်းတို့အတွက် ချက်ပေးနိုင်သည်။ မည်သို့ပင်ဆိုစေ ထိုနှစ်ယောက်က သူ၏ ကိစ္စများကို ကူညီပေးသည့်အတွက် ကျေးဇူးတင်ရပေမည်။
သူက မတ်တပ်ထရပ်လိုက်ချိန်မှာပင် သူ၏ အဝတ်စက ဆွဲထားသလို ခံစားရသည်။ သူက ငုံ့ကြည့်လိုက်သောအခါ ထိုကလေးက သူ၏ အဝတ်စကို လက်ဖြင့် ဆုပ်ထားကြောင်း မြင်လိုက်ရပေသည်။ ယွမ့်ထန်းက သူအိပ်နေချိန် ထွက်ပြေးသွားမည်ကို စိုးရိမ်နေဟန်ရသည်။
ဒါက ယွမ့်ထန်းကို ပို၍ပင် စိတ်ဓာတ်ကျစေသည်။

အပြင်တွင် ရှိနေသော ဟော်ယွန်ချန်းကလည်း ယွဲ့ထန်းက ထွက်လာကြောင်းကိုမြင်လိုက်ရသည့်အခါ အလင်းဦးနှောက်ကို ဖွင့်ပြီး ယွမ့်ထန်းထံ စာပို့လာသည်။

“[ဟော်ယွန်ချန်း: ဘာဖြစ်လို့လဲ]

[ယွမ့်ထန်း: သူက အခုလေးတင် နိုးလာခဲ့ပြီး နည်းနည်းပြောပြီးတော့ ပြန်အိပ်သွားတယ်၊ ကျွန်တောာ် စတားနက်​ေဝါ့ကနေ ပါဝင်ပစ္စည်းတွေ ဝယ်ထားတယ်, ကျွန်တော်ပြန်ပြီး သူ့အတွက် စွပ်ပြုတ်ချက်ပေးချင်နေတာ။ ဒါပေမယ့် ကျွန်တော့်အဝတ်ကို သူ ဆွဲထားတယ်]

[ဟော်ယွန်ချန်း: ဒါဆိုရင် ကိုယ်ဝင်လာပြီး မင်းရဲ့အစား နေပေးမယ်၊ ကိုယ်သာ သူ့ကို ကြည့်ပေးနေရင် မင်းလည်း စိတ်အေးရတာပေါ့]

[ယွမ့်ထန်း: ဒါပေမယ့် ဒီအခန်းက မိသားစုဝင်တွေကိုပဲ ဝင်ခွင့်ပြုတာ ဆိုတော့ ချန်းကော ဘယ်လိုဝင်လာလို့ရမှာလဲ]

[ဟော်ယွန်ချန်း: ကိုယ့်မှာ ဖြေရှင်းချက်ရှိတယ်]

[ယွမ့်ထန်း: ကျွန်တော် သူမကို တရားဆွဲချင်တယ်]

ဟော်ယွန်ချန်း ဝင်လာသည်နှင့် ပြောလိုက်သည်။
“ဒါဆိုရင် တရားဆွဲလိုက်ပါ၊ လိုအပ်တဲ့ ကိစ္စတွေအားလုံးကို ပြင်ဆင်ဖို့အတွက် ကိုယ်က ကျိုးကျင်းနဲ့ ဆက်သွယ်ပေးမယ်”

ယွမ့်ထန်း၏ စကားထဲတွင် အခြားသော အချက်အလက်များ ပါဝင်သော်လည်း ဟော်ယွန်ချန်းက သူ၏ဆိုလိုရင်းကို နားလည်သည်။

“ကျွန်တော် ယွမ့်ယွီကို အုပ်ထိန်းပိုင်ခွင့်ရချင်တယ်။ နောက်ပြီး သူမနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကိုလည်း ဖြတ်တောက်ချင်တယ်”

ယွမ့်ထန်းကလည်း လက်သီးကို တင်းကြပ်စွာဆုပ်သည်။

“ကောင်းပြီ ကိုယ် ကိုင်တွယ်ပေးမယ်”

ဟော်ယွန်ချန်းကလည်း တက်ကြွစွာ ဖြေပေးသည်။

ထိုအမျိုးသမီးက အမေတစ်ယောက်အနေနှင့် ဝတ္တရားများကို မကျေပွန်ခဲ့ပေ။ သူတို့၏ မိခင်ဖြစ်ရန်မတန်ပေ။

“ကျေးဇူးတင်ပါတယ်”

“ကိုယ့်ကို ယဉ်ကျေးနေဖို့မလိုဘူး”

ယွမ့်ထန်း၏ မျက်ဝန်းတွင် ဖျော့တော့သော အပြုံးက ပေါ်လာသည်။ သူ၏ အကြည့်က တစ်ဖက်သူ၏ ရင်ဘတ်မှ ဝင်ရောက်ခွင့်ကတ်ပြားကို မြင်ချိန်တွင် မနေနိုင်ပဲ သိချင်စိတ် ပြင်းပြလာကာ မေးမိသည်။

“ချန်းကော ဘယ်လိုများ ဝင်ခဲ့တာလဲ”

ဟော်ယွန်ချန်း၏ နှုတ်ခမ်းများက ကော့တက်သွားသော်လည်း မဖြေပေ။
သူက ပြောသည်။

“လူလဲရအောင်”

ယွမ့်ထန်းကလည်း ဆက်မမေးတောပဲ ခေါင်းသာ ညိတ်လိုက်သည်။

ဟော်ယွန်ချန်းက ကလေး၏လက်ထဲမှ ယွမ့်ထန်း၏ အဝတ်စကို ညင်သာစွာ ဆွဲထုတ်ပြီးနောက်တွင် သူ၏ အဝတ်ဖြင့် အစားထိုးကာ ယွမ့်ထန်းနှင့် နေရာလဲလိုက်သည်။ ထို့နောက်သူက ကုတင်ဘေးတွင်ထိုင်ပြီး ကလေးကိုသာ စိုက်ကြည့်လိုက်သည်။

“ချန်းကော ရှောင်ယွီက တစ်ခုခု မေးလာရင် ကျွန်တော်ကို ချက်ချင်း ဆက်သွယ်လိုက်ပါ”

“ကောင်းပြီ”

သူ ထွက်သွားပြီးနောက်တွင် အပြင်တွင် စောင့်နေသည့် ဝမ်ခွန်းက အနားသို့ ချက်ချင်းလျှောက်လာသည်။

“လူကြီးမင်းယွမ့် ကျွန်တော်လိုက်ခဲ့မယ်”

“ကျေးဇူးတင်ပါတယ်”

ယွမ့်ထန်းကလည်း ယဉ်ကျေးစွာ ညင်းမနေတော့ချေ။ သူက ဝမ်ခွန်း၏ အနောက်မှ လိုက်သွားလိုက်သည်။

အပြင်ဘက်မှ သူနာပြုက ရုတ်တရက် ထွက်လာသည့်သူ့ကို မြင်သောအခါ ရုတ်တရက် ချက်ချင်း မေးသည်။

“လူကြီးမင်းယွမ့် ဘယ်သွားမလို့လဲ”

သူမ၏ မျက်ဝန်းထဲမှ စိုးရိမ်မှုကို သတိထားမိသောအခါ သူက ခိုင်ရှင်းနည်းတူ ထွက်သွားခြင်းဖြစ်မည်ဟု တွေးတောမိသွားခြင်းဖြစ်လောက်လေသည်။ သူက ပိုက်ဆံပေးလိုက်ပြီးသည်နှင့် ထွက်သွားခြင်း ဖြစ်သည်ဟု ထင်သွားလောက်လေရာ ချက်ချင်း ရှင်းပြလိုက်သည်။

“ကျွန်တော် ယွမ့်ယွီအတွက် စွပ်ပြုတ်သွားလုပ်မလို့ပါ။ ကျွန်တော် ခဏနေ ပြန်လာခဲ့မယ်”

“စွပ်ပြုတ်ဟုတ်လား”
သူနာပြုက သံသယဝင်နေသေးသည်။

“ရှင်က သဘာဝထုတ်ကုန်တွေနဲ့ စွပ်ပြုတ်လုပ်မလို့လား၊ ရှင်က စားဖိုမှူးလား”

ဂြိုလ်နံပါတ်ဆယ့်ကိုးက ခေါင်သော်လည်း သဘာဝထွက်ကုန်များကို ဒီနေရာတွင် ရောင်းချကတည်းက သဘာဝထွက်ကုန်များအကြောင်း သိထားသူများရှိလေသည်။ သို့သော် သူတို့က အရသာမခံဖူးကြချေ။ ထို့ကြောင့် စားဖိုမှူးဆိုသည်မှာ သူမ သိထားသည့် အလုပ်အကိုင်များထဲမှ တစ်ခုသာလျှင် ဖြစ်နေလေသည်။

“အဲဒီလို ပြောလို့ရပါတယ်”
ယွမ့်ထန်းက ပြုံးသည်။

“ကောင်းပြီ ဒါဆိုရင် မြန်မြန်တော့ ပြန်လာခဲ့ပါ”
သူနာပြုကလည်း သူ၏ ဟင်းချက်လက်ရာအပေါ် ယုံကြည်ချက်မရှိချေ။ ဒီအတိုင်း ယွမ့်ယွီမနိုးခင်သာ ပြန်လည်နိုင်ရန် မျှော်လင့်လေသည်။

“ကျွန်တော် နားလည်ပါတယ်”

ဝမ်ခွန်းက ကားကို မောင်းပေးပြီး သူ၏ ငှားရမ်းထားသည့် အိမ်သို့ ခေါ်သွားပေသည်။ ထိုအချိန်တွင်ပင် အပြင်ဘက်တွင် စောင့်နေသည့် ဉာဏ်ရည်မြင့်စက်ရုပ်ကို မြင်လိုက်ရပေသည်။ စက်ရုပ်၏ ခြေထောက်နားတွင်လည်း ကြီးမားသည့် သေတ္တာကြီးကို ထားထားသည်။ ယွဲ့ထန်းက ပစ္စည်းလက်ခံယူပြီး လက်မှတ်ထိုးပြီးနောက်တွင် ဝမ်ခွန်းက ကူညီကာ အထဲသို့ ရွှေ့ပေးသည်။ ထိုအိမ်ကို ဒီနေ့တွင်မှ အသစ်ဆောက်ထားခြင်းဖြစ်ပြီး မီးဖိုချောင်ကလည်း သီးသန့်ထင်ရှားစွာ ပါရှိလေသည်။ ယွမ့်ထန်းက ပါဝင်ပစ္စည်းများ အားလုံးကို ဘူးထဲမှ ထုတ်ပြီးနောက်တွင် မီးဖိုချောင်တစ်ခုလုံးက ပြည့်လုနီးပါး ဖြစ်သွားလေသည်။

ယွမ့်ထန်းက ချက်ပြုတ်မည်ဆိုကတည်းက ဒီနေရာတွင် တိုက်ရိုက်ထုတ်လွှင့်ချင်သည်။ သို့သော် ယခုအခါ သူ၏ ညီငယ်ဖြစ်သူ၏ အခြေအနေကြောင့် တိုက်ရိုက်ထုတ်လွှင့်ရန် စိတ်မပါနေခဲ့သည့်အတွက် ဝေ့ပေါ်တွင်သာ ပို့စ်တင်လျက် သူ၏ အခြေအနေများကို အထိုင်မကျသေးသည့်အတွက် နောက်ထပ်တစ်ရက် အနားယူရမည်ဖြစ်ကြောင်း ပြောလိုက်လေသည်။ ကြည့်ရှုသူများကမူ အလွန်အမင်း နားလည်မှုရှိကြသည့်အတွက် ကောင်းကောင်းနားပြီး ကို့ယ်ကိုယ်ကိုယ်သာ စောင့်ရှောက်ရန် ပြောထားသည့်အတွက် ယွမ့်ထန်းက အလွန်အမင်း စိတ်လှုပ်ရှားသွားရပြန်သည်။
သူက တတ်နိုင်သမျှ မြန်မြန်ပြန်သွားရမည်ဖြစ်သောကြောင့် ထမင်းဖြူတစ်အိုးကို ခပ်မြန်မြန်တည်လိုက်ပြီး ပါဝင်ပစ္စည်းများအားလုံးကို နှစ်ဆအရှိန်နှုန်းဖြင့် ကိုင်တွယ်လိုက်သည်။

အလင်းဦးနှောက်ကို အသုံးပြုကာ သတင်းအချက်အလက် စုဆောင်းနေသော ဝမ်ခွန်းက အနံ့ရကာ မနေနိုင်တော့လေပဲ တံတွေးမျိုချမိနေသည်။ သူက အနားယူထားသည်မှာ ကြာလှချေပြီ။ သူနှင့် ညီအစ်ကိုများက အလုပ်အသီးသီး ယူထားပြီး စီးပွားရေးကိစ္စများကို ကိုင်တွယ်နေခဲ့ကြသည်။ ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုရန် အချိန်မရှိခဲ့ချေ။ ယွမ့်ထန်းက အစားအသောက် တင်ဆက်သူတစ်ယောက်ဖြစ်ပြီး ကြယ်လေးပွင့်အသိအမှတ်ပြု တံဆိပ်ရထားသည့်တိုင်အောင် ထိုကိစ္စများမှ အာရုံမစိုက်နိုင်ခဲ့ချေ။ ယခုအခါ ထိုမျှ မွှေးပျံ့သော အနံ့ကို ရမှသာလျှင် ယွမ့်ထန်း၏ လက်ရာက မည်မျှပြောင်မြောက်ကြောင်း သိလိုက်ရလေသည်။

“ဦးလေးခွန်း ဦးလေးလည်း တစ်နေ့လုံး အလုပ်များနေတော့ ဗိုက်ဆာနေမှာပဲ။ ကျွန်တော် ဦးလေးအတွက် အရင်ဆုံး ယူလာပေးလိုက်မယ်၊ ဦးလေး အခုပဲ စားလိုက်ပါ။ စွပ်ပြုတ်က နည်းနည်းပိုပြီး ချက်ရဦးမယ်”

ဝမ်ခွန်း၏ ပုံရိပ်က မီးဖိုချောင်တံခါးဝတွင် ပေါ်ထွက်လာကြောင်း မြင်လိုက်သည်နှင့် ယွမ့်ထန်းက ပြောလိုက်သည်။

“ကောင်းပြီ”

ထိုမျှ မွှေးပျံ့သော ရနံ့များ၏ လွှမ်းခြုံခံရပြီးနောက်တွင် ဝမ်ခွန်းက မငြင်းဆန်တော့‌ချေ။
သူက အသိဝင်လာချိန်တွင် စားပွဲပေါ်တွင် ဟင်းလျာနှစ်ခွက် ထမင်းတစ်ပန်းကန်နှင့်အတူ ထိုင်နေလေပြီ။ တစ်ခွက်က ကြက်သွန်မိတ်နှင့် ကြက်သားရောချက်ထားခြင်းဖြစ်ပြီး ကြက်သွန်မိတ်များနှင့် ပူနွေနေသည့်ဆီများက ကြက်သားကို လွှမ်းခြုံနေသည်။ ကြက်သား၏ အသားကလည်း နူးညံ့ချောမွေ့နေကာ အရသာကလည်း အလွန်ကောင်းသည်။ ကြက်သွန်မိတ်မှ အနံ့က မွှေးပျံ့လွန်းကာ ကြက်သား၏ အနံ့နှင့် လိမ်ယှက်နေသည်။ အခြားသော ဟင်းတစ်ခွက်ကမူ အာလူးချဉ်စပ်ဟင်းလျာဖြစ်သည်။ သာမန်ဟင်းနှင့်သာ တူနေသည့်တိုင်အောင် အစပ်ဓာတ်ကလည်း ကဲပြီး အရသာကလည်း ကောင်းသည်။ လူအများစု၏ ပါးစပ်ကို သွားရေကျရလုမတတ် ဖြစ်သွားစေသည်။ ထမင်းနှင့် အလွန်သင့်တော်သည်။ ထမင်းပေါင်းအိုးထဲမှ ထမင်းတစ်စေ့ချင်းစီတိုင်းက တောက်ပကာ ကြီးမားနေပြီး ဖောက်ထွင်းးမြင်ရမတတ် ကြည်လင်နေလေသည်။ ထို့အပြင် ဝါးစားလိုက်လျှင်လည်း အလွန်အမင်းနူးညံ့ကာ စား၍ ကောင်းနေလေသည်။ ထမင်းတစ်စွန်းအပြည့်နှင့် ဟင်းနှင့် ပေါင်းစားလိုက်သော် အလွန်အမင်း အရသာရှိပြီး စားသောက်ခြင်းကိုပင် မရပ်တန့်နိုင်တော့ချေ။ သူပင် သတိမထားမိခင်မှာတင် အားလုံးက ပြောင်သွားပြီဖြစ်သည်။

“စိတ်မကောင်းပါဘူး၊ ငါအကုန်စားလိုက်မိပြီ”

နောက်မှသာ ဝမ်ခွန်းက သူ အားလုံးကို အပြောင် မစားသင့်ကြောင်း သတိရသွားသည်။

“အဆင်ပြေပါတယ်၊ ဒါက ဦးလေးခွန်းအတွက်ပါပဲ။ ကျွန်တော် ကျွန်တော့်အတွက်နဲ့ ချန်းကောအတွက်ကို ထုတ်ပိုးပြီးသားပါ”

ယွမ့်ထန်းက စားပွဲပေါ်တွင် တင်ထားသော ဘူးနှစ်ဘူးကို ပြသည်။

“ဦးလေးခွန်း ဗိုက်ဝသွားရဲ့လား၊ နည်းနည်း ထပ်လိုချင်သေးလား”

“မလိုတော့ပါဘူး မလိုတော့ပါဘူး”
ဝမ်ခွန်းက ရှက်ရွံ့စွာဖြင့် ငြင်းဆန်လိုက်သည်။

ယွမ့်ထန်းကလည်း သူ့အား ဖိအားမပေးပဲ မီးဖိုချောင်ထဲသို့ ပြန်သွားကာ မီးဖိုပေါ်မှာ ကြက်စွပ်ပြုတ်အိုးထံသို့ အာရုံစိုက်သွားသည်။ ယွမ့်ယွီ၏ ခန္ဓာကိုယ်က အားနည်းနေခြင်းကို ဆင်ခြင်သုံးသပ်လျက် သူက အရာအားလုံးကို နူးညံ့နေအောင်ပြင်ဆင်ထားလေသည်။ ကြက်သားက ကောင်းကောင်းနှပ်ထားပြီး အနူးညံ့ဆုံးဖြစ်ရန် လိုအပ်လေသည်။ သို့သော် နှစ်နာရီခန့် ကြာပြီးနောက်တွင် ယွမ့်ထန်းက ဆေးရုံခန်းထဲသို့ ဘူးများအသီးသီးနှင့်အတူ ပြန်ရောက်လာသည်။ ယွမ့်ယွီက တစ်ဖန်နိုးလာလေပြီ။ သူ၏အစ်ကိုက ပျောက်သွားခြင်းကို ရှာတွေ့သည့်အခါ သူ၏ မျက်လုံးတွင် မျက်ရည်များက ပြည့်နှက်လာတော့သည်။ ဟော်ယွန်ချန်းက အကောင်းဆုံးကြိုးစားကာ အချိန်အတန်ကြာ နှစ်သိမ့်လိုက်ရသည်။ သူ့တွင်လည်း ရွေးစရာ မရှိနေပဲ စတားနက်​ေဝါ့ပေါ်မှ ယွမ့်ထန်း၏ ပုံများကို ထုတ်ကာ ယွမ့်ယွီကို တစ်ပုံချင်းပြရသည်။

ဖန်သားပြင်မှ တောက်ပကာ ချောမောလွန်းသည့် အစ်ကိုဖြစ်သူကို မြင်ချိန်မှသာ ယွမ့်ယွီ၏ မျက်ရည်များက ရပ်တန့်သွားတော့ကာ မျက်တောင်တဖျက်ဖျက်ခတ်သည်။ သူ၏ အမူအယာက အလွန်အမင်း ပျော်ရွှင်ကာ လွမ်းဆွတ်မှု တမ်းတလွန်းသည့် အမူအယာမျိုး ဖြစ်လာလေသည်။

“အစ်ကိုက အရမ်းလှတာပဲ”

ဟော်ယွန်ချန်း အနေနှင့်လည်း ရှန်းရှီအလှဖန်းတီးမှုဆိုသော ယွမ့်ထန်း၏ ပရိတ်သတ်များမှ ပြင်ဆင်မှုများ လုပ်ထားသည့် ယွမ့်ထန်း၏ သီးသန့်ပုံများကို မြင်ဖူးခြင်းဖြစ်သည်။ ထိုစကားကို ကြားချိန်တွင် သူကလည် တံတွေးမျိုချလိုက်ကာ တည်ငြိမ်စွာပြောသည်။

“ဒါပေါ့ လှတာပေါ့”

လူကြီးနှင့် လူငယ်လေးတို့ နှစ်ယောက်ပေါင်းကာ ယွမ့်ထန်းကို အချင်းချင်း တစ်ခွန်းပြီးတစ်ခွန်း ပြောကာ ချီးကျူးနေကြပြီး အချင်းချင်း ရင်းနှီးမှု ရရှိသွားကြသည်။ ယွမ့်ထန်းက တံခါးဖွင့်ကာ ဝင်လာသောအခါ ယွမ့်ယွီက ချက်ချင်းလိုလို သူ့ကို ကြည့်လိုက်ပြီး ပျော်ရွှင်စွာအော်လာသည်။

“အစ်ကို”

ယွမ့်ယွီက ခပ်ကျယ်ကျယ် စကားမပြောနိုင်သေးချေ။ သူ၏ အသံ‌လေးက အသံထွက်ရုံမျှသာ ထွက်လာခြင်းဖြစ်သည်။ ယွမ့်ယွီ၏ ကုတင်ဘေးသို့ ခပ်မြန်မြန်လျှောက်လာပြီး ကုတင်ဘေးတွင် လာထိုင်ချသည်။ ထို့နောက် အိပ်ယာကို ခေါင်းပိုင်းနေရာကို မြှင့်လိုက်ပြီးနောက်တွင် သူယူလာသည့် ကြက်စွပ်ပြုတ် ထည့်ထားသော ဘူးလေးကို ဖွင့်ပြီးနောက် အထဲမှ အိုးငယ်လေးကို ကြည့်ကာ တစ်စွန်းအပြည့်ခပ်လိုက်သည်။ သူက အေးသွားသည်အထိ မှုတ်ပြီးနောက်တွင် ယွမ့်ယွီကို တိုက်သည်။

“ချန်းကော အပြင်ထွက်ပြီး အရင်စားနှင့်ပါ။ ကျွန်တော် ကြည့်ထားလိုက်မယ်”

ဟော်ယွန်ချန်းက ခေါင်းညိတ်သည်။ သူက အခြားသော မုန့်ဘူးကိုယူပြီးနောက် အပြင်သို့ ထွက်သွားသည်။ အပြင်ဘက် ကော်ရစ်တာတွင်လည်း ထိုင်ခုံများ ရှိနေသည်။ သူက တစ်ခုံကို ယူထိုင်ချလိုက်ကာ အဖုံးကို ဖွင့်လိုက်သည်နှင့် မွှေးပျံ့သော ရနံ့များက ပြန့်လွင့်ထွက်လာတော့သည်။ ဝမ်ခွန်းက ဗိုက်အပြည့်စားထားပြီးသည့်တိုင်အောင် အနံ့ကိုရသည်နှင့် သူ၏ ဗိုက်က ဆာလောင်လာသလို ခံစားလိုက်ရသည်။ သူက အကြည့်ကို လွှဲပြီး အခြားတစ်ဖက်သို့သာ ကြည့်တော့သည်။ ဟော်ယွန်ချန်းရှိရာဘက်သို့ မကြည့်ရဲတော့ချေ။

သူက ထိုသို့ထိန်းနိုင်သော်လည်း အခြားသူများက မထိန်းနိုင်ချေ။ ထိုမျှ ဆွဲဆောင်မှုပြင်းသည့် အနံ့ကို ရကတည်းက ဆေးရုံမှဝန်ထမ်းများနှင့် အခြားသော လူနာများအားလုံးကလည်း အနံ့အရင်းမြစ်ထံသို့ ကြည့်ကြတော့လေသည်။
အချိန်တစ်ခုကြာသည်အထိ လျှောက်လမ်းတွင် မနာလိုသော အကြည့်စိမ်းကြီးများက ရောက်နေလေသည်။ ဟော်ယွန်ချန်းကလည်း အဝေးမှပင် ရောက်လာနေသည်။ ထိုကဲ့သို့ ပူလောင်ပြင်းထန်သည့် အကြည့်များကို ခံစားမိလိုက်သည်။

ဟော်ယွန်ချန်း “…”

အပိုင္း (၆၉)

“အစ္ကို”

ယြမ့္ထန္းကလည္း အလ်င္စလိုျဖင့္ အသံလာရာဘက္သို႔ ေခါင္းလွည့္လိုက္ခ်ိန္တြင္ မ်က္ရည္မ်ား စို႐ႊဲေနသည့္ ေတာက္ပသည့္ အညိုေရာင္မ်က္ဝန္းတစ္စုံႏွင့္တိုးသည္။ သူက လက္ဆန႔္တန္းလိုက္ကာ ကေလး၏ အလြန္အမင္း ေသးသြယ္ေသာ လက္ေလးမ်ားကို ဆုပ္ကိုင္လိုက္ၿပီး လက္ေခ်ာင္းထဲမွ ယားယံေနသည့္ ခံစားခ်က္ကို ထိန္းခ်ဳပ္ကာ ညင္သာစြာၿပဳံးလိုက္သည္။

“အစ္ကိုက ဒီမွာပါ”

ကေလး၏ မ်က္ဝန္းမ်ားက ပို၍ ေတာက္ပလာၿပီး ပါးမွ ပါးခ်ိဳင့္မ်ားကလည္း ထင္ရွားလာျပန္သည္။ သူ၏ လက္ေခ်ာင္းေလးမ်ားက အားအင္မည္မွ် စိုက္ထုတ္ထားရသည့္ အလြန္တုန္ယင္လာသည္။ သို႔ေသာ္ သူ၏ ႏူးညံ့ေသာ လက္ေခ်ာင္းေလးမ်ားက ေနာက္ဆုံးတြင္ ယြဲ႕ထန္း၏ လက္ကိုျပန္လည္ဆုပ္ကိုင္သြားနိုင္မွသာ ရပ္သြားသည္။ သူ၏ လက္ခြံေပၚ အုပ္မိုးေနသည့္ေနာက္တြင္ မ်က္ရည္မ်ား စို႐ႊဲသည့္ မ်က္ဝန္းမ်ားျဖင့္ စိုက္ၾကည့္လ်က္ မ်က္ေမွာင္က အနည္းငယ္ ၾကဳတ္လာကာ အသနားခံေနေသာ ေခြးေပါက္ေလးအတိုင္းျဖစ္သြားသည္။ သူက ေျပာသည္။

“အစ္ကို ေက်းဇူးျပဳၿပီး ထြက္မသြားပါနဲ႕ေတာ့”

“အစ္ကိုက ဘယ္မွမသြားဘူး၊ အစ္ကိုက ယြမ့္ယြီေလးနဲ႕ပဲ ေနမွာ”

သူက ညင္သာစြာေျပာၿပီး လက္ဆက္ကမ္းကာ ကေလး၏ ခ်စ္စရာမ်က္ႏွာကို ထိေတြ႕လိုက္သည္။

ကေလးက သူ၏ အစ္ကိုျဖစ္သူႏွင့္ စကားထပ္ေျပာခ်င္ေသာ္လည္း ခႏၶာကိုယ္က အားနည္းလြန္းလွကာ စကားအနည္းငယ္ေျပာၿပီးသည္ႏွင့္ အသက္ရႉရခက္လာသည္။ သူ၏ မ်က္ခြံကပင္ ေလးလံလာေတာ့သည္။

“ေရွာင္ယြီေလး ပင္ပန္းေနၿပီ ၾကာၾကာအိပ္လိုက္ဦး၊ အစ္ကိုက ဒီေနရာမွာပဲရွိေနမယ္”

ယြမ့္ထန္းက ညင္သာေသာ အသံေလးျဖင့္ ႏွစ္သိမ့္ေပးသည္။

ယြမ့္ယြီက ထိုအခါမွသာ မ်က္လုံးကို မွိတ္သြားေတာ့သည္။

ကေလး၏ ျဖဴေဖ်ာ့ေသာ မ်က္ႏွာကို ၾကည့္႐ုံႏွင့္တင္ ယြမ့္ထန္းက ခ်စ္ျမတ္နိုးေသာ ခံစားခ်က္မ်ားကို ခံစားမိလိုက္ရသည္။ သူက အလင္းဦးေႏွာက္ကို ဖြင့္ၿပီး စတားနက္ခ္ဝါ့၏ ေရွာ့ပင္းဆိုက္ထဲသို႔ ဝင္ေရာက္လိုက္သည္။ ထိုေရွာပင္းေမာလ္ကို ၿဂိဳလ္နံပါတ္ဆယ့္ကိုးႏွင့္ ‌ေအာင္ျမင္စြာခ်ိတ္ဆက္လိုက္ၿပီးသည့္တိုင္ေအာင္ ေမာလ္တြင္ လိုအပ္သည့္ ရရွိနိုင္သည့္ ပစၥည္းမ်ားက သာမန္ထက္ ထက္ဝက္မွ် ေလ်ာ့နည္းေနေပသည္။ ထို႔အျပင္ ေရာင္းခ်ထားသည့္ ဝယ္ယူရရွိနိုင္သည့္ ထုတ္ကုန္မ်ားက ပုံမွန္အားျဖင့္ စင္အျပည့္ရွိတတ္ေလသည္။ ဒီၿဂိဳလ္တြင္ ေရွာ့ပင္းဆိုက္ႏွင့္ ခ်ိတ္ဆက္ထားသည့္ ထုတ္လုပ္ေရးဆိုက္မရွိေၾကာင္း ယြဲ႕ထန္းက သတိမထားမိခဲ့ေခ်၊ ထို႔ေၾကာင့္ အနီးနားၿဂိဳလ္မ်ားမွတဆင့္ ဝယ္ယူရရွိရမည္ျဖစ္ေလသည္။

ယြမ့္ထန္းက ပါဝင္ပစၥည္းမ်ားဝယ္ယူကာ ယြမ့္ယြီအတြက္ အာဟာရရွိေသာ စြပ္ျပဳတ္ျပဳလုပ္ေပးခ်င္သည္။ ထိုကေလး၏ အေျခအေနက ေဆး႐ုံမွဆင္းၿပီးကာစ လူတစ္ေယာက္ထက္ပင္ အေျခအေနဆိုးေနေသးေလသည္။ သို႔ရာတြင္ သူကသာ အားျဖည့္ေဆးရည္မ်ားကို ေသာက္ေနကတည္းက စြပ္ျပဳတ္ကိုလည္း ေသာက္၍ ရေလာက္ေလသည္။ စြပ္ျပဳပ္၏ အရသာက ထိုအရသာအားျဖည့္ေဆးရည္မ်ားထက္ ပိုေကာင္းသည္။ ကေလးက တစ္ႏွစ္ပတ္လုံး ေဆး႐ုံတြင္သာ ေနခဲ့ရၿပီး အရသာရွိေသာ သဘာဝစားစရာမ်ားကိုလည္း စားဖူးမည္မဟုတ္ေခ်။

သူ၏ မ်ိဳးရိုးဗီဇေျပာင္းလဲမႈက မၿပီးျပည့္စုံေသာေၾကာင့္ လက္ရွိ အားျဖည့္ေဆးရည္မ်ားကလည္း ယြဲ႕ရီႏွင့္ မသင့္ေတာ္ျပန္ေခ်။ အနည္းဆုံးအေနႏွင့္ သူ႕ကို အစာငတ္မေသေအာင္ ထိန္းထားေပး႐ုံမွ်သာတတ္နိုင္ေလသည္။ အမ်ိဳးမ်ိဳးေသာ ဗီတာာမင္ဓာတ္မ်ားႏွင့္ သဘာဝထြက္ကုန္မ်ားမွ ရရွိသည့္ အဟာရဓာတ္မ်ားသာလွ်င္ ယြမ့္ယြီ၏ ခႏၶာကိုယ္အတြက္ ပို၍ အက်ိဳးေက်းဇူးရွိေစေပလိမ့္မည္။

ကံေကာင္းသည္မွာ ထိုစင္တြင္ အေအးခံထားေသာ အသားကို ျမင္လိုက္ရသည္၊ ။ သူ၏ အေကာင့္ထဲတြင္ ပိုက္ဆံပမာဏအမ်ားအျပား ရွိေနေလရာ သူက ၾကက္ႏွစ္ေကာင္ႏွင့္ အာလူးအနည္းငယ္ကို ဝယ္ယူလိုက္သည္။ ထို႔အျပင္ အစပ္မႈ႕န္မ်ားႏွင့္ ဒယ္အိုးမ်ား အျခားေသာ အိုးခြက္ပန္းကန္မ်ားကိုလည္း ဝယ္ယူလိုက္ေလသည္။ စားပြဲဝင္ပစၥည္းမ်ားက သူတို႔ငွားထားေသာ အိမ္သို႔ တိုက္ရိုက္ပို႔လာမည္ျဖစ္ၿပီး သူက ထိုေနရာသို႔ျပန္ကာ ကေလးအတြက္ စြပ္ျပဳတ္တစ္အိုး ခ်က္ေပးရမည္ျဖစ္သည္။ ထို႔အျပင္ ၾကက္သြန္မိတ္ႏွင့္ ၾကက္သားေရာခ်က္ထားသည့္ ဟင္းႏွင့္ အာလူးခ်ဥ္စပ္ကိုလည္း ေဟာ္ယြန္ခ်န္းႏွင့္ ဝမ္ခြန္းတို႔အတြက္ ခ်က္ေပးနိုင္သည္။ မည္သို႔ပင္ဆိုေစ ထိုႏွစ္ေယာက္က သူ၏ ကိစၥမ်ားကို ကူညီေပးသည့္အတြက္ ေက်းဇူးတင္ရေပမည္။
သူက မတ္တပ္ထရပ္လိုက္ခ်ိန္မွာပင္ သူ၏ အဝတ္စက ဆြဲထားသလို ခံစားရသည္။ သူက ငုံ႕ၾကည့္လိုက္ေသာအခါ ထိုကေလးက သူ၏ အဝတ္စကို လက္ျဖင့္ ဆုပ္ထားေၾကာင္း ျမင္လိုက္ရေပသည္။ ယြမ့္ထန္းက သူအိပ္ေနခ်ိန္ ထြက္ေျပးသြားမည္ကို စိုးရိမ္ေနဟန္ရသည္။
ဒါက ယြမ့္ထန္းကို ပို၍ပင္ စိတ္ဓာတ္က်ေစသည္။

အျပင္တြင္ ရွိေနေသာ ေဟာ္ယြန္ခ်န္းကလည္း ယြဲ႕ထန္းက ထြက္လာေၾကာင္းကိုျမင္လိုက္ရသည့္အခါ အလင္းဦးေႏွာက္ကို ဖြင့္ၿပီး ယြမ့္ထန္းထံ စာပို႔လာသည္။

“[ေဟာ္ယြန္ခ်န္း: ဘာျဖစ္လို႔လဲ]

[ယြမ့္ထန္း: သူက အခုေလးတင္ နိုးလာခဲ့ၿပီး နည္းနည္းေျပာၿပီးေတာ့ ျပန္အိပ္သြားတယ္၊ ကြၽန္ေတာာ္ စတားနက္​ေဝါ့ကေန ပါဝင္ပစၥည္းေတြ ဝယ္ထားတယ္, ကြၽန္ေတာ္ျပန္ၿပီး သူ႕အတြက္ စြပ္ျပဳတ္ခ်က္ေပးခ်င္ေနတာ။ ဒါေပမယ့္ ကြၽန္ေတာ့္အဝတ္ကို သူ ဆြဲထားတယ္]

[ေဟာ္ယြန္ခ်န္း: ဒါဆိုရင္ ကိုယ္ဝင္လာၿပီး မင္းရဲ႕အစား ေနေပးမယ္၊ ကိုယ္သာ သူ႕ကို ၾကည့္ေပးေနရင္ မင္းလည္း စိတ္ေအးရတာေပါ့]

[ယြမ့္ထန္း: ဒါေပမယ့္ ဒီအခန္းက မိသားစုဝင္ေတြကိုပဲ ဝင္ခြင့္ျပဳတာ ဆိုေတာ့ ခ်န္းေကာ ဘယ္လိုဝင္လာလို႔ရမွာလဲ]

[ေဟာ္ယြန္ခ်န္း: ကိုယ့္မွာ ေျဖရွင္းခ်က္ရွိတယ္]

[ယြမ့္ထန္း: ကြၽန္ေတာ္ သူမကို တရားဆြဲခ်င္တယ္]

ေဟာ္ယြန္ခ်န္း ဝင္လာသည္ႏွင့္ ေျပာလိုက္သည္။
“ဒါဆိုရင္ တရားဆြဲလိုက္ပါ၊ လိုအပ္တဲ့ ကိစၥေတြအားလုံးကို ျပင္ဆင္ဖို႔အတြက္ ကိုယ္က က်ိဳးက်င္းနဲ႕ ဆက္သြယ္ေပးမယ္”

ယြမ့္ထန္း၏ စကားထဲတြင္ အျခားေသာ အခ်က္အလက္မ်ား ပါဝင္ေသာ္လည္း ေဟာ္ယြန္ခ်န္းက သူ၏ဆိုလိုရင္းကို နားလည္သည္။

“ကြၽန္ေတာ္ ယြမ့္ယြီကို အုပ္ထိန္းပိုင္ခြင့္ရခ်င္တယ္။ ေနာက္ၿပီး သူမနဲ႕ ကြၽန္ေတာ္တို႔ရဲ႕ ဆက္ဆံေရးကိုလည္း ျဖတ္ေတာက္ခ်င္တယ္”

ယြမ့္ထန္းကလည္း လက္သီးကို တင္းၾကပ္စြာဆုပ္သည္။

“ေကာင္းၿပီ ကိုယ္ ကိုင္တြယ္ေပးမယ္”

ေဟာ္ယြန္ခ်န္းကလည္း တက္ႂကြစြာ ေျဖေပးသည္။

ထိုအမ်ိဳးသမီးက အေမတစ္ေယာက္အေနႏွင့္ ဝတၱရားမ်ားကို မေက်ပြန္ခဲ့ေပ။ သူတို႔၏ မိခင္ျဖစ္ရန္မတန္ေပ။

“ေက်းဇူးတင္ပါတယ္”

“ကိုယ့္ကို ယဥ္ေက်းေနဖို႔မလိုဘူး”

ယြမ့္ထန္း၏ မ်က္ဝန္းတြင္ ေဖ်ာ့ေတာ့ေသာ အၿပဳံးက ေပၚလာသည္။ သူ၏ အၾကည့္က တစ္ဖက္သူ၏ ရင္ဘတ္မွ ဝင္ေရာက္ခြင့္ကတ္ျပားကို ျမင္ခ်ိန္တြင္ မေနနိုင္ပဲ သိခ်င္စိတ္ ျပင္းျပလာကာ ေမးမိသည္။

“ခ်န္းေကာ ဘယ္လိုမ်ား ဝင္ခဲ့တာလဲ”

ေဟာ္ယြန္ခ်န္း၏ ႏႈတ္ခမ္းမ်ားက ေကာ့တက္သြားေသာ္လည္း မေျဖေပ။
သူက ေျပာသည္။

“လူလဲရေအာင္”

ယြမ့္ထန္းကလည္း ဆက္မေမးေတာပဲ ေခါင္းသာ ညိတ္လိုက္သည္။

ေဟာ္ယြန္ခ်န္းက ကေလး၏လက္ထဲမွ ယြမ့္ထန္း၏ အဝတ္စကို ညင္သာစြာ ဆြဲထုတ္ၿပီးေနာက္တြင္ သူ၏ အဝတ္ျဖင့္ အစားထိုးကာ ယြမ့္ထန္းႏွင့္ ေနရာလဲလိုက္သည္။ ထို႔ေနာက္သူက ကုတင္ေဘးတြင္ထိုင္ၿပီး ကေလးကိုသာ စိုက္ၾကည့္လိုက္သည္။

“ခ်န္းေကာ ေရွာင္ယြီက တစ္ခုခု ေမးလာရင္ ကြၽန္ေတာ္ကို ခ်က္ခ်င္း ဆက္သြယ္လိုက္ပါ”

“ေကာင္းၿပီ”

သူ ထြက္သြားၿပီးေနာက္တြင္ အျပင္တြင္ ေစာင့္ေနသည့္ ဝမ္ခြန္းက အနားသို႔ ခ်က္ခ်င္းေလွ်ာက္လာသည္။

“လူႀကီးမင္းယြမ့္ ကြၽန္ေတာ္လိုက္ခဲ့မယ္”

“ေက်းဇူးတင္ပါတယ္”

ယြမ့္ထန္းကလည္း ယဥ္ေက်းစြာ ညင္းမေနေတာ့ေခ်။ သူက ဝမ္ခြန္း၏ အေနာက္မွ လိုက္သြားလိုက္သည္။

အျပင္ဘက္မွ သူနာျပဳက ႐ုတ္တရက္ ထြက္လာသည့္သူ႕ကို ျမင္ေသာအခါ ႐ုတ္တရက္ ခ်က္ခ်င္း ေမးသည္။

“လူႀကီးမင္းယြမ့္ ဘယ္သြားမလို႔လဲ”

သူမ၏ မ်က္ဝန္းထဲမွ စိုးရိမ္မႈကို သတိထားမိေသာအခါ သူက ခိုင္ရွင္းနည္းတူ ထြက္သြားျခင္းျဖစ္မည္ဟု ေတြးေတာမိသြားျခင္းျဖစ္ေလာက္ေလသည္။ သူက ပိုက္ဆံေပးလိုက္ၿပီးသည္ႏွင့္ ထြက္သြားျခင္း ျဖစ္သည္ဟု ထင္သြားေလာက္ေလရာ ခ်က္ခ်င္း ရွင္းျပလိုက္သည္။

“ကြၽန္ေတာ္ ယြမ့္ယြီအတြက္ စြပ္ျပဳတ္သြားလုပ္မလို႔ပါ။ ကြၽန္ေတာ္ ခဏေန ျပန္လာခဲ့မယ္”

“စြပ္ျပဳတ္ဟုတ္လား”
သူနာျပဳက သံသယဝင္ေနေသးသည္။

“ရွင္က သဘာဝထုတ္ကုန္ေတြနဲ႕ စြပ္ျပဳတ္လုပ္မလို႔လား၊ ရွင္က စားဖိုမႉးလား”

ၿဂိဳလ္နံပါတ္ဆယ့္ကိုးက ေခါင္ေသာ္လည္း သဘာဝထြက္ကုန္မ်ားကို ဒီေနရာတြင္ ေရာင္းခ်ကတည္းက သဘာဝထြက္ကုန္မ်ားအေၾကာင္း သိထားသူမ်ားရွိေလသည္။ သို႔ေသာ္ သူတို႔က အရသာမခံဖူးၾကေခ်။ ထို႔ေၾကာင့္ စားဖိုမႉးဆိုသည္မွာ သူမ သိထားသည့္ အလုပ္အကိုင္မ်ားထဲမွ တစ္ခုသာလွ်င္ ျဖစ္ေနေလသည္။

“အဲဒီလို ေျပာလို႔ရပါတယ္”
ယြမ့္ထန္းက ၿပဳံးသည္။

“ေကာင္းၿပီ ဒါဆိုရင္ ျမန္ျမန္ေတာ့ ျပန္လာခဲ့ပါ”
သူနာျပဳကလည္း သူ၏ ဟင္းခ်က္လက္ရာအေပၚ ယုံၾကည္ခ်က္မရွိေခ်။ ဒီအတိုင္း ယြမ့္ယြီမနိုးခင္သာ ျပန္လည္နိုင္ရန္ ေမွ်ာ္လင့္ေလသည္။

“ကြၽန္ေတာ္ နားလည္ပါတယ္”

ဝမ္ခြန္းက ကားကို ေမာင္းေပးၿပီး သူ၏ ငွားရမ္းထားသည့္ အိမ္သို႔ ေခၚသြားေပသည္။ ထိုအခ်ိန္တြင္ပင္ အျပင္ဘက္တြင္ ေစာင့္ေနသည့္ ဉာဏ္ရည္ျမင့္စက္႐ုပ္ကို ျမင္လိုက္ရေပသည္။ စက္႐ုပ္၏ ေျခေထာက္နားတြင္လည္း ႀကီးမားသည့္ ေသတၱာႀကီးကို ထားထားသည္။ ယြဲ႕ထန္းက ပစၥည္းလက္ခံယူၿပီး လက္မွတ္ထိုးၿပီးေနာက္တြင္ ဝမ္ခြန္းက ကူညီကာ အထဲသို႔ ေ႐ႊ႕ေပးသည္။ ထိုအိမ္ကို ဒီေန႕တြင္မွ အသစ္ေဆာက္ထားျခင္းျဖစ္ၿပီး မီးဖိုေခ်ာင္ကလည္း သီးသန႔္ထင္ရွားစြာ ပါရွိေလသည္။ ယြမ့္ထန္းက ပါဝင္ပစၥည္းမ်ား အားလုံးကို ဘူးထဲမွ ထုတ္ၿပီးေနာက္တြင္ မီးဖိုေခ်ာင္တစ္ခုလုံးက ျပည့္လုနီးပါး ျဖစ္သြားေလသည္။

ယြမ့္ထန္းက ခ်က္ျပဳတ္မည္ဆိုကတည္းက ဒီေနရာတြင္ တိုက္ရိုက္ထုတ္လႊင့္ခ်င္သည္။ သို႔ေသာ္ ယခုအခါ သူ၏ ညီငယ္ျဖစ္သူ၏ အေျခအေနေၾကာင့္ တိုက္ရိုက္ထုတ္လႊင့္ရန္ စိတ္မပါေနခဲ့သည့္အတြက္ ေဝ့ေပၚတြင္သာ ပို႔စ္တင္လ်က္ သူ၏ အေျခအေနမ်ားကို အထိုင္မက်ေသးသည့္အတြက္ ေနာက္ထပ္တစ္ရက္ အနားယူရမည္ျဖစ္ေၾကာင္း ေျပာလိုက္ေလသည္။ ၾကည့္ရႈသူမ်ားကမူ အလြန္အမင္း နားလည္မႈရွိၾကသည့္အတြက္ ေကာင္းေကာင္းနားၿပီး ကို႔ယ္ကိုယ္ကိုယ္သာ ေစာင့္ေရွာက္ရန္ ေျပာထားသည့္အတြက္ ယြမ့္ထန္းက အလြန္အမင္း စိတ္လႈပ္ရွားသြားရျပန္သည္။
သူက တတ္နိုင္သမွ် ျမန္ျမန္ျပန္သြားရမည္ျဖစ္ေသာေၾကာင့္ ထမင္းျဖဴတစ္အိုးကို ခပ္ျမန္ျမန္တည္လိုက္ၿပီး ပါဝင္ပစၥည္းမ်ားအားလုံးကို ႏွစ္ဆအရွိန္ႏႈန္းျဖင့္ ကိုင္တြယ္လိုက္သည္။

အလင္းဦးေႏွာက္ကို အသုံးျပဳကာ သတင္းအခ်က္အလက္ စုေဆာင္းေနေသာ ဝမ္ခြန္းက အနံ႕ရကာ မေနနိုင္ေတာ့ေလပဲ တံေတြးမ်ိဳခ်မိေနသည္။ သူက အနားယူထားသည္မွာ ၾကာလွေခ်ၿပီ။ သူႏွင့္ ညီအစ္ကိုမ်ားက အလုပ္အသီးသီး ယူထားၿပီး စီးပြားေရးကိစၥမ်ားကို ကိုင္တြယ္ေနခဲ့ၾကသည္။ ထို႔ေၾကာင့္ တိုက္ရိုက္ထုတ္လႊင့္မႈမ်ားကို ၾကည့္ရႈရန္ အခ်ိန္မရွိခဲ့ေခ်။ ယြမ့္ထန္းက အစားအေသာက္ တင္ဆက္သူတစ္ေယာက္ျဖစ္ၿပီး ၾကယ္ေလးပြင့္အသိအမွတ္ျပဳ တံဆိပ္ရထားသည့္တိုင္ေအာင္ ထိုကိစၥမ်ားမွ အာ႐ုံမစိုက္နိုင္ခဲ့ေခ်။ ယခုအခါ ထိုမွ် ေမႊးပ်ံ့ေသာ အနံ႕ကို ရမွသာလွ်င္ ယြမ့္ထန္း၏ လက္ရာက မည္မွ်ေျပာင္ေျမာက္ေၾကာင္း သိလိုက္ရေလသည္။

“ဦးေလးခြန္း ဦးေလးလည္း တစ္ေန႕လုံး အလုပ္မ်ားေနေတာ့ ဗိုက္ဆာေနမွာပဲ။ ကြၽန္ေတာ္ ဦးေလးအတြက္ အရင္ဆုံး ယူလာေပးလိုက္မယ္၊ ဦးေလး အခုပဲ စားလိုက္ပါ။ စြပ္ျပဳတ္က နည္းနည္းပိုၿပီး ခ်က္ရဦးမယ္”

ဝမ္ခြန္း၏ ပုံရိပ္က မီးဖိုေခ်ာင္တံခါးဝတြင္ ေပၚထြက္လာေၾကာင္း ျမင္လိုက္သည္ႏွင့္ ယြမ့္ထန္းက ေျပာလိုက္သည္။

“ေကာင္းၿပီ”

ထိုမွ် ေမႊးပ်ံ့ေသာ ရနံ႕မ်ား၏ လႊမ္းၿခဳံခံရၿပီးေနာက္တြင္ ဝမ္ခြန္းက မျငင္းဆန္ေတာ့‌ေခ်။
သူက အသိဝင္လာခ်ိန္တြင္ စားပြဲေပၚတြင္ ဟင္းလ်ာႏွစ္ခြက္ ထမင္းတစ္ပန္းကန္ႏွင့္အတူ ထိုင္ေနေလၿပီ။ တစ္ခြက္က ၾကက္သြန္မိတ္ႏွင့္ ၾကက္သားေရာခ်က္ထားျခင္းျဖစ္ၿပီး ၾကက္သြန္မိတ္မ်ားႏွင့္ ပူေႏြေနသည့္ဆီမ်ားက ၾကက္သားကို လႊမ္းၿခဳံေနသည္။ ၾကက္သား၏ အသားကလည္း ႏူးညံ့ေခ်ာေမြ႕ေနကာ အရသာကလည္း အလြန္ေကာင္းသည္။ ၾကက္သြန္မိတ္မွ အနံ႕က ေမႊးပ်ံ့လြန္းကာ ၾကက္သား၏ အနံ႕ႏွင့္ လိမ္ယွက္ေနသည္။ အျခားေသာ ဟင္းတစ္ခြက္ကမူ အာလူးခ်ဥ္စပ္ဟင္းလ်ာျဖစ္သည္။ သာမန္ဟင္းႏွင့္သာ တူေနသည့္တိုင္ေအာင္ အစပ္ဓာတ္ကလည္း ကဲၿပီး အရသာကလည္း ေကာင္းသည္။ လူအမ်ားစု၏ ပါးစပ္ကို သြားေရက်ရလုမတတ္ ျဖစ္သြားေစသည္။ ထမင္းႏွင့္ အလြန္သင့္ေတာ္သည္။ ထမင္းေပါင္းအိုးထဲမွ ထမင္းတစ္ေစ့ခ်င္းစီတိုင္းက ေတာက္ပကာ ႀကီးမားေနၿပီး ေဖာက္ထြင္းးျမင္ရမတတ္ ၾကည္လင္ေနေလသည္။ ထို႔အျပင္ ဝါးစားလိုက္လွ်င္လည္း အလြန္အမင္းႏူးညံ့ကာ စား၍ ေကာင္းေနေလသည္။ ထမင္းတစ္စြန္းအျပည့္ႏွင့္ ဟင္းႏွင့္ ေပါင္းစားလိုက္ေသာ္ အလြန္အမင္း အရသာရွိၿပီး စားေသာက္ျခင္းကိုပင္ မရပ္တန႔္နိုင္ေတာ့ေခ်။ သူပင္ သတိမထားမိခင္မွာတင္ အားလုံးက ေျပာင္သြားၿပီျဖစ္သည္။

“စိတ္မေကာင္းပါဘူး၊ ငါအကုန္စားလိုက္မိၿပီ”

ေနာက္မွသာ ဝမ္ခြန္းက သူ အားလုံးကို အေျပာင္ မစားသင့္ေၾကာင္း သတိရသြားသည္။

“အဆင္ေျပပါတယ္၊ ဒါက ဦးေလးခြန္းအတြက္ပါပဲ။ ကြၽန္ေတာ္ ကြၽန္ေတာ့္အတြက္နဲ႕ ခ်န္းေကာအတြက္ကို ထုတ္ပိုးၿပီးသားပါ”

ယြမ့္ထန္းက စားပြဲေပၚတြင္ တင္ထားေသာ ဘူးႏွစ္ဘူးကို ျပသည္။

“ဦးေလးခြန္း ဗိုက္ဝသြားရဲ႕လား၊ နည္းနည္း ထပ္လိုခ်င္ေသးလား”

“မလိုေတာ့ပါဘူး မလိုေတာ့ပါဘူး”
ဝမ္ခြန္းက ရွက္႐ြံ႕စြာျဖင့္ ျငင္းဆန္လိုက္သည္။

ယြမ့္ထန္းကလည္း သူ႕အား ဖိအားမေပးပဲ မီးဖိုေခ်ာင္ထဲသို႔ ျပန္သြားကာ မီးဖိုေပၚမွာ ၾကက္စြပ္ျပဳတ္အိုးထံသို႔ အာ႐ုံစိုက္သြားသည္။ ယြမ့္ယြီ၏ ခႏၶာကိုယ္က အားနည္းေနျခင္းကို ဆင္ျခင္သုံးသပ္လ်က္ သူက အရာအားလုံးကို ႏူးညံ့ေနေအာင္ျပင္ဆင္ထားေလသည္။ ၾကက္သားက ေကာင္းေကာင္းႏွပ္ထားၿပီး အႏူးညံ့ဆုံးျဖစ္ရန္ လိုအပ္ေလသည္။ သို႔ေသာ္ ႏွစ္နာရီခန႔္ ၾကာၿပီးေနာက္တြင္ ယြမ့္ထန္းက ေဆး႐ုံခန္းထဲသို႔ ဘူးမ်ားအသီးသီးႏွင့္အတူ ျပန္ေရာက္လာသည္။ ယြမ့္ယြီက တစ္ဖန္နိုးလာေလၿပီ။ သူ၏အစ္ကိုက ေပ်ာက္သြားျခင္းကို ရွာေတြ႕သည့္အခါ သူ၏ မ်က္လုံးတြင္ မ်က္ရည္မ်ားက ျပည့္ႏွက္လာေတာ့သည္။ ေဟာ္ယြန္ခ်န္းက အေကာင္းဆုံးႀကိဳးစားကာ အခ်ိန္အတန္ၾကာ ႏွစ္သိမ့္လိုက္ရသည္။ သူ႕တြင္လည္း ေ႐ြးစရာ မရွိေနပဲ စတားနက္​ေဝါ့ေပၚမွ ယြမ့္ထန္း၏ ပုံမ်ားကို ထုတ္ကာ ယြမ့္ယြီကို တစ္ပုံခ်င္းျပရသည္။

ဖန္သားျပင္မွ ေတာက္ပကာ ေခ်ာေမာလြန္းသည့္ အစ္ကိုျဖစ္သူကို ျမင္ခ်ိန္မွသာ ယြမ့္ယြီ၏ မ်က္ရည္မ်ားက ရပ္တန႔္သြားေတာ့ကာ မ်က္ေတာင္တဖ်က္ဖ်က္ခတ္သည္။ သူ၏ အမူအယာက အလြန္အမင္း ေပ်ာ္႐ႊင္ကာ လြမ္းဆြတ္မႈ တမ္းတလြန္းသည့္ အမူအယာမ်ိဳး ျဖစ္လာေလသည္။

“အစ္ကိုက အရမ္းလွတာပဲ”

ေဟာ္ယြန္ခ်န္း အေနႏွင့္လည္း ရွန္းရွီအလွဖန္းတီးမႈဆိုေသာ ယြမ့္ထန္း၏ ပရိတ္သတ္မ်ားမွ ျပင္ဆင္မႈမ်ား လုပ္ထားသည့္ ယြမ့္ထန္း၏ သီးသန႔္ပုံမ်ားကို ျမင္ဖူးျခင္းျဖစ္သည္။ ထိုစကားကို ၾကားခ်ိန္တြင္ သူကလည္ တံေတြးမ်ိဳခ်လိဳက္ကာ တည္ၿငိမ္စြာေျပာသည္။

“ဒါေပါ့ လွတာေပါ့”

လူႀကီးႏွင့္ လူငယ္ေလးတို႔ ႏွစ္ေယာက္ေပါင္းကာ ယြမ့္ထန္းကို အခ်င္းခ်င္း တစ္ခြန္းၿပီးတစ္ခြန္း ေျပာကာ ခ်ီးက်ဴးေနၾကၿပီး အခ်င္းခ်င္း ရင္းႏွီးမႈ ရရွိသြားၾကသည္။ ယြမ့္ထန္းက တံခါးဖြင့္ကာ ဝင္လာေသာအခါ ယြမ့္ယြီက ခ်က္ခ်င္းလိုလို သူ႕ကို ၾကည့္လိုက္ၿပီး ေပ်ာ္႐ႊင္စြာေအာ္လာသည္။

“အစ္ကို”

ယြမ့္ယြီက ခပ္က်ယ္က်ယ္ စကားမေျပာနိုင္ေသးေခ်။ သူ၏ အသံ‌ေလးက အသံထြက္႐ုံမွ်သာ ထြက္လာျခင္းျဖစ္သည္။ ယြမ့္ယြီ၏ ကုတင္ေဘးသို႔ ခပ္ျမန္ျမန္ေလွ်ာက္လာၿပီး ကုတင္ေဘးတြင္ လာထိုင္ခ်သည္။ ထို႔ေနာက္ အိပ္ယာကို ေခါင္းပိုင္းေနရာကို ျမႇင့္လိုက္ၿပီးေနာက္တြင္ သူယူလာသည့္ ၾကက္စြပ္ျပဳတ္ ထည့္ထားေသာ ဘူးေလးကို ဖြင့္ၿပီးေနာက္ အထဲမွ အိုးငယ္ေလးကို ၾကည့္ကာ တစ္စြန္းအျပည့္ခပ္လိုက္သည္။ သူက ေအးသြားသည္အထိ မႈတ္ၿပီးေနာက္တြင္ ယြမ့္ယြီကို တိုက္သည္။

“ခ်န္းေကာ အျပင္ထြက္ၿပီး အရင္စားႏွင့္ပါ။ ကြၽန္ေတာ္ ၾကည့္ထားလိုက္မယ္”

ေဟာ္ယြန္ခ်န္းက ေခါင္းညိတ္သည္။ သူက အျခားေသာ မုန႔္ဘူးကိုယူၿပီးေနာက္ အျပင္သို႔ ထြက္သြားသည္။ အျပင္ဘက္ ေကာ္ရစ္တာတြင္လည္း ထိုင္ခုံမ်ား ရွိေနသည္။ သူက တစ္ခုံကို ယူထိုင္ခ်လိဳက္ကာ အဖုံးကို ဖြင့္လိုက္သည္ႏွင့္ ေမႊးပ်ံ့ေသာ ရနံ႕မ်ားက ျပန႔္လြင့္ထြက္လာေတာ့သည္။ ဝမ္ခြန္းက ဗိုက္အျပည့္စားထားၿပီးသည့္တိုင္ေအာင္ အနံ႕ကိုရသည္ႏွင့္ သူ၏ ဗိုက္က ဆာေလာင္လာသလို ခံစားလိုက္ရသည္။ သူက အၾကည့္ကို လႊဲၿပီး အျခားတစ္ဖက္သို႔သာ ၾကည့္ေတာ့သည္။ ေဟာ္ယြန္ခ်န္းရွိရာဘက္သို႔ မၾကည့္ရဲေတာ့ေခ်။

သူက ထိုသို႔ထိန္းနိုင္ေသာ္လည္း အျခားသူမ်ားက မထိန္းနိုင္ေခ်။ ထိုမွ် ဆြဲေဆာင္မႈျပင္းသည့္ အနံ႕ကို ရကတည္းက ေဆး႐ုံမွဝန္ထမ္းမ်ားႏွင့္ အျခားေသာ လူနာမ်ားအားလုံးကလည္း အနံ႕အရင္းျမစ္ထံသို႔ ၾကည့္ၾကေတာ့ေလသည္။
အခ်ိန္တစ္ခုၾကာသည္အထိ ေလွ်ာက္လမ္းတြင္ မနာလိုေသာ အၾကည့္စိမ္းႀကီးမ်ားက ေရာက္ေနေလသည္။ ေဟာ္ယြန္ခ်န္းကလည္း အေဝးမွပင္ ေရာက္လာေနသည္။ ထိုကဲ့သို႔ ပူေလာင္ျပင္းထန္သည့္ အၾကည့္မ်ားကို ခံစားမိလိုက္သည္။

ေဟာ္ယြန္ခ်န္း “…”



Continue Reading

You'll Also Like

187K 19.2K 115
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ - แ€…แ€ฝแ€ฒแ€Šแ€ญแ€ฏแ€ทแ€กแ€žแ€„แ€บแ€ธ
3.5M 217K 52
แ€แ€แ€นแ€แ€ฌ แ€†แ€ญแ€ฏแ€แ€ฒแ€ทแ€แ€ฑแ€ฌแ€›แ€ญแ€ฏแ€„แ€บแ€ธแ€•แ€”แ€บแ€ธแ€œแ€ฑแ€ธแ€›แ€ฒแ€ทแ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธ แ€แ€แ€นแ€แ€ฌแ€€ แ€™แ€ญแ€”แ€บแ€ธแ€™แ€™แ€Ÿแ€ฏแ€แ€บแ€˜แ€ฐแ€ธ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ทแ€กแ€œแ€พ แ€€แ€ผแ€ญแ€ฏแ€€แ€บแ€แ€šแ€บ แ€แ€แ€นแ€แ€ฌแ€€ แ€…แ€ฌแ€™แ€แ€แ€บแ€•แ€ซแ€˜แ€ฐแ€ธ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ท แ€กแ€€แ€ญแ€ฏแ€œแ€ฑแ€ธแ€€แ€ญแ€ฏแ€แ€ฑแ€ฌแ€ทแ€กแ€›แ€™แ€บแ€ธแ€แ€ปแ€…แ€บแ€แ€šแ€บ
373K 36.9K 114
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ - แ€…แ€ฝแ€ฒแ€Šแ€ญแ€ฏแ€ทแ€กแ€žแ€„แ€บแ€ธ แ€›แ€ญแ€ฏแ€›แ€ญแ€ฏแ€แ€ปแ€ญแ€ฏแ€แ€ปแ€ญแ€ฏแ€”แ€ฒแ€ท แ€™แ€แ€ซแ€ธแ€แ€ฌแ€œแ€ฑแ€ธ แ€–แ€แ€บแ€แ€ปแ€„แ€บแ€›แ€„แ€บ แ€œแ€ฌแ€”แ€ฑแ€ฌแ€บ
1M 54.1K 46
แ€กแ€™แ€ญแ€”แ€นแ‚”แ€…แ€Šแ€นแ€ธ+แ€žแ€แ€ผแ€•แ€นแ‚แ€ญแ€ฏแ€ธ ( แ‚แ€ฝแ€„แ€นแ€™แ‚ˆแ€”แ€นแ€ธแ€”แ€ถแ‚”แ€žแ€ฌ) แ€กแ€™แ€ญแ€”แ€ทแ€บแ€…แ€Šแ€บแ€ธ+แ€žแ€แ€ฝแ€•แ€บแ€›แ€ญแ€ฏแ€ธ ( แ€›แ€พแ€„แ€บแ€™แ€พแ€ฏแ€”แ€บแ€ธแ€”แ€ถแ€ทแ€žแ€ฌ) แ€แ€ผแ€„แ€นแ€ทแ€ปแ€•แ€ณแ€แ€บแ€€แ€นแ€™แ€›แ€•แ€ฒ แ€„แ€ซแ€ทแ€กแ€”แ€ฌแ€ธแ€€แ€‘แ€ผแ€€แ€นแ€แ€ผแ€ฌแ€แ€ผแ€„แ€นแ€ทแ€™แ€ปแ€•แ€ณแ€”แ€ญแ€„แ€นแ€˜แ€ฐแ€ธ แ€กแ€žแ€€แ€นแ€”แ€ฒแ‚”แ€แ‚แถแ€ฌแ€แ€Šแ€นแ€ปแ€™แ€ฒแ€ฑแ€”แ€ž...