แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...

By PannKhattWaiio

368K 58K 2.5K

fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More

แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰

แ†แˆ

1.5K 283 2
By PannKhattWaiio

အပိုင်း (၆၈)

“သူ့ရဲ့အခြေအနေက ဆိုးနေပြီးသား၊ ခွဲစိတ်ဖို့ကလွဲပြီး အခြားနည်းလမ်း မရှိတော့ဘူး”

ယွမ့်ထန်းကလည်း ယွမ့်ယွီ၏ နာမည်ကို ထည့်ပြောကြောင်း ခံစားရသည်နှင့် အသံလာရာဘက်သို့ ချက်ချင်း အပြေးသွားသည်။ ထိုအခါ အဖြူရောင်ဝတ်စုံဝတ်ထားသည့် ဆရာဝန်နှင့် အစိမ်းဖျော့ရောင် ဝတ်စုံများ ဝတ်ဆင်ထားကြသည့် ဆေးပညာဝန်းထမ်းများက အခန်းတံခါးဝတွင် စုစည်းနေကြောင်း မြင်လိုက်ရသည်။ သူတို့က အလွန်ဒေါသထွက်ပြီး စိုးရိမ်နေဟန်ရသည်။
“ငါတို့ ဒီအတိုင်း ဆက်လုပ်လို့ မရဘူး၊ အခု ယွမ့်ယွီအမေနဲ့တောင် ဆက်သွယ်လို့မရသေးဘူး”
အစိမ်းဖျော့ရောင်ဝတ်စုံများ ဝတ်ဆင်ထားသော လူများထဲမှ တစ်ယောက်က မနေနိုင်ပဲ ကျိန်ဆဲသည်။

“ဒါက သူ့သားအရင်းဟုတ်ရဲ့လား၊ ဒီလောက်ဆိုးရွားတဲ့အမေမျိုးနဲ့ ငါ တစ်ခါမှ မတွေ့ဖူးဘူး”

ထိုအချိန်တွင် ဆရာဝန်က မနေနိုင်ပဲ သက်ပြင်းချသည်။

“မေ့လိုက်‌တော့ အရင်ဆုံး အရေးပေါ် စမ်းသပ်ကုသမှုတွေပဲ ပြင်ဆင်လိုက်ရအောင်။ ငါကိုယ်စား ပေးထားပေးမယ်။ နောက်ပြီးမှပဲ အဲဒီမိန်းမဆီက ပြန်တောင်းလိုက်တော့မယ်”

သူတို့အားလုံးက လျင်မြန်စွာဖြင့် ဆုံးဖြတ်ချက် ချပြီးနောက်တွင် အခန်းထံသို့ ဦးတည်သွားသည်။ ယွမ့်ထန်းက အလျင်စလို ပြေးသွားပြီးနောက် ဆရာဝန်ကို လှမ်းအော်သည်။

“ဆရာ ကျွန်တော်က ယွမ့်ယွီရဲ့ အစ်ကိုကြီးပါ၊ သူ့ရဲ့အခြေအနေက ဘယ်လိုရှိလဲ”

တံခါးဝက ပွင့်သွားပြီးနောက်တွင် အိပ်ယာပေါ်တွင် လှဲနေသည့် ကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ ဝေ့ကျိုး၏ ပုံများနည်းတူ သူက ယွမ့်ထန်းနှင့် ရုပ်ရည်တူသော်လည်း ပို၍ပင် ဖျော့တော့ကာ ပို၍ ပိန်နေပြီး အရေပြားနှင့် အရိုးများ ပေါ်သည်အထိ ဖြစ်နေသည်။ သူ၏ တစ်ကိုယ်လုံးကို ပတ်တီးများဖြင့် လွှမ်းခြုံထားကာ ပါးကလည်း ယောင်ကိုင်းနေသည်။ သူက ဆယ့်နှစ်နှစ်သားးပင် ရှိလောက်သော်လည်း အလွန်အမင်း သေးကွေးလွန်းသည်။ ခုနှစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးထက်ပင် ကြီးမားခြင်း မရှိပေ။

သူ၏ ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါအခြေအနေကို တိုင်းထွာထားသော အချက်အလက်များက အိပ်ယာဘေးတွင် ရှိနေလေပြီး အားလုံးက အံ့အားသင့်စရာကောင်းလောက်အောင် အလွန်နိမ့်ကာ မတည်ငြိမ်ပြီး သာမန်ထက် အနည်းငယ်ပင် နိမ့်နေသေးပေသည်။

အခြေအနေက အလွန်အရေးကြီးနေပြီး သူတို့က ငြိမ်ငြိမ်ထိုင်ကာ စကားမပြောနိုင်တော့ချေ။ ထို့ကြောင့် ဆရာဝန်က မီးသတ်သမားတစ်ယောက် တိုက်ခိုက်တော့မလိုမျိုး အရေးပေါ် အခြေအနေအတွက် တိုက်ပွဲဝင် ရန် အသင့်ပြင်ဆင်လိုက်ပြီး အနောက်မှလူကို အချက်ပြကာ ပြင်ဆင်စေသည်။

“မြန်မြန် လူနာကို အရေးပေါ်အခန်းထဲပို့”

ယွမ့်ယွီက အသိစိတ်မဲ့နေလေပြီ။ သူ၏ မျက်မှောင်ကသာ ဆက်တိုက် ကြုတ်နေခဲ့ပြီး လူအများကို ပို၍ပင် စိတ်ဓာတ်ကျစေလေသည်။
သူနာပြုများအားလုံးက လျင်မြန်စွာဖြင့် လှုပ်ရှားကြကာ ယွမ့်ယွီကို တွန်းလှဲကုတင်ပေါ်သို့ တင်ကြပြီးနောက် လျင်မြန်စွာပင် အရေးပေါ်အခန်းထံသို့ ပို့သည်။ ယွမ့်ထန်းကလည်း နောက်မှ လိုက်သွားပြီး စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်နေတော့သည်။ သူက ပိတ်သွားသော အရေးပေါ်အခန်းတံခါးကို ကူကယ်ရာမဲ့စွာ ကြည့်လျက် နံရံကို လက်သီးဖြင့် ထိုးလိုက်သည်။ သူ၏ မျက်လုံးများကမူ နီရဲနေလေပြီ။

ဟော်ယွန်ချန်းက သူ၏လက်ကို ယူပြီး သူ၏ လက်ဖြင့်ဖမ်းဆုပ်လိုက်ကာ ယွမ့်ထန်းကို ဖက်လျက် ကျောပြင်ကို အသာအယာ ပုတ်ပေးသည်။
“အဆင်ပြေပါတယ်၊ အဆင်ပြေသွားမှာပါ”
သူ၏ နှစ်သိမ့်ပေးမှုကြောင့် ယွမ့်ထန်း၏ ခံစားချက်များက ငြိမ်သက်သွားသည်။ သူက အခန်းအပြင်ဘက်မှ အနီရောင်အလင်းကို ကြည့်ပြီးနောက်တွင် အသက်ပြင်းပြင်းရှူကာ ပြောသည်။

“ယွမ့်ယွီသာ တစ်ခုခု ဖြစ်သွားရင် ခိုင်ရှင်းကို လုံးဝအလွတ်မပေးဘူး”

“ကိုယ်လည်း မင်းနဲ့အတူ ရှိမယ်”

နှစ်ယောက်ကြားတွင် တိတ်ဆိတ်မှုက ကြီးစိုးလာသည်။ အနည်းငယ် ခပ်တင်းတင်း အကိုင်ခံထားရသည့် ယွမ့်ထန်း၏ လက်မှတဆင့် နှစ်သိမ့်မှုကို ခံစားရသလိုမျိုး သူက အားအင်ရှိလာသည်။
အချိန်များက ကျော်ဖြတ်ကုန်လွန်နေချိန်တွင် ွမ့်ထန်းကလည်း ဆက်၍ မစောင့်နိုင်တော့ပဲ အနီရောင်အလင်းကိုသသာ ကြည့်လိုက်သည်။ ထိုအချိန်တွင် အလင်းက ရုတ်တရက် မှိန်သွားကာ ဆရာဝန်က ထွက်လာသည်။ သူက မက်စ်ကို ချွတ်ပြီးနောက်တွင် ယွမ့်ထန်းကိုကြည့်ပြီး မျက်မှောင်ကြုတ်သည်။

“မင်းက ယွမ့်ယွီရဲ့ အစ်ကိုလို့ ပြောထားတယ်မဟုတ်လား”

သူကယွမ့်ထန်းကို အနီးကပ်စစ်ဆေးကြည့်သည်။ မည်သို့ပင်ဆိုစေ ဂြိုလ်နံပါတ်ဆယ့်ကိုးက အလွန်ခေါင်သောကြောင့် စီးပွားရေးနှင့် အခြားသော နယ်ပယ်အဆင့်ဆင့်ကလည်း မတိုးတက်သေးချေ။ လူအများစုက ဈေးကြီးသော အလင်းဦးနှောက်များကို ဝယ်ရန်မတတ်နိုင်ကြသည့်အတွက် ဒီနေရာတွင်ရှိသော အဟောင်းဆုံး ဆက်သွယ်ရေးစက်များကိုသာ မြင်ရလေရာ သတင်းက ဒီနေရာသို့ ရောက်လာရန်ခက်ခဲလေသည်။ ထို့ကြောင့် သူတို့အနေဖြင့် စတားနက်​ဝေါ့ပေါ်မှ အခြေအနေများကို မသိခြင်းလည်း ဖြစ်သည်။

“ဟုတ်ပါတယ်၊ ကျွန်တော်ပါ”

သူက သူ ယခုလေးတင် ရလာသော အသိအမှတ်ပြုလက်မှတ်ပါ စာရွက်ကို ပြလိုက်သည်။

ဒေါက်တာထန်းက မျက်မှောင်ကြုတ်ပြီးနောက်တွင် စာရွက်ပါအချက်အလက်များကို အသေးစိတ်ကြည့်ပြီးမှသာလျှင် အရာအားလုံးက မှန်ကန်ကြောင်း သိရမှသာ နှာခေါင်းရှုံ့တော့သည်။

“ဟန့် ဆိုတော့ မင်းက သူ့ရဲ့အစ်ကိုဖြစ်နေတာပဲ။ ဒီလောက်နှစ်တွေ အကြာကြီး သူ့ဆီကို တစ်ခါမှ လာမလည်ခဲ့ဘူး၊ ဟန့် ဘယ်ကောင်က ဒီလောက်အထိ ဈေးပေါတာလဲ”
သူနာပြုတစ်ယောက်က မနေနိုင်ဘဲ ခပ်တိုးတိုး ပြောသည်။

ထိုသူနာပြုက အသံတိုးထားသည့်တိုင်အောင် သူက ယွမ့်ထန်းနှင့် အလွန်နီးကပ်စွာ ရပ်နေသေးသောကြောင့် သဘာဝတကျပင် သူကလည်း ကြားသည်။ သို့သော် သူက သူ့ကိုယ်သူရှင်းပြရန် အချိန်မရှိချေ။ သူက ယွမ့်ယွီ၏ အခြေအနေကို ပို၍ စိုးရိမ်နေသည်။

“ဆရာဝန် ကျွန်တော့်ညီရဲ့ အခြေအနေက ဘယ်လိုနေလဲ၊ ကျွန်တော်ကြည့်လို့ရလား”

ဆရာဝန်က အေးစက်စွာပြောသည်။

“ငါနဲ့လိုက်ခဲ့ပါ”

ယွမ့်ထန်းကလည်း အလျင်စလို နောက်မှလိုက်သွားပြီး အရေးပေါ်အခန်းထဲသို့ ဝင်သည်။ သူက ပိုးသတ်ပြီးသား ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ပြီးမှသာလျှင် ခွဲခန်းကုတင်အနီးသို့ ချဉ်းကပ်သွားနိုင်သည်။ သို့သော် အရေးပေါ်ခန်းကို ဆွေးမျိုးကသာလျှင် ဝင်ရောက်နိုင်သည့်အတွက် ဟော်ယွန်ချန်းနှင့် ဝမ်ခွန်းတို့က အပြင်ကသာ ရပ်နေရသည်။ ယွမ့်ယွီ၏ တစ်ကိုယ်လုံးက ပြာနှမ်းနေသည်အထိ အခြေအနေက ဆိုးရွားနေသည်။ ယွမ့်ထန်း၏ နှာခေါင်းက ယားယံသလို ခံစားရပြီး အသံက ဩရှလာသည်။

“ဆရာ ကျွန်တော့်ညီက အခုအခြေအနေက ဘယ်လိုရှိပါသလဲ”

“ယွမ့်ယွီရဲ့အခြေအနေက တော်တော်လေးဆိုးတယ်၊ သူ့မှာ ရှားပါးတဲ့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါရှိနေတဲ့အပြင် ကိုယ်ကလည်း အားနည်းလွန်းနေတယ်၊ ဒီဂြိုလ်က မြေဆွဲအားနဲ့ သံလိုက်စက်ကွင်းအားက သူ့အတွက် မတည်မငြိမ် ဖြစ်စေတယ်၊ သူက တစ်နေ့လုံးဆေးရုံ ဖန်ပေါင်းချောင်ထဲမှာ လဲလျောင်းရတာမျိုး ဆိုရင်တောင်မှ မြေဆွဲအားနဲ့ ဖိအားကို ခံစားနေရတုန်းပဲ။ သူ ပုံမှန်ဆေးရုံကုတင်ပေါ်မှာ အကာအကွယ်မရှိပဲ လှဲနေရတာဆိုရင် ပိုဆိုးတာပေါ့”

ယွမ့်ယွီက ဆယ်နှစ်နီးပါး ဒီနေရာတွင် နေခဲ့ရသည်။ သူက နှစ်နှစ်သုံးနှစ်အရွယ်ကတည်းက ဆေးရုံပေါ်တွင် ရောက်နေခဲ့ခြင်း ဖြစ်ပြီး ဆေးရုံမှ ဆရာဝန်များအားလုံးကလည်း သူ ကြီးပြင်းလာခြင်းကို ကြည့်နေရခြင်း ဖြစ်သည်။ ဒေါက်တာထျန်းက သူ့ကို ကြည့်ရှုပေးရသော ဆရာဝန်ဖြစ်သည့်အလျောက် သူ့အတွက် အလွန်ပြင်းထန်သည့် စိုးရိမ်စိတ် ရှိသည်။ ရလဒ်အနေဖြင့် သူက လေသံထဲတွင်ပင် ဒေါသသံက ပါလာသည်။
“ငါ အမျိုးသမီးခိုင်ကို အကြိမ်များစွာ ပြောထားပြီးသား၊ ကျေးဇူးပြုပြီး ယွမ့်ယွီကို သူ နေဖို့ ပိုပြီး သင့်တော်တဲ့နေရာ သူ့ကို အားဖြည့်ပေးဖို့ ပိုပြီး သင့်တော်တဲ့နေရာကို ပြောင်းရွှေ့ပေးဖို့ ပြောခဲ့တယ်။ ဒါပေမယ့် သူမက တစ်ခါမှ နားမထောင်ဘူး။ သူ့ရဲ့ ဒီလိုအခြေအနေမျိုး စဖြစ်လာတဲ့အချိန်မှာ သူ့အတွက် ဆေးကုသစရိတ်ကို ပေးဖို့ ဆန္ဒရှိသေးပေမယ့် နောက်ဆုံးတော့ သူ့ကို ဆေးရုံကုတင်ပေါ်မှာပဲ ပြန်ထားခဲ့တာပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သူမက သူမရဲ့ဒီကလေးကို အာရုံမစိုက်တော့ဘူး၊ ကလေးရဲ့ ကုသစရိတ်တွေအားလုံးက သူ့အသက်ကို ဆွဲဆန့်ထားနိုင်လောက်အောင် အားဖြည့်ဆေးရည်ကို ဝယ်ဖို့ပဲ တတ်နိုင်တော့တယ်။ အခုဆိုရင် ဒီကလေးက အားနည်းသည်ထက် အားနည်းနေတာတော့ မင်း မြင်နိုင်နေတာပဲ။ သူ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ကြာကြာခံတော့မှာ မဟုတ်ဘူး”

“အဲဒီမိန်းမက က‌လေးကို တာဝန်မယူနိုင်ရင် ကလေးရအောင် မလုပ်ခဲ့သင့်ဘူး”

ထိုစကားကို ကြားသောအခါ ယွမ့်ထန်းကလည်း ရင်ထဲမှနာကျင်မှုကို ခံစားလိုက်ရသည်။ သူကလည်း ထိုကလေးအတွက် စိတ်မကောင်း ဖြစ်မိလေသည်။ သို့ဆိုလျှင် ဒါက မူလပိုင်ရှင်ထံမှ ကျန်နေရစ်သော အသိစိတ်ဖြစ်နိုင်သည်။

“ဆရာ ကျွန်တော်တို့အခု ဘာလုပ်ရမလဲ၊ ကျွန်တော်ရဲ့ညီကို ကယ်နိုင်သေးတယ်လား”

“အခု ပထမဦးဆုံး လုပ်ရမယ့် အရေးကြီးဆုံးအရာက ဒီကလေးကို မြေစွမ်းအား ကင်းလွတ်တဲ့ ဆေးရုံခန်းထဲကို ပြောင်းရွှေ့ပေးဖို့ပဲ။ သူ့ရဲ့ခန္ဓာကိုယ်က အားနည်းလွန်းတယ်။ ဒီတော့ ခန္ဓာကိုယ် အစိတ်အပိုင်းဒဏ်ကို အပြည့်အဝ ကုသရဦးမှာ။ သူ့ရဲ့ခန္ဓာကိုယ်ကို သက်သာလာပြီးတဲ့နောက်မှာ သူနေထိုင်ဖို့ ပိုပြီး သင့်တော်တဲ့ဂြိုလ်ကို မင်း ခေါ်သွားတာက အကောင်းဆုံးပဲ”

ဒေါက်တာထျန်းက စကားကို ရပ်တန့်ပြီးနောက်ပြောသည်။
“ဒါပေမယ့် မြေဆွဲအား ကင်းလွတ်တဲ့ ဆေးရုံကုန်ကျစရိတ်က အရမ်းမြင့်တော့..”

“ဘယ်လောက်ဈေးကြီးဈေးကြီး ကိစ္စမရှိပါဘူး၊ ကျွန်တော်ပေးနိုင်တယ်”

ယွမ့်ထန်းက အလျင်စလို ပြောလိုက်သည်။

သူ၏ အရှေ့ရှိလူငယ်က ဒီကလေးအတွက် အလွန်စိုးရိမ်နေကြောင်း မြင်သောအခါ ဒေါက်တာထျန်းကလည်း မနေနိုင်ပဲ ပြောလိုက်သည်။

“မင်းအရင်က ဘာပဲလုပ်ခဲ့လုပ်ခဲ့၊ အခုကစပြီး မင်းညီကို ဂရုစိုက်ပါတော့၊ သူက မင်းကို အများကြီး လွမ်းနေရှာမှာ"

ယွမ့်ယွီ၏ အနည်းငယ်အသိဝင်သော အခြေအနေမျိုးများတွင် သူက မကြာခဏ သူ၏အစ်ကိုဖြစ်သူအကြောင်း ပြောလေ့ရှိကာသူ၏ အစ်ကိုက မည်မျှချောကြောင်း မည်မျှညင်သာကြောင်း သူနှင့် ကစားလေ့ရှိခဲ့ကြောင်း ပြောပြလေ့ရှိသည်။ သူက အစ်ကိုဖြစ်သူအကြောင်း ထည့်ပြောသည့်အချိန်တိုင်း မျက်ဝန်းများက တောက်ပနေလေ့ရှိပေသည်။ ဒီအတိုင်း သူ အလွန်ငယ်ရွယ်ချိန်က ပျော်ရွှင်စရာကောင်းသော ကိစ္စများကို ပြန်ပြောနေသည့်အလား ထင်ရပေသည်။ ထိုအချိန်ကဆိုလျှင် ယွမ့်ထန်းကလည်း ယွမ့်ယွီ၏ အစ်ကိုဖြစ်သူက သူ၏ မိခင်ဖြစ်သူအတိုင်း စွန့်ပစ်ခဲ့သည်ဟု အားလုံးက တွေးခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ပြန်လည်လိမ့်မည်ဟု မထင်ထားမိကြချေ။
ယွမ့်ထန်းက ချက်ချင်းကတိပေးလိုက်သည်။

“ကျွန်တော် ဂရုစိုက်မှာပါ”

“မင်းရဲ့အမေအတွက်ကတော့ ငါ့အနေနဲ့ မပြောသင့်ဘူးဆိုပေမယ့်လည်း ယွမ့်ယွီကို သူမကို မပေးတာက အကောင်းဆုံးလို့ ငါ ထင်တယ်”

ဒေါက်တာထန်းက နှာခေါင်းရှုံ့သည်။
“ဒီကလေးက နှစ်ပေါင်းများစွာတိုင် ငါတို့ရဲ့ ဆေးရုံမှာပဲ ကြီးပြင်းလာခဲ့တာ။ သူမကသာ အမေတစ်ယောက်ရဲ့တာဝန်ကို နားလည်မယ်ဆိုရင် ဒီကလေးကို ခေါ်သွားသင့်တာကြာပြီ၊ အခုလိုမျိုး ဆေးရုံပေါ်မှာ ပစ်ထားခဲ့ပြီး အာရုံမစိုက်ပဲ နေခဲ့မှာမဟုတ်ဘူး။ သူမကသာ ယွမ့်ရီကို အခြားတစ်နေရာကို ခေါ်သွားမယ်ဆိုရင်တောင်မှ လက်ရှိအခြေအနေလောက်အထိ မဆိုးရွားမှာ သေချာတယ်”

“ဘာကိုဆိုလိုတာလဲ။ ကျွန်တော်ရဲ့ညီက ဒီနေရာက ထွက်သွားရင် ပိုကောင်းနိုင်မှာလား”
ယွမ့်ထန်းက မေးသည်။

“ဒါပေါ့ ယွမ့်ယွီကသာ မြို့တော်မှာ မွေးဖွားလာတာမျိုးဆိုရင် ဒီကလေးက အားနည်းတဲ့ခန္ဓာကိုယ် ရှိနေမယ်ဆိုရင်တောင်မှ မိဘတွေကသာ သူ့ကို ချော်လဲတာမျိုး ဝင်တိုက်မိတာမျိုး မဖြစ်အောင် သေချာဂရုစိုက်ပေးမယ်ဆိုရင် ကြီးကြီးမားမား ကိစ္စရှိလာမှာမဟုတ်ဘူး။ သူက အခုလောက်အထိ သေခါနီးအခြေအနေအထိ ဖြစ်သွားမှာလဲ မဟုတ်ဘူး”

ဒီနေရာရှိမြေဆွဲအားက သူ့အတွက် အလွန်မသင့်တော်နေခြင်းဖြစ်သည်။ ထို့အပြင်ခေတ်နောက်ပြန် ဆွဲနေသော ဆေးပညာကုသမှုပုံစံများနှင့် လစ်လပ်နေသော ကုသမှု နည်းပညာများကြောင့် ယွမ့်ယွီ၏ ခန္ဓာကိုယ်အခြေအနေက အချိန်နှင့်အမျှ ဆိုးရွားလာခဲ့ပြီး ယခုကဲ့သို့ အခြေအနေအထိ ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။ ထိုစကားများကို ကြားသောအခါ သူက ချက်ချင်းပြောလာသည်။

“ဆရာ ဒါဆိုရင် ကျွန်တော်ကို ပြောင်းရွှေ့တဲ့ကိစ္စနဲ့ ကူညီပေးလို့ရမလား၊ ကျွန်တော် ကျွန်တော်ရဲ့ညီကို မြို့တော်က ဆေးရုံကို ပြောင်းလိုက်မယ်”

“အခုတော့မရသေးဘူး၊ သူ့ရဲ့လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက အားနည်းလွန်းနေတယ်။ သူ့အနေနဲ့ အချိန်တစ်ခုကြာတဲ့အထိ မြေဆွဲအား ကင်းလွတ်တဲ့အခန်းထဲမှာ ကုသပေးရဦးမယ်”

ဒေါက်တာထန်းက ခေါင်းကိုခါသည်။
“သူ့ရဲ့ဒဏ်ရာတွေအားလုံးက ကုသပြီးသွားရင် သူ ခရီးဝေးကို ရွှေ့ပြောင်းလို့ရပြီ”

သူက ခေါင်းညိတ်သည်။
“ဒါဆိုရင် ဒါဆိုရင် ကျွန်တော်ဘယ်နေရာမှာ ပိုက်ဆံသွားသွင်းရမလဲ။ ကျွန်တော် သူ့ရဲ့ ကုသစရိတ်တွေအားလုံးကို အခုပဲ ပေးလိုက်ပါ့မယ်”

ဒီစကားကို ကြားသောအခါ ဒေါက်တာထန်းက ချက်ချင်းလိုလို အော်သည်။
“ကောင်းပြီ ရှောင်ယန်”

“ဟုတ်ကဲ့”
ချက်ချင်းလိုလို သူနာပြုတစ်ယောက်ကို တံခါးကိုဖွင့်ကာ ဝင်လာသည်။

“ဒေါက်တာထန်း ကျွန်မကိုခေါ်တာလား”

“ဒီလူကြီးမင်းက အောက်ထပ်မှာ ပိုက်ဆံရှင်းဖို့ ခေါ်သွားပေးလိုက်ပါ၊ ရှောင်ဖန် ရှောင်လီ မြန်မြန်လာ ဒီကလေးကို မြေဆွဲအား ကင်းလွတ်တဲ့အခန်းထဲကို ပြောင်းရမယ်”

“ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်မလာပြီဆရာ”

အမျိုးသမီးသူနာပြုက ပြောပြီးသည်နှင့် သူမ၏ မျက်ဝန်းက တောက်ပလာကာ ယွမ့်ထန်းကို အောက်ထပ်သို့ ခေါ်သွားသည်။ အမျိုးသားသူနာပြုနှစ်ယောက်လုံးကလည်း ချက်ချင်းလိုလို ဝင်လာကာ ဒေါက်တာထန်းကို ကူညီပေးလျက် ကလေးကို ပြောင်းရွှေ့ပေးရန် ပြင်ဆင်ကြလေသည်။

ဟော်ယွန်ချန်း သူနဲ့အတူ အောက်သို့ဆင်းသည်။ ဝမ်ခုံးကလည်း ဆေးရုံခန်း၏ အပြင်တွင် ဆက်လက်စောင့်နေပေးလေသည်။
မြေဆွဲအား ကင်းလွတ်သည့် အခန်း၏ ကုန်ကျစရိတ်က အလွန်ဈေးကြီးသည်။ တစ်နေ့လျှင် သုံးထောင်ပင် ကျပြီး အခြားသော အားဖြည့်ဆေးများနှင့် ကုသစရိတ်များဆိုလျှင် အပိုကြေးများက ပို၍ကျသင့်လေသည်။

“အရင်ဆုံး တစ်ပတ်အတွက် ကုသစရိတ်ခတွေနဲ့ စရံအပြင် အားလုံးပေါင်း ငါးသောင်းကျသင့်ပါတယ်၊ ပိုတဲ့ပိုက်ဆံတွေအားလံးကို ဆေးရုံကဆင်းတဲ့အခါ ပြန်ပေးမှာပါ”

ယွမ့်ထန်းက မည်သည့်စကားမှမဆိုပဲ အလင်းဦးနှောက်ကိုသာ ဖွင့်လျက် ပိုက်ဆံလွှဲပေးလိုက်သည်။

သူနာပြုက စိတ်အေးသွားလေသည်။ သူက အလွန်အားကိုးရကြောင်း မြင်သောအခါ မနေနိုင်ပဲ ပြောလိုက်မိသည်။

“ရှင်က ယွမ့်ယွီရဲ့အစ်ကိုလား၊ ဘာလို့အရင်က မလာတာလဲ”

“ကျွန်တော်…”

ယွမ့်ထန်းက ခါးသီးစွာပြုံးပြီး မည်သို့ရှင်းပြရမည်မှန်းပင် မသိတော့ပေ။

“သူက အရင်က မတော်တဆ ဖြစ်သွားခဲ့တာ။ ငါးနှစ်တောင် ကိုမာဝင်နေခဲ့ပြီး သိပ်မကြာခင်ကမှ ဆေးရုံက ဆင်းလာခဲ့တာပဲ”
မမျှော်လင့်ထားစွာပင် ဟော်ယွန်ချန်းက ဝင်ရောက်ဖြေပေးလာသည်။

သူနာပြုကလည်း သံသယဝင်သွားသည်။ မည်သို့ပင်ဆိုစေ ညီအစ်ကိုနှစ်ယောက်လုံးက ထိုမျှ ကံဆိုးမည်ဟု မယုံကြည်နိုင်ခဲ့ချေ။ သူက ယွမ့်ထန်း၏ အမူအယာမှတဆင့် သူက ခိုင်ရှင်းနဲ့ ကွဲပြားကြောင်း သိလိုက်ရကာ သူမ၏ လေသံက နူးညံ့သွားသည်။

“ဒါဆိုရင် အခုကစပြီး သူ့ကို သေချာစောင့်ရှောက်ပေးပါ။ သူက လိမ်မာတဲ့ကလေးပါ”

“ကျွန်တော် ဂရုစိုက်မှာပါ”

ယွမ့်ထန်းကလည်း တည်ငြိမ်စွာ ပြန်ဖြေသည်။

သူနာပြုက သူတို့ကို မြေစွမ်းအား ကင်းလွတ်သော အခန်းထံသို့ တိုက်ရိုက်ခေါ်သွားသည်။ ထိုအခန်းက တတိယထပ်တွင် ရှိသည်။ ယွမ့်ယွီက ထိုနေရာသို့ ပြောင်းရွှေ့ပြီးပြီဖြစ်ပြီး ဒေါက်တာထန်းနှင့် ဝမ်ခွန်းတို့ကလည်း အပြင်တွင် စောင့်ကြပ်ကာ သူတို့အား စောင့်နေကြသည်။ အတိတ်တွင် သူမြင်ခဲ့ရသော အိုင်စီယူအခန်းနှင့် အတူတူသာလျှင်ဖြစ်သည်။ အခန်းတစ်ခုလုံးက သီးသန့်ရှိနေလေပြီး အခန်းအတွင်းရှိမြေဆွဲအားက အနိမ့်ဆုံး နှိမ့်ထားသည့်အတွက် ယွမ့်ထန်းထိုနေရာတွင် နေလျှင် သူ့အနေဖြင့် ဆေးဖန်ပေါင်းချောင်တွင် ဝင်နေရန် မလိုအပ်ပဲ နူးညံ့သော ကုတင်တွင် တိုက်ရိုက်လှဲနိုင်သည်။

“ကြည့်ပါဦး သူ့ရဲ့အသက်ရှူသံတောင် ငြိမ်သွားပြီ”

ဒေါက်တာထန်းက ပြောပြီး ယွမ့်ယွီကို အမူအယာပြသည်။

ယွမ့်ထန်းကလည်း ညီဖြစ်သူ၏ သေးငယ်သော ရင်ဘတ်လေးက နိမ့်လိုက်မြင့်လိုက် ဖြစ်နေကြောင်းမြင်သောအခါ သူ၏ နာကျင်မှုက အနည်းငယ်သက်သာသွားသည်။ ယွမ့်ထန်းက စိတ်အေးသွားသလို ခံစားလိုက်ရသည်။

“ဒေါက်တာထန်း ညီလေးရဲ့ ကုသမှုတွေက ဘယ်လိုအခြေအနေရှိလဲ”

“အခုသူ့ကို မြေဆွဲအား ကင်းလွတ်တဲ့အခန်းမှာ ထည့်ထားလိုက်ပြီ၊ မြေဆွဲအားရဲ့ဖိအားသာမရှိရင် သူက ငါပေးတဲ့ဆေးရည်ကို သောက်နိုင်စွမ်း ရှိလာလိမ့်မယ်။ သူ့ရဲ့ အားနည်းနေတဲ့အရိုးတွေကို သိပ်မကြာခင်မှာ ကုသသွားနိုင်လိမ့်မယ်။ သူ့ရဲ့အရိုးတွေကသာ ကိုယ်တိုင် လှုပ်ရှားလို့ရတဲ့အနေအထားအထိ ပြန်လည်သက်သာလာပြီဆိုရင် သူ့ကို ဆေးရုံကနေ ဆင်းလို့ရပါပြီ၊ အဲဒီအချိန်ကနေ မင်းအနေနဲ့ မြေစွမ်းအားနည်းတဲ့ ဂြိုလ်ရှိတဲ့နေရာကို ချက်ချင်းလိုလို ပို့ပေးတာက အကောင်းဆုံးပဲ။ ဒီလိုဆိုရင် သူ့ရဲ့ကိုယ်က ဒဏ်ရာတွေ မရရှိနိုင်တော့ဘူး။ သူ့ရဲ့ ကိုယ်က အချိန်အတန်ကြာ ပြန်လည်အားဖြည့်ပေးဖို့ လိုသေးတယ်”

ထိုသို့ပြောပြီးသည့်နောက်တွင် ဒေါက်တာထန်း၏ မျက်နှာတွင် ရှားပါးသော အပြုံးက ပေါ်လာသည်။

“သူ သိပ်မကြာခင် နိုးတော့မယ်။ မင်း ဒီနေရာမှာ နေလိုက်ပါ”

“ကောင်းပါပြီ”

ယွမ့်ထန်းက ခေါင်းညိတ်သည်။ သူက တံခါးဝကို ဖြတ်သန်းသွားသည့် ဆရာဝန်ကို ကြည့်နေပြီးနောက်တွင် သူ၏ အကြည့်က ယွမ့်ယွီထံသို့ ရောက်လာသည်။ သူက လက်ကိုဆန့်တန်းလိုက်ကာ ယွမ့်ယွီ၏ခေါင်းကို ညင်သာစွာပွတ်သပ်သည်။ ထိုကလေးက ပိန်ပါးကာ အားနည်းလွန်းသည်။ သို့သော် ချစ်စရာကောင်းနေသေးသည်။ ယွမ့်ထန်းက သက်ပြင်းချလိုက်ကာ ခပ်တိုးတိုးပြောသည်။

“နိုးလာပါတော့”

လှပသော နေရောင်က ပြတင်းပေါက်မှတဆင့် ဖြာကျလာပြီးနောက် အလွန်လှပလွန်းလှသည်။ နေရောင်က အနက်ရောင်တိမ်စိုင်ထဲမှ ခွဲထွက်လာပြီး အလင်းက ထင်ရှားနေသော်လည်း ပူပြင်းခြင်း မရှိချေ။ ထို့ကြောင့် ဆေးရုံခန်းတစ်ခုလုံးက နွေးထွေးကာ တောက်ပနေသည်။ နေရောင်ကြောင့် ယွမ့်ရီ၏ မျက်ခွံများက ဖောက်ထွင်းမြင်ရမတတ် ကြည်လင်နေသည်။ သူ၏ မျက်ခွံထဲမှ သွေးကြောများကိုပင် ရှင်းလင်းစွာ မြင်နေရလေသည်။ သူ၏ သဘာဝအလျောက် ရှည်လျားသော ထူထဲသည့် မျက်တောင်များက အနည်းငယ်တုန်ခါသွားပြီး ဖြေးညင်းစွာဖြင့် မျက်လုံးက ပွင့်လာတော့သည်။

သူက နှစ်ပေါင်းများစွာတိုင်အောင် တစ်ဖက်သူကို မမြင်ရသေးသော်လည်း တစ်ချက်ကြည့်ရုံဖြင့်ပင် ယွမ့်ထန်းကို မြင်လိုက်ရသည်။ ထို့ကြောင့် သူ၏ မျက်နှာတွင်ရှိသည့် သေးငယ်သော ချစ်စဖွယ်ကောင်းသည့် ပါးချိုင့်လေးက ထင်ရှားစွာ ပေါ်လာတော့ကာ မျက်ဝန်းများကပင် မျက်ရည်များဖြင့် တောက်ပလာတော့သည်?

“အစ်ကိုအစ်ကို”

အပိုင္း (၆၈)

“သူ႕ရဲ႕အေျခအေနက ဆိုးေနၿပီးသား၊ ခြဲစိတ္ဖို႔ကလြဲၿပီး အျခားနည္းလမ္း မရွိေတာ့ဘူး”

ယြမ့္ထန္းကလည္း ယြမ့္ယြီ၏ နာမည္ကို ထည့္ေျပာေၾကာင္း ခံစားရသည္ႏွင့္ အသံလာရာဘက္သို႔ ခ်က္ခ်င္း အေျပးသြားသည္။ ထိုအခါ အျဖဴေရာင္ဝတ္စုံဝတ္ထားသည့္ ဆရာဝန္ႏွင့္ အစိမ္းေဖ်ာ့ေရာင္ ဝတ္စုံမ်ား ဝတ္ဆင္ထားၾကသည့္ ေဆးပညာဝန္းထမ္းမ်ားက အခန္းတံခါးဝတြင္ စုစည္းေနေၾကာင္း ျမင္လိုက္ရသည္။ သူတို႔က အလြန္ေဒါသထြက္ၿပီး စိုးရိမ္ေနဟန္ရသည္။
“ငါတို႔ ဒီအတိုင္း ဆက္လုပ္လို႔ မရဘူး၊ အခု ယြမ့္ယြီအေမနဲ႕ေတာင္ ဆက္သြယ္လို႔မရေသးဘူး”
အစိမ္းေဖ်ာ့ေရာင္ဝတ္စုံမ်ား ဝတ္ဆင္ထားေသာ လူမ်ားထဲမွ တစ္ေယာက္က မေနနိုင္ပဲ က်ိန္ဆဲသည္။

“ဒါက သူ႕သားအရင္းဟုတ္ရဲ႕လား၊ ဒီေလာက္ဆိုး႐ြားတဲ့အေမမ်ိဳးနဲ႕ ငါ တစ္ခါမွ မေတြ႕ဖူးဘူး”

ထိုအခ်ိန္တြင္ ဆရာဝန္က မေနနိုင္ပဲ သက္ျပင္းခ်သည္။

“ေမ့လိုက္‌ေတာ့ အရင္ဆုံး အေရးေပၚ စမ္းသပ္ကုသမႈေတြပဲ ျပင္ဆင္လိုက္ရေအာင္။ ငါကိုယ္စား ေပးထားေပးမယ္။ ေနာက္ၿပီးမွပဲ အဲဒီမိန္းမဆီက ျပန္ေတာင္းလိုက္ေတာ့မယ္”

သူတို႔အားလုံးက လ်င္ျမန္စြာျဖင့္ ဆုံးျဖတ္ခ်က္ ခ်ၿပီးေနာက္တြင္ အခန္းထံသို႔ ဦးတည္သြားသည္။ ယြမ့္ထန္းက အလ်င္စလို ေျပးသြားၿပီးေနာက္ ဆရာဝန္ကို လွမ္းေအာ္သည္။

“ဆရာ ကြၽန္ေတာ္က ယြမ့္ယြီရဲ႕ အစ္ကိုႀကီးပါ၊ သူ႕ရဲ႕အေျခအေနက ဘယ္လိုရွိလဲ”

တံခါးဝက ပြင့္သြားၿပီးေနာက္တြင္ အိပ္ယာေပၚတြင္ လွဲေနသည့္ ကေလးတစ္ေယာက္ကို ျမင္လိုက္ရသည္။ ေဝ့က်ိဳး၏ ပုံမ်ားနည္းတူ သူက ယြမ့္ထန္းႏွင့္ ႐ုပ္ရည္တူေသာ္လည္း ပို၍ပင္ ေဖ်ာ့ေတာ့ကာ ပို၍ ပိန္ေနၿပီး အေရျပားႏွင့္ အရိုးမ်ား ေပၚသည္အထိ ျဖစ္ေနသည္။ သူ၏ တစ္ကိုယ္လုံးကို ပတ္တီးမ်ားျဖင့္ လႊမ္းၿခဳံထားကာ ပါးကလည္း ေယာင္ကိုင္းေနသည္။ သူက ဆယ့္ႏွစ္ႏွစ္သားးပင္ ရွိေလာက္ေသာ္လည္း အလြန္အမင္း ေသးေကြးလြန္းသည္။ ခုႏွစ္ႏွစ္၊ ရွစ္ႏွစ္အ႐ြယ္ ကေလးထက္ပင္ ႀကီးမားျခင္း မရွိေပ။

သူ၏ ခႏၶာကိုယ္ ကိုယ္တြင္းအဂၤါအေျခအေနကို တိုင္းထြာထားေသာ အခ်က္အလက္မ်ားက အိပ္ယာေဘးတြင္ ရွိေနေလၿပီး အားလုံးက အံ့အားသင့္စရာေကာင္းေလာက္ေအာင္ အလြန္နိမ့္ကာ မတည္ၿငိမ္ၿပီး သာမန္ထက္ အနည္းငယ္ပင္ နိမ့္ေနေသးေပသည္။

အေျခအေနက အလြန္အေရးႀကီးေနၿပီး သူတို႔က ၿငိမ္ၿငိမ္ထိုင္ကာ စကားမေျပာနိုင္ေတာ့ေခ်။ ထို႔ေၾကာင့္ ဆရာဝန္က မီးသတ္သမားတစ္ေယာက္ တိုက္ခိုက္ေတာ့မလိုမ်ိဳး အေရးေပၚ အေျခအေနအတြက္ တိုက္ပြဲဝင္ ရန္ အသင့္ျပင္ဆင္လိုက္ၿပီး အေနာက္မွလူကို အခ်က္ျပကာ ျပင္ဆင္ေစသည္။

“ျမန္ျမန္ လူနာကို အေရးေပၚအခန္းထဲပို႔”

ယြမ့္ယြီက အသိစိတ္မဲ့ေနေလၿပီ။ သူ၏ မ်က္ေမွာင္ကသာ ဆက္တိုက္ ၾကဳတ္ေနခဲ့ၿပီး လူအမ်ားကို ပို၍ပင္ စိတ္ဓာတ္က်ေစေလသည္။
သူနာျပဳမ်ားအားလုံးက လ်င္ျမန္စြာျဖင့္ လႈပ္ရွားၾကကာ ယြမ့္ယြီကို တြန္းလွဲကုတင္ေပၚသို႔ တင္ၾကၿပီးေနာက္ လ်င္ျမန္စြာပင္ အေရးေပၚအခန္းထံသို႔ ပို႔သည္။ ယြမ့္ထန္းကလည္း ေနာက္မွ လိုက္သြားၿပီး စိတ္မရွည္စြာျဖင့္ မ်က္ေမွာင္ၾကဳတ္ေနေတာ့သည္။ သူက ပိတ္သြားေသာ အေရးေပၚအခန္းတံခါးကို ကူကယ္ရာမဲ့စြာ ၾကည့္လ်က္ နံရံကို လက္သီးျဖင့္ ထိုးလိုက္သည္။ သူ၏ မ်က္လုံးမ်ားကမူ နီရဲေနေလၿပီ။

ေဟာ္ယြန္ခ်န္းက သူ၏လက္ကို ယူၿပီး သူ၏ လက္ျဖင့္ဖမ္းဆုပ္လိုက္ကာ ယြမ့္ထန္းကို ဖက္လ်က္ ေက်ာျပင္ကို အသာအယာ ပုတ္ေပးသည္။
“အဆင္ေျပပါတယ္၊ အဆင္ေျပသြားမွာပါ”
သူ၏ ႏွစ္သိမ့္ေပးမႈေၾကာင့္ ယြမ့္ထန္း၏ ခံစားခ်က္မ်ားက ၿငိမ္သက္သြားသည္။ သူက အခန္းအျပင္ဘက္မွ အနီေရာင္အလင္းကို ၾကည့္ၿပီးေနာက္တြင္ အသက္ျပင္းျပင္းရႉကာ ေျပာသည္။

“ယြမ့္ယြီသာ တစ္ခုခု ျဖစ္သြားရင္ ခိုင္ရွင္းကို လုံးဝအလြတ္မေပးဘူး”

“ကိုယ္လည္း မင္းနဲ႕အတူ ရွိမယ္”

ႏွစ္ေယာက္ၾကားတြင္ တိတ္ဆိတ္မႈက ႀကီးစိုးလာသည္။ အနည္းငယ္ ခပ္တင္းတင္း အကိုင္ခံထားရသည့္ ယြမ့္ထန္း၏ လက္မွတဆင့္ ႏွစ္သိမ့္မႈကို ခံစားရသလိုမ်ိဳး သူက အားအင္ရွိလာသည္။
အခ်ိန္မ်ားက ေက်ာ္ျဖတ္ကုန္လြန္ေနခ်ိန္တြင္ ြမ့္ထန္းကလည္း ဆက္၍ မေစာင့္နိုင္ေတာ့ပဲ အနီေရာင္အလင္းကိုသသာ ၾကည့္လိုက္သည္။ ထိုအခ်ိန္တြင္ အလင္းက ႐ုတ္တရက္ မွိန္သြားကာ ဆရာဝန္က ထြက္လာသည္။ သူက မက္စ္ကို ခြၽတ္ၿပီးေနာက္တြင္ ယြမ့္ထန္းကိုၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္သည္။

“မင္းက ယြမ့္ယြီရဲ႕ အစ္ကိုလို႔ ေျပာထားတယ္မဟုတ္လား”

သူကယြမ့္ထန္းကို အနီးကပ္စစ္ေဆးၾကည့္သည္။ မည္သို႔ပင္ဆိုေစ ၿဂိဳလ္နံပါတ္ဆယ့္ကိုးက အလြန္ေခါင္ေသာေၾကာင့္ စီးပြားေရးႏွင့္ အျခားေသာ နယ္ပယ္အဆင့္ဆင့္ကလည္း မတိုးတက္ေသးေခ်။ လူအမ်ားစုက ေဈးႀကီးေသာ အလင္းဦးေႏွာက္မ်ားကို ဝယ္ရန္မတတ္နိုင္ၾကသည့္အတြက္ ဒီေနရာတြင္ရွိေသာ အေဟာင္းဆုံး ဆက္သြယ္ေရးစက္မ်ားကိုသာ ျမင္ရေလရာ သတင္းက ဒီေနရာသို႔ ေရာက္လာရန္ခက္ခဲေလသည္။ ထို႔ေၾကာင့္ သူတို႔အေနျဖင့္ စတားနက္​ေဝါ့ေပၚမွ အေျခအေနမ်ားကို မသိျခင္းလည္း ျဖစ္သည္။

“ဟုတ္ပါတယ္၊ ကြၽန္ေတာ္ပါ”

သူက သူ ယခုေလးတင္ ရလာေသာ အသိအမွတ္ျပဳလက္မွတ္ပါ စာ႐ြက္ကို ျပလိုက္သည္။

ေဒါက္တာထန္းက မ်က္ေမွာင္ၾကဳတ္ၿပီးေနာက္တြင္ စာ႐ြက္ပါအခ်က္အလက္မ်ားကို အေသးစိတ္ၾကည့္ၿပီးမွသာလွ်င္ အရာအားလုံးက မွန္ကန္ေၾကာင္း သိရမွသာ ႏွာေခါင္းရႈံ႕ေတာ့သည္။

“ဟန႔္ ဆိုေတာ့ မင္းက သူ႕ရဲ႕အစ္ကိုျဖစ္ေနတာပဲ။ ဒီေလာက္ႏွစ္ေတြ အၾကာႀကီး သူ႕ဆီကို တစ္ခါမွ လာမလည္ခဲ့ဘူး၊ ဟန႔္ ဘယ္ေကာင္က ဒီေလာက္အထိ ေဈးေပါတာလဲ”
သူနာျပဳတစ္ေယာက္က မေနနိုင္ဘဲ ခပ္တိုးတိုး ေျပာသည္။

ထိုသူနာျပဳက အသံတိုးထားသည့္တိုင္ေအာင္ သူက ယြမ့္ထန္းႏွင့္ အလြန္နီးကပ္စြာ ရပ္ေနေသးေသာေၾကာင့္ သဘာဝတက်ပင္ သူကလည္း ၾကားသည္။ သို႔ေသာ္ သူက သူ႕ကိုယ္သူရွင္းျပရန္ အခ်ိန္မရွိေခ်။ သူက ယြမ့္ယြီ၏ အေျခအေနကို ပို၍ စိုးရိမ္ေနသည္။

“ဆရာဝန္ ကြၽန္ေတာ့္ညီရဲ႕ အေျခအေနက ဘယ္လိုေနလဲ၊ ကြၽန္ေတာ္ၾကည့္လို႔ရလား”

ဆရာဝန္က ေအးစက္စြာေျပာသည္။

“ငါနဲ႕လိုက္ခဲ့ပါ”

ယြမ့္ထန္းကလည္း အလ်င္စလို ေနာက္မွလိုက္သြားၿပီး အေရးေပၚအခန္းထဲသို႔ ဝင္သည္။ သူက ပိုးသတ္ၿပီးသား ဝတ္စုံကို ေျပာင္းလဲဝတ္ဆင္ၿပီးမွသာလွ်င္ ခြဲခန္းကုတင္အနီးသို႔ ခ်ဥ္းကပ္သြားနိုင္သည္။ သို႔ေသာ္ အေရးေပၚခန္းကို ေဆြးမ်ိဳးကသာလွ်င္ ဝင္ေရာက္နိုင္သည့္အတြက္ ေဟာ္ယြန္ခ်န္းႏွင့္ ဝမ္ခြန္းတို႔က အျပင္ကသာ ရပ္ေနရသည္။ ယြမ့္ယြီ၏ တစ္ကိုယ္လုံးက ျပာႏွမ္းေနသည္အထိ အေျခအေနက ဆိုး႐ြားေနသည္။ ယြမ့္ထန္း၏ ႏွာေခါင္းက ယားယံသလို ခံစားရၿပီး အသံက ဩရွလာသည္။

“ဆရာ ကြၽန္ေတာ့္ညီက အခုအေျခအေနက ဘယ္လိုရွိပါသလဲ”

“ယြမ့္ယြီရဲ႕အေျခအေနက ေတာ္ေတာ္ေလးဆိုးတယ္၊ သူ႕မွာ ရွားပါးတဲ့ မ်ိဳးရိုးဗီဇဆိုင္ရာ ေရာဂါရွိေနတဲ့အျပင္ ကိုယ္ကလည္း အားနည္းလြန္းေနတယ္၊ ဒီၿဂိဳလ္က ေျမဆြဲအားနဲ႕ သံလိုက္စက္ကြင္းအားက သူ႕အတြက္ မတည္မၿငိမ္ ျဖစ္ေစတယ္၊ သူက တစ္ေန႕လုံးေဆး႐ုံ ဖန္ေပါင္းေခ်ာင္ထဲမွာ လဲေလ်ာင္းရတာမ်ိဳး ဆိုရင္ေတာင္မွ ေျမဆြဲအားနဲ႕ ဖိအားကို ခံစားေနရတုန္းပဲ။ သူ ပုံမွန္ေဆး႐ုံကုတင္ေပၚမွာ အကာအကြယ္မရွိပဲ လွဲေနရတာဆိုရင္ ပိုဆိုးတာေပါ့”

ယြမ့္ယြီက ဆယ္ႏွစ္နီးပါး ဒီေနရာတြင္ ေနခဲ့ရသည္။ သူက ႏွစ္ႏွစ္သုံးႏွစ္အ႐ြယ္ကတည္းက ေဆး႐ုံေပၚတြင္ ေရာက္ေနခဲ့ျခင္း ျဖစ္ၿပီး ေဆး႐ုံမွ ဆရာဝန္မ်ားအားလုံးကလည္း သူ ႀကီးျပင္းလာျခင္းကို ၾကည့္ေနရျခင္း ျဖစ္သည္။ ေဒါက္တာထ်န္းက သူ႕ကို ၾကည့္ရႈေပးရေသာ ဆရာဝန္ျဖစ္သည့္အေလ်ာက္ သူ႕အတြက္ အလြန္ျပင္းထန္သည့္ စိုးရိမ္စိတ္ ရွိသည္။ ရလဒ္အေနျဖင့္ သူက ေလသံထဲတြင္ပင္ ေဒါသသံက ပါလာသည္။
“ငါ အမ်ိဳးသမီးခိုင္ကို အႀကိမ္မ်ားစြာ ေျပာထားၿပီးသား၊ ေက်းဇူးျပဳၿပီး ယြမ့္ယြီကို သူ ေနဖို႔ ပိုၿပီး သင့္ေတာ္တဲ့ေနရာ သူ႕ကို အားျဖည့္ေပးဖို႔ ပိုၿပီး သင့္ေတာ္တဲ့ေနရာကို ေျပာင္းေ႐ႊ႕ေပးဖို႔ ေျပာခဲ့တယ္။ ဒါေပမယ့္ သူမက တစ္ခါမွ နားမေထာင္ဘူး။ သူ႕ရဲ႕ ဒီလိုအေျခအေနမ်ိဳး စျဖစ္လာတဲ့အခ်ိန္မွာ သူ႕အတြက္ ေဆးကုသစရိတ္ကို ေပးဖို႔ ဆႏၵရွိေသးေပမယ့္ ေနာက္ဆုံးေတာ့ သူ႕ကို ေဆး႐ုံကုတင္ေပၚမွာပဲ ျပန္ထားခဲ့တာပဲ။ ဒါေပမယ့္ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္းမွာ သူမက သူမရဲ႕ဒီကေလးကို အာ႐ုံမစိုက္ေတာ့ဘူး၊ ကေလးရဲ႕ ကုသစရိတ္ေတြအားလုံးက သူ႕အသက္ကို ဆြဲဆန႔္ထားနိုင္ေလာက္ေအာင္ အားျဖည့္ေဆးရည္ကို ဝယ္ဖို႔ပဲ တတ္နိုင္ေတာ့တယ္။ အခုဆိုရင္ ဒီကေလးက အားနည္းသည္ထက္ အားနည္းေနတာေတာ့ မင္း ျမင္နိုင္ေနတာပဲ။ သူ ဒီအတိုင္း ဆက္သြားမယ္ဆိုရင္ ၾကာၾကာခံေတာ့မွာ မဟုတ္ဘူး”

“အဲဒီမိန္းမက က‌ေလးကို တာဝန္မယူနိုင္ရင္ ကေလးရေအာင္ မလုပ္ခဲ့သင့္ဘူး”

ထိုစကားကို ၾကားေသာအခါ ယြမ့္ထန္းကလည္း ရင္ထဲမွနာက်င္မႈကို ခံစားလိုက္ရသည္။ သူကလည္း ထိုကေလးအတြက္ စိတ္မေကာင္း ျဖစ္မိေလသည္။ သို႔ဆိုလွ်င္ ဒါက မူလပိုင္ရွင္ထံမွ က်န္ေနရစ္ေသာ အသိစိတ္ျဖစ္နိုင္သည္။

“ဆရာ ကြၽန္ေတာ္တို႔အခု ဘာလုပ္ရမလဲ၊ ကြၽန္ေတာ္ရဲ႕ညီကို ကယ္နိုင္ေသးတယ္လား”

“အခု ပထမဦးဆုံး လုပ္ရမယ့္ အေရးႀကီးဆုံးအရာက ဒီကေလးကို ေျမစြမ္းအား ကင္းလြတ္တဲ့ ေဆး႐ုံခန္းထဲကို ေျပာင္းေ႐ႊ႕ေပးဖို႔ပဲ။ သူ႕ရဲ႕ခႏၶာကိုယ္က အားနည္းလြန္းတယ္။ ဒီေတာ့ ခႏၶာကိုယ္ အစိတ္အပိုင္းဒဏ္ကို အျပည့္အဝ ကုသရဦးမွာ။ သူ႕ရဲ႕ခႏၶာကိုယ္ကို သက္သာလာၿပီးတဲ့ေနာက္မွာ သူေနထိုင္ဖို႔ ပိုၿပီး သင့္ေတာ္တဲ့ၿဂိဳလ္ကို မင္း ေခၚသြားတာက အေကာင္းဆုံးပဲ”

ေဒါက္တာထ်န္းက စကားကို ရပ္တန႔္ၿပီးေနာက္ေျပာသည္။
“ဒါေပမယ့္ ေျမဆြဲအား ကင္းလြတ္တဲ့ ေဆး႐ုံကုန္က်စရိတ္က အရမ္းျမင့္ေတာ့..”

“ဘယ္ေလာက္ေဈးႀကီးေဈးႀကီး ကိစၥမရွိပါဘူး၊ ကြၽန္ေတာ္ေပးနိုင္တယ္”

ယြမ့္ထန္းက အလ်င္စလို ေျပာလိုက္သည္။

သူ၏ အေရွ႕ရွိလူငယ္က ဒီကေလးအတြက္ အလြန္စိုးရိမ္ေနေၾကာင္း ျမင္ေသာအခါ ေဒါက္တာထ်န္းကလည္း မေနနိုင္ပဲ ေျပာလိုက္သည္။

“မင္းအရင္က ဘာပဲလုပ္ခဲ့လုပ္ခဲ့၊ အခုကစၿပီး မင္းညီကို ဂ႐ုစိုက္ပါေတာ့၊ သူက မင္းကို အမ်ားႀကီး လြမ္းေနရွာမွာ"

ယြမ့္ယြီ၏ အနည္းငယ္အသိဝင္ေသာ အေျခအေနမ်ိဳးမ်ားတြင္ သူက မၾကာခဏ သူ၏အစ္ကိုျဖစ္သူအေၾကာင္း ေျပာေလ့ရွိကာသူ၏ အစ္ကိုက မည္မွ်ေခ်ာေၾကာင္း မည္မွ်ညင္သာေၾကာင္း သူႏွင့္ ကစားေလ့ရွိခဲ့ေၾကာင္း ေျပာျပေလ့ရွိသည္။ သူက အစ္ကိုျဖစ္သူအေၾကာင္း ထည့္ေျပာသည့္အခ်ိန္တိုင္း မ်က္ဝန္းမ်ားက ေတာက္ပေနေလ့ရွိေပသည္။ ဒီအတိုင္း သူ အလြန္ငယ္႐ြယ္ခ်ိန္က ေပ်ာ္႐ႊင္စရာေကာင္းေသာ ကိစၥမ်ားကို ျပန္ေျပာေနသည့္အလား ထင္ရေပသည္။ ထိုအခ်ိန္ကဆိုလွ်င္ ယြမ့္ထန္းကလည္း ယြမ့္ယြီ၏ အစ္ကိုျဖစ္သူက သူ၏ မိခင္ျဖစ္သူအတိုင္း စြန႔္ပစ္ခဲ့သည္ဟု အားလုံးက ေတြးခဲ့ျခင္းျဖစ္ၿပီး ယခုကဲ့သို႔ ျပန္လည္လိမ့္မည္ဟု မထင္ထားမိၾကေခ်။
ယြမ့္ထန္းက ခ်က္ခ်င္းကတိေပးလိုက္သည္။

“ကြၽန္ေတာ္ ဂ႐ုစိုက္မွာပါ”

“မင္းရဲ႕အေမအတြက္ကေတာ့ ငါ့အေနနဲ႕ မေျပာသင့္ဘူးဆိုေပမယ့္လည္း ယြမ့္ယြီကို သူမကို မေပးတာက အေကာင္းဆုံးလို႔ ငါ ထင္တယ္”

ေဒါက္တာထန္းက ႏွာေခါင္းရႈံ႕သည္။
“ဒီကေလးက ႏွစ္ေပါင္းမ်ားစြာတိုင္ ငါတို႔ရဲ႕ ေဆး႐ုံမွာပဲ ႀကီးျပင္းလာခဲ့တာ။ သူမကသာ အေမတစ္ေယာက္ရဲ႕တာဝန္ကို နားလည္မယ္ဆိုရင္ ဒီကေလးကို ေခၚသြားသင့္တာၾကာၿပီ၊ အခုလိုမ်ိဳး ေဆး႐ုံေပၚမွာ ပစ္ထားခဲ့ၿပီး အာ႐ုံမစိုက္ပဲ ေနခဲ့မွာမဟုတ္ဘူး။ သူမကသာ ယြမ့္ရီကို အျခားတစ္ေနရာကို ေခၚသြားမယ္ဆိုရင္ေတာင္မွ လက္ရွိအေျခအေနေလာက္အထိ မဆိုး႐ြားမွာ ေသခ်ာတယ္”

“ဘာကိုဆိုလိုတာလဲ။ ကြၽန္ေတာ္ရဲ႕ညီက ဒီေနရာက ထြက္သြားရင္ ပိုေကာင္းနိုင္မွာလား”
ယြမ့္ထန္းက ေမးသည္။

“ဒါေပါ့ ယြမ့္ယြီကသာ ၿမိဳ႕ေတာ္မွာ ေမြးဖြားလာတာမ်ိဳးဆိုရင္ ဒီကေလးက အားနည္းတဲ့ခႏၶာကိုယ္ ရွိေနမယ္ဆိုရင္ေတာင္မွ မိဘေတြကသာ သူ႕ကို ေခ်ာ္လဲတာမ်ိဳး ဝင္တိုက္မိတာမ်ိဳး မျဖစ္ေအာင္ ေသခ်ာဂ႐ုစိုက္ေပးမယ္ဆိုရင္ ႀကီးႀကီးမားမား ကိစၥရွိလာမွာမဟုတ္ဘူး။ သူက အခုေလာက္အထိ ေသခါနီးအေျခအေနအထိ ျဖစ္သြားမွာလဲ မဟုတ္ဘူး”

ဒီေနရာရွိေျမဆြဲအားက သူ႕အတြက္ အလြန္မသင့္ေတာ္ေနျခင္းျဖစ္သည္။ ထို႔အျပင္ေခတ္ေနာက္ျပန္ ဆြဲေနေသာ ေဆးပညာကုသမႈပုံစံမ်ားႏွင့္ လစ္လပ္ေနေသာ ကုသမႈ နည္းပညာမ်ားေၾကာင့္ ယြမ့္ယြီ၏ ခႏၶာကိုယ္အေျခအေနက အခ်ိန္ႏွင့္အမွ် ဆိုး႐ြားလာခဲ့ၿပီး ယခုကဲ့သို႔ အေျခအေနအထိ ေရာက္ရွိလာခဲ့ျခင္းလည္းျဖစ္သည္။ ထိုစကားမ်ားကို ၾကားေသာအခါ သူက ခ်က္ခ်င္းေျပာလာသည္။

“ဆရာ ဒါဆိုရင္ ကြၽန္ေတာ္ကို ေျပာင္းေ႐ႊ႕တဲ့ကိစၥနဲ႕ ကူညီေပးလို႔ရမလား၊ ကြၽန္ေတာ္ ကြၽန္ေတာ္ရဲ႕ညီကို ၿမိဳ႕ေတာ္က ေဆး႐ုံကို ေျပာင္းလိုက္မယ္”

“အခုေတာ့မရေသးဘူး၊ သူ႕ရဲ႕လက္ရွိ ႐ုပ္ပိုင္းဆိုင္ရာ အေျခအေနက အားနည္းလြန္းေနတယ္။ သူ႕အေနနဲ႕ အခ်ိန္တစ္ခုၾကာတဲ့အထိ ေျမဆြဲအား ကင္းလြတ္တဲ့အခန္းထဲမွာ ကုသေပးရဦးမယ္”

ေဒါက္တာထန္းက ေခါင္းကိုခါသည္။
“သူ႕ရဲ႕ဒဏ္ရာေတြအားလုံးက ကုသၿပီးသြားရင္ သူ ခရီးေဝးကို ေ႐ႊ႕ေျပာင္းလို႔ရၿပီ”

သူက ေခါင္းညိတ္သည္။
“ဒါဆိုရင္ ဒါဆိုရင္ ကြၽန္ေတာ္ဘယ္ေနရာမွာ ပိုက္ဆံသြားသြင္းရမလဲ။ ကြၽန္ေတာ္ သူ႕ရဲ႕ ကုသစရိတ္ေတြအားလုံးကို အခုပဲ ေပးလိုက္ပါ့မယ္”

ဒီစကားကို ၾကားေသာအခါ ေဒါက္တာထန္းက ခ်က္ခ်င္းလိုလို ေအာ္သည္။
“ေကာင္းၿပီ ေရွာင္ယန္”

“ဟုတ္ကဲ့”
ခ်က္ခ်င္းလိုလို သူနာျပဳတစ္ေယာက္ကို တံခါးကိုဖြင့္ကာ ဝင္လာသည္။

“ေဒါက္တာထန္း ကြၽန္မကိုေခၚတာလား”

“ဒီလူႀကီးမင္းက ေအာက္ထပ္မွာ ပိုက္ဆံရွင္းဖို႔ ေခၚသြားေပးလိုက္ပါ၊ ေရွာင္ဖန္ ေရွာင္လီ ျမန္ျမန္လာ ဒီကေလးကို ေျမဆြဲအား ကင္းလြတ္တဲ့အခန္းထဲကို ေျပာင္းရမယ္”

“ဟုတ္ကဲ့ဟုတ္ကဲ့ ကြၽန္မလာၿပီဆရာ”

အမ်ိဳးသမီးသူနာျပဳက ေျပာၿပီးသည္ႏွင့္ သူမ၏ မ်က္ဝန္းက ေတာက္ပလာကာ ယြမ့္ထန္းကို ေအာက္ထပ္သို႔ ေခၚသြားသည္။ အမ်ိဳးသားသူနာျပဳႏွစ္ေယာက္လုံးကလည္း ခ်က္ခ်င္းလိုလို ဝင္လာကာ ေဒါက္တာထန္းကို ကူညီေပးလ်က္ ကေလးကို ေျပာင္းေ႐ႊ႕ေပးရန္ ျပင္ဆင္ၾကေလသည္။

ေဟာ္ယြန္ခ်န္း သူနဲ႕အတူ ေအာက္သို႔ဆင္းသည္။ ဝမ္ခုံးကလည္း ေဆး႐ုံခန္း၏ အျပင္တြင္ ဆက္လက္ေစာင့္ေနေပးေလသည္။
ေျမဆြဲအား ကင္းလြတ္သည့္ အခန္း၏ ကုန္က်စရိတ္က အလြန္ေဈးႀကီးသည္။ တစ္ေန႕လွ်င္ သုံးေထာင္ပင္ က်ၿပီး အျခားေသာ အားျဖည့္ေဆးမ်ားႏွင့္ ကုသစရိတ္မ်ားဆိုလွ်င္ အပိုေၾကးမ်ားက ပို၍က်သင့္ေလသည္။

“အရင္ဆုံး တစ္ပတ္အတြက္ ကုသစရိတ္ခေတြနဲ႕ စရံအျပင္ အားလုံးေပါင္း ငါးေသာင္းက်သင့္ပါတယ္၊ ပိုတဲ့ပိုက္ဆံေတြအားလံးကို ေဆး႐ုံကဆင္းတဲ့အခါ ျပန္ေပးမွာပါ”

ယြမ့္ထန္းက မည္သည့္စကားမွမဆိုပဲ အလင္းဦးေႏွာက္ကိုသာ ဖြင့္လ်က္ ပိုက္ဆံလႊဲေပးလိုက္သည္။

သူနာျပဳက စိတ္ေအးသြားေလသည္။ သူက အလြန္အားကိုးရေၾကာင္း ျမင္ေသာအခါ မေနနိုင္ပဲ ေျပာလိုက္မိသည္။

“ရွင္က ယြမ့္ယြီရဲ႕အစ္ကိုလား၊ ဘာလို႔အရင္က မလာတာလဲ”

“ကြၽန္ေတာ္…”

ယြမ့္ထန္းက ခါးသီးစြာၿပဳံးၿပီး မည္သို႔ရွင္းျပရမည္မွန္းပင္ မသိေတာ့ေပ။

“သူက အရင္က မေတာ္တဆ ျဖစ္သြားခဲ့တာ။ ငါးႏွစ္ေတာင္ ကိုမာဝင္ေနခဲ့ၿပီး သိပ္မၾကာခင္ကမွ ေဆး႐ုံက ဆင္းလာခဲ့တာပဲ”
မေမွ်ာ္လင့္ထားစြာပင္ ေဟာ္ယြန္ခ်န္းက ဝင္ေရာက္ေျဖေပးလာသည္။

သူနာျပဳကလည္း သံသယဝင္သြားသည္။ မည္သို႔ပင္ဆိုေစ ညီအစ္ကိုႏွစ္ေယာက္လုံးက ထိုမွ် ကံဆိုးမည္ဟု မယုံၾကည္နိုင္ခဲ့ေခ်။ သူက ယြမ့္ထန္း၏ အမူအယာမွတဆင့္ သူက ခိုင္ရွင္းနဲ႕ ကြဲျပားေၾကာင္း သိလိုက္ရကာ သူမ၏ ေလသံက ႏူးညံ့သြားသည္။

“ဒါဆိုရင္ အခုကစၿပီး သူ႕ကို ေသခ်ာေစာင့္ေရွာက္ေပးပါ။ သူက လိမ္မာတဲ့ကေလးပါ”

“ကြၽန္ေတာ္ ဂ႐ုစိုက္မွာပါ”

ယြမ့္ထန္းကလည္း တည္ၿငိမ္စြာ ျပန္ေျဖသည္။

သူနာျပဳက သူတို႔ကို ေျမစြမ္းအား ကင္းလြတ္ေသာ အခန္းထံသို႔ တိုက္ရိုက္ေခၚသြားသည္။ ထိုအခန္းက တတိယထပ္တြင္ ရွိသည္။ ယြမ့္ယြီက ထိုေနရာသို႔ ေျပာင္းေ႐ႊ႕ၿပီးၿပီျဖစ္ၿပီး ေဒါက္တာထန္းႏွင့္ ဝမ္ခြန္းတို႔ကလည္း အျပင္တြင္ ေစာင့္ၾကပ္ကာ သူတို႔အား ေစာင့္ေနၾကသည္။ အတိတ္တြင္ သူျမင္ခဲ့ရေသာ အိုင္စီယူအခန္းႏွင့္ အတူတူသာလွ်င္ျဖစ္သည္။ အခန္းတစ္ခုလုံးက သီးသန႔္ရွိေနေလၿပီး အခန္းအတြင္းရွိေျမဆြဲအားက အနိမ့္ဆုံး ႏွိမ့္ထားသည့္အတြက္ ယြမ့္ထန္းထိုေနရာတြင္ ေနလွ်င္ သူ႕အေနျဖင့္ ေဆးဖန္ေပါင္းေခ်ာင္တြင္ ဝင္ေနရန္ မလိုအပ္ပဲ ႏူးညံ့ေသာ ကုတင္တြင္ တိုက္ရိုက္လွဲနိုင္သည္။

“ၾကည့္ပါဦး သူ႕ရဲ႕အသက္ရႉသံေတာင္ ၿငိမ္သြားၿပီ”

ေဒါက္တာထန္းက ေျပာၿပီး ယြမ့္ယြီကို အမူအယာျပသည္။

ယြမ့္ထန္းကလည္း ညီျဖစ္သူ၏ ေသးငယ္ေသာ ရင္ဘတ္ေလးက နိမ့္လိုက္ျမင့္လိုက္ ျဖစ္ေနေၾကာင္းျမင္ေသာအခါ သူ၏ နာက်င္မႈက အနည္းငယ္သက္သာသြားသည္။ ယြမ့္ထန္းက စိတ္ေအးသြားသလို ခံစားလိုက္ရသည္။

“ေဒါက္တာထန္း ညီေလးရဲ႕ ကုသမႈေတြက ဘယ္လိုအေျခအေနရွိလဲ”

“အခုသူ႕ကို ေျမဆြဲအား ကင္းလြတ္တဲ့အခန္းမွာ ထည့္ထားလိုက္ၿပီ၊ ေျမဆြဲအားရဲ႕ဖိအားသာမရွိရင္ သူက ငါေပးတဲ့ေဆးရည္ကို ေသာက္နိုင္စြမ္း ရွိလာလိမ့္မယ္။ သူ႕ရဲ႕ အားနည္းေနတဲ့အရိုးေတြကို သိပ္မၾကာခင္မွာ ကုသသြားနိုင္လိမ့္မယ္။ သူ႕ရဲ႕အရိုးေတြကသာ ကိုယ္တိုင္ လႈပ္ရွားလို႔ရတဲ့အေနအထားအထိ ျပန္လည္သက္သာလာၿပီဆိုရင္ သူ႕ကို ေဆး႐ုံကေန ဆင္းလို႔ရပါၿပီ၊ အဲဒီအခ်ိန္ကေန မင္းအေနနဲ႕ ေျမစြမ္းအားနည္းတဲ့ ၿဂိဳလ္ရွိတဲ့ေနရာကို ခ်က္ခ်င္းလိုလို ပို႔ေပးတာက အေကာင္းဆုံးပဲ။ ဒီလိုဆိုရင္ သူ႕ရဲ႕ကိုယ္က ဒဏ္ရာေတြ မရရွိနိုင္ေတာ့ဘူး။ သူ႕ရဲ႕ ကိုယ္က အခ်ိန္အတန္ၾကာ ျပန္လည္အားျဖည့္ေပးဖို႔ လိုေသးတယ္”

ထိုသို႔ေျပာၿပီးသည့္ေနာက္တြင္ ေဒါက္တာထန္း၏ မ်က္ႏွာတြင္ ရွားပါးေသာ အၿပဳံးက ေပၚလာသည္။

“သူ သိပ္မၾကာခင္ နိုးေတာ့မယ္။ မင္း ဒီေနရာမွာ ေနလိုက္ပါ”

“ေကာင္းပါၿပီ”

ယြမ့္ထန္းက ေခါင္းညိတ္သည္။ သူက တံခါးဝကို ျဖတ္သန္းသြားသည့္ ဆရာဝန္ကို ၾကည့္ေနၿပီးေနာက္တြင္ သူ၏ အၾကည့္က ယြမ့္ယြီထံသို႔ ေရာက္လာသည္။ သူက လက္ကိုဆန႔္တန္းလိုက္ကာ ယြမ့္ယြီ၏ေခါင္းကို ညင္သာစြာပြတ္သပ္သည္။ ထိုကေလးက ပိန္ပါးကာ အားနည္းလြန္းသည္။ သို႔ေသာ္ ခ်စ္စရာေကာင္းေနေသးသည္။ ယြမ့္ထန္းက သက္ျပင္းခ်လိဳက္ကာ ခပ္တိုးတိုးေျပာသည္။

“နိုးလာပါေတာ့”

လွပေသာ ေနေရာင္က ျပတင္းေပါက္မွတဆင့္ ျဖာက်လာၿပီးေနာက္ အလြန္လွပလြန္းလွသည္။ ေနေရာင္က အနက္ေရာင္တိမ္စိုင္ထဲမွ ခြဲထြက္လာၿပီး အလင္းက ထင္ရွားေနေသာ္လည္း ပူျပင္းျခင္း မရွိေခ်။ ထို႔ေၾကာင့္ ေဆး႐ုံခန္းတစ္ခုလုံးက ေႏြးေထြးကာ ေတာက္ပေနသည္။ ေနေရာင္ေၾကာင့္ ယြမ့္ရီ၏ မ်က္ခြံမ်ားက ေဖာက္ထြင္းျမင္ရမတတ္ ၾကည္လင္ေနသည္။ သူ၏ မ်က္ခြံထဲမွ ေသြးေၾကာမ်ားကိုပင္ ရွင္းလင္းစြာ ျမင္ေနရေလသည္။ သူ၏ သဘာဝအေလ်ာက္ ရွည္လ်ားေသာ ထူထဲသည့္ မ်က္ေတာင္မ်ားက အနည္းငယ္တုန္ခါသြားၿပီး ေျဖးညင္းစြာျဖင့္ မ်က္လုံးက ပြင့္လာေတာ့သည္။

သူက ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ တစ္ဖက္သူကို မျမင္ရေသးေသာ္လည္း တစ္ခ်က္ၾကည့္႐ုံျဖင့္ပင္ ယြမ့္ထန္းကို ျမင္လိုက္ရသည္။ ထို႔ေၾကာင့္ သူ၏ မ်က္ႏွာတြင္ရွိသည့္ ေသးငယ္ေသာ ခ်စ္စဖြယ္ေကာင္းသည့္ ပါးခ်ိဳင့္ေလးက ထင္ရွားစြာ ေပၚလာေတာ့ကာ မ်က္ဝန္းမ်ားကပင္ မ်က္ရည္မ်ားျဖင့္ ေတာက္ပလာေတာ့သည္?

“အစ္ကိုအစ္ကို”





Continue Reading

You'll Also Like

1.8M 121K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
347K 8.7K 80
"แ€•แ€ฐแ€แ€„แ€บแ€ธแ€œแ€ฑแ€ธแ€€แ€˜แ€ฌแ€œแ€ฒ" "แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€ทแ€กแ€•แ€ญแ€ฏแ€„แ€บ" "แ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€แ€ญแ€ฏแ€ทแ€€แ€›แ€ฑแ€ฌแ€˜แ€ฌแ€œแ€ฒ " "แ€™แ€ฑแ€ฌแ€„แ€บแ€”แ€พแ€™" "แ€Ÿแ€ฌ..."
1.4M 48.5K 61
Myanmar ร— BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd