In Love With An Old Mafia(Com...

By seinyadanawin

154K 9.6K 1.3K

****** Start Date-Mar.31.2023 End Date-Nov.17.2023 ***** More

Intro
Part-1
Part-2
Part-3
part-4
Part-5
Part-6
Part-7
Part-8
Part-10+11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31+32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
The End
Characters' Art
New Fiction Promote

Part-9

3.7K 283 46
By seinyadanawin

"ဒါလေးက လေးလေးငယ်နဲ့လိုက်တယ်"

ဆွယ်တာ အင်္ကျီတွေကိုတစ်ထည်ပြီး တစ်ထည် အားပါအားရထိုင်ရွေးနေသော သက်ပိုင်။
ပြင်ဦးလွင်ကိုရောက်ရင် ဆွယ်တာတစ်ထည်တော့ ဝယ်ကိုဝယ်သွားသင့်တယ်ဟုဆိုကာ စိုင်းတစ်ယောက် ဆွယ်တာဆိုင်ထဲသို့
အတင်းဆွဲခေါ်ခဲ့သောကြောင့် လိုက်ခဲ့ရခြင်းပင်။

ယခုနဲ့ဆိုလျှင် သူနဲ့သက်ပိုင်ဒီဆွယ်တာဆိုင်ထဲမှာ မိနစ်20လောက်ကြာနေပြီဖြစ်သည်။
ဒါတောင် အနှီးကောင်လေးမှာရွေးလို့မပြီးနိုင်သေး။ဆွယ်တာပုံကြီးကြားထဲ ဘယ်တစ်ထည်ကိုဝယ်ရမလဲဆိုတာကို ခေါင်းခြောက်နေပုံ။

ရွေးနေတာ
ကလည်း သက်ပိုင်အတွက်မဟုတ်ပဲ သူဆိုတဲ့စိုင်းအတွက်တဲ့လေ။

စိုင်း ဆိုင်ထဲအား ဟိုဟိုဒီဒီလျှောက်ကြည့်ရင် ဆိုင်၏ထောင့်စွန်းနားမှာချိတ်ဆွဲထားသည့် အဖြူရောင်
ဆွယ်တာလေးဆီ၌ အကြည့်သွားရောက်သည်။

ခေါင်းစွပ်ဆွယ်တာအမျိုးအစားဖြစ်၍ လည်ပင်းက roll neck အမျိုးအစားပင်။
ဆွယ်တာ၏အရောင်ကား
ဗျိုင်းတစ်ကောင်၏ အမွှေးလိုမျိုးဖြူစွတ်နေပြီး သက်ပိုင်နှင့်အတော်လေးလိုက်မည်ဟု စိုင်းထင်မိ၏။

စိုင်း ဆိုင်ရှင်အမကြီးအား
"ဟိုနားက အဖြူရောင်ဆွယ်တာလေး ပြကြည့်လို့ရမလား" ဟုမေးလိုက်သည်။

ထိုအခါသက်ပိုင်က လှည့်ကာကြည့်လာ၏။ထို့နောက်သူ့အားမေးသည်က

"လေးလေးငယ်က အဲ့တစ်ထည်ကိုကြိုက်တာလား"

ဆိုင်ရှင် အမကြီးက ယင်းဆွယ်တာအား သူ့လက်ထဲသို့ထည့်အပြီးတွင်တော့ စိုင်း ဆွယ်တာအား သက်ပိုင်၏ ကိုယ်ပေါ်၌တင်ကြည့်လိုက်၍

"မင်းအတွက်"

"ကျွန်တော့်အတွက်?"

သက်ပိုင် နားမလည်စွာမေးမိတော့ လေးလေးငယ်က သူ့ကိုခေါင်းပြန်ငြိမ့်ပြသည်။
ဆွယ်တာဖြူဖြူကိုငုံ့ကြည့်မိတော့ နှလုံးသားလေးထဲနွေးထွေးမှုသေးသေးလေးကချောင်းငယ်လေးကဲ့သို့စီးဆင်းသွား၏။

"အင်း မင်းနဲ့လိုက်တယ်၊
ဒီတစ်ထည်ယူမယ် အမ"

သက်ပိုင် လေးလေးငယ်၏ပုခုံးပေါ်သို့ ခါးကိုင်းကာမှေးအားတင်လိုက်သည်။

"ကျေးဇူးပါလေးလေးငယ်၊ကျွန်တော်အများကြီးတန်ဖိုးထားပြီး သိမ်းထားပါ့မယ်"

"ငါမင်းကိုဝယ်ပေးတာက ဝတ်စေချင်လို့လေ မင်းကသိမ်းထားပြီးဘာလုပ်မှာတုန်း"

"လေးလေးငယ် ဝတ်စေချင်ရင်ကျွန်တော်ဝတ်မယ်"

"အင်း ဝတ်၊စုတ်ပြဲသွားရင် ပြန်ဝယ်ပေးမယ်၊ဆယ်ထည်လိုချင်ရင် ဆယ်ထည်ပြန်ဝယ်ပေးမယ် ဒါကြောင့်မဝတ်ပဲမနေနဲ့"

"လေးလေးငယ်က အရမ်းရက်ရောတာပဲ"

"သိရင်ပြီးတာပဲ"

လေးလေးငယ်၏ အဖြေကြောင့် သက်ပိုင် သွားတန်းလေးများပေါ်အောင်ရယ်လိုက်မိသည်။
ဒီလူကြီးကိုချစ်လွန်းလို့ သူဘယ်လိုလုပ်ရပါ့မလဲ။

"လေးလေးငယ်သိလား ကျွန်တော်ကဆွယ်တာတွေကိုကြိုက်တယ် ပြင်ဦးလွင်ရောက်တိုင်းဆွယ်တာတွေကို အမြဲ
ဝယ်လေ့ရှိတယ်၊ဒါပေမဲ့ လေးလေးငယ်ပေးတဲ့ဆွယ်တာကိုတော့ ကျွန်တော် အကြိုက်ဆုံးပဲ"

"မင်းကြိုက်ရင်ပြီးတာပါပဲ"

သူသေချာပေါက် ဒီဆွယ်တာလေးအား
တယုတယ တမြတ်တနိုးနဲ့သိမ်းထားမိမှာအမှန်ပင်။
လေးလေးငယ်စီကပထမဆုံးရတဲ့လက်ဆောင်လေးမဟုတ်လား။ဖြစ်နိုင်ရင် ရွှေချပြီးတော့တောင်မှန်ဘောင်ထဲထည့်သိမ်းထားချင်တာ။

*

စိုင်း သူ၏လက်ထဲမှ အင်္ကျီထုပ်များအားကြည့်ပြီး အခြေအနေအားလိုက်မမှီနိုင်ဖြစ်နေသည်။
စိုင်းသက်ပိုင်အား ဆွယ်တာတထည်ဝယ်ပေးခဲ့ပေမဲ့ သကောင့်သားက သူ့အတွက်ဆိုပြီး ဆွယ်တာများစွာကိုထပ်ဝယ်ခဲ့သည်တဲ့လေ။

ဆောင်းတွင်းတစ်တွင်းလုံးဝတ်တောင် ဒီဆွယ်တာတွေကကုန်နိုင်မည်မထင်။

"လေးလေးငယ် အခုကျွန်တော်တို့ဘယ်သွားကြမှာလဲဟင်"

"ကန်တော်ကြီး"

ဒီလိုနှင့် သူတို့နှစ်ယောက်၏ဒုတိယမြှောက်ခရီးစဥ်လေးဟာ စတင်ခဲ့ပါတော့၏။

တံတားအောက်ရှိ
စိမ်းဖန့်ဖန့်ရေများအား ငုံ့ကြည့်လိုက်တော့ ရေထဲ၌ ရောင်စုံငါးများက ကူးလူးဖြတ်သန်းသွားလာနေကြသည်ကိုတွေ့မြင်ရသည်။

ရွှေရောင်ငါးများ၊အနီရောင်ငါးများအပြင် ၊ငွေရောင်ငါးများ အစရှိသဖြင့်
များစွာသောငါးများကိုတွေ့ရလေသည်။တံတား၏အလယ်၌ ငါးစာရောင်းချပေးသည့်နေရာလေးတစ်ခုရှိ၍ သက်ပိုင်တို့လည်း
ငါးစာကျွေးရန် ပေါင်မုန့်နှစ်ခြင်းအားဝယ်ခဲ့လိုက်သေး၏။

ငါးစာကျွေးအပြီးတွင်တော့ ပန်းဥယျာဥ်ဘက်သို့ သွားခဲ့ကြ၍ ပန်းဥယျာဥ်ကြီးထဲ၌မျိုးစုံသောပန်းများအား မြင်တွေ့ရလေသည်။

အဝါရောင်၊အဖြူရောင်၊ပန်းရောင်၊အပြာရောင်၊ခရမ်းရောင် အစရှိသဖြင့် ပန်းခင်းကြီးဟာအရောင်အသွေးစုံလင်လှ၍ တကယ့်ပင်လှပ ပေသည်။

ပျော်ပွဲစားထွက်သူကထွက်၊ဓာတ်ပုံရိုက်သူကရိုက်နှင့် သူ့အလုပ်ကိုယ့်အလုပ်ဖြင့် လူတိုင်းကအလုပ်ရှုပ်နေကြသည်။

သက်ပိုင်ကလည်း မုန့်သွားဝယ်ဦးမယ်ဟုဆိုကာ မုန့်ဆိုင်ဘက်သို့ထွက်သွား
သောကြောင့်
စိုင်းလည်းဟိုကြည့်ဒီကြည့်လုပ်နေလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးအချိန်တွင်တော့

"အားး လေးလေးငယ် ကယ်ပါဦးဗျ!!"

ယင်းကဲ့သို့ အော်ဟစ်သံနှင့်အတူ သူ့ဆီသို့အလောတကြီးပြေးလာသော သက်ပိုင်မှာ အနောက်မှကျားလိုက်နေသလိုပင်။

သို့ပေမဲ့ တကယ်တမ်းက ကျားလိုက်တာမဟုတ်ပဲ ငန်းလိုက်တာကိုခံနေခြင်းဖြစ်ကြောင့် စိုင်းသိပ်မကြာခင်သိလိုက်ရလေသည်။
ဖြူစွတ်နေသောအမွှေးအတောင်များနှင့်ငန်းတစ်ကောင်က ဒေါသတကြီးနှင့်အတောင်ပံအားတဖျက်ဖျက်ခပ်ကာ
သက်ပိုင်၏ အနောက်မှလိုက်နေခြင်းပင်။

သက်ပိုင်က သူ့အနားအရောက်တွင်တော့ ချက်ချင်းပြေးဖက်လိုက်၍ သူ့ရင်ခွင်ထဲသို့ချက်ချင်းခေါင်းငုံ့ကာဝင်လိုက်သည်။
စိုင်း သက်ပိုင်အား ဖက်လိုက်ကာရင်ခွင်ထဲသို့ဝှက်လိုက်ရင်း သူတို့ဘက်ကိုဒေါသတကြီးပြေးလာသော ငန်းအား စိုက်ကြည့်လိုက်လေသည်။

ထိုအခါ ငန်းကချက်ချင်းငြိမ်ကျသွား၍ ရေကန်ဘက်သို့ကွတကွတဖြင့် ပြန်လည်ပြေးသွားတော့လေသည်။

"မင်းကဘာသွားလုပ်လို့ သူကမင်းကိုလိုက်ဆိတ်ရတာလဲ"

"ကျွန်တော်က သူ့ကလေးကိုတက်နင်းမိသွားလို့"

"ဟမ်?တက်နင်းမိတယ်?
ဘယ်တွေအတွေးပြန့်နေလို့ ငန်းကိုတောင်တက်နင်းမိရတာလဲ"

"ဟီးဟီး လေးလေးငယ်ကလည်း"

လေးလေးငယ်အား ငမ်းနေ၍ သတိလက်လွှတ်ဖြစ်သွားကာ ငန်းပိစိလေးအားတက်နင်းမိလိုက်ခြင်းပင်။ကံကောင်းထောက်မ စွာဖြင့်မသေသွားသော်လည်း ဘယ်နားကငန်းအမေကြီးကရောက်လာသလဲမသိ သူ့နောက်ကိုလာဆိတ်တော့လေသည်။

သက်ပိုင်အငမ်းလွန်သွားသည်ကိုလည်းမတတ်နိုင်၊ လေးလေးငယ်ကိုက ချောလွန်းနေတာ။

"ဘာဟီးဟီးလဲ"

"ကျွန်တော့မှာ လေးလေးငယ်ရှိတယ်လေ...လေးလေးငယ်က ကျွန်တော့်ကို ကာကွယ်ပေးမှာမဟုတ်လား...ဟုတ်လားလို့"

သူ့အား ခွေးပေါက်တစ်ကောင်ကဲ့သို့မျက်လုံးရွဲကြီးများဖြင့်ကြည့်ကာပြောလာသော အကောင်ပေါက်ကြောင့် နှလုံးသားဟာဒိတ်ကနဲ။

ဒီနေ့ နေအတော်ပူတာပဲ။
ပူစပ်စပ်ဖြစ်သွားသောမျက်နှာအားထိလိုက်ရင်း စိုင်း ထိုကဲ့သို့စဥ်းစားမိသည်။

"လေးလေးငယ် ကာကွယ်ပေးမှာမလားလို့ ကျွန်တော့်ကို"

"အ..အင်း"

"ဒါကြောင့် လေးလေးငယ်ကိုချစ်တာ"

နောက်တချက်။
ထပ်မံခုန်လှပ်သွားသော ဘယ်ဘက်ရင်အုံအားထိလိုက်ရင်း စိုင်းတဖက်သို့မျက်နှာလွဲလိုက်မိသည်။
ဒီကောင်လေး ဘာကြောင့်ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲ။
ပြီးတော့ မရေရာတဲ့စကားတွေလည်းပြောသေးတယ်။

အဲ့တာထက် သူကကောဘာလို့ရင်ခုန်နေရတာလဲ။
သူ့ကိုဒီလိုဖြစ်အောင်လုပ်တဲ့ ဒီကောင်ကိုသူပိတ်ထိုးပစ်သင့်လား။

"အပိုတွေပြောမနေနဲ့"

"အတည်ပါနော် ကျွန်တော်က လေးလေးငယ်ကိုအများကြီးချစ်တာ"

ထိုကဲ့သို့ပြောရင်း လက်အားဖြန့်ကျက်ကာအမူအရာတောင်လုပ်ပြနေသေးသည်။
စိုင်း ကလေးဆန်လှသောဒီကောင်လေးကြောင့် ရယ်လိုက်မိသည်။
ဒီကောင်လေးက သူ့ကိုရယ်အောင်လုပ်နိုင်သည်မှာတော့လုံးဝငြင်းလို့မရ။

ထို့နောက် နှစ်ယောက်သားသစ်ပင်တစ်ပင်အောက်ထိုင်ဖြစ်ကြလေသည်။
သက်ပိုင်ကတော့ ဇာတ်ညွှန်းတစ်ခုအားရေးခြစ်နေပြီး စိုင်းကတော့သစ်ပင်
ပင်စည်အားမှီရင်း ဟိုကြည့်ဒီကြည့်နှင့်ပင်။

စိုင်း ဇာတ်ညွှန်းရေးခြစ်နေသော ကောင်လေးအား မျက်လုံးဝေ့ကြည့်လိုက်တော့ သကောင့်သားကတကယ့်ပင်အာရုံစိုက်နေပုံ။မျက်ခုံးအားအနည်းငယ်ကျုံ့ထား၍ တစ်စုံတစ်ရာအားအပြင်းအထန်
စဥ်းစားနေဟန်.....
လက်ကနေလည်းဘောပင်ကိုင်ကာ
ဘာမှန်းမသိသောစာများအားချရေးနေသေးသည်။

စိုင်း ဘောပင်ကိုင်ထားသောကောင်လေး၏လက်အားကြည့်မိတော့ လက်ကလေးကတကယ့်ကိုဖြူဖြူစွတ်စွတ်ကလေး။ ရှည်လျားလက်ချောင်းများနှင့်အတူ လက်ကောက်ဝတ်တွင်လည်းသွေးကြောစိမ်းများက များစွာပင်။
လက်သည်းခွံလေးများက ကြည်ကြည်ကလေးဖြစ်ကာ ပန်းရောင်သမ်းနေ၍လက်မနှစ်ချောင်းတွင်တော့ လခြမ်းကွေးကလေးများရှိလေသည်။

ဖြူစွတ်ကာ နူးညံမည်ဟုထင်ရသော်လည်း မိန်းမဆန်နေတာမျိုးမဟုတ်ပဲ အရိုးအဆစ်များဖြင့်ယောက်ျားဆန်စွာ ကြည့်ကောင်းလေသည်။

လက်များကတဆင့် မျက်နှာဆီသို့အကြည့်ရောက်မိတော့ တင်္ဂဒလောက်ကိုငေးမိသွားရသည်။
အပြစ်အနာအဆာမရှိသည့် မျက်နှာကလေးဟာ လူတိုင်းငေးမိရလောက်တဲ့အထိကို ဆုတောင်းကောင်းခဲ့သည်ထင်ပါ၏။

စိုင်း သက်ပိုင်အားငေးနေမိရင်
ဘယ်ဘက်ရင်အုံမှ တစ်စုံတစ်ရာက ခုန်ပေါက်လာသည်ကိုသတိထားမိတော့ လက်နှင့် အနည်းငယ်ဖိလိုက်မိသည်။

အဲ့လိုဖြစ်လို့မရဘူးလေကွာ။
မင်းနဲ့မသက်ဆိုင်တဲ့အရာတစ်ခုကို
မမက်မောမိစေနဲ့ စိုင်းအောင်မင်းခန့်...မင်းသူ့ကိုချစ်မိသွားလို့မရဘူး။

ဟုတ်တာပေါ့..သူချစ်မိသွားလို့မဖြစ်ဘူး။သူချစ်မိသွားခဲ့ရင်ပိုင်ဆိုင်ချင်လိမ့်မယ် အဲ့အခါသက်ပိုင်နာကျင်ရလိမ့်မယ်...
သူနဲ့သက်ပိုင်နဲ့က အခြေအနေမတူကြတဲ့သူတွေ။

ဖြူစင်တဲ့ဒီကလေးလေးကို
သူအရောင်မဆိုးရက်။သူ့လိုဒုစရိုက်အလုပ်တွေများစွာလုပ်ဖူးပြီး လက်မှာသွေးခဏခဏစွန်းထင်းခဲ့ဖူးတဲ့ ကောင်က သက်ပိုင်လိုအဖြူထည်လေးကိုမှလိုချင်တယ်တဲ့လေ။

ဘယ်လိုတောင်အရှက်မဲ့လိုက်သလဲ။
ဒဏ်ရာများစွာရဖူးတဲ့ဒီကလေးလေးကို သူဒဏ်ရာတွေထပ်မပေးချင်။
သူ့အနားနေရင် နာကျင်ရတာပဲအဖတ်တင်လိမ့်မယ်။

ဒီလိုကောင်လေးကို သူ့ဘဝထဲကိုဘယ်လိုလုပ်ဆွဲသွင်းရက်မှာတဲ့လဲ။
ဟင့်အင်း မင်းကိုငါ့ဘဝထဲဘယ်တော့မှဆွဲသွင်းမှာမဟုတ်ဘူး သက်ပိုင်။

ပန်းဥယျာဥ်ကြီးထဲရှိ သစ်ပင်တစ်ပင်၏အောက်၌ စာအုပ်တစ်အုပ်နှင့်အလုပ်ရှုပ်နေသောကောင်လေးတစ်ယောက်အား ရှုပ်ထွေးစွာကြည့်နေသောအမျိုးသားတစ်ယောက်တို့၏ ဇာတ်လမ်းဟာ ပျော်ရွှင်စရာအဆုံးသတ်ဖြစ်နိုင်မယ်လို့ သင်တို့ထင်ပါသလား။

****

Alexander AN
May.2.2023

A/N- ကျွန်တော့်ကိုယ်ကျွန်တော်အရေးအသားကျသွားတယ်လို့ထင်မိပါတယ်
ဒါကြောင့် အရေးအသားလိုအပ်သည်ရှိသော် တောင်းပန်ပါတယ်ဗျ။ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

****

"ဒါေလးက ေလးေလးငယ္နဲ႔လိုက္တယ္"

ဆြယ္တာ အက်ႌေတြကိုတစ္ထည္ၿပီး တစ္ထည္ အားပါအားရထိုင္ေ႐ြးေနေသာ သက္ပိုင္။
ျပင္ဦးလြင္ကိုေရာက္ရင္ ဆြယ္တာတစ္ထည္ေတာ့ ဝယ္ကိုဝယ္သြားသင့္တယ္ဟုဆိုကာ စိုင္းတစ္ေယာက္ ဆြယ္တာဆိုင္ထဲသို႔
အတင္းဆြဲေခၚခဲ့ေသာေၾကာင့္ လိုက္ခဲ့ရျခင္းပင္။

ယခုနဲ႔ဆိုလွ်င္ သူနဲ႔သက္ပိုင္ဒီဆြယ္တာဆိုင္ထဲမွာ မိနစ္20ေလာက္ၾကာေနၿပီျဖစ္သည္။
ဒါေတာင္ အႏွီးေကာင္ေလးမွာေ႐ြးလို႔မၿပီးႏိုင္ေသး။ဆြယ္တာပုံႀကီးၾကားထဲ ဘယ္တစ္ထည္ကိုဝယ္ရမလဲဆိုတာကို ေခါင္းေျခာက္ေနပုံ။

ေ႐ြးေနတာ
ကလည္း သက္ပိုင္အတြက္မဟုတ္ပဲ သူဆိုတဲ့စိုင္းအတြက္တဲ့ေလ။

စိုင္း ဆိုင္ထဲအား ဟိုဟိုဒီဒီေလွ်ာက္ၾကည့္ရင္ ဆိုင္၏ေထာင့္စြန္းနားမွာခ်ိတ္ဆြဲထားသည့္ အျဖဴေရာင္
ဆြယ္တာေလးဆီ၌ အၾကည့္သြားေရာက္သည္။

ေခါင္းစြပ္ဆြယ္တာအမ်ိဳးအစားျဖစ္၍ လည္ပင္းက roll neck အမ်ိဳးအစားပင္။
ဆြယ္တာ၏အေရာင္ကား
ဗ်ိဳင္းတစ္ေကာင္၏ အေမႊးလိုမ်ိဳးျဖဴစြတ္ေနၿပီး သက္ပိုင္ႏွင့္အေတာ္ေလးလိုက္မည္ဟု စိုင္းထင္မိ၏။

စိုင္း ဆိုင္႐ွင္အမႀကီးအား
"ဟိုနားက အျဖဴေရာင္ဆြယ္တာေလး ျပၾကည့္လို႔ရမလား" ဟုေမးလိုက္သည္။

ထိုအခါသက္ပိုင္က လွည့္ကာၾကည့္လာ၏။ထို႔ေနာက္သူ႕အားေမးသည္က

"ေလးေလးငယ္က အဲ့တစ္ထည္ကိုႀကိဳက္တာလား"

ဆိုင္႐ွင္ အမႀကီးက ယင္းဆြယ္တာအား သူ႕လက္ထဲသို႔ထည့္အၿပီးတြင္ေတာ့ စိုင္း ဆြယ္တာအား သက္ပိုင္၏ ကိုယ္ေပၚ၌တင္ၾကည့္လိုက္၍

"မင္းအတြက္"

"ကြၽန္ေတာ္႕အတြက္?"

သက္ပိုင္ နားမလည္စြာေမးမိေတာ့ ေလးေလးငယ္က သူ႕ကိုေခါင္းျပန္ၿငိမ့္ျပသည္။
ဆြယ္တာျဖဴျဖဴကိုငုံ႔ၾကည့္မိေတာ့ ႏွလုံးသားေလးထဲေႏြးေထြးမႈေသးေသးေလးကေခ်ာင္းငယ္ေလးကဲ့သို႔စီးဆင္းသြား၏။

"အင္း မင္းနဲ႔လိုက္တယ္၊
ဒီတစ္ထည္ယူမယ္ အမ"

သက္ပိုင္ ေလးေလးငယ္၏ပုခုံးေပၚသို႔ ခါးကိုင္းကာေမွးအားတင္လိုက္သည္။

"ေက်းဇူးပါေလးေလးငယ္၊ကြၽန္ေတာ္အမ်ားႀကီးတန္ဖိုးထားၿပီး သိမ္းထားပါ့မယ္"

"ငါမင္းကိုဝယ္ေပးတာက ဝတ္ေစခ်င္လို႔ေလ မင္းကသိမ္းထားၿပီးဘာလုပ္မွာတုန္း"

"ေလးေလးငယ္ ဝတ္ေစခ်င္ရင္ကြၽန္ေတာ္ဝတ္မယ္"

"အင္း ဝတ္၊စုတ္ၿပဲသြားရင္ ျပန္ဝယ္ေပးမယ္၊ဆယ္ထည္လိုခ်င္ရင္ ဆယ္ထည္ျပန္ဝယ္ေပးမယ္ ဒါေၾကာင့္မဝတ္ပဲမေနနဲ႔"

"ေလးေလးငယ္က အရမ္းရက္ေရာတာပဲ"

"သိရင္ၿပီးတာပဲ"

ေလးေလးငယ္၏ အေျဖေၾကာင့္ သက္ပိုင္ သြားတန္းေလးမ်ားေပၚေအာင္ရယ္လိုက္မိသည္။
ဒီလူႀကီးကိုခ်စ္လြန္းလို႔ သူဘယ္လိုလုပ္ရပါ့မလဲ။

"ေလးေလးငယ္သိလား ကြၽန္ေတာ္ကဆြယ္တာေတြကိုႀကိဳက္တယ္ ျပင္ဦးလြင္ေရာက္တိုင္းဆြယ္တာေတြကို အၿမဲ
ဝယ္ေလ့႐ွိတယ္၊ဒါေပမဲ့ ေလးေလးငယ္ေပးတဲ့ဆြယ္တာကိုေတာ့ ကြၽန္ေတာ္ အႀကိဳက္ဆုံးပဲ"

"မင္းႀကိဳက္ရင္ၿပီးတာပါပဲ"

သူေသခ်ာေပါက္ ဒီဆြယ္တာေလးအား
တယုတယ တျမတ္တႏိုးနဲ႔သိမ္းထားမိမွာအမွန္ပင္။
ေလးေလးငယ္စီကပထမဆုံးရတဲ့လက္ေဆာင္ေလးမဟုတ္လား။ျဖစ္ႏိုင္ရင္ ေ႐ႊခ်ၿပီးေတာ့ေတာင္မွန္ေဘာင္ထဲထည့္သိမ္းထားခ်င္တာ။

*

စိုင္း သူ၏လက္ထဲမွ အက်ႌထုပ္မ်ားအားၾကည့္ၿပီး အေျခအေနအားလိုက္မမွီႏိုင္ျဖစ္ေနသည္။
စိုင္းသက္ပိုင္အား ဆြယ္တာတထည္ဝယ္ေပးခဲ့ေပမဲ့ သေကာင့္သားက သူ႕အတြက္ဆိုၿပီး ဆြယ္တာမ်ားစြာကိုထပ္ဝယ္ခဲ့သည္တဲ့ေလ။

ေဆာင္းတြင္းတစ္တြင္းလုံးဝတ္ေတာင္ ဒီဆြယ္တာေတြကကုန္ႏိုင္မည္မထင္။

"ေလးေလးငယ္ အခုကြၽန္ေတာ္တို႔ဘယ္သြားၾကမွာလဲဟင္"

"ကန္ေတာ္ႀကီး"

ဒီလိုႏွင့္ သူတို႔ႏွစ္ေယာက္၏ဒုတိယေျမႇာက္ခရီးစဥ္ေလးဟာ စတင္ခဲ့ပါေတာ့၏။

တံတားေအာက္႐ွိ
စိမ္းဖန္႔ဖန္႔ေရမ်ားအား ငုံ႔ၾကည့္လိုက္ေတာ့ ေရထဲ၌ ေရာင္စုံငါးမ်ားက ကူးလူးျဖတ္သန္းသြားလာေနၾကသည္ကိုေတြ႕ျမင္ရသည္။

ေ႐ႊေရာင္ငါးမ်ား၊အနီေရာင္ငါးမ်ားအျပင္ ၊ေငြေရာင္ငါးမ်ား အစ႐ွိသျဖင့္
မ်ားစြာေသာငါးမ်ားကိုေတြ႕ရေလသည္။တံတား၏အလယ္၌ ငါးစာေရာင္းခ်ေပးသည့္ေနရာေလးတစ္ခု႐ွိ၍ သက္ပိုင္တို႔လည္း
ငါးစာေကြၽးရန္ ေပါင္မုန္႔ႏွစ္ျခင္းအားဝယ္ခဲ့လိုက္ေသး၏။

ငါးစာေကြၽးအၿပီးတြင္ေတာ့ ပန္းဥယ်ာဥ္ဘက္သို႔ သြားခဲ့ၾက၍ ပန္းဥယ်ာဥ္ႀကီးထဲ၌မ်ိဳးစုံေသာပန္းမ်ားအား ျမင္ေတြ႕ရေလသည္။

အဝါေရာင္၊အျဖဴေရာင္၊ပန္းေရာင္၊အျပာေရာင္၊ခရမ္းေရာင္ အစ႐ွိသျဖင့္ ပန္းခင္းႀကီးဟာအေရာင္အေသြးစုံလင္လွ၍ တကယ့္ပင္လွပ ေပသည္။

ေပ်ာ္ပြဲစားထြက္သူကထြက္၊ဓာတ္ပုံ႐ိုက္သူက႐ိုက္ႏွင့္ သူ႕အလုပ္ကိုယ့္အလုပ္ျဖင့္ လူတိုင္းကအလုပ္႐ႈပ္ေနၾကသည္။

သက္ပိုင္ကလည္း မုန္႔သြားဝယ္ဦးမယ္ဟုဆိုကာ မုန္႔ဆိုင္ဘက္သို႔ထြက္သြား
ေသာေၾကာင့္
စိုင္းလည္းဟိုၾကည့္ဒီၾကည့္လုပ္ေနလိုက္သည္။

မိနစ္အနည္းငယ္ၾကာၿပီးအခ်ိန္တြင္ေတာ့

"အားး ေလးေလးငယ္ ကယ္ပါဦးဗ်!!"

ယင္းကဲ့သို႔ ေအာ္ဟစ္သံႏွင့္အတူ သူ႕ဆီသို႔အေလာတႀကီးေျပးလာေသာ သက္ပိုင္မွာ အေနာက္မွက်ားလိုက္ေနသလိုပင္။

သို႔ေပမဲ့ တကယ္တမ္းက က်ားလိုက္တာမဟုတ္ပဲ ငန္းလိုက္တာကိုခံေနျခင္းျဖစ္ေၾကာင့္ စိုင္းသိပ္မၾကာခင္သိလိုက္ရေလသည္။
ျဖဴစြတ္ေနေသာအေမႊးအေတာင္မ်ားႏွင့္ငန္းတစ္ေကာင္က ေဒါသတႀကီးႏွင့္အေတာင္ပံအားတဖ်က္ဖ်က္ခပ္ကာ
သက္ပိုင္၏ အေနာက္မွလိုက္ေနျခင္းပင္။

သက္ပိုင္က သူ႕အနားအေရာက္တြင္ေတာ့ ခ်က္ခ်င္းေျပးဖက္လိုက္၍ သူ႕ရင္ခြင္ထဲသို႔ခ်က္ခ်င္းေခါင္းငုံ႔ကာဝင္လိုက္သည္။
စိုင္း သက္ပိုင္အား ဖက္လိုက္ကာရင္ခြင္ထဲသို႔ဝွက္လိုက္ရင္း သူတို႔ဘက္ကိုေဒါသတႀကီးေျပးလာေသာ ငန္းအား စိုက္ၾကည့္လိုက္ေလသည္။

ထိုအခါ ငန္းကခ်က္ခ်င္းၿငိမ္က်သြား၍ ေရကန္ဘက္သို႔ကြတကြတျဖင့္ ျပန္လည္ေျပးသြားေတာ့ေလသည္။

"မင္းကဘာသြားလုပ္လို႔ သူကမင္းကိုလိုက္ဆိတ္ရတာလဲ"

"ကြၽန္ေတာ္က သူ႕ကေလးကိုတက္နင္းမိသြားလို႔"

"ဟမ္?တက္နင္းမိတယ္?
ဘယ္ေတြအေတြးျပန္႔ေနလို႔ ငန္းကိုေတာင္တက္နင္းမိရတာလဲ"

"ဟီးဟီး ေလးေလးငယ္ကလည္း"

ေလးေလးငယ္အား ငမ္းေန၍ သတိလက္လႊတ္ျဖစ္သြားကာ ငန္းပိစိေလးအားတက္နင္းမိလိုက္ျခင္းပင္။ကံေကာင္းေထာက္မ စြာျဖင့္မေသသြားေသာ္လည္း ဘယ္နားကငန္းအေမႀကီးကေရာက္လာသလဲမသိ သူ႕ေနာက္ကိုလာဆိတ္ေတာ့ေလသည္။

သက္ပိုင္အငမ္းလြန္သြားသည္ကိုလည္းမတတ္ႏိုင္၊ ေလးေလးငယ္ကိုက ေခ်ာလြန္းေနတာ။

"ဘာဟီးဟီးလဲ"

"ကြၽန္ေတာ့မွာ ေလးေလးငယ္႐ွိတယ္ေလ...ေလးေလးငယ္က ကြၽန္ေတာ္႕ကို ကာကြယ္ေပးမွာမဟုတ္လား...ဟုတ္လားလို႔"

သူ႕အား ေခြးေပါက္တစ္ေကာင္ကဲ့သို႔မ်က္လုံး႐ြဲႀကီးမ်ားျဖင့္ၾကည့္ကာေျပာလာေသာ အေကာင္ေပါက္ေၾကာင့္ ႏွလုံးသားဟာဒိတ္ကနဲ။

ဒီေန႔ ေနအေတာ္ပူတာပဲ။
ပူစပ္စပ္ျဖစ္သြားေသာမ်က္ႏွာအားထိလိုက္ရင္း စိုင္း ထိုကဲ့သို႔စဥ္းစားမိသည္။

"ေလးေလးငယ္ ကာကြယ္ေပးမွာမလားလို႔ ကြၽန္ေတာ္႕ကို"

"အ..အင္း"

"ဒါေၾကာင့္ ေလးေလးငယ္ကိုခ်စ္တာ"

ေနာက္တခ်က္။
ထပ္မံခုန္လွပ္သြားေသာ ဘယ္ဘက္ရင္အုံအားထိလိုက္ရင္း စိုင္းတဖက္သို႔မ်က္ႏွာလြဲလိုက္မိသည္။
ဒီေကာင္ေလး ဘာေၾကာင့္ဒီေလာက္ခ်စ္ဖို႔ေကာင္းေနရတာလဲ။
ၿပီးေတာ့ မေရရာတဲ့စကားေတြလည္းေျပာေသးတယ္။

အဲ့တာထက္ သူကေကာဘာလို႔ရင္ခုန္ေနရတာလဲ။
သူ႕ကိုဒီလိုျဖစ္ေအာင္လုပ္တဲ့ ဒီေကာင္ကိုသူပိတ္ထိုးပစ္သင့္လား။

"အပိုေတြေျပာမေနနဲ႔"

"အတည္ပါေနာ္ ကြၽန္ေတာ္က ေလးေလးငယ္ကိုအမ်ားႀကီးခ်စ္တာ"

ထိုကဲ့သို႔ေျပာရင္း လက္အားျဖန္႔က်က္ကာအမူအရာေတာင္လုပ္ျပေနေသးသည္။
စိုင္း ကေလးဆန္လွေသာဒီေကာင္ေလးေၾကာင့္ ရယ္လိုက္မိသည္။
ဒီေကာင္ေလးက သူ႕ကိုရယ္ေအာင္လုပ္ႏိုင္သည္မွာေတာ့လုံးဝျငင္းလို႔မရ။

ထို႔ေနာက္ ႏွစ္ေယာက္သားသစ္ပင္တစ္ပင္ေအာက္ထိုင္ျဖစ္ၾကေလသည္။
သက္ပိုင္ကေတာ့ ဇာတ္ၫႊန္းတစ္ခုအားေရးျခစ္ေနၿပီး စိုင္းကေတာ့သစ္ပင္
ပင္စည္အားမွီရင္း ဟိုၾကည့္ဒီၾကည့္ႏွင့္ပင္။

စိုင္း ဇာတ္ၫႊန္းေရးျခစ္ေနေသာ ေကာင္ေလးအား မ်က္လုံးေဝ့ၾကည့္လိုက္ေတာ့ သေကာင့္သားကတကယ့္ပင္အာ႐ုံစိုက္ေနပုံ။မ်က္ခုံးအားအနည္းငယ္က်ံဳ႕ထား၍ တစ္စုံတစ္ရာအားအျပင္းအထန္
စဥ္းစားေနဟန္.....
လက္ကေနလည္းေဘာပင္ကိုင္ကာ
ဘာမွန္းမသိေသာစာမ်ားအားခ်ေရးေနေသးသည္။

စိုင္း ေဘာပင္ကိုင္ထားေသာေကာင္ေလး၏လက္အားၾကည့္မိေတာ့ လက္ကေလးကတကယ့္ကိုျဖဴျဖဴစြတ္စြတ္ကေလး။ ႐ွည္လ်ားလက္ေခ်ာင္းမ်ားႏွင့္အတူ လက္ေကာက္ဝတ္တြင္လည္းေသြးေၾကာစိမ္းမ်ားက မ်ားစြာပင္။
လက္သည္းခြံေလးမ်ားက ၾကည္ၾကည္ကေလးျဖစ္ကာ ပန္းေရာင္သမ္းေန၍လက္မႏွစ္ေခ်ာင္းတြင္ေတာ့ လျခမ္းေကြးကေလးမ်ား႐ွိေလသည္။

ျဖဴစြတ္ကာ ႏူးညံမည္ဟုထင္ရေသာ္လည္း မိန္းမဆန္ေနတာမ်ိဳးမဟုတ္ပဲ အ႐ိုးအဆစ္မ်ားျဖင့္ေယာက်္ားဆန္စြာ ၾကည့္ေကာင္းေလသည္။

လက္မ်ားကတဆင့္ မ်က္ႏွာဆီသို႔အၾကည့္ေရာက္မိေတာ့ တဂၤဒေလာက္ကိုေငးမိသြားရသည္။
အျပစ္အနာအဆာမ႐ွိသည့္ မ်က္ႏွာကေလးဟာ လူတိုင္းေငးမိရေလာက္တဲ့အထိကို ဆုေတာင္းေကာင္းခဲ့သည္ထင္ပါ၏။

စိုင္း သက္ပိုင္အားေငးေနမိရင္
ဘယ္ဘက္ရင္အုံမွ တစ္စုံတစ္ရာက ခုန္ေပါက္လာသည္ကိုသတိထားမိေတာ့ လက္ႏွင့္ အနည္းငယ္ဖိလိုက္မိသည္။

အဲ့လိုျဖစ္လို႔မရဘူးေလကြာ။
မင္းနဲ႔မသက္ဆိုင္တဲ့အရာတစ္ခုကို
မမက္ေမာမိေစနဲ႔ စိုင္းေအာင္မင္းခန္႔...မင္းသူ႕ကိုခ်စ္မိသြားလို႔မရဘူး။

ဟုတ္တာေပါ့..သူခ်စ္မိသြားလို႔မျဖစ္ဘူး။သူခ်စ္မိသြားခဲ့ရင္ပိုင္ဆိုင္ခ်င္လိမ့္မယ္ အဲ့အခါသက္ပိုင္နာက်င္ရလိမ့္မယ္...
သူနဲ႔သက္ပိုင္နဲ႔က အေျခအေနမတူၾကတဲ့သူေတြ။

ျဖဴစင္တဲ့ဒီကေလးေလးကို
သူအေရာင္မဆိုးရက္။သူ႕လိုဒုစ႐ိုက္အလုပ္ေတြမ်ားစြာလုပ္ဖူးၿပီး လက္မွာေသြးခဏခဏစြန္းထင္းခဲ့ဖူးတဲ့ ေကာင္က သက္ပိုင္လိုအျဖဴထည္ေလးကိုမွလိုခ်င္တယ္တဲ့ေလ။

ဘယ္လိုေတာင္အ႐ွက္မဲ့လိုက္သလဲ။
ဒဏ္ရာမ်ားစြာရဖူးတဲ့ဒီကေလးေလးကို သူဒဏ္ရာေတြထပ္မေပးခ်င္။
သူ႕အနားေနရင္ နာက်င္ရတာပဲအဖတ္တင္လိမ့္မယ္။

ဒီလိုေကာင္ေလးကို သူ႕ဘဝထဲကိုဘယ္လိုလုပ္ဆြဲသြင္းရက္မွာတဲ့လဲ။
ဟင့္အင္း မင္းကိုငါ့ဘဝထဲဘယ္ေတာ့မွဆြဲသြင္းမွာမဟုတ္ဘူး သက္ပိုင္။

ပန္းဥယ်ာဥ္ႀကီးထဲ႐ွိ သစ္ပင္တစ္ပင္၏ေအာက္၌ စာအုပ္တစ္အုပ္ႏွင့္အလုပ္႐ႈပ္ေနေသာေကာင္ေလးတစ္ေယာက္အား ႐ႈပ္ေထြးစြာၾကည့္ေနေသာအမ်ိဳးသားတစ္ေယာက္တို႔၏ ဇာတ္လမ္းဟာ ေပ်ာ္႐ႊင္စရာအဆုံးသတ္ျဖစ္ႏိုင္မယ္လို႔ သင္တို႔ထင္ပါသလား။

****

Alexander AN
May.2.2023

A/N- ကြၽန္ေတာ္႕ကိုယ္ကြၽန္ေတာ္အေရးအသားက်သြားတယ္လို႔ထင္မိပါတယ္
ဒါေၾကာင့္ အေရးအသားလိုအပ္သည္႐ွိေသာ္ ေတာင္းပန္ပါတယ္ဗ်။ဖတ္႐ႈေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္။

****

Continue Reading

You'll Also Like

149K 6.5K 28
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...
1M 15.3K 38
Ivy Williams had always aspired to complete her university journey without any interruptions or complications. However, not even two months into her...
286K 861 10
Fun wlw sex. Different kinks and stuff, all about trying things. May even include potential plot lines and will definitely include some form after ca...
1.8M 137K 62
"ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြား အလွှာပါးပါးလေးကိုဖြတ်ကျော်ခါနီးမှာမှ ငါမောင့်ကိုစွန့်လွှတ်တတ်ဖို့ သင်ယူနိုင်ခဲ့တယ်၊ လူတွေက သံသရာမှာ ရေစက်ရယ်၊ဝဋ်ကြွေး...