🦋 ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
အခန်း၈
"အင်း...."
လက်ပ်တော့အရှေ့မှာ အလုပ်ထိုင်လုပ်ရတာကြာလာတော့ ခန္ဓာတစ်ခုလုံးညောင်းလာ၍ လိပ်ပြာအကြောအခြင်ဆန့်ထုတ်လိုက်
သည်။
ရုံးခန်းထဲသို့ မျက်လုံး ဝေ့ကြည့်လိုက်တော့ မျက်နှာတည်ကြီးနှင့်အလုပ်လုပ်နေတဲ့သူ့ကိုမြင်ရလေသည်။
ဒီလောက်ချောမောတဲ့မင်းသားလေးက IQရောEQပါမြင့်လွန်းနေတာတော့ အံ့ဩစရာကောင်းလွန်းသည်။
စဉ်းစားနေမိတာက သူ့လိုအသက်၂၄နှစ်အရွယ်ရောက်ရင် လိပ်ပြာဘာတွေများလုပ်မိမှာပါလိမ့်။သေချာတာကတော့ သူ့ရုံးခန်းအရှေ့မှာ တဝဲဝဲလည်နေရတဲ့ PAလိပ်ပြာပဲဖြစ်နေအုံးမှာပါ။
"တီ..တီ.."
ကြိုးဖုန်းမှမြည်သံလာလို့ လိပ်ပြာကောက်ကိုင်လိုက်သည်။ရုံးခန်းအရှေ့မှာထိုင်နေတာကိုများ တံခါးလေးဖွင့်ပြီး ခေါ်လိုက်ရင်လဲရတဲ့ဥစ္စာ ကြီးကျယ်လိုက်တာ ပြောမနေနဲ့။
"ဟယ်လို..သူဌေး.."
"လိပ်ပြာဖြူ...ရုံးခန်းထဲခဏလာခဲ့ပါအုံး..."
"ဟုတ်ကဲ့ သူဌေး..."
ရုံးခန်းထဲသို့ ၀င်လိုက်တော့လိပ်ပြာကိုကြည့်မနေပဲ သူလုပ်စရာရှိတာလုပ်နေ၍ ခုံကိုနဲနဲခေါက်လိုက်မှ မော့ကြည့်လာသည်။
"ဟို သူဌေး လိပ်ပြာဘာလုပ်ပေးရမလဲ.."
"ရော့ ဒီဖိုင်လ်တွေကို UDCကအတွင်းရေးမှူးအိမ့်သက်ဆီကိုသွားပေးလိုက် CEOဘုန်းမြတ်ကပေးခိုင်းလိုက်တယ်လို့ပြော ပြီးရင်သူ ပေးလိုက်တဲ့ဖိုင်လ်တွေနဲ့ မမ်မိုရီစတစ်ခ်တွေလည်းယူလာခဲ့ပါ..ဒါရိုက်ဘာ ကိုအောင်ကို ခေါ်သွား..UDCကိုသူသိတယ်.."
"ဟုတ်ကဲ့...လိပ်ပြာအခုပဲသွားလိုက်ပါ့မယ်.."
"အင်း..."
ပြောချင်တာပြောပြီး သူ့လုပ်စရာရှိတာဆက်လုပ်နေ၍ လိပ်ပြာလည်း ဘာမှမပြောတော့ပဲ ရုံးခန်းထဲမှ ဖိုင်လ်တွေယူပြီးထွက်လာလိုက်သည်။
UDCကုမ္ပဏီရဲ့အရှေ့မှာ ကားရပ်လိုက်တယ်ဆိုရင်ပဲ လိပ်ပြာအဖို့ အံ့ဩလွန်းလို့ မေးရိုးတောင်အောက်ပြုတ်ကျမတတ်ပါပဲ။
"ဒါဆို သူကUDCရဲ့ CEOဆိုတာ ဒီ Universal Development Company ကိုပြောတာပေါ့.."
အဆောက်အဦးကြီးက ဆယ့်နှစ်ထပ်ဖြစ်ပြီး တကယ့်ကိုခောတ်မှီခမ်းနားလွန်းပါသည်။UDCဆိုတာ brand ပေါင်းများစွာ၊လူသုံးကုန်ပစ္စည်းများစွာရဲ့ မိခင်ကြီးလို့ပြောရမလိုပင်။
လုံး၀နာမည်မရသေးတဲ့စွန့်ဦးတီထွင်သူတွေရဲ့ ထုတ်ကုန်တွေကိုအရင်းအနှီးမတည်ပေးပြီးUniversဆိုတဲ့ သူ့ရဲ့အမှတ်တဆိပ်နဲ့ပေါင်းလိုက်ပြီး ဈေးကွက်ထဲဖြန့်လိုက်တာနဲ့ အမျက်အစွန်းတွေ၊အောင်မြင်မှုတွေအများကြီး ရနေတဲ့ကုမ္ပဏီဖြစ်သည်။
ဒီမှာအလုပ်လုပ်ကြတဲ့လူတွေဟာ စီမံခန့်ခွဲမှုနှင့် ဈေးကွက်စီးပွားရေးအကြောင်း ဖွတ်ညက်ကြေနေတဲ့ တကယ့်ဆရာကြီးတွေ စုဝေးနေရာဌာနကြီးပေါ့။
စည်းစနစ်အရမ်းကြီးပြီး ဖိအားများသလောက် တော်ရုံပညာအရည်အချင်းနှင့်လည်း အနားကပ်နိုင်မဲ့ နေရာမဟုတ်ဘူးဆိုတာ လိပ်ပြာကိုယ်တွေ့ပါ။
UDCမှာ အလုပ်တစ်ခါလာလျှောက်လိုက်တာ သိမ်ငယ်စိတ်တောင် ၀င်သွားရသည်အထိဖြစ်ခဲ့မိသည်။
လာလျှောက်တဲ့လူတွေက ကိုယ့်ထက်အရည်အချင်းပြည့်မှီနေတဲ့ လူတွေချည်းဖြစ်နေခဲ့သည်လေ။
"ဟို..အတွင်းရေးမှူးအိမ့်သက်ဆီသွားချင်လို့ပါ CEOဘုန်းမြတ်က လွှတ်လိုက်တာပါ.."
ကုမ္ပဏီ ဂိတ်ဆောင့်တွေကို အမျိုးမျိုးရှင်းပြရတာနှင့်မပြီးသေးပဲ ဧည့်ကြိုကောင်တာမှာထိုင်တဲ့ ၀န်ထမ်းကပါ လိပ်ပြာကို နဖူးကနေ ခြေမအထိအခေါက်တစ်ရာလောက် လှိမ့်ကြည့်နေပြန်သည်။
"ဒီမှာ!!!"
"အမယ်လေး..ဖြည်းဖြည်းအော်ပါ.."
"မဟုတ်ပါဘူး ဒီမှာအလုပ်ကိစ္စကအရေးကြီးနေရတဲ့ကြားထဲ အချိန်မှီပြန်မရောက်ရင် သူဌေးကကောလိမ့်မယ်ရှင့်..မအိမ့်သက်ကိုသာအမြန် ခေါ်ပေးပါရှင်..."
လိပ်ပြာခပ်မာမာပြောလိုက်တော့ ထိုမိန်းကလေးက ရယ်ကျဲကျဲလာလုပ်ပြလေသည်။
သူ့ပုံစံကိုကြည့်ရတာ အခုထိလိပ်ပြာကိုယုံသေးပုံမပေါ်ပေ။
သို့ပေမဲ့ သူမ ဖုန်းဆက်အကြောင်းကြားပေးတာကြောင့် ခဏအကြာမှာအတွင်းရေးမှူးအိမ့်သက်ရောက်လာလေသည်။
"ဒါနဲ့ ဆရာ့ရဲ့PAဆိုတာလား.."
"ဟုတ်ကဲ့..ဒီမှာပါ..သူဌေးပေးလိုက်တဲ့ ဖိုင်လ်တွေ.."
ထိုအမျိုးသမီးကလည်း လိပ်ပြာကိုစေ့စေ့စပ်စပ်ကြည့်လာပြန်သည်။
ထို့နောက် ဖိုင်လ်တွဲတွေ၊မမ်မိုရီစတစ်ခ်တွေပြန်ပေးကာ နေရာမှပျောက်ကွယ်သွားလေသည်။
သူမကိုလည်း လိပ်ပြာအသေအချာကြည့်မိပါသည်။
CEOရဲ့အတွင်းရေးမှူးကလည်း နိုင်ငံခြားမင်းသမီးလို အရပ်ကြီးထောင်ထောင်
မောင်းမောင်းနှင့် တကယ်ကိုကြည့်ကောင်းလွန်းသည်။
စပ်စုချင်စိတ်ကလည်း ထိန်း၍မရသည်မို့ ကောင်တာမှအမျိုးသမီးဆီသို့ ပြန်သွားပြီး မျက်နှာချိုသွေးလိုက်သည်။
"ခုဏက လောနေတာနဲ့ နာမည်တောင်မမေးလိုက်ရဘူး "
"အော်...ကျွန်မနာမည်က နီလာရွှေပါ.."
".အဟင်း နာမည်လေးကလှသလို လူကလည်းလှတယ်နော်.."
အမှန်တော့ ထိုမိန်းကလေးက အသားဖြူဖြူ ခပ်၀၀ပေမဲ့ လောကွပ်မပြုရင် ကိုယ်မေးချင်တာမေးဖို့ရာ ခက်ခဲမှာသေချာသည်။
"ဒါနဲ့ ခုဏက မအိမ့်သက်ဆိုတာ သူတို့ကလစာဘယ်လောက်ရလဲဟင် ..စပ်စုတာမဟုတ်ဘူးနော် သူဌေးရဲ့အတွင်းရေးမှုးအကြောင်းနဲနဲသိထားချင်လို့..အဟင်း.."
နီလာရွှေဆိုသည့် အမျိုးသမီးသည် ဘေးဘီဝေ့ဝဲကြည့်လိုက်ပြီး တိုးတိုးလေးလာကပ်ပြောလေသည်။
"CEO ဘုန်းမြတ်မှာ အတွင်းရေးမှူးကနှစ်ယောက်တောင်ရှိတာ အိမ့်သက်နဲ့ မဒီလှိုင်တဲ့..နှစ်ယောက်လုံးက နိုင်ငံကြားကနာမည်ကြီး တက္ကသိုလ်တွေမှာကျောင်းပြီးထားကြတာတဲ့..အရင်က စင်္ကာပူက ရုံးချုပ်မှာအလုပ်လုပ်တာ အခုCEOအသစ်တက်တော့မှသာ မြန်မာကိုရောက်လာကြတာ..
ဘယ်သူ့မှသွားမပြောနဲ့နော် အဲ့နှစ်ယောက်က လုပ်ငန်းရှင်တွေအရှေ့မှာသာ ပြုံးဖြီးနေတာ လုပ်ဖော်ကိုင်ဖက်အချင်းချင်းဆို တကယ့်မာနခဲတွေ..လစာကတော့ ဒေါ်လာနဲ့တောင်ရတာတဲ့ အတိအကျတော့ နီလာလဲ မသိဘူး.."
လိပ်ပြာအဖို့ထိုင်ပြီးသာငိုလိုက်ချင်ပါသည်။
သူများတွေ ဒေါ်လာနေတဲ့အချိန်မှာ ကိုယ့်လစာက၁၀သိန်းတောင်မပြည့်ပါလား။
ကွာခြားလိုက်တဲ့ဘ၀တွေ။
"အော်..ဒါနဲ့CEOအသစ်ဆိုတာ ဟိုဘုန်းမြတ်သူရကိုပြောတာလား.."
"သိပ်မှန်တာပေါ့ အရင်CEOအဟောင်းဖြစ်တဲ့ ဦးဘုန်းမြတ်ရဲ့အဖေက အခုစင်္ကာပူမှာ ကားမတော်တဆမှုနဲ့ ကိုမာ၀င်နေတာတဲ့ နီလာလည်းအဲ့လောက်ပဲသိတယ် ကျန်တာတော့သိပ်မသိဘူး.."
သိပ်မသိလို့သာပဲ သူပြောတာတင်တော်တော်စုံနေပြီ။
"လိပ်ပြာနောက်ထပ်သိချင်တာကလေ ခုဏတုန်းက မအိမ့်သက်ကလိပ်ပြာကို ဘာလို့အဲ့လောက်ထူးဆန်းသလို ကြည့်နေတာလဲ.."
"အဲ့ဒါကတော့ သူတင်မဟုတ်ဘူး ကျွန်မလဲထူးဆန်းနေတာပဲလေ.."
"ဘယ်လို.."
နီလာရွှေသည် လိပ်ပြာကိုအားနာသလိုပုံလေးနှင့် ပြုံးပြလာလေသည်။
"အဲ့ဒါကတော့ ညီမလို ကလေးရုပ်နဲ့ ကောင်မလေးက CEOရဲ့PAဆိုတော့ အိမ့်သက်တို့တော့မသိဘူး နီလာဆို အခုထိကိုမယုံနိုင်သေးတာ နောက်ပြီးသူဌေးက ဒီက
ရှယ်ရာရှင်အချို့နဲ့သိပ်မတည့်တော့ အခြားမှာပဲရုံးထိုင်ပြီး လတ်မှတ်ထိုးစရာရှိတာတွေ၊အချက်လတ်ဖိုင်လ်တွေကို သူ့အတွင်းရေးမှူးတွေကပဲ သွားယူပေးရတာလေ အခုကပထမဦးဆုံးPAအနေနဲ့ ညီမကရောက်လာတော့ CEOနဲ့ညီမနဲ့များ တစ်ခုခု.."
"ဟာ..မနီလာရွှေရယ် အဲဒီလူကြီးနဲ့ကျွန်မနဲ့ကလေ လူပြည်ကအပ်တစ်စင်းနဲ့ ဗြမ္မာ့ပြည်ကအပ်တစ်စင်းလို ဘယ်တော့မှထိလာမှာမဟုတ်ဘူးလို့မှတ်ပါရှင် ..ကဲကျွန်မသွားပြီ.."
လိပ်ပြာလည်း အပြတ်ချေပခဲ့ပြီး UDC
အဆောက်အဦးကြီးထဲမှ ထွက်လာခဲ့လိုက်သည်။
တကယ်တမ်းက လိပ်ပြာရဲ့ရုပ်ရည်ကြောင့်ဆိုတော့ နဲနဲကျေနပ်နေမိသည်။
နီလာရွှေမှာတော့ CEOကို လူကြီးဆိုပြီးသုံးနှုန်းသွားသည့် ကောင်မလေးကိုအံ့ဩရင်းသာကျန်ခဲ့တော့သည်။
"အော် ဒီလောက်ဥစ္စာပေါ ရုပ်ပါချောပြီး အရာရာပြည့်စုံနေတဲ့လူနဲ့ ဖူးစာမဆုံချင်တဲ့သူလည်း ရှိသေးတာပဲနော် ငါဆို အိပ်မက်ထဲမှာတောင် ချစ်သူအခါတစ်ရာလောက် ဖြစ်ပြီးနေပြီ..."
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
လိပ်ပြာ စားသောက်ဆိုင်ကြီးရဲ့ အရှေ့ကိုရောက်ရောက်ခြင်း ကားပေါ်မှအမြန်ဆင်းလိုက်ပြီး သူ့ရုံးခန်းသို့ ပြေးရသည်။
ဒေါက်ဖိနပ်မစီးထားလို့သာတော်တော့သည်။ဒီလိုမှမဟုတ်ရင် ဒေါက်ချော်ကျတာနဲ့ပဲ သွားသုံးဆယ့်နှစ်ချောင်းဟာ လမ်းမှာတစ်ချောင်းပြီးတစ်ချောင်းကျကျန်ခဲ့မှာ မြေကြီးလက်ခတ်မလွဲပေ။
UDCမှCEOလို့သိလိုက်တဲ့အချိန်ကစပြီး သူ့ကိုနည်းနည်းဖြုံသွားတာလည်းပါတယ်။
သူကဖခင်ရဲ့အမွေတွေကို တနင့်တပိုးရထားပြီး မျက်နှာကျောတင်းနိုင်ပေမဲ့ လိပ်ပြာကသူ့မျက်နှာကိုကြည့်ပြီး အလုပ်လုပ်နေရတာလေ။
သူလက်ညှိုးတစ်ချက်ညွှန်လိုက်တာနဲ့
ရှိစုမှတ်စုအလုပ်လေး ပြုတ်ရချည်ရဲ့။
"ကျွီ..."
"အမယ်လေး..မောလိုက်တာ.."
အမောတကောနဲ့ ကိုယ်ကသာသူ့ရုံးခန်းထဲမှာ ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတာ ကိုယ်တော်ချောကတော့ အိပ်နေလိုက်တာများ သိုးလို့ပင်။
သူ့ခမျာအိပ်နေတာတောင် စတိုင်လ်ပျက်မှာဆိုးလို့ထင်တယ် စုံလည်ကုလားထိုင်မှာ နောက်မှီကိုခေါင်းမော့ကာမှီထားရင်း လက်တောင်ပိုက်ထားလိုက်သေးသည်။
"အော်..အိပ်တာတောင် သူများမြင်ရင်ကြည့်မကောင်းမှာဆိုးလို့ ကြိုတင်ပြင်ဆင်မှုတွေ၊ဘာတွေနဲ့ ပဲများပြီးအိပ်နေတာပါလား ..
အဟာ့..သေရင်လည်း..."
လိပ်ပြာဆိုတာဟာလေ တွေးလိုက်ရင်တစ်ဆုံးပင်။နမိတ်မရှိတဲ့စကားကြောင့် ကိုယ့်ပါးကိုယ်ဖွဖွချလိုက်ရသည်။
သူကလည်း ဟုတ်နေတာကို မသိရင် အိပ်နေတယ်လို့မထင်ရဘူး။ တမင်ပဲများပြီးအိပ်ချင်ယောင်ဆောင်နေသလိုပဲ။
ဘုန်းမြတ်ရဲ့ နှုတ်ခမ်းလေးတွေဟာ အပြုံးရိပ်သန်းနေမိသည်။
ညီမလေးရဲ့ လက်သေးသေးလေးတွေက နူးညံ့လိုက်တာ။ညီမလေးရဲ့ လက်ဖဝါးဖြူဖြူနုနုလေးတွေကို သူဆုပ်ကိုင်ထားရင်း အပေါ်ထပ်၀ရံတာဆီသို့ ခေါ်လာခဲ့လိုက်သည်။
ညီမလေးက သူ့ကိုချစ်စဖွယ်လေးပြန်ပြုံးပြရင်း
"ကိုကို..မီးမီးကိုပုံလှလှလေးဖြစ်အောင်ဆွဲ ပေးနော်.."ဆိုပြီး နှုတ်ခမ်းတွေ ဆူထော်ပြသည်။
ကတိတွေအထပ်ထပ်ပေးပြီးတဲ့နောက်မှာ
ဆံပင်ကိုဂျိုစွန်းလေးနှစ်ဖက် ခွဲစည်းထားတဲ့ ဖိုး၀ရုပ်လေးလိုမျက်နှာလေးကို သူစတင်
ခဲခြစ်လေသည်။
၁၅မိနစ်လောက်လည်းကြာရော မုန်းစားချင်တယ်၊ရေသောက်ချင်တဲ့နှင့် အမြီးမြှောက်လိုက်၊အီးပေါက်လိုက်လုပ်ပြနေသည့် ညီမလေးကိုခဏထားခဲ့မိသည်။
မီးဖိုချောင်ထဲက ရေခဲသေတ္တာထဲမှချောကလက်အထုပ်ကြီးတစ်ခုကို ညီမလေးအတွက်ယူပြီး အပေါ်ပြန်တက်အလာမှာတော့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ့ခြေလှမ်းတွေရပ်တန့်သွားရသည်။
"မလုပ်ပါနဲ့..မီးမီးကြောက်လို့ပါ..
ကိုကိုရေ..ကိုကို..အီဟီး..မီးမီးကို..လွတ်ပေးပါ..ကြောက်တယ်.."
"အား!!!!!ကြောက်..ကြောက်တယ်..
ကိုကို...ဖေဖေရေ..ကယ်ပါအုံး.."
ဘုန်းမြတ်၏ မြင်ကွင်းထဲမှာ လူတစ်ယောက်ကမီးမီးကို ချိုင်းကနေကိုင်ပြီး လေထဲမှာမြှောက်ချီထားသည်။
ထိုလူသာ လွှတ်ချလိုက်ရင် မီးမီးဟာ သုံးထပ်တိုက်ကြီးရဲ့ အောက်ဆုံးအထပ်သို့ ဖြုတ်ကျမှာမလွဲဘူး။
"လွှတ်..လွှတ်..မီးမီးကိုလွှတ်လိုက်.."
မီးမီးဟာ ကိုကိုလို့သာ တွင်တွင်ခေါ်ပြီး အကူအညီတောင်းနေရှာသည်။ကလေးဟာကြောက်လွန်းလို့သူမလေးရဲ့ ပန်းရောင်ဂါ၀န်အောက်အနားစတွေတောင် ကြင်ငယ်ရည်တွေဆိုကုန်လေပြီ။
ဘုန်းမြတ်ဟာ ထိုလူကိုမလုပ်ဖို့အသားကုန်အော်ရင်းပြေးသွားလိုက်ပေမဲ့ ထိုလူသည် ဘုန်းမြတ်ဘက်သို့တစ်ချက်လှည့်ကြည့်ပြီးသာ သူရူးတစ်ယောက်လို နီကြောင်ကြောင်မျက်လုံးများနှင့် ပြုံးပြလာသည်။
ထို့နောက် မီးမီးကို သုံးထပ်တိုက်ကြီးအပေါ်မှ အညှာအတာမဲ့စွာ တွန်းချပစ်လိုက်သည်။
"အား!!!!!!!!!"
"မလုပ်နဲ့!!!!!..ညီမလေး!!!.."
လိပ်ပြာ သူဌေးရဲ့စားပွဲမှာ ဖိုင်လ်တွေတင်ပေးနေစဉ်မှာပဲ "မလုပ်နဲ့!!!"ဆိုပြီး အသံနက်ကြီးနဲ့ထအော်လိုက်တာကြောင့် ကိုယ့်ကိုပြောတာထင်ပြီး လန့်ဖြန့်ပြီး ဖိုင်လ်တွေတောင်အောက်ပြုတ်ကျကုန်သည်။
"မလုပ်ပါနဲ့!!!ညီမလေး!!!ညီမလေး!!!"
"သူဌေး..သူဌေး..အာ..အိပ်မက်ဆိုးတွေမက်နေတာထင်တယ်..သူဌေး..ထပါအုံး..."
ဘုန်းမြတ်ခမျာ သွေးအိုင်ထဲမှာ ဝေဒနာမချိမဆန့်ခံစားနေရရှာတဲ့ ညီမလေးကိုပွေ့ပြီး ငိုကြွေးနေမိသည်။
ရုတ်တရက် ပတ်၀န်းကျင်တစ်ခုလုံးက အမှောင်အတိဖုံးသွားပြီး ညီမလေးရဲ့ရုပ်အလောင်းဟာ တစ်ဖြည်းဖြည်းပျောက်ကွယ် သွားသည်။
ညီမလေးရဲ့ အရိပ်ကလေးကို မျှော်လင့်ချက်အပြည့်နဲ့ လိုက်ဖမ်းနေမိသည်။
"မသွားပါနဲ့...ကိုကို့ကိုမထားခဲ့ပါနဲ့..ညီမလေး..ညီမလေး!!!..မသွားနဲ့!!!!..."
"သူဌေး...အာ့!!!!"
အိပ်မက်ဆိုးကြောင့် လန့်နိုးသွားရာ သူ့မျက်နှာကိုလာထိနေသည့် လိပ်ပြာဖြူရဲ့လက်ကို သူဆောင့်ဆွဲလိုက်သည်။
"ရှင်!!!!!!"
လက်ကားယား၊ခြေကားယားနဲ့ အိပ်ရင်းယောင်နေ၍ ဘယ်လိုမှနှိုးမရတဲ့အဆုံး ပါးကိုပိတ်တီးလိုက်မယ်လို့ လက်ရွယ်နေတုံးမှာ သူ့မျက်လုံးကြီးကဖြတ်ကနဲပွင့်လာပြီး လိပ်ပြာရဲ့လက်ကို လှမ်းဆွဲလိုက်သည်။
အရှိန်နှင့်သူ့ ပေါင်အပေါ်သို့ထိုင်ကျသွားပြီး လိပ်ပြာရဲ့မျက်နှာက သူ့ဘယ်ဘက်ရင်အုံနေရာကို ဖက်ကနဲ ကပ်မိလျှက်သားဖြစ်သွားသည်။
မျက်နှာပြန်ခွာလိုက်ရာ လိပ်ပြာရဲ့နှုတ်ခမ်းနီတွေအကုန်လုံးက သူ့အင်္ကျီရင်ဘက်မှာအကုန်ကွက်ကျန်နေခဲ့သည်။
ညာလက်ကိုလည်း တအားညှစ်ထားတာမို့ လိပ်ပြာသူ့ကို ဒေါသတကြီးမော့ကြည့်လိုက်ရာ သူကလည်းလိပ်ပြာကိုဒေါသတကြီး ပြန်ဆိုက်ကြည့်နေလေသည်။
ဘယ်လိုလူလဲမသိဘူး နာတာကငါ ဒေါသထွက်နေတာကသူ။
သေချာပြန်တွေးကြည့်မှ"ဒုက္ခပါပဲ ငါအခုသူ့ပေါင်ပေါ်မှာထိုင်နေတာလား..ပြီးတော့အခုလိုပုံစံကိုတစ်ခြားလူတွေမြင်သွားရင်တော့ ဒုက္ခပါပဲ..သူများကိုမကောင်းကြံရင် ကိုယ့်ခေါင်းကိုပြန်မှန်တတ်တယ်တဲ့..သူ့ကိုပါးရိုက်ပြီးနှိုးမလို့ဥစ္စာ..ငါတရားခံဖြစ်နေမှ ဒုက္ခ..."
လိပ်ပြာသူ့ရင်ဘတ်ကို ဆောင့်တွန်းပြီးမတ်တက်ထရပ်လိုက်သည်။
"အာ့..ရှင်ကျွန်မလက်ကို လွှတ်တော့လေ..နာတယ်.."
"မင်း..ဘာလို့ငါ့ကို ပါးရိုက်ဖို့လုပ်တာလဲ.."
သူ့မျက်လုံးတွေက လိပ်ပြာကိုသတ်ပစ်တော့မဲ့အတိုင်းပါပဲလား။အလျှောက်မကောင်းရင်
အထောင်းသက်သာဖို့ရာ လမ်းမြင်နိုင်မယ်မထင်ဘူး။
"ရှင်..အိပ်မက်ဆိုးတွေမက်နေလို့ ကျွန်မနှိုးဖို့လုပ်တာလေ.."
"ဟ..အိပ်နေတဲ့လူကိုနှိုးတာ ပါးရိုက်စရာလိုလို့လား.."
"အခြားလူတွေတော့မလိုပေမဲ့ ရှင့်အတွက်
လိုတယ်လေ..."
"ဘာ.."
အခုချက်ချင်းထသတ်မလို မျက်နှာပေးနှင့် ဆက်ကနဲထရပ်ပြီး လိပ်ပြာအနားသို့တိုးလာရာ လန့်ပြီး အနောက်သို့ လိပ်ပြာတစ်လှမ်းဆုတ်လိုက်မိသည်။
"ဟို..ရှင့်ကိုအော်နှိုးတာပဲ..ရမှမရတာ..အဲ့တော့ပါးရိုက်ပြီးနှိုးရင်ကောင်းမလားလို့ စဉ်းစားယုံပဲရှိပါသေးတယ်..ဟဲ..ဟဲ.."
ပြောင်းစပ်စပ်လာလုပ်ပြနေသည့် ကောင်မလေးကြောင့် သူတောင်ရောယောင်ပြီး ရယ်ချင်လာသည်။
ပါးရိုက်ရင်ကောင်းမလား စဉ်းစားယုံကလဲ သူမလက်ကသူ့ပါးကိုထိနေနှင့်ပြီ။
ကြည့်ရတာ ဘယ်တည်းက သူ့ပါးကိုရိုက်ဖို့အကွက်ချောင်းနေလဲမသိဘူး။
"မင်းသွားတော့..."
"ဟုတ်ကဲ့..."
လိပ်ပြာရုံးခန်းအ၀သို့ရောက်ပြီးခါမှ သိချင်ဇောတွေပြင်းပြလာပြီး သူ့ဘက်သို့လှည့်ကြည့်လိုက်သည်။
ဖြစ်ချင်တော့ သူကလည်းလိပ်ပြာကိုလှမ်းကြည့်နေတာပါပဲ။
"ဟိုလေ..ညီမလေးဆိုတာ..ရှင့်ညီမလေးကိုပြောတာလား..ရှင့်အိပ်နေရင်းနဲ့ ညီမလေး..
မသွားပါနဲ့ဆိုပြီး..အော်သံကြားလို့.."
"နောက်တစ်ခါ..ငါ့အကြောင်းကို ဒီလိုလာမစပ်စုနဲ့ မကြိုက်ဘူး..သွား!!!!..."
"ဟုတ်..ဟုတ်ကဲ့..သွားပါတော့မယ်.."
လိပ်ပြာကိုယ့်ထိုင်ခုံကိုပြန်ရောက်တော့မှ ရင်တုန်သွား၍ ရေတစ်ခွက်သောက်လိုက်ရသည်။
ဒါလေးမေးတာကို ပြူးပြဲပြီးဒီလောက်အော်စရာလိုလို့လား။
ကြည့်ရတာ လိပ်ပြာမသိသေးတဲ့လျှို့ဝှက်ချက်တွေ သူ့ဆီမှာအများကြီးရှိနေပုံပဲ။
တော်တော် နားလည်ရခက်သည့်လူပင်။
Author...ဆောင်းငွေ့ဝေ
Mon, May 1,2023
2:23 PM
******************
update မလုပ်တာတော်တော်ကိုကြာသွားပါတယ်
နောက်နေ့တွေကနေစပြီး စာအရှည်ကြီးတွေ မရေးနိုင်တော့ပေမဲ့ ပုံမှန်updateပေးပါတော့မယ် ဒါမှမဟုတ်ရင်တော်တောနဲ့မပြီးတော့ဘူး
ဖတ်မိလို့ကြိုက်နှစ်သက်ရင် ⭐voteလေးလဲပေးနိုင်သလိုshareလုပ်ပေးနိုင်ပါတယ်😀
Zawgyi
🦋 ခ်စ္လိပ္ျပာေလး တဝဲလည္လည္🦋
အခန္း၈
"အင္း...."
လက္ပ္ေတာ့အေရွ႕မွာ အလုပ္ထိုင္လုပ္ရတာၾကာလာေတာ့ ခႏၶာတစ္ခုလုံးေညာင္းလာ၍ လိပ္ျပာအေၾကာအျခင္ဆန႔္ထုတ္လိုက္
သည္။
႐ုံးခန္းထဲသို႔ မ်က္လုံး ေဝ့ၾကည့္လိုက္ေတာ့ မ်က္ႏွာတည္ႀကီးႏွင့္အလုပ္လုပ္ေနတဲ့သူ႔ကိုျမင္ရေလသည္။
ဒီေလာက္ေခ်ာေမာတဲ့မင္းသားေလးက IQေရာEQပါျမင့္လြန္းေနတာေတာ့ အံ့ဩစရာေကာင္းလြန္းသည္။
စဥ္းစားေနမိတာက သူ႔လိုအသက္၂၄ႏွစ္အ႐ြယ္ေရာက္ရင္ လိပ္ျပာဘာေတြမ်ားလုပ္မိမွာပါလိမ့္။ေသခ်ာတာကေတာ့ သူ႔႐ုံးခန္းအေရွ႕မွာ တဝဲဝဲလည္ေနရတဲ့ PAလိပ္ျပာပဲျဖစ္ေနအုံးမွာပါ။
"တီ..တီ.."
ႀကိဳးဖုန္းမွျမည္သံလာလို႔ လိပ္ျပာေကာက္ကိုင္လိုက္သည္။႐ုံးခန္းအေရွ႕မွာထိုင္ေနတာကိုမ်ား တံခါးေလးဖြင့္ၿပီး ေခၚလိုက္ရင္လဲရတဲ့ဥစၥာ ႀကီးက်ယ္လိုက္တာ ေျပာမေနနဲ႔။
"ဟယ္လို..သူေဌး.."
"လိပ္ျပာျဖဴ...႐ုံးခန္းထဲခဏလာခဲ့ပါအုံး..."
"ဟုတ္ကဲ့ သူေဌး..."
႐ုံးခန္းထဲသို႔ ၀င္လိုက္ေတာ့လိပ္ျပာကိုၾကည့္မေနပဲ သူလုပ္စရာရွိတာလုပ္ေန၍ ခုံကိုနဲနဲေခါက္လိုက္မွ ေမာ့ၾကည့္လာသည္။
"ဟို သူေဌး လိပ္ျပာဘာလုပ္ေပးရမလဲ.."
"ေရာ့ ဒီဖိုင္လ္ေတြကို UDCကအတြင္းေရးမႉးအိမ့္သက္ဆီကိုသြားေပးလိုက္ CEOဘုန္းျမတ္ကေပးခိုင္းလိုက္တယ္လို႔ေျပာ ၿပီးရင္သူ ေပးလိုက္တဲ့ဖိုင္လ္ေတြနဲ႔ မမ္မိုရီစတစ္ခ္ေတြလည္းယူလာခဲ့ပါ..ဒါ႐ိုက္ဘာ ကိုေအာင္ကို ေခၚသြား..UDCကိုသူသိတယ္.."
"ဟုတ္ကဲ့...လိပ္ျပာအခုပဲသြားလိုက္ပါ့မယ္.."
"အင္း..."
ေျပာခ်င္တာေျပာၿပီး သူ႔လုပ္စရာရွိတာဆက္လုပ္ေန၍ လိပ္ျပာလည္း ဘာမွမေျပာေတာ့ပဲ ႐ုံးခန္းထဲမွ ဖိုင္လ္ေတြယူၿပီးထြက္လာလိုက္သည္။
UDCကုမၸဏီရဲ႕အေရွ႕မွာ ကားရပ္လိုက္တယ္ဆိုရင္ပဲ လိပ္ျပာအဖို႔ အံ့ဩလြန္းလို႔ ေမး႐ိုးေတာင္ေအာက္ျပဳတ္က်မတတ္ပါပဲ။
"ဒါဆို သူကUDCရဲ႕ CEOဆိုတာ ဒီ Universal Development Company ကိုေျပာတာေပါ့.."
အေဆာက္အဦးႀကီးက ဆယ့္ႏွစ္ထပ္ျဖစ္ၿပီး တကယ့္ကိုေခာတ္မွီခမ္းနားလြန္းပါသည္။UDCဆိုတာ brand ေပါင္းမ်ားစြာ၊လူသုံးကုန္ပစၥည္းမ်ားစြာရဲ႕ မိခင္ႀကီးလို႔ေျပာရမလိုပင္။
လုံး၀နာမည္မရေသးတဲ့စြန္႔ဦးတီထြင္သူေတြရဲ႕ ထုတ္ကုန္ေတြကိုအရင္းအႏွီးမတည္ေပးၿပီးUniversဆိုတဲ့ သူ႔ရဲ႕အမွတ္တဆိပ္နဲ႔ေပါင္းလိုက္ၿပီး ေဈးကြက္ထဲျဖန႔္လိုက္တာနဲ႔ အမ်က္အစြန္းေတြ၊ေအာင္ျမင္မႈေတြအမ်ားႀကီး ရေနတဲ့ကုမၸဏီျဖစ္သည္။
ဒီမွာအလုပ္လုပ္ၾကတဲ့လူေတြဟာ စီမံခန႔္ခြဲမႈႏွင့္ ေဈးကြက္စီးပြားေရးအေၾကာင္း ဖြတ္ညက္ေၾကေနတဲ့ တကယ့္ဆရာႀကီးေတြ စုေဝးေနရာဌာနႀကီးေပါ့။
စည္းစနစ္အရမ္းႀကီးၿပီး ဖိအားမ်ားသေလာက္ ေတာ္႐ုံပညာအရည္အခ်င္းႏွင့္လည္း အနားကပ္ႏိုင္မဲ့ ေနရာမဟုတ္ဘူးဆိုတာ လိပ္ျပာကိုယ္ေတြ႕ပါ။
UDCမွာ အလုပ္တစ္ခါလာေလွ်ာက္လိုက္တာ သိမ္ငယ္စိတ္ေတာင္ ၀င္သြားရသည္အထိျဖစ္ခဲ့မိသည္။
လာေလွ်ာက္တဲ့လူေတြက ကိုယ့္ထက္အရည္အခ်င္းျပည့္မွီေနတဲ့ လူေတြခ်ည္းျဖစ္ေနခဲ့သည္ေလ။
"ဟို..အတြင္းေရးမႉးအိမ့္သက္ဆီသြားခ်င္လို႔ပါ CEOဘုန္းျမတ္က လႊတ္လိုက္တာပါ.."
ကုမၸဏီ ဂိတ္ေဆာင့္ေတြကို အမ်ိဳးမ်ိဳးရွင္းျပရတာႏွင့္မၿပီးေသးပဲ ဧည့္ႀကိဳေကာင္တာမွာထိုင္တဲ့ ၀န္ထမ္းကပါ လိပ္ျပာကို နဖူးကေန ေျခမအထိအေခါက္တစ္ရာေလာက္ လွိမ့္ၾကည့္ေနျပန္သည္။
"ဒီမွာ!!!"
"အမယ္ေလး..ျဖည္းျဖည္းေအာ္ပါ.."
"မဟုတ္ပါဘူး ဒီမွာအလုပ္ကိစၥကအေရးႀကီးေနရတဲ့ၾကားထဲ အခ်ိန္မွီျပန္မေရာက္ရင္ သူေဌးကေကာလိမ့္မယ္ရွင့္..မအိမ့္သက္ကိုသာအျမန္ ေခၚေပးပါရွင္..."
လိပ္ျပာခပ္မာမာေျပာလိုက္ေတာ့ ထိုမိန္းကေလးက ရယ္က်ဲက်ဲလာလုပ္ျပေလသည္။
သူ႔ပုံစံကိုၾကည့္ရတာ အခုထိလိပ္ျပာကိုယုံေသးပုံမေပၚေပ။
သို႔ေပမဲ့ သူမ ဖုန္းဆက္အေၾကာင္းၾကားေပးတာေၾကာင့္ ခဏအၾကာမွာအတြင္းေရးမႉးအိမ့္သက္ေရာက္လာေလသည္။
"ဒါနဲ႔ ဆရာ့ရဲ႕PAဆိုတာလား.."
"ဟုတ္ကဲ့..ဒီမွာပါ..သူေဌးေပးလိုက္တဲ့ ဖိုင္လ္ေတြ.."
ထိုအမ်ိဳးသမီးကလည္း လိပ္ျပာကိုေစ့ေစ့စပ္စပ္ၾကည့္လာျပန္သည္။
ထို႔ေနာက္ ဖိုင္လ္တြဲေတြ၊မမ္မိုရီစတစ္ခ္ေတြျပန္ေပးကာ ေနရာမွေပ်ာက္ကြယ္သြားေလသည္။
သူမကိုလည္း လိပ္ျပာအေသအခ်ာၾကည့္မိပါသည္။
CEOရဲ႕အတြင္းေရးမႉးကလည္း ႏိုင္ငံျခားမင္းသမီးလို အရပ္ႀကီးေထာင္ေထာင္
ေမာင္းေမာင္းႏွင့္ တကယ္ကိုၾကည့္ေကာင္းလြန္းသည္။
စပ္စုခ်င္စိတ္ကလည္း ထိန္း၍မရသည္မို႔ ေကာင္တာမွအမ်ိဳးသမီးဆီသို႔ ျပန္သြားၿပီး မ်က္ႏွာခ်ိဳေသြးလိုက္သည္။
"ခုဏက ေလာေနတာနဲ႔ နာမည္ေတာင္မေမးလိုက္ရဘူး "
"ေအာ္...ကြၽန္မနာမည္က နီလာေ႐ႊပါ.."
".အဟင္း နာမည္ေလးကလွသလို လူကလည္းလွတယ္ေနာ္.."
အမွန္ေတာ့ ထိုမိန္းကေလးက အသားျဖဴျဖဴ ခပ္၀၀ေပမဲ့ ေလာကြပ္မျပဳရင္ ကိုယ္ေမးခ်င္တာေမးဖို႔ရာ ခက္ခဲမွာေသခ်ာသည္။
"ဒါနဲ႔ ခုဏက မအိမ့္သက္ဆိုတာ သူတို႔ကလစာဘယ္ေလာက္ရလဲဟင္ ..စပ္စုတာမဟုတ္ဘူးေနာ္ သူေဌးရဲ႕အတြင္းေရးမႈးအေၾကာင္းနဲနဲသိထားခ်င္လို႔..အဟင္း.."
နီလာေ႐ႊဆိုသည့္ အမ်ိဳးသမီးသည္ ေဘးဘီေဝ့ဝဲၾကည့္လိုက္ၿပီး တိုးတိုးေလးလာကပ္ေျပာေလသည္။
"CEO ဘုန္းျမတ္မွာ အတြင္းေရးမႉးကႏွစ္ေယာက္ေတာင္ရွိတာ အိမ့္သက္နဲ႔ ဆိုဖီယာတဲ့..ႏွစ္ေယာက္လုံးက ႏိုင္ငံၾကားကနာမည္ႀကီး တကၠသိုလ္ေတြမွာေက်ာင္းၿပီးထားၾကတာတဲ့..အရင္က စကၤာပူက ႐ုံးခ်ဳပ္မွာအလုပ္လုပ္တာ အခုCEOအသစ္တက္ေတာ့မွသာ ျမန္မာကိုေရာက္လာၾကတာ..
ဘယ္သူ႔မွသြားမေျပာနဲ႔ေနာ္ အဲ့ႏွစ္ေယာက္က လုပ္ငန္းရွင္ေတြအေရွ႕မွာသာ ၿပဳံးၿဖီးေနတာ လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္းဆို တကယ့္မာနခဲေတြ..လစာကေတာ့ ေဒၚလာနဲ႔ေတာင္ရတာတဲ့ အတိအက်ေတာ့ နီလာလဲ မသိဘူး.."
လိပ္ျပာအဖို႔ထိုင္ၿပီးသာငိုလိုက္ခ်င္ပါသည္။
သူမ်ားေတြ ေဒၚလာေနတဲ့အခ်ိန္မွာ ကိုယ့္လစာက၁၀သိန္းေတာင္မျပည့္ပါလား။
ကြာျခားလိုက္တဲ့ဘ၀ေတြ။
"ေအာ္..ဒါနဲ႔CEOအသစ္ဆိုတာ ဟိုဘုန္းျမတ္သူရကိုေျပာတာလား.."
"သိပ္မွန္တာေပါ့ အရင္CEOအေဟာင္းျဖစ္တဲ့ ဦးဘုန္းျမတ္ရဲ႕အေဖက အခုစကၤာပူမွာ ကားမေတာ္တဆမႈနဲ႔ ကိုမာ၀င္ေနတာတဲ့ နီလာလည္းအဲ့ေလာက္ပဲသိတယ္ က်န္တာေတာ့သိပ္မသိဘူး.."
သိပ္မသိလို႔သာပဲ သူေျပာတာတင္ေတာ္ေတာ္စုံေနၿပီ။
"လိပ္ျပာေနာက္ထပ္သိခ်င္တာကေလ ခုဏတုန္းက မအိမ့္သက္ကလိပ္ျပာကို ဘာလို႔အဲ့ေလာက္ထူးဆန္းသလို ၾကည့္ေနတာလဲ.."
"အဲ့ဒါကေတာ့ သူတင္မဟုတ္ဘူး ကြၽန္မလဲထူးဆန္းေနတာပဲေလ.."
"ဘယ္လို.."
နီလာေ႐ႊသည္ လိပ္ျပာကိုအားနာသလိုပုံေလးႏွင့္ ၿပဳံးျပလာေလသည္။
"အဲ့ဒါကေတာ့ ညီမလို ကေလး႐ုပ္နဲ႔ ေကာင္မေလးက CEOရဲ႕PAဆိုေတာ့ အိမ့္သက္တို႔ေတာ့မသိဘူး နီလာဆို အခုထိကိုမယုံႏိုင္ေသးတာ ေနာက္ၿပီးသူေဌးက ဒီက
ရွယ္ရာရွင္အခ်ိဳ႕နဲ႔သိပ္မတည့္ေတာ့ အျခားမွာပဲ႐ုံးထိုင္ၿပီး လတ္မွတ္ထိုးစရာရွိတာေတြ၊အခ်က္လတ္ဖိုင္လ္ေတြကို သူ႔အတြင္းေရးမႉးေတြကပဲ သြားယူေပးရတာေလ အခုကပထမဦးဆုံးPAအေနနဲ႔ ညီမကေရာက္လာေတာ့ CEOနဲ႔ညီမနဲ႔မ်ား တစ္ခုခု.."
"ဟာ..မနီလာေ႐ႊရယ္ အဲဒီလူႀကီးနဲ႔ကြၽန္မနဲ႔ကေလ လူျပည္ကအပ္တစ္စင္းနဲ႔ ျဗမၼာ့ျပည္ကအပ္တစ္စင္းလို ဘယ္ေတာ့မွထိလာမွာမဟုတ္ဘူးလို႔မွတ္ပါရွင္ ..ကဲကြၽန္မသြားၿပီ.."
လိပ္ျပာလည္း အျပတ္ေခ်ပခဲ့ၿပီး UDC
အေဆာက္အဦးႀကီးထဲမွ ထြက္လာခဲ့လိုက္သည္။
တကယ္တမ္းက လိပ္ျပာရဲ႕႐ုပ္ရည္ေၾကာင့္ဆိုေတာ့ နဲနဲေက်နပ္ေနမိသည္။
နီလာေ႐ႊမွာေတာ့ CEOကို လူႀကီးဆိုၿပီးသုံးႏႈန္းသြားသည့္ ေကာင္မေလးကိုအံ့ဩရင္းသာက်န္ခဲ့ေတာ့သည္။
"ေအာ္ ဒီေလာက္ဥစၥာေပါ ႐ုပ္ပါေခ်ာၿပီး အရာရာျပည့္စုံေနတဲ့လူနဲ႔ ဖူးစာမဆုံခ်င္တဲ့သူလည္း ရွိေသးတာပဲေနာ္ ငါဆို အိပ္မက္ထဲမွာေတာင္ ခ်စ္သူအခါတစ္ရာေလာက္ ျဖစ္ၿပီးေနၿပီ..."
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
လိပ္ျပာ စားေသာက္ဆိုင္ႀကီးရဲ႕ အေရွ႕ကိုေရာက္ေရာက္ျခင္း ကားေပၚမွအျမန္ဆင္းလိုက္ၿပီး သူ႔႐ုံးခန္းသို႔ ေျပးရသည္။
ေဒါက္ဖိနပ္မစီးထားလို႔သာေတာ္ေတာ့သည္။ဒီလိုမွမဟုတ္ရင္ ေဒါက္ေခ်ာ္က်တာနဲ႔ပဲ သြားသုံးဆယ့္ႏွစ္ေခ်ာင္းဟာ လမ္းမွာတစ္ေခ်ာင္းၿပီးတစ္ေခ်ာင္းက်က်န္ခဲ့မွာ ေျမႀကီးလက္ခတ္မလြဲေပ။
UDCမွCEOလို႔သိလိုက္တဲ့အခ်ိန္ကစၿပီး သူ႔ကိုနည္းနည္းၿဖဳံသြားတာလည္းပါတယ္။
သူကဖခင္ရဲ႕အေမြေတြကို တနင့္တပိုးရထားၿပီး မ်က္ႏွာေက်ာတင္းႏိုင္ေပမဲ့ လိပ္ျပာကသူ႔မ်က္ႏွာကိုၾကည့္ၿပီး အလုပ္လုပ္ေနရတာေလ။
သူလက္ညႇိဳးတစ္ခ်က္ၫႊန္လိုက္တာနဲ႔
ရွိစုမွတ္စုအလုပ္ေလး ျပဳတ္ရခ်ည္ရဲ႕။
"ကြၽီ..."
"အမယ္ေလး..ေမာလိုက္တာ.."
အေမာတေကာနဲ႔ ကိုယ္ကသာသူ႔႐ုံးခန္းထဲမွာ ဖုတ္လိုက္ဖုတ္လိုက္ျဖစ္ေနတာ ကိုယ္ေတာ္ေခ်ာကေတာ့ အိပ္ေနလိုက္တာမ်ား သိုးလို႔ပင္။
သူ႔ခမ်ာအိပ္ေနတာေတာင္ စတိုင္လ္ပ်က္မွာဆိုးလို႔ထင္တယ္ စုံလည္ကုလားထိုင္မွာ ေနာက္မွီကိုေခါင္းေမာ့ကာမွီထားရင္း လက္ေတာင္ပိုက္ထားလိုက္ေသးသည္။
"ေအာ္..အိပ္တာေတာင္ သူမ်ားျမင္ရင္ၾကည့္မေကာင္းမွာဆိုးလို႔ ႀကိဳတင္ျပင္ဆင္မႈေတြ၊ဘာေတြနဲ႔ ပဲမ်ားၿပီးအိပ္ေနတာပါလား ..
အဟာ့..ေသရင္လည္း..."
လိပ္ျပာဆိုတာဟာေလ ေတြးလိုက္ရင္တစ္ဆုံးပင္။နမိတ္မရွိတဲ့စကားေၾကာင့္ ကိုယ့္ပါးကိုယ္ဖြဖြခ်လိုက္ရသည္။
သူကလည္း ဟုတ္ေနတာကို မသိရင္ အိပ္ေနတယ္လို႔မထင္ရဘူး။ တမင္ပဲမ်ားၿပီးအိပ္ခ်င္ေယာင္ေဆာင္ေနသလိုပဲ။
ဘုန္းျမတ္ရဲ႕ ႏႈတ္ခမ္းေလးေတြဟာ အၿပဳံးရိပ္သန္းေနမိသည္။
ညီမေလးရဲ႕ လက္ေသးေသးေလးေတြက ႏူးညံ့လိုက္တာ။ညီမေလးရဲ႕ လက္ဖဝါးျဖဴျဖဴႏုႏုေလးေတြကို သူဆုပ္ကိုင္ထားရင္း အေပၚထပ္၀ရံတာဆီသို႔ ေခၚလာခဲ့လိုက္သည္။
ညီမေလးက သူ႔ကိုခ်စ္စဖြယ္ေလးျပန္ၿပဳံးျပရင္း
"ကိုကို..မီးမီးကိုပုံလွလွေလးျဖစ္ေအာင္ဆြဲ ေပးေနာ္.."ဆိုၿပီး ႏႈတ္ခမ္းေတြ ဆူေထာ္ျပသည္။
ကတိေတြအထပ္ထပ္ေပးၿပီးတဲ့ေနာက္မွာ
ဆံပင္ကိုဂ်ိဳစြန္းေလးႏွစ္ဖက္ ခြဲစည္းထားတဲ့ ဖိုး၀႐ုပ္ေလးလိုမ်က္ႏွာေလးကို သူစတင္
ခဲျခစ္ေလသည္။
၁၅မိနစ္ေလာက္လည္းၾကာေရာ မုန္းစားခ်င္တယ္၊ေရေသာက္ခ်င္တဲ့ႏွင့္ အၿမီးေျမႇာက္လိုက္၊အီးေပါက္လိုက္လုပ္ျပေနသည့္ ညီမေလးကိုခဏထားခဲ့မိသည္။
မီးဖိုေခ်ာင္ထဲက ေရခဲေသတၱာထဲမွေခ်ာကလက္အထုပ္ႀကီးတစ္ခုကို ညီမေလးအတြက္ယူၿပီး အေပၚျပန္တက္အလာမွာေတာ့ ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ သူ႔ေျခလွမ္းေတြရပ္တန႔္သြားရသည္။
"မလုပ္ပါနဲ႔..မီးမီးေၾကာက္လို႔ပါ..
ကိုကိုေရ..ကိုကို..အီဟီး..မီးမီးကို..လြတ္ေပးပါ..ေၾကာက္တယ္.."
"အား!!!!!ေၾကာက္..ေၾကာက္တယ္..
ကိုကို...ေဖေဖေရ..ကယ္ပါအုံး.."
ဘုန္းျမတ္၏ ျမင္ကြင္းထဲမွာ လူတစ္ေယာက္ကမီးမီးကို ခ်ိဳင္းကေနကိုင္ၿပီး ေလထဲမွာေျမႇာက္ခ်ီထားသည္။
ထိုလူသာ လႊတ္ခ်လိုက္ရင္ မီးမီးဟာ သုံးထပ္တိုက္ႀကီးရဲ႕ ေအာက္ဆုံးအထပ္သို႔ ျဖဳတ္က်မွာမလြဲဘူး။
"လႊတ္..လႊတ္..မီးမီးကိုလႊတ္လိုက္.."
မီးမီးဟာ ကိုကိုလို႔သာ တြင္တြင္ေခၚၿပီး အကူအညီေတာင္းေနရွာသည္။ကေလးဟာေၾကာက္လြန္းလို႔သူမေလးရဲ႕ ပန္းေရာင္ဂါ၀န္ေအာက္အနားစေတြေတာင္ ၾကင္ငယ္ရည္ေတြဆိုကုန္ေလၿပီ။
ဘုန္းျမတ္ဟာ ထိုလူကိုမလုပ္ဖို႔အသားကုန္ေအာ္ရင္းေျပးသြားလိုက္ေပမဲ့ ထိုလူသည္ ဘုန္းျမတ္ဘက္သို႔တစ္ခ်က္လွည့္ၾကည့္ၿပီးသာ သူ႐ူးတစ္ေယာက္လို နီေၾကာင္ေၾကာင္မ်က္လုံးမ်ားႏွင့္ ၿပဳံးျပလာသည္။
ထို႔ေနာက္ မီးမီးကို သုံးထပ္တိုက္ႀကီးအေပၚမွ အညႇာအတာမဲ့စြာ တြန္းခ်ပစ္လိုက္သည္။
"အား!!!!!!!!!"
"မလုပ္နဲ႔!!!!!..ညီမေလး!!!.."
လိပ္ျပာ သူေဌးရဲ႕စားပြဲမွာ ဖိုင္လ္ေတြတင္ေပးေနစဥ္မွာပဲ "မလုပ္နဲ႔!!!"ဆိုၿပီး အသံနက္ႀကီးနဲ႔ထေအာ္လိုက္တာေၾကာင့္ ကိုယ့္ကိုေျပာတာထင္ၿပီး လန႔္ျဖန္႔ၿပီး ဖိုင္လ္ေတြေတာင္ေအာက္ျပဳတ္က်ကုန္သည္။
"မလုပ္ပါနဲ႔!!!ညီမေလး!!!ညီမေလး!!!"
"သူေဌး..သူေဌး..အာ..အိပ္မက္ဆိုးေတြမက္ေနတာထင္တယ္..သူေဌး..ထပါအုံး..."
ဘုန္းျမတ္ခမ်ာ ေသြးအိုင္ထဲမွာ ေဝဒနာမခ်ိမဆန႔္ခံစားေနရရွာတဲ့ ညီမေလးကိုေပြ႕ၿပီး ငိုေႂကြးေနမိသည္။
႐ုတ္တရက္ ပတ္၀န္းက်င္တစ္ခုလုံးက အေမွာင္အတိဖုံးသြားၿပီး ညီမေလးရဲ႕႐ုပ္အေလာင္းဟာ တစ္ျဖည္းျဖည္းေပ်ာက္ကြယ္ သြားသည္။
ညီမေလးရဲ႕ အရိပ္ကေလးကို ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ လိုက္ဖမ္းေနမိသည္။
"မသြားပါနဲ႔...ကိုကို႔ကိုမထားခဲ့ပါနဲ႔..ညီမေလး..ညီမေလး!!!..မသြားနဲ႔!!!!..."
"သူေဌး...အာ့!!!!"
အိပ္မက္ဆိုးေၾကာင့္ လန႔္ႏိုးသြားရာ သူ႔မ်က္ႏွာကိုလာထိေနသည့္ လိပ္ျပာျဖဴရဲ႕လက္ကို သူေဆာင့္ဆြဲလိုက္သည္။
"ရွင္!!!!!!"
လက္ကားယား၊ေျခကားယားနဲ႔ အိပ္ရင္းေယာင္ေန၍ ဘယ္လိုမွႏႈိးမရတဲ့အဆုံး ပါးကိုပိတ္တီးလိုက္မယ္လို႔ လက္႐ြယ္ေနတုံးမွာ သူ႔မ်က္လုံးႀကီးကျဖတ္ကနဲပြင့္လာၿပီး လိပ္ျပာရဲ႕လက္ကို လွမ္းဆြဲလိုက္သည္။
အရွိန္ႏွင့္သူ႔ ေပါင္အေပၚသို႔ထိုင္က်သြားၿပီး လိပ္ျပာရဲ႕မ်က္ႏွာက သူ႔ဘယ္ဘက္ရင္အုံေနရာကို ဖက္ကနဲ ကပ္မိလွ်က္သားျဖစ္သြားသည္။
မ်က္ႏွာျပန္ခြာလိုက္ရာ လိပ္ျပာရဲ႕ႏႈတ္ခမ္းနီေတြအကုန္လုံးက သူ႔အက်ႌရင္ဘက္မွာအကုန္ကြက္က်န္ေနခဲ့သည္။
ညာလက္ကိုလည္း တအားညႇစ္ထားတာမို႔ လိပ္ျပာသူ႔ကို ေဒါသတႀကီးေမာ့ၾကည့္လိုက္ရာ သူကလည္းလိပ္ျပာကိုေဒါသတႀကီး ျပန္ဆိုက္ၾကည့္ေနေလသည္။
ဘယ္လိုလူလဲမသိဘူး နာတာကငါ ေဒါသထြက္ေနတာကသူ။
ေသခ်ာျပန္ေတြးၾကည့္မွ"ဒုကၡပါပဲ ငါအခုသူ႔ေပါင္ေပၚမွာထိုင္ေနတာလား..ၿပီးေတာ့အခုလိုပုံစံကိုတစ္ျခားလူေတြျမင္သြားရင္ေတာ့ ဒုကၡပါပဲ..သူမ်ားကိုမေကာင္းႀကံရင္ ကိုယ့္ေခါင္းကိုျပန္မွန္တတ္တယ္တဲ့..သူ႔ကိုပါး႐ိုက္ၿပီးႏႈိးမလို႔ဥစၥာ..ငါတရားခံျဖစ္ေနမွ ဒုကၡ..."
လိပ္ျပာသူ႔ရင္ဘတ္ကို ေဆာင့္တြန္းၿပီးမတ္တက္ထရပ္လိုက္သည္။
"အာ့..ရွင္ကြၽန္မလက္ကို လႊတ္ေတာ့ေလ..နာတယ္.."
"မင္း..ဘာလို႔ငါ့ကို ပါး႐ိုက္ဖို႔လုပ္တာလဲ.."
သူ႔မ်က္လုံးေတြက လိပ္ျပာကိုသတ္ပစ္ေတာ့မဲ့အတိုင္းပါပဲလား။အေလွ်ာက္မေကာင္းရင္
အေထာင္းသက္သာဖို႔ရာ လမ္းျမင္ႏိုင္မယ္မထင္ဘူး။
"ရွင္..အိပ္မက္ဆိုးေတြမက္ေနလို႔ ကြၽန္မႏႈိးဖို႔လုပ္တာေလ.."
"ဟ..အိပ္ေနတဲ့လူကိုႏႈိးတာ ပါး႐ိုက္စရာလိုလို႔လား.."
"အျခားလူေတြေတာ့မလိုေပမဲ့ ရွင့္အတြက္
လိုတယ္ေလ..."
"ဘာ.."
အခုခ်က္ခ်င္းထသတ္မလို မ်က္ႏွာေပးႏွင့္ ဆက္ကနဲထရပ္ၿပီး လိပ္ျပာအနားသို႔တိုးလာရာ လန႔္ၿပီး အေနာက္သို႔ လိပ္ျပာတစ္လွမ္းဆုတ္လိုက္မိသည္။
"ဟို..ရွင့္ကိုေအာ္ႏႈိးတာပဲ..ရမွမရတာ..အဲ့ေတာ့ပါး႐ိုက္ၿပီးႏႈိးရင္ေကာင္းမလားလို႔ စဥ္းစားယုံပဲရွိပါေသးတယ္..ဟဲ..ဟဲ.."
ေျပာင္းစပ္စပ္လာလုပ္ျပေနသည့္ ေကာင္မေလးေၾကာင့္ သူေတာင္ေရာေယာင္ၿပီး ရယ္ခ်င္လာသည္။
ပါး႐ိုက္ရင္ေကာင္းမလား စဥ္းစားယုံကလဲ သူမလက္ကသူ႔ပါးကိုထိေနႏွင့္ၿပီ။
ၾကည့္ရတာ ဘယ္တည္းက သူ႔ပါးကို႐ိုက္ဖို႔အကြက္ေခ်ာင္းေနလဲမသိဘူး။
"မင္းသြားေတာ့..."
"ဟုတ္ကဲ့..."
လိပ္ျပာ႐ုံးခန္းအ၀သို႔ေရာက္ၿပီးခါမွ သိခ်င္ေဇာေတြျပင္းျပလာၿပီး သူ႔ဘက္သို႔လွည့္ၾကည့္လိုက္သည္။
ျဖစ္ခ်င္ေတာ့ သူကလည္းလိပ္ျပာကိုလွမ္းၾကည့္ေနတာပါပဲ။
"ဟိုေလ..ညီမေလးဆိုတာ..ရွင့္ညီမေလးကိုေျပာတာလား..ရွင့္အိပ္ေနရင္းနဲ႔ ညီမေလး..
မသြားပါနဲ႔ဆိုၿပီး..ေအာ္သံၾကားလို႔.."
"ေနာက္တစ္ခါ..ငါ့အေၾကာင္းကို ဒီလိုလာမစပ္စုနဲ႔ မႀကိဳက္ဘူး..သြား!!!!..."
"ဟုတ္..ဟုတ္ကဲ့..သြားပါေတာ့မယ္.."
လိပ္ျပာကိုယ့္ထိုင္ခုံကိုျပန္ေရာက္ေတာ့မွ ရင္တုန္သြား၍ ေရတစ္ခြက္ေသာက္လိုက္ရသည္။
ဒါေလးေမးတာကို ျပဴးၿပဲၿပီးဒီေလာက္ေအာ္စရာလိုလို႔လား။
ၾကည့္ရတာ လိပ္ျပာမသိေသးတဲ့လွ်ိဳ႕ဝွက္ခ်က္ေတြ သူ႔ဆီမွာအမ်ားႀကီးရွိေနပုံပဲ။
ေတာ္ေတာ္ နားလည္ရခက္သည့္လူပင္။
******************
update မလုပ္တာေတာ္ေတာ္ကိုၾကာသြားပါတယ္
ေနာက္ေန႔ေတြကေနစၿပီး စာအရွည္ႀကီးေတြ မေရးႏိုင္ေတာ့ေပမဲ့ ပုံမွန္updateေပးပါေတာ့မယ္ ဒါမွမဟုတ္ရင္ေတာ္ေတာနဲ႔မၿပီးေတာ့ဘူး