သက်ပိုင် Cafe၏ ပြတင်းပေါက်အနားထိုင်ရင်း ငြိမ်သက်စွာ စာအုပ်ထိုင်ဖတ်နေသော လေးလေးငယ်အား မျက်နှာချင်းဆိုင်မှ
နေ၍ ငြိမ်ငြိမ်လေးထိုင်ကြည့်နေမိသည်။
ခပ်တိုတိုနှင့်စိပ်စိပ်ကလေးဖြစ်နေသောမျက်တောင်လေးများမှာ မည်းနက်နေကာစူးရှနေသော မျက်ဝန်းတို့အားကာရံထားကြသည်။
ပုံမှန်ဆိုရင် ယင်းမျက်ဝန်းတို့ဟာ ပိုမိုအရောင်တောက်၍ ၎င်းတို့နှင့်စိုက်ကြည့်ချင်ကိုခံလိုက်ရရင်ဖြင့် အရှိန်အဝါတစ်ခုကိုခံစားလိုက်ရသလိုမျိုးပင်။
သို့သော်ဒီနေ့မှာတော့ မျက်ဝန်းတို့ကအနည်းငယ်အရောင်ဖျော့၍ အေးချမ်းသည့်ပုံစံမျိုးပင်။
ထို့အပြင် ကိုင်းမျက်မှန်ကိုပါ ဝတ်ဆင်ထားသဖြင့် တည်ငြိမ်ရင့်ကျက်သောအသွင်ကိုဆောင်လေသည်။
မည်းနက်နေသော မျက်ဆံက
စာအုပ်ထဲရှိစာများအားဖတ်နေသည့်အတွက် ဖြည်းဖြည်းချင်းလှုပ်ရှားသွားတာအား ကြည့်ရသည်ကို သက်ပိုင်
သဘောကျနေမိသည်။
တည်ငြိမ်တဲ့ ကန်ရေပြင်တစ်ခုလို၊ဆိတ်ငြိမ်တဲ့ တောအုပ်လိုမျိုး။
"လေးလေးငယ်သိလား၊လေးလေးငယ်ရဲ့မျက်လုံးတွေက တိတ်ဆိတ်ပြီးနက်နဲတယ်။ပြီးတော့တည်ငြိမ်တယ်...ကျွန်တော်သိပ်သဘောကျတာပဲသိလား"
သူ၏ စကားသံကိုကြားတော့
လေးလေးငယ်က စာအုပ်ဆီမှအကြည့်လွဲကာ သူ့အားဘာမှမပြောပဲ ကြည့်လာသည်။
ပြီးတော့ ပြောတဲ့စကားလုံးတစ်လုံးက
"အင်း"တဲ့လေ။
လေးလေးငယ်က "အင်း"ဆိုသည့်စကားလုံးအား စကားပြောရာတွင်အတော်လေးကိုသုံးသည်ကိုလည်းသက်ပိုင်သိလိုက်ရသေးသည်။
သက်ပိုင် စားပွဲ၌တင်ထားသော
လေးလေးငယ်၏ လက်တဖက်အား
မသိမသာလေးထိကြည့်တော့
လေးလေးငယ်ကဘာမှမပြော။
ထို့ကြောင့် နောက်ထပ်အရဲစွန့်ကာ လေးလေးငယ်၏လက်အား သူ၏လက်ချောင်းများဖြင့်ယှက်ကာဆုပ်ကိုင်လိုက်၍ ပြန်လည်လေးလေးငယ်၏အရိပ်အခြေအား ကြည့်ရပြန်သည်။
လေးလေးငယ်ကတော့ သူ့အား ဂရုမစိုက်ပဲစာအုပ်ကိုသာဆက်လက်ဖတ်နေသဖြင့် သက်ပိုင်
လေးလေးငယ်၏လက်ချောင်းလေးများကိုအသေးစိတ်ကြည့်နေမိသည်။
အရင်က ကြမ်းကြမ်းတမ်းတမ်းအလုပ်လုပ်ခဲ့ရသူမို့ထင်၏၊လက်ဖဝါးဟာ အသားမာတို့နှင့်ခပ်ကြမ်းကြမ်းဖြစ်နေ၍ အမာရွတ်တို့ဟာလည်းအပြည့်ပင်။
ဒီလက်နဲ့ သူ့ကျောကိုခဏခဏပုတ်ကာနှစ်သိမ့်ပေးလေ့ရှိတဲ့လေးလေးငယ်၊
ခွေးပေါက်ကလေးတစ်ကောင်ကဲ့သို့ သူ့အား
ခေါင်းလေးအားပုတ်ကာ ချစ်စဖွယ်ကျီစယ်လေ့ရှိသော လေးလေးငယ်။
လေးလေးငယ်ရဲ့ အရာရာတိုင်းက
တကယ့်ကိုမြတ်နိုးစရာကောင်းလွန်းပါ၏။
လေးလေးငယ် လက်ရှိအမာရွတ်တို့အား အသာထိမိတော့ လေးလေးငယ်က ချက်ချင်းလက်ကိုပြန်ရုတ်သွား၏။
ထို့နောက် သူ့အား အေးဆေးသော လေသံဖြင့်
"မဆော့နဲ့တော့ စာရေး"
"ဟုတ်"
လေးလေးငယ်ပြောမှ သူCafeဆိုင်ကိုလာရင်းကိစ္စကိုပြန်လည်သတိရတော့၏။
ဇာတ်ညွှန်းအသစ်ရေးရန် ဒီကိုလာခဲ့သည်ပဲ။
အဲ့တာကိုမေ့ပြီး လေးလေးငယ်ကိုထိုင်ငေးနေတာ ဘယ်နှနာရီရှိသွားပါပြီလိမ့်။
စိုင်း သူ့အရှေ့မှ အာရုံစိုက်ကာ ကွန်ပျူတာရိုက်နေသော ကောင်လေးအားတချက်ကြည့်ရင်း စိတ်မလုံမလဲစွာဖြင့် လက်အားပြန်လည်ငုံ့ကြည့်လိုက်မိသည်။
အသားမာများတက်၍ အမာရွတ်များစွာရှိသည့် သူ၏လက်ဟာအကျည်းတန်လှ၍ သက်ပိုင်၏လက်နှင့်တခြားဆီပင်။
သက်ပိုင် သူ့လက်ကိုထိလိုက်သည့်အချိန်တုန်းကခံစားမိသည်က ချောမွတ်ကာနူးညံသည့် အသားအရည်ကိုပင်။
သက်ပိုင် သူ၏လက်ရှိအမာရွတ်တို့အားထိလိုက်သည့်အချိန်တွင်တော့ မသိစိတ်က ချက်ချင်းပြန်ရုတ်မိလိုက်သည်။ကောင်လေးကတော့ နည်းနည်းနားမလည်သလိုဖြစ်ကာ သူ့ကိုကြည့်လာတော့ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ စာဆက်ရေးရန်သာသတိပေးလိုက်မိ၏။
အမှန်တကယ်တော့ စိုင်းရှက်ရွံ့သွားခဲ့တာပင်။
အမာရွတ်များစွာရှိသည့် သူ၏လက်
နှင့် ဖြူစွတ်ကာ အပြစ်အနာအဆာရယ်လို့မရှိသော သက်ပိုင်၏လက်။
တကယ့်ကို ကွာခြားလွန်းလှသည်။
ဘယ်လိုလုပ် မသိမ်ငယ်ပဲနေမှာတဲ့လဲလေ။
အလုပ်အား အာရုံစိုက်လုပ်နေသာကောင်လေးငယ်ကိုကြည့်မိတော့ နှုတ်ခမ်းထောင့်စွန်းခေးကအနည်းငယ်ကော့တက်သွား၏။
ဒီလိုသက်ပိုင် ကောင်းကောင်းကြီးပြင်းလာတာကိုမြင်တိုင်းမြင်တိုင်း သူလှိုက်လှိုက်လှဲလှဲကိုကျေနပ်မိသည်ပင်။
"လေးလေးငယ်"
"အင်း ဘာလဲ"
"ကျွန်တော်မနက်ဖြန် ပြင်ဦးလွင်သွားရမယ်"
"အဲ့တော့"
"1ပတ်လောက်တော့ကြာမယ်ရယ်၊
အပန်းဖြေမလို့လေ"
"အင်း သွားလေ ကောင်းသားပဲ"
"အဲ့တာ လေးလေးငယ်ကောကျွန်တော်နဲ့အတူလိုက်ခဲ့လို့ ရမလားဟင်"
"အင်း လိုက်ခဲ့မယ်"
********
ခဲရောင် ကားလေးတစ်စီးဟာ မေမြို့တောင်တက်လမ်းကလေး၌ အခြားသောကားများကြား၍ ရောထွေးလျက်။
စိုင်း ကားမောင်းရင်း
သက်ပိုင်အားကားမှန်မှတဆင့် အကဲခတ်မိတော့ သက်ပိုင်က မျက်လုံးအားမှိတ်ထားပြီးလုံးဝပွင့်မလာ။
အိပ်နေတာလည်းမဟုတ်ပဲ ဒီတိုင်းကြီးမှိတ်ထားတာဖြစ်၍ ဘာကြောင့်လဲတော့မသိ။
"အိပ်ချင်နေတာလား"
"မဟုတ်ဘူး ကွေ့များတယ်။အဲ့တာတွေကိုကြည့်မိရင် မူးပြီးအန်ချင်လာလို့"
"ကားမူးတတ်တယ်ပေါ့"
"ကိုယ်တိုင်မောင်းရင်တော့မမူးဘူး၊သူများမောင်းရင်တော့မူးတယ်...."
မျက်လုံးမှိတ်လျက်သားနှင့် ရယ်ကာပြောသည်။အဲ့တာမှ တလမ်းလုံးအဲယားကွန်းမဖွင့်ပဲ ကားပြတင်းပေါက်ကိုသာဖွင့်လာမှန်း စိုင်းသတိထားမိတော့သည်။
အစက ရှုခင်းကြည့်ချင်လို့ထင်တာဘယ်ဟုတ်မလဲ သကောင့်သားက ကားမူးလို့တဲ့လေ။
"အရင်က မင်းကားမူးတတ်မှန်း မပြောဖူးဘူးလားလို့"
"ဟုတ်တယ်၊ကျွန်တော်လေးလေးငယ်ကိုမပြောဖူးဘူး။
ကျွန်တော်က အလုံပိတ်ထားတာတွေကိုမုန်းတယ်၊ကားကလည်းအဲ့လိုပဲလေ ဘေးနားကမှန်တွေအကုန်ပိတ်ထားရင်
ဒီကားသေးသေးလေးထဲပိတ်မိနေတဲ့ခံစားချက်ကြီးကိုမကြိုက်လို့ အမြဲပြတင်းပေါက်ဖွင့်စီးတာ။
မဟုတ်ရင် မူးလာရော"
"အော်အင်း"
ကွေ့တွေလည်းပြီးရော သက်ပိုင်ကမျက်လုံးပြန်ဖွင့်လာပြီး ကားBluetoothကိုဖွင့်ကာ သီချင်းအော်ဆိုလေတော့သည်။
ကားပြတင်းပေါက်ကိုဖွင့်ရုံတင်မက
ကားအမိုးမှာပါရှိသည့် မှန်ချက်ကိုပါ
သက်ပိုင်စိတ်တိုင်းကျ တလမ်းလုံးဖွင့်ထားခဲ့ရသေးသည်။
"You know me the best
You know my worst, see me hurt, but you don't judge🎧
That right there is the scariest feeling🎧
Opening and closing up again
I've been hurt, so I don't trust
Now here we are, staring at the ceiling🎧
I've said those words before, but it was a lie🎧
And you deserve to hear them a thousand times🎧
If all it is is eight letters
Why is it so hard to say?🎧"
"8 letters" သီချင်းအား အော်ဆိုရင်း သူ့အားစိုက်ကြည့်လာသော သက်ပိုင်အား ဘာလဲဆိုသည့်ပုံစံနှင့်မေးမော့ပြလိုက်တော့ သက်ပိုင်က သီချင်းဆိုမပြတ်ပဲ ပြတင်းပေါက်ဘောင်အားအသာမှီရင်း သူ့ကိုပြုံးတောင်ပြလိုက်သေးသည်။
"If all it is is eight letters
Why am I in my own way?🎧
Why do I pull you close?
And then ask you for space
If all it is is eight letters
Why is it so hard to say?🎧"
10နှစ်အရွယ်
ကလေးတစ်ယောက်ကဲ့သို့ သီချင်းအော်ဆိုကာပျော်မြူးနေသော အသက်27နှစ်အရွယ် ကလေးကြီးအားကြည့်ရင်း စိုင်းမနေနိုင်စွာရယ်မိတော့သည်။
ဒီကောင်လေးဟာ တကယ့်ပင် activeဖြစ်၍ အမြဲတက်ကြွလန်းဆန်းနေတာလေးကို သူ့ရဲ့အားသာချက်ပင်။
ခဲရောင်ကားလေးတစ်စီးထဲ၌ သီချင်းအော်ဆိုရင်း ပျော်မြူးနေသော ကောင်လေးတစ်ယောက်နှင့် ယင်းကောင်လေးငယ်အားကြည့်ရင်း သဘောကျနေသော ကားမောင်းသူအမျိုးသားတစ်ယောက်ရဲ့ ခရီးစဥ်လေးဟာလှပနေခဲ့ပါ၏။
*****
သူတို့နှစ်ယောက်၏ ပထမဆုံးခရီးစဥ်ကတော့ "ပိတ်ချင်းမြှောင်"
ပိတ်ချင်းမြှောင် မဟာနန္ဒမူ လှိုဏ်ဂူတော်သို့ မရောက်ခင် မုန့်စျေးတန်းအားအရင်ဖျက်ရ၍ ယင်းလှိုဏ်ဂူရှေ့တွင်တော့ ရေတံခွန်များရှိလေသည်။
သက်ပိုင် မုန့်စျေးတန်းက မုန့်များအားလိုက်ကြည့်ရင်း အကင်များအားတွေ့သဖြင့်ချက်ချင်းအပြေးသွားကာ လေးလေးငယ်ကော သူ့အတွက်ပါနှစ်ယောက်စာဝယ်လိုက်လေသည်။
စိုင်းကတော့ မေမြို့ထွက်ဝိုင်အချို့အား လိုက်ကြည့်နေ၍
ဝယ်ရန်ပြုမည်အလုပ်
"လေးလေးငယ်"
စိုင်း အနောက်သို့လှည့်ကြည့်လိုက်တော့ အကင်ထုပ်နှင့်သူ့စီသို့ပြေးလာသော သက်ပိုင်ကိုတွေ့လိုက်ရသည်။
"ရော့ ဒါလေးစားကြည့်"ဟူ၍အကင်တစ်ချောင်းအား သူ့ပါးစပ်နားအားတေ့ပေးသည်။
လေးလေးငယ်က သက်ပိုင်လက်ထဲမှအကင်အားမယူပဲ ဒီတိုင်းသက်ပိုင်ခွံ့ကျွေးသည်ကိုစားလိုက်သည်မို့ သက်ပိုင်၏နှလုံးဟာ ဒိတ်ကနဲ။
"လေးလေးငယ် ဘာဝယ်မလို့လဲဟင်"
"ဝိုင်"
"ဘာဝိုင်လဲလို့မေးတာလေ"
"စပျစ်ဝိုင်၊မက်မန်းဝိုင်၊စတော်ဘယ်ရီဝိုင်"
"အများကြီးပဲကော လေးလေးငယ်သောက်ကုန်လို့လား"
"မင်းကောမသောက်ဘူးလား"
"ဒါပေမဲ့အများကြီးကျ"
"မများဘူး ဝယ်မှာ"
"လေးလေးငယ်သဘော၊ဒါပေမဲ့ အပြန်မှဝယ်ပါလား။တော်ကြာ ပစ္စည်းတွေနဲ့"
"အင်း"
ဒီလို့နဲ့ နှစ်ယောက်သား လှိုဏ်ဂူရှိရာဘက်သို့လာခဲ့ကြလေသည်။
လှိုဏ်ဂူအရှေ့တွင်တော့ ရေတံခွန်ငယ်များစွာရှိ၍ ယင်းရေတံခွန်ငယ်လေးများတွင် လူများက ရေကစားသူက ကစား၊ဓာတ်ပုံရိုက်သူကရိုက်နှင့်
ကိုယ်စီအလုပ်ရှုပ်နေကြလေသည်။
ရေကစားနေသော ကလေးများအားကြည့်ရင်း သက်ပိုင်တစ်ယောက်လည်း ရေကစားချင်လာသည်။ထို့ကြောင့် ဝတ်ထားသောဘောင်းဘီအား ပင့်တင်လိုက်၍ ရေတံခွန်ထဲသို့ဆင်းလိုက်လေသည်။
ရေတံခွန်ရဲ့အနက်က
သူ၏ခြေကျင်းဝတ်အပေါ်ပိုင်းလောက်သာ ရှိ၍ ကြည်လင်အေးမြကာလက်ဆတ်လှသည့်ရေက တကယ့်ပင်လန်းဆန်းတက်ကြွစေလေသည်။
"လေးလေးငယ် ဒီကိုဆင်းခဲ့ ရေကတကယ် အေးအေးလေး"
"မဆင်းချင်ဘူး"
သက်ပိုင်၏ အခေါ်ကိုလေးလေးငယ်က ခတ်ပြတ်ပြတ်ငြင်းသည်။
"ဆင်းခဲ့ပါဆို"
"No"
သက်ပိုင် လုံးသမဆင်းဘူးဟုဆိုသည့်လေးလေးငယ်ကိုကြည့်ရင်း လူယုတ်မာပြုံးကြီးတစ်ခုကပေါ်ထွက်လာလေသည်။
"ရတယ်လေ မဆင်းရင်လည်း ကိစ္စမရှိပါဘူး၊ဟက်!"
သက်ပိုင် လက်ခုပ်ထဲရေအနည်းငယ်ခပ်ယူ၍ လေးလေးငယ်အားပတ်လိုက်၍ နောက်ထပ် ဆက်တိုက်ဆက်တိုက်ပတ်ထပ်၍လိုက်လေသည်။
ထိုအခါ
လေးလေးငယ်ကတော့ ရေစိုသွားသောသူ့အင်္ကျီတို့ကိုကြည့်ရင်း သက်ပိုင်ကိုစူးစူးဝါးဝါးကြည့်လာတော့သည်။
သက်ပိုင်လျှာထုတ်ကာ ပြောင်ပြလိုက်တော့ လေးလေးငယ်ကလည်းသူ့ရဲ့ဘောင်းဘီကိုပင့်တင်ကာ "ခွေးဆကာင်လေးမင်းသေမယ်"ဟူ၍ ရေထဲသို့သူပါဆင်းလာလေသည်။
လေးလေးငယ်က သူ့ဆီလှမ်းတော့မည်အပြု သက်ပိုင်အမြန်ပြေးရန်လှည့်လိုက်တော့ ရေအောက်က ချောကျိကျိရေညှိ၊ရေမှော်များကြောင့် လှမ်းလိုက်သည့်ခြေလှမ်းတလှမ်းမှာတင် သက်ပိုင်အနောက်သို့ချောကာ ရေထဲသို့လှန်ကျသွားလေသည်။
ထိုအခါ သက်ပိုင်၏တစ်ကိုယ်လုံးရေများစိုရွဲကုန်၍ လေးလေးငယ်ကတော့ တစ်ဟားဟားနှင့်အော်ရယ်နေလေသည်။
"ဟားဟားဟား!မင်းကွာ! ဟားဟား"
လေးလေးငယ်က ရယ်ရင်း သူ့ဘက်သို့လှမ်းလာမည်အပြု သက်ပိုင် လှမ်းတားရန်လုပ်လိုက်သည်သို့သော်အချိန်မမှီတော့ လေးလေးငယ်လည်းနောက်ပြန်လှဲကျကာ သက်ပိုင်နှင့်အလားတူရေများစိုရွဲကုန်နေတော့သည်။
ထိုအခါ လေးလေးငယ်ကော သူပါ တစ်ယောက်ကိုတစ်ယောက် ထိုင်လျက်သား ဘာမှမပြောပဲ
စိုက်ကြည့်လိုက်မိကြ၍ ခဏအကြာမှာတော့ ပြိုင်တူ
ရယ်လိုက်မိကြလေသည်။
"မင်းအပြစ်အဲ့တာ"
"ဟုတ်ပါတယ်ဗျာ ကျွန်တော့်အပြစ်ပါ"
သက်ပိုင်၏ တီရှပ်က ရေမျာစိုကုန်သဖြင့် သက်ပိုင်၏ကိုယ်၌ကပ်ကုန်ကာ ဗိုက်ရှိကြွက်သားအမြောင်းမြောင်းတို့ကထင်းကနဲပေါ်လာလေတော့သည်။
အမျိုးသမီးငယ်လေးများကလည်း သူ့ကိုကွက်ကြည့်ကွက်ကြည့်နှင့် အချိုဆိုဓာတ်ပုံပါရိုက်နေကြသေးလေသည်။
ထိုအချိန် လေးလေးငယ်က အပေါ်ထပ်ရှပ်လက်ရှည်တစ်ထည်အား သူ့အားပေးလာ၍ ဝတ်ထားရန်ပြောလာ
လေသည်။
"အအေးမိမယ် ဝတ်ထား"
"ဟုတ်"
လေးလေးငယ်၏ အင်္ကျီက သူနှင့်ဆိုလျှင် အနည်းငယ်သေးနေသောကြောင့်ပုခုံးပေါ်၌သာခြုံထားလိုက်လေသည်။
ထို့နောက်ကုန်းပေါ်ကိုပြန်မတက်တော့ပဲ ရေတံခွန်ကနေတဆင့်သာလှိုဏ်ဂူသို့သွားရန်ဆုံးဖြတ်လိုက်ကြလေသည်။
ရေမျက်နှာပြင်အောက်ရှိ ကုန်းမြေက ရေညှိများကြောင့်ချောနေ၍ လမ်းလျှောက်ရသည်မှာအနိုင်နိုင်။
လမ်းတဝက်လောက်အရောက်တွင်တော့ လေးလေးငယ်စီမှအော်သံထွက်ပေါ်လာသဖြင့် သက်ပိုင်အနောက်ကိုလှည့်ကြည့်လိုက်တော့ ကန်၏အလယ်၌ရပ်ကာအောက်သို့ငုံကြည့်ရင်း တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော လေးလေးငယ်ကိုတွေ့လိုက်ရလေသည်။
"လေးလေးငယ် လာလေ"
"မင်းမေကို လာပါလား!ဒီမှာငါးတွေကွ"
"ဗျာ?"
"ငါးတွေဟ! ဟေ့ကောင် သက်ပိုင်၊ဒီမှာငါးတွေလို့ F**k"
"ဒါဖြင့် ကုန်းဘက်ကလျှောက်မလား လေးလေးငယ်"
"ငါက ရေထဲကပဲလျှောက်ချင်တာ"
"...."
သူ၏ခြေထောက်အောက်မှ ကူးခတ်သွားလာနေသော ငါးသေးသေးလေးများအားကြည့်ရင်း နောက်တလှမ်း လှမ်းသင့်မလှမ်းသင့် စဥ်းစားနေခိုက်မှာပဲ သူ၏မျက်လုံးရှေ့သို့ရောက်လာသောလက်တစ်စုံ။
သူမော့ကြည့်လိုက်မိတော့ လက်အားသူ့ဆီသို့ကမ်းပေးထားသောသက်ပိုင်။
"ကျွန်တော့်လက်ကို ကိုင်လိုက်မကြောက်နဲ့"
အမှန်က သူကကြောက်တာမဟုတ်ပဲအူယားတာပင်။ဒီလိုငါးပိစိလေးတွေက သူ့ခြေထောက်ဘေးမှာကူးခတ်သွားလာနေတာက တကယ့်ပင်အသည်းကျိန်းစရာကောင်းသည်ကို။
"ကျွန်တော့်ကိုယုံပါဗျာ။တကယ်လို့သူတို့လေးလေးငယ်ကို ကိုက်ရင်ကျွန်တော်ဒီငါးတွေအကုန်လုံးကိုအပြင်ကိုခပ်ထုတ်ပစ်လိုက်မယ်"
"အင်း"
စိုင်း သူ့အားကမ်းပေးထားသော
သက်ပိုင်၏ လက်အားဆုပ်ကိုင်လိုက်၍တလှမ်းအရင်လှမ်းလိုက်လေသည်။ ရေညှိကြောင့်ချောကနဲဖြစ်သွားသောအခါ၌ ခန္ဓာကိုယ်အားထိန်းဖို့ပြင်လိုက်ပေမဲ့ မရလိုက်သည်မို့
နောက်ပြန်လဲပြီထင်နေတုန်း တင်းကနဲဖြစ်သွားလက်နှင့်အတူ ဆွဲယူခံလိုက်ရသော ခန္ဓာကိုယ်ဟာ အရှေ့သို့ယိမ်းကနဲဖြစ်သွား၍ ရင်ခွင်တစ်ခုထဲသို့နစ်နေအောင်ဝင်သွားလေသည်။
သက်ပိုင်က သူလဲကျမည်ကိုထိန်းကာလှမ်းဖက်လိုက်ခြင်းပင်။
စိုင်း၏ နှာခေါင်းက သက်ပိုင်၏
လည်ပင်းနှင့်နီးကပ်နေ၍ ခေါင်းဟာ ပုခုံးပေါ်သို့မှီထားသလို့မျိုးပင်။
သက်ပိုင်၏လက်တဖက်က သူ၏လက်ကိုဆုပ်ကိုင်ထား၍ တစ်ဖက်ကတော့ဘသူ၏ခါးအားထိန်းကာကိုင်ထားလေသည်။
ဤအခြေအနေဟာတကယ့်ကို ကမောက်ကမနိုင်လွန်းသည်မှာတော့အမှန်။
"ရလား လေးလေးငယ်"
"ဟမ်? အင်း အင်း"
စိုင်း သက်ပိုင်ကိုပြန်ဖြေရင်းမော့ကြည့်မိတော့ ပယင်းမျက်ဝန်းတို့နှင့်အကြည့်ချင်းသွားစုံခိုက် သူ၏ဘယ်ဘက်ရင်အုံမှအရာတစ်ခုဟာ
ရုတ်တရက်လှုပ်ရှားမှုမြန်လာလေတော့သည်။
သူ...ချော်လဲတော့မလိုဖြစ်ပြီး လန့်သွားလို့များလား...ဒါမှမဟုတ်...။
******
Alexander AN(Ah Nyo)
Apr.29.2023
voteကော cmတွေပါနည်းသွားသလိုပဲရယ်။ဖတ်တဲ့သူတွေလည်းမရှိတော့ဘူးထင်ပါ့။
********
သက္ပိုင္ Cafe၏ ျပတင္းေပါက္အနားထိုင္ရင္း ၿငိမ္သက္စြာ စာအုပ္ထိုင္ဖတ္ေနေသာ ေလးေလးငယ္အား မ်က္ႏွာခ်င္းဆိုင္မွ
ေန၍ ၿငိမ္ၿငိမ္ေလးထိုင္ၾကည့္ေနမိသည္။
ခပ္တိုတိုႏွင့္စိပ္စိပ္ကေလးျဖစ္ေနေသာမ်က္ေတာင္ေလးမ်ားမွာ မည္းနက္ေနကာစူး႐ွေနေသာ မ်က္ဝန္းတို႔အားကာရံထားၾကသည္။
ပုံမွန္ဆိုရင္ ယင္းမ်က္ဝန္းတို႔ဟာ ပိုမိုအေရာင္ေတာက္၍ ၎တို႔ႏွင့္စိုက္ၾကည့္ခ်င္ကိုခံလိုက္ရရင္ျဖင့္ အ႐ွိန္အဝါတစ္ခုကိုခံစားလိုက္ရသလိုမ်ိဳးပင္။
သို႔ေသာ္ဒီေန႔မွာေတာ့ မ်က္ဝန္းတို႔ကအနည္းငယ္အေရာင္ေဖ်ာ့၍ ေအးခ်မ္းသည့္ပုံစံမ်ိဳးပင္။
ထို႔အျပင္ ကိုင္းမ်က္မွန္ကိုပါ ဝတ္ဆင္ထားသျဖင့္ တည္ၿငိမ္ရင့္က်က္ေသာအသြင္ကိုေဆာင္ေလသည္။
မည္းနက္ေနေသာ မ်က္ဆံက
စာအုပ္ထဲ႐ွိစာမ်ားအားဖတ္ေနသည့္အတြက္ ျဖည္းျဖည္းခ်င္းလႈပ္႐ွားသြားတာအား ၾကည့္ရသည္ကို သက္ပိုင္
သေဘာက်ေနမိသည္။
တည္ၿငိမ္တဲ့ ကန္ေရျပင္တစ္ခုလို၊ဆိတ္ၿငိမ္တဲ့ ေတာအုပ္လိုမ်ိဳး။
"ေလးေလးငယ္သိလား၊ေလးေလးငယ္ရဲ႕မ်က္လုံးေတြက တိတ္ဆိတ္ၿပီးနက္နဲတယ္။ၿပီးေတာ့တည္ၿငိမ္တယ္...ကြၽန္ေတာ္သိပ္သေဘာက်တာပဲသိလား"
သူ၏ စကားသံကိုၾကားေတာ့
ေလးေလးငယ္က စာအုပ္ဆီမွအၾကည့္လြဲကာ သူ႕အားဘာမွမေျပာပဲ ၾကည့္လာသည္။
ၿပီးေတာ့ ေျပာတဲ့စကားလုံးတစ္လုံးက
"အင္း"တဲ့ေလ။
ေလးေလးငယ္က "အင္း"ဆိုသည့္စကားလုံးအား စကားေျပာရာတြင္အေတာ္ေလးကိုသုံးသည္ကိုလည္းသက္ပိုင္သိလိုက္ရေသးသည္။
သက္ပိုင္ စားပြဲ၌တင္ထားေသာ
ေလးေလးငယ္၏ လက္တဖက္အား
မသိမသာေလးထိၾကည့္ေတာ့
ေလးေလးငယ္ကဘာမွမေျပာ။
ထို႔ေၾကာင့္ ေနာက္ထပ္အရဲစြန္႔ကာ ေလးေလးငယ္၏လက္အား သူ၏လက္ေခ်ာင္းမ်ားျဖင့္ယွက္ကာဆုပ္ကိုင္လိုက္၍ ျပန္လည္ေလးေလးငယ္၏အရိပ္အေျခအား ၾကည့္ရျပန္သည္။
ေလးေလးငယ္ကေတာ့ သူ႕အား ဂ႐ုမစိုက္ပဲစာအုပ္ကိုသာဆက္လက္ဖတ္ေနသျဖင့္ သက္ပိုင္
ေလးေလးငယ္၏လက္ေခ်ာင္းေလးမ်ားကိုအေသးစိတ္ၾကည့္ေနမိသည္။
အရင္က ၾကမ္းၾကမ္းတမ္းတမ္းအလုပ္လုပ္ခဲ့ရသူမို႔ထင္၏၊လက္ဖဝါးဟာ အသားမာတို႔ႏွင့္ခပ္ၾကမ္းၾကမ္းျဖစ္ေန၍ အမာ႐ြတ္တို႔ဟာလည္းအျပည့္ပင္။
ဒီလက္နဲ႔ သူ႕ေက်ာကိုခဏခဏပုတ္ကာႏွစ္သိမ့္ေပးေလ့႐ွိတဲ့ေလးေလးငယ္၊
ေခြးေပါက္ကေလးတစ္ေကာင္ကဲ့သို႔ သူ႕အား
ေခါင္းေလးအားပုတ္ကာ ခ်စ္စဖြယ္က်ီစယ္ေလ့႐ွိေသာ ေလးေလးငယ္။
ေလးေလးငယ္ရဲ႕ အရာရာတိုင္းက
တကယ့္ကိုျမတ္ႏိုးစရာေကာင္းလြန္းပါ၏။
ေလးေလးငယ္ လက္႐ွိအမာ႐ြတ္တို႔အား အသာထိမိေတာ့ ေလးေလးငယ္က ခ်က္ခ်င္းလက္ကိုျပန္႐ုတ္သြား၏။
ထို႔ေနာက္ သူ႕အား ေအးေဆးေသာ ေလသံျဖင့္
"မေဆာ့နဲ႔ေတာ့ စာေရး"
"ဟုတ္"
ေလးေလးငယ္ေျပာမွ သူCafeဆိုင္ကိုလာရင္းကိစၥကိုျပန္လည္သတိရေတာ့၏။
ဇာတ္ၫႊန္းအသစ္ေရးရန္ ဒီကိုလာခဲ့သည္ပဲ။
အဲ့တာကိုေမ့ၿပီး ေလးေလးငယ္ကိုထိုင္ေငးေနတာ ဘယ္ႏွနာရီ႐ွိသြားပါၿပီလိမ့္။
စိုင္း သူ႕အေ႐ွ႕မွ အာ႐ုံစိုက္ကာ ကြန္ပ်ဴတာ႐ိုက္ေနေသာ ေကာင္ေလးအားတခ်က္ၾကည့္ရင္း စိတ္မလုံမလဲစြာျဖင့္ လက္အားျပန္လည္ငုံ႔ၾကည့္လိုက္မိသည္။
အသားမာမ်ားတက္၍ အမာ႐ြတ္မ်ားစြာ႐ွိသည့္ သူ၏လက္ဟာအက်ည္းတန္လွ၍ သက္ပိုင္၏လက္ႏွင့္တျခားဆီပင္။
သက္ပိုင္ သူ႕လက္ကိုထိလိုက္သည့္အခ်ိန္တုန္းကခံစားမိသည္က ေခ်ာမြတ္ကာႏူးညံသည့္ အသားအရည္ကိုပင္။
သက္ပိုင္ သူ၏လက္႐ွိအမာ႐ြတ္တို႔အားထိလိုက္သည့္အခ်ိန္တြင္ေတာ့ မသိစိတ္က ခ်က္ခ်င္းျပန္႐ုတ္မိလိုက္သည္။ေကာင္ေလးကေတာ့ နည္းနည္းနားမလည္သလိုျဖစ္ကာ သူ႕ကိုၾကည့္လာေတာ့ ဘာမွမျဖစ္သလို ဟန္ေဆာင္ကာ စာဆက္ေရးရန္သာသတိေပးလိုက္မိ၏။
အမွန္တကယ္ေတာ့ စိုင္း႐ွက္႐ြံ႕သြားခဲ့တာပင္။
အမာ႐ြတ္မ်ားစြာ႐ွိသည့္ သူ၏လက္
ႏွင့္ ျဖဴစြတ္ကာ အျပစ္အနာအဆာရယ္လို႔မ႐ွိေသာ သက္ပိုင္၏လက္။
တကယ့္ကို ကြာျခားလြန္းလွသည္။
ဘယ္လိုလုပ္ မသိမ္ငယ္ပဲေနမွာတဲ့လဲေလ။
အလုပ္အား အာ႐ုံစိုက္လုပ္ေနသာေကာင္ေလးငယ္ကိုၾကည့္မိေတာ့ ႏႈတ္ခမ္းေထာင့္စြန္းေခးကအနည္းငယ္ေကာ့တက္သြား၏။
ဒီလိုသက္ပိုင္ ေကာင္းေကာင္းႀကီးျပင္းလာတာကိုျမင္တိုင္းျမင္တိုင္း သူလိႈက္လိႈက္လွဲလွဲကိုေက်နပ္မိသည္ပင္။
"ေလးေလးငယ္"
"အင္း ဘာလဲ"
"ကြၽန္ေတာ္မနက္ျဖန္ ျပင္ဦးလြင္သြားရမယ္"
"အဲ့ေတာ့"
"1ပတ္ေလာက္ေတာ့ၾကာမယ္ရယ္၊
အပန္းေျဖမလို႔ေလ"
"အင္း သြားေလ ေကာင္းသားပဲ"
"အဲ့တာ ေလးေလးငယ္ေကာကြၽန္ေတာ္နဲ႔အတူလိုက္ခဲ့လို႔ ရမလားဟင္"
"အင္း လိုက္ခဲ့မယ္"
********
ခဲေရာင္ ကားေလးတစ္စီးဟာ ေမၿမိဳ႕ေတာင္တက္လမ္းကေလး၌ အျခားေသာကားမ်ားၾကား၍ ေရာေထြးလ်က္။
စိုင္း ကားေမာင္းရင္း
သက္ပိုင္အားကားမွန္မွတဆင့္ အကဲခတ္မိေတာ့ သက္ပိုင္က မ်က္လုံးအားမွိတ္ထားၿပီးလုံးဝပြင့္မလာ။
အိပ္ေနတာလည္းမဟုတ္ပဲ ဒီတိုင္းႀကီးမွိတ္ထားတာျဖစ္၍ ဘာေၾကာင့္လဲေတာ့မသိ။
"အိပ္ခ်င္ေနတာလား"
"မဟုတ္ဘူး ေကြ႕မ်ားတယ္။အဲ့တာေတြကိုၾကည့္မိရင္ မူးၿပီးအန္ခ်င္လာလို႔"
"ကားမူးတတ္တယ္ေပါ့"
"ကိုယ္တိုင္ေမာင္းရင္ေတာ့မမူးဘူး၊သူမ်ားေမာင္းရင္ေတာ့မူးတယ္...."
မ်က္လုံးမွိတ္လ်က္သားႏွင့္ ရယ္ကာေျပာသည္။အဲ့တာမွ တလမ္းလုံးအဲယားကြန္းမဖြင့္ပဲ ကားျပတင္းေပါက္ကိုသာဖြင့္လာမွန္း စိုင္းသတိထားမိေတာ့သည္။
အစက ႐ႈခင္းၾကည့္ခ်င္လို႔ထင္တာဘယ္ဟုတ္မလဲ သေကာင့္သားက ကားမူးလို႔တဲ့ေလ။
"အရင္က မင္းကားမူးတတ္မွန္း မေျပာဖူးဘူးလားလို႔"
"ဟုတ္တယ္၊ကြၽန္ေတာ္ေလးေလးငယ္ကိုမေျပာဖူးဘူး။
ကြၽန္ေတာ္က အလုံပိတ္ထားတာေတြကိုမုန္းတယ္၊ကားကလည္းအဲ့လိုပဲေလ ေဘးနားကမွန္ေတြအကုန္ပိတ္ထားရင္
ဒီကားေသးေသးေလးထဲပိတ္မိေနတဲ့ခံစားခ်က္ႀကီးကိုမႀကိဳက္လို႔ အၿမဲျပတင္းေပါက္ဖြင့္စီးတာ။
မဟုတ္ရင္ မူးလာေရာ"
"ေအာ္အင္း"
ေကြ႕ေတြလည္းၿပီးေရာ သက္ပိုင္ကမ်က္လုံးျပန္ဖြင့္လာၿပီး ကားBluetoothကိုဖြင့္ကာ သီခ်င္းေအာ္ဆိုေလေတာ့သည္။
ကားျပတင္းေပါက္ကိုဖြင့္႐ုံတင္မက
ကားအမိုးမွာပါ႐ွိသည့္ မွန္ခ်က္ကိုပါ
သက္ပိုင္စိတ္တိုင္းက် တလမ္းလုံးဖြင့္ထားခဲ့ရေသးသည္။
"You know me the best
You know my worst, see me hurt, but you don't judge🎧
That right there is the scariest feeling🎧
Opening and closing up again
I've been hurt, so I don't trust
Now here we are, staring at the ceiling🎧
I've said those words before, but it was a lie🎧
And you deserve to hear them a thousand times🎧
If all it is is eight letters
Why is it so hard to say?🎧"
"8 letters" သီခ်င္းအား ေအာ္ဆိုရင္း သူ႕အားစိုက္ၾကည့္လာေသာ သက္ပိုင္အား ဘာလဲဆိုသည့္ပုံစံႏွင့္ေမးေမာ့ျပလိုက္ေတာ့ သက္ပိုင္က သီခ်င္းဆိုမျပတ္ပဲ ျပတင္းေပါက္ေဘာင္အားအသာမွီရင္း သူ႕ကိုျပဳံးေတာင္ျပလိုက္ေသးသည္။
"If all it is is eight letters
Why am I in my own way?🎧
Why do I pull you close?
And then ask you for space
If all it is is eight letters
Why is it so hard to say?🎧"
10ႏွစ္အ႐ြယ္
ကေလးတစ္ေယာက္ကဲ့သို႔ သီခ်င္းေအာ္ဆိုကာေပ်ာ္ျမဴးေနေသာ အသက္27ႏွစ္အ႐ြယ္ ကေလးႀကီးအားၾကည့္ရင္း စိုင္းမေနႏိုင္စြာရယ္မိေတာ့သည္။
ဒီေကာင္ေလးဟာ တကယ့္ပင္ activeျဖစ္၍ အၿမဲတက္ႂကြလန္းဆန္းေနတာေလးကို သူ႕ရဲ႕အားသာခ်က္ပင္။
ခဲေရာင္ကားေလးတစ္စီးထဲ၌ သီခ်င္းေအာ္ဆိုရင္း ေပ်ာ္ျမဴးေနေသာ ေကာင္ေလးတစ္ေယာက္ႏွင့္ ယင္းေကာင္ေလးငယ္အားၾကည့္ရင္း သေဘာက်ေနေသာ ကားေမာင္းသူအမ်ိဳးသားတစ္ေယာက္ရဲ႕ ခရီးစဥ္ေလးဟာလွပေနခဲ့ပါ၏။
*****
သူတို႔ႏွစ္ေယာက္၏ ပထမဆုံးခရီးစဥ္ကေတာ့ "ပိတ္ခ်င္းေျမႇာင္"
ပိတ္ခ်င္းေျမႇာင္ မဟာနႏၵမူ လိႈဏ္ဂူေတာ္သို႔ မေရာက္ခင္ မုန္႔ေစ်းတန္းအားအရင္ဖ်က္ရ၍ ယင္းလိႈဏ္ဂူေ႐ွ႕တြင္ေတာ့ ေရတံခြန္မ်ား႐ွိေလသည္။
သက္ပိုင္ မုန္႔ေစ်းတန္းက မုန္႔မ်ားအားလိုက္ၾကည့္ရင္း အကင္မ်ားအားေတြ႕သျဖင့္ခ်က္ခ်င္းအေျပးသြားကာ ေလးေလးငယ္ေကာ သူ႕အတြက္ပါႏွစ္ေယာက္စာဝယ္လိုက္ေလသည္။
စိုင္းကေတာ့ ေမၿမိဳ႕ထြက္ဝိုင္အခ်ိဳ႕အား လိုက္ၾကည့္ေန၍
ဝယ္ရန္ျပဳမည္အလုပ္
"ေလးေလးငယ္"
စိုင္း အေနာက္သို႔လွည့္ၾကည့္လိုက္ေတာ့ အကင္ထုပ္ႏွင့္သူ႕စီသို႔ေျပးလာေသာ သက္ပိုင္ကိုေတြ႕လိုက္ရသည္။
"ေရာ့ ဒါေလးစားၾကည့္"ဟူ၍အကင္တစ္ေခ်ာင္းအား သူ႕ပါးစပ္နားအားေတ့ေပးသည္။
ေလးေလးငယ္က သက္ပိုင္လက္ထဲမွအကင္အားမယူပဲ ဒီတိုင္းသက္ပိုင္ခြံ႕ေကြၽးသည္ကိုစားလိုက္သည္မို႔ သက္ပိုင္၏ႏွလုံးဟာ ဒိတ္ကနဲ။
"ေလးေလးငယ္ ဘာဝယ္မလို႔လဲဟင္"
"ဝိုင္"
"ဘာဝိုင္လဲလို႔ေမးတာေလ"
"စပ်စ္ဝိုင္၊မက္မန္းဝိုင္၊စေတာ္ဘယ္ရီဝိုင္"
"အမ်ားႀကီးပဲေကာ ေလးေလးငယ္ေသာက္ကုန္လို႔လား"
"မင္းေကာမေသာက္ဘူးလား"
"ဒါေပမဲ့အမ်ားႀကီးက်"
"မမ်ားဘူး ဝယ္မွာ"
"ေလးေလးငယ္သေဘာ၊ဒါေပမဲ့ အျပန္မွဝယ္ပါလား။ေတာ္ၾကာ ပစၥည္းေတြနဲ႔"
"အင္း"
ဒီလို႔နဲ႔ ႏွစ္ေယာက္သား လိႈဏ္ဂူ႐ွိရာဘက္သို႔လာခဲ့ၾကေလသည္။
လိႈဏ္ဂူအေ႐ွ႕တြင္ေတာ့ ေရတံခြန္ငယ္မ်ားစြာ႐ွိ၍ ယင္းေရတံခြန္ငယ္ေလးမ်ားတြင္ လူမ်ားက ေရကစားသူက ကစား၊ဓာတ္ပုံ႐ိုက္သူက႐ိုက္ႏွင့္
ကိုယ္စီအလုပ္႐ႈပ္ေနၾကေလသည္။
ေရကစားေနေသာ ကေလးမ်ားအားၾကည့္ရင္း သက္ပိုင္တစ္ေယာက္လည္း ေရကစားခ်င္လာသည္။ထို႔ေၾကာင့္ ဝတ္ထားေသာေဘာင္းဘီအား ပင့္တင္လိုက္၍ ေရတံခြန္ထဲသို႔ဆင္းလိုက္ေလသည္။
ေရတံခြန္ရဲ႕အနက္က
သူ၏ေျခက်င္းဝတ္အေပၚပိုင္းေလာက္သာ ႐ွိ၍ ၾကည္လင္ေအးျမကာလက္ဆတ္လွသည့္ေရက တကယ့္ပင္လန္းဆန္းတက္ႂကြေစေလသည္။
"ေလးေလးငယ္ ဒီကိုဆင္းခဲ့ ေရကတကယ္ ေအးေအးေလး"
"မဆင္းခ်င္ဘူး"
သက္ပိုင္၏ အေခၚကိုေလးေလးငယ္က ခတ္ျပတ္ျပတ္ျငင္းသည္။
"ဆင္းခဲ့ပါဆို"
"No"
သက္ပိုင္ လုံးသမဆင္းဘူးဟုဆိုသည့္ေလးေလးငယ္ကိုၾကည့္ရင္း လူယုတ္မာျပဳံးႀကီးတစ္ခုကေပၚထြက္လာေလသည္။
"ရတယ္ေလ မဆင္းရင္လည္း ကိစၥမ႐ွိပါဘူး၊ဟက္!"
သက္ပိုင္ လက္ခုပ္ထဲေရအနည္းငယ္ခပ္ယူ၍ ေလးေလးငယ္အားပတ္လိုက္၍ ေနာက္ထပ္ ဆက္တိုက္ဆက္တိုက္ပတ္ထပ္၍လိုက္ေလသည္။
ထိုအခါ
ေလးေလးငယ္ကေတာ့ ေရစိုသြားေသာသူ႕အက်ႌတို႔ကိုၾကည့္ရင္း သက္ပိုင္ကိုစူးစူးဝါးဝါးၾကည့္လာေတာ့သည္။
သက္ပိုင္လွ်ာထုတ္ကာ ေျပာင္ျပလိုက္ေတာ့ ေလးေလးငယ္ကလည္းသူ႕ရဲ႕ေဘာင္းဘီကိုပင့္တင္ကာ "ေခြးဆကာင္ေလးမင္းေသမယ္"ဟူ၍ ေရထဲသို႔သူပါဆင္းလာေလသည္။
ေလးေလးငယ္က သူ႕ဆီလွမ္းေတာ့မည္အျပဳ သက္ပိုင္အျမန္ေျပးရန္လွည့္လိုက္ေတာ့ ေရေအာက္က ေခ်ာက်ိက်ိေရညႇိ၊ေရေမွာ္မ်ားေၾကာင့္ လွမ္းလိုက္သည့္ေျခလွမ္းတလွမ္းမွာတင္ သက္ပိုင္အေနာက္သို႔ေခ်ာကာ ေရထဲသို႔လွန္က်သြားေလသည္။
ထိုအခါ သက္ပိုင္၏တစ္ကိုယ္လုံးေရမ်ားစို႐ြဲကုန္၍ ေလးေလးငယ္ကေတာ့ တစ္ဟားဟားႏွင့္ေအာ္ရယ္ေနေလသည္။
"ဟားဟားဟား!မင္းကြာ! ဟားဟား"
ေလးေလးငယ္က ရယ္ရင္း သူ႕ဘက္သို႔လွမ္းလာမည္အျပဳ သက္ပိုင္ လွမ္းတားရန္လုပ္လိုက္သည္သို႔ေသာ္အခ်ိန္မမွီေတာ့ ေလးေလးငယ္လည္းေနာက္ျပန္လွဲက်ကာ သက္ပိုင္ႏွင့္အလားတူေရမ်ားစို႐ြဲကုန္ေနေတာ့သည္။
ထိုအခါ ေလးေလးငယ္ေကာ သူပါ တစ္ေယာက္ကိုတစ္ေယာက္ ထိုင္လ်က္သား ဘာမွမေျပာပဲ
စိုက္ၾကည့္လိုက္မိၾက၍ ခဏအၾကာမွာေတာ့ ၿပိဳင္တူ
ရယ္လိုက္မိၾကေလသည္။
"မင္းအျပစ္အဲ့တာ"
"ဟုတ္ပါတယ္ဗ်ာ ကြၽန္ေတာ္႕အျပစ္ပါ"
သက္ပိုင္၏ တီ႐ွပ္က ေရမ်ာစိုကုန္သျဖင့္ သက္ပိုင္၏ကိုယ္၌ကပ္ကုန္ကာ ဗိုက္႐ွိႂကြက္သားအေျမာင္းေျမာင္းတို႔ကထင္းကနဲေပၚလာေလေတာ့သည္။
အမ်ိဳးသမီးငယ္ေလးမ်ားကလည္း သူ႕ကိုကြက္ၾကည့္ကြက္ၾကည့္ႏွင့္ အခ်ိဳဆိုဓာတ္ပုံပါ႐ိုက္ေနၾကေသးေလသည္။
ထိုအခ်ိန္ ေလးေလးငယ္က အေပၚထပ္႐ွပ္လက္႐ွည္တစ္ထည္အား သူ႕အားေပးလာ၍ ဝတ္ထားရန္ေျပာလာ
ေလသည္။
"အေအးမိမယ္ ဝတ္ထား"
"ဟုတ္"
ေလးေလးငယ္၏ အက်ႌက သူႏွင့္ဆိုလွ်င္ အနည္းငယ္ေသးေနေသာေၾကာင့္ပုခုံးေပၚ၌သာျခဳံထားလိုက္ေလသည္။
ထို႔ေနာက္ကုန္းေပၚကိုျပန္မတက္ေတာ့ပဲ ေရတံခြန္ကေနတဆင့္သာလိႈဏ္ဂူသို႔သြားရန္ဆုံးျဖတ္လိုက္ၾကေလသည္။
ေရမ်က္ႏွာျပင္ေအာက္႐ွိ ကုန္းေျမက ေရညႇိမ်ားေၾကာင့္ေခ်ာေန၍ လမ္းေလွ်ာက္ရသည္မွာအႏိုင္ႏိုင္။
လမ္းတဝက္ေလာက္အေရာက္တြင္ေတာ့ ေလးေလးငယ္စီမွေအာ္သံထြက္ေပၚလာသျဖင့္ သက္ပိုင္အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ကန္၏အလယ္၌ရပ္ကာေအာက္သို႔ငုံၾကည့္ရင္း တြန္႔ဆုတ္တြန္႔ဆုတ္ျဖစ္ေနေသာ ေလးေလးငယ္ကိုေတြ႕လိုက္ရေလသည္။
"ေလးေလးငယ္ လာေလ"
"မင္းေမကို လာပါလား!ဒီမွာငါးေတြကြ"
"ဗ်ာ?"
"ငါးေတြဟ! ေဟ့ေကာင္ သက္ပိုင္၊ဒီမွာငါးေတြလို႔ F**k"
"ဒါျဖင့္ ကုန္းဘက္ကေလွ်ာက္မလား ေလးေလးငယ္"
"ငါက ေရထဲကပဲေလွ်ာက္ခ်င္တာ"
"...."
သူ၏ေျခေထာက္ေအာက္မွ ကူးခတ္သြားလာေနေသာ ငါးေသးေသးေလးမ်ားအားၾကည့္ရင္း ေနာက္တလွမ္း လွမ္းသင့္မလွမ္းသင့္ စဥ္းစားေနခိုက္မွာပဲ သူ၏မ်က္လုံးေ႐ွ႕သို႔ေရာက္လာေသာလက္တစ္စုံ။
သူေမာ့ၾကည့္လိုက္မိေတာ့ လက္အားသူ႕ဆီသို႔ကမ္းေပးထားေသာသက္ပိုင္။
"ကြၽန္ေတာ္႕လက္ကို ကိုင္လိုက္မေၾကာက္နဲ႔"
အမွန္က သူကေၾကာက္တာမဟုတ္ပဲအူယားတာပင္။ဒီလိုငါးပိစိေလးေတြက သူ႕ေျခေထာက္ေဘးမွာကူးခတ္သြားလာေနတာက တကယ့္ပင္အသည္းက်ိန္းစရာေကာင္းသည္ကို။
"ကြၽန္ေတာ္႕ကိုယုံပါဗ်ာ။တကယ္လို႔သူတို႔ေလးေလးငယ္ကို ကိုက္ရင္ကြၽန္ေတာ္ဒီငါးေတြအကုန္လုံးကိုအျပင္ကိုခပ္ထုတ္ပစ္လိုက္မယ္"
"အင္း"
စိုင္း သူ႕အားကမ္းေပးထားေသာ
သက္ပိုင္၏ လက္အားဆုပ္ကိုင္လိုက္၍တလွမ္းအရင္လွမ္းလိုက္ေလသည္။ ေရညႇိေၾကာင့္ေခ်ာကနဲျဖစ္သြားေသာအခါ၌ ခႏၶာကိုယ္အားထိန္းဖို႔ျပင္လိုက္ေပမဲ့ မရလိုက္သည္မို႔
ေနာက္ျပန္လဲၿပီထင္ေနတုန္း တင္းကနဲျဖစ္သြားလက္ႏွင့္အတူ ဆြဲယူခံလိုက္ရေသာ ခႏၶာကိုယ္ဟာ အေ႐ွ႕သို႔ယိမ္းကနဲျဖစ္သြား၍ ရင္ခြင္တစ္ခုထဲသို႔နစ္ေနေအာင္ဝင္သြားေလသည္။
သက္ပိုင္က သူလဲက်မည္ကိုထိန္းကာလွမ္းဖက္လိုက္ျခင္းပင္။
စိုင္း၏ ႏွာေခါင္းက သက္ပိုင္၏
လည္ပင္းႏွင့္နီးကပ္ေန၍ ေခါင္းဟာ ပုခုံးေပၚသို႔မွီထားသလို႔မ်ိဳးပင္။
သက္ပိုင္၏လက္တဖက္က သူ၏လက္ကိုဆုပ္ကိုင္ထား၍ တစ္ဖက္ကေတာ့ဘသူ၏ခါးအားထိန္းကာကိုင္ထားေလသည္။
ဤအေျခအေနဟာတကယ့္ကို ကေမာက္ကမႏိုင္လြန္းသည္မွာေတာ့အမွန္။
"ရလား ေလးေလးငယ္"
"ဟမ္? အင္း အင္း"
စိုင္း သက္ပိုင္ကိုျပန္ေျဖရင္းေမာ့ၾကည့္မိေတာ့ ပယင္းမ်က္ဝန္းတို႔ႏွင့္အၾကည့္ခ်င္းသြားစုံခိုက္ သူ၏ဘယ္ဘက္ရင္အုံမွအရာတစ္ခုဟာ
႐ုတ္တရက္လႈပ္႐ွားမႈျမန္လာေလေတာ့သည္။
သူ...ေခ်ာ္လဲေတာ့မလိုျဖစ္ၿပီး လန္႔သြားလို႔မ်ားလား...ဒါမွမဟုတ္...။
******
Alexander AN(Ah Nyo)
Apr.29.2023
voteေကာ cmေတြပါနည္းသြားသလိုပဲရယ္။ဖတ္တဲ့သူေတြလည္းမ႐ွိေတာ့ဘူးထင္ပါ့။
********