CHAPTER-(57)☕︎
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်
သိပ်မကြာခင်မှာပဲ စာမေးပွဲရလဒ်တွေ ထွက်လာလေသည်။ လူတိုင်းကိုအံသြသွားစေတာကတော့ ပိုင်ရွယ်ဝေ့တစ်ယောက် ကျလုမတတ်အဆင့်တွေကျနေချိန်မှာ ချူရှောင်းကတော့ သူမမေဂျာမှာ နံပါတ်တစ်ချိတ်၏။
သူမမိသားစု ရလဒ်အကြောင်းသတင်းတွေကြားတဲ့အခါ သဘာဝကျစွာပင်သူမအတွက် ပျော်ရွှင်ပိတိဖြာပေးကြသည်။ တစ်နေ့တာအပြီးမှာ အဓိကဇာတ်ကောင်က ပျော်ရွှင်စရာတွေနဲ့ ဇာတ်သိမ်းသွားပြီး တစ်ဖက်ကအငယ်အနှောင်းကတော့ — သူမနဲ့ထိုက်တန်ရာ — ဆိုးဝါးတဲ့အဆုံးသတ် ရသွားလေသည်။ လူတစ်ချို့ကတော့ ချူရှောင်းတစ်ယောက်သူမလေ့လာနေတာကို မနှောင့်ယှက်ဖို့ပြောနေခဲ့တဲ့ အခိုက်အတန့်တွေကိုအမှတ်ရကာ ထိုအကြောင်းကို အွန်လိုင်းပေါ်မှာတင်လိုက်ကြသည်။
ဒါ့အပြင် "ဒိတ်လုပ်လို့ရနေတဲ့အချိန်မှာ ဘာလို့စာလေ့လာနေတာလဲ?" ဟု အစပြုထားသည့် တက္ကသိုလ်ဖိုရမ်ပေါ်ကရေပန်းစားနေတဲ့ ဟာသစာတိုဖန်တီးဖို့အကျိုးအမြတ်ထုတ်ကြတဲ့ အင်တာနက်troll တွေလည်းရှိကြပြန်သည်။
တစ်ခဏလောက်တော့ တက္ကသိုလ်ဖိုရမ်ပေါ်မှာ ကျော်ကြားတဲ့ကိုးကားချက်တစ်ခုလည်း ထွက်ပေါ်လာပြန်သည်။
"စာသေချာကြိုးစားပြီး နတ်ပြည်တတ်ကြပါစို့" ဟူ၍။
သူမအတန်းဖော်တွေရဲ့ အထင်သေးတဲ့အကြည့်တွေအောက်မှာ ပိုင်ရွယ်ဝေ့တစ်ယောက် စိတ်ဖိစီးမှုများနေ၏။ ဒါ့အပြင် သူမအနေနဲ့ စာမေးပွဲကြီးမှာ အဆင့်မကောင်းဖို့ မျှော်လင့်မထားချေ။ စာမေးပွဲကာလအတွင်းမှာ အကြောင်းအရာတစ်ခုတည်းကသာ သူ့စိတ်ကိုစိုးမိုးနေတာကြောင့် လေ့လာပြီးသားမေးခွန်းတွေကိုတောင် သတိလက်လွတ်ဖြေမိသွားတာ ဖြစ်နိုင်ပါသည်။ သူမအဆင့်တွေပေါ်မှာ သိပ်ပြီးအရေးတကြီးတွေးမထားရင်တောင် ဒီနှစ်တွေအတွင်း သူမပုံရိပ်ကစာကြိုးစားတဲ့ကျောင်းသူလေးအဖြစ် လုံးဝပုံစံကျနေပြီဖြစ်သည်။ ချူရှောင်း ပြန်ပြီးမျက်နှာသာရလာတာနဲ့ တက္ကသိုလ်ကသူမကို အထင်မကြီးတော့သလို အဲ့အစားအငယ်အနှောင်းအဖြစ်သာ မြင်လာကြ၏။ အမဲစက်စွန်းနေတဲ့ အဲ့လိုအပြုအမှုမျိုး ဆက်တိုက်ရှိနေတာက သူမတစ်ယောက်တည်းခံနိုင်ဖို့ရာ ဝန်လေးလွန်းလှသည်။
ချမ်းသာတဲ့မိသားစုမှာ ပျိုးထောင်ခံခဲ့ရတာကြောင့် သူမစိတ်ထဲမှာတော့ သာမန်ကျောင်းသားတွေကို အမြဲအထင်သေးလေ့ရှိသည်။ သူမဆီမှာ ဘာမှမကျန်တော့ရင်တောင် လူတိုင်းထက်သာနေတုန်းပဲလို့ ယုံကြည်နေဆဲပင်။ ဒါကြောင့်မို့ တခြားကျောင်းသားတွေရဲ့ မာနထောင်လွှားပြီးအထင်သေးတဲ့ အဆက်မပြတ်အကြည့်တွေကို ခံယူနိုင်စွမ်းမရှိပါချေ။
ဒုက္ခပင်လယ်ဝေနေသလို ဟန်ဆောင်နေဆဲဖြစ်တဲ့ ပိုင်ရွယ်ဝေ့ဟာ သူမကိုသူမယိချန်ဖြတ်လာမယ့်နေရာမှာ ရည်ရွယ်ချက်ရှိရှိနေကာယူပြီး သူ့အာရုံကိုဖမ်းစားဖို့ တအီအီမြည်ကြွေးနေလေသည်။ ယိချန်မှာ သူမဆီကနေအဝေးကိုလျောက်ပြီး လျစ်လျူရူပစ်လိုက်ချင်ပေမယ့် မနေနိုင်ဘဲသူမဆီလျောက်လာကာ မေးလိုက်သည်။
"ဘာဖြစ်နေတာလဲ?"
သူ့အကြည့်တွေကနေ အဝေးကိုလွှဲရင်း သူမမျက်ရည်စတွေကို အမြန်သုတ်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ ကျွန်မ အဆင်ပြေပါတယ်...."
အဲ့နောက် ယိချန်စိတ်မရှည်စွာ မေးလာသည်။
"မင်း မျက်လုံးကျွတ်မတတ် အော်ငိုနေတာကို ဘာမှမဖြစ်ဘူးပြောနေသေးတယ်လား? ဘာဖြစ်တာလဲသာ ပြောစမ်းပါ။"
"ကျွန်— ကျွန်မ...စာမေးပွဲမှာ မဖြေနိုင်ခဲ့ဘူး.....အခုတော့....လူတိုင်းက လှောင်နေကြပြီ။"
"ဒါလေးကြောင့်နဲ့ ငိုနေတာပေါ့လေ။"
ယိချန်တစ်ချိန်က ပိုင်ရွယ်ဝေ့အဆင့်တွေနဲ့ ချူရှောင်းကိုတိုက်ခိုက်ခဲ့တာကိုမေ့ပြီး နှာမှုတ်တော့သည်။ သူ့နှလုံးသားအနက်ပိုင်းမှာတော့ တက္ကသိုလ်ဆိုတာစာကြိုးစားပြီး အဆငိ့ကောင်းတွေရဖို့နေရာမဟုတ်ဘဲ အပန်းဖြေချိန်အတွက် နေရာတစ်နေရာဟုသာ ယုံကြည်ထားလေသည်။
ပိုင်ရွယ်ဝေ့အပြုံးတစ်ခု ဖြစ်ညှစ်ပြုံးကာ
"ကျွန်မ အဆင်ပြေပါတယ်။ အဲ့တာ....ကျွန်မအဆင်မပြေဖြစ်အောင် လှောင်ပြောင်ရယ်မောနေတဲ့ သူတွေရှိနေရုံပါ။ ကျွန်မဘဝမှာ ဘယ်လောက်တောင်ဦးဆောင်လိုစိတ် ပြင်းပြလဲ ရှင်သိပါတယ်။ နွေရာသီအပန်းဖြေကာလက အလုပ်သင်ကာလနီးလာရင်....ကျွန်မနောက်ကွယ်မှာ အတင်းပြောပြီး ကုမ္ပဏီကောင်းကောင်းမှာ အလုပ်ဝင်ဖို့အခွင့်အရေးတွေ နည်းသွားမှာစိုးမိတယ်။"
"အိုး....တောင်းပန်ပါတယ်နော်။ ဒီဝန်တွေအားလုံးကို ရှင့်အပေါ်မဖွင့်ထုတ်သင့်ဘူး။ အမ်...ကောင်းပါပြီ...ထပ်ပြီးမနှောင့်ယှက်တော့ပါဘူး။ အခု ကိုယ့်လမ်းကို သွားပါတော့မယ်။"
ပိုင်ရွယ်ဝေ့ ထွက်ခွာဖို့ကျောပေးမသွားခင် ယိချန်ကိုနောက်ဆုံးတစ်ကြိမ်ကြည့်ကာ ပြုံးပြလိုက်သည်။
သူမရဲ့စိတ်သောကရောက်နေတဲ့ အခြေအနေကိုကြည့်ပြီး ယိချန်သူမကိုကြင်နာစွာ ကြည့်လာသည်။
"အလုပ်သင်အတွက်က မင်းကိုနောက်မှအကြောင်းကြားမယ်။ ဒါမယ့် အထင်မလွဲနဲ့နော်။ ဒီလိုကူညီတယ်ဆိုတာလည်း ငါတို့အချင်းချင်းသိလာတာ ဆယ်စုနှစ်တစ်ခု ကျော်နေပြီမလို့။ မင်းကိုတခြားသူတွေ လှောင်ပြောင်နေတာကိုလည်း ငါမကြည့်နိုင်ဘူး။"
"တကယ်လားဟင်?! "
သူမမြည်တမ်းသည်။
"ကျေးဇူးအများကြီး တင်ပါတယ် အားချန်!"
ထပ်ပြီးမပတ်သတ်လိုတာကြောင့် ယိချန်စိတ်မရှည်စွာဘဲ ထွက်လာခဲ့သည်။ တက္ကသိုလ်မှာ အချိန်နှစ်နှစ်ပဲကျန်တော့တာကြောင့် သူမအစီအစဥ်တွေကိုချက်ချင်း အကောင်အထည်ဖော်ပြီး ကျန်တဲ့အချိန်တွေကို ညဏ်ရှိရှိသုံးရပေတော့မည်။
နွေအားလပ်ရက်ရောက်လာတာနဲ့ တက္ကသိုလ်ကကုမ္ပဏီအမျိုးမျိုးနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး အလားအလာကောင်းတဲ့အလုပ်အကိုင်အခွင့်အလမ်းရှာနေတဲ့ ကျောင်းသားတွေအတွက် အသက်မွေးဝမ်းကြောင်းပြပွဲကို စီစဥ်ထားသည်။ ဒီပွဲကတက္ကသိုလ်ခန်းမမှာ စီစဥ်ထားတဲ့ အရေးကြီးပွဲတစ်ခုဖြစ်ပြီး ကျယ်ပြန့်လှတဲ့ကုမ္ပဏီအမျိုးမျိုးကို ကျောင်းသားတွေဆီရွေးချယ်ခွင့် ပေးထား၏။ သို့သော်လည်း ကျောင်းသားတွေအနေနဲ့ အင်တာဗျုးကိုစာရင်းပေးဖို့ရာ ကိုယ်ရေးအကျဥ်းလေးယူလာဖို့တော့ လိုအပ်သည်။
ပိုင်ရွယ်ဝေ့ ပြပွဲခမ်းမပတ်ပတ်လည်ကို လိုက်ကြည့်နေတုန်းမှာ အဆောင်နေတုန်းက အလာအားလျော်စွာသိလာတဲ့ ကျောင်းသူနဲ့ဝင်တိုက်မိသွားလေသည်။
ကျောင်းသူက သူမကိုမေးလာသည်။
"အင်တာဗျူးတွေ သွားဖြေမှာလား?"
ပိုက်ရွယ်ဝေ့ ခေါင်းယမ်းလျက်
"ဟင့်အင်း။ လီရှန်းအုပ်စုရဲ့ အင်တာဗျူးအောင်ပြီးသားမို့ နွေအားရက်ကျသူတို့ကုမ္ပဏီမှာ အလုပ်သင်ဆင်းရမှာ။"
"ဝိုး..နင်က သာမန်ထက်ထူးခြားတာပဲ။"
အမျိုးသမီးကျောင်းသူက ပိုင်ရွယ်ဝေ့နဲ့ စကားမဆက်လိုတော့တာကြောင့် သူမသူငယ်ချင်းတွေနဲ့ တခြားကုမ္ပဏီတွေကိုမကြည့်ခင် သူမကိုချီးမွမ်းလိုက်သည်။
သူတို့စကားဝိုင်းကို ကြားမိသွားတဲ့ကျောင်းသူက မနေနိုင်မထိုင်နိုင်ပိုင်ရွယ်ဝေ့ကို စိုက်ကြည့်မိသည်။ ရုတ်တရက် ကုမ္ပဏီတစ်ခုဆီက ပယ်ချခံလိုက်ရတဲ့ကျောင်းသူကလည်း ဘေးနားကနေ တိုးတိုးတိတ်တိတ်ပြောလာသည်။
"အငယ်အနှောင်းဖြစ်ပြီး စာမေးပွဲမှာအဆင့်မကောင်းလဲ ဘာအရေးလဲ? ကျော်ကြားတဲ့ကုမ္ပဏီကြီးမှာ အလုပ်သင်ဝင်ရတာနဲ့ပဲ ဇာတ်သိမ်းသွားတာပဲ။ အရင်ကတော့ ငါသူ့ကိုလှောင်ထားတာ...ဟက်...နောက်ဆုံးတော့ ဒီဘဝမှာတောင် သူ့ကိုမယှဥ်နိုင်သေးဘူး။"
"လျစ်လျူရူလိုက်စမ်းပါ။ ငါတို့မှ သူ့လမ်းစဥ် မလိုက်နိုင်ပဲ။"
"ဒီအခြေအနေကြီးတစ်ခုလုံးက ရယ်စရာမကောင်းဘူးလား? ချူရှောင်းကပိုင်ရွယ်ဝေ့ကို လက်တုံ့ပြန်နေပေမယ့် သူမပျော်ရွှင်စေဖို့ဆုတောင်းပေးတဲ့ ကျောင်းဖိုရမ်ကကြင်နာတဲ့ ဂုဏ်ပြုတာတွေတောင် ရနေသေးတယ်။ ဒါတွေအားလုံး ပြီးသွားတာတောင်ပိုင်ရွယ်သေ့မလှန့်မှန်း ဘယ်သူသိမှာလဲ?"
သူမကို တစ်ချက်လောက်ပဲ ကောင်းကောင်းကြည့်လိုက်။ တောက်ပပြီးလှပနေတဲ့ ပိုင်ရွယ်ဝေ့ ဖြစ်နေတုန်းပဲလေ။"
"ဒါ—ဒါဆို ချူရှောင်းက သူ့ထက်ပိုမလှမှန်း နင်ဘယ်လိုသိလဲ? ဟင်...? ကြည့်လိုက်..ချူရှောင်း မဟုတ်လား?"
29.4.2023
CHAPTER-(57)☕︎
Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္
သိပ္မၾကာခင္မွာပဲ စာေမးပြဲရလဒ္ေတြ ထြက္လာေလသည္။ လူတိုင္းကိုအံၾသသြားေစတာကေတာ့ ပိုင္႐ြယ္ေဝ့တစ္ေယာက္ က်လဳမတတ္အဆင့္ေတြက်ေနခ်ိန္မွာ ခ်ဴေရွာင္းကေတာ့ သူမေမဂ်ာမွာ နံပါတ္တစ္ခ်ိတ္၏။
သူမမိသားစု ရလဒ္အေၾကာင္းသတင္းေတြၾကားတဲ့အခါ သဘာဝက်စြာပင္သူမအတြက္ ေပ်ာ္႐ႊင္ပိတိျဖာေပးၾကသည္။ တစ္ေန႕တာအၿပီးမွာ အဓိကဇာတ္ေကာင္က ေပ်ာ္႐ႊင္စရာေတြနဲ႕ ဇာတ္သိမ္းသြားၿပီး တစ္ဖက္ကအငယ္အႏွောင္းကေတာ့ သူမနဲ႕ထိုက္တန္ရာ ဆိုးဝါးတဲ့အဆုံးသတ္ ရသြားေလသည္။ လူတစ္ခ်ိဳ႕ကေတာ့ ခ်ဴေရွာင္းတစ္ေယာက္သူမေလ့လာေနတာကို မႏွောင့္ယွက္ဖို႔ေျပာေနခဲ့တဲ့ အခိုက္အတန့္ေတြကိုအမွတ္ရကာ ထိုအေၾကာင္းကို အြန္လိုင္းေပၚမွာတင္လိုက္ၾကသည္။
ဒါ့အျပင္ "ဒိတ္လုပ္လို႔ရေနတဲ့အခ်ိန္မွာ ဘာလို႔စာေလ့လာေနတာလဲ?" ဟု အစျပဳထားသည့္ တကၠသိုလ္ဖိုရမ္ေပၚကေရပန္းစားေနတဲ့ ဟာသစာတိုဖန္တီးဖို႔အက်ိဳးအျမတ္ထုတ္ၾကတဲ့ အင္တာနက္troll ေတြလည္းရွိၾကျပန္သည္။
တစ္ခဏေလာက္ေတာ့ တကၠသိုလ္ဖိုရမ္ေပၚမွာ ေက်ာ္ၾကားတဲ့ကိုးကားခ်က္တစ္ခုလည္း ထြက္ေပၚလာျပန္သည္။
"စာေသခ်ာႀကိဳးစားၿပီး နတ္ျပည္တတ္ၾကပါစို႔" ဟူ၍။
သူမအတန္းေဖာ္ေတြရဲ႕ အထင္ေသးတဲ့အၾကည့္ေတြေအာက္မွာ ပိုင္႐ြယ္ေဝ့တစ္ေယာက္ စိတ္ဖိစီးမႈမ်ားေန၏။ ဒါ့အျပင္ သူမအေနနဲ႕ စာေမးပြဲႀကီးမွာ အဆင့္မေကာင္းဖို႔ ေမွ်ာ္လင့္မထားေခ်။ စာေမးပြဲကာလအတြင္းမွာ အေၾကာင္းအရာတစ္ခုတည္းကသာ သူ႕စိတ္ကိုစိုးမိုးေနတာေၾကာင့္ ေလ့လာၿပီးသားေမးခြန္းေတြကိုေတာင္ သတိလက္လြတ္ေျဖမိသြားတာ ျဖစ္နိုင္ပါသည္။ သူမအဆင့္ေတြေပၚမွာ သိပ္ၿပီးအေရးတႀကီးေတြးမထားရင္ေတာင္ ဒီႏွစ္ေတြအတြင္း သူမပုံရိပ္ကစာႀကိဳးစားတဲ့ေက်ာင္းသူေလးအျဖစ္ လုံးဝပုံစံက်ေနၿပီျဖစ္သည္။ ခ်ဴေရွာင္း ျပန္ၿပီးမ်က္ႏွာသာရလာတာနဲ႕ တကၠသိုလ္ကသူမကို အထင္မႀကီးေတာ့သလို အဲ့အစားအငယ္အႏွောင္းအျဖစ္သာ ျမင္လာၾက၏။ အမဲစက္စြန္းေနတဲ့ အဲ့လိုအျပဳအမႈမ်ိဳး ဆက္တိုက္ရွိေနတာက သူမတစ္ေယာက္တည္းခံနိုင္ဖို႔ရာ ဝန္ေလးလြန္းလွသည္။
ခ်မ္းသာတဲ့မိသားစုမွာ ပ်ိဳးေထာင္ခံခဲ့ရတာေၾကာင့္ သူမစိတ္ထဲမွာေတာ့ သာမန္ေက်ာင္းသားေတြကို အၿမဲအထင္ေသးေလ့ရွိသည္။ သူမဆီမွာ ဘာမွမက်န္ေတာ့ရင္ေတာင္ လူတိုင္းထက္သာေနတုန္းပဲလို႔ ယုံၾကည္ေနဆဲပင္။ ဒါေၾကာင့္မို႔ တျခားေက်ာင္းသားေတြရဲ႕ မာနေထာင္လႊားၿပီးအထင္ေသးတဲ့ အဆက္မျပတ္အၾကည့္ေတြကို ခံယူနိုင္စြမ္းမရွိပါေခ်။
ဒုကၡပင္လယ္ေဝေနသလို ဟန္ေဆာင္ေနဆဲျဖစ္တဲ့ ပိုင္႐ြယ္ေဝ့ဟာ သူမကိုသူမယိခ်န္ျဖတ္လာမယ့္ေနရာမွာ ရည္႐ြယ္ခ်က္ရွိရွိေနကာယူၿပီး သူ႕အာ႐ုံကိုဖမ္းစားဖို႔ တအီအီျမည္ေႂကြးေနေလသည္။ ယိခ်န္မွာ သူမဆီကေနအေဝးကိုေလ်ာက္ၿပီး လ်စ္လ်ဴ႐ူပစ္လိုက္ခ်င္ေပမယ့္ မေနနိုင္ဘဲသူမဆီေလ်ာက္လာကာ ေမးလိုက္သည္။
"ဘာျဖစ္ေနတာလဲ?"
သူ႕အၾကည့္ေတြကေန အေဝးကိုလႊဲရင္း သူမမ်က္ရည္စေတြကို အျမန္သုတ္လိုက္သည္။
"ဘာမွမဟုတ္ပါဘူး။ ကြၽန္မ အဆင္ေျပပါတယ္...."
အဲ့ေနာက္ ယိခ်န္စိတ္မရွည္စြာ ေမးလာသည္။
"မင္း မ်က္လုံးကြၽတ္မတတ္ ေအာ္ငိုေနတာကို ဘာမွမျဖစ္ဘူးေျပာေနေသးတယ္လား? ဘာျဖစ္တာလဲသာ ေျပာစမ္းပါ။"
"ကြၽန္ ကြၽန္မ...စာေမးပြဲမွာ မေျဖနိုင္ခဲ့ဘူး.....အခုေတာ့....လူတိုင္းက ေလွာင္ေနၾကၿပီ။"
"ဒါေလးေၾကာင့္နဲ႕ ငိုေနတာေပါ့ေလ။"
ယိခ်န္တစ္ခ်ိန္က ပိုင္႐ြယ္ေဝ့အဆင့္ေတြနဲ႕ ခ်ဴေရွာင္းကိုတိုက္ခိုက္ခဲ့တာကိုေမ့ၿပီး ႏွာမႈတ္ေတာ့သည္။ သူ႕ႏွလုံးသားအနက္ပိုင္းမွာေတာ့ တကၠသိုလ္ဆိုတာစာႀကိဳးစားၿပီး အဆငိ့ေကာင္းေတြရဖို႔ေနရာမဟုတ္ဘဲ အပန္းေျဖခ်ိန္အတြက္ ေနရာတစ္ေနရာဟုသာ ယုံၾကည္ထားေလသည္။
ပိုင္႐ြယ္ေဝ့အၿပဳံးတစ္ခု ျဖစ္ညွစ္ၿပဳံးကာ
"ကြၽန္မ အဆင္ေျပပါတယ္။ အဲ့တာ....ကြၽန္မအဆင္မေျပျဖစ္ေအာင္ ေလွာင္ေျပာင္ရယ္ေမာေနတဲ့ သူေတြရွိေန႐ုံပါ။ ကြၽန္မဘဝမွာ ဘယ္ေလာက္ေတာင္ဦးေဆာင္လိုစိတ္ ျပင္းျပလဲ ရွင္သိပါတယ္။ ႏြေရာသီအပန္းေျဖကာလက အလုပ္သင္ကာလနီးလာရင္....ကြၽန္မေနာက္ကြယ္မွာ အတင္းေျပာၿပီး ကုမၸဏီေကာင္းေကာင္းမွာ အလုပ္ဝင္ဖို႔အခြင့္အေရးေတြ နည္းသြားမွာစိုးမိတယ္။"
"အိုး....ေတာင္းပန္ပါတယ္ေနာ္။ ဒီဝန္ေတြအားလုံးကို ရွင့္အေပၚမဖြင့္ထုတ္သင့္ဘူး။ အမ္...ေကာင္းပါၿပီ...ထပ္ၿပီးမႏွောင့္ယွက္ေတာ့ပါဘူး။ အခု ကိုယ့္လမ္းကို သြားပါေတာ့မယ္။"
ပိုင္႐ြယ္ေဝ့ ထြက္ခြာဖို႔ေက်ာေပးမသြားခင္ ယိခ်န္ကိုေနာက္ဆုံးတစ္ႀကိမ္ၾကည့္ကာ ၿပဳံးျပလိုက္သည္။
သူမရဲ႕စိတ္ေသာကေရာက္ေနတဲ့ အေျခအေနကိုၾကည့္ၿပီး ယိခ်န္သူမကိုၾကင္နာစြာ ၾကည့္လာသည္။
"အလုပ္သင္အတြက္က မင္းကိုေနာက္မွအေၾကာင္းၾကားမယ္။ ဒါမယ့္ အထင္မလြဲနဲ႕ေနာ္။ ဒီလိုကူညီတယ္ဆိုတာလည္း ငါတို႔အခ်င္းခ်င္းသိလာတာ ဆယ္စုႏွစ္တစ္ခု ေက်ာ္ေနၿပီမလို႔။ မင္းကိုတျခားသူေတြ ေလွာင္ေျပာင္ေနတာကိုလည္း ငါမၾကည့္နိုင္ဘူး။"
"တကယ္လားဟင္?! "
သူမျမည္တမ္းသည္။
"ေက်းဇူးအမ်ားႀကီး တင္ပါတယ္ အားခ်န္!"
ထပ္ၿပီးမပတ္သတ္လိုတာေၾကာင့္ ယိခ်န္စိတ္မရွည္စြာဘဲ ထြက္လာခဲ့သည္။ တကၠသိုလ္မွာ အခ်ိန္ႏွစ္ႏွစ္ပဲက်န္ေတာ့တာေၾကာင့္ သူမအစီအစဥ္ေတြကိုခ်က္ခ်င္း အေကာင္အထည္ေဖာ္ၿပီး က်န္တဲ့အခ်ိန္ေတြကို ညဏ္ရွိရွိသုံးရေပေတာ့မည္။
ႏြေအားလပ္ရက္ေရာက္လာတာနဲ႕ တကၠသိုလ္ကကုမၸဏီအမ်ိဳးမ်ိဳးနဲ႕ ပူးေပါင္းလုပ္ေဆာင္ၿပီး အလားအလာေကာင္းတဲ့အလုပ္အကိုင္အခြင့္အလမ္းရွာေနတဲ့ ေက်ာင္းသားေတြအတြက္ အသက္ေမြးဝမ္းေၾကာင္းျပပြဲကို စီစဥ္ထားသည္။ ဒီပြဲကတကၠသိုလ္ခန္းမမွာ စီစဥ္ထားတဲ့ အေရးႀကီးပြဲတစ္ခုျဖစ္ၿပီး က်ယ္ျပန့္လွတဲ့ကုမၸဏီအမ်ိဳးမ်ိဳးကို ေက်ာင္းသားေတြဆီေ႐ြးခ်ယ္ခြင့္ ေပးထား၏။ သို႔ေသာ္လည္း ေက်ာင္းသားေတြအေနနဲ႕ အင္တာဗ်ဳးကိုစာရင္းေပးဖို႔ရာ ကိုယ္ေရးအက်ဥ္းေလးယူလာဖို႔ေတာ့ လိုအပ္သည္။
ပိုင္႐ြယ္ေဝ့ ျပပြဲခမ္းမပတ္ပတ္လည္ကို လိုက္ၾကည့္ေနတုန္းမွာ အေဆာင္ေနတုန္းက အလာအားေလ်ာ္စြာသိလာတဲ့ ေက်ာင္းသူနဲ႕ဝင္တိုက္မိသြားေလသည္။
ေက်ာင္းသူက သူမကိုေမးလာသည္။
"အင္တာဗ်ဴးေတြ သြားေျဖမွာလား?"
ပိုက္႐ြယ္ေဝ့ ေခါင္းယမ္းလ်က္
"ဟင့္အင္း။ လီရွန္းအုပ္စုရဲ႕ အင္တာဗ်ဴးေအာင္ၿပီးသားမို႔ ႏြေအားရက္က်သဴတို႔ကုမၸဏီမွာ အလုပ္သင္ဆင္းရမွာ။"
"ဝိုး..နင္က သာမန္ထက္ထူးျခားတာပဲ။"
အမ်ိဳးသမီးေက်ာင္းသူက ပိုင္႐ြယ္ေဝ့နဲ႕ စကားမဆက္လိုေတာ့တာေၾကာင့္ သူမသူငယ္ခ်င္းေတြနဲ႕ တျခားကုမၸဏီေတြကိုမၾကည့္ခင္ သူမကိုခ်ီးမြမ္းလိုက္သည္။
သူတို႔စကားဝိုင္းကို ၾကားမိသြားတဲ့ေက်ာင္းသူက မေနနိုင္မထိုင္နိုင္ပိုင္႐ြယ္ေဝ့ကို စိုက္ၾကည့္မိသည္။ ႐ုတ္တရက္ ကုမၸဏီတစ္ခုဆီက ပယ္ခ်ခံလိုက္ရတဲ့ေက်ာင္းသူကလည္း ေဘးနားကေန တိုးတိုးတိတ္တိတ္ေျပာလာသည္။
"အငယ္အႏွောင္းျဖစ္ၿပီး စာေမးပြဲမွာအဆင့္မေကာင္းလဲ ဘာအေရးလဲ? ေက်ာ္ၾကားတဲ့ကုမၸဏီႀကီးမွာ အလုပ္သင္ဝင္ရတာနဲ႕ပဲ ဇာတ္သိမ္းသြားတာပဲ။ အရင္ကေတာ့ ငါသူ႕ကိုေလွာင္ထားတာ...ဟက္...ေနာက္ဆုံးေတာ့ ဒီဘဝမွာေတာင္ သူ႕ကိုမယွဥ္နိုင္ေသးဘူး။"
"လ်စ္လ်ဴ႐ူလိုက္စမ္းပါ။ ငါတို႔မွ သူ႕လမ္းစဥ္ မလိုက္နိုင္ပဲ။"
"ဒီအေျခအေနႀကီးတစ္ခုလုံးက ရယ္စရာမေကာင္းဘူးလား? ခ်ဴေရွာင္းကပိုင္႐ြယ္ေဝ့ကို လက္တုံ႕ျပန္ေနေပမယ့္ သူမေပ်ာ္႐ႊင္ေစဖို႔ဆုေတာင္းေပးတဲ့ ေက်ာင္းဖိုရမ္ကၾကင္နာတဲ့ ဂုဏ္ျပဳတာေတြေတာင္ ရေနေသးတယ္။ ဒါေတြအားလုံး ၿပီးသြားတာေတာင္ပိုင္႐ြယ္ေသ့မလွန့္မွန္း ဘယ္သူသိမွာလဲ?"
သူမကို တစ္ခ်က္ေလာက္ပဲ ေကာင္းေကာင္းၾကည့္လိုက္။ ေတာက္ပၿပီးလွပေနတဲ့ ပိုင္႐ြယ္ေဝ့ ျဖစ္ေနတုန္းပဲေလ။"
"ဒါဒါဆို ခ်ဴေရွာင္းက သူ႕ထက္ပိုမလွမွန္း နင္ဘယ္လိုသိလဲ? ဟင္...? ၾကည့္လိုက္..ခ်ဴေရွာင္း မဟုတ္လား?"
29.4.2023