နှလုံးသားရဲ့ အထူးဧည့်သည် ( co...

By A_Boin008

988K 58.7K 6.3K

( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့... More

intro
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း၂၃
အပိုင်း၂၄
အသိပေးစာ
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း၂၇
အပိုင်း၂၈
အပိုင်း၂၉
အပိုင်း၃၀ (ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်လွှာ
New fic
suprise
Hello
book order
New fic
can instock order
Hello guys

အပိုင်း၁၉

22.8K 1.4K 151
By A_Boin008

Uni

  ခွန်းရောင်ခြည်တစ်ယောက်ညကျပွဲသွားရမှာမို့ရေမိုးချိုးကာဝတ်စားရသည်။ပွဲဆိုတော့သပ်သပ်ရပ်ရပ်လည်ကတုံးနဲ့ပုဆိုးအညိုလေးကိုသာရွေးချယ်လို့ဝတ်ဆင်လိုက်သည်။ခေါင်းဖြီးနေတုန်းရေချိုးခန်းထဲကနေထွက်လာတဲ့ဥပဓိမောင်။ မှန်ထဲကနေမြင်ရတဲ့မြင်ကွင်းကြောင့်ခွန်းရောင်ခြည်လှည့်ကြည့်မိသည်။

အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားတဲ့ဥပဓိမောင်ကပိတ်ကားကြီးထဲကမင်းသားတွေအလား။အမဲရောင်ဘောင်းဘီအရှည်နဲ့အဖြူတီရှပ်အပေါ်ကအမဲရောင်ကုတ်အကျီဟာချောမောလှတဲ့ဥပဓိမောင်နဲ့သိပ်လိုက်ဖက်လေသည်။

" ငေးနေတာပြီးပြီလားမောင့်ခြည်..."

" ဟမ် မ..မငေးပါဘူး ဘယ်သူကငေးနေလို့လဲအရူးလား..."

" ဟက်!! ထားပါ...ရော့ နက်ခ်တိုင်ချည်ပေး..."

" ကိုယ့်ဘာသာချည်ပါရောလား..."

" အဆင်မပြေလို့ပေါ့ဗျာ ချည်ပေးစမ်းပါကွာဒါလေးလုပ်ခိုင်းတာကို..."

အတင်းပူဆာမှဆူပုတ်ပုတ်လေးနဲ့ဥပဓိမောင်လက်ထဲကနက်ခ်ကတိုင်ကိုဆွဲယူသွားလေသည်။အနားနားတိုးကပ်လို့နက်ခ်တိုင်အားခြေဖျားလေးထောက်လို့ဥပဓိမောင်လည်ပင်းမှာပတ်ပေးကာသေသေချာချာလေးချည်နှောင်လာပေးသည်။

" အင့် ဘယ်လိုဖြစ်နေသလဲဥပဓိမောင်..."

   နက်ခ်တိုင်ချည်ပေးနေတာကိုပြုံးစိစိနဲ့ခါးကိုလာဖက်တာကြောင့်လက်မောင်းအားခပ်ဖွဖွရိုက်ကာဆိုလိုက်တော့ခွန်းရောင်ခြည်အားကြည့်လာကာ။

" အနောက်တိုင်းအယူအဆအရ ယောကျာ်းသားတို့ရဲ့နက်ခ်တိုင်ကိုမိန်းမဖြစ်သူတွေကဘဲချည်နှောင်ပေးရတယ်တဲ့...အဟင်းးးအခုမောင့်မိန်းမလေးကယောကျာ်းကိုနက်ခ်တိုင်ချည်ပေးနေတာဘဲ ဟီးး "

" စမနေနဲ့....မင်းကဒီလိုဝတ်စုံနဲ့ငါကဗမာဝတ်စုံကြီး..အဆင်ပြေပါ့မလား။ "

" မပြေစရာအကြောင်းရှိလို့လား ယောကျာ်းကအနောက်တိုင်းဝတ်စုံဝတ်ရင်အိမ်သားကသူ့ရိုးရာအမိမြေဝတ်စုံကိုဝတ်တာသဘာဝဘဲလေ ဟုတ်တယ်မှတ်လား အစ် ..."

စကားတောင်မဆုံးသေးနက်ခ်တိုင်ကိုလည်ပင်းအစ်သည်အထိဆွဲတင်လိုက်တာကြောင့်လူကအစ်ခနဲ။ထိုကိုဥပဓိမောင်စိတ်မဆိုးသေချာလေးနက်ခ်တိုင်ကိုပြန်ပြင်ကာမှန်ရှေ့ကမတ်တပ်ရပ်နေသူလေးရဲ့ခါးလေးအားနောက်ကနေဆွဲဖက်လိုက်သည်။

  အရင်ကဆိုလာထိတာနဲ့ရုန်းတတ်တဲ့ထိကရုန်းလေးဟာအခုဆိုခါးဖက်ဖက်ဆွဲနမ်းနမ်းမျက်စောင်းလေးသာထိုးလာသည့်ထိကရုန်းအဖြစ်သို့ကူးပြောင်းလာလေသည်။

" မောင်နဲ့ဘယ်တော့မင်္ဂလာဆောင်ဖို့စဥ်းစားထားလဲမောင့်ခြည်။ "

" နောက်၁၀နှစ်လောက်လား...၁၅နှစ်လောက်ဆိုအဆင်ပြေမယ်။ "

" ဟွန့် ဘာလဲခွန်းရောင်ခြည်ကဗိုက်တစ််လုံးဖြစ်မှမင်္ဂလာဆောင်ချင်တာလား..."

" မင်း..."

  ဥပဓိမောင်ရဲ့စနောက်မှု့သေးသေးလေးကအစဒေါသလေးတွေထွက်တတ်တဲ့သူလေးဟာသိပ်ချစ်စရာကောင်းတာ။အဲ့လိုလေးတွေ့ချင်လို့သူခနခနစမိသည်။

" ယောကျာ်းလေးဘဲဗိုက်တစ်လုံးရစရာလားလို့တွေးမနေနဲ့...ကျုပ်ရဲ့ညီလေးကခင်များထင်သလောက်မဟုတ်ဘူးနော်သန်ချက်ကစမ်းကြည့်မှသိမှာ..."

" တော်စမ်းဥပဓိမောင် ရှက်စရာတွေပြောမနေနဲ့.."

   ရှက်နေသည်ကားနားရွက်လေးတွေနီရဲနေသည်ကိုဥပဓိမောင်နောက်ဘက်ကနေသတိထားမိသည်။ချစ်ရတဲ့လူလေးရဲ့လည်တိုင်လေးနဲ့ပုခုံးကြားကဂျိုင့်ဝန်းလေးပေါ်မေးလေးတင်မိသည်။

" မွှေးတယ် ခွန်းရောင်ခြည်ကိုယ်လေးက ထွက်တဲ့အေးမြမြကိုယ်သင်းရနံ့ကိုသဘောကျတယ်.."

" အင်း..."

" ခွန်းရောင်ခြည်ကိုလဲချစ်တယ်..."

" အင်း ငါသိပြီးသားပါဥပဓိမောင်..."

  ချစ်တယ်လို့မပြောရင်တောင်ကိုယ်ချစ်တာလေးကိုသိပေးတဲ့အတွက်ဥပဓိမောင်ပြုံးရယ်မိသည်။မောင်ကမင်းရဲ့ချစ်စရာကောင်းမှု့နွံမှာမလွတ်မြောက်တဲ့လူပါကွာ...
.
.
.
    ကားပေါ်ကဆင်းတာနဲ့ခြံဝန်းကြီးကြီးထဲကအိမ်ကြီးကြောင့်ခွန်းရောင်ခြည်ငေးမောမိသည်။အိမ်ဖြူတော်ကြီးကလင်းထိန်နေသည်ကားဘုရင်နေသည့်အိမ်လိုလို...ခြံဝန်းထဲမှာလဲလူတွေစီနေတာမို့အနည်းငယ်ခွန်းရောင်ခြည်ကြောက်မိသည်။သူ့ရဲ့လူကြောက်တတ်တဲ့စိတ်ကဘယ်တော့မှပျောက်မည်လဲ...

   ထိုအချိန်သူ့ခါးလေးအားလာဖက်တဲ့လက်ကြီးကြီးတစ်စုံ။သူကြောက်နေတိုင်းသူ့ခါးအပေါ်ထိုလက်ရောက်လာရင်ထိုကြောက်ရွံမှု့တွေဟာအဝေးကိုပစ်လိုက်သလို။

" လာလေ အထဲဝင်ကြမယ်..."

" အင်း..."

   ခြံထဲဝင်တာနဲ့အလယ်လမ်းကကောဇောနီကြီးကစီးကြိုလို့။သူတို့နှစ်ဦးဝင်လာတာနဲ့အထဲကပွဲတက်လူတွေဟာလှည့်ကြည့်ကြလေသည်။ဒီလိုပွဲမျိုးကိုမြို့အုပ်ကလူတစ်ယောက်ကိုခေါ်လာတာကြောင့်သူတို့အားလုံးအံ့သြမိသည်မှာအမှန်။

" Hello mr.Au PaDi Maung "

" Hello Mr.Joon.."

   ဝီစကီခွက်လေးအားကိုင်ကာလာနှုတ်ဆက်သည့်နိုင်ငံခြားသားဟာဥပဓိမောင်လောက်မချောမောပေမဲ့သူ့ရုပ်သူရည်ရှိလေသည်။အချင်းချင်းအဂ်လိပ်လိုနှုတ်ဆက်ကြကာနိုင်ငံခြားသားရဲ့မျက်လုံးတွေကဘေးကခွန်းရောင်ခြည်ဆီကိုဆိုက်ရောက်လာလေသည်။

" Who is he...He look so pretty "

" This's my husband.."

" oh really congratulations Mr. "

 ဥပဓိမောင်နဲ့နိုင်ငံကခြားသားကသူ့အားကြည့်ပြီးနိုင်ငံခြားစကားတွေပြောနေတာကြောင့်သူတို့ပြောတာတွေတချို့နားလည်တဲ့ခွန်းရောင်ခြည်ပါးလေးတွေရဲနေလို့။

" So, See you Next time Mr. "

" ok...လာ မောင့်ခြည် ဟိုးကဝိုင်းမှာသွားထိုင်မယ်..."

  ခါးလေးကနေဆွဲလို့လွတ်နေတဲ့ဝိုင်းမှာနှစ်ယောက်သားထိုင်လိုက်ကြသည်။အခုထိအကြည့်မပျက်သေးတဲ့ပွဲထဲကလူတွေကြောင့်ခွန်းရောင်ခြည်အနေခက်နေတာကိုဥပဓိမောင်သတိထားမိသည်။

" ရွှတ်..."

" ဥပဓိမောင်...ဘာလုပ်တာလဲ "

" ဒီလောက်ဆိုသူတို့နားလည်ပါပြီ တွေ့လားမင်းကိုဆက်မကြည့်ကြတော့ဘူး။ "

  ပါးအားရုတ်တရက်လာနမ်းသူကြောင့်မျက်လုံးလေးပြူးကာမေးလိုက်တော့ပြုံးစစနဲ့ဖြေလာသည်ကြောင့်ခွန်းရောင်ခြည်ဘေးဘီကိုကြည့်မိသည်။အမှန် ဥပဓိမောင်ပြောသလိုပွဲထဲကလူတွေဟာခုနကလိုသူတို့နှစ်ယောက်အားကြည့်မနေတော့ဘဲစားစရာရှိတာစားကာပြောစရာရှိတာ​ပြောနေကြလေသည်။အင်းပေါ့ မြို့အုပ်ဘေးကပါလာတဲ့လူကဘယ်သူလဲဆိုတာသူတို့သဘောပေါက်သွားလေသည်။

" မြို့အုပ်တွေ့ရတာဝမ်းသာပါတယ်...မခေါ်စဖူးလူပိုခေါ်လာတော့အံ့သြသွားတာ မြို့အုပ်မှဟုတ်ရဲ့လားလို့။ "

    အနားကိုရောက်လာကာစကားဆိုသူနယ်စားမင်းအားဥပဓိမောင်ပြုံးသာပြမိသည်။သူ့ဘေးနားကခပ်ချောချောမိန်းကလေးဟာနယ်စားမင်းရဲ့နောက်မယားပင်ဖြစ်လိမ့်မည်။နောက်မယားကိုတော့ရှယ်ကိုခေါင်းပေါ်တင်ထားတာ မယားကြီးလိုလိုနဲ့သူများတွေကထင်လိမ့်မည်။

" လူပိုတော့ မဟုတ်ဘူး သူကအိမ်ကလူပါ ကျွန်တော့်အမျိုးသား..."

" အော်အပြောမှားသွားတာကိုစိတ်တော့မရှိပါနဲ့ဗျာ...လာနှုတ်ဆက်တာပါခွင့်ပြုပါအုံးနော့်..."

" ဟုတ်ကဲ့ပါ..."

  နယ်စားမင်းကပြုံးရယ်ကာဥပဓိမောင်တို့အဝေးကိုထွက်သွားလေသည်။စားပွဲမှာစားဖွယ်တွေဆုံပေမဲ့ခွန်းရောင်ခြည်လက်ဖျားနှင့်တောင်မထိ။မတော်လို့မြို့အုပ်ယောကျာ်းကပြူးပြဲနေတာဘဲလို့ဆိုရင် ဒုက္ခ။

" မသောက်နဲ့မောင့်ခြည် ဒီတစ်ခေါက်မူးရင်ကျုပ်ခင်များကိုအလွတ်မပေးဘူး။ "

" ဒါကအရက်မှမဟုတ်တာ..."

  အအေးနဲ့အရက်ရော်ထားကာဖျော်ထားသည်ကိုသိတဲ့ဥပဓိမောင်ကမသောက်ရန်ဟန့်တားသည်ကိုနှုတ်ခမ်းလေးဆူကာပြန်ခံပြောလာသည်ကားငါပါးစပ်နဲ့ငါသောက်ချင်သောက်မယ်ဆိုသည့်သဘော။

" မောင်တကယ်ပြောနေတာ...ပွဲတွေမှာဒီလိုဘဲဖျော်ကြတာ အနီရောင်ဖြစ်နေတိုင်းစတော်ဘယ်ရီဖျော်ရည်ဆိုပြီးမထင်လိုက်နဲ့...မောင့်စကားနားထောင်မသောက်နဲ့။ "

" ဟွန့်...မင်းကငါ့ကိုချုပ်ချယ်နေတာဘဲ.."

" ဟောဗျာ...ကျုပ်ကချုပ်ချယ်နေတာမဟုတ်ဖူး ခင်များလေးမူးရင်အမှန်အတိုင်းတွေထထပြောလို့ပြီးရင်ခင်များဘဲရှက်နေတာမှတ်လား မူးရင်လူကိုတမောင်မောင်နဲ့ "

  ဥပဓိမောင်အပြောကြောင့်ပါးလေးတွေရဲတက်သွားသူဟာနှင်းဆီပွင့်လေးတစ်ခုပမာ။နည်းနည်းကြာအောင်နေအပြီးနှစ်ယောက်သားအိမ်ပြန်လာလိုက်ကြသည်။နာရီက၁၀နာရီကိုပြနေတာကြောင့်၉နာရီလောက်ဆိုအိပ်ပျော်တတ်တဲ့ခွန်းရောင်ခြည်ကကားပေါ်မှာဥပဓိမောင်ပုခုံးလေးအားမှီလို့အိပ်စက်နေလေသည်။

" အင်းး အိမ်ရောက်ပြီလားဥပဓိမောင်..."

" အိပ်နေလေ မောင်ချီပို့ပေးပါ့မယ်။ "

   ကားဘရိတ်အုပ်တဲ့အရှိန်ကြောင့်အိပ်နေရာကနေနိုးလာတဲ့ခွန်းရောင်ခြည်ကရောင်ဝါးဝါး။အိပ်ပျော်ရာကနေနိုးလာတာမို့အိမ်ရောက်တာနဲ့ကားထဲကနေထွက်သွားသူနောက်ကိုဥပဓိမောင်ကပ်လိုက်သွားလိုက်သည်။

" ညဥ့်နက်နေပြီ ရေမချိုးနဲ့နော်...အဝတ်အစားလဲပြီးအိပ်တော့..."

" ဟုတ်ကဲ့....ဒါဖြင့်မောင့်ခြည်..."

" ဟင်..."

" မောင်မင်းကိုပေးစရာတစ်ခုရှိတယ်..."

" ဘာများလဲ..."

   မျက်ခုံးလေးပင့်ကာမေးလာသူကိုလက်ကောက်ဝတ်လေးကနေဆွဲကာကုတင်ပေါ်တင်မလွှဲထိုင်စေလိုက်သည်။ပြီးနောက်ဗီရိုထဲကဘူးတစ်ခုကိုဥပဓိမောင်သွားယူလိုက်ကာချစ်ရသူဘေးဝင်ထိုင်မိသည်။

  ခွန်းရောင်ခြည်ကတော့သူလုပ်သမျှကိုမျက်လုံးတွေပြူးကာကြည့်နေလေသည်။

" မင်းအတွက် မောင့်လက်ဆောင်..."

  ဟုပြောကာဘူးလေးအားဖွင့်ပြလာလေသည်။ဘူးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့အရာကြောင့်ခွန်းရောင်ခြည်မျက်လုံးအိမ်လေးဟာပိုကျယ်လို့။

" ဒါ...ဒါက "

" မင်းအရမ်းလိုချင်နေတာမှတ်လားမောင့်ခြည် "

" ဒါက စျေးအရမ်းကြီးတယ်လေ..."

   ဘူးလေးထဲကပုလဲပချုပ်လေး...ဒါဟာဟိုတစ်ခေါက်တုန်းကရွှေဆိုင်မှာတွေ့ခဲ့တဲ့အရာလေးမဟုတ်ပါလား။သူမျက်စိကျခဲ့တဲ့အရာလေးအားဥပဓိမောင်ကလက်ဆောင်ပေးသည်တဲ့လေ...

" အဲ့နေ့ကတည်းကမောင်ဝယ်ခဲ့တာ...ချက်ချင်းပြောလိုက်ရင်မင်းကိုယ့်ကိုဆူမှာကြောက်လို့..."

" ငါလက်မခံဘူး ငါ့ဆီရောက်ရင်ပျောက်သွားလိမ့်မယ် ပြီးတော့ငါကဒါနဲ့မထိုက်တန်ပါဘူးဥပဓိမောင်..."

  ချစ်ရသူယောကျာ်းလေးရဲ့အပြောကိုဥပဓိမောင်ပြုံးရယ်ကာခေါင်းခါမိသည်။ခွန်းရောင်ခြည်ကလေအရမ်းနှိမ့်ချတတ်တာဘဲ...

" ဟုတ်တယ်မင်းကဒါနဲ့မတန်ပါဘူးမောင့်ခြည်....မင်းကဒီထပ်စျေးကြီးလှတဲ့ လောကမှာတစ်ခုတည်းသာရှိသောအဖိုးတန်ရတနာနဲ့သာထိုက်တန်ပါတယ်..."

" သိမ်းထားလိုက်ပါဥပဓိမောင်..."

" ဟင့်အင်း မင်းအတွက်ရည်ရွယ်ပြီးဝယ်ခဲ့တာမို့မင်းသာမဝတ်ရင်မောင်လွှင့်ပစ်လိုက်မှာ..."

" ဥပဓိမောင်!! "

" မင်းသိပါတယ် ဒီဆွဲကြိုးရဲ့စျေးပမာနကမောင့်အတွက်ပမွှားလေးတစ်ခုသာသာဆိုတာကို...မောင်မင်းကိုကိုယ်တိုင်ဝတ်ပေးချင်တယ် မောင်ကိုယ်တိုင်ဝယ်လာတဲ့အရာလေးကိုမင်းဝတ်ထားတာကိုမြင်ချင်တယ်...."

   တောင်းဆိုလာသလိုပြောလာသူကြောင့်ခွန်းရောင်ခြည်သက်ပြင်းလေးသာချလို့ဝတ်ရအဆင်ပြေအောင်ဥပဓိမောင်အားကျောခိုင်းပေးလိုက်သည်။

   ဥပဓိမောင်ကတော့သူ့အပြောကိုလက်ခံသူကြောင့်ပြုံးရယ်မိသည်။ဘူးလေးထဲကငွေထည်လေးနဲ့ပုလဲပချုပ်အစစ်လေးကိုချစ်ရသူရဲ့လည်တိုင်ကျော့ကျော့လေးနှာဆွဲပေးလိုက်သည်။အသားဖြူဖြူလေးပေါ်မှာထင်းသားလှတဲ့ငွေထည်ပုလဲပချုပ်လေးကထိုက်သင့်တဲ့နေရာမှာရောက်ရှိလို့။

" အင့်..."

  ခါးလေးကနေဆွဲယူကာထွေးပွေ့လိုက်သူကြောင့်အင့်ခနဲ။ခွန်းရောင်ခြည်ရဲ့ကျောပြင်လေးကအခုဆိုနွေးထွေးလှတဲ့ရင်ခွင်ထဲမှာလုံခြုံလို့။

" မောင် မင်းကိုသိပ်မြတ်နိုးတာဘဲမောင့်ခြည်...မောင်ကမင်းနဲ့ဆုံဆည်းဖို့မွေးဖွားလာသူပါ..."

" ငါသာဒီဘဝမှာရှိမနေရင်ရော..."

" အမေ့ဗိုက်ထဲကမောင်ထွက်လာစရာအကြောင်းတောင်မရှိပါဘူးမောင့်ခြည်..."

" ဟက်!!! လူဆိုးကောင်..."

   လရောင်ထိုးကျနေတဲ့အခန်းငယ်လေးထဲကအချစ်ငှက်နှစ်ကောင်ကြောင့်ပြတင်းပေါက်အပြင်ကလမင်းကြီးပင်ရှက်လွန်းလို့တိမ်တွေနောက်ကိုပုန်းခိုမိသည်အထိ။
.
.
.
.
မနက်ခင်းနေရောင်ထိုးကျတဲ့အခန်းငယ်လေးကနွမ်းနယ်နယ်။ကုတင်အဖြူပေါ်ကလူဟာနွမ်းနယ်နယ်နဲ့အခန်းကြီးကအေးစက်လှသည်။

" အဟွတ်...အဟွတ် ဟွတ်..."

  ချောင်းဆိုးလို့ပါးစပ်ကိုအုပ်မိုးလိုက်တဲ့လက်ဟာ ပါးစပ်ကခွာတာနဲ့သွေးနီနီတို့စွန်းထင်းလို့။ဘေးကအဝတ်စလေးနဲ့လက်ကသွေးတွေကိုခပ်ဖွဖွဖိသုတ်မိသည်။သွေးတွေကလဲဒလဟောထွက်လို့ပါလား သွေးပင်လယ်များလား...

" သား...ပိုင်စေရာ..."

  အခန်းထဲကိုဆန်ပြုတ်ခွက်လေးသယ်လာကာခေါ်ဆိုလာသူအမေဖြစ်သူအား အားယူကာပြုံးပြမိသည်။မအေဖြစ်သူကပိုင်စေရာလက်ထဲကလက်ကိုင်ပုဝါလေးပေါ်မှာသွေးတွေစွန်းနေတာကိုတွေ့တော့သက်ပြင်းချလာလေသည်။

" မသက်သာဘူးလားသားငယ်..."

" ဒီရောဂါကဘာလဲဆိုတာအမေသိပြီးသားပါ..."

   နွမ်းနယ်နေတဲ့သားဖြစ်သူအပြောကြောင့်မအေဖြစ်သူမလှရင်ဝမ်းနည်းမိသည်။ဆရာဝန်ဖြစ်ရက်နဲ့သူ့ရောဂါသူတောင်သားလေးကမကုနိုင်...ဘယ်လိုများကြောင့်ဒီကောင်လေးမှာဒိရောဂါဆိုးကြီးလာကပ်တွယ်ရသည်လဲနော်။

" သားထွက်မသွားချင်သေးဘူးအမေ...အမေ့နားမှာနေချင်သေးတယ်..."

" သားအမေ့ဘေးကနေထွက်သွားစရာမလိုပါဘူးသားရယ် ဆရာဝန်တွေကသားကိုအကောင်းဆုံးကုပေးမှာပါ..."

  ဆံပင်လေးတွေအားသပ်တင်ပေးလိုက်တော့ခေါင်းလေးခါလာသူဟာဝမ်းနည်မှု့တွေအပြည့်။

" သားလဲဆရာဝန်ပါအမေ ဘယ်ရောဂါကဘယ်လိုလုပ်ရင်ဘယ်လိုပျောက်မလဲဆိုတာသားကောင်းကောင်းသိပါတယ်..."

" သားရယ် နိမိတ်မရှိတာတွေမပြောပါနဲ့။ "

" သားကိုကကံဆိုးတာပါ..."

  သွေးကင်ဆာဆိုသည့်ရောဂါ...ထိုရောဂါဟာကုသဖို့အလွန်ခက်ခဲသလိုခံစားဖူးသူတိုင်းသေဆုံးရသည်။ကိုယ့်မျက်စ်ိရှေ့မှာထိုလိုလူတွေတွေ့ခဲ့ရပေမဲ့ကိုယ်တိုင်ဖြစ်လာမယ်လို့တစ်ခါမှမတွေးခဲ့ပါ။မွေးရာပါတဲ့လေ...ရောဂါအခြေအနေကအခုနှစ်တွေမှပိုဆိုးလာကာကိုယ့်အခြေအနေကိုယ်သိတာကြောင့်ဆေးသာစွဲသောက်ရလေသည်။

  ရောဂါကပေါ့ဆမှု့ကြောင့်နောက်ဆုံးအဆင့်တောင်ရောက်နေလေပြီတဲ့လေ။ပြင်းမျှနေလို့ရမည်ဆို၁နှစ်လောက်ပေါ့ အဲ့တာတောင်မသေချာပါ။

" ဥပဓိမောင်တို့ကိုပြောပြီးနိုင်ငံခြားမှာသွားကုကြရအောင်သားရယ်..."

" ဟင့်အင်း ခွန်းရောင်ခြည်သိရင်စိတ်ပူနေပါ့အုံးမယ်အမေရယ်..."

" သားရယ်..."

" ကျွန်တော်တကယ်ခွန်းရောင်ခြည်ကိုလက်လွှတ်ပေးလိုက်ပြီအမေ..."

   ပြောရင်းမျက်ရည်လေးတွေကျသည့်သားဖြစ်သူကြောင့်ဒေါ်လှရင်ငိုချင်စိတ်ကိုထိန်းကာသားလေးရဲ့မျက်နှာပေါ်ကမျက်ရည်တွေကိုသုတ်ပေးမိသည်။သူသိတာပေါ့...နောက်ဆုတ်ပေးလိုက်ရတဲ့ခံစားချက်ကဘယ်လောက်နာကျင်သည်လဲဆိုတာ။

" ဘာလို့လဲသိလားအမေ...ခနတာလေးဘဲနေရတော့မဲ့အချိန်မှာသူ့ကိုပိုင်ဆိုင်သွားတော့ရော...သူမချစ်တဲ့ကျွန်တော့်ဆီမှာပျော်ပါ့မလားအမေရယ်...ကျွန်တော်မရှိတဲ့ကာလမှာသူနစ်နာသွားမှာကိုမလိုလားဘူး..."

" မငိုပါနဲ့သားရယ်..."

" ခွန်းရောင်ခြည်က ဥပဓိမောင်နဲ့သိပ်လိုက်ဖက်တာ...သူဥပဓိမောင်နဲ့ရှိနေချိန်ဆိုပြုံးနေတာ...သူပျော်မယ်ဆိုနောက်ဆုတ်ပေးရလို့နာကျင်လဲအဆင်ပြေပါတယ်..."

   သားလေးနဲ့ခွန်းရောင်ခြည်ကသူငယ်ချင်းတွေဆိုတာသိပေမဲ့တူဖြစ်သူနဲ့လက်ထပ်ထားတာကိုသိတော့ဒေါ်လှရင်အံံသြမိပါသည်။သူ့သားလေးခွန်းရောင်ခြည်အား မေတ္တာတွေပိုနေခဲ့တာလဲသူသိသည်။ဒါပေမဲ့သူမတားခဲ့ဘူး...သူ့သားလေးကိုရခဲလှတဲ့အချိန်လေးမှာပျော်ရွှင်စေသည်။

" သားကြောက်တယ်အမေ..."

" ဘာကိုလဲ..."

" ခွန်းရောင်ခြည်ဘေးကထာဝရထွက်သွားရမှာကို...သူ့ရဲ့လက်တွဲဖော်မဟုတ်ရင်တောင်သားသူ့ရဲ့သူငယ်ချင်းအဖြစ်ရှိနေချင်သေးတယ်..."

" အိုကွယ်သားရယ်..."

   ဒေါ်လှရင်ငိုချင်စိတ်ကိုထိန်းကာသားဖြစ်သူအားထွေးပွေ့မိသည်။ဒီအချိန်မှာသူ့သားလေးကိုသူပျော်အောင်ထားပေးရမည်။ငယ်စဥ်ကတည်းကချူချာတဲ့ကလေးလေးကကြီးပြင်းလာတော့လဲရောဂါဆိုးနဲ့...သူ့သားလေးဆီမှာမွေးရာပါဒီရောဂါရှိတာသူသ်သညိ။ဒါပေမဲ့သူမပြောခဲ့မိပါ။သူ့သားလေးဒီစိတ်ကြီးနဲ့ရှင်သန်ရရင်ပင်ပန်းနေမှာပေါ့.. ကံကြမ္မာကသူ့သားလေးကိုမှကံဆိုးစေလေသည်လား...ကံတရားပေါ့ကွယ်။

ဆက်ရန်

Zg

ခြန္းေရာင္ျခည္တစ္ေယာက္ညက်ပြဲသြားရမွာမို႔ေရမိုးခ်ိဳးကာဝတ္စားရသည္။ပြဲဆိုေတာ့သပ္သပ္ရပ္ရပ္လည္ကတုံးနဲ႕ပုဆိုးအညိုေလးကိုသာေ႐ြးခ်ယ္လို႔ဝတ္ဆင္လိုက္သည္။ေခါင္းၿဖီးေနတုန္းေရခ်ိဳးခန္းထဲကေနထြက္လာတဲ့ဥပဓိေမာင္။ မွန္ထဲကေနျမင္ရတဲ့ျမင္ကြင္းေၾကာင့္ခြန္းေရာင္ျခည္လွည့္ၾကည့္မိသည္။

အေနာက္တိုင္းဝတ္စုံကိုဝတ္ဆင္ထားတဲ့ဥပဓိေမာင္ကပိတ္ကားႀကီးထဲကမင္းသားေတြအလား။အမဲေရာင္ေဘာင္းဘီအရွည္နဲ႕အျဖဴတီရွပ္အေပၚကအမဲေရာင္ကုတ္အက်ီဟာေခ်ာေမာလွတဲ့ဥပဓိေမာင္နဲ႕သိပ္လိုက္ဖက္ေလသည္။

" ေငးေနတာၿပီးၿပီလားေမာင့္ျခည္..."

" ဟမ္ မ..မေငးပါဘူး ဘယ္သူကေငးေနလို႔လဲအ႐ူးလား..."

" ဟက္!! ထားပါ...ေရာ့ နက္ခ္တိုင္ခ်ည္ေပး..."

" ကိုယ့္ဘာသာခ်ည္ပါေရာလား..."

" အဆင္မေျပလို႔ေပါ့ဗ်ာ ခ်ည္ေပးစမ္းပါကြာဒါေလးလုပ္ခိုင္းတာကို..."

အတင္းပူဆာမွဆူပုတ္ပုတ္ေလးနဲ႕ဥပဓိေမာင္လက္ထဲကနက္ခ္ကတိုင္ကိုဆြဲယူသြားေလသည္။အနားနားတိုးကပ္လို႔နက္ခ္တိုင္အားေျခဖ်ားေလးေထာက္လို႔ဥပဓိေမာင္လည္ပင္းမွာပတ္ေပးကာေသေသခ်ာခ်ာေလးခ်ည္ႏွောင္လာေပးသည္။

" အင့္ ဘယ္လိုျဖစ္ေနသလဲဥပဓိေမာင္..."

နက္ခ္တိုင္ခ်ည္ေပးေနတာကိုၿပဳံးစိစိနဲ႕ခါးကိုလာဖက္တာေၾကာင့္လက္ေမာင္းအားခပ္ဖြဖြရိုက္ကာဆိုလိုက္ေတာ့ခြန္းေရာင္ျခည္အားၾကည့္လာကာ။

" အေနာက္တိုင္းအယူအဆအရ ေယာက်ာ္းသားတို႔ရဲ႕နက္ခ္တိုင္ကိုမိန္းမျဖစ္သူေတြကဘဲခ်ည္ႏွောင္ေပးရတယ္တဲ့...အဟင္းးးအခုေမာင့္မိန္းမေလးကေယာက်ာ္းကိုနက္ခ္တိုင္ခ်ည္ေပးေနတာဘဲ ဟီးး "

" စမေနနဲ႕....မင္းကဒီလိုဝတ္စုံနဲ႕ငါကဗမာဝတ္စုံႀကီး..အဆင္ေျပပါ့မလား။ "

" မေျပစရာအေၾကာင္းရွိလို႔လား ေယာက်ာ္းကအေနာက္တိုင္းဝတ္စုံဝတ္ရင္အိမ္သားကသူ႕ရိုးရာအမိေျမဝတ္စုံကိုဝတ္တာသဘာဝဘဲေလ ဟုတ္တယ္မွတ္လား အစ္ ..."

စကားေတာင္မဆုံးေသးနက္ခ္တိုင္ကိုလည္ပင္းအစ္သည္အထိဆြဲတင္လိုက္တာေၾကာင့္လူကအစ္ခနဲ။ထိုကိုဥပဓိေမာင္စိတ္မဆိုးေသခ်ာေလးနက္ခ္တိုင္ကိုျပန္ျပင္ကာမွန္ေရွ႕ကမတ္တပ္ရပ္ေနသူေလးရဲ႕ခါးေလးအားေနာက္ကေနဆြဲဖက္လိုက္သည္။

အရင္ကဆိုလာထိတာနဲ႕႐ုန္းတတ္တဲ့ထိက႐ုန္းေလးဟာအခုဆိုခါးဖက္ဖက္ဆြဲနမ္းနမ္းမ်က္ေစာင္းေလးသာထိုးလာသည့္ထိက႐ုန္းအျဖစ္သို႔ကူးေျပာင္းလာေလသည္။

" ေမာင္နဲ႕ဘယ္ေတာ့မဂၤလာေဆာင္ဖို႔စဥ္းစားထားလဲေမာင့္ျခည္။ "

" ေနာက္၁၀ႏွစ္ေလာက္လား...၁၅ႏွစ္ေလာက္ဆိုအဆင္ေျပမယ္။ "

" ဟြန့္ ဘာလဲခြန္းေရာင္ျခည္ကဗိုက္တစ္္လုံးျဖစ္မွမဂၤလာေဆာင္ခ်င္တာလား..."

" မင္း..."

ဥပဓိေမာင္ရဲ႕စေနာက္မႈ႕ေသးေသးေလးကအစေဒါသေလးေတြထြက္တတ္တဲ့သူေလးဟာသိပ္ခ်စ္စရာေကာင္းတာ။အဲ့လိုေလးေတြ႕ခ်င္လို႔သူခနခနစမိသည္။

" ေယာက်ာ္းေလးဘဲဗိုက္တစ္လုံးရစရာလားလို႔ေတြးမေနနဲ႕...က်ဳပ္ရဲ႕ညီေလးကခင္မ်ားထင္သေလာက္မဟုတ္ဘူးေနာ္သန္ခ်က္ကစမ္းၾကည့္မွသိမွာ..."

" ေတာ္စမ္းဥပဓိေမာင္ ရွက္စရာေတြေျပာမေနနဲ႕.."

ရွက္ေနသည္ကားနား႐ြက္ေလးေတြနီရဲေနသည္ကိုဥပဓိေမာင္ေနာက္ဘက္ကေနသတိထားမိသည္။ခ်စ္ရတဲ့လူေလးရဲ႕လည္တိုင္ေလးနဲ႕ပုခုံးၾကားကဂ်ိဳင့္ဝန္းေလးေပၚေမးေလးတင္မိသည္။

" ေမႊးတယ္ ခြန္းေရာင္ျခည္ကိုယ္ေလးက ထြက္တဲ့ေအးျမျမကိုယ္သင္းရနံ႕ကိုသေဘာက်တယ္.."

" အင္း..."

" ခြန္းေရာင္ျခည္ကိုလဲခ်စ္တယ္..."

" အင္း ငါသိၿပီးသားပါဥပဓိေမာင္..."

ခ်စ္တယ္လို႔မေျပာရင္ေတာင္ကိုယ္ခ်စ္တာေလးကိုသိေပးတဲ့အတြက္ဥပဓိေမာင္ၿပဳံးရယ္မိသည္။ေမာင္ကမင္းရဲ႕ခ်စ္စရာေကာင္းမႈ႕ႏြံမွာမလြတ္ေျမာက္တဲ့လူပါကြာ...
.
.
.
  ကားေပၚကဆင္းတာနဲ႕ၿခံဝန္းႀကီးႀကီးထဲကအိမ္ႀကီးေၾကာင့္ခြန္းေရာင္ျခည္ေငးေမာမိသည္။အိမ္ျဖဴေတာ္ႀကီးကလင္းထိန္ေနသည္ကားဘုရင္ေနသည့္အိမ္လိုလို...ၿခံဝန္းထဲမွာလဲလူေတြစီေနတာမို႔အနည္းငယ္ခြန္းေရာင္ျခည္ေၾကာက္မိသည္။သူ႕ရဲ႕လူေၾကာက္တတ္တဲ့စိတ္ကဘယ္ေတာ့မွေပ်ာက္မည္လဲ...

ထိုအခ်ိန္သူ႕ခါးေလးအားလာဖက္တဲ့လက္ႀကီးႀကီးတစ္စုံ။သူေၾကာက္ေနတိုင္းသူ႕ခါးအေပၚထိုလက္ေရာက္လာရင္ထိုေၾကာက္႐ြံမႈ႕ေတြဟာအေဝးကိုပစ္လိုက္သလို။

" လာေလ အထဲဝင္ၾကမယ္..."

" အင္း..."

ၿခံထဲဝင္တာနဲ႕အလယ္လမ္းကေကာေဇာနီႀကီးကစီးႀကိဳလို႔။သူတို႔ႏွစ္ဦးဝင္လာတာနဲ႕အထဲကပြဲတက္လူေတြဟာလွည့္ၾကည့္ၾကေလသည္။ဒီလိုပြဲမ်ိဳးကိုၿမိဳ႕အုပ္ကလူတစ္ေယာက္ကိုေခၚလာတာေၾကာင့္သူတို႔အားလုံးအံ့ၾသမိသည္မွာအမွန္။

" Hello mr.Au PaDi Maung "

" Hello Mr.Joon.."

ဝီစကီခြက္ေလးအားကိုင္ကာလာႏႈတ္ဆက္သည့္နိုင္ငံျခားသားဟာဥပဓိေမာင္ေလာက္မေခ်ာေမာေပမဲ့သူ႕႐ုပ္သူရည္ရွိေလသည္။အခ်င္းခ်င္းအဂ္လိပ္လိုႏႈတ္ဆက္ၾကကာနိုင္ငံျခားသားရဲ႕မ်က္လုံးေတြကေဘးကခြန္းေရာင္ျခည္ဆီကိုဆိုက္ေရာက္လာေလသည္။

" Who is he...He look so pretty "

" This's my husband.."

" oh really congratulations Mr. "

ဥပဓိေမာင္နဲ႕နိုင္ငံကျခားသားကသူ႕အားၾကည့္ၿပီးနိုင္ငံျခားစကားေတြေျပာေနတာေၾကာင့္သူတို႔ေျပာတာေတြတခ်ိဳ႕နားလည္တဲ့ခြန္းေရာင္ျခည္ပါးေလးေတြရဲေနလို႔။

" So, See you Next time Mr. "

" ok...လာ ေမာင့္ျခည္ ဟိုးကဝိုင္းမွာသြားထိုင္မယ္..."

ခါးေလးကေနဆြဲလို႔လြတ္ေနတဲ့ဝိုင္းမွာႏွစ္ေယာက္သားထိုင္လိုက္ၾကသည္။အခုထိအၾကည့္မပ်က္ေသးတဲ့ပြဲထဲကလူေတြေၾကာင့္ခြန္းေရာင္ျခည္အေနခက္ေနတာကိုဥပဓိေမာင္သတိထားမိသည္။

" ႐ႊတ္..."

" ဥပဓိေမာင္...ဘာလုပ္တာလဲ "

" ဒီေလာက္ဆိုသူတို႔နားလည္ပါၿပီ ေတြ႕လားမင္းကိုဆက္မၾကည့္ၾကေတာ့ဘူး။ "

ပါးအား႐ုတ္တရက္လာနမ္းသူေၾကာင့္မ်က္လုံးေလးျပဴးကာေမးလိုက္ေတာ့ၿပဳံးစစနဲ႕ေျဖလာသည္ေၾကာင့္ခြန္းေရာင္ျခည္ေဘးဘီကိုၾကည့္မိသည္။အမွန္ ဥပဓိေမာင္ေျပာသလိုပြဲထဲကလူေတြဟာခုနကလိုသူတို႔ႏွစ္ေယာက္အားၾကည့္မေနေတာ့ဘဲစားစရာရွိတာစားကာေျပာစရာရွိတာေျပာေနၾကေလသည္။အင္းေပါ့ ၿမိဳ႕အုပ္ေဘးကပါလာတဲ့လူကဘယ္သူလဲဆိုတာသူတို႔သေဘာေပါက္သြားေလသည္။

" ၿမိဳ႕အုပ္ေတြ႕ရတာဝမ္းသာပါတယ္...မေခၚစဖူးလူပိုေခၚလာေတာ့အံ့ၾသသြားတာ ၿမိဳ႕အုပ္မွဟုတ္ရဲ႕လားလို႔။ "

  အနားကိုေရာက္လာကာစကားဆိုသူနယ္စားမင္းအားဥပဓိေမာင္ၿပဳံးသာျပမိသည္။သူ႕ေဘးနားကခပ္ေခ်ာေခ်ာမိန္းကေလးဟာနယ္စားမင္းရဲ႕ေနာက္မယားပင္ျဖစ္လိမ့္မည္။ေနာက္မယားကိုေတာ့ရွယ္ကိုေခါင္းေပၚတင္ထားတာ မယားႀကီးလိုလိုနဲ႕သူမ်ားေတြကထင္လိမ့္မည္။

" လူပိုေတာ့ မဟုတ္ဘူး သူကအိမ္ကလူပါ ကြၽန္ေတာ့္အမ်ိဳးသား..."

" ေအာ္အေျပာမွားသြားတာကိုစိတ္ေတာ့မရွိပါနဲ႕ဗ်ာ...လာႏႈတ္ဆက္တာပါခြင့္ျပဳပါအုံးေနာ့္..."

" ဟုတ္ကဲ့ပါ..."

နယ္စားမင္းကၿပဳံးရယ္ကာဥပဓိေမာင္တို႔အေဝးကိုထြက္သြားေလသည္။စားပြဲမွာစားဖြယ္ေတြဆုံေပမဲ့ခြန္းေရာင္ျခည္လက္ဖ်ားႏွင့္ေတာင္မထိ။မေတာ္လို႔ၿမိဳ႕အုပ္ေယာက်ာ္းကျပဴးၿပဲေနတာဘဲလို႔ဆိုရင္ ဒုကၡ။

" မေသာက္နဲ႕ေမာင့္ျခည္ ဒီတစ္ေခါက္မူးရင္က်ဳပ္ခင္မ်ားကိုအလြတ္မေပးဘူး။ "

" ဒါကအရက္မွမဟုတ္တာ..."

အေအးနဲ႕အရက္ေရာ္ထားကာေဖ်ာ္ထားသည္ကိုသိတဲ့ဥပဓိေမာင္ကမေသာက္ရန္ဟန့္တားသည္ကိုႏႈတ္ခမ္းေလးဆူကာျပန္ခံေျပာလာသည္ကားငါပါးစပ္နဲ႕ငါေသာက္ခ်င္ေသာက္မယ္ဆိုသည့္သေဘာ။

" ေမာင္တကယ္ေျပာေနတာ...ပြဲေတြမွာဒီလိုဘဲေဖ်ာ္ၾကတာ အနီေရာင္ျဖစ္ေနတိုင္းစေတာ္ဘယ္ရီေဖ်ာ္ရည္ဆိုၿပီးမထင္လိုက္နဲ႕...ေမာင့္စကားနားေထာင္မေသာက္နဲ႕။ "

" ဟြန့္...မင္းကငါ့ကိုခ်ဳပ္ခ်ယ္ေနတာဘဲ.."

" ေဟာဗ်ာ...က်ဳပ္ကခ်ဳပ္ခ်ယ္ေနတာမဟုတ္ဖူး ခင္မ်ားေလးမူးရင္အမွန္အတိုင္းေတြထထေျပာလို႔ၿပီးရင္ခင္မ်ားဘဲရွက္ေနတာမွတ္လား မူးရင္လူကိုတေမာင္ေမာင္နဲ႕ "

ဥပဓိေမာင္အေျပာေၾကာင့္ပါးေလးေတြရဲတက္သြားသူဟာႏွင္းဆီပြင့္ေလးတစ္ခုပမာ။နည္းနည္းၾကာေအာင္ေနအၿပီးႏွစ္ေယာက္သားအိမ္ျပန္လာလိုက္ၾကသည္။နာရီက၁၀နာရီကိုျပေနတာေၾကာင့္၉နာရီေလာက္ဆိုအိပ္ေပ်ာ္တတ္တဲ့ခြန္းေရာင္ျခည္ကကားေပၚမွာဥပဓိေမာင္ပုခုံးေလးအားမွီလို႔အိပ္စက္ေနေလသည္။

" အင္းး အိမ္ေရာက္ၿပီလားဥပဓိေမာင္..."

" အိပ္ေနေလ ေမာင္ခ်ီပို႔ေပးပါ့မယ္။ "

ကားဘရိတ္အုပ္တဲ့အရွိန္ေၾကာင့္အိပ္ေနရာကေနနိုးလာတဲ့ခြန္းေရာင္ျခည္ကေရာင္ဝါးဝါး။အိပ္ေပ်ာ္ရာကေနနိုးလာတာမို႔အိမ္ေရာက္တာနဲ႕ကားထဲကေနထြက္သြားသူေနာက္ကိုဥပဓိေမာင္ကပ္လိုက္သြားလိုက္သည္။

" ညဥ့္နက္ေနၿပီ ေရမခ်ိဳးနဲ႕ေနာ္...အဝတ္အစားလဲၿပီးအိပ္ေတာ့..."

" ဟုတ္ကဲ့....ဒါျဖင့္ေမာင့္ျခည္..."

" ဟင္..."

" ေမာင္မင္းကိုေပးစရာတစ္ခုရွိတယ္..."

" ဘာမ်ားလဲ..."

မ်က္ခုံးေလးပင့္ကာေမးလာသူကိုလက္ေကာက္ဝတ္ေလးကေနဆြဲကာကုတင္ေပၚတင္မလႊဲထိုင္ေစလိုက္သည္။ၿပီးေနာက္ဗီရိုထဲကဘူးတစ္ခုကိုဥပဓိေမာင္သြားယူလိုက္ကာခ်စ္ရသူေဘးဝင္ထိုင္မိသည္။

ခြန္းေရာင္ျခည္ကေတာ့သူလုပ္သမွ်ကိုမ်က္လုံးေတြျပဴးကာၾကည့္ေနေလသည္။

" မင္းအတြက္ ေမာင့္လက္ေဆာင္..."

ဟုေျပာကာဘူးေလးအားဖြင့္ျပလာေလသည္။ဘူးဖြင့္ဖြင့္ခ်င္းျမင္လိုက္ရတဲ့အရာေၾကာင့္ခြန္းေရာင္ျခည္မ်က္လုံးအိမ္ေလးဟာပိုက်ယ္လို႔။

" ဒါ...ဒါက "

" မင္းအရမ္းလိုခ်င္ေနတာမွတ္လားေမာင့္ျခည္ "

" ဒါက ေစ်းအရမ္းႀကီးတယ္ေလ..."

ဘူးေလးထဲကပုလဲပခ်ဳပ္ေလး...ဒါဟာဟိုတစ္ေခါက္တုန္းကေ႐ႊဆိုင္မွာေတြ႕ခဲ့တဲ့အရာေလးမဟုတ္ပါလား။သူမ်က္စိက်ခဲ့တဲ့အရာေလးအားဥပဓိေမာင္ကလက္ေဆာင္ေပးသည္တဲ့ေလ...

" အဲ့ေန႕ကတည္းကေမာင္ဝယ္ခဲ့တာ...ခ်က္ခ်င္းေျပာလိုက္ရင္မင္းကိုယ့္ကိုဆူမွာေၾကာက္လို႔..."

" ငါလက္မခံဘူး ငါ့ဆီေရာက္ရင္ေပ်ာက္သြားလိမ့္မယ္ ၿပီးေတာ့ငါကဒါနဲ႕မထိုက္တန္ပါဘူးဥပဓိေမာင္..."

ခ်စ္ရသူေယာက်ာ္းေလးရဲ႕အေျပာကိုဥပဓိေမာင္ၿပဳံးရယ္ကာေခါင္းခါမိသည္။ခြန္းေရာင္ျခည္ကေလအရမ္းႏွိမ့္ခ်တတ္တာဘဲ...

" ဟုတ္တယ္မင္းကဒါနဲ႕မတန္ပါဘူးေမာင့္ျခည္....မင္းကဒီထပ္ေစ်းႀကီးလွတဲ့ ေလာကမွာတစ္ခုတည္းသာရွိေသာအဖိုးတန္ရတနာနဲ႕သာထိုက္တန္ပါတယ္..."

" သိမ္းထားလိုက္ပါဥပဓိေမာင္..."

" ဟင့္အင္း မင္းအတြက္ရည္႐ြယ္ၿပီးဝယ္ခဲ့တာမို႔မင္းသာမဝတ္ရင္ေမာင္လႊင့္ပစ္လိုက္မွာ..."

" ဥပဓိေမာင္!! "

" မင္းသိပါတယ္ ဒီဆြဲႀကိဳးရဲ႕ေစ်းပမာနကေမာင့္အတြက္ပမႊားေလးတစ္ခုသာသာဆိုတာကို...ေမာင္မင္းကိုကိုယ္တိုင္ဝတ္ေပးခ်င္တယ္ ေမာင္ကိုယ္တိုင္ဝယ္လာတဲ့အရာေလးကိုမင္းဝတ္ထားတာကိုျမင္ခ်င္တယ္...."

ေတာင္းဆိုလာသလိုေျပာလာသူေၾကာင့္ခြန္းေရာင္ျခည္သက္ျပင္းေလးသာခ်လိဳ႕ဝတ္ရအဆင္ေျပေအာင္ဥပဓိေမာင္အားေက်ာခိုင္းေပးလိုက္သည္။

ဥပဓိေမာင္ကေတာ့သူ႕အေျပာကိုလက္ခံသူေၾကာင့္ၿပဳံးရယ္မိသည္။ဘူးေလးထဲကေငြထည္ေလးနဲ႕ပုလဲပခ်ဳပ္အစစ္ေလးကိုခ်စ္ရသူရဲ႕လည္တိုင္ေက်ာ့ေက်ာ့ေလးႏွာဆြဲေပးလိုက္သည္။အသားျဖဴျဖဴေလးေပၚမွာထင္းသားလွတဲ့ေငြထည္ပုလဲပခ်ဳပ္ေလးကထိုက္သင့္တဲ့ေနရာမွာေရာက္ရွိလို႔။

" အင့္..."

ခါးေလးကေနဆြဲယူကာေထြးေပြ႕လိုက္သူေၾကာင့္အင့္ခနဲ။ခြန္းေရာင္ျခည္ရဲ႕ေက်ာျပင္ေလးကအခုဆိုႏြေးေထြးလွတဲ့ရင္ခြင္ထဲမွာလုံၿခဳံလို႔။

" ေမာင္ မင္းကိုသိပ္ျမတ္နိုးတာဘဲေမာင့္ျခည္...ေမာင္ကမင္းနဲ႕ဆုံဆည္းဖို႔ေမြးဖြားလာသူပါ..."

" ငါသာဒီဘဝမွာရွိမေနရင္ေရာ..."

" အေမ့ဗိုက္ထဲကေမာင္ထြက္လာစရာအေၾကာင္းေတာင္မရွိပါဘူးေမာင့္ျခည္..."

" ဟက္!!! လူဆိုးေကာင္..."

လေရာင္ထိုးက်ေနတဲ့အခန္းငယ္ေလးထဲကအခ်စ္ငွက္ႏွစ္ေကာင္ေၾကာင့္ျပတင္းေပါက္အျပင္ကလမင္းႀကီးပင္ရွက္လြန္းလို႔တိမ္ေတြေနာက္ကိုပုန္းခိုမိသည္အထိ။
.
.
.
.
မနက္ခင္းေနေရာင္ထိုးက်တဲ့အခန္းငယ္ေလးကႏြမ္းနယ္နယ္။ကုတင္အျဖဴေပၚကလူဟာႏြမ္းနယ္နယ္နဲ႕အခန္းႀကီးကေအးစက္လွသည္။

" အဟြတ္...အဟြတ္ ဟြတ္..."

ေခ်ာင္းဆိုးလို႔ပါးစပ္ကိုအုပ္မိုးလိုက္တဲ့လက္ဟာ ပါးစပ္ကခြာတာနဲ႕ေသြးနီနီတို႔စြန္းထင္းလို႔။ေဘးကအဝတ္စေလးနဲ႕လက္ကေသြးေတြကိုခပ္ဖြဖြဖိသုတ္မိသည္။ေသြးေတြကလဲဒလေဟာထြက္လို႔ပါလား ေသြးပင္လယ္မ်ားလား...

" သား...ပိုင္ေစရာ..."

အခန္းထဲကိုဆန္ျပဳတ္ခြက္ေလးသယ္လာကာေခၚဆိုလာသူအေမျဖစ္သူအား အားယူကာၿပဳံးျပမိသည္။မေအျဖစ္သူကပိုင္ေစရာလက္ထဲကလက္ကိုင္ပုဝါေလးေပၚမွာေသြးေတြစြန္းေနတာကိုေတြ႕ေတာ့သက္ျပင္းခ်လာေလသည္။

" မသက္သာဘူးလားသားငယ္..."

" ဒီေရာဂါကဘာလဲဆိုတာအေမသိၿပီးသားပါ..."

ႏြမ္းနယ္ေနတဲ့သားျဖစ္သူအေျပာေၾကာင့္မေအျဖစ္သူမလွရင္ဝမ္းနည္းမိသည္။ဆရာဝန္ျဖစ္ရက္နဲ႕သူ႕ေရာဂါသူေတာင္သားေလးကမကုနိုင္...ဘယ္လိုမ်ားေၾကာင့္ဒီေကာင္ေလးမွာဒိေရာဂါဆိုးႀကီးလာကပ္တြယ္ရသည္လဲေနာ္။

" သားထြက္မသြားခ်င္ေသးဘူးအေမ...အေမ့နားမွာေနခ်င္ေသးတယ္..."

" သားအေမ့ေဘးကေနထြက္သြားစရာမလိုပါဘူးသားရယ္ ဆရာဝန္ေတြကသားကိုအေကာင္းဆုံးကုေပးမွာပါ..."

ဆံပင္ေလးေတြအားသပ္တင္ေပးလိုက္ေတာ့ေခါင္းေလးခါလာသူဟာဝမ္းနည္မႈ႕ေတြအျပည့္။

" သားလဲဆရာဝန္ပါအေမ ဘယ္ေရာဂါကဘယ္လိုလုပ္ရင္ဘယ္လိုေပ်ာက္မလဲဆိုတာသားေကာင္းေကာင္းသိပါတယ္..."

" သားရယ္ နိမိတ္မရွိတာေတြမေျပာပါနဲ႕။ "

" သားကိုကကံဆိုးတာပါ..."

ေသြးကင္ဆာဆိုသည့္ေရာဂါ...ထိုရောဂါဟာကုသဖို့အလွန်ခက်ခဲသလိုခံစားဖူးသူတိုင်းသေဆုံးရသည်။ကိုယ့်မျက်စ်ိရှေ့မှာထိုလိုလူတွေတွေ့ခဲ့ရပေမဲ့ကိုယ်တိုင်ဖြစ်လာမယ်လို့တစ်ခါမှမတွေးခဲ့ပါ။မွေးရာပါတဲ့လေ...ေရာဂါအေျခအေနကအခုႏွစ္ေတြမွပိုဆိုးလာကာကိုယ့္အေျခအေနကိုယ္သိတာေၾကာင့္ေဆးသာစြဲေသာက္ရေလသည္။

ေရာဂါကေပါ့ဆမႈ႕ေၾကာင့္ေနာက္ဆုံးအဆင့္ေတာင္ေရာက္ေနေလၿပီတဲ့ေလ။ျပင္းမွ်ေနလို႔ရမည္ဆို၁ႏွစ္ေလာက္ေပါ့ အဲ့တာေတာင္မေသခ်ာပါ။

" ဥပဓိေမာင္တို႔ကိုေျပာၿပီးနိုင္ငံျခားမွာသြားကုၾကရေအာင္သားရယ္..."

" ဟင့္အင္း ခြန္းေရာင္ျခည္သိရင္စိတ္ပူေနပါ့အုံးမယ္အေမရယ္..."

" သားရယ္..."

" ကြၽန္ေတာ္တကယ္ခြန္းေရာင္ျခည္ကိုလက္လႊတ္ေပးလိုက္ၿပီအေမ..."

ေျပာရင္းမ်က္ရည္ေလးေတြက်သည့္သားျဖစ္သူေၾကာင့္ေဒၚလွရင္ငိုခ်င္စိတ္ကိုထိန္းကာသားေလးရဲ႕မ်က္ႏွာေပၚကမ်က္ရည္ေတြကိုသုတ္ေပးမိသည္။သူသိတာေပါ့...ေနာက္ဆုတ္ေပးလိုက္ရတဲ့ခံစားခ်က္ကဘယ္ေလာက္နာက်င္သည္လဲဆိုတာ။

" ဘာလို႔လဲသိလားအေမ...ခနတာေလးဘဲေနရေတာ့မဲ့အခ်ိန္မွာသူ႕ကိုပိုင္ဆိုင္သြားေတာ့ေရာ...သူမခ်စ္တဲ့ကြၽန္ေတာ့္ဆီမွာေပ်ာ္ပါ့မလားအေမရယ္...ကြၽန္ေတာ္မရွိတဲ့ကာလမွာသူနစ္နာသြားမွာကိုမလိုလားဘူး..."

" မငိုပါနဲ႕သားရယ္..."

" ခြန္းေရာင္ျခည္က ဥပဓိေမာင္နဲ႕သိပ္လိုက္ဖက္တာ...သူဥပဓိေမာင္နဲ႕ရွိေနခ်ိန္ဆိုၿပဳံးေနတာ...သူေပ်ာ္မယ္ဆိုေနာက္ဆုတ္ေပးရလို႔နာက်င္လဲအဆင္ေျပပါတယ္..."

သားေလးနဲ႕ခြန္းေရာင္ျခည္ကသူငယ္ခ်င္းေတြဆိုတာသိေပမဲ့တူျဖစ္သူနဲ႕လက္ထပ္ထားတာကိုသိေတာ့ေဒၚလွရင္အံံၾသမိပါသည္။သူ႕သားေလးခြန္းေရာင္ျခည္အား ေမတၱာေတြပိုေနခဲ့တာလဲသူသိသည္။ဒါေပမဲ့သူမတားခဲ့ဘူး...သူ႕သားေလးကိုရခဲလွတဲ့အခ်ိန္ေလးမွာေပ်ာ္႐ႊင္ေစသည္။

" သားေၾကာက္တယ္အေမ..."

" ဘာကိုလဲ..."

" ခြန္းေရာင္ျခည္ေဘးကထာဝရထြက္သြားရမွာကို...သူ႕ရဲ႕လက္တြဲေဖာ္မဟုတ္ရင္ေတာင္သားသူ႕ရဲ႕သူငယ္ခ်င္းအျဖစ္ရွိေနခ်င္ေသးတယ္..."

" အိုကြယ္သားရယ္..."

ေဒၚလွရင္ငိုခ်င္စိတ္ကိုထိန္းကာသားျဖစ္သူအားေထြးေပြ႕မိသည္။ဒီအခ်ိန္မွာသူ႕သားေလးကိုသူေပ်ာ္ေအာင္ထားေပးရမည္။ငယ္စဥ္ကတည္းကခ်ဴခ်ာတဲ့ကေလးေလးကႀကီးျပင္းလာေတာ့လဲေရာဂါဆိုးနဲ႕...သူ႕သားေလးဆီမွာေမြးရာပါဒီေရာဂါရွိတာသူသ္သညိ။ဒါေပမဲ့သူမေျပာခဲ့မိပါ။သူ႕သားေလးဒီစိတ္ႀကီးနဲ႕ရွင္သန္ရရင္ပင္ပန္းေနမွာေပါ့.. ကံၾကမၼာကသူ႕သားေလးကိုမွကံဆိုးေစေလသည္လား...ကံတရားေပါ့ကြယ္။

ဆက္ရန္

Continue Reading

You'll Also Like

696K 40.1K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
988K 58.7K 40
( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့​ကြောင့်တစ်စုံတစ်ရာ နာမည်...
786K 34K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
3.6M 534K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...