အပိုင်း၂၄

22K 1.3K 140
                                    

Uni

" အကို...နေမကောင်းသေးတာကိုဘယ်သွားမလို့တုန်း..."

နေ့လယ်ဘက်ကတည်းကဥပဓိမောင်ကဦးကောင်းစံနဲ့အတူအလုပ်သွားလုပ်တာမို့အိမ်မှာသူနဲ့မယ်ရီသာ။အခန်းထဲနေရတာပျင်းလာတာကြောင့်ဥပဓိမောင်ပေးထားတဲ့ခြုံလွှာလေးအားခြုံကာအောက်ထပ်ဆင်းလာမိတော့အောက်ထပ်ကမယ်ရီကချည်ထိုးရင်းအမေးပြုလာလေသည်။

" အောက်ဆင်းပြီးလေညှင်းလေးခံမလားလို့ပါ..."

" လာအုံး အကိုပြောစရာရှိတယ်..."

" ဟုတ်...ဟုတ်ကဲ့။ "

မယ်ရီကသူ့ဘေးကခုံနေရာလေးကိုလက်ကလေးနဲ့ပုတ်ပြကာခေါ်တော့ခွန်းရောင်ခြည်ခေါင်းလေးငြိမ့်ကာသွားထိုင်လိုက်သည်။

" ဟီးးအကိုညီမပြောမယ်နော် ညီမနဲ့အကိုကြီးဥပဓိမောင်ကလေငယ်ငယ်တုန်းကကောအခုထိကောမောင်နှမတွေလိုခင်မင်လာသူတွေပါ...ဥပမာညီမဘက်ကအကိုကြီးကိုသဘောကျမယ်ဆိုရင်တောင်အကိုကြီးကဘယ်သူ့ကြောင့်မှအရည်မပျော်တတ်တဲ့လူပါ..."

" အို...အဘယ်ကြောင့်များဘာလို့လာပြောနေရတာလဲ..."

" အကိုအထင်လွဲနေတယ်လို့အကိုကြီးကပြောလို့ပြောပြတာ...အကိုကြီးကလေအကို့ကိုအရမ်းချစ်တာမနေ့ကအကိုနေမကောင်းတော့သူထမင်းတောင်ဆင်းမစားဘူး...အကိုကသိပ်ကံကောင်းတာဘဲအကိုကြီးရဲ့အချစ်ခံလေးဖြစ်ရတာ..."

" အော်..."

မယ်ရီရဲ့အပြောကိုခွန်းရောင်ခြည်အော်ဟုသာဟနိုင်သည်။ကောင်မလေးကပြုံးရယ်ကာရင်းရင်းနှီးနှီးဆိုလာသည်ကားတကယ်လဲသူနဲ့ဥပဓိမောင်ကြားဘာမှမရှိသလို။သူကကိုလျှောက်ထင်နေတာပါ...

စကားပြောတာကိုဖြတ်တောက်ကာခွန်းရောင်ခြည်ခြံလေးထဲကိုထွက်လာလိုက်သည်။ခြံလေးထဲကဒန်းလေးမှာထိုင်ကာပန်းခင်းကြီးကိုခပ်ငေးငေးကြည့်မိသည်။

* မောင့်ခြည်...*

အတွေးထဲအပြင်နားထဲပါရောက်လာတဲ့ထိုခေါ်သံ။ထိုခေါ်သံကိုကြားတိုင်းခွန်းရောင်ခြည်ရင်တွေဟာဒုန်းဆိုင်း။သူဒီကောင်လေးနဲ့လက်ထပ်လိုက်ရသည့်အကြောင်းအရင်းမှာအိမ်ရွေးဖို့ပါ ဘယ်လိုကြောင့်များအဲ့အချစ်နွံကြီးထဲကျသွားရတာတုန်း။

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now