အပိုင်း၅

31.6K 2.1K 291
                                    

Uni

ခွန်းရောင်ခြည်တစ်ယောက်ညဥ့်နက်တာတောင်အိပ်မပျော်။ဥပဓိမောင်နဲ့မျက်နှာချင်းမဆိုင်ချင်လို့ကျောခိုင်းအိပ်ပါမည်ဆိုဥပဓိမောင်ကအခုထိလာမအိပ်သေး။ကုတင်ကကျယ်တာမို့သူတို့နှစ်ယောက်ကြားဖက်ခေါင်းအုံးကြီးလဲကာထားရသေးသည်။

" အချစ်ရေ~~~ "

  ခြံထဲကတစ်စုံတစ်ယောက်ကိုတမ်းတခေါ်သည့်ဥပဓိမောင်အသံတစ်ခုကြောင့်ခွန်းရောင်ခြည်အိပ်နေရာကနေထထိုင်မိသည်။ဒီကောင်လေးဒီအချိန်ထိဘာတွေများလုပ်နေလို့မအိပ်သေးရတာတုန်း...

" ဟျောင့်ချစ်နိုင် ပေးစမ်းဂီတာ...တစ်ပုဒ်လောက်တီးစမ်းမယ်..."

  ချစ်နိုင်အားစိတ်ထဲနေလို့မကောင်းဖူးဆိုပြီးခြံထဲမှာအရက်နည်းနည်းသောက်ရန်ဥပဓိမောင်ကအခန်းထဲကနေဆွဲခေါ်လာတာမို့ချစ်နိုင်တစ်ယောက်ပါလာလေသည်။မိန်းမကအရက်မသောက်ခိုင်းပေမဲ့သူ့မောင်ကသောက်ချင်သည်ဆိုတော့ခွင့်ပြုသည်။ဒါမျိုးတွေကြောင့်ယောက်ဖလေးကိုချစ်နေရတာ..

" အချစ်ကလျစ်လျူရှုထားတော့မောင်ကနာကျင်တာပေါ့လို့..."

" မဂ်လာဦးညမှာပူဆွေးနေတာမင်းဘဲရှိတယ်..."

" ပါးစပ်ပိတ်ထား...ဆိုတော့မယ်.."

" ဆို..."

ချစ်နိုင်အားဘောက်ဆတ်ဆတ်ပြောလို့လက်ချောင်းရှည်ရှည်တွေဟာဂီတာကြိုးအားထိတွေ့လို့စတင်တီးခတ်လေသည်။

" ချစ်တာကိုလေ ပြောပြ စမ်းချင်တယ်

ခင်ယုံကွယ် ကျိန်စာ မောင်ပြုပါ့မယ်

ကြိုက်တာကိုလေ ပြောပြ စမ်းချင်တယ်

ခင်ယုံကွယ် ကျိန်စာ မောင်ပြုပါ့မယ် "

ခြံထဲကဥပဓိမောင်ရဲ့သီချင်းဆိုသံလေးကြောင့်ခွန်းရောင်ခြည်ပြတင်းပေါက်ကနေထွက်ကြည့်မိသည်။သူကြည့်မိတော့သူ့ရှိတဲ့နေရာကိုမော့ကြည့်လာကာဥပဓိမောင်ကပြုံးပြလေသည်​ကြောင့်အမြန်လေးလိုက်ကာနောက်ကိုပုန်းဝင်ကာခိုးကြည့်မိသည်။သူ့ကိုရည်ညွှန်းပြီးဆိုနေတာကို....

ဥပဓိမောင်ကတော့လူကသာမူးနေတာသူ့အားအပေါ်ထပ်ကအိပ်ခန်းပြတင်းပေါက်ကနေလှမ်းကြည့်နေသူကိုမြင်ရလေသည်။သူကြည့်လိုက်တော့ရှက်သွားသည်ထင်လိုက်ကာနောက်ကိုဝင်ပုန်းသွားတာကိုလဲသိသည်။ထိုလူသားဟာသူ့ရဲ့နှလုံးသားကိုအရည်ပျော်အောင်သိပ်လုပ်တာဘဲ...

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now