အပိုင်း၁၁

25.7K 1.7K 168
                                    

Uni

"ပန်းစည်းပါခင်မျ ကျေးဇူးတင်ပါတယ် "

ခွန်းရောင်ခြည်ဝယ်သူတွေကိုဖော်ဖော်ရွေရွေသာဆက်ဆံလို့လိုချင်တဲ့ပန်းတွေကိုသတင်းစာရွက်လေးဖြင့်သေချာချည်နှောင်ကာပေးလိုက်သည်။

" ဟဲ့သိလား ဟိုဘက်မြို့ကဗိုလ်ကြီးသမီးလေ ငါတို့မြို့အုပ်ဥပဓိမောင်ကိုလာပြီးလက်ထပ်ဖို့တောင်းဆိုတယ်တဲ့..."

" ဟယ်မိုက်ရိုင်းလှချည်လားငါတို့တောင်အငြင်းခံရတာကိုဒီကောင်မနယ်ကျော်တာဘဲ..."

" အေးစိတ်ပူမနေနဲ့မြို့အုပ်ကချက်ချင်းငြင်းပစ်တာ...ဒါပေမဲ့ဒီတစ်ခေါက်ငြင်းတာကြီးကလွန်ပါတယ်ဟာ...သူ့မှာချစ်ရသူရှိတယ်တဲ့ကောင်မတို့ရေးး "

" ဟယ်ငါတို့တော့အသဲတွေကွဲပါပြီ ကောလဟာလဘဲနေမှာပါချစ်မရယ်..."

" အေးဟယ်မယုံပေါင်..."

အနီးနားကပျိုမဒီလေးတွေကစျေးဝယ်ရင်းအချင်းချင်းတီးတိုးပြောနေတာကိုခွန်းရောင်ခြည်ကြားမိကာစိတ်ထဲနွေးထွေးမိသည်။အော် ဗိုလ်မှူးသမီးတဲ့လား...အဲ့မိန်းကလေးကိုရွေးလို့ရရက်နဲ့ဘာလို့မရွေးရတာလဲနော်။

နေ့လည်ရောက်တာနဲ့စျေးထဲမှာလူတွေကအနည်းငယ်ရှင်းသွားလေပြီ။ကျန်တဲ့ပန်းတွေကိုထားနေကျမိတ်ဆွေအိမ်မှာထားခဲ့ကာနှင်းဆီတစ်စည်းကိုတော့အိမ်မှာဘုရားပန်းထိုးရန်ယူလာလိုက်သည်။

သူ ကိုချစ်နိုင်ကိုလာကြိုခိုင်းလို့ရသည် သို့ပေမဲ့အပူမပေးချင်တာကြောင့်မနက်ကတည်းကဘာမှမပြောလိုက်။အေးအေးချမ်းချမ်းလေးသာနှင်းဆီပန်းစည်းလေးပိုက်လို့လမ်းလျှောက်ကာအိမ်ပြန်လာလိုက်သည်။

" ပီ!! "

" အမလေး..."

အနောက်ဘက်ကကားဟွန်းသံကြောင့်ခွန်းရောင်ခြည်လန့်သွားကာလှည့်ကြည့်မိတော့ဥပဓိမောင်ပင်။ကားကခွန်းရောင်ခြည်ဘေးကိုရောက်လာကာဥပဓိမောင်ကကားပြတင်းပေါက်ကနေခေါင်းထွက်လာလေကာ။

" ကားပေါ်တက် ပန်းဒိုင်သွားမှာမှတ်လား လိုက်ပို့ပေးမယ်။ "

" မလိုဘူး ပန်းဒိုင်ကလူတွေသိရင်တစ်မျိုးထင်ကုန်မယ်။ "

" လေရှည်မနေနဲ့ကျုပ်စိတ်မရှည်ဖူး ကားပေါ်ကိုယ့်ဘာသာတက်မလား မဟုတ်မှကျုပ်ထွက်ချီပြီးကားထဲထည့်ရမလား။ "

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now