အငြိမ်းစားဗီလိန်မမှ အမြှောက်စ...

By Cup-Of-Luckiness

164K 21.6K 915

အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေ... More

Story Description
RVTIACF Chapter-(1)
RVTIACF Chapter-(2)
RVTIACF Chapter-(3)
RVTIACF Chapter-(4)
RVTIACF Chapter-(5)
RVTIACF Chapter-(6)
RVTIACF Chapter-(7)
RVTIACF Chapter-(8)
RVTIACF Chapter-(9)
RVTIACF Chapter-(10)
RVTIACF Chapter-(11)
RVTIACF Chapter-(12)
RVTIACF Chapter-(13)
RVTIACF Chapter-(14)
RVTIACF Chapter-(15)
RVTIACF chapter-(16)
RVTIACF chapter-(17)
RVTIACF Chapter-(18)
RVTIACF chapter-(19)
RVTIACF chapter-(20)
RVTIACF chapter(21)
RVTIACF chapter-(22)
RVTIACF chapter-(23)
RVTIACF chapter-(24)
RVTIACF chapter-(25)
RVTICF Chapter-(26)
RVTIACF chapter-(27)
RVTIACF chapter-(28)
RVTCF Chapter-(29)
RVTIACF chapter-(30)
RVTIACF chapter-(31)
RVTIACF Chapter-(32)
RVTIACF chapter-(33)
RVTIACF Chapter-34
RVTIACF chapter-(35)
RVTIACF Chapter-(36)
RVTIACF chapter-(37)
RVTIACF chapter-38
RVTIACF Chapter-(39)
RVTIACF Chapter-(40)
RVTIACF Chapter-(41)
RVTIACF Chapter-(42)
RVTIACF Chapter-(43)
RVTIACF Chapter-(44+45)
RVTIACF Chapter-(46)
RVTIACF Chapter-(47)
RVTIACF Chapter-(48)
RVTIACF Chapter-(49)
RVTIACF Chapter-(50)
RVTIACF Chapter-(51 + 52)
RVTIACF Chapter-(53)🍭
RVTIACF Chapter-(54)
RVTIACF Chapter-(55)
RVTIACF Chapter-(57)
RVTIACF-(58)
RVTIACF-(59)

RVTIACF Chapter-(56)

1K 142 9
By Cup-Of-Luckiness

CHAPTER-(56)☕︎
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ရုတ်တရက် ချူရှောင်းနဲ့စကားပြောတာ ဘယ်လိုနေလဲမေးလာတဲ့ ယိကျန့်ဟောင်ဆီက ဖုန်းကောလ်ဝင်လာသည်။ ယိချန်ဒေါသထွက်စွာ အကြောင်းပြန်လေသည်။

"ကျွန်တော့်ကို စိတ်ဆိုးနေသေးသလို စကားမပြောချင်ဘူး။ အခုသူ့ဘေးမှာ ရှောင်းဟန်ရှိနေမှတော့ ဘယ်လိုလုပ်ကျွန်တော်နဲ့ စကားပြောချင်မှာလဲ? အရင်ချူရှောင်း ကျွန်တော်နဲ့ရှိနေတုန်းက တခြားဘယ်ကောင်နဲ့မှ အနေမနီးဖူးဘူး။"

"မင်းလုပ်ရပ်တွေရဲ့ အကျိုးဆက်ကို တာဝန်ယူဖို့နည်းလမ်းရှာတာ ပိုကောင်းမယ်။ ငါတို့မိသားစု စီးပွားရေးက ဟာသမဟုတ်ဘူး။ စျေးပြိုင်တာစတော့မှာမို့ လေလံကိုလက်လျော့ဖို့ ချူရှောင်းကိုစည်းရုံးတာ အမြန်လုပ်။"

"ကောင်းပါပြီ။ ချူရှောင်း ဘာကြိုက်လဲ ကျွန်တော်သိတယ်။ သူမကို သေချာပေါက်ပြန်ရမှာ။ ဒါဆိုတော့ ကျွန်တော်တို့ စိတ်ပူစရာ မရှိပါဘူး။ သူလေလံလုသွားရင်တောင် အဆုံးကျတော့ ကျွန်တော်တို့တွေက မိသားစုတွေပဲ။ မလိုအပ်တာတွေ စိတ်ပူတာရပ်ပါတော့ဗျာ။"

ချူရှောင်း သူ့ဆီသေချာပေါက်ပြန်လာမယ်ဆိုတာ နှလုံးသားအောက်ခြေကနေယုံကြည်လျက် ယိချန်ပြောလေသည်။

အရင်က သူမခံစားချက်တွေကို ထိခိုက်စေတယ်ဆိုရင်တောင် သူတို့နှစ်တွေအကြာကြီး အတူတူရှိနေတဲ့ မေတ္တာတွေရှိနေတာ သေချာပေါက်ပဲမို့ သူခေါင်းငုံ့ပြီးတောင်းဆိုလာရင် သူမခွင့်လွှတ်ပေးဖို့ ဆန္ဒရှိပေလိမ့်မည်။ သူမကိုသူ့ဘက်ပြန်ခေါ်နိုင်မယ်ဆိုတာ ယိချန်သေချာနေပေမယ့် အဓိကပြသနာက အချိန်ပင်။

* * * *

တက္ကသိုလ်မှာ ချူရှောင်းနဲ့နီးကပ်နေရင်တောင် စကားပြောဆိုခွင့်မရှိတာကြောင့် ဝင်ပေါက်နားမှာ သူ့Sport carကိုထိုးပြီး သူမကိုမတ်တပ်ရပ် စောင့်နေ၏။ (sport car: ကိုယ်ထည့်နိမ့်ပြီး အလွန်မြန်သည့်ကား) လမ်းကိုသာပိတ်စောင့်နေရင် ထွက်သွားဖို့သူ့ကို ဖြတ်သွားရမည်က မလွဲပေ။ ထိုအချိန်ကျမှ သူမကိုနှင်းဆီပန်းစည်းကြီး ပေးလိုက်မည်ဖြစ်သည်။

ချူရှောင်းယိချန်အစီအစဥ်ကို နားလည်မှတော့ ကားဆီကနေအေးစက်စက် ခြိမ်းခြောက်တဲ့အကြည့်တစ်ချက်ပစ်ကာ တုံ့ဆိုင်းမှူမရှိလီဗာကိုဆောင့်နင်းပြီး ယိချန်ကားဆီတိုးတော့သည်။

သူ့အကြံကို ကြောက်တာကြောင့် အရှိန်လျော့မယ့်ပုံမပြတဲ့ ချူရှောင်းအလျင်က သူ့ဆီဖြတ်လာမှ ဆံချည်တစ်မျှင်စာမျှအကွာမှ ယိချန်သူမကားကို ရှောင်လိုက်၏။ တစ်လမ်းလုံးပြန့်ကျဲနေတဲ့ နှင်းဆီပွင့်ဖတ်တွေကို ငုံ့ကြည့်ရင်း သူ့ကားတာရာကို ဒေါသတကြီးကန်ကာ တုံ့ဖန်အုပ်စုဆီနောက်ထပ် နှင်းဆီပန်းစီးမှာလိုက်ပြန်သည်။

* * * *

ယိချန် ချူရှောင်းကိုလိုက်တဲ့ မဆုတ်မနစ်ဇွဲကို ထိန်းထား၏။ နေ့တိုင်း ကျောင်းမှာသူမကို ပန့်ပို့ဖို့ မပျက်ကွက်တဲ့အပြင် သူမရုံးခန်းကိုလည်း နောက်ပန်းစည်းပို့ဦးမည်သာ။ ဒါပြင့် နေ့လည်ခင်း လက်ဖက်ရည်အစုံလိုက်ကောပင်။ ဒီလိုတွေကြောင့် ချူမိသားစုသမီးကညာကို ယိချန်လိုက်နေတဲ့သတင်းက တောမီးအလားပြန့်ပြန်တော့သည်။ သူ့ရဲ့ဆက်တိုက်လက်ဆောင်တွေ ဘာတစ်ခုကိုမှလက်မခံချင်တာကြောင့် အကုန်လုံးကို အတန်းဖော်တွေနဲ့လုပ်ဖောက်ကိုင်ဖက်တွေကိုသာ ပေးပစ်တော့သည်။

နောက်ဆုံးစာမေးပွဲကြီးရဲ့ ရက်သတ္တတစ်ပတ်အတွင်း ချူရှောင်းကိုလိုက်ဖို့ ယိချန်ဘယ်လောက်တောင် ဆုံးဖြတ်ချက်ချပြီး စိတ်အားထက်သန်နေလဲဆိုတာ ပိုင်ရွယ်ဝေ့ တွေ့လိုက်ရသည်။ မနာလိုစိတ်တွေ အလွန်ကြီးမားလာသည်ကြောင့် စာမေးပွဲကိုအာရုံမစိုက်နိုင်ဘဲ ဒီအရင်ရက်တွေက လုံးလရှိရှိမကြိုးစားထားတာကြောင့် သူမစာမေးပွဲကိုသဘာဝကျစွာ မအောင်ခဲ့ချေ။

စာသင်ခန်းရဲ့တစ်ခြားတစ်ဖက်ကို ကြည့်မိတော့ မေးခွန်းတွေကိုကြောက်လန့်ခြင်းမရှိ တည်တည်ငြိမ်ငြိမ်ဖြေနေတဲ့ ချူရှောင်းကိုကြည့်ပြီး သူမကိုယ်တိုင်ကတော့ အခက်တွေ့နေရသည်။ ဘာလို့များ သူတို့နေရာတွေလဲသွားသလို ထင်နေရတာလဲ? ဒီအချိန်မှာတော့ ပိုင်ရွယ်ဝေ့ခမျာ့ ခြိမ်းခြောက်ကြည့်တွေသာ ကြည့်နိုင်ကာ ပုစ္ဆာပေါ်မှာသုန်မှုန်နေတော့သည်။ သို့သော် ချူရှောင်းကိုတော့ ရန်သွားမစရဲပါချေ။ သူမကြိုးစားရင်တောင် ချူရှောင်းသူမကိုလျစ်လျူရှုပြီး အစီအစဥ်ကတော့ ဆန့်ကျင့်ဖက်တစ်လွဲတွေ ဖြစ်လာမည်သာ။

သတိထားနေတဲ့သူကတော့ အမြဲဆိုးကျိုးတွေ သက်ရောက်နေပြီး ဘယ်တော့မှဂရုမစိုက်တတ်တဲ့ သူကတော့ ကိစ္စတွေရဲ့အပြင်ဘက်မှာ ရှိနေသည်။

ပိုင်ရွယ်ဝေ့က ယိချန်မြင်ကွင်ထဲရောက်နေမယ့်ခုံကို တမင်ရွေးခဲ့တာမဟုတ်ပေမယ့် သူမရွေးမိသွားကာ သူမရဲ့သတိလက်လွတ်ဖြစ်မှုကို မြင်ရအောင်ဟန်ဆောင်နေ၏။ ဒီခပ်လျှိုလျှိုအမူအရာတွေနဲ့ ဟန်လုပ်တာတွေကြောင့် ဘယ်လိုပဲဖြစ်ပါစေ နှောင့်ယှက်မိမည်မဟုတ်ချေ။

ချူရှောင်းကိုထပ်စောင့်ဖို့ ကျောင်းအပြင်ဘက်ကို ချက်ချင်းမောင်းထွက်သွားတဲ့ ယိချန်ကို သင်တန်းနည်းပြမြင်တော့ ခေါင်းမခါဘဲမနေနိုင်တော့သည့်အပြင် သက်ပြင်းချလိုက်မိသည်။ ပညာရေးစနစ်က ဘယ်လောက်ပဲသေးငယ်နေပါစေ ဆရာတွေတကယ်တော့ ကျောင်းသားတွေရဲ့ ကိုယ်ရေးကိုယ်တာဘဝကို ဂရုမစိုက်ပါချေ။ စည်းမျည်းတွေ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ထားပေမယ့် သူတို့တွေစည်းမကျော်လာသရွေ့ ကျောင်းသားတွေရဲ့အပြုအမှုကို တက္ကသိုလ်ကဒီတိုင်းလေး မျက်စိမှိတ်ထားမည်သာ။

ဒီသီးခြားသုံးပွင့်ဆိုင်ကိစ္စက ကျောင်းတွင်းရောကျောင်းပြင်ပပါ ရေပန်းစားတဲ့ဆွေးနွေးစရာ ခေါင်းစဥ်​​ဖြစ်နေသည်မို့ ပြသနာကအတော်လေး ကြီးလာလေသည်။ ဒါ့အပြင် တိုက်ခန်းလေးတစ်ခန်းနဲ့လဲဖို့ ပိုင်ရွယ်ဝေ့ခန္တာကိုယ်ရောင်းစားတယ်ဆိုတဲ့ ကောလဟာလတွေကလည်း ရှိနေပြန်သည်။ တက္ကသိုလ်အနေနဲ့ အဲ့လိုအတင်းအဖျင်းမျိုးမရှိဘူးဆိုတာ ကြေညာထားပေမယ့် တခြားအရာတွေထက် ဂုဏ်သတင်းကိုတန်ဖိုးထားတဲ့ တက္ကသိုလ်ရဲ့စကားတွေကို ယုံကြည်ကြပုံမပေါ်။

ဒါ့အပြက်ချုရှောင်းဘက်ကလည်း သူတို့နဲ့ဆက်ဆံမှု မရှိလိုတော့ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီးလေပြီ။ ပြသနာရဲ့ဖြစ်ရပ်တစ်ခုအနေနဲ့ သူမအရင်က အရှက်ရမှုတွေအတွက် စွပ်စွဲပြီး ကျောင်းရဲ့အဆိုကို ချမှတ်ပေးဖို့ပါ တောင်းဆိုခဲ့၏။ တက္ကသိုလ်က ချထားတဲ့စည်းကမ်းတွေကို သူတို့ဘက်က ပြင်းပြင်းထန်ထန် ချိုးဖောက်ရုံတင်မကဘဲ ကျန်တဲ့ကျောင်းသားတွေအပေါ်မှာပါ လွှမ်းမိုးမှုသက်ရောက်နေသေးသည်။ သတိပေးချက်တွေ လက်ခံရတာကလွဲလို့ သင်ခန်းစာမရသေးဘဲ အဲ့ဒီအစားကိစ္စတွေကို ပိုဆိုးအောင်လုပ်ဖို့ သူတို့တစ်တွေ ဆုံးဖြတ်ထားလေသည်။ ဒီကျောင်းသားတွေက အရမ်းအရှက်မရှိလိုက်တာ?

ဒီပြသနာကောင်တွေကို ကျောင်းထုတ်ဖို့က မလွယ်ပေမယ့် သူတို့အမှားတွေက စိုးရိမ်ရသရွေ့ တက္ကသိုလ်ဘက်က သူတို့ကို 'ဆန္ဒအရနှုတ်ထွက်ဖို့' စည်းရုံးနိုင်၏။ ဒီစိတ်ပျက်စရာ အခြေအနေကို ကြားကာ အကြာကြီးတွေးတောအပြီး လက်ရှိနည်းနဲ့အခြေအနေတွေကို မထိန်းနိုင်မှတော့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ဆွေးနွေးကြည့်ဖို့သာ နည်းပြအနေနဲ့ ဆုံးဖြတ်လိုက်တော့သည်။

28.4.2023

CHAPTER-(56)
Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္

႐ုတ္တရက္ ခ်ဴေရွာင္းနဲ႕စကားေျပာတာ ဘယ္လိုေနလဲေမးလာတဲ့ ယိက်န့္ေဟာင္ဆီက ဖုန္းေကာလ္ဝင္လာသည္။ ယိခ်န္ေဒါသထြက္စြာ အေၾကာင္းျပန္ေလသည္။

"ကြၽန္ေတာ့္ကို စိတ္ဆိုးေနေသးသလို စကားမေျပာခ်င္ဘူး။ အခုသူ႕ေဘးမွာ ေရွာင္းဟန္ရွိေနမွေတာ့ ဘယ္လိုလုပ္ကြၽန္ေတာ္နဲ႕ စကားေျပာခ်င္မွာလဲ? အရင္ခ်ဴေရွာင္း ကြၽန္ေတာ္နဲ႕ရွိေနတုန္းက တျခားဘယ္ေကာင္နဲ႕မွ အေနမနီးဖူးဘူး။"

"မင္းလုပ္ရပ္ေတြရဲ႕ အက်ိဳးဆက္ကို တာဝန္ယူဖို႔နည္းလမ္းရွာတာ ပိုေကာင္းမယ္။ ငါတို႔မိသားစု စီးပြားေရးက ဟာသမဟုတ္ဘူး။ ေစ်းၿပိဳင္တာစေတာ့မွာမို႔ ေလလံကိုလက္ေလ်ာ့ဖို႔ ခ်ဴေရွာင္းကိုစည္း႐ုံးတာ အျမန္လုပ္။"

"ေကာင္းပါၿပီ။ ခ်ဴေရွာင္း ဘာႀကိဳက္လဲ ကြၽန္ေတာ္သိတယ္။ သူမကို ေသခ်ာေပါက္ျပန္ရမွာ။ ဒါဆိုေတာ့ ကြၽန္ေတာ္တို႔ စိတ္ပူစရာ မရွိပါဘူး။ သူေလလံလုသြားရင္ေတာင္ အဆုံးက်ေတာ့ ကြၽန္ေတာ္တို႔ေတြက မိသားစုေတြပဲ။ မလိုအပ္တာေတြ စိတ္ပူတာရပ္ပါေတာ့ဗ်ာ။"

ခ်ဴေရွာင္း သူ႕ဆီေသခ်ာေပါက္ျပန္လာမယ္ဆိုတာ ႏွလုံးသားေအာက္ေျခကေနယုံၾကည္လ်က္ ယိခ်န္ေျပာေလသည္။

အရင္က သူမခံစားခ်က္ေတြကို ထိခိုက္ေစတယ္ဆိုရင္ေတာင္ သူတို႔ႏွစ္ေတြအၾကာႀကီး အတူတူရွိေနတဲ့ ေမတၱာေတြရွိေနတာ ေသခ်ာေပါက္ပဲမို႔ သူေခါင္းငုံ႕ၿပီးေတာင္းဆိုလာရင္ သူမခြင့္လႊတ္ေပးဖို႔ ဆႏၵရွိေပလိမ့္မည္။ သူမကိုသူ႕ဘက္ျပန္ေခၚနိုင္မယ္ဆိုတာ ယိခ်န္ေသခ်ာေနေပမယ့္ အဓိကျပသနာက အခ်ိန္ပင္။

* * * *

တကၠသိုလ္မွာ ခ်ဴေရွာင္းနဲ႕နီးကပ္ေနရင္ေတာင္ စကားေျပာဆိုခြင့္မရွိတာေၾကာင့္ ဝင္ေပါက္နားမွာ သူ႕Sport carကိုထိုးၿပီး သူမကိုမတ္တပ္ရပ္ ေစာင့္ေန၏။ (sport car: ကိုယ္ထည့္နိမ့္ၿပီး အလြန္ျမန္သည့္ကား) လမ္းကိုသာပိတ္ေစာင့္ေနရင္ ထြက္သြားဖို႔သူ႕ကို ျဖတ္သြားရမည္က မလြဲေပ။ ထိုအခ်ိန္က်မွ သူမကိုႏွင္းဆီပန္းစည္းႀကီး ေပးလိုက္မည္ျဖစ္သည္။

ခ်ဴေရွာင္းယိခ်န္အစီအစဥ္ကို နားလည္မွေတာ့ ကားဆီကေနေအးစက္စက္ ၿခိမ္းေျခာက္တဲ့အၾကည့္တစ္ခ်က္ပစ္ကာ တုံ႕ဆိုင္းမႉမရွိလီဗာကိုေဆာင့္နင္းၿပီး ယိခ်န္ကားဆီတိုးေတာ့သည္။

သူ႕အႀကံကို ေၾကာက္တာေၾကာင့္ အရွိန္ေလ်ာ့မယ့္ပုံမျပတဲ့ ခ်ဴေရွာင္းအလ်င္က သူ႕ဆီျဖတ္လာမွ ဆံခ်ည္တစ္မွ်င္စာမွ်အကြာမွ ယိခ်န္သူမကားကို ေရွာင္လိုက္၏။ တစ္လမ္းလုံးျပန့္က်ဲေနတဲ့ ႏွင္းဆီပြင့္ဖတ္ေတြကို ငုံ႕ၾကည့္ရင္း သူ႕ကားတာရာကို ေဒါသတႀကီးကန္ကာ တုံ႕ဖန္အုပ္စုဆီေနာက္ထပ္ ႏွင္းဆီပန္းစီးမွာလိုက္ျပန္သည္။

* * * *

ယိခ်န္ ခ်ဴေရွာင္းကိုလိုက္တဲ့ မဆုတ္မနစ္ဇြဲကို ထိန္းထား၏။ ေန႕တိုင္း ေက်ာင္းမွာသူမကို ပန့္ပို႔ဖို႔ မပ်က္ကြက္တဲ့အျပင္ သူမ႐ုံးခန္းကိုလည္း ေနာက္ပန္းစည္းပို႔ဦးမည္သာ။ ဒါျပင့္ ေန႕လည္ခင္း လက္ဖက္ရည္အစုံလိုက္ေကာပင္။ ဒီလိုေတြေၾကာင့္ ခ်ဴမိသားစုသမီးကညာကို ယိခ်န္လိုက္ေနတဲ့သတင္းက ေတာမီးအလားျပန့္ျပန္ေတာ့သည္။ သူ႕ရဲ႕ဆက္တိုက္လက္ေဆာင္ေတြ ဘာတစ္ခုကိုမွလက္မခံခ်င္တာေၾကာင့္ အကုန္လုံးကို အတန္းေဖာ္ေတြနဲ႕လုပ္ေဖာက္ကိုင္ဖက္ေတြကိုသာ ေပးပစ္ေတာ့သည္။

ေနာက္ဆုံးစာေမးပြဲႀကီးရဲ႕ ရက္သတၱတစ္ပတ္အတြင္း ခ်ဴေရွာင္းကိုလိုက္ဖို႔ ယိခ်န္ဘယ္ေလာက္ေတာင္ ဆုံးျဖတ္ခ်က္ခ်ၿပီး စိတ္အားထက္သန္ေနလဲဆိုတာ ပိုင္႐ြယ္ေဝ့ ေတြ႕လိုက္ရသည္။ မနာလိုစိတ္ေတြ အလြန္ႀကီးမားလာသည္ေၾကာင့္ စာေမးပြဲကိုအာ႐ုံမစိုက္နိုင္ဘဲ ဒီအရင္ရက္ေတြက လုံးလရွိရွိမႀကိဳးစားထားတာေၾကာင့္ သူမစာေမးပြဲကိုသဘာဝက်စြာ မေအာင္ခဲ့ေခ်။

စာသင္ခန္းရဲ႕တစ္ျခားတစ္ဖက္ကို ၾကည့္မိေတာ့ ေမးခြန္းေတြကိုေၾကာက္လန့္ျခင္းမရွိ တည္တည္ၿငိမ္ၿငိမ္ေျဖေနတဲ့ ခ်ဴေရွာင္းကိုၾကည့္ၿပီး သူမကိုယ္တိုင္ကေတာ့ အခက္ေတြ႕ေနရသည္။ ဘာလို႔မ်ား သူတို႔ေနရာေတြလဲသြားသလို ထင္ေနရတာလဲ? ဒီအခ်ိန္မွာေတာ့ ပိုင္႐ြယ္ေဝ့ခမ်ာ့ ၿခိမ္းေျခာက္ၾကည့္ေတြသာ ၾကည့္နိုင္ကာ ပုစ္ဆာေပၚမွာသုန္မႈန္ေနေတာ့သည္။ သို႔ေသာ္ ခ်ဴေရွာင္းကိုေတာ့ ရန္သြားမစရဲပါေခ်။ သူမႀကိဳးစားရင္ေတာင္ ခ်ဴေရွာင္းသူမကိုလ်စ္လ်ဴရႈၿပီး အစီအစဥ္ကေတာ့ ဆန့္က်င့္ဖက္တစ္လြဲေတြ ျဖစ္လာမည္သာ။

သတိထားေနတဲ့သူကေတာ့ အၿမဲဆိုးက်ိဳးေတြ သက္ေရာက္ေနၿပီး ဘယ္ေတာ့မွဂ႐ုမစိုက္တတ္တဲ့ သူကေတာ့ ကိစၥေတြရဲ႕အျပင္ဘက္မွာ ရွိေနသည္။

ပိုင္႐ြယ္ေဝ့က ယိခ်န္ျမင္ကြင္ထဲေရာက္ေနမယ့္ခုံကို တမင္ေ႐ြးခဲ့တာမဟုတ္ေပမယ့္ သူမေ႐ြးမိသြားကာ သူမရဲ႕သတိလက္လြတ္ျဖစ္မႈကို ျမင္ရေအာင္ဟန္ေဆာင္ေန၏။ ဒီခပ္လွ်ိုလွ်ိုအမူအရာေတြနဲ႕ ဟန္လုပ္တာေတြေၾကာင့္ ဘယ္လိုပဲျဖစ္ပါေစ ႏွောင့္ယွက္မိမည္မဟုတ္ေခ်။

ခ်ဴေရွာင္းကိုထပ္ေစာင့္ဖို႔ ေက်ာင္းအျပင္ဘက္ကို ခ်က္ခ်င္းေမာင္းထြက္သြားတဲ့ ယိခ်န္ကို သင္တန္းနည္းျပျမင္ေတာ့ ေခါင္းမခါဘဲမေနနိုင္ေတာ့သည့္အျပင္ သက္ျပင္းခ်လိဳက္မိသည္။ ပညာေရးစနစ္က ဘယ္ေလာက္ပဲေသးငယ္ေနပါေစ ဆရာေတြတကယ္ေတာ့ ေက်ာင္းသားေတြရဲ႕ ကိုယ္ေရးကိုယ္တာဘဝကို ဂ႐ုမစိုက္ပါေခ်။ စည္းမ်ည္းေတြ လုပ္ထုံးလုပ္နည္းေတြ ခ်မွတ္ထားေပမယ့္ သူတို႔ေတြစည္းမေက်ာ္လာသေ႐ြ႕ ေက်ာင္းသားေတြရဲ႕အျပဳအမႈကို တကၠသိုလ္ကဒီတိုင္းေလး မ်က္စိမွိတ္ထားမည္သာ။

ဒီသီးျခားသုံးပြင့္ဆိုင္ကိစၥက ေက်ာင္းတြင္းေရာေက်ာင္းျပင္ပပါ ေရပန္းစားတဲ့ေဆြးႏြေးစရာ ေခါင္းစဥ္ျဖစ္ေနသည္မို႔ ျပသနာကအေတာ္ေလး ႀကီးလာေလသည္။ ဒါ့အျပင္ တိုက္ခန္းေလးတစ္ခန္းနဲ႕လဲဖို႔ ပိုင္႐ြယ္ေဝ့ခႏၱာကိုယ္ေရာင္းစားတယ္ဆိုတဲ့ ေကာလဟာလေတြကလည္း ရွိေနျပန္သည္။ တကၠသိုလ္အေနနဲ႕ အဲ့လိုအတင္းအဖ်င္းမ်ိဳးမရွိဘူးဆိုတာ ေၾကညာထားေပမယ့္ တျခားအရာေတြထက္ ဂုဏ္သတင္းကိုတန္ဖိုးထားတဲ့ တကၠသိုလ္ရဲ႕စကားေတြကို ယုံၾကည္ၾကပုံမေပၚ။

ဒါ့အျပက္ခ်ဳေရွာင္းဘက္ကလည္း သူတို႔နဲ႕ဆက္ဆံမႈ မရွိလိုေတာ့ေၾကာင္း ရွင္းရွင္းလင္းလင္း ေျပာထားၿပီးေလၿပီ။ ျပသနာရဲ႕ျဖစ္ရပ္တစ္ခုအေနနဲ႕ သူမအရင္က အရွက္ရမႈေတြအတြက္ စြပ္စြဲၿပီး ေက်ာင္းရဲ႕အဆိုကို ခ်မွတ္ေပးဖို႔ပါ ေတာင္းဆိုခဲ့၏။ တကၠသိုလ္က ခ်ထားတဲ့စည္းကမ္းေတြကို သူတို႔ဘက္က ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္႐ုံတင္မကဘဲ က်န္တဲ့ေက်ာင္းသားေတြအေပၚမွာပါ လႊမ္းမိုးမႈသက္ေရာက္ေနေသးသည္။ သတိေပးခ်က္ေတြ လက္ခံရတာကလြဲလို႔ သင္ခန္းစာမရေသးဘဲ အဲ့ဒီအစားကိစၥေတြကို ပိုဆိုးေအာင္လုပ္ဖို႔ သူတို႔တစ္ေတြ ဆုံးျဖတ္ထားေလသည္။ ဒီေက်ာင္းသားေတြက အရမ္းအရွက္မရွိလိုက္တာ?

ဒီျပသနာေကာင္ေတြကို ေက်ာင္းထုတ္ဖို႔က မလြယ္ေပမယ့္ သူတို႔အမွားေတြက စိုးရိမ္ရသေ႐ြ႕ တကၠသိုလ္ဘက္က သူတို႔ကို 'ဆႏၵအရႏႈတ္ထြက္ဖို႔' စည္း႐ုံးနိုင္၏။ ဒီစိတ္ပ်က္စရာ အေျခအေနကို ၾကားကာ အၾကာႀကီးေတြးေတာအၿပီး လက္ရွိနည္းနဲ႕အေျခအေနေတြကို မထိန္းနိုင္မွေတာ့ စည္းကမ္းထိန္းသိမ္းေရးနဲ႕ ေဆြးႏြေးၾကည့္ဖို႔သာ နည္းျပအေနနဲ႕ ဆုံးျဖတ္လိုက္ေတာ့သည္။

28.4.2023

Continue Reading

You'll Also Like

97.1K 9.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
10.3K 1.2K 21
MM Translation... Chapter.81 to...
637 61 8
Original Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my ow...
83.2K 10.2K 87
The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Year 2019 Status in COO 122 Chapters + 32 S...