အုံ့စိုင်းစိုင်း တိမ်စိုင်တို့ကိုငေးရင်း သက်ပိုင်၏ အတွေးတို့က ရောက်တတ်ရာရာ။
တစ်ယောက်တည်းသောသူအကြောင်း တွေးမိပြန်တော့ ရင်အစုံဟာနွေးထွေးသွားသလို။
စိုင်းအောင်မင်းခန့်ဆိုသော
ဒီလူသားသာ သူ့ဘဝထဲမပေါ်လာခဲ့ရင် အခုချိန်သူဟာဘယ်လိုလူမျိုးဖြစ်နေခဲ့မလဲ။
ဒါမှမဟုတ် လောကကြီးထဲမှာတောင်ရှိပါ့ဦးမလားလေ။
ဆယ်စုနှစ်ကြာမှ ပြန်တွေ့စုံခဲ့ရပေမဲ့ ထိုလူဟာ အရင်လို သူ့အပေါ်မှာနူးညံကြင်နာဆဲ။
လွန်ခဲ့သော အတိတ်တချိန်ကို ပြန်တွေးမိတော့ အမှတ်တရတွေဟာ အိုဟောင်းခြင်းမရှိခဲ့။
သူ့အားကျောပိုးပြီး ထိုလူလျှောက်ခဲ့တဲ့လမ်းတွေ၊
သူ့လက်ကိုဆုပ်ကိုင်ထားခဲ့တဲ့ ထိုလူရဲ့ခပ်ကြမ်းကြမ်းလက်တွေ၊
သူ့အားအကြိမ်ကြိမ်ထွေးပွေ့ပေးခဲ့တဲ့ ထိုလူရဲ့ရင်ခွင်၊
စသည့်စသည့် အရာများဟာ ဘာနှင့်မျှမလဲနိုင်လောက်အောင်အထိကို အဖိုးတန်လွန်းလှပါရဲ့။
သက်ပိုင် သူ့ကိုခေါ်တဲ့နာမ်စားလေးကတော့"လေးလေးငယ်"တဲ့လေ။
သူ လေးလေးငယ်
ကိုဘာကြောင့်များ ချစ်မိသွားခဲ့ရသလဲ။ဘယ်အချိန်ထဲကလဲ။
အဖြေဟာမရှိခဲ့။
လေးလေးငယ်
အနားမှာနေရင်လုံခြုံမှု၊နွေးထွေးမှုနဲ့စိတ်အေးသက်သာမှုကို ခံစားရတဲ့အပြင်၊ ဒီလူတစ်ယောက်တည်းကသာ သူ့ကို ချစ်ခြင်းမေတ္တာဆိုတဲ့အရာကိုခံစားစေခဲ့သောကြောင့်ဖြစ်ပါလိမ့်မည်။
ငယ်ငယ်ကတည်းက သူနားလည်ခဲ့သည်။လေးလေးငယ်
အနားမှာရှိရင် ပျော်ရွှင်ရသလို၊သူတစ်ယောက်တည်းအတွက်သာ သက်ပိုင် အသက်ရှင်ချင်ခဲ့သည်။
သူ လေးလေးငယ်ကိုချစ်တဲ့အချစ်က ဖေဖေနဲ့မေမေကိုချစ်တဲ့အချစ်လိုမျိုးမဟုတ်ခဲ့ပဲ ချစ်ခြင်းမေတ္တာ၏အခြားသောခေါင်းစဥ်တစ်ခုနဲ့ချစ်ခဲ့ခြင်းပင်။
ချစ်ရုံတင်လားဆိုရင်တော့ မဟုတ် မြတ်နိုးခြင်းတို့ဟာလည်း ရာခိုင်နှုန်းများစွာပါဝင်နေနိုင်သည်။
ထိုသူရဲ့မျက်နှာကိုပဲ တချိန်လုံး ထိုင်ငေးနိုင်သလို၊ထိုလူရဲ့လက်ကိုသာလျှင်ဆုပ်ကိုင်ထားချင်ခဲ့သည်။
ထို့အပြင် သူတစ်ယောက်တည်းကိုသာ"ချစ်တယ်"ဟူသောစကားကိုပြောချင်ခဲ့၍ မြတ်နိုးခြင်းတို့ဟာလည်း ထိုသူတစ်ယောက်အတွက်သာ ဖြစ်တည်ခဲ့သည်။
ထိုသူအား အထိအခိုက်နည်းနည်းလေးမှမခံနိုင်သလို၊အန္တရာယ်များသောအလုပ်များကိုလည်းမလုပ်စေချင်။
ဖြစ်နိုင်မည်ဆိုလျှင် လေးလေးငယ်အား သူ့နှလုံးသားအခန်းငယ်လေးထဲမှာသာ လုံခြုံအောင်သိမ်းထားချင်လိုက်ပါ၏။
ဤအတွေးအား လေးလေးငယ်သိပါက သူ့အားခေါင်းခေါက်လိမ့်မှာ အမှန်ပင်။
ဟုတ်လည်းဟုတ်ပါသည် လေးလေးငယ်ဟာ သူ့ထက်ပင်သန်မာသေးသည်မဟုတ်လား။
သို့ပေမဲ့လို့ လူသားတိုင်းကသူတို့ချစ်တဲ့သူအပေါ်ကိုအထိအခိုက်အရှအနာမဖြစ်စေချင်ကြသလို သူတို့မြတ်နိုးတဲ့သူတွေကိုကာကွယ်ချင်ကြတာပဲမဟုတ်ပါလား။
သက်ပိုင်ဟာလည်း ထိုနည်းတူစွာပါပဲ။
ဒါဖြင့်
လေးလေးငယ်အတွက်ကရော။
သူဟာ လေးလေးငယ်အတွက်မည်သို့သောဖြစ်တည်မှုမျိုးပါလဲ။
သွေးမတော်သားမစပ်တဲ့ တူလေးတစ်ယောက်လား၊ဒါမှမဟုတ် သနားစဖွယ်မိဘမဲ့ကလေးလေးတစ်ယောက်များလား။
ဘယ်လိုဖြစ်ဖြစ် ဒါတွေကိုသူဂရုမစိုက်ပါ။အဓိက က လေးလေးငယ်အနားမှာသာနေခွင့်ရလျှင် မည်သို့သောဖြစ်တည်မှုမျိုးပင်ဖြစ်စေကာမူ သူကျေနပ်သည်လေ။
ဒီလူသားဟာ သက်ပိုင်အတွက်တော့နားခိုရာလေးပင်ဖြစ်ပါ၏။
*****
မုန်တိုင်းကြောင့် သစ်ပင်များပင်ကျိုးလုနီးဖြစ်နေသည့်ပုံစံကို စိုင်းပြတင်းပေါက်မှတဆင့် တည်ငြိမ်စွာရပ်ကြည့်နေမိသည်။
လမ်းမပေါ်၌ သဲများက အများအပြား၊လေကလည်းပြင်းလွန်းသဖြင့် သွပ်ပြား၊သံပြားအစရှိသည်တို့ပါ လွှင့်ထွက်ကုန်ကြပြီး သစ်ပင်များလည်းကျိုးလုနီးနီးပင်။
မုန်တိုင်းကြောင့် ပတ်ဝန်းကျင်ရှိအသံမှာဆူညံနေ၍ လူသံဆိုတာလည်းမကြားရသလို လမ်းမထက်၌လည်းခွေးတစ်ကောင်ပင်မရှိ။
ဒီလောက်မုန်တိုင်းတိုက်နေတာကိုလည်း အပြင်ထွက်လည်းသေရုံသာရှိသည်ကို။
စိုင်းကော်ဖီပူပူတစ်ခွက်အားကိုင်ရင်း
စိမ်ပြေနပြေ အပြင်ဘက်အားကြည့်နေမိသည်။ဘာအကျင့်ရယ်မသိ စိုင်းကဒီလိုရာသီဥတုမျိုးကိုအတော့်ပင်သဘောကျလေသည်။
သိပ်ပင်မကြာပါ မိုးများပါသည်းကြီးမည်းကြီးရွာချလာ၍ ကောင်းကင်ထက်၌လည်း လျှပ်စီးများကတလက်လက်ထနေသည့်အပြင်
မိုးချုန်းသံကြီးများကိုလည်း တချက်တချက်ကျယ်လောင်စွာကြားရသည်။
စိုင်း ပြတင်းပေါက်မှ မျက်စိမလွဲမိ။
ထိုအချိန်မှာပဲ စိုင်း၏သတိကိုလှုပ်နိုးလိုက်သကဲ့သို့ ကျယ်လောင်သောအော်သံအားတဖက်ဘေးခန်းမှကြားလိုက်ရလေသည်။
"အားးးးးးး!!!!!"
ယင်းအသံအားကြားလိုက်ရခိုက်
စိုင်း၏ ခန္ဓာကိုယ်က ချက်ချင်းမတ်ကနဲဖြစ်သွားသည်။
တစ်ခုခုအားကြောက်လန့်နေသကဲ့သို့အသံဖြစ်မျိုးဖြစ်၍ အော်လိုက်သည့်သူမှာသွေးပျက်ထိတ်လန့်နေဟန်တူ၏။
အဲ့တာထက် အရေးကြီးသည်က
အသံမှာ သက်ပိုင်၏အခန်းမှလာတာဖြစ်၍ အသံပိုင်ရှင်ဟာ သက်ပိုင်ပင်။
စိုင်းချက်ချင်းကိုင်ထားသောကော်ဖီခွက်အား နံဘေးရှိ စားပွဲပေါ်သို့ချလိုက်၍ သက်ပိုင်၏အခန်းဘက်သို့ပြေးသွားလိုက်မိသည်။
အသံအား ပိုမိုကျယ်လှောင်လာ၍
အဆက်မပြတ်အော်ဟစ်နေသံ။
စိုင်း၏ စိုးရိမ်မှုဒီဂရီက 100ရာခိုင်နှုန်းအထိရောက်နေပြီပင်ဖြစ်၏။
သက်ပိုင်၏အခန်းရှေ့ကိုရောက်သည့် အခါတွင်တော့ယင်းအော်သံဟာ ချက်ချင်းတိတ်ဆိတ်သွား၍ လုံးဝကိုငြိမ်ကျသွားလေသည်။
ထိုကဲ့သို့ ငြိမ်ကျသွားမှစိုင်းပိုမိုစိတ်ပူလာရသည်။
တိုက်ခန်းlockအား ဖွင့်လိုက်တော့ ချက်ချင်းပင်ပွင့်သွားသည်။တော်သေးတာပေါ့ သက်ပိုင် ကသူ့ကိုlock နံပါတ်ပြောပြထားပေလို့။
စိုင်း တိုက်ခန်းထဲအား အလျင်ဝင်လိုက်တော့ တိုက်ခန်းထဲ၌မည်သူမျှရှိမနေ။
တိုက်ခန်းထဲ၌
မှောင်မဲနေသော ဧည့်ခန်းနှင့် လေတိုက်သော
ကြောင့် လေထဲ၌တလွင့်တလူးဖြစ်နေသော ပြတင်းပေါက်လိုက်ကာများကိုသာလျှင် စိုင်းတွေ့လိုက်ရ၍ သက်ပိုင်၏အရိပ်ကလေးပင်မတွေ့ရ။
"ပေါက်စ!"
စိုင်း စိတ်ပူစွာအော်ခေါ်လိုက်ပေမဲ့လို့ ပြန်ဖြေသူဟာတစ်ယောက်မှရှိမနေခဲ့။
တိုက်ခန်းပြတင်းပေါက်များဟာလည်း
ပြင်းထန်လွန်းလှသည့်ကြောင့် နံရံ၌တိုက်ကာအသံများက ရိုက်ခတ်သံများကကျယ်လှောင်နေ၏။
သဲနှင့်မိုးရေများကလည်း တိုက်ခန်းထဲသို့ပြတင်းပေါက်မှတဆင့် ဝင်ရောက်နေကာ တိုက်ခန်းတစ်ခုလုံးကဝုန်းဒိုင်းကျဲနေလေသည်။
စိုင်း ချက်ချင်းပင်
ပြတင်းပေါက်များအား အမြန်သွားပိတ်လိုက်၏။
သက်ပိုင်ဆိုတဲ့ကောင်လေးက မုန်တိုင်းဒီလောက်ဖြစ်နေတာကို ပြတင်းပေါက်တွေမပိတ်ဘူးလား။
အဲ့တာထက် သက်ပိုင်အခုဘယ်မှာလဲဆိုတာပင်။စိုင်းခဏက ကြားလိုက်ရသောအော်သံမှာ သေချာပေါက်သက်ပိုင်၏အသံပင်။
"ပေါက်စ!"
စိုင်း ၏စိတ်ပူမှုအဆင့်က အမြင့်ဆုံးကိုရောက်နေပြီဖြစ်၍
သက်ပိုင်အား ဘာမှမဖြစ်စေရန်မျှော်လင့်နေမိသည်။
စိုးရိမ်ထိတ်လန့်မှုတို့က နှလုံးသားထဲစီးဝင်လာခိုက် သက်ပိုင်ဟာဤကဲ့သို့ခံစားချက်မျိုးကို သူ့အားပေးနိုင်သည့်တစ်ဦးတည်းသောလူမှန်းသိလိုက်ရသည်။
သူပြန်ပေးဆွဲခံခဲ့ရသည့် အချိန်တုန်းကတောင် ဤကဲ့သို့မခံစားခဲ့ရဖူးချေ။
ထိုအချိန်မှာပဲ ရုတ်တရက် စိုင်း၏အနောက်သို့ လူရိပ်တစ်ခုကရောက်လာ၍ သူ့အားချုပ်ရန်လုပ်သည်။ ထိုအခါ စိုင်း၏မသိစိတ်အရ ဝုန်းကနဲ ရှောင်လိုက်မိကာ
ချက်ချင်း နံရံပေါ်ရှိ မီးခလုတ်အားလျင်မြန်စွာဖွင့်လိုက်တော့ ပထမဆုံး မျက်စိရှေ့မှာပေါ်လာသည်က သက်ပိုင်၏မျက်နှာ။
"ပေါက်စ..."
စိုင်း အံ့သြတကြီးခေါ်လိုက်တော့သူ့ကိုနီရဲနေသော မျက်ဝန်းတစ်စုံနှင့်စိုက်ကြည့်နေသော သက်ပိုင်ကိုတွေ့လိုက်ရသည်။
ပယင်းရောင်မျက်ဝန်းများက ကျားသစ်တစ်ကောင်ရဲ့ မျက်ဝန်းတွေလိုမျိုး လက်နေကာ သားရဲတစ်ကောင်ကဲ့သို့စူးရှနေလေသည်။
စက္ကန့်ပိုင်းလေးပင်မကြာလိုက် သက်ပိုင်၏ပယင်းရောင်
မျက်ဝန်းထဲမှမျက်ရည်များက ချောင်းငယ်တစ်ခုလို ပါးပြင်ပေါ်သို့စီးကျလာတော့သည်။
"လေးလေးငယ်ကပါ..သားကိုမလိုချင်တော့ဘူးလား"
စိုင်း ယခုအခြေအနေအား လိုက်မမှီပဲရှိကာ ကြောင်အနေမိသည်။
ကလေးတစ်ယောက်ကဲ့သို့ ရှိုက်ကြီးတငင်ငိုယိုရင် သူ့ကိုသူ"သား"ဟူသော နာမ်စားသုံးနေသည့် သက်ပိုင်ကို စိုင်း နားမလည်တော့ပေ။
"သားဖေဖေလိုပဲ.....
လေးလေးငယ်ကလည်း သားကိုမလိုချင်တော့ဘူးမလား"
စိုင်း သက်ပိုင်၏စိတ်အခြေအနေကိုအလုံးစုံမျှမသိသော်လည်း မူမမှန်တာတစ်ခုကိုတော့သတိထားမိလိုက်လေသည်။
ထို့ကြောင့်
စကားသံအားအတတ်နိုင်ဆုံးနိမ့်ချလိုက်ရင်း ကလေးတစ်ယောက်ကိုချော့မော့သကဲ့သို့လေသံလေးဖြင့်ပြောလိုက်သည်။
"မဟုတ်ပါဘူး..ပေါက်စရာ...မငိုနဲ့လေကွာ မင်းငိုတော့ လေးလေးငယ်ကဘယ်စိတ်ကောင်းပါ့မလဲ"
စိုင်း သက်ပိုင်၏ခေါင်းအနောက်ဘက်သို့ကိုင်လိုက်ရင်း သူ၏ပုခုံးပေါ်သို့ခေါင်းအားမှီစေလိုက်သည်။
"လေးလေးငယ်က သားဖက်တာကိုမခံဘူးလေ"
သက်ပိုင်က သူ့ပုခုံးပေါ်သို့ ခါးကိုင်းချကာမှီထားရင် ရှိုက်ကာငိုနေလေသည်။
စိုင်း သက်ပိုင်၏ကျောပြင်အားအသာပုတ်ပေးရင်း နူးညံစွာပြောလိုက်လေသည်။
"လေးလေးငယ်က အခြားတစ်ယောက်ထင်သွားလို့ပါ ဒါကြောင့်ရှောင်လိုက်မိတာ။ပေါက်စမှန်းသာသိရင် လေးလေးငယ်က ဘယ်ရှောင်ပါ့မလဲ မဟုတ်ဘူးလား"
ဒီကောင်လေးဟာ ဘာတွေဖြစ်ခဲ့သလဲမသိပေမဲ့လို့ အဆင်ပြေပြေရှိနေလို့တော်သေးပေါ့။
အော်သံကိုကြားလိုက်တုန်းက သူဘယ်လောက်တောင်လန့်သွားခဲ့ရသလဲ။
"လေးလေးငယ်...သားကြောက်တယ်၊သားကိုထားမသွားပါနဲ့....သားအရမ်းအေးနေတယ်၊ဒါကြောင့်ထားမသွားပါနဲ့"
"...."
"အရမ်းလည်းဆူညံတယ်...ဘယ်သူမှလဲမရှိဘူး..သားတစ်ယောက်တည်း ဖေဖေလည်းမရှိဘူး မေမေလည်းမရှိဘူး၊သားသိပ်ကြောက်တယ်...သူတို့က သားကိုတစ်ယောက်တည်းထားခဲ့ကြတယ်"
တိုးဖွဖွနှင့်ရှိုက်သံများရောနှောနေသည့်အသံလေးဟာ
ဟာ တကယ့်ကိုကြောက်နေတဲ့ကလေးလေးတစ်ယောက်လို။
စိုင်း သက်ပိုင်အား ပိုမိုဖက်လိုက်ပြီး ဒီကောင်လေးရဲ့နှလုံးသားအားငြိမ်သက်သွားစေရန်ဆုတောင်းနေမိသည်။
ဘာတွေများဖြစ်ခဲ့တာလဲ ပေါက်စရာ...ဘာတွေကြုံတွေ့ခဲ့ရလို့အဲ့လောက်တောင်ကြောက်နေရတာလဲ။
တုန်ရီနေသော ခန္ဓာကိုယ်လေးအား ထွေးပိုက်ရင်း ကျောပြင်လေးအားသာသာလေးပုတ်ကာ ကလေးလေးတစ်ယောက်လိုချော့မြူနေမိသည်။
ထို့အပြင် သက်ပိုင်၏လက်များဟာလည်း သူ၏ခါးအားပိုမိုတင်းကျပ်စွာဖက်လာ၍ စိုင်းဟာလည်းယင်းလက်များအားခွာချခြင်းမပြုခဲ့ပါချေ။
"အင်း မကြောက်နဲ့နော် လေးလေးငယ်ရှိတယ်...မင်းတစ်ယောက်တည်းမဟုတ်ဘူး..လေးလေးငယ်မင်းဘေးမှာရှိတယ်။တိတ်တိတ်..လိမ္မာတယ် အသက်က..မငိုနဲ့နော်"
ပုံမှန်ဆိုလျှင် စိုင်း၏အရပ်ဟာရှည်လျား၍ ခပ်ကျယ်ကျယ်ပုခုံးနှင့်
ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်ရှိ
သော်လည်း သက်ပိုင်နှင့်ယှဥ်လိုက်တော့ အနည်းငယ်ညှပ်သွားသလိုပင်။
မိနစ်အနည်းငယ်ကြာတော့ သက်ပိုင်၏စိတ်အခြေအနေဟာ အနည်းငယ်ငြိမ်သွားဟန်ရှိ၍ သတိပြန်ဝင်ဟန်။
ဆိုဖာပေါ်၌ ဘေးချင်းကပ်ရပ်ထိုင်ရင်း
သူ၏ပုခုံးပေါ်သို့ခေါင်းမှီထားသော ကောင်လေးမှအသံလေးတစ်သံထွက်လာသည်။
"ကျွန်တော်က ထူးဆန်းတယ်မလားလေးလေးငယ်....တောင်းပန်ပါတယ်"
"ဘာမှမဖြစ်ပါဘူးကွာ"
"မုန်းမသွားပါနဲ့"
"ဘာကြောင့်မုန်းရမှာလဲ ပေါက်စရ"
ထိုအခါ သက်ပိုင်က သူလက်အားကိုင်ထားသော လက်များကိုပိုမိုတင်းကျပ်စေလိုက်ရင်း
"ကြောက်လို့ပါ..လေးလေးငယ်မုန်းသွားမှာကို"
"မမုန်းဘူးမို့လို့ လျှောက်မတွေးနဲ့ပေါက်စ။အခုကဘယ်လိုလဲ အဆင်ပြေပြီလား"
"ဟုတ်ကဲ့..နည်းနည်း၊
အရင်ကလည်း ဒီလိုခဏခဏဖြစ်တယ်။ အထူးသဖြင့် မုန်တိုင်းကျတဲ့အချိန်တွေလေ...အဲ့အချိန်တွေဆို ကျွန်တော့်ရဲ့အသိစိတ်ကလွှတ်သွားပြီး အတိတ်တုန်းကဆီကိုပြန်ပြန်ရောက်သွားတာရယ်....။
သိပ်ကြောက်ဖို့ကောင်းတာပဲ
လေးလေးငယ်ရာ"
"အင်း မကြောက်နဲ့ လေးလေးငယ်ရှိတယ်"
"....ဘာကြောင့်လဲလို့မမေးတော့ဘူးလားဟင်"
"မင်းပြောပြချင်လား"
"အင်း လေးလေးငယ်သိချင်ရင်ကျွန်တော်အကုန်ပြောပြမှာ"
"ဒါဆို လေးလေးငယ်နားထောင်မယ်"
".....
ကျွန်တော်က ငယ်ငယ်ကတည်းက မိုးချုန်းတာကိုသိပ်ကြောက်တာလေ။မေမေရှိတုန်းကတော့ မေမေကကျွန်တော့်ကိုဖက်ထားပေးတယ်။
ဒါပေမဲ့ မေမေကျွန်တော်နဲ့ဖေဖေကို ပစ်ထားပြီး အခြား
ယောက်ျားတစ်ယောက်နောက်လိုက်သွားပြီးတော့ ဖက်ပေးမဲ့သူမရှိတော့ဘူးလေ။ လေးလေးငယ်ကို ကျွန်တော်ပြောဖူးပါတယ် ဖေဖေကမေမေနဲ့တူတဲ့ကျွန်တော့်ကိုသိပ်မုန်းတယ်ဆိုတာကိုလေ..။
အဲ့တာနဲ့ ကျွန်တော်ကြောက်တာကို သိသိရဲ့နဲ့ဖေဖေက ကျွန်တော့်ကိုမုန်တိုင်းကြားထဲ တမင်ပစ်ထားခဲ့တာ။ ကျွန်တော့်ကိုမလိုချင်တော့လို့တဲ့။ အဲ့နေ့က
မိုးတွေကလည်းသည်းကြီးမဲကြီးရွာသလို လျှပ်စီးတွေကလည်း ကောင်းကင်မှာလက်နေတာပဲ။
မိုးချုန်းသံကြီးတွေက ကျယ်သလိုအရမ်းလည်းအေးတယ်...။
နောက်တော့ ကျွန်တော်မေ့လဲသွားတော့တာပဲ။နိုးလာတဲ့အချိန်မှာဆေးရုံရောက်နေပြီ...။အဲ့နေ့ကတည်းက မုန်တိုင်းတိုက်တဲ့အချိန်မျိုးဆို
မဖုံးကွယ်နိုင်လောက်အောင်ကြောက်ပြီး အသိစိတ်ပါလွှတ်ထွက်သွားတော့တာပဲ"
"မင်း အိမ်မပြန်ခဲ့ဘူးလား"
"ကျွန်တော်မှ အိမ်ပြန်လမ်းမသိတာလေးလေးငယ်ရာ..."
"ဒါဆို ငါထွက်သွားပြီးတဲ့အချိန်တုန်းကရော ဖြစ်ခဲ့ဖူးလား"
"အင်းဖြစ်တယ်...မုန်တိုင်းတိုက်တဲ့အချိန်တိုင်းဖြစ်လေ့ရှိတယ်၊ကျွန်တော် 17နှစ်တုန်းကဆို အသိစိတ်လွှတ်ပြီးမုန်တိုင်းကြားထဲလျှောက်သွားတာလေ...မနက်ရောက်ပြီးအသိစိတ်ပြန်ဝင်လာတော့ ဘယ်ရောက်လို့ရောက်နေမှန်းမသိခဲ့ဘူး"
"......."
"ဘာလို့လဲ လေးလေးငယ်?"
သူ၏ပုခုံးပေါ်၌ ခေါင်းမှီရင်းမော့ကြည့်လာသော ပယင်းရောင်မျက်ဝန်းတို့ဟာအရောင်အနည်းငယ်ပင်ဖျော့လို့နေ၏။
ဒီကောင်လေးရဲ့ စိတ်ဒဏ်ရာတွေကိုမျှဝေယူပေးလို့ရရင်ဘယ်လောက်ကောင်းလိုက်မလဲလေ။
"ပင်ပန်းသွားပြီပေါက်စ..."
"ကျေးဇူးတင်ပါတယ် လေးလေးငယ်"
"ဘာလို့လဲ"
"အရာရာတိုင်းအတွက်ပါပဲ"
သူ့ပုခုံးပေါ် မှီရင်း အိပ်မောကျသွားတဲ့ ကောင်လေးကိုကြည့်ရင်း စိုင်း သက်ပြင်းခဲ့ယဲ့ယဲ့လေးချမိသည်။
သူ၏လက်ကိုတင်းတင်းဆုပ်ကိုင်ထားတဲ့ လက်တစ်စုံကိုစိုက်ကြည့်ရင်း
သူဒီကောင်လေးအပေါ်ကို သံယောဇဥ်အတော်လေးတွယ်နေပြီဖြစ်ကြောင်းသိလိုက်ရ၏။
အခြားသူတွေထက်လည်း အောင်သက်ပိုင်ဆိုတဲ့ကောင်လေးကို ပိုမိုအရေးပေးမိမှန်းသူကိုယ်တိုင် သတိထားမိသလို
အကြောင်းပြချက်ကိုတော့ရှာမတွေ့ပါချေ။
စိုင်း ဟာငယ်ငယ်ကတည်းက
အပြင်ပန်းဒဏ်ရာတွေအများကြီးရခဲ့ပေမဲ့လို့ အတွင်းပိုင်းဒဏ်ရာတွေမြောက်များစွာရခဲ့တဲ့
ဒီကောင်လေးကိုဘယ်ယှဥ်နိုင်မှာတဲ့လဲလေ။
"မင်းကသိပ်သန်မာတာကိုသိရဲ့လား အသက်ရဲ့"
သေချာပေါက် အိပ်ပျော်နေတဲ့ကောင်လေးဟာ သူ၏အမေးကိုပြန်လည်းဖြေကြားနိုင်ခြင်းမရှိခဲ့ပါချေ။
"အရူးလေး"
*******
Alexender AN(Ah Nyo)
Apr.26.2023
မာဖီးယားကြီးက သူ့ကလေးလေးအပေါ်ဆိုအရမ်းနူးညံတာနော်TwT
update timeကတော့ နှစ်ရက်ခြားတစ်ခါဖြစ်ဖို့များပါတယ်ဗျ။
*******
အုံ႔စိုင္းစိုင္း တိမ္စိုင္တို႔ကိုေငးရင္း သက္ပိုင္၏ အေတြးတို႔က ေရာက္တတ္ရာရာ။
တစ္ေယာက္တည္းေသာသူအေၾကာင္း ေတြးမိျပန္ေတာ့ ရင္အစုံဟာေႏြးေထြးသြားသလို။
စိုင္းေအာင္မင္းခန္႔ဆိုေသာ
ဒီလူသားသာ သူ႕ဘဝထဲမေပၚလာခဲ့ရင္ အခုခ်ိန္သူဟာဘယ္လိုလူမ်ိဳးျဖစ္ေနခဲ့မလဲ။
ဒါမွမဟုတ္ ေလာကႀကီးထဲမွာေတာင္႐ွိပါ့ဦးမလားေလ။
ဆယ္စုႏွစ္ၾကာမွ ျပန္ေတြ႕စုံခဲ့ရေပမဲ့ ထိုလူဟာ အရင္လို သူ႕အေပၚမွာႏူးညံၾကင္နာဆဲ။
လြန္ခဲ့ေသာ အတိတ္တခ်ိန္ကို ျပန္ေတြးမိေတာ့ အမွတ္တရေတြဟာ အိုေဟာင္းျခင္းမ႐ွိခဲ့။
သူ႕အားေက်ာပိုးၿပီး ထိုလူေလွ်ာက္ခဲ့တဲ့လမ္းေတြ၊
သူ႕လက္ကိုဆုပ္ကိုင္ထားခဲ့တဲ့ ထိုလူရဲ႕ခပ္ၾကမ္းၾကမ္းလက္ေတြ၊
သူ႕အားအႀကိမ္ႀကိမ္ေထြးေပြ႕ေပးခဲ့တဲ့ ထိုလူရဲ႕ရင္ခြင္၊
စသည့္စသည့္ အရာမ်ားဟာ ဘာႏွင့္မွ်မလဲႏိုင္ေလာက္ေအာင္အထိကို အဖိုးတန္လြန္းလွပါရဲ႕။
သက္ပိုင္ သူ႕ကိုေခၚတဲ့နာမ္စားေလးကေတာ့"ေလးေလးငယ္"တဲ့ေလ။
သူ ေလးေလးငယ္
ကိုဘာေၾကာင့္မ်ား ခ်စ္မိသြားခဲ့ရသလဲ။ဘယ္အခ်ိန္ထဲကလဲ။
အေျဖဟာမ႐ွိခဲ့။
ေလးေလးငယ္
အနားမွာေနရင္လုံျခဳံမႈ၊ေႏြးေထြးမႈနဲ႔စိတ္ေအးသက္သာမႈကို ခံစားရတဲ့အျပင္၊ ဒီလူတစ္ေယာက္တည္းကသာ သူ႕ကို ခ်စ္ျခင္းေမတၱာဆိုတဲ့အရာကိုခံစားေစခဲ့ေသာေၾကာင့္ျဖစ္ပါလိမ့္မည္။
ငယ္ငယ္ကတည္းက သူနားလည္ခဲ့သည္။ေလးေလးငယ္
အနားမွာ႐ွိရင္ ေပ်ာ္႐ႊင္ရသလို၊သူတစ္ေယာက္တည္းအတြက္သာ သက္ပိုင္ အသက္႐ွင္ခ်င္ခဲ့သည္။
သူ ေလးေလးငယ္ကိုခ်စ္တဲ့အခ်စ္က ေဖေဖနဲ႔ေမေမကိုခ်စ္တဲ့အခ်စ္လိုမ်ိဳးမဟုတ္ခဲ့ပဲ ခ်စ္ျခင္းေမတၱာ၏အျခားေသာေခါင္းစဥ္တစ္ခုနဲ႔ခ်စ္ခဲ့ျခင္းပင္။
ခ်စ္႐ုံတင္လားဆိုရင္ေတာ့ မဟုတ္ ျမတ္ႏိုးျခင္းတို႔ဟာလည္း ရာခိုင္ႏႈန္းမ်ားစြာပါဝင္ေနႏိုင္သည္။
ထိုသူရဲ႕မ်က္ႏွာကိုပဲ တခ်ိန္လုံး ထိုင္ေငးႏိုင္သလို၊ထိုလူရဲ႕လက္ကိုသာလွ်င္ဆုပ္ကိုင္ထားခ်င္ခဲ့သည္။
ထို႔အျပင္ သူတစ္ေယာက္တည္းကိုသာ"ခ်စ္တယ္"ဟူေသာစကားကိုေျပာခ်င္ခဲ့၍ ျမတ္ႏိုးျခင္းတို႔ဟာလည္း ထိုသူတစ္ေယာက္အတြက္သာ ျဖစ္တည္ခဲ့သည္။
ထိုသူအား အထိအခိုက္နည္းနည္းေလးမွမခံႏိုင္သလို၊အႏၲရာယ္မ်ားေသာအလုပ္မ်ားကိုလည္းမလုပ္ေစခ်င္။
ျဖစ္ႏိုင္မည္ဆိုလွ်င္ ေလးေလးငယ္အား သူ႕ႏွလုံးသားအခန္းငယ္ေလးထဲမွာသာ လုံျခဳံေအာင္သိမ္းထားခ်င္လိုက္ပါ၏။
ဤအေတြးအား ေလးေလးငယ္သိပါက သူ႕အားေခါင္းေခါက္လိမ့္မွာ အမွန္ပင္။
ဟုတ္လည္းဟုတ္ပါသည္ ေလးေလးငယ္ဟာ သူ႕ထက္ပင္သန္မာေသးသည္မဟုတ္လား။
သို႔ေပမဲ့လို႔ လူသားတိုင္းကသူတို႔ခ်စ္တဲ့သူအေပၚကိုအထိအခိုက္အ႐ွအနာမျဖစ္ေစခ်င္ၾကသလို သူတို႔ျမတ္ႏိုးတဲ့သူေတြကိုကာကြယ္ခ်င္ၾကတာပဲမဟုတ္ပါလား။
သက္ပိုင္ဟာလည္း ထိုနည္းတူစြာပါပဲ။
ဒါျဖင့္
ေလးေလးငယ္အတြက္ကေရာ။
သူဟာ ေလးေလးငယ္အတြက္မည္သို႔ေသာျဖစ္တည္မႈမ်ိဳးပါလဲ။
ေသြးမေတာ္သားမစပ္တဲ့ တူေလးတစ္ေယာက္လား၊ဒါမွမဟုတ္ သနားစဖြယ္မိဘမဲ့ကေလးေလးတစ္ေယာက္မ်ားလား။
ဘယ္လိုျဖစ္ျဖစ္ ဒါေတြကိုသူဂ႐ုမစိုက္ပါ။အဓိက က ေလးေလးငယ္အနားမွာသာေနခြင့္ရလွ်င္ မည္သို႔ေသာျဖစ္တည္မႈမ်ိဳးပင္ျဖစ္ေစကာမူ သူေက်နပ္သည္ေလ။
ဒီလူသားဟာ သက္ပိုင္အတြက္ေတာ့နားခိုရာေလးပင္ျဖစ္ပါ၏။
*****
မုန္တိုင္းေၾကာင့္ သစ္ပင္မ်ားပင္က်ိဳးလုနီးျဖစ္ေနသည့္ပုံစံကို စိုင္းျပတင္းေပါက္မွတဆင့္ တည္ၿငိမ္စြာရပ္ၾကည့္ေနမိသည္။
လမ္းမေပၚ၌ သဲမ်ားက အမ်ားအျပား၊ေလကလည္းျပင္းလြန္းသျဖင့္ သြပ္ျပား၊သံျပားအစ႐ွိသည္တို႔ပါ လႊင့္ထြက္ကုန္ၾကၿပီး သစ္ပင္မ်ားလည္းက်ိဳးလုနီးနီးပင္။
မုန္တိုင္းေၾကာင့္ ပတ္ဝန္းက်င္႐ွိအသံမွာဆူညံေန၍ လူသံဆိုတာလည္းမၾကားရသလို လမ္းမထက္၌လည္းေခြးတစ္ေကာင္ပင္မ႐ွိ။
ဒီေလာက္မုန္တိုင္းတိုက္ေနတာကိုလည္း အျပင္ထြက္လည္းေသ႐ုံသာ႐ွိသည္ကို။
စိုင္းေကာ္ဖီပူပူတစ္ခြက္အားကိုင္ရင္း
စိမ္ေျပနေျပ အျပင္ဘက္အားၾကည့္ေနမိသည္။ဘာအက်င့္ရယ္မသိ စိုင္းကဒီလိုရာသီဥတုမ်ိဳးကိုအေတာ္႕ပင္သေဘာက်ေလသည္။
သိပ္ပင္မၾကာပါ မိုးမ်ားပါသည္းႀကီးမည္းႀကီး႐ြာခ်လာ၍ ေကာင္းကင္ထက္၌လည္း လွ်ပ္စီးမ်ားကတလက္လက္ထေနသည့္အျပင္
မိုးခ်ဳန္းသံႀကီးမ်ားကိုလည္း တခ်က္တခ်က္က်ယ္ေလာင္စြာၾကားရသည္။
စိုင္း ျပတင္းေပါက္မွ မ်က္စိမလြဲမိ။
ထိုအခ်ိန္မွာပဲ စိုင္း၏သတိကိုလႈပ္ႏိုးလိုက္သကဲ့သို႔ က်ယ္ေလာင္ေသာေအာ္သံအားတဖက္ေဘးခန္းမွၾကားလိုက္ရေလသည္။
"အားးးးးးး!!!!!"
ယင္းအသံအားၾကားလိုက္ရခိုက္
စိုင္း၏ ခႏၶာကိုယ္က ခ်က္ခ်င္းမတ္ကနဲျဖစ္သြားသည္။
တစ္ခုခုအားေၾကာက္လန္႔ေနသကဲ့သို႔အသံျဖစ္မ်ိဳးျဖစ္၍ ေအာ္လိုက္သည့္သူမွာေသြးပ်က္ထိတ္လန္႔ေနဟန္တူ၏။
အဲ့တာထက္ အေရးႀကီးသည္က
အသံမွာ သက္ပိုင္၏အခန္းမွလာတာျဖစ္၍ အသံပိုင္႐ွင္ဟာ သက္ပိုင္ပင္။
စိုင္းခ်က္ခ်င္းကိုင္ထားေသာေကာ္ဖီခြက္အား နံေဘး႐ွိ စားပြဲေပၚသို႔ခ်လိုက္၍ သက္ပိုင္၏အခန္းဘက္သို႔ေျပးသြားလိုက္မိသည္။
အသံအား ပိုမိုက်ယ္ေလွာင္လာ၍
အဆက္မျပတ္ေအာ္ဟစ္ေနသံ။
စိုင္း၏ စိုးရိမ္မႈဒီဂရီက 100ရာခိုင္ႏႈန္းအထိေရာက္ေနၿပီပင္ျဖစ္၏။
သက္ပိုင္၏အခန္းေ႐ွ႕ကိုေရာက္သည့္ အခါတြင္ေတာ့ယင္းေအာ္သံဟာ ခ်က္ခ်င္းတိတ္ဆိတ္သြား၍ လုံးဝကိုၿငိမ္က်သြားေလသည္။
ထိုကဲ့သို႔ ၿငိမ္က်သြားမွစိုင္းပိုမိုစိတ္ပူလာရသည္။
တိုက္ခန္းlockအား ဖြင့္လိုက္ေတာ့ ခ်က္ခ်င္းပင္ပြင့္သြားသည္။ေတာ္ေသးတာေပါ့ သက္ပိုင္ ကသူ႕ကိုlock နံပါတ္ေျပာျပထားေပလို႔။
စိုင္း တိုက္ခန္းထဲအား အလ်င္ဝင္လိုက္ေတာ့ တိုက္ခန္းထဲ၌မည္သူမွ်႐ွိမေန။
တိုက္ခန္းထဲ၌
ေမွာင္မဲေနေသာ ဧည့္ခန္းႏွင့္ ေလတိုက္ေသာ
ေၾကာင့္ ေလထဲ၌တလြင့္တလူးျဖစ္ေနေသာ ျပတင္းေပါက္လိုက္ကာမ်ားကိုသာလွ်င္ စိုင္းေတြ႕လိုက္ရ၍ သက္ပိုင္၏အရိပ္ကေလးပင္မေတြ႕ရ။
"ေပါက္စ!"
စိုင္း စိတ္ပူစြာေအာ္ေခၚလိုက္ေပမဲ့လို႔ ျပန္ေျဖသူဟာတစ္ေယာက္မွ႐ွိမေနခဲ့။
တိုက္ခန္းျပတင္းေပါက္မ်ားဟာလည္း
ျပင္းထန္လြန္းလွသည့္ေၾကာင့္ နံရံ၌တိုက္ကာအသံမ်ားက ႐ိုက္ခတ္သံမ်ားကက်ယ္ေလွာင္ေန၏။
သဲႏွင့္မိုးေရမ်ားကလည္း တိုက္ခန္းထဲသို႔ျပတင္းေပါက္မွတဆင့္ ဝင္ေရာက္ေနကာ တိုက္ခန္းတစ္ခုလုံးကဝုန္းဒိုင္းက်ဲေနေလသည္။
စိုင္း ခ်က္ခ်င္းပင္
ျပတင္းေပါက္မ်ားအား အျမန္သြားပိတ္လိုက္၏။
သက္ပိုင္ဆိုတဲ့ေကာင္ေလးက မုန္တိုင္းဒီေလာက္ျဖစ္ေနတာကို ျပတင္းေပါက္ေတြမပိတ္ဘူးလား။
အဲ့တာထက္ သက္ပိုင္အခုဘယ္မွာလဲဆိုတာပင္။စိုင္းခဏက ၾကားလိုက္ရေသာေအာ္သံမွာ ေသခ်ာေပါက္သက္ပိုင္၏အသံပင္။
"ေပါက္စ!"
စိုင္း ၏စိတ္ပူမႈအဆင့္က အျမင့္ဆုံးကိုေရာက္ေနၿပီျဖစ္၍
သက္ပိုင္အား ဘာမွမျဖစ္ေစရန္ေမွ်ာ္လင့္ေနမိသည္။
စိုးရိမ္ထိတ္လန္႔မႈတို႔က ႏွလုံးသားထဲစီးဝင္လာခိုက္ သက္ပိုင္ဟာဤကဲ့သို႔ခံစားခ်က္မ်ိဳးကို သူ႕အားေပးႏိုင္သည့္တစ္ဦးတည္းေသာလူမွန္းသိလိုက္ရသည္။
သူျပန္ေပးဆြဲခံခဲ့ရသည့္ အခ်ိန္တုန္းကေတာင္ ဤကဲ့သို႔မခံစားခဲ့ရဖူးေခ်။
ထိုအခ်ိန္မွာပဲ ႐ုတ္တရက္ စိုင္း၏အေနာက္သို႔ လူရိပ္တစ္ခုကေရာက္လာ၍ သူ႕အားခ်ဳပ္ရန္လုပ္သည္။ ထိုအခါ စိုင္း၏မသိစိတ္အရ ဝုန္းကနဲ ေ႐ွာင္လိုက္မိကာ
ခ်က္ခ်င္း နံရံေပၚ႐ွိ မီးခလုတ္အားလ်င္ျမန္စြာဖြင့္လိုက္ေတာ့ ပထမဆုံး မ်က္စိေ႐ွ႕မွာေပၚလာသည္က သက္ပိုင္၏မ်က္ႏွာ။
"ေပါက္စ..."
စိုင္း အံ့ၾသတႀကီးေခၚလိုက္ေတာ့သူ႕ကိုနီရဲေနေသာ မ်က္ဝန္းတစ္စုံႏွင့္စိုက္ၾကည့္ေနေသာ သက္ပိုင္ကိုေတြ႕လိုက္ရသည္။
ပယင္းေရာင္မ်က္ဝန္းမ်ားက က်ားသစ္တစ္ေကာင္ရဲ႕ မ်က္ဝန္းေတြလိုမ်ိဳး လက္ေနကာ သားရဲတစ္ေကာင္ကဲ့သို႔စူး႐ွေနေလသည္။
စကၠန္႔ပိုင္းေလးပင္မၾကာလိုက္ သက္ပိုင္၏ပယင္းေရာင္
မ်က္ဝန္းထဲမွမ်က္ရည္မ်ားက ေခ်ာင္းငယ္တစ္ခုလို ပါးျပင္ေပၚသို႔စီးက်လာေတာ့သည္။
"ေလးေလးငယ္ကပါ..သားကိုမလိုခ်င္ေတာ့ဘူးလား"
စိုင္း ယခုအေျခအေနအား လိုက္မမွီပဲ႐ွိကာ ေၾကာင္အေနမိသည္။
ကေလးတစ္ေယာက္ကဲ့သို႔ ႐ိႈက္ႀကီးတငင္ငိုယိုရင္ သူ႕ကိုသူ"သား"ဟူေသာ နာမ္စားသုံးေနသည့္ သက္ပိုင္ကို စိုင္း နားမလည္ေတာ့ေပ။
"သားေဖေဖလိုပဲ.....
ေလးေလးငယ္ကလည္း သားကိုမလိုခ်င္ေတာ့ဘူးမလား"
စိုင္း သက္ပိုင္၏စိတ္အေျခအေနကိုအလုံးစုံမွ်မသိေသာ္လည္း မူမမွန္တာတစ္ခုကိုေတာ့သတိထားမိလိုက္ေလသည္။
ထို႔ေၾကာင့္
စကားသံအားအတတ္ႏိုင္ဆုံးနိမ့္ခ်လိုက္ရင္း ကေလးတစ္ေယာက္ကိုေခ်ာ့ေမာ့သကဲ့သို႔ေလသံေလးျဖင့္ေျပာလိုက္သည္။
"မဟုတ္ပါဘူး..ေပါက္စရာ...မငိုနဲ႔ေလကြာ မင္းငိုေတာ့ ေလးေလးငယ္ကဘယ္စိတ္ေကာင္းပါ့မလဲ"
စိုင္း သက္ပိုင္၏ေခါင္းအေနာက္ဘက္သို႔ကိုင္လိုက္ရင္း သူ၏ပုခုံးေပၚသို႔ေခါင္းအားမွီေစလိုက္သည္။
"ေလးေလးငယ္က သားဖက္တာကိုမခံဘူးေလ"
သက္ပိုင္က သူ႕ပုခုံးေပၚသို႔ ခါးကိုင္းခ်ကာမွီထားရင္ ႐ိႈက္ကာငိုေနေလသည္။
စိုင္း သက္ပိုင္၏ေက်ာျပင္အားအသာပုတ္ေပးရင္း ႏူးညံစြာေျပာလိုက္ေလသည္။
"ေလးေလးငယ္က အျခားတစ္ေယာက္ထင္သြားလို႔ပါ ဒါေၾကာင့္ေ႐ွာင္လိုက္မိတာ။ေပါက္စမွန္းသာသိရင္ ေလးေလးငယ္က ဘယ္ေ႐ွာင္ပါ့မလဲ မဟုတ္ဘူးလား"
ဒီေကာင္ေလးဟာ ဘာေတြျဖစ္ခဲ့သလဲမသိေပမဲ့လို႔ အဆင္ေျပေျပ႐ွိေနလို႔ေတာ္ေသးေပါ့။
ေအာ္သံကိုၾကားလိုက္တုန္းက သူဘယ္ေလာက္ေတာင္လန္႔သြားခဲ့ရသလဲ။
"ေလးေလးငယ္...သားေၾကာက္တယ္၊သားကိုထားမသြားပါနဲ႔....သားအရမ္းေအးေနတယ္၊ဒါေၾကာင့္ထားမသြားပါနဲ႔"
"...."
"အရမ္းလည္းဆူညံတယ္...ဘယ္သူမွလဲမ႐ွိဘူး..သားတစ္ေယာက္တည္း ေဖေဖလည္းမ႐ွိဘူး ေမေမလည္းမ႐ွိဘူး၊သားသိပ္ေၾကာက္တယ္...သူတို႔က သားကိုတစ္ေယာက္တည္းထားခဲ့ၾကတယ္"
တိုးဖြဖြႏွင့္႐ိႈက္သံမ်ားေရာေႏွာေနသည့္အသံေလးဟာ
ဟာ တကယ့္ကိုေၾကာက္ေနတဲ့ကေလးေလးတစ္ေယာက္လို။
စိုင္း သက္ပိုင္အား ပိုမိုဖက္လိုက္ၿပီး ဒီေကာင္ေလးရဲ႕ႏွလုံးသားအားၿငိမ္သက္သြားေစရန္ဆုေတာင္းေနမိသည္။
ဘာေတြမ်ားျဖစ္ခဲ့တာလဲ ေပါက္စရာ...ဘာေတြၾကဳံေတြ႕ခဲ့ရလို႔အဲ့ေလာက္ေတာင္ေၾကာက္ေနရတာလဲ။
တုန္ရီေနေသာ ခႏၶာကိုယ္ေလးအား ေထြးပိုက္ရင္း ေက်ာျပင္ေလးအားသာသာေလးပုတ္ကာ ကေလးေလးတစ္ေယာက္လိုေခ်ာ့ျမဴေနမိသည္။
ထို႔အျပင္ သက္ပိုင္၏လက္မ်ားဟာလည္း သူ၏ခါးအားပိုမိုတင္းက်ပ္စြာဖက္လာ၍ စိုင္းဟာလည္းယင္းလက္မ်ားအားခြာခ်ျခင္းမျပဳခဲ့ပါေခ်။
"အင္း မေၾကာက္နဲ႔ေနာ္ ေလးေလးငယ္႐ွိတယ္...မင္းတစ္ေယာက္တည္းမဟုတ္ဘူး..ေလးေလးငယ္မင္းေဘးမွာ႐ွိတယ္။တိတ္တိတ္..လိမၼာတယ္ အသက္က..မငိုနဲ႔ေနာ္"
ပုံမွန္ဆိုလွ်င္ စိုင္း၏အရပ္ဟာ႐ွည္လ်ား၍ ခပ္က်ယ္က်ယ္ပုခုံးႏွင့္
ခႏၶာကိုယ္ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္႐ွိ
ေသာ္လည္း သက္ပိုင္ႏွင့္ယွဥ္လိုက္ေတာ့ အနည္းငယ္ညႇပ္သြားသလိုပင္။
မိနစ္အနည္းငယ္ၾကာေတာ့ သက္ပိုင္၏စိတ္အေျခအေနဟာ အနည္းငယ္ၿငိမ္သြားဟန္႐ွိ၍ သတိျပန္ဝင္ဟန္။
ဆိုဖာေပၚ၌ ေဘးခ်င္းကပ္ရပ္ထိုင္ရင္း
သူ၏ပုခုံးေပၚသို႔ေခါင္းမွီထားေသာ ေကာင္ေလးမွအသံေလးတစ္သံထြက္လာသည္။
"ကြၽန္ေတာ္က ထူးဆန္းတယ္မလားေလးေလးငယ္....ေတာင္းပန္ပါတယ္"
"ဘာမွမျဖစ္ပါဘူးကြာ"
"မုန္းမသြားပါနဲ႔"
"ဘာေၾကာင့္မုန္းရမွာလဲ ေပါက္စရ"
ထိုအခါ သက္ပိုင္က သူလက္အားကိုင္ထားေသာ လက္မ်ားကိုပိုမိုတင္းက်ပ္ေစလိုက္ရင္း
"ေၾကာက္လို႔ပါ..ေလးေလးငယ္မုန္းသြားမွာကို"
"မမုန္းဘူးမို႔လို႔ ေလွ်ာက္မေတြးနဲ႔ေပါက္စ။အခုကဘယ္လိုလဲ အဆင္ေျပၿပီလား"
"ဟုတ္ကဲ့..နည္းနည္း၊
အရင္ကလည္း ဒီလိုခဏခဏျဖစ္တယ္။ အထူးသျဖင့္ မုန္တိုင္းက်တဲ့အခ်ိန္ေတြေလ...အဲ့အခ်ိန္ေတြဆို ကြၽန္ေတာ္႕ရဲ႕အသိစိတ္ကလႊတ္သြားၿပီး အတိတ္တုန္းကဆီကိုျပန္ျပန္ေရာက္သြားတာရယ္....။
သိပ္ေၾကာက္ဖို႔ေကာင္းတာပဲ
ေလးေလးငယ္ရာ"
"အင္း မေၾကာက္နဲ႔ ေလးေလးငယ္႐ွိတယ္"
"....ဘာေၾကာင့္လဲလို႔မေမးေတာ့ဘူးလားဟင္"
"မင္းေျပာျပခ်င္လား"
"အင္း ေလးေလးငယ္သိခ်င္ရင္ကြၽန္ေတာ္အကုန္ေျပာျပမွာ"
"ဒါဆို ေလးေလးငယ္နားေထာင္မယ္"
".....
ကြၽန္ေတာ္က ငယ္ငယ္ကတည္းက မိုးခ်ဳန္းတာကိုသိပ္ေၾကာက္တာေလ။ေမေမ႐ွိတုန္းကေတာ့ ေမေမကကြၽန္ေတာ္႕ကိုဖက္ထားေပးတယ္။
ဒါေပမဲ့ ေမေမကြၽန္ေတာ္နဲ႔ေဖေဖကို ပစ္ထားၿပီး အျခား
ေယာက်္ားတစ္ေယာက္ေနာက္လိုက္သြားၿပီးေတာ့ ဖက္ေပးမဲ့သူမ႐ွိေတာ့ဘူးေလ။ ေလးေလးငယ္ကို ကြၽန္ေတာ္ေျပာဖူးပါတယ္ ေဖေဖကေမေမနဲ႔တူတဲ့ကြၽန္ေတာ္႕ကိုသိပ္မုန္းတယ္ဆိုတာကိုေလ..။
အဲ့တာနဲ႔ ကြၽန္ေတာ္ေၾကာက္တာကို သိသိရဲ႕နဲ႔ေဖေဖက ကြၽန္ေတာ္႕ကိုမုန္တိုင္းၾကားထဲ တမင္ပစ္ထားခဲ့တာ။ ကြၽန္ေတာ္႕ကိုမလိုခ်င္ေတာ့လို႔တဲ့။ အဲ့ေန႔က
မိုးေတြကလည္းသည္းႀကီးမဲႀကီး႐ြာသလို လွ်ပ္စီးေတြကလည္း ေကာင္းကင္မွာလက္ေနတာပဲ။
မိုးခ်ဳန္းသံႀကီးေတြက က်ယ္သလိုအရမ္းလည္းေအးတယ္...။
ေနာက္ေတာ့ ကြၽန္ေတာ္ေမ့လဲသြားေတာ့တာပဲ။ႏိုးလာတဲ့အခ်ိန္မွာေဆး႐ုံေရာက္ေနၿပီ...။အဲ့ေန႔ကတည္းက မုန္တိုင္းတိုက္တဲ့အခ်ိန္မ်ိဳးဆို
မဖုံးကြယ္ႏိုင္ေလာက္ေအာင္ေၾကာက္ၿပီး အသိစိတ္ပါလႊတ္ထြက္သြားေတာ့တာပဲ"
"မင္း အိမ္မျပန္ခဲ့ဘူးလား"
"ကြၽန္ေတာ္မွ အိမ္ျပန္လမ္းမသိတာေလးေလးငယ္ရာ..."
"ဒါဆို ငါထြက္သြားၿပီးတဲ့အခ်ိန္တုန္းကေရာ ျဖစ္ခဲ့ဖူးလား"
"အင္းျဖစ္တယ္...မုန္တိုင္းတိုက္တဲ့အခ်ိန္တိုင္းျဖစ္ေလ့႐ွိတယ္၊ကြၽန္ေတာ္ 17ႏွစ္တုန္းကဆို အသိစိတ္လႊတ္ၿပီးမုန္တိုင္းၾကားထဲေလွ်ာက္သြားတာေလ...မနက္ေရာက္ၿပီးအသိစိတ္ျပန္ဝင္လာေတာ့ ဘယ္ေရာက္လို႔ေရာက္ေနမွန္းမသိခဲ့ဘူး"
"......."
"ဘာလို႔လဲ ေလးေလးငယ္?"
သူ၏ပုခုံးေပၚ၌ ေခါင္းမွီရင္းေမာ့ၾကည့္လာေသာ ပယင္းေရာင္မ်က္ဝန္းတို႔ဟာအေရာင္အနည္းငယ္ပင္ေဖ်ာ့လို႔ေန၏။
ဒီေကာင္ေလးရဲ႕ စိတ္ဒဏ္ရာေတြကိုမွ်ေဝယူေပးလို႔ရရင္ဘယ္ေလာက္ေကာင္းလိုက္မလဲေလ။
"ပင္ပန္းသြားၿပီေပါက္စ..."
"ေက်းဇူးတင္ပါတယ္ ေလးေလးငယ္"
"ဘာလို႔လဲ"
"အရာရာတိုင္းအတြက္ပါပဲ"
သူ႕ပုခုံးေပၚ မွီရင္း အိပ္ေမာက်သြားတဲ့ ေကာင္ေလးကိုၾကည့္ရင္း စိုင္း သက္ျပင္းခဲ့ယဲ့ယဲ့ေလးခ်မိသည္။
သူ၏လက္ကိုတင္းတင္းဆုပ္ကိုင္ထားတဲ့ လက္တစ္စုံကိုစိုက္ၾကည့္ရင္း
သူဒီေကာင္ေလးအေပၚကို သံေယာဇဥ္အေတာ္ေလးတြယ္ေနၿပီျဖစ္ေၾကာင္းသိလိုက္ရ၏။
အျခားသူေတြထက္လည္း ေအာင္သက္ပိုင္ဆိုတဲ့ေကာင္ေလးကို ပိုမိုအေရးေပးမိမွန္းသူကိုယ္တိုင္ သတိထားမိသလို
အေၾကာင္းျပခ်က္ကိုေတာ့႐ွာမေတြ႕ပါေခ်။
စိုင္း ဟာငယ္ငယ္ကတည္းက
အျပင္ပန္းဒဏ္ရာေတြအမ်ားႀကီးရခဲ့ေပမဲ့လို႔ အတြင္းပိုင္းဒဏ္ရာေတြေျမာက္မ်ားစြာရခဲ့တဲ့
ဒီေကာင္ေလးကိုဘယ္ယွဥ္ႏိုင္မွာတဲ့လဲေလ။
"မင္းကသိပ္သန္မာတာကိုသိရဲ႕လား အသက္ရဲ႕"
ေသခ်ာေပါက္ အိပ္ေပ်ာ္ေနတဲ့ေကာင္ေလးဟာ သူ၏အေမးကိုျပန္လည္းေျဖၾကားႏိုင္ျခင္းမ႐ွိခဲ့ပါေခ်။
"အ႐ူးေလး"
*******
Alexender AN(Ah Nyo)
Apr.26.2023
မာဖီးယားႀကီးက သူ႕ကေလးေလးအေပၚဆိုအရမ္းႏူးညံတာေနာ္TwT
update timeကေတာ့ ႏွစ္ရက္ျခားတစ္ခါျဖစ္ဖို႔မ်ားပါတယ္ဗ်။
*******