Unicode
အပိုင်း (၉၈) ဂရုစိုက်မှု ၁
နောက်တစ်ရက်တွင် ဖေးရှီက မြို့တော်သို့ပြန်သည်။ လုလင်ကျစ်ကို ဂရုစိုက်ရန် ကလေးနှစ်ယောက်ကိုသာလျှင် မှာကြားထားခဲ့၏။
ယဲ့ကျန်းက သူမကို ခေါ်သွားရန် ဖေးရှီအား တောင်းပန်သော်လည်း ဖေးရှီကမူ သူမ၏နားကိုသာ လိမ်ဆွဲလျက် ပျင်းရိပြီး အကြင်နာမဲ့သည်ဟုဆိုသွားသည်။ ထို့အစား သူမက ယဲ့ကျန်းကိုသာ လုလင်ကျစ်၏ ဒဏ်ရာများကို ဂရုတစိုက် ပတ်တီးစည်းပေးရန် မှာကြားသွားခဲ့၏။
ယဲ့ကျန်းကမူ ရန်စခံရသလို ခံစားနေရလေသည်။ သို့ရာတွင် သူမအနေနှင့် ရွေးချယ်စရာ မရှိတော့သည့်အတွက် လုလင်ကျစ်၏ဒဏ်ရာကိုသာ ဂရုစိုက်ရန် ဖြစ်လာခဲ့၏။
ထိုအရာသာ မကလေဘဲ လုရှန်းကျစ်သည်လည်း သူမအား လုလင်ကျစ်အတွက် ဆေးဖော်ခိုင်းနေပြန်သည်။ ယဲ့ကျန်း စိတ်ပျက်မိ၏။ သူမ၏လင်းချွမ်ရေစက်များ ရောထားသော ထိုဆေးရည်အား လုလင်ကျစ်အား မပေးချင်ပေ။
နောက်ဘဝ ထပ်ရှိနေအုံးမယ်ဆိုရင်တောင်မှ ငါ လုလင်ကျစ်အတွက် လုံးဝ လင်းချွမ်ကို သုံးပေးမှာမဟုတ်ဘူး။
“ညီမ အရင်တစ်ခေါက်က ဆေးကို မတော်တဆလုပ်မိသွားတယ်၊ ဒါပေမဲ့ ဒီတစ်ခုက အရင်တစ်ခုလောက် တူညီတဲ့သက်ရောက်မှု ရှိတော့မယ်မထင်ဘူး”
သူမက လုရှန်းကျစ်ကိုပြောသည်။
“အကြီးဆုံးအစ်ကိုရဲ့ဒဏ်ရာက ပတ်တီးလဲပေးဖို့ လိုအပ်တယ်၊ လာ သူ့ကို ဒီဆေးလိမ်းပေးရအောင်”
လုရှန်းကျစ်က ဆေးကို စိတ်လှုပ်ရှားတက်ကြွစွာ ယူသည်။
ယဲ့ကျန်းကမူ ရပ်နေသေးကာ အဝေးကိုသာ ကြည့်၏။
“ယောင်ယောင် အမေက ညီမလေးကို အကြီးဆုံးအစ်ကိုရဲ့ ဒဏ်ရာကို ပတ်တီးလဲပေးဖို့ ပြောသွားသေးတယ်လေ”
လုရှန်းကျစ်က သူ၏ညီမက ပျင်းရိနေသည်ဟု ထင်သွားပြီး ခေါင်းကိုသာ ကူကယ်ရာမဲ့စွာ ခါတော့၏။
“ညီမလေးက ဘာလို့ အကြီးဆုံးအစ်ကိုကို သဘောမကျတာလဲ”
“လူတွေက အချင်းချင်း ရင်းနှီးဟန်ဆောင်လေ့ရှိကြတယ်၊ ဖြစ်နိုင်တာက အကြီးဆုံးအစ်ကိုနဲ့ညီမက ကံကြမ္မာမပါလို့ ဖြစ်မှာပေါ့၊ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အစေးမကပ်ကြတာ”
ယဲ့ကျန်းက နှာခေါင်းရှုံ့လျက် လုရှန်းကျစ်နောက်မှ သဘောမကျ လိုက်သွားသည်။
လုရှန်းကျစ်က ရယ်သည်။
“ညီမလေး မြို့တော်ကို လာပြီးတဲ့နောက်မှာ အမှားဆုံးကိစ္စက ဒီကိစ္စပဲ၊ နောက်ပြီး ညီမလေးက အနည်းငယ် ပြောင်းလဲသွားသလိုလည်း ခံစားနေရတယ်”
သူ၏မှတ်ချက်က မှန်နေသည်။ သို့ရာတွင် သူက ဒါကိုနားမလည်နိုင်တော့ပေ။ ယဲ့ကျန်းက မည်းမှောင်သောမျက်နှာထားဖြင့် ခေါင်းကိုသာ ငုံ့လျက် ခြေထောက်ကိုသာ ကြည့်လိုက်သည်။
“လူတွေက ပြောင်းလဲတတ်တာပဲ၊ ညီမတို့က အရင်က နယ်မြို့မှာပဲ နေတဲ့ မိသားစုတစ်ခု ဖြစ်ခဲ့တာလေ၊ ဒါပေမဲ့ အခုတော့ မြို့တော်ကို ရောက်နေပြီ၊ ညီမပြောတဲ့လုပ်တဲ့ကိစ္စတွေက ကွာခြားသွားပြီပေါ့”
“ယောင်ယောင် …”
ရုတ်တရက် လုရှန်းကျစ်က ရပ်တန့်ပြီး ယဲ့ကျန်းကို အလေးအနက်လှည့်ကြည့် လာသည်။ သူ၏အရှေ့တွင် ပန်းချီကားတစ်ချပ်အလား ထင်ရလောက်အောင် လှပသော မျက်ဝန်းတစ်စုံ၊ ဆေးခြယ်ထားသလို ထင်ရှားသောမျက်ခုံးနှင့် ဖြူဖွေးသောအသားအရေကို ပိုင်ဆိုင်ထားသည်။
ထိုအသား၏ဖြူဖွေးမှုက နှင်းကဲ့သို့ပင် ထင်ရလောက်၏။ သို့ရာတွင် သူမလေးက မျက်မှောင်ကြုတ်နေသည်။ မည်သည့်နည်းနှင့်မျှ နယ်မြို့တွင် ခုန်ပေါက်ဆော့ကစားခဲ့သော ကလေးတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်စွမ်းမရှိတော့ပေ။
“မင်း ဒါကိုဂရုစိုက်သေးလား”
လုရှန်းကျစ်က ရုတ်တရက် မေးလာသည်။
“အစ်ကိုကြီးက ဘာကို ဆိုလိုတာလဲ”
လုရှန်းကျစ်က သူမ၏နဖူးကို ထိသည်။
“အစ်ကိုကြီးတို့ မြို့တော်ကို ရောက်လာကတည်းက မင်းရဲ့အကြီးဆုံးအစ်ကိုက မင်းက ဒီလိုပဲ နေသားကျနေပြီဆိုပြီး နားလည် ခွင့်လွှတ်ပေးထားခဲ့တာ၊ ဒါပေမဲ့ ညီမလေး ဒီလို လုပ်လို့မရဘူးလေ၊ ညီမလေး ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲရမယ်၊ ညီမလေးက အမြဲတမ်း ဒီအစ်ကိုကြီးရဲ့ညီမ ဖြစ်နေမှာပဲ”
“အစ်ကိုကြီး”
ယဲ့ကျန်း၏နှလုံးသားက နွေးထွေးသွားသည်။ လုရှန်းကျစ်က သူမ၏ပြောင်းလဲမှုအကြောင်း တွေးမိသော်လည်း သည်လိုပြောင်းလဲလိုက်ခြင်းက သူတို့ သူမအား မလိုချင်တော့မည်ကို စိုးရိမ်သွားခဲ့ဟန်ရသည်။ သူမ ရယ်မိ၏။
သို့ရာတွင် ထိုအတွေးကလည်း နွေးထွေးလွန်း ေလသည်။
“ညီမ ကိုယ့်ကိုယ်ကိုယ် မှားတယ်လို့ မထင်ပါဘူး၊ အစ်ကိုကြီးတို့အားလုံးက ညီမအပေါ် ကြင်နာတယ်ဆိုတာလည်း ညီမသိပါတယ်၊ ညီမ အမြဲတမ်းအကောင်းဆုံးပဲ လုပ်ချင်တာပါ”
လုရှန်းကျစ်က သူမ၏နဖူးလေးကို တောက်၏။
“ဘာတွေ ပြောနေတာလဲ၊ ညီမလေးက အခုလည်း အဆင်ပြေနေတာပဲ၊ အမြဲတမ်း ပိုကောင်းပြီးသားပဲ”
ယဲ့ကျန်းက သူမ၏နဖူးကို ပွတ်သည်။ သို့ရာတွင် လှပစွာပြုံးနေသေး၏။
“ဘာလို့အစ်ကိုကြီးက အမျိုးသမီးတွေရဲ့ပြောင်းလဲမှု ၁၈ ခုအကြောင်း သိနေတဲ့အတိုင်း ပြောနေရတာလဲ”
လုရှန်းကျစ်က ပေါ့ပါးစွာသာရယ်ပြီး ခေါင်းညိတ်လိုက်တော့၏။
“ဟုတ်တယ် ဟုတ်တယ် ဒီညီမလေးက ဒီပြောင်းလဲမှု ၁၈ ခုနဲ့အတူ ပြောင်းလဲနေခဲ့တာ”
ထို့နောက် မောင်နှမနှစ်ယောက်က လုလင်ကျစ်၏အဆောင်အတွင်းသို့ ရယ်လျက် ဝင်သွားကြသည်။ လုလင်ကျစ်၏ အဆောင်တော်အတွင်းသို့ ခြေချလိုက်သောအခါ ယဲ့ကျန်း၏နဂိုတောက်ပသော အပြုံးက ပြန်လျော့သွား၏။
လုလင်ကျစ်က သူမ ဝင်လာကြောင်း မြင်သောအခါ မင်သက်သွားသည်။ ရက်အနည်းငယ်ခန့် သူမကို မတွေ့လိုက်ရခြင်းက ထိုကလေးမလေးကိုပို၍ မင်သက်ဖွယ်ကောင်းသွားစေ၏။
“အကြီးဆုံးအစ်ကို ယောင်ယောင်နဲ့ကျွန်တော်က ပတ်တီးလဲပေးဖို့ ရောက်လာခဲ့တာ”
လုရှန်းကျစ်က ဂုဏ်ယူစွာ ပြုံးပြီး ယဲ့ကျန်းကို သူနှင့်အတူ ဝင်လိုက်လာစေသည်။
ယဲ့ကျန်းက လုရှန်းကျစ်ကို ဒေါသတကြီးကြည့်လိုက်၏။ ထို့နောက် အိပ်ရာဘေးတွင်ရှိသော ခုံပုလေးထံသို့ လျှောက်သွားလိုက်ကာ ထိုင်ချလိုက်၏။ သူမက လုရှန်းကျစ်ထံမှ ပစ္စည်းများကို ယူလိုက်ပြီး လုလင်ကျစ်ကို တစ်ချက်မှပင်မကြည့်ဘဲ ခေါင်းကိုငုံ့ထားသည်။
လုလင်ကျစ်၏မျက်ဝန်းများက တောက်ပသွားသည်။ အထူးသဖြင့် ညီမလေး၏ ဒီလိုမျက်နှာလေးကို မြင်ရချိန်ဖြစ်၏။ သူမ၏အသားအရေက ကျောက်စိမ်းကဲ့သို့ တောက်ပနေသေးသည်။ ဒါက ယဲ့ကျန်းထက်ပင် သာသွားသေး၏။
ယဲ့ကျန်းသည် ယခင်က ဝမ်ဖေးတစ်ယောက်ဖြစ်သည့်အပြင် မြို့တော်တွင် အကျော်ကြားဆုံး လူတစ်ယောက်ဖြစ်သည်။ သူမက သူနှင့်ယှဉ်သော်လည်း သူမထက်ပင် ပိုသာသွားသေး၏။
ဘာလို့ ပြောင်းလဲမှုက ဒီလောက်မြန်နေတာလဲ၊ တောရိုင်းမလေးကနေ ဒီလောက် နူးညံ့သိမ်မွေ့ပြီး မင်သက်ဖွယ်ကောင်းတဲ့ သခင်မလေးတစ်ယောက်အဖြစ် ဘာလို့ အချိန်တိုအတွင်း ပြောင်းလဲသွားရတာလဲ။
သေချာနေသည်မှာ သူကသာ သူမ၏ပြောင်းလဲမှုများကို မျက်မြင်တွေ့ကြုံခဲ့ခြင်းမရှိလျှင်ပင် လုယောင်ယောင်ကို အခြားမိန်းမတစ်ယောက်က အစားထိုးသွားသည်ဟု ထင်မိလောက်သည်။
ယဲ့ကျန်းကလည်း လုလင်ကျစ်၏ သိချင်စိတ်ပြင်းပြနေသော အကြည့်များကို ခံစားမိသည်။ တစ်ချိန်လုံး ထိုအကြည့်က သူမထံရောက်နေကြောင်း သိ၏။ သူမ ကူကယ်ရာမဲ့စွာ သူ၏ဒဏ်ရာရနေသော ခြေထောက်ကို ဆုပ်ကိုင်လိုက်မိသည်။
...
Zawgyi
အပိုင္း (၉၈) ဂ႐ုစိုက္မႈ ၁
ေနာက္တစ္ရက္တြင္ ေဖးရွီက ၿမိဳ႕ေတာ္သို႔ျပန္သည္။ လုလင္က်စ္ကို ဂ႐ုစိုက္ရန္ ကေလးႏွစ္ေယာက္ကိုသာလွ်င္ မွာၾကားထားခဲ့၏။
ယဲ့က်န္းက သူမကို ေခၚသြားရန္ ေဖးရွီအား ေတာင္းပန္ေသာ္လည္း ေဖးရွီကမူ သူမ၏နားကိုသာ လိမ္ဆြဲလ်က္ ပ်င္းရိၿပီး အၾကင္နာမဲ့သည္ဟုဆိုသြားသည္။ ထို႔အစား သူမက ယဲ့က်န္းကိုသာ လုလင္က်စ္၏ ဒဏ္ရာမ်ားကို ဂ႐ုတစိုက္ ပတ္တီးစည္းေပးရန္ မွာၾကားသြားခဲ့၏။
ယဲ့က်န္းကမူ ရန္စခံရသလို ခံစားေနရေလသည္။ သို႔ရာတြင္ သူမအေနႏွင့္ ေ႐ြးခ်ယ္စရာ မရွိေတာ့သည့္အတြက္ လုလင္က်စ္၏ဒဏ္ရာကိုသာ ဂ႐ုစိုက္ရန္ ျဖစ္လာခဲ့၏။
ထိုအရာသာ မကေလဘဲ လုရွန္းက်စ္သည္လည္း သူမအား လုလင္က်စ္အတြက္ ေဆးေဖာ္ခိုင္းေနျပန္သည္။ ယဲ့က်န္း စိတ္ပ်က္မိ၏။ သူမ၏လင္းခြၽမ္ေရစက္မ်ား ေရာထားေသာ ထိုေဆးရည္အား လုလင္က်စ္အား မေပးခ်င္ေပ။
ေနာက္ဘဝ ထပ္ရွိေနအုံးမယ္ဆိုရင္ေတာင္မွ ငါ လုလင္က်စ္အတြက္ လုံးဝ လင္းခြၽမ္ကို သုံးေပးမွာမဟုတ္ဘူး။
“ညီမ အရင္တစ္ေခါက္က ေဆးကို မေတာ္တဆလုပ္မိသြားတယ္၊ ဒါေပမဲ့ ဒီတစ္ခုက အရင္တစ္ခုေလာက္ တူညီတဲ့သက္ေရာက္မႈ ရွိေတာ့မယ္မထင္ဘူး”
သူမက လုရွန္းက်စ္ကိုေျပာသည္။
“အႀကီးဆုံးအစ္ကိုရဲ႕ဒဏ္ရာက ပတ္တီးလဲေပးဖို႔ လိုအပ္တယ္၊ လာ သူ႕ကို ဒီေဆးလိမ္းေပးရေအာင္”
လုရွန္းက်စ္က ေဆးကို စိတ္လႈပ္ရွားတက္ႂကြစြာ ယူသည္။
ယဲ့က်န္းကမူ ရပ္ေနေသးကာ အေဝးကိုသာ ၾကည့္၏။
“ေယာင္ေယာင္ အေမက ညီမေလးကို အႀကီးဆုံးအစ္ကိုရဲ႕ ဒဏ္ရာကို ပတ္တီးလဲေပးဖို႔ ေျပာသြားေသးတယ္ေလ”
လုရွန္းက်စ္က သူ၏ညီမက ပ်င္းရိေနသည္ဟု ထင္သြားၿပီး ေခါင္းကိုသာ ကူကယ္ရာမဲ့စြာ ခါေတာ့၏။
“ညီမေလးက ဘာလို႔ အႀကီးဆုံးအစ္ကိုကို သေဘာမက်တာလဲ”
“လူေတြက အခ်င္းခ်င္း ရင္းႏွီးဟန္ေဆာင္ေလ့ရွိၾကတယ္၊ ျဖစ္နိုင္တာက အႀကီးဆုံးအစ္ကိုနဲ႕ညီမက ကံၾကမၼာမပါလို႔ ျဖစ္မွာေပါ့၊ ဒါေၾကာင့္ တစ္ေယာက္နဲ႕တစ္ေယာက္ အေစးမကပ္ၾကတာ”
ယဲ့က်န္းက ႏွာေခါင္းရႈံ႕လ်က္ လုရွန္းက်စ္ေနာက္မွ သေဘာမက် လိုက္သြားသည္။
လုရွန္းက်စ္က ရယ္သည္။
“ညီမေလး ၿမိဳ႕ေတာ္ကို လာၿပီးတဲ့ေနာက္မွာ အမွားဆုံးကိစၥက ဒီကိစၥပဲ၊ ေနာက္ၿပီး ညီမေလးက အနည္းငယ္ ေျပာင္းလဲသြားသလိုလည္း ခံစားေနရတယ္”
သူ၏မွတ္ခ်က္က မွန္ေနသည္။ သို႔ရာတြင္ သူက ဒါကိုနားမလည္နိုင္ေတာ့ေပ။ ယဲ့က်န္းက မည္းေမွာင္ေသာမ်က္ႏွာထားျဖင့္ ေခါင္းကိုသာ ငုံ႕လ်က္ ေျခေထာက္ကိုသာ ၾကည့္လိုက္သည္။
“လူေတြက ေျပာင္းလဲတတ္တာပဲ၊ ညီမတို႔က အရင္က နယ္ၿမိဳ႕မွာပဲ ေနတဲ့ မိသားစုတစ္ခု ျဖစ္ခဲ့တာေလ၊ ဒါေပမဲ့ အခုေတာ့ ၿမိဳ႕ေတာ္ကို ေရာက္ေနၿပီ၊ ညီမေျပာတဲ့လုပ္တဲ့ကိစၥေတြက ကြာျခားသြားၿပီေပါ့”
“ေယာင္ေယာင္ …”
႐ုတ္တရက္ လုရွန္းက်စ္က ရပ္တန႔္ၿပီး ယဲ့က်န္းကို အေလးအနက္လွည့္ၾကည့္ လာသည္။ သူ၏အေရွ႕တြင္ ပန္းခ်ီကားတစ္ခ်ပ္အလား ထင္ရေလာက္ေအာင္ လွပေသာ မ်က္ဝန္းတစ္စုံ၊ ေဆးျခယ္ထားသလို ထင္ရွားေသာမ်က္ခုံးႏွင့္ ျဖဴေဖြးေသာအသားအေရကို ပိုင္ဆိုင္ထားသည္။
ထိုအသား၏ျဖဴေဖြးမႈက ႏွင္းကဲ့သို႔ပင္ ထင္ရေလာက္၏။ သို႔ရာတြင္ သူမေလးက မ်က္ေမွာင္ၾကဳတ္ေနသည္။ မည္သည့္နည္းႏွင့္မွ် နယ္ၿမိဳ႕တြင္ ခုန္ေပါက္ေဆာ့ကစားခဲ့ေသာ ကေလးတစ္ေယာက္ႏွင့္ ႏွိုင္းယွဥ္နိုင္စြမ္းမရွိေတာ့ေပ။
“မင္း ဒါကိုဂ႐ုစိုက္ေသးလား”
လုရွန္းက်စ္က ႐ုတ္တရက္ ေမးလာသည္။
“အစ္ကိုႀကီးက ဘာကို ဆိုလိုတာလဲ”
လုရွန္းက်စ္က သူမ၏နဖူးကို ထိသည္။
“အစ္ကိုႀကီးတို႔ ၿမိဳ႕ေတာ္ကို ေရာက္လာကတည္းက မင္းရဲ႕အႀကီးဆုံးအစ္ကိုက မင္းက ဒီလိုပဲ ေနသားက်ေနၿပီဆိုၿပီး နားလည္ ခြင့္လႊတ္ေပးထားခဲ့တာ၊ ဒါေပမဲ့ ညီမေလး ဒီလို လုပ္လို႔မရဘူးေလ၊ ညီမေလး ကိုယ့္ကိုယ္ကိုယ္ ျပဳျပင္ေျပာင္းလဲရမယ္၊ ညီမေလးက အၿမဲတမ္း ဒီအစ္ကိုႀကီးရဲ႕ညီမ ျဖစ္ေနမွာပဲ”
“အစ္ကိုႀကီး”
ယဲ့က်န္း၏ႏွလုံးသားက ေႏြးေထြးသြားသည္။ လုရွန္းက်စ္က သူမ၏ေျပာင္းလဲမႈအေၾကာင္း ေတြးမိေသာ္လည္း သည္လိုေျပာင္းလဲလိုက္ျခင္းက သူတို႔ သူမအား မလိုခ်င္ေတာ့မည္ကို စိုးရိမ္သြားခဲ့ဟန္ရသည္။ သူမ ရယ္မိ၏။
သို႔ရာတြင္ ထိုအေတြးကလည္း ေႏြးေထြးလြန္း ေလသည္။
“ညီမ ကိုယ့္ကိုယ္ကိုယ္ မွားတယ္လို႔ မထင္ပါဘူး၊ အစ္ကိုႀကီးတို႔အားလုံးက ညီမအေပၚ ၾကင္နာတယ္ဆိုတာလည္း ညီမသိပါတယ္၊ ညီမ အၿမဲတမ္းအေကာင္းဆုံးပဲ လုပ္ခ်င္တာပါ”
လုရွန္းက်စ္က သူမ၏နဖူးေလးကို ေတာက္၏။
“ဘာေတြ ေျပာေနတာလဲ၊ ညီမေလးက အခုလည္း အဆင္ေျပေနတာပဲ၊ အၿမဲတမ္း ပိုေကာင္းၿပီးသားပဲ”
ယဲ့က်န္းက သူမ၏နဖူးကို ပြတ္သည္။ သို႔ရာတြင္ လွပစြာၿပဳံးေနေသး၏။
“ဘာလို႔အစ္ကိုႀကီးက အမ်ိဳးသမီးေတြရဲ႕ေျပာင္းလဲမႈ ၁၈ ခုအေၾကာင္း သိေနတဲ့အတိုင္း ေျပာေနရတာလဲ”
လုရွန္းက်စ္က ေပါ့ပါးစြာသာရယ္ၿပီး ေခါင္းညိတ္လိုက္ေတာ့၏။
“ဟုတ္တယ္ ဟုတ္တယ္ ဒီညီမေလးက ဒီေျပာင္းလဲမႈ ၁၈ ခုနဲ႕အတူ ေျပာင္းလဲေနခဲ့တာ”
ထို႔ေနာက္ ေမာင္ႏွမႏွစ္ေယာက္က လုလင္က်စ္၏အေဆာင္အတြင္းသို႔ ရယ္လ်က္ ဝင္သြားၾကသည္။ လုလင္က်စ္၏ အေဆာင္ေတာ္အတြင္းသို႔ ေျခခ်လိဳက္ေသာအခါ ယဲ့က်န္း၏နဂိုေတာက္ပေသာ အၿပဳံးက ျပန္ေလ်ာ့သြား၏။
လုလင္က်စ္က သူမ ဝင္လာေၾကာင္း ျမင္ေသာအခါ မင္သက္သြားသည္။ ရက္အနည္းငယ္ခန႔္ သူမကို မေတြ႕လိုက္ရျခင္းက ထိုကေလးမေလးကိုပို၍ မင္သက္ဖြယ္ေကာင္းသြားေစ၏။
“အႀကီးဆုံးအစ္ကို ေယာင္ေယာင္နဲ႕ကြၽန္ေတာ္က ပတ္တီးလဲေပးဖို႔ ေရာက္လာခဲ့တာ”
လုရွန္းက်စ္က ဂုဏ္ယူစြာ ၿပဳံးၿပီး ယဲ့က်န္းကို သူႏွင့္အတူ ဝင္လိုက္လာေစသည္။
ယဲ့က်န္းက လုရွန္းက်စ္ကို ေဒါသတႀကီးၾကည့္လိုက္၏။ ထို႔ေနာက္ အိပ္ရာေဘးတြင္ရွိေသာ ခုံပုေလးထံသို႔ ေလွ်ာက္သြားလိုက္ကာ ထိုင္ခ်လိဳက္၏။ သူမက လုရွန္းက်စ္ထံမွ ပစၥည္းမ်ားကို ယူလိုက္ၿပီး လုလင္က်စ္ကို တစ္ခ်က္မွပင္မၾကည့္ဘဲ ေခါင္းကိုငုံ႕ထားသည္။
လုလင္က်စ္၏မ်က္ဝန္းမ်ားက ေတာက္ပသြားသည္။ အထူးသျဖင့္ ညီမေလး၏ ဒီလိုမ်က္ႏွာေလးကို ျမင္ရခ်ိန္ျဖစ္၏။ သူမ၏အသားအေရက ေက်ာက္စိမ္းကဲ့သို႔ ေတာက္ပေနေသးသည္။ ဒါက ယဲ့က်န္းထက္ပင္ သာသြားေသး၏။
ယဲ့က်န္းသည္ ယခင္က ဝမ္ေဖးတစ္ေယာက္ျဖစ္သည့္အျပင္ ၿမိဳ႕ေတာ္တြင္ အေက်ာ္ၾကားဆုံး လူတစ္ေယာက္ျဖစ္သည္။ သူမက သူႏွင့္ယွဥ္ေသာ္လည္း သူမထက္ပင္ ပိုသာသြားေသး၏။
ဘာလို႔ ေျပာင္းလဲမႈက ဒီေလာက္ျမန္ေနတာလဲ၊ ေတာရိုင္းမေလးကေန ဒီေလာက္ ႏူးညံ့သိမ္ေမြ႕ၿပီး မင္သက္ဖြယ္ေကာင္းတဲ့ သခင္မေလးတစ္ေယာက္အျဖစ္ ဘာလို႔ အခ်ိန္တိုအတြင္း ေျပာင္းလဲသြားရတာလဲ။
ေသခ်ာေနသည္မွာ သူကသာ သူမ၏ေျပာင္းလဲမႈမ်ားကို မ်က္ျမင္ေတြ႕ႀကဳံခဲ့ျခင္းမရွိလွ်င္ပင္ လုေယာင္ေယာင္ကို အျခားမိန္းမတစ္ေယာက္က အစားထိုးသြားသည္ဟု ထင္မိေလာက္သည္။
ယဲ့က်န္းကလည္း လုလင္က်စ္၏ သိခ်င္စိတ္ျပင္းျပေနေသာ အၾကည့္မ်ားကို ခံစားမိသည္။ တစ္ခ်ိန္လုံး ထိုအၾကည့္က သူမထံေရာက္ေနေၾကာင္း သိ၏။ သူမ ကူကယ္ရာမဲ့စြာ သူ၏ဒဏ္ရာရေနေသာ ေျခေထာက္ကို ဆုပ္ကိုင္လိုက္မိသည္။
...