အပိုင်း - ၁၁
" အင်း ချမ်းတယ် "
အိပ်ယာနိုးနေတာမဟုတ်ဘဲ ယောင်ယမ်းပြီးပြောနေတာ
မျိုးမို့ အာလေးလျှာလေးအသံလေးဖြစ်နေသည်။
နှုတ်ခမ်းပါးလေးကိုဖွဖွလေးစုပ်ယူနမ်းရှိုက်လိုက်ပြီးမှ
" ကိုယ်ဖက်ပေးထားရင်မချမ်းတော့ဘူး အိပ်လိုက်နော် "
ကိုယ့်လက်မောင်းကိုခေါင်းအုံးစေပြီးမှ ကျောပြင်လေးကို
ပုတ်သိပ်ပေးနေလိုက်သည်။ သိပ်အကြာခင်ပဲ
နှစ်ယောက်အတူ အိပ်ပျော်သွားလေတော့သည်။
အိမ်မက်ထဲတွေအထိ သက်ထက်ပန်က လိုက်နှောက်
ယှက်နေတာမို့ မကိုဋ်ကျေနပ်စွာပြုံးနေမိတော့သည်
ထင်ပါရဲ့။
*
*
*
*
*
*
*
*
" နောက်တစ်ပတ်ထဲ ကိုယ်ခရီးသွားစရာရှိတယ် ၊
အနည်းဆုံးငါးရက်ကြာမယ် ပြည်ပခရီးမို့အဲဒီထက်
ပိုရင်လည်းပိုကြာနိုင်တယ် ၊ အလုပ်တွေအဆင်ပြေရင်
တော့.လေးရက်လောက်ပဲဖြစ်ချင်လဲဖြစ်မယ် ၊
ကိုယ်မရှိတဲ့အချိန်အတောအတွင်းမှာ အိမ်က
လူကြီးတွေရဲ့စကားကိုနားထောင် ၊ နောက်ပြီး
အိမ်ထဲမှာပဲနေပြီး ပြောရဆိုရလဲခက်မနေဖို့
မျှော်လင့်တယ် "
မနေ့ထဲက သူ့အတွက်ဝယ်လာပေးထားသည့်
ကိတ်ဘူးကိုဖွင့်ကာ ဇွန်းဖြင့်ခတ်စားနေရင်းမှ
ကိုယ့်ကိုမော့ကြည့်လာသည်။ ပြီးတာနဲ့ခေါင်းပဲ
ညှိမ့်ပြလာတာကြောင့်
" မင်းလင်ကခရီးသွားမှာကို ဘာမှတောင်မမှာတော့
ဘူးလား ၊ အနည်းဆုံးတော့ ကျန်းမာရေးဂရုစိုက်ပါ
လောက်ပြောသင့်တယ်ထင်တာပဲ အခုတော့အစား
အသောက်ကိုပဲဂရုစိုက်နေတယ် မသိရင်အရင်ရက်
တွေက ဘာမှမကျွေးဘဲအငတ်ထားနေတဲ့အတိုင်း "
ကိုယ့်စကားကြောင့် မျက်လုံးကြီးပြူးပြီး ဘေးဘီကို
လှည့်ကြည့်နေလေသည်။ဧည့်ခန်းထဲမှာထိုင်နေတာမို့
ဘေးနားမှာ ဘယ်သူ့မှရှိမနေတာကိုသိတော့မှ
" ဘယ်လိုဖြစ်လို့ မင်းလင်ဆိုတာကြီးကိုပြောနေ
တာလဲ ၊သူများတွေကြားသွားရင် ရှက်စရာကြီးကို "
" ငါကမင်းလင်မို့ မင်းလင်လို့ပြောတာလေ ငါပြောတာ
မမှန်လို့လား မင်းလင်လို့ပြောတာမကြိုက်ရင်
မင်းလင်ငါက ဘယ်လိုပြော "
" ဦးမကိုဋ်ထွဋ်ခေါင် "
ကိုယ်ကရွဲ့နေမှန်းသိတာကြောင့် နာမည်ကိုခပ်တိုးတိုး
ခေါ်လာသည်။
" ဘယ်တုန်းကဘယ်လို ကိုယ့်ကို ဦးတပ်ခေါ်ဖို့
အတွေးရသွားတာလဲ ၊ အရင်တုန်းကလို ကိုကိုဆို
တာလေးတစ်ခါလောက်ခေါ်ပေးစမ်းပါ၊ ခရီးသွားရမယ့်
မင်းလင်ငါ့အတွက် အမောပြေအလွမ်းပြေ အွန့်"
စကားမဆုံးခင်မှာပင် ကိုယ့်ပါးစပ်ထဲကို ကိတ်မုန့်
တစ်ချို့ရောက်လာတော့သည်။ စကားထပ်ပြောမရ
အောင် ကိတ်မုန့်တွေကိုပါးစပ်နှင့်အပြည့် လာထိုးထည့်
လိုက်ခြင်းဖြစ်သည်။
" မုန့်စားနေတာ အေးအေးဆေးဆေးမစားရဘူး
နားကိုငြီးနေတာပဲ သူပဲစားဖို့ဝယ်လာပေးပြီးတော့ "
ပလုပ်ပလောင်းစားနေရင်း ခပ်တိုးတိုးဆိုလာပြန်သည်။
ပါးနှစ်ဖက်ဖောင်းတက်နေအောင်ကို ပလုပ်ပလောင်း
စားနေသည့်ပုံစံက မြင်ရသူကို အသည်းယားစေသည်။
ပါးစပ်ထဲအပြည့်ထည့်ထားသည့်ကိတ်မုန့်တွေကြောင့်
မုန့်ကိုဝါးလိုက်တိုင်း နှုတ်ခမ်းပါးတို့ကချွန်တက်လာ
ရတော့သည်။ ဒီကောင်လေးက အချိုတွေသိပ်ကြိုက်တက်
တာ။အရင်ထဲက အတူနေခဲ့ရသည့်နှစ်တွေမနည်းခဲ့ပါ။
ဒါပေမဲ့ အဲဒီအချိန်တွေတုန်းက သက်ထက်ပန်ရဲ့
အခုလိုချစ်စဖွယ်ပုံစံကို ကိုယ်တစ်ခါမှမမြင်ခဲ့ရဘူး။
ကိုယ်ပဲသတိမထားမိခဲ့တာလား ။ ဒါမှမဟုတ်
ဒီအမူအရာတွေက အခုမှဖြစ်တည်လာတာလား ။
" အဟွန်း ချစ်စရာတော့ကောင်းသား "
ဖောင်းနေသည့်ပါးတစ်ဖက်ကို လှမ်းဆွဲပြီးဖျစ်ညှစ်လိုက်
မိတော့ ချက်ချင်းရုန်းထွက်ကာ
" အာ ဘယ်လိုဖြစ်နေတာလဲ သူများတွေမြင်ကုန်
လိမ့်မယ်လို့ မုန့်ကိုကောင်းကောင်းမစားရဘူး "
" မြင်လဲ ဘယ်သူ့ဂရုစိုက်ရမလဲ ၊ မုန့်ကောင်းကောင်း
မစားရဘူးသာပြောနေတယ် ၊ ကိတ်မုန့်တစ်ဘူးလုံး
မင်းတစ်ယောက်ထဲစားတာကုန်တော့မယ် ၊ အခု
ထပ်မစားတော့နဲ့ ၊ သိမ်းလိုက်တော့ အကုန်စားရင်
ရင်ပြည့်ရင်ကယ်ဖြစ်တော့မယ် "
ကိုယ်ပြောလိုက်သည့်စကားကြောင့် ဘူးထဲမှာကျန်နေသည့်
ကိတ်မုန့်တွေကိုနှမျောသလိုကြည့်နေသည့် မျက်ဝန်းတွေ။
သက်ထက်ပန်က တကယ်ကိုအစားပုတ်တာပဲ။
" ခဏသိမ်းခိုင်းထားတာ လွှင့်ပစ်ခိုင်းတာမဟုတ်ဘူး
နောက်မှပြန်စား ၊ အခုအခန်းထဲသွားမယ် လိုက်ခဲ့ "
အခန်းထဲရောက်တော့ ကိုယ်ကခရီးသွားဖို့အတွက်
အဝတ်အစားတွေထည့်နေသလို သက်ထက်ပန်ကတော့
ကုတင်ပေါ်မှာငြိမ်ငြိမ်လေးထိုင်နေသည်။ ဒီကောင်လေးက
ကိုယ်ကမှမပြောရင် ဘယ်တော့မှအလိုက်သိမယ့်ပုံ
လဲမရှိပါ။
" ယောက်ျားကခရီးသွားရမှာကို လိုတာလေးတောင်
ဝိုင်းမကူဘူးနော် မောင်သက်ထက်ပန် "
" လုပ်မှမလုပ်တက်တာကို "
မျက်နှာကစူပုတ်ပုတ်။လေသံက ခပ်တိုးတိုး။
" အဝတ်အစားရွေးပြီး ထည့်ပေးတာလောက်တောင်
မလုပ်တက်ဘူးလား ၊ မလုပ်တက်လည်းသင်ထားလေ
အိမ်ထောင်သည်ဖြစ်နေပြီ ကိုယ့်ယောက်ျား "
" သိပြီ သိပြီလို့ အဲဒီအိမ်ထောင်သည်တို့ ယောက်ျားတို့်
ဆိုတာကြီးကို ခဏခဏမပြောစမ်းနဲ့ အခုကူပေးရင်
ရပြီမဟုတ်လား "
ပြောရင်းနဲ့ ကိုယ့်အနားကိုလျှောက်လာသည့်ကောင်လေးကို
အခုမှသေချာသတိထားမိသွားကာ
" မင်းခြေထောက်တွေက ချိုင်းထောက်လွတ်သွားပြီလား "
" အင်း အိမ်ထဲမှာဆို ဒီတိုင်းလျှောက်လို့ရနေပြီ "
" သတိထားပြီးလျှောက်ဦး ခြံထဲဆင်းတဲ့အချိန်ဆိုရင်
ဒီတိုင်းမဆင်းနဲ့နော် လှေကားအတက်အဆင်းတွေရှိတယ် "
" သိပါတယ် ဂရုလည်းစိုက်တယ် ၊ အခုခင်ဗျားကို
ဝိုင်းကူပေးမယ် "
ပြောရင်းနဲ့အဝတ်အစားတွေကို စီထည့်ပေးဖို့်ပြင်နေတဲ့
ကောင်လေးရဲ့နောက်ကျောကနေ သိုင်းဖက်လိုက်မိရင်း
ကိုယ့်အတွေးထဲမှာရှိနေသည့် စိတ်ရင်းအမှန်တစ်ချို့ကို
ဖွင့်ပြောလိုက်မိသည်။
" သက်ထက်ပန် ကိုယ်တို့က အိမ်ထောင်သည်တွေ
ဖြစ်နေပြီဆိုတော့လေ အရင်ကဘယ်လိုအခြေအနေတွေပဲ
ရှိခဲ့ရှိခဲ့ အခုကစပြီး ပြေလည်အောင်နေကျရင်ကောင်းမယ်
ထင်တယ် ၊ အမြဲတမ်းအတူနေရမယ့်လူနှစ်ယောက်က
အတူရှိနေလို့ မပျော်ရွှင်ဘူးဆိုရင်တောင်တစ်ယောက်
ရှိနေလို့ နောက်တစ်ယောက်စိတ်ဆင်းရဲနေရတာမျိုး
မရှိသင့်ဘူးမဟုတ်လား "
နောက်ကျောဆီကနေ ကြားလိုက်ရတဲ့စကားကြောင့်
တစ်ချက်တော့ပြုံးလိုက်မိသည်။ဒါပေမဲ့ မဲ့ပြုံး ။
ကိုယ့်ရဲ့နှလုံးခုန်းသံက သူမြတ်နိုးရသူရဲ့ အစိတ်အပိုင်း
မဖြစ်ခဲ့ရင် အခုလိုအခြေအနေတွေရှိလာနိုင်ပါ့မလား ။
သေချာပေါက် ဖြစ်မလာနိုင်တဲ့အရာတွေပေါ့။
ကိုယ်က အခြားသူအတွက်အဖြည့်ခံနေရာကဆိုသည့်
အတွေးက ရင်ဘက်ထဲအထိ အဆမတန်နာကျင်ရ၏။
ကိုယ်ကသူ့အတွက် တကယ်အဖြည့်ခံနေရာကလူပါပဲ။
သူ့ရဲ့သွေးသားဆန္ဒအတွက် အသုံးတော်ခံပေးရတယ်။
သူအချစ်ရဆုံးသူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို
သယ်ဆောင်ပေးထားရတယ် ။ ဒါကြောင့်ပဲ ကိုယ့်ကို
ကောင်းကောင်းမွန်မွန်လေး ဆက်ဆံပေးဖို့သူကြိုးစားနေ
ပုံရသည်။အရင်လိုအခြေအနေမျိုးနဲ့သာဆိုရင် ကိုယ်က
သူ့အတွက် လမ်းဘေးခွေးသာသာပဲလေ ။
" သက်ထက်ပန် ကိုယ်ပြောတာကြားလား ဘာတွေ
တွေးနေပြန်ပြီလဲ မင်းကလေ အသက်လေးနဲ့မှမလိုက်
အရမ်းအာရုံများတာပဲ အဲဒီအကျင့်ကို ကိုယ်တကယ်
မကြိုက်ဘူး "
" ဒီတိုင်းပဲတွေးမိသွားတာရှိလို့ပါ ခင်ဗျားကကျွန်တော့်
အပေါ်မှာ ချက်ချင်းကြီးပြောင်းလဲပေးလာတော့
နေတောင်မနေတက်တော့ဘူး ၊ ဘာလို့များလဲ
အခြားအကြောင်းတွေများရှိနေမလားလို့ ၊ အရင်ကဆို
ကျွန်တော့်ကိုသိပ်မုန်းတယ်မဟုတ်လား ၊ ကျွန်တော့်ကို
မုန်းလွန်းလို့ အိမ်ပေါ်ကနေတောင်ဆင်းသွားခဲ့တာလေ
အခုကျမှ ဘာလို့ "
" အရင်ကအရင် အခုကအခုလေ ဘာလို့အရှည်ကြီး
လိုက်စဉ်းစားနေတာလဲ ၊ ကိုယ်ပြောခဲ့ပြီးပြီပဲ
ကိုယ်တို့်နှစ်ယောက်က အိမ်ထောင်ဖက်တွေဖြစ်လာပြီ
ဆိုတော့ ပြေပြေလည်လည်နေသင့်တယ်ထင်လို့ ၊
အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ ကိုယ်ကမင်းကို
စိတ်ချမ်းသာအောင်ထားတာ ဖြစ်သင့်တာပဲမဟုတ်လား "
" အင်းပါ ခင်ဗျားအဆင်ပြေရင်ရပါပြီ ကျွန်တော်က
ဘယ်လိုအခြေအနေမျိုးမှာမဆို အဆင်ပြေပါတယ် "
" ခရီးသွားရမယ့်ယောက်ျားကို ဘာတွေပြောနေမှန်း
မသိဘူးကွာ၊ အနည်းဆုံးတော့ဒီလိုအချိန်က ယောက်ျားကို
ကပ်ပြီးချွဲနေရတော့မှာလေ ၊ လာခဲ့ မသွားခင်လေး
ကိုယ်တို့အမှတ်တရတွေဖန်တီးရအောင် "
ပြောပြီးတာနဲ့ ပွေ့ချီခံလိုက်ရတာကြောင့် ဒါကဘယ်လို
အခြေအနေလည်းဆိုတာကို ကောင်းကောင်းနား
လည်လိုက်မိသည်။
" မရဘူးနော် အခုကနေ့ခင်းကြီးပဲရှိသေးတယ် ၊
လိုချင်နေရင်လဲညကျမှ "
" ညကျတော့ နောက်တစ်ခေါက်ထပ်ဆွဲကျတာပေါ့ ၊
အခုက အသစ်အဆန်းလေးဖြစ်သွားအောင်လေ ၊
လင်းလင်းရှင်းရှင်းရှိတဲ့အချိန်ဆိုတော့ မင်းရဲ့အမူအရာ
လေးတွေ အသေးစိတ်ကအစမြင်ရတာပေါ့မဟုတ်ဘူးလေ "
" အား မရ မရဘူးလို့ လွှတ် လွှတ်ပေးနော်
ခင်ဗျားကနှာဘူးလား အခုလွှတ်ဆို အွန့်"
ဘယ်လောက်ရုန်းရုန်း နောက်ဆုံးမှာတော့ ကိုယ့်မှာ
အတင်းရုန်းကန်အော်ဟစ်နေရင်းကနေ အံကြိတ်ညည်းညူ
ရတဲ့အခြေအနေကိုရောက်သွားရပါတော့သည်။
နာကျင်မှုနဲ့သာယာမှုကြား လူးလွန့်ခေါက်ပြန်သွားရင်းနဲ့
ညနေစောင်းအချိန်တိုင်ခဲ့ရလေသည်။ ခရီးဆုံးဆိုသည့်
ပန်းတိုင်ကို အကြိမ်ကြိမ်ရောက်ရှိပြီးသည့်နောက်
ပင်ပန်းလွန်းလို့လက်ချောင်းလေးတွေပင်မလှုပ်နိုင်တော့ချေ။
ဒီအချိန်မှာဘဲ ကိုယ့်ဘေးနားမှာလှဲအိပ်နေသူက နား,
နားကိုကပ်ကာ တီတိုးပြောလာပြန်သည်။
" ပင်ပန်းနေရင်အိပ်လိုက်လေ ညကျရင်နောက်
တစ်ကျော့ထပ်ဆွဲရဦးမှာဆိုတော့ အခုအားပြန်ဖြည့်
ထားမှရမှာ "
လှုပ်ပင်မလှုပ်နိုင်တော့တဲ့အခြေအနေမှာ ကြားလိုက်
ရသည့်စကားကြောင့် သက်ထက်ပန်မှာတော့
အော်ပင်ငိုချင်စိတ်ပေါက်သွားရလေတော့သည်။
" အိုတန်ခိုးရှင်အပေါင်းတို့်ရယ် ကျွန်တော့်အိမ်ထောင်
ဖက်ရဲ့ခွန်အားတွေကို တစ်ဝက်လောက်ပြန်သိမ်းတော်
မူကျပါ နို့မို့ဆိုရင် ကျွန်တော့်ဘဝက ဆုံထဲမှာ
ထည့်ထောင်းခံရတဲ့ဇကွဲလို တဖြေးဖြေးလုံးပါးပါးပြီး
ပျောက်ကွယ်ရပါတော့မယ်ဗျာ"
နောက်ဆုံး အိပ်ပျော်မသွားခင်မှာကြားလိုက်ရတာက
" မင်းကိုစောင့်ရှောက်ဖို့ ကိုယ့်တပည့်တွေကို
အစောင့်ထားပေးခဲ့မယ် ၊ သူတို့ပြောစကားကို
နားထောင်နော် ဘေဘီပေါက်စ"
အိမ်မှာနေတာကို ကိုယ့်အတွက်အစောင့်က လိုလို့်လား
ဆိုတာကိုမေးချင်ပေမယ် မေးနိုင်သည့်အင်းအားမရှိ
တော့ချေ။ တကယ်ကိုနှစ်ခြိုက်စွာအိပ်ပျော်သွားရလေ
တော့၏။
*
*
*
*
*
*
*
*
လမ်းဆိုသော်လည်း လမ်းလို့ပင်မခေါ်ထိုက်အောင်ပင်
ပျက်စီးနေသော လမ်းအိုဟောင်းပေါ်မှာ
အရှိန်ပြင်းစွာနဲ့မောင်းလာတဲ့ အနက်ရောင်ကားလေးစီး ။
လမ်းတစ်လျှောက်မှာရှိနေသည့်ဂျိုင့်ခွက်တို့က
ကားတွေကို အရှိန်လျော့သွားအောင်မစွမ်းဆောင်နိုင်ချေ။
တစ်နေရာအရောက်မှာ ကားတွေဆက်သွားဖို့
ဘယ်လိုမှအဆင်မပြေတော့သည့် လမ်းအိုဟောင်းတစ်ခု။
ကားများရပ်တန့်သွားလေသည်။ကားလေးစီးပေါ်ကနေ
ဆင်လာသည့်လူဦးရေက ရှစ်ယောက်တိတိ။
" ဒ်ီမှာဆိုတာသေချာလား ကျော်စွာ "
" သေချာတယ်ဆရာ ၊ ဒီကောင်ဟိုဘက်ကမ်းမှာ
ကျွန်တော်တို့လူတွေရှိနေတာကို သတင်းရပြီးထဲက
မနေရဲတော့ဘဲ ဒီဘက်ကိုပြန်ကူးလာတာ ၊ ဒါပေမဲ့
မြန်မာပြည်ထဲလည်းသူပြန်မဝင်ရဲသေးဘူး ၊ အဲဒါမို့လို့
ဒီနယ်ခြားမှာခိုနေတာ ၊ သူတို့လူတွေလဲရှိတဲ့နေရာ
ဆိုတော့ သူအတွက်လုံခြုံတယ်လို့တွေးနေပုံရတယ် "
" ငါလိုက်ရှာလို့ရတဲ့နေရာမှာရှိနေသမျှတော့ ဒင်းအတွက်
လုံခြုံမှုဆိုတာရှိမနေပါဘူး ၊ တောထဲဝင်ရမှာဆိုတော့
အားလုံးသတိနဲ့နေ၊ လင်းအောင်နဲ့ကျော်မြတ်က ဒီမှာ
စောင့်ကျန်ခဲ့ ငါတို့ခြောက်ယောက်က တောထဲဝင်မယ် "
စကားအဆုံးတွင် ကျန်နေတဲ့သူတွေအကုန်လုံးက
သူတို့ခါးကြားထဲကနေ သေနတ်ကိုယ်စီကိုဆွဲထုတ်လိုက်ပြီး
အသံတိတ်ပြောင်းကိုတပ်လိုက်ကျတော့၏ ။ပြီးတာနဲ့
တောအုပ်လမ်းလေးထဲ စတင်ချင်းနင်းဝင်ရောက်ခဲ့
ကျလေတော့သည်။
*
*
*
*
*
*
*
*
" ကြီးကြီးနွယ်ကို သားမေးစရာရှိတယ် "
" ထူးထူးဆန်းဆန်းပါလားတော် ကဲဘာမေးချင်တာလဲ
မေးပါဦး "
" အင်း ကို ဟို ဟိုလူကလေ အရင်ထဲက အခုလိုပဲ
ခရီးတွေအမြဲသွားနေရတာလား "
" အောင်မလေးတော် ကိုကိုလို့ အမြဲခေါ်နေပြီးကာမှ
အခုဘယ်လိုဖြစ်လို့ဟိုလူဖြစ်သွားရတာလဲ ၊ ဘာလဲ
တစ်ယောက်ထဲထားခဲ့လို့ စိတ်ကောက်နေတာလား "
အရင်က ကိုကိုလို့ခေါ်ဘူးပေမယ့် အခုနောက်ပိုင်း
ခေါ်ချင်စိတ်ရှိမနေတာကြောင့် အဆင်ပြေမယ့်နာမ်စားလေး
သုံးလိုက်မိတာ အခုတော့အစအနောက်ခံနေရတော့သည်။
" အဲလိုမဟုတ်ပါဘူး ကြီးကြီးနွယ်ကလည်း "
" စတာပါသားလေးရယ် သားကိုကိုကအရင်ကလည်း
အခုလိုပဲခရီးသွားနေကျလေ နောက်ပိုင်းပြန်တောင်မလာ
တော့ဘူး ဟိုဘက်မှာပဲနေတော့တာ "
" အရင်ကသူခရီးသွားရင် ဘယ်လောက်ကြာလဲ"
" အနည်းဆုံးတစ်လပဲ အခုသားကိုဘယ်လောက်
ကြာမယ်ပြောခဲ့လို့လဲ "
" အများဆုံးလေးငါးရက်တဲ့ "
" ကြားသားမိုးကြိုးတော် အေးပေါ့ အခုတော့အိမ်မှာ
စောင့်နေမယ့်သူရှိနေပြီဆိုတော့ နောက်ဆံတင်းနေတော့
မှာပေါ့ မဟုတ်ဘူးလား "
ကြီးကြီးနွယ်စကားကြောင့် ဒီတစ်ခါလည်းမချိပြုံး
ပြုံးလိုက်မိပြန်သည်။ အကြောင်းအရာအားလုံးကို
သိနေသူတွေက ဘာမှမသိသလိုဟန်ဆောင်နေကျတယ်
မဟုတ်လား ။
" သူ့မှာ အရင်ကလက်ထပ်ဖို့ရည်ရွယ်ထားတဲ့
ချစ်သူရှိတယ်မဟုတ်လား သားကိုနှလုံးလှူပေးတဲ့
တစ်ယောက်လေ အဲတစ်ယောက်နဲ့သာလက်ထပ်ဖြစ်ရင်
သူပိုပြီးပျော်မယ်ထင်တယ်နော် "
ကိုယ့်စကားကြောင့် ကြီးကြီးနွယ်အံ့သြသွားမယ်လို့
တွေးထားမိပေမယ့် အထင်နဲ့အမြင်လွဲသွားရလေသည်။
ကိုယ့်ကို သက်တောင့်သက်သာရှိသောအပြုံးတို့ဖြင့်
ကြည့်လာပြီး
" ရှိန်းငယ်ကစိတ်ထားကောင်းတဲ့ကလေးပါ အဲလိုပဲ
သားကလည်း ချစ်စရာကောင်းတဲ့ကလေး ၊ သားကို
ဘယ်သူကမချစ်ဘဲနေနိုင်မှာလဲ ၊ မရှိတော့တဲ့သူ
တစ်ယောက်အတွက်နဲ့ သားစိတ်တွေကိုအပင်ပန်း
မခံနဲ့နော် "
" ဟုတ် သားကဒီတိုင်းမေးကြည့်တာပါ အဲဒီအကိုက
ဒီမှာပဲနေသွားတာလား "
" ကြီးကြီးနွယ်ပြောတဲ့စကားကို သားယုံပါ့မလား
မသိနိုင်ပေမယ့် အမှန်တိုင်းပြောပြပါ့မယ် သားကိုကိုက
သူ့ချစ်သူကို ဒီအိမ်ကိုခေါ်လာတာ တော်တော်ရှားတယ်၊
ရှိန်းငယ်က သူ့ဘာသာသူတစ်ယောက်ထဲနေတာလေ ၊
ဒီအိမ်ကို အလုပ်ရှိမှသာလိုက်လာတာ ၊ ဒါတောင်
တစ်ခါမှညအိပ်ရတယ်ဆိုတာမရှိဘူး ၊ အလုပ်ပြီးရင်
ပြန်ရတာပဲ ၊ ဒီအိမ်မှာပထမဆုံးနေခွင့်ရတဲ့သူက
သက်ထက်ပန်ဆိုတဲ့သားလေးပဲ ၊ သားဒီအိမ်ကို
မရောက်ခင်ထဲက အိမ်ရှိလူကုန်ကို သားကိုကိုက
မှာထားပြီးသား ဒီကလေးကို ဂရုစိုက်ပေးကျပါဆိုပြီးလေ "
ဒီလိုတွေကြားရပြန်တော့ ကျေနပ်စိတ်လေးအနည်းငယ်
ဝင်လာမိပြန်သည်။
" သားလည်း တစ်ချို့အရာတွေကို သိတန်သလောက်
သိမှာပေါ့ သေသောသူကြာရင်မေ့ပါတယ်သားရယ် ၊
အဲလိုမေ့ဖို့ လုံလောက်တဲ့အချိန်လေးတော့ သားကိုကိုကို
ပေးလိုက်ပါ နောက်ပြီး သူစွဲလမ်းနေတဲ့တစ်ချို့အရာလေး
တွေကိုလည်း သားက လျစ်လျူရှုပြီးနေပေးလိုက်
အခု သူ့ဘေးနားမှာရှိနေတာသားပဲလေ သားကသာ
လိမ်လိမ်မာမာနဲ့သိမ်းသွင်းနိုင်ရင် ကျန်တာတွေကို
ခဏလေးနဲ့မေ့သွားမှာသေချာပါတယ် ကြီးနွယ်ပြောတာ
ကိုယုံ ၊ အဓိက,က သားလိမ္မာပါးနပ်ဖို့လိုတယ် ၊
အိမ်ထောင်ဖက်အပေါ် အလိမ္မာနဲ့လွှမ်းမိုးနိုင်တာလဲ
သားအရည်အချင်းပဲလေ "
သက်ထက်ပန်ကတော့ ကြီးကြီးနွယ်စကားတွေကို
တစ်နေ့လုံးပြန်တွေးနေမိတော့သည်။ မရှိတော့တဲ့
သူတစ်ယောက်ရဲ့အကြောင်းကိုတွေးပြီး စိတ်ပင်ပန်း
ခံနေမယ့်အစား ကိုယ့်ဘာသာအလိမ္မာနည်းနဲ့
ဒီအိမ်ထောင်ရေးကို အဆင်ပြေအောင်ကြိုးစားမယ်ဆိုတဲ့
အတွေးကိုတွေးမိလိုက်သည့်အချိန် စိတ်ထဲအေးချမ်း
သွားရလေတော့သည်။
*
*
*
*
*
*
*
*
အခန်းထဲမှာတစ်ယောက်ထဲရှိနေတာကြောင့် ပျင်းပျင်းနဲ့
စာအုပ်တစ်အုပ်ကိုဖတ်နေမိသည်။ စာအုပ်ဖတ်နေရင်း
ဘေးနားမှချထားသည့်ဖုန်းက မီးလင်းလာတာကြောင့်
ကြည့်လိုက်တော့ ကိုယ့်ကိုဖုန်းခေါ်နေတာနဲ့ ကိုင်လိုက်တဲ့
အခါ သမရိုးစဉ်အတိုင်းဟဲလိုဆိုတာတွေကိုမကြားရဘဲ
" ဘာလုပ်နေလဲ သက်ထက်ပန် "
" အခန်းထဲမှာစာအုပ်ဖတ်နေတာ "
" ဘယ်မှမသွားဘူးပေါ့ လိမ္မာလိုက်တဲ့ကလေး "
" ညဘက်ကို ခြံထဲမဆင်းနဲ့နော် "
" အင်းပါ ဖုန်းခေါ်တာက ဘာပြောစရာရှိလို့လဲ ပြောလေ "
" အော်ဟုတ်သားပဲ မေ့သွားတာ ကိုယ်အခုအရေးကြီးတဲ့
အလုပ်တစ်ခုကိုသွားလုပ်ရမှာ အဲဒါကြောင့်ညလောက်မှ
အေးအေးဆေးဆေး ဖုန်းခေါ်မယ်လို့ပြောမလို့ "
" အင်း "
" ဘာလဲကွာ ဘာအင်းပါလဲ မင်းလင်ကအရေးကြီးတဲ့
အလုပ်ကိုလုပ်ရမှာလေ အဆင်ပြေပါစေဘာညာလောက်
တော့ပြောပေးသင့်တယ်မဟုတ်ဘူးလား ငါ့ကိုစိတ်မပူဘူး
လား"
" မသိဘူးလေဗျာ ခါတိုင်းလဲအခုလိုပဲ ခရီးအမြဲသွားနေ
ရတယ်လို့ကြီးနွယ်ကပြောထားတာကိုး အခုလည်း
ဒီတိုင်းအလုပ်ကိစ္စလို့ထင်လိုက်တာပေါ့ "
" ဒါဆို မင်းမှာကိုယ့်ကိုပြောစရာစကားမရှိဘူးပေါ့
ကိုယ့်အတွက် အသက်အန္တရာယ်ရှိတဲ့ကိစ္စမျိုးဆိုရင်
တောင်လေ "
ကြားလိုက်ရသည့်စကားကြောင့် စိတ်ထဲမသိုးမသန့်ဖြစ်
သွားရကာ
" ဒီမှာ ခင်ဗျားဘာတွေလုပ် "
" သက်ထက်ပန် ကိုယ်အခုတကယ်မအားတဲ့ကြားက
မင်းဆီဖုန်းဆက်နေတာ အဲဒါတောင်မင်းကကိုယ့်အတွက်
ဘာမှပြောစရာမရှိဘူးဆိုလဲနေလိုက်တော့ ဖုန်းချလိုက်"
" နေ နေဦး ခဏလေး "
တဖက်လူက ဘာတွေအရေးကြီးနေမှန်းမသိပေမယ့်
သူတကယ်ဖုန်းကိုချလိုက်တော့မယ်ဆိုတာကို
သိနေတာကြောင့် ချက်ချင်းတားလိုက်မိတော့သည်။
" ပြော ဘာပြောစရာရှိလို့လဲ "
သက်ထက်ပန်မှာတော့ ကိုယ့်နှုတ်ခမ်းကိုကိုယ့်ဘာသာ
ကိုက်ထားပြီး အသက်ဝအောင်ရှုလိုက်မိသည်။ပြိီးကာမှ
" မြန် မြန်မြန်ပြန်လာခဲ့ နောက်ပြီး ကိုကို့ကိုလည်း
ဘာမှမထိခိုက်စေနဲ့ "
ချက်ချင်းဆိုသလိုပြတ်တောက်သွားသည့် လေလှိုင်းထဲက
အသံလေး။တဖက်ကချလိုက်သည့်ဖုန်းကြောင့် ဘာမှပြန်
ပြောခွင့်မရတော့ပေမယ့် လက်ထဲကဖုန်းကိုပြုံးပြုံးကြီး
ကြည့်နေမိသူက မကိုဋ်ပင်ဖြစ်သည်။ ကိုယ်က
မင်းအတွက်သွေးကြွေးကိုဆပ်ပေးပြီးရင် ဘာအထိအခိုက်မှ
မရှိဘဲ သေချာပေါက်ပြန်လာမှာမို့ စောင့်နေပေးပါ
ဘေဘီပိစိရေ။
Eros_90
25.4.23 ( ည ၈ နာရီ )
28.4.23 ရက်နေ့ အပိုင်းသစ်Update ရှိပါမည်။