Wu Yu Yan Shang

By user31841102

11.9K 455 57

original novel 无语言伤_黑色禁药 More

အပိုင်း(1)
အပိုင်း(2)
သတိပေး
အပိုင်း(3)
အပိုင်း(4)
novel ending
အပိုင်း ၂ (Unicode)
သတိပေး
အပိုင်း (၃) unicode
အပိုင်း(၄) Unicode
novel ending

အပိုင်း ၁ (Unicode)

1.2K 37 0
By user31841102

"အခါးရည်ထည့်"

"ဆေးလိပ်သွားဝယ်"

"အိပ်ခန်းကော ဧည့်ခန်းကော သန့်ရှင်းရေးထပ်လုပ်အုံး။ ဟိုမှာဖုန်တွေနဲ့!"

"ဘာ!? ညရောက်ရင်မင်းရည်းစားနှင့်သွားချိန်းတွေ့အုန်းမယ်?! မသွားရဘူး! ငါပုခုံးညောင်းနေတယ်..မင်းနေခဲ့ပြီးငါ့ကိုနှိပ်ပေးရမယ်!"

"ဘာလဲမင်းကငါ့ကိုငြင်းချင်သေးတယ်ပေါ့? အရင်ကတည်းက မင်းကိုဘယ်သူထိန်းလာရတာလဲ? မင်းငယ်ငယ်က အိမ်မှာစားစရာ၊ဝတ်စရာမရှိတုန်းက ငတ်ပြီးသေမလိုဖြစ်တာကို ဘယ်သူကယ်ခဲ့တာလဲ?!"

"အနှိပ်ဆိုင်မှာသွားနှိပ်ရမယ်? တစိမ်းသူ ငါ့ကိုလာထိတာကိုမကြိုက်ဘူး!"

အခန်းထဲမှာ ငါဆေးလိပ်သောက်ရင်း မျက်နှာသေနှင့်ခြေထောက်ချိတ်ထိုင်ပြီး ငါ့ရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ အထက်တန်းကျောင်းသားကိုကြည့်လိုက်တယ်။

အမှန်အတိုင်းပြောရရင် ငါ့လိုအရမ်းဂျီးထူတဲ့သူတောင်မှ ဒီကောင့်ရဲ့မျက်နှာပေါ်မှာ မကောင်းတဲ့အချက် တစ်ချက်လေးတောင်ရှာမတွေ့ဘူး။ သူကအရမ်းကြီးမချောဘူး..ဒါပေမဲ့သူကကြည့်လိုက်ရင် ရုပ်ကခန့်တယ်..

အခုသူကတာ့ ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတယ်။ ခါတိုင်း အမြဲပြေစင်းနေတဲ့မျက်ခုံးကလည်း အခုနည်းနည်းတွန့်နေတယ်။ နောက်ဆုံးတော့လည်း သူကငါ့တောင်းဆိုချက်ကိုမတတ်နိုင်လို့လက်ခံလိုက်ရတဲ့အပြုံးနဲ့..

ငါလည်းသူ့ကို အတင်းတစ်နာရီလောက်ကြာအောင်ဆွဲထားပြီးမှ အလွှတ်ပေးလိုက်တယ်။ ကြားထဲမှာ ဖုန်းခဏခဏခေါ်တယ်။ ခေါ်လိုက်တဲ့ဖုန်းတိုင်းကလည်း သူ့ရည်းစားခေါ်တာကြီးဘဲ။ ဒါပေမဲ့ ငါကလည်းအလျော့မပေးတော့ သူ့ရည်းစားအသံလည်း တစ်ခေါက်ပြီးတစ်ခေါက် ပိုပိုစိတ်ညစ်လာတာကို ကြားရတယ်။

ဒီကိစ္စကငါ့ကိုအရမ်းပျော်ရွှင်စေတယ်!
အမှန်အတိုင်းပြောရရင် ငါအမြဲတမ်းသူ့ကိုရစ်ပြီးတော့ပဲ ငါ့စိတ်ကို ငြိမ်အောင်ထားရတယ်..
ငါဝန်မခံရဲဘူး...အခုငါလုပ်နေတဲ့ဟာတွေက ကိုယ့်သားကို လက်မထပ်စေချင်တဲ့အမေတယောက် အတိုင်းဘဲ။ တဏှာရူးပြီးခေါင်းမာတယ်..

ငါနဲ့သူ့ကြားမှာ အရမ်းထူးခြားတဲ့ဆက်သွယ်ချက်မျိုးလဲမရှိဘူး။ ထပ်ပြီးတော့ပြောရရင် သွေးတော်ဆက်မှုတောင်မရှိတဲ့အသိအဆင့်လောက်ဘဲရှိတယ်။

ငယ်ငယ်က ဒီကောင့်ရဲ့မိသားစုက အခြေအနေမကောင်းဘူး။ မိဘ‌ေတွကလည်းကွာရှင်းပြီး သူရဲ့ပြုစုစောက်ရှောက်ခွင့်ရထားတဲ့မိခင်ကလည်း အိမ်ပြန်လာလေ့မရှိဘူး။ ဒီလိုမျိုးပစ်ထားခံရတဲ့အခြေအနေမျိုးမှာ စားစရာဝတ်စရာမရှိဘဲ ငတ်ပြီးသေမလိုတစ်ခေါက်ဖြစ်ခဲ့တယ်။
အဲ့အချိန်မှာ ငါကလည်း စိတ်ကောင်းနေတယ်ထင်ပါရဲ့...နောက်ဆုံး သူ့ကိုဆွဲခေါ်ပြီး အိမ်မှာပြုစုတယ်။

အဲ့လိုနဲ့ သူ့အမေကလည်း သူ့ကို ငါ့ဆီပစ်ပေးပြီးတော့ အိမ်ကိုတော်တော်ကြာမှ တစ်ခေါက်လောက်ပြန်လာတယ်။
တာဝန်ယူစိတ်ကို မရှိတဲ့မကောင်းတဲ့မိန်းမ!

ငါအစပိုင်းကတော့ သူ့ကိုဒီတိုင်းပဲ ပြုစုစောင့်ရှောက်ချင်ခဲ့တာ..
တခြားဘာရည်ရွယ်ချက်မှမပါဘူး။
ဒါပေမဲ့သူတဖြေးဖြေးကြီးလာတဲ့အချိန်မှာ ငါသူ့ကိုတဖြေးဖြေး ကြိုက်လာပြီး နောက်ဆုံးတော့ သူ့ကိုမကြည့်ရရင်မနေနိုင်ဘူးဖြစ်လာတယ်။

ဒါတကယ့်ကိုတဏှာရူးတာဘဲ!
ဒါပေမဲ့ငါ့စိတ်ကိုငါမထိန်းနိုင်ဘူး!
ကံကောင်းတာက ငါ့ခန္ဓာကိုယ်ကို ငါထိန်းနိုင်သေးတော့ သူနဲ့ အထင်လွဲစရာဘာကိစ္စမှ မလုပ်ခဲ့တာ
ငါ ဒီလိုကလေးတစ်ယောက်ကို ထိရလောက်အောင် ငါဒီလောက်ထိမဆိုးသေးဘူး။

နောက်ပြီးတော့ သူကငါထိန်းပြီးကြီးလာတဲ့ကလေး။
ငါဒီနေ့ သူ့ကိုခေါ်ပြီး မော်ဒယ်လာလုပ်ခိုင်းတယ်။ ငါ့အလုပ်ကပုံဆွဲတာ။ adult mangaဆွဲတဲ့သူ။

ပြီးတော့ ငါကပုံမှန်အားဖြင့် နိုင်ငံခြားကိုဆွဲပေးတာ။ ဒီမှာက ဒီလိုဟာမျိုးမှလက်မခံတာ။ နောက်ပြီးတော့ ငါဘာကြောင့် adult mangaပဲဆွဲလဲဆိုတော့..အကြောင်းအရင်းက လွယ်လွယ်လေး။ ငါသူ့ကိုအဝတ်ချွတ်ခိုင်းလို့ရတယ်လေ

ဒီကလေးကိုထိလို့မရဘူးဆိုတော့ ကြည့်တာလောက်တော့ မလွန်ဘူးမလား?
ငါဒီလို ညစ်ပတ်တဲ့လုပ်ရပ်မျိုးလုပ်တာလည်း တစ်ရက်နှစ်ရက်ဘဲရှိသေးတာလည်း မဟုတ်ဘူး။

သူလည်း လုပ်ပါများတော့ အကျင့်တောင်ပါနေပြီ။ အကျီချွတ်ခိုင်းလည်း ရှက်တာတွေဘာတွေ မရှိဘူး။ ပထမစစချင်းဆို မျက်နှာတောင် နည်းနည်းနီသေးတယ်။ အခုများငါမျက်နှာသေနဲ့သူ့ကိုကြည့်တာတောင် သူကအေးအေးဆေးဆေးဘဲ ပြန်တောင်ကြည့်သေးတယ်။

ဒါပေမဲ့ ငါတစ်ခါမှ သူ့ကိုဘောင်းဘီမချွတ်ခိုင်းဘူး။
ငါမကြည့်ချင်တာမဟုတ်ဘူး။ ငါ့ကိုယ်ငါ မထိန်းနိုင်မှာကိုကြောက်တာ..
အခုလိုဆိုရင် ငါ့ခံစားချက်တေကို သူမမြင်အောင် ဖုံးထားလို့ရသေးတယ်။

ငါခေါင်းငုံ့ပြီး ခပ်တည်တည်နှင့်ပုံဆွဲရင်း 'သူခန္ဓာကိုယ်က တစ်ကယ့်ကိုကောင်းတာပဲ။ ကြွက်သားတွေကလည်းအတော်ဘဲ။ အသားကလည်း မိန်းမထက်တောင် ဖြူသေးတယ်။ ဘောင်းဘီသာချွတ်လိုက်ရင် တော်တော်ကြည့်ကောင်းပြီး ခြေထောက်လည်းရှည်မှာပဲ။
ငါမကျေနပ်တာတစ်ခုက သူ့အရပ်က ငါ့ထက်ပိုရှည်တယ်။ ချစ်ဖို့ကိုမကောင်းဘူး!'

ငါ့သူ့ကို ဘယ်လိုပုံစံလုပ်ခိုင်းရမလဲ စဉ်းစားနေတုန်းပဲ ရှိသေးတယ်။ သူကရုတ်တရက်ကြီး စကားပြောလာတယ်။
သူအသံကလည်း သူ့ရုပ်အတိုင်းပဲ နားထောင်လို့ကောင်းတယ်။ လူကြီးသံပြောင်းနေချိန်အသံမျိုးနဲ့..

"ဦးလေး မနက်ဖြန် ကျွန်တော့်ရည်းစားမွေးနေ့ရှိတယ် မလာနိုင်လောက်တော့ဘူး"

"ငါ့မွေးနေ့လည်း မနက်ဖြန်ပဲ" သူ့ကိုကြည့်တောင်မကြည့်ဘဲ အေးအေးဆေးပြောလိုက်တယ်

"ဦးလေး..."သူစကားပြောတာခဏရပ်သွားပြီး နွေးထွေးတဲ့အပြုံးလေးနဲ "မွေးနေ့ကလွန်ခဲ့တဲ့နှစ်လကမှ ပြီးထားတာလေ"

"ငါ..ငါ့တရုတ်နေ့လည်း မွေးနေ့လုပ်တာ မရဘူးလား?!"ငါစိတ်တိုပြီး မျက်ခုံးတောင်တွန့်လာပြီ

"တရုတ်လိုဆို 1လပိုင်း12ရက် အခုသုံးလတောင်ကျော်နေပြီ"

"......."

shit! ဒီစောက်ကလေး ဘာကြောင့်ဒီလောက်ရှုပ်တာလဲ

"ငါ့ကိုယ်ငါ ရက်ပြောင်းပြီးလုပ်တာ မရဘူးလား?!"ငါစိတ်တိုတိုနဲ့ နောက်တစ်ခွန်း ထပ်ပြောလိုက်တယ်

"ဦးလေး..."သူ ငါရစ်တာကိုငိုမလိုရယ်မလိုနဲ့ ဖြစ်နေရှာတယ်

ငါသူ့ကိုစိုက်ကြည့်လိုက်တယ်။
သူအလုပ်လုပ်လို့ရတဲ့ပိုက်ဆံကို သူပိုက်ဆံစုဖြစ်အောင်ဆိုပြီး ငါ့ဆီအကုန်အပ်ခိုင်းတယ်။ အမှန်ကတော့သူရည်းစားသွားရှာဖို့ ပိုက်ဆံမရှိအောင်ပေါ့..
ဒါပေမဲ့လည်း သူပိုက်ဆံခိုးဝှက်ထားရင်တော့လည်း မတတ်နိုင်ဘူူး..
ဒီလို မွေးနေ့ဆိုတဲ့ထူးခြားတဲ့ရက်မျိုးမှာ အချင်းချင်းပိုချစ်ကြိုက်သွားတာမျိုး ဖြစ်နိုင်တယ်။ ဖြစ်နိုင်ရင် ငါသူ့ကို လုံးဝမသွားစေချင်ဘူူး!

"ငါကအရေးကြီးလား သူကပိုအရေးကြီးလား?!"

ငါစိတ်မရှည်တော့ဘဲ ငါ့လက်မှာကိုင်ထားတဲ့ဘောပင်ကိုအောက်ကိုပစ်ချလိုက်တယ်။
ဒိလိုမေးခွန်းမျိုးက အရမ်းကလေးဆန်တယ်။
ဒါပေမဲ့လည်း တုန်နေတဲ့ငါ့လက်ကို ငါမထိန်းနိုင်ဘူး..
ဒီအဖြေသိရမှာကို ကြောက်တဲ့ငါ့ကိုယ်ငါ ပြန်ရယ်ချင်တယ်။

ဒီအချိန်မှာ တံခါးကbellသံ မြည်လာတယ်။ ငါ့ကို တစ်ချက်ကြည့်ပြီး သူတံခါးသွားဖွင့်တယ်။ နောက်တော့ဘချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက် ဝင်လာတယ်။ အဲ့ဒါ ဒီကောင့်ရဲ့ရည်းစား..
သူက ငါ့ကိုကိတ်မုန့်ပေးပြီး ယဉ်ယဉ်ကျေးကျေးနဲ့ စကားပြောတယ်။ ငါအရမ်းမုန်းတဲ့ ချိုစိမ့်နေတဲ့အသံနဲ့..

ပြီးတော့ သူဆေးဆိုးပြီး ကောက်ထားတဲ့ဆံပင်ကလည်း အခု ခေတ်အစားဆုံးဆံပင်စတိုင်လ်ဖြစ်ပေမဲ့ ငါ့မျက်စိထဲမှာ အောက်တန်းကျလွန်းတယ်။
တရုတ်လူမျိုးက ဆံပင်အမည်းရောင်ပဲ ဖြစ်ရမှာမဟုတ်ဘူးလား?! ဒီလောက်ထိ အနောက်နိုင်ငံကို အားကျနေရင် တစ်ခါတည်းနိုင်ငံသားပြောင်းပြီး,ငါ့ရှေ့မှာထက်မပေါ်လာနဲတာ့!

ငါသူ့ကို အဖက်လုပ်ရမှာလည်းပျင်းတယ်။ သူချွဲနေတာကိုလည်း မမြင်ချင်ဘူး။ ငါ့ကိုယ်ငါ အနောက်လှည့်ပြီး ပုံဆက်ဆွဲနေလိုက်တယ်။

"Cong Ye, ငါနင်ပြုတ်တဲ့ခေါက်ဆွဲစားချင်တယ်။နော်ပြုတ်ပေးနော်"

"ညဘက် ပြန်သွားရင် နင့်ကိုလုပ်ပေးမယ်"

"ဒါပေမဲ့ ငါအခုအရမ်းဆာတယ်။ ဗိုက်တောင်နာလာပြီ။ ငါနင်ပြုတ်တဲ့ခေါက်ဆွဲကို စားချင်လွန်းလို့ မနက်စာတောင် မစားလာဘူး။နော် ပြုတ်ပေးပါနော်"

"ဒါပေမဲ့ ဒီမှာအဆင်မပြေဘူး..."

"ဦးလေးက ခေါက်ဆွဲလေးတောင် ပေးမပြုတ်လောက်တဲ့အထိ ကပ်စီးမနှဲပါဘူး။ ဟုတ်တယ်မလား ဦးလေး"

"ဒီဟာက..."သူဇဝေဇဝါဖြစ်ပြီး ငါ့ဆီကိုလှည့်ကြည့်လိုက်တယ်။ မျက်စိကလည်း 'တောင်းဆိုပါတယ်' ဆိုတဲ့အကြည့်နဲ့..

ငါမျက်နှာသေနှင့် ခေါင်းငြိမ့်လိုက်တယ်။
ငါဒီလောက်ထိဘကပ်စီးမနည်းသေးဘူး။ အလွန်ဆုံး သူတို့ပြန်တော့မှ ဟိုမိန်းမစားတုန်းက သုံးခဲ့တဲ့ဟာတွေကို ပစ်ရုံလောက်ပဲ။

Cong ye ဝင်သွားပြီးတော့ အဲ့မိန်းမက ငါ့ဆီလျှောက်လာပြီး ငါ့ခွင့်ပြုချက်မတောင်းဘဲ ငါ့ဆွဲထားတဲ့ဟာတွေကို လျှောက်ယူကြည့်တယ်။

ငါသူ့ကို ခပ်အေးအေး စိုက်ကြည့်လိုက်တယ်။
သူငါ့ပုံတွေကိုကြည့်ပြီး စိတ်မပါတဲ့အပြုံးနဲ ငါ့ဘက်ကိုလှည့်ပြီးပြောတယ်

"နင့်ကိုနင်အရမ်းလွန်လွန်းတယ်မထင်ဘူးလား?"

သူ့အသံကမကျယ်ဘူး။ မီးဖိုချောင်ကနေဆိုရင်တော့ လုံးဝမကြားရဘူး။

"နင့်ငါ့ရည်းစားကို နေ့တိုင်းလုယူထားတယ်"

"နင်က အမှန်တကယ်တော့ တဏှာရူးမလား?"

"နင်သူ့ကိုကြည့်တဲ့အကြည့်က အင်းဆက်လိုပဲ ရွံစရာကြီး"

"နင်ဘာလုပ်ချင်တာလဲ? သူ့ကိုနင့်လိုညစ်ပတ်စေချင်လို့လား? သူကကျောင်းသားဆိုတာနင်မေ့နေပြီလား?"

"နင့်လို စောက်gayက ဒီလောက်ထိငတ်နေရင် ဘာဖြစ်လို့gay bar တို့ MBတို့မှာ သွားမရှာတာလဲ? ပိုက်ဆံမရှိရင် ငါနင့်ကိုပေးလို့ရတယ်"

ဒီမိန်းကလေး ရုတ်တစ်ရက်ကြီး မျက်နှာပြောင်းသွားတော့ ငါခဏကြောင်သွားတယ်။
ခါတိုင်းဆို လိမ္မာလွန်းလို့...

"ငါ့မျက်လုံးတောင် ငါမယုံနိုင်ဘူး.. နင့်လိုမျိုးbitchမျိုးကဒီလိုရိုင်းတဲ့စကားပြောမယ်ဆိုတာ"

ငါဆေးလိပ်ကို မီးညှိပြီး ရယ်လိုက်တယ် "နင့်လိုမျိုးအဝတ်တိုက်တဲ့ခုံလို ပြားချပ်နေတဲ့bodyက ဘာဂုဏ်ယူစရာကောင်းလို့လဲ?"

"နင်!!!" ငါဒီတစ်ခွန်းပြောလိုက်တာ တော်တော်ထိသွားတော့ သူမျက်နှာတစ်ခါတည်း ပျက်သွားတာပဲ။သူ့ခန္ဓာကိုယ်ကို ကြည့်ရင်မဆိုးပါဘူး။ ဒါပေမဲ့ ရင်ဘတ်ကတော့ သနားစရာကောင်းလောက်အောင် ပြားနေရှာတော့...

သူအသက်ပြင်းပြင်းရှူ ပြီး ပြောတယ် "ငါ့ဟာက fixမဖြစ်သေးဘူး။ နင်ကမှ သူသာ နင်က သူ့အပေါ်ရွံစရာကောင်းတဲ့အတွေးမျိုးတွေ တွေးနေတာသိသွားရင် လုံးဝimageပျက်သွားမှာ"

"ဘာလဲနင်ကအတွေးလွန်နေတာလား? ဦးနှောက်မကောင်းတော့တာလား? ငါ့မျက်နှာပေါ်မှာ ငါသူ့ကိုခိုးကြိုက်နေတယ်ဆိုပြီး ရေးထားလို့လား? ငါနင့်ကိုပြောမယ်။ မနက်ဖြန် နင့်မွေးနေ့။ ငါသူ့ကိုမလွတ်ဘူး!" ငါအရမ်းစိတ်တိုလာတယ်။ ဒါပေမဲ့ ငါအမြဲ ငါ့ခံစားချက်ကို မထုတ်ပြတတ်ဘူး။ အဲ့ဒါကြောင့် အစအဆုံး ငါ့အသံက ဒီတိုင်းအေးအေးဘဲ။

"နင်!!"အဲ့ကောင်မမျက်နှာက နီရဲလာတယ်။ စိတ်တိုတာကြောင့်ဖြစ်မယ်။ နောက်ပြီး သူအံ့ကြိတ်ပြီးပြောတယ် "နင် ငါမသိဘူးလို့မထင်နဲ့! နင့်အခန်းထဲကနံရံမှာ သူ့ဓာတ်ပုံတွေနဲ့ပြည့်နေတာ, သူ့နာမည်တွေရေးထားတာ အများကြီး! ဒီအအိုတဏှာရူးကောင်! ငါအခုချက်ချင်း သူ့ကိုဆွဲခေါ်ပြီး နင့်အခန်းကို သွားပြမယ်!!"

"......." ငါခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးအေးပြီး တစ်ဖြေးဖြေးစိတ်တိုလာတယ်!
ဒီစောက်ကောင် ငါမသိတဲ့အချိန်မှာ ဒီကောင်မကို ငါ့အခန်းထဲ ပေးဝင်တယ်!

"ငါနင့်ကို သတိပေးမယ်။ ငါနဲ့သူတွဲနေတာကို လာမရှုပ်နဲ့!"
ဟိုမိန်းမက ငါ့ကိုလက်ညှိုးထိုးပြီး မောက်မောက်မာမာပြောတယ် "ငါကနင့်ကို အဖိုးကြီး, အသက်တောင်ကြီးနေပြီဆိုပြီး သနားလို့ထုတ်မပြောတာ။ နင်အေးအေးဆေးဆေးနေရင် အကုန်လုံးကောင်းတယ်။ ပြီးတော့ ငါနင့်အခန်းကဟာအကုန် ဓာတ်ပုံရိုက်ထားတယ်။ နင်ငြိမ်ငြိမ်နေရင်နေ! မဟုတ်ရင် နင်သူနဲ့ သူငယ်ချင်းတောင်လုပ်နိုင်တော့မှာမဟုတ်ဘူး! စောက်ရှက်မရှိတဲ့အအိုတဏှာရူးရဲ့!"

လိဘဲ!! ငါက 31နှစ်ပဲရှိသေးတာ အိုနေပြီလား!?
သူက ငါစကားမပြောတာကိုတွေ့တော့ ဆက်ပြီးတော့ "ငါပြောဦးမယ်။ နင့်လိုလူက ငါ့ရည်းစားပုံကိုကြည့်ပြီး နေ့တိုင်းလုပ်နေတာ နေမယ်။ ရွံစရာကြီး"

"ဖြန်း" စိတ်မထိန်းနိုင်ဘဲ ငါသူ့ကိုပါးရိုက်မိတယ်။ ဒါပေမဲ့ ငါရိုက်တာ အားအရမ်းမကြီးဘူး။ ငါဒီကိစ္စကို အကြီးအကျယ်မဖြစ်ချင်ဘူး။ အဲ့ဒါကို အဲ့ကောင်မက ကြမ်းပြင်ပေါ်ပြုတ်ကျပြီး ဘေးကခွက်တွေပါ အကုန်ဆွဲချသွားတယ်!

"ဘာဖြစ်တာလဲ"မီးဖိုချောင်ခန်းကနေ သူအမြန်ပြေးထွက်လာပြီး ငါတို့ကိုကြည့်တယ်။

မိန်းကလေးက သူပါးတစ်ဖက်ကိုအုပ်ပြီး အနိုင်ကျင့်ခံရလို့ အရမ်းဝမ်းနည်းပြီး ကြောက်သလိုလိုနဲ့ တုန်နေတယ်။ ငါကတော့ ဘာမှမပြောဘဲ အဲ့မိန်းမကို စိုက်ကြည့်နေတယ်။

သူကbငါတို့နှစ်ယောက်ကိုကြည့်ပြီး ကောင်မလေးကိုထူပြီးတော့ မေးတယ် "နင်ဘာလုပ်လိုက်လို့ ဦးလေးစိတ်တိုသွားတာလဲ?"

ကောင်းမလေးက သူ့ကိုအဲ့လိုမေးမယ်လို့ မထင်ထားတော့ ရုတ်တရက်ကြောင်သွားတယ်။ ပြီးတော့ သနားကမားရုပ်နှင့် "ငါက မနက်ဖြန် ဦးလေးငါတို့ကို လွှတ်အောင် နှိပ်ပေးတာချင်တာ နင်သိတယ်မလား။ ငါတို့တွဲနေတာ သိပ်လည်းdateမလုပ်ရဘူး... နင်သူ့ကို အဖော်လုပ်ရမယ်ဆိုတာ ငါနားလည်ပေးနိုင်တယ်။ နင့်ကို ငယ်ငယ်ကတည်းက ထိန်းလာတဲ့သူဆိုတော့...
ဒါပေမဲ့ ငါ့မွေးနေ့တစ်ရက်လောက်တော့ နင်နဲ့အတူ...."

"တော်လိုက်တော့" သူဒီလို သနားစရာကောင်းအောင် ပြောတဲ့အလိမ်အညာတွေ ငါမကြားချင်တော့ဘူး။ မင်း ဘာဖြစ်လို့သူ့ကို ငါ့အခန်းပေးဝင်တာလဲ?"

ငါ့လိုလူမျိုးက ကိုယ့်ပိုင်နက်ကို အရမ်းခွဲခြားတယ်။ ငါသဘောမတူတဲ့သူဆို လုံးဝ ငါ့နေရာကိုအဝင်မခံဘူး။
လောလောဆယ် ဒီအခန်းကိုဝင်ဖူးတာ သူတစ်ယောက်ဘဲရှိသေးတယ်။

"အင်?" သူကြောင်သွားပြီးတော့ သူ့ရည်းစားကို ကြည့်လိုက်တယ်။

"ရှေ့တစ်ခေါက်က နင့်ဦးလေးအတွက် လုပ်ပေးတဲ့အချိန် သွေးထွက်တော့ ဦးလေးခန်းမှာ ဆေးရှိမရှိသွားရှာတာ"

မိန်းကလေးက ကြောက်ကြောက်နဲ့ ရှင်းပြပြီး တစ်ချက်တစ်ချက် ငါ့ကိုကြောက်သလိုလိုနဲ့ ကြည့်တယ်။

ဒီတစ်ခွန်းလည်းကြားရော ငါပိုပြီးစိတ်တိုလာတယ်။ သူ့ပြောပုံအရ ငါကအလိုက်မသိတတ်တဲ့လူ ကျနေတာဘဲ!

"ဦးလေး, ကျွန်တော်သတိမထားမိတာ,ကျွန်တော့်အမှားပါ" သူက အနူးအညွှန့်တောင်းပန်ပြီး ဟိုမိန်းကလေးကလည်း လိုက်ပြီးတောင်းပန်တယ်။
အနိုင်ကျင့်ခံရတဲ့ဇနီးလို "ဦးလေးတောင်းပန်ပါတယ်။ နောက်ဂရုစိုက်ပါမယ်..."

ငါရယ်လိုက်တယ်။
ရင်ဘက်ကနေရာက တစ်ဆက်ဆက်နဲ့ နာနေတယ်။
ကောင်းတယ်။ ပြသနာအတူတူရင်ဆိုင်တဲ့လင်မယားနှစ်ယောက်။
"ထွက်သွား" ငါပုံမှန်အသံနဲ့ဘဲ ပြောပြီး "နှစ်ယောက်စလုံး"

ငါဒီလိုပေါက်ကွဲတော့မယ့်စိတ်ကို ငါမထိန်းနိုင်တော့ဘူး။

"ဦးလေး?" သူအံ့သြစွာနဲ့ ငါ့ကိုကြည့်တယ်။
ဘာကြောင့်လဲဆိုတော့ ငါသူ့ကို တစ်ခါမှဒီလိုမနှစ်ထုတ်ဖူးဘူး။

ဒါပေမဲ့ ငါသူတို့နှစ်ယောက်လုံးကို တံခါးအပြင်ကိုတွန်းထုတ်ပြီး သော့ခတ်လိုက်တယ်။ ငါသိတယ်။ သူအခု ငါ့ကို အရမ်းဆိုးပြီး သူများကိုနားမလည်ပေးတဲ့ ကိုယ်ချင်းစာစိတ်မရှိတဲ့သူ လို့မြင်မှာ။
ဒါပေမဲ့ငါ့မှာရှင်းပြပိုင်ခွင့် မရှိဘူး။

ပြီးတော့ ငါကသူ့ကို သူ့ရည်းစားမွေးနေ့အတွက် လွှတ်ပေးရဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟိုဓာတ်ပုံတွေသိသွားမယ့်နောက်ဆက်တွဲကို ငါလက်မခံရဲဘူး။

နောက်တစ်နေ့နေလည် သူငါ့ကို ဖုန်းဆက်လာတယ်။
ငါမနေ့က ပေါက်ကွဲခဲ့လို့ထင်တယ်။ သူငါစိတ်တိုမှာကိုကြောက်ပြီး မနေ့ကအကြောင်းလုံးဝမပြောဘဲ နည်းနည်းပေါ့ပါးတဲ့ဟာတွေဘဲပြောတယ်။

ခါတိုင်း ဒီလိုအချိန်ဆို ငါအရမ်းပျော်နေပြီ။
ခုတော့ ငါအရမ်းစိတ်ပျက်တယ်။
ဟွန့်! သူဒီလိုသတိထားပြီး င့ါကိုပျော်အောင်လုပ်နေတဲ့ နောက်ဆုံးရည်မှန်းချက်ကဘာလဲဆိုတာ ငါမသိဘူးများမှတ်နေလား။

သူအရင်မတောင်းဆိုသေးတဲ့အချိန်မှာဘဲ ငါသူ့ကိုပြတ်ပြတ်နှင့်အေးအေးဘဲ ပြောလိုက်တယ် "ရပြီ။ ငါဒီနေ့ပင်ပန်းနေပြ။ီ နင်မလာနဲ့တာ့။"

ပြောပြီးတာနဲ့ ငါချက်ချင်းဖုန်းချလိုက်တယ်။
သူဖုန်းထက်မဆက်လာဘူး။ သူအခုပျော်ပျော်ပါးပါးနှင့်သူ့ရည်းစားမွေးနေ့အတွက်ပြင်နေလောက်ပြီ
ကျေးဇူးကမ်းတဲ့အကောင်
တ်းခါမှဒီလောက်ထိစိတ်မရှုပ်ဖူးဘူး။ငါအာရုံကိုအလုပ်ထဲဘဲစိုက်ထားတယ်ဒါပေမဲ့လည်းတစ်ခုမှမပြီးဘူး။ကြမ်းပြင်မှာလဲပစ်ထားတဲ့စာရွက်တွေကြီးဘဲ
စိတ်ရှုပ်လိုက်တာ
"shit"သူဆဲပြီးတော့အဝတ်ယူပြီးရေချိုးခန်းကိုဝင်သွားတယ်
သူအမြဲစိတ်ရှုပ်တဲ့အချိန်ရောက်ရင်ရေချိုးရင်သက်သာတယ်
ဒါပေမဲ့ဒီတစ်ခေါက်တော့အသုံးမဝင်တော့ဘူး
ငါစိုနေတဲ့ဆံပင်ကိုသုတ်ရင်းဘယ်သူမှမရှိတဲ့အခန်းကိုမြင်တော့ပိုပြီးတော့စိတ်ရှုပ်လာတယ်
ငါသတိထားမိတဲ့အချိန်မှာငါအဝတ်လဲပြီးသူ့ရည်းစားမွေးနေ့ပွဲလုပ်တဲ့နေရာကိုရောက်နေတယ်
တံခါးဝမှာကြိုဆိုနေတဲ့ဝန်ထမ်းနှစ်ယောက်နှင့်ဝင်ထွက်နေကြတော့ကျောင်းသူကျောင်းသားတွေကိုမြင်တဲ့အခါမှာငါရုတ်တရက်သတိရသွားတယ်
အဲ့ဒီငယ်ရွယ်ပြီးတက်ကြွနေတဲ့သူတွေမြင်ပြီးငါရုတ်တစ်ရက်သူတို့နှင့်အရမ်းဝေးတယ်လို့ခံစားရတယ်
ငါနဂိုနေရာမှာခဏရပ်ပြီးတော့မစဉ်းစားဘဲခြေထောက်ကိုတံခါးမကြီးဘက်လှမ်းမိတယ်
ငါ့မှာဖိတ်ခေါ်တဲ့စာလည်းမရှိဘူးဒါပေမဲ့အဲ့လိုငယ်သေးတဲ့ဝန်ထမ်းတွေကိုတော့လှည့်ပြောလို့ရတယ်နောက်ဆုံးတော့လည်းငါဝင်လို့ရခဲ့ပြီးအိုက်လူငယ်အုပ်စုတွေကြားကိုရောက်ခဲ့တယ်
ငါ့လိုမျိုးဦးလေးပုံစံဝတ်ထားတဲ့သူကဒီလိုခေတ်ဆန်ဆန်ဝတ်တဲ့လူငယ်တွေကြားထဲမှာအရမ်းသိတာတော့သူတို့ကြည့်နေကြတာကိုငါဂရုမစိုက်ဘဲငါရှာချင်တဲ့သူကိုလိုက်ရှာတယ်
ငါချက်ချင်းကိုဘဲရှာတွေ့သွားတယ်
ငါထင်ထားသလိုမှသူ့ကိုဒီလောက်ထိမတွေ့ချင်တာမဟုတ်ဘူးဆိုတာကိုငါသိသွားတယ်
သူအခုအဖြူရောင်suitဝတ်ထားပြီးရှေ့ဆံပင်ကိုလည်းအနောက်ပို့ထားတယ်တကယ့်သူဌေးသားလိုဘဲကြည့်လို့ကောင်းပြီးလူအများရဲ့အာရုံစိုက်မှုကိုခံရတယ်
ဒါပေမဲ့သူရင်ခွင်ထဲမှာသူနှင့်အတူအဖြူရောင်ဂါဝန်ဝတ်ထားတဲ့သူ့ရည်းစားရှိတယ်။နှစ်ယောက်လုံးကအားကျစရာကောင်းလောက်အောင်လိုက်ဖတ်လွန်းတယ်
ဘေးကကောင်လေးကောင်မလေးတွေကလည်းနှမ်းဖို့နောက်ကျတယ်
ကောင်မလေးကလည်းတက်တက်ကြွကြွနှင့်ဖက်ပြီးနမ်းလိုက်တယ်အထဲထိရောက်အောင်ကိုနမ်းတယ်
အကုန်လုံးကခဏတိတ်သွားပြီးတော့အရမ်းexcitedဖြစ်ပြီးအော်ကြတယ်။ဒါပေမဲ့ငါဘာအသံမှကိုမကြားရတော့ဘူး
ငါဒီတိုင်းကြောင်တောင်တောင်နှင့်သူ့နွေးထွေးတဲ့အပြုံးနှင့်အကြည့်ကိုစိုက်ကြည့်နေတယ်
သူဒီလိုမျိုပြုံးတတ်တယ်တဲ့လား
ငါလက်တွေခြေထောက်တွေအေးပြီးတော့အရင်ကအကြောင်းတွေပြန်စဉ်းစားမိတယ်
အဲ့အချိန်ကငါရုံးမှာအလုပ်သွားလုပ်တယ်။ညမိုးချုပ်မှပြန်လာပြီးနေ့တိုင်းခွေးဖြစ်လောက်အောင်ကိုပင်ပန်းတယ်
အမြဲအိမ်ပြန်ရောက်တိုင်းဆယ်နှစ်ဘဲရှိသေးတဲ့ကလေးကလူကြီူရဲ့အိမ်စီးဖိနပ်နှင့်ဧည့်ခန်းကနေအမြန်ပြေးလာပြီးဖက်တယ်
ပြီးတော့သူနည်းနည်းပျော့တဲ့လက်ကလေးနှင့်ငါ့မျက်နှာကိုကိုင်ပြီးငါ့နှာခေါင်းကိုလာကိုက်ပြီးနတ်သားလေးလိုပြုံးတယ်။
ငါအဲ့လိုချိန်တိုင်းသူ့ပါးကိုနမ်းပြီးသူငါ့ကိုဆွဲခေါ်သွားတဲ့နေရာမှာထိုင်ပြီးသူဖျော်ထားတဲ့သကြားရည်ကိုမျေှလင့်ချက်အပြည့်နှင်လငါ့ကိုပျော်အောင်တိုက်တယ်
ဒီလိုသူများကြားရင်ထရယ်မဲ့အပေါစားရေကငါတစ်သက်လုံးသောက်ဖူးတဲ့ထဲမှာသောက်လို့အကောင်းဆုံးဖြစ်တယ်
ဘာဖြစ်လို့လဲဆိုတော့ငါသိတယ်သူအရင်ကဆင်းဆင်းရဲရဲနေခဲ့ရတဲ့အတွက်သကြားနှင့်ရေဖျော်ထားရုံကိုသူ့အနေနှင့်ဒီဟာကအဖိုးတန်တဲ့ရေလို့ထင်မှာ
သူကသူအသိထဲမှာအကောင်းဆုံးဆိုငါ့ကိုအရင်ပေးတယ်။ငါမစားမသောက်တော့မှကျန်တဲ့ဟာကိုသူကတန်ဖိုးထားပြီးသောက်တယ်။အရမ်းချစ်ဖို့ကောင်းတယ်။
ဘယ်အချိန်ကစပြီးတဖြေးဖြေးပြောင်းသွားတာလဲဆိုတာမသိဘူး။
သူ့နွေးထွေးတဲ့အပြုံးကိုလည်းထပ်မတွေ့တော့ဘဲ။သူနှင့်အရင်လိုလည်းမချင်းကပ်တော့ဘူး။
ငါကသူတဖြေးဖြေးကြီးလာလို့ပြောင်းသွားတယ်ထင်နေတာ
အမှန်တော့မဟုတ်ဘူး
သူနွေးထွေးတဲ့အပြုံးရှိသေးတယ်
သူ့အပြုံးကငါ့ကိုမပြရုံဘဲရှိတာ
ငါနဂိုနေရာမှာဘဲရယ်ပြီးတော့နောက်ပိုင်းမျက်နှာသေနှင့်ထွက်ခွာခဲ့တယ်
လူစည်းကားတဲ့လမ်းမကြီးပေါ်ရောက်တော့မှငါသူ့ကိုလက်မလျော့နိုင်သေးဘူးဆိုတာကိုဝမ်းနည်းစွာနှင့်သိလိုက်တယ်။ငါသူ့ကိုထပ်မတွေ့ရတော့မှာကိုဘယ်လိုမှလက်မခံနိုင်ဘူး။
ငါတော်တော်တစ်ပြားတောင်မတန်တဲ့သူဘဲ
ငါကောင်းကင်ကိုကြည့်လိုက်တယ်ဘာကိုသွားရမလဲလည်းမသိဘူး
ဘယ်သူမှမရှိတဲ့အိမ်ကိုလည်းမပြန်ချင်ဘူး
နောက်တော့ငါဒီအနီးအနားမှာရှိတဲ့barကိုသွားလိုက်တယ်
ငါတ်းခါမှအရက်မသောက်ဖူးဘူး။ဒါပေမဲ့အရက်သောက်ပြီးစိတ်ဖြေလို့ရတာတော့သိတယ်
အမည်းရောင်ကော်ဇောခင်းထားတဲ့လှေကားထစ်ကိုတက်ပြီးbarတံခါးကိုဖွင့်လိုက်တဲ့အချိန်မှာငါ့မသိစိတ်ကမျက်ခုံးကျုံလိုက်တယ်
ပြုပြင်ထားတာတော်တော်ကောင်းပေမဲ့လည်းသိပ်မလင်းဘဲစင်ပေါ်ကလည်းကောင်လေးကလည်းsexyအကတွေကပြီးဖိနပ်အမြင့်ဝတ်ထားတာလူအများကိုဆွဲဆောင်နေတယ်
ဒါပေမဲ့ငါတော့ရွံတယ်
ငါအမှန်တကယ်ဆိုယောကျားလေးမကြိုက်ဘူး
cong yeကတောအဲ့ထဲမှာမပါဘူး
ငါမတော်တဆgay barထဲဝင်မိပေမဲ့ငါပြန်မထွက်ချင်တော့ဘူး
ငါကအရက်ဘဲလာသောက်တာpartnerလာရှာတာလည်းမဟုတ်ဘူး
အသက်ငယ်တဲ့ဝန်ထမ်းတစ်ယောက်ကိုငါ့အတွက်တစ်ခန်းပြင်ခိုင်းလိုက်တယ်။ငါအရက်တွေမှာပြီးတော့ဆက်တိုက်အများကြီးသောက်တယ်
အမှန်အတိုင်းပြောရရင်ငါအရက်နှံ့ကိုလုံးဝမကြိုက်ဘူး။အနံ့ကလည်းမကောင်းဘူးသောက်ရတာလည်းရှသေးတယ်။
အဲ့ဒါကိုဘာဖြစ်လို့တစ်ချို့လူတွေကသောက်ရတာကြိုက်တာလဲမသိဘူး။သောက်လို့ပျော်တယ်ဆိုရင်တော့ငါလက်ခံနိုင်သေးတယ်
နှစ်ပုလင်းသောက်ပြီးငါနည်းနည်းမူးလာတယ်။ဒါပေမဲ့လုံးဝကြီးမူးပြီးသတိမရှိတာတော့မဟုတ်ဘူး။ငါtioletသွားချင်လို့ထသွားလိုက်တယ်
ယိုင်ယိုင်နှင့်တံခါးအပြင်ထွက်ပြီးဝန်ထမ်းကိုtioletဘယ်မှာရှိလဲဆိုတာမေးတယ်။ငါနရံကိုကိုင်ပြီးလိုက်ရှာတယ်
နေရာကအရမ်းကျယ်တော့ငါတော်တော်ရှာလိုက်ပြီးမှtioletသွားပြီးလက်ဆေးတဲ့အချိန်မှာနှောက်ယှက်ခံရတယ်
ငါ့ကိုလက်နှောက်ယှက်တဲ့သူကနိုက်ငံခြားသားဖြစ်ပြီးအရပ်ြ်င့်ပြီးလူကောင်ကလေးကြီးသေးတယ်နောက်ပြီးတော့ငါ့ကိုဘာတွေပြောနေမှန်းလဲကိုမသိဘူး
ငါခေါင်းခါပြီးတော့သွားမဲ့ဟာကိုသူကအတင်းဆွဲထားတယ်
ငါကလည်းအေးအေးလေးဘဲရယ်ပြီးတော့ငါ့အိတ်ကပ်ထဲကဓားထုတ်ပြီးသူ့လည်ပင်းနားကိုကပ်လိုက်တယ်
"ok,ok,I am sorry~~~"သူဆက်လုပ်လို့မရတော့ဘူးဆိုတာကိုသိပြီးတော့လက်လွှတ်လိုက်တာနေမယ်။ငါလည်းမျက်နှာသေနှင့်သူ့ကိုတွန်းထုတ်ပြီးထွက်သွားတယ်
နောက်တော့ငါ့ကိုငါလမ်းပျောက်မှန်းသိလိုက်တယ်
နေရာကလည်းကျယ်တဲ့အပြင်နေရာတိုင်းကခတ်ဆင်ဆင်တွေကြီးဘဲ
ဝန်ထမ်းတစ်ယောက်တောင်မှမတွေ့ဘူး
ပြသနာတက်တာကငါသောက်တဲ့အရက်ကခုမှအရှိန်ပြင်းလာပြီးတော့ပိုမူးပြီးတစ်ကိုယ်လုံးပူလာတယ်
ငါလည်းမသေမချာနှင့်ငါထင်တဲ့အခန်းတွေလိုက်ဖွင့်တယ်။ဘာမှတော့မမြင်လိုက်ဘူးအထဲကဆူညံတဲ့သီချင်းသံကြားတာနှင့်ငါ့အခမ်းမဟုတ်မှန်းသိတယ်
ငါတဖြေးဖြေးစိတ်မရှည်တော့ဘဲတစ်ဖြေးဖြေးပိုမူးလာတဲ့အချိန်မှာငါ့အခန်းလိုငြိမ်တဲ့အခန်းကိုတွေတော့တယ်
အခန်းကခဏကလိုဘဲမှောင်ပြီးစားပွဲပေါ်မှာဖယောင်းတိုင်နှင့်အရက်ပုလင်းဘဲရှိတယ်
ငါမောပြီးsofaပေါ်လဲှလိုက်တဲ့အချိန်မှာနွေးထွေးတဲ့အရာတစ်ခုကိုထိမိတယ်
ဒါဘာကြီးလဲ။ငါနည်းနည်းညစ်ကြည့်လိုက်တယ်။ကိုင်လို့ကောင်းပြီးပူလည်းပူပျော့လည်းပျော့တယ်
အင်?ဒါလူရဲ့ခြေထောက်မဟုတ်ဘူးလား
ငါဦးနှောက်ကသတိမရသေးခင်ခြေထောက်ပိုင်ရှင်ကငါ့လက်ကစောင့်ဆွဲလိုက်တယ်

Continue Reading

You'll Also Like

42.7K 813 45
Short scenarios for your favorite characters! (Well the male characters at least) The characters included are Alastor, Angel Dust, Sir Pentious, Husk...
12.3K 986 21
YUH EX MAN BRUK YUH HEART ND YUH NUH SEE HIM FI YEARS! JUS LEAN PON ME SHOULDER, MI EASE YUH TEARS🥹. NEW TO THIS WRITING THING SO BARE WITH ME🙏🏽�...
118K 17.6K 92
Short Story and Os book Cover credit: @sidnaaz_alaxy
14.4K 220 28
Some Chenford stories.