Unicode
အပိုင်း (၉၇) နန်းတော်သို့ပြန်ခြင်း ၂
နောက်တစ်ရက်တွင် ချန်းသဲ့တောင်စံအိမ်က အလွန်ရှုပ်ထွေးနေသည်။ အကြောင်းမူကား သည်နေ့တွင် ဧကရာဇ်က နန်းတော်သို့ပြန်မည်ဖြစ်သည်။
အနည်းဆုံးတော့ ယဲ့ကျန်းသည် သူနှင့်အချိန်တိုင်း ထပ်တွေ့မည်ကို စိုးရိမ်ရန် မလိုအပ်တော့ပေ။
သို့ရာတွင် နောက်နှစ်ရက်လုံးလုံး ဖေးရှီက လုလင်ကျစ်ကို ကျွင်းကျစ်ရေပူစမ်းသို့ ခေါ်လာသည့်အတွက် သူမ မပျော်ရွှင်ရပြန်ပေ။
“ယောင်ယောင် သမီးရဲ့ အကြီးဆုံးအစ်ကိုရဲ့ခြေထောက်က သေချာဂရုစိုက်ပေးဖို့ လိုအပ်နေတာ၊ သမီး အချိန်အားတာနဲ့ သူ့ကို ဂရုစိုက်ပေးလိုက်ပါ”
ဖေးရှီက ယဲ့ကျန်းကိုပြောသည်။
ယဲ့ကျန်းက လုလင်ကျစ်ကို ပေါ့ပါးစွာ ကြည့်ပြီးနောက် ပြော၏။
“အမေ ဆရာမရှန်းက သမီးကို အိမ်စာတွေ အများကြီး ပေးထားတာ”
သူမ အားလျှင်ပင် လုလင်ကျစ်၏ဒဏ်ရာကို ဂရုမစိုက်ချင်ပေ။
လုရှန်းကျစ်က အနားတွင်ရှိနေရာမှ ခပ်တိုးတိုး ပြောလာသည်။
“ယောင်ယောင် အစ်ကိုကြီးက မင်းရဲ့ဆေးကို အမေ့ကိုပြလိုက်တော့ အမေက လိုအပ်တဲ့ပါဝင်ပစ္စည်းတွေ အားလုံးကို ယူလာပေးတယ်၊ မင်းအနေနဲ့ အကြီးဆုံးအစ်ကိုအတွက် နောက်ထပ် ဆေးတစ်ပုလင်း ဖော်စပ်ပေးလိုက်ပါ၊ နောက်ဆုံးတစ်ကြိမ် မင်းရဲ့ကျန်တဲ့ဆေးကို အကြီးဆုံးအစ်ကိုကို ပေးလိုက်တော့ သူ့ရဲ့ဒဏ်ရာတွေက ပိုပြီးကောင်းလာတယ်”
ယဲ့ကျန်း လုရှန်းကျစ်ကို သေသည်အထိ ရိုက်နှက်ချင်သွား၏။ သူမ၏အဖိုးတန်ဆေးကိုပင် လုလင်ကျစ်ကို ပေးလိုက်သေးသည်။
ဖြုန်းတီးလိုက်တာ။
ဖေးရှီက ယဲ့ကျန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်သည်။
“ယောင်ယောင် သမီးကို ဆေးဘယ်လိုဖော်ရမလဲဆိုတာကို အမေ မသင်ပေးမိထားပါဘူး၊ သမီး ဘယ်လိုများ တတ်သွားတာလဲ”
“အမေ အမေက သမီးကို စာအုပ်တွေအများကြီး ပေးထားတာလေ၊ အဲဒီစာအုပ်တွေက စိတ်ဝင်စားဖို့ကောင်းတယ်၊ ဒါကြောင့် သမီးအားတဲ့အချိန်မှာ ကိုယ်တိုင်ဆေးဖော်ကြည့်လိုက်တာပဲ”
ယဲ့ကျန်းက ပြုံးကာပြော၏။ သူမ နဂိုတွေးထားပြီးသား အကြောင်းပြချက်ကို ပြောလိုက်ခြင်းလည်း ဖြစ်သည်။
ဖေးရှီက ရယ်ပြီးစိတ်အေးသွားသည်။ ကြည့်ရသည်မှာ သူမ၏သည်သမီးက သည်နယ်ပယ်တွင် ကံကောင်းခြင်း ရရှိထားဟန်ရသည်။
“ကောင်းပြီ၊ ဒါဆိုရင် သမီးရဲ့အကြီးဆုံးအစ်ကိုကို ဘယ်လိုဂရုစိုက်ပေးရမလဲ ဆိုတာကို အမေက သင်ပေးမယ်”
“အမေ အကြီးဆုံးအစ်ကိုကို ဂရုစိုက်ပေးဖို့ အမေရှိတယ် မဟုတ်ဘူးလား”
“ပေါက်ကရတွေ ငါက မနက်ဖြန်ဆိုရင် မြို့တော်ကိုပြန်တော့မှာ မင်းရဲ့အကြီးဆုံးအစ်ကိုနားမှာ ငါ ဆက်နေနိုင်တော့မှာမဟုတ်ဘူး၊ အဲဒီလိုဆိုရင် ဘယ်သူက လုပ်ပေးတော့မှာလဲ”
ဖေးရှီက ယဲ့ကျန်းကို တစ်ချက်ကြည့်ပြီးနောက် ပြောသည်။
“မပျင်းနဲ့”
ယဲ့ကျန်းက လုရှီမင်ကို ချိန်နေသော အစေခံတစ်ယောက် လုမိသားစုတွင် ရှိနေကြောင်း ပြန်တွေးမိသွား၏။ ထိုသို့ဆိုလျှင် ဖေးရှီအနေဖြင့် သည်နေရာတွင် သိပ်ကြာကြာနေသည်က မကောင်းပေ။ ပြန်သွားသည်က အကောင်းဆုံးဖြစ်၏။ သဘာဝကျကျပင် ဖေးရှီကလည်း သူမ၏လင်ယောက်ျားအား ထိုရွှယ်လျှိုက လိုက်စောင့်ကြည့်နေမည်ကို သဘောကျဟန်မရပေ။
“သမီး သိပါတယ်အမေရယ်၊ အမေ စိတ်အေးအေးထားပြီး ပြန်သွားလိုက်ပါ၊ အမေမရှိရင် အဖေ စိတ်အေးနိုင်မှာမဟုတ်ဘူး”
ယဲ့ကျန်းက ချစ်စဖွယ်လေသံလေးဖြင့် ပြောသည်။
ဖေးရှီ၏မျက်နှာက နီရဲသွားပြီးနောက် သမီးဖြစ်သူကို ခက်ထန်သလို ကြည့်လိုက်၏။
ယဲ့ကျန်းက ရယ်ပြီး ထွက်ပြေးသွားသည်။
အလင်းရောင်နှင့်အတူ တံခါးမှ ပြေးဝင်လာသောပုံရိပ်လေးကို မြင်လိုက်ရချိန်တွင် လုလင်ကျစ် အံ့ဩသွားသည်။ သူ၏တတိယညီမ ထိုမျှတက်ကြွစွာ သူ့ထံလာကြောင်း ပထမဆုံးအကြိမ် မြင်ရခြင်း ဖြစ်၏။ ဘာကြောင့်ရယ်မသိ သူ ယဲ့ကျန်းအား တွေးမိသွားသည်။
ယဲ့ကျန်းကလည်း ထိုအချိန်က သူ၏တတိယညီမကဲ့သို့ တက်ကြွခဲ့ဖူး၏။ ယဲ့ကျန်းကသာ အမြဲတစေ ထိုသို့ပျော်နေရမည်ဆိုလျှင် မည်သို့ဖြစ်လာနိုင်ကြောင်း သူ မတွေးနိုင်တော့ပေ …။
“အခုအရွယ်အထိ မင်းရဲ့တတိယညီမက ဒီအတိုင်း ကလေးဆန်နေတုန်းပဲ၊ မင်းအနေနဲ့ အနာဂတ်မှာ အများကြီး ဝန်ပိတော့မှာပဲ”
ဖေးရှီက ပြုံးပြီး နောက်မှလိုက်လာသည်။
လုလင်ကျစ်ကို တောင်းပန်သလိုကြည့်လာ၏။
သို့ရာတွင် ထိုလူက အသံတိုးတိုးဖြင့် ပြန်ပြောသည်။
“ကျွန်တော့်ရဲ့တတိယညီမက ဒီလောက်ချစ်ဖို့ကောင်းပြီး တက်ကြွနေတာ ဘယ်လိုများ သူမကို သဘောမကျဘဲနေရမှာလဲ”
ဖေးရှီက ပြုံးပြီးပြောသည်။
“မင်း မသိလို့၊ ဒီကလေးမက ငယ်ငယ်ကတည်းက အရမ်းဆိုးတာ၊ သူမ တစ်ခုခုမှားတာနဲ့ ငါ အမြဲတမ်း အပြစ်ပေးရတယ်၊ ဒါပေမဲ့ အဲဒီနောက် ငါ့အပေါ်ချွဲပြီး စိတ်ပျော်သွားအောင် လုပ်တော့တာပဲ”
လုလင်ကျစ်က ရယ်သည်။ ယောင်ယောင်၏ ထိုသို့ကလေးဆန်နေပုံကို ပြန်တွေးမိပြီး သဘောတကျ ဖြစ်သွား၏။
ယဲ့ကျန်းကမူ လုလင်ကျစ်သည် ကျွင်းကျစ်တွင် နေသည့်အတွက် သဘောမကျ ဖြစ်နေသည်။ သူမ အိမ်အတွင်း တစ်နေ့လုံးနီးပါး လက်ရေး လေ့ကျင့်နေလိုက်၏။
ဆရာမရှန်းက သူမက စာမေးပွဲအတွက် စိတ်ပူနေသည်ဟုထင်သွားပြီး သူမကို အပြင်သို့ပင် ခေါ်ထုတ်ကာ စိတ်အပန်းဖြေခိုင်းသေးသည်။
“အားစိုက်ထုတ်တာကောင်းတယ်၊ ဒါပေမဲ့ အမြဲတမ်းမစိုးရိမ်နေသင့်ဘူး”
သူမကိုပင် သတိပေးသေးသည်။
“ဆရာမ ရေပူစမ်းမှာ ခဏလောက်သွားစိမ်ရအောင်၊ ဆေးစာအုပ်ထဲမှာ ပြောထားတဲ့အတိုင်းဆိုရင် ရေပူစမ်းအတွင်း တစ်ကြိမ်ရေစိမ်တာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအရပါ တိုးတက်လာစေတယ်တဲ့၊ အသားအရေလည်း ပိုကောင်းလာစေတယ်”
ယဲ့ကျန်းက လွတ်လပ်သောအပြုံးဖြင့် ပြောလိုက်သည်။
မော့ရုန်ကျန်းနှင့် ထပ်တွေ့မည်ကို စိုးရိမ်ရန် မလိုအပ်တော့ချေ။
ဆရာမရှန်းက တစ်ခဏခန့် တွေးတောပြီးနောက် သဘောတူဟန် ခေါင်းညိတ်လိုက်၏။
လုယောင်ယောင်နှင့် နေ့ရက်များစွာ အချိန်ဖြုန်းပြီးနောက် သူမသည်လည်း သည်သခင်မလေးကို သဘောကျလာသည်။
ဘယ်သူကများ ယောင်ယောင့်လို ချစ်ဖို့ကောင်းတဲ့ကောင်မလေးတွေကို သဘောမကျလို့လဲ။
နှမြောစရာကောင်းတာက သူမရဲ့မျိုးရိုးနာမည်က လုဖြစ်နေတာပဲ။
...
Zawgyi
အပိုင္း (၉၇) နန္းေတာ္သို႔ျပန္ျခင္း ၂
ေနာက္တစ္ရက္တြင္ ခ်န္းသဲ့ေတာင္စံအိမ္က အလြန္ရႈပ္ေထြးေနသည္။ အေၾကာင္းမူကား သည္ေန႕တြင္ ဧကရာဇ္က နန္းေတာ္သို႔ျပန္မည္ျဖစ္သည္။
အနည္းဆုံးေတာ့ ယဲ့က်န္းသည္ သူႏွင့္အခ်ိန္တိုင္း ထပ္ေတြ႕မည္ကို စိုးရိမ္ရန္ မလိုအပ္ေတာ့ေပ။
သို႔ရာတြင္ ေနာက္ႏွစ္ရက္လုံးလုံး ေဖးရွီက လုလင္က်စ္ကို ကြၽင္းက်စ္ေရပူစမ္းသို႔ ေခၚလာသည့္အတြက္ သူမ မေပ်ာ္႐ႊင္ရျပန္ေပ။
“ေယာင္ေယာင္ သမီးရဲ႕ အႀကီးဆုံးအစ္ကိုရဲ႕ေျခေထာက္က ေသခ်ာဂ႐ုစိုက္ေပးဖို႔ လိုအပ္ေနတာ၊ သမီး အခ်ိန္အားတာနဲ႕ သူ႕ကို ဂ႐ုစိုက္ေပးလိုက္ပါ”
ေဖးရွီက ယဲ့က်န္းကိုေျပာသည္။
ယဲ့က်န္းက လုလင္က်စ္ကို ေပါ့ပါးစြာ ၾကည့္ၿပီးေနာက္ ေျပာ၏။
“အေမ ဆရာမရွန္းက သမီးကို အိမ္စာေတြ အမ်ားႀကီး ေပးထားတာ”
သူမ အားလွ်င္ပင္ လုလင္က်စ္၏ဒဏ္ရာကို ဂ႐ုမစိုက္ခ်င္ေပ။
လုရွန္းက်စ္က အနားတြင္ရွိေနရာမွ ခပ္တိုးတိုး ေျပာလာသည္။
“ေယာင္ေယာင္ အစ္ကိုႀကီးက မင္းရဲ႕ေဆးကို အေမ့ကိုျပလိုက္ေတာ့ အေမက လိုအပ္တဲ့ပါဝင္ပစၥည္းေတြ အားလုံးကို ယူလာေပးတယ္၊ မင္းအေနနဲ႕ အႀကီးဆုံးအစ္ကိုအတြက္ ေနာက္ထပ္ ေဆးတစ္ပုလင္း ေဖာ္စပ္ေပးလိုက္ပါ၊ ေနာက္ဆုံးတစ္ႀကိမ္ မင္းရဲ႕က်န္တဲ့ေဆးကို အႀကီးဆုံးအစ္ကိုကို ေပးလိုက္ေတာ့ သူ႕ရဲ႕ဒဏ္ရာေတြက ပိုၿပီးေကာင္းလာတယ္”
ယဲ့က်န္း လုရွန္းက်စ္ကို ေသသည္အထိ ရိုက္ႏွက္ခ်င္သြား၏။ သူမ၏အဖိုးတန္ေဆးကိုပင္ လုလင္က်စ္ကို ေပးလိုက္ေသးသည္။
ျဖဳန္းတီးလိုက္တာ။
ေဖးရွီက ယဲ့က်န္းကို စိတ္ရႈပ္ေထြးစြာ ၾကည့္သည္။
“ေယာင္ေယာင္ သမီးကို ေဆးဘယ္လိုေဖာ္ရမလဲဆိုတာကို အေမ မသင္ေပးမိထားပါဘူး၊ သမီး ဘယ္လိုမ်ား တတ္သြားတာလဲ”
“အေမ အေမက သမီးကို စာအုပ္ေတြအမ်ားႀကီး ေပးထားတာေလ၊ အဲဒီစာအုပ္ေတြက စိတ္ဝင္စားဖို႔ေကာင္းတယ္၊ ဒါေၾကာင့္ သမီးအားတဲ့အခ်ိန္မွာ ကိုယ္တိုင္ေဆးေဖာ္ၾကည့္လိုက္တာပဲ”
ယဲ့က်န္းက ၿပဳံးကာေျပာ၏။ သူမ နဂိုေတြးထားၿပီးသား အေၾကာင္းျပခ်က္ကို ေျပာလိုက္ျခင္းလည္း ျဖစ္သည္။
ေဖးရွီက ရယ္ၿပီးစိတ္ေအးသြားသည္။ ၾကည့္ရသည္မွာ သူမ၏သည္သမီးက သည္နယ္ပယ္တြင္ ကံေကာင္းျခင္း ရရွိထားဟန္ရသည္။
“ေကာင္းၿပီ၊ ဒါဆိုရင္ သမီးရဲ႕အႀကီးဆုံးအစ္ကိုကို ဘယ္လိုဂ႐ုစိုက္ေပးရမလဲ ဆိုတာကို အေမက သင္ေပးမယ္”
“အေမ အႀကီးဆုံးအစ္ကိုကို ဂ႐ုစိုက္ေပးဖို႔ အေမရွိတယ္ မဟုတ္ဘူးလား”
“ေပါက္ကရေတြ ငါက မနက္ျဖန္ဆိုရင္ ၿမိဳ႕ေတာ္ကိုျပန္ေတာ့မွာ မင္းရဲ႕အႀကီးဆုံးအစ္ကိုနားမွာ ငါ ဆက္ေနနိုင္ေတာ့မွာမဟုတ္ဘူး၊ အဲဒီလိုဆိုရင္ ဘယ္သူက လုပ္ေပးေတာ့မွာလဲ”
ေဖးရွီက ယဲ့က်န္းကို တစ္ခ်က္ၾကည့္ၿပီးေနာက္ ေျပာသည္။
“မပ်င္းနဲ႕”
ယဲ့က်န္းက လုရွီမင္ကို ခ်ိန္ေနေသာ အေစခံတစ္ေယာက္ လုမိသားစုတြင္ ရွိေနေၾကာင္း ျပန္ေတြးမိသြား၏။ ထိုသို႔ဆိုလွ်င္ ေဖးရွီအေနျဖင့္ သည္ေနရာတြင္ သိပ္ၾကာၾကာေနသည္က မေကာင္းေပ။ ျပန္သြားသည္က အေကာင္းဆုံးျဖစ္၏။ သဘာဝက်က်ပင္ ေဖးရွီကလည္း သူမ၏လင္ေယာက္်ားအား ထို႐ႊယ္လွ်ိုက လိုက္ေစာင့္ၾကည့္ေနမည္ကို သေဘာက်ဟန္မရေပ။
“သမီး သိပါတယ္အေမရယ္၊ အေမ စိတ္ေအးေအးထားၿပီး ျပန္သြားလိုက္ပါ၊ အေမမရွိရင္ အေဖ စိတ္ေအးနိုင္မွာမဟုတ္ဘူး”
ယဲ့က်န္းက ခ်စ္စဖြယ္ေလသံေလးျဖင့္ ေျပာသည္။
ေဖးရွီ၏မ်က္ႏွာက နီရဲသြားၿပီးေနာက္ သမီးျဖစ္သူကို ခက္ထန္သလို ၾကည့္လိုက္၏။
ယဲ့က်န္းက ရယ္ၿပီး ထြက္ေျပးသြားသည္။
အလင္းေရာင္ႏွင့္အတူ တံခါးမွ ေျပးဝင္လာေသာပုံရိပ္ေလးကို ျမင္လိုက္ရခ်ိန္တြင္ လုလင္က်စ္ အံ့ဩသြားသည္။ သူ၏တတိယညီမ ထိုမွ်တက္ႂကြစြာ သူ႕ထံလာေၾကာင္း ပထမဆုံးအႀကိမ္ ျမင္ရျခင္း ျဖစ္၏။ ဘာေၾကာင့္ရယ္မသိ သူ ယဲ့က်န္းအား ေတြးမိသြားသည္။
ယဲ့က်န္းကလည္း ထိုအခ်ိန္က သူ၏တတိယညီမကဲ့သို႔ တက္ႂကြခဲ့ဖူး၏။ ယဲ့က်န္းကသာ အၿမဲတေစ ထိုသို႔ေပ်ာ္ေနရမည္ဆိုလွ်င္ မည္သို႔ျဖစ္လာနိုင္ေၾကာင္း သူ မေတြးနိုင္ေတာ့ေပ …။
“အခုအ႐ြယ္အထိ မင္းရဲ႕တတိယညီမက ဒီအတိုင္း ကေလးဆန္ေနတုန္းပဲ၊ မင္းအေနနဲ႕ အနာဂတ္မွာ အမ်ားႀကီး ဝန္ပိေတာ့မွာပဲ”
ေဖးရွီက ၿပဳံးၿပီး ေနာက္မွလိုက္လာသည္။
လုလင္က်စ္ကို ေတာင္းပန္သလိုၾကည့္လာ၏။
သို႔ရာတြင္ ထိုလူက အသံတိုးတိုးျဖင့္ ျပန္ေျပာသည္။
“ကြၽန္ေတာ့္ရဲ႕တတိယညီမက ဒီေလာက္ခ်စ္ဖို႔ေကာင္းၿပီး တက္ႂကြေနတာ ဘယ္လိုမ်ား သူမကို သေဘာမက်ဘဲေနရမွာလဲ”
ေဖးရွီက ၿပဳံးၿပီးေျပာသည္။
“မင္း မသိလို႔၊ ဒီကေလးမက ငယ္ငယ္ကတည္းက အရမ္းဆိုးတာ၊ သူမ တစ္ခုခုမွားတာနဲ႕ ငါ အၿမဲတမ္း အျပစ္ေပးရတယ္၊ ဒါေပမဲ့ အဲဒီေနာက္ ငါ့အေပၚခြၽဲၿပီး စိတ္ေပ်ာ္သြားေအာင္ လုပ္ေတာ့တာပဲ”
လုလင္က်စ္က ရယ္သည္။ ေယာင္ေယာင္၏ ထိုသို႔ကေလးဆန္ေနပုံကို ျပန္ေတြးမိၿပီး သေဘာတက် ျဖစ္သြား၏။
ယဲ့က်န္းကမူ လုလင္က်စ္သည္ ကြၽင္းက်စ္တြင္ ေနသည့္အတြက္ သေဘာမက် ျဖစ္ေနသည္။ သူမ အိမ္အတြင္း တစ္ေန႕လုံးနီးပါး လက္ေရး ေလ့က်င့္ေနလိုက္၏။
ဆရာမရွန္းက သူမက စာေမးပြဲအတြက္ စိတ္ပူေနသည္ဟုထင္သြားၿပီး သူမကို အျပင္သို႔ပင္ ေခၚထုတ္ကာ စိတ္အပန္းေျဖခိုင္းေသးသည္။
“အားစိုက္ထုတ္တာေကာင္းတယ္၊ ဒါေပမဲ့ အၿမဲတမ္းမစိုးရိမ္ေနသင့္ဘူး”
သူမကိုပင္ သတိေပးေသးသည္။
“ဆရာမ ေရပူစမ္းမွာ ခဏေလာက္သြားစိမ္ရေအာင္၊ ေဆးစာအုပ္ထဲမွာ ေျပာထားတဲ့အတိုင္းဆိုရင္ ေရပူစမ္းအတြင္း တစ္ႀကိမ္ေရစိမ္တာက ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာအရပါ တိုးတက္လာေစတယ္တဲ့၊ အသားအေရလည္း ပိုေကာင္းလာေစတယ္”
ယဲ့က်န္းက လြတ္လပ္ေသာအၿပဳံးျဖင့္ ေျပာလိုက္သည္။
ေမာ့႐ုန္က်န္းႏွင့္ ထပ္ေတြ႕မည္ကို စိုးရိမ္ရန္ မလိုအပ္ေတာ့ေခ်။
ဆရာမရွန္းက တစ္ခဏခန႔္ ေတြးေတာၿပီးေနာက္ သေဘာတူဟန္ ေခါင္းညိတ္လိုက္၏။
လုေယာင္ေယာင္ႏွင့္ ေန႕ရက္မ်ားစြာ အခ်ိန္ျဖဳန္းၿပီးေနာက္ သူမသည္လည္း သည္သခင္မေလးကို သေဘာက်လာသည္။
ဘယ္သူကမ်ား ေယာင္ေယာင့္လို ခ်စ္ဖို႔ေကာင္းတဲ့ေကာင္မေလးေတြကို သေဘာမက်လိဳ႕လဲ။
ႏွေျမာစရာေကာင္းတာက သူမရဲ႕မ်ိဳးရိုးနာမည္က လုျဖစ္ေနတာပဲ။
...