Uni
"No One can rewrite the stars
How can you say you'll be mine
Everything keeps up apart
I am not the one you are mean to find"
"အားနာလိုက်တာဗျာ။ ကျွန်တော့်ကို ခဏလောက်ခွင့်ပြုပါဦးနော်"
လိုတ အရှေ့ကလူကို အားနာနာနှင့်ခွင့်တောင်းခဲ့ပြီးမှ ဆိုင်ပြင်ကို ထွက်လာလိုက်သည်။ ဖုန်းကိုထပ်ကြည့်လိုက်တော့ "ခန့်မင်း"ဆိုသည့် Contactက ပြူးတူးပြဲတဲ။ သူဌေးရဲ့သူငယ်ချင်းက တိုက်ခန်းတစ်ခုလောက် ဝယ်ချင်နေတာမို့ VIPအနေနဲ့ လိုတကိုယ်တိုင် လိုက်ပြီး တွေ့ပေးရတာဖြစ်သည်။ ဒီလိုအချိန်မှာ အရေးကြီးသည့်ဖုန်းမဟုတ်ရင် သူ မကိုင်ချင်။ သို့သော် ခန့်မင်းဆိုတာကလည်း အားတိုင်းယားတိုင်း ဖုန်းဆက်နေတတ်သူ မဟုတ်ပေ။ အကြောင်းတစ်ခုခုရှိတာ သေချာသည်။
လိုတက အထဲမှာ အေးဂျင့်နှင့်စကားပြောနေသော သူဌေးကို ပြန်ကြည့်လိုက်ပြီး ဖုန်းကို နားဆီကပ်လိုက်သည်။
"ဟယ်လို ခန့်မင်း ပြော"
(အေးလိုတ။ ငါ မင်းကိုပြောစရာရှိလို့ဆက်လိုက်တာ။ ပိုင်ဥာဏ်က မင်းနဲ့အသက်ကို အထင်လွဲနေတုန်းပဲဆို။ ဟုတ်လား)
ခန့်မင်း၏ သုတ်သုတ်ပျာပျာစကားကြောင့် လိုတ အော်ရယ်ပစ်လိုက်ချင်သည်။ ဒီငတုံးစုံတွဲက ဒါကို အခုမှ သိပုံပင်။
"ခုမှသိလား။ မင်းတို့ကို ဘယ်သူပြောတာလဲ"
(ဘယ်သူရှိရမလဲ မင်းလင် ပိုင်ဥာဏ်ပေါ့။ ငါ့အသက်ကိုဖုန်းဆက်ပြီး ကိုယ့်ရည်းစားကိုယ်ထိန်းဖို့ ပြောသွားတာတဲ့။ အသက်က သဘောပေါက်မြန်လို့သာပေါ့။ နို့မို့ရင် မင်းတို့လင်မယားလုပ်တာ ငါတို့စုံတွဲက ကြားထဲက ကွဲဦးမယ်)
"မင်းကြီးတော်ကို လင်မယားလား။ ပေါက်ကရတွေပြောတယ်နော် ခန့်မင်း အဟွန်း"
လိုတက စိတ်ဆိုးဟန်ဖြင့် တုံ့ပြန်လိုက်သော်လည်း သူ့အသွင်အပြင်က စိတ်ဆိုးနေပုံ နည်းနည်းလေးမှ မပေါက်။ နေပူရှိန်ကြောင့်လားတော့မသိပေမဲ့ ပါးဖြူဖြူတွေထက်မှာ အနီရိပ်တွေတောင် ထင်နေလိုက်သေးသည်။
(ဟဲဟဲ လိုတ မင်းကလည်းကွာ။ ငါမင်းကို ဝမ်းသာစရာလည်း ပြောရဦးမယ်)
"ဘာလဲ ဝမ်းသာစရာက။ မင်း ဗိုက်ကြီးနေပြီတဲ့လား"
(ဖွဟဲ့ ငါက ဘာကိစ္စဗိုက်ကြီးရမှာလဲ။ ကြီးချင်းကြီး မင်းပဲကြီးပါလား)
"အံမယ် ငါက ကြီးစရာရည်းစားမရှိဘူးလေ။ မင်းက ရည်းစားရှိတယ်။ မင်းဗိုက်ကြီးရမှာ"
(ကြံကြံဖန်ဖန်ပြောတယ်။ ရှေးခေတ်ကလို ချက်တော်ကို လက်တော်နဲ့ရစ်လို့ ရတယ်များမှတ်နေလား လိုတရေ ငါဗိုက်ကြီးရအောင်)
သူငယ်ချင်းနှစ်ယောက် စကားနိုင်လုနေတာနဲ့ လိုရင်းကို တော်တော်နဲ့မရောက်။
"ကဲပါ ကဲပါ ဗိုက်ကိစ္စကိုထားဦး။ ဘာဝမ်းသာစရာလဲ မင်းညီမ လင်ယူတော့မယ်တဲ့လား"
(အေး လင်ယူတော့မှာကတော့ ဟုတ်တယ်။ ငါ့ညီမတော့ မဟုတ်ဘူး။ မင်းညီမ)
"ငါ့ညီမ?"
လိုတက အူကြောင်ကြောင်ဖြင့် သူ့ကိုသူ လက်ညှိုးပြန်ထိုးကာ စဉ်းစားသည်။ သူ့မှာ ညီမဆိုလို့ တစ်ဝမ်းကွဲတောင်ရှိတာမဟုတ်ဘဲ ဒီကောင်ခန့်မင်း... မဟုတ်မှလွဲရော။ လိုတ မျက်လုံးပြူးသွားသည်။
"ဟျောင့် မင်းတို့ တကယ်ကြီးယူကြတော့မှာလား"
(အေး ငါ ဒီနေ့ပဲ အသက်ကို သွားတောင်းရမ်းပြီးပြီ)
"ခွက်တစ်လုံးနဲ့လား"
(ဒီမအေဘေး)
လိုတက တဟားဟားရယ်သည်။ သူ အောင်သွယ်ပေးခဲ့တဲ့အတွဲ လက်ထပ်ကြတော့မှာမို့ အူရွှင်နေပုံရသည်။
(အဲ့တာကွာ အစကတော့ ယောက္ခမကြီးတို့က သူတို့သမီးကို နည်းနည်းကြာမှ လက်ထပ်ပေးမယ်တွေဘာတွေ လုပ်နေတာ။ ငါ့အမေ စကားပြောကောင်းတာလည်း မင်းသိသားနဲ့။ အမေနဲ့ တစ်ညနေလောက်လွှတ်ထားပေးလိုက်တာ။ ရောက်တုန်းရောက်ခိုက်ပဲ ရက်ကောင်းရွေးပြီး လက်ထပ်ပေးမယ်တွေ ဖြစ်သွားရောဟေး။ ဟားဟား)
ခန့်မင်းကျော်ရယ်သံကြီးက ဖုန်းထဲမှနေ ကျယ်ကျယ်လောင်လောင်ကြီး ထွက်ပေါ်လာသည်။ လိုတကတော့ ထိုအသံကြီးကိုနားထောင်ရင်း မျက်နှာရှုံ့မဲ့သွားသည်။ လဒက မိန်းမရတော့မှာမို့ တော်တော်ပျော်နေဟန်ပင်။
"အေးပါ အေးပါ။ ငါ့ကို အဲ့လိုတကူးတကဖုန်းဆက်ခေါ်ပြီး ကြွားပါ။ ဟုတ်ပြီလား"
(ကြွားတာမဟုတ်ဘူး လိုတရေ။ မင်း မော်လမြိုင်ကို လာရင် ငါတို့မင်းကို ရှယ်ပြုစုမဲ့အကြောင်း ကြိုပြောတာ။ နောက်ပြီး မင်းက ငါတို့စုံတွဲရဲ့ ခေါင်းကိုင် အကြီးအကဲမဟုတ်လား။ မင်းကို ကြိုတင်သတင်းပို့တာလေကွာ)
"အံမယ် ရိုသေလေးစားတယ်ပေါ့"
(ဒါပေါ့ကွ ဟားဟား)
ခန့်မင်းကျော်ရယ်သံကိုနားထောင်ရင်း လိုတလည်း တပြုံးပြုံး။
"ဪ ဒါဆို ပိုင်ဥာဏ်လည်း အမြင်မှန်ရတော့မှာပေါ့"
(အေးပေါ့ လိုတ။ ဒါနဲ့ မင်းသူ့ကို ဘာကိစ္စရှင်းမပြခဲ့တာလဲ။ မင်းတို့ စကားတောင်မပြောကြဘူးလား။ အဲ့လောက်ထိ မင်းတို့ မတည့်တာက ပြင်းထန်နေတုန်းလား)
"ငါက ပြောတာပေါ့ဟ။ အဲ့အကောင်က မယုံတာလေ။ ငါလည်း မတတ်နိုင်ဘူး"
(ဟာကွာ ဆိုးရွားလိုက်တာမှ)
လိုတက ခန့်မင်းမမြင်နိုင်မှန်းသိသော်လည်း ခေါင်းကို တဆတ်ဆတ်ညိတ်သည်။ ထို့နောက် သူ့ဖုန်းသူကြည့်ကာ အလန့်တကြားထအော်သည်။
"ဟျောင့်ရေ ငါ့ကို မင်္ဂလာပွဲရက်ကို စာပို့ထားလိုက်နော်။ ငါအခု ဖုန်းအားမရှိတော့ဘူးဟ။ ဒါဆို ငါ ဖုန်းချလိုက်တော့မယ်နော်"
(အိုခေ အိုခေ ရတယ်ဟျောင့်။ လက်ဖွဲ့ယူလာရင် စိတ်ဆိုးမယ်လို့ အသက်က ပြောခိုင်းလိုက်တယ်သိလား။ ဒါပဲ ဒါပဲ)
ခန့်မင်းကျော်စကားကြောင့် လိုတက ဖုန်းကိုစက်ပိတ်ရင်း ရယ်မိသည်။ နောက်ဆုံးတော့လည်း ပိုင်ဥာဏ် အထင်အမြင်တွေ ရှင်းလင်းသွားမဲ့နေ့လေး ရောက်လာတော့မှာပင်။ လိုတ ရင်ထဲမှာ ဘာကို သဘောကျမှန်းမသိ သဘောကျမိသွားသည်။ ရာသီဥတုသည် ဒီနေ့မှ အေးအေးချမ်းချမ်းရှိနေသလိုပင်။
ပိုင်ဥာဏ် အမှန်အတိုင်းသိသွားတော့မည်ပဲ။ လိုတ စိတ်ထဲ၌ အဆုံးသတ်တစ်ခုကို လှမ်းမြင်နေရသည်။ ထိုအဆုံးသတ်၏ အဆုံး၌ အစတစ်ခုကိုလည်း ခပ်ရေးရေး လှမ်းတွေ့လိုက်ပါသေးသည်။
တစ်ဖက်က အေးမြနေလို့ထင်ပါသည်။ နောက်တစ်ဖက်မှာတော့ ပူလောင်ပျာယာခတ်နေသည်။ သက်လျာဆီမှ ဝင်လာသော ဖုန်းကို ချလိုက်ပြီးနောက် ပိုင်ဥာဏ် ရုတ်တရက် ဘာလုပ်ရမယ်မသိ။
"ငါနဲ့ ကိုကြီးနဲ့က အစကတည်းကကြိုက်နေကြတာ။ လိုတက ငါတို့ကို ကူညီပြီးဖုံးပေးထားတာ။ လိုတနဲ့ငါနဲ့က ရည်းစားတွေမဟုတ်ဘူးဟ။ အခု ငါက ကိုကြီးနဲ့လက်ထပ်တော့မှာ"
သက်လျာပြောခဲ့သော စကားတွေကို ပြန်ကြားယောင်တော့ ပိုင်ဥာဏ် သူ့ခေါင်းသူ ပြန်ဖွလိုက်မိသည်။ ဒီ့နောက် သက်လျာဘာတွေပြောခဲ့မှန်းမသိသလို သူလည်း ဘာတွေပြန်ပြောခဲ့လဲဆိုတာ မမှတ်မိတော့။ သူ့စိတ်ထဲမှာတော့ လိုတကိုတွေ့ပြီး မေးပစ်လိုက်ချင်သည့်စိတ်သာ တရေးရေးတိုးတက်လာသည်။
ဟုတ်သည်။ ပြန်စဉ်းစားကြည့်ရလျှင် လိုတက သက်လျာနဲ့အနီးကပ်ဆုံးဖြစ်ခဲ့တာ သေချာသည်။ သို့သော် လိုတက လုံးဝဝန်မခံခဲ့ပေ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူတို့ဆက်ဆံရေး ပျက်ပြားရသည်အထိ ဖြစ်ခဲ့တာကို လိုတက အမှန်တရားကိုဖွင့်ပြောဖို့ စိတ်ကူးမရှိခဲ့။ သူက စာမေးပွဲပြီးသည်အထိ စောင့်ဖို့ကိုပဲ တွင်တွင်ပြောနေခဲ့သည်။ သူတို့နှစ်ယောက် ပြတ်စဲသွားတာတောင်မှ... လိုတက တစ်ခွန်းမှ ဖွင့်ဟလာတာမျိုးမရှိ။
ဒီနောက်ပိုင်းတွေမှာ လိုတ သူ့ကိုဖွင့်ပြောခဲ့တယ်ဆိုပေမဲ့ သူ့ဘက်က မယုံ။ တကယ်ပဲ မယုံတဲ့စိတ်က ခိုင်ခိုင်မာမာဖြစ်နေတာလား။ ဒါမှမဟုတ် တမင်ကို မယုံသလိုနေခဲ့တာလားဆိုတာတော့ သူ့ကိုယ်သူတောင် နားမလည်။ သူသိတာအကုန်ကတော့ လိုတနဲ့သူ တစ်နည်းနည်းနဲ့ အဆက်အသွယ်ဖြစ်စေချင်တာပင်။ အရင်အချိန်တွေကို ပြန်ရချင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ဝန်မခံဘဲ သူ လိုတကို ပြန်လိုချင်ခဲ့သည်။
အဲ့တာကပဲ သက်လျာနဲ့လိုတကြိုက်နေပါသည်ဟု ယုံကြည်မိအောင် အတင်းတွန်းအားပေးခဲ့သည့်ပုံပင်။ လိုတနဲ့သူ့ကြား ဘာမှမရှိတာထက်စာရင် လိုတနဲ့သူ့ညီမ ကြိုက်နေတာက နည်းနည်းပိုပြီး ခံသာနေသေးသည်။ ဟုတ်သည်။ အဲ့တာကြောင့်ပဲဖြစ်ရမည်။
ပိုင်ဥာဏ်က ကားသော့ကို ကိုင်ကာ မတ်တပ်ထရပ်သည်။ တကယ်တမ်းတော့ သူ့စိတ်တွေ ဒွိဟဖြစ်နေဆဲပင်။ အခုအချိန်မှာ သူ တစ်စုံတစ်ယောက်ကို တွေ့ဖို့လိုအပ်သည်။ မော်လမြိုင်က အတွဲကိုသွားတွေ့တာဖြစ်ဖြစ် လိုတကိုသွားတွေ့တာဖြစ်ဖြစ် လုပ်ပြီး အကြောင်းစုံကို အကုန်အစင်မေးမြန်းဖို့ လိုနေသည်။ သူ အကုန်အစင်သိရမှဖြစ်လိမ့်မည်။
"အေး... မင်းဆိုင်မှာ ငါ့ကိုခဏစောင့်နေလိုက်။ တစ်နာရီလောက်ကြာရင် အဲ့ကိုငါလာခဲ့မယ်။ ခရီးတစ်ခုသွားစရာရှိလို့ ငါ့ကားကို စစ်ချင်လို့"
ကားဝပ်ရှော့ဆိုင်မှာလုပ်သည့် သူငယ်ချင်းကို ဖုန်းဆက်ပြီးသည့်နောက် တိုက်ခန်းတံခါးကိုပိတ်ကာ အလျှင်အမြန် ထွက်သွားလိုက်သည်။ ထို့နောက် အလောတကြီးဖြစ်နေသော စိတ်တို့ဖြင့် ဘေးအခန်းမှ တံခါးကို သွားထုသည်။
"လိုတ"
ဒုန်း ဒုန်း ဒုန်း
"လိုတ ထွက်ခဲ့ဦး။ ငါပြောစရာရှိတယ်"
ဒုန်း ဒုန်း ဒုန်း
တံခါးကို တဒုန်းဒုန်းထုနေတာ လက်မနာသည့်အတိုင်းပင်။ ဒါ့အပြင် တံခါးဘဲလ်ကိုလည်း မစာမနာ တရစပ်နှိပ်နေလိုက်သေးသည်။ ၂စက္ကန့်ကြာသည်အထိ ဘာတုံ့ပြန်မှုမှ မလာတော့ ပိုင်ဥာဏ် စိတ်မရှည်တော့ပေ။ အသင့်ယူလာသည့် သော့ကိုထုတ်ကာ တံခါးကို အမြန်ဆောင့်ဖွင့်လိုက်သည်။
"လိုတရ"
ပိုင်ဥာဏ် အော်ခေါ်လိုက်သော်လည်း တိုက်ခန်းအတွင်းမှာ ဘာတုံ့ပြန်မှုမှမရှိ။ မီးပိတ်ထားသောအခန်းအနေအထားအရ လူမရှိဘူးဆိုတာ ပို၍ သေချာစေသည်။
"ကျစ်"
ပိုင်ဥာဏ်က မကျေမနပ် ကျစ်သပ်သည်။ ထို့နောက် ချာချီ့ကို အခန်းထဲမှ ဆွဲပွေ့ကာ သူနှင့်အတူ ခေါ်လာခဲ့လိုက်သည်။ လိုတကို အလုပ်ကနေ သွားခေါ်မည်။ နောက်ပြီး ချာချီ့ကို အမေ့အိမ်မှာထားခဲ့ကာ မော်လမြိုင်ကို သွားရမည်။ ဒါက သူ့စိတ်ကူးထဲမှ အစီအစဉ်အပြည့်အစုံပင်။
မည်းနက်ပြောင်လက်နေသော ကားထဲသို့ အကြမ်းပတမ်းဝင်ထိုင်လိုက်ကာ ချာချီ့ကို ဘေးခုံပေါ်တင်လိုက်သည်။ ထို့နောက် ကားသည် တစ်စုံတစ်ခုကို စိတ်မရှည်ဖြစ်နေသည့်အလား ဝူးခနဲဆောင့်ထွက်သွားလေသည်။ ချာချီ့ခမျာမှာတော့ မသေဖို့အရေး တို့အရေးလုပ်ကာ ကားကူရှင်ကို ကြောင်ပေါက်စီတစ်ကောင်လို ကပ်ထားရသည်။
"မင်း ဒီမှာ ခဏနေခဲ့ဦး။ ငါ သူ့ကိုသွားရှာလိုက်ဦးမယ်။ အိုခေ?"
HOMEအရှေ့ရောက်တော့ ကားထဲက ချာချီကို အမှာစကားပြောလိုက်ရင်း ကားတံခါးကို ဆောင့်ပိတ်လိုက်သည်။ ထို့နောက် ကုမ္ပဏီထဲဝင်သွားသည့်ခြေလှမ်းတွေက နည်းနည်းနောနော ကျဲတာကြီးမဟုတ်။
"ဘာများကူညီပေးရမလဲရှင်"
Receptionရောက်တော့ စာရေးမလေးက ယဉ်ယဉ်ကျေးကျေးမေးလာသည်။ ပိုင်ဥာဏ် ခပ်ပြတ်ပြတ်သာ ပြန်ဖြေလိုက်မိသည်။
"မန်နေဂျာ လိုတရနဲ့ တွေ့ချင်လို့"
"ဪ Appointment ယူထားပါသလားရှင်"
"မယူထားဘူး"
"ဟင် ဒါဆိုရင်တော့..."
"ကေသီဘေးဖယ် မမပြောလိုက်မယ်"
စာရေးမလေးက တစ်စုံတစ်ခု ပြောဟန်ပြင်စဉ်မှာပဲ ဒေါက်ဖိနပ်သံကြားလိုက်ရသည်။ ထို့နောက် နှုတ်ခမ်းနီကို ခပ်ရဲရဲဆိုးထားသော အမျိုးသမီးတစ်ယောက်ထွက်ပေါ်လာသည်။ ဒါ လိုတက အစ်မဟန်ဟု ခေါ်နေကျဖြစ်သည့် အမျိုးသမီးမှန်း ပိုင်ဥာဏ် မှတ်မိလိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ် ဒါရိုက်တာကြီး။ မန်နေဂျာက အပြင်မှာ VIPဧည့်သည် တွေ့ဖို့ရှိလို့ သွားပါတယ်။ သွားတာတော့ နည်းနည်းကြာပြီရှင့်။ အထဲဝင်ပြီး ထိုင်စောင့်ပါဦးလား"
"အင်း ကျွန်တော့်ကို ဖုန်းတစ်ချက်လောက် ဆက်ပေးပါလား"
"ဟုတ်ကဲ့ ဆက်ပေးပါ့မယ် လာပါရှင်"
ထိုအမျိုးသမီးနောက် ခပ်မြန်မြန်လိုက်သွားရင်းဖြင့် ဧည့်ခန်းမှာ ဝင်ထိုင်လိုက်ရသည်။ ကားမောင်းနေသည့်တလျှောက် လိုတဖုန်းကို မည်သို့ပင်ခေါ်စေကာမူ ဖုန်းအော်ပရေတာမှ ဟိုအမျိုးသမီး၏ 'စက်ပိတ်ထားပါတယ်ရှင်'ဆိုတာပဲ ကြားရသည်။ တကယ်စက်ပိတ်ထားတာလား။ ဒါမှမဟုတ် Blockခံထားရတာလားဆိုတာတော့ လိုတရပဲ သိလိမ့်မည်မို့ သူ တခြားလူကို ဖုန်းဆက်ဖို့ အကူအညီတောင်းလိုက်ရခြင်းသာ။
"အယ် အားနာစရာတွေတော့ ဖြစ်ကုန်ပြီထင်တယ် ဒါရိုက်တာကြီး။ လိုတရယ် ဖုန်းစက်ပိတ်ထားတယ်ထင်တယ်"
ဟန်ဆိုသည့်အမျိုးသမီးက အားနာသည့်မျက်နှာထားဖြင့် တောင်းပန်စကားဆိုလာသည်။ ပိုင်ဥာဏ် တကယ်ကို စိတ်မရှည်တော့သလို ခံစားလိုက်ရသည်။
"ဒါနဲ့ လိုတ ဘယ်နေရာမှာ သွားတွေ့တယ်ဆိုတာ ပြောလို့ရလားဗျ"
"ဟင်... အရမ်းအရေးကြီးတဲ့ကိစ္စမလို့လား"
"ဟုတ်တယ်"
ပိုင်ဥာဏ်က ခပ်ပြတ်ပြတ်သာဖြေသည်။ ဖုန်းဆက်မရဘူးဆိုကတည်းက ထရပ်လိုက်သည့်ပုံက လိပ်စာသိတာနဲ့ ချက်ချင်းထွက်သွားတော့မည့်လူမျိုးလို။ အရေးကြီးကိစ္စဆိုတော့ ဟန်လည်း မနေသာတော့ပေ။ ပိုင်ဥာဏ်က လိုတနဲ့ မိသားစုအရပါ ရင်းနှီးကြတာဖြစ်သည်။ လိုတ မိသားစုက တစ်ခုခုဖြစ်နေတာမျိုးဆို စိုးရိမ်ရသည်။
"ဒါဆိုလည်း ခဏလေးနော်။ အဲ့ appointmentစီစဉ်သူကို သွားမေးလိုက်မယ်။ ခဏစောင့်နော် ဒါရိုက်တာကြီး"
"ဟုတ်ကဲ့ဗျ"
ဒေါက်ဖိနပ်သံက အခန်းပြင်ထွက်သွားသော်လည်း ပိုင်ဥာဏ် ဆိုဖာပေါ်ပြန်မထိုင်နိုင်သေးပေ။ အရေးအကြောင်းဆို ဘာမှလုပ်မရတာလောက် အသည်းပေါက်တာမျိုးမရှိ။ သူ့စိတ်ထဲကအတိုင်းသာဆို လိုတကို သွားဆွဲခေါ်ပြီး ပုခုံးကိုလှုပ်ရမ်းကာ အကြောင်းအရင်း အကုန်အစင်ကို မေးမြန်းပြီးသားဖြစ်နေလေပြီ။
"ဒါရိုက်တာကြီး အဲ့appointmentက သူဌေးက ခေါ်သွားတာမို့ဘယ်နေရာလဲဆိုတာ မသိလိုက်ကြဘူးတဲ့။ သူသွားတာတော့ ကြာပါပြီ။ ဒီမှာပဲ ထိုင်စောင့်မလားဟင်"
"တော်ပြီ ရတယ်"
တစ်ဖက်အမျိုးသမီး၏ အလျင်စလို စကားသံကိုကြားလိုက်ရချိန် ပိုင်ဥာဏ် ဒီမှာဆက်ရှိနေဖို့ စိတ်ကူးမရှိတော့ပေ။ လိုတကို ရှာမတွေ့ရင်လည်း မော်လမြိုင်က ဟိုနှစ်ယောက်ဆီပဲ အရင်သွားတော့မည်။ ခန့်မင်းကျော် မင်္ဂလာပွဲပေမို့ လိုတက အဲ့ဒီကို မလာမဖြစ် လာမှာပင်။ သူကိုယ်တိုင်တောင် လိုက်ဖမ်းနေစရာမလိုတော့။
"ကျွန်တော်လာသွားတယ်လို့ လိုတကို မပြောနဲ့တော့နော် အစ်မ။ ကျေးဇူးတင်ပါတယ်ဗျ"
"ဪ ဟုတ်ကဲ့ ဟုတ်ကဲ့"
ကြောင်စီစီဖြစ်နေသော အစ်မကြီးကို နောက်မှာချန်ထားခဲ့ကာ ဘောက်ဆတ်ဆတ်ဖြင့် ထွက်လာခဲ့လိုက်သည်။ ကားဆီရောက်တော့ တံခါးကို အကြမ်းပတမ်းကြီးအဖွင့်အပိတ်လုပ်နေသော ပိုင်ဥာဏ်အား ချာချီက ကြောက်ရွံ့သော မျက်လုံးဝိုင်းကြီးများဖြင့် မော့ကြည့်သည်။
"ဘာလဲ"
ပိုင်ဥာဏ် မေးဆတ် မေးလိုက်တော့လည်း ချာချီက မျက်နှာတလွှဲလွှဲနှင့်။ ပိုင်ဥာဏ် သူ့ကိုကြောက်နေသည့် ကြောင်ဘုတ်ထိုင်းကြီးကို ကြည့်ကာ စိတ်ကူးပြောင်းသွားလေသည်။ သူ့အမေဆီမှာ ကြောင်ကိုထားခဲ့ဖို့ မတွေးတော့ပေ။ မော်လမြိုင်အထိ ချာချီ့ကို ခေါ်သွားရမည်။ လူရွှေအိုးကြီးမဟုတ်တောင် ကြောင်ရွှေအိုးကြီးတော့ သူ့ဘေးနားမှာရှိသင့်သည်ဟု ထင်တာကြောင့်ပင်။
ဤသို့ဖြင့် အနက်ရောင်ပြောင်လက်နေသော ကားကြီးသည် Home၏ ရှည်လျားသော တိုက်တာကြီးကို နောက်ချန်ရစ်ကာ ဝူးခနဲ ထွက်သွားလေတော့သည်။ အရှိန်က ပြင်းလွန်းသဖြင့် ကားအနောက်မှာတော့ ဖုန်တွေဝုန်းခနဲ လုံးခနဲ။
.............................................................................................................................................................................
A/N
ရေး နောက်ဆုံးတော့ တို့ပြဿနာအိုးလေး သိသွားခဲ့ပြီ
Zawgyi
"No One can rewrite the stars
How can you say you'll be mine
Everything keeps up apart
I am not the one you are mean to find"
"အားနာလိုက္တာဗ်ာ။ ကၽြန္ေတာ့္ကို ခဏေလာက္ခြင့္ျပဳပါဦးေနာ္"
လိုတ အေရ႔ွကလူကို အားနာနာႏွင့္ခြင့္ေတာင္းခဲ့ၿပီးမွ ဆိုင္ျပင္ကို ထြက္လာလိုက္သည္။ ဖုန္းကိုထပ္ၾကၫ့္လိုက္ေတာ့ "ခန႔္မင္း"ဆိုသၫ့္ Contactက ျပဴးတူးၿပဲတဲ။ သူေဌးရဲ့သူငယ္ခ်င္းက တိုက္ခန္းတစ္ခုေလာက္ ဝယ္ခ်င္ေနတာမို႔ VIPအေနနဲ႔ လိုတကိုယ္တိုင္ လိုက္ၿပီး ေတြ့ေပးရတာျဖစ္သည္။ ဒီလိုအခ်ိန္မွာ အေရးႀကီးသၫ့္ဖုန္းမဟုတ္ရင္ သူ မကိုင္ခ်င္။ သို႔ေသာ္ ခန႔္မင္းဆိုတာကလည္း အားတိုင္းယားတိုင္း ဖုန္းဆက္ေနတတ္သူ မဟုတ္ေပ။ အေၾကာင္းတစ္ခုခုရိွတာ ေသခ်ာသည္။
လိုတက အထဲမွာ ေအးဂ်င့္ႏွင့္စကားေျပာေနေသာ သူေဌးကို ျပန္ၾကၫ့္လိုက္ၿပီး ဖုန္းကို နားဆီကပ္လိုက္သည္။
"ဟယ္လို ခန႔္မင္း ေျပာ"
(ေအးလိုတ။ ငါ မင္းကိုေျပာစရာရိွလို႔ဆက္လိုက္တာ။ ပိုင္ဥာဏ္က မင္းနဲ႔အသက္ကို အထင္လဲြေနတုန္းပဲဆို။ ဟုတ္လား)
ခန႔္မင္း၏ သုတ္သုတ္ပ်ာပ်ာစကားေၾကာင့္ လိုတ ေအာ္ရယ္ပစ္လိုက္ခ်င္သည္။ ဒီငတံုးစံုတဲြက ဒါကို အခုမွ သိပံုပင္။
"ခုမွသိလား။ မင္းတို႔ကို ဘယ္သူေျပာတာလဲ"
(ဘယ္သူရိွရမလဲ မင္းလင္ ပိုင္ဥာဏ္ေပါ့။ ငါ့အသက္ကိုဖုန္းဆက္ၿပီး ကိုယ့္ရည္းစားကိုယ္ထိန္းဖို႔ ေျပာသြားတာတဲ့။ အသက္က သေဘာေပါက္ျမန္လို႔သာေပါ့။ ႏို႔မို႔ရင္ မင္းတို႔လင္မယားလုပ္တာ ငါတို႔စံုတဲြက ၾကားထဲက ကဲြဦးမယ္)
"မင္းႀကီးေတာ္ကို လင္မယားလား။ ေပါက္ကရေတြေျပာတယ္ေနာ္ ခန႔္မင္း အဟြန္း"
လိုတက စိတ္ဆိုးဟန္ျဖင့္ တံု႔ျပန္လိုက္ေသာ္လည္း သူ႔အသြင္အျပင္က စိတ္ဆိုးေနပံု နည္းနည္းေလးမွ မေပါက္။ ေနပူရိွန္ေၾကာင့္လားေတာ့မသိေပမဲ့ ပါးျဖဴႁဖူေတြထက္မွာ အနီရိပ္ေတြေတာင္ ထင္ေနလိုက္ေသးသည္။
(ဟဲဟဲ လိုတ မင္းကလည္းကြာ။ ငါမင္းကို ဝမ္းသာစရာလည္း ေျပာရဦးမယ္)
"ဘာလဲ ဝမ္းသာစရာက။ မင္း ဗိုက္ႀကီးေနၿပီတဲ့လား"
(ဖြဟဲ့ ငါက ဘာကိစၥဗိုက္ႀကီးရမွာလဲ။ ႀကီးခ်င္းႀကီး မင္းပဲႀကီးပါလား)
"အံမယ္ ငါက ႀကီးစရာရည္းစားမရိွဘူးေလ။ မင္းက ရည္းစားရိွတယ္။ မင္းဗိုက္ႀကီးရမွာ"
(ႀကံၾကံဖန္ဖန္ေျပာတယ္။ ေရွးေခတ္ကလို ခ်က္ေတာ္ကို လက္ေတာ္နဲ႔ရစ္လို႔ ရတယ္မ်ားမွတ္ေနလား လိုတေရ ငါဗိုက္ႀကီးရေအာင္)
သူငယ္ခ်င္းႏွစ္ေယာက္ စကားႏိုင္လုေနတာနဲ႔ လိုရင္းကို ေတာ္ေတာ္နဲ႔မေရာက္။
"ကဲပါ ကဲပါ ဗိုက္ကိစၥကိုထားဦး။ ဘာဝမ္းသာစရာလဲ မင္းညီမ လင္ယူေတာ့မယ္တဲ့လား"
(ေအး လင္ယူေတာ့မွာကေတာ့ ဟုတ္တယ္။ ငါ့ညီမေတာ့ မဟုတ္ဘူး။ မင္းညီမ)
"ငါ့ညီမ?"
လိုတက အူေၾကာင္ေၾကာင္ျဖင့္ သူ႔ကိုသူ လက္ၫွိုးျပန္ထိုးကာ စဉ္းစားသည္။ သူ႔မွာ ညီမဆိုလို႔ တစ္ဝမ္းကဲြေတာင္ရိွတာမဟုတ္ဘဲ ဒီေကာင္ခန႔္မင္း... မဟုတ္မွလဲြေရာ။ လိုတ မ်က္လံုးျပဴးသြားသည္။
"ေဟ်ာင့္ မင္းတို႔ တကယ္ႀကီးယူၾကေတာ့မွာလား"
(ေအး ငါ ဒီေန့ပဲ အသက္ကို သြားေတာင္းရမ္းၿပီးၿပီ)
"ခြက္တစ္လံုးနဲ႔လား"
(ဒီမေအေဘး)
လိုတက တဟားဟားရယ္သည္။ သူ ေအာင္သြယ္ေပးခဲ့တဲ့အတဲြ လက္ထပ္ၾကေတာ့မွာမို႔ အူရႊင္ေနပံုရသည္။
(အဲ့တာကြာ အစကေတာ့ ေယာကၡမႀကီးတို႔က သူတို႔သမီးကို နည္းနည္းၾကာမွ လက္ထပ္ေပးမယ္ေတြဘာေတြ လုပ္ေနတာ။ ငါ့အေမ စကားေျပာေကာင္းတာလည္း မင္းသိသားနဲ႔။ အေမနဲ႔ တစ္ညေနေလာက္လႊတ္ထားေပးလိုက္တာ။ ေရာက္တုန္းေရာက္ခိုက္ပဲ ရက္ေကာင္းေရြးၿပီး လက္ထပ္ေပးမယ္ေတြ ျဖစ္သြားေရာေဟး။ ဟားဟား)
ခန႔္မင္းေက်ာ္ရယ္သံႀကီးက ဖုန္းထဲမွေန က်ယ္က်ယ္ေလာင္ေလာင္ႀကီး ထြက္ေပၚလာသည္။ လိုတကေတာ့ ထိုအသံႀကီးကိုနားေထာင္ရင္း မ်က္ႏွာရႈံ႔မဲ့သြားသည္။ လဒက မိန္းမရေတာ့မွာမို႔ ေတာ္ေတာ္ေပ်ာ္ေနဟန္ပင္။
"ေအးပါ ေအးပါ။ ငါ့ကို အဲ့လိုတကူးတကဖုန္းဆက္ေခၚၿပီး ႂကြားပါ။ ဟုတ္ၿပီလား"
(ႂကြားတာမဟုတ္ဘူး လိုတေရ။ မင္း ေမာ္လၿမိဳင္ကို လာရင္ ငါတို႔မင္းကို ရွယ္ျပဳစုမဲ့အေၾကာင္း ႀကိဳေျပာတာ။ ေနာက္ၿပီး မင္းက ငါတို႔စံုတဲြရဲ့ ေခါင္းကိုင္ အႀကီးအကဲမဟုတ္လား။ မင္းကို ႀကိဳတင္သတင္းပို႔တာေလကြာ)
"အံမယ္ ရိုေသေလးစားတယ္ေပါ့"
(ဒါေပါ့ကြ ဟားဟား)
ခန႔္မင္းေက်ာ္ရယ္သံကိုနားေထာင္ရင္း လိုတလည္း တႃပံုးႃပံုး။
"ဪ ဒါဆို ပိုင္ဥာဏ္လည္း အျမင္မွန္ရေတာ့မွာေပါ့"
(ေအးေပါ့ လိုတ။ ဒါနဲ႔ မင္းသူ႔ကို ဘာကိစၥရွင္းမျပခဲ့တာလဲ။ မင္းတို႔ စကားေတာင္မေျပာၾကဘူးလား။ အဲ့ေလာက္ထိ မင္းတို႔ မတၫ့္တာက ျပင္းထန္ေနတုန္းလား)
"ငါက ေျပာတာေပါ့ဟ။ အဲ့အေကာင္က မယံုတာေလ။ ငါလည္း မတတ္ႏိုင္ဘူး"
(ဟာကြာ ဆိုးရြားလိုက္တာမွ)
လိုတက ခန႔္မင္းမျမင္ႏိုင္မွန္းသိေသာ္လည္း ေခါင္းကို တဆတ္ဆတ္ညိတ္သည္။ ထို႔ေနာက္ သူ႔ဖုန္းသူၾကၫ့္ကာ အလန႔္တၾကားထေအာ္သည္။
"ေဟ်ာင့္ေရ ငါ့ကို မဂၤလာပဲြရက္ကို စာပို႔ထားလိုက္ေနာ္။ ငါအခု ဖုန္းအားမရိွေတာ့ဘူးဟ။ ဒါဆို ငါ ဖုန္းခ်လိုက္ေတာ့မယ္ေနာ္"
(အိုေခ အိုေခ ရတယ္ေဟ်ာင့္။ လက္ဖဲြ႔ယူလာရင္ စိတ္ဆိုးမယ္လို႔ အသက္က ေျပာခိုင္းလိုက္တယ္သိလား။ ဒါပဲ ဒါပဲ)
ခန႔္မင္းေက်ာ္စကားေၾကာင့္ လိုတက ဖုန္းကိုစက္ပိတ္ရင္း ရယ္မိသည္။ ေနာက္ဆံုးေတာ့လည္း ပိုင္ဥာဏ္ အထင္အျမင္ေတြ ရွင္းလင္းသြားမဲ့ေန့ေလး ေရာက္လာေတာ့မွာပင္။ လိုတ ရင္ထဲမွာ ဘာကို သေဘာက်မွန္းမသိ သေဘာက်မိသြားသည္။ ရာသီဥတုသည္ ဒီေန့မွ ေအးေအးခ်မ္းခ်မ္းရိွေနသလိုပင္။
ပိုင္ဥာဏ္ အမွန္အတိုင္းသိသြားေတာ့မည္ပဲ။ လိုတ စိတ္ထဲ၌ အဆံုးသတ္တစ္ခုကို လွမ္းျမင္ေနရသည္။ ထိုအဆံုးသတ္၏ အဆံုး၌ အစတစ္ခုကိုလည္း ခပ္ေရးေရး လွမ္းေတြ့လိုက္ပါေသးသည္။
တစ္ဖက္က ေအးျမေနလို႔ထင္ပါသည္။ ေနာက္တစ္ဖက္မွာေတာ့ ပူေလာင္ပ်ာယာခတ္ေနသည္။ သက္လ်ာဆီမွ ဝင္လာေသာ ဖုန္းကို ခ်လိုက္ၿပီးေနာက္ ပိုင္ဥာဏ္ ရုတ္တရက္ ဘာလုပ္ရမယ္မသိ။
"ငါနဲ႔ ကိုႀကီးနဲ႔က အစကတည္းကႀကိဳက္ေနၾကတာ။ လိုတက ငါတို႔ကို ကူညီၿပီးဖံုးေပးထားတာ။ လိုတနဲ႔ငါနဲ႔က ရည္းစားေတြမဟုတ္ဘူးဟ။ အခု ငါက ကိုႀကီးနဲ႔လက္ထပ္ေတာ့မွာ"
သက္လ်ာေျပာခဲ့ေသာ စကားေတြကို ျပန္ၾကားေယာင္ေတာ့ ပိုင္ဥာဏ္ သူ႔ေခါင္းသူ ျပန္ဖြလိုက္မိသည္။ ဒီ့ေနာက္ သက္လ်ာဘာေတြေျပာခဲ့မွန္းမသိသလို သူလည္း ဘာေတျြပန္ေျပာခဲ့လဲဆိုတာ မမွတ္မိေတာ့။ သူ႔စိတ္ထဲမွာေတာ့ လိုတကိုေတြ့ၿပီး ေမးပစ္လိုက္ခ်င္သၫ့္စိတ္သာ တေရးေရးတိုးတက္လာသည္။
ဟုတ္သည္။ ျပန္စဉ္းစားၾကၫ့္ရလ်ွင္ လိုတက သက္လ်ာနဲ႔အနီးကပ္ဆံုးျဖစ္ခဲ့တာ ေသခ်ာသည္။ သို႔ေသာ္ လိုတက လံုးဝဝန္မခံခဲ့ေပ။ ဒီကိစၥနဲ႔ပတ္သတ္ၿပီး သူတို႔ဆက္ဆံေရး ပ်က္ျပားရသည္အထိ ျဖစ္ခဲ့တာကို လိုတက အမွန္တရားကိုဖြင့္ေျပာဖို႔ စိတ္ကူးမရိွခဲ့။ သူက စာေမးပဲြၿပီးသည္အထိ ေစာင့္ဖို႔ကိုပဲ တြင္တြင္ေျပာေနခဲ့သည္။ သူတို႔ႏွစ္ေယာက္ ျပတ္စဲသြားတာေတာင္မွ... လိုတက တစ္ခြန္းမွ ဖြင့္ဟလာတာမ်ိဳးမရိွ။
ဒီေနာက္ပိုင္းေတြမွာ လိုတ သူ႔ကိုဖြင့္ေျပာခဲ့တယ္ဆိုေပမဲ့ သူ႔ဘက္က မယံု။ တကယ္ပဲ မယံုတဲ့စိတ္က ခိုင္ခိုင္မာမာျဖစ္ေနတာလား။ ဒါမွမဟုတ္ တမင္ကို မယံုသလိုေနခဲ့တာလားဆိုတာေတာ့ သူ႔ကိုယ္သူေတာင္ နားမလည္။ သူသိတာအကုန္ကေတာ့ လိုတနဲ႔သူ တစ္နည္းနည္းနဲ႔ အဆက္အသြယ္ျဖစ္ေစခ်င္တာပင္။ အရင္အခ်ိန္ေတြကို ျပန္ရခ်င္တယ္လို႔ ကိုယ့္ကိုယ္ကိုယ္ ဝန္မခံဘဲ သူ လိုတကို ျပန္လိုခ်င္ခဲ့သည္။
အဲ့တာကပဲ သက္လ်ာနဲ႔လိုတႀကိဳက္ေနပါသည္ဟု ယံုၾကည္မိေအာင္ အတင္းတြန္းအားေပးခဲ့သၫ့္ပံုပင္။ လိုတနဲ႔သူ႔ၾကား ဘာမွမရိွတာထက္စာရင္ လိုတနဲ႔သူ႔ညီမ ႀကိဳက္ေနတာက နည္းနည္းပိုၿပီး ခံသာေနေသးသည္။ ဟုတ္သည္။ အဲ့တာေၾကာင့္ပဲျဖစ္ရမည္။
ပိုင္ဥာဏ္က ကားေသာ့ကို ကိုင္ကာ မတ္တပ္ထရပ္သည္။ တကယ္တမ္းေတာ့ သူ႔စိတ္ေတြ ဒြိဟျဖစ္ေနဆဲပင္။ အခုအခ်ိန္မွာ သူ တစ္စံုတစ္ေယာက္ကို ေတြ့ဖို႔လိုအပ္သည္။ ေမာ္လၿမိဳင္က အတဲြကိုသြားေတြ့တာျဖစ္ျဖစ္ လိုတကိုသြားေတြ့တာျဖစ္ျဖစ္ လုပ္ၿပီး အေၾကာင္းစံုကို အကုန္အစင္ေမးျမန္းဖို႔ လိုေနသည္။ သူ အကုန္အစင္သိရမျွဖစ္လိမ့္မည္။
"ေအး... မင္းဆိုင္မွာ ငါ့ကိုခဏေစာင့္ေနလိုက္။ တစ္နာရီေလာက္ၾကာရင္ အဲ့ကိုငါလာခဲ့မယ္။ ခရီးတစ္ခုသြားစရာရိွလို႔ ငါ့ကားကို စစ္ခ်င္လို႔"
ကားဝပ္ေရွာ့ဆိုင္မွာလုပ္သၫ့္ သူငယ္ခ်င္းကို ဖုန္းဆက္ၿပီးသၫ့္ေနာက္ တိုက္ခန္းတံခါးကိုပိတ္ကာ အလ်ွင္အျမန္ ထြက္သြားလိုက္သည္။ ထို႔ေနာက္ အေလာတႀကီးျဖစ္ေနေသာ စိတ္တို႔ျဖင့္ ေဘးအခန္းမွ တံခါးကို သြားထုသည္။
"လိုတ"
ဒုန္း ဒုန္း ဒုန္း
"လိုတ ထြက္ခဲ့ဦး။ ငါေျပာစရာရိွတယ္"
ဒုန္း ဒုန္း ဒုန္း
တံခါးကို တဒုန္းဒုန္းထုေနတာ လက္မနာသၫ့္အတိုင္းပင္။ ဒါ့အျပင္ တံခါးဘဲလ္ကိုလည္း မစာမနာ တရစပ္ႏိွပ္ေနလိုက္ေသးသည္။ ၂စကၠန႔္ၾကာသည္အထိ ဘာတံု႔ျပန္မႈမွ မလာေတာ့ ပိုင္ဥာဏ္ စိတ္မရွည္ေတာ့ေပ။ အသင့္ယူလာသၫ့္ ေသာ့ကိုထုတ္ကာ တံခါးကို အျမန္ေဆာင့္ဖြင့္လိုက္သည္။
"လိုတရ"
ပိုင္ဥာဏ္ ေအာ္ေခၚလိုက္ေသာ္လည္း တိုက္ခန္းအတြင္းမွာ ဘာတံု႔ျပန္မႈမွမရိွ။ မီးပိတ္ထားေသာအခန္းအေနအထားအရ လူမရိွဘူးဆိုတာ ပို၍ ေသခ်ာေစသည္။
"က်စ္"
ပိုင္ဥာဏ္က မေက်မနပ္ က်စ္သပ္သည္။ ထို႔ေနာက္ ခ်ာခ်ီ႔ကို အခန္းထဲမွ ဆဲြေပြ့ကာ သူႏွင့္အတူ ေခၚလာခဲ့လိုက္သည္။ လိုတကို အလုပ္ကေန သြားေခၚမည္။ ေနာက္ၿပီး ခ်ာခ်ီ႔ကို အေမ့အိမ္မွာထားခဲ့ကာ ေမာ္လၿမိဳင္ကို သြားရမည္။ ဒါက သူ႔စိတ္ကူးထဲမွ အစီအစဉ္အျပၫ့္အစံုပင္။
မည္းနက္ေျပာင္လက္ေနေသာ ကားထဲသို႔ အၾကမ္းပတမ္းဝင္ထိုင္လိုက္ကာ ခ်ာခ်ီ႔ကို ေဘးခံုေပၚတင္လိုက္သည္။ ထို႔ေနာက္ ကားသည္ တစ္စံုတစ္ခုကို စိတ္မရွည္ျဖစ္ေနသၫ့္အလား ဝူးခနဲေဆာင့္ထြက္သြားေလသည္။ ခ်ာခ်ီ႔ခမ်ာမွာေတာ့ မေသဖို႔အေရး တို႔အေရးလုပ္ကာ ကားကူရွင္ကို ေၾကာင္ေပါက္စီတစ္ေကာင္လို ကပ္ထားရသည္။
"မင္း ဒီမွာ ခဏေနခဲ့ဦး။ ငါ သူ႔ကိုသြားရွာလိုက္ဦးမယ္။ အိုေခ?"
HOMEအေရ႔ွေရာက္ေတာ့ ကားထဲက ခ်ာခ်ီကို အမွာစကားေျပာလိုက္ရင္း ကားတံခါးကို ေဆာင့္ပိတ္လိုက္သည္။ ထို႔ေနာက္ ကုမၸဏီထဲဝင္သြားသၫ့္ေျခလွမ္းေတြက နည္းနည္းေနာေနာ က်ဲတာႀကီးမဟုတ္။
"ဘာမ်ားကူညီေပးရမလဲရွင္"
Receptionေရာက္ေတာ့ စာေရးမေလးက ယဉ္ယဉ္ေက်းေက်းေမးလာသည္။ ပိုင္ဥာဏ္ ခပ္ျပတ္ျပတ္သာ ျပန္ေျဖလိုက္မိသည္။
"မန္ေနဂ်ာ လိုတရနဲ႔ ေတြ့ခ်င္လို႔"
"ဪ Appointment ယူထားပါသလားရွင္"
"မယူထားဘူး"
"ဟင္ ဒါဆိုရင္ေတာ့..."
"ေကသီေဘးဖယ္ မမေျပာလိုက္မယ္"
စာေရးမေလးက တစ္စံုတစ္ခု ေျပာဟန္ျပင္စဉ္မွာပဲ ေဒါက္ဖိနပ္သံၾကားလိုက္ရသည္။ ထို႔ေနာက္ ႏႈတ္ခမ္းနီကို ခပ္ရဲရဲဆိုးထားေသာ အမ်ိဳးသမီးတစ္ေယာက္ထြက္ေပၚလာသည္။ ဒါ လိုတက အစ္မဟန္ဟု ေခၚေနက်ျဖစ္သၫ့္ အမ်ိဳးသမီးမွန္း ပိုင္ဥာဏ္ မွတ္မိလိုက္သည္။
"ေတြ့ရတာဝမ္းသာပါတယ္ ဒါရိုက္တာႀကီး။ မန္ေနဂ်ာက အျပင္မွာ VIPဧၫ့္သည္ ေတြ့ဖို႔ရိွလို႔ သြားပါတယ္။ သြားတာေတာ့ နည္းနည္းၾကာၿပီရွင့္။ အထဲဝင္ၿပီး ထိုင္ေစာင့္ပါဦးလား"
"အင္း ကၽြန္ေတာ့္ကို ဖုန္းတစ္ခ်က္ေလာက္ ဆက္ေပးပါလား"
"ဟုတ္ကဲ့ ဆက္ေပးပါ့မယ္ လာပါရွင္"
ထိုအမ်ိဳးသမီးေနာက္ ခပ္ျမန္ျမန္လိုက္သြားရင္းျဖင့္ ဧၫ့္ခန္းမွာ ဝင္ထိုင္လိုက္ရသည္။ ကားေမာင္းေနသၫ့္တေလ်ွာက္ လိုတဖုန္းကို မည္သို႔ပင္ေခၚေစကာမူ ဖုန္းေအာ္ပေရတာမွ ဟိုအမ်ိဳးသမီး၏ 'စက္ပိတ္ထားပါတယ္ရွင္'ဆိုတာပဲ ၾကားရသည္။ တကယ္စက္ပိတ္ထားတာလား။ ဒါမွမဟုတ္ Blockခံထားရတာလားဆိုတာေတာ့ လိုတရပဲ သိလိမ့္မည္မို႔ သူ တျခားလူကို ဖုန္းဆက္ဖို႔ အကူအညီေတာင္းလိုက္ရျခင္းသာ။
"အယ္ အားနာစရာေတြေတာ့ ျဖစ္ကုန္ၿပီထင္တယ္ ဒါရိုက္တာႀကီး။ လိုတရယ္ ဖုန္းစက္ပိတ္ထားတယ္ထင္တယ္"
ဟန္ဆိုသၫ့္အမ်ိဳးသမီးက အားနာသၫ့္မ်က္ႏွာထားျဖင့္ ေတာင္းပန္စကားဆိုလာသည္။ ပိုင္ဥာဏ္ တကယ္ကို စိတ္မရွည္ေတာ့သလို ခံစားလိုက္ရသည္။
"ဒါနဲ႔ လိုတ ဘယ္ေနရာမွာ သြားေတြ့တယ္ဆိုတာ ေျပာလို႔ရလားဗ်"
"ဟင္... အရမ္းအေရးႀကီးတဲ့ကိစၥမလို႔လား"
"ဟုတ္တယ္"
ပိုင္ဥာဏ္က ခပ္ျပတ္ျပတ္သာေျဖသည္။ ဖုန္းဆက္မရဘူးဆိုကတည္းက ထရပ္လိုက္သၫ့္ပံုက လိပ္စာသိတာနဲ႔ ခ်က္ခ်င္းထြက္သြားေတာ့မၫ့္လူမ်ိဳးလို။ အေရးႀကီးကိစၥဆိုေတာ့ ဟန္လည္း မေနသာေတာ့ေပ။ ပိုင္ဥာဏ္က လိုတနဲ႔ မိသားစုအရပါ ရင္းႏွီးၾကတာျဖစ္သည္။ လိုတ မိသားစုက တစ္ခုခုျဖစ္ေနတာမ်ိဳးဆို စိုးရိမ္ရသည္။
"ဒါဆိုလည္း ခဏေလးေနာ္။ အဲ့ appointmentစီစဉ္သူကို သြားေမးလိုက္မယ္။ ခဏေစာင့္ေနာ္ ဒါရိုက္တာႀကီး"
"ဟုတ္ကဲ့ဗ်"
ေဒါက္ဖိနပ္သံက အခန္းျပင္ထြက္သြားေသာ္လည္း ပိုင္ဥာဏ္ ဆိုဖာေပၚျပန္မထိုင္ႏိုင္ေသးေပ။ အေရးအေၾကာင္းဆို ဘာမွလုပ္မရတာေလာက္ အသည္းေပါက္တာမ်ိဳးမရိွ။ သူ႔စိတ္ထဲကအတိုင္းသာဆို လိုတကို သြားဆဲြေခၚၿပီး ပုခံုးကိုလႈပ္ရမ္းကာ အေၾကာင္းအရင္း အကုန္အစင္ကို ေမးျမန္းၿပီးသားျဖစ္ေနေလၿပီ။
"ဒါရိုက္တာႀကီး အဲ့appointmentက သူေဌးက ေခၚသြားတာမို႔ဘယ္ေနရာလဲဆိုတာ မသိလိုက္ၾကဘူးတဲ့။ သူသြားတာေတာ့ ၾကာပါၿပီ။ ဒီမွာပဲ ထိုင္ေစာင့္မလားဟင္"
"ေတာ္ၿပီ ရတယ္"
တစ္ဖက္အမ်ိဳးသမီး၏ အလ်င္စလို စကားသံကိုၾကားလိုက္ရခ်ိန္ ပိုင္ဥာဏ္ ဒီမွာဆက္ရိွေနဖို႔ စိတ္ကူးမရိွေတာ့ေပ။ လိုတကို ရွာမေတြ့ရင္လည္း ေမာ္လၿမိဳင္က ဟိုႏွစ္ေယာက္ဆီပဲ အရင္သြားေတာ့မည္။ ခန႔္မင္းေက်ာ္ မဂၤလာပဲြေပမို႔ လိုတက အဲ့ဒီကို မလာမျဖစ္ လာမွာပင္။ သူကိုယ္တိုင္ေတာင္ လိုက္ဖမ္းေနစရာမလိုေတာ့။
"ကၽြန္ေတာ္လာသြားတယ္လို႔ လိုတကို မေျပာနဲ႔ေတာ့ေနာ္ အစ္မ။ ေက်းဇူးတင္ပါတယ္ဗ်"
"ဪ ဟုတ္ကဲ့ ဟုတ္ကဲ့"
ေၾကာင္စီစီျဖစ္ေနေသာ အစ္မႀကီးကို ေနာက္မွာခ်န္ထားခဲ့ကာ ေဘာက္ဆတ္ဆတ္ျဖင့္ ထြက္လာခဲ့လိုက္သည္။ ကားဆီေရာက္ေတာ့ တံခါးကို အၾကမ္းပတမ္းႀကီးအဖြင့္အပိတ္လုပ္ေနေသာ ပိုင္ဥာဏ္အား ခ်ာခ်ီက ေၾကာက္ရြံ႔ေသာ မ်က္လံုးဝိုင္းႀကီးမ်ားျဖင့္ ေမာ့ၾကၫ့္သည္။
"ဘာလဲ"
ပိုင္ဥာဏ္ ေမးဆတ္ ေမးလိုက္ေတာ့လည္း ခ်ာခ်ီက မ်က္ႏွာတလႊဲလႊဲႏွင့္။ ပိုင္ဥာဏ္ သူ႔ကိုေၾကာက္ေနသၫ့္ ေၾကာင္ဘုတ္ထိုင္းႀကီးကို ၾကၫ့္ကာ စိတ္ကူးေျပာင္းသြားေလသည္။ သူ႔အေမဆီမွာ ေၾကာင္ကိုထားခဲ့ဖို႔ မေတြးေတာ့ေပ။ ေမာ္လၿမိဳင္အထိ ခ်ာခ်ီ႔ကို ေခၚသြားရမည္။ လူေရႊအိုးႀကီးမဟုတ္ေတာင္ ေၾကာင္ေရႊအိုးႀကီးေတာ့ သူ႔ေဘးနားမွာရိွသင့္သည္ဟု ထင္တာေၾကာင့္ပင္။
ဤသို႔ျဖင့္ အနက္ေရာင္ေျပာင္လက္ေနေသာ ကားႀကီးသည္ Home၏ ရွည္လ်ားေသာ တိုက္တာႀကီးကို ေနာက္ခ်န္ရစ္ကာ ဝူးခနဲ ထြက္သြားေလေတာ့သည္။ အရိွန္က ျပင္းလြန္းသျဖင့္ ကားအေနာက္မွာေတာ့ ဖုန္ေတြဝုန္းခနဲ လံုးခနဲ။
.............................................................................................................................................................................
A/N
ေရး ေနာက္ဆံုးေတာ့ တို႔ျပႆနာအိုးေလး သိသြားခဲ့ၿပီ