ရေကျသံရပ်သွားသည့်အလျောက် ခေတ္တခဏအကြာမှာတော့ အမျိုးသားတစ်ယောက်က ရေချိုးခန်းထဲမှထွက်လာ၏။
ရေချိုးပြီးခါစမို့ အနက်ရောင်ဆံပင်တို့ထံမှာ ရေစက်များက ပုခုံးပေါ်သို့တစက်ပြီးတစက် ကျနေလျက်။ထိုလူ၏
နက်စွေးနေသော မျက်ဝန်းတစုံမှာစူးရှလှ၍ ဘယ်ဘက်မျက်လုံးထက်ရှိ ကန့်လန့်ဖြန့်အမာရွတ်ဟာလည်း ဟိတ်ဟန်ကြီးစွာဖြင့် ခန့်ညားသောမျက်နှာပေါ်၌ တည်ရှိလျက်။
ထိုလူ၏ခါး၌ တဘက်အဖြူ တထည်အားရစ်ပတ်ထား၍ ခန္ဓာကိုယ်အပေါ်ပိုင်းကိုတော့ လစ်ဟာပြထားသည်။
ဆင်စွယ်ရောင် အသားအရည်ပေါ်၌
အနီ၊အမဲ တက်တူးများက မျက်စိပဒေဿရှိလှစွာ။
အဆီပိုရယ်လို့မရှိပဲ အဆီများအစား ကြွက်သားအမြောင်းမြောင်းတို့က နေရာယူလျက်။
လက်မောင်းကြွက်သားတို့ဟာ မြင်လိုက်ရုံနဲ့တင် ယင်းလက်မောင်းများကြားတိုးဝှေ့ဝင်ချင်လှသည်အထိပင်။
ခပ်ကျယ်ကျယ်ပုခုံးနှင့် ကျယ်ပြန့်သောရင်ခွင်၌ ခိုဝင်ချင်နေကြသည့်မိန်းကလေးတို့ဟာ အများအပြား။
ထိုလူမှာ အသက်37နှစ်ခန့် ရှိပြီဖြစ်သော်လည်း
အသက်30လောက်သာရှိဦးမည်ဟုထင်ရသည်အထိကို နုဆဲပျိုဆဲ။
စိုင်း ကုတင်ပေါ်ရှိအဖြူရောင် စွပ်ကျယ်အားကောက်စွပ်လိုက်ရင်း အိမ်နေရင်းအဝတ်အစားများ အား
လဲလိုက်သည်။
ရေချိုးပြီးခါစက ဖြစ်ပါသော်လည်း
မန္တလေးနွေမှာ ပူလွန်းသည်မို့ နောက်တဖန် ရေထပ်ချိုးချင်စိတ်ဖြစ်လာပြန်သည်။
သို့သော် ထိုစိတ်လေးအားချုပ်ထိန်းထားလိုက်ရပါ၏။
စိုင်း အအိုက်ပြေရန် ရေခဲသေတ္တာထဲမှဘီယာအေးအေးလေး အားထုတ်သောက်နေခိုက်မှာပဲ
တိုက်ခန်းတံခါးဖွင့်သံနှင့်အတူ တူမဖြစ်သူ သင်းရတနာက အထုတ်အပိုးများ
နှင့် အထဲသို့ဝင်လာ၏။
"ဘေးကတိုက်ခန်းကို ပြောင်းလာတဲ့သူ
ရောက်တယ်ထင်တယ်။ပစ္စည်းတွေချနေတာတွေ့ခဲ့တယ်"
စိုင်း ဘီယာ သောက်လက်စနှင့်"အေး"ဟုသာ သာမန်လျှံကာ ပြန်ဖြေလိုက်သည်။
ထိုအချိန်မှာပဲ တိုက်ခန်းတံခါးခေါက်သံကြားလိုက်ရသဖြင့် စိုင်းတံခါးဖွင့်ရန်သွားလိုက်သည်။
"ဘယ်သူ.."
စိုင်း စကားပင်မဆုံးသေး တံခါးဖွင့်လိုက်သည့်အခါ ပေါ်ထွက်လာသောချောမောလှသည့် မျက်နှာလေးကြောင့် စိုင်းအံ့သြသင့်သွားသည်။
"ဟီး လေးလေးငယ်"
သက်ပိုင် သူ့အားကြောင်တောင်တောင်ကြည့်နေသော လေးလေးငယ်အားသွားဖြီးပြလိုက်သည်။
"မင်းက ဒီကိုဘာလာလုပ်တာတုန်း"
"နောက်နေ့ကစပြီး ကျွန်တော်က လေးငယ်တို့ရဲ့တိုက်ခန်းဘေးမှာနေမှာလေ။
လေးလေးငယ်မသိဘူးလား"
"ဘေးခန်းကို ပြောင်းလာတယ်ဆိုတဲ့သူက မင်းပေါ့"
"ဟုတ်ပါတယ်ဗျ"
ထိုအချိန်မှာပဲ မီးဖိုချောင်ထဲမှ မိန်းကလေးတစ်ယောက်ထွက်လာသည်ကို ပွင့်ဟနေသောတံခါးမှတဆင့်
သက်ပိုင်မြင်လိုက်ရသည်။
လေးလေးငယ်အိမ်မှာ မိန်းကလေးတစ်ယောက်ရောက်နေတယ်ဆိုတဲ့အတွေးက သက်ပိုင်နှလုံးသားကို အမြင့်ပေတစ်သောင်းမှ အောက်သို့ပစ်ချလိုက်သကဲ့သို့။
ထိုမိန်းကလေးက မီးဖိုချောင်ကနေ သူတို့ကိုလှမ်းကြည့်ရင်း
"ဘယ်သူလဲ အန်ကယ်"
ထို့နောက် သူမက သက်ပိုင်တို့အနားသို့ဖြည်းဖြည်းချင်းလျှောက်လာရင်း
သက်ပိုင်ကို တချက်အပေါ်အောက် စုန်ဆန်ကြည့်သည်။
သူ(မ)က လှတာကတော့အတော့်ပင်လှပါသည်။ဒီလိုလှပသော မိန်းကလေးငယ်က ဘာကြောင့်လေးလေးငယ်နဲ့အတူရှိနေရပါသလဲ။
လေးလေးငယ်နဲ့ကောဘယ်လိုပတ်သတ်တာလဲ။
ဒီ15နှစ်တာ အတွင်းမှာ လေးလေးငယ်မှာ သက်ဆိုင်သူရှိနှင့်နေပြီလား။
ဒါပေမဲ့ အရင်တစ်ခေါက် တွေ့တုန်းက လေးလေးငယ်မှသူ့ကို ဘာမှမပြောခဲ့တာ။
သူကိုယ်တိုင်မမေးခဲ့မိတာလည်းပါမှာပေါ့။
သက်ပိုင် ထိုကိစ္စကိုလုံးလုံးမေ့သွားခဲ့သည်ပင်။
တကယ်လို့ လေးလေးငယ်သာ...။
"Paiလား"
ခပ်တိုးတိုး စကားသံကြောင့် သက်ပိုင်၏အတွေးစများ ပြတ်လပ်သွားသည်နှင့် သတိပြန်ဝင်လာကာ ခေါင်းအားညိမ့်လိုက်သည်။
ထိုအခါ မိန်းကလေးငယ်၏မျက်ဝန်းကတောက်ပသွား၍
စိတ်လှုပ်ရှားဟန် ပုံသဏ္ဍာန်သို့ပြောင်းလဲသွား၏။
"ညီမက Paiရဲ့fanပါ။
အိမ်မှာ Paiရဲ့စာအုပ်တွေကြီးပဲ...
အကုန်ထွက်သမျှဝယ်ခဲ့တာလေ။ဖြစ်နိုင်ရင်လက်မှတ်လေးထိုးပေးလို့ရမလားဟင်"
သူမ၏ အားတက်သရောတောင်းဆိုသံကြောင့် သက်ပိုင်အနေခတ်စွာပြုံးလိုက်ရင်း လေးလေးငယ်အားကြည့်လိုက်သည်။
လေးလေးငယ်ကတော့ သက်ပိုင်အားပြုံးပြီးကြည့်နေလျက်။
"သူက ငါ့တူမလေ ပေါက်စ၊
သင်းရတနာတဲ့၊
သင်းရတနာ သူ့နာမည်က အောင်သက်ပိုင်၊ငါအရင်ကပြောဖူးတဲ့ ကလေးလေး
လေ"
တူမ?
သက်ပိုင် ထိုစကားကိုကြားလိုက်မှ ရင်ထဲမှအလုံးကြီးကကျသွားသလိုပင်။
တော်သေးတာပေါ့ တူမတဲ့။
"ဟမ်? Pai က အန်ကယ်ပြောဖူးတဲ့ ပေါက်စလေးလား?!"
သင်းရတနာဆိုသော မိန်းကလေးက မယုံနိုင်သည့် ပုံနှင့် သက်ပိုင်ကို မျက်လုံးကြီးပြူးပြီးကြည့်သည်။
သူမ၏ ရုပ်က ဖြစ်နိုင်လို့လားဆိုတဲ့ရုပ်။
"တွေ့ရတာ ဝမ်းသာပါတယ်ဗျ။ကျွန်တော့်နာမည်က အောင်သက်ပိုင်ပါ"
"ဟုတ်ကဲ့ ဝမ်းသာပါတယ်"
သင်းရတနာ သူမအရှေ့ရှိ ချောမောသောအကိုကြီးအားကြည့်ရင်းမယုံနိုင်ဖြစ်နေသည်။
သူမထင်ခဲ့သည်က အန်ကယ်
ပြောပြောနေသောပေါက်စ ဆိုသည့်ကောင်လေး၏ပုံစံမှာ သေးသေးကွေးကွေးလေးနဲ့ချစ်စရာကောင်းမည်လို့ပင်။
အခုဟာက အရပ်ကြီးက
အန်ကယ့်ထက်ပင် ရှည်နေကာ
ချစ်စရာကောင်းသည်ထက် ချောမောကာဆွဲဆောင်မှုရှိသည့်ဘက်ကို ပို၍သွားနေသည်ပင်။
ပို၍ အရေးကြီးသည်က ပေါက်စဆိုတဲ့ကောင်လေးက Paiတဲ့လေ။သူမရဲ့idolဖြစ်တဲ့ စာရေးဆရာPaiတဲ့လေ။
လောကကြီးက တကယ့်ကိုကျဥ်းကျဥ်းလေးပါလား!
"ဝင်ခဲ့လေ ပေါက်စ"
"အာ..ရတယ် လေးငယ် မဝင်တော့ဘူးရယ်၊ကျွန်တော် အိမ်ရှင်းတာ မပြီးသေးဘူး"
"ငါလုပ်ကူမယ်လေ"
လေးလေးငယ်က ပြောပြောဆိုဆိုနှင့်တိုက်ခန်းအပြင်သို့ထွက်လာသည်။
သင်းရတနာကတော့ ကြောင်တောင်တောင်နှင့် သူတို့နှစ်ယောက်အားကြည့်နေ၏။
"မဟုတ်တာ လေးလေးငယ်ရာ၊ကျွန်တော်.."
သက်ပိုင်၏ စကားပင်မဆုံးသေး လေးလေးငယ်စီမှာ အမိန့်သံကဲ့သို့စကားသံကထွက်ပေါ်လာသည်။
"လျှာမရှည်နဲ့"
"ဟုတ်"
"သင်းရတနာ ..ငါသက်ပိုင်ကိုသွားလုပ်ကူလိုက်ဦးမယ်"
"ဟုတ် ဟုတ်အန်ကယ်"
***
သက်ပိုင် သန့်ရှင်းရေးလုပ်နေရင်း
ပစ္စည်းရှင်းနေသည့် လေးလေးငယ်အားလှည့်ကြည့်လိုက်သည်။
"ကျွန်တော်က ခုနကသင်းရတနာဆိုတဲ့ကောင်မလေးကိုတွေ့တော့ လေးလေးငယ်ရဲ့ချစ်သူလို့ထင်သွားတာဗျ"
သက်ပိုင်၏ စကားကိုကြားတော့ လေးလေးငယ်က ပစ္စည်းများအားရှင်းရင်း တဟားဟားရယ်သည်။ထိုအခါသက်ပိုင်လည်းလိုက်ရယ်လိုက်မိပြန်ပါ၏။
"လေးလေးငယ်"
"အင်း"
"လေးလေးငယ်မှာ ချစ်သူရှိပြီလားဟင်"
"မင်းဘယ်လိုထင်တုန်း"
".....လေးလေးငယ်မပြောပဲ ကျွန်တော်ဘယ်သိမလဲ"
ထို့အပြင် သက်ပိုင်တွေးလည်းမတွေးရဲပါချေ။
အတွေးလေးနဲ့တင်ကို ရူးလောက်အောင်နာကျင်ရတာမို့။
"အခုတော့ မရှိဘူး"
"အရင်က ရှိခဲ့တယ်လား"
"အင်း ရှိတယ်"
"ကျွန်တော့်ကို ပြောပြပါလား"
"ဘာလို့ အဲ့လောက်စပ်စုနေရတာတုန်းပေါက်စရ"
လေးလေးငယ်ရဲ့အကြောင်းမို့လို့ပေါ့လေးလေးငယ်ရယ်။
"ပြောပြပါဗျာ"
"နောက်မှ"
သက်ပိုင် ထပ်မေးချင်ပါသော်လည်း လေးလေးငယ်၏ပုံစံမှာ အနည်းငယ်မပြောနိုင်သည့်ပုံဖြစ်နေသည်မို့ မမေးဖြစ်ခဲ့ပါချေ။
လေးလေးငယ်၏ ပုံစံကိုကြည့်ခြင်းအားဖြင့် ထိုသူဟာ လေးလေးငယ်အတွက်အရေးပါခဲ့ပုံပေါ်ပါ၏။
အတိတ်ဖြစ်ပေမဲ့လို့ သက်ပိုင်၏နှလုံးသားဟာတော့ မသိမသာနှင့်တမျိုး၊သိသိသာသာနှင့်တစ်ဖုံလှုပ်ခတ်လို့နေခဲ့ပါသည်။
အင်း...ကြောက်သည်ဆိုလျှင်
ပိုမှန်ပါလိမ့်မည်။
****
တိုက်ခန်းအား ပြင်ဆင်အပြီးတွင်တော့ သက်ပိုင်ကောဆိုဖာပေါ်မှာ ထိုင်ချလိုက်မိသည်။
မနေ့ညတုန်းက ဇာတ်ညွှန်းရေးဆွဲနေခဲ့သည့်အတွက်မအိပ်ရသေးသည့်အပြင်
ယနေ့တွင်လည်း အိမ်ပြောင်းထားရသည်မို့ သက်ပိုင်တစ်ယောက် ခြေကုန်လက်ပန်းကျနေပြီပင်။
လေးလေးငယ်ကတော့
ချွေးပင်မစို့၊တက်တက်ကြွကြွနှင့်ပင်။
ဆိုဖာပေါ်မှာလဲနေသော သက်ပိုင်ကိုကြည့်ရင်းနှင့်တောင် ရယ်နေပါသေး၏။
"မောနေပြီပေါ့"
"ဒါပေါ့လေးလေးငယ်ရ၊ကျွန်တော်မနေ့ညက မအိပ်ရဘူးဗျ"
"မအိပ်ရတဲ့အထိကို မင်းကဘာလုပ်နေလို့လဲ"
"ဇာတ်ညွှန်းရေးနေတာ"
"ထားပါတော့ မအိပ်ရသေးရင်သွားအိပ်ချေ၊ငါလည်းပြန်တော့မယ်"
လေးလေးငယ်က ထိုသို့ပြောရင်း
တိုက်ခန်းထဲမှထွက်ရန်ပြင်သည်။
ထိုအခါ သက်ပိုင် လေးလေးငယ်အားမတိုးမကျယ်အသံနှင့်ဆိုဖာပေါ်ကနေညခေါ်လိုက်သည်။
"လေးလေးငယ်"
"ဟွန်?"
"ကျေးဇူးပါ"
"အိပ်တော့"
"ဟုတ်"
မှိတ်ကျသွားသော မျက်လုံးနှင့်အတူ လေးလေးငယ်ဟာလည်း သူ၏မြင်ကွင်းထဲမှ ပျောက်လို့သွားသည်။
ချစ်တယ်..လေးလေးငယ်။
******
ညနေခင်းပိုင်း (5)နာရီမှာတော့ ပေါက်စက စျေးဝယ်အတူထွက်ရန် လာခေါ်သဖြင့် စိုင်းလည်းပေါက်စနှင့်အတူလိုက်လာခဲ့သည်။
စူပါမားကတ်ကို ရောက်တော့ ညနေစာအတွက် ဟင်းအမယ်အချို့နဲ့လိုအပ်တာအချို့ဝယ်ခဲ့ကာ တိုက်ခန်းသို့ပြန်လာခဲ့ကြသည်။
"လေးလေးငယ်ကို ကျွန်တော့် ဟင်းချက်စကေးပြမယ်"
"ဘာလဲ ကြက်ဥကြော်တဲ့စကေးလား"
လေးလေးငယ်က ရွှတ်နောက်နောက်ပြောတော့ သက်ပိုင် နှာခေါင်း
အားရှုံ့လိုက်သည်။
"ကြည့်နေ ပြီးမှ သက်ပိုင်ငါ့စာဖိုးမှူးလာလုပ်လို့မပြောနဲ့နော်ဗျ"
သက်ပိုင်၏စကားကိုကြားတော့ လေးလေးငယ်က ဟက်ဟက်ပတ်ပတ်ရယ်သည်။
"ဟုတ်မှလည်းလုပ်ပါကွာ ဟားဟား"
ဟင်းချက်အပြီး ညစာစားချိန်အရောက်တွင်တော့ စိုင်းတစ်ယောက်
သက်ပိုင်၏ဟင်းချက်စကေးကို အသိမှတ်ပြုလိုက်ရတော့သည်။
ဒီကောင်လေးဟာ ဟင်းချက်ပြိုင်ပွဲဝင်ပြိုင်ရင် ပထမဆုပင်ရလောက်သည်။
ဟင်းအရသာမှာ အတော့်ပင်ကောင်းလွန်းကာ စိုင်းတစ်ယောက်မျက်ရည်ပင်လည်ချင်သွားသည်။
သို့သော်လည်း မျက်နှာထားအားသေချာထိန်းလိုက်၍ ခပ်တည်တည်သာပြောလိုက်သည်က
"မဆိုးပါဘူး"
ထိုအခါ ပေါက်စက တဘောတကျနှင့်ပြုံး၏။
ထို့နောက်နှစ်ယောက်သား ညနေစာစစားခဲ့ကြ၍ နှစ်ယောက်သားစကားအများကြီးမပြောကြချေ။
တိတ်ဆိတ်ညစာစားပွဲလေးတစ်ခုဖြစ်ခဲ့၍ တော်တော်လေးကိုငြိမ်သက်နေခဲ့ပါ၏။
စိုင်း သက်ပိုင်ထမင်းစားသည်ကိုကြည့်မိသည်။သက်ပိုင်မှာ စကားအားတစ်လုံးတစ်လေမျှ မပြောပဲထမင်းကိုသာ တိတ်စိတ်စွာ
အာရုံစိုက်စားနေ၏။
သက်ပိုင် ထမင်းစားနေသောပုံမှာ
တကယ့်ကိုကြည့်ကောင်း၍ ချစ်စရာကောင်းသည်ဟု စိုင်းထင်နေမိသည်။
အချို့သူတွေ မုန့်စားရင် ကြည့်လို့ကောင်းသည်ဆိုတာအမှန်ပင်။
နှစ်ယောက်သား ထမင်းစားပြီးတော့ ဝရံတာ၌ ထွက်ထိုင်ကြသည်။
"လေးလေးငယ် ကျွန်တော်မေးစရာရှိတယ်"
"မေးလေ"
"လေးလေးငယ်အခု အရင်အလုပ်ကိုပဲလုပ်တုန်းလားဟင်"
သက်ပိုင် လေးလေးငယ်၏အလုပ်ကိုငယ်ငယ်ကတည်းက သိသည်။လေးလေးငယ်ကိုယ်တိုင်က သူ့ကိုပြောပြထားခဲ့သည်ပင်။
"အရင်2နှစ်ထဲက ထွက်ထားတာလေ ကြာပေါ့"
"တော်သေးတာပေါ့"
"ဘာလို့လဲ"
"စိတ်ပူလို့ပေါ့ဗျ၊အဲ့တာကအန္တရာယ်များတယ်လေ"
"ငါကပိုအန္တရာယ်များတယ် ပေါက်စ၊မင်းကိုယ်မင်းအရင်စိတ်ပူသင့်တယ်ကော"
"လေးလေးငယ်က ကျွန်တော့်ကိုထိခိုက်အောင်မလုပ်မှန်း ကျွန်တော်သိတယ်လေ၊ဒါကြောင့် စိတ်မပူပါဘူး"
လေးလေးငယ်က ပြုံးသည်။
လေးလေးငယ်ပြုံးသည့်အခါ သိပ်ကိုလှသည်မှာအမှန်၊ယောက်ျားလေးတစ်ယောက်ကိုလှတယ်လို့ မသုံးသင့်ပေမဲ့လို့ပေါ့။ဒါပေမဲ့ တကယ့်ကိုငေးရက်စရာကောင်းတာတော့အမှန်ပင်။
"နေ့လည်က မင်းမေးတာကိုငါပြောပြမယ်"
"...."
"သူ့နာမည်က လွင်မျိုးဆက်တဲ့၊
Englishနာမည်ကတော့ David။
သူနဲ့ငါက 17နှစ်ကတည်းကသိလာကြတာ...ငါကအဲ့ကတည်းက သူ့ကိုသဘောကျခဲ့တယ်ပဲ
ဆိုမလား။ဒါပေမဲ့သူကတော့ငါ့ကိုသူငယ်ချင်းတစ်ယောက်လိုပဲသဘောထားတယ်ဆိုတာကို ငါသိနေခဲ့တယ်။ဒါကြောင့်ဖွင့်မပြောခဲ့တာ"
"နောက်တော့ သူချစ်သူရသွားတယ်။ငါလည်း မြန်မာပြည်ကိုပြန်လာခဲ့တယ်။
အဲ့ကစပြီး သူနဲ့ငါထပ်မတွေ့ဖြစ်ခဲ့တော့သလို ငါ့ရဲ့တဖက်သတ်အချစ်ကလည်းအဆုံးသတ်သွားခဲ့တယ်။
ပြီးတော့ မင်းနဲ့တွေ့တယ်..နောက်မှာ
ငါနယူးယောက်ကိုပြန်လာခဲ့ရပြီး သူနဲ့ပြန်တွေ့ခဲ့တယ်။
အဲ့မှာ သူကငါ့ကိုဝန်ခံခဲ့ပြီး ငါတို့တွဲဖြစ်ခဲ့ကြတယ်....
ငါ့အသက် 24နှစ်မှာ သူကလက်ထပ်ခွင့်တောင်းခဲ့ပြီး ငါလည်းလက်ခံခဲ့တယ်"
"!!!!"
သက်ပိုင် တွဲခဲ့သည်အထိပဲထင်ထားခဲ့ပေမဲ့ လက်ထက်ဖို့စီစဥ်ခဲ့မှန်းတော့ မမျှော်လင့်ထားခဲ့ချေ။
"ဒါပေမဲ့ သူ့အသိုင်းအဝိုင်းက ငါ့ကိုလက်မခံခဲ့ကြဘူး။အဲ့တာအပြင် သူကိုယ်တိုင်လည်းသတ္တိမရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ငါတို့တွေဝေးခဲ့ရတယ်....။သေချာတာကတော့ ငါသူ့ကိုအပြစ်မတင်ပါဘူး..သူ့မှာလည်း သူ့ကိစ္စနဲ့မဟုတ်လား။
လူတိုင်းမှာ အကြောင်းပြချက်ကိုယ်စီရှိတာပဲလေ။ငါနားလည်ပေးရမှာပေါ့"
"လေးလေးငယ်က သူ့ကိုချစ်သေးလားဟင်"
ထိုမေးခွန်းအားမေးသည့်အချိန်တွင် သက်ပိုင်အသက်ကိုအောင့်ထားမိသည်။
"အခုတော့ သူ့အတွက်ငါ့ရဲ့ခံစားချက်ကဘာမှန်းမသိတော့ပေမဲ့ ငါသူ့ကိုချစ်ခဲ့ပါတယ်။အရာအားလုံးထက်ကိုချစ်ခဲ့တယ်...."
"သူ့ကိုလွမ်းလားဟင်"
".....အင်း"
"သူပြန်လာခဲ့ရင်ကော လေးလေးငယ်သူ့ကိုလက်ခံမှာလား"
"ငါမသိဘူး"
"......"
ငါတို့ဟာ ခဏတာကို တသက်တာအဖြစ်မှတ်ယူခဲ့ကြဖူးတယ်။
ကိုင်ထားတဲ့လက်ကလေးကိုလည်း
မြဲမယ်ထင်ခဲ့ကြသလို
ဒီမျက်ဝန်းတွေကိုပဲ တသက်လုံးငေးချင်ခဲ့မိကြတယ်။
တစ်ဘဝစာလို့ထင်ထားခဲ့မိတဲ့
အခိုက်အတန့်တွေဟာ
မီးညှိထားတဲ့ဆေးလိပ်တိုတစ်ခုလိုပါပဲ။
စွဲလမ်းစရာကောင်းပေမဲ့လို့
ဒါဟာ တစ်ခဏတာ အတွက်သာဖြစ်တယ်။
***
Alexender AN(Ah Nyo)
Apr.20.2023
Come back!!
****
ေရက်သံရပ္သြားသည့္အေလ်ာက္ ေခတၱခဏအၾကာမွာေတာ့ အမ်ိဳးသားတစ္ေယာက္က ေရခ်ိဳးခန္းထဲမွထြက္လာ၏။
ေရခ်ိဳးၿပီးခါစမို႔ အနက္ေရာင္ဆံပင္တို႔ထံမွာ ေရစက္မ်ားက ပုခုံးေပၚသို႔တစက္ၿပီးတစက္ က်ေနလ်က္။ထိုလူ၏
နက္ေစြးေနေသာ မ်က္ဝန္းတစုံမွာစူး႐ွလွ၍ ဘယ္ဘက္မ်က္လုံးထက္႐ွိ ကန္႔လန္႔ျဖန္႔အမာ႐ြတ္ဟာလည္း ဟိတ္ဟန္ႀကီးစြာျဖင့္ ခန္႔ညားေသာမ်က္ႏွာေပၚ၌ တည္႐ွိလ်က္။
ထိုလူ၏ခါး၌ တဘက္အျဖဴ တထည္အားရစ္ပတ္ထား၍ ခႏၶာကိုယ္အေပၚပိုင္းကိုေတာ့ လစ္ဟာျပထားသည္။
ဆင္စြယ္ေရာင္ အသားအရည္ေပၚ၌
အနီ၊အမဲ တက္တူးမ်ားက မ်က္စိပေဒႆ႐ွိလွစြာ။
အဆီပိုရယ္လို႔မ႐ွိပဲ အဆီမ်ားအစား ႂကြက္သားအေျမာင္းေျမာင္းတို႔က ေနရာယူလ်က္။
လက္ေမာင္းႂကြက္သားတို႔ဟာ ျမင္လိုက္႐ုံနဲ႔တင္ ယင္းလက္ေမာင္းမ်ားၾကားတိုးေဝွ႔ဝင္ခ်င္လွသည္အထိပင္။
ခပ္က်ယ္က်ယ္ပုခုံးႏွင့္ က်ယ္ျပန္႔ေသာရင္ခြင္၌ ခိုဝင္ခ်င္ေနၾကသည့္မိန္းကေလးတို႔ဟာ အမ်ားအျပား။
ထိုလူမွာ အသက္37ႏွစ္ခန္႔ ႐ွိၿပီျဖစ္ေသာ္လည္း
အသက္30ေလာက္သာ႐ွိဦးမည္ဟုထင္ရသည္အထိကို ႏုဆဲပ်ိဳဆဲ။
စိုင္း ကုတင္ေပၚ႐ွိအျဖဴေရာင္ စြပ္က်ယ္အားေကာက္စြပ္လိုက္ရင္း အိမ္ေနရင္းအဝတ္အစားမ်ား အား
လဲလိုက္သည္။
ေရခ်ိဳးၿပီးခါစက ျဖစ္ပါေသာ္လည္း
မႏၲေလးေႏြမွာ ပူလြန္းသည္မို႔ ေနာက္တဖန္ ေရထပ္ခ်ိဳးခ်င္စိတ္ျဖစ္လာျပန္သည္။
သို႔ေသာ္ ထိုစိတ္ေလးအားခ်ဳပ္ထိန္းထားလိုက္ရပါ၏။
စိုင္း အအိုက္ေျပရန္ ေရခဲေသတၱာထဲမွဘီယာေအးေအးေလး အားထုတ္ေသာက္ေနခိုက္မွာပဲ
တိုက္ခန္းတံခါးဖြင့္သံႏွင့္အတူ တူမျဖစ္သူ သင္းရတနာက အထုတ္အပိုးမ်ား
ႏွင့္ အထဲသို႔ဝင္လာ၏။
"ေဘးကတိုက္ခန္းကို ေျပာင္းလာတဲ့သူ
ေရာက္တယ္ထင္တယ္။ပစၥည္းေတြခ်ေနတာေတြ႕ခဲ့တယ္"
စိုင္း ဘီယာ ေသာက္လက္စႏွင့္"ေအး"ဟုသာ သာမန္လွ်ံကာ ျပန္ေျဖလိုက္သည္။
ထိုအခ်ိန္မွာပဲ တိုက္ခန္းတံခါးေခါက္သံၾကားလိုက္ရသျဖင့္ စိုင္းတံခါးဖြင့္ရန္သြားလိုက္သည္။
"ဘယ္သူ.."
စိုင္း စကားပင္မဆုံးေသး တံခါးဖြင့္လိုက္သည့္အခါ ေပၚထြက္လာေသာေခ်ာေမာလွသည့္ မ်က္ႏွာေလးေၾကာင့္ စိုင္းအံ့ၾသသင့္သြားသည္။
"ဟီး ေလးေလးငယ္"
သက္ပိုင္ သူ႕အားေၾကာင္ေတာင္ေတာင္ၾကည့္ေနေသာ ေလးေလးငယ္အားသြားၿဖီးျပလိုက္သည္။
"မင္းက ဒီကိုဘာလာလုပ္တာတုန္း"
"ေနာက္ေန႔ကစၿပီး ကြၽန္ေတာ္က ေလးငယ္တို႔ရဲ႕တိုက္ခန္းေဘးမွာေနမွာေလ။
ေလးေလးငယ္မသိဘူးလား"
"ေဘးခန္းကို ေျပာင္းလာတယ္ဆိုတဲ့သူက မင္းေပါ့"
"ဟုတ္ပါတယ္ဗ်"
ထိုအခ်ိန္မွာပဲ မီးဖိုေခ်ာင္ထဲမွ မိန္းကေလးတစ္ေယာက္ထြက္လာသည္ကို ပြင့္ဟေနေသာတံခါးမွတဆင့္
သက္ပိုင္ျမင္လိုက္ရသည္။
ေလးေလးငယ္အိမ္မွာ မိန္းကေလးတစ္ေယာက္ေရာက္ေနတယ္ဆိုတဲ့အေတြးက သက္ပိုင္ႏွလုံးသားကို အျမင့္ေပတစ္ေသာင္းမွ ေအာက္သို႔ပစ္ခ်လိုက္သကဲ့သို႔။
ထိုမိန္းကေလးက မီးဖိုေခ်ာင္ကေန သူတို႔ကိုလွမ္းၾကည့္ရင္း
"ဘယ္သူလဲ အန္ကယ္"
ထို႔ေနာက္ သူမက သက္ပိုင္တို႔အနားသို႔ျဖည္းျဖည္းခ်င္းေလွ်ာက္လာရင္း
သက္ပိုင္ကို တခ်က္အေပၚေအာက္ စုန္ဆန္ၾကည့္သည္။
သူ(မ)က လွတာကေတာ့အေတာ္႕ပင္လွပါသည္။ဒီလိုလွပေသာ မိန္းကေလးငယ္က ဘာေၾကာင့္ေလးေလးငယ္နဲ႔အတူ႐ွိေနရပါသလဲ။
ေလးေလးငယ္နဲ႔ေကာဘယ္လိုပတ္သတ္တာလဲ။
ဒီ15ႏွစ္တာ အတြင္းမွာ ေလးေလးငယ္မွာ သက္ဆိုင္သူ႐ွိႏွင့္ေနၿပီလား။
ဒါေပမဲ့ အရင္တစ္ေခါက္ ေတြ႕တုန္းက ေလးေလးငယ္မွသူ႕ကို ဘာမွမေျပာခဲ့တာ။
သူကိုယ္တိုင္မေမးခဲ့မိတာလည္းပါမွာေပါ့။
သက္ပိုင္ ထိုကိစၥကိုလုံးလုံးေမ့သြားခဲ့သည္ပင္။
တကယ္လို႔ ေလးေလးငယ္သာ...။
"Paiလား"
ခပ္တိုးတိုး စကားသံေၾကာင့္ သက္ပိုင္၏အေတြးစမ်ား ျပတ္လပ္သြားသည္ႏွင့္ သတိျပန္ဝင္လာကာ ေခါင္းအားညိမ့္လိုက္သည္။
ထိုအခါ မိန္းကေလးငယ္၏မ်က္ဝန္းကေတာက္ပသြား၍
စိတ္လႈပ္႐ွားဟန္ ပုံသ႑ာန္သို႔ေျပာင္းလဲသြား၏။
"ညီမက Paiရဲ႕fanပါ။
အိမ္မွာ Paiရဲ႕စာအုပ္ေတြႀကီးပဲ...
အကုန္ထြက္သမွ်ဝယ္ခဲ့တာေလ။ျဖစ္ႏိုင္ရင္လက္မွတ္ေလးထိုးေပးလို႔ရမလားဟင္"
သူမ၏ အားတက္သေရာေတာင္းဆိုသံေၾကာင့္ သက္ပိုင္အေနခတ္စြာျပဳံးလိုက္ရင္း ေလးေလးငယ္အားၾကည့္လိုက္သည္။
ေလးေလးငယ္ကေတာ့ သက္ပိုင္အားျပဳံးၿပီးၾကည့္ေနလ်က္။
"သူက ငါ့တူမေလ ေပါက္စ၊
သင္းရတနာတဲ့၊
သင္းရတနာ သူ႕နာမည္က ေအာင္သက္ပိုင္၊ငါအရင္ကေျပာဖူးတဲ့ ကေလးေလး
ေလ"
တူမ?
သက္ပိုင္ ထိုစကားကိုၾကားလိုက္မွ ရင္ထဲမွအလုံးႀကီးကက်သြားသလိုပင္။
ေတာ္ေသးတာေပါ့ တူမတဲ့။
"ဟမ္? Pai က အန္ကယ္ေျပာဖူးတဲ့ ေပါက္စေလးလား?!"
သင္းရတနာဆိုေသာ မိန္းကေလးက မယုံႏိုင္သည့္ ပုံႏွင့္ သက္ပိုင္ကို မ်က္လုံးႀကီးျပဴးၿပီးၾကည့္သည္။
သူမ၏ ႐ုပ္က ျဖစ္ႏိုင္လို႔လားဆိုတဲ့႐ုပ္။
"ေတြ႕ရတာ ဝမ္းသာပါတယ္ဗ်။ကြၽန္ေတာ္႕နာမည္က ေအာင္သက္ပိုင္ပါ"
"ဟုတ္ကဲ့ ဝမ္းသာပါတယ္"
သင္းရတနာ သူမအေ႐ွ႕႐ွိ ေခ်ာေမာေသာအကိုႀကီးအားၾကည့္ရင္းမယုံႏိုင္ျဖစ္ေနသည္။
သူမထင္ခဲ့သည္က အန္ကယ္
ေျပာေျပာေနေသာေပါက္စ ဆိုသည့္ေကာင္ေလး၏ပုံစံမွာ ေသးေသးေကြးေကြးေလးနဲ႔ခ်စ္စရာေကာင္းမည္လို႔ပင္။
အခုဟာက အရပ္ႀကီးက
အန္ကယ့္ထက္ပင္ ႐ွည္ေနကာ
ခ်စ္စရာေကာင္းသည္ထက္ ေခ်ာေမာကာဆြဲေဆာင္မႈ႐ွိသည့္ဘက္ကို ပို၍သြားေနသည္ပင္။
ပို၍ အေရးႀကီးသည္က ေပါက္စဆိုတဲ့ေကာင္ေလးက Paiတဲ့ေလ။သူမရဲ႕idolျဖစ္တဲ့ စာေရးဆရာPaiတဲ့ေလ။
ေလာကႀကီးက တကယ့္ကိုက်ဥ္းက်ဥ္းေလးပါလား!
"ဝင္ခဲ့ေလ ေပါက္စ"
"အာ..ရတယ္ ေလးငယ္ မဝင္ေတာ့ဘူးရယ္၊ကြၽန္ေတာ္ အိမ္႐ွင္းတာ မၿပီးေသးဘူး"
"ငါလုပ္ကူမယ္ေလ"
ေလးေလးငယ္က ေျပာေျပာဆိုဆိုႏွင့္တိုက္ခန္းအျပင္သို႔ထြက္လာသည္။
သင္းရတနာကေတာ့ ေၾကာင္ေတာင္ေတာင္ႏွင့္ သူတို႔ႏွစ္ေယာက္အားၾကည့္ေန၏။
"မဟုတ္တာ ေလးေလးငယ္ရာ၊ကြၽန္ေတာ္.."
သက္ပိုင္၏ စကားပင္မဆုံးေသး ေလးေလးငယ္စီမွာ အမိန္႔သံကဲ့သို႔စကားသံကထြက္ေပၚလာသည္။
"လွ်ာမ႐ွည္နဲ႔"
"ဟုတ္"
"သင္းရတနာ ..ငါသက္ပိုင္ကိုသြားလုပ္ကူလိုက္ဦးမယ္"
"ဟုတ္ ဟုတ္အန္ကယ္"
***
သက္ပိုင္ သန္႔႐ွင္းေရးလုပ္ေနရင္း
ပစၥည္း႐ွင္းေနသည့္ ေလးေလးငယ္အားလွည့္ၾကည့္လိုက္သည္။
"ကြၽန္ေတာ္က ခုနကသင္းရတနာဆိုတဲ့ေကာင္မေလးကိုေတြ႕ေတာ့ ေလးေလးငယ္ရဲ႕ခ်စ္သူလို႔ထင္သြားတာဗ်"
သက္ပိုင္၏ စကားကိုၾကားေတာ့ ေလးေလးငယ္က ပစၥည္းမ်ားအား႐ွင္းရင္း တဟားဟားရယ္သည္။ထိုအခါသက္ပိုင္လည္းလိုက္ရယ္လိုက္မိျပန္ပါ၏။
"ေလးေလးငယ္"
"အင္း"
"ေလးေလးငယ္မွာ ခ်စ္သူ႐ွိၿပီလားဟင္"
"မင္းဘယ္လိုထင္တုန္း"
".....ေလးေလးငယ္မေျပာပဲ ကြၽန္ေတာ္ဘယ္သိမလဲ"
ထို႔အျပင္ သက္ပိုင္ေတြးလည္းမေတြးရဲပါေခ်။
အေတြးေလးနဲ႔တင္ကို ႐ူးေလာက္ေအာင္နာက်င္ရတာမို႔။
"အခုေတာ့ မ႐ွိဘူး"
"အရင္က ႐ွိခဲ့တယ္လား"
"အင္း ႐ွိတယ္"
"ကြၽန္ေတာ္႕ကို ေျပာျပပါလား"
"ဘာလို႔ အဲ့ေလာက္စပ္စုေနရတာတုန္းေပါက္စရ"
ေလးေလးငယ္ရဲ႕အေၾကာင္းမို႔လို႔ေပါ့ေလးေလးငယ္ရယ္။
"ေျပာျပပါဗ်ာ"
"ေနာက္မွ"
သက္ပိုင္ ထပ္ေမးခ်င္ပါေသာ္လည္း ေလးေလးငယ္၏ပုံစံမွာ အနည္းငယ္မေျပာႏိုင္သည့္ပုံျဖစ္ေနသည္မို႔ မေမးျဖစ္ခဲ့ပါေခ်။
ေလးေလးငယ္၏ ပုံစံကိုၾကည့္ျခင္းအားျဖင့္ ထိုသူဟာ ေလးေလးငယ္အတြက္အေရးပါခဲ့ပုံေပၚပါ၏။
အတိတ္ျဖစ္ေပမဲ့လို႔ သက္ပိုင္၏ႏွလုံးသားဟာေတာ့ မသိမသာႏွင့္တမ်ိဳး၊သိသိသာသာႏွင့္တစ္ဖုံလႈပ္ခတ္လို႔ေနခဲ့ပါသည္။
အင္း...ေၾကာက္သည္ဆိုလွ်င္
ပိုမွန္ပါလိမ့္မည္။
****
တိုက္ခန္းအား ျပင္ဆင္အၿပီးတြင္ေတာ့ သက္ပိုင္ေကာဆိုဖာေပၚမွာ ထိုင္ခ်လိုက္မိသည္။
မေန႔ညတုန္းက ဇာတ္ၫႊန္းေရးဆြဲေနခဲ့သည့္အတြက္မအိပ္ရေသးသည့္အျပင္
ယေန႔တြင္လည္း အိမ္ေျပာင္းထားရသည္မို႔ သက္ပိုင္တစ္ေယာက္ ေျခကုန္လက္ပန္းက်ေနၿပီပင္။
ေလးေလးငယ္ကေတာ့
ေခြၽးပင္မစို႔၊တက္တက္ႂကြႂကြႏွင့္ပင္။
ဆိုဖာေပၚမွာလဲေနေသာ သက္ပိုင္ကိုၾကည့္ရင္းႏွင့္ေတာင္ ရယ္ေနပါေသး၏။
"ေမာေနၿပီေပါ့"
"ဒါေပါ့ေလးေလးငယ္ရ၊ကြၽန္ေတာ္မေန႔ညက မအိပ္ရဘူးဗ်"
"မအိပ္ရတဲ့အထိကို မင္းကဘာလုပ္ေနလို႔လဲ"
"ဇာတ္ၫႊန္းေရးေနတာ"
"ထားပါေတာ့ မအိပ္ရေသးရင္သြားအိပ္ေခ်၊ငါလည္းျပန္ေတာ့မယ္"
ေလးေလးငယ္က ထိုသို႔ေျပာရင္း
တိုက္ခန္းထဲမွထြက္ရန္ျပင္သည္။
ထိုအခါ သက္ပိုင္ ေလးေလးငယ္အားမတိုးမက်ယ္အသံႏွင့္ဆိုဖာေပၚကေနညေခၚလိုက္သည္။
"ေလးေလးငယ္"
"ဟြန္?"
"ေက်းဇူးပါ"
"အိပ္ေတာ့"
"ဟုတ္"
မွိတ္က်သြားေသာ မ်က္လုံးႏွင့္အတူ ေလးေလးငယ္ဟာလည္း သူ၏ျမင္ကြင္းထဲမွ ေပ်ာက္လို႔သြားသည္။
ခ်စ္တယ္..ေလးေလးငယ္။
******
ညေနခင္းပိုင္း (5)နာရီမွာေတာ့ ေပါက္စက ေစ်းဝယ္အတူထြက္ရန္ လာေခၚသျဖင့္ စိုင္းလည္းေပါက္စႏွင့္အတူလိုက္လာခဲ့သည္။
စူပါမားကတ္ကို ေရာက္ေတာ့ ညေနစာအတြက္ ဟင္းအမယ္အခ်ိဳ႕နဲ႔လိုအပ္တာအခ်ိဳ႕ဝယ္ခဲ့ကာ တိုက္ခန္းသို႔ျပန္လာခဲ့ၾကသည္။
"ေလးေလးငယ္ကို ကြၽန္ေတာ္႕ ဟင္းခ်က္စေကးျပမယ္"
"ဘာလဲ ၾကက္ဥေၾကာ္တဲ့စေကးလား"
ေလးေလးငယ္က ႐ႊတ္ေနာက္ေနာက္ေျပာေတာ့ သက္ပိုင္ ႏွာေခါင္း
အား႐ႈံ႕လိုက္သည္။
"ၾကည့္ေန ၿပီးမွ သက္ပိုင္ငါ့စာဖိုးမႉးလာလုပ္လို႔မေျပာနဲ႔ေနာ္ဗ်"
သက္ပိုင္၏စကားကိုၾကားေတာ့ ေလးေလးငယ္က ဟက္ဟက္ပတ္ပတ္ရယ္သည္။
"ဟုတ္မွလည္းလုပ္ပါကြာ ဟားဟား"
ဟင္းခ်က္အၿပီး ညစာစားခ်ိန္အေရာက္တြင္ေတာ့ စိုင္းတစ္ေယာက္
သက္ပိုင္၏ဟင္းခ်က္စေကးကို အသိမွတ္ျပဳလိုက္ရေတာ့သည္။
ဒီေကာင္ေလးဟာ ဟင္းခ်က္ၿပိဳင္ပြဲဝင္ၿပိဳင္ရင္ ပထမဆုပင္ရေလာက္သည္။
ဟင္းအရသာမွာ အေတာ္႕ပင္ေကာင္းလြန္းကာ စိုင္းတစ္ေယာက္မ်က္ရည္ပင္လည္ခ်င္သြားသည္။
သို႔ေသာ္လည္း မ်က္ႏွာထားအားေသခ်ာထိန္းလိုက္၍ ခပ္တည္တည္သာေျပာလိုက္သည္က
"မဆိုးပါဘူး"
ထိုအခါ ေပါက္စက တေဘာတက်ႏွင့္ျပဳံး၏။
ထို႔ေနာက္ႏွစ္ေယာက္သား ညေနစာစစားခဲ့ၾက၍ ႏွစ္ေယာက္သားစကားအမ်ားႀကီးမေျပာၾကေခ်။
တိတ္ဆိတ္ညစာစားပြဲေလးတစ္ခုျဖစ္ခဲ့၍ ေတာ္ေတာ္ေလးကိုၿငိမ္သက္ေနခဲ့ပါ၏။
စိုင္း သက္ပိုင္ထမင္းစားသည္ကိုၾကည့္မိသည္။သက္ပိုင္မွာ စကားအားတစ္လုံးတစ္ေလမွ် မေျပာပဲထမင္းကိုသာ တိတ္စိတ္စြာ
အာ႐ုံစိုက္စားေန၏။
သက္ပိုင္ ထမင္းစားေနေသာပုံမွာ
တကယ့္ကိုၾကည့္ေကာင္း၍ ခ်စ္စရာေကာင္းသည္ဟု စိုင္းထင္ေနမိသည္။
အခ်ိဳ႕သူေတြ မုန္႔စားရင္ ၾကည့္လို႔ေကာင္းသည္ဆိုတာအမွန္ပင္။
ႏွစ္ေယာက္သား ထမင္းစားၿပီးေတာ့ ဝရံတာ၌ ထြက္ထိုင္ၾကသည္။
"ေလးေလးငယ္ ကြၽန္ေတာ္ေမးစရာ႐ွိတယ္"
"ေမးေလ"
"ေလးေလးငယ္အခု အရင္အလုပ္ကိုပဲလုပ္တုန္းလားဟင္"
သက္ပိုင္ ေလးေလးငယ္၏အလုပ္ကိုငယ္ငယ္ကတည္းက သိသည္။ေလးေလးငယ္ကိုယ္တိုင္က သူ႕ကိုေျပာျပထားခဲ့သည္ပင္။
"အရင္2ႏွစ္ထဲက ထြက္ထားတာေလ ၾကာေပါ့"
"ေတာ္ေသးတာေပါ့"
"ဘာလို႔လဲ"
"စိတ္ပူလို႔ေပါ့ဗ်၊အဲ့တာကအႏၲရာယ္မ်ားတယ္ေလ"
"ငါကပိုအႏၲရာယ္မ်ားတယ္ ေပါက္စ၊မင္းကိုယ္မင္းအရင္စိတ္ပူသင့္တယ္ေကာ"
"ေလးေလးငယ္က ကြၽန္ေတာ္႕ကိုထိခိုက္ေအာင္မလုပ္မွန္း ကြၽန္ေတာ္သိတယ္ေလ၊ဒါေၾကာင့္ စိတ္မပူပါဘူး"
ေလးေလးငယ္က ျပဳံးသည္။
ေလးေလးငယ္ျပဳံးသည့္အခါ သိပ္ကိုလွသည္မွာအမွန္၊ေယာက်္ားေလးတစ္ေယာက္ကိုလွတယ္လို႔ မသုံးသင့္ေပမဲ့လို႔ေပါ့။ဒါေပမဲ့ တကယ့္ကိုေငးရက္စရာေကာင္းတာေတာ့အမွန္ပင္။
"ေန႔လည္က မင္းေမးတာကိုငါေျပာျပမယ္"
"...."
"သူ႕နာမည္က လြင္မ်ိဳးဆက္တဲ့၊
Englishနာမည္ကေတာ့ David။
သူနဲ႔ငါက 17ႏွစ္ကတည္းကသိလာၾကတာ...ငါကအဲ့ကတည္းက သူ႕ကိုသေဘာက်ခဲ့တယ္ပဲ
ဆိုမလား။ဒါေပမဲ့သူကေတာ့ငါ့ကိုသူငယ္ခ်င္းတစ္ေယာက္လိုပဲသေဘာထားတယ္ဆိုတာကို ငါသိေနခဲ့တယ္။ဒါေၾကာင့္ဖြင့္မေျပာခဲ့တာ"
"ေနာက္ေတာ့ သူခ်စ္သူရသြားတယ္။ငါလည္း ျမန္မာျပည္ကိုျပန္လာခဲ့တယ္။
အဲ့ကစၿပီး သူနဲ႔ငါထပ္မေတြ႕ျဖစ္ခဲ့ေတာ့သလို ငါ့ရဲ႕တဖက္သတ္အခ်စ္ကလည္းအဆုံးသတ္သြားခဲ့တယ္။
ၿပီးေတာ့ မင္းနဲ႔ေတြ႕တယ္..ေနာက္မွာ
ငါနယူးေယာက္ကိုျပန္လာခဲ့ရၿပီး သူနဲ႔ျပန္ေတြ႕ခဲ့တယ္။
အဲ့မွာ သူကငါ့ကိုဝန္ခံခဲ့ၿပီး ငါတို႔တြဲျဖစ္ခဲ့ၾကတယ္....
ငါ့အသက္ 24ႏွစ္မွာ သူကလက္ထပ္ခြင့္ေတာင္းခဲ့ၿပီး ငါလည္းလက္ခံခဲ့တယ္"
"!!!!"
သက္ပိုင္ တြဲခဲ့သည္အထိပဲထင္ထားခဲ့ေပမဲ့ လက္ထက္ဖို႔စီစဥ္ခဲ့မွန္းေတာ့ မေမွ်ာ္လင့္ထားခဲ့ေခ်။
"ဒါေပမဲ့ သူ႕အသိုင္းအဝိုင္းက ငါ့ကိုလက္မခံခဲ့ၾကဘူး။အဲ့တာအျပင္ သူကိုယ္တိုင္လည္းသတၱိမ႐ွိလို႔ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ငါတို႔ေတြေဝးခဲ့ရတယ္....။ေသခ်ာတာကေတာ့ ငါသူ႕ကိုအျပစ္မတင္ပါဘူး..သူ႕မွာလည္း သူ႕ကိစၥနဲ႔မဟုတ္လား။
လူတိုင္းမွာ အေၾကာင္းျပခ်က္ကိုယ္စီ႐ွိတာပဲေလ။ငါနားလည္ေပးရမွာေပါ့"
"ေလးေလးငယ္က သူ႕ကိုခ်စ္ေသးလားဟင္"
ထိုေမးခြန္းအားေမးသည့္အခ်ိန္တြင္ သက္ပိုင္အသက္ကိုေအာင့္ထားမိသည္။
"အခုေတာ့ သူ႕အတြက္ငါ့ရဲ႕ခံစားခ်က္ကဘာမွန္းမသိေတာ့ေပမဲ့ ငါသူ႕ကိုခ်စ္ခဲ့ပါတယ္။အရာအားလုံးထက္ကိုခ်စ္ခဲ့တယ္...."
"သူ႕ကိုလြမ္းလားဟင္"
".....အင္း"
"သူျပန္လာခဲ့ရင္ေကာ ေလးေလးငယ္သူ႕ကိုလက္ခံမွာလား"
"ငါမသိဘူး"
"......"
ငါတို႔ဟာ ခဏတာကို တသက္တာအျဖစ္မွတ္ယူခဲ့ၾကဖူးတယ္။
ကိုင္ထားတဲ့လက္ကေလးကိုလည္း
ၿမဲမယ္ထင္ခဲ့ၾကသလို
ဒီမ်က္ဝန္းေတြကိုပဲ တသက္လုံးေငးခ်င္ခဲ့မိၾကတယ္။
တစ္ဘဝစာလို႔ထင္ထားခဲ့မိတဲ့
အခိုက္အတန္႔ေတြဟာ
မီးညႇိထားတဲ့ေဆးလိပ္တိုတစ္ခုလိုပါပဲ။
စြဲလမ္းစရာေကာင္းေပမဲ့လို႔
ဒါဟာ တစ္ခဏတာ အတြက္သာျဖစ္တယ္။
***
Alexender AN(Ah Nyo)
Apr.20.2023
Come back!!
****