Unicode
အပိုင်း (၉၆) နန်းတော်သို့ပြန်ခြင်း ၁
သူ မမေ့ခင်အချိန်တွင် လုရှန်းကျစ်က ယဲ့ကျန်းကို သူမ ပေးခဲ့ဖူးသော နောက်ထပ် ဆေးပုလင်းကို တောင်း၏။
“အစ်ကိုကြီး တစ်နေ့ကို နှစ်ကြိမ်ပဲလိမ်းခဲ့တာ၊ ဒါပေမဲ့ အခုအမာရွတ်လောက်ပဲ ကျန်တော့တယ်၊ အကြီးဆုံးအစ်ကိုက အခုထိ လမ်းလျှောက်နိုင်သေးတာမဟုတ်ဘူး၊ ညီမလေးမှာရှိနေသေးရင် သူ့ကို သေချာပေါက်ပေးလိုက်သင့်တယ်၊ သူက ငါတို့ရဲ့ အကြီးဆုံးအစ်ကိုပဲလေ”
သူက နင့်ရဲ့အကြီးဆုံးအစ်ကိုဖြစ်နိုင်ပေမဲ့ ငါ့ရဲ့အကြီးဆုံးအစ်ကိုတော့ ဘယ်တော့မှ မဖြစ်နိုင်ဘူး။
ယဲ့ကျန်းက စိတ်မဝင်စားဟန်ဖြင့်ဖြေသည်။
“ညီမလည်း ပေးချင်ပါတယ်၊ ဒါပေမဲ့ ကျွင်းကျစ်မှာက လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေမှ မရှိတာ၊ ညီမ အိမ်ပြန်ရောက်တော့မှပဲ ပေးနိုင်မယ်ထင်တယ်”
“ညီမလေးက ဘာဆေးပင်တွေလိုလဲ၊ အစ်ကိုကြီး ရအောင်ရှာလာခဲ့ပေးမယ်”
လုရှန်းကျစ်က ချက်ချင်းဆိုသလိုပြောသည်။
ချန်းသဲ့တောင်စံအိမ်၏ တောအုပ်ပိုင်းကို ပြန်တွေးမိပြီး ထိုနေရာတွင် ဆေးပင်များစွာ ရှိနိုင်သည်ဟု ထင်လိုက်၏။
“ဒီပါဝင်ပစ္စည်းတွေက ရှာရလွယ်တာမဟုတ်ဘူး၊ ညီမ မနက်ဖြန်ကျမှ တောင်ပေါ်တက်ကြည့်ပြီး အခြေအနေကို ရှာကြည့်လိုက်ပါ့မယ်”
ယဲ့ကျန်း မနှစ်မြို့သော်လည်း ထိုသို့ပြောလိုက်ရသည်။
သူမက လုလင်ကျစ်ကို ဒုက္ခိတပင် ဖြစ်သွားစေချင်သေး၏။
ဒါကိုဘယ်လိုများ ငါ့ရဲ့လင်းချွမ်ကို ထည့်ပေးရမှာလဲ။
“အမှန်အတိုင်းပြောရရင် လူတိုင်းရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံက ကွာခြားတယ်လေ၊ ညီမရဲ့ဆေးက အစ်ကိုကြီးရဲ့ဒဏ်ရာကို ကုသနိုင်ပေမဲ့ အကြီးဆုံးအစ်ကိုရဲ့ဒဏ်ရာကို ကုသနိုင်ပါ့မလားဆိုတာကတော့ မသေချာဘူး”
လုရှန်းကျစ်က သူ၏ညီမဖြစ်သူကို ဂရုတစိုက်ကြည့်သည်။
“ယောင်ယောင် ယောင်ယောင် ဘာလို့ အကြီးဆုံးအစ်ကိုကို သဘောမကျဘူးလို့ အစ်ကိုကြီး ခံစားမိနေတာလဲ”
ယဲ့ကျန်းက သတိထားကာပြောသည်။
“အစ်ကိုကြီး ညီမက အစ်ကိုကြီးနဲ့မတူဘူး၊ အစ်ကိုကြီးက မြို့တော်မှာနေသားကျနေတော့ အစ်ကိုကြီးနဲ့ အကြီးဆုံးအစ်ကိုက သိနေတာ ကြာလှပြီလေ၊ ညီမကတော့ သူနဲ့မှ မရင်းနှီးတာ၊ ဒီတော့ သူ့ကို အစ်ကိုကြီးလိုဆက်ဆံဖို့က ခက်တယ်၊ အရင်တစ်ကြိမ်ကဆိုရင် သူက ညီမကို အကယ်ဒမီကို ဝင်ခိုင်းတာမဟုတ်ဘူး၊ ညီမ သူ့ကို ဘယ်လိုများ သဘောကျရမှာလဲ”
“အကြီးဆုံးအစ်ကိုက ညီမလေးကောင်းဖို့အတွက်ပဲလုပ်တာ အာ ညီမလေး အခုတော့ ယုံအုံးမှာမဟုတ်ဘူး၊ ဒါပေမဲ့ သူနဲ့ အချိန်တချို့ဖြုန်းပြီးတဲ့နောက်မှာ သူက လုမိသားစုအတွက် အကောင်းဆုံးဆိုတာကို သိလာလိမ့်မယ်၊ သူက တကယ်ကို ထူးချွန်တဲ့သူပါ”
လုရှန်းကျစ်က သက်ပြင်းချသည်။
ယဲ့ကျန်းက ပြုံးပြီးခေါင်းညိတ်၏။
“ညီမသိပါတယ်၊ ညီမလည်း အကြီးဆုံးအစ်ကိုနဲ့ ဖြည်းဖြည်းချင်း သိလာချင်ပါတယ်”
“ငါ သွားရတော့မယ်၊ မနက်ဖြန်ဧကရာဇ်က နန်းတော်ကို ပြန်တော့မှာ၊ အမေက အကြီးဆုံးအစ်ကိုကို ကျွင်းကျစ်မှာ နေဖို့ နှစ်ရက်လောက် ခေါ်သွားမယ်လို့ ပြောတယ်”
လုရှန်းကျစ်က ပြောသည်။
မော့ရုန်ကျန်းက နန်းတော်ကို ပြန်တော့မှာလား။
ထိုစကားကြောင့် ယဲ့ကျန်း၏နှလုံးသားအောက်ခြေက စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။ သူမ သူ့နှင့်ထပ်တွေ့မည်အား စိုးရိမ်ရန်မလိုအပ်တော့ချေ။
သူမက တော်ဝင်ဆေးဆရာဖြစ်လာချင်သည်။ ထိုသို့ဆိုလျှင် မော့ရုန်ကျန်းနှင့် အနာဂတ်တွင် မကြာခဏတွေ့ရမည်ဖြစ်၏။
ထိုအချိန်တွင်ဆိုလျှင် သူမ ပြင်ဆင်ပြီးလောက်ချေပြီ။
ယဲ့ကျန်းက လုရှန်းကျစ်ကို ဂိတ်ဝအထိ လိုက်ပို့ပြီး သူမ၏အဆောင်တော်သို့ ပြန်၏။ သူမ စာအုပ်တစ်အုပ်ကို ဖတ်နေချိန်တွင် ရုတ်တရက် သူမ၏လက်ဖဝါးပေါ်တွင်ရှိသော မီးတောက်ဖီးနစ်ပုံ သင်္ကေတလေးကို ငုံ့ကြည့်လိုက်မိ၏။
စာမေးပွဲဖြေရန် ဆယ်ရက်လိုနေသေးသည်။ သူမ၏ လက်ရှိရုပ်ရည်သွင်ပြင် အကြောင်းကို သူမ နားလည်၏။
သူမ လူအများရှေ့တွင် ထွက်ပေါ်လာသည်နှင့် လူအများစုက ယဲ့ကျန်းကို မှတ်မိသွားကြမည်ဖြစ်သည်။ သို့သော် လုယောင်ယောင်နှင့် ယဲ့ကျန်းတို့က ကွာခြားမှုများရှိနေသေးသည်။ သူမ မော့ရုန်ကျန်းနှင့် လက်ထပ်ခဲ့သော နှစ်နှစ်အတွင်းတွင် သူမ တစ်ရက်မှ ပျော်ပျော်ရွှင်ရွှင် မနေခဲ့ရပေ။ သူ့အား နေ့တိုင်းလိုလို လွမ်းဆွတ်နေခဲ့ရသည့်အတွက် သူမ၏စိတ်အခြေအနေက ဆိုးရွားလာပြီး အမြဲလိုလို မပျော်မရွှင်ဖြစ်နေခဲ့ရ၏။
ထိုအချိန်အတောအတွင်းတွင် သူမက ကြည့်ကောင်းနိုင်သေးသည်။ သို့သော် စိတ်ဝိညာဉ်တက်ကြွမှု မရှိပေ။ ယခု လုယောင်ယောင်ကဲ့သို့ ရွှင်လန်းတက်ကြွနေဟန်နှင့် ကွာခြားနေ၏။
ယောင်ယောင်....
ယဲ့ကျန်းက မှန်ထဲရှိ ရုပ်သွင်ကိုကြည့်သည်။ သူမ၏မျက်ဝန်းများက တောက်ပသွားသည်။
လုယောင်ယောင်၏မျက်ဆံက ယဲ့ကျန်း၏မျက်ဆံထက် မဲနက်၏။ သူမ၏ မျက်နှာပုံပန်းသွင်ပြင်က အနည်းငယ် ကွာခြားနေသေးသည်။
ယဲ့ကျန်း၏မျက်ခုံးနှင့် မျက်လုံးများက သူမ၏ဖခင်နှင့်တူပြီး လုယောင်ယောင်၏ မျက်နှာသွင်ပြင်များကမူ မိခင်နှင့်တူသည်။ လင်းချွမ်ကို သောက်သုံးခြင်းအားဖြင့် သူမ၏အသားအရေက တဖြည်းဖြည်းချင်း ဖြူဖျော့လာပြီး တစ်ကိုယ်လုံး၏ အရှိန်အဝါကပင် ကွာခြားလာခဲ့၏။
အနှစ်ချုပ်ဆိုရသော် ယခင်ဝမ်ဖေးယဲ့နှင့် လုယောင်ယောင်က တူညီကောင်းတူညီနိုင်သည်။ ဝမ်ဖေးယဲ့က ကြော့ရှင်းကာ အထက်တန်းဆန်သော သွင်ပြင်ဖြစ်ပြီး လုယောင်ယောင်ကမူ သိမ်မွေ့ညင်သာပြီး ချစ်စဖွယ်တက်ကြွသော ကောင်မလေးတစ်ယောက်နှင့်တူ၏။
အမှန်အတိုင်းဆိုရသော် သူမသာ မော့ရုန်ကျန်းနှင့် လက်မထပ်ခဲ့လျှင် ယခုအချိန်အထိ ထိုသို့ လန်းဆန်းတက်ကြွပြီး သိမ်မွေ့ချစ်စဖွယ်ကောင်းသူ ဖြစ်နေအုံးပေလိမ့်မည်။
သို့ရာတွင် လက်ရှိအနေအထားအရမူ တစ်စုံတစ်ယောက်ကြောင့် သူမ၏စိတ်နေသဘောထား ဆိုးရွားသွားပြီး သွင်ပြင်ပြောင်းလဲသွားစရာ မလိုအပ်တော့ပေ။
သူမက လုယောင်ယောင်ဖြစ်သည်။ တစ်ချိန်တည်းတွင်လည်း ယဲ့ကျန်းလည်းဖြစ်၏။
ယဲ့ကျန်းက လက်ဖက်ရည်ခွက်ထဲသို့ လင်းချွမ်တစ်စက်ကိုချသည်။ ဝင်ခွင့်စာမေးပွဲဖြေဆိုချိန်တွင် လူတိုင်း၏အာရုံစိုက်မှုကို ဆွဲဆောင်ရန်လိုအပ်၏။ ထို့ကြောင့် လူအများရှေ့တွင် လှပစွာ ပေါ်ထွက်လာရမည်ပေ။
...
Zawgyi
အပိုင္း (၉၆) နန္းေတာ္သို႔ျပန္ျခင္း ၁
သူ မေမ့ခင္အခ်ိန္တြင္ လုရွန္းက်စ္က ယဲ့က်န္းကို သူမ ေပးခဲ့ဖူးေသာ ေနာက္ထပ္ ေဆးပုလင္းကို ေတာင္း၏။
“အစ္ကိုႀကီး တစ္ေန႕ကို ႏွစ္ႀကိမ္ပဲလိမ္းခဲ့တာ၊ ဒါေပမဲ့ အခုအမာ႐ြတ္ေလာက္ပဲ က်န္ေတာ့တယ္၊ အႀကီးဆုံးအစ္ကိုက အခုထိ လမ္းေလွ်ာက္နိုင္ေသးတာမဟုတ္ဘူး၊ ညီမေလးမွာရွိေနေသးရင္ သူ႕ကို ေသခ်ာေပါက္ေပးလိုက္သင့္တယ္၊ သူက ငါတို႔ရဲ႕ အႀကီးဆုံးအစ္ကိုပဲေလ”
သူက နင့္ရဲ႕အႀကီးဆုံးအစ္ကိုျဖစ္နိုင္ေပမဲ့ ငါ့ရဲ႕အႀကီးဆုံးအစ္ကိုေတာ့ ဘယ္ေတာ့မွ မျဖစ္နိုင္ဘူး။
ယဲ့က်န္းက စိတ္မဝင္စားဟန္ျဖင့္ေျဖသည္။
“ညီမလည္း ေပးခ်င္ပါတယ္၊ ဒါေပမဲ့ ကြၽင္းက်စ္မွာက လိုအပ္တဲ့ ပါဝင္ပစၥည္းေတြမွ မရွိတာ၊ ညီမ အိမ္ျပန္ေရာက္ေတာ့မွပဲ ေပးနိုင္မယ္ထင္တယ္”
“ညီမေလးက ဘာေဆးပင္ေတြလိုလဲ၊ အစ္ကိုႀကီး ရေအာင္ရွာလာခဲ့ေပးမယ္”
လုရွန္းက်စ္က ခ်က္ခ်င္းဆိုသလိုေျပာသည္။
ခ်န္းသဲ့ေတာင္စံအိမ္၏ ေတာအုပ္ပိုင္းကို ျပန္ေတြးမိၿပီး ထိုေနရာတြင္ ေဆးပင္မ်ားစြာ ရွိနိုင္သည္ဟု ထင္လိုက္၏။
“ဒီပါဝင္ပစၥည္းေတြက ရွာရလြယ္တာမဟုတ္ဘူး၊ ညီမ မနက္ျဖန္က်မွ ေတာင္ေပၚတက္ၾကည့္ၿပီး အေျခအေနကို ရွာၾကည့္လိုက္ပါ့မယ္”
ယဲ့က်န္း မႏွစ္ၿမိဳ႕ေသာ္လည္း ထိုသို႔ေျပာလိုက္ရသည္။
သူမက လုလင္က်စ္ကို ဒုကၡိတပင္ ျဖစ္သြားေစခ်င္ေသး၏။
ဒါကိုဘယ္လိုမ်ား ငါ့ရဲ႕လင္းခြၽမ္ကို ထည့္ေပးရမွာလဲ။
“အမွန္အတိုင္းေျပာရရင္ လူတိုင္းရဲ႕ခႏၶာကိုယ္တည္ေဆာက္ပုံက ကြာျခားတယ္ေလ၊ ညီမရဲ႕ေဆးက အစ္ကိုႀကီးရဲ႕ဒဏ္ရာကို ကုသနိုင္ေပမဲ့ အႀကီးဆုံးအစ္ကိုရဲ႕ဒဏ္ရာကို ကုသနိုင္ပါ့မလားဆိုတာကေတာ့ မေသခ်ာဘူး”
လုရွန္းက်စ္က သူ၏ညီမျဖစ္သူကို ဂ႐ုတစိုက္ၾကည့္သည္။
“ေယာင္ေယာင္ ေယာင္ေယာင္ ဘာလို႔ အႀကီးဆုံးအစ္ကိုကို သေဘာမက်ဘဴးလို႔ အစ္ကိုႀကီး ခံစားမိေနတာလဲ”
ယဲ့က်န္းက သတိထားကာေျပာသည္။
“အစ္ကိုႀကီး ညီမက အစ္ကိုႀကီးနဲ႕မတူဘူး၊ အစ္ကိုႀကီးက ၿမိဳ႕ေတာ္မွာေနသားက်ေနေတာ့ အစ္ကိုႀကီးနဲ႕ အႀကီးဆုံးအစ္ကိုက သိေနတာ ၾကာလွၿပီေလ၊ ညီမကေတာ့ သူနဲ႕မွ မရင္းႏွီးတာ၊ ဒီေတာ့ သူ႕ကို အစ္ကိုႀကီးလိုဆက္ဆံဖို႔က ခက္တယ္၊ အရင္တစ္ႀကိမ္ကဆိုရင္ သူက ညီမကို အကယ္ဒမီကို ဝင္ခိုင္းတာမဟုတ္ဘူး၊ ညီမ သူ႕ကို ဘယ္လိုမ်ား သေဘာက်ရမွာလဲ”
“အႀကီးဆုံးအစ္ကိုက ညီမေလးေကာင္းဖို႔အတြက္ပဲလုပ္တာ အာ ညီမေလး အခုေတာ့ ယုံအုံးမွာမဟုတ္ဘူး၊ ဒါေပမဲ့ သူနဲ႕ အခ်ိန္တခ်ိဳ႕ျဖဳန္းၿပီးတဲ့ေနာက္မွာ သူက လုမိသားစုအတြက္ အေကာင္းဆုံးဆိုတာကို သိလာလိမ့္မယ္၊ သူက တကယ္ကို ထူးခြၽန္တဲ့သူပါ”
လုရွန္းက်စ္က သက္ျပင္းခ်သည္။
ယဲ့က်န္းက ၿပဳံးၿပီးေခါင္းညိတ္၏။
“ညီမသိပါတယ္၊ ညီမလည္း အႀကီးဆုံးအစ္ကိုနဲ႕ ျဖည္းျဖည္းခ်င္း သိလာခ်င္ပါတယ္”
“ငါ သြားရေတာ့မယ္၊ မနက္ျဖန္ဧကရာဇ္က နန္းေတာ္ကို ျပန္ေတာ့မွာ၊ အေမက အႀကီးဆုံးအစ္ကိုကို ကြၽင္းက်စ္မွာ ေနဖို႔ ႏွစ္ရက္ေလာက္ ေခၚသြားမယ္လို႔ ေျပာတယ္”
လုရွန္းက်စ္က ေျပာသည္။
ေမာ့႐ုန္က်န္းက နန္းေတာ္ကို ျပန္ေတာ့မွာလား။
ထိုစကားေၾကာင့္ ယဲ့က်န္း၏ႏွလုံးသားေအာက္ေျခက စိတ္သက္သာရာရသလို ခံစားလိုက္ရသည္။ သူမ သူ႕ႏွင့္ထပ္ေတြ႕မည္အား စိုးရိမ္ရန္မလိုအပ္ေတာ့ေခ်။
သူမက ေတာ္ဝင္ေဆးဆရာျဖစ္လာခ်င္သည္။ ထိုသို႔ဆိုလွ်င္ ေမာ့႐ုန္က်န္းႏွင့္ အနာဂတ္တြင္ မၾကာခဏေတြ႕ရမည္ျဖစ္၏။
ထိုအခ်ိန္တြင္ဆိုလွ်င္ သူမ ျပင္ဆင္ၿပီးေလာက္ေခ်ၿပီ။
ယဲ့က်န္းက လုရွန္းက်စ္ကို ဂိတ္ဝအထိ လိုက္ပို႔ၿပီး သူမ၏အေဆာင္ေတာ္သို႔ ျပန္၏။ သူမ စာအုပ္တစ္အုပ္ကို ဖတ္ေနခ်ိန္တြင္ ႐ုတ္တရက္ သူမ၏လက္ဖဝါးေပၚတြင္ရွိေသာ မီးေတာက္ဖီးနစ္ပုံ သေကၤတေလးကို ငုံ႕ၾကည့္လိုက္မိ၏။
စာေမးပြဲေျဖရန္ ဆယ္ရက္လိုေနေသးသည္။ သူမ၏ လက္ရွိ႐ုပ္ရည္သြင္ျပင္ အေၾကာင္းကို သူမ နားလည္၏။
သူမ လူအမ်ားေရွ႕တြင္ ထြက္ေပၚလာသည္ႏွင့္ လူအမ်ားစုက ယဲ့က်န္းကို မွတ္မိသြားၾကမည္ျဖစ္သည္။ သို႔ေသာ္ လုေယာင္ေယာင္ႏွင့္ ယဲ့က်န္းတို႔က ကြာျခားမႈမ်ားရွိေနေသးသည္။ သူမ ေမာ့႐ုန္က်န္းႏွင့္ လက္ထပ္ခဲ့ေသာ ႏွစ္ႏွစ္အတြင္းတြင္ သူမ တစ္ရက္မွ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ မေနခဲ့ရေပ။ သူ႕အား ေန႕တိုင္းလိုလို လြမ္းဆြတ္ေနခဲ့ရသည့္အတြက္ သူမ၏စိတ္အေျခအေနက ဆိုး႐ြားလာၿပီး အၿမဲလိုလို မေပ်ာ္မ႐ႊင္ျဖစ္ေနခဲ့ရ၏။
ထိုအခ်ိန္အေတာအတြင္းတြင္ သူမက ၾကည့္ေကာင္းနိုင္ေသးသည္။ သို႔ေသာ္ စိတ္ဝိညာဥ္တက္ႂကြမႈ မရွိေပ။ ယခု လုေယာင္ေယာင္ကဲ့သို႔ ႐ႊင္လန္းတက္ႂကြေနဟန္ႏွင့္ ကြာျခားေန၏။
ေယာင္ေယာင္....
ယဲ့က်န္းက မွန္ထဲရွိ ႐ုပ္သြင္ကိုၾကည့္သည္။ သူမ၏မ်က္ဝန္းမ်ားက ေတာက္ပသြားသည္။
လုေယာင္ေယာင္၏မ်က္ဆံက ယဲ့က်န္း၏မ်က္ဆံထက္ မဲနက္၏။ သူမ၏ မ်က္ႏွာပုံပန္းသြင္ျပင္က အနည္းငယ္ ကြာျခားေနေသးသည္။
ယဲ့က်န္း၏မ်က္ခုံးႏွင့္ မ်က္လုံးမ်ားက သူမ၏ဖခင္ႏွင့္တူၿပီး လုေယာင္ေယာင္၏ မ်က္ႏွာသြင္ျပင္မ်ားကမူ မိခင္ႏွင့္တူသည္။ လင္းခြၽမ္ကို ေသာက္သုံးျခင္းအားျဖင့္ သူမ၏အသားအေရက တျဖည္းျဖည္းခ်င္း ျဖဴေဖ်ာ့လာၿပီး တစ္ကိုယ္လုံး၏ အရွိန္အဝါကပင္ ကြာျခားလာခဲ့၏။
အႏွစ္ခ်ဳပ္ဆိုရေသာ္ ယခင္ဝမ္ေဖးယဲ့ႏွင့္ လုေယာင္ေယာင္က တူညီေကာင္းတူညီနိုင္သည္။ ဝမ္ေဖးယဲ့က ေၾကာ့ရွင္းကာ အထက္တန္းဆန္ေသာ သြင္ျပင္ျဖစ္ၿပီး လုေယာင္ေယာင္ကမူ သိမ္ေမြ႕ညင္သာၿပီး ခ်စ္စဖြယ္တက္ႂကြေသာ ေကာင္မေလးတစ္ေယာက္ႏွင့္တူ၏။
အမွန္အတိုင္းဆိုရေသာ္ သူမသာ ေမာ့႐ုန္က်န္းႏွင့္ လက္မထပ္ခဲ့လွ်င္ ယခုအခ်ိန္အထိ ထိုသို႔ လန္းဆန္းတက္ႂကြၿပီး သိမ္ေမြ႕ခ်စ္စဖြယ္ေကာင္းသူ ျဖစ္ေနအုံးေပလိမ့္မည္။
သို႔ရာတြင္ လက္ရွိအေနအထားအရမူ တစ္စုံတစ္ေယာက္ေၾကာင့္ သူမ၏စိတ္ေနသေဘာထား ဆိုး႐ြားသြားၿပီး သြင္ျပင္ေျပာင္းလဲသြားစရာ မလိုအပ္ေတာ့ေပ။
သူမက လုေယာင္ေယာင္ျဖစ္သည္။ တစ္ခ်ိန္တည္းတြင္လည္း ယဲ့က်န္းလည္းျဖစ္၏။
ယဲ့က်န္းက လက္ဖက္ရည္ခြက္ထဲသို႔ လင္းခြၽမ္တစ္စက္ကိုခ်သည္။ ဝင္ခြင့္စာေမးပြဲေျဖဆိုခ်ိန္တြင္ လူတိုင္း၏အာ႐ုံစိုက္မႈကို ဆြဲေဆာင္ရန္လိုအပ္၏။ ထို႔ေၾကာင့္ လူအမ်ားေရွ႕တြင္ လွပစြာ ေပၚထြက္လာရမည္ေပ။
...