Unicode
အခန်း၆
🦋 ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
လွန်ခဲ့သော၉နှစ်🦋
"ဖိုးချွန်ရေ ကိုကိုမိုးသောက်ရှိလား.."
"ရှိပါတယ်..လိပ်ပြာမကြီးရယ်..ကိုကိုကအပေါ်ထပ်မှာ.."
"ဘာလိပ်ပြာမကြီးလဲ..ဒီငနာလေးကတော့
ငါထုထည့်လိုက်ရ.."
"ဟား..ဟား..မကြောက်တာ ဆယ့်နှစ်ခါ..."
"ဟဲ့..ဟဲ့..ဒီကလေးတွေ.."
လာရင်းကိစ္စကိုမေ့ပြီး လျှာထုတ်ပြနေတဲ့ ဖိုးချွန်ကို ထုချင်စိတ်ကပြင်းပြလာရာ ပြေးထုမယ်ကြံပေမဲ့ ဖိုးချွန်ကသူ့အမေထိုင်တဲ့နေရာကို ကာဗာယူပြီး ပတ်ပြေးနေလေသည်။
ဖိုးချွန်ဆိုတာ လူ့ဖလန်လေးမို့ အပြေးကတော့လျှင်မှလျှင် လွတ်လပ်ရေးနေ့တွေဆိုရင် လမ်းထဲကပြိုင်ပွဲတွေမှာရော၊ကျောင်းပြိုင်ပွဲမှာပါ အမြဲဗိုလ်ဆွဲနေကြ ချန်ပီယံဖြစ်လို့ လိပ်ပြာအရှုံးပေးလိုက်ရလေသည်။
"တော်ပြီ..ငါ့ဘာသာကိုကိုမိုးသောက်ဆီပဲသွားတော့မယ်..နင့်ကိုမခေါ်တော့ဘူး.."
မမလိပ်ပြာက မခေါ်တော့ဘူးလို့ပြောသွားတော့လည်း ဖိုးချွန်၀မ်းနည်းသလိုလို ဖြစ်လာသည်။
ဖိုးချွန်တို့က ညီအစ်ကိုနှစ်ယောက်ပဲရှိတော့ မတည့်အတူနေ မမလိပ်ပြာကို ဖိုးချွန်သံယောဇဉ်သိပ်ရှိတာပေါ့။
လိပ်ပြာအပေါ်ထပ်ကိုတက်လာတော့ ကိုကိုမိုးသောက်က စာကြည့်ခုံမှာ စာလုပ်နေလေသည်။
ကိုကိုမိုးသောက်က အသားနဲနဲညိုပေမဲ့ထောင်ထောင်မောင်းမောင်း လူချောပါပဲ။
"ကိုကိုမိုးသောက်..စာလုပ်ရတာပင်ပန်းနေပြီလားလိပ်ပြာရေခပ်ပေးရမလား..
အအေးသွား၀ယ်ပေးရမလားဟင်..."
ဘေးနားမှာ လာကပ်ချွဲနေတဲ့ ပြီတီတီမျက်နှာနဲ့ကောင်မလေးကို ဘာလိုချင်ပြန်တာတုန်းဆိုပြီး ပြုံး၍ကြည့်လိုက်သည်။
"ကိုကိုမိုးသောက်.."
"ဗျာ.."
"ကိုကိုတို့..ဆယ်တန်းကျောင်းသားတွေ..
မနက်ဖြန်လေ့လာရေးခရီးသွားကြမှာဆို..
အဲ့ဒါ.."
"ဘာလဲ..လိုက်ချင်လို့လား.."
"ဟဲ..ဟဲ.."
ဒီကောင်မလေး ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိလဲ မိုးသောက်အသိဆုံးပင်။
လာဖားနေပြီဆို သေချာတယ်တစ်ခုခုလိုချင်လို့ ဆိုတာ မြေကြီးလက်ခပ်မလွဲပါဘူး။
"ဟုတ်တယ်..လိပ်ပြာလိုက်ချင်လို့..ခေါ်သွားပါနော်..နော်..လိပ်ပြာအိမ်ကိုတောင် ပြောပြီးသွားပြီ..ကိုကိုမိုးသောက်က အဖော်ခေါ်လို့လိုက်ပါရစေလို့ဆိုပြီး..အဲ့ဒါကိုကိုနဲ့ဆိုရင်..
လိုက်သွားတဲ့.."
"အောင်မာ..ကိုကိုညည်းကိုတစ်ခါမှလည်းမပြောရသေးပဲ..အပိုင်ကိုချုပ်ထားတာပေါ့လေ.."
"ဟဲ..ဟဲ..ဒီတစ်ခါတည်းပါ..."
လက်ညှိုးလေးထောင်ပြီး မျက်နှာငယ်လေးနှင့် နှုတ်ခမ်းလေးကို ဖိကိုက်ထားတာမို့ ပါးချိုင့်လေးတွေက အထင်းသားပေါ်နေလေသည်။
ဒီကလေးလေးရဲ့ ဆွဲအားကို မိုးသောက်ဘယ်ခံနိုင်မှာလဲ အလိုလိုခေါင်းငြိမ့်ပြလိုက်တော့ ခုန်ပေါက်ပျော်ရွှင်ပြီး ပြန်သွားလေသည်။
မိုးသောက်ရင်ထဲမှာတော့ နှလုံးသားတွေအရည်ပျော်ပြီး ကျန်ခဲ့တာ ဒီကလေး မသိလေသလား။
ငယ်ရွယ်သူတွေမို့ သံယောဇဉ်ကြိုးဆိုတာကို လွယ်လွယ် တွယ်ငြိတတ်ကြတဲ့ နှလုံးသားပိုင်ရှင်တွေပါ။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
🎵ကံကြမ္မာဆိုတာက ချိုတစ်လှည့် ခါးတစ်
လှည့်
အခုလည်း ဒီလိုပေါ့
အောင်မြင်လိုက် ရှုံးနိမ့်လိုက်🎵
🎵လဲကျတဲ့အခိုက် ကွဲခဲ့တဲ့ မင်းနှလုံးသား
အက်ကြောင်းလေးက အမြဲတမ်းအမှတ်တရ
ပေါ့
ရှေ့ဆက်ရမဲ့ မင်းရဲ့ဘ၀အသစ်အတွက်
ဖြေသိမ့်လိုက်🎵
"ဟေး..."
မနက်ခင်းရဲ့ နေခြည်နုနုအောက်၀ယ် ကားလမ်းကြောင်းတစ်လျှောက်ဖြတ်ပြေးသွားတဲ့ ကားလေးထဲမှာ ကျောင်းသားတွေရဲ့ သီချင်းသီဆိုသံတွေဟာ သံပြိုင်ထွက်လာကြတာမို့ အင်မတန်ကိုနား၀င်ပီယံရှိလှသည်။
လိပ်ပြာလည်း ဆယ်တန်းကျောင်းသားတွေနှင့် ရောယောင်ကာ သီချင်းလိုက်ညီးနေမိသည်။
လိပ်ပြာဘေးမှ ကိုကိုမိုးသောက်ကလည်း ပြုံးရွှင်လို့ သူငယ်ချင်းများနှင့် စကားတွတ်ထိုးလို့မပြီးနိုင်အောင်ပါပဲ။
လိပ်ပြာ ဒီခရီးကိုလိုက်လာရသည့် ရည်ရွယ်ချက်ကတစ်ခုထဲသာရှိပါတယ်။
အဲ့ဒါကတော့ ကိုကိုသူရကြောင့်ပေါ့။
အခုထိတော့လိပ်ပြာရဲ့ ချောမောလွန်းတဲ့ပန်းကလေးက ဘယ်မှာအပုန်းကောင်းနေလဲမသိဘူး။
ရန်ကုန်အမျိူသားပြတိုက်ထဲကို ၀င်လိုက်တာနဲ့ လိပ်ပြာအတွက်အံ့ဩစရာတွေသာ စုပြုံနေလေသည်။
ပြတိုက်တစ်ခုက အတိတ်နဲ့အနာဂတ်ကို ယှဉ်တွဲပြပေးတဲ့ ပေါင်းကူးတံတားတစ်ခုပါလားလို့တွေးလိုက်မိသည်။
ပြတိုက်ထဲမှာ ရှေးရှေးက မင်းညီ၊မင်းသားတို့ ရှမ်းစော်ဘွားကြီးတို့၀တ်ဆင်ခဲ့ကြတဲ့ ၀တ်စုံတွေ ခောတ်အဆက်ဆက်တူရိယာပစ္စည်းတွေ ၊ နန်းတော်ပုံစံငယ်တွေနှင့် စိတ်၀င်စားစရာပန်းချီကားချပ်တွေဆိုတာလည်း ပြောရလျှင် သံလျင်မြစ်ထက်တောင်ရှည်နေပါလိမ့်မည်။
"အော်..ယဉ်ကျေးမှုအမွေအနှစ်ဆိုတာ ထိန်းသိမ်းသင့်တဲ့အရာပါလား...လိပ်ပြာတို့ကလေးတွေတော်တော်များများ မေ့နေခဲ့ကြတာပါလား.."
ရုပ်သေးရုပ်တွေပြတဲ့နေရာကိုရောက်တော့ ပျော်လွန်းလို့ အလုံးကြီးတက်ဆို့တော့မတတ်ပင်ဖြစ်ရသည်။
ကိုကိုသူရက ဘီလူးရုပ်သေးရုပ်ကလေးကိုငေးကြည့်နေလေသည်။
"ကိုကိုက..ရုပ်သေးရုပ်တွေကို စိတ်၀င်စားတာလား..လိပ်ပြာလဲ..ရုပ်သေးအကကိုသိပ်ကြိုက်တာ..တီဗွီမှာလာရင် အမြဲကြည့်တယ်.."
ထိုအခါ ကိုကိုသူရက တစ်ချက်မဲ့လိုက်ပြီး စကားတစ်ခွန်းသာပြောကာ ထွက်သွားလေသည်။
"..ရုပ်သေးဆိုတာ..သူများကကြိုးဆွဲမှလှုပ်ရတာ..ကိုယ်က သူများကိုပဲကြိုးဆွဲမှာ.."
လိပ်ပြာကို တစ်စက်မှမကြည့်ပဲပြောချင်ရာပြောသွားတဲ့ သူ့ကိုဒေါသထွက်သွားမိသည်။
"မကြိုက်ရင်လဲ..မကြိုက်ဘူးပေါ့..ဘာတွေပြောသွားမှန်းမသိဘူး..တော်တော်နားလည်ရခက်တဲ့လူ..."
ပြန်ခါနီးကျတော့ ပြတိုက်အပြင်မှာကျောင်းသားတွေအကုန်စုပြီး အမှတ်တရဓာတ်ပုံရိုက်ကြလေသည်။
"ဟေ့..ညီမလေးလိပ်ပြာ ဓာတ်ပုံရိုက်ပေးရ
မလား.."
တကထဲ ထွန်းဝေမောင်ဆိုတဲ့ကိုကိုသူရရဲ့သူငယ်ချင်းနဲ့လာတွေ့နေရသည်။
ခုနထဲက သူ့ကိုတွေ့လို့ပတ်ရှောင်နေပါတယ်ဆိုမှတည့်တည့်ကို လာတိုးနေရသည်။
ရုတ်တရက်ကိုကြီးထွန်းဝေက ကိုကိုသူရကို အတင်းဆွဲခေါ်ပြီး လိပ်ပြာဘေးနားမှာလာရပ်ခိုင်းလေသည်။
ပြီးနောက် တစ်ဖြတ်ဖြတ်နှင့်ဓာတ်ပုံရိုက်ပေးတော့သည်။
လိပ်ပြာကြောင်အ နေစဉ်မှာပဲ ကိုကြီးထွန်းဝေက လိပ်ပြာဘေးနားမှာလာရပ်ပြန်သည်။
ဒီတစ်ခါဓာတ်ပုံရိုက်ပေးသူကတော့ ကိုကိုသူရပေါ့။
"ထွန်းဝေ...ကိုယ်ကြိုက်ရင် ကိုယ့်ဖာသာလိုက်..ငါ့ကို..အဖော်လာမစပ်နဲ့.."
"ဟာကွာမင်းကလည်း..လိပ်ပြာလေးကိုရဖို့..မင်းကိုခဏကြားခံနယ်လုပ်တာပါ..
ခဏပါ..နောက်တစ်ခါ..ကိုယ့်ဖာသာလှုပ်ရှားမယ်..ဒီနေ့တော့ကျေးဇူးတင်တယ်..သားကြီးရေ.."
"ဟင်း..စိတ်ပျက်တယ်.."
ကိုကိုမိုးသောက်တို့ရှိတဲ့ ကားနားကိုမရောက်ခင်အခြားကားဘေးမှာရပ်ပြီး သူတို့ပြောနေကြတာကိုလိပ်ပြာကြားလိုက်ရသည်။
"အော်..သူကငါနဲ့ဓာတ်ပုံရိုက်ဖို့ကိုတောင်
ကပ်စေးနဲနေတာပါလား..."
အလာတုန်းကပျော်နေသလောက် အပြန်ကျတော့လိပ်ပြာမျက်နှာကြီးက ရွာတော့မဲ့မိုးလို အုံ့မှိုင်းနေလေတော့သည်။
လိပ်ပြာရင်ထဲမှာ အရမ်း၀မ်းနည်းနေမိသည်။
လိပ်ပြာသူ့ကို နားလည်ချင်တယ် သူနဲ့စကားတွေပြောချင်တယ်။
ဒါပေမဲ့ သူကလိုက်လေ ဝေးလေဆိုသလိုဖြစ်နေသည်။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
၂၀၁၈ခုနှစ်
မန္တလေး နန်းမြို့ရိုးနှင့် ကျုံးကိုမြင်တော့ ဓာတ်ပုံတဖြတ်ဖြတ်ရိုက်နေတဲ့ သူမကိုကြည့်ပြီး သူရအံ့ဩနေမိသည်။
လိပ်ပြာဖြူရဲ့ပုံစံက မျောက်ကို ငှက်ပျောတောထဲပစ်ချလိုက်သလိုပဲ စားလေ၊ငတ်လေဖြစ်ပြီး စားမြဲစားချင်နေတဲ့ ကောင်မလေးပါလား။
သူမကိုကြည့်နေရတာ မျက်စိတွေနောက်လာလို့ မျက်လုံးမှိတ်ပြီးသာနေလိုက်သည်။
ဒီခရီးကို အမှန်တော့သူလိုက်ချင်စိတ်မရှိပါဘူး။
မန္တလေးဆိုတာ မျက်စိမှိတ်ပြီးသွားရင်တောင် သူ့အတွက် လမ်းမှားနိုင်စရာမရှိတဲ့ အရပ်ဒေသပါ။
ဒါပေမဲ့ဘာကြောင့်မှန်းမသိ သူလိုက်လာမိသည်။
"ရောက်ပြီဟေ့.."
"လှလိုက်တာကြည့်စမ်း..."
"ဒါမျိုးကလက်လွှတ်ခံလို့မဖြစ်ဘူး..ဓာတ်ပုံရိုက်မှရမယ်..."
နေ၀င်တော့မည်ဖြစ်တာကြောင့် တောင်သမန်အင်းမှ ဦးပိန်တံတားကြီးသည် နေ၀န်းနီနီကိုနောက်ခံထားပြီး လှပလွန်းတဲ့ပန်းချီကားချပ်ကြီးလိုဖြစ်နေသည်။
ရေတွေခမ်းခြောက်နေတဲ့ ကာလမို့ တံတားအောက်ဘက်မှရှုခင်းဟာ အပင်စိမ်းစိမ်းတွေကြောင့် အစိမ်းရောင်ရင်ပြင်ကြီးလိုဖြစ်နေ
သည်။
ပြောင်းဖူးပင်တွေ ဆိုက်ထားသည်ကိုတောင် အပေါ်မှလှမ်းမြင်နေရသည်။
"မမလိပ်ပြာ..ကျွန်တော် ဓာတ်ပုံရိုက်ပေးရမလား.."
"အင်း..လိပ်ပြာအမှတ်တရ ရိုက်ချင်တယ်.."
"အဲ့ဒါဆို ကျွန်တော့်ကိုမမရဲ့ဖုန်းပေး..
ကျွန်တော်ရိုက်ပေးမယ်..."
ဝေမောင်ကို ဖုန်းပေးတဲ့လက်က လေထဲမှာတင် ဖမ်းဆုတ်ခံလိုက်ရသည်။
မာနမင်းသားကြီး ဦးဘုန်းမြတ်က လိပ်ပြာရဲ့ဖုန်းကို အတင်းလုသွားခြင်းဖြစ်သည်။
"ကိုယ်ရိုက်ပေးမယ်.."
"သူဌေးက..ရိုက်တတ်လို့လား.."
"ဓာတ်ပုံပြိုင်ပွဲမှာရထားတဲ့ဆုပါ..မင်းကိုထုတ်ပြရမလား.."
"မလိုပါဘူး..အာ့ဆိုလည်း..ရိုက်ပေး.."
အမူအရာအမျိုးမျိုးနဲ့ ဓာတ်ပုံအရိုက်ခံပြီးနောက် ဖုန်းကိုပြန်ယူကြည့်လိုက်ရာ လိပ်ပြာပါးစပ်အဟောင်းသားဖြစ်သွားရသည်။
ဓာတ်ပုံထဲမှာ လိပ်ပြာကတစ်အားလှတာပဲ။
သူ့ကိုကြည့်ပြီး ပါးချိုင့်တွေပေါ်အောင်ပြုံးကာ လက်မထောင်ပြလိုက်သည်။
"အရမ်းကြိုက်တယ်..ရှင်ကဓာတ်ပုံရိုက်တဲ့နေရာမှာ တကယ်တော်တာပဲ.."
"ကိုယ်တော်မှန်း..ကိုယ်သိတယ်.."
ဒါပဲပြောပြီး ဆရာကြီးလိုအထှာနဲ့
ခပ်လှမ်းလှမ်းမှာ လက်ပိုက်ပြီး သွားရပ်နေလေသည်။
"ဘ၀င်မြင့်ချက်ကတော့ နတ်ပြည်ကသိကြားမင်းဖင်တောင် တက်ဆောင့်မိတော့မယ် ..အော်..ချီးကျူးမိတာကိုက..ငါ့အမှား.."
ထိုအချင်းအရာကို ကြည့်နေတဲ့သူကတော့ ဝေမောင်တို့နှင့်အတူ လိုက်လာသည့်အဖွဲ့ထဲမှ မိုး၀တီဆိုသည့်အမျိုးသမီးပင်။
ထိုမိန်းကလေးက လည်ကတုံးအဖြူနှင့် ခဲရောင်ပုဆိုးကို လိုက်ဖက်စွာ၀တ်ဆင်ထားသည့် ကိုလူချောနားသို့ လျှောက်သွားလိုက်သည်။
"ဟို..၀တီ့ကိုလည်း..ဓာတ်ပုံရိုက်ပေးလို့ရမလား..ဒီနေရာကအရမ်းလှလို့လေ..
အမှတ်တရရိုက်ထားချင်လို့.."
၀တီဖုန်းကိုထုတ်ပြီး သူ့ကိုကမ်းပေးလိုက်ပေမဲ့ လက်က လေထဲမှာသာ တန့်နေသည်။
ကိုယ်တော်ချောက ၀တီ့ကိုအဖက်တောင်မလုပ်ပဲထွက်သွားသောကြောင့်ဖြစ်သည်။
အချေကိုယ်တော်ကြောင့် ၀တီခြေဆောင့် တက်ခေါက်ပြီးသာကျန်ခဲ့ရသည်။
ခုနက ဟိုကောင်မလေးကိုတော့ ရိုက်ပေးပြီး ၀တီ့ကိုရိုက်မပေးတာ ဘာကြောင့်လဲ သိချင်မိတယ်။
"ကဲ..အားလုံးပဲ..အောင်ပင်လယ်ကန်ဖက်က လယ်တောကိုသွားကြမယ်..လိုက်ကြလား.."
"လိုက်မယ်..လိုက်မယ်.."
ဝေမောင်၏အစ်ကို၀မ်းကွဲဖွင့်ထားသည့် လယ်တောကိုရောက်တော့ လိပ်ပြာတို့စားပွဲဝိုင်းပေါ်သို့ ထန်းရည်နှစ်အိုးနှင့် ကြက်ကြော်၊အသုပ်များ အစရှိသဖြင့်လာချပေးလေသည်။
လယ်တောဆိုသည်မှာ လယ်ကွက်လပ်ကြီးထဲမှာ ထန်းလတ်မိုးထားတဲ့ တဲအိမ်လေးများကို သဘာ၀ကျကျဆောက်ထားခြင်းဖြစ်သည်။
ရပ်နီးရပ်ဝေးမှခရီးသည်တွေပင်မကပဲ တက္ကသိုလ်ကျောင်းသားများဆိုရင် အပျော်အနေနဲ့ ဆိုင်ကယ်လ်များကိုယ်စီနှင့်အဖွဲ့လိုက်လာတတ်ကြသတဲ့။
"မမလိပ်ပြာ..ရောက်တုန်း ထန်းရည်လေးတစ်ခွက်လောက် သောက်ကြည့်ပါလား.."
"လိပ်ပြာမသောက်တတ်ဘူး..နောက်ပြီးအမြဲတမ်းငါးပါးသီလ ခံယူနေကျမို့ပါ.."
"မမရယ်..သီလတွေ..ဘာတွေလုပ်မနေပါနဲ့..
သီတာတို့လည်း မြည်းကြည့်တာပဲ..မြည်းရုံလေးမြည်းကြည့်ပါ.."
"ဟုတ်ပါတယ်.."
အကုန်လုံးက ဝိုင်းတိုက်တွန်းနေတော့ ထန်းရည်ခွက်ကိုကိုင်ပြီး ဦးဘုန်းမြတ်ထံသို့ကြည့်လိုက်ရာ
သူက "သောက်ရဲရင်သောက်ကြည့်"ဆိုတဲ့ပုံစံနှင့် မျက်မှောင်ကြုံ့ပြလေသည်။
လိပ်ပြာလည်း သူ့ကိုရွဲ့ချင်တာနှင့် ချက်ချင်းမော့ချပစ်လိုက်ပြီး မျက်ခုံးပြန်တွန့်ပြကာ "သောက်ရဲလို့သောက်တယ်"တွေ့လားဆိုတဲ့ပုံစံပြန်လုပ်ပြလိုက်သည်။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
"အေ့...မလိုဘူး..ကျွန်မဘာသာလမ်းလျှောက်နိုင်တယ်...လိပ်ပြာတို့က သီလကိုအမြဲ လုံအောင်ခြုံထားတာ..လမ်းလွဲတယ်ဆိုတာ မရှိရဘူး..အေ့.."
အမူးသမားက ဘုရားအကြောင်း ၊တရားအကြောင်းလာပြောနေတော့ သူရလည်းဖြစ်ချင်ရာဖြစ်ဆိုပြီး အခန်း၀မှာသာရပ်ကြည့်နေလိုက်သည်။
"တွေ့လား..လိပ်ပြာပါ..ဦးသီလကိုလုံအောင်ခြုံထားတာ...အာ့..အား.."
ဧည့်ခန်းမှ ဆိုဖာကို တည့်တည့်၀င်တိုက်ပြီး ဂျွန်းပြန်ကာ ဆိုဖာပေါ်ပြန်လိမ့်ကျနေတဲ့ သူမကိုဆွဲထူလိုက်သည်။
"မှတ်ပြီလား..လူကဖြင့် ပိုးဟပ်လိုပိစိလေး..
အရက်ကသောက်ချင်သေးတယ်.."
"ကျွန်မဘယ်မှာ..အရက်သောက်လို့လဲ..အဲ့ဒါ..ထန်းရည်လို့ခေါ်တယ်..မှတ်ထားထန်းရည်..တပည့်နောက်ကနေလိုက်ဆိုစမ်းထန်း..ရည်.."
"ကျစ်!!!စိတ်ရှုပ်ဖို့ကောင်းတယ်.."
"ဘာပြောတယ်..စိတ်ရှုပ်ချင်းရှုပ်..လိပ်ပြာကသာစိတ်ရှုပ်ရမှာမဟုတ်ဘူးလား..လူဂွစာကြီးရဲ့..စိတ်ထားသေသိမ်တဲ့လူကြီးရဲ့.."
"ဘာ..မင်းဘာပြောလိုက်တယ်.."
လူကိုဘလိုင်းကြီးလာဖဲ့နေသည့် သူမကိုဒဲ့ကြည့်ပြီးမေးလိုက်ရာ သူမက ဧည့်ခန်းစားပွဲပေါ်မှ ပစ္စည်းတွေအကုန်လုံးကို အောက်သို့တွန်းချလိုက်ပြီး စင်ပေါ်တက်သလို ခုန်တက်လိုက်သည်။
"အဟမ်း..အဟမ်း..အခုကစပြီး လိပ်ပြာဖြူကြေငြာပါတော့မယ်..ဘုန်းမြတ်သူရဆိုတဲ့လူကြီးဟာ..ဘယ်သူမဆိုသောက်မြင်ကပ်လောက်အောင် ဘ၀င်မြင့်တဲ့ လူ့ ဂွစာကြီး..လူဂလန့်ကြီး..ပြီးတော့..ပြီးတော့..."
"ပြီးတော့ဘာရှိသေးလဲ..ဆက်ပြော..
မကျေနပ်တာဘာကျန်သေးလဲ.."
သူရ ဆိုဖာပေါ်မှာ လက်ပိုက်၍ ခြေထောက်ကိုချိပ်ထိုင်ကာ နားထောင်မယ် ဆက်ပြောဟုအမူအရာလုပ်ပြလိုက်သည်။
"ပြီးတော့..မိန်းကလေးတစ်ယောက်ကိုတောင်ကြင်ကြင်နာနာနဲ့မဆက်ဆံတတ်တဲ့လူကြီး..
လူတစ်ယောက်ရဲ့ စိတ်ထဲမှာဘယ်လိုခံစားရမလဲဆိုတာကို အရေးမစိုက်ပဲ..သူပြောချင်တာပြောတယ်..သူလုပ်ချင်တာပဲလုပ်တယ်..
ရှင့်ဘေးနားကလူတွေဟာ အသွေးနဲ့အသားနဲ့လူတွေဆိုတာရော..ရှင်သိရဲ့လား..မြင်ရဲ့လား..လူတစ်ယောက်ကို၀မ်းနည်းအောင်ပဲလုပ်တတ်တာလား...ရှင်ကျွန်မကိုဘာလို့နာကျင်အောင်လုပ်ရတာလဲ.."
သူရချက်ချင်းထရပ်လိုက်ပြီး သူမကိုခါးကနေဆွေ့ကနဲမြှောက်ချီကာ ဆိုဖာပေါ်တွင်ထိုင်ခိုင်းလိုက်သည်။
သူမမျက်နှာကို သေချာကြည့်ပြီးမေးလိုက်သည်။
"ပြောပါအုံး..ကိုယ်မင်းကို...ဘာတွေနာကျင်အောင်လုပ်ခဲ့တာလဲ..."
သူမက သူ့အိင်္ကျီကြယ်သီးကို လက်နဲ့လျှောက်ကစားပြီး မျက်နှာမဲ့ကာပြောလာသည်။
"ရှင်..ကျွန်မပေးတဲ့စာကို အမှိုက်ပုံးထဲလွှင့်ပစ်ခဲ့တာ..ကျွန်မကို..နာကျင်စေတာပေါ့.."
"ဘာစာလဲ.."
သူမက မျက်လုံးလေးပြူးပြီး သူ့ကိုမော့ကြည့်လာသည်။
ပြီးနောက် ပါးချိုင့်လေးတွေ ပေါ်အောင်ရယ်လိုက်ပြန်သည်။
"ဟဲ..ဟဲ..ရည်း..စား..စာ.."
"ဘာ!!!.."
သူရ အံ့ဩနေမိသည်။လိပ်ပြာဖြူ မူးနေလို့ ပေါက်ကရတွေပြောနေတာလား။သူဘယ်တုန်းက သူမဆီမှရည်းစားစာ ရခဲ့လဲဆိုတာ သူတောင်မမှတ်မိပေ။
"ရှင်ဘာတွေ..စဉ်းစားနေတာလဲ..ဘာလဲ..
ကျွန်မရဲ့ ရည်းစားစာအကြောင်းလား.."
"မဟုတ်ဘူး.."
"ဟုတ်ပါတယ်..မညာနဲ့.."
"မဟုတ်ဘူးလို့ပြောနေတယ်.."
"ဟုတ်တယ်လို့ဆိုနေ.."
"မင်း!!!"
သူ့မျက်နှာအနားသို့ တဖြည်းဖြည်းတိုးကပ်လာတဲ့သူမမျက်နှာကို အရှိန်မလွန်ခင်
လက်နှစ်ဖက်နှင့်ညှပ်ဖမ်းလိုက်ရသည်။
နီးကပ်လွန်းတဲ့သူမရဲ့ မျက်နှာသေးသေးလေးက သူ့လက်ဖဝါးထဲမှာ နစ်နေတော့သည်။
သူ့ရဲ့လက်မက ရယ်နေ၍ခွက်သွားတဲ့ ပါးချိုင့်လေးအပေါ်မှာရောက်နေလေသည်။
ထိုပါးချိုင့်လေးဆီသို့ သူ့မျက်နှာတိုးကပ်သွားပြီးမျက်လုံးကိုမှိတ်လိုက်ချိန်မှာတစ်ယောက်ယောက်ကရိုက်ချလိုက်သလို သူဆက်ကနဲတုန်သွားသည်။
"အား...မလုပ်နဲ့.."
လိပ်ပြာမျက်လုံးဖွင့်ပြီး ကြည့်လိုက်တော့ သူကမျက်လုံးမှိတ်ပြီး သူ့ခေါင်းကိုကိုင်ကာအော်နေလေသည်။
သူဘာဖြစ်နေတာလဲ။ သူလဲလိပ်ပြာလိုနာကျင်နေတာလား။
"အား..မလုပ်နဲ့..မလုပ်ပါနဲ့..."
သူရရဲ့စိတ်ထဲမှာ အမှောင်အတိဖုံးနေသည်။
အနမ်းတစ်ပွင့် ထိုအနမ်းတစ်ပွင့်ရဲ့အနောက်မှာ ရိုက်ချလိုက်တဲ့ လူကြီးတစ်ယောက်ရဲ့လက်ကြီး။
ပါးပြင်မှာ သွေးစို့အောင်အထိ အရိုက်ခံနေရတာ။
သူနာကျင်နေသလို အော်ငိုနေမိတယ်။
ဘယ်သူ သူ့ကို လာကယ်မှာလဲ။
သူသေရတော့မယ်။သေလောက်အောင်နာကျင်နေတယ်။
တစ်ယောက်ယောက် ကျွန်တော့်ကိုကယ်ပါ။
"ဟင်..."
သူ့မျက်လုံးကိုဖွင့်လိုက်ချိန်မှာတော့ လိပ်ပြာဖြူကသူ့ကိုသိုင်းဖက်ထားပြီး သူ့ကျောပြင်ကို လက်သေးသေးလေးတွေနှင့် ပုတ်ပေးနေသည်။
"အဆင်ပြေသွားမှာပါ..လိပ်ပြာရှိတယ်လေ..
ရှင်လုံး၀မနာကျင်တော့ဘူး..လိပ်ပြာက ကာကွယ်ပေးမှာပေါ့..လိပ်ပြာရဲ့အတောင်ပံကြီးတွေကို..ဖြန့်ပြီးကာကွယ်ပေးမှာ.."
စာနာမှုသေးသေးလေးနဲ့ဆိုရင်တောင် သူနွေးထွေးသွားသလို ခံစားရသည်။
သူ့ရင်ဘတ်ထဲမှာ နာကျင်မှုလျှော့ကျသွားသလိုပါပဲ။
ကလေးတစ်ယောက်လို သူမရဲ့ပုခုံးပေါ်မှာ ခေါင်းမှောက်ချလိုက်ပြီး သူမရဲ့ခါးလေးကို ဖက်ထားလိုက်မိသည်။
သူ့ကျောပြင်ကိုပုတ်ပေးနေရာမှ ငါးမိနစ်လောက်အကြာမှာ သူမငြိမ်ကျသွားသည်ကို သတိထားလိုက်မိသည်။
သူမရဲ့ခေါင်းကို အသာထိန်းပြီး ကြည့်လိုက်တော့သူမက အိပ်ပျော်နေတာ ဟောက်တောင်နေလေပြီ။
"လက်စသတ်တော့..အိပ်ချင်လို့ ပုခုံးလာငှားတာပဲ.."
သူမကို အိပ်ခန်းထဲသို့ရောက်အောင် ပွေ့ချီပြီးသိပ်ပေးကာ အခန်းတံခါးပိတ်ခဲ့လိုက်သည်။
သူရအဖို့ ထိုညမှာတော့ ပုံမှန်မက်နေကြ အိပ်မက်ဆိုးတွေနေရာမှာ အဖြူရောင်လိပ်ပြာအိပ်မက်လေးကလှပစွာ၀င်ရောက်လာလေသည်။
Author...ဆောင်းငွေ့ဝေ
Tue , April 18,2023
11 :59PM
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
"အရက်မှူးတော့ ကျွဲခိုးပေါ်ဆိုတဲ့အတိုင်း
လိပ်ပြာဖြူတို့တော့ "
လွန်ခဲ့တဲ့၉နှစ်နဲ့ ၂၀၁၈ရဲ့ကွာခြားနေမှုလေးကဘာလဲ😀😀
မတင်မဲ့နေ့ဆိုကြိုပြောပေးမယ်နော် ခုတော့ပုံမှန် updateပေးမယ်
အမှားပါရင်ဝေဖန်ပေးကြပါအုံး
ဖတ်မိလို့ကြိုက်နှစ်သက်ရင် ⭐voteလေးလဲပေးနိုင်သလိုshareလုပ်ပေးနိုင်ပါတယ်😀
Zawgyi 🌻
အခန္း၆
🦋 ခ်စ္လိပ္ျပာေလး တဝဲလည္လည္🦋
လြန္ခဲ့ေသာ၉ႏွစ္🦋
"ဖိုးခြၽန္ေရ ကိုကိုမိုးေသာက္ရွိလား.."
"ရွိပါတယ္..လိပ္ျပာမႀကီးရယ္..ကိုကိုကအေပၚထပ္မွာ.."
"ဘာလိပ္ျပာမႀကီးလဲ..ဒီငနာေလးကေတာ့
ငါထုထည့္လိုက္ရ.."
"ဟား..ဟား..မေၾကာက္တာ ဆယ့္ႏွစ္ခါ..."
"ဟဲ့..ဟဲ့..ဒီကေလးေတြ.."
လာရင္းကိစၥကိုေမ့ၿပီး လွ်ာထုတ္ျပေနတဲ့ ဖိုးခြၽန္ကို ထုခ်င္စိတ္ကျပင္းျပလာရာ ေျပးထုမယ္ႀကံေပမဲ့ ဖိုးခြၽန္ကသူ႔အေမထိုင္တဲ့ေနရာကို ကာဗာယူၿပီး ပတ္ေျပးေနေလသည္။
ဖိုးခြၽန္ဆိုတာ လူ႔ဖလန္ေလးမို႔ အေျပးကေတာ့လွ်င္မွလွ်င္ လြတ္လပ္ေရးေန႔ေတြဆိုရင္ လမ္းထဲကၿပိဳင္ပြဲေတြမွာေရာ၊ေက်ာင္းၿပိဳင္ပြဲမွာပါ အၿမဲဗိုလ္ဆြဲေနၾက ခ်န္ပီယံျဖစ္လို႔ လိပ္ျပာအရႈံးေပးလိုက္ရေလသည္။
"ေတာ္ၿပီ..ငါ့ဘာသာကိုကိုမိုးေသာက္ဆီပဲသြားေတာ့မယ္..နင့္ကိုမေခၚေတာ့ဘူး.."
မမလိပ္ျပာက မေခၚေတာ့ဘူးလို႔ေျပာသြားေတာ့လည္း ဖိုးခြၽန္၀မ္းနည္းသလိုလို ျဖစ္လာသည္။
ဖိုးခြၽန္တို႔က ညီအစ္ကိုႏွစ္ေယာက္ပဲရွိေတာ့ မတည့္အတူေန မမလိပ္ျပာကို ဖိုးခြၽန္သံေယာဇဥ္သိပ္ရွိတာေပါ့။
လိပ္ျပာအေပၚထပ္ကိုတက္လာေတာ့ ကိုကိုမိုးေသာက္က စာၾကည့္ခုံမွာ စာလုပ္ေနေလသည္။
ကိုကိုမိုးေသာက္က အသားနဲနဲညိဳေပမဲ့ေထာင္ေထာင္ေမာင္းေမာင္း လူေခ်ာပါပဲ။
"ကိုကိုမိုးေသာက္..စာလုပ္ရတာပင္ပန္းေနၿပီလားလိပ္ျပာေရခပ္ေပးရမလား..
အေအးသြား၀ယ္ေပးရမလားဟင္..."
ေဘးနားမွာ လာကပ္ခြၽဲေနတဲ့ ၿပီတီတီမ်က္ႏွာနဲ႔ေကာင္မေလးကို ဘာလိုခ်င္ျပန္တာတုန္းဆိုၿပီး ၿပဳံး၍ၾကည့္လိုက္သည္။
"ကိုကိုမိုးေသာက္.."
"ဗ်ာ.."
"ကိုကိုတို႔..ဆယ္တန္းေက်ာင္းသားေတြ..
မနက္ျဖန္ေလ့လာေရးခရီးသြားၾကမွာဆို..
အဲ့ဒါ.."
"ဘာလဲ..လိုက္ခ်င္လို႔လား.."
"ဟဲ..ဟဲ.."
ဒီေကာင္မေလး ပါးစပ္ဟလိုက္တာနဲ႔ အူဘယ္ႏွစ္ေခြရွိလဲ မိုးေသာက္အသိဆုံးပင္။
လာဖားေနၿပီဆို ေသခ်ာတယ္တစ္ခုခုလိုခ်င္လို႔ ဆိုတာ ေျမႀကီးလက္ခပ္မလြဲပါဘူး။
"ဟုတ္တယ္..လိပ္ျပာလိုက္ခ်င္လို႔..ေခၚသြားပါေနာ္..ေနာ္..လိပ္ျပာအိမ္ကိုေတာင္ ေျပာၿပီးသြားၿပီ..ကိုကိုမိုးေသာက္က အေဖာ္ေခၚလို႔လိုက္ပါရေစလို႔ဆိုၿပီး..အဲ့ဒါကိုကိုနဲ႔ဆိုရင္..
လိုက္သြားတဲ့.."
"ေအာင္မာ..ကိုကိုညည္းကိုတစ္ခါမွလည္းမေျပာရေသးပဲ..အပိုင္ကိုခ်ဳပ္ထားတာေပါ့ေလ.."
"ဟဲ..ဟဲ..ဒီတစ္ခါတည္းပါ..."
လက္ညႇိဳးေလးေထာင္ၿပီး မ်က္ႏွာငယ္ေလးႏွင့္ ႏႈတ္ခမ္းေလးကို ဖိကိုက္ထားတာမို႔ ပါးခ်ိဳင့္ေလးေတြက အထင္းသားေပၚေနေလသည္။
ဒီကေလးေလးရဲ႕ ဆြဲအားကို မိုးေသာက္ဘယ္ခံႏိုင္မွာလဲ အလိုလိုေခါင္းၿငိမ့္ျပလိုက္ေတာ့ ခုန္ေပါက္ေပ်ာ္႐ႊင္ၿပီး ျပန္သြားေလသည္။
မိုးေသာက္ရင္ထဲမွာေတာ့ ႏွလုံးသားေတြအရည္ေပ်ာ္ၿပီး က်န္ခဲ့တာ ဒီကေလး မသိေလသလား။
ငယ္႐ြယ္သူေတြမို႔ သံေယာဇဥ္ႀကိဳးဆိုတာကို လြယ္လြယ္ တြယ္ၿငိတတ္ၾကတဲ့ ႏွလုံးသားပိုင္ရွင္ေတြပါ။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
🎵ကံၾကမၼာဆိုတာက ခ်ိဳတစ္လွည့္ ခါးတစ္
လွည့္
အခုလည္း ဒီလိုေပါ့
ေအာင္ျမင္လိုက္ ရႈံးနိမ့္လိုက္🎵
🎵လဲက်တဲ့အခိုက္ ကြဲခဲ့တဲ့ မင္းႏွလုံးသား
အက္ေၾကာင္းေလးက အၿမဲတမ္းအမွတ္တရ
ေပါ့
ေရွ႕ဆက္ရမဲ့ မင္းရဲ႕ဘ၀အသစ္အတြက္
ေျဖသိမ့္လိုက္🎵
"ေဟး..."
မနက္ခင္းရဲ႕ ေနျခည္ႏုႏုေအာက္၀ယ္ ကားလမ္းေၾကာင္းတစ္ေလွ်ာက္ျဖတ္ေျပးသြားတဲ့ ကားေလးထဲမွာ ေက်ာင္းသားေတြရဲ႕ သီခ်င္းသီဆိုသံေတြဟာ သံၿပိဳင္ထြက္လာၾကတာမို႔ အင္မတန္ကိုနား၀င္ပီယံရွိလွသည္။
လိပ္ျပာလည္း ဆယ္တန္းေက်ာင္းသားေတြႏွင့္ ေရာေယာင္ကာ သီခ်င္းလိုက္ညီးေနမိသည္။
လိပ္ျပာေဘးမွ ကိုကိုမိုးေသာက္ကလည္း ၿပဳံး႐ႊင္လို႔ သူငယ္ခ်င္းမ်ားႏွင့္ စကားတြတ္ထိုးလို႔မၿပီးႏိုင္ေအာင္ပါပဲ။
လိပ္ျပာ ဒီခရီးကိုလိုက္လာရသည့္ ရည္႐ြယ္ခ်က္ကတစ္ခုထဲသာရွိပါတယ္။
အဲ့ဒါကေတာ့ ကိုကိုသူရေၾကာင့္ေပါ့။
အခုထိေတာ့လိပ္ျပာရဲ႕ ေခ်ာေမာလြန္းတဲ့ပန္းကေလးက ဘယ္မွာအပုန္းေကာင္းေနလဲမသိဘူး။
ရန္ကုန္အမ်ိဴသားျပတိုက္ထဲကို ၀င္လိုက္တာနဲ႔ လိပ္ျပာအတြက္အံ့ဩစရာေတြသာ စုၿပဳံေနေလသည္။
ျပတိုက္တစ္ခုက အတိတ္နဲ႔အနာဂတ္ကို ယွဥ္တြဲျပေပးတဲ့ ေပါင္းကူးတံတားတစ္ခုပါလားလို႔ေတြးလိုက္မိသည္။
ျပတိုက္ထဲမွာ ေရွးေရွးက မင္းညီ၊မင္းသားတို႔ ရွမ္းေစာ္ဘြားႀကီးတို႔၀တ္ဆင္ခဲ့ၾကတဲ့ ၀တ္စုံေတြ ေခာတ္အဆက္ဆက္တူရိယာပစၥည္းေတြ ၊ နန္းေတာ္ပုံစံငယ္ေတြႏွင့္ စိတ္၀င္စားစရာပန္းခ်ီကားခ်ပ္ေတြဆိုတာလည္း ေျပာရလွ်င္ သံလ်င္ျမစ္ထက္ေတာင္ရွည္ေနပါလိမ့္မည္။
"ေအာ္..ယဥ္ေက်းမႈအေမြအႏွစ္ဆိုတာ ထိန္းသိမ္းသင့္တဲ့အရာပါလား...လိပ္ျပာတို႔ကေလးေတြေတာ္ေတာ္မ်ားမ်ား ေမ့ေနခဲ့ၾကတာပါလား.."
႐ုပ္ေသး႐ုပ္ေတြျပတဲ့ေနရာကိုေရာက္ေတာ့ ေပ်ာ္လြန္းလို႔ အလုံးႀကီးတက္ဆို႔ေတာ့မတတ္ပင္ျဖစ္ရသည္။
ကိုကိုသူရက ဘီလူး႐ုပ္ေသး႐ုပ္ကေလးကိုေငးၾကည့္ေနေလသည္။
"ကိုကိုက..႐ုပ္ေသး႐ုပ္ေတြကို စိတ္၀င္စားတာလား..လိပ္ျပာလဲ..႐ုပ္ေသးအကကိုသိပ္ႀကိဳက္တာ..တီဗြီမွာလာရင္ အၿမဲၾကည့္တယ္.."
ထိုအခါ ကိုကိုသူရက တစ္ခ်က္မဲ့လိုက္ၿပီး စကားတစ္ခြန္းသာေျပာကာ ထြက္သြားေလသည္။
"..႐ုပ္ေသးဆိုတာ..သူမ်ားကႀကိဳးဆြဲမွလႈပ္ရတာ..ကိုယ္က သူမ်ားကိုပဲႀကိဳးဆြဲမွာ.."
လိပ္ျပာကို တစ္စက္မွမၾကည့္ပဲေျပာခ်င္ရာေျပာသြားတဲ့ သူ႔ကိုေဒါသထြက္သြားမိသည္။
"မႀကိဳက္ရင္လဲ..မႀကိဳက္ဘူးေပါ့..ဘာေတြေျပာသြားမွန္းမသိဘူး..ေတာ္ေတာ္နားလည္ရခက္တဲ့လူ..."
ျပန္ခါနီးက်ေတာ့ ျပတိုက္အျပင္မွာေက်ာင္းသားေတြအကုန္စုၿပီး အမွတ္တရဓာတ္ပုံ႐ိုက္ၾကေလသည္။
"ေဟ့..ညီမေလးလိပ္ျပာ ဓာတ္ပုံ႐ိုက္ေပးရ
မလား.."
တကထဲ ထြန္းေဝေမာင္ဆိုတဲ့ကိုကိုသူရရဲ႕သူငယ္ခ်င္းနဲ႔လာေတြ႕ေနရသည္။
ခုနထဲက သူ႔ကိုေတြ႕လို႔ပတ္ေရွာင္ေနပါတယ္ဆိုမွတည့္တည့္ကို လာတိုးေနရသည္။
႐ုတ္တရက္ကိုႀကီးထြန္းေဝက ကိုကိုသူရကို အတင္းဆြဲေခၚၿပီး လိပ္ျပာေဘးနားမွာလာရပ္ခိုင္းေလသည္။
ၿပီးေနာက္ တစ္ျဖတ္ျဖတ္ႏွင့္ဓာတ္ပုံ႐ိုက္ေပးေတာ့သည္။
လိပ္ျပာေၾကာင္အ ေနစဥ္မွာပဲ ကိုႀကီးထြန္းေဝက လိပ္ျပာေဘးနားမွာလာရပ္ျပန္သည္။
ဒီတစ္ခါဓာတ္ပုံ႐ိုက္ေပးသူကေတာ့ ကိုကိုသူရေပါ့။
"ထြန္းေဝ...ကိုယ္ႀကိဳက္ရင္ ကိုယ့္ဖာသာလိုက္..ငါ့ကို..အေဖာ္လာမစပ္နဲ႔.."
"ဟာကြာမင္းကလည္း..လိပ္ျပာေလးကိုရဖို႔..မင္းကိုခဏၾကားခံနယ္လုပ္တာပါ..
ခဏပါ..ေနာက္တစ္ခါ..ကိုယ့္ဖာသာလႈပ္ရွားမယ္..ဒီေန႔ေတာ့ေက်းဇူးတင္တယ္..သားႀကီးေရ.."
"ဟင္း..စိတ္ပ်က္တယ္.."
ကိုကိုမိုးေသာက္တို႔ရွိတဲ့ ကားနားကိုမေရာက္ခင္အျခားကားေဘးမွာရပ္ၿပီး သူတို႔ေျပာေနၾကတာကိုလိပ္ျပာၾကားလိုက္ရသည္။
"ေအာ္..သူကငါနဲ႔ဓာတ္ပုံ႐ိုက္ဖို႔ကိုေတာင္
ကပ္ေစးနဲေနတာပါလား..."
အလာတုန္းကေပ်ာ္ေနသေလာက္ အျပန္က်ေတာ့လိပ္ျပာမ်က္ႏွာႀကီးက ႐ြာေတာ့မဲ့မိုးလို အုံ႔မႈိင္းေနေလေတာ့သည္။
လိပ္ျပာရင္ထဲမွာ အရမ္း၀မ္းနည္းေနမိသည္။
လိပ္ျပာသူ႔ကို နားလည္ခ်င္တယ္ သူနဲ႔စကားေတြေျပာခ်င္တယ္။
ဒါေပမဲ့ သူကလိုက္ေလ ေဝးေလဆိုသလိုျဖစ္ေနသည္။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
၂၀၁၈ခုႏွစ္
မႏၲေလး နန္းၿမိဳ႕႐ိုးႏွင့္ က်ဳံးကိုျမင္ေတာ့ ဓာတ္ပုံတျဖတ္ျဖတ္႐ိုက္ေနတဲ့ သူမကိုၾကည့္ၿပီး သူရအံ့ဩေနမိသည္။
လိပ္ျပာျဖဴရဲ႕ပုံစံက ေမ်ာက္ကို ငွက္ေပ်ာေတာထဲပစ္ခ်လိုက္သလိုပဲ စားေလ၊ငတ္ေလျဖစ္ၿပီး စားၿမဲစားခ်င္ေနတဲ့ ေကာင္မေလးပါလား။
သူမကိုၾကည့္ေနရတာ မ်က္စိေတြေနာက္လာလို႔ မ်က္လုံးမွိတ္ၿပီးသာေနလိုက္သည္။
ဒီခရီးကို အမွန္ေတာ့သူလိုက္ခ်င္စိတ္မရွိပါဘူး။
မႏၲေလးဆိုတာ မ်က္စိမွိတ္ၿပီးသြားရင္ေတာင္ သူ႔အတြက္ လမ္းမွားႏိုင္စရာမရွိတဲ့ အရပ္ေဒသပါ။
ဒါေပမဲ့ဘာေၾကာင့္မွန္းမသိ သူလိုက္လာမိသည္။
"ေရာက္ၿပီေဟ့.."
"လွလိုက္တာၾကည့္စမ္း..."
"ဒါမ်ိဳးကလက္လႊတ္ခံလို႔မျဖစ္ဘူး..ဓာတ္ပုံ႐ိုက္မွရမယ္..."
ေန၀င္ေတာ့မည္ျဖစ္တာေၾကာင့္ ေတာင္သမန္အင္းမွ ဦးပိန္တံတားႀကီးသည္ ေန၀န္းနီနီကိုေနာက္ခံထားၿပီး လွပလြန္းတဲ့ပန္းခ်ီကားခ်ပ္ႀကီးလိုျဖစ္ေနသည္။
ေရေတြခမ္းေျခာက္ေနတဲ့ ကာလမို႔ တံတားေအာက္ဘက္မွရႈခင္းဟာ အပင္စိမ္းစိမ္းေတြေၾကာင့္ အစိမ္းေရာင္ရင္ျပင္ႀကီးလိုျဖစ္ေန
သည္။
ေျပာင္းဖူးပင္ေတြ ဆိုက္ထားသည္ကိုေတာင္ အေပၚမွလွမ္းျမင္ေနရသည္။
"မမလိပ္ျပာ..ကြၽန္ေတာ္ ဓာတ္ပုံ႐ိုက္ေပးရမလား.."
"အင္း..လိပ္ျပာအမွတ္တရ ႐ိုက္ခ်င္တယ္.."
"အဲ့ဒါဆို ကြၽန္ေတာ့္ကိုမမရဲ႕ဖုန္းေပး..
ကြၽန္ေတာ္႐ိုက္ေပးမယ္..."
ေဝေမာင္ကို ဖုန္းေပးတဲ့လက္က ေလထဲမွာတင္ ဖမ္းဆုတ္ခံလိုက္ရသည္။
မာနမင္းသားႀကီး ဦးဘုန္းျမတ္က လိပ္ျပာရဲ႕ဖုန္းကို အတင္းလုသြားျခင္းျဖစ္သည္။
"ကိုယ္႐ိုက္ေပးမယ္.."
"သူေဌးက..႐ိုက္တတ္လို႔လား.."
"ဓာတ္ပုံၿပိဳင္ပြဲမွာရထားတဲ့ဆုပါ..မင္းကိုထုတ္ျပရမလား.."
"မလိုပါဘူး..အာ့ဆိုလည္း..႐ိုက္ေပး.."
အမူအရာအမ်ိဳးမ်ိဳးနဲ႔ ဓာတ္ပုံအ႐ိုက္ခံၿပီးေနာက္ ဖုန္းကိုျပန္ယူၾကည့္လိုက္ရာ လိပ္ျပာပါးစပ္အေဟာင္းသားျဖစ္သြားရသည္။
ဓာတ္ပုံထဲမွာ လိပ္ျပာကတစ္အားလွတာပဲ။
သူ႔ကိုၾကည့္ၿပီး ပါးခ်ိဳင့္ေတြေပၚေအာင္ၿပဳံးကာ လက္မေထာင္ျပလိုက္သည္။
"အရမ္းႀကိဳက္တယ္..ရွင္ကဓာတ္ပုံ႐ိုက္တဲ့ေနရာမွာ တကယ္ေတာ္တာပဲ.."
"ကိုယ္ေတာ္မွန္း..ကိုယ္သိတယ္.."
ဒါပဲေျပာၿပီး ဆရာႀကီးလိုအထွာနဲ႔
ခပ္လွမ္းလွမ္းမွာ လက္ပိုက္ၿပီး သြားရပ္ေနေလသည္။
"ဘ၀င္ျမင့္ခ်က္ကေတာ့ နတ္ျပည္ကသိၾကားမင္းဖင္ေတာင္ တက္ေဆာင့္မိေတာ့မယ္ ..ေအာ္..ခ်ီးက်ဴးမိတာကိုက..ငါ့အမွား.."
ထိုအခ်င္းအရာကို ၾကည့္ေနတဲ့သူကေတာ့ ေဝေမာင္တို႔ႏွင့္အတူ လိုက္လာသည့္အဖြဲ႕ထဲမွ မိုး၀တီဆိုသည့္အမ်ိဳးသမီးပင္။
ထိုမိန္းကေလးက လည္ကတုံးအျဖဴႏွင့္ ခဲေရာင္ပုဆိုးကို လိုက္ဖက္စြာ၀တ္ဆင္ထားသည့္ ကိုလူေခ်ာနားသို႔ ေလွ်ာက္သြားလိုက္သည္။
"ဟို..၀တီ့ကိုလည္း..ဓာတ္ပုံ႐ိုက္ေပးလို႔ရမလား..ဒီေနရာကအရမ္းလွလို႔ေလ..
အမွတ္တရ႐ိုက္ထားခ်င္လို႔.."
၀တီဖုန္းကိုထုတ္ၿပီး သူ႔ကိုကမ္းေပးလိုက္ေပမဲ့ လက္က ေလထဲမွာသာ တန႔္ေနသည္။
ကိုယ္ေတာ္ေခ်ာက ၀တီ့ကိုအဖက္ေတာင္မလုပ္ပဲထြက္သြားေသာေၾကာင့္ျဖစ္သည္။
အေခ်ကိုယ္ေတာ္ေၾကာင့္ ၀တီေျခေဆာင့္ တက္ေခါက္ၿပီးသာက်န္ခဲ့ရသည္။
ခုနက ဟိုေကာင္မေလးကိုေတာ့ ႐ိုက္ေပးၿပီး ၀တီ့ကို႐ိုက္မေပးတာ ဘာေၾကာင့္လဲ သိခ်င္မိတယ္။
"ကဲ..အားလုံးပဲ..ေအာင္ပင္လယ္ကန္ဖက္က လယ္ေတာကိုသြားၾကမယ္..လိုက္ၾကလား.."
"လိုက္မယ္..လိုက္မယ္.."
ေဝေမာင္၏အစ္ကို၀မ္းကြဲဖြင့္ထားသည့္ လယ္ေတာကိုေရာက္ေတာ့ လိပ္ျပာတို႔စားပြဲဝိုင္းေပၚသို႔ ထန္းရည္ႏွစ္အိုးႏွင့္ ၾကက္ေၾကာ္၊အသုပ္မ်ား အစရွိသျဖင့္လာခ်ေပးေလသည္။
လယ္ေတာဆိုသည္မွာ လယ္ကြက္လပ္ႀကီးထဲမွာ ထန္းလတ္မိုးထားတဲ့ တဲအိမ္ေလးမ်ားကို သဘာ၀က်က်ေဆာက္ထားျခင္းျဖစ္သည္။
ရပ္နီးရပ္ေဝးမွခရီးသည္ေတြပင္မကပဲ တကၠသိုလ္ေက်ာင္းသားမ်ားဆိုရင္ အေပ်ာ္အေနနဲ႔ ဆိုင္ကယ္လ္မ်ားကိုယ္စီႏွင့္အဖြဲ႕လိုက္လာတတ္ၾကသတဲ့။
"မမလိပ္ျပာ..ေရာက္တုန္း ထန္းရည္ေလးတစ္ခြက္ေလာက္ ေသာက္ၾကည့္ပါလား.."
"လိပ္ျပာမေသာက္တတ္ဘူး..ေနာက္ၿပီးအၿမဲတမ္းငါးပါးသီလ ခံယူေနက်မို႔ပါ.."
"မမရယ္..သီလေတြ..ဘာေတြလုပ္မေနပါနဲ႔..
သီတာတို႔လည္း ျမည္းၾကည့္တာပဲ..ျမည္း႐ုံေလးျမည္းၾကည့္ပါ.."
"ဟုတ္ပါတယ္.."
အကုန္လုံးက ဝိုင္းတိုက္တြန္းေနေတာ့ ထန္းရည္ခြက္ကိုကိုင္ၿပီး ဦးဘုန္းျမတ္ထံသို႔ၾကည့္လိုက္ရာ
သူက "ေသာက္ရဲရင္ေသာက္ၾကည့္"ဆိုတဲ့ပုံစံႏွင့္ မ်က္ေမွာင္ႀကဳံ႕ျပေလသည္။
လိပ္ျပာလည္း သူ႔ကို႐ြဲ႕ခ်င္တာႏွင့္ ခ်က္ခ်င္းေမာ့ခ်ပစ္လိုက္ၿပီး မ်က္ခုံးျပန္တြန႔္ျပကာ "ေသာက္ရဲလို႔ေသာက္တယ္"ေတြ႕လားဆိုတဲ့ပုံစံျပန္လုပ္ျပလိုက္သည္။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
"ေအ့...မလိုဘူး..ကြၽန္မဘာသာလမ္းေလွ်ာက္ႏိုင္တယ္...လိပ္ျပာတို႔က သီလကိုအၿမဲ လုံေအာင္ၿခဳံထားတာ..လမ္းလြဲတယ္ဆိုတာ မရွိရဘူး..ေအ့.."
အမူးသမားက ဘုရားအေၾကာင္း ၊တရားအေၾကာင္းလာေျပာေနေတာ့ သူရလည္းျဖစ္ခ်င္ရာျဖစ္ဆိုၿပီး အခန္း၀မွာသာရပ္ၾကည့္ေနလိုက္သည္။
"ေတြ႕လား..လိပ္ျပာပါ..ဦးသီလကိုလုံေအာင္ၿခဳံထားတာ...အာ့..အား.."
ဧည့္ခန္းမွ ဆိုဖာကို တည့္တည့္၀င္တိုက္ၿပီး ဂြၽန္းျပန္ကာ ဆိုဖာေပၚျပန္လိမ့္က်ေနတဲ့ သူမကိုဆြဲထူလိုက္သည္။
"မွတ္ၿပီလား..လူကျဖင့္ ပိုးဟပ္လိုပိစိေလး..
အရက္ကေသာက္ခ်င္ေသးတယ္.."
"ကြၽန္မဘယ္မွာ..အရက္ေသာက္လို႔လဲ..အဲ့ဒါ..ထန္းရည္လို႔ေခၚတယ္..မွတ္ထားထန္းရည္..တပည့္ေနာက္ကေနလိုက္ဆိုစမ္းထန္း..ရည္.."
"က်စ္!!!စိတ္ရႈပ္ဖို႔ေကာင္းတယ္.."
"ဘာေျပာတယ္..စိတ္ရႈပ္ခ်င္းရႈပ္..လိပ္ျပာကသာစိတ္ရႈပ္ရမွာမဟုတ္ဘူးလား..လူဂြစာႀကီးရဲ႕..စိတ္ထားေသသိမ္တဲ့လူႀကီးရဲ႕.."
"ဘာ..မင္းဘာေျပာလိုက္တယ္.."
လူကိုဘလိုင္းႀကီးလာဖဲ့ေနသည့္ သူမကိုဒဲ့ၾကည့္ၿပီးေမးလိုက္ရာ သူမက ဧည့္ခန္းစားပြဲေပၚမွ ပစၥည္းေတြအကုန္လုံးကို ေအာက္သို႔တြန္းခ်လိုက္ၿပီး စင္ေပၚတက္သလို ခုန္တက္လိုက္သည္။
"အဟမ္း..အဟမ္း..အခုကစၿပီး လိပ္ျပာျဖဴေၾကျငာပါေတာ့မယ္..ဘုန္းျမတ္သူရဆိုတဲ့လူႀကီးဟာ..ဘယ္သူမဆိုေသာက္ျမင္ကပ္ေလာက္ေအာင္ ဘ၀င္ျမင့္တဲ့ လူ႔ ဂြစာႀကီး..လူဂလန႔္ႀကီး..ၿပီးေတာ့..ၿပီးေတာ့..."
"ၿပီးေတာ့ဘာရွိေသးလဲ..ဆက္ေျပာ..
မေက်နပ္တာဘာက်န္ေသးလဲ.."
သူရ ဆိုဖာေပၚမွာ လက္ပိုက္၍ ေျခေထာက္ကိုခ်ိပ္ထိုင္ကာ နားေထာင္မယ္ ဆက္ေျပာဟုအမူအရာလုပ္ျပလိုက္သည္။
"ၿပီးေတာ့..မိန္းကေလးတစ္ေယာက္ကိုေတာင္က်င္က်င္နာနာနဲ႔မဆက္ဆံတတ္တဲ့လူႀကီး..
လူတစ္ေယာက္ရဲ႕ စိတ္ထဲမွာဘယ္လိုခံစားရမလဲဆိုတာကို အေရးမစိုက္ပဲ..သူေျပာခ်င္တာေျပာတယ္..သူလုပ္ခ်င္တာပဲလုပ္တယ္..
ရွင့္ေဘးနားကလူေတြဟာ အေသြးနဲ႔အသားနဲ႔လူေတြဆိုတာေရာ..ရွင္သိရဲ႕လား..ျမင္ရဲ႕လား..လူတစ္ေယာက္ကို၀မ္းနည္းေအာင္ပဲလုပ္တတ္တာလား...ရွင္ကြၽန္မကိုဘာလို႔နာက်င္ေအာင္လုပ္ရတာလဲ.."
သူရခ်က္ခ်င္းထရပ္လိုက္ၿပီး သူမကိုခါးကေနေဆြ႕ကနဲေျမႇာက္ခ်ီကာ ဆိုဖာေပၚတြင္ထိုင္ခိုင္းလိုက္သည္။
သူမမ်က္ႏွာကို ေသခ်ာၾကည့္ၿပီးေမးလိုက္သည္။
"ေျပာပါအုံး..ကိုယ္မင္းကို...ဘာေတြနာက်င္ေအာင္လုပ္ခဲ့တာလဲ..."
သူမက သူ႔အိက်ႌၾကယ္သီးကို လက္နဲ႔ေလွ်ာက္ကစားၿပီး မ်က္ႏွာမဲ့ကာေျပာလာသည္။
"ရွင္..ကြၽန္မေပးတဲ့စာကို အမႈိက္ပုံးထဲလႊင့္ပစ္ခဲ့တာ..ကြၽန္မကို..နာက်င္ေစတာေပါ့.."
"ဘာစာလဲ.."
သူမက မ်က္လုံးေလးျပဴးၿပီး သူ႔ကိုေမာ့ၾကည့္လာသည္။
ၿပီးေနာက္ ပါးခ်ိဳင့္ေလးေတြ ေပၚေအာင္ရယ္လိုက္ျပန္သည္။
"ဟဲ..ဟဲ..ရည္း..စား..စာ.."
"ဘာ!!!.."
သူရ အံ့ဩေနမိသည္။လိပ္ျပာျဖဴ မူးေနလို႔ ေပါက္ကရေတြေျပာေနတာလား။သူဘယ္တုန္းက သူမဆီမွရည္းစားစာ ရခဲ့လဲဆိုတာ သူေတာင္မမွတ္မိေပ။
"ရွင္ဘာေတြ..စဥ္းစားေနတာလဲ..ဘာလဲ..
ကြၽန္မရဲ႕ ရည္းစားစာအေၾကာင္းလား.."
"မဟုတ္ဘူး.."
"ဟုတ္ပါတယ္..မညာနဲ႔.."
"မဟုတ္ဘူးလို႔ေျပာေနတယ္.."
"ဟုတ္တယ္လို႔ဆိုေန.."
"မင္း!!!"
သူ႔မ်က္ႏွာအနားသို႔ တျဖည္းျဖည္းတိုးကပ္လာတဲ့သူမမ်က္ႏွာကို အရွိန္မလြန္ခင္
လက္ႏွစ္ဖက္ႏွင့္ညႇပ္ဖမ္းလိုက္ရသည္။
နီးကပ္လြန္းတဲ့သူမရဲ႕ မ်က္ႏွာေသးေသးေလးက သူ႔လက္ဖဝါးထဲမွာ နစ္ေနေတာ့သည္။
သူ႔ရဲ႕လက္မရဲ႕ ရယ္ေန၍ခြက္သြားတဲ့ ပါးခ်ိဳင့္ေလးအေပၚမွာေရာက္ေနေလသည္။
ထိုပါးခ်ိဳင့္ေလးဆီသို႔ သူ႔မ်က္ႏွာတိုးကပ္သြားၿပီးမ်က္လုံးကိုမွိတ္လိုက္ခ်ိန္မွာတစ္ေယာက္ေယာက္က႐ိုက္ခ်လိုက္သလို သူဆက္ကနဲတုန္သြားသည္။
"အား...မလုပ္နဲ႔.."
လိပ္ျပာမ်က္လုံးဖြင့္ၿပီး ၾကည့္လိုက္ေတာ့ သူကမ်က္လုံးမွိတ္ၿပီး သူ႔ေခါင္းကိုကိုင္ကာေအာ္ေနေလသည္။
သူဘာျဖစ္ေနတာလဲ။ သူလဲလိပ္ျပာလိုနာက်င္ေနတာလား။
"အား..မလုပ္နဲ႔..မလုပ္ပါနဲ႔..."
သူရရဲ႕စိတ္ထဲမွာ အေမွာင္အတိဖုံးေနသည္။
အနမ္းတစ္ပြင့္ ထိုအနမ္းတစ္ပြင့္ရဲ႕အေနာက္မွာ ႐ိုက္ခ်လိုက္တဲ့ လူႀကီးတစ္ေယာက္ရဲ႕လက္ႀကီး။
ပါးျပင္မွာ ေသြးစို႔ေအာင္အထိ အ႐ိုက္ခံေနရတာ။
သူနာက်င္ေနသလို ေအာ္ငိုေနမိတယ္။
ဘယ္သူ သူ႔ကို လာကယ္မွာလဲ။
သူေသရေတာ့မယ္။ေသေလာက္ေအာင္နာက်င္ေနတယ္။
တစ္ေယာက္ေယာက္ ကြၽန္ေတာ့္ကိုကယ္ပါ။
"ဟင္..."
သူ႔မ်က္လုံးကိုဖြင့္လိုက္ခ်ိန္မွာေတာ့ လိပ္ျပာျဖဴကသူ႔ကိုသိုင္းဖက္ထားၿပီး သူ႔ေက်ာျပင္ကို လက္ေသးေသးေလးေတြႏွင့္ ပုတ္ေပးေနသည္။
"အဆင္ေျပသြားမွာပါ..လိပ္ျပာရွိတယ္ေလ..
ရွင္လုံး၀မနာက်င္ေတာ့ဘူး..လိပ္ျပာက ကာကြယ္ေပးမွာေပါ့..လိပ္ျပာရဲ႕အေတာင္ပံႀကီးေတြကို..ျဖန႔္ၿပီးကာကြယ္ေပးမွာ.."
စာနာမႈေသးေသးေလးနဲ႔ဆိုရင္ေတာင္ သူေႏြးေထြးသြားသလို ခံစားရသည္။
သူ႔ရင္ဘတ္ထဲမွာ နာက်င္မႈေလွ်ာ့က်သြားသလိုပါပဲ။
ကေလးတစ္ေယာက္လို သူမရဲ႕ပုခုံးေပၚမွာ ေခါင္းေမွာက္ခ်လိုက္ၿပီး သူမရဲ႕ခါးေလးကို ဖက္ထားလိုက္မိသည္။
သူ႔ေက်ာျပင္ကိုပုတ္ေပးေနရာမွ ငါးမိနစ္ေလာက္အၾကာမွာ သူမၿငိမ္က်သြားသည္ကို သတိထားလိုက္မိသည္။
သူမရဲ႕ေခါင္းကို အသာထိန္းၿပီး ၾကည့္လိုက္ေတာ့သူမက အိပ္ေပ်ာ္ေနတာ ေဟာက္ေတာင္ေနေလၿပီ။
"လက္စသတ္ေတာ့..အိပ္ခ်င္လို႔ ပုခုံးလာငွားတာပဲ.."
သူမကို အိပ္ခန္းထဲသို႔ေရာက္ေအာင္ ေပြ႕ခ်ီၿပီးသိပ္ေပးကာ အခန္းတံခါးပိတ္ခဲ့လိုက္သည္။
သူရအဖို႔ ထိုညမွာေတာ့ ပုံမွန္မက္ေနၾက အိပ္မက္ဆိုးေတြေနရာမွာ အျဖဴေရာင္လိပ္ျပာအိပ္မက္ေလးကလွပစြာ၀င္ေရာက္လာေလသည္။
Author...ေဆာင္းေငြ႕ေဝ
Tue , April 18,2023
11 :59PM
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
"အရက္မႉးေတာ့ ကြၽဲခိုးေပၚဆိုတဲ့အတိုင္း
လိပ္ျပာျဖဴတို႔ေတာ့ "
လြန္ခဲ့တဲ့၉ႏွစ္နဲ႔ ၂၀၁၈ရဲ႕ကြာျခားေနမႈေလးကဘာလဲ😀😀