မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

By ma_roses_are_blue

92.1K 10.6K 167

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၇၂)

395 56 3
By ma_roses_are_blue

ထိုနေရာမှာ အဖြေတချို့ကို ရှာရန် သူမဆုံးဖြတ်လိုက်သည် အက်စတယ်လာကို သူမပြောလိုက်သည်
"လုရှန်ရဲ့ မွေးရပ်မြေကို သွားကြရင်ရော?"

"လုရှန်ရဲ့မွေးရပ်မြေ"

"ဟုတ်တယ် လုရှန်မွေးဖွားပြီး ကြီးပြင်းတဲ့နေရာ အဲ့နေရာမှာ သဲလွန်စတချို့လောက်တော့ ရလောက်တယ်"

အက်စတယ်လာသည် တခဏလောက်တွေးပြီး ခေါင်းညိမ့်လေသည်
"အကြံကောင်းပဲ တကယ်က ကျွန်မလဲ တခုခုကို စစ်ဆေးချင်နေတာ"

ဒါကြောင့် သူမနဲ့ အက်စတယ်လာတို့ လုရှန်ရဲ့မွေးရပ်မြေစီပြန်ဖို့ ဆုံးဖြတ်လိုက်ကြသည် ထိုအကြောင်းကိုကြားပြီးနောက် သူမအဖေက သူမကို ဆွဲထားပြီး ခေါင်းခါလေသည်
"သမီး အိမ်ပြန်ရောက်တာတောင် သိပ်မကြာသေးဘူး အခု ထပ်ပြီး ထွက်သွားပြန်ပြီ ပါနေးရား သမီးထွက်သွားတိုင်း ပြဿနာတခုခုနဲ့တော့ အမြဲကြုံနေကြ မဟုတ်တာလုပ်ဖို့မစဉ်းစားနဲ့ အိမ်မှာပဲနေ အဖေ သမီးကို အရသာရှိတဲ့အစားအစာတွေချက်ကြွေးပါမယ့် သမီးကြိုက်သလောက်သုံးဖို့ ပိုက်ဆံတွေလဲ အများကြီးပေးပါမယ်"

သူမအဖေရဲ့ ကြမ်းတမ်းတဲ့နှလုံးသားကိုခံစားမိပြီး နှာခေါင်းကို လက်နဲ့ထိလိုက်မိသည် မျက်ရည်တွေကို ထိန်းထားရင်း
"အဖေထင်သလောက် အဲ့လောက်ကြီး အန္တရာယ်မများပါဘူး သမီးက အက်စတယ်လာနဲ့သွားမှာ ဒါကြောင့်မို့စိတ်မပူပါနဲ့"

"‌ဒါပေမဲ့..."

"သမီးတောင်းပန်ပါတယ်"
သူမရဲ့ငိုယိုနေတဲ့ဖခင်ကို နှစ်သိမ့်ရင်း သူမဘာသာတွေးလိုက်မိသည်
'အဖေအရမ်းသဘောကျရတဲ့ အဖေရဲ့ အနာဂတ်သမတ်လောင်းလေးကို ပြန်ခေါ်ဖို့ သမီး နည်းလမ်းရှာလိုက်ပါ့မယ် ဒါကြောင့် အချိန်နည်းနည်းလေးလောက်ပဲစောင့်ပေးနော်' သူမခရီးထွက်လာတော့ မနက်မိုးလင်းနေလေပြီဖြစ်သည် တညလုံးနီးပါးငိုနေတဲ့ သူမအဖေက သူမ ပိုနှစ်သိမ့်လေ ပို‌ငိုလေဖြစ်လာသဖြင့် မျက်လုံးမှာ ယုန်မျက်လုံးလိုပင်နီရဲနေလေသည် အက်စတယ်လာနဲ့တွေ့ဖို့ ဂိတ်အရှေ့ဘက်ကို ဦးတည်လိုက်သည် အက်စတယ်လာဘေးမှာ ရပ်နေသော အက်စတယ်လာကို ယုံကြည်ဆည်းကပ်ဆုံးဖြစ်‌ေသာနောက်လိုက် ကားလစ်ကြောင့် သူမမျက်လုံးပင် ပြူးကျယ်သွားသည် သူတို့နှစ်ယောက်ကိုကြည့်ရတာ တစ်စုံတစ်ခုအကြောင်း အသည်းအသန်ပြောနေကြသလိုပင်
'တွေးကြည့်ရရင်တော့ ကားလစ်နဲ့သူမရန်ဖြစ်ထားတယ်လို့ ပြောတာပဲ အခုပြန်‌တည့်သွားပြီးလား'

သူတို့ရဲ့စိတ်အခြေအနေက ပုံမှန်မဟုတ်ပေ ဒါကြောင့် လမ်းလျှောက်တာကိုရပ်လိုက်ပြီး သူတို့နှစ်ယောက်ကို တိတ်တိတ်ကလေး သူမကြည့်နေလိုက်သည်

ကားလစ်က အက်စတယ်လာကို ခက်ထန်သောမျက်လုံးတွေနှင့်
"ဟိုတခါတုန်းက ကိုယ် မင်းကို ကာဒီယမ်ရဲ့ ရဲတိုက်ကို တစ်ယောက်ထဲ သွားခွင့်ပြုခဲ့တယ် ဒီတစ်ခါတော့မရဘူး မင်းဘာတွေပဲပြောပြော ကိုယ်ကတော့ မင်းနဲ့လိုက်မှာပဲ မင်းထပ်ပြီးငြင်းဆန်မယ်ဆိုရင်..."

ကားလစ်က မျက်နှာထားတင်းတင်းဖြင့် အော်ရန် ပြင်လိုက်သည်
"ကိုယ် စိတ်ဆိုးလိုက်မှာနော် ပြီးရင် စိတ်ဆိုးတဲ့ အချိန်က တိုမှာမဟုတ်ဘူး အနည်းဆုံးတစ်လလောက်ပဲ မဟုတ်ဘူး သုံးပတ်"

သူမအဝေးရောက်နေတုန်း သူရဲ့ a-hole personality စကေးက အဆင့်မြင့်သွားတာပဲ

သူကို ဆူပြီး နဖူးကိုခေါက်ပစ်ရမဲ့အစား အက်စတယ်လာက မျက်ခုံးတွေနှိမ့်ချရင်း ဒုက္ခရောက်နေသလိုမျက်နှာဖြစ်နေလေသည်
"ကျွန်မလဲ ရှင်နဲ့သွားချင်ပါတယ် ဒါပေမဲ့ မစ်နေးရားက အခုတလော စီတ်အခြေအနေမကောင်းဘူး ကျွန်မကို အရှင်မင်းသားနဲ့ တွဲမယ်လိုက်ရင် မစ်နေးရားရဲ့ အနာဟောင်း‌တွေ ပြန်ပွင့်လာမှာ"
(ရည်းစားထက် သူငယ်ချင်းကို ပိုအလေးထားနေတာ တစ်စုံတစ်ကားတော့ သနားပါတယ်🤣🤣)

ကားလစ်အကြောင်းကို အက်စတယ်လာ သူမကို သိပ်မပြောပြရတဲ့အကြောင်းအရင်းအား ထိုအချိန်မှသာနားလည်သွားသည် သူတို့ရန်ဖြစ်ကြလို့မဟုတ်ကြပေ အက်စတယ်လာရဲ့ဖြည့်တွေးပေးမှုက သူမကို တန်ဖိုးထားကြောင်း ခံစားလိုက်ရသည် ဒါပေါ့ ကားလစ်ကတော့ ဒါမျိုးမရှိဘူးလေ

နာကျင်သွားရသလို ကားလစ်မျက်နှာက ရှုံတွသွားလေသည်
"အက်စတယ်လာ မင်းက တကယ်ကိုပဲ... ကိုယ့်ကိုပြော ကိုယ်လား ပါနေးရားလား"

အက်စတယ်လာအပေါ် သနားသဖွယ်ပုံစံနှင့် အနိုင်ရဖို့ ကားလစ်ကြိုးစားလာတာကြောင့် သူမကြား၀င်ဖြတ်လိုက်ရသည်
"ရှင် ကျွန်မတို့နဲ့ လိုက်တာ မလိုက်တာ ကျွန်မဂရုမစိုက်ဘူး"

သူမအသံကို ကြားပြီး ကားလစ်နဲ့ အက်စတယ်လာ‌တို့ ခေါင်းတွေ တပြိုင်ထဲ လှည့်လာကြသည် သူတို့နှစ်ယောက်ဆီ သူမ‌လျှောက်သွားလိုက်သည် သူက သူမရဲ့ အကောင်းဆုံးသူငယ်ချင်းရဲ့ ရည်းစားဖြစ်နေပေမဲ့ အိမ်ရှေ့စံမင်းသားကတော့ အိမ်ရှေ့စံမင်းသားပဲလေ

လောက၀တ်အရ ကားလစ်ကို ဂါ၀ရပြုဖို့ သူမသွားလိုက်တာနဲ့ ကားလစ်က သူလက်ကို ဆန့်ထုတ်လိုက်သည် သူရည်ရွယ်ချက်ကိုသဘောပေါက်လိုက်မိပြီး သူမရဲ့ကျောကို ပြန်ဖြောင့်လိုက်သည် သူလက်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်

ကားလစ်က သူမကို ကြည့်ပြီး
"မတွေ့ရတာကြာပြီ"

"တူတူပါပဲ"

"ငါ မင်းအကြောင်းတွေ အများကြီးကြားခဲ့ရတယ် ကာဒီယမ် မင်းကို ဖမ်းထားတုန်းက... မင်းမျက်နှာကတော့ ဘာလက္ခဏာမှ လုံး၀ကိုမပြတာပဲ မင်းပုံစံက ကောင်းကောင်းမွေးမြူထားခံရတဲ့ ၀က်တစ်ကောင်လို ၀၀ကစ်ကစ်ဖြစ်လာပြီ"

သူမကို လုရှန်ဖမ်းထားတုန်းက အရသာရှိတာတွေ နေ့တိုင်းနီးပါးစားခဲ့ရလေသည် ထိုကြောင့် ရက်ပေါင်းများစွာထိန်းသိမ်းခံထားရသူတယောက်အတွက် သူမက အလွန်ကို healthy ဖြစ်နေလေသည်

ကားလစ်ရဲ့လူပါး၀မှုကို နှုတ်ခမ်းထော်ပြရင်း ပြန်လှော်လိုက်သည်
"ကျွန်မတို့ နောက်ဆုံးတွေ့တုန်းကထက်စာရင် အရှင်မင်းသားက အတော်လေးပြောင်းလဲသွားတာပဲ ဘယ်လောက်ကြာကြာစိတ်ဆိုးရမယ်ဆိုတာကို ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာဝောာင် ရှင်သိသွားပြီပဲ"

“…..!”

အခုတော့ ရှက်တာကြောင့် မျက်လုံးတွေပြူးကျယ်နေတဲ့ကားလစ်က
"အဲ့ဒါက ခံစားချက်တွေကို မဖုံးကွယ်ဖို့ ငါကိုသင်ပေးသွားတဲ့ လူပါး၀တဲ့အမျိုးသမီးတယောက်ကြောင့်‌လေ"

"ကျွန်မသင်ပေးခဲ့တာတွေကို ရှင့်မမေ့သေးတဲ့အတွက် ကျွန်မ၀မ်းသာမိပါတယ် ရှင်က အရမ်းတော်တဲ့ ကျောင်းသားတစ်ယောက်မဟုတ်တော့လေ"

သူမတို့နှစ်ယောက်ကို ကြား၀င်ဖြန်ဖြေသူက အက်စတယ်လာပင် အက်စတယ်လာက သူမကိုမေးလေသည်
"မစ်နေးရား ရှင်တကယ်အဆင်ပြေတာလား"

"ဒါပေါ့ အရှင်မင်းသား ကျွန်မတို့နဲ့ လိုက်လာတော့ ‌ပိုကောင်းတာပေါ့"

သူမတို့ရဲ့အစောင့်အရှောက်အဖြစ် ဒီအရပ်ရှည်ရှည် စစ်သည်ကိုခေါ်သွားရင် ဘယ်သူမှ သူမတို့ကို နှောင့်ယှက်ရဲမှာမဟုတ်ပေ အက်စတယ်လာက သူမကို ကိုယ်ကိုကိုယ် ထိန်းနေသလား စစ်ဆေးတဲ့အနေနဲ့ ကြည့်ပြီး ခေါင်းညိမ့်လေသည်
"အိုကေ ဒါဆိုလဲ တူတူသွားကြတာပေါ့"

ထိုအချိန်မှာတေ့ာ ကားလစ်က အလွန်အံ့အားသင့်ဖွယ်ကောင်းသောမျက်နှာတစ်ခုလုပ်လေသည် ပျော်ရွှင်မှုကို မဖုံးနိုင်ပဲ ကားလစ်ရဲ့ ပါးရိုးတွေက လှုပ်ရွနေလေသည်
'သူလဲ အက်စတယ်လာရဲ့ သစ္စာရှိအစေခံတစ်ယောက်အ‌ဖြစ် ပြန်ရောက်သွားပြန်ပြီလဲ'

အတိတ်မှာတုန်းကလို သဘောဆိုးသောမျက်နှာပုံစံနှင့် ကားလစ်အား သူမကြည့်မိမှာပင် ဒါပေမဲ့ လက်တလော အခြေအနေဆိုးနေတဲ့ သူမရည်းစားလေးအကြောင်းတွေးမိလိုက်ရင် သူမကိုယ်သူမ အမြန်ပြန်ထိန်းလိုက်သည်
'‌အင်း ဒီလိုကျတော့လဲ ချစ်စရာကောင်းသလိုပါပဲ...တစ်ခါတလေပါ'

ကားလစ်ပခုံးကို သူမ တို့လိုက်ပြီး စိတ်မကောင်းစွာပြောလိုက်လေသည်
"ကံကောင်းစွာနဲ့ ရှင် သုံးပတ်တော့ စိတ်မဆိုးတော့ဘူးမလား ရှင်စိတ်ဆိုးဖြစ်ခဲ့ရင် တအားခက်ခဲတဲ့သုံးပတ်ဖြစ်သွားမှာ"

သူမထိုသို့ပြောသောအခါ ကားလစ်က "ဟမ့်" ကထဲ နှာခေါင်းရှုံပြလေသည် ဒါပေမဲ့ သူမပြောတာကိုတော့ သူမငြင်းဆန်နိုင်ပေ သူတို့နှစ်ယောက်ဆီ လျှောက်လာတဲ့ အက်စတယ်လာက သူမလက်ကို လက်တဖက်ဖြင့်ကိုင်ကာ အခြားတစ်ဖက်က ကားလစ်လက်အား ကိုင်လိုက်လေသည် (အက်စတယ်လာ အဖြစ်က တကယ်သနားစရာ ရည်းစားနဲ့ သူငယ်ချင်းကြားညပ်နေ🤣🤣)

အက်စတယ်လာက စိတ်ဆုံးဖြတ်လိုက်သလိုပုံစံနှင့်
"ရထားလုံးက ကျွန်မတို့ကိုစောင့်နေပြီ သွားကြစို့"

* * *

လုရှန်မွေးရပ်မြေက တောင်တန်းတွေကြားမှာတည်ရှိနေတဲ့ ရွာငယ်ကလေးတစ်ခုဖြစ်သည် မူရင်း၀တ္ထုထဲမှာဆို လုရှန်က သူမွေးက‌ထဲက ကျိန်စာသင့်နေခြင်းကြောင့် နှိမ့်စက်ခံခဲ့ရသည် ဒါကြောင့် ရက်စက်တဲ့လူတွေရှိတဲ့ လေးစားစရာမကောင်းတဲ့ရွာလေးတစ်ခုဖြစ်ရမယ်လို့ သူမထင်ခဲ့တယ် သို့သော်လည်း သူမထင်ထားတာနဲ့ လုံး၀မတူပေ

တောင်တန်းတွေရဲ့အောက်မှာ အိမ်သေးသေးလေးတွေ အတူတကွရောထွေးနေပြီး ဆိတ်တွေကလဲ တောင်တန်းတွေရဲ့ အလယ်အလတ်လောက်မှာ အေးချမ်းစွာ မြက်စားနေကြသည် သူမမြင်ခဲ့တဲ့လူတွေက အရမ်းကို သဘောကောင်းပုံပေါက်နေကြသည် ဘယ်ကနေပေါ်လာမှန်းမသိတဲ့ အပြင်လူတွေကို သူတို့က သတိထားနေကြပေမဲ့ သူတို့မျက်လုံးတွေထဲမှာ ရန်လိုစိတ်တော့မရှိပေ သူမမျက်နှာကို ကုတ်ရင်း ပြောလိုက်မိသည်
"သာမန်ကျေးလတ်တောရွာလေးတစ်ခုလိုပါပဲ ဒီကလူတွေက သဘောကောင်းမဲ့ပုံပါပဲ"

အက်စတယ်လာကခေါင်းငြိမ့်ရင်
"ဒီရွာကလေးက ဟိုးတချိန်တုန်းက သာယာရေး ကိုင်းရှိုင်းလွန်းတဲ့ယုံကြည်သူတွေ တည်ဆောက်ထားတာ သူတို့မှာ ဘာမှသိပ်မရှိတော့ သူတို့ရှိရာနဲ့ရောင့်ရဲကြတဲ့ ဖြူစင်တဲ့သူ‌တွေ... ဒါကြောင့် သူတို့က ပိုပြီး အများကြီးရက်စက်နိုင်တယ်"

ရက်စက်တယ်?

အက်စတယ်လာစကားကြောင့် သူမမျက်မှောင်ကြုတ်မိသည် အက်စတယ်လာဘာကိုပြောချင်တာလဲဆိုတာကိုမေးဖို့ လုပ်လိုက်ချိန် အဝေးကအမျိုးသမီးတစ်ယောက်ရဲ့အသံကိုကြားလိုက်ရသည်
“သူတော်စင်?”

မျက်လုံးပြူးကြီးတွေနဲ့ သူမတို့အား ထိုအမျိုးသမီးကကြည့်နေလေသည် အက်စတယ်လာက ရှုပ်ထွေးနေသလိုမျက်နှာနှင့် ခေါင်းကို‌ခါနေတဲ့ ထိုအမျိုးသမီးကိုပြုံးပြလိုက်သည်
"ဟုတ်တယ် ကျွန်မက သူတော်စင်ပါ"

အံဩမှုကြောင့် ထိုအမျိုးသမီးမှာ ပါးစပ်ကိုအုပ်မိသွားလေသည်
"ဘုရားရေ ရှင်က တကယ် သူတော်စင်ပဲ အရင်တုန်းက ကျွန်မရဲ့ခါးလောက်ပဲရှိသေးတာ ဒါပေမဲ့... ရှင်က လှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာပြီပဲ"

"ကျွန်မ ဒီမှာ နားတဲ့ နောက်ဆုံးအကြိမ်က ဆယ်နှစ်လောက်ရှိရောပေါ့ အတော်ကြာခဲ့ပြီပဲ ဒါပေမဲ့ ရှင်ကျွန်မကို မှတ်မိတယ်"

"ဒါပေါ့ ကျွန်မ မှတ်မိရမှာပေါ့"

ဆံပင်နှစ်ဖက်ခွဲစည်းထားတဲ့ အမျိုးသမီးက အက်စတယ်လာကိုကြည့်ပြီးပြောလေသည်
"သူတော်စင် အရင်တစ်ခေါက် ဒီကိုလာလည်တုန်းက ရှင်ကို ဒီနားတ၀ိုက်လိုက်ပြတဲ့သူက ကျွန်မလေ ရှင်က ကျွန်မလို မထင်ရှားတဲ့သူတွေကို ဘယ်မှတ်မိလိမ့်ပါမလဲ"

"အာ... ဆူဆမ်! ရှင်က ဆူဆမ်မလား"

အက်စတယ်လာစကားကြောင့် ဆူဆမ်မျက်နှာမှာ လန့်သွားလေသည်
"ကျွန်မကိုမှတ်မိတယ်ပေါ့?"

"‌ဒါပေါ့ ရှင်က ကျွန်မအပေါ် အရမ်းကြင်နာခဲ့တာလေ ရှင်ပုံစံက အရင်တုန်းကနဲ့ တူတူပဲ တကယ်က ရှင် တအားလှလာတယ်"

ဆူဆမ်က ပျော်ရွှင်စွာရယ်ရင်း
"ရှင်နောက်နေဝာာပဲ အခု ကျွန်မက အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေပါပြီ အဲ့ဒါထားပါ ကြည့်ပါအုမ်း ကျွန်မမှာ ကလေးနှစ်ယောင်ရှိနေပြီ"

"ရှင်ကလေးတောင်မွေးပြီးပြီပေါ့ နည်နည်းနောက်ကျသွားပေမဲ့ ၀မ်းသာပါတယ်"

ဆူဆမ်က ပျော်ရွှင်စွာပြုံးရင်း
"ရှင့်ဆီက ၀မ်းသာစကားရရှိတာ ဂုဏ်ယူစရာပါ ကျွန်မအတွက်တော့ ရှင့်စကားတွေက ကျွန်မရရှိဖူးသမျှလက်ဆောင်တွေထဲမှာ အကောင်းဆုံးပါပဲ ဒါနဲ့ ဒီကိုဘာလာလုပ်တာလဲ"

အက်စတယ်လာဘေးမှာ ရပ်နေတဲ့ သူမနဲ့ ကားလစ်ကိုကြည့်ပြီး ဆူဆမ်မျက်လုံးတွေပြူးကျယ်လာကာ
"ရှင့်ရဲ့အဖော်တွေက ဘုန်းတော်ကြီးပုံစံတွေနဲ့လဲမတူကြဘူး..."

"ကျွန်မဒီကိုလာက ကိုယ်ပိုင်ကိစ္စလေးတစ်ခုကြောင့်ပါ တစ်ယောက်ကတော့ အခု ကျွန်မနဲ့ တွဲနေဝာဲ့သူ"

"အိုး မိုင်..."

ဆူဆမ်က အံဩစွာနှင့် ပါးစပ်ကိုအုပ်လိုက်လေသည် ကားလစ်ကလဲ ဆံပင်ကို ဟိတ်ဟန်အပြည့်နှင့် သပ်ချလိုက်သည် 'ဟုတ်တယ် ဒီကကောင်က အက်စတယ်လာရဲ့ရည်းစား'လို့ ပြောနေသလိုပင်

'ကျစ် ကျစ်! သူအများကြီးပြောင်းလဲသွားပြီထင်ထားဝာာ ‌ဒါပေမဲ့ ကြောက်စရာမင်းသားရောဂါကတော့ ကုသနိုင်မယ်မထင်ဘူး'

သို့သော်လည်း ကားလစ်ရဲ့ကြွားဝါမှုက လွှမ်းမိုးနေသလိုဖြစ်တာကြောင့် အက်စတယ်လာက မြန်မြန်ဘဲ သူမကို မိတ်ဆက်ပေးဖို့ရာ လုပ်တော့သည်
"ဒါက ကျွန်မရဲ့ အဖိုးတန်ဆုံး သူငယ်ချင်း ပြီးတော့ လုရှန်ရဲ့ ဇနီးလောင်း"

“……..!”

ထိုအချိန်မှာတော့ ဆူဆမ်မျက်လုံးတွေပြောင်းလဲသွားဝော့ာသည် သူမရဲ့နွေးထွေးတဲ့မျက်နှာက ဖြူဖျော့သွားတော့သည် မပြောသင်တဲ့အရာတစ်ခုကို သူမကြားလိုက်ရသလိုပင်

အက်စတယ်လာက သူမကိုပြောလေသည်
"တကယ်က ကျွန်မ ဒီကိုလာတာ လုရှန်နဲ့ပတ်သတ်ပြီး စိုးရိမ်စရာတစ်ခုကြောင့် ရွာခေါင်းဆောင်ကို လာတွေ့တာ"

"ကျွန်မ နားလည်ပြီ"

"ရွာခေါင်းဆောင်ရော ဘယ်လိုလဲ"

"သူနေမကောင်းတာ အတော်ကြာပြီ မနှစ်ကထဲက သူအခြေအနေဆိုးနေတာ ဒါကြောင့် သူ အိပ်ရာထဲမှာပဲ လှဲနေနိုင်တော့တယ်"

"ကျွန်မတို့ကို သူဆီ လိုက်ပို့ပေးနိုင်မလား"
ဆူဆမ်က တွန့်ဆုတ်သွားပြီး ခေါင်းညိမ့်လေသည်
* * *

ဆူဆမ်က သူမတို့ကို ရွာထဲ အိမ်တစ်အိမ်ဆီ လိုက်ပို့လေသည် အိမ်အမှောင်ထဲ ‌အားနည်ူနေတဲ့လူအိုကြီးတစ်ယောက်က သေဆုံးတော့မဲ့ပုံစံရှိနေလေသည်
"အို သူတော်စင်ပဲ! မင်းက သူတော်စင်ပဲ"

"မတွေ့ရတာကြာပြီနော် ရွာခေါင်းဆောင်"

နှုတ်ဆက်စကားအတိုချုံးပြောပြီးနောက် အက်စတယ်လာအပေါ် လူအိုကြီးရဲ့ ကြီးမားတဲ့ကြောက်ရွံ့ရိုသေမှုကို သူမခံစားလိုက်ရသည် လူအိုကြီးက ခံစားချက်အပြည့်နှင့် စကားဆက်ပြောဖို့ပြင်လေသည်
"အချိန်ကျရင် မင်းလာမယ်ဆိုတာ ငါသိနေတယ် မင်းဒီကိုလာတာ အဲ့နတ်ဆိုးကို သတ်ပစ်ဖို့ တစ်ခုခုလာရှာတာမလား?"

သူစကားတွေက သူမနှလုံးခုန်တာကို ပိုမြန်လာစေသည် နတ်ဆိုးဆိုတဲ့စကားက လုရှန်ကို ရည်ညွန်းတယ်ဆိုတာ ရှင်းပါလေသည် အက်စတယ်လာက တည်ငြိမ်စွာပြောလေသည်
"ကျွန်မလာမယ်ဆိုတာ ရှင်ဘယ်လိုသိတာလဲ"

"ဒါပေါ့ ငါနဲ့ရင်းနှီးတဲ့ဘုန်းတော်ကြီးတစ်ယောက်ဆီကနေ သူ နတ်ဆိုးဖြစ်သွားပြီဆိုတာကိုငါကြားလိုက်ရတယ် ငါက အံတောင်မဩသွားခဲ့ဘူး အဲ့ခွေးမသားက နတ်ဆိုးဆိုတာ ငါ အရင်ကထဲက သိခဲ့တာ" လူအိုကြီးက တောက်လောင်နေတဲ့အကြည့်တွေဖြင့်

"သူတော်စင်က သူ့ကို ပညာသင်ကြားပေးဖို့ခေါ်သွား‌တာတောင်မှ သူ့ကို လူတွေက စစ်သည်ကောင်းတစ်ယောက်ကို အသိအမှတ်ပြုလာတာတောင်မှ ရွာသားတွေက သူ့ကို အထင်မှားမိကြောင်း ၀န်ခံကြပြီး အတိတ်ကို အရေးမစိုက်သလိုနေကြတာတောင်မှ ငါကတော့ ဘယ်တော့မှ ငါရဲ့ မူလအတွေးကို အရှုံးမပေးခဲ့ဘူး သူကနတ်ဆိုးတကောင် တနေ့ သူကိုယ်သူ ချပြလာပါလိမ့်မယ်"

လူအိုကြီးက ပျော်ရွှင်သောအမူအရာဖြင့် ဆက်ပြောလေသည်
"အခုပဲ ကြည့်လေ အဲ့တနေ့က နောက်‌ဆုံးတော့ ရောက်လာပြီလေ"
လူအိုကြီးရဲ့ ချိုင့်၀င်နေတဲ့မျက်လုံးတွေထဲမှာ သူယူဆချက်က မှန်ကန်သွားသဖြင့် ဂုဏ်ယူမှုတွေနှင့် ပြည့်နှက်နေလေသည်

(နောက်အပိုင်းတွေအတွက် brave yourself ပါချစ်တို့ရေ🥹)

Continue Reading

You'll Also Like

3M 403K 129
ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်တဲ့ ကောင်လေးရယ် သွက်သွက်လက်လက် ထက်ထက်ြမက်မြက်နဲ့ ပျော်ပျော်နေတတ်ပြီး ဆွဲဆောင်မှုရှိတ...
2.1M 203K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
1.3M 67.4K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...