Unicode
အခန်း၅
🦋 ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
၂၀၁၈ခုနှစ်
လေယာဉ်ဟာ ရန်ကုန်လေဆိပ်မှစပျံသန်း
နေစဉ်မှာ လိပ်ပြာ ထိုင်ခုံကို ကျစ်နေအောင်ဆုတ်ထားပြီး မျက်လုံးကိုမှိတ်ထားမိသည်။
နဖူးစပ်မှာတောင် ချွေးစေးတွေထွက်လာသလိုပဲ။
ကိုယ့်အာရုံနဲ့ကိုယ် စာအုပ်ဖတ်နေတဲ့သူရ ဘေးကိုကြည့်လိုက်တော့ လိပ်ပြာဖြူက အံကိုကြိတ်ပြီး ချွေးတွေပြန်နေသည်။
"ဟိတ်..ဟိတ်..မင်းဘာဖြစ်နေတာလဲ.."
သူမရဲ့ ပုခုံးကို လက်ညှိုးထိပ်လေးနဲ့တို့ပြီး
မေးလိုက်တော့ သူမကငိုတော့မလိုမျက်နှာနှင့်ရှုံ့မဲ့ပြီး ပြန်ကြည့်လာသည်။
"လိပ်ပြာ..ကြောက်..ကြောက်လို့ပါ..အခုမှပထမ ဆုံးလေယာဉ်စီးဖူးလို့..အခုလေယာဉ်ကြီးကတုန်နေတာ..တော်ကြာပေါက်ကွဲသွားရင်..ဘယ်လိုလုပ်မလဲ..လိပ်ပြာမသေချင်သေးဘူး..."
တစ်သက်နဲ့တစ်ကိုယ် သူတစ်ပါးကြောက်နေတာကိုကြည့်ပြီး ရယ်ချင်နေတာ သူ့အတွက်ဒါပထမဆုံးပဲ။
အေးလေ သူ့အနေနဲ့ဆိုရင်လေယာဉ်စီးရတာက စက်ဘီးစီးရသလိုတောင် ကျင့်သားရနေပေပြီ။
သူမကပထမဆုံးဆိုမို့ ဒီလောက်တော့ကြောက်မှာပေါ့။
"မကြောက်နဲ့..လေကြောင်းလိုင်းက ကမ္ဘာပေါ်မှာ..အက်စီးဒန့်ဖြစ်မှုအနည်းဆုံး သယ်ယူပို့ဆောင်ရေးတစ်ခုပဲ...အခုလေယာဉ်တုန်သွားတာက စပြီးပျံတက်နေတာကြောင့်ပဲ
..ဒီလိုပဲလေဆိပ်မှာ လေယာဉ်ဆိုက်ရင်လည်း တစ်ခါတုန်အုံးမှာ..အဲ့တာကလည်းဘာမှ
အန္တရယ်မရှိပါဘူး..လေယာဉ်ငြိမ်ပြီးပျံနေတယ်ဆိုရင် အဲ့ဒါလေယာဉ်က..တိမ်တိုက်တွေထဲမှာအန္တရယ်ကင်းစွာ ပျံသန်းနေလို့ပဲ..ဘာမှစိတ်မပူနဲ့..လေ၀င်လေထွက်မှန်မှန်ရှူ..စိတ်ကိုပေါ့ပေါ့းပါးပါးထား ကိုယ်မင်းဘေးမှာရှိနေမယ်..."
"ဟူး..လိပ်ပြာ..အဆင်ပြေလာသလိုပဲ.."
အောက်စီဂျင်ပြတ်နေတဲ့ လူတစ်လောက်လို လေကိုလုရှူရင်း ရယ်ကျဲကျဲလုပ်ပြနေတဲ့သူမကြောင့် သူနဲနဲတော့ စိတ်သက်သာရာရသွားသည်။
နေပါဦး အခုငါကမိန်းကလေးတစ်ယောက်ကို စကားတွေ စီကာပတ်ကုံးပြောပြီး စိတ်ပူပေးနေမိတာလား။
သေချာတာက ဒါငါ့ပုံစံမဟုတ်ဘူး။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
မန္တလေးမြို့🏯
"နန်းတော်၀န် ဟိုတယ်မှကြိုဆိုပါတယ်ဆရာ"
"ဟင်..."
လိပ်ပြာလန့်ပြီး ခန္တာကိုယ်တောင် ကြုံ့၀င်သွားမိသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တန်းလာခဲ့သည်က နန်းတော်၀န်ဟိုတယ်ကိုဖြစ်သည်။
မထင်ထားမိတာက ဒီဟိုတယ်ကလည်းသူပိုင်နေခြင်းပင်။
အသက်၂၄နှစ်အရွယ် လူငယ်လေးက
ဒီလောက်အထိစွမ်းဆောင်နိုင်တာလား။
မယုံနိုင်စရာပဲ။
ဟိုတယ်ထဲ၀င်၀င်ချင်းပဲ ရာထူးကြီး၀န်ထမ်းတွေအကုန်လုံးက အလေးပြုအနေအထားမျိုးဖြစ်နေလေသည်။
သူ့ထက်အစပေါင်းများစွာကြီးတဲ့လူတွေကတောင် သူ့ကိုဆရာခေါ်နေကြရသည်။
"သူ့နာမည်က လိပ်ပြာဖြူပါ..ကျွန်တော့်ရဲ့
PAပဲ မဝေလင်း..လိပ်ပြာဖြူတည်းဖို့ အခန်းစီစဉ်ပေးလိုက်ပါ.."
"ဟုတ်ကဲ့..ဆရာ.."
"လိပ်ပြာဖြူ..နောက်၂နာရီအတိမှာ..ဟိုတယ်ရဲ့အရှေ့မှာ ကိုယ်စောင့်နေမယ်..အချိန်တိကျပါစေ.."
"ဟုတ်ကဲ့..."
အတည်ပေါက်ကြီးနဲ့အမိန့်ပေးသွားလိုက်တာများ ရုပ်ကလေးနဲ့မှမလိုက် အမြင်ကပ်ဖို့တော်တော်ကောင်းတယ်။
မဝေလင်းဆိုသူနှင့် ဟိုတယ်ရဲ့ အခြားတစ်ဖက်မှာရှိတဲ့ ဘန်ဂလိုငယ်တစ်ခုဆီသို့လိုက်လာခဲ့လိုက်သည်။
လမ်းတစ်လျှောက်လုံးမှာလည်း ဟိုတယ်ကြီးရဲ့ခမ်းနားထည်ဝါမှုက လိပ်ပြာအဖို့ အခုမှမြို့တက်လာတဲ့ တောသူမလိုပဲ အံ့ဩမဆုံးဖြစ်နေမိသည်။
ကိုယ်နားရမဲ့အခန်းလည်းရောက်ရော အရှင်
လတ်လတ်နတ်ပြည်များရောက်လာသလား ထင်မှတ်မိသည်။
"ဝါး..အခန်းကြီးကအကျယ်ကြီးပဲ.."
"ညီမလိပ်ပြာ..အေးဆေးနားနော်..တစ်ခုခုလိုတာရှိရင်..ဒီမှာအစ်မ ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်လိုက်ပါ.."
"ဟုတ်ကဲ့..ဒါနဲ့အစ်မ..ကျွန်မ မေးစရာလေးတစ်ခုရှိနေလို့..."
"ဟုတ်မေးပါ.."
"ဟိုမှာ ချိပ်ထားတဲ့ ပန်းချီကားတွေကဘယ်ပန်းချီဆရာဆွဲထားတာလဲဟင် လိပ်ပြာ ဟိုတယ်ကြီးထဲမှာလည်း ပန်းချီကားတွေ ချိပ်ထားတာတွေ့လိုက်တယ်..."
ဧည့်ခန်းမှာ ချိတ်ထားသည့် ပန်းချီကားချပ်ဆီသို့လိပ်ပြာ မေးငေါ့ပြလိုက်ပြီး မေးလိုက်ခြင်းဖြစ်သည်။
"အော်..ဒီဟိုတယ်မှာသုံးထားတဲ့ ပန်းချီကားတွေက ဆရာကိုယ်တိုင်ဆွဲထားတာတွေများတယ်..."
"အော်.."
သူကပန်းချီလဲ ဆွဲတတ်တာလား။
လိပ်ပြာဆိုသည်မှာလည်း ပန်းချီဆရာဆိုရင် အလိုလိုကို လေးစားနေမိသူပါ။
မဝေလင်း ပြန်သွားတာနှင့် ပန်းချီကားချပ်အနားသို့ သွားပြီးသေချာကြည့်လိုက်မိသည်။
သူ့ပန်းချီကားက ပင်လယ်ကမ်းစပ်မှာ
လဲလျှောင်းနေတဲ့ ကောင်မလေးကို လှိုင်းလုံးတွေအုပ်မိုးလာမလားဆိုတဲ့ လျှို့ဝှက်ချက်လေးပါနေသလိုပဲ။
"ဟင်..ဒီလတ်မှတ်က.."
ပန်းချီရဲ့ ထောင့်စွန်းမှာထိုးထားတဲ့ wind(လေ)ဆိုတဲ့လတ်မှတ်က လိပ်ပြာအတွက် ကိုးနှစ်တာလုံး စုပ်တံတွေကိုလွှတ်ချမိအောင် လုပ်ပစ်ခဲ့တဲ့ အမည်နာမလေးတစ်ခုပဲ။
ဒါဆို သူက လိပ်ပြာပန်းချီမဆွဲချင်တော့တဲ့ အကြောင်းအရင်းပေါ့။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
လွန်ခဲ့သော၉နှစ်
"ကဲ..ကလေးတို့ရေ..ဒီနေ့တော့ အသီးတွေကို ခဲခြစ်နည်း..ဆရာမသင်ပေးမယ်နော်...
"ဆရာမ..."
"ဟင်..လိပ်ပြာ..ဘာဖြစ်လို့လဲသမီး..."
"မြို့နယ်အဆင့်ပန်းချီပြိုင်ပွဲမှာပြိုင်ရမဲ့ ရလဒ်တွေထွက်လာပြီလား..."
"အော်...ထွက်လာပြီသမီး..ဆရာမစိတ်တော့မကောင်းပါဘူး လိပ်ပြာလေးရဲ့ပန်းချီက ဒုတိယဖြစ်သွားတယ်..၁၀တန်းကကောင်လေးကပထမရသွားတော့..ပြိုင်ဖို့..သူ့ကိုပဲရွေးလိုက်ကြတယ်...
ဘာမှစိတ်မညစ်ပါနဲ့ကွယ်..နောက်နှစ်တွေလည်းအခွင့်အရေး..ရှိပါသေးတယ်..ဆက်ကြိုးစားပေါ့နော်..."
လိပ်ပြာ ဟန်ပင်မဆောင်နိုင်တော့ပဲ ငိုမဲ့မဲ့ရုပ်ကြီးဖြစ်သွားရသည်။
ဒါလိပ်ပြာရဲ့ ပန်းချီဆက်ဆွဲနိုင်ခွင့်ရမဲ့နောက်ဆုံးအခွင့်အရေးပဲ။
လိပ်ပြာ ဒီအခွင့်အရေးကို ဆုံးရှုံးလိုက်ရပြီပေါ့။
"လိပ်ပြာ နင်အဆင်ပြေရဲ့လား.."
"ဟင့်အင်း..ငါ..ငါ..အဲဒီ့အစ်ကိုရဲ့ပန်းချီကားကိုသွားကြည့်ချင်တယ်..."
"ပထမရတဲ့ ပန်းချီကားကို ဟောခန်းရဲ့ရှေ့ကဘုတ်မှာချိပ်ကြမှာတဲ့ ငါတို့အိမ်သာသွားဖို့ ခွင့်တောင်းပြီး သွားကြည့်ကြမလား.."
"အင်း..ကောင်းတယ်.."
"ဆရာမ..သမီးတို့.."
သူဇာဖြိုးက ဆရာမကိုလက်ညှိုးထောင်ပြီး အလေးသွားဖို့ခွင့်တောင်းရာ ဆရာမကခေါင်းငြိမ့်ပြလေသည်။
စာသင်ခန်းထဲကထွက်လိုက်တယ်ဆိုရင် ကိုယ့်ပြိုင်ဘက်ရဲ့ ပန်းချီလက်ရာကိုကြည့်ချင်စိတ်ကစောနေမိသည်။
"သူဇာ မြန်မြန်လာပါ.."
"အေးပါဟယ်..."
စာသင်ချိန်အတွင်းဖြစ်တာကြောင့် ကျောင်းခန်းပြင်ပမှာပြေးလွှားနေတဲ့ အရိပ်ကလေးက လိပ်ပြာတို့နှစ်ဦးသာရှိပါသည်။
ဟောခန်းအရှေ့ကိုရောက်တော့ ဘုတ်မှာချိပ်ထားတဲ့ ပန်ချီကားလေးကိုတွေ့လိုက်ရသည်။
လိပ်ပြာရဲ့လက်ကလေးနဲ့ တို့ထိကြည့်လိုက်မိသည်။
အသက်၀င်လိုက်တဲ့ ပန်းချီလေးပါလား။
လိပ်ပြာ ဆွဲခဲ့တာက ထမိန်တိုတို၀တ်ပြီး
ရောင်ပေစူးလေးနဲ့ တောသူမလေးဟာ ငှက်ကလေးတွေကို အစာကျွေးနေရင်း ပျော်မြူးနေတဲ့ပုံလေးပါ။
လိပ်ပြာရဲ့ပန်းချီက အရမ်းရိုးရှင်းတယ် လွတ်လပ်မှုအပြည့်ရှိတယ် ကြည့်လိုက်တာနဲ့ပျော်ရွှင်စရာလေးပေါ့။
ဒါပေမဲ့သူ့ပန်ချီကားကတော့ မြင်ရသူတိုင်းရဲ့ အသဲကိုငိုမိအောင် မေးခွန်းထုတ်နေသလိုပဲ။
ခေါင်မိုးထပ်မှာ ကလေးမလေးနှစ်ယောက်ထိုင်နေပေမဲ့ တစ်ယောက်ကတော့ဝိဉာဉ်ဖြစ်နေလေပြီ။
မတူညီတော့တဲ့ဘ၀မှာတောင် သူတို့ဟာအခင်အမင်မပျက်ကြသလိုပဲ။
လိပ်ပြာကြည့်လေ ၀မ်းနည်းလေပါပဲ။
ပန်းချီကားချပ်လေးရဲ့ အောက်ဆုံးထောင့်စွန်းလေးမှာ windဆိုပြီး
လတ်မှတ်ထိုးထားလေသည်။
"လိပ်ပြာ သူ့ပန်းချီက တကယ်၀မ်းနည်းဖို့ကောင်းတယ်နော်..နင်လည်းနောက်နှစ်ကျရင် ရမှာပါ..အားတင်းထား.."
"ငါဘယ်တော့မှ ပန်းချီမဆွဲတော့ဘူး...ငါ့မိဘတွေကြောင့်ဆိုတာထက် ငါ့စိတ်ကိုကဆုံးဖြတ်လိုက်တာ..."
လိပ်ပြာရဲ့မိဘတွေကိုကတိခံခဲ့တာတစ်ခုရှိနေသည်။
မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲမှာ၀င်ပြိုင်ခွင့်ရရင် အနာပညာကျောင်း တက်ခွင့်ပြုဖို့ပေါ့။
တကယ်လို့ဒီနှစ်မှပြိုင်ခွင့်မရရင် လိပ်ပြာကိုပန်းချီဆရာမလုပ်ခွင့်မပေးတော့ဘူးတဲ့လေ။
အခုတော့ ကျောင်းအဆင့်မှာတင် လိပ်ပြာရှုံးသွားမှတော့ ဘာတွေကိုထပ်ပြိုင်ချင်နေသေးမှာလဲ။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
၂၀၁၈ခုနှစ်
အတိတ်အကြောင်းတွေကို တွေးရင်း ပန်းချီကားချပ်လေးရှေ့မှာ လိပ်ပြာငိုနေမိသည်။
"လက်စသတ်တော့ တရားခံကဒင်းကို..ဒါနဲ့သူ့ပန်းချီတွေက ဘာလို့အထီးကျန်ဆန်နေရတာလဲ.."
ငါကရောဒီမှာဘာလုပ်နေမိတာလဲ။
ရုတ်တရက်အကြည့်က နာရီကိုရောက်သွားတော့
၅နာရီခွဲတော့မည်။
"ဟင်..ဟာ..သေပြီ..သေပြီ..လိပ်ပြာမရေ..
ဖီးလို့ကောင်းနေတာနဲ့ ရေလဲမချိုးရသေး..
ထမင်းလည်းမစားရသေးဘူး..."
ဟိုဟာပြေးဆွဲလိုက်၊ဒီဟာပြေးဆွဲလိုက်နှင့် အခန်းထဲမှာပွထပြီးကျန်ခဲ့လဲ ဂရုမဆိုက်နိုင်စွာ ဝါးတီးအမြန်ဆွဲဖို့ ပြေးရသည်။
ဟိုတယ် အရှေ့ကိုရောက်တော့သူက ကားကိုမှီရပ်ရင်း ဖုန်းပြောနေလေသည်။
အနောက်ကနေကြည့်တော့ သူ့ကျောပြင်ကအကျယ်ကြီးလိုပဲ။
"အော်..သူများတွေကျတော့..ဥစ္စာပေါ..
ရုပ်ပါချောလိုက်ကြတာ..ဘယ်ဘ၀ကကုသိုလ်တွေကြောင့်လဲမသိဘူး...ဒါကြောင့်မို့ ဒီလိုမာန်တက်နေနိုင်တာပေါ့..."
သူ့အတင်းကို ကိုယ့်စိတ်ထဲကပြောမိပြီး သူကလှည့်ကြည့်လာရာ မချိပြုံးလေး ပြုံးပြလိုက်သည်။
"မင်းအချိန်..ကွက်တိရောက်သားပဲ.."
"ကားပေါ်တက်လိုက်..."
"ဟုတ်ကဲ့.."
ဟိုတယ်မှထွက်ပြီးနောက် ဘူတာကြီးရယ်၊ဈေးချိုရယ်ကို ဖြတ်မောင်းသွားတော့ မန္တလေးရဲ့ပြယုဒ်တွေကို တစ်ချိန်တည်းမြင်လိုက်ရသလိုပါပဲ။
လိပ်ပြာအတွေးထဲမှာတော့ မန္တလေးကိုရောက်တုံးရောက်ခိုက် ဦးပိန်တံတားတို့၊မန္တလေးတောင်၊ရန်ကင်းတောင်၊ရွှေကျောင်းတွေရော ကုသိုလ်တော်တွေရော သွားချင်တာမှစုံနေတာပါပဲ။
အခုနေသာရည်းစားရှိရင် ဦးပိန်တံတားမှာနေ၀င်ချိန်လေးကို အတွဲလေးနဲ့ ကိုကာကိုလာလေးသောက်ပြီး ချစ်သူရဲ့ပုခုံးလေးကိုမှီရင်း
တီတီတာတာတွေ ချွဲနွဲ့ကြည့်ချင်လိုက်တာ။
လိပ်ပြာရယ်တက္ကသိုလ်ကျောင်းသားဘ၀က ဘာတွေများအလုပ်ရှုပ်နေလို့ ချစ်သူလေးတစ်ယောက်လောက်မရှာနိုင်ခဲ့ရတာလဲ။
စားသောက်ဆိုင်မှာ တစ်လျှောက်လုံးသူ့နောက်ကလိုက်ပြီး လိုအပ်တာတွေသေချာလိုက်မှတ်နေတဲ့ ကောင်မလေးကို သူတစ်ချက်တော့သဘောကျနေမိသည်။
သူမက ဘယ်လောက်ပင်ပန်းပါစေ..တစ်ချက်မငြီးဘူးဆိုတာပါပဲ။
လူကောင်လေးသေးပြီး ကလေးပေါက်စရုပ်ပေါက်နေပေမဲ့ သူမကဒီလောက်စိတ်ဓာတ်
မာလိမ့်မယ်လို့ သူရ မထင်ထားခဲ့ဘူး။
အချိန်အားဖြင့် ည၈နာရီခွဲနေတာကြောင့် ဟိုတယ်ထဲကိုကား၀င်လာပေမဲ့ သူမကတော့အိပ်ငိုက်လို့ကောင်းနေလေသည်။
သူရ ကားစတီယာရင်ကို တံတောင်ထောက်ထားပြီး မေးစေ့ကိုလက်ညှိုးနဲ့ပွတ်ကာ သူမဘက်ကို ခန္ဓာကိုယ်စောင်းပြီး ကြည့်နေမိသည်။
မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာကို အတွင်းစိတ်ရင်းနဲ့ ကြည့်နေမိတာ ဒါပထမဆုံးပဲ။
သူမက ဘယ်လိုမိန်းကလေးမျိုးလဲ။
ဒီလောက်ငယ်ရွယ်တဲ့ ကလေးမလေးက သူစိမ်းယောက်ျားနဲ့ ခရီးအတူထွက်ဖို့ သတ္တိရှိတယ်ပေါ့။
"အင်း..ဝါး.."
"မင်းနိုးလာပြီလား.."
"ဟင်..."
အလင်းမှိန်ဖြဖြပေမဲ့ တောက်ပစူးရှနေတဲ့သူ့မျက်၀န်းတွေက လိပ်ပြာကိုတည့်တည့်လာကြည့်နေတော့ ကြက်သီးတောင်ထတယ်။
"ဟို..ရောက်တာကြာပြီလား..လိပ်ပြာအိပ်ပျော်သွားတယ်.."
"သိပ်မကြာသေးပါဘူး..ဆယ့်ငါးမိနှစ်ပဲကြာသေးတယ်.."
ပြေားရင်းဆိုရင်း ကားပေါ်မှဆင်းသွားတဲ့ သူ့နောက်သို့လိုက်သွားပြီး သူ့ဘေးမှကပ်မေးလိုက်သည်။
"အဲ့ဒါကျွန်မကို ဘာလို့မနှိုးတာလဲ..အားနာစရာကြီး..နောက်တစ်ခါမဖြစ်စေရပါဘူး.."
"ကျွတ်.."
ခြေလှမ်းကျဲကြီးတွေနဲ့ လမ်းလျှောက်နေရာမှလိပ်ပြာကို စကားသိပ်များတာပဲဆိုသည့်အကြည့်နဲ့လာကြည့်လေသည်။
"ငါ့နဲ့ကားစီးရင် မင်းအိပ်ငိုက်လို့ရတယ်.."
သူကတော့ ပြောပြီး ပြီးသွားပေမဲ့။လိပ်ပြာကကျောက်ရုပ်ကြီး ဖြစ်ကျန်ခဲ့သည်။
ပြောင်းပြန်တွေးရင် သူများနဲ့စီးတဲ့အခါ အိပ်ငိုက်လို့မရဘူးပေါ့။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
"မမဖြူ..မနက်ဖြန် ညနေပိုင်း တောင်သမန်အင်းကို ဟိုတယ်ကဧည့်သည်မမတွေကလိုက်ပို့ခိုင်းနေတာ..ကျွန်တော်တို့လည်း ပိတ်တာဆိုတော့အတော်ပဲ မမအားရင်လိုက်ခဲ့ပါလား.."
"အားတယ်..အားတယ်..အလုပ်တွေလည်းပြတ်နေပြီပဲ..မမလိုက်ခဲ့မယ်..သေချာစောင့်နော်.."
"စိတ်ချမမ..သီတာတို့လည်းပိတ်တော့..မမနဲ့အဖော်လိုက်ပေးမယ်..ဒီကောင်တွေကို စိတ်မချဘူး.."
သူရ ရေကူးကန်ရဲ့ ဒရင်းဘတ်ပေါ်မှာ အေးဆေးအနားယူနေချိန်မှာ ဆူညံသံတွေကြားလို့ လှည့်ကြည့်လိုက်ရာ လိပ်ပြာဖြူတို့အဖွဲ့ဖြစ်နေသည်။
ဟိုတယ်မှာ နေတာမှတစ်ပတ်တောင်မပြည့်သေးဘူး သူမသူ့ထက်တောင်၀န်ထမ်းတွေနဲ့
ရင်းနှီးနေလေသည်။
စကားတွေဖောင်ဖွဲ့နေလိုက်ကြတာ သူ့ကိုတောင်မမြင်ကြဘူး။
သူကလည်း လူငယ်ဆန်ဆန်ဘောင်းဘီအတို၊တီရှပ်ကိုယ်ကျပ်၀တ်ထားပြီး မျက်မှန်အမည်းကြီးက တပ်ထားသေးတော့ သူတို့ချက်ချင်းမမှတ်မိဘူးထင်ပါတယ်။
မျက်လုံးကို ပြန်မှိတ်ပြီး ကိုယ့်အာရုံနှင့်ကိုယ်ပဲပြန်နေလိုက်သည်။
"သီတာရေ..အဲ့လိုမပတ်နဲ့လေ.."
"မရဘူးပတ်မှာပဲ.."
"ဟား..ဟား..ဟာ..ဝေမောင်..လိပ်ပြာကိုမပတ်နဲ့.."
"ကျွန်တော့်အလှည့်ကတော့ ရယ်ပြီး..မရဘူး..."
"ဗွမ်း!!ဗွမ်း...ဗွမ်း.."
သူရအဖို့နားတွေ အင်မတန်ညီးလာ၍
ဘန်ဂလိုကိုပဲပြန်ရန်ထရပ်လိုက်သည်။
ရေကူးကန်ဖက်ကို တစ်ချက်ကြည့်လိုက်တော့ကလေးတွေလည်းမဟုတ်ပဲ ရေပတ်တိုင်းကစားနေကြလေသည်။
သူ့ကြည့်နေတဲ့အချိန်မှာပဲ ကောင်လေးတစ်ယောက်က လိပ်ပြာဖြူအနားကို ရေတွေ
ဖိပတ်ရင်း တဖြည်းဖြည်းတိုးသွားနေလေသည်။
သူမအနားကိုရောက်တော့ ထိုကောင်လေးကဖက်တော့မလိုပုံစံမျိုး လုပ်နေတာကြောင့် မျက်မှန်ကိုဆွဲချွတ်လိုက်ပြီး ခြေလှမ်းကိုမြန်မြန်လျှောက်လိုက်သည်။
"လိပ်ပြာဖြူ!!!မင်းဘာလုပ်နေတာလဲ.."
"ဟင်!!!"
"ဟာ!!!ဆရာသူရ ..."
ရေကစားနေသူတွေအကုန်လုံး ဟိန်းထွက်လာတဲ့သူ့အသံကြီးကြောင့် ကြောက်ဒူးတုန်သလိုတောင် ဖြစ်လာကြသည်။
လိပ်ပြာမော့ကြည့်လိုက်တော့ ရေကန်ဘောင်ပေါ်မှာ မျက်မှောင်ကြုံ့ပြီး လိပ်ပြာကိုရပ်ကြည့်နေတာက ဘုန်းမြတ်သူရဆိုတဲ့လူကြီးပါ။
"အခုချက်ချင်း..ငါနဲ့စာရင်းတွေလုပ်ဖို့လိုက်ခဲ့.."
အမိန့်ပေးသံကြီးက ရေလှိုင်းတွေတောင်ထနိုင်လောက်ပါသည်။
စာရင်းတွေက တော်တော်အရေးကြီးနေလို့ဖြစ်လိမ့်မယ်။
"ဟုတ်..ဟုတ်ကဲ့..."
"ကလေးတို့..မနက်ဖြန်..တောင်သမန်အင်းကိုလိုက်မှာနော်..."
"ဟုတ်..ဟုတ်ကဲ့မမ.."
လိပ်ပြာ ရေကန်ဘောင်နားကိုကပ်သွားလိုက်တယ်ဆိုရင် ဦးဘုန်းမြတ်ကြီးက ငုတ်တုတ်
ထိုင်ချပြီး ချိုင်းကနေအတင်းဖိကိုင်ကာ ဆွဲတင်မချလိုက်သည်။
"အား..ဘယ်လို..လုပ်တာလဲ.."
"ငါစိတ်မရှည်ဘူး..မြန်မြန်လာ.."
သူ့ကခြေလှမ်းကျဲကြီးတွေနှင့် ရှေ့မှလျှောက်တော့ နောက်ကနေသပါတ်အုပ်ပြီး ကိုယ့်
ဘန်ကလိုကိုအတင်းပြေးရသည်။
သူတည်းတဲ့နေရာနဲ့ လိပ်ပြာရဲ့နေရာက သိပ်မဝေးတာကြောင့်တစ်လမ်းတည်း ဖြစ်နေလေသည်။
လမ်းတစ်၀က်ကိုရောက်တော့ သူကတုံ့ကနဲရပ်လိုက်ပြီး လိပ်ပြာကိုလာကြည့်လေသည်။
"ငါနားချင်ပြီ ငါ့ဆီမင်းလာစရာမလိုတော့ဘူး.."
"ဟမ်..ခုနကပဲ..စာရင်းဆို.."
သူ့ကိုမေးခွန်းပြန်ထုတ်တော့လည်း မကြိုက်တဲ့မျက်နှာမျိုးနှင့်ကြည့်လာပြန်သည်။
တစ်မျိုးပြီး တစ်မျိုးပါလား။
"ကောင်းပါပြီ...လိပ်ပြာလည်းအခန်းကိုပြန်ပါတော့မယ်..."
"ဒီမှာ.."
လိပ်ပြာသူ့ကိုကျောခိုင်းပြီး ကိုယ့်အခန်းကိုသွားတဲ့လမ်းဖက်သို့ ပြန်လှည့်စဉ်မှာ နောက်ကထပ်ခေါ်လိုက်လို့ ပြန်လှည့်ကြည့်ရပြန်သည်။
သူကလိပ်ပြာဆီကို ခြေတစ်လှမ်းလောက်တိုးလာပြီး ခပ်တည်တည်စိုက်ကြည့်လာလေသည်။
"ရေကူးကန်မှာ..မင်းရေကူးခွင့်မရှိဘူး.."
"ဘာ!!!!"
လိပ်ပြာက "ဘာ"ပဲရှိသေးတယ်။သူက လိပ်ပြာရှေ့မှာမရှိတော့ပေ။မြန်လိုက်တဲ့ခြေထောက်ဆိုတာ။
ဒီလူက သူပဲသူများကိုမေးခွန်းမေးမယ်၊အမိန့်ထုတ်မယ် သူ့ကိုဘာမှ လာမမေးနဲ့ဆိုတဲ့လူမျိုးပါလား။
စိတ်ရှိတိုင်းလုပ်ရရင်လေ နောက်ကနေပြေးကန်ချင်တာပဲသိတယ်။
"ရေကူးကန်က..လူတွေရေကူးဖို့ လုပ်ပေးထားတာမဟုတ်ဘူးလား..အာ့ဆို..သူ့ဟိုတယ်မှာ ဘာလို့..ရေကူးကန်ကြီးဆောက်ထားသေးလဲ.."
"ဒါမှမဟုတ်..ငါတစ်ယောက်ထဲကိုပဲ ကူးခွင့်မပေးတာလား..ဘာလို့လဲ...ဟာ..စိတ်ရှုပ်လာပြီ..ဒီလူ့ဂွစာကြီးနဲ့တော့ ကြာရင်လူသတ်မိတော့မှာပဲ..."
စိတ်ညစ်ညစ်နှင့်ပဲ အခန်းထဲပြန်ရောက်တော့ ရေမိုးချိုးပြီး အိပ်ချပစ်လိုက်တော့သည်။
အိပ်မက်ထဲမှာတော့ ဘယ်ကမ္ဘာမှာပဲတွေ့တွေ့ တစ်စက်မှအချိုးမပြေတဲ့ လူကြီးကရောက်
လာလေသည်။
Author..ဆောင်းငွေ့ဝေ
Mon , April 17,2023
8 :50PM
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
မန္တလေးမြို့ကတော့ မနက်ဖြန်မှပဲလည်ကြမယ်နော်
"လိပ်ပြာကတော့ သူရကိုအမြဲရှုံးနေသလိုပဲ"
"ဦးဘုန်းမြတ်ကြီးကတော့ တစ်ခွန်းဆိုတစ်ခွန်း ထိမိနေတယ်မလား"😀
မတင်မဲ့နေ့ဆိုကြိုပြောပေးမယ်နော် ခုတော့ပုံမှန် updateပေးမယ်
အမှားပါရင်ဝေဖန်ပေးကြပါအုံး
ဖတ်မိလို့ကြိုက်နှစ်သက်ရင် ⭐voteလေးလဲပေးနိုင်သလိုshareလုပ်ပေးနိုင်ပါတယ်😀
Zawgyi 🌻
အခန္း၅
🦋 ခ်စ္လိပ္ျပာေလး တဝဲလည္လည္🦋
၂၀၁၈ခုႏွစ္
ေလယာဥ္ဟာ ရန္ကုန္ေလဆိပ္မွစပ်ံသန္း
ေနစဥ္မွာ လိပ္ျပာ ထိုင္ခုံကို က်စ္ေနေအာင္ဆုတ္ထားၿပီး မ်က္လုံးကိုမွိတ္ထားမိသည္။
နဖူးစပ္မွာေတာင္ ေခြၽးေစးေတြထြက္လာသလိုပဲ။
ကိုယ့္အာ႐ုံနဲ႔ကိုယ္ စာအုပ္ဖတ္ေနတဲ့သူရ ေဘးကိုၾကည့္လိုက္ေတာ့ လိပ္ျပာျဖဴက အံကိုႀကိတ္ၿပီး ေခြၽးေတြျပန္ေနသည္။
"ဟိတ္..ဟိတ္..မင္းဘာျဖစ္ေနတာလဲ.."
သူမရဲ႕ ပုခုံးကို လက္ညႇိဳးထိပ္ေလးနဲ႔တို႔ၿပီး
ေမးလိုက္ေတာ့ သူမကငိုေတာ့မလိုမ်က္ႏွာႏွင့္ရႈံ႕မဲ့ၿပီး ျပန္ၾကည့္လာသည္။
"လိပ္ျပာ..ေၾကာက္..ေၾကာက္လို႔ပါ..အခုမွပထမ ဆုံးေလယာဥ္စီးဖူးလို႔..အခုေလယာဥ္ႀကီးကတုန္ေနတာ..ေတာ္ၾကာေပါက္ကြဲသြားရင္..ဘယ္လိုလုပ္မလဲ..လိပ္ျပာမေသခ်င္ေသးဘူး..."
တစ္သက္နဲ႔တစ္ကိုယ္ သူတစ္ပါးေၾကာက္ေနတာကိုၾကည့္ၿပီး ရယ္ခ်င္ေနတာ သူ႔အတြက္ဒါပထမဆုံးပဲ။
ေအးေလ သူ႔အေနနဲ႔ဆိုရင္ေလယာဥ္စီးရတာက စက္ဘီးစီးရသလိုေတာင္ က်င့္သားရေနေပၿပီ။
သူမကပထမဆုံးဆိုမို႔ ဒီေလာက္ေတာ့ေၾကာက္မွာေပါ့။
"မေၾကာက္နဲ႔..ေလေၾကာင္းလိုင္းက ကမာၻေပၚမွာ..အက္စီးဒန႔္ျဖစ္မႈအနည္းဆုံး သယ္ယူပို႔ေဆာင္ေရးတစ္ခုပဲ...အခုေလယာဥ္တုန္သြားတာက စၿပီးပ်ံတက္ေနတာေၾကာင့္ပဲ
..ဒီလိုပဲေလဆိပ္မွာ ေလယာဥ္ဆိုက္ရင္လည္း တစ္ခါတုန္အုံးမွာ..ေလယာဥ္ၿငိမ္ၿပီးပ်ံေနတယ္ဆိုရင္ အဲ့ဒါေလယာဥ္က..တိမ္တိုက္ေတြထဲမွာအႏၲရယ္ကင္းစြာ ပ်ံသန္းေနလို႔ပဲ..ဘာမွစိတ္မပူနဲ႔..ေလဝင္ေလထြက္မွန္မွန္ရႉ..စိတ္ကိုေပါ့ေပါ့းပါးပါးထား ကိုယ္မင္းေဘးမွာရွိေနမယ္..."
"ဟူး..လိပ္ျပာ..အဆင္ေျပလာသလိုပဲ.."
ေအာက္စီဂ်င္ျပတ္ေနတဲ့ လူတစ္ေလာက္လို ေလကိုလုရႉရင္း ရယ္က်ဲက်ဲလုပ္ျပေနတဲ့သူမေၾကာင့္ သူနဲနဲေတာ့ စိတ္သက္သာရာရသြားသည္။
ေနပါဦး အခုငါကမိန္းကေလးတစ္ေယာက္ကို စကားေတြ စီကာပတ္ကုံးေျပာၿပီး စိတ္ပူေပးေနမိတာလား။
ေသခ်ာတာက ဒါငါ့ပုံစံမဟုတ္ဘူး။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
မႏၲေလးၿမိဳ႕🏯
"နန္းေတာ္ဝန္ ဟိုတယ္မွႀကိဳဆိုပါတယ္ဆရာ"
"ဟင္..."
လိပ္ျပာလန႔္ၿပီး ခႏၲာကိုယ္ေတာင္ ႀကဳံ႕ဝင္သြားမိသည္။
မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္မွ တန္းလာခဲ့သည္က နန္းေတာ္ဝန္ဟိုတယ္ကိုျဖစ္သည္။
မထင္ထားမိတာက ဒီဟိုတယ္ကလည္းသူပိုင္ေနျခင္းပင္။
အသက္၂၄ႏွစ္အ႐ြယ္ လူငယ္ေလးက
ဒီေလာက္အထိစြမ္းေဆာင္ႏိုင္တာလား။
မယုံႏိုင္စရာပဲ။
ဟိုတယ္ထဲဝင္ဝင္ခ်င္းပဲ ရာထူးႀကီးဝန္ထမ္းေတြအကုန္လုံးက အေလးျပဳအေနအထားမ်ိဳးျဖစ္ေနေလသည္။
သူ႔ထက္အစေပါင္းမ်ားစြာႀကီးတဲ့လူေတြကေတာင္ သူ႔ကိုဆရာေခၚေနၾကရသည္။
"သူ႔နာမည္က လိပ္ျပာျဖဴပါ..ကြၽန္ေတာ့္ရဲ႕
PAပဲ မေဝလင္း..လိပ္ျပာျဖဴတည္းဖို႔ အခန္းစီစဥ္ေပးလိုက္ပါ.."
"ဟုတ္ကဲ့..ဆရာ.."
"လိပ္ျပာျဖဴ..ေနာက္၂နာရီအတိမွာ..ဟိုတယ္ရဲ႕အေရွ႕မွာ ကိုယ္ေစာင့္ေနမယ္..အခ်ိန္တိက်ပါေစ.."
"ဟုတ္ကဲ့..."
အတည္ေပါက္ႀကီးနဲ႔အမိန႔္ေပးသြားလိုက္တာမ်ား ႐ုပ္ကေလးနဲ႔မွမလိုက္ အျမင္ကပ္ဖို႔ေတာ္ေတာ္ေကာင္းတယ္။
မေဝလင္းဆိုသူႏွင့္ ဟိုတယ္ရဲ႕ အျခားတစ္ဖက္မွာရွိတဲ့ ဘန္ဂလိုငယ္တစ္ခုဆီသို႔လိုက္လာခဲ့လိုက္သည္။
လမ္းတစ္ေလွ်ာက္လုံးမွာလည္း ဟိုတယ္ႀကီးရဲ႕ခမ္းနားထည္ဝါမႈက လိပ္ျပာအဖို႔ အခုမွၿမိဳ႕တက္လာတဲ့ ေတာသူမလိုပဲ အံ့ဩမဆုံးျဖစ္ေနမိသည္။
ကိုယ္နားရမဲ့အခန္းလည္းေရာက္ေရာ အရွင္
လတ္လတ္နတ္ျပည္မ်ားေရာက္လာသလား ထင္မွတ္မိသည္။
"ဝါး..အခန္းႀကီးကအက်ယ္ႀကီးပဲ.."
"ညီမလိပ္ျပာ..ေအးေဆးနားေနာ္..တစ္ခုခုလိုတာရွိရင္..ဒီမွာအစ္မ ဖုန္းနံပါတ္ကိုတိုက္႐ိုက္ဆက္လိုက္ပါ.."
"ဟုတ္ကဲ့..ဒါနဲ႔အစ္မ..ကြၽန္မ ေမးစရာေလးတစ္ခုရွိေနလို႔..."
"ဟုတ္ေမးပါ.."
"ဟိုမွာ ခ်ိပ္ထားတဲ့ ပန္းခ်ီကားေတြကဘယ္ပန္းခ်ီဆရာဆြဲထားတာလဲဟင္ လိပ္ျပာ ဟိုတယ္ႀကီးထဲမွာလည္း ပန္းခ်ီကားေတြ ခ်ိပ္ထားတာေတြ႕လိုက္တယ္..."
ဧည့္ခန္းမွာ ခ်ိတ္ထားသည့္ ပန္းခ်ီကားခ်ပ္ဆီသို႔လိပ္ျပာ ေမးေငါ့ျပလိုက္ၿပီး ေမးလိုက္ျခင္းျဖစ္သည္။
"ေအာ္..ဒီဟိုတယ္မွာသုံးထားတဲ့ ပန္းခ်ီကားေတြက ဆရာကိုယ္တိုင္ဆြဲထားတာေတြမ်ားတယ္..."
"ေအာ္.."
သူကပန္းခ်ီလဲ ဆြဲတတ္တာလား။
လိပ္ျပာဆိုသည္မွာလည္း ပန္းခ်ီဆရာဆိုရင္ အလိုလိုကို ေလးစားေနမိသူပါ။
မေဝလင္း ျပန္သြားတာႏွင့္ ပန္းခ်ီကားခ်ပ္အနားသို႔ သြားၿပီးေသခ်ာၾကည့္လိုက္မိသည္။
သူ႔ပန္းခ်ီကားက ပင္လယ္ကမ္းစပ္မွာ
လဲေလွ်ာင္းေနတဲ့ ေကာင္မေလးကို လႈိင္းလုံးေတြအုပ္မိုးလာမလားဆိုတဲ့ လွ်ိဳ႕ဝွက္ခ်က္ေလးပါေနသလိုပဲ။
"ဟင္..ဒီလတ္မွတ္က.."
ပန္းခ်ီရဲ႕ ေထာင့္စြန္းမွာထိုးထားတဲ့ wind(ေလ)ဆိုတဲ့လတ္မွတ္က လိပ္ျပာအတြက္ ကိုးႏွစ္တာလုံး စုပ္တံေတြကိုလႊတ္ခ်မိေအာင္ လုပ္ပစ္ခဲ့တဲ့ အမည္နာမေလးတစ္ခုပဲ။
ဒါဆို သူက လိပ္ျပာပန္းခ်ီမဆြဲခ်င္ေတာ့တဲ့ အေၾကာင္းအရင္းေပါ့။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
လြန္ခဲ့ေသာ၉ႏွစ္
"ကဲ..ကေလးတို႔ေရ..ဒီေန႔ေတာ့ အသီးေတြကို ခဲျခစ္နည္း..ဆရာမသင္ေပးမယ္ေနာ္...
"ဆရာမ..."
"ဟင္..လိပ္ျပာ..ဘာျဖစ္လို႔လဲသမီး..."
"ၿမိဳ႕နယ္အဆင့္ပန္းခ်ီၿပိဳင္ပြဲမွာၿပိဳင္ရမဲ့ ရလဒ္ေတြထြက္လာၿပီလား..."
"ေအာ္...ထြက္လာၿပီသမီး..ဆရာမစိတ္ေတာ့မေကာင္းပါဘူး လိပ္ျပာေလးရဲ႕ပန္းခ်ီက ဒုတိယျဖစ္သြားတယ္..၁၀တန္းကေကာင္ေလးကပထမရသြားေတာ့..ၿပိဳင္ဖို႔..သူ႔ကိုပဲေ႐ြးလိုက္ၾကတယ္...
ဘာမွစိတ္မညစ္ပါနဲ႔ကြယ္..ေနာက္ႏွစ္ေတြလည္းအခြင့္အေရး..ရွိပါေသးတယ္..ဆက္ႀကိဳးစားေပါ့ေနာ္..."
လိပ္ျပာ ဟန္ပင္မေဆာင္ႏိုင္ေတာ့ပဲ ငိုမဲ့မဲ့႐ုပ္ႀကီးျဖစ္သြားရသည္။
ဒါလိပ္ျပာရဲ႕ ပန္းခ်ီဆက္ဆြဲႏိုင္ခြင့္ရမဲ့ေနာက္ဆုံးအခြင့္အေရးပဲ။
လိပ္ျပာ ဒီအခြင့္အေရးကို ဆုံးရႈံးလိုက္ရၿပီေပါ့။
"လိပ္ျပာ နင္အဆင္ေျပရဲ႕လား.."
"ဟင့္အင္း..ငါ..ငါ..အဲဒီ့အစ္ကိုရဲ႕ပန္းခ်ီကားကိုသြားၾကည့္ခ်င္တယ္..."
"ပထမရတဲ့ ပန္းခ်ီကားကို ေဟာခန္းရဲ႕ေရွ႕ကဘုတ္မွာခ်ိပ္ၾကမွာတဲ့ ငါတို႔အိမ္သာသြားဖို႔ ခြင့္ေတာင္းၿပီး သြားၾကည့္ၾကမလား.."
"အင္း..ေကာင္းတယ္.."
"ဆရာမ..သမီးတို႔.."
သူဇာၿဖိဳးက ဆရာမကိုလက္ညႇိဳးေထာင္ၿပီး အေလးသြားဖို႔ခြင့္ေတာင္းရာ ဆရာမကေခါင္းၿငိမ့္ျပေလသည္။
စာသင္ခန္းထဲကထြက္လိုက္တယ္ဆိုရင္ ကိုယ့္ၿပိဳင္ဘက္ရဲ႕ ပန္းခ်ီလက္ရာကိုၾကည့္ခ်င္စိတ္ကေစာေနမိသည္။
"သူဇာ ျမန္ျမန္လာပါ.."
"ေအးပါဟယ္..."
စာသင္ခ်ိန္အတြင္းျဖစ္တာေၾကာင့္ ေက်ာင္းခန္းျပင္ပမွာေျပးလႊားေနတဲ့ အရိပ္ကေလးက လိပ္ျပာတို႔ႏွစ္ဦးသာရွိပါသည္။
ေဟာခန္းအေရွ႕ကိုေရာက္ေတာ့ ဘုတ္မွာခ်ိပ္ထားတဲ့ ပန္ခ်ီကားေလးကိုေတြ႕လိုက္ရသည္။
လိပ္ျပာရဲ႕လက္ကေလးနဲ႔ တို႔ထိၾကည့္လိုက္မိသည္။
အသက္ဝင္လိုက္တဲ့ ပန္းခ်ီေလးပါလား။
လိပ္ျပာ ဆြဲခဲ့တာက ထမိန္တိုတိုဝတ္ၿပီး
ေရာင္ေပစူးေလးနဲ႔ ေတာသူမေလးဟာ ငွက္ကေလးေတြကို အစာေကြၽးေနရင္း ေပ်ာ္ျမဴးေနတဲ့ပုံေလးပါ။
လိပ္ျပာရဲ႕ပန္းခ်ီက အရမ္း႐ိုးရွင္းတယ္ လြတ္လပ္မႈအျပည့္ရွိတယ္ ၾကည့္လိုက္တာနဲ႔ေပ်ာ္႐ႊင္စရာေလးေပါ့။
ဒါေပမဲ့သူ႔ပန္ခ်ီကားကေတာ့ ျမင္ရသူတိုင္းရဲ႕ အသဲကိုငိုမိေအာင္ ေမးခြန္းထုတ္ေနသလိုပဲ။
ေခါင္မိုးထပ္မွာ ကေလးမေလးႏွစ္ေယာက္ထိုင္ေနေပမဲ့ တစ္ေယာက္ကေတာ့ဝိဉာဥ္ျဖစ္ေနေလၿပီ။
မတူညီေတာ့တဲ့ဘဝမွာေတာင္ သူတို႔ဟာအခင္အမင္မပ်က္ၾကသလိုပဲ။
လိပ္ျပာၾကည့္ေလ ဝမ္းနည္းေလပါပဲ။
ပန္းခ်ီကားခ်ပ္ေလးရဲ႕ ေအာက္ဆုံးေထာင့္စြန္းေလးမွာ windဆိုၿပီး
လတ္မွတ္ထိုးထားေလသည္။
"လိပ္ျပာ သူ႔ပန္းခ်ီက တကယ္ဝမ္းနည္းဖို႔ေကာင္းတယ္ေနာ္..နင္လည္းေနာက္ႏွစ္က်ရင္ ရမွာပါ..အားတင္းထား.."
"ငါဘယ္ေတာ့မွ ပန္းခ်ီမဆြဲေတာ့ဘူး...ငါ့မိဘေတြေၾကာင့္ဆိုတာထက္ ငါ့စိတ္ကိုကဆုံးျဖတ္လိုက္တာ..."
လိပ္ျပာရဲ႕မိဘေတြကိုကတိခံခဲ့တာတစ္ခုရွိေနသည္။
ၿမိဳ႕နယ္အဆင့္ ပန္းခ်ီၿပိဳင္ပြဲမွာဝင္ၿပိဳင္ခြင့္ရရင္ အနာပညာေက်ာင္း တက္ခြင့္ျပဳဖို႔ေပါ့။
တကယ္လို႔ဒီႏွစ္မွၿပိဳင္ခြင့္မရရင္ လိပ္ျပာကိုပန္းခ်ီဆရာမလုပ္ခြင့္မေပးေတာ့ဘူးတဲ့ေလ။
အခုေတာ့ ေက်ာင္းအဆင့္မွာတင္ လိပ္ျပာရႈံးသြားမွေတာ့ ဘာေတြကိုထပ္ၿပိဳင္ခ်င္ေနေသးမွာလဲ။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
၂၀၁၈ခုႏွစ္
အတိတ္အေၾကာင္းေတြကို ေတြးရင္း ပန္းခ်ီကားခ်ပ္ေလးေရွ႕မွာ လိပ္ျပာငိုေနမိသည္။
"လက္စသတ္ေတာ့ တရားခံကဒင္းကို..ဒါနဲ႔သူ႔ပန္းခ်ီေတြက ဘာလို႔အထီးက်န္ဆန္ေနရတာလဲ.."
ငါကေရာဒီမွာဘာလုပ္ေနမိတာလဲ။
႐ုတ္တရက္အၾကည့္က နာရီကိုေရာက္သြားေတာ့
၅နာရီခြဲေတာ့မည္။
"ဟင္..ဟာ..ေသၿပီ..ေသၿပီ..လိပ္ျပာမေရ..
ဖီးလို႔ေကာင္းေနတာနဲ႔ ေရလဲမခ်ိဳးရေသး..
ထမင္းလည္းမစားရေသးဘူး..."
ဟိုဟာေျပးဆြဲလိုက္၊ဒီဟာေျပးဆြဲလိုက္ႏွင့္ အခန္းထဲမွာပြထၿပီးက်န္ခဲ့လဲ ဂ႐ုမဆိုက္ႏိုင္စြာ ဝါးတီးအျမန္ဆြဲဖို႔ ေျပးရသည္။
ဟိုတယ္ အေရွ႕ကိုေရာက္ေတာ့သူက ကားကိုမွီရပ္ရင္း ဖုန္းေျပာေနေလသည္။
အေနာက္ကေနၾကည့္ေတာ့ သူ႔ေက်ာျပင္ကအက်ယ္ႀကီးလိုပဲ။
"ေအာ္..သူမ်ားေတြက်ေတာ့..ဥစၥာေပါ..
႐ုပ္ပါေခ်ာလိုက္ၾကတာ..ဘယ္ဘဝကကုသိုလ္ေတြေၾကာင့္လဲမသိဘူး...ဒါေၾကာင့္မို႔ ဒီလိုမာန္တက္ေနႏိုင္တာေပါ့..."
သူ႔အတင္းကို ကိုယ့္စိတ္ထဲကေျပာမိၿပီး သူကလွည့္ၾကည့္လာရာ မခ်ိၿပဳံးေလး ၿပဳံးျပလိုက္သည္။
"မင္းအခ်ိန္..ကြက္တိေရာက္သားပဲ.."
"ကားေပၚတက္လိုက္..."
"ဟုတ္ကဲ့.."
ဟိုတယ္မွထြက္ၿပီးေနာက္ ဘူတာႀကီးရယ္၊ေဈးခ်ိဳရယ္ကို ျဖတ္ေမာင္းသြားေတာ့ မႏၲေလးရဲ႕ျပယုဒ္ေတြကို တစ္ခ်ိန္တည္းျမင္လိုက္ရသလိုပါပဲ။
လိပ္ျပာအေတြးထဲမွာေတာ့ မႏၲေလးကိုေရာက္တုံးေရာက္ခိုက္ ဦးပိန္တံတား၊မႏၲေလးေတာင္၊ရန္ကင္းေတာင္၊ေ႐ႊေက်ာင္းေတြေရာ ကုသိုလ္ေတာ္ေတြေရာ သြားခ်င္တာမွစုံေနတာပါပဲ။
အခုေနသာရည္းစားရွိရင္ ဦးပိန္တံတားမွာေနဝင္ခ်ိန္ေလးကို အတြဲေလးနဲ႔ ကိုကာကိုလာေလးေသာက္ၿပီး ခ်စ္သူရဲ႕ပုခုံးေလးကိုမွီရင္း
တီတီတာတာေတြ ခြၽဲႏြဲ႕ၾကည့္ခ်င္လိုက္တာ။
လိပ္ျပာရယ္တကၠသိုလ္ေက်ာင္းသားဘဝက ဘာေတြမ်ားအလုပ္ရႈပ္ေနလို႔ ခ်စ္သူေလးတစ္ေယာက္ေလာက္မရွာႏိုင္ခဲ့ရတာလဲ။
စားေသာက္ဆိုင္မွာ တစ္ေလွ်ာက္လုံးသူ႔ေနာက္ကလိုက္ၿပီး လိုအပ္တာေတြေသခ်ာလိုက္မွတ္ေနတဲ့ ေကာင္မေလးကို သူတစ္ခ်က္ေတာ့သေဘာက်ေနမိသည္။
သူမက ဘယ္ေလာက္ပင္ပန္းပါေစ..တစ္ခ်က္မၿငီးဘူးဆိုတာပါပဲ။
လူေကာင္ေလးေသးၿပီး ကေလးေပါက္စ႐ုပ္ေပါက္ေနေပမဲ့ သူမကဒီေလာက္စိတ္ဓာတ္
မာလိမ့္မယ္လို႔ သူရ မထင္ထားခဲ့ဘူး။
အခ်ိန္အားျဖင့္ ည၈နာရီခြဲေနတာေၾကာင့္ ဟိုတယ္ထဲကိုကားဝင္လာေပမဲ့ သူမကေတာ့အိပ္ငိုက္လို႔ေကာင္းေနေလသည္။
သူရ ကားစတီယာရင္ကို တံေတာင္ေထာက္ထားၿပီး ေမးေစ့ကိုလက္ညႇိဳးနဲ႔ပြတ္ကာ သူမဘက္ကို ခႏၶာကိုယ္ေစာင္းၿပီး ၾကည့္ေနမိသည္။
မိန္းကေလးတစ္ေယာက္ရဲ႕ မ်က္ႏွာကို အတြင္းစိတ္ရင္းနဲ႔ ၾကည့္ေနမိတာ ဒါပထမဆုံးပဲ။
သူမက ဘယ္လိုမိန္းကေလးမ်ိဳးလဲ။
ဒီေလာက္ငယ္႐ြယ္တဲ့ ကေလးမေလးက သူစိမ္းေယာက္်ားနဲ႔ ခရီးအတူထြက္ဖို႔ သတၱိရွိတယ္ေပါ့။
"အင္း..ဝါး.."
"မင္းႏိုးလာၿပီလား.."
"ဟင္..."
အလင္းမွိန္ျဖျဖေပမဲ့ ေတာက္ပစူးရွေနတဲ့သူ႔မ်က္ဝန္းေတြက လိပ္ျပာကိုတည့္တည့္လာၾကည့္ေနေတာ့ ၾကက္သီးေတာင္ထတယ္။
"ဟို..ေရာက္တာၾကာၿပီလား..လိပ္ျပာအိပ္ေပ်ာ္သြားတယ္.."
"သိပ္မၾကာေသးပါဘူး..ဆယ့္ငါးမိႏွစ္ပဲၾကာေသးတယ္.."
ေျပားရင္းဆိုရင္း ကားေပၚမွဆင္းသြားတဲ့ သူ႔ေနာက္သို႔လိုက္သြားၿပီး သူ႔ေဘးမွကပ္ေမးလိုက္သည္။
"အဲ့ဒါကြၽန္မကို ဘာလို႔မႏႈိးတာလဲ..အားနာစရာႀကီး..ေနာက္တစ္ခါမျဖစ္ေစရပါဘူး.."
"ကြၽတ္.."
ေျခလွမ္းက်ဲႀကီးေတြနဲ႔ လမ္းေလွ်ာက္ေနရာမွလိပ္ျပာကို စကားသိပ္မ်ားတာပဲဆိုသည့္အၾကည့္နဲ႔လာၾကည့္ေလသည္။
"ငါ့နဲ႔ကားစီးရင္ မင္းအိပ္ငိုက္လို႔ရတယ္.."
သူကေတာ့ ေျပာၿပီး ၿပီးသြားေပမဲ့။လိပ္ျပာကေက်ာက္႐ုပ္ႀကီး ျဖစ္က်န္ခဲ့သည္။
ေျပာင္းျပန္ေတြးရင္ သူမ်ားနဲ႔စီးတဲ့အခါ အိပ္ငိုက္လို႔မရဘူးေပါ့။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
"မမျဖဴ..မနက္ျဖန္ ညေနပိုင္း ေတာင္သမန္အင္းကို ဟိုတယ္ကဧည့္သည္မမေတြကလိုက္ပို႔ခိုင္းေနတာ..ကြၽန္ေတာ္တို႔လည္း ပိတ္တာဆိုေတာ့အေတာ္ပဲ မမအားရင္လိုက္ခဲ့ပါလား.."
"အားတယ္..အားတယ္..အလုပ္ေတြလည္းျပတ္ေနၿပီပဲ..မမလိုက္ခဲ့မယ္..ေသခ်ာေစာင့္ေနာ္.."
"စိတ္ခ်မမ..သီတာတို႔လည္းပိတ္ေတာ့..မမနဲ႔အေဖာ္လိုက္ေပးမယ္..ဒီေကာင္ေတြကို စိတ္မခ်ဘူး.."
သူရ ေရကူးကန္ရဲ႕ ဒရင္းဘတ္ေပၚမွာ ေအးေဆးအနားယူေနခ်ိန္မွာ ဆူညံသံေတြၾကားလို႔ လွည့္ၾကည့္လိုက္ရာ လိပ္ျပာျဖဴတို႔အဖြဲ႕ျဖစ္ေနသည္။
ဟိုတယ္မွာ ေနတာမွတစ္ပတ္ေတာင္မျပည့္ေသးဘူး သူမသူ႔ထက္ေတာင္ဝန္ထမ္းေတြနဲ႔
ရင္းႏွီးေနေလသည္။
စကားေတြေဖာင္ဖြဲ႕ေနလိုက္ၾကတာ သူ႔ကိုေတာင္မျမင္ၾကဘူး။
သူကလည္း လူငယ္ဆန္ဆန္ေဘာင္းဘီအတို၊တီရွပ္ကိုယ္က်ပ္ဝတ္ထားၿပီး မ်က္မွန္အမည္းႀကီးက တပ္ထားေသးေတာ့ သူတို႔ခ်က္ခ်င္းမမွတ္မိဘူးထင္ပါတယ္။
မ်က္လုံးကို ျပန္မွိတ္ၿပီး ကိုယ့္အာ႐ုံႏွင့္ကိုယ္ပဲျပန္ေနလိုက္သည္။
"သီတာေရ..အဲ့လိုမပတ္နဲ႔ေလ.."
"မရဘူးပတ္မွာပဲ.."
"ဟား..ဟား..ဟာ..ေဝေမာင္..လိပ္ျပာကိုမပတ္နဲ႔.."
"ကြၽန္ေတာ့္အလွည့္ကေတာ့ ရယ္ၿပီး..မရဘူး..."
"ဗြမ္း!!ဗြမ္း...ဗြမ္း.."
သူရအဖို႔နားေတြ အင္မတန္ညီးလာ၍
ဘန္ဂလိုကိုပဲျပန္ရန္ထရပ္လိုက္သည္။
ေရကူးကန္ဖက္ကို တစ္ခ်က္ၾကည့္လိုက္ေတာ့ကေလးေတြလည္းမဟုတ္ပဲ ေရပတ္တိုင္းကစားေနၾကေလသည္။
သူ႔ၾကည့္ေနတဲ့အခ်ိန္မွာပဲ ေကာင္ေလးတစ္ေယာက္က လိပ္ျပာျဖဴအနားကို ေရေတြ
ဖိပတ္ရင္း တျဖည္းျဖည္းတိုးသြားေနေလသည္။
သူမအနားကိုေရာက္ေတာ့ ထိုေကာင္ေလးကဖက္ေတာ့မလိုပုံစံမ်ိဳး လုပ္ေနတာေၾကာင့္ မ်က္မွန္ကိုဆြဲခြၽတ္လိုက္ၿပီး ေျခလွမ္းကိုျမန္ျမန္ေလွ်ာက္လိုက္သည္။
"လိပ္ျပာျဖဴ!!!မင္းဘာလုပ္ေနတာလဲ.."
"ဟင္!!!"
"ဟာ!!!ဆရာသူရ ဟ..."
ေရကစားေနသူေတြအကုန္လုံး ဟိန္းထြက္လာတဲ့သူ႔အသံႀကီးေၾကာင့္ ေၾကာက္ဒူးတုန္သလိုေတာင္ ျဖစ္လာၾကသည္။
လိပ္ျပာေမာ့ၾကည့္လိုက္ေတာ့ ေရကန္ေဘာင္ေပၚမွာ မ်က္ေမွာင္ႀကဳံ႕ၿပီး လိပ္ျပာကိုရပ္ၾကည့္ေနတာက ဘုန္းျမတ္သူရဆိုတဲ့လူႀကီးပါ။
"အခုခ်က္ခ်င္း..ငါနဲ႔စာရင္းေတြလုပ္ဖို႔လိုက္ခဲ့.."
အမိန႔္ေပးသံႀကီးက ေရလႈိင္းေတြေတာင္ထႏိုင္ေလာက္ပါသည္။
စာရင္းေတြက ေတာ္ေတာ္အေရးႀကီးေနလို႔ျဖစ္လိမ့္မယ္။
"ဟုတ္..ဟုတ္ကဲ့..."
"ကေလးတို႔..မနက္ျဖန္..ေတာင္သမန္အင္းကိုလိုက္မွာေနာ္..."
"ဟုတ္..ဟုတ္ကဲ့မမ.."
လိပ္ျပာ ေရကန္ေဘာင္နားကိုကပ္သြားလိုက္တယ္ဆိုရင္ ဦးဘုန္းျမတ္ႀကီးက ငုတ္တုတ္
ထိုင္ခ်ၿပီး ခ်ိဳင္းကေနအတင္းဖိကိုင္ကာ ဆြဲတင္မခ်လိုက္သည္။
"အား..ဘယ္လို..လုပ္တာလဲ.."
"ငါစိတ္မရွည္ဘူး..ျမန္ျမန္လာ.."
သူ႔ကေျခလွမ္းက်ဲႀကီးေတြႏွင့္ ေရွ႕မွေလွ်ာက္ေတာ့ ေနာက္ကေနသပါတ္အုပ္ၿပီး ကိုယ့္
ဘန္ကလိုကိုအတင္းေျပးရသည္။
သူတည္းတဲ့ေနရာနဲ႔ လိပ္ျပာရဲ႕ေနရာက သိပ္မေဝးတာေၾကာင့္တစ္လမ္းတည္း ျဖစ္ေနေလသည္။
လမ္းတစ္ဝက္ကိုေရာက္ေတာ့ သူကတုံ႔ကနဲရပ္လိုက္ၿပီး လိပ္ျပာကိုလာၾကည့္ေလသည္။
"ငါနားခ်င္ၿပီ ငါ့ဆီမင္းလာစရာမလိုေတာ့ဘူး.."
"ဟမ္..ခုနကပဲ..စာရင္းဆို.."
သူ႔ကိုေမးခြန္းျပန္ထုတ္ေတာ့လည္း မႀကိဳက္တဲ့မ်က္ႏွာမ်ိဳးႏွင့္ၾကည့္လာျပန္သည္။
တစ္မ်ိဳးၿပီး တစ္မ်ိဳးပါလား။
"ေကာင္းပါၿပီ...လိပ္ျပာလည္းအခန္းကိုျပန္ပါေတာ့မယ္..."
"ဒီမွာ.."
လိပ္ျပာသူ႔ကိုေက်ာခိုင္းၿပီး ကိုယ့္အခန္းကိုသြားတဲ့လမ္းဖက္သို႔ ျပန္လွည့္စဥ္မွာ ေနာက္ကထပ္ေခၚလိုက္လို႔ ျပန္လွည့္ၾကည့္ရျပန္သည္။
သူကလိပ္ျပာဆီကို ေျခတစ္လွမ္းေလာက္တိုးလာၿပီး ခပ္တည္တည္စိုက္ၾကည့္လာေလသည္။
"ေရကူးကန္မွာ..မင္းေရကူးခြင့္မရွိဘူး.."
"ဘာ!!!!"
လိပ္ျပာက "ဘာ"ပဲရွိေသးတယ္။သူက လိပ္ျပာေရွ႕မွာမရွိေတာ့ေပ။ျမန္လိုက္တဲ့ေျခေထာက္ဆိုတာ။
ဒီလူက သူပဲသူမ်ားကိုေမးခြန္းေမးမယ္၊အမိန႔္ထုတ္မယ္ သူ႔ကိုဘာမွ လာမေမးနဲ႔ဆိုတဲ့လူမ်ိဳးပါလား။
စိတ္ရွိတိုင္းလုပ္ရရင္ေလ ေနာက္ကေနေျပးကန္ခ်င္တာပဲသိတယ္။
"ေရကူးကန္က..လူေတြေရကူးဖို႔ လုပ္ေပးထားတာမဟုတ္ဘူးလား..အာ့ဆို..သူ႔ဟိုတယ္မွာ ဘာလို႔..ေရကူးကန္ႀကီးေဆာက္ထားေသးလဲ.."
"ဒါမွမဟုတ္..ငါတစ္ေယာက္ထဲကိုပဲ ကူးခြင့္မေပးတာလား..ဘာလို႔လဲ...ဟာ..စိတ္ရႈပ္လာၿပီ..ဒီလူ႔ဂြစာႀကီးနဲ႔ေတာ့ ၾကာရင္လူသတ္မိေတာ့မွာပဲ..."
စိတ္ညစ္ညစ္ႏွင့္ပဲ အခန္းထဲျပန္ေရာက္ေတာ့ ေရမိုးခ်ိဳးၿပီး အိပ္ခ်ပစ္လိုက္ေတာ့သည္။
အိပ္မက္ထဲမွာေတာ့ ဘယ္ကမာၻမွာပဲေတြ႕ေတြ႕ တစ္စက္မွအခ်ိဳးမေျပတဲ့ လူႀကီးကေရာက္
လာေလသည္။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
မႏၲေလးၿမိဳ႕ကေတာ့ မနက္ျဖန္မွပဲလည္ၾကမယ္ေနာ္
"လိပ္ျပာကေတာ့ သူရကိုအၿမဲရႈံးေနသလိုပဲ"
"ဦးဘုန္းျမတ္ႀကီးကေတာ့ တစ္ခြန္းဆိုတစ္ခြန္း ထိမိေနတယ္မလား"😀