နှလုံးသားရဲ့ အထူးဧည့်သည် ( co...
By A_Boin008
1.1M 63.7K 6.6K
( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့... More
intro
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း၂၃
အပိုင်း၂၄
အသိပေးစာ
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း၂၇
အပိုင်း၂၈
အပိုင်း၂၉
အပိုင်း၃၀ (ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်လွှာ
New fic
suprise
Hello
book order
New fic
can instock order
Hello guys
အပိုင်း၁၁
29.7K 1.8K 173
By A_Boin008
Uni
"ပန်းစည်းပါခင်မျ ကျေးဇူးတင်ပါတယ် "
ခွန်းရောင်ခြည်ဝယ်သူတွေကိုဖော်ဖော်ရွေရွေသာဆက်ဆံလို့လိုချင်တဲ့ပန်းတွေကိုသတင်းစာရွက်လေးဖြင့်သေချာချည်နှောင်ကာပေးလိုက်သည်။
" ဟဲ့သိလား ဟိုဘက်မြို့ကဗိုလ်ကြီးသမီးလေ ငါတို့မြို့အုပ်ဥပဓိမောင်ကိုလာပြီးလက်ထပ်ဖို့တောင်းဆိုတယ်တဲ့..."
" ဟယ်မိုက်ရိုင်းလှချည်လားငါတို့တောင်အငြင်းခံရတာကိုဒီကောင်မနယ်ကျော်တာဘဲ..."
" အေးစိတ်ပူမနေနဲ့မြို့အုပ်ကချက်ချင်းငြင်းပစ်တာ...ဒါပေမဲ့ဒီတစ်ခေါက်ငြင်းတာကြီးကလွန်ပါတယ်ဟာ...သူ့မှာချစ်ရသူရှိတယ်တဲ့ကောင်မတို့ရေးး "
" ဟယ်ငါတို့တော့အသဲတွေကွဲပါပြီ ကောလဟာလဘဲနေမှာပါချစ်မရယ်..."
" အေးဟယ်မယုံပေါင်..."
အနီးနားကပျိုမဒီလေးတွေကစျေးဝယ်ရင်းအချင်းချင်းတီးတိုးပြောနေတာကိုခွန်းရောင်ခြည်ကြားမိကာစိတ်ထဲနွေးထွေးမိသည်။အော် ဗိုလ်မှူးသမီးတဲ့လား...အဲ့မိန်းကလေးကိုရွေးလို့ရရက်နဲ့ဘာလို့မရွေးရတာလဲနော်။
နေ့လည်ရောက်တာနဲ့စျေးထဲမှာလူတွေကအနည်းငယ်ရှင်းသွားလေပြီ။ကျန်တဲ့ပန်းတွေကိုထားနေကျမိတ်ဆွေအိမ်မှာထားခဲ့ကာနှင်းဆီတစ်စည်းကိုတော့အိမ်မှာဘုရားပန်းထိုးရန်ယူလာလိုက်သည်။
သူ ကိုချစ်နိုင်ကိုလာကြိုခိုင်းလို့ရသည် သို့ပေမဲ့အပူမပေးချင်တာကြောင့်မနက်ကတည်းကဘာမှမပြောလိုက်။အေးအေးချမ်းချမ်းလေးသာနှင်းဆီပန်းစည်းလေးပိုက်လို့လမ်းလျှောက်ကာအိမ်ပြန်လာလိုက်သည်။
" ပီ!! "
" အမလေး..."
အနောက်ဘက်ကကားဟွန်းသံကြောင့်ခွန်းရောင်ခြည်လန့်သွားကာလှည့်ကြည့်မိတော့ဥပဓိမောင်ပင်။ကားကခွန်းရောင်ခြည်ဘေးကိုရောက်လာကာဥပဓိမောင်ကကားပြတင်းပေါက်ကနေခေါင်းထွက်လာလေကာ။
" ကားပေါ်တက် ပန်းဒိုင်သွားမှာမှတ်လား လိုက်ပို့ပေးမယ်။ "
" မလိုဘူး ပန်းဒိုင်ကလူတွေသိရင်တစ်မျိုးထင်ကုန်မယ်။ "
" လေရှည်မနေနဲ့ကျုပ်စိတ်မရှည်ဖူး ကားပေါ်ကိုယ့်ဘာသာတက်မလား မဟုတ်မှကျုပ်ထွက်ချီပြီးကားထဲထည့်ရမလား။ "
တကယ့်ကြီးလုပ်မည်ပုံကြောင့်ခွန်းရောင်ခြည်သက်ပြင်းသာချလို့ကားထဲဝင်ထိုင်လိုက်သည်။ကားနောက်ခုံမှာထိုင်ရန်တံခါးဆွဲဖွင့်တော့။
" အနောက်မှာထိုင်ရအောင်ခင်များကျုပ်ကိုဒရိုင်ဘာဘကြီးသောင်းများထင်နေသလား...ခင်များယောကျာ်းဘေးမှာလာထိုင်..."
" အတူတူဘဲကို..."
" မတူဘူး အခုလာထိုင်..."
တကယ်လူကိုတစ်နေ့တစ်နေ့အမိန့်ပေးလိုက်ရမှစားဝင်အိပ်ပျော်သူပါလေ။စကားများနေရမှာစိုး၍ခွန်းရောင်ခြည်သူ့အလိုကျဘေးမှာသာဝင်ထိုင်ပေးလိုက်သည်။ထိုမှပြုံးရယ်လာကာသူ့ပေါင်ပေါ်ဖတ်ခနဲရောက်လာတဲ့လက်တစ်ဖက်....ခွန်းရောင်ခြည်မျက်လုံးပြူးသွားသည်။
" ဘာလုပ်တာလဲ ဖယ်စမ်းဥပဓိမောင်..."
" ဒါလေးကိုင်တာကိုတွန့်တိုနေတာများ..."
" မလုပ်နဲ့ ဖယ်နော်မင်း...ဥပဓိမောင် "
ပြောလေပေါင်ပေါ်ကလက်ကပွတ်သပ်လာလေမို့ခွန်းရောင်ခြည်ဆွဲဆိတ်လိုက်မှဆူပုတ်ပုတ်နဲ့လက်ဖယ်သွားသည်။ဒါတောင်လက်ကပေါင်ပေါ်လာချင်နေတာကြောင့်မျက်လုံးပြူးပြလိုက်မှပြုံးစိစိနဲ့ငြိမ်သွားသည်။
" အလုပ်တွေလုပ်မနေစမ်းပါနဲ့အချစ်ရယ်...မောင်ရှာသမျှကမင်းအတွက်ပါ..."
" စောက်ပြဿနာတွေလား...တော်စမ်းပါမလိုချင်ပါဘူး...."
" မင်းလေးကတော့လေ...မနက်စာမစားသွားဖူးမှတ်လားဗိုက်ဆာသလား..."
" မဆာဘူး..."
" ဂွီ~~ "
ပါးစပ်ကသာပြောနေတာဗိုက်ကထမြည်လာတာကြောင့်ခွန်းရောင်ခြည်မျက်နှာသာလွှဲမိသည်။ဥပဓိမောင်ကတော့သဘောတကျရယ်မောကာတစ််နေရာရာကိုကားမောင်းထွက်လာလေသည်။
နည်းနည်းကြာအောင်မောင်းအပြီးကားလေးကပန်းဒိုင်မဟုတ်ဘဲစားသောက်ဆိုင်ရှေ့ကိုရောက်လာလေသည်။မြို့အုပ်မို့လားမသိ စားသောက်ဆိုင်တောင်မြို့ရဲ့စျေးအကြီးဆုံးဆိုင်ကိုသာလာလေသည်။
" သီးသန့်အခန်းပေးပါ။ "
" ဟုတ်ကဲ့ ခုံအမှတ်၁၀၃ပါခင်မျာ...စောင့်နေပါ။ "
ဧည့်ကြိုကောင်လေးတွေကိုခပ်တည်တည်သာပြောလို့သစ်သားနဲ့လုပ်ထားတဲ့ကဒ်ပြားလေးကိုယူကာခွန်းရောင်ခြည်အားစားသောက်ဆိုင်ရဲ့အပေါ်ထပ်ကိုခေါ်လာလေသည်။ထူးထူးဆန်းဆန်းနဲ့မျက်လုံးလေးပြူးနေသူဟာတစ်ခုခုကိုမေးချင်နေတာကိုဥပဓိမောင်သိလေသည်။
" အောက်ထပ်မှာထိုင်ရင်လူများလို့ဘာလို့နဲ့လူအသိမခံချင်ဖူးဆို ဟုတ်သလား ဒါကြောင့်ကျုပ်သီးသန့်အခန်းကိုငှားလိုက်တာ ခင်များကကျုပ်မျက်နှာလေးဘဲကြည့်ပြီးထမင်းစားချင်တာမှတ်လား "
" ထမင်းတောင်ဝင်မှာမဟုတ်ဖူး အပိုတွေပြောမနေစမ်းနဲ့။ "
" ကျုပ်ကတော့ထမင်းစားတာတောင်ခင်များမျက်နှာလေးမြင်နေရမှ ဟင်းမပါရင်တောင်နေပါစေဗျာ့..."
တကယ့်ကိုစကားကိုဘယ်လမ်းကပိတ်ပိတ်ရအောင်ဖောက်ပြီးပြောသူကြောင့်ခွန်းရောင်ခြည်တိုးတိုးလေးသာနေလိုက်သည်။အပေါ်ထပ်ရောက်တော့သူမျက်မှောင်တွေကျုံ့မိသည်။သူကဟိုလိုအခန်းတွေထင်နေတာ အဲ့လိုမဟုတ် အကန့်အကန့်ခွဲထားကာကြားကသစ်သားအချပ်တွေကာထားခြင်း။အပြင်အဆင်ကတော့ချီးကျူးစရာမို့ခွန်းရောင်ခြည်သဘောကျမိသည်။
နှစ်ယောက်သားပေးထားတဲ့အခန်းလေးဝင်လိုက်တော့ပိုးသားအခင်းတွေနဲ့အလယ်ကစားပွဲဟာသိပ်အထက်တန်းဆန်လှသည်။ကြမ်းပြင်ပေါ်မှာထိုင်ရပေမဲ့နူးညံ့နေတဲ့ပိုးသားဟာသိပ်ထိုင်လို့ကောင်းသည်။
မကြာခင်မှာဘဲအခန်းထဲကိုစားပွဲထိုးလေးတစ်ယောက်ကစတီးဗန်းကြီးဖြင့်စားစရာတွေကိုသယ်လာကာစားပွဲခုံပေါ်ချပေးလာသည်။စားသောက်စရာတွေကများတာကြောင့်ခွန်းရောင်ခြည်ခင်မျာကြောင်အနေမိသည်။
" စားလေ...ကျုပ်ခင်များကိုဦးချပေးမှစားမှာလား..."
" အာမဟုတ်ပါဖူး များလို့ဘာစားရမလဲမသိဖြစ်နေတာ..."
" ဝအောင်စား...ဒီအပေါ်ထပ်ကအဆင့်အတန်းအရှိဆုံးလူတွေဘဲဝင်ကြတာ...ခင်များဝင်လာခွင့်ရတာကံကောင်း "
မျက်ခုံးပင့်ကာဆိုလာသည့်သူကြောင့်ခွန်းရောင်ခြည်နှာတစ်ချက်သာမှုတ်ထုတ်မိသည်။မသိရင်သူကဘဲကျေးဇူးတင်ရတော့မလိုလိုနဲ့။
" သရက်ချဥ်သိပ်မစားနဲ့ဥပဓိမောင် နေပူနေတယ်ဗိုက်အောင့်ဗိုက်နာဖြစ်လိမ့်မယ်။ "
သရက်ချဥ်သုပ်ခွက်ထဲကသရက်ချဥ်တွေကိုဘဲယူစားနေသူကိုခွန်းရောင်ခြည်ကပြောလိုက်တော့ဥပဓိမောင်ကမျက်ခုံးတစ်ချက်ပင့်ကာကျေနပ်သည့်ပုံဖြင့်ပြုံးရယ်လာလေသည်။
" ဘာရယ်သလဲ ဥပဓိမောင်ရယ်စရာပါသလား။ "
" အဟက်!! ခင်များစိတ်ပူတာလေးကချစ်စရာလေး...ဘယ်လိုလေးလဲမိန်းမကသူ့ယောကျာ်းတစ်ခုခုဖြစ်မှာဆိုးလို့ပြောတဲ့ပုံမျိုးပေါ့။ "
" မင်း!! ငါ့မိန်းမမဟုတ်ဖူး ငါကစေတနာနဲ့ပြောတာစားချင်သပ့ဆိုလဲစား..."
" ဟားဟားးးနေပါ မစားတော့ပါဘူး ကျုပ်ကလေခင်များပြောသမျှကိုမြေဝယ်မကျနားထောင်မှာ...ခင်များသိသလားမောင့်ခြည်!! "
ရယ်မောကာဆိုလာသူဟာသိပ်ချောမောတာကိုခွန်းရောင်ခြည်ဝန်ခံပါသည်။ရယ်လိုက်တိုင်းပေါ်လာတဲ့ဖြူဖွေးဖွေးမထင်းမသားတဲ့အစွယ်လေးတွေဟာဥပဓိမောင်နဲ့သိပ်လိုက်ဖက်သည်။
" အပိုတွေပြောနေတာဘဲ မင်းငါ့စကားဆိုနားမထောင်ပါဘူး..."
" နားထောင်ပါတယ်ဗျာ....မောင့်ခြည်သာဒါမလုပ်နဲ့ဆိုပြီးအမိန့်သာပေးလိုက်စမ်းပါ...မင်းအမိန့်ကကိုယ့်ဘဝလုံးထပ်မလုပ်ရဲအောင်နှလုံးသားထဲထိုးရိုက်ထားတဲ့သံချောင်းတစ်ခုလိုပါဘဲအချစ်ရယ်..."
" မင်းမြို့အုပ်မှဟုတ်ရဲ့လား...ကဗျာဆရာများလားစာရေးဆရာများလား..."
" ဘာလဲ ကျုပ်အပြောမှာရင်ခုန်သွားသလား..ဟုတ်တယ်မှတ်လား ဟားဟားးး "
သဘောတကျနဲ့ရယ်မောနေသူကိုခွန်းရောင်ခြည်ဘာမှမပြောမိ။နှုတ်ဆိတ်ခြင်းဟာဝန်ခံခြင်းသာမဟုတ်ပါလား...သူငြိမ်နေမိပါသည်။
နှစ်ယောက်သားစားလို့သောက်လို့ပြီးမှအခန်းလေးထဲကထွက်လာလိုက်ကြသည်။သူတို့လိုဘဲစားပြီးလို့ကိုယ်စီအကန့်အခန်းလေးတွေထဲကထွက်လာကြသူတွေဟာတစိုးတစဖြင့်။
" အင့်..."
" တောင်းပန်ပါတယ်။ "
" ရ...ရပါတယ်ခင်မျ "
ထွက်လာရင်းခွန်းရောင်ခြည်တစ်ယောက်ဦးထုပ်ငိုက်ငိုက်ဆောင်းထားသူနဲ့တိုက်မိတာကြောင့်တစ်ဖက်ကလူကဥိးထုပ်ကိုလက်နဲ့အရှေ့ငိုက်ဆောင်းကာတောင်းပန်လာလေသည်။
ဥပဓိမောင်ကတော့ခွန်းရောင်ခြည်ကိုတိုက်သွားပြီးသူ့ဘေးကဖြတ်သွားသူကိုစွေကြည့်မိသည်။ထိုလူဟာခေသူတော့မဟုတ်ဥပဓိမောင်ကိုပြန်တောင်လှည့်ကြည့်သွားလေသည်။ဥပဓိမောင်စိတ်ထဲတစ်မျိုးဖြစ်မိသည်။
" လာမောင့်ခြည် ပန်းဒိုင်ကိုမောင့်လိုက်ပို့ပေးမယ် ညနေစောင်းသွားရင်မကောင်းဖူးဟုတ်သလား..."
" အာ...အင်း အင်းပါ။ "
ရုတ်တရက်ကြီးခါးအားလာဖက်သူကြောင့်ခွန်းရောင်ခြည်အထစ်ထစ်အငေါ့ငေါ့နဲ့ခေါင်းသာငြိမ့်ပြမိသည်။သူကတော့စိတ်ထဲဘာမှမရှိပေမဲ့ဥပဓိမောင်ကတော့အနောက်ကိုလှည့်ကြည့်လှည့်ကြည့်ဖြင့်သာ။
ကားလေးက စားသောက်ဆိုင်ကြီးကနေနာရီဝက်လောက်မောင်းအပြီးခွန်းရောင်ခြည်လမ်းညွှန်တဲ့ပန်းဒိုင်ရှိရာကိုရောက်လာလေသည်။ခြံအကြီးကြီးထဲမှာခြံတွေခြံတွေနဲ့ပန်းတွေစိုက်ထားသည့်ပန်းခြံလို့ပန်းဒိုင်ကြောင့်ဥပဓိမောင်စိတ်ဝင်စားမိသည်။
" အယ်...အကို နောက်ဆုံးတော့ပန်းလာဝယ်ပြီပေါ့ ညီမမှာစောင့်နေတာ..."
" ဟင်းးးအကိုမအားလို့ပါ...ပန်းတွေကလဲမကုန်လို့လေ ဘကြီးကောနေကောင်းရဲ့လား။ "
" ကောင်းပါရှင့် ဒါနဲ့...ဒါကမြို့အုပ်မှတ်လား ဟီးး "
ကားထဲကဆင်းဆင်းကြီးခြံကြီးထဲကနေပြေးထွက်လာတဲ့ဝမ်းဆက်အနီရောင်လေးနဲ့ဘေးဆံထုံးလေးတွေနဲ့ကောင်မလေးဟာဥပဓိမောင်ကိုတောင်မမြင်ဘဲသူ့ယောကျာ်းအားဖက်တွယ်လို့။
ပုံစံကိုကအချိုးမပြေတာမို့ဥပဓိမောင်မျက်နှာကတည်တင်းနေလေပြီ။
" ဟုတ်တယ် မြိုင် သူကမြို့အုပ်မင်းလေ..."
" ဟီးးအဖေနဲ့စကား​ပြောမလားရှင့်လိုက်ပို့ပေးရမလား။ "
" မလိုဘူးသူနဲ့ဘဲလိုက်မှာ..."
ပြောရင်းဥပဓိမောင်ကခွန်းရောင်ခြည်လက်ကောက်ဝတ်ကနေဆွဲလိုက်တာကြောင့်လူကမြိုင့်လက်ထဲကနေဥပဓိမောင်ရင်ခွင်ထဲအင့်ခနဲ။
" မြို့အုပ်ပင်ပန်းနေပါ့မယ်အဖေနဲ့သွားစကားပြောပါ..."
" မလိုပါဘူးသူရှိရင်ရတယ်..."
" မရဘူးလေ..."
" ရတယ်လေ..."
​ခွန်းရောင်ခြည်ခင်မျာကြားကနေသာသက်ပြင်းချမိသည်။စကားနိုင်အချင်းချင်းလုရင်းဟိုဆွဲဒီဆွဲလုပ်နေသည်ကားသူ့ခင်မျာအရုပ်ကလေးကျလို့။နောက်ဆုံးတော့လဲသူကဘဲဝင်ဖြောင်းဖျပေးလိုက်ကာထိုမှအေးချမ်းသွားသည်။
ပန်းစိုက်ခင်းတွေထဲအေးအေးလူလူပတ်ကြည့်ပါမည်ဆိုခွန်းရောင်ခြည်ရဲ့လက်တစ်ဖက်ဆီကို မြိုင်နဲ့ဥပဓိမောင်ကတစ်ယောက်တစ်ဖက်ဆွဲထားတာမို့လှုပ်လို့မရ။
" ငါ့ကိုဘယ်တော့မှလွှတ်ပေးကြမှာလဲဟင်..."
" သူလွှတ်မှ..."
" မြို့အုပ်လွှတ်မှ..."
အမေးကိုပြိုင်တူဖြေလာသူနှစ်ယောက်ကြောင့်မေးမိတဲ့ခွန်းရောင်ခြည်ပင်မှားလေသည်။မြိုင်က၁၈နှစ်အကျော်လောက်သာရှိသေးတဲ့ကလေးစိတ်နဲ့ကလေးမလေး...သူဒီကိုလာတိုင်းမြိုင်ကကလေးဆန်စွာဂျီကျတတ်ဆိုးတတ်သည်။သူကလဲညီမလေးတစ်ယောက်လိုခင်နေတာမို့ခွင့်လွှတ်ပေးတတ်ပေမဲ့ဒီဘက်ကတစ်ယောက်ကဘာလား။
" ဥပဓိမောင်ခနလွှတ်ပါအုံး ယားလို့ကုတ်ချင်လို့...."
"ဘယ်နားလဲကျုပ်ကိုပြောကျုပ်ကုတ်ပေးမယ်။ "
" ဟင်းးးကလေးနဲ့ပြိုင်ကလေးမလုပ်စမ်းနဲ့ဥပဓိမောင် အခုလွှတ် အိမ်ရောက်မှမင်းကိုင်ချင်သလောက်ကိုင်..."
ထိုမှပြုံးစိစိဖြင့်လွှတ်ပေးလိုက်သူဟာအိမ်ရောက်မှနေရာစုံအောင်ကိုင်ပါမည်ဆိုသည့်သဘော။အခုမှဘဲခွန်းရောင်ခြည်စိတ်ချောင်သွားသည်။
" ဒီကမမလေးလဲကျွန်တော့်လက်ကိုလွှတ်ပါတော့ချွေးတွေနဲ့စိုစိစိဖြစ်နေပါပြီ..."
" အကိုကလဲ...ဒါလေးကဘာမှမဖြစ်ပါဘူး..."
" မြိုင် အကိုပြန်သွားရတော့မလားပြော...လိမ်မာတယ်ဟုတ်!! "
" ဟုတ်ကဲ့။ "
ထိုအခါမှမြိုင်ကဆူပုတ်ပုတ်လေးဖြင့်ခွန်းရောင်ခြည်လက်အားကိုင်ထားရာကနေလွှတ်ပေးလာလေသည်။အခုမှခွန်းရောင်ခြည်အသက်ရှုပိုချောင်သွားတာ...မြိုင့်အားပြုံးပြလို့အရှေ့ကနေပန်းရွေးရန်ထွက်လာလိုက်သည်။အနောက်ကနှစ်ယောက်ကတော့မျက်စောင်းအချင်းချင်းထိုးလို့။
" အကိုနောက်ဘက်ကကံ့ကော်ပင်မှာအပွင့်တွေအများကြီးဘဲသိလား...ဒီရာသီခူးရောင်းရင်အကိုရောင်းရမှာ..."
" ဟုတ်လားသွားမယ်လေ အကို့ကိုလိုက်ပြ..."
" ဟုတ်ကဲ့။ "
ရာသီအချိန်အခါမှပွင့်သည့်ပန်းကိုရောင်းရင်ပိုရောင်းရတာကြောင့်ခွန်းရောင်ခြည်လိုက်ကြည့်မိတော့အပင်အကြီးကြီးမှာပြည့်နှံ့နေအောင်ပွင့်နေတဲ့ကံ့ကော်တွေကြောင့်အံ့သြမိသည်။
" ညီမထည့်ဖို့ခြင်းတောင်းသွားယူအုံးမယ်အကို ခနစောင့်..."
" အင်း...ဖြေးဖြေးသွားမြိုင်.."
ပြေးထွက်သွားတဲ့ကလေးမလေးအားခွန်းရောင်ခြည်ငေးကြည့်ရာကနေကံ့ကော်ပင်ကိုအကြည့်ပြောင်းသွားလိုက်သည်။လှလိုက်တာမှလွန်ရော...
ဥပဓိမောင်ကံ့ကော်ပင်ကိုပြုံးကြည့်နေသူအားငေးကြည့်မိသည်။လေညှင်းတွေတိုက်နေတာကြောင့်အပင်ကပန်းတွေဟာကြွေကာလေထဲပျံ့နှံ့လို့။အနီးနားကကိုင်းက ကံ့ကော်ပွင့်လေးတစ်ပွင့်အားဥပဓိမောင်ခူးယူလိုက်သည်။
" မောင့်ခြည်..."
" ဟင်..."
နူးညံ့ညံ့အခေါ်လေးကိုလှည့်ကြည့်လာသူဟာညနေခင်းနေရောင်နှင့်အပြိုင်တောက်ပလို့။ချစ်ရသူရဲ့အရှေ့မှာသွားရပ်လို့ခူးယူလာတဲ့ကံ့ကော်ပွင့်လေးကိုချစ်ရသူရဲ့နားသယ်လေးမှာပန်ဆင်ပေးလိုက်သည်။
ဥပဓိမောင်လုပ်သမျှကိုငြိမ်ခံနေသူဟာမျက်လုံးဝိုင်းလေးတွေဖြင့်သိပ်ချစ်ဖို့ကောင်းလေသည်။
" လှတယ်...မင်းလေးကကိုယ့်ဘဝရဲ့အလှဆုံးကြွေရုပ်ကလေးဘဲမောင့်ခြည်....ဘာဆေးတွေများစားထားလို့ကိုယ့်မင်းကိုစွဲလမ်းနေရတာလဲအချစ်ရယ်..."
သူ့အပြောတွေမှာပါးလေးတွေရဲတက်လာသူဟာချစ်စရာအတိ။
" အချစ်ကြောင့်လူတွေရူးကြတယ်...ဒါပေမဲ့ကိုယ်ကအချစ်ကြောင့်မဟုတ်ဘဲမင်းအလှကြောင့်အရင်ရူးနေပါပြီမောင့်ခြည်..."
" ဥပဓိမောင်...ဆက်မပြောနဲ့တော့.."
နားတွေပါးတွေရဲတက်လို့သူ့အားကျောခိုင်းသွားတဲ့ကျောပြင်လေးဟာနတ်ဘုရားသာဆိုရိုးတံတောင်ပံတို့ပုန်းကွယ်ရာနေရာလေး။
ခွန်းရောင်ခြည် ကတော့သူ့ကိုပိုးပန်းတဲ့စကားတွေမှာရင်တွေခုန်မိတာအမှန်။လူကသာရှက်နေတာအိမ်ပြန်လမ်းတစ်လမ်းလုံးနားမှာပန်ထားတဲ့ကံ့ကော်ပန်းလေးအားမပယ်ချမိပါ။ဒါဟာဘယ်လိုသဘောတရားများဖြစ်မည်တုန်း။
ဆက်ရန်
Zg
" အေးဟယ်မယုံပေါင်..."
" ပီ!! "
" အမလေး..."
" အတူတူဘဲကို..."
" မတူဘူး အခုလာထိုင်..."
" မဆာဘူး..."
" ဂွီ~~ "
" သီးသန့်အခန်းပေးပါ။ "
" အင့်..."
" တောင်းပန်ပါတယ်။ "
" ရ...ရပါတယ်ခင်မျ "
" အာ...အင်း အင်းပါ။ "
" မရဘူးလေ..."
" ရတယ်လေ..."
" သူလွှတ်မှ..."
" မြို့အုပ်လွှတ်မှ..."
" ဟုတ်ကဲ့။ "
" ဟုတ်ကဲ့။ "
" မောင့်ခြည်..."
" ဟင်..."
ဆက်ရန်
Continue Reading
You'll Also Like
1.3M 151K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
1.3M 67.3K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
1.9M 117K 74
စစ်မှန်သော ချစ်ခြင်းတရားကိုသာ လိုချင်မိပါ၏။