ကောင်းကင်တမျှ (Completed)

By pickpachacon333

34.9K 3.6K 888

နှစ်ပေါင်းများစွာ တစ်ဖက်သတ် ချစ်ခဲ့ရပြီးတဲ့နောက် ကံကြမ္မာက သူ့ကို မျက်နှာသာပေးနိုင်ပါ့မလား။ သူ့အဖြစ်က ငယ်သူငယ... More

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 42
Episode 43
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
Episode 51
Episode 52
Episode 53
Episode 54
Episode 55
Episode 56
Episode 57
Episode 58
Episode 59
Episode 60
Episode 61
Episode 62
Episode 63
Episode 64
Episode 65
Episode 66
Episode 67
Episode 68
Episode 69
Episode 70
Episode 71
Episode 72
Episode 73
Episode 74
Episode 75
Episode 76
Episode 77
Episode 78
Episode 79
Episode 80
Episode 81
Episode 82
Episode 83
Episode 84
Episode 85
Episode 86
Episode 87
Episode 88
Episode 89
Episode 90
Episode 91
Episode 92
Episode 93
Episode 94
Episode 95
Episode 96
Episode 97
Episode 98
Episode 99
Episode 100
Episode 101
Episode 102
Episode 103
Episode 104
Episode 105
Episode 106
Episode 107
Episode 108
Episode 109
Episode 110
Episode 111
Episode 112
Episode 113
Episode 114
Episode 115
Episode 116
Episode 117
Episode 118
Episode 119
Episode 120
Episode 121
Episode 122
Episode 123
Episode 124
Episode 125
Episode 126
Episode 127
Episode 128
Episode 129
Episode 130
Episode 131
Episode 132
Episode 133
Episode 134
Episode 135
Episode 137
Episode 138
Episode 139
Episode 140
Episode 141 + 142
Episode 143
Episode 144
Episode 145
Episode 146
Episode 147
Episode 148
Episode 149
Episode 150
Episode 151
Episode 152
Episode 153
Episode 154
Episode 155
Episode 156
Episode 157
Episode 158
Episode 159
Episode 160
Episode 161
Episode 162
Episode 163
Episode 164
Episode 165
Episode 166
Episode 167
Episode 168
Episode 169
Episode 170
Episode 171
Episode 172
Episode 173
Episode 174
Episode 175
Episode 176
Episode 177
Episode 178
Episode 179
Episode 180
Episode 181
Episode 182
Episode 183
Episode 184 *
Episode 185
Episode 186
Episode 187
Episode 188
Episode 189
Episode 190
Episode 191
Episode 192
Episode 193
Episode 194
Episode 195
Episode 196
Episode 197
Episode 198
Episode 199
The Final Episode
ကျေးဇူးတင်လွှာ

Episode 136

132 16 4
By pickpachacon333

Uni

"ပြဿနာပါပဲ အစ်မဟန်ရယ်"

"ဟေ"

လိုတက အစမရှိ အဆုံးမရှိပြောတော့ ဟန်က ကြောင်တောင်တောင်။ ဆွေးနွေးနေတုန်းကတည်းက လိုတပုံစံကြီးက အီလည်လည်ဖြစ်နေတာကို သတိထားမိသည်။ နေမကောင်းတာကြောင့်လို့ပဲ တွေးလိုက်ပေမဲ့ အခုမှကြည့်ရတာ နေမကောင်းတာကြောင့် ဟုတ်ပုံမပေါ်။ နောက်ပြီး ဆွေးနွေးပွဲပြီးပြီဆိုတော့ ဖင်ကို မီးစွဲသလိုမျိုး သန့်စင်ခန်းခဏဆိုပြီး ပြေးထွက်သွားပုံကို ဟန့်မျက်လုံးထဲက ထုတ်မရ။

လိုတက ငယ်ပေမဲ့ အရာရာမှာ ပေါင်းသင်းဆက်ဆံတတ်သည်။ ဘယ်နေရာမှာ ဘယ်လိုအပြုအမူလုပ်သင့်သည်ကိုလည်း သိပြီးသားဖြစ်သည်။ ဒါကြောင့် သူဌေးကိုယ်တိုင်က လိုတကို အစစအရာရာ စိတ်ချထားတာပင်။ ဒီနေ့ လိုတ အမူအရာတွေ ပျက်နေတော့ သူဌေးက ဟန့်ကို လိုက်ကြည့်ဖို့ ခိုင်းလိုက်သည်။ ဧည့်သည်တွေပြန်ပို့တာကတော့ သူဌေးနဲ့ ဒါဒါကြီးလုပ်မည်သာ။

ဟန် သန့်စင်ခန်းဘက်တွေလိုက်ကြည့်ပေမဲ့ လူရှိပုံမရတာမို့ ထွက်လာစဉ် မီတင်ခန်းနှင့် ကော်ရစ်တာထောင့်လေးမှာ ကွေးကွေးလေးထိုင်နေသော လိုတကို တွေ့လိုက်ရသည်။ လိုတက မှန်ပြင်ကြီးနားမှာ ပူးကပ်ထိုင်နေကာ ဒူးနှစ်ဖက်ကို ထောင်ထား၏။ ခေါင်းကလည်း ဆွဲဖွထားပုံပေါ်ပါသည်။ ခုနက သပ်သပ်ရပ်ရပ်အသွင်နှင့်မတူတော့ဘဲ ရှုပ်ပွနေ၏။

ပါးတွေဖောင်းလာသည်အထိ စူပုတ်ကာအလိုမကျဖြစ်နေသည့် မျက်နှာပြင်က တစ်ခုခုဖြစ်နေသည်ဆိုတာ သေချာသည်။ နောက်ပြီး ကွေးကွေးလေးထိုင်နေတာမို့ လိုတပုံစံက လုံးဝကို သနားစရာလေးဖြစ်နေသည်။

ဒေါက်ဖိနပ်သံကြားလို့ထင်ပါသည်။ လိုတက သူမကိုမော့ကြည့်လာသည်။ ထို့နောက် ဆံပင်ကို လက်ချောင်းတွေနဲ့ဖွကာ ပြဿနာပါပဲဟု ညည်းညူလေတော့သည်။ ဟန် နည်းနည်းတော့ လန့်သွားသည်။ တကယ်တော့ ကိစ္စကြီးကိုသာ တာဝန်ယူနေရတာ လိုတက သူတို့အထဲမှာ အငယ်ဆုံးလေးပင်။ နောက်ပြီး အလုပ်ဝင်တာက သိပ်မကြာသေး။ အရည်အချင်းရှိသည်ဟု တဖွဖွချီးကျူးခြင်းကို ခံရပေမဲ့ ငယ်ရွယ်သူပေမို့ ဖိအားဘာညာတော့ ရှိမှာအသေအချာ။

နောက်ပြီး အလုပ်ထဲမှာဆို တခြားလူတွေထက် လိုတနဲ့ ဟန်က ပိုခင်သည်။ အသက်မတိမ်းမယိမ်းဆိုတာထက် ဟန်က ကိုယ့်မောင်လေးလို ကြည်ရှုစောင့်ရှောက်ပေးလို့ဖြစ်မည်။ လိုတက တစ်ခုခုဆို ဟန့်ကို အရင်ပြေးပြောတတ်သည်သာ။ အခုလည်း ဘာအခက်တွေ့နေသည်မသိ။ ခေါင်းကုတ်ရင်း မျက်နှာက ရှုံ့ရှုံ့မဲ့မဲ့။

ဟန်က သက်ပြင်းရှိုက်သည်။ ထိုင်နေတဲ့လူ ထမလာမှတော့ သူလည်း ကြမ်းပြင်ပေါ်ပဲ လိုက်ထိုင်ရသည်။ သန့်မသန့်တော့ စိုးရိမ်စရာမလို။ အပေါ်ဆုံးထပ်၏ သန့်ရှင်းရေးက ကျောက်ကျောပေါ် လမ်းလျှောက်ရသည်လို့ ထင်ရလောက်အောင် ပြောင်ပြောင်လက်လက်တိုက်ချွတ်ထားတာဖြစ်သည်။

"ပြောစမ်းပါဦး ဘာဖြစ်လို့လဲ။ ဖိအားတွေပိလို့လား"

ဟန်က လိုတဘက်စောင်းငဲ့လိုက်ရင်း သူ ထင်တာ ထုတ်ပြောသည်။ အခုအချိန် သူ့ခေါင်းထဲကထွက်သည့်အကြံဥာဏ်ဟူ၍ ထိုတစ်ခုပဲရှိသည်။ လိုတကတော့ ပြင်းပြင်းထန်ထန်ခေါင်းရမ်းပါ၏။

"မဟုတ်ပါဘူး အစ်မဟန်ရာ ကျွန်တော် တကယ် စိတ်ညစ်တော့တာပဲ။ ဒီတလော ဘာလို့များ ကံကအဲ့လောက် မကောင်းဘူးဖြစ်နေရတာလဲ"

"ဟင်... ကံမကောင်းတာလား"

ဟန်က လိုတကို စုန်ချီဆန်ချီကြည့်သည်။ ဆွေးနွေးပွဲက တော်တော်ကြီးကို လျောလျောလျူလျူပြီးသွားခဲ့တာ ဖြစ်သည်။ ကံမကောင်းဘူးဟု ပြောရအောင်လည်း လိုတက လူရှေ့သူရှေ့မှာ ဘာအမှားမှမလုပ်ခဲ့ပါ။ သူလုပ်ခဲ့တာဆိုလို့ သန့်စင်ခန်းသွားရုံသာ။ ဒါတောင် သိပ်ပြီး ကိစ္စရှိတာ မဟုတ်ပေ။ အကယ်၍ လိုတသာ မိန်းကလေးဆိုပါက လူရှေ့သူရှေ့မှာ ဟိုဟာလာလို့လားဟူ၍ ဟန် တွေးလိုက်မိမည်ဖြစ်သည်။

"ကံက တော်တော်ကို မကောင်းတာပါ အစ်မဟန်ရေ အရမ်းကိုမကောင်းနေတာ။ ဘယ်လိုလုပ်ပြီး ထပ်ခါထပ်ခါ ဒီလောက်တောင် မကောင်းနိုင်ရတာလဲ ကျစ်"

လိုတက သူ့စိတ်ထဲရှိတာတွေ ပြောပစ်လိုက်ချင်သည်။ သို့သော် အစ်မဟန်က ဘာမှသိသူမဟုတ်။ သူမကို ရှင်းပြရတာနဲ့တင် တစ်လုပ်ဖြစ်ဦးမည်။ စိတ်ညစ်လွန်းလို့ လိုတ တိုက်အောက်သာ ခုန်ဆင်းပစ်လိုက်ချင်တော့သည်။

ပိုင်ဥာဏ် သူ့တိုက်ခန်းဘေးဆီ မပြောင်းလာခင်အထိ အရာအားလုံး အဆင်ပြေနေခဲ့တာ လိုတ မှတ်မိပါသည်။ ဒီလိုနဲ့ အလုပ်လုပ်ရင်းပဲ ပိုင်ဥာဏ်ကို မေ့သွားလိမ့်မည်။ ဒီလိုဆို အကုန်လုံး ချောမွေ့သွားမည်ပင်။ သို့သော် ပိုင်ဥာဏ်က သူ့တိုက်ခန်းဘေး ရောက်လာခဲ့သည်။ ဘေးတောင်မှ ကပ်လျက်။ ဒါတောင် လိုတ ကံကြမ္မာကို အပြစ်မတင်ခဲ့ပါ။ ဒါမျိုးက ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာတတ်သည့် ကိစ္စမျိုးမှ မဟုတ်ဘဲ။ သူ အတော်ကြီး သည်းခံခဲ့သည်။

ဒါပေမဲ့ ဒီလောက်နဲ့မပြီးဘဲ ပိုင်ဥာဏ်၏ တဇွတ်ထိုးအကျင့်တွေက ပိုပြီးဆိုးလာသည်။ သူ ခေါင်းကိုက်လောက်သည်အထိ ဖြစ်ခဲ့ပေမဲ့ အရာအားလုံးကို မျက်ကွယ်ပြုထားလိုက်သည်။ ထိုကြားထဲမှာ မပြတ်သေးသည့် ကြိုးစတစ်ခုက ပို၍ပို၍ ထူထဲလာတာကို သူ သတိထားမိသည်။ သူ ဘာမှမတတ်နိုင်ပေ။

ဒီအထိ အထပ်ထပ်အခါခါ သည်းခံထားတာတောင် အလုပ်အထိ ပိုင်ဥာဏ်ကို ပို့ပေးလိုက်တာတော့ ကံကြမ္မာလွန်သလား သူလွန်သလား စာရင်းရှင်းရတော့မည်။ အလုပ်ဆိုတာတောင် ရိုးရိုးလေးမဟုတ်။ တိုက်ခန်းမပြီးမချင်း တွဲလုပ်ရမဲ့ အလုပ်ကြီး။ တိုက်ခန်းဆိုတာကလည်း ငါးရက်တစ်ပတ်အတွင်း လုပ်လို့ရမဲ့ စီမံကိန်းလည်းမဟုတ်။ နှစ်ချီနိုင်သည့် ကိစ္စကြီး။

လိုတ တကယ်စိတ်ကုန်မိသည်။ ကံကြမ္မာသည် သူ့ကို ပိုင်ဥာဏ်ဆီ တစ်ဖန်တွန်းပို့နေသည်ဟု သူ ထင်သည်။ ရုန်းမထွက်နိုင်တာ မှန်သည်။ ထပ်ပြီး တွန်းပို့ခံရတာတော့ တကယ် စိတ်ညစ်မိသည်။ သူ တကယ်ကို မလုပ်ချင်မကိုင်ချင်တော့။ ဖြစ်နိုင်ရင် ပိုင်ဥာဏ်မရှိသည့် တစ်နေရာရာကိုသာ တိတ်တိတ်လေး ထွက်ပြေးလိုက်ချင်တော့သည်။

"ဟယ် နင်အဲ့လောက် ကံမကောင်းနေရင်လည်း ဗေဒင်လေးဘာလေး သွား‌မေးပြီး ယတြာလေးဘာလေး သွားချေမှပေါ့ဟဲ့။ ငါ့အသိရှိတယ်သိလား အရမ်းတော်တာ။ ဖူးစာရှင်တွေဘာတွေ တွက်ရင်လည်းလေ မျက်နှာပုံစံကအစ ပြောနိုင်တာနော်။ တကယ်မှန်တဲ့ ဗေဒင်ပဲ။ အဲ့တာ ဒီပိတ်ရက်ကျ ငါ နင့်ကို ခေါ်သွားပေးမယ်"

ဟန်က လိုတပြောတာတွေ နားမလည်နိုင်တော့ သူ နားလည်တာလေးပဲ ကွက်ပြီး သုံးသပ်သည်။ လိုတကတော့ ခေါင်းကုပ်လက်ကုပ်နဲ့ စိတ်ရှုပ်နေတာ ပြေသေးသည့်ပုံမပေါ်။

"လာစမ်းပါဟယ် နင်ဘာဖြစ်နေလဲဆိုတာ မသိပေမဲ့ ရုံးခန်းပြန်ပြီးမှ ဆက်ပြောရအောင်ပါ။ ရေလေးဘာလေးသွားသောက်ကြရအောင် ထ"

အစ်မဟန်က လိုတ၏ လက်မောင်းတွေကို ဆွဲကာ အတင်းထူသည်။ လိုတက မထ။ ပေတေပြီး နံရံဆီအတင်းတိုး၏။ လိုတ၏ ပေပေတေတေပုံစံကို တစ်ခါမှမမြင်ဖူးခဲ့သော ဟန်က သဘောတကျရယ်လေသည်။

"စိတ်ညစ်ပါတယ်ဆို အစ်မဟန်ကလည်း လာရယ်နေသေးတယ်"

"ဟော် နင်ညစ်တာလေ။ ငါညစ်တာမှမဟုတ်ဘဲဟဲ့ ငါက ရယ်လို့မရဘူးလား ပြော"

"ကျွန်တော် စိတ်ညစ်လို့ အစ်မဟန်ရဲ့"

"အေးလေ စိတ်ညစ်ရင် ဘာလို့ စိတ်ညစ်လဲ အကျိုးအကြောင်းလေး ပြောလေဟာ"

လိုတက သူ၏လက်ချောင်းသွယ်သွယ်များဖြင့် နှဖူးကို ခြစ်သည်။ မျက်နှာကိုရှုံ့မဲ့လိုက်သည့်အခါ မျက်တောင်မည်းမည်းများက ပို၍ ကော့တက်ထင်ရှားသွားသည်ကို တွေ့ရသည်။

"ကျွန်တော်နဲ့ သူနဲ့ မတည့်ဘူး အစ်မဟန်"

"ဟေ"

လိုတက မပွင့်တပွင့်ပြောနေရာမှ နှုတ်ခမ်းသပ်၏။

"ကျွန်တော်နဲ့ အဲ့ Land2က ဒါရိုက်တာနဲ့ မတည့်ဘူးလို့ပြောတာ"

"ဟေ"

ဟန် အံ့ဩတကြီးဖြစ်သွားသည်။ များသောအားဖြင့်တော့ လုပ်ငန်းတူတူလုပ်ကြရင်း ငယ်ကျွမ်းဆွေတွေ ပြန်ဆုံကြသည်ဆိုတာ တော်တော်လေးရှားသည်။ နောက်တစ်ချက်က လိုတပုံစံလေးက ရန်သူရှိမည့်ပုံဟု ဘယ်လိုမှ မထင်ရ။ နောက်ပြီး ဆွေးနွေးကြတုန်းကလည်း တစ်ဖက်ကကောင်လေးက တော်တော်လွန်လွန်ကဲကဲကို ဖော်ရွေခဲ့တာ ဖြစ်သည်။ အဲ့ကတည်းက ဒီနှစ်ယောက် သိကြသလားလို့ သံသယဝင်မိပေမဲ့ ရန်ဖြစ်ထားကြမယ်လို့တော့ မထင်။

"ဘယ်လိုဖြစ်တာလဲ လိုတရယ်။ နင့်အဖြစ်ကလည်း... သူနဲ့တော်တော်ကြီး မတည့်လို့လား"

လိုတက စဉ်းစားနေပုံရသည်။ ခေါင်းတစ်ချက်ညိတ်သည်။ ထို့နောက် နှစ်ချက်လောက် ခေါင်းခါပြသည်။ သူ့ကိုကြည့်ပြီး ဟန်ပါ ခေါင်းကုပ်မိတော့မလိုပင်။

"ဟဲ့ ရှင်းရှင်းပြောစမ်းပါဟယ် လိုတရယ်"

"အရမ်းကြီးတော့လည်း မဟုတ်ပါဘူး။ ဒီတိုင်း မတည့်တာပါ"

"ဪ"

"အဲ့တာ... ကျွန်တော် Projectကို တာဝန်မယူတော့လို့ ရမလားဟင်"

"ဘာ"

လိုတ၏ ကောက်ခါငင်ကာစကားကြောင့် ဟန် မျက်လုံးပြူးသွားသည်။ ဒီကောင်လေးက တာဝန်ခံရတာ လွယ်လွယ်ကူကူများ မှတ်နေသလား မသိ။ စာရွက်စာတမ်းတွေမှာပါ လိုတရဆိုတဲ့ နာမည်က ပါပြီးပြီကို အခုမှ ပြောင်းမလို့ ဟန်ပြင်နေသည်။

"ဟုတ်တယ် အစ်မဟန်ရဲ့ ကျွန်တော်လုပ်လို့ မဖြစ်ဘူး။ သူက ကျွန်တော်နဲ့ မတည့်တိုင်း လုပ်ငန်းကိုပါ ညစ်လိုက်ရင် ဘယ်လိုလုပ်ပါ့မလဲ အစ်မပဲစဉ်းစားကြည့်။ ကျွန်တော်... သူနဲ့တွဲမလုပ်နိုင်ဘူး ဟင့်အင်း"

လိုတက ကလေးတစ်ယောက်လို ကိုယ်လိုရာဆွဲပြောရင်း ရေရွတ်နေသည်။ ဟန်က လိုတ၏ ဒီလိုပုံစံကို မမြင်ဖူးတာမို့ အံ့ဩတကြီး ငေးနေမိသည်။

"လာပါ အစ်မရာ သူဌေးဆီသွားပြောရအောင်။ မန်နေဂျာနေရာကို အစ်မဝင်ယူလိုက်။ အစ်မဟန်ဆို ကျွန်တော့်ထက် ပိုကောင်းမှာ"

"ဟဲ့ ဟဲ့"

ရုတ်တရက် ထရပ်ပြီး လက်ကိုဆွဲခေါ်နေသည်ကြောင့် ဟန် အလန့်တကြားဖြစ်သွားသည်။ သူကတော့ ဒီလိုကရိကထများမည့်အလုပ်ကြီးကို မလိုချင်ပါ။ လစာလည်း ပိုများမယ်ဆိုပေမဲ့လည်း အခုလစာကရော ဘာဖြစ်နေလို့လဲ။ တစ်နေ့တစ်နေ့ သက်တောင့်သက်သာ လှလှပပလေးပဲ နေရရင် အဆင်ပြေနေပြီ မဟုတ်ဘူးလား။ ဘာလို့ ငယ်ရွယ်ချိန်တွေကို ပင်ပင်ပန်းပန်းဖြုန်းတီးရမှာလဲ။ အထူးသဖြင့် သူ့လို အလှပဂေးလေးကလေ။

"No No No No လုံးဝပဲ လိုတ မရဘူး"

အပြင်းအထန်ငြင်းဆန်ကာ ဟန်က လိုတဆွဲထားသည့်လက်ကို ဖြုတ်ချသည်။ ထိုတော့မှ လိုတကလည်း သူ လက်ဆွဲမိမှန်းသိကာ မျက်နှာရဲရဲနှင့် လက်နှစ်ဖက်ကို ဟိုပွတ်ဒီပွတ်။

"ဟီးဟီး ဆောတီး အစ်မဟန် ဘွာတေး ဘွာတေး"

ဟန်က လိုတကို မျက်စောင်းလှလှထိုးသည်။ ပြီးနောက် ထရပ်နေသည့် ကောင်လေးကို ထိုင်ကျသွားအောင် ပုခုံးကို ဖိလိုက်ကာ

"ထိုင်စမ်းပါဦး နင်က စိတ်ချည်းပဲ။ အဲ့လောက်ထိဖြစ်ရအောင် နင်တို့နှစ်ယောက် ပြဿနာက ကြီးလို့လား လိုတရယ်။ မန်နေဂျာပြောင်းဖို့ဆိုတာ လွယ်တဲ့ကိစ္စများမှတ်နေလား"

"အာ.. ကြီးတော့ မကြီးဘူးပေါ့ ဒါပေမဲ့..."

လိုတ မျက်ဝန်းတွေ ဝေဝါးကုန်သည်။ သူ့စိတ်ထဲမှာတော့ ပိုင်ဥာဏ်နဲ့ အလုပ်တူတူ မလုပ်ချင်တာပဲ သိသည်။

"ဒါပေမမဲ့နဲ့လေ နင် လွှဲမယ်ထားပါဦး။ ငါက မိန်းကလေး။ ဆောက်မဲ့နေရာက ဝေးတော့ ညရေးညတာ ကိစ္စရှိလာရင်တောင် မဖြစ်ဘူး။ နင့်မှာ အားကိုးစရာ ဒါဒါကြီးနဲ့ ဂျာကြီး ဦးသီဟပဲရှိတယ်။ ဒါဒါကြီးကတော့ အလုပ်ရှုပ်တာမှ ပြောမနေနဲ့ ဂျာကြီးဦးသီဟကျတော့လည်း Marketingပိုင်းက အရေးကြီးတာနဲ့ တခြားဌာနကို ခြေတောင် လှည့်မဆင်းအားဘူး နင့်နေရာမှာ ဘယ်သူထည့်မှာလဲ"

"ဟာ အစ်မဟန်ကလည်း"

အလိုမကျတော့ လိုတ မျက်နှာက စူပုတ်ပုတ်။

"ငါက မလည်းဘူး။ နင် မယုံရင် သူဌေးကိုသွားပြောကြည့် သွား။ ငါနဲ့ တစ်လေသံတည်း ထွက်မလာရင် ငါနောက်နေ့ကို မိတ်ကပ်မပြင်ဘဲ ရုံးလာပြမယ်"

"ဟာ အစ်မဟန်ရယ်... ကြမ်းလိုက်တာ"

"ကြမ်းကြမ်းပဲ ထ။ သူဌေးဆီသွားမယ်။ အခုလောက်ဆို သူ ရုံးခန်းပြန်ရောက်နေလောက်ပြီ"

"ဧည့်သည်တွေ သွားပြီနေမှာပါနော်"

အရေးထဲမှ ရန်သူတော်နဲ့ ထပ်ဆုံမှာကြောက်နေသော လိုတကို ဟန်က မျက်စောင်းထိုးသည်။ ပြီးတော့လည်း မိန်းကလေးတန်မဲ့ လိုတကို ရုံးခန်းဆီ ဆွဲသွားလိုက်တာ တရွတ်တိုက်မတတ်။

"ဟော စောင့်နေတာအတော်ပဲဟေ့ လာ ထိုင်"

သူဌေးဦးစစ်နောင်က ရုံးခန်းထဲကနေ လှမ်းခေါ်သည်။ အရှေ့အထိ ရောက်သွားပြီမို့ အခုမှတော့ နောက်ပြန်လှည့်လို့ မရတော့။ လိုတတို့ တွန့်ဆုတ်တွန့်ဆုတ်နှင့် ဝင်သွားရသည်။ သွေးပူနေလို့သာ အလုပ်မလုပ်နိုင်ဘူး ဘာညာ ထပြောခဲ့တာပေမဲ့ တကယ်တမ်း အဲ့လောက်မလွယ်မှန်း သူသိသည်။

"လိုတရေ ခုနကပြောခဲ့သလိုပဲပေါ့ကွာ။ အိမ်ဆောက်ပစ္စည်းကုမ္ပဏီတွေမှာ ပစ္စည်းတွေ သွားကြည့်ပြီး ပစ္စည်းမှာရမယ်။ အင်ဂျင်နီယာနဲ့တိုင်ပင်တာကိုတော့ နောက်တစ်ပတ်လောက် လုပ်ပေါ့ကွာ နော်။ ဪ နောက်ပြီး အဲ့တစ်ပတ်ကစပြီး မင်း အလုပ်ကို မလာနဲ့တော့။ အရေးကြီးအစည်းအဝေးတွေရှိမှ ငါမင်းကို လှမ်းချိတ်လိုက်မယ်နော်"

"ဟုတ်ကဲ့ သူဌေး"

"သူဌေး လိုတက ပြောစရာရှိလို့တဲ့"

"ဟင်"

သူဌေးက လိုတဘက်သို့ လှည့်ကြည့်လာသည်။ အံ့ဩတကြီးတော့ မဟုတ်ပါ။ လိုတ တစ်ခုခုဖြစ်နေမှန်း ဆွေးနွေးနေတုန်းကတည်းက သူ ရိပ်မိသည်။

"ပြောလေ လိုတ ဘာဖြစ်လို့လဲကွ"

"ဟို သူဌေး... အဲ့တာလေ"

လိုတက ပြောရခက်နေဟန်ဖြင့် ခေါင်းငုံ့ကာ လက်နှစ်ဖက်ကို ပွတ်သပ်နေသည်။ ဟန်က ဘေးမှာကြည့်နေရင်း စိတ်မရှည်တော့။

"သူဌေး လိုတနဲ့ ခုနက Land2 ဒါရိုက်တာနဲ့ မတည့်ဘူးတဲ့"

"ဟေ"

ဒါတော့ သူဌေးလည်း ခန့်မှန်းထားပုံမပေါ်ပါ။ အံ့ဩတကြီးနှင့် လိုတပုံစံကို ကမန်းကတန်းမော့ကြည့်သည်။ အမှန်တကယ်ကို လိုတပုံစံက ကြည်လင်ရှင်းသန့်နေပြီး ရန်ဖြစ်တတ်မည့် ပုံစံမျိုး မဟုတ်ပါ။

"ဘယ်လိုဖြစ်တာလဲ။ ဘယ်တုန်းကလဲ"

"အာ... ကျွန်တော်တို့က ကျောင်းတူတူတက်ခဲ့ကြတာပါ သူဌေး အဲ့တာ..."

သူဌေးက လှစ်ခနဲ ပြုံးသည်။ သူ့ပြုံးပုံက ဘာမှမဟုတ်ပါဘူးဟု တွေးလိုက်သည့်ပြုံးပုံမျိုး။

"ငါ နားလည်ပါတယ်ကွာ။ သူလည်း ခုနက ငါ့ကိုပြောသွားပါတယ်။ မင်းတို့နှစ်ယောက်က ၉တန်းလောက်ကတည်းက ကျောင်းတူတူနေလာကြတာဆို။ သူကတော့ မင်းနဲ့တွဲလုပ်ရမှာ သဘောကျနေပုံပါပဲကွ ဟမ်"

သူဌေးစကားကြောင့် လိုတ ခေါင်းမော့သွားသည်။ ရုတ်တရက် ဘာဆက်ပြောရမလဲ မသိ။ ပိုင်ဥာဏ်က သူ့ကို လိုလားသည်လား။ ဒါမှမဟုတ် မလိုလားဘူးလား။ ပိုင်ဥာဏ် ကျေနပ်သည့် အကြောင်းအရင်းက သူနဲ့အလုပ်တွဲလုပ်ရလို့ မဟုတ်ဘဲ အလုပ်ထဲမှာ ပိုနှိပ်စက်ချင်လို့လည်း မဖြစ်နိုင်ဘူးလား။

သူ့စိတ်တွေ ဝေဝါးနေသည်။ ဘယ်အရာက အဓိကကျမှန်းလည်း ဝေခွဲမရတော့။ သူ လျစ်လျူရှုလိုက်သင့်လား။ ဒါမှမဟုတ် တကယ်ပဲ ပြေးထွက်သင့်တာပဲလား။

"သူငယ်ချင်းတွေဆိုတာကတော့ ဒီလိုပါပဲကွာ။ ငါတို့တုန်းကဆိုလည်း တကျက်ကျက်နဲ့ ရန်ဖြစ်ကြတာပဲ။ ပြီးတော့လည်း ဘာမှမဟုတ်ဘူး။ ဒါမျိုးတွေက အသက်ကြီးလာတော့မှ နားလည်လာတယ်ကွ။ မစိုးရိမ်ပါနဲ့။ သူ့ဘက်ကတော့ မင်းကို ဘာမှစိတ်ခုပုံမပေါ်ပါဘူး"

သူဌေးက ပြုံးပြီး သဘောကျသလို ဆက်ပြောနေသည်။ လိုတကတော့ သက်ပြင်းတိုးတိုးလေးချ၏။ တကယ် စိတ်ခုသွားသလားး မခုဘူးလားဆိုတာ အကဲခတ်ရုံနဲ့ သိနိုင်မဲ့ ကိစ္စလည်းမဟုတ်။

"ဪ အဲ့တော့ အဲ့ကိစ္စနဲ့ စိတ်ထင့်နေတယ်ဆိုပါတော့"

"ဟုတ်တယ် သူဌေး။ ခုနကဆို ပျော့ခွေနေတာပဲ"

အစ်မဟန်ကပါ ဝင်ဆေးထိုးသည်။ ကုမ္ပဏီသေးသေးလေးက စတက်လာသည့် သူဌေးနှင့်ဝန်ထမ်းတွေမို့ အချင်းချင်းကြားမှာ ဆက်ဆံရေးသိပ်ကောင်းကြတာ ပုံမှန်ပင်။

"အမလေးကွာ ဘာမှတွေးမနေနဲ့။ နောက်ပြီး မင်းလစာကို ဒီလကစပြီး ၅သိန်းတိုးပေးဖို့ ဒေါ်ဝတ်ရည်လဲ့ဆီ စာထုတ်လိုက်မယ်နော်။ ကဲ အလုပ်ဆီ ပြန်သွားလို့ရပြီ"

"အာ... ဟုတ်ကဲ့ သူဌေး။ ကျေးဇူးတင်ပါတယ်"

သူဌေးက အထာနပ်သည်။ လိုတ ဘာမှမပြောခင်မှာတင် လစာအကြောင်းကို ပိတ်ပြောလိုက်သည်။ ငါးသိန်းဆိုတာနဲ့ လိုတတစ်ယောက် ဘာမှတောင် ပြောဖို့ စိတ်ကူးမရှိတော့။ သူဌေးက တကယ်ကိုပဲ သူဌေးပီသလွန်းသည်။

"ကဲ ငါမပြောဘူးလား လိုတ။ အဆင်ပြေမှာပါဟယ် ဘာလို့ဒီလောက်ကြီး စိတ်ညစ်နေရတာလဲ"

အပြင်ရောက်တော့ မျက်နှာ မည်းပုတ်နေသည့် လိုတကို အစ်မဟန်က နှစ်သိမ့်သည်။ ဗေဒင်မေးတဲ့ဆီ သွားရအောင်လို့လည်း ထပ်ပြီး ဆွယ်သည်။ လိုတ အခုအချိန်မှာ ထပ်ပြီး စိတ်ရှုပ်မခံနိုင်သည်မို့ ခေါင်းညိတ်သာ ပြခဲ့လိုက်သည်။ ဒီနေ့လည်း နေသာပေမဲ့ ရာသီဥတု မကောင်းခဲ့။

.......................................................................................................................................................................................

Zawgyi

"ျပႆနာပါပဲ အစ္မဟန္ရယ္"

"ေဟ"

လိုတက အစမရိွ အဆံုးမရိွေျပာေတာ့ ဟန္က ေၾကာင္ေတာင္ေတာင္။ ေဆြးေနြးေနတုန္းကတည္းက လိုတပံုစံႀကီးက အီလည္လည္ျဖစ္ေနတာကို သတိထားမိသည္။ ေနမေကာင္းတာေၾကာင့္လို႔ပဲ ေတြးလိုက္ေပမဲ့ အခုမွၾကၫ့္ရတာ ေနမေကာင္းတာေၾကာင့္ ဟုတ္ပံုမေပၚ။ ေနာက္ၿပီး ေဆြးေနြးပဲြၿပီးၿပီဆိုေတာ့ ဖင္ကို မီးစဲြသလိုမ်ိဳး သန႔္စင္ခန္းခဏဆိုၿပီး ေျပးထြက္သြားပံုကို ဟန႔္မ်က္လံုးထဲက ထုတ္မရ။

လိုတက ငယ္ေပမဲ့ အရာရာမွာ ေပါင္းသင္းဆက္ဆံတတ္သည္။ ဘယ္ေနရာမွာ ဘယ္လိုအျပဳအမူလုပ္သင့္သည္ကိုလည္း သိၿပီးသားျဖစ္သည္။ ဒါေၾကာင့္ သူေဌးကိုယ္တိုင္က လိုတကို အစစအရာရာ စိတ္ခ်ထားတာပင္။ ဒီေန့ လိုတ အမူအရာေတြ ပ်က္ေနေတာ့ သူေဌးက ဟန႔္ကို လိုက္ၾကၫ့္ဖို႔ ခိုင္းလိုက္သည္။ ဧၫ့္သည္ေတျြပန္ပို႔တာကေတာ့ သူေဌးနဲ႔ ဒါဒါႀကီးလုပ္မည္သာ။

ဟန္ သန႔္စင္ခန္းဘက္ေတြလိုက္ၾကၫ့္ေပမဲ့ လူရိွပံုမရတာမို႔ ထြက္လာစဉ္ မီတင္ခန္းႏွင့္ ေကာ္ရစ္တာေထာင့္ေလးမွာ ေကြးေကြးေလးထိုင္ေနေသာ လိုတကို ေတြ့လိုက္ရသည္။ လိုတက မွန္ျပင္ႀကီးနားမွာ ပူးကပ္ထိုင္ေနကာ ဒူးႏွစ္ဖက္ကို ေထာင္ထား၏။ ေခါင္းကလည္း ဆဲြဖြထားပံုေပၚပါသည္။ ခုနက သပ္သပ္ရပ္ရပ္အသြင္ႏွင့္မတူေတာ့ဘဲ ရႈပ္ပြေန၏။

ပါးေတြေဖာင္းလာသည္အထိ စူပုတ္ကာအလိုမက်ျဖစ္ေနသၫ့္ မ်က္ႏွာျပင္က တစ္ခုခုျဖစ္ေနသည္ဆိုတာ ေသခ်ာသည္။ ေနာက္ၿပီး ေကြးေကြးေလးထိုင္ေနတာမို႔ လိုတပံုစံက လံုးဝကို သနားစရာေလးျဖစ္ေနသည္။

ေဒါက္ဖိနပ္သံၾကားလို႔ထင္ပါသည္။ လိုတက သူမကိုေမာ့ၾကၫ့္လာသည္။ ထို႔ေနာက္ ဆံပင္ကို လက္ေခ်ာင္းေတြနဲ႔ဖြကာ ျပႆနာပါပဲဟု ညည္းၫူေလေတာ့သည္။ ဟန္ နည္းနည္းေတာ့ လန႔္သြားသည္။ တကယ္ေတာ့ ကိႁစၥကီးကိုသာ တာဝန္ယူေနရတာ လိုတက သူတို႔အထဲမွာ အငယ္ဆံုးေလးပင္။ ေနာက္ၿပီး အလုပ္ဝင္တာက သိပ္မၾကာေသး။ အရည္အခ်င္းရိွသည္ဟု တဖြဖြခ်ီးက်ူးျခင္းကို ခံရေပမဲ့ ငယ္ရြယ္သူေပမို႔ ဖိအားဘာညာေတာ့ ရိွမွာအေသအခ်ာ။

ေနာက္ၿပီး အလုပ္ထဲမွာဆို တျခားလူေတြထက္ လိုတနဲ႔ ဟန္က ပိုခင္သည္။ အသက္မတိမ္းမယိမ္းဆိုတာထက္ ဟန္က ကိုယ့္ေမာင္ေလးလို ၾကည္ရႈေစာင့္ေရွာက္ေပးလို႔ျဖစ္မည္။ လိုတက တစ္ခုခုဆို ဟန႔္ကို အရင္ေျပးေျပာတတ္သည္သာ။ အခုလည္း ဘာအခက္ေတြ့ေနသည္မသိ။ ေခါင္းကုတ္ရင္း မ်က္ႏွာက ရႈံ႔ရႈံ႔မဲ့မဲ့။

ဟန္က သက္ျပင္းရိႈက္သည္။ ထိုင္ေနတဲ့လူ ထမလာမွေတာ့ သူလည္း ၾကမ္းျပင္ေပၚပဲ လိုက္ထိုင္ရသည္။ သန႔္မသန႔္ေတာ့ စိုးရိမ္စရာမလို။ အေပၚဆံုးထပ္၏ သန႔္ရွင္းေရးက ေက်ာက္ေက်ာေပၚ လမ္းေလ်ွာက္ရသည္လို႔ ထင္ရေလာက္ေအာင္ ေျပာင္ေျပာင္လက္လက္တိုက္ခၽြတ္ထားတာျဖစ္သည္။

"ေျပာစမ္းပါဦး ဘာျဖစ္လို႔လဲ။ ဖိအားေတြပိလို႔လား"

ဟန္က လိုတဘက္ေစာင္းငဲ့လိုက္ရင္း သူ ထင္တာ ထုတ္ေျပာသည္။ အခုအခ်ိန္ သူ႔ေခါင္းထဲကထြက္သၫ့္အႀကံဥာဏ္ဟူ၍ ထိုတစ္ခုပဲရိွသည္။ လိုတကေတာ့ ျပင္းျပင္းထန္ထန္ေခါင္းရမ္းပါ၏။

"မဟုတ္ပါဘူး အစ္မဟန္ရာ ကၽြန္ေတာ္ တကယ္ စိတ္ညစ္ေတာ့တာပဲ။ ဒီတေလာ ဘာလို႔မ်ား ကံကအဲ့ေလာက္ မေကာင္းဘူးျဖစ္ေနရတာလဲ"

"ဟင္... ကံမေကာင္းတာလား"

ဟန္က လိုတကို စုန္ခ်ီဆန္ခ်ီၾကၫ့္သည္။ ေဆြးေနြးပဲြက ေတာ္ေတာ္ႀကီးကို ေလ်ာေလ်ာလ်ူလ်ူၿပီးသြားခဲ့တာ ျဖစ္သည္။ ကံမေကာင္းဘူးဟု ေျပာရေအာင္လည္း လိုတက လူေရ႔ွသူေရ႔ွမွာ ဘာအမွားမွမလုပ္ခဲ့ပါ။ သူလုပ္ခဲ့တာဆိုလို႔ သန႔္စင္ခန္းသြားရံုသာ။ ဒါေတာင္ သိပ္ၿပီး ကိစၥရိွတာ မဟုတ္ေပ။ အကယ္၍ လိုတသာ မိန္းကေလးဆိုပါက လူေရ႔ွသူေရ႔ွမွာ ဟိုဟာလာလို႔လားဟူ၍ ဟန္ ေတြးလိုက္မိမည္ျဖစ္သည္။

"ကံက ေတာ္ေတာ္ကို မေကာင္းတာပါ အစ္မဟန္ေရ အရမ္းကိုမေကာင္းေနတာ။ ဘယ္လိုလုပ္ၿပီး ထပ္ခါထပ္ခါ ဒီေလာက္ေတာင္ မေကာင္းႏိုင္ရတာလဲ က်စ္"

လိုတက သူ႔စိတ္ထဲရိွတာေတြ ေျပာပစ္လိုက္ခ်င္သည္။ သို႔ေသာ္ အစ္မဟန္က ဘာမွသိသူမဟုတ္။ သူမကို ရွင္းျပရတာနဲ႔တင္ တစ္လုပ္ျဖစ္ဦးမည္။ စိတ္ညစ္လြန္းလို႔ လိုတ တိုက္ေအာက္သာ ခုန္ဆင္းပစ္လိုက္ခ်င္ေတာ့သည္။

ပိုင္ဥာဏ္ သူ႔တိုက္ခန္းေဘးဆီ မေျပာင္းလာခင္အထိ အရာအားလံုး အဆင္ေျပေနခဲ့တာ လိုတ မွတ္မိပါသည္။ ဒီလိုနဲ႔ အလုပ္လုပ္ရင္းပဲ ပိုင္ဥာဏ္ကို ေမ့သြားလိမ့္မည္။ ဒီလိုဆို အကုန္လံုး ေခ်ာေမြ့သြားမည္ပင္။ သို႔ေသာ္ ပိုင္ဥာဏ္က သူ႔တိုက္ခန္းေဘး ေရာက္လာခဲ့သည္။ ေဘးေတာင္မွ ကပ္လ်က္။ ဒါေတာင္ လိုတ ကံၾကမၼာကို အျပစ္မတင္ခဲ့ပါ။ ဒါမ်ိဳးက ကိုယ္ျဖစ္ေစခ်င္တဲ့အတိုင္း ျဖစ္လာတတ္သၫ့္ ကိစၥမ်ိဳးမွ မဟုတ္ဘဲ။ သူ အေတာ္ႀကီး သည္းခံခဲ့သည္။

ဒါေပမဲ့ ဒီေလာက္နဲ႔မၿပီးဘဲ ပိုင္ဥာဏ္၏ တဇြတ္ထိုးအက်င့္ေတြက ပိုၿပီးဆိုးလာသည္။ သူ ေခါင္းကိုက္ေလာက္သည္အထိ ျဖစ္ခဲ့ေပမဲ့ အရာအားလံုးကို မ်က္ကြယ္ျပဳထားလိုက္သည္။ ထိုၾကားထဲမွာ မျပတ္ေသးသၫ့္ ႀကိဳးစတစ္ခုက ပို၍ပို၍ ထူထဲလာတာကို သူ သတိထားမိသည္။ သူ ဘာမွမတတ္ႏိုင္ေပ။

ဒီအထိ အထပ္ထပ္အခါခါ သည္းခံထားတာေတာင္ အလုပ္အထိ ပိုင္ဥာဏ္ကို ပို႔ေပးလိုက္တာေတာ့ ကံၾကမၼာလြန္သလား သူလြန္သလား စာရင္းရွင္းရေတာ့မည္။ အလုပ္ဆိုတာေတာင္ ရိုးရိုးေလးမဟုတ္။ တိုက္ခန္းမၿပီးမခ်င္း တဲြလုပ္ရမဲ့ အလုပ္ႀကီး။ တိုက္ခန္းဆိုတာကလည္း ငါးရက္တစ္ပတ္အတြင္း လုပ္လို႔ရမဲ့ စီမံကိန္းလည္းမဟုတ္။ ႏွစ္ခ်ီႏိုင္သၫ့္ ကိႁစၥကီး။

လိုတ တကယ္စိတ္ကုန္မိသည္။ ကံၾကမၼာသည္ သူ႔ကို ပိုင္ဥာဏ္ဆီ တစ္ဖန္တြန္းပို႔ေနသည္ဟု သူ ထင္သည္။ ရုန္းမထြက္ႏိုင္တာ မွန္သည္။ ထပ္ၿပီး တြန္းပို႔ခံရတာေတာ့ တကယ္ စိတ္ညစ္မိသည္။ သူ တကယ္ကို မလုပ္ခ်င္မကိုင္ခ်င္ေတာ့။ ျဖစ္ႏိုင္ရင္ ပိုင္ဥာဏ္မရိွသၫ့္ တစ္ေနရာရာကိုသာ တိတ္တိတ္ေလး ထြက္ေျပးလိုက္ခ်င္ေတာ့သည္။

"ဟယ္ နင္အဲ့ေလာက္ ကံမေကာင္းေနရင္လည္း ေဗဒင္ေလးဘာေလး သြား‌ေမးၿပီး ယၾတာေလးဘာေလး သြားေခ်မွေပါ့ဟဲ့။ ငါ့အသိရိွတယ္သိလား အရမ္းေတာ္တာ။ ဖူးစာရွင္ေတြဘာေတြ တြက္ရင္လည္းေလ မ်က္ႏွာပံုစံကအစ ေျပာႏိုင္တာေနာ္။ တကယ္မွန္တဲ့ ေဗဒင္ပဲ။ အဲ့တာ ဒီပိတ္ရက္က် ငါ နင့္ကို ေခၚသြားေပးမယ္"

ဟန္က လိုတေျပာတာေတြ နားမလည္ႏိုင္ေတာ့ သူ နားလည္တာေလးပဲ ကြက္ၿပီး သံုးသပ္သည္။ လိုတကေတာ့ ေခါင္းကုပ္လက္ကုပ္နဲ႔ စိတ္ရႈပ္ေနတာ ေျပေသးသၫ့္ပံုမေပၚ။

"လာစမ္းပါဟယ္ နင္ဘာျဖစ္ေနလဲဆိုတာ မသိေပမဲ့ ရံုးခန္းျပန္ၿပီးမွ ဆက္ေျပာရေအာင္ပါ။ ေရေလးဘာေလးသြားေသာက္ၾကရေအာင္ ထ"

အစ္မဟန္က လိုတ၏ လက္ေမာင္းေတြကို ဆဲြကာ အတင္းထူသည္။ လိုတက မထ။ ေပေတၿပီး နံရံဆီအတင္းတိုး၏။ လိုတ၏ ေပေပေတေတပံုစံကို တစ္ခါမွမျမင္ဖူးခဲ့ေသာ ဟန္က သေဘာတက်ရယ္ေလသည္။

"စိတ္ညစ္ပါတယ္ဆို အစ္မဟန္ကလည္း လာရယ္ေနေသးတယ္"

"ေဟာ္ နင္ညစ္တာေလ။ ငါညစ္တာမွမဟုတ္ဘဲဟဲ့ ငါက ရယ္လို႔မရဘူးလား ေျပာ"

"ကၽြန္ေတာ္ စိတ္ညစ္လို႔ အစ္မဟန္ရဲ့"

"ေအးေလ စိတ္ညစ္ရင္ ဘာလို႔ စိတ္ညစ္လဲ အက်ိဳးအေၾကာင္းေလး ေျပာေလဟာ"

လိုတက သူ၏လက္ေခ်ာင္းသြယ္သြယ္မ်ားျဖင့္ ႏွဖူးကို ျခစ္သည္။ မ်က္ႏွာကိုရႈံ႔မဲ့လိုက္သၫ့္အခါ မ်က္ေတာင္မည္းမည္းမ်ားက ပို၍ ေကာ့တက္ထင္ရွားသြားသည္ကို ေတြ့ရသည္။

"ကၽြန္ေတာ္နဲ႔ သူနဲ႔ မတၫ့္ဘူး အစ္မဟန္"

"ေဟ"

လိုတက မပြင့္တပြင့္ေျပာေနရာမွ ႏႈတ္ခမ္းသပ္၏။

"ကၽြန္ေတာ္နဲ႔ အဲ့ Land2က ဒါရိုက္တာနဲ႔ မတၫ့္ဘူးလို႔ေျပာတာ"

"ေဟ"

ဟန္ အံ့ဩတႀကီးျဖစ္သြားသည္။ မ်ားေသာအားျဖင့္ေတာ့ လုပ္ငန္းတူတူလုပ္ၾကရင္း ငယ္ကၽြမ္းေဆြေတြ ျပန္ဆံုၾကသည္ဆိုတာ ေတာ္ေတာ္ေလးရွားသည္။ ေနာက္တစ္ခ်က္က လိုတပံုစံေလးက ရန္သူရိွမၫ့္ပံုဟု ဘယ္လိုမွ မထင္ရ။ ေနာက္ၿပီး ေဆြးေနြးၾကတုန္းကလည္း တစ္ဖက္ကေကာင္ေလးက ေတာ္ေတာ္လြန္လြန္ကဲကဲကို ေဖာ္ေရြခဲ့တာ ျဖစ္သည္။ အဲ့ကတည္းက ဒီႏွစ္ေယာက္ သိၾကသလားလို႔ သံသယဝင္မိေပမဲ့ ရန္ျဖစ္ထားၾကမယ္လို႔ေတာ့ မထင္။

"ဘယ္လိုျဖစ္တာလဲ လိုတရယ္။ နင့္အျဖစ္ကလည္း... သူနဲ႔ေတာ္ေတာ္ႀကီး မတၫ့္လို႔လား"

လိုတက စဉ္းစားေနပံုရသည္။ ေခါင္းတစ္ခ်က္ညိတ္သည္။ ထို႔ေနာက္ ႏွစ္ခ်က္ေလာက္ ေခါင္းခါျပသည္။ သူ႔ကိုၾကၫ့္ၿပီး ဟန္ပါ ေခါင္းကုပ္မိေတာ့မလိုပင္။

"ဟဲ့ ရွင္းရွင္းေျပာစမ္းပါဟယ္ လိုတရယ္"

"အရမ္းႀကီးေတာ့လည္း မဟုတ္ပါဘူး။ ဒီတိုင္း မတၫ့္တာပါ"

"ဪ"

"အဲ့တာ... ကၽြန္ေတာ္ Projectကို တာဝန္မယူေတာ့လို႔ ရမလားဟင္"

"ဘာ"

လိုတ၏ ေကာက္ခါငင္ကာစကားေၾကာင့္ ဟန္ မ်က္လံုးျပဴးသြားသည္။ ဒီေကာင္ေလးက တာဝန္ခံရတာ လြယ္လြယ္ကူကူမ်ား မွတ္ေနသလား မသိ။ စာရြက္စာတမ္းေတြမွာပါ လိုတရဆိုတဲ့ နာမည္က ပါၿပီးၿပီကို အခုမွ ေျပာင္းမလို႔ ဟန္ျပင္ေနသည္။

"ဟုတ္တယ္ အစ္မဟန္ရဲ့ ကၽြန္ေတာ္လုပ္လို႔ မျဖစ္ဘူး။ သူက ကၽြန္ေတာ္နဲ႔ မတၫ့္တိုင္း လုပ္ငန္းကိုပါ ညစ္လိုက္ရင္ ဘယ္လိုလုပ္ပါ့မလဲ အစ္မပဲစဉ္းစားၾကၫ့္။ ကၽြန္ေတာ္... သူနဲ႔တဲြမလုပ္ႏိုင္ဘူး ဟင့္အင္း"

လိုတက ကေလးတစ္ေယာက္လို ကိုယ္လိုရာဆဲြေျပာရင္း ေရရြတ္ေနသည္။ ဟန္က လိုတ၏ ဒီလိုပံုစံကို မျမင္ဖူးတာမို႔ အံ့ဩတႀကီး ေငးေနမိသည္။

"လာပါ အစ္မရာ သူေဌးဆီသြားေျပာရေအာင္။ မန္ေနဂ်ာေနရာကို အစ္မဝင္ယူလိုက္။ အစ္မဟန္ဆို ကၽြန္ေတာ့္ထက္ ပိုေကာင္းမွာ"

"ဟဲ့ ဟဲ့"

ရုတ္တရက္ ထရပ္ၿပီး လက္ကိုဆဲြေခၚေနသည္ေၾကာင့္ ဟန္ အလန႔္တၾကားျဖစ္သြားသည္။ သူကေတာ့ ဒီလိုကရိကထမ်ားမၫ့္အလုပ္ႀကီးကို မလိုခ်င္ပါ။ လစာလည္း ပိုမ်ားမယ္ဆိုေပမဲ့လည္း အခုလစာကေရာ ဘာျဖစ္ေနလို႔လဲ။ တစ္ေန့တစ္ေန့ သက္ေတာင့္သက္သာ လွလွပပေလးပဲ ေနရရင္ အဆင္ေျပေနၿပီ မဟုတ္ဘူးလား။ ဘာလို႔ ငယ္ရြယ္ခ်ိန္ေတြကို ပင္ပင္ပန္းပန္းျဖဳန္းတီးရမွာလဲ။ အထူးသျဖင့္ သူ႔လို အလွပေဂးေလးကေလ။

"No No No No လံုးဝပဲ လိုတ မရဘူး"

အျပင္းအထန္ျငင္းဆန္ကာ ဟန္က လိုတဆဲြထားသၫ့္လက္ကို ျဖဳတ္ခ်သည္။ ထိုေတာ့မွ လိုတကလည္း သူ လက္ဆဲြမိမွန္းသိကာ မ်က္ႏွာရဲရဲႏွင့္ လက္ႏွစ္ဖက္ကို ဟိုပြတ္ဒီပြတ္။

"ဟီးဟီး ေဆာတီး အစ္မဟန္ ဘြာေတး ဘြာေတး"

ဟန္က လိုတကို မ်က္ေစာင္းလွလွထိုးသည္။ ၿပီးေနာက္ ထရပ္ေနသၫ့္ ေကာင္ေလးကို ထိုင္က်သြားေအာင္ ပုခံုးကို ဖိလိုက္ကာ

"ထိုင္စမ္းပါဦး နင္က စိတ္ခ်ည္းပဲ။ အဲ့ေလာက္ထိျဖစ္ရေအာင္ နင္တို႔ႏွစ္ေယာက္ ျပႆနာက ႀကီးလို႔လား လိုတရယ္။ မန္ေနဂ်ာေျပာင္းဖို႔ဆိုတာ လြယ္တဲ့ကိစၥမ်ားမွတ္ေနလား"

"အာ.. ႀကီးေတာ့ မႀကီးဘူးေပါ့ ဒါေပမဲ့..."

လိုတ မ်က္ဝန္းေတြ ေဝဝါးကုန္သည္။ သူ႔စိတ္ထဲမွာေတာ့ ပိုင္ဥာဏ္နဲ႔ အလုပ္တူတူ မလုပ္ခ်င္တာပဲ သိသည္။

"ဒါေပမမဲ့နဲ႔ေလ နင္ လႊဲမယ္ထားပါဦး။ ငါက မိန္းကေလး။ ေဆာက္မဲ့ေနရာက ေဝးေတာ့ ညေရးညတာ ကိစၥရိွလာရင္ေတာင္ မျဖစ္ဘူး။ နင့္မွာ အားကိုးစရာ ဒါဒါႀကီးနဲ႔ ဂ်ာႀကီး ဦးသီဟပဲရိွတယ္။ ဒါဒါႀကီးကေတာ့ အလုပ္ရႈပ္တာမွ ေျပာမေနနဲ႔ ဂ်ာႀကီးဦးသီဟက်ေတာ့လည္း Marketingပိုင္းက အေရးႀကီးတာနဲ႔ တျခားဌာနကို ေျခေတာင္ လွၫ့္မဆင္းအားဘူး နင့္ေနရာမွာ ဘယ္သူထၫ့္မွာလဲ"

"ဟာ အစ္မဟန္ကလည္း"

အလိုမက်ေတာ့ လိုတ မ်က္ႏွာက စူပုတ္ပုတ္။

"ငါက မလည္းဘူး။ နင္ မယံုရင္ သူေဌးကိုသြားေျပာၾကၫ့္ သြား။ ငါနဲ႔ တစ္ေလသံတည္း ထြက္မလာရင္ ငါေနာက္ေန့ကို မိတ္ကပ္မျပင္ဘဲ ရံုးလာျပမယ္"

"ဟာ အစ္မဟန္ရယ္... ၾကမ္းလိုက္တာ"

"ၾကမ္းၾကမ္းပဲ ထ။ သူေဌးဆီသြားမယ္။ အခုေလာက္ဆို သူ ရံုးခန္းျပန္ေရာက္ေနေလာက္ၿပီ"

"ဧၫ့္သည္ေတြ သြားၿပီေနမွာပါေနာ္"

အေရးထဲမွ ရန္သူေတာ္နဲ႔ ထပ္ဆံုမွာေၾကာက္ေနေသာ လိုတကို ဟန္က မ်က္ေစာင္းထိုးသည္။ ၿပီးေတာ့လည္း မိန္းကေလးတန္မဲ့ လိုတကို ရံုးခန္းဆီ ဆဲြသြားလိုက္တာ တရြတ္တိုက္မတတ္။

"ေဟာ ေစာင့္ေနတာအေတာ္ပဲေဟ့ လာ ထိုင္"

သူေဌးဦးစစ္ေနာင္က ရံုးခန္းထဲကေန လွမ္းေခၚသည္။ အေရ႔ွအထိ ေရာက္သြားၿပီမို႔ အခုမွေတာ့ ေနာက္ျပန္လွၫ့္လို႔ မရေတာ့။ လိုတတို႔ တြန႔္ဆုတ္တြန႔္ဆုတ္ႏွင့္ ဝင္သြားရသည္။ ေသြးပူေနလို႔သာ အလုပ္မလုပ္ႏိုင္ဘူး ဘာညာ ထေျပာခဲ့တာေပမဲ့ တကယ္တမ္း အဲ့ေလာက္မလြယ္မွန္း သူသိသည္။

"လိုတေရ ခုနကေျပာခဲ့သလိုပဲေပါ့ကြာ။ အိမ္ေဆာက္ပစၥည္းကုမၸဏီေတြမွာ ပစၥည္းေတြ သြားၾကၫ့္ၿပီး ပစၥည္းမွာရမယ္။ အင္ဂ်င္နီယာနဲ႔တိုင္ပင္တာကိုေတာ့ ေနာက္တစ္ပတ္ေလာက္ လုပ္ေပါ့ကြာ ေနာ္။ ဪ ေနာက္ၿပီး အဲ့တစ္ပတ္ကစၿပီး မင္း အလုပ္ကို မလာနဲ႔ေတာ့။ အေရးႀကီးအစည္းအေဝးေတြရိွမွ ငါမင္းကို လွမ္းခ်ိတ္လိုက္မယ္ေနာ္"

"ဟုတ္ကဲ့ သူေဌး"

"သူေဌး လိုတက ေျပာစရာရိွလို႔တဲ့"

"ဟင္"

သူေဌးက လိုတဘက္သို႔ လွၫ့္ၾကၫ့္လာသည္။ အံ့ဩတႀကီးေတာ့ မဟုတ္ပါ။ လိုတ တစ္ခုခုျဖစ္ေနမွန္း ေဆြးေနြးေနတုန္းကတည္းက သူ ရိပ္မိသည္။

"ေျပာေလ လိုတ ဘာျဖစ္လို႔လဲကြ"

"ဟို သူေဌး... အဲ့တာေလ"

လိုတက ေျပာရခက္ေနဟန္ျဖင့္ ေခါင္းငံု႔ကာ လက္ႏွစ္ဖက္ကို ပြတ္သပ္ေနသည္။ ဟန္က ေဘးမွာၾကၫ့္ေနရင္း စိတ္မရွည္ေတာ့။

"သူေဌး လိုတနဲ႔ ခုနက Land2 ဒါရိုက္တာနဲ႔ မတၫ့္ဘူးတဲ့"

"ေဟ"

ဒါေတာ့ သူေဌးလည္း ခန႔္မွန္းထားပံုမေပၚပါ။ အံ့ဩတႀကီးႏွင့္ လိုတပံုစံကို ကမန္းကတန္းေမာ့ၾကၫ့္သည္။ အမွန္တကယ္ကို လိုတပံုစံက ၾကည္လင္ရွင္းသန႔္ေနၿပီး ရန္ျဖစ္တတ္မၫ့္ ပံုစံမ်ိဳး မဟုတ္ပါ။

"ဘယ္လိုျဖစ္တာလဲ။ ဘယ္တုန္းကလဲ"

"အာ... ကၽြန္ေတာ္တို႔က ေက်ာင္းတူတူတက္ခဲ့ၾကတာပါ သူေဌး အဲ့တာ..."

သူေဌးက လွစ္ခနဲ ႃပံုးသည္။ သူ႔ႃပံုးပံုက ဘာမွမဟုတ္ပါဘူးဟု ေတြးလိုက္သၫ့္ႃပံုးပံုမ်ိဳး။

"ငါ နားလည္ပါတယ္ကြာ။ သူလည္း ခုနက ငါ့ကိုေျပာသြားပါတယ္။ မင္းတို႔ႏွစ္ေယာက္က ၉တန္းေလာက္ကတည္းက ေက်ာင္းတူတူေနလာၾကတာဆို။ သူကေတာ့ မင္းနဲ႔တဲြလုပ္ရမွာ သေဘာက်ေနပံုပါပဲကြ ဟမ္"

သူေဌးစကားေၾကာင့္ လိုတ ေခါင္းေမာ့သြားသည္။ ရုတ္တရက္ ဘာဆက္ေျပာရမလဲ မသိ။ ပိုင္ဥာဏ္က သူ႔ကို လိုလားသည္လား။ ဒါမွမဟုတ္ မလိုလားဘူးလား။ ပိုင္ဥာဏ္ ေက်နပ္သၫ့္ အေၾကာင္းအရင္းက သူနဲ႔အလုပ္တဲြလုပ္ရလို႔ မဟုတ္ဘဲ အလုပ္ထဲမွာ ပိုႏိွပ္စက္ခ်င္လို႔လည္း မျဖစ္ႏိုင္ဘူးလား။

သူ႔စိတ္ေတြ ေဝဝါးေနသည္။ ဘယ္အရာက အဓိကက်မွန္းလည္း ေဝခဲြမရေတာ့။ သူ လ်စ္လ်ူရႈလိုက္သင့္လား။ ဒါမွမဟုတ္ တကယ္ပဲ ေျပးထြက္သင့္တာပဲလား။

"သူငယ္ခ်င္းေတြဆိုတာကေတာ့ ဒီလိုပါပဲကြာ။ ငါတို႔တုန္းကဆိုလည္း တက်က္က်က္နဲ႔ ရန္ျဖစ္ၾကတာပဲ။ ၿပီးေတာ့လည္း ဘာမွမဟုတ္ဘူး။ ဒါမ်ိဳးေတြက အသက္ႀကီးလာေတာ့မွ နားလည္လာတယ္ကြ။ မစိုးရိမ္ပါနဲ႔။ သူ႔ဘက္ကေတာ့ မင္းကို ဘာမွစိတ္ခုပံုမေပၚပါဘူး"

သူေဌးက ႃပံုးၿပီး သေဘာက်သလို ဆက္ေျပာေနသည္။ လိုတကေတာ့ သက္ျပင္းတိုးတိုးေလးခ်၏။ တကယ္ စိတ္ခုသြားသလားး မခုဘူးလားဆိုတာ အကဲခတ္ရံုနဲ႔ သိႏိုင္မဲ့ ကိစၥလည္းမဟုတ္။

"ဪ အဲ့ေတာ့ အဲ့ကိစၥနဲ႔ စိတ္ထင့္ေနတယ္ဆိုပါေတာ့"

"ဟုတ္တယ္ သူေဌး။ ခုနကဆို ေပ်ာ့ေခြေနတာပဲ"

အစ္မဟန္ကပါ ဝင္ေဆးထိုးသည္။ ကုမၸဏီေသးေသးေလးက စတက္လာသၫ့္ သူေဌးႏွင့္ဝန္ထမ္းေတြမို႔ အခ်င္းခ်င္းၾကားမွာ ဆက္ဆံေရးသိပ္ေကာင္းၾကတာ ပံုမွန္ပင္။

"အမေလးကြာ ဘာမွေတြးမေနနဲ႔။ ေနာက္ၿပီး မင္းလစာကို ဒီလကစၿပီး ၅သိန္းတိုးေပးဖို႔ ေဒၚဝတ္ရည္လဲ့ဆီ စာထုတ္လိုက္မယ္ေနာ္။ ကဲ အလုပ္ဆီ ျပန္သြားလို႔ရၿပီ"

"အာ... ဟုတ္ကဲ့ သူေဌး။ ေက်းဇူးတင္ပါတယ္"

သူေဌးက အထာနပ္သည္။ လိုတ ဘာမွမေျပာခင္မွာတင္ လစာအေၾကာင္းကို ပိတ္ေျပာလိုက္သည္။ ငါးသိန္းဆိုတာနဲ႔ လိုတတစ္ေယာက္ ဘာမွေတာင္ ေျပာဖို႔ စိတ္ကူးမရိွေတာ့။ သူေဌးက တကယ္ကိုပဲ သူေဌးပီသလြန္းသည္။

"ကဲ ငါမေျပာဘူးလား လိုတ။ အဆင္ေျပမွာပါဟယ္ ဘာလို႔ဒီေလာက္ႀကီး စိတ္ညစ္ေနရတာလဲ"

အျပင္ေရာက္ေတာ့ မ်က္ႏွာ မည္းပုတ္ေနသၫ့္ လိုတကို အစ္မဟန္က ႏွစ္သိမ့္သည္။ ေဗဒင္ေမးတဲ့ဆီ သြားရေအာင္လို႔လည္း ထပ္ၿပီး ဆြယ္သည္။ လိုတ အခုအခ်ိန္မွာ ထပ္ၿပီး စိတ္ရႈပ္မခံႏိုင္သည္မို႔ ေခါင္းညိတ္သာ ျပခဲ့လိုက္သည္။ ဒီေန့လည္း ေနသာေပမဲ့ ရာသီဥတု မေကာင္းခဲ့။

.......................................................................................................................................................................................

Continue Reading

You'll Also Like

35.9K 3.5K 4
"ဒီမှာ နှင်းတွေပဲ ရှိတယ် ။ မင်း မြင်ချင်တဲ့ ကြယ်တွေစုံတဲ့ကောင်းကင်ဆိုတာ ဒီမှာမမြင်ရဘူး" တဲ့ ! ဒါပေမဲ့ ကြယ်တွေစုံမှ ကျနော် Hyung ကို ချစ်တယ်လို့ပြောမ...
1.7M 70.5K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
84.6K 8.3K 11
ပြန်လည်မွေးဖွားလာပြီးနောက် (၅) နှစ်အရွယ် မုန့်ဖေး - '' ချယ်ချယ်.....ဖေးဖေးနဲ့ပဲ အိပ်ပါ...ဖက်ထား ဖက်ထား နော်...နော်'' (၁၅) နှစ်အရွယ် မုန့်ဖေး - '' ချယ...
33.2K 3.4K 12
There have many different dimensions at the same time , same place..... Tuka is a normal girl but game worm! One day she cought an accidient.....she...