Unicode 🌻
အခန်း၄
ချစ်လိပ်ပြာလေး တဝဲလည်လည်
လွန်ခဲ့သော၉နှစ်က🦋
"ဘုရား..ဘုရား!!!!သမီးရေ..မခုန်ချပါနဲ့.."
"ဇင်ဇင်..အောက်ကို..ဆင်းခဲ့ပါဟယ်.."
"ဘာမှလာမပြောကြနဲ့..အား!!!မကြားချင်ဘူး..တစ်ယောက်မှတက်မလာကြနဲ့နော်.."
"ဟင်...ဘာဖြစ်နေကြတာလဲ..."
လိပ်ပြာလဲခြောက်တန်းဆောင်ရဲ့ ဒုတိယထပ်မှာအင်္ဂလိပ်ဆရာမရဲ့ စာအုပ်ကျန်ခဲ့လို့ လာယူစဉ်မှာပဲ ဆူညံသံတွေကြား၍ ၀ရံတာမှအောက်သို့ငုံ့ကြည့်လိုက်မိသည်။
အဆောင်အောက်မှာ ကျောင်းသားတွေရော ဆရာမတွေရော ရှုပ်ထွေးနေကြပြီး အော်ဟစ်ဆူညံနေကြလေသည်။
ခြောက်တန်းဆောင်က နှစ်ထပ်ကျောင်း
ဆောင်ဖြစ်ပြီး ခေါင်မိုးထပ်၏ဘောင်ပေါ်တွင် ကျောင်းစိမ်းနှင့် ကောင်မလေးကခုန်ချမည်ဟုဆိုကာ ရပ်နေလေသည်။
"ဟဲ့..ဘာဖြစ်တာလဲမသိဘူး..ထွက်ကြည့်ကြမယ်.."
"ဟယ်..ဟို..Aအခန်းကဇင်ဇင်မလား.."
"ဟုတ်တယ်ဟဲ့..စာလည်းတော်ရဲ့သားနဲ့ဘာဖြစ်လို့လဲမသိဘူး.."
"အေးဟယ်..ဘာတွေစတန့်ထွင်နေတာလဲမသိဘူး.."
"တကယ်ခုန်ချမှာနဲ့တူတယ်..."
လိပ်ပြာဆိုတာ တရုတ်သိုင်းကားတွေ၊သူရဲ
ကောင်းကားတွေအကြည့်များပြီး ဒီလိုတွေမြင်နေရရင် စိတ်ကမနေတတ်တော့ပေ။
ကျောင်းသားတွေအကြားမှတိုးကြိတ်ပြီး ခေါင်မိုးထပ်သို့တက်လာလိုက်သည်။
ခေါင်မိုးထပ်ကိုရောက်တော့ ဘောင်ပေါ်မှာရပ်နေတဲ့ကောင်မလေးအနားသို့ တိုးကပ်သွားလိုက်ရာ ထိုကောင်မလေးကလိပ်ပြာကိုမြင်သွားလေသည်။
"နင်..နင်ဘယ်သူလဲ..ငါ့အနားကိုမလာနဲ့နော်..
ငါတကယ်ခုန်ချလိုက်မှာ..."
"ခုန်ချလိုက်လေ.."
"ဘာ..."
"တကယ်လို့ဒီပေါ်ကနေ ခုန်ချလိုက်လဲ တစ်ခါ
တည်းသေမယ်လို့ထင်နေတာလား..ဒါကနှစ်ထပ်တိုက်ကလေးပဲရှိတယ်..ဒီပေါ်ကခုန်ချရင်..
ခြေထောက်တွေ၊လက်တွေ ကျိုးပဲ့ပြီး၊ခေါင်းတွေကွဲမယ်...အိုး..သွေးတွေဆိုတာအများကြီးထွက်လာမှာ...ပြီးရင်လေ ဆန့်ငင် ဆန့်ငင်နဲ့ဆေးရုံကိုခေါ်သွားခံရမှာ
..နောက်ကျရင် အဲ့ဒဏ်ရာတွေက ပုပ်ပွပြီး လောက်တွေတွယ်လာမယ်..ဖြတ်ရတဲ့အဆင့်ရောက်ရင်တော့ သွားပြီ.."
"ဟင်..ဘယ်..ဘယ်လိုသွားမှာလဲ..."
လိပ်ပြာရဲ့ မဟုတ်မမှန်တွေကို အဟုတ်ကြီးမှတ်ပြီးနားထောင်နေတဲ့..ကောင်မလေးဆီသို့ မသိမသာတစ်လှမ်းချင်းတိုးသွားလိုက်သည်။
"ဘယ်လိုသွားမှာလဲဆိုတော့..စဉ်းစားကြည့်လေ..
လက်တွေ ဖြတ်ခံရတဲ့လူဟာ..
ကိုယ့်ဘာသာဘယ်လိုထမင်းစားမလဲ..
သူများကကျွေးမှစားရမှာပေါ့..
ခြေထောက်တွေမရှိတော့ရင်..ဘယ်ကိုမှသွားမရတော့ဘူး..
အပြင်ထွက်ရင်လည်းခြေတိုကြီးနဲ့ရှက်စရာကြီး..
အောက်ကိုပြတ်ကျလို့ မျက်နှာတွေစုတ်ပြတ်သတ်သွားရင် ဘယ်သူကရုပ်ဆိုးတဲ့ညီမကို ခေါ်ချင်၊ပြောချင်တော့မှာလည်း..
အဲ့လိုအကျိုးအပဲ့ကြီးအဖြစ် ဘ၀တုံးတာထက်စာရင်..ညီမရဲ့အခက်အခဲတွေကို ဆရာမတွေ၊မိဘတွေကိုပြောပြလိုက်ပါလား..."
"အစ်မဘာသိလို့လဲ..သမီးရဲ့မိထွေးက အဖေ့ကွယ်ရာရောက်ရင်..သမီးကိုအရမ်းနှိပ်စက်တာ..အဟင့်..ဟင့်.."
ထိုကလေးမက ရှိုက်ကြီးတငင်ငိုယိုပြီးသူမရဲ့မိထွေးနှိပ်စက်ပုံတွေကို ရင်ဖွင့်နေချိန်မှာ သူမဘေးသို့အမြန်ရောက်အောင်သွားပြီး
လက်ကိုလှမ်း ဆွဲလိုက်သည်။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
ဆယ်တန်းSအခန်းမှကျောင်းသားတွေလည်းလူတွေအုံကြွနေသော ခြောက်တန်းဆောင်ကို လှမ်းမြင်နေကြရာ တစ်ယောက်ပြီးတစ်ယောက် အခန်းထဲမှပြေးထွက်သွားကြလေသည်။
"သူရ..ငါတို့လည်းသွားကြည့်ကြမယ်.."
"စိတ်မ၀င်စားဘူး.."
"လာပါကွာ.."
သူရဆိုသည်မှာ ငယ်ငယ်လေးကတည်းကထွန်းဝေတစ်ယောက်ပဲ သူ့ရဲ့ပြောမနာ၊ဆိုမနာသူငယ်ချင်းဖြစ်တာကြောင့် အခုလည်း လိမ်ဖယ်၊လိမ်ဖယ်နှင့်ပါသွားရသည်။
"ဟာ..သူရရေ..ခြောက်တန်း ကလေးမလေး..ခုန်ချတော့မယ်ထင်တယ်ကွ.."
"ဟင်.."
ခေါင်မိုးထပ်၏ ဘောင်ပေါ်တွင်ရပ်နေတဲ့ ထိုကလေးမကိုကြည့်မိလိုက်သည်နှင့် သူရခေါင်းတွေထိုးကိုက်လာသည်။
"အား!!!"
ထွန်းဝေကတော့ လူအုပ်ကြီးကိုတိုးရင်း နောက်ကိုပြန်လှည့်ကြည့်လိုက်ရာ သူရကမရှိတော့ချေ။
သူရမှာ အမည်မသိကြောက်ရွံ့မှုတွေနှင့်အတူ လှေကားထစ်တွေကိုကျော်ပြီး တက်နေမိသည်။
"ဒုန်း!!!!"
"ဟင်..မလုပ်နဲ့!!!"
ခေါင်မိုးထပ်ကတံခါးကိုဆောင့်ကန်လိုက်ချိန်မှာတော့ ဘောင်ပေါ်မှာရပ်နေတဲ့ကောင်မလေးကို တစ်စုံတစ်ယောက်က လှမ်းဆွဲတာလား၊တွန်းချလိုက်တာလား မသိလိုက်ခင်မှာပဲ သူ့မျက်လုံးတွေကိုမှိတ်ချလိုက်မိသည်။
လွန်ခဲ့တဲ့၅နှစ်က အရိပ်မည်းကြီးတွေကသူ့ဆီကိုပြန်ရောက်ရှိလာသည်။
အမှောင်ထဲကနေ သူရကိုလှမ်းကြည့်နေတဲ့ကြောက်စရာမျက်လုံးတွေ၊ပြီးတော့ အေးစက်နေတဲ့တွင်းနက်ကြီးထဲကို သူတွန်းချခံလိုက်ရတယ်။
"အား!!!!..."
"ဒီမှာ..ဒီမှာ..ကိုကြီးသူရ..လိပ်ပြာခေါ်နေတာကြားလား..."
"ဟင်..ဘာလုပ်တာလဲ!!!.."
သူရ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့အမြင်တွေဝေဝါးနေသည်။
သူ၀ိုးတ၀ါးမြင်ရတာကအဖြူရောင် အရိပ်ကလေးတစ်ခုကိုပဲ။
ဒါသူ့အတွက် အလင်းတန်းပဲ သူ့မှာအခွင့်
အရေးတစ်ခါပဲရှိတယ်။
ထိုအလင်းတန်းလေးကို သူပွေ့ဖက်လိုက်သည်။
သူ့စိတ်ထဲမှာတော့ သူဟာလွတ်မြောက်ဖို့ အလင်းရောင်ကိုဆုပ်ကိုင်လိုက်သည်ပေါ့။
"ကျွန်တော့်ကိုကယ်ပါ..ကျွန်တော့်ကိုအပြင်ကိုခေါ်ထုတ်ပေးပါ..ကျွန်တော်အရမ်းချမ်းတယ်..."
ဇင်ဇင်ဆိုသည့် ကလေးမကို လိပ်ပြာလှမ်းဆွဲနိုင်သွားတာကိုမြင်တော့ ဆရာမတွေအပေါ်ကိုပြေးတက်လာကြပြီး ထိုကလေးမကိုလာခေါ်သွားကြလေသည်။
လိပ်ပြာပြန်ထွက်မယ်ပြင်တော့ တံခါးနောက်ကချောင်မှာ ငြီးသံကြားရ၍ကြည့်လိုက်ရာ ကိုကြီးသူရဖြစ်နေသည်။
ကိုကြီးသူရက နားတွေကိုလက်နဲ့အုပ်ထားပြီး မျက်စိစုံမှိတ်ကာ ဘာတွေငြီးနေမှန်းမသိလို့ အော်ခေါ်လိုက်ယုံရှိသေးတယ် လိပ်ပြာကိုရီဝေစွာမော့ကြည့်လာသည်။
သူ့လက်ကြီးနှင့်လိပ်ပြာရဲ့ခါးကို လှမ်းဆွဲပြီးဖက်လိုက်တာကြောင့် လိပ်ပြာကြောက်သွားမိသည်။
ဒါပေမဲ့သူအော်နေတာက "ကျွန်တော့ကို ကယ်ပါတဲ့.."ဘယ်သူ့ကိုမှ အာရုံထဲမထားတတ်တဲ့ဒီကိုကိုဟာ ဘာတွေကိုသိပ်ကြောက်နေတာပါလိမ့်။
"ကျွန်တော့ကိုကယ်ပါ.." "ကြောက်တယ်..."
"ကိုကြီး..ကိုကြီး..သတိထားအုံးလေ..ဒီမှာဘယ်သူမှမရှိဘူးလေ..လိပ်ပြာပဲရှိတယ်. .မကြောက်နဲ့လေ..အား!!"
ပြောမှခါးကိုပိုတိုးပြီး ဖက်လာတာကြောင့် ခါးရိုးကျိုးမတက် နာလာရာ သူ့ရင်ဘတ်ကိုလက်နှစ်ဖက်နှင့် အားကုန်ဆောင့်တွန်းပစ်လိုက်သည်။
"အာ့..မင်း.."
နံရံကိုကျောနဲ့ဆောင့်မိသွားမှ သတိ၀င်သွားပုံရကာ လိပ်ပြာကိုမျက်ထှောက်နီကြီးနှင့် ပြန်ကြည့်ပြီး ပြေးထွက်သွားလေသည်။
ဘုန်းမြတ်သူရခမျာ အောက်ဆုံးထပ်ရောက်မှ ကျောရော၊ရင်ဘတ်ပါအောင့်တက်သွား၍ ဟန်မဆောင်နိုင်စွာရှံ့မဲ့နေလေတော့သည်။
"အား..ကျွတ်..ကျွတ်..လူကောင်ပိစိလေးနဲ့တော်တော်အားသန်တာပဲ..."
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
၂၀၁၈ခုနှစ်🦋
"တီ..တီ..တီ.."
"အွန်း.ထပြီဟေ့..ထပြီ..."
မနက်၆နာရီ နိုးစက်ရဲ့အချက်ပေးသံနှင့်အတူ လိပ်ပြာတို့ရဲ့တိုက်ခန်းလေးကအသံပလံအစုံနဲ့အသက်၀င်သွားတော့သည်။
လိပ်ပြာနည်းတူ သူငယ်ချင်းတွေအားလုံးက အလုပ်ကိုယ်စီသွားဖို့ပြင်ကြရလေသည်။
လိပ်ပြာတို့အထဲမှာကြည်ပြာမိုးကတော့ ကိုယ်ပိုင်လုပ်ငန်းထောင်ဖို့လုပ်နေတဲ့ ဘောစိမပေါ့။
ငယ်ငယ်တုန်းက ကပ်ကပ်လန်အောင်ရန်ဖြစ်တတ်တဲ့ အော်ကျော့လန်မ သူဇာဖြိုးကလှိုင်မြို့နယ်မှာ အလယ်တန်းပြဆရာမဖြစ်နေတာ အံ့ဩစရာကောင်းလွန်းတဲ့ကိစ္စပါပဲ။
သဲနုဇင်နှင့် အေးအေးအောင်ကတော့ ဂျပန်ဘာသာသင်ပြနေကြတဲ့ ဂျပန်ဆရာမတွေပေါ့လေ။
လိပ်ပြာကသာ ငယ်ငယ်ကပန်းချီဆရာမဖြစ်မလို၊စာရေးဆရာမဖြစ်မလိုနှင့် နောက်ဆုံးတော့စီးပွားရေးနဲ့ဘွဲ့ရပြီး ဟိုသင်တန်းလိုက်တက်၊ဒီသင်တန်းလိုက်တက်နဲ့ အလုပ်တစ်ခုကိုမနဲခြေကုပ်ထားရသည့်အဖြစ်ပါ။
မှန်ထဲမှာကိုယ့်ပုံကိုယ် ပြန်ကြည့်လိုက်တော့ ကလေးမျက်နှာဖြစ်နေရတဲ့ကြားထဲ အသားတွေဖြူလာတော့ အရမ်းနုနေသလိုပဲ။
"ဟီး..ဟီး.."
"ပါးချိုင့်လေးတွေရေ မင်းကအလှဆုံးပဲ.."
ပုံမှန်အတိုင်းအဖြူရောင် ရင်စေ့အင်္ကျီလက်ရှည်နဲ့ ရေသူမစကပ်အနက်လေးကို ၀တ်လိုက်ပြီး ဆံပင်ရှည်တွေကို အပေါ်တလွှာပဲစည်းလိုက်သည်။
"လိပ်ပြာရေ..ဒီနေ့အလုပ်စဆင်းမှာဆိုတော့
ဖိုက်တင်း.."
"အင်း..သဲနုလဲဖိုက်တင်း..."
အိမ်နဲ့ကားဂိတ်က ၅မိနှစ်လောက်သာလျှောက်ရပါသည်။
ကားပေါ်ရောက်တော့ ထုံးစံအတိုင်းအိပ်ငိုက်လာ၍ မှတ်တိုင်ကျော်မှာကြောက်တာနှင့် သီချင်းဖွင့်ပြီး နားကျပ်နဲ့နားထောင်နေလိုက်သည်။
🎵အကြင်နာတွေ သွေဖီခွဲခွာအဝေးသို့နေ
🎵စေတနာတွေ ဘယ်လိုဘယ်ပုံထားရှိပါစေ
🎵အမုန်းစကားတွေခြွေ ပဲ့ကြွေ
🎵ဘယ်သူမှမသိ တို့သိပေ
🎵ကိုကိုရေ တိတ်တခိုးအချစ်ကြောင့်ရင်မှာ
နင့်နေ
သီချင်းကနားထဲမှာ၀င်နေပေမဲ့ လူက လေထဲမှာလွင့်နေလေသည်။
အကြောင်းကတော့ အိပ်ငိုက်နေလို့ပါ။
ကားစီးရင်း အိပ်တတ်တဲ့အကျင့်ကိုပြင်မရလို့ ဖုန်းတစ်လုံး ခါးပိုက်နှိုက်လက်ထဲပါဖူးလဲ မမှတ်တဲ့လိပ်ပြာရယ်ပါ။
"ကျွီ..."
"အာ့..အား..နားလိုက်တာ.."
ကားဘရိတ်အုပ်ကောင်းမှုကြောင့် ရှေ့ထိုင်ခုံနှင့် ခေါင်းက အော်တိုမိတ်ဆက်သွားမှ နိုးသွားတော့သည်။
လမ်းအပြင်ကိုကြည့်လိုက်တော့ သွားပြီ။
နှစ်မှတ်တိုင်တောင် ကျော်သွားပါလား။
"ဦးလေး..ဦးလေး..ကားရပ်ပေးပါ..ကားကား.."
"ကျွီ.."
"အမယ်လေး..."
ကားပေါ်မှာသိုင်းကွက်နင်းရင်း ဟိုယိုင်ဒီထိုးနဲ့ပဲ နောက်ဆုံးတော့ ဆင်းခွင့်ရသွားလေပြီ။
နောက်ကားပြောင်းစီးပြီး စားသောက်ဆိုင်ကိုရောက်တော့ ၈နာရီထိုးပြီး၁၅မိနစ်ဖြစ်နေလေပြီ။
ဒီနေ့ပဲအလုပ်ဆင်းတယ် ဒီနေ့စနောက်ကျတယ်ဆိုတော့ကာ လိပ်ပြာရေ ကိုယ့်ကျွင်းကိုယ်တူးပြီးသာသေလိုက်ပါတော့။
လိပ်ပြာလုပ်မဲ့အလုပ်က စားသောက်ဆိုင်နှင့်ဟိုတယ်အသေးစားကို Barပုံစံမျိုးတွဲဖွင့်ထားခြင်းဖြစ်သည်။
DJတွေဘာတွေဖွင့်ထားပေမဲ့ ကလပ်ပုံစံမျိုး
ကခုန်လို့ရတာမဟုတ်ပဲ လုပ်ငန်းရှင်တွေ အကောင်ကြီးပုဂ္ဂိုလ်တွေနဲ့ အေးဆေးလာထိုင်သောက်သူများအတွက်သာဖြစ်ပါသည်။
Restaurantဖက်မှာတော့ ဥရောပအစားအစာတွေတင်မကပဲ မြန်မာရိုးရာအစားအစာတွေလည်း အစုံရအောင်ပြင်ဆင်ပေးထားပြီး လူငယ်တွေပေါ့ပေါ့ပါ့းပါး ဟော့ပေါ့တို့ ဘာတို့လာစားလို့ရအောင်လည်း ပြင်ဆင်ပေးထားပါသေးတယ်။
ကောင်တာသို့သွားလိုက်ပြီး မန်နေဂျာရုံးခန်းကိုမေးကာ တက်သွားလိုက်သည်။
"ဒေါက်..ဒေါက်..ဒေါက်.."
"၀င်ခဲ့.."
"ညီမက.."
"ကျွန်မကလိပ်ပြာဖြူပါ ရုံးပိုင်းမှာလျှောက်
ထားတာပါ.."
"လိပ်ပြာဖြူဆိုတော့..ရုံးပိုင်းမှာ မင်းအတွက်အလုပ်မရှိဘူး..."
"ရှင်..."
"လိပ်..လိပ်ပြာ..အလုပ်ပြုတ်သွားတာလားဟင်..လိပ်ပြာတောင်းပန်ပါတယ်..ဒီနေ့ကားပေါ်မှာ....နဲနဲလေး..အိပ်ပျော်သွားလို့ပါ..
နောက်တစ်နေ့ဒီလိုမဖြစ်စေရပါဘူးရှင်..
လိပ်ပြာကိုအခွင့်အရေးတစ်ခါလောက်ပဲထပ်ပေးပါနော်..."
"ဟာ..ရုံးပိုင်းမှာအလုပ်မရှိဘူးလို့ပဲပြောတာလေ..အလုပ်ပြုတ်သွားပြီလို့ပြောလို့လား.."
"ဟင်..ဒါဆို..လိပ်ပြာကဘာရာထူးနဲ့လုပ်ရမှာလဲ.."
"PA ..သူဌေးရဲ့ Personal Assistantပဲ..."
"ဟင်..ဒါ..ဒါဆို..ကိုယ်ရေးကိုယ်တာလက်ထောက်ပေါ့..PAကဘာလုပ်ရတာလဲ..."
"PAက..ကွန်ပျူတာMicrosoft office (word, excel, power point) email နှင့် internet အသုံးပြုနိုင်ရမယ်...English 4 skills ကျွမ်းရမယ်
လိုအပ်ရင် ခရီးသွားပေးရမယ်..ဘဏ်နဲ့ပတ်သတ်တဲ့ကိစ္စတွေလုပ်ပေးရမယ်..."
ဂျာကြီးပြောတဲ့အရည်အချင်းတွေက လိပ်ပြာ ဆီမှာရှိပေမဲ့ ခရီးသွားရမယ်ဆိုတာကြီးကသိပ်မကြိုက်ဘူး။
လိပ်ပြာ စိတ်ညစ်မှုအပေါင်း သရဖူဆောင်းနေရတာ ခေါင်းကွဲပြီးသာသေလိုက်ချင်တယ်။
စာချုပ်ကလည်း၆လသက်တမ်းချုပ်ပြီးနေပြီ။
အစကရုံးပိုင်းနဲ့ရတယ်ထင်နေတာ အခုတော့
PAတဲ့ အတွင်းရေးမှူးတောင်မလုပ်ဖူးတာ PAဆိုတော့ သေလိုက်ပါတော့လိပ်ပြာရယ် အလွဲလွဲအချော်ချော်တွေတော့ ဖြစ်တော့မှာပဲ။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
သူရ သန့်စင်ခန်းသို့ ခဏ၀င်လိုက်ပြီးနောက် ရုံးခန်းထဲသို့ပြန်လာရာ လိပ်ပြာဖြူဆိုတဲ့ကောင်မလေးက ရုံးခန်းအပြင်ကဆိုဖာမှာထိုင်ရင်းအိပ်ငိုက်နေလေသည်။
ဆရာ၀န်ရဲ့ညွှန်ကြားချက်ကြောင့်သာ သူမကိုPA ခန့်ရမှာ သိပ်တော့အလိုမကျပေ။
လောလောဆယ်သူ့ရဲ့ စိတ်အခြေအနေအတွက် သူမကသူ့အတွက်ကုထုံးဖြစ်နေမလားတော့ သူအတက်မပြောနိုင်ပေ။
ဆယ်တန်းတုန်းက တိုက်ခေါင်မိုးထက်မှာ သူမကြောင့် သူစိတ်သက်သာရာ ရခဲ့ဖူးတယ်။
သူမနဲ့ဆုံမိတဲ့အချိန်တိုင်းဟာ သူ့ဘ၀မှာပထမဆုံးသောအရာတွေကို ဖြစ်လာစေခဲ့တယ်။
လမ်းသွားရင် ဘယ်သူ့ကိုမှဂရုမဆိုက်တတ်တဲ့သူဟာ မိုးရေထဲမှာ လူတွေ ဝိုင်းအုံကြည့်ခံနေရတဲ့ သူမကိုပထမဆုံး ကူညီခဲ့ဖူးတယ်။
သူမရဲ့လုံချည်မှာ အနီကွက်ကြီးစွန်းထင်းနေလို့ အကုန်ဝိုင်းလှောင်နေချိန်မှာလဲ သူမနေနိုင်စွာကူညီမိပြန်တယ်။
ပြီးတော့ သူမက သူပထမဆုံးပွေ့ဖက်ဖူးတဲ့ မိန်းကလေးဆိုလည်းမှန်နေတယ်။
၉နှစ်ကြာမှမထင်မှတ်ပဲ ပြန်တွေ့ရတဲ့ သူမကသူ့ကို တစ်ခါမှမမြင်ဖူးသလိုဆက်ဆံနေတာဘာကြောင့်လဲ။
သူနိုင်ငံခြားမှာနေခဲ့တဲ့အချိန်တွေမှာ သူ့စိတ်ဝေဒနာတွေဟာ ပိုဆိုးလာခဲ့တယ်။
သူမက တကယ်သူ့စိတ်ဝေဒနာကိုကုစားနိုင်မလား မသေချာပေမဲ့ သူ့အတွက် သူမဆီမှာထူးခြားတဲ့အရာတစ်ခု ရှိနေသလိုပဲ။
"အဟမ်း..အဟမ်း..."
"ဟင်..အမိန့်ရှိပါ.."
သူ့ချောင်းဟန့်သံကြောင့် သူမလန့်နိုးသွားပုံရလေသည်။
ချက်ချင်းပဲ စစ်သားအလေးပြုသလိုပုံစံမျိုးနှင့် ထရပ်ပြီး သူ့ကိုကြောင်တောင်တောင်နှင့် ပြူးကြည့်နေလေသည်။
"ဘာကြည့်နေတာလဲ..ရုံးခန်းထဲကိုလိုက်ခဲ့.."
"ရှင်..ဟုတ်..ဟုတ်ကဲ့..."
မြတ်စွာဘုရားက လိပ်ပြာရဲ့ဆုတောင်းတွေကို မကြားဘူးနဲ့တူပါတယ်။
သူကတကယ်ပဲ လိပ်ပြာရဲ့သူဌေးပေါ့။
သေပါပြီဆရာ။
ခုနကအိပ်ချင်မူးတူးဖြစ်နေ၍သူ့ကိုသေချာမကြည့်မိလိုက်ပေ။
သေချာကြည့်တော့မှာ သူ့ဆံပင်အရောင်ကအနက်ရောင် ပြန်ဖြစ်နေလေပြီ။
ရွှေဝါရောင်လေးနဲ့တုန်းက မိန်းမချောချောတဲ့ ကိုရီးယားအဆိုတော်လိုပုံစံလေးဖြစ်ပြီး။
အခုပုံစံက တကယ့်အရှိန်အဝါတောက်ပြောင်နေတဲ့ ဘောစိကြီးပုံစံ ပြောင်းသွားတာကြောင့် ဒီလူဟာ ဆံပင်အရောင်နဲ့လိုက်ပြီး ပုံစံပြောင်းလဲလွယ်တဲ့လူလို့ သတ်မှတ်လိုက်သည်။
"လိပ်ပြာဖြူ..မန်နေဂျာကိုသန့်က..မင်းကိုPAတစ်ယောက်ရဲ့..တာ၀န်တွေကို ရှင်းပြလိုက်လား.."
"ဟုတ်..ရှင်းပြလိုက်ပါတယ်.."
"အိုကေ..ဒါဆိုရင်..အခုအိမ်ကိုပြန်ပြီး..
ခရီးသွားဖို့ပြင်ဆင်လိုက်ပါ..ဒီညနေဖလိုက်နဲ့ မန္တလေးကိုသွားမယ်..."
"ရှင်..ဘယ်..ဘယ်လို.."
လိပ်ပြာက အံ့ဩတကြီးမေးလိုက်တော့ ငါနှစ်ခါပြန်မပြောဘူးဆိုတဲ့ပုံစံနှင့် လိပ်ပြာကိုစိတ်ရှုပ်ဟန်ပြလေသည်။
"ဟုတ်ကဲ့ပါ..အဟင်း...သူဌေးရဲ့အမိန့်တော်အတိုင်းပါ.."
အပြုံးမျက်နှာနှင့် တမင်ရွဲ့ပြီးပြောခဲ့ကာ ရုံးခန်းအပြင်သို့ထွက်လာလိုက်သည်။
စားသောက်ဆိုင်ရဲ့ အပြင်ကိုရောက်သည်နှင့် လိပ်ပြာရဲ့စိတ်တွေဟာ ထိန်းလို့မရဖြစ်နေသည်။
"အား!!!လူယုတ်မာကြီး..ဘယ်၀န်ထမ်းက အလုပ်စ၀င်တဲ့နေ့ပဲ..ခရီးထွက်ရလို့လဲ..
စိတ်တိုလိုက်တာနော်..နေဦးခရီးက
ဘယ်နှယောက်သွားရမှာလည်း မမေးလိုက်ရဘူး..သူနဲ့ငါနှစ်ယောက်ထဲတော့
မဖြစ်ပါစေနဲ့..ငါ့သူငယ်ချင်းတွေကိုပြောရင်တော့ ..ထမီအလံထူပြီး အကုန်ချီတက်လာမှာမြင်ယောင်တယ်..."
ဘာပဲဖြစ်ဖြစ်မန္တလေးကိုတော့ ရောက်ဖူးသွားတာပေါ့။
ဒေသန္တရဗဟုသုတဆိုတာ ရကောင်းပါတယ်။
Author..ဆောင်းငွေ့ဝေ
Sun,April 16,2023
8 :22AM
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အောင်သွယ်တော်ကတော့ ဆရာ၀န်ပေါ့
အခုကစပြီး ဘယ်လိုနှစ်ပါးသွားမလည်းစပြီပေါ့
မတင်မဲ့နေ့ဆိုကြိုပြောပေးမယ်နော် ခုတော့ပုံမှန် updateပေးမယ် ဒီနေ့၁ခန်းထပ်တင်ပေးပါမယ်
အမှားပါရင်ဝေဖန်ပေးကြပါအုံး
ဖတ်မိလို့ကြိုက်နှစ်သက်ရင် ⭐voteလေးလဲပေးနိုင်သလိုshareလုပ်ပေးနိုင်ပါတယ်😀
Zawgyi 🌻
အခန္း၄
ခ်စ္လိပ္ျပာေလး တဝဲလည္လည္
လြန္ခဲ့ေသာ၉ႏွစ္က🦋
"ဘုရား..ဘုရား!!!!သမီးေရ..မခုန္ခ်ပါနဲ႔.."
"ဇင္ဇင္..ေအာက္ကို..ဆင္းခဲ့ပါဟယ္.."
"ဘာမွလာမေျပာၾကနဲ႔..အား!!!မၾကားခ်င္ဘူး..တစ္ေယာက္မွတက္မလာၾကနဲ႔ေနာ္.."
"ဟင္...ဘာျဖစ္ေနၾကတာလဲ..."
လိပ္ျပာလဲေျခာက္တန္းေဆာင္ရဲ႕ ဒုတိယထပ္မွာအဂၤလိပ္ဆရာမရဲ႕ စာအုပ္က်န္ခဲ့လို႔ လာယူစဥ္မွာပဲ ဆူညံသံေတြၾကား၍ ဝရံတာမွေအာက္သို႔ငုံ႔ၾကည့္လိုက္မိသည္။
အေဆာင္ေအာက္မွာ ေက်ာင္းသားေတြေရာ ဆရာမေတြေရာ ရႈပ္ေထြးေနၾကၿပီး ေအာ္ဟစ္ဆူညံေနၾကေလသည္။
ေျခာက္တန္းေဆာင္က ႏွစ္ထပ္ေက်ာင္း
ေဆာင္ျဖစ္ၿပီး ေခါင္မိုးထပ္၏ေဘာင္ေပၚတြင္ ေက်ာင္းစိမ္းႏွင့္ ေကာင္မေလးကခုန္ခ်မည္ဟုဆိုကာ ရပ္ေနေလသည္။
"ဟဲ့..ဘာျဖစ္တာလဲမသိဘူး..ထြက္ၾကည့္ၾကမယ္.."
"ဟယ္..ဟို..Aအခန္းကဇင္ဇင္မလား.."
"ဟုတ္တယ္ဟဲ့..စာလည္းေတာ္ရဲ႕သားနဲ႔ဘာျဖစ္လို႔လဲမသိဘူး.."
"ေအးဟယ္..ဘာေတြစတန႔္ထြင္ေနတာလဲမသိဘူး.."
"တကယ္ခုန္ခ်မွာနဲ႔တူတယ္..."
လိပ္ျပာဆိုတာ တ႐ုတ္သိုင္းကားေတြ၊သူရဲ
ေကာင္းကားေတြအၾကည့္မ်ားၿပီး ဒီလိုေတြျမင္ေနရရင္ စိတ္ကမေနတတ္ေတာ့ေပ။
ေက်ာင္းသားေတြအၾကားမွတိုးႀကိတ္ၿပီး ေခါင္မိုးထပ္သို႔တက္လာလိုက္သည္။
ေခါင္မိုးထပ္ကိုေရာက္ေတာ့ ေဘာင္ေပၚမွာရပ္ေနတဲ့ေကာင္မေလးအနားသို႔ တိုးကပ္သြားလိုက္ရာ ထိုေကာင္မေလးကလိပ္ျပာကိုျမင္သြားေလသည္။
"နင္..နင္ဘယ္သူလဲ..ငါ့အနားကိုမလာနဲ႔ေနာ္..
ငါတကယ္ခုန္ခ်လိုက္မွာ..."
"ခုန္ခ်လိုက္ေလ.."
"ဘာ..."
"တကယ္လို႔ဒီေပၚကေန ခုန္ခ်လိုက္လဲ တစ္ခါ
တည္းေသမယ္လို႔ထင္ေနတာလား..ဒါကႏွစ္ထပ္တိုက္ကေလးပဲရွိတယ္..ဒီေပၚကခုန္ခ်ရင္..
ေျခေထာက္ေတြ၊လက္ေတြ က်ိဳးပဲ့ၿပီး၊ေခါင္းေတြကြဲမယ္...အိုး..ေသြးေတြဆိုတာအမ်ားႀကီးထြက္လာမွာ...ၿပီးရင္ေလ ဆန႔္ငင္ ဆန႔္ငင္နဲ႔ေဆး႐ုံကိုေခၚသြားခံရမွာ
..ေနာက္က်ရင္ အဲ့ဒဏ္ရာေတြက ပုပ္ပြၿပီး ေလာက္ေတြတြယ္လာမယ္..ျဖတ္ရတဲ့အဆင့္ေရာက္ရင္ေတာ့ သြားၿပီ.."
"ဟင္..ဘယ္..ဘယ္လိုသြားမွာလဲ..."
လိပ္ျပာရဲ႕ မဟုတ္မမွန္ေတြကို အဟုတ္ႀကီးမွတ္ၿပီးနားေထာင္ေနတဲ့..ေကာင္မေလးဆီသို႔ မသိမသာတစ္လွမ္းခ်င္းတိုးသြားလိုက္သည္။
"ဘယ္လိုသြားမွာလဲဆိုေတာ့..စဥ္းစားၾကည့္ေလ..
လက္ေတြ ျဖတ္ခံရတဲ့လူဟာ..
ကိုယ့္ဘာသာဘယ္လိုထမင္းစားမလဲ..
သူမ်ားကေကြၽးမွစားရမွာေပါ့..
ေျခေထာက္ေတြမရွိေတာ့ရင္..ဘယ္ကိုမွသြားမရေတာ့ဘူး..
အျပင္ထြက္ရင္လည္းေျခတိုႀကီးနဲ႔ရွက္စရာႀကီး..
ေအာက္ကိုျပတ္က်လို႔ မ်က္ႏွာေတြစုတ္ျပတ္သတ္သြားရင္ ဘယ္သူက႐ုပ္ဆိုးတဲ့ညီမကို ေခၚခ်င္၊ေျပာခ်င္ေတာ့မွာလည္း..
အဲ့လိုအက်ိဳးအပဲ့ႀကီးအျဖစ္ ဘဝတုံးတာထက္စာရင္..ညီမရဲ႕အခက္အခဲေတြကို ဆရာမေတြ၊မိဘေတြကိုေျပာျပလိုက္ပါလား..."
"အစ္မဘာသိလို႔လဲ..သမီးရဲ႕မိေထြးက အေဖ့ကြယ္ရာေရာက္ရင္..သမီးကိုအရမ္းႏွိပ္စက္တာ..အဟင့္..ဟင့္.."
ထိုကေလးမက ရႈိက္ႀကီးတငင္ငိုယိုၿပီးသူမရဲ႕မိေထြးႏွိပ္စက္ပုံေတြကို ရင္ဖြင့္ေနခ်ိန္မွာ သူမေဘးသို႔အျမန္ေရာက္ေအာင္သြားၿပီး
လက္ကိုလွမ္း ဆြဲလိုက္သည္။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
ဆယ္တန္းSအခန္းမွေက်ာင္းသားေတြလည္းလူေတြအုံႂကြေနေသာ ေျခာက္တန္းေဆာင္ကို လွမ္းျမင္ေနၾကရာ တစ္ေယာက္ၿပီးတစ္ေယာက္ အခန္းထဲမွေျပးထြက္သြားၾကေလသည္။
"သူရ..ငါတို႔လည္းသြားၾကည့္ၾကမယ္.."
"စိတ္မဝင္စားဘူး.."
"လာပါကြာ.."
သူရဆိုသည္မွာ ငယ္ငယ္ေလးကတည္းကထြန္းေဝတစ္ေယာက္ပဲ သူ႔ရဲ႕ေျပာမနာ၊ဆိုမနာသူငယ္ခ်င္းျဖစ္တာေၾကာင့္ အခုလည္း လိမ္ဖယ္၊လိမ္ဖယ္ႏွင့္ပါသြားရသည္။
"ဟာ..သူရေရ..ေျခာက္တန္း ကေလးမေလး..ခုန္ခ်ေတာ့မယ္ထင္တယ္ကြ.."
"ဟင္.."
ေခါင္မိုးထပ္၏ ေဘာင္ေပၚတြင္ရပ္ေနတဲ့ ထိုကေလးမကိုၾကည့္မိလိုက္သည္ႏွင့္ သူရေခါင္းေတြထိုးကိုက္လာသည္။
"အား!!!"
ထြန္းေဝကေတာ့ လူအုပ္ႀကီးကိုတိုးရင္း ေနာက္ကိုျပန္လွည့္ၾကည့္လိုက္ရာ သူရကမရွိေတာ့ေခ်။
သူရမွာ အမည္မသိေၾကာက္႐ြံ႕မႈေတြႏွင့္အတူ ေလွကားထစ္ေတြကိုေက်ာ္ၿပီး တက္ေနမိသည္။
"ဒုန္း!!!!"
"ဟင္..မလုပ္နဲ႔!!!"
ေခါင္မိုးထပ္ကတံခါးကိုေဆာင့္ကန္လိုက္ခ်ိန္မွာေတာ့ ေဘာင္ေပၚမွာရပ္ေနတဲ့ေကာင္မေလးကို တစ္စုံတစ္ေယာက္က လွမ္းဆြဲတာလား၊တြန္းခ်လိုက္တာလား မသိလိုက္ခင္မွာပဲ သူ႔မ်က္လုံးေတြကိုမွိတ္ခ်လိုက္မိသည္။
လြန္ခဲ့တဲ့၅ႏွစ္က အရိပ္မည္းႀကီးေတြကသူ႔ဆီကိုျပန္ေရာက္ရွိလာသည္။
အေမွာင္ထဲကေန သူရကိုလွမ္းၾကည့္ေနတဲ့ေၾကာက္စရာမ်က္လုံးေတြ၊ၿပီးေတာ့ ေအးစက္ေနတဲ့တြင္းနက္ႀကီးထဲကို သူတြန္းခ်ခံလိုက္ရတယ္။
"အား!!!!..."
"ဒီမွာ..ဒီမွာ..ကိုႀကီးသူရ..လိပ္ျပာေခၚေနတာၾကားလား..."
"ဟင္..ဘာလုပ္တာလဲ!!!.."
သူရ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ သူ႔အျမင္ေတြေဝဝါးေနသည္။
သူဝိုးတဝါးျမင္ရတာကအျဖဴေရာင္ အရိပ္ကေလးတစ္ခုကိုပဲ။
ဒါသူ႔အတြက္ အလင္းတန္းပဲ သူ႔မွာအခြင့္
အေရးတစ္ခါပဲရွိတယ္။
ထိုအလင္းတန္းေလးကို သူေပြ႕ဖက္လိုက္သည္။
သူ႔စိတ္ထဲမွာေတာ့ သူဟာလြတ္ေျမာက္ဖို႔ အလင္းေရာင္ကိုဆုပ္ကိုင္လိုက္သည္ေပါ့။
"ကြၽန္ေတာ့္ကိုကယ္ပါ..ကြၽန္ေတာ့္ကိုအျပင္ကိုေခၚထုတ္ေပးပါ..ကြၽန္ေတာ္အရမ္းခ်မ္းတယ္..."
ဇင္ဇင္ဆိုသည့္ ကေလးမကို လိပ္ျပာလွမ္းဆြဲႏိုင္သြားတာကိုျမင္ေတာ့ ဆရာမေတြအေပၚကိုေျပးတက္လာၾကၿပီး ထိုကေလးမကိုလာေခၚသြားၾကေလသည္။
လိပ္ျပာျပန္ထြက္မယ္ျပင္ေတာ့ တံခါးေနာက္ကေခ်ာင္မွာ ၿငီးသံၾကားရ၍ၾကည့္လိုက္ရာ ကိုႀကီးသူရျဖစ္ေနသည္။
ကိုႀကီးသူရက နားေတြကိုလက္နဲ႔အုပ္ထားၿပီး မ်က္စိစုံမွိတ္ကာ ဘာေတြၿငီးေနမွန္းမသိလို႔ ေအာ္ေခၚလိုက္ယုံရွိေသးတယ္ လိပ္ျပာကိုရီေဝစြာေမာ့ၾကည့္လာသည္။
သူ႔လက္ႀကီးႏွင့္လိပ္ျပာရဲ႕ခါးကို လွမ္းဆြဲၿပီးဖက္လိုက္တာေၾကာင့္ လိပ္ျပာေၾကာက္သြားမိသည္။
ဒါေပမဲ့သူေအာ္ေနတာက "ကြၽန္ေတာ့ကို ကယ္ပါတဲ့.."ဘယ္သူ႔ကိုမွ အာ႐ုံထဲမထားတတ္တဲ့ဒီကိုကိုဟာ ဘာေတြကိုသိပ္ေၾကာက္ေနတာပါလိမ့္။
"ကြၽန္ေတာ့ကိုကယ္ပါ.." "ေၾကာက္တယ္..."
"ကိုႀကီး..ကိုႀကီး..သတိထားအုံးေလ..ဒီမွာဘယ္သူမွမရွိဘူးေလ..လိပ္ျပာပဲရွိတယ္. .မေၾကာက္နဲ႔ေလ..အား!!"
ေျပာမွခါးကိုပိုတိုးၿပီး ဖက္လာတာေၾကာင့္ ခါး႐ိုးက်ိဳးမတက္ နာလာရာ သူ႔ရင္ဘတ္ကိုလက္ႏွစ္ဖက္ႏွင့္ အားကုန္ေဆာင့္တြန္းပစ္လိုက္သည္။
"အာ့..မင္း.."
နံရံကိုေက်ာနဲ႔ေဆာင့္မိသြားမွ သတိဝင္သြားပုံရကာ လိပ္ျပာကိုမ်က္ေထွာက္နီႀကီးႏွင့္ ျပန္ၾကည့္ၿပီး ေျပးထြက္သြားေလသည္။
ဘုန္းျမတ္သူရခမ်ာ ေအာက္ဆုံးထပ္ေရာက္မွ ေက်ာေရာ၊ရင္ဘတ္ပါေအာင့္တက္သြား၍ ဟန္မေဆာင္ႏိုင္စြာရွံ႕မဲ့ေနေလေတာ့သည္။
"အား..ကြၽတ္..ကြၽတ္..လူေကာင္ပိစိေလးနဲ႔ေတာ္ေတာ္အားသန္တာပဲ..."
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
၂၀၁၈ခုႏွစ္🦋
"တီ..တီ..တီ.."
"အြန္း.ထၿပီေဟ့..ထၿပီ..."
မနက္၆နာရီ ႏိုးစက္ရဲ႕အခ်က္ေပးသံႏွင့္အတူ လိပ္ျပာတို႔ရဲ႕တိုက္ခန္းေလးကအသံပလံအစုံနဲ႔အသက္ဝင္သြားေတာ့သည္။
လိပ္ျပာနည္းတူ သူငယ္ခ်င္းေတြအားလုံးက အလုပ္ကိုယ္စီသြားဖို႔ျပင္ၾကရေလသည္။
လိပ္ျပာတို႔အထဲမွာၾကည္ျပာမိုးကေတာ့ ကိုယ္ပိုင္လုပ္ငန္းေထာင္ဖို႔လုပ္ေနတဲ့ ေဘာစိမေပါ့။
ငယ္ငယ္တုန္းက ကပ္ကပ္လန္ေအာင္ရန္ျဖစ္တတ္တဲ့ ေအာ္ေက်ာ့လန္မ သူဇာၿဖိဳးကလႈိင္ၿမိဳ႕နယ္မွာ အလယ္တန္းျပဆရာမျဖစ္ေနတာ အံ့ဩစရာေကာင္းလြန္းတဲ့ကိစၥပါပဲ။
သဲႏုဇင္ႏွင့္ ေအးေအးေအာင္ကေတာ့ ဂ်ပန္ဘာသာသင္ျပေနၾကတဲ့ ဂ်ပန္ဆရာမေတြေပါ့ေလ။
လိပ္ျပာကသာ ငယ္ငယ္ကပန္းခ်ီဆရာမျဖစ္မလို၊စာေရးဆရာမျဖစ္မလိုႏွင့္ ေနာက္ဆုံးေတာ့စီးပြားေရးနဲ႔ဘြဲ႕ရၿပီး ဟိုသင္တန္းလိုက္တက္၊ဒီသင္တန္းလိုက္တက္နဲ႔ အလုပ္တစ္ခုကိုမနဲေျခကုပ္ထားရသည့္အျဖစ္ပါ။
မွန္ထဲမွာကိုယ့္ပုံကိုယ္ ျပန္ၾကည့္လိုက္ေတာ့ ကေလးမ်က္ႏွာျဖစ္ေနရတဲ့ၾကားထဲ အသားေတြျဖဴလာေတာ့ အရမ္းႏုေနသလိုပဲ။
"ဟီး..ဟီး.."
"ပါးခ်ိဳင့္ေလးေတြေရ မင္းကအလွဆုံးပဲ.."
ပုံမွန္အတိုင္းအျဖဴေရာင္ ရင္ေစ့အက်ႌလက္ရွည္နဲ႔ ေရသူမစကပ္အနက္ေလးကို ဝတ္လိုက္ၿပီး ဆံပင္ရွည္ေတြကို အေပၚတလႊာပဲစည္းလိုက္သည္။
"လိပ္ျပာေရ..ဒီေန႔အလုပ္စဆင္းမွာဆိုေတာ့
ဖိုက္တင္း.."
"အင္း..သဲႏုလဲဖိုက္တင္း..."
အိမ္နဲ႔ကားဂိတ္က ၅မိႏွစ္ေလာက္သာေလွ်ာက္ရပါသည္။
ကားေပၚေရာက္ေတာ့ ထုံးစံအတိုင္းအိပ္ငိုက္လာ၍ မွတ္တိုင္ေက်ာ္မွာေၾကာက္တာႏွင့္ သီခ်င္းဖြင့္ၿပီး နားက်ပ္နဲ႔နားေထာင္ေနလိုက္သည္။
🎵အၾကင္နာေတြ ေသြဖီခြဲခြာအေဝးသို႔ေန
🎵ေစတနာေတြ ဘယ္လိုဘယ္ပုံထားရွိပါေစ
🎵အမုန္းစကားေတြေႁခြ ပဲ့ေႂကြ
🎵ဘယ္သူမွမသိ တို႔သိေပ
🎵ကိုကိုေရ တိတ္တခိုးအခ်စ္ေၾကာင့္ရင္မွာ
နင့္ေန
သီခ်င္းကနားထဲမွာဝင္ေနေပမဲ့ လူက ေလထဲမွာလြင့္ေနေလသည္။
အေၾကာင္းကေတာ့ အိပ္ငိုက္ေနလို႔ပါ။
ကားစီးရင္း အိပ္တတ္တဲ့အက်င့္ကိုျပင္မရလို႔ ဖုန္းတစ္လုံး ခါးပိုက္ႏႈိက္လက္ထဲပါဖူးလဲ မမွတ္တဲ့လိပ္ျပာရယ္ပါ။
"ကြၽီ..."
"အာ့..အား..နားလိုက္တာ.."
ကားဘရိတ္အုပ္ေကာင္းမႈေၾကာင့္ ေရွ႕ထိုင္ခုံႏွင့္ ေခါင္းက ေအာ္တိုမိတ္ဆက္သြားမွ ႏိုးသြားေတာ့သည္။
လမ္းအျပင္ကိုၾကည့္လိုက္ေတာ့ သြားၿပီ။
ႏွစ္မွတ္တိုင္ေတာင္ ေက်ာ္သြားပါလား။
"ဦးေလး..ဦးေလး..ကားရပ္ေပးပါ..ကားကား.."
"ကြၽီ.."
"အမယ္ေလး..."
ကားေပၚမွာသိုင္းကြက္နင္းရင္း ဟိုယိုင္ဒီထိုးနဲ႔ပဲ ေနာက္ဆုံးေတာ့ ဆင္းခြင့္ရသြားေလၿပီ။
ေနာက္ကားေျပာင္းစီးၿပီး စားေသာက္ဆိုင္ကိုေရာက္ေတာ့ ၈နာရီထိုးၿပီး၁၅မိနစ္ျဖစ္ေနေလၿပီ။
ဒီေန႔ပဲအလုပ္ဆင္းတယ္ ဒီေန႔စေနာက္က်တယ္ဆိုေတာ့ကာ လိပ္ျပာေရ ကိုယ့္ကြၽင္းကိုယ္တူးၿပီးသာေသလိုက္ပါေတာ့။
လိပ္ျပာလုပ္မဲ့အလုပ္က စားေသာက္ဆိုင္ႏွင့္ဟိုတယ္အေသးစားကို Barပုံစံမ်ိဳးတြဲဖြင့္ထားျခင္းျဖစ္သည္။
DJေတြဘာေတြဖြင့္ထားေပမဲ့ ကလပ္ပုံစံမ်ိဳးကခုံလို႔ရတာမဟုတ္ပဲ လုပ္ငန္းရွင္ေတြ အေကာင္ႀကီးပုဂၢိဳလ္ေတြနဲ႔ ေအးေဆးလာထိုင္ေသာက္သူမ်ားအတြက္သာျဖစ္ပါသည္။
Restaurantဖက္မွာေတာ့ ဥေရာပအစားအစာေတြတင္မကပဲ ျမန္မာ႐ိုးရာအစားအစာေတြလည္း အစုံရေအာင္ျပင္ဆင္ေပးထားၿပီး လူငယ္ေတြေပါ့ေပါ့ပါ့းပါး ေဟာ့ေပါ့တို႔ ဘာတို႔လာစားလို႔ရေအာင္လည္း ျပင္ဆင္ေပးထားပါေသးတယ္။
ေကာင္တာသို႔သြားလိုက္ၿပီး မန္ေနဂ်ာ႐ုံးခန္းကိုေမးကာ တက္သြားလိုက္သည္။
"ေဒါက္..ေဒါက္..ေဒါက္.."
"ဝင္ခဲ့.."
"ညီမက.."
"ကြၽန္မကလိပ္ျပာျဖဴပါ ႐ုံးပိုင္းမွာေလွ်ာက္
ထားတာပါ.."
"လိပ္ျပာျဖဴဆိုေတာ့..႐ုံးပိုင္းမွာ မင္းအတြက္အလုပ္မရွိဘူး..."
"ရွင္..."
"လိပ္..လိပ္ျပာ..အလုပ္ျပဳတ္သြားတာလားဟင္..လိပ္ျပာေတာင္းပန္ပါတယ္..ဒီေန႔ကားေပၚမွာ....နဲနဲေလး..အိပ္ေပ်ာ္သြားလို႔ပါ..
ေနာက္တစ္ေန႔ဒီလိုမျဖစ္ေစရပါဘူးရွင္..
လိပ္ျပာကိုအခြင့္အေရးတစ္ခါေလာက္ပဲထပ္ေပးပါေနာ္..."
"ဟာ..႐ုံးပိုင္းမွာအလုပ္မရွိဘူးလို႔ပဲေျပာတာေလ..အလုပ္ျပဳတ္သြားၿပီလို႔ေျပာလို႔လား.."
"ဟင္..ဒါဆို..လိပ္ျပာကဘာရာထူးနဲ႔လုပ္ရမွာလဲ.."
"PA ..သူေဌးရဲ႕ Personal Assistantပဲ..."
"ဟင္..ဒါ..ဒါဆို..ကိုယ္ေရးကိုယ္တာလက္ေထာက္ေပါ့..PAကဘာလုပ္ရတာလဲ..."
"PAက..ကြန္ပ်ဴတာMicrosoft office (word, excel, power point) email ႏွင့္ internet အသုံးျပဳႏိုင္ရမယ္...English 4 skills ကြၽမ္းရမယ္
လိုအပ္ရင္ ခရီးသြားေပးရမယ္..ဘဏ္နဲ႔ပတ္သတ္တဲ့ကိစၥေတြလုပ္ေပးရမယ္..."
ဂ်ာႀကီးေျပာတဲ့အရည္အခ်င္းေတြက လိပ္ျပာ ဆီမွာရွိေပမဲ့ ခရီးသြားရမယ္ဆိုတာႀကီးကသိပ္မႀကိဳက္ဘူး။
လိပ္ျပာ စိတ္ညစ္မႈအေပါင္း သရဖူေဆာင္းေနရတာ ေခါင္းကြဲၿပီးသာေသလိုက္ခ်င္တယ္။
စာခ်ဳပ္ကလည္း၆လသက္တမ္းခ်ဳပ္ၿပီးေနၿပီ။
အစက႐ုံးပိုင္းနဲ႔ရတယ္ထင္ေနတာ အခုေတာ့
PAတဲ့ အတြင္းေရးမႉးေတာင္မလုပ္ဖူးတာ PAဆိုေတာ့ ေသလိုက္ပါေတာ့လိပ္ျပာရယ္ အလြဲလြဲအေခ်ာ္ေခ်ာ္ေတြေတာ့ ျဖစ္ေတာ့မွာပဲ။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
သူရ သန႔္စင္ခန္းသို႔ ခဏဝင္လိုက္ၿပီးေနာက္ ႐ုံးခန္းထဲသို႔ျပန္လာရာ လိပ္ျပာျဖဴဆိုတဲ့ေကာင္မေလးက ႐ုံးခန္းအျပင္ကဆိုဖာမွာထိုင္ရင္းအိပ္ငိုက္ေနေလသည္။
ဆရာဝန္ရဲ႕ၫႊန္ၾကားခ်က္ေၾကာင့္သာ သူမကိုPA ခန႔္ရမွာ သိပ္ေတာ့အလိုမက်ေပ။
ေလာေလာဆယ္သူ႔ရဲ႕ စိတ္အေျခအေနအတြက္ သူမကသူ႔အတြက္ကုထုံးျဖစ္ေနမလားေတာ့ သူအတက္မေျပာႏိုင္ေပ။
ဆယ္တန္းတုန္းက တိုက္ေခါင္မိုးထက္မွာ သူမေၾကာင့္ သူစိတ္သက္သာရာ ရခဲ့ဖူးတယ္။
သူမနဲ႔ဆုံမိတဲ့အခ်ိန္တိုင္းဟာ သူ႔ဘဝမွာပထမဆုံးေသာအရာေတြကို ျဖစ္လာေစခဲ့တယ္။
လမ္းသြားရင္ ဘယ္သူ႔ကိုမွဂ႐ုမဆိုက္တတ္တဲ့သူဟာ မိုးေရထဲမွာ လူေတြ ဝိုင္းအုံၾကည့္ခံေနရတဲ့ သူမကိုပထမဆုံး ကူညီခဲ့ဖူးတယ္။
သူမရဲ႕လုံခ်ည္မွာ အနီကြက္ႀကီးစြန္းထင္းေနလို႔ အကုန္ဝိုင္းေလွာင္ေနခ်ိန္မွာလဲ သူမေနႏိုင္စြာကူညီမိျပန္တယ္။
ၿပီးေတာ့ သူမက သူပထမဆုံးေပြ႕ဖက္ဖူးတဲ့ မိန္းကေလးဆိုလည္းမွန္ေနတယ္။
၉ႏွစ္ၾကာမွမထင္မွတ္ပဲ ျပန္ေတြ႕ရတဲ့ သူမကသူ႔ကို တစ္ခါမွမျမင္ဖူးသလိုဆက္ဆံေနတာဘာေၾကာင့္လဲ။
သူႏိုင္ငံျခားမွာေနခဲ့တဲ့အခ်ိန္ေတြမွာ သူ႔စိတ္ေဝဒနာေတြဟာ ပိုဆိုးလာခဲ့တယ္။
သူမက တကယ္သူ႔စိတ္ေဝဒနာကိုကုစားႏိုင္မလား မေသခ်ာေပမဲ့ သူ႔အတြက္ သူမဆီမွာထူးျခားတဲ့အရာတစ္ခု ရွိေနသလိုပဲ။
"အဟမ္း..အဟမ္း..."
"ဟင္..အမိန႔္ရွိပါ.."
သူ႔ေခ်ာင္းဟန႔္သံေၾကာင့္ သူမလန႔္ႏိုးသြားပုံရေလသည္။
ခ်က္ခ်င္းပဲ စစ္သားအေလးျပဳသလိုပုံစံမ်ိဳးႏွင့္ ထရပ္ၿပီး သူ႔ကိုေၾကာင္ေတာင္ေတာင္ႏွင့္ ျပဴးၾကည့္ေနေလသည္။
"ဘာၾကည့္ေနတာလဲ..႐ုံးခန္းထဲကိုလိုက္ခဲ့.."
"ရွင္..ဟုတ္..ဟုတ္ကဲ့..."
ျမတ္စြာဘုရားက လိပ္ျပာရဲ႕ဆုေတာင္းေတြကို မၾကားဘူးနဲ႔တူပါတယ္။
သူကတကယ္ပဲ လိပ္ျပာရဲ႕သူေဌးေပါ့။
ေသပါၿပီဆရာ။
ခုနကအိပ္ခ်င္မူးတူးျဖစ္ေန၍သူ႔ကိုေသခ်ာမၾကည့္မိလိုက္ေပ။
ေသခ်ာၾကည့္ေတာ့မွာ သူ႔ဆံပင္အေရာင္ကအနက္ေရာင္ ျပန္ျဖစ္ေနေလၿပီ။
ေ႐ႊဝါေရာင္ေလးနဲ႔တုန္းက မိန္းမေခ်ာေခ်ာတဲ့ ကိုရီးယားအဆိုေတာ္လိုပုံစံေလးျဖစ္ၿပီး။
အခုပုံစံက တကယ့္အရွိန္အဝါေတာက္ေျပာင္ေနတဲ့ ေဘာစိႀကီးပုံစံ ေျပာင္းသြားတာေၾကာင့္ ဒီလူဟာ ဆံပင္အေရာင္နဲ႔လိုက္ၿပီး ပုံစံေျပာင္းလဲလြယ္တဲ့လူလို႔ သတ္မွတ္လိုက္သည္။
"လိပ္ျပာျဖဴ..မန္ေနဂ်ာကိုသန႔္က..မင္းကိုPAတစ္ေယာက္ရဲ႕..တာဝန္ေတြကို ရွင္းျပလိုက္လား.."
"ဟုတ္..ရွင္းျပလိုက္ပါတယ္.."
"အိုေက..ဒါဆိုရင္..အခုအိမ္ကိုျပန္ၿပီး..
ခရီးသြားဖို႔ျပင္ဆင္လိုက္ပါ..ဒီညေနဖလိုက္နဲ႔ မႏၲေလးကိုသြားမယ္..."
"ရွင္..ဘယ္..ဘယ္လို.."
လိပ္ျပာက အံ့ဩတႀကီးေမးလိုက္ေတာ့ ငါႏွစ္ခါျပန္မေျပာဘူးဆိုတဲ့ပုံစံႏွင့္ လိပ္ျပာကိုစိတ္ရႈပ္ဟန္ျပေလသည္။
"ဟုတ္ကဲ့ပါ..အဟင္း...သူေဌးရဲ႕အမိန႔္ေတာ္အတိုင္းပါ.."
အၿပဳံးမ်က္ႏွာႏွင့္ တမင္႐ြဲ႕ၿပီးေျပာခဲ့ကာ ႐ုံးခန္းအျပင္သို႔ထြက္လာလိုက္သည္။
စားေသာက္ဆိုင္ရဲ႕ အျပင္ကိုေရာက္သည္ႏွင့္ လိပ္ျပာရဲ႕စိတ္ေတြဟာ ထိန္းလို႔မရျဖစ္ေနသည္။
"အား!!!လူယုတ္မာႀကီး..ဘယ္ဝန္ထမ္းက အလုပ္စဝင္တဲ့ေန႔ပဲ..ခရီးထြက္ရလို႔လဲ..
စိတ္တိုလိုက္တာေနာ္..ေနဦးခရီးက
ဘယ္ႏွေယာက္သြားရမွာလည္း မေမးလိုက္ရဘူး..သူနဲ႔ငါႏွစ္ေယာက္ထဲေတာ့
မျဖစ္ပါေစနဲ႔..ငါ့သူငယ္ခ်င္းေတြကိုေျပာရင္ေတာ့ ..ထမီအလံထူၿပီး အကုန္ခ်ီတက္လာမွာျမင္ေယာင္တယ္..."
ဘာပဲျဖစ္ျဖစ္မႏၲေလးကိုေတာ့ ေရာက္ဖူးသြားတာေပါ့။
ေဒသႏၲရဗဟုသုတဆိုတာ ရေကာင္းပါတယ္။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
ေအာင္သြယ္ေတာ္ကေတာ့ ဆရာဝန္ေပါ့
အခုကစၿပီး ဘယ္လိုႏွစ္ပါးသြားမလည္းစၿပီေပါ့