မညá€ēးနကá€ēရကá€ēစကá€ēသေá€Ŧဒုတိယဇá€Ŧတá€ēလိုက...

By ma_roses_are_blue

86.2K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김ëŊ€ė‚ Artist(s) Sol (solminator0) Yea... More

Description
á€Ąá€•á€­á€¯á€„á€ēး(၀၀)
á€Ąá€•á€­á€¯á€„á€ēး(၁)
á€Ąá€•á€­á€¯á€„á€ēး(၂)
á€Ąá€•á€­á€¯á€„á€ēး(၃)
á€Ąá€•á€­á€¯á€„á€ēး(၄)
á€Ąá€•á€­á€¯á€„á€ēး(၅)
á€Ąá€•á€­á€¯á€„á€ēး(၆)
á€Ąá€•á€­á€¯á€„á€ēး(၇)
á€Ąá€•á€­á€¯á€„á€ēး(၈)
á€Ąá€•á€­á€¯á€„á€ēး(၉)
á€Ąá€•á€­á€¯á€„á€ēး(၁၀)
á€Ąá€•á€­á€¯á€„á€ēး(၁၁)
á€Ąá€•á€­á€¯á€„á€ēး(၁၂)
á€Ąá€•á€­á€¯á€„á€ēး(၁၃)
á€Ąá€•á€­á€¯á€„á€ēး(၁၄)
á€Ąá€•á€­á€¯á€„á€ēး(၁၅)
á€Ąá€•á€­á€¯á€„á€ēး(၁၆)
á€Ąá€•á€­á€¯á€„á€ēး(၁၇)
á€Ąá€•á€­á€¯á€„á€ēး(၁၈)
á€Ąá€•á€­á€¯á€„á€ēး(၁၉)
á€Ąá€•á€­á€¯á€„á€ēး(၂၀)
á€Ąá€•á€­á€¯á€„á€ēး(၂၁)
á€Ąá€•á€­á€¯á€„á€ēး(၂၂)
á€Ąá€•á€­á€¯á€„á€ēး(၂၃)
á€Ąá€•á€­á€¯á€„á€ēး(၂၄)
á€Ąá€•á€­á€¯á€„á€ēး(၂၅)
á€Ąá€•á€­á€¯á€„á€ēး(၂၆)
á€Ąá€•á€­á€¯á€„á€ēး(၂၇)
á€Ąá€•á€­á€¯á€„á€ēး(၂၈)
á€Ąá€•á€­á€¯á€„á€ēး(၂၉)
á€Ąá€•á€­á€¯á€„á€ēး(၃၀)
á€Ąá€•á€­á€¯á€„á€ēး(၃၁)
Notice
á€Ąá€•á€­á€¯á€„á€ēး(၃၂)
á€Ąá€•á€­á€¯á€„á€ēး(၃၃)
á€Ąá€•á€­á€¯á€„á€ēး(၃၄)
á€Ąá€•á€­á€¯á€„á€ēး(၃၅)
á€Ąá€•á€­á€¯á€„á€ēး(၃၆)
á€Ąá€•á€­á€¯á€„á€ēး(၃၇)
á€Ąá€•á€­á€¯á€„á€ēး(၃၈)
á€Ąá€•á€­á€¯á€„á€ēး(၃၉)
á€Ąá€•á€­á€¯á€„á€ēး(၄၀)
á€Ąá€•á€­á€¯á€„á€ēး(၄၁)
á€Ąá€•á€­á€¯á€„á€ēး(၄၂)
á€Ąá€•á€­á€¯á€„á€ēး(၄၃)
á€Ąá€•á€­á€¯á€„á€ēး(၄၄)
á€Ąá€•á€­á€¯á€„á€ēး(၄၅)
á€Ąá€•á€­á€¯á€„á€ēး(၄၆)
á€Ąá€•á€­á€¯á€„á€ēး(၄၇)
á€Ąá€•á€­á€¯á€„á€ēး(၄၈)
á€Ąá€•á€­á€¯á€„á€ēး(၄၉)
á€Ąá€•á€­á€¯á€„á€ēး(၅၀)
á€Ąá€•á€­á€¯á€„á€ēး(၅၁)
á€Ąá€•á€­á€¯á€„á€ēး(၅၂)
á€Ąá€•á€­á€¯á€„á€ēး(၅၃)
á€Ąá€•á€­á€¯á€„á€ēး(၅၄)
á€Ąá€•á€­á€¯á€„á€ēး(၅၅)
á€Ąá€•á€­á€¯á€„á€ēး(၅၆)
á€Ąá€•á€­á€¯á€„á€ēး(၅၇)
á€Ąá€•á€­á€¯á€„á€ēး(၅၈)
á€Ąá€•á€­á€¯á€„á€ēး(၅၉)
á€Ąá€•á€­á€¯á€„á€ēး(၆၀)
á€Ąá€•á€­á€¯á€„á€ēး(၆၁)
á€Ąá€•á€­á€¯á€„á€ēး(၆၂)
á€Ąá€•á€­á€¯á€„á€ēး(၆၃)
á€Ąá€•á€­á€¯á€„á€ēး(၆၄)
á€Ąá€•á€­á€¯á€„á€ēး(၆၅)
á€Ąá€•á€­á€¯á€„á€ēး(၆၆)
á€Ąá€•á€­á€¯á€„á€ēး(၆၇)
á€Ąá€•á€­á€¯á€„á€ēး(၆၈)
á€Ąá€•á€­á€¯á€„á€ēး(၆၉)
á€Ąá€•á€­á€¯á€„á€ēး(၇၀)
á€Ąá€•á€­á€¯á€„á€ēး(၇၂)
á€Ąá€•á€­á€¯á€„á€ēး(၇၃)
á€Ąá€•á€­á€¯á€„á€ēး(၇၄)
á€Ąá€•á€­á€¯á€„á€ēး(၇၅)
á€Ąá€•á€­á€¯á€„á€ēး(၇၆)
á€Ąá€•á€­á€¯á€„á€ēး(၇၇)
á€Ąá€•á€­á€¯á€„á€ēး(၇၈)
á€Ąá€•á€­á€¯á€„á€ēး(၇၉)
á€Ąá€•á€­á€¯á€„á€ēး(၈၀)
á€Ąá€•á€­á€¯á€„á€ēး(၈၁)
á€Ąá€•á€­á€¯á€„á€ēး(၈၂)
á€Ąá€•á€­á€¯á€„á€ēး(၈၃)
đŸĢļ

á€Ąá€•á€­á€¯á€„á€ēး(၇၁)

425 55 1
By ma_roses_are_blue

သူမ ကြောက်လန့်တကြား အော်လိုက်မိသည်
"အဖေ ဘာလို့ ဒီကိုရောက်လာတာလဲ"

"အိမ်ပြန်ရောက်လာတဲ့ ငါ့သမီး အဆင်ပြေရဲ့လားလို့ လာကြည့်တာလေ အိပ်နေရင်း မျက်ရည်ကျရအောင် ငါက စိုးရိမ်နေမိတာ ဒါပေမဲ့ ငါ့သမီးက ဒီလိုညစ်ညမ်းတဲ့စကားတွေမျိုးပြောနေမယ်မထင်ထားဘူး ထင်တဲ့အတိုင်း ငါ့သမီး‌ပဲ"

သူမ ၀မ်းနည်းလွန်းလို့ ငိုမိရတဲ့အကြိမ်တွေမနည်းတော့ဘူး ဒီလိုထူးဆန်းတဲ့ အချိန်မျိုး ကွက်တိကိုက် ရောက်ရောက်လာတတ်တဲ့သူမရဲ့တစ်ဦးထဲသောဖခင်ကြောင့်ပင် သူမအဖေက သက်ပြင်းချရင်း စိတ်ပျက်သောအမူအရာကိုဖော်ပြရင်း သူမကိုပြောလာလေသည်
"ကောင်းပါတယ် သမီးကိုကြည့်ရတာ အသက်၀င်နေတာဆိုတော့ အဆင်ပြေပါတယ် အဖေ မနက်စာပြင်ထားတယ် ဒါကြောင့် မြန်မြန်ဆင်းလာခဲ့တော့ ဒီနေ့မနက်စာက နူးညံ့တဲ့ ပန်ကိတ်တွေ မှတ်မိသေးလား သမီး အသက်သုံးနှစ်တုန်းက ပထမဆုံး ပန်ကိတ်စားတုန်းက ဒီလိုအစားအစာမျိုး တည်ရှိပါလားဆိုပြီး သမီး အရမ်းအံ့ဩသွားတာ‌ေလ"

"သမီး ပြင်ဆင်ပြီးရင် မနက်စာစားဖို့ ဆင်းလာခဲ့မယ်"

“……”

သူမမြန်မြန်ချေပချက်ကြောင့် သူမအဖေ အသက်ကို ရှုသွင်းလိုက်ပြီး ပါးစပ်ကိုပိတ်လိုက်သည်
"နောက်ဆုံးတော့ ငါသမီးပြန်လာခဲ့ပြီ ဘယ်လောက်တောင် နှလုံးသားအေးစက်လိုက်သလဲ..."
ထို့နောက် အခန်းထဲမှ လေးနက်သောအမူအရာနှင့်ထွက်ခွာသွားလေသည်

T/N: ဟိုရောက် ဒီရောက်ဖြစ်သွားလို့ နားမလည်မှာဆိုးလို့ အပိုင်း 70တုန်းက လုရှန်နဲ့အပိုင်းက အိမ်မက်မက်နေတာပါ Ó⁠╭⁠╮⁠Ò

'ငါ အိမ်ပြန်ရောက်တာ သုံးရက်တောင်ရှိပြီပဲ အခုလိုအခြေအနေမျိုး သူစိတ်ဆိုးပြီး ငြိမ်သက်နေတာမျိုး ဘယ်လောက်ကြာအုမ်းမှာလဲ'

အိမ်ပြန်ရောက်တဲ့ ပထမဆုံးနေ့တုန်းက သူမအဖေက ပျောက်သွားတဲ့သမီးတစ်ယောက် ပြန်ရောက်လာသလို ပျော်ရွှင်မှုကြောင့် ငိုကြွေးလေသည်

သုံးရက်ကြာပြီးတာတောင် သူမအဖေ တည်ငြိမ်လာပေမဲ့ တခါတရံ သူတို့နှစ်ယောက်စကားပြော‌ဖြစ်ကြတဲ့အခါ သေဆုံးသွားတဲ့သမီးတစ်ယောက် ပြန်ရောက်လာသလို ခံစား‌ချက်တွေဖြစ်နေတတ်‌သည် သူမအဖေအဲ့လိုမျိုးဖြစ်တာမြင်ရတော့ သူမ အိမ်ကိုမြန်မြန်ပြန်လာမိတာ တော်သေးတာပေါ့ဟု တွေးမိသွားပြန်သည် ဒါပေမဲ့ ဒါက အခုထိ မပြီးဆုံးနိုင်သေးပေ လုရှန် တစ်ယောက်ထဲ မြောက်ဘက်နယ်မြေမှာတစ်ယောက်ထဲ အပိတ်ခံထားရတဲ့ အခြေအနေမျိုးမှာတောင်မှပင်

သူအကြောင်းကို သူမတွေးလိုက်တာနဲ့ သူမနှလုံးသားတွေ နာကျင်လာလေသည် သူမမျက်လုံးတွေကိုမှိတ်ရင်း ရေရွတ်မိသည်
'သုံးရက်ဆို တော်လောက်ရောပေါ့'
သူ့အတွက် တွေးပေးရမဲ့အချိန်ပဲ

* * *

သူမက အက်စတယ်လာကို သတိရကြောင်း စာတစောင်ပို့လိုက်သည်  အက်စတယ်လာက သူမဆီ ချက်ချင်းရောက်ချလာခဲ့သည်
အက်စတယ်လာက သူမလက်ကို ကိုင်ထားရင်း
"‌ဘယ်လိုနေသေးလဲ နေးရား"

"ကျွန်မ အေးအေးဆေးဆေး အနားယူခဲ့ပါတယ် ကျွန်မ သက်သာလာပြီလို့ ခံစားရတယ်"

"ဒါဆို တော်သေးတာပေါ့"

ပြုံးနေတဲ့အက်စတယ်လာမှာ လွန်ခဲ့တဲ့သုံးရက် ဆံပင်အတိုတွေရှိလေသည် ဒါပေမဲ့ အရင်တုန်းက ဆံပင်အရောင်တော့မဟုတ်ပေ အညိုရောင်ရှိခဲ့တဲ့ သူမရဲ့ဆံပင် အရောင်က ရွှေဝါရောင်သို့ ပြန်ပြောင်းသွားခဲ့ပြီဖြစ်သည် အက်စတယ်လာက မျက်ခုံးတွေကို နှိမ့်ချရင်းဖြေလေသည်
"ကားလစ်က ဆံပင် အရောင်ပြောင်းတာကို အတော်လေး ဆန့်ကျင်ခဲ့တာ ဒါကြောင့် ကျွန်မဆံပင်ကို ခေါင်းလျှော်လိုက်တာနဲ့ အရောင်လွင့်သွားတတ်တဲ့ အရောင်မျိုးဆိုးခဲ့တာ ဆံပင်တိုသွားတဲ့အတိုင်းအတာကျ ကျွန်မလဲ ဘာမှမလုပ်တတ်ဘူး"

အရှင့်မင်းသား မဟုတ်ပဲ ကားလစ်တဲ့

အက်စတယ်လာကို ကြည့်ရတာ သူမတို့‌ဝေးနေချိန် ကားလစ်နဲ့ အတော်လေး ရင်းနှီးလာပုံရသည် တစ်ခုခုထူးဆန်းတာမျိုးဖြစ်သွားတယ်လို့ သူမခံစားရတာကြောင့် မေးလိုက်သည်
"ဒါနဲ့ အရှင်မင်းသားရော ဘယ်မှာလဲ ကျွန်မထင်တာ သူ အက်စတယ်လာနားကပ်နေမယ်ထင်တာ ဒါပေမဲ့ သူကိုလဲမမြင်မိဘူး"

"တကယ်က ငါတို့ ရန်ဖြစ်ခဲ့ကြလို့"

"ရန်ဖြစ်ကြတယ်!!"

သူမမျက်လုံးပင် ပြူးကျယ်သွားသည်

အက်စတယ်လာက ကားလစ်နဲ့ ရန်ဖြစ်ကြတယ်?!

သူမရဲ့အက်စတယ်လာက ဘယ်သူတွေသူမကို ဘယ်လိုတွေဆဲဆိုနေကြပါစေ အမြဲတမ်းပြုံးနေပြီး 'ရှင့်ကို ဒီလိုစွမ်းအင်မျိုးစီးဆင်းနေတာမြင်ရ‌တာ ကောင်းလိုက်တာ'ဟုပြောလိမ့်မည်

အက်စတယ်လာကို အံဩစွာကြည့်ရင်း အက်စတယ်လာက တည်ငြိမ်စွာပြောလာခဲ့သည်
"မစ်နေးရားကို ကယ်ဖို့ လုရှန်ရဲ့ရဲတိုက်ကို ကျွန်မတစ်ယောက်ထဲသွားမယ်ပြောတုန်းက ကားလစ်က အရမ်းစိတ်ဆိုးခဲ့တာ သူကပြောတယ် ကျွန်မက ဒီလိုအန္တရာယ်များတဲ့နေရာမျိုးကို တယောက်ထဲမသွားသင်ဘူးတဲ့"

“……”

ဒါကတောါ နားလည်ပေးလို့ရလေသည် ဘယ်သူကများ ကိုယ့်ချစ်သူကို လုရှန်လို yandere တစ်ယောက်ဆီ တယောက်ထဲလွှတ်နိုင်မှာလဲ

"ဒါပေမဲ့ ကျွန်မ ကားလစ်နဲ့ ရဲတိုက်ထဲ ထိုးဖောက်၀င်နိုင်မှာမဟုတ်ဘူး သူနဲ့သာအဲ့ကိုသွားရင် ကျွန်မတို့ စွန့်စားမှုတွေအများကြီး ရှိလာမှာ"

ဒါလဲဟုတ်တာပဲ လုရှန်က လူတိုင်းနဲ့ပတ်သတ်ပြီး ဆက်ဆက်ထိမခံပေ ဒါပေမဲ့ ယောကျာ်းတွေနဲ့ပတ်သတ်ရင် သူက အထူးတလည်ကို ဆက်ဆက်ထိမခံပေ ဒါကြောင့် မင်္ဂလာပွဲအတွက် ပြင်ဆင်ပေးဖို့လာကြတဲ့ ဒီဇိုင်းနာတွေနဲ့ ကုန်သည်တွေအကုန်လုံးက အမျိုးသမီးတွေဖြစ်လေသည်

ကားလစ်သာ အဲ့နေရာမှာရှိခဲ့ရင် အိုး နိုး

သူသာ အမျိုးသမီးတစ်ယောက်လို ၀တ်ဆင်ပြီးလာရင်တောင် သူမှာ ကြီးမားတဲ့ကိုယ်ထည်ရှိတာကြောင့် ချက်ချင်းကို ဖမ်းမိသွားမှာပင် အဲ့တာတွေထက်...

'နတ်ဘုရားရဲ့စွမ်းအားရှိတဲ့ အက်စတယ်လာနဲ့မတူပဲ ကားလစ်က အိမ်ရှေ့စံမင်းသားတစ်ပါးသာသာပဲလေ'

သူက ဓားရေးနဲ့ပတ်သတ်ပြီး ဘယ်လောက်ပဲတော်နေပါစေ ဓားတစ်ချက်လွဲရုံနဲ့ ဒါဇင်လောက် ဘယ်လို သတ်နိုင်မှာလဲ သူက လူတွေနဲ့ပဲ ယှဉ်နိုင်တာ နတ်ဆိုးစွမ်းရည်အပြည့်အ၀ရှိနေတဲ့ လုရှန်အရှေ့မှာကျ သူက စွမ်းရည်မဲ့သွားမှာပင်
'သူလာရင်တောင်မှ အကူအညီဆိုတာထက် လိုက်ရှုပ်သလိုပဲဖြစ်နေမှာ အက်စတယ်လာနောက်လိုက်မလာတာ အကြိမ်တရာစာလောက်ပိုကောင်းပါတယ်'

သို့သော်လည်း ဘယ်အရာကမှ အလွယ်တကူပြီးဆုံးသွားတယ်ဆိုတာ ဒီကမ္ဘာမှာမရှိဘူး

အက်စတယ်လာက စိတ်ရှုပ်နေတဲ့မျက်နှာနှင့်
"ကားလစ်က အခုဆို စိတ်ဆိုးမပြေသေးဘူး အဲ့ဒါကြောင့် သူကျွန်မနဲ့ ဒီကိုလိုက်မလာတာ ကျေးဇူးပြုပြီး နားလည်ပေးလိုက်ပါ နေးရား"

ဘယ်လောက်တောင် စိတ်မကောင်းစရာကောင်းလိုက်သလဲ
အဓိကဇာတ်လိုက်တစ်ယောက်ရဲ့ မာနတွေဘယ်ရောက်သွားတာလဲ
သူမ ဖြစ်နိုင်ရင် ကားလစ်ကိုကြည့်ပြီး ကွာစေ့ပင်ကိုက်ချင်မိသည် ဒါပေမဲ့ သူမမှာ အခု စည်းစိမ်ခံစားဖို့ အချိန်မရှိပေ

သူမ သူ့အကြောင်းကို ချက်ချင်း‌မေးလိုက်သည်
"အက်စတယ်လာ အခု လုရှန် ဘယ်လိုဖြစ်နေမလဲဆိုတာ ကျွန်မသိချင်တယ်"

သူမ လုရှန်အကြောင်းပြောလိုက်တဲ့အချိန်တိုင်း သူမအဖေက သူ့အကြောင်းနားထောင်ရမှာကို ပိုပြီးငြင်းဆန်လာလေသည် 'အဲ့ရူးနေတဲ့ကောင်အကြောင်း လာကိုမပြောနဲ့ ငါ ဒီလက်ထပ်ပွဲကို ငါဖျက်မှာ'လို့ပြောရင်းပင်

ဒီနေ့ အက်စတယ်လာကိုခေါ်ရတဲ့အကြောင်းအရင်းက သူ့အကြောင်း ကြားချင်တာကြောင့်ဖြစ်သည် အက်စတယ်လာကခေါင်းညိမ့်ရင်း ပြောလာလေသည် လုရှန်ရဲ့ yandere အဖြစ်ပြောင်းလဲသွားတဲ့အခြေအနေကို တရား၀င်မကြေညာရသေးပေ အကြောင်းအရင်းက ပေါလ်နဲ့ စစ်သည်တွေ လုရှန်ပြောင်းလဲသွားတာကို မြင်တဲ့ သက်သေတွေကြောင့်ပင် ရည်ရွယ်မထားပဲ မတော်တဆလူသတ်မှုဖြစ်ပွားခဲ့ပြီး လုရှန်အကြောင်းနဲ့ပတ်သတ်ပြီး တိတ်တိတ်နေကြလေသည်

လုရှန်ရဲ့လက်ထောက် ပေါလ်က စစ်သည်တွေရှေ့၌ ခက်ထန်စွာပြောလေသည်
[မင်းတို့ဘာမှမမြင်ခဲ့ကြဘူး တယောက်ယောက်ကများ ဒီနေ့မြင်ခဲ့တာကို ပြောခဲ့မယ်ဆိုရင် စစ်တပ်ဥပဒေတွေအရ ရာဇ၀တ်ကောင်အဖြစ် ငါက လုပ်ပစ်မှာ ဒါပေမဲ့ ဒါကို ကမ္ဘာကြီးဆီကနေ လျို့ဝှက်ချက်အနေနဲ့ သိမ်းထားဖို့က ဘယ်ဖြစ်နိုင်မှာလဲ အဲ့လိုဆိုရင်တောင်မှ ဒါက အင်ပါယာရဲ့အကောင်းဆုံးစစ်သည် ကာဒီယမ်က ရန်သူတွေကို နတ်ဆိုးဆန်တဲ့စွမ်းအားနဲ့ အမြစ်ဖြတ်သုတ်သင်ပစ်တယ်ဆိုတဲ့ စိတ်၀င်စားစရာဇာတ်လမ်းမျိုးအဖြစ် ပြောင်းပစ်ရမယ်]
ကာဒီယမ်က လူသားထောင်ချီကို တညထဲ မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့ အကုန်သတ်‌ပစ်ကြောင်း
သူက သူ့ဇနီးလောင်းကို ဖမ်းစားပြီး သူမကို အသက်ရှင်လျက် စားပစ်ကြောင်း (ဟိုလိုစားတာ)
ကာဒီယမ်က ဒီနယ်မြေကို ဖျက်စီးဖို့ ဖြစ်တည်လာတဲ့ အမြင်ရှိတဲ့ နတ်ဆိုးဖြစ်ကြောင်း
အင်ပါယာရဲ့ အလေးစားရဆုံးစစ်သည်ဖြစ်တဲ့အညီ လူတွေက ထက်သန်စွာ ငြင်းခုံကြလိမ့်မယ် တစ်စုံတယောက်ကတော့ လုရှန်ကို ကာကွယ်ပေးမှာပဲ
[သူက ရန်သူကိုပဲသတ်ခဲ့တာ ငါတို့မဟာမိတ်တွေကို မသတ်ခဲ့ဘူး အရှင်ကာဒီယမ်မှာ သဘာ၀လွန်စွမ်းအားတွေရှိတာ မှန်ရင်မှန်မယ် ဒါပေမဲ့ သူက နတ်ဆိုး ဝါးမြိုတာမခံခဲ့ရဘူး သူ့စွမ်းအားက အင်ပါယာအတွက် အကျိုးမရှိဘူးလား? သူစွမ်းအားကိုသာ အကျိုးရှိရှိအသုံးချတတ်ရင် ငါတို့အင်ပါယာက ကမ္ဘာကိုစိုးမိုးနိုင်မှာကွ]

ဒါကိုကြားရတာ သူမကို ဒေါသထွက်စေသည်
"သူတို့က လုရှန်ကိုဘယ်လိုထင်နေတာလဲ သူက သူတို့ ကစားနိုင်တဲ့ စစ်တုရင်ရုပ်ကလေးမဟုတ်ဘူး"

အက်စတယ်လာက မျက်ခုံးတွေနှိမ့်ချရင်း
"ကမ္ဘာပေါ်မှာ တစ်စုံတစ်ယောက်ရဲ့အသုံး၀င်ပုံကိုကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ လူတွေ အမြဲရှိတတ်တယ် အံဩစရာကောင်းတာ အထက်တန်းလွှာတော်တော်များများကလဲ သဘောတူခဲ့တာကိုပဲ"

“…..”
သူမခေါင်းထဲ၌ ဆဲမိသည်

အက်စတယ်လာက မျက်နှာကြီးမှောင်မဲကာ
"တခြားတဖက်မှာလဲ လုရှန်ရဲ့စွမ်းအားကိုကြောက်တဲ့လူတွေအများကြီးရှိသေးတယ်‌"

သူတို့က အကြောက်တရားကြောင့် တုန်လှုပ်ရင်း ဒီနတ်ဆိုးစွမ်းအားက သူတို့ အချိန်အကြာကြီး စိတ်ပူနေခဲ့ရတဲ့အရာလို့ ပြောကြတတ်သူတွေ နောက်ဆုံးတော့ ထွက်ပေါ်လာလေသည်
အကြောက်တရားက တရားမျှတမှုအဖြစ် ချက်ချင်းပြောင်းလဲသွားလေသည်
[မကောင်းဆိုးဝါးကို သတ်ပစ်ကြ! ငါတို့မိသားစုတွေ နယ်မြေတွေကို ကာကွယ်ဖို့ ဒီမကောင်းဆိုးဝါးကို သတ်ပစ်ဖို့လိုတယ်]

"ကျွန်မကြားထားတာကတော့ နတ်ဆိုးတည်ရှိမှုကို ဘယ်တော့မှ ခွင့်မပြုနိုင်ဘူးလို့ အတိအလင်းကြေညာထားတဲ့ ဘာသာရေးအယူသီးတဲ့ သစ္စာရှိစစ်သည်တွေနဲ့ ဘုန်းတော်ကြီးတွေက တရားမျှတမှုဆိုတဲ့ အမည်အောက်မှာ တစ်ယောက်ပြီး တယောက်ထွက်လာပြီး စုစည်းနေကြပြီ စုဆောင်းတဲ့လူ လုံလောက်သွားပြီးရင် ကြီးကြယ်တဲ့ အုတ်အုတ်သဲသဲတစ်ခုဖြစ်စေပြီးရင် သူတို့ လုရှန်ကို သတ်ပစ်ဖို့ ထွက်ခွာကြလိမ့်မယ်"

ကြောက်စရာသတင်းတွေကို သူမကြားပြီး ပါးစပ်ပင်အုပ်မိသွားသည် အခြေအနေတွေက သူမထင်ထားတာထက် ပိုပြီး ဆိုးရွားလာလေသည် လူတွေစုဆောင်းတာ သူတို့လူတွေဘယ်လောက်ပဲစုဆောင်းနိုင်ပါစေ သူတို့လုရှန်ကို ထိခိုက်အောင်လုပ်နိုင်မှာမဟုတ်တာတော့ သေချာသည်

သူတို့သာ သာမန်လူသားဆို လုရှန်ကို နာကျင်အောင်လုပ်နိုင်လိမ့်မည်မဟုတ်ပေ သူတို့ လုရှန်ကို ထိခိုက်အောင်လုပ်နိုင်ရင်တောင်မှ လုရှန်က မသေနိုင်ပေ သူပိုင်ဆိုင်ထားတဲ့ နတ်ဆိုးစွမ်းအားကြောင့် သူ့ဘာသာသူ သက်သာပျောက်ကင်းသွားလိ့မ်မည် သူမစိတ်ပူတဲ့အရာက သူကိုမဟုတ်ပဲ ထိုအရာပြီးရင် ထပ်ဖြစ်လာမဲ့အရာကိုပင်
'လုရှန် သူတို့အားလုံးကို သတ်ပစ်လိုက်ရင်'
ကန့်ကွက်သူတွေကို သတ်ပစ်တာက သူပုန်တပ်ဖွဲ့ကို သတ်ပစ်တာနဲ့ မတူပေ ဒီအချိန်မှာက လုရှန်သည် တကမ္ဘာလုံးက လူတွေ ကြောက်ရွံစိတ်တိုနေကြတဲ့ အရာတစ်ခုဖြစ်နေလေသည်

သေချာပေါက် နတ်ဆိုးဖြစ်လာခြင်းပင်
'ဒါဖြစ်လို့မရဘူး'
ဘယ်တော့မှမဖြစ်ရပေ
အက်စတယ်လာကို ကြောက်ရွံ့နေတဲ့မျက်လုံးတွေနဲ့သူမကြည့်လိုက်သည် အက်စတယ်လာ အခုဘာတွေ တွေးနေမလဲ မူရင်း၀တ္ထုထဲမှာဆို သူမက လုရှန်ဘက်ကနေ အတိုက်အခံလုပ်ကာ ရပ်တည်ခဲ့သည် လုရှန်က သူမကိုချစ်တယ်ဆိုတဲ့ မရေမရာအရာကြောင့် လူတွေ လုရှန်ကို သတ်ခွင့်မပြုနိုင်တာကြောင့်ပင်

နောက်ဆုံးအချိန်မှာတော့ လုရှန်ရဲ့နှလုံးသားကို ဓားတစ်ချောင်းနဲ့ ထိုးစိုက်ခဲ့သူကတော့ အက်စတယ်လာပင်ဖြစ်သည်
[ကျွန်မတောင်းပန်ပါတယ် လုရှန်]
ဒါကတော့ သူချစ်တဲ့အမျိုးသမီးဆီကနေ ‌လုရှန်နောက်ဆုံးကြားလိုက်ရတဲ့အရာဖြစ်လေသည်

'အပ်စတယ်လာသာ မူရင်းထဲကလိုမျိုး တထပ်ထဲလုပ်ခဲ့ရင်များ...'
သူမလက်တွေ စိုးရိမ်စိတ်ကြောင့် တုန်လာတော့သည်

“…..!”

ထို့နောက် သူမလက်တွေပေါ်မှာ နွေးထွေးတဲ့လက်တွေကို ခံစားလိုက်ရသည် ထိုလက်တွေက အက်စတယ်လာလက်တွေပင် သူမကို နှစ်သိမ့်ပေးနေသလို အက်စတယ်လာက သူလက်တွေနဲ့ သူမလက်တွေကို ထွေးပိုက်ထားသည် သူမခေါင်းကိုမော့လိုက်တော့ အက်စတယ်လာက သူမကို နူးညံသောမျက်နှာကလေးနှင့် သူမကိုကြည့်နေခဲ့သည် အက်စတယ်လာက
"ဒါဆို ကျွန်မတို့လဲ သူတို့ဘာမှမလုပ်ခင် လုပ်စရာရှိတာ လုပ်ဖို့လိုတယ်"

“……”

"လုရှန် သူ့မူရင်းပုံစံကို ပြန်ရောက်အောင်လုပ်ဖို့ နည်းတစ်နည်းတော့ ရှိမှာပဲ"

'အား ငါ ဒီရက်တွေ အများကြီးငိုမိနေတာပဲ ဒီတလော မငိုအောင်ထိန်းပါမယ်ဆိုကာမှ ဒီလောက်ငိုနေတာ ငါမဟုတ်သလိုပဲ'

တကယ်မှာတော့ သူမမျက်ရည်ဖြိုင်ဖြိုင်ကျနေမိသည် သူမဘက်မှာ ဒီလိုရဲရင့်တဲ့ သူငယ်ချင်းတစ်ယောက်ရှိ‌ေနတာကို ကျေးဇူးတင်မိတာကြောင့်ပင် သိက္ခာကင်းမဲ့စွာကျနေတဲ့ မျက်ရည်တွေကို သုတ်ပစ်ရင်း သူမခေါင်းညိမ့်လိုက်သည်

လုရှန်ကို သူ့ဘ၀တလျှောက်လုံး အတားအဆီးထဲမှာပဲ ပိတ်မထားချင်ပေ သူ့ကို သူများတွေအသုံးချကြမှာကိုလဲ သူမမလိုချင်ပေ သူ့ကို သူများတွေ မုန်းကြတဲ့ဘ၀မျိုးမှာ သူမမနေစေချင်ပေ သူ့ကို သူမပြန်ခေါ်လာရမယ်

သူမရဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ လုရှန်
* * *

သူတို့က လုရှန်ကို ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မှာလဲ
'နတ်သမီးပုံပြင်တွေမှာဆို သူချစ်တဲ့မိန်းကလေးဆီကနေ အနမ်းတစ်ခုရရမယ်လို့ သက်သေပြကြတယ်...'

သူတို့ နမ်းကြတဲ့ အချိန်တွေကို သူမပြန်တွေးမိသည် လုရှန်က တကယ် ပျော်ရွှင်နေတတ်ပြီး ပြောလေ့ရှိတတ်သည်
'မင်းအနမ်းကိုရတဲ့ တစ်ဦးထဲသောသူဖြစ်ချင်တယ် ဒါကြောင့် လိုရမယ်ရ လူတိုင်းရဲ့လျှာတွေကို ဖြတ်ပစ်ရမယ်လို့ တွေးမိတယ်'

ဟုတ်တယ် သူကို နမ်းတာက အဖြေမဟုတ်ဘူး

ရက်ပေါင်းများစွာ စဉ်းစားပြီးနောက် မူရင်း၀တ္ထုမှ မေ့နေတဲ့ တစ်စုံတစ်ခုကို သူမသတိရသွားသည် လုရှန် စိတ်ပြောင်းလဲပြီးနောက် သူပထမဆုံးဖျက်စီးတဲ့နေရာက သူရဲ့ ဇာတိမြို့ဖြစ်သည်

စက္ကန့်အနည်းငယ်အတွင်း ကျေးလတ်ရွာသေးသေးလေးက သူကြောင့် ဖွတ်ဖွတ်ညပ် ကြေသွားခဲ့ရသည် ခန္ဓာကိုယ်အပုံလိုက်တွေကိုကြည့်ရင်း လုရှန်က
[ငါ အရင်ပုံစံဟောင်းကို ပြန်မသွားသင့်တော့ဘူး]

အဲ့အချိန်တုန်းက လုရှန်က သူ့အပေါ် နှိပ်စက်ခဲ့တဲ့သူတွေကို ရိုးရိုးသားသား ကလဲ့စားချေတာလို့ သူမထင်ခဲ့မိသည် ဒါပေမဲ့ သူ့အတွက် ဒီလိုလုပ်ဖို့ကြ အတော်လေး ထူးဆန်းနေပုံပေါ်လေသည်

ပျော်ရွှင်စရာ သင်္ကြန်အချိန်အခါလေးဖြစ်ကြပါစေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး နှစ်သစ်ကို စိတ်သစ် ကိုယ်သစ်နဲ့ဖြတ်သန်းနိုင်ကြပါစေလို့ ဘလူအာလေးမှဆုတောင်းပေးလိုက်ပါတယ်ရှင့်<3

Continue Reading

You'll Also Like

1.6M 203K 163
အမá€ģိုးသá€Ŧးကိုယá€ēဝနá€ēဆေá€Ŧငá€ē "ကေá€Ŧ"မá€ģá€Ŧးပá€Ģဝငá€ēသညá€ē။ အမá€ēိá€ŗးသá€Ŧá€¸á€€á€­á€¯á€šá€šá€á€”á€šá€ąá€†á€Ŧင် "ကေá€Ŧ"မá€ēá€Ŧးပá€Ģဝင်သည်။
2.1M 162K 36
No descriptions here
654K 56.8K 51
အိမá€ēတေá€Ŧá€ēမှá€Ŧ မငá€ēးသá€Ŧးတစá€ēပá€Ģá€¸á€œá€­á€¯á€”á€ąá€›á€á€˛á€ˇ အနá€Ŋယá€ēတေá€Ŧá€ēလေးက နယá€ēမá€ŧေတစá€ēá€á€¯á€›á€˛á€ˇá€á€ąá€Ģငá€ēးဆေá€Ŧငá€ēဆဎကို ရေá€Ŧကá€ēရှိလá€Ŧတဲ့အခá€Ģ ... ငယá€ēစဉá€ēကတညá€ēးက နှစá€ēသကá€ēမá€ŧတá€ēá€”á€­á€¯á€¸á€á€˛á€ˇá€›á€žá€ąá€Ŧ ကေá€Ŧငá€ēလေးဖá€ŧစá€ē...