မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

By ma_roses_are_blue

86.5K 10.3K 163

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၇၀)

476 62 5
By ma_roses_are_blue


သူမလက်ချောင်းတွေကို နှိပ်နှယ်ရင်း သတိထားကာပြောလိုက်သည်
"ရှင်ရဲ့အတိတ်ကအဲ့လောက်ထိမဆိုးဘူး လုရှန်ကိုသဘောကျပြီး လေးစားတဲ့လူတွေအများကြီးရှိပါဘူး ပြီးတော့ အရှင်က ရှင့်ကို အသိအမှတ်ပြုထားတာပဲလေ အဲ့လိုအချိန်မျိုးကိုပြန်မသွားချင်ဘူးလား"

ဒါက သူမရဲ့နောက်ဆုံးကြိုးစားမှူဖြစ်‌လေသည်
သူမ လုရှန်ကို တနည်းနည်းနဲ့ပဲ ဖြစ်ဖြစ် ကြိုးစားပြီး ဖြောင်းဖျချင်သေးသည်
သူမက သူကို ယခင် မူလပုံစံကို ပြန်ပြောင်းလဲစေချင်သည် ဒါပေမဲ့ လုရှန်က သူမကို အေးစက်စက်မျက်နှာနှင့် ပြန်‌ဖြေလေသည်
"လုံး၀မဖြစ်ချင်ဘူး"

"......"

"နေးရား ကိုယ်က မွေးလာကထဲက စွန့်ပစ်ခံခဲ့ရတယ် လူတွေက ကိုယ့်ကို လက်ညှိုးတွေထိုးပြီး ဆဲဆိုကြတယ် ပျက်ရယ်ပြုကြတယ် ရိုက်နှက်ကြတယ် အဲ့နေ့က ကိုယ်ကို ကယ်တင်ခဲ့တဲ့သူက မစ်အက်စတယ်လာ"

ဒဏ်ရာတွေနဲ့လုရှန်အသေးစားလေးရဲ့ လက်ကိုကိုင်ပြီး အက်စတယ်လာကပြောခဲ့‌ေလသည်
[လုရှန် မင်းက ကျိန်စာသင့်နေတဲ့ကလေးတစ်‌ေယာက်မဟုတ်ပါဘူး မင်းက ကြင်နာတတ်ပြီး နွေးထွေးတဲ့ နှလုံးသားရှိတဲ့သူပါ မင်းကဘယ်လိုလူဆိုတာ သူတို့သိလာကြရင် လူတွေကမင်းကိုချစ်လာကြမှာပါ]

လုရှန်က မျက်လွှာချရင်း ပြောလေသည်
"အဲ့ဒါကြောင့် ကိုယ်ကြိုးစားခဲ့တယ် လူတွေမကြိုက်တဲ့အရာ‌တွေကို ကိုယ်မလုပ်မိ‌ေအာင် ကြိုးစားခဲ့တယ် ပြီးတော့ အန္တရာယ်များတဲ့အလုပ်တွေကို ကိုကိုယ်တိုင်ဦးဆောင်ပြီး စိတ်ပါလက်ပါ၀င်လုပ်ခဲ့တယ် မစ်အက်စတယ်လာပြောတာမှန်တယ် လူတွေက ကိုယ့်ကို ခေါ်နေကြ မကောင်းဆိုးဝါးဆိုတာကို မခေါ်ကြတော့ဘူး"

အင်ပါယာရဲ့အကောင်းဆုံးစစ်သည်, ကာဒီယမ်
သူက ဧကရာဇ်ရဲ့ယုံကြည်မှု အထက်တန်းလွှာတွေရဲ့မျက်နှာသာပေးမှု ပြီးတော့ စစ်သည်တွေရဲ့လေးစားရို‌ေသမှုကို ရခဲ့တယ်
သူကိုမြင်တဲ့ လူတိုင်းရဲ့အမြင်ကိုတော့ ဘယ်ပြောင်းလဲနိုင်မှာလဲ လုရှန်ရဲ့မျက်လုံးနီနီတွေကို မနှစ်မြို့တဲ့လူတွေလဲကျန်ရှိနေသေးသည် လုရှန်က သူတို့တွေကို စိတ်ထဲမထားပေ သူတို့တွေ သူ့ကို အမြဲတမ်းလိုလို လျစ်လျူရှုထားတတ်ပေမဲ့ သူကို ရန်လိုသော သဘောထား‌မျိုးတော့မရှိပေ အက်စတယ်လာက ထိုကဲ့သို့သော အမုန်းတရားတွေ ဒေါသတွေက သူကို ဘာမှမလုပ်နိုင်ကြောင်း သင်ထားတာကြောင့်ပင်
"ဒါပေမဲ့ ဒါက ကိုယ့်ရည်ရွယ်ချက်မှမဟုတ်တာ"

လုရှန်က သေသပ်သော အပြုံးနှင့်
"ကိုယ်က ကိုယ်ကိုဆန့်ကျင်တဲ့ အဲ့လူတွေကို သတ်ပစ်ချင်တာ"

"....!"

ထိုကဲ့သို့ ကြောက်စရာစကားလုံးတွေက သူမကို ချမ်းစိမ့်စိမ့်ဖြစ်လာစေသည်

လုရှန်လက်က သူမမျက်နှာကို လာကိုင်လေသည်။ သူရဲ့လက်အေးတွေက သူမကိုလာထိချိန်မှာ သူမပခုံးတွေပင်တုန်သွားတော့လေသည် သို့ပေမဲ့ သူမရဲ့ကြောက်ရွံမှုကို သတိမပြုမိပဲ လုရှန်က အသံချိုချိုလေးနှင့်
"ကိုယ်အခုလိုဖြစ်လာရတာက အဲ့တာကြောင့်ပဲ နေးရား ကိုယ်လိုချင်ရာကို ဘယ်သူကို့မှ အားနာနေစရာမလိုပဲ လုပ်နိုင်တာ‌ကြောင့်လေ"

မျက်လုံးအကြည့်‌တွေကို အောက်ချရင်း လုရှန်စကားပြောတဲ့ပုံစံကို ကြည့်ရင်း သူမနောက်ကျော‌တွင် ကြက်သီးပင်ထလာတော့သည်
လက်တွေ့ မဆန်အောင်လှတဲ့ ယောကျာ်းတစ်‌ယောက် ထိုကဲ့သို့သော စိတ်ကူးယဉ်ဆန္ဒတွေကို ပြောနေ‌ေလသည်

သူမ မချင့်မရဲဖြစ်သလို ခံစားလာရသည်
"ရှင်မှာ ဒီလိုအတွေးမျိုးတွေ ရှိလိမ့်မယ်လို့ မထင်ထားဘူး လုရှန်"

ရဲရင့်သောအသံလာရာစီ သူမနှင့် လုရှန်ခေါင်းတွေ တချိန်ထဲ လှည့်လိုက်သည် ဥယျာဉ်ထဲ ပေါ်လာတဲ့ အက်စတယ်လာဖြစ်‌ေလသည် လုရှန်က သူမျက်လုံးကို မှေးကြည့်လိုက်သည် အက်စတယ်လာရဲ့ အညိုရောင်ဆံပင်တိုကြောင့် ပထမအကြည့်နဲ့တင် မှတ်မိ‌‌ပုံမပေါ်ပေ

တခဏကြာပြီးနောက် မျက်မှောင်ကြုတ်ကာ လုရှန်မေးလေသည်
"မစ်အက်စတယ်လာ? မင်းဘယ်လိုလုပ်ပြီး ဒီကိုရောက်နေရတာလဲ"

"အခု အဲ့တာက အရေးမကြီးပါဘူး"

"မဟုတ်ဘူး ကျွန်တ်ောအတွက် အရေးကြီးတယ် ဒီနေရာက ကျွန်တော်နဲ့ နေးရားနှစ်ယောက်ထဲ ရှိနေရမဲ့နေရာ"
လုရှန်ဆိုလိုတာက ရှင်းလေသည် အဲ့လူ အက်စတယ်လာဆိုရင်တောင် ကိစ္စမရှိပေ မဖိတ်ခေါ်ထားတဲ့ဧည့်သည်ဖြစ်လေသည်

အက်စတယ်လာ စိတ်ပျက်တဲ့အမူအရာကို ဖော်ပြရမဲ့အစား အက်စတယ်လာကိုကြည့်ရတာ ၀မ်းနည်းနေလေသည်
"မစ်နေးရား အဲ့အရာကို သဘောတူသလား"

"......"

"ကျွန်မကိုဖြေပေးပါ,လုရှန်"

ပြန်ဖြေရမဲ့အစား လုရှန်က မျက်နှာမှောင်မဲ့စွာ‌နဲ့ရေရွတ်နေလေသည်
"မင်းဒီကိုရောက်လာရင် အသုံးမ၀င်တာတွေလျှောက်ပြောမှာ ငါသိတယ် အဲ့ဒါကြောင့် ငါမင်းကို မလာစေချင်တာ"

အက်စတယ်လာ သူတို့ရှိရာဆီ ‌လှမ်းလာလာခြင်း လုရှန်မျက်လုံးတွေက ကြောက်စရာကောင်းအောင်တောက်ပလာလေသည်။ သူရဲ့အသိုက်ကို ဖောက်၀င်လာတဲ့ ရန်သူကို မြင်လိုက်ရသလို လုရှန်ပုံစံက စိတ်ပူနေလေသည်

ပါနေးရားခါးကိုကိုင်ထားတဲ့ လုရှန်လက်တွေကို တင်းလာရင်း ပြောလေသည်
"ငါတို့နား တိုးမလာနဲ့ တလှမ်းတိုးလာတာနဲ့ ငါ မင်းရဲ့အငြိမ်မနေတဲ့ပါးစပ်ကို ဖြဲပစ်မယ်"

"ရှင် တအားမာနထောင်လွှားလွန်းတာပဲ"

"ငါမင်းကိုသတိ‌ေပးတယ်‌ေနာ်"

လုရှန်ရဲ့ပုံမှန်မဟုတ်တဲ့စကားတွေက သူမနှလုံးခုန်တာကို ပိုမြန်စေ‌သည် စိတ်ဖောက်နေတဲ့အခြေအနေမှာသာဆို အက်စတယ်လာကို သူဘာလုပ်လိမ့်မလဲ သူမသိချင်မိသည်

ဒါပေမဲ့ အခု လုရှန်ကို ကြည့်လိုက်တော့ အက်စတယ်လာဖြစ်နေတာတောင်မှ သူမအပေါ် လွယ်လွယ်နဲ့အလွှတ်ပေးမဲ့ပုံစံမပေါ်ဘူး

သူကို တားဖို့ သူမလက်လှမ်းလိုက်တော့ အက်စတယ်လာက မျက်လွှာချရင်းပြောလာလေသည်
"လုရှန် ရှင် ဒါအတွက် အဆူခံရဖို့ ထိုက်တန်တယ်"

အဲ့အချိန်မှာတော့ အဖြူရောင်အလင်းတန်းတချို့က မြေကြီးပေါ်ကနေ ရှုပ်ထွေးတဲ့ပုံစံနှင့် ပေါ်ပေါက်လာခဲ့သည် သူမက လုရှန်ဘေးမှာရှိနေတာကြောင့် ထိုအလင်းတန်းရဲ့ အားကို ခံစားမိသည် သူမအတွက်တော့ ထိုအလင်းတန်းက နွေးထွေးရုံသာဖြစ်စေသည် ဒါပေမဲ့ လုရှန်အတွက်တော့ ထိုကဲ့သို့ခံစားရ‌ပုံမပေါ်ပေ

"အားးးး!"

အလင်းတန်းတွေထဲပိတ်မိနေတဲ့လုရှန်က နာကျင်နေသောမျက်နှာနှင့် အော်ဟစ်ရင်း လဲကျသွားလေသည် လုရှန်က နှလုံးဖောက်သလို မြေကြီးပေါ်မှာ ‌ညည်းညူနေလေသည်

သူကို အဲ့လိုပုံစံမြင်ရတော့ သူမပါးစပ်ကိုလက်နဲ့ကာမိသည် မူရင်း၀တ္ထုကို သူမဖတ်ဖူးတာကြောင့် ဒီအတားအဆီးရဲ့အလုပ်လုပ်ပုံကို သူမသိလေသည် ဒါပေမဲ့ သူမရှေ့မှာ သူခံစားနေရတာကိုမြင်ရတော့ တုန်လှုပ်မိသည် သူပုံစံက ထောင်ချောက်ထဲမှာမိနေတဲ့ သားရဲတစ်ကောင်လိုဖြစ်နေသည် ထိုကြောက်စရာ‌ေကာင်းတဲ့မြင်ကွင်း‌ေကြာင့် သူမလဲ မတတ်နိုင်ပဲ တုန်ရီ‌လာတော့သည် အက်စတယ်လာက သူမနားချဉ်းကပ်လာပြီး
"စိတ်မပူပါနဲ့ မစ်နေးရား ဒါက လုရှန်ရဲ့စွမ်းအားကို ဖိနှိပ်နေရုံပါပဲ လုရှန်ကိုအန္တရာယ်ပြုမှာမဟုတ်ဘူး သူအတွက်တော့ အနည်းငယ်လောက် နှိပ်စက်ညှဉ်းပန်းနေသလိုဖြစ်နေပေမဲ့..."

"ဒါ ဒါပေမဲ့..."

အက်စတယ်လာက သူမပခုံးကိုကိုင်လိုက်ပြီး ခေါင်းကိုခါလေသည် မိန်းမငယ်လေးရဲ့မျက်နှာပေါ်မှာ တင်ကျန်နေတဲ့တစ်ခုထဲသော အမူအရာက ခက်ထန်မှုပင်

ညဉ်းညူရင်း တုန်ရီနေတဲ့ လုရှန်ဆီ အက်စတယ်လာက လျှောက်လာပြီး လုရှန်ကိုပြောလေသည်
"ဒီအတားအဆီးက နတ်ဘုရားရဲ့စွမ်းအားနဲ့လုပ်ထားတာ နတ်ဆိုးစွမ်းအား အပြည့်အ၀ပေါ်ထွက်လာရင် ရှင် ပိုပြီးနာကျင်ရလိမ့်မယ် အသက်တောင်မရှုနိုင်လောက်အောင်ကို နာကျင်ရမယ်"

"ဒါက ဘာမှမဟုတ်ပါဘူး...!"
လုရှန် ခန္ဓာကိုယ်ကို ရွေ့ဖို့ကြိုးစားလိုက်သည် ဒါပေမဲ့ သူပိုကြိုးစားလေ သူကိုဖိနှိပ်ထားတဲ့ အလင်းတန်းက ပိုပြီးပြင်းထန်လာလေဖြစ်နေတာကြောင့် ပိုပြီး နာကျင်အောင်လုပ်နေလေသည်

"အာ့!"

ဓားနဲ့ထိုးခံနေရသလို နာကျင်စွာအော်ဟစ်နေတဲ့ လုရှန်ကို အက်စတယ်လာက နှစ်သိမ့်လေသည်
"ရှင်ပိုပြီး ရုန်းကန်လေလေ, ပိုပြီးနာကျင်ရလေလေပဲဖြစ်လိမ့်မယ် ဒါကြောင့် ငြိမ်ငြိမ်လေးနေပါ နတ်ဆိုးစွမ်းအားကို ပယ်ဖျက်ဖို့ နည်းလမ်းကို ကျွန်မရှာတွေ့ရင် ဒီကို ကျွန်မပြန်လာပြီး ရှင့်ကိုလွှတ်ပေးမယ်"

အက်စတယ်လာက သူမကိုလှမ်းဆွဲလိုက်ပြီး
"သွားရအောင် မစ်နေးရား"

"...!"

အက်စတယ်လာစကားတွေကြားပြီး လုရှန်မျက်လုံးတွေပြူးကျယ်လာသည်
"မဟုတ်ဘူး"

"......"
"မဟုတ်ဘူး နေးရား မသွားပါနဲ့"

သူရဲ့ ရမ်းကားတဲ့အသံကို သူမကြားရတဲ့အခိုက်အတန့် သူမနှလုံးသားက ပျော့ညံလာလေသည်
သူမ သူ့လက်ကိုကိုင်ဆွဲပြီး သူ့ကို ကယ်တင်ချင်သည်
သူမ သူနဲ့အတူရှိနေချင်မိသည် ဒါပေမဲ့...

"ကိုယ်... သူတို့ကို အကုန် သတ်ပစ်မယ် သူတော်စင်, မှုးမတ်, ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်း
ဒါမှ မင်း ကိုယ့်ကိုထားသွားဖို့ အကြောင်းပြချက်မရှိမှာ ဟုတ်တယ်မလား"

သူက စိုးရိမ်စရာကောင်းသောစကားတွေပြောလာတဲ့အခါမှာ သူမ ပိုပြီးသေချာလာလေသည်

လက်ရှိလုရှန်က သူမနဲ့ အတူရှိနေဖို့မဖြစ်နိုင်။

သူမ အက်စတယ်လာလက်ကို လှမ်းဆွဲလိုက်သည် မျက်ရည်တွေပြည့်နေတဲ့ မျက်လုံးတွေနှင့်ပင် သူမချစ်မြတ်နိုးရသော ယောကျာ်းရဲ့ ငိုသံတွေကို နားထောင်းရင်း

* * *

တောက် တောက်*

ပြတင်းပေါက်ကို လာတံခါးခေါက်နေတဲ့ မိုးစက်ကျသံတွေကြောင့် သူမခေါင်းကိုလှည့်ကြည့်လိုက်သည် ပြတင်းပေါက်ပေါ်က မိုးရေစက်တွေကိုကြည့်ပြီး သူမမျက်မှောက်ကြုတ်မိသည်
'ငါ ထီးမယူခဲ့မိဘူးပဲ'

လိုလိုပိုပို ထီးယူသွားဖို့ပြောတဲ့ အန်နီရဲ့စကားကို နားမထောင်မိတာ သူမနောင်တရမိသည်
'‌ဒါပေမဲ့ မနက်တုန်းက နေက အရမ်းသာနေတာကိုး ဒီနေ့ ရာသီဥတုက ဘယ်လိုတောင် စိတ်ပြောင်းလဲလွယ်တဲ့ ရာသီဥတုကြီးလဲ'

စာကြည့်တိုက်ရှေ့မှာ လက်ကိုပိုက်ထားရင်း မိုးရေစက်တွေကိုကြည့်ရင်း မတ်တပ်ရပ်နေမိသည်
'ငါ မိုးတိတ်တဲ့အချိန်အထိစောင့်သင့်လား'

သူမ ဘယ်လောက်ကြာအောင် စောင့်ရမလဲ?
'လမ်းသွားလမ်းလာတယောက်ကို ပိုက်ဆံပေးပြီး ထီးတချောင်း၀ယ်ပေးဖို့ အကူအညီတောင်းကြည့်ရင်ကောင်းမလား'

‌ဒီလိုအခြေအနေမျိုးကို ဖြတ်ကျော်ဖို့ ရှေးရိုးစဉ်လာနဲ့မကိုက်ညီတဲ့ နည်းလမ်းအကြောင်း အထက်တန်းလွှာအမျိုးသမီးတစ်ယောက်တွေးနေစဉ်
"နေးရား"

လုရှန်တစ်ယောက် ခရမ်းပုတ်ရောင် ထီး‌တချောင်းနဲ့ပေါ်လာခဲ့သည် သူမလဲ သူရုတ်တ‌ရက်ရောက်လာတာကြောင့် အံ့ဩမိသွားသည် ဒါ မျက်လှည်လား သူမ စိတ်ကူးယဉ်နေမိတာလား
မဟုတ်ဘူး ဒါ သူမရဲ့ရည်းစားဆိုတာ သေချာသည်
သူမမျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း မေးလိုက်သည်
"လုရှန် ဘယ်လိုလုပ်ပြီး ဒီလိုမျိုး စင်းလုံချော တိုင်ပင်ကိုက် အချိန်မျိုးမှာပေါ်လာရတာလဲ ဇာတ်လိုက်တွေမှာပဲရှိတတ်တဲ့ အချိန်ကိုက်ပေါ်ထွက်လာတတ်တဲ့ စွမ်းရည်မျိုး သင်ထားတာလား"

လုရှန်က ပျော်ရွှင်နေသောအသံဖြင့်
"ဒီနေ့ စာကြည့်တိုက်သွားမယ်လို့ ပြောခဲ့တာလေ ပြီးတော့ နေ့လည်ခင်းကျမှ မိုးကလဲ ရုတ်တရက်ရွာချလာတာကိုး နေးရားတော့ ထီးယူသွားမှာမဟုတ်ဘူးဆိုပြီး ကိုယ်စိတ်ပူလာတာ"

ထို့နောက် သူ့မျက်လုံးတွေကို ညင်သာစွာကွေးညွတ်ရင်း
"ကိုယ်လာတာ ကောင်းသွားတာပေါ့"

"......"

သူ့အပြုံး မိုးရွာနေတဲ့နောက်ခံမြင်ကွင်းနဲ့ပေါင်းစပ်လိုက်တော့ အရမ်းကိုမှ လှပနေလေသည် သူမ လုရှန်ကို သတိမဲ့စွာ ငေးကြည့်ရင်း ရေရွတ်လေသည်
"ရှင်ပြောတော့ မအားဘူးဆို..."

လုရှန် သူရဲ့ အခုပုံစံကို သတိမပြုမိသေးဘူးလား
ဆံပင်တွေက တွန့်လိမ်နေပြီး ပွယောင်းနေသည် အမြဲလိုလို တည်ငြိမ်နေတတ်တဲ့သူ့မျက်နှာတစ်ခုလုံးက အခု နီရဲတွတ်နေလေသည် ဒါတွေတင်မက အမြဲလိုလိုသပ်ရပ်နေတတ်တဲ့ သူဘောင်းဘီ အောက်ပိုင်းတွေနဲ့ ဖိနပ်တွေက ရေတွေစိုနေလေသည်

သူ ဒီကို ဘယ်လောက်မြန်မြန်ပြေးလာတယ်ဆိုတာ ပြနေလေသည် သူမရင်တွေတလှပ်လှပ်ခုန်‌ေနတာကိုခံစားမိရင်း လုရှန်နားချဉ်းကပ်သွားလိုက်သည်

လုရှန်က ပျော်ရွှင်စွာနှင့် ထီးကို သူမအပေါ်ရွေးလိုက်လေသည်

သူမမျက်လုံးတွေက သူခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးကြည့်မိသည် သူမရဲ့အကြည့်က လုရှန်ရဲ့ပခုံးတစ်ဖက်ဆီ ရောက်ရှိသွားခဲ့သည် မိုးရေမစိုအောင် ကာကွယ်ခံထားရတဲ့သူမနဲ့မတူပဲ သူပခုံးတွေက လုံး၀ကို စိုစွတ်နေသည် ထိုအရာကိုသတိပြုမိပြီး သူမပခုံးတွေကို လုရှန်ရဲ့စိုစွတ်နေတဲ့ပခုံးနားသို့ ရွေ့လိုက်သည် ဒါပေမဲ့လည်း လုရှန်က အမျိုးသမီးတစ်ယောက်ရဲ့ပခုံးကိုထိတာ အပြစ်တစ်ခုလို သူမကိုရှောင်လိုက်လေသည်

'ဘယ်လောက်တောင် ရိုးသားလိုက်သလဲ'

မချင့်မရဲဖြစ်ကာ သူတို့ပခုံးတွေထိမဲ့အစား သူမ အခြေခံနည်းလမ်းကိုသာရွေးချယ်လိုက်သည် သူမလက်တွေက သူလက်မောင်းကို ရစ်ပတ်လိုက်တဲ့အခါ လုရှန်ပခုံးတွေ တုန်သွားလေသည် ပူနေတဲ့ အကြော်အိုးထဲက ကြက်ဥတစ်လုံးလိုပင် သူတွန့်သွားတာကိုတွေ့ပြီး သူမ အရှက်မရှိစွာနှင့်ပြောလိုက်သည်
"ကျွန်မက ကျွန်မရည်းစားနဲ့ လမ်းလျှောက်တဲ့အခါ လက်မောင်းကို ကိုင်ပြီးလျှောက်ရတာကြိုက်တယ် အထူးသဖြင့် မိုးရွာတဲ့နေ့တွေမှာပေါ့"

"......!"

"ကျွန်မတို့ ဒါမျိုး လုပ်သင့်တယ်မလား လုရှန်"

သင် သူ့ကို လက်ချောင်းလေးတစ်ချောင်းနဲ့ ထိရုံနဲ့ ပေါက်ကွဲထွက်သွားမလို ဖြစ်နေတဲ့ မျက်နှာနှင့် လုရှန် ခေါင်းညိ့မ်လာခဲ့သည်
"ကိုယ် ကိုယ်လဲ ကြိုက်ပါတယ် တ တကယ်က ကိုယ်တို့က ဒါမျိုးလုပ်သင့်တဲ့ ဆက်ဆံရေးမျိုးလို့ ကိုယ်ထင်တယ်"

ချစ်စရာတုံပြန်မှုကိုကြည့်ပြီး သူမ လှိုက်လှိုက်လှဲလှဲ ရယ်လိုက်ပြီး သူကို တွယ်ကပ်လိုက်သည် မိုးရေထဲမှာ အရိပ်တစ်ခုအဖြစ်သို့ ပေါင်းစပ်ရင်း သူတို့ စကားဆက်ပြောကြသည်
"ဒါနဲ့ ဒီခရမ်းရောင်ထီးက... လုရှန်ထီးလား"

"ဟုတ်တယ်‌"

"ရှင့်မှာ အံဩဖွယ်ရာ လှလှပပထီးတချောင်းရှိတာပဲ ဒီထီးက အမျိုးကောင်းသားတယောက် အသုံးပြုဖို့အတွက်ကျ အရမ်းခေတ်မှီလွန်းနေတယ်"

"ကိုယ်က လှပတဲ့အရာတွေကိုကြိုက်တယ်လေ"

"အဟ"

'ဒါကြောင့် ရှင်ကျွန်မကိုကြိုက်တာပဲ' ထိုအကြောင်းကိုတွေးလိုက်မိပြီး သူမရီလိုက်မိသည်
သူမတိုးတိုးလေးပြောလိုက်မိသည်
"ဒါပေမဲ့ ကျွန်မအတွက် ထီးတချောင်းထဲ‌နဲ့လောက်တယ်ထင်နေတဲ့ ကျွန်မရည်းစားက ဘာလို့ ထီးတစ်ချောင်းထဲယူလာရတာလဲ"

တအား ထိခိုက်နေအုမ်းမယ်

လုရှန်မျက်နှာက် ရုတ်တရက် နီရဲလာတော့သည် မျက်ရည်တွေဝဲလာတော့မလို စမ်းတဝါးဝါးဖြစ်နေတဲ့ လုရှန်ကိုကြည့်ပြီး သူမ မထိန်းနိုင်ပဲ သူ့၏ပါးပေါ် အနမ်းပေးလိုက်မိသည်

ချစ်စရာလေး ချစ်စရာကောင်းလိုက်တာ

တအားချစ်စရာကောင်းတာပဲ

"ပါနေးရား ဒီအရွယ်လေးနဲ့ ဒီလိုချစ်စရာကောင်းတဲ့ စကားတွေ ငါသမီးပြောတာကို ကြားရတာ အရမ်းအဆင်ပြေမနေဘူး"

".....!"

လုရှန်အသံနဲ့မတူပဲ ကြမ်းရှရှ အသံကြောင့် သူမမျက်လုံးပင်ပြူးမိသည် သူမက လက်နှစ်ဖက်နဲ့ ကိုင်လိုက်တာနဲ့ ရှက်သလိုပြုမူပြီး မျက်နှာတွေ နီရဲလာတတ်တဲ့ လုရှန်မဟုတ်ပဲ ဒါက သူမအဖေဖြစ်နေလေသည်

(ဟယ်လို long time no see ပါ ဟီးဟီး တစ်ပိုင်းတင် တစ်လနား ထွမ်စလိတ်တာလေး ဘလူအာပါ သင်္ကြန်ပိတ်ရက်ကလေး ပျင်းတာနဲ့ လာအပ်ဒိတ်တာပါ ဟီးဟီး လွမ်းနေကြသေးလား😚)

Continue Reading

You'll Also Like

15.2K 514 34
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
740K 31.5K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
102K 5.6K 117
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann
147K 8.8K 25
မောင်ပျော်ဖို့အတွက်ငါအသက်မဲ့ပေးရမယ်ဆိုလဲငါဆိုတဲ့လူသားကကျေနပ်နေမိမှာပါ... ဒါပေမဲ့ သေသွားခဲ့ရင်လိပ်ပြာခွဲကြရတယ်တဲ့ သက်ညှာသောအားဖြင့်လိပ်ပြာလေးတော့မောင်...