ကောင်းကင်တမျှ (Completed)

Por pickpachacon333

35.4K 3.6K 888

နှစ်ပေါင်းများစွာ တစ်ဖက်သတ် ချစ်ခဲ့ရပြီးတဲ့နောက် ကံကြမ္မာက သူ့ကို မျက်နှာသာပေးနိုင်ပါ့မလား။ သူ့အဖြစ်က ငယ်သူငယ... Más

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 42
Episode 43
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
Episode 51
Episode 52
Episode 53
Episode 54
Episode 55
Episode 56
Episode 57
Episode 58
Episode 59
Episode 60
Episode 61
Episode 62
Episode 63
Episode 64
Episode 65
Episode 66
Episode 67
Episode 68
Episode 69
Episode 70
Episode 71
Episode 72
Episode 73
Episode 74
Episode 75
Episode 76
Episode 77
Episode 78
Episode 79
Episode 80
Episode 81
Episode 82
Episode 83
Episode 84
Episode 85
Episode 86
Episode 87
Episode 88
Episode 89
Episode 90
Episode 91
Episode 92
Episode 93
Episode 94
Episode 95
Episode 96
Episode 97
Episode 98
Episode 99
Episode 100
Episode 101
Episode 102
Episode 103
Episode 104
Episode 105
Episode 106
Episode 107
Episode 108
Episode 109
Episode 110
Episode 111
Episode 112
Episode 113
Episode 114
Episode 115
Episode 117
Episode 118
Episode 119
Episode 120
Episode 121
Episode 122
Episode 123
Episode 124
Episode 125
Episode 126
Episode 127
Episode 128
Episode 129
Episode 130
Episode 131
Episode 132
Episode 133
Episode 134
Episode 135
Episode 136
Episode 137
Episode 138
Episode 139
Episode 140
Episode 141 + 142
Episode 143
Episode 144
Episode 145
Episode 146
Episode 147
Episode 148
Episode 149
Episode 150
Episode 151
Episode 152
Episode 153
Episode 154
Episode 155
Episode 156
Episode 157
Episode 158
Episode 159
Episode 160
Episode 161
Episode 162
Episode 163
Episode 164
Episode 165
Episode 166
Episode 167
Episode 168
Episode 169
Episode 170
Episode 171
Episode 172
Episode 173
Episode 174
Episode 175
Episode 176
Episode 177
Episode 178
Episode 179
Episode 180
Episode 181
Episode 182
Episode 183
Episode 184 *
Episode 185
Episode 186
Episode 187
Episode 188
Episode 189
Episode 190
Episode 191
Episode 192
Episode 193
Episode 194
Episode 195
Episode 196
Episode 197
Episode 198
Episode 199
The Final Episode
ကျေးဇူးတင်လွှာ

Episode 116

139 14 8
Por pickpachacon333

Uni

"တီတီတီ..."

သံရှည်ဆွဲမြည်လာသော နှိုးစက်ကို လက်ဖဝါးတစ်ဖက်နှင့် ဖိပိတ်ပြီးနောက် နောက်ကျိသော စိတ်အစုံနှင့် အိပ်ရာထက်မှ ထထိုင်လိုက်သည်။ မိုးတွင်းပေမို့ ညတိုင်းညတိုင်း မိုးသံလေးနှင့်အိပ်ပျော်ရတာ အဆင်ပြေသော်ငြား အိပ်မက်တွေက ဘာတွေမက်မှန်းမသိပေ။ ရင်ခွင်ထဲ တိုးဝှေ့နေသော angry Birdအရုပ်လေးကို နံရံဆီပစ်ပေါက်ခဲ့ရင်း သန့်စင်ခန်းဘက်ကို ကမူးရှူးထိုးနှင့် ထသွားလိုက်သည်။ ဒီနေ့တော့ အေးအေးဆေးဆေးရှိလှသည်။ ရုံးချိန်နီးမှ လမ်းလျှောက်သွားရုံပင်။ အရင်လို ဘတ်စ်သုံးဆင့်လောက် မစီးရတော့။

အိပ်ချင်မူးတူးဖြင့် မှေးစင်းနေသော မျက်ဝန်းများကို ရေအေးအေးများဖြင့် သစ်ချရသည်။ ကုပ်ပိုးကို နှစ်ချက်သုံးချက်လောက်ရိုက်လိုက်မှ လူက အနည်းငယ်လန်းလန်းဆန်းဆန်းရှိလာသည်။ ရေနွေးပေါင်းအိုးထဲ ရေထည့်ကာ ပလပ်ထိုးထားလိုက်သည်။ ကျက်လျှင်ဖြင့် ခေါက်ဆွဲထုပ်ထည့်ကာ စားရုံပင်။ မနက်စာက ဒီလောက်ဆိုရင်တောင် လိုတအတွက် ကြီးကျယ်လွန်းရာ ကျနေပြီဖြစ်သည်။

ညကတည်းက ဝတ်ထားသည့် ရှပ်အင်္ကျီဖားဖားကို မလဲသေးဘဲ ဧည့်ခန်းဆီ ထွက်လာခဲ့သည်။ သူ၏ ၁၀ပေပတ်လည် ဧည့်ခန်းလေးက စားပွဲခုံ၊ ထိုင်ခုံတို့နှင့် သန့်ရှင်းကျော့မော့နေသည်။ ပစ္စည်းတွေအများကြီးဝယ်သွားသည့်အတွက် စတိုးဆိုင်က လက်ဆောင်ပေးလိုက်သော ပန်းအတုအိုးသေးသေးလေးကို စားပွဲပေါ်တင်ထားသည်မို့ ပို၍ ချစ်စရာကောင်းသွားသလို ခံစားမိသည်။

မနက်၆နာရီဆိုသည့်အချိန်မှာ သေသေချာချာ မလင်းနိုင်သေးပေ။ နေမင်းကြီးသည် သူ၏ အထောက်တော် အလင်းတန်းများကို လွှတ်လိုက်ရင်း အရှေ့အရပ်ဆီမှ ခက်ခက်ခဲခဲ တိုးထွက်လာတုန်းပင် ရှိသေးသည်။ ထို့ကြောင့် တိုက်ခန်းထဲကို အလင်းရောင်မရောက်သေး။

နံရံဆီ လက်စမ်း၍ မီးခလုတ်များကို လိုက်ဖွင့်လိုက်သည်။ မနက်စောစောစီးစီးကို ပြန်အိပ်မှာလည်း မဟုတ်ဘဲနဲ့ မှောင်မှောင်ကြီးတော့ သူ မနေချင်။

နံရံဘက်ကပ်ထားသော စားပွဲခုံနှင့် ထိုင်ခုံများ ဘေးတွင် လစ်လပ်နေသော နေရာတစ်ခုရှိသည်။ လိုတက သူ ဝယ်လာခဲ့သည့် ဖျာအသစ်စက်စက်လေးကို ထိုနေရာတွင် ခင်းချထားလိုက်သည်။ သူ သင်တန်းတက်တုန်းက ဆရာတွေ သင်ပေးခဲ့သည့် ကိစ္စရပ်တွေ အတော်များများရှိသည်။ ဒီအထဲမှာ လေ့ကျင့်ခန်းလုပ်တာလည်း အပါအဝင်ပဲဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ပြီး အလုပ်လုပ်တာနဲ့ ဒီအတိုင်းအလုပ်လုပ်တာမှာ mentalပိုင်းအရ ကွဲခြားချက်တွေ ရှိသည်ဟု ဆရာက ပြောခဲ့သည်။

လူသည် စိတ်ကဦးဆောင်သော သတ္တဝါဖြစ်ရာ စိတ်ကို တသသနှင့် လက်သပ်မွေးထားမှသာ အရာရာ အဆင်ပြေမည့်ပုံပင်။ ဒီတော့လည်း လိုတမှာ လေ့ကျင့်ခန်း မလုပ်လို့မရတော့။ အစားက မမှန်၊ အလုပ်ကပင်ပန်းနဲ့ နေမကောင်းဖြစ်ရင် ကိုယ်ပဲ ခံရဦးမည်။ အစကတော့ တိုက်ခန်းဝေးလို့မို့ အချိန်မရခဲ့သော်ငြား အခုတော့ နာရီအနည်းငယ် ပိုထွက်လာပြီမို့ လေ့ကျင့်ခန်းက မလုပ်လို့မဖြစ်ပေ။

ဖျာပေါ်ထိုင်ချရင်း သက်သောင့်သက်သာဖြစ်သော အခြေခံလေ့ကျင့်ခန်းအနည်းငယ်ကို လုပ်သည်။ ချွေးအနည်းငယ်စို့လာသောအခါမှ အကြောလျှော့ရင်း လေ့ကျင့်ခန်းလုပ်ခြင်းကို အဆုံးသတ်လိုက်တော့သည်။ ထိုအချိန်ကျ မီးဖိုထဲက ရေနွေးအိုးက တဖူးဖူးမှုတ်နေပြီဖြစ်သည်။ လိုတ ပလပ်ကို ကမန်းကတန်းဖြုတ်ရင်း ခေါက်ဆွဲပြုတ်ထုပ်ကို ဖောက်ထည့်ထားလိုက်သည်။

ချက်ချင်းတော့ စားလို့မရသေး။ ရေချိုးရဦးမည်။ ဒါမှ အလုပ်လုပ်ရတာ လန်းလန်းဆန်းဆန်းရှိမည်မို့ ကျောင်းသားဘဝတုန်းကလို ပျင်းတယ်ဆိုပြီး မချိုးလို့မဖြစ်။

တဘက်တစ်ထည်နှင့် ရေချိုးခန်းဝင်ကာ ပြန်ထွက်လာတော့ ခေါက်ဆွဲချောင်းလေးတွေ ပျော့သွားပေပြီ။ ရေနွေးကတော့ နွေးရုံသာရှိတော့သည်။ လိုတက ခေါက်ဆွဲဖတ်တွေကို ဆယ်ထုတ်လိုက်ကာ ပန်းကန်အသစ်ထဲခွဲ၍ အရသာမှုန်တွေကို ဖောက်ထည့်လိုက်သည်။ ပြီးတော့မှ ဟင်းရည်အဖြစ် ရေနွေးအသစ်ကို နည်းနည်းလေးပဲ ထပ်ထည့်သည်။ သူက ဟင်းရည်များများသောက်တတ်သူမဟုတ်တော့ အများကြီး မလိုပေ။

Shirtလက်ရှည်ကို သေသေချာချာ ကြယ်သီးတပ်ကာ မနေ့ညက ကြိုထုတ်ထားသည့် ပုဆိုးကို တစ်ပါတည်းဝတ်သည်။ ဆံပင်ကို သပ်ရပ်အောင် အနည်းငယ်ဖြီးလိုက်လျှင် သူ့ပြင်ဆင်မှုက ပြီးဆုံးသွားပြီဖြစ်သည်။ ရုံးယူသွားမည့် စာရွက်စာတမ်းအနည်းငယ်ကို လွယ်အိတ်ထဲထည့်ရင်း ဖုန်းကိုပါ မမေ့မလျော့ထည့်ထားရသည်။ ဖုန်းမေ့ကျန်ခဲ့လျှင် ဘယ်လိုမှ အဆင်မပြေ။

အားလုံးပြင်ဆင်ပြီးမှ ဧည့်ခန်းကစားပွဲမှာ ခေါက်ဆွဲပန်းကန်တင်ရသည်။ အဖုံးဖွင့်လိုက်သည်နှင့် မွှေးပျံ့လာသော ခေါက်ဆွဲက တခြား ဘယ်အရာနဲ့မှ မတူ။ လိုတကတော့ အသင့်စား စားစရာတွေထဲမှာ ခေါက်ဆွဲပြုတ်တီထွင်တဲ့လူကို တော်တော်ကျေးဇူးတင်မိသည်။

ပြုတ်ချိန်ကြာသွား၍ အနည်းငယ် ပျော့ပြောင်း ဖောင်းအိနေသော ခေါက်ဆွဲဖတ်လေးများက အတော်လေးအရသာ ရှိသည်။ မနေ့ကဝယ်လာသည့် ကြက်သွန်မြိတ်လေးတွေကိုပါ ညှပ်ထည့်လိုက်တော့ အရာအားလုံးက ပြည့်စုံသွားသည်။ လိုတက ဟင်းမချက်တတ်ပေမဲ့ သူ့ ခေါက်ဆွဲထုပ်တွေနှင့်လိုက်ဖက်သည့် ကြက်ဥနှင့် အခြားတန်ဆာပလာတွေကိုတော့ ပြည့်စုံအောင် ဝယ်ခဲ့သည်သာ။ သီတင်းကျွတ်ရောက်ဖို့ ဘယ်လောက်မှ မလိုတော့။ သီတင်းကျွတ်ရောက်ရင်တော့ အိမ်ပြန်ရင်း အမေ့ကို ဟင်းချက် သင်ခိုင်းရမည်။ ပြီးလျှင် ရေခဲသေတ္တာ အပုကလေးဖြစ်ဖြစ် ဝယ်ရမည်။ မဟုတ်လျှင် သူ့ကျန်းမာရေးအတွက် အဆင်မပြေ။

သူက ကိုကြီးခွန်ကို အားကျသည်။ ကိုကြီးခွန်ဆိုလျှင် တစ်ယောက်တည်းနှင့် အရာရာကို လုပ်နိုင်သည်။ ထမင်းဟင်းလည်း ချက်တတ်သည့်အပြင် ဂစ်တာတီးတတ်၊ ကဗျာစပ်တတ်။ တကယ့် လက်ရွေးစင် လူပျိုကြီးဖြစ်သည်။ သူလည်း ကိုကြီးခွန်လို ဖြစ်ချင်သည်။

မနက်စာစားပြီးတော့ အချိန်အနည်းငယ်ပိုသေးသည်။ လိုတက ဖုန်းကြည့်ကာပဲ အချိန်ဖြုန်းသည်။ TVလေးတစ်ခုလောက် ဝယ်တပ်ချင်ပေမဲ့ သူက TVများများ ကြည့်တတ်သူ မဟုတ်ပေ။ အလကား ပိုက်ဆံကုန်ရုံသာ ရှိမည်မို့ ဝယ်မည့် စိတ်ကူးကို ဖျောက်ပစ်လိုက်သည်။

"No one can rewrite the stars

How can you say you'll be mine?

Everything keeps up apart

I'm not the one you were mean to find"

"အာ..."

ဖုန်းက ရုတ်တရက် ဝင်လာသည်မို့ လိုတ မကျေမနပ်ရေရွတ်လိုက်ကာ ဖုန်းကိုင်လိုက်ရသည်။

"ဟယ်လို ပြော ဘာဖြစ်လို့လဲ"

(လိုတ မင်း ဘာလုပ်နေလဲ ရုံးရောက်ပြီလား။ ကားပေါ်မှာလား)

ခန့်မင်းကျော်က တစ်ခုခုကိုပြောချင်ဟန်ဖြင့် စကားပလ္လင်ခံနေသည်။ လိုတက လက်မှာပတ်ထားသည့် ငွေမင်ရောင်နာရီလေးဆီ တစ်ချက်ကြည့်လိုက်ကာ

"အခုမှ ၈နာရီ၁၅ပဲရှိပါသေးတယ်။ ငါ အိမ်မှာပဲ ရှိသေးတာ။ မင်းဘာဖြစ်လို့လဲ ဘာပြောချင်လို့လဲ ပြောလေ ရတယ်"

(အာ...)

ခန့်မင်းကျော်က တစ်ခုခုကို အခက်တွေ့နေသည့်ဟန်ဖြင့် ငြိမ်သက်သွားသည်။ အတန်ကြာတော့မှ

(အထွေအထူးရယ်တော့ မဟုတ်ပါဘူး လိုတ။ ပိုင်ဥာဏ်ရယ်လေ လမ်းလျှောက်ရင်း ကားနဲ့တိုက်မိမလိုဖြစ်လို့တဲ့ အဲ့တာ ပွန်းတာပဲ့တာ တော်တော်များသွားတယ်ပြောတယ်။ အခုလေးတင်ပဲ ငါသူနဲ့ စကားပြောနေတာ)

ခန့်မင်း၏ စကားသံကြောင့် လိုတ၏ လည်ချောင်းတစ်လျောက်ပူဆင်းသွားကာ သိစိတ်တွေက ပေါ်လာလိုက် ပျောက်သွားလိုက်ဖြင့်။ နှုတ်ခမ်းပါးတွေဟာလည်း ချက်ချင်းပင် ခြောက်ကပ်လာကာ တစ်ခုခုပြောဖို့အရေးကို ဟလိုက် ပြန်ပိတ်လိုက်။ ဘာပြောရမှန်းလည်းမသိ။

"အဲ့တာ ငါ့ကို... ဘာကိစ္စလာပြောတာလဲ"

ပြောချင်တာတခြား ထွက်သွားတာက တခြားမို့ လိုတ မျက်ဝန်းတွေကိုသာ ဖိပိတ်ရင်း သက်ပြင်းချမိသည်။ ဒီစကားကလွဲရင် တခြားစကားလည်း သူ့မှာ ပြောဖို့အခွင့်မရှိ။ ခန့်မင်းကတော့ ပျာယာခတ်သွားကာ

(ဪ မဟုတ်ပါဘူးကွာ။ ငါက မင်းများသိမလားလို့ပါ။ မင်းတို့ စိတ်ဆိုးပြေသွားပြီလား ပြေပြီဆိုရင်လည်း နည်းနည်းပါးပါး သွားကြည့်ပေးလိုက်ပါလားလို့ ပြောမလို့)

ခန့်မင်းကျော်က သူတို့နှစ်ယောက်ကို ပြန်တည့်စေချင်ပုံရသည်။ ပိုင်ဥာဏ် ထိုသို့ဖြစ်သည့်အခါ လိုတဘက်မှ စိုးရိမ်စိတ်နှင့် ဒေါသပြေသွားမလားဟူ၍ တကူးတက ဖုန်းဆက်တာဖြစ်သည်။ သို့သော် စိတ်ဆိုးနေသူက လိုတမဟုတ်ဘဲ ပိုင်ဥာဏ်လို့တော့ သူတို့ မထင်မိ။

လိုတက ဖုန်းကိုကိုင်ရင်း အနည်းငယ်တိတ်ဆိတ်သွားသည်။ သူ့ရင်ဘတ်ထဲ ဟာလာဟင်းလင်းဖြစ်နေသည်။ သဲကန္တာရကို ရင်ဘတ်ထဲ ထည့်ထားရသလို ခံစားချက်က ဘယ်လိုမှ နေမထိထိုင်မသာ။ အလွန်ရင်းနှီးကြပါသော သူငယ်ချင်းငါးယောက်မှာ လိုတနဲ့ ပိုင်ဥာဏ်ကြောင့် အရင်လို မပျော်ရတော့ဘူးဆိုတာလည်း သူ သိပါသည်။ video call, voice callတွေမှာလည်း လူမစုံတော့သလို အတူတူ ခရီးသွားမယ်ဆိုတဲ့စကားကိုလည်း ဘယ်သူမှ ပြောခွင့်မရှိတော့။

ဒါတွေအားလုံးကို ပြန်ပြင်ပေးချင်ပေမဲ့ လိုတလည်း မတတ်နိုင်ပါ။ ကံကြမ္မာဆိုတာ သူက ရွေးခဲ့တာမှ မဟုတ်ဘဲ။

"ထားလိုက်ပါ ခန့်မင်းရာ သူ့နားမှာလူတွေအများကြီးရှိပါတယ် ငါရှိမှမဟုတ်ပါဘူး။ တခြားဘာပြောစရာရှိသေးလဲ။ မရှိရင် ငါဖုန်းချလိုက်တော့မယ်။ ခဏနေရင် ရုံးသွားတော့မလို့။ ငါက မန်နေဂျာဆိုတော့ အလုပ်စောရောက်တာ ပိုကောင်းတယ်"

အလျှင်အမြန်စကားဖြတ်လိုက်ရင်းမှ လိုတက ပင့်သက်ရှိုက်သည်။ ခန့်မင်းဘက်က အကြာကြီး ငြိမ်သွားသည်။

(အင်းပါ တခြားပြောစရာတော့ မရှိပါဘူး မင်း... အာ အဲ့တာဆို ဒါပဲနော်)

"အင်း အင်း"

ဖုန်းချသွားသည့်နောက် လိုတ၏စိတ်တွေ ဘယ်လိုမှ မကြည်လင်နိုင်တော့။ ကားတိုက်ခါနီးဖြစ်တာ ကားတိုက်ခံရတာ မဟုတ်ဘူးလို့ တွေးမိပေမဲ့ ကန္တာရကို မျိုချထားရတာ ဘယ်လိုမှ သက်တောင့်သက်သာ မဖြစ်။ မနက်စာစားပြီးလို့သာ တော်သေးသည်။ နို့မို့ရင် မနက်စာလည်း စားနိုင်တော့မည်မထင်။

ဖုန်းကို လက်ထဲကိုင်ပြီး တွေဝေနေမိကာ ဧည့်ခန်းလေးမှာပဲ အချိန်ကုန်နေခဲ့သည်။ နာရီလက်တံ၏ တချက်ချက်အသံများကို နားထဲ၌ ကြားနေရသည်။ ဘေးခန်းများသည် လူမရှိသည့်အလား တိတ်ဆိတ်နေသည်။ နံရံများသည် လိုတအား တစ်ကမ္ဘာခြားပေးသကဲ့သို့ သီးသန့်ဖြစ်နေစေသည်။

ဖုန်းကိုင်ထားသည့် လက်များသည် တဖြည်းဖြည်းဖြင့် အေးစက်လာသည်။ ပိုင်ဥာဏ့်အခြေအနေကို သိချင်လျှင် ပိုင်ဥာဏ့်social media accကိုကြည့်ရုံနှင့် သိရမှာဖြစ်သည်။ သတင်းသွားမေးဖို့ ဘယ်လိုမှ မဖြစ်နိုင်သည့်သူ့အဖို့ ဒီနည်းလမ်းကသာ အကောင်းဆုံးဖြစ်နေပြန်သည်။ သို့သော်... သူ ကြောက်သည်။ Blockထားသည့် iconများကို ပြန်နှိပ်ကာ တစ်ဖက်ကို ကြည့်ရမှာ သူ ကြောက်သည်။ အကယ်၍များ သူ Blockဖြေလိုက်သည့်အခါ တစ်ဖက်လူက Blockထားသည်ဆိုလျှင်ရော? သူ့စိတ်တွေ တစ်စမှ ပြန်ကောက်မရအောင် လဲပြိုနေဦးမည် ထင်သည်။

ထို့ကြောင့် သူ မကြည့်ရဲ။ ကြည့်လိုက်ဖို့လည်း သတ္တိမရှိ။ သို့သော်... တစ်ဖက်မှလည်း သူ ကြည့်ချင်သည်။ နှလုံးသားမှ သူ့အား တိုးတိုးကလေး တိုက်တွန်းလျှက်ရှိသည်။ လေသံပျော့ပျော့ကလေးဖြင့် ပိုင်ဥာဏ့်အခြေအနေကို သိရဖို့ အင်တိုက်အားတိုက် ကြိုးပမ်းနေသည်။ လိုတ သူ့နှလုံးသားမှ ဖြစ်ပျက်နေသော ပူခြင်းအေးခြင်းများကို တောင့်မခံနိုင်...

ဖုန်းဆီ ငုံ့ကြည့်လိုက်သည့်အခါ လိုတ၏ မျက်တောင်ရှည်ကော့ကော့များကပါ အောက်သို့ ငိုက်စိုက်ကျသွားသည်။ သွယ်လျပြီး ကြည်လင်နေသော လက်ချောင်းလှလှများက ဖုန်းသတ္ထုပြားလေးကို အရေးကြီးသည့် တစ်စုံတစ်ရာကဲ့သို့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။

လိုတ တင်းကျပ်နေသော ထိုလက်ချောင်းများမှ အကြောတို့ကို ဖြေချလိုက်သည်။ ရင်ဘတ်သည် ပေါက်ထွက်မတတ် တဒိန်းဒိန်းခုန်နေသည်။ အင်တာနက်ကို ဖြည်းဖြည်းဖွင့်သည်။ Face Book Iconထဲ ဝင်သည်။ ထို့နောက် Block listထဲဝင်ကာ ထိုနေရာထဲရှိ တစ်ခုတည်းသောအကောင့်ကို မျက်တောင်မခတ် ကြည့်နေမိသည်။

ခန္ဓာကိုယ်ထဲရှိ လည်ပတ်နေသော သွေးကြောများက နွေးခနဲ ဖြစ်သွားသည်။ မျက်ဝန်းများက မတတ်နိုင်စွာ တစ်ချက်ပြုံးသည်။

လက်ဖျားလေးသည် ထိုနေရာလေးသို့ နှိပ်လိုက်မိသည်။ 'Unblock' ဆိုသည့် ခလုတ်လေးအား ခပ်ဖွဖွနှိပ်လိုက်ပြီး သူ့မျက်တောင်ရှည်များ ကော့သထက်ကော့လာသည်အထိ မျက်ဝန်းတွေကို ဖိပိတ်ထားလိုက်သည်။ သူ ပြန်ဖွင့်ကြည့်လိုက်ချိန် Block Listထဲမှာ မည်သူမျှ မရှိတော့ပြီ။

အေးစက်သော လက်ဖျားများနှင့်ပင် Search itemကို နှိပ်သည်။ ထို့နောက် နှုတ်ဖျားမှ ထုတ်မပြောတာ ကြာပြီဖြစ်သော်လည်း နှလုံးသားထဲမှ တစ်ခါတလေအော်နေမိသော နာမည်ကို ခပ်သွက်သွက်ရိုက်ရှာလိုက်သည်။ ထိုသူ လိုတကို Blockထားမည်လား။ ဒါမှမဟုတ် အဲ့ဒီလို မလုပ်တာများလား။ သူ မသိပေ။ သူ၏ စိတ်အခြေအနေအားလုံးတို့သည် ထိုသူ၏ အကောင့်အား ရှာတွေ့ခြင်း မတွေ့ခြင်းအပေါ်မှာပင် တည်မှီနေသည်။

Blockခံထားပါသည်ဟု သေချာခဲ့လျှင် သူ၏ စိတ်အခြေအနေအားလုံးသည် တစ်ပတ်လုံးစာအတွက် ပြိုလဲသွားနိုင်သည်။ တစ်ဖက်က Blockမလုပ်ခဲ့ဘူးဆိုလျှင်တောင် မျှော်လင့်ချက်နှင့် ပြန်ပြေလည်ချင်စိတ်ကြား သူ ရူးရပေမည်။ အချစ်သည် ဘယ်လိုမှ မကောင်း။ ရှေ့တိုးလည်းမကောင်း နောက်ဆုတ်လည်းမကောင်း။ ရာသီဥတု သာယာလည်းမကောင်း တိမ်ထူမိုးရွာလျှင်လည်း မကောင်း။

မြန်ဆန်လှသော အင်တာနက်၏ ကျေးဇူးဖြင့် Friဖြစ်ခဲ့သော အကောင့်လေးက ထိပ်ဆုံးမှာ ထွက်ပေါ်လာသည်။ လိုတ၏ သွေးကြောများက ဒုတိယအကြိမ် လျှင်မြန်စွာနွေးထွေးသွားပြန်သည်။ နှုတ်ဖျားတို့ကပါ သတိလက်လွတ်ပြုံးမိရင်း ကြည်နူးမှုတွေက ရင်ဘတ်ဆီ ပြည့်သိပ်ဝင်လာ၏။

မမြင်ရတာကြာပြီဖြစ်သော Profileလေးကို စေ့စေ့စပ်စပ်ကြည့်ရင်း လိုတ မျက်တောင်ဖျားလေးတွေက ငေးစိုက်နေမိသည်။ အချိန်တွေကိုတောင် သတိမထားလောက်သည်အထိ တမေ့တမော ငေးနေခြင်းသာ။ ထို့နောက် ထိုအကောင့်လေး၏ အောက်သို့ ဖြည်းဖြည်းချင်းဆွဲချသည်။ ခန့်မင်းကျော် ပြောတာမှန်သည်။ ထိုမတော်တဆမှုက အနည်းငယ်တော့ ပြင်းထန်ခဲ့သည်။

ပိုင်ဥာဏ့်အကောင့်ထဲတွင် ပြန်နေကောင်းဖို့ ဆုတောင်းပေးသော ပိုစ်တချို့ကို တွေ့ရသည်။ ရွှေရေးကဗျာ၏အကောင့်ကို ထိုပိုစ်တွေကြားထဲ မြင်လိုက်ရသည့်အခါ လိုတ လက်တွေပင် တုန်ချင်လာသည်။ သူ ထိုပိုစ်များကို မြန်မြန်ဆန်ဆန်ပင် ကျော်ချခဲ့သည်။

ပိုင်ဥာဏ့်အခြေအနေကို ပိုစ်များမှတဆင့် အသေအချာသိပြီးသည်နှင့် လိုတ ထိုအကောင့်ထဲမှ အမြန်ပြန်ထွက်လိုက်သည်။ ပြီးနောက် Block Iconကို အမြန်အဆန် နှိပ်သည်။ ကိစ္စတစ်ခုလုံးသည် အသက်တမျှ အရေးကြီးနေသလိုပင်။ လိုတ တိုက်ခန်းထဲမှာထိုင်ပြီး မောဟိုက်နေမိသည်။

နာရီကိုကြည့်ပြီးသည့်နောက် ကမန်းကတန်း လွယ်အိတ်ကို ကောက်လွယ်ရသည်။ လွင့်မျောနေသော စိတ်အစဉ်တို့ဖြင့် အပြင်ကိုထွက်ကာ တံခါးသော့ခတ်သည်။

"ညီလေး ဘေးဖယ် ဘေးဖယ်"

"ဟင်"

အလန့်တကြား ကိုယ်လုံးကို နံရံဆီ ကပ်လိုက်မိသည်။ စိတ်နဲ့ကိုယ်နဲ့ကပ်ပြီးသည့်နောက် သူနဲ့ နီးနီးလေးဆီမှ ကပ်ဖြတ်သွားသည့် ထိုင်ခုံအကြီးကြီးကို တွေ့ရသည်။ ထိုင်ခုံတွေကို လူနှစ်ယောက်က အတူတူသယ်မနေကာ သူ၏ ဘေးအခန်းထဲသို့ သွင်းနေကြတာဖြစ်သည်။ လိုတကသာ ကော်ရစ်တာပေါ်မှာ သတိလက်လွှတ်လျှောက်သွားမိရင်း ထိခိုက်မိခါနီးဖြစ်သွားတာပင်။

မျက်လုံးတွေဝိုင်းသွားသည်အထိ ထိန့်လန့်သွားသောအခြေအနေမှ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းလိုက်နိုင်သည်။ ကြည့်ရတာ ဟိုအန်တီတို့ ပြောင်းလာတော့မည်ထင်သည်။ လူငယ်တစ်ယောက်ဖြစ်သည်မို့ လူကြီးတွေလိုမျိုး 'အိမ်တက်'ဆိုပြီး သီးသန့်အလှူလုပ်မိတာလည်း မရှိတော့ ဘေးတိုက်ခန်းကလူတွေနှင့် လုံးလုံးကို သူစိမ်းပြင်ပြင်ဖြစ်နေသည်။ ပြောရရင် သူ့တိုက်ခန်းဘေးမှာ လူရှိသလား မရှိဘူးလားတောင် သူမသိ။ ဒီအိမ်နီးချင်းကတော့ သူ ရင်းနှီးလာမည့် ပထမဆုံး အိမ်နီးချင်းမို့ အနည်းငယ် စိတ်သက်သာသွားသလို ခံစားရသည်။ အမေကလည်း ပတ်ဝန်းကျင်နဲ့ သင့်သင့်မြတ်မြတ်နေဖို့ ဖုန်းဆက်တိုင်း အထူးတလည် မှာကြားတတ်၏။

"ဟယ် သားလေး ရုံးသွားတော့မလို့လား"

"ဗျာ ဟုတ်ကဲ့ အန်တီ"

ကိုယ့်ဆီ ဦးတည်လာသည့်မေးခွန်းကို အလျှင်အမြန် ပြန်ဖြေမိကာ တဆက်တည်း ပြုံးပါ ပြုံးပြမိသည်။ တိုက်ခန်းပိုင်ရှင် အန်တီသည် ဓာတ်လှေကားစီးတုန်းက တွေ့ခဲ့သလိုပင်။ ယခုလည်း ကျက်သရေရှိမြဲ နုပျိုလှပမြဲ။

"သားက ဘယ်မှာလုပ်တာလဲ။ စပ်စုတယ်လည်း မထင်ပါနဲ့ အိမ်နီးချင်းတွေဆိုတော့လေ"

"ဪ ဟုတ် မထင်ပါဘူး အန်တီ။ သားက Homeမှာလုပ်တာပါ။ အိမ်ငှားတာတို့ ရောင်းတာတို့ကို Agentနဲ့ ဆက်သွယ်ပေးတဲ့ ကုမ္ပဏီပါ။ ရုံးက ဒီနားမှာပဲ ရှိပါတယ်ဗျ"

"ဪ... ကောင်းသားပဲ သားရဲ့။ ငယ်ငယ်လေးနဲ့ တော်လိုက်တာ။ အင်းပါ အခု ရုံးနောက်ကျတော့မှာပဲ အန်တီက စကားများနေမိတယ်။ ဆောတီး သားလေး။ သွား သွား ဂရုစိုက်နော်"

"ဟုတ်ကဲ့ အန်တီ ကျေးဇူးပါဗျ"

ယဉ်ယဉ်ကျေးကျေး တုံ့ပြန်ရင်း ထွက်လာခဲ့ရသည်။ ဒီနေ့လည်း ထိုအန်တီ့မျက်နှာက တစ်ယောက်ယောက်နှင့် ဆင်တူသည်ဟု သူ ထင်မိနေဆဲ။ ခေါင်းကို အလုပ်ပေးကာ ကြိုးစားပမ်းစား စဉ်းစားခဲ့သော်လည်း ဘယ်လိုမှ မမှတ်မိသည်မို့ သူ လက်လျှော့လိုက်ရသည်။ ဦးနှောက်တွေကလည်း ကြာလေ မကောင်းလေ ထင်ပါသည်။

..................................................................................................................................................................................

Zawgyi

"တီတီတီ..."

သံရွည္ဆဲြျမည္လာေသာ ႏိႈးစက္ကို လက္ဖဝါးတစ္ဖက္ႏွင့္ ဖိပိတ္ၿပီးေနာက္ ေနာက္က်ိေသာ စိတ္အစံုႏွင့္ အိပ္ရာထက္မွ ထထိုင္လိုက္သည္။ မိုးတြင္းေပမို႔ ညတိုင္းညတိုင္း မိုးသံေလးႏွင့္အိပ္ေပ်ာ္ရတာ အဆင္ေျပေသာ္ျငား အိပ္မက္ေတြက ဘာေတြမက္မွန္းမသိေပ။ ရင္ခြင္ထဲ တိုးေဝ႔ွေနေသာ angry Birdအရုပ္ေလးကို နံရံဆီပစ္ေပါက္ခဲ့ရင္း သန႔္စင္ခန္းဘက္ကို ကမူးရႉးထိုးႏွင့္ ထသြားလိုက္သည္။ ဒီေန့ေတာ့ ေအးေအးေဆးေဆးရိွလွသည္။ ရံုးခ်ိန္နီးမွ လမ္းေလ်ွာက္သြားရံုပင္။ အရင္လို ဘတ္စ္သံုးဆင့္ေလာက္ မစီးရေတာ့။

အိပ္ခ်င္မူးတူးျဖင့္ ေမွးစင္းေနေသာ မ်က္ဝန္းမ်ားကို ေရေအးေအးမ်ားျဖင့္ သစ္ခ်ရသည္။ ကုပ္ပိုးကို ႏွစ္ခ်က္သံုးခ်က္ေလာက္ရိုက္လိုက္မွ လူက အနည္းငယ္လန္းလန္းဆန္းဆန္းရိွလာသည္။ ေရႏြေးေပါင္းအိုးထဲ ေရထၫ့္ကာ ပလပ္ထိုးထားလိုက္သည္။ က်က္လ်ွင္ျဖင့္ ေခါက္ဆဲြထုပ္ထၫ့္ကာ စားရံုပင္။ မနက္စာက ဒီေလာက္ဆိုရင္ေတာင္ လိုတအတြက္ ႀကီးက်ယ္လြန္းရာ က်ေနၿပီျဖစ္သည္။

ညကတည္းက ဝတ္ထားသၫ့္ ရွပ္အက်ႌဖားဖားကို မလဲေသးဘဲ ဧၫ့္ခန္းဆီ ထြက္လာခဲ့သည္။ သူ၏ ၁၀ေပပတ္လည္ ဧၫ့္ခန္းေလးက စားပဲြခံု၊ ထိုင္ခံုတို႔ႏွင့္ သန႔္ရွင္းေက်ာ့ေမာ့ေနသည္။ ပစၥည္းေတြအမ်ားႀကီးဝယ္သြားသၫ့္အတြက္ စတိုးဆိုင္က လက္ေဆာင္ေပးလိုက္ေသာ ပန္းအတုအိုးေသးေသးေလးကို စားပဲြေပၚတင္ထားသည္မို႔ ပို၍ ခ်စ္စရာေကာင္းသြားသလို ခံစားမိသည္။

မနက္၆နာရီဆိုသၫ့္အခ်ိန္မွာ ေသေသခ်ာခ်ာ မလင္းႏိုင္ေသးေပ။ ေနမင္းႀကီးသည္ သူ၏ အေထာက္ေတာ္ အလင္းတန္းမ်ားကို လႊတ္လိုက္ရင္း အေရ႔ွအရပ္ဆီမွ ခက္ခက္ခဲခဲ တိုးထြက္လာတုန္းပင္ ရိွေသးသည္။ ထို႔ေၾကာင့္ တိုက္ခန္းထဲကို အလင္းေရာင္မေရာက္ေသး။

နံရံဆီ လက္စမ္း၍ မီးခလုတ္မ်ားကို လိုက္ဖြင့္လိုက္သည္။ မနက္ေစာေစာစီးစီးကို ျပန္အိပ္မွာလည္း မဟုတ္ဘဲနဲ႔ ေမွာင္ေမွာင္ႀကီးေတာ့ သူ မေနခ်င္။

နံရံဘက္ကပ္ထားေသာ စားပဲြခံုႏွင့္ ထိုင္ခံုမ်ား ေဘးတြင္ လစ္လပ္ေနေသာ ေနရာတစ္ခုရိွသည္။ လိုတက သူ ဝယ္လာခဲ့သၫ့္ ဖ်ာအသစ္စက္စက္ေလးကို ထိုေနရာတြင္ ခင္းခ်ထားလိုက္သည္။ သူ သင္တန္းတက္တုန္းက ဆရာေတြ သင္ေပးခဲ့သၫ့္ ကိစၥရပ္ေတြ အေတာ္မ်ားမ်ားရိွသည္။ ဒီအထဲမွာ ေလ့က်င့္ခန္းလုပ္တာလည္း အပါအဝင္ပဲျဖစ္သည္။ ေလ့က်င့္ခန္းလုပ္ၿပီး အလုပ္လုပ္တာနဲ႔ ဒီအတိုင္းအလုပ္လုပ္တာမွာ mentalပိုင္းအရ ကဲြျခားခ်က္ေတြ ရိွသည္ဟု ဆရာက ေျပာခဲ့သည္။

လူသည္ စိတ္ကဦးေဆာင္ေသာ သတၲဝါျဖစ္ရာ စိတ္ကို တသသႏွင့္ လက္သပ္ေမြးထားမွသာ အရာရာ အဆင္ေျပမၫ့္ပံုပင္။ ဒီေတာ့လည္း လိုတမွာ ေလ့က်င့္ခန္း မလုပ္လို႔မရေတာ့။ အစားက မမွန္၊ အလုပ္ကပင္ပန္းနဲ႔ ေနမေကာင္းျဖစ္ရင္ ကိုယ္ပဲ ခံရဦးမည္။ အစကေတာ့ တိုက္ခန္းေဝးလို႔မို႔ အခ်ိန္မရခဲ့ေသာ္ျငား အခုေတာ့ နာရီအနည္းငယ္ ပိုထြက္လာၿပီမို႔ ေလ့က်င့္ခန္းက မလုပ္လို႔မျဖစ္ေပ။

ဖ်ာေပၚထိုင္ခ်ရင္း သက္ေသာင့္သက္သာျဖစ္ေသာ အေျခခံေလ့က်င့္ခန္းအနည္းငယ္ကို လုပ္သည္။ ခၽြေးအနည္းငယ္စို႔လာေသာအခါမွ အေၾကာေလ်ွာ့ရင္း ေလ့က်င့္ခန္းလုပ္ျခင္းကို အဆံုးသတ္လိုက္ေတာ့သည္။ ထိုအခ်ိန္က် မီးဖိုထဲက ေရႏြေးအိုးက တဖူးဖူးမႈတ္ေနၿပီျဖစ္သည္။ လိုတ ပလပ္ကို ကမန္းကတန္းျဖဳတ္ရင္း ေခါက္ဆဲြျပဳတ္ထုပ္ကို ေဖာက္ထၫ့္ထားလိုက္သည္။

ခ်က္ခ်င္းေတာ့ စားလို႔မရေသး။ ေရခ်ိဳးရဦးမည္။ ဒါမွ အလုပ္လုပ္ရတာ လန္းလန္းဆန္းဆန္းရိွမည္မို႔ ေက်ာင္းသားဘဝတုန္းကလို ပ်င္းတယ္ဆိုၿပီး မခ်ိဳးလို႔မျဖစ္။

တဘက္တစ္ထည္ႏွင့္ ေရခ်ိဳးခန္းဝင္ကာ ျပန္ထြက္လာေတာ့ ေခါက္ဆဲြေခ်ာင္းေလးေတြ ေပ်ာ့သြားေပၿပီ။ ေရႏြေးကေတာ့ ေနြးရံုသာရိွေတာ့သည္။ လိုတက ေခါက္ဆဲြဖတ္ေတြကို ဆယ္ထုတ္လိုက္ကာ ပန္းကန္အသစ္ထဲခဲြ၍ အရသာမႈန္ေတြကို ေဖာက္ထၫ့္လိုက္သည္။ ၿပီးေတာ့မွ ဟင္းရည္အျဖစ္ ေရႏြေးအသစ္ကို နည္းနည္းေလးပဲ ထပ္ထၫ့္သည္။ သူက ဟင္းရည္မ်ားမ်ားေသာက္တတ္သူမဟုတ္ေတာ့ အမ်ားႀကီး မလိုေပ။

Shirtလက္ရွည္ကို ေသေသခ်ာခ်ာ ၾကယ္သီးတပ္ကာ မေန့ညက ႀကိဳထုတ္ထားသၫ့္ ပုဆိုးကို တစ္ပါတည္းဝတ္သည္။ ဆံပင္ကို သပ္ရပ္ေအာင္ အနည္းငယ္ၿဖီးလိုက္လ်ွင္ သူ႔ျပင္ဆင္မႈက ၿပီးဆံုးသြားၿပီျဖစ္သည္။ ရံုးယူသြားမၫ့္ စာရြက္စာတမ္းအနည္းငယ္ကို လြယ္အိတ္ထဲထၫ့္ရင္း ဖုန္းကိုပါ မေမ့မေလ်ာ့ထၫ့္ထားရသည္။ ဖုန္းေမ့က်န္ခဲ့လ်ွင္ ဘယ္လိုမွ အဆင္မေျပ။

အားလံုးျပင္ဆင္ၿပီးမွ ဧၫ့္ခန္းကစားပဲြမွာ ေခါက္ဆဲြပန္းကန္တင္ရသည္။ အဖံုးဖြင့္လိုက္သည္ႏွင့္ ေမႊးပ်ံ႔လာေသာ ေခါက္ဆဲြက တျခား ဘယ္အရာနဲ႔မွ မတူ။ လိုတကေတာ့ အသင့္စား စားစရာေတြထဲမွာ ေခါက္ဆဲြျပဳတ္တီထြင္တဲ့လူကို ေတာ္ေတာ္ေက်းဇူးတင္မိသည္။

ျပဳတ္ခ်ိန္ၾကာသြား၍ အနည္းငယ္ ေပ်ာ့ေျပာင္း ေဖာင္းအိေနေသာ ေခါက္ဆဲြဖတ္ေလးမ်ားက အေတာ္ေလးအရသာ ရိွသည္။ မေန့ကဝယ္လာသၫ့္ ၾကက္သြန္ၿမိတ္ေလးေတြကိုပါ ၫွပ္ထၫ့္လိုက္ေတာ့ အရာအားလံုးက ျပၫ့္စံုသြားသည္။ လိုတက ဟင္းမခ်က္တတ္ေပမဲ့ သူ႔ ေခါက္ဆဲြထုပ္ေတြႏွင့္လိုက္ဖက္သၫ့္ ၾကက္ဥႏွင့္ အျခားတန္ဆာပလာေတြကိုေတာ့ ျပၫ့္စံုေအာင္ ဝယ္ခဲ့သည္သာ။ သီတင္းကၽြတ္ေရာက္ဖို႔ ဘယ္ေလာက္မွ မလိုေတာ့။ သီတင္းကၽြတ္ေရာက္ရင္ေတာ့ အိမ္ျပန္ရင္း အေမ့ကို ဟင္းခ်က္ သင္ခိုင္းရမည္။ ၿပီးလ်ွင္ ေရခဲေသတၲာ အပုကေလးျဖစ္ျဖစ္ ဝယ္ရမည္။ မဟုတ္လ်ွင္ သူ႔က်န္းမာေရးအတြက္ အဆင္မေျပ။

သူက ကိုႀကီးခြန္ကို အားက်သည္။ ကိုႀကီးခြန္ဆိုလ်ွင္ တစ္ေယာက္တည္းႏွင့္ အရာရာကို လုပ္ႏိုင္သည္။ ထမင္းဟင္းလည္း ခ်က္တတ္သၫ့္အျပင္ ဂစ္တာတီးတတ္၊ ကဗ်ာစပ္တတ္။ တကယ့္ လက္ေရြးစင္ လူပ်ိဳႀကီးျဖစ္သည္။ သူလည္း ကိုႀကီးခြန္လို ျဖစ္ခ်င္သည္။

မနက္စာစားၿပီးေတာ့ အခ်ိန္အနည္းငယ္ပိုေသးသည္။ လိုတက ဖုန္းၾကၫ့္ကာပဲ အခ်ိန္ျဖဳန္းသည္။ TVေလးတစ္ခုေလာက္ ဝယ္တပ္ခ်င္ေပမဲ့ သူက TVမ်ားမ်ား ၾကၫ့္တတ္သူ မဟုတ္ေပ။ အလကား ပိုက္ဆံကုန္ရံုသာ ရိွမည္မို႔ ဝယ္မၫ့္ စိတ္ကူးကို ေဖ်ာက္ပစ္လိုက္သည္။

"No one can rewrite the stars

How can you say you'll be mine?

Everything keeps up apart

I'm not the one you were mean to find"

"အာ..."

ဖုန္းက ရုတ္တရက္ ဝင္လာသည္မို႔ လိုတ မေက်မနပ္ေရရြတ္လိုက္ကာ ဖုန္းကိုင္လိုက္ရသည္။

"ဟယ္လို ေျပာ ဘာျဖစ္လို႔လဲ"

(လိုတ မင္း ဘာလုပ္ေနလဲ ရံုးေရာက္ၿပီလား။ ကားေပၚမွာလား)

ခန႔္မင္းေက်ာ္က တစ္ခုခုကိုေျပာခ်င္ဟန္ျဖင့္ စကားပလႅင္ခံေနသည္။ လိုတက လက္မွာပတ္ထားသၫ့္ ေငြမင္ေရာင္နာရီေလးဆီ တစ္ခ်က္ၾကၫ့္လိုက္ကာ

"အခုမွ ၈နာရီ၁၅ပဲရိွပါေသးတယ္။ ငါ အိမ္မွာပဲ ရိွေသးတာ။ မင္းဘာျဖစ္လို႔လဲ ဘာေျပာခ်င္လို႔လဲ ေျပာေလ ရတယ္"

(အာ...)

ခန႔္မင္းေက်ာ္က တစ္ခုခုကို အခက္ေတြ့ေနသၫ့္ဟန္ျဖင့္ ၿငိမ္သက္သြားသည္။ အတန္ၾကာေတာ့မွ

(အေထြအထူးရယ္ေတာ့ မဟုတ္ပါဘူး လိုတ။ ပိုင္ဥာဏ္ရယ္ေလ လမ္းေလ်ွာက္ရင္း ကားနဲ႔တိုက္မိမလိုျဖစ္လို႔တဲ့ အဲ့တာ ပြန္းတာပဲ့တာ ေတာ္ေတာ္မ်ားသြားတယ္ေျပာတယ္။ အခုေလးတင္ပဲ ငါသူနဲ႔ စကားေျပာေနတာ)

ခန႔္မင္း၏ စကားသံေၾကာင့္ လိုတ၏ လည္ေခ်ာင္းတစ္ေလ်ာက္ပူဆင္းသြားကာ သိစိတ္ေတြက ေပၚလာလိုက္ ေပ်ာက္သြားလိုက္ျဖင့္။ ႏႈတ္ခမ္းပါးေတြဟာလည္း ခ်က္ခ်င္းပင္ ေျခာက္ကပ္လာကာ တစ္ခုခုေျပာဖို႔အေရးကို ဟလိုက္ ျပန္ပိတ္လိုက္။ ဘာေျပာရမွန္းလည္းမသိ။

"အဲ့တာ ငါ့ကို... ဘာကိစၥလာေျပာတာလဲ"

ေျပာခ်င္တာတျခား ထြက္သြားတာက တျခားမို႔ လိုတ မ်က္ဝန္းေတြကိုသာ ဖိပိတ္ရင္း သက္ျပင္းခ်မိသည္။ ဒီစကားကလဲြရင္ တျခားစကားလည္း သူ႔မွာ ေျပာဖို႔အခြင့္မရိွ။ ခန႔္မင္းကေတာ့ ပ်ာယာခတ္သြားကာ

(ဪ မဟုတ္ပါဘူးကြာ။ ငါက မင္းမ်ားသိမလားလို႔ပါ။ မင္းတို႔ စိတ္ဆိုးေျပသြားၿပီလား ေျပၿပီဆိုရင္လည္း နည္းနည္းပါးပါး သြားၾကၫ့္ေပးလိုက္ပါလားလို႔ ေျပာမလို႔)

ခန႔္မင္းေက်ာ္က သူတို႔ႏွစ္ေယာက္ကို ျပန္တၫ့္ေစခ်င္ပံုရသည္။ ပိုင္ဥာဏ္ ထိုသို႔ျဖစ္သၫ့္အခါ လိုတဘက္မွ စိုးရိမ္စိတ္ႏွင့္ ေဒါသေျပသြားမလားဟူ၍ တကူးတက ဖုန္းဆက္တာျဖစ္သည္။ သို႔ေသာ္ စိတ္ဆိုးေနသူက လိုတမဟုတ္ဘဲ ပိုင္ဥာဏ္လို႔ေတာ့ သူတို႔ မထင္မိ။

လိုတက ဖုန္းကိုကိုင္ရင္း အနည္းငယ္တိတ္ဆိတ္သြားသည္။ သူ႔ရင္ဘတ္ထဲ ဟာလာဟင္းလင္းျဖစ္ေနသည္။ သဲကႏၲာရကို ရင္ဘတ္ထဲ ထၫ့္ထားရသလို ခံစားခ်က္က ဘယ္လိုမွ ေနမထိထိုင္မသာ။ အလြန္ရင္းႏွီးၾကပါေသာ သူငယ္ခ်င္းငါးေယာက္မွာ လိုတနဲ႔ ပိုင္ဥာဏ္ေၾကာင့္ အရင္လို မေပ်ာ္ရေတာ့ဘူးဆိုတာလည္း သူ သိပါသည္။ video call, voice callေတြမွာလည္း လူမစံုေတာ့သလို အတူတူ ခရီးသြားမယ္ဆိုတဲ့စကားကိုလည္း ဘယ္သူမွ ေျပာခြင့္မရိွေတာ့။

ဒါေတြအားလံုးကို ျပန္ျပင္ေပးခ်င္ေပမဲ့ လိုတလည္း မတတ္ႏိုင္ပါ။ ကံၾကမၼာဆိုတာ သူက ေရြးခဲ့တာမွ မဟုတ္ဘဲ။

"ထားလိုက္ပါ ခန႔္မင္းရာ သူ႔နားမွာလူေတြအမ်ားႀကီးရိွပါတယ္ ငါရိွမွမဟုတ္ပါဘူး။ တျခားဘာေျပာစရာရိွေသးလဲ။ မရိွရင္ ငါဖုန္းခ်လိုက္ေတာ့မယ္။ ခဏေနရင္ ရံုးသြားေတာ့မလို႔။ ငါက မန္ေနဂ်ာဆိုေတာ့ အလုပ္ေစာေရာက္တာ ပိုေကာင္းတယ္"

အလ်ွင္အျမန္စကားျဖတ္လိုက္ရင္းမွ လိုတက ပင့္သက္ရိႈက္သည္။ ခန႔္မင္းဘက္က အၾကာႀကီး ၿငိမ္သြားသည္။

(အင္းပါ တျခားေျပာစရာေတာ့ မရိွပါဘူး မင္း... အာ အဲ့တာဆို ဒါပဲေနာ္)

"အင္း အင္း"

ဖုန္းခ်သြားသၫ့္ေနာက္ လိုတ၏စိတ္ေတြ ဘယ္လိုမွ မၾကည္လင္ႏိုင္ေတာ့။ ကားတိုက္ခါနီးျဖစ္တာ ကားတိုက္ခံရတာ မဟုတ္ဘူးလို႔ ေတြးမိေပမဲ့ ကႏၲာရကို မ်ိဳခ်ထားရတာ ဘယ္လိုမွ သက္ေတာင့္သက္သာ မျဖစ္။ မနက္စာစားၿပီးလို႔သာ ေတာ္ေသးသည္။ ႏို႔မို႔ရင္ မနက္စာလည္း စားႏိုင္ေတာ့မည္မထင္။

ဖုန္းကို လက္ထဲကိုင္ၿပီး ေတြေဝေနမိကာ ဧၫ့္ခန္းေလးမွာပဲ အခ်ိန္ကုန္ေနခဲ့သည္။ နာရီလက္တံ၏ တခ်က္ခ်က္အသံမ်ားကို နားထဲ၌ ၾကားေနရသည္။ ေဘးခန္းမ်ားသည္ လူမရိွသၫ့္အလား တိတ္ဆိတ္ေနသည္။ နံရံမ်ားသည္ လိုတအား တစ္ကမ႓ာျခားေပးသကဲ့သို႔ သီးသန႔္ျဖစ္ေနေစသည္။

ဖုန္းကိုင္ထားသၫ့္ လက္မ်ားသည္ တျဖည္းျဖည္းျဖင့္ ေအးစက္လာသည္။ ပိုင္ဥာဏ့္အေျခအေနကို သိခ်င္လ်ွင္ ပိုင္ဥာဏ့္social media accကိုၾကၫ့္ရံုႏွင့္ သိရမွာျဖစ္သည္။ သတင္းသြားေမးဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္သၫ့္သူ႔အဖို႔ ဒီနည္းလမ္းကသာ အေကာင္းဆံုးျဖစ္ေနျပန္သည္။ သို႔ေသာ္... သူ ေၾကာက္သည္။ Blockထားသၫ့္ iconမ်ားကို ျပန္ႏိွပ္ကာ တစ္ဖက္ကို ၾကၫ့္ရမွာ သူ ေၾကာက္သည္။ အကယ္၍မ်ား သူ Blockေျဖလိုက္သၫ့္အခါ တစ္ဖက္လူက Blockထားသည္ဆိုလ်ွင္ေရာ? သူ႔စိတ္ေတြ တစ္စမွ ျပန္ေကာက္မရေအာင္ လဲၿပိဳေနဦးမည္ ထင္သည္။

ထို႔ေၾကာင့္ သူ မၾကၫ့္ရဲ။ ၾကၫ့္လိုက္ဖို႔လည္း သတၲိမရိွ။ သို႔ေသာ္... တစ္ဖက္မွလည္း သူ ၾကၫ့္ခ်င္သည္။ ႏွလံုးသားမွ သူ႔အား တိုးတိုးကေလး တိုက္တြန္းလ်ွက္ရိွသည္။ ေလသံေပ်ာ့ေပ်ာ့ကေလးျဖင့္ ပိုင္ဥာဏ့္အေျခအေနကို သိရဖို႔ အင္တိုက္အားတိုက္ ႀကိဳးပမ္းေနသည္။ လိုတ သူ႔ႏွလံုးသားမွ ျဖစ္ပ်က္ေနေသာ ပူျခင္းေအးျခင္းမ်ားကို ေတာင့္မခံႏိုင္...

ဖုန္းဆီ ငံု႔ၾကၫ့္လိုက္သၫ့္အခါ လိုတ၏ မ်က္ေတာင္ရွည္ေကာ့ေကာ့မ်ားကပါ ေအာက္သို႔ ငိုက္စိုက္က်သြားသည္။ သြယ္လ်ၿပီး ၾကည္လင္ေနေသာ လက္ေခ်ာင္းလွလွမ်ားက ဖုန္းသတၴုျပားေလးကို အေရးႀကီးသၫ့္ တစ္စံုတစ္ရာကဲ့သို႔ က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားမိသည္။

လိုတ တင္းက်ပ္ေနေသာ ထိုလက္ေခ်ာင္းမ်ားမွ အေၾကာတို႔ကို ေျဖခ်လိုက္သည္။ ရင္ဘတ္သည္ ေပါက္ထြက္မတတ္ တဒိန္းဒိန္းခုန္ေနသည္။ အင္တာနက္ကို ျဖည္းျဖည္းဖြင့္သည္။ Face Book Iconထဲ ဝင္သည္။ ထို႔ေနာက္ Block listထဲဝင္ကာ ထိုေနရာထဲရိွ တစ္ခုတည္းေသာအေကာင့္ကို မ်က္ေတာင္မခတ္ ၾကၫ့္ေနမိသည္။

ခႏၶာကိုယ္ထဲရိွ လည္ပတ္ေနေသာ ေသြးေၾကာမ်ားက ေနြးခနဲ ျဖစ္သြားသည္။ မ်က္ဝန္းမ်ားက မတတ္ႏိုင္စြာ တစ္ခ်က္ႃပံုးသည္။

လက္ဖ်ားေလးသည္ ထိုေနရာေလးသို႔ ႏိွပ္လိုက္မိသည္။ 'Unblock' ဆိုသၫ့္ ခလုတ္ေလးအား ခပ္ဖြဖြႏိွပ္လိုက္ၿပီး သူ႔မ်က္ေတာင္ရွည္မ်ား ေကာ့သထက္ေကာ့လာသည္အထိ မ်က္ဝန္းေတြကို ဖိပိတ္ထားလိုက္သည္။ သူ ျပန္ဖြင့္ၾကၫ့္လိုက္ခ်ိန္ Block Listထဲမွာ မည္သူမ်ွ မရိွေတာ့ၿပီ။

ေအးစက္ေသာ လက္ဖ်ားမ်ားႏွင့္ပင္ Search itemကို ႏိွပ္သည္။ ထို႔ေနာက္ ႏႈတ္ဖ်ားမွ ထုတ္မေျပာတာ ၾကာၿပီျဖစ္ေသာ္လည္း ႏွလံုးသားထဲမွ တစ္ခါတေလေအာ္ေနမိေသာ နာမည္ကို ခပ္သြက္သြက္ရိုက္ရွာလိုက္သည္။ ထိုသူ လိုတကို Blockထားမည္လား။ ဒါမွမဟုတ္ အဲ့ဒီလို မလုပ္တာမ်ားလား။ သူ မသိေပ။ သူ၏ စိတ္အေျခအေနအားလံုးတို႔သည္ ထိုသူ၏ အေကာင့္အား ရွာေတြ့ျခင္း မေတြ့ျခင္းအေပၚမွာပင္ တည္မွီေနသည္။

Blockခံထားပါသည္ဟု ေသခ်ာခဲ့လ်ွင္ သူ၏ စိတ္အေျခအေနအားလံုးသည္ တစ္ပတ္လံုးစာအတြက္ ၿပိဳလဲသြားႏိုင္သည္။ တစ္ဖက္က Blockမလုပ္ခဲ့ဘူးဆိုလ်ွင္ေတာင္ ေမ်ွာ္လင့္ခ်က္ႏွင့္ ျပန္ေျပလည္ခ်င္စိတ္ၾကား သူ ရူးရေပမည္။ အခ်စ္သည္ ဘယ္လိုမွ မေကာင္း။ ေရ႔ွတိုးလည္းမေကာင္း ေနာက္ဆုတ္လည္းမေကာင္း။ ရာသီဥတု သာယာလည္းမေကာင္း တိမ္ထူမိုးရြာလ်ွင္လည္း မေကာင္း။

ျမန္ဆန္လွေသာ အင္တာနက္၏ ေက်းဇူးျဖင့္ Friျဖစ္ခဲ့ေသာ အေကာင့္ေလးက ထိပ္ဆံုးမွာ ထြက္ေပၚလာသည္။ လိုတ၏ ေသြးေၾကာမ်ားက ဒုတိယအႀကိမ္ လ်ွင္ျမန္စြာေနြးေထြးသြားျပန္သည္။ ႏႈတ္ဖ်ားတို႔ကပါ သတိလက္လြတ္ႃပံုးမိရင္း ၾကည္ႏူးမႈေတြက ရင္ဘတ္ဆီ ျပၫ့္သိပ္ဝင္လာ၏။

မျမင္ရတာၾကာၿပီျဖစ္ေသာ Profileေလးကို ေစ့ေစ့စပ္စပ္ၾကၫ့္ရင္း လိုတ မ်က္ေတာင္ဖ်ားေလးေတြက ေငးစိုက္ေနမိသည္။ အခ်ိန္ေတြကိုေတာင္ သတိမထားေလာက္သည္အထိ တေမ့တေမာ ေငးေနျခင္းသာ။ ထို႔ေနာက္ ထိုအေကာင့္ေလး၏ ေအာက္သို႔ ျဖည္းျဖည္းခ်င္းဆဲြခ်သည္။ ခန႔္မင္းေက်ာ္ ေျပာတာမွန္သည္။ ထိုမေတာ္တဆမႈက အနည္းငယ္ေတာ့ ျပင္းထန္ခဲ့သည္။

ပိုင္ဥာဏ့္အေကာင့္ထဲတြင္ ျပန္ေနေကာင္းဖို႔ ဆုေတာင္းေပးေသာ ပိုစ္တခ်ိဳ႕ကို ေတြ့ရသည္။ ေရႊေရးကဗ်ာ၏အေကာင့္ကို ထိုပိုစ္ေတြၾကားထဲ ျမင္လိုက္ရသၫ့္အခါ လိုတ လက္ေတြပင္ တုန္ခ်င္လာသည္။ သူ ထိုပိုစ္မ်ားကို ျမန္ျမန္ဆန္ဆန္ပင္ ေက်ာ္ခ်ခဲ့သည္။

ပိုင္ဥာဏ့္အေျခအေနကို ပိုစ္မ်ားမွတဆင့္ အေသအခ်ာသိၿပီးသည္ႏွင့္ လိုတ ထိုအေကာင့္ထဲမွ အျမန္ျပန္ထြက္လိုက္သည္။ ၿပီးေနာက္ Block Iconကို အျမန္အဆန္ ႏိွပ္သည္။ ကိစၥတစ္ခုလံုးသည္ အသက္တမ်ွ အေရးႀကီးေနသလိုပင္။ လိုတ တိုက္ခန္းထဲမွာထိုင္ၿပီး ေမာဟိုက္ေနမိသည္။

နာရီကိုၾကၫ့္ၿပီးသၫ့္ေနာက္ ကမန္းကတန္း လြယ္အိတ္ကို ေကာက္လြယ္ရသည္။ လြင့္ေမ်ာေနေသာ စိတ္အစဉ္တို႔ျဖင့္ အျပင္ကိုထြက္ကာ တံခါးေသာ့ခတ္သည္။

"ညီေလး ေဘးဖယ္ ေဘးဖယ္"

"ဟင္"

အလန႔္တၾကား ကိုယ္လံုးကို နံရံဆီ ကပ္လိုက္မိသည္။ စိတ္နဲ႔ကိုယ္နဲ႔ကပ္ၿပီးသၫ့္ေနာက္ သူနဲ႔ နီးနီးေလးဆီမွ ကပ္ျဖတ္သြားသၫ့္ ထိုင္ခံုအႀကီးႀကီးကို ေတြ့ရသည္။ ထိုင္ခံုေတြကို လူႏွစ္ေယာက္က အတူတူသယ္မေနကာ သူ၏ ေဘးအခန္းထဲသို႔ သြင္းေနၾကတာျဖစ္သည္။ လိုတကသာ ေကာ္ရစ္တာေပၚမွာ သတိလက္လႊတ္ေလ်ွာက္သြားမိရင္း ထိခိုက္မိခါနီးျဖစ္သြားတာပင္။

မ်က္လံုးေတြဝိုင္းသြားသည္အထိ ထိန႔္လန႔္သြားေသာအေျခအေနမွ ကိုယ့္ကိုယ္ကိုယ္ ျပန္ထိန္းလိုက္ႏိုင္သည္။ ၾကၫ့္ရတာ ဟိုအန္တီတို႔ ေျပာင္းလာေတာ့မည္ထင္သည္။ လူငယ္တစ္ေယာက္ျဖစ္သည္မို႔ လူႀကီးေတြလိုမ်ိဳး 'အိမ္တက္'ဆိုၿပီး သီးသန႔္အလႉလုပ္မိတာလည္း မရိွေတာ့ ေဘးတိုက္ခန္းကလူေတြႏွင့္ လံုးလံုးကို သူစိမ္းျပင္ျပင္ျဖစ္ေနသည္။ ေျပာရရင္ သူ႔တိုက္ခန္းေဘးမွာ လူရိွသလား မရိွဘူးလားေတာင္ သူမသိ။ ဒီအိမ္နီးခ်င္းကေတာ့ သူ ရင္းႏွီးလာမၫ့္ ပထမဆံုး အိမ္နီးခ်င္းမို႔ အနည္းငယ္ စိတ္သက္သာသြားသလို ခံစားရသည္။ အေမကလည္း ပတ္ဝန္းက်င္နဲ႔ သင့္သင့္ျမတ္ျမတ္ေနဖို႔ ဖုန္းဆက္တိုင္း အထူးတလည္ မွာၾကားတတ္၏။

"ဟယ္ သားေလး ရံုးသြားေတာ့မလို႔လား"

"ဗ်ာ ဟုတ္ကဲ့ အန္တီ"

ကိုယ့္ဆီ ဦးတည္လာသၫ့္ေမးခြန္းကို အလ်ွင္အျမန္ ျပန္ေျဖမိကာ တဆက္တည္း ႃပံုးပါ ႃပံုးျပမိသည္။ တိုက္ခန္းပိုင္ရွင္ အန္တီသည္ ဓာတ္ေလွကားစီးတုန္းက ေတြ့ခဲ့သလိုပင္။ ယခုလည္း က်က္သေရရိွၿမဲ ႏုပ်ိဳလွပၿမဲ။

"သားက ဘယ္မွာလုပ္တာလဲ။ စပ္စုတယ္လည္း မထင္ပါနဲ႔ အိမ္နီးခ်င္းေတြဆိုေတာ့ေလ"

"ဪ ဟုတ္ မထင္ပါဘူး အန္တီ။ သားက Homeမွာလုပ္တာပါ။ အိမ္ငွားတာတို႔ ေရာင္းတာတို႔ကို Agentနဲ႔ ဆက္သြယ္ေပးတဲ့ ကုမၸဏီပါ။ ရံုးက ဒီနားမွာပဲ ရိွပါတယ္ဗ်"

"ဪ... ေကာင္းသားပဲ သားရဲ့။ ငယ္ငယ္ေလးနဲ႔ ေတာ္လိုက္တာ။ အင္းပါ အခု ရံုးေနာက္က်ေတာ့မွာပဲ အန္တီက စကားမ်ားေနမိတယ္။ ေဆာတီး သားေလး။ သြား သြား ဂရုစိုက္ေနာ္"

"ဟုတ္ကဲ့ အန္တီ ေက်းဇူးပါဗ်"

ယဉ္ယဉ္ေက်းေက်း တံု႔ျပန္ရင္း ထြက္လာခဲ့ရသည္။ ဒီေန့လည္း ထိုအန္တီ့မ်က္ႏွာက တစ္ေယာက္ေယာက္ႏွင့္ ဆင္တူသည္ဟု သူ ထင္မိေနဆဲ။ ေခါင္းကို အလုပ္ေပးကာ ႀကိဳးစားပမ္းစား စဉ္းစားခဲ့ေသာ္လည္း ဘယ္လိုမွ မမွတ္မိသည္မို႔ သူ လက္ေလ်ွာ့လိုက္ရသည္။ ဦးေနွာက္ေတြကလည္း ၾကာေလ မေကာင္းေလ ထင္ပါသည္။

..................................................................................................................................................................................

Seguir leyendo

También te gustarán

46.1K 3.1K 6
Summary: Unicode: ရဲတစ်ယောက်က ကုမ္ပဏီတစ်ခုရဲ့ လက်အောက်မှာ လျှို့ဝှက်စုံထောက်အနေနဲ့အလုပ်လုပ်ခဲ့တယ်။ မာဖီးယားဂိုဏ်းခေါင်းဆောင်နဲ့ ရင်းနှီးအောင်လုပ်ပြီး...
35.9K 3.5K 4
"ဒီမှာ နှင်းတွေပဲ ရှိတယ် ။ မင်း မြင်ချင်တဲ့ ကြယ်တွေစုံတဲ့ကောင်းကင်ဆိုတာ ဒီမှာမမြင်ရဘူး" တဲ့ ! ဒါပေမဲ့ ကြယ်တွေစုံမှ ကျနော် Hyung ကို ချစ်တယ်လို့ပြောမ...
2.4M 95.5K 90
"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်...
409K 15.5K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...